← Chapters

အခန်း (၁၅၅)

Vol. 11 Ch. 155

အခန်း (၁၅၅)

Vol. 11 Ch. 155

" အမ်....... "

လင်ပေ့ဖန်သည် ခေါင်းလှည့်ပြီး ပြောခဲ့သည်။

" အစ်ကိုရဲ့ ၊ မင်း ပြောစရာ တစ်ခုခုများရှိလို့လား..။ဒါမှမဟုတ် ဒီဈေးကွက်နဲ့ ပတ်သက်ပြီးတော့ အစ်ကိုရဲ့မှာ တခြားအမြင်တွေများရှိသေးလား...။ "

လူတိုင်းသည် မျှော်လင့်နေသော အကြည့်များဖြင့် တပြိုင်တည်း လှည့်ကြည့်ခဲ့ကြသည်။

ရဲ့ရှင်းချန်သည် သူ့ရဲ့ ဆုံးဖြတ်ချက်ကို သတိရသွားပြီး ခေါင်းခါ၍ ပြောခဲ့သည်။

" မဟုတ်ဘူး ၊ ကျွန်တော်ရေဆာနေလို့။ "

" အဟမ်း ... "

လင်ပေ့ဖန်သည် ကုန်သည်များကို တချက်ကြည့်လိုက်ပြီး ကုန်သည်တစ်ယောက်က အမြန် ပြန်ပြောခဲ့သည်။

" မစ္စတာရဲ့အတွက် ကျွန်တော်ရေခပ်ပေးမယ်။ "

ရဲ့ရှင်းချန်သည် ရေကို ယူပြီး တစ်ငုံသောက်၍ သူ့ရင်ထဲက အပူမီးကို သက်သာစေခဲ့သည်။

ထို့နောက် သူ့ကိုယ်ကိုယ်သူ တိတ်တိတ်ကလေး သတိပေးခဲ့သည်။

" စကားမပြောနဲ့ ၊ လုံးဝ စကားမပြောနဲ့။ "

မိနစ်‌နှစ်ဆယ်ကြာပြီးနောက် ရွှေဈေးက နောက်တစ်ကြိမ် ထပ်တက်ခဲ့ပြီး သုံးရာခိုင်နှုန်းထိ ရောက်ရှိသွားခဲ့သည်။

၎င်းက လင်ပေ့ဖန်သည် နောက်ထပ်ယွမ်တစ်ဘီလီယံ အမြတ်ရရှိခဲ့သည်ဟု ဆိုလိုချင်းဖြစ်သည်။

ရဲ့ရှင်းချန်သည် နောက်တစ်ကြိမ် စိုးရိမ်လာခဲ့ပြန်သည်။

" ကျွန်တော်........ "

လင်ပေ့ဖန်သည် ခေါင်းလှည့်ပြီး အပြုံးတစ်ပွင့်ဖြင့် အားပေးခဲ့သည်။

" အစ်ကိုရဲ့ ၊ မင်း ပြောစရာတစ်ခုခုများရှိလို့လား...။"

လူတိုင်းသည် နောက်တစ်ကြိမ် တပြိုင်တည်း သူ့ကို ကြည့်ခဲ့ကြသည်။

လင်ပေ့ဖန်သည် နောက်တစ်ကြိမ် အားပေးခဲ့သည်။

" အစ်ကိုရဲ့ ၊ ပြောစရာရှိရင် ကျယ်ကျယ်ပြော ။ လူတိုင်းက မင်းရဲ့ အမြင်ကို ကြားချင်နေကြတာ..။ "

" ဟုတ်တယ် မစ္စတာရဲ့ ၊ မင်းပြောချင်တာရှိရင် ပြောလို့ရတယ်။ "

" ကျွန်တော်တို့အားလုံးက မင်းရဲ့ထင်မြင်ချက်ကို ကြားချင်နေတာ..။ "

" ငါ .... "

ရဲ့ရှင်းချန်သည် ပါးစပ်ဖွင့်လိုက်ပေမဲ့လည်း ပြောချင်တဲ့စကားလုံးများကို ပြန်မျိုချခဲ့သည်။

အရာရာတိုင်းက ပုံမှန်အတိုင်းပဲ ဆက်သွားနေခဲ့သည်။

ထို့ကြောင့် နောက်ထပ်နာရီဝက် ကုန်ဆုံးသွားခဲ့သည်။

ရွှေဈေးသည် ဆက်လက်တက်နေပြီး တက်နှုန်းကလည်း ၄ရာခိုင်နှုန်းထိ ရောက်ရှိသွားခဲ့တာကြောင့် လင်ပေ့ဖန်သည် အမြတ်ငွေ ယွမ် ၄ဘီလီယံရရှိသွားခဲ့သည်။ လူတိုင်း ပျော်ရွှင်သွားခဲ့ကြသည်။

" တစ်နေ့ထဲနဲ့ ၄ရာခိုင်နှုန်း တက်တာ တော်တော်ရှားတယ်။ "

" ဒီနေ့လည်း နောက်ထပ် အမြတ်အများကြီး ရရှိပြန်ပြီ။ "

" ဒါက မနေ့က ဈေးကွက်ရဲ့ ဆက်တိုးနှုန်းပဲဖြစ်ရမယ်။ ဒီနေ့ ငါတို့ တကယ်အမြတ်ရခဲ့တယ်။ "

" ဂုဏ်ပြုပါတယ်...။ "

ရဲ့ရှင်းချန်တစ်ယောက်ထဲသာလျှင် ဆပ်ပြာသည်လင်ပျောက်နေသလို ဖြစ်နေခဲ့သည်။

" လခွမ်း... "

' ဘယ်လိုဖြစ်ပြီးတော့ ဆက်တက်တာလဲ...။ '

' ဒါက ၄ ရာခိုင်နှုန်းတောင်လေ...။ '

ရွှေဈေးတက်တာ ထပ်ဆုံးရောက်သွားရင် ပုံမှန်ဆို ထပ်မတက်နိုင်တော့ပေ....။

ဒါပေမဲ့ ဒီနေ့မှာတော့ ဈေးကွက်ကြီးကြီးမားမားမရှိသ၍ ရွှေဈေးက ထက်တက်နိုင်သေးသည်...။

ထိုအချိန်တွင် လင်ပေ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" ဒီနေ့ ရွှေ‌ဈေး ငါးရာခိုင်နှုန်းထိ တက်လိမ့်မယ်လို့ ငါ ခန့်မှန်းတယ်။ ၆ရာခိုင်နှုန်းတောင် ဖြစ်နိုင်သေးတယ်။ "

" ငါးရာခိုင်နှုန်း ၊ခြောက်ရာခိုင်နှုန်းဆိုရင် ငါတို့ အမြတ်ငွေ ယွမ် ၅ဘီလီယံ၊၆ဘီလီယံလောက် ရရှိလိမ့်မယ်...။ "

" အရင်က ရထားတဲ့ ယွမ်၃ဘီလီယံပါ ထည့်ပေါင်းလိုက်ရင် မနေ့က ရထားတဲ့ ယွမ်၁၀ဘီလီယံကျော်စံချိန်ကို ဒီနေ့ ကျော်ဖြတ်နိုင်လိမ့်မယ် ငါ မျှော်လင့်တယ်။ "

" ဒီနှစ်ရက်ထဲမှာ ငါတို့တကယ်ပဲ ပိုက်ဆံအများကြီး ရရှိခဲ့တယ်။ "

" ဒါက တကယ့်ကို ထိုက်တန်တယ် ..။

လူတိုင်းသည် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ရဲ့ရှင်းချန်၏မျက်နှာကတော့ အစိမ်းရောင်ပြောင်းသွားခဲ့သည်။

' လင်ပေ့ဖန်ကို နောက်ထပ် ယွမ်၁၀ဘီလီယံ ထပ်ရခိုင်းဦးမလို့လား...။ '

' မဖြစ်နိုင်ဘူး...။ '

' အဲ့လိုဖြစ်မှာကို ငါ လုံးဝ ခွင့်ပြုပေးလို့ မရဘူး။ ငါသူ့ကိုတားရမယ်...။ '

ရဲ့ရှင်းချန်သည် ပါးစပ်ဖွင့်ပြီး အမြန်ပြောခဲ့သည်။

" အဟမ်း...ကျွန်တော်....။ "

လူတိုင်းက သူ့ကို တပြိုင်တည်းလှည့်ကြည့်ခဲ့ကြသည်။

လင်ပေ့ဖန်က မေးခဲ့သည်။

" အစ်ကိုရဲ့ ၊ မင်းမှာ အကြံပေးစရာ တစ်ခုခုများရှိလို့လား..။ ရှိရင် ပြော...။ "

ရဲ့ရှင်းချန်သည် စကားမပြောပဲနဲ့ ခေါင်းခါခဲ့သည်။

" မစ္စတာရဲ့ ခေါင်းခါတာက သူ ဘာကို ဆိုလိုချင်တာလဲ ..။ "

" ဥက္ကဌလင်ပြောတာကို သူ သဘောမတူချင်တာများဖြစ်နိုင်မလား...။ "

" ငါ နားမလည်ဘူး..။ "

လင်ပေ့ဖန်က နောက်တစ်ကြိမ် ထပ်မေးခဲ့သည်။

" အစ်ကိုရဲ့ ၊ ရွှေဈေးဒီထက်ပိုပြီး ထပ်မတက်နိုင် တော့လို့ လောင်း‌ဂိုးလ်ဝယ်ထားတာကို ငါတို့ကို အခု ပိတ်ခိုင်းချင်တာမလား..။ "

ရဲ့ရှင်းချန်သည် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြီး သူ့ဘာသာသူ တွေးခဲ့သည်။

' ငါ ဒီတစ်ကြိမ် စကားမပြောဘူးဆိုတော့ ဒါက အဆင်ပြေသင့်တယ်မလား...။ဟုတ်တယ်ဟုတ် .။ '

' ငါလေးက တော်တော်ဉာဏ်ကောင်းတာပဲ။ '

' ဒီကောင် ပိုက်ဆံ ထပ်ရလိမ့်မယ်လို့ ငါမယုံဘူး။ "

လင်ပေ့ဖန်က အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။

" မင်းတို့ ကြားလား။ အစ်ကိုရဲ့က ရွှေဈေး ဒီထပ်ပိုပြီး ထပ်မတက်နိုင်တော့ဘူးလို့ ပြောနေတယ်။ အခုချက်ချင်း လောင်းဂိုးလ်ဝယ်ထားတာကို ပိတ်ပြီးတော့ ရှော့ဂိုးလ် ရောင်းလိုက်....။ "

" ဟုတ်ကဲ့ မစ္စတာလင် ၊မစ္စတာရဲ့။ "

လူတိုင်းက မြန်မြန်လုပ်ခဲ့ကြသည်။

ရလဒ်အနေဖြင့် သူတို့ ရှော့ဂိုးလ်ရောင်းပြီးချိန်တွင် ရွှေဈေးတက်နေတာက ရပ်သွားပြီး ရွှေဈေး မြန်မြန် ပြန်ကျလာခဲ့သည်။

ရွှေဈေးက ဆယ်မိနစ်မပြည့်ခင် ၁ရာခိုင်း ကျဆင်းသွားခဲ့သည်။ထိုအရာက အရမ်းပဲ မြန်လွန်းသည်။

နောက်ထပ်ဆယ်မိနစ်ကြာပြီးနောက် ရွှေဈေးက ၁ရာခိုင်နှုန်း ထပ်ကျသွားပြီး ရှည်လျားသော ဖယောင်းတိုင်ပုံစံ မျဉ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ( ဈေးအတက်အကျကို ပြတဲ့ မျဉ်းကြောင်းကိုပြောတာ )

ရဲ့ရှင်းချန်သည် ထိုမြင်ကွင်းကိုကြည့်ပြီး ပြိုလဲကျသွားခဲ့သည်။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာလို ဒီလိုမျိုး ဖြစ်နေရသေးတာလဲ ..။ ငါ ဘာမှ မပြောတာကို ဘာလို့ ဒီလိုမျိုး ထပ်ဖြစ်ရတာလဲ..။ နတ်ဘုရားတွေ ၊အရှင်တို့ ကျွန်ုပ်ကို ကစားနေကြတာလား ...။ "

လူတိုင်းသည် သူ့ကို လုံးဝ ယုံကြည်သွားခဲ့ကြသည်။

" မစ္စတာရဲ့က တကယ့်ကို အံ့မခန်းပဲ ...။ "

" မစ္စတာရဲ့က ငါတို့ဆုံးရှုံးမယ့်အချိန်ကျမှ ဝင်ပြောပြီးတော့ သူက ငါတို့ကို အမြတ်အများကြီးရစေခဲ့တယ်...။

" ဒါက အရမ်းကို တိကျလွန်းတယ်...။ "

" မစ္စတာရဲ့က ဒီနယ်ပယ်မှာ အထူးချွန်ဆုံးပဲ ။ "

" မစ္စတာရဲ့က အရမ်းပဲ တော်လွန်းတယ်...။

ရဲ့ရှင်းချန်သည် ဆောင့်တက်လာတဲ့ သွေးများကို ပြန်မျိုချခဲ့သည်။

လင်ပေ့ဖန်သည် သူ့ကို နောက်တစ်ကြိမ် လက်မထောင်ပြပြီး ရိုးရိုးသားသား ချီးကျူးခဲ့သည်။

" အစ်ကိုရဲ့ မင်းရဲ့ အရည်အချင်းတွေက တကယ့်ကို ထိပ်တန်းပဲ။ မင်း ဈေးကွက်ရဲ့ အတက်အကျကို မြင်နိုင်တယ်ဆိုတာ ငါ ယုံကြည်သွားပြီ။ "

ရဲ့ရှင်းချန် : " ... "

တတိယနေ့တွင် ရဲ့ရှင်းချန်သည် ကုမ္ပဏီသို့ နောက်တစ်ကြိမ် ထပ်လာခဲ့သည်။

ထို့နောက် သူသည် ရုံးခန်းထဲသို့ ဝင်ပြီးနောက် တံခါးသော့ခတ်ပြီး ခါးသီးစွာဖြင့် ပြောခဲ့သည်။

" ဒီနေ့ ဘယ်သူပဲလာလာ ငါ ဒီအခန်းထဲကနေ မထွက်သွားဘူး။ မင်း ငါ့ကို ဘာလုပ်နိုင်သေးလဲဆိုတာ ကြည့်ကြတာပေါ့။ "

ကုန်သွယ်ရေးခန်းထဲတွင် ကုန်သည်တစ်ယောက်က တင်ပြခဲ့သည်။

" မစ္စတာလင် ၊ ခုနက ကျွန်တော် မစ္စတာရဲ့စီ သွားတုန်းက တံခါးကြီး သော့ခတ်ထားတယ်။ နောက်ပြီး မစ္စတာရဲ့က ကျွန်တော့်ကို ပြောလိုက်တယ်။ သူနေသိပ်မကောင်းလို့ အခန်းထဲမှာ နားနေလို့ သူ့ကို ဘယ်သူ့မှ မနှောင့်ယှက်ပါနဲ့တဲ့။ "

လင်ပေ့ဖန်သည် အေးအေးဆေးဆေးပြောလိုက်သည်။

" ဒါဆိုရင်လည်း ငါတို့ဘာသာ ငါတို့ ကစားကြတာပေါ့။ "

ခဏကြာပြီးနောက် လင်ပေ့ဖန်နှင့် ကုန်သည်များသည် ယွမ်၁ဘီလီယံ အမြတ်ရရှိခဲ့သည်။

လင်ပေ့ဖန်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။

" ဒီသတင်းကောင်းကို အစ်ကိုရဲ့ကို မြန်မြန်သွားပြောလိုက်။ "

" ဟုတ်ကဲ့ မစ္စတာလင် ။ "

လူတစ်ယောက်သည် ရဲ့ရှင်းချန်ရဲ့ ရုံးခန်းအပြင်ဘက်သို့ ပြေးလာပြီး တံခါးခေါက်ခဲ့သည်။

" ဘာကိစ္စရှိလို့လဲ။ ငါ အပြင် မထွက်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား..။ "

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် သူ့အတွက် လက်ဖက်ရည်ကို ဖျော်စပ်ပြီး တွေးနေခဲ့သည်။

' ငါ ကုန်သွယ်ရေး အခန်းထဲကို မသွားသေးသ၍ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ ...။ '

ထိုအချိန်တွင် အပြင်ရှိ လူက အော်ပြောခဲ့သည်။

" ဒါက ဒီလိုပါ..။ မစ္စတာလင်က မစ္စတာရဲ့ကို သတင်းကောင်းတစ်ခု လာပြောခိုင်းလို့ပါ။ "

" ဘာသတင်းကောင်းလဲ ...။ "

" အခုလေးတင်ပဲ ကျွန်တော်တို့ အမြတ်ငွေ ယွမ်တစ်ဘီလီယံရရှိခဲ့တယ်။ "

ရဲ့ရှင်းချန်ရဲ့ လက်က တုန်သွားပြီး ရေနွေး‌ပူက သူ့လက်ပေါ်သို့ ကျသွားခဲ့သည်။

" အား....... "

ခဏအကြာတွင် နောက်ထပ်လူတစ်ယောက်က ပြေးလာခဲ့သည်။

" မစ္စတာရဲ့ ၊ဥက္ကဌလင်က မင်းကို သတင်းကောင်းတစ်ခု လာပြောခိုင်းလိုက်တယ်...။ "

" ဘာပြောခိုင်းလိုက်တာလဲ ...။ "

" ကျွန်တော်တို့ နောက်ထပ် အမြတ်ငွေ ယွမ် တစ်ဘီလီယံ ရရှိခဲ့တယ်...။ "

ရဲ့ရှင်းချန် : " ... "

တစ်နာရီကြာပြီးနောက် နောက်ထပ် လူတစ်ယောက်က ပြေးလာခဲ့သည်။

" မစ္စတာရဲ့ ၊ဥက္ကဌလင်က မင်းကို သတင်းကောင်းတစ်ခု လာပြောခိုင်းလိုက်တယ်...။ "

" နောက်ထပ် ယွမ် တစ်ဘီလီယံ အမြတ်ငွေ ရရှိတာမလား..။ အဲ့ဒီအကြောင်းဆိုရင် ငါ့ကို မပြောနဲ့...။ " ရုံးခန်းထဲကနေ စိတ်မရှည်သော အသံတစ်ခု ထွက်လာခဲ့သည်။

" မစ္စတာရဲ့ ၊ကျွန်တော်တို့ ယွမ် တစ်ဘီလီယံ ရရှိခဲ့တာမဟုတ်ဘူး..။

" မဟုတ်ဘူးလား။ ဒါဆို ပိုက်ဆံ ဆုံးရှုံးခဲ့တာလား..။ " သူ့အသံထဲတွင် ပျော်ရွှင်မှု အရိပ်အမြွက်တစ်ခု ပါနေခဲ့သည်။

" မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီတစ်ကြိမ် ယွမ်၂ဘီလီယံ အမြတ်ရခဲ့တာ..။ "

ရဲ့ရှင်းချန် : " ... "

စတုတ္ထနေ့တွင် ရဲ့ရှင်းချန်သည် ကုမ္ပဏီသို့ မလာခဲ့ပေ။

" ငါ အလုပ်မလာဘူးကွာ ၊ မင်း ငါ့ကို ဘာလုပ်နိုင် သေးလဲဆိုတာ ကြည့်ကြသေးတာပေါ့..။ "

ထိုအချိန်တွင် လင်ပေ့ဖန်က ဖုန်းဆက်ပြီး စိုးရိမ်စွာဖြင့် မေးခဲ့သည်။

" အစ်ကိုရဲ့ ၊ ဒီနေ့ မင်းနေမကောင်းဘူးလို့ ငါ ကြားတယ်။ မင်း အလုပ်မလာဘူးလား...။ "

" မလာဘူး မစ္စတာလင် ။ ကျွန်တော့်ရဲ့ ခါးက နည်းနည်းရောင်ပြီးတော့ တကယ့်ကို နေရထိုင်ရမဆင်မပြေဘူး..။ ဒါကြောင့် ကျွန်တော်အလုပ်မလာတာ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ မစ္စတာလင်။ " ရဲ့ရှင်းချန်သည် မနက်ခင်း လက်ဖက်ရည်သောက်ပြီး ရုပ်ရှင်ကို ပျော်ပျော်ရွှင်ရွှင်ကြည့်နေခဲ့သည်။

" ဒါက သနားစရာပဲ ။ လီချုံးအဖွဲ့က ချူးရို့ရွယ်က ကိစ္စတချို့ ဆွေးနွေးဖို့ လာမယ်‌ ပြောတယ်။ အစတုန်းက အဲ့ဒီအခွင့်အရေးကို ယူပြီးတော့ မင်းတို့နှစ်ယောက်ကြားက နားလည်မှုလွဲတာကို ကျွန်တော်က ဖြေရှင်းပေးချင်ခဲ့တာ။ ဒါပေမဲ့ မင်းမလာဘူးဆိုတော့လည်း ထားလိုက်ပါတော့။ "

" ရို့ရွယ်လာမယ်ဟုတ်လား..။ "

ရဲ့ရှင်းချန်သည် တက်ကြွသွားခဲ့သည်။

" မစ္စတာလင် ၊ ကျွန်တော့်ကို အချိန်ခဏပေး။ ကျွန်တော်အခုပဲ လာခဲ့မယ်။ "

" နေမကောင်းလို့ အလုပ်မလာနိုင်ဘူးလို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား...။ "

" မစ္စတာလင် ၊ ခဏလောက် ထိန်းထားနိုင်မယ်လို့ ကျွန်တော်ထင်တယ်..။ "

ဆယ်မိနစ်မပြည့်ခင်မှာပဲ ရဲ့ရှင်းချန်သည် ကုမ္ပဏီသို့ အမြန်ရောက်ရှိလာခဲ့သည်။

ရလဒ်အနေဖြင့် လင်ပေ့ဖန်ရောက်လာပြီး သူ့ကို ကုန်သွယ်ရေးအခန်းထဲသို့ တွန်းပို့ခဲ့သည်။

ရဲ့ရှင်းချန်သည် ခေါင်းစောင်းပြီး ပြောခဲ့သည်။

" ချူရို့ရွယ်ကရော ဘယ်မှာလဲ ..။ ဘာလို့ သူမကို ကျွန်တော် ဒီမှာ မမြင်ရတာလဲ..။ "

လင်ပေ့ဖန်သည် ဝီးချဲလ်ကို တွန်းရင်း အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" အစတုန်းက သူမ လာမယ်လို့ ပြောပြီးတော့ မလာဖြစ်လိုက်ဘူး...။ ငါတို့ သူ့‌အကြောင်းစိုးရိမ်နေစရာမလိုဘူး...။ "

ရဲ့ရှင်းချန် : " ... "

" အစ်ကိုရဲ့ ဒီနေ့ မင်း စိတ်ကြည်နေသလိုပဲ။ကျေးဇူးပြုပြီး မင်းရဲ့ ဖျော်ဖြေပွဲကို စလို့ရပြီ။ "

ရဲ့ရှင်းချန် : " ... "

" မစ္စတာရဲ့ ကျေးဇူးပြုပြီး စပါတော့ ။ "

လူတိုင်းက တပြိုင်တည်း ပြောခဲ့ကြသည်။

ရဲ့ရှင်းချန် : " ... “

All Chapters