← Chapters

အခန်း (၁၅၉)

Vol. 11 Ch. 159

အခန်း (၁၅၉)

Vol. 11 Ch. 159

ချူရို့ရွယ် သူ့ကို အထင်ကြီးစေဖို့အတွက် ယဲ့ရှင်းချန်သည် တကူးတက အပြင်ထွက်ပြီး အဝတ်အစားသစ်များ ဝယ်၍ သူ့ရဲ့ ဆံပင်ပုံစံ ဒီဇိုင်းကာလာဘာညာ‌အနေအထားကိုလည်း ချိန်းခဲ့တာကြောင့် သူ့တစ်ကိုယ်‌လုံးက တက်ကြွလန်းဆန်းပြီး သစ်လွင်တောက်ပြောင်နေခဲ့သည်။

" အစ်ကိုယဲ့ ၊ လူမှာအဝတ် တောင်းမှာအကွတ် ဆိုသလို မင်းက အဝတ်အစားပြောင်းလိုက်တာနဲ့ မင်းပုံစံ တကယ့်ကို ပြောင်းသွားတာပဲ ... "

လင်ပေ့ဖန်သည် ယဲ့ရှင်းချန်ကို လှည့်ပတ်ကြည့်ပြီး ပြောခဲ့သည်။

" မင်းရဲ့ လက်ရှိပုံစံကို ဗန်းစကားတစ်ခွန်းထဲနဲ့ပဲ ဖော်ပြနိုင်တော့တယ်။ အဲ့ဒါက သောက်ရမ်းလန်းတယ်... "

" တကယ်လား...။ ကျွန်တော်က တကယ်လန်းတာလား..။ " ယဲ့ရှင်းချန်က အလွန်ပျော်ရွှင်သွားခဲ့သည်။

" တကယ်ပေါ့ဟ ၊ငါ မင်းကို ဘာလို့ လိမ်ပြောရမှာလဲ... " လင်ပေ့ဖန်က ရယ်မောခဲ့သည်။

ယဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ ပျော်ရွှင်သွားခဲ့သည်။

" ဒါပေမဲ့ ဥက္ကဌချူ ရောက်လာတဲ့အချိန်ကျရင် မင်း တည်တည်ကြည်ကြည်နေပြီးတော့ သူမကို စိတ်ဆိုးအောင်မလုပ်မိစေနဲ့နော်...။ မင်းသိတယ်မလား.. "

" ကျွန်တော်သိတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော်သူမကို စိတ်ဆိုးအောင် မလုပ်ဘူး။ " ယဲ့ရှင်းချန်သည် ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။

ခဏကြာပြီးနောက် ချူရို့ရွယ် ရောက်လာခဲ့သည်။

သူမသည်လည်း မိတ်ကပ်နည်းနည်း လိမ်းထားပုံရသည်။သူမပုံစံကိုကြည့်ရတာက ပိုပြီးတော့ ရင့်ကျက်ပြီး ချစ်စရာကောင်း၍ ပိုပြီးတော့ စွဲမက်ဖွယ်ကောင်းနေခဲ့သည်။

ထို့ပြင် သူမသည် အနီရောင်တောက်တောက်ဝတ်စုံ၊ အဖြူရောင် ဒူးဖုန်းစကပ် နှင့် အနီရောင် ဒေါက်ဖိနပ်တစ်စုံကိုလည်း စီးထား၍ လှပကြော့ရှင်းစွာဖြင့် လာခဲ့ပြီး သူမရဲ့ အော်ရာက ၂.၈ မီတာအဝေးရှိ လူများကိုတောင်မှ သူမကို မကြည့်ပဲနဲ့ မနေနိုင်အောင် ဆွဲဆောင်သွားခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန် နှင့် ယဲ့ရှင်းချန်တို့၏ မျက်လုံးများက လက်သွားခဲ့သည်။ထိုထဲမှာ ယဲ့ရှင်းချန်သည် မနေနိုင်ပဲနဲ့ အရှေ့သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်။

" ဥက္ကဌချူ .... မင်း လာပြီပေါ့ ... "

ချူရို့ရွယ်၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့ပြီး လင်ပေ့ဖန်ဘေးနားသို့လာ၍ မေးခဲ့သည်။

" ဘာလို့ သူ့ကို ခေါ်လာခဲ့တာလဲ။ သူ့ကို ခေါ်မလာခဲ့နဲ့လို့ ရှင့်ကို ကျွန်မ ပြောခဲ့တယ်မဟုတ်ဘူးလား..။ သူ့ကို တွေ့ရင် ကျွန်မ ထမင်းမစားချင်တော့ဘူး..။ "

ထိုစကားလုံးများက ယဲ့ရှင်းချန်ရဲ့ တစ်ကိုယ်လုံးကို အေးခဲ့စေပြီး သူ့နှလုံးသားလေးကိုလည်း နာကျင်စေခဲ့သည်။

လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" ဥက္ကဌချူ ၊ မင်း နားလည်မှုလွဲနေပြီ။ အစ်ကိုယဲ့က ဒီမှာ သူ့သူငယ်ချင်းနဲ့ စားဖို့ ချိန်းထားတာ။ ငါတို့ ဒီမှာ မတော်တဆ တွေ့မိတာပါ..။ "

" ဟုတ်လို့လား...။ " ချူရို့ရွယ်က အလွန်သံသယဖြစ်နေခဲ့သည်။

" ဟုတ်တယ် ၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ ဒီမှာ ချိန်းထားတာ .. " ယဲ့ရှင်းချန်က ချက်ချင်းပဲ ခေါင်းညိတ်ခဲ့သည်။

ချူရို့ရွယ်သည် သရော်ပြီး ပွဲကောင်းတစ်ပွဲ ကြည့်ရတော့မယ့် အမူအရာကို ဖော်ပြခဲ့သည်။

" ကောင်းပြီလေ ၊ ရှင်က ချိန်းထားတယ်လည်း ပြောပြီးတော့ ရှင့်နဲ့ ချိန်းထားတဲ့ သူက ဘယ်မှာလဲ ..... "

လင်ပေ့ဖန်သည် တံခါးကို ညွှန်ပြပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" ကြည့် ၊ ဟိုမှာ လာနေပြီမလား.. "

ထိုအချိန်တွင် တံခါးပွင့်လာပြီး နောက်ထပ်အမျိုးသမီးတစ်ယောက်ဝင်လာခဲ့သည်။ သူမကို အမျိုးသမီးတစ်ယောက်လို့ ပြောတာက တကယ်တော့ ချဲ့ကားပြောဆိုနေခြင်းသာဖြစ်ပြီး သူမက အဒေါ်ကြီးတစ်ယောက်သာဖြစ်သင့်သည် ။

သူမသည် ဆင်ခြေထောက် ၊ ယူနီကွန် လက်မောင်း( လက်‌မောင်းတုတ်တာကို ပြောတာ)နှင့် တရုတ်ရိုးရာအမျိုးသမီးဝတ် ချောင်ဆန်ကို ဂရုတစိုက်ရွေးချယ်ပြီး ဝတ်ဆင်ထားသော်လည်း အရမ်းဝလွန်းတာကြောင့် ရေကူးကွင်းကဲ့သို့ ဗိုက်ခေါက်နှစ်ခုက ဖောင်းကြွပေါ်လွင်နေခဲ့ပြီး သူမ တစ်ချက်လှမ်းလိုက်တိုင်း ထိုဗိုက်ခေါက်များက လှုပ်ယမ်းသွားခဲ့သည်။( ဗိုက်ခေါက်က အသက်ဆိုတဲ့သူတွေအတွက် ဒါလေးရမယ်နော် )

ထို့ပြင် သူမမျက်နှာပေါ်တွင် မိတ်ကပ်ထူထူလိမ်း၍သူမ မျက်နှာတစ်ခုလုံးကိုလည်း ပေါင်ဒါဖြူများဖြင့် ဖုံးထားပြီး နှုတ်ခမ်းနှစ်ဖက်ကိုလည်း နီရဲအောင် နှုတ်ခမ်းနီးဆိုးထားခဲ့သည်။သူမတစ်ကိုယ်လုံးက ချင်းမင်ပွဲတော်မှာ မီးရှို့တဲ့ စက္ကူရုပ်တစ်ရုပ်နဲ့ တူနေခဲ့သည်။

သူမ စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး မကြာခင်မှာပင် ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့သည်။

သို့သော်လည်းပဲ အဒေါ်ကြီးသည် မရှက်သည့် အပြင် သူမရဲ့ ခေါင်းကိုမော့၍ ပိုပြီးတော့တောင်မှ ယုံကြည်မှုရှိစွာဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။

သူမသွားရာလမ်း‌တစ်လျှောက်တွင် လူတိုင်းက သူမကို အံအားသင့်သွားခဲ့သည်။ထိုထဲတွင် တစ်စုံတစ်ယောက်လက်ထဲက ဇွန်းသည် စွပ်ပြုပ်ခွက်ထဲသို့ ပြုတ်ကျသွားပြီး အဒေါ်ကြီးကို စွပ်ပြုပ်ရည်များ စင်သွား စေခဲ့သည်။

အဒေါ်ကြီးသည် နောက်လှည့်ပြီး အော်ပြောခဲ့သည်။

" နင် ဘာကြည့်နေတာလဲ ... ငါ့လိုမျိုး အရမ်းလှတဲ့မိန်းကလေးကို မမြင်ဖူးဘူးလား... "

စားသုံးသူ : " ... "

" တကယ့်ကို နှာဘူး ၊တဏှာရူးပဲ ...။ "

စားသုံးသူ : " ... "

ချူရို့ရွယ်သည် အံ့အားသင့်သွားခဲ့သည်။

" မစ္စတာယဲ့ ၊ သူမက ရှင်ချိန်းထားတဲ့သူလား... "

ယဲ့ရှင်းချန်သည် ငြင်းပြီး ခေါင်းလှည့်၍ ထွက်သွားချင်ပေမဲ့လည်း တစ်ခြားလူက လာနေပြီဖြစ်တာကြောင့် သူ့အတွက် လွတ်မြောက်ဖို့ လမ်းမရှိတော့ပေ။ ထို့ကြောင့် သူသည် ခါးခါးသီးသီးခေါင်းညိတ်ခဲ့သည်။

" ဟုတ်တယ် ၊သူမက ကျွန်တော် ချိန်းထားတဲ့သူပဲ ..."

ချူရို့ရွယ်သည် နောက်တစ်လှမ်းဆုတ်ပြီး စက်ဆုပ်စွာဖြင့် ပြောခဲ့သည်။

" အီး...... ရှင့်အကြိုက်က တကယ် ထူးခြားတာပဲ... "

ယဲ့ရှင်းချန် : " ... "

ထိုအချိန်တွင် အန်တီလီသည် လင်ပေ့ဖန်တို့စီ ရောက်လာပြီး လူရွှင်တော်တစ်ယောက်လို ပြုံးနေခဲ့သည်။

" ဟယ်လို မစ္စတာလင် ၊ ရှောင်ယဲ့ ၊ ငါ ရောက်လာပြီ ။ဟီးဟီး.... "

ယဲ့ရှင်းချန်သည် စက်ဆုပ်စွာဖြင့် သူ့ရင်ဘတ်ကို ဖိထားခဲ့သည် ။

လင်ပေ့ဖန်သည် ရှေ့တစ်လှမ်းတိုးပြီး ပြုံး၍ ပြောခဲ့သည်။

" အန်တီလီ ၊ အန်တီ လာပြီပေါ့။ အန်တီ အရမ်းလှလှပပ ဝတ်ထားတော့ ကျွန်တော် အန်တီ့ကိုတောင် မမှတ်မိတော့မလို ဖြစ်သွားတယ်... "

" တကယ်လား .. " အန်တီလီသည် အလွန်ပျော်ရွှင်သွားခဲ့သည်။

" ဘာလို့လဲဆိုတော့ ရှောင်ယဲ့က ငါ့ကို ညစာစားဖို့အတွက် ချိန်းလာလို့ ငါဒီလို ဝတ်လာတာ။ ရှောင်ယဲ့ ၊ ဒို့ လှတယ်လို့ မင်း ထင်လား... "

ထိုစကားကိုပြောပြီး အန်တီလီသည် ရှက်ရွံ့သောအမူအရာအရိပ်အမွက်ဖြင့် ယဲ့ရှင်းချန်ကို ကြည့်ခဲ့သည်။

" အဟီး........... "

ယဲ့ရှင်းချန်သည် သူ့ရင်ဘတ်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်ခဲ့သည်။

လင်ပေ့ဖန်နှင့် ချူရို့ရွယ်သည် နောက်တစ်လှမ်း ဆုတ်ပြီး ယဲ့ရှင်းချန်ကိုသာ ထိုအချစ်ကို ခံယူစေခဲ့သည်။

" ကြည့်ကောင်းတယ် ၊ အလွန်ကြည့်ကောင်းတယ် .."ယဲ့ရှင်းချန်သည် မျက်ရည်ဝဲလာခဲ့သည်။

ထို့ပြင် သူမသည် သူချိန်းထားတဲ့ အမျိုးသမီးဖြစ်တာကြောင့် ယဲ့ရှင်းချန်သည် မျက်ရည်စက်လက်ဖြင့် ချိန်းထားတဲ့ နေရာသို့ သွားခဲ့သည်။

ထိုနည်းဖြင့် သူတို့သည် နောက်ဆုံးတော့ ချိန်းထားတဲ့နေရာကို ရောက်ရှိခဲ့သည်။

ယဲ့ရှင်းချန်သည် လင်ပေ့ဖန်ကို မျက်လုံးတစ်ဖက်မှိတ်ပြီး အချက်ပြခဲ့သည်။

မစ္စတာလင် ကူညီပေးပါဦး.....

လင်ပေ့ဖန်သည် ပြန်လှည့်ကြည့်ပြီး အချက်ပြခဲ့သည်။

ပြဿနာမရှိဘူး...

ထို့နောက် သူသည် ပြုံးပြီး ပြောခဲ့သည်။

" အားလုံးက သူငယ်ချင်းတွေဆိုတော့ ဘာလို့ စားပွဲတစ်ခုထဲမှာ အတူတူ မထိုင်ကြတာလဲ ... "

ယဲ့ရှင်းချန်သည် မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည်။

သို့သော်လည်းပဲ အမျိုးသမီးနှစ်ယောက်လုံးက တပြိုင်တည်း ပြောခဲ့သည်။

" မထိုင်ဘူး..... "

ယဲ့ရှင်းချန် : " ... "

လင်ပေ့ဖန်က မေးမြန်းခဲ့သည်။

" ဘာလို့လဲ ... "

ချူရို့ရွယ်က စိတ်မပါ့တပါဖြင့် ပြောခဲ့သည်။

" ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်‌ေယာက်ကို ဒီမှာ ညစာစားဖို့အတွက် ဖိတ်ခေါ်တာက သူမနဲ့ အတူတူစားချင်လို့ပေါ့။ ကျွန်မ‌တို့က တစ်ခြားသူတွေကို မနှောက်ယှက်သင့်ဘူး။ ဒါကြောင့် ကျွန်မတို့ ခွဲစားကြမယ်... "

အန်တီလီသည် ရှက်ရွံ့စွာဖြင့် ပြောခဲ့သည်။

" ညီမလေး နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်..... ဟီးဟီး... "

ယဲ့ရှင်းချန် : " ... "

" လေဒီနှစ်ယောက်က အတူတူမစားချင်ဘူးဆိုတော့လည်း ကျွန်တော်တို့ယောင်္ကျားလေးတွေက လေဒီတွေရဲ့ စကားကို နားထောင်ပြီးတော့ ခွဲစားကြ‌တာပေါ့...။ " လင်ပေ့ဖန်သည် သူလည်း မတတ်နိုင်ဘူးဆိုတဲ့ သဘောဖြင့် ယဲ့ရှင်းချန်ကို ပုခုံးတွန့်ပြခဲ့သည်။

ယဲ့ရှင်းချန် : " ... "

ထို့ကြောင့် သူတို့သည် အတူတူမထိုင်ပဲနဲ့ ခွဲထိုင်ခဲ့ကြသည်

ချူရို့ရွယ်သည် မျက်လုံးမှိတ်ပြီး အပြုံးတစ်ပွင့်‌ဖြင့် ပြောခဲ့သည်။

" အစ်မ ဒီမှာ နေရာအများကြီး မရှိတော့ဘူး။ အစ်မ အရင်ဆုံး ရွေးပြီးတော့မှ ကျွန်မ ရွေးလိုက်မယ်... . "

" ကောင်းပြီလေ ၊ ဟိုနေရာက အလင်းရောင်ပိုရပြီးတော့ မြင်ကွင်းလည်းပိုကောင်းလို့ အစ်မနဲ့ ရှောင်ယဲ့ အဲ့မှာ ထိုင်လိုက်မယ်... " အန်တီလီသည် အလယ်အကျဆုံး နေရာကို ရွေးချယ်ခဲ့သည်။သူမသာ ထိုနေရာတွင် ထိုင်ပါက ယနေ့ညတွင် သူမသာလျှင် အလှဆုံး မိန်းကလေး ဖြစ်နေလိမ့်မည်ဖြစ်သည်။

" ဒါဆိုရင် ညီမတို့ ဟိုမှာ သွားထိုင်လိုက်မယ်... " ချူရို့ရွယ်သည် လင်ပေ့ဖန်ကို အဝေးဆုံးနေရာသို့ ဆွဲ‌ ခေါ်သွားခဲ့သည်။

ယဲ့ရှင်းချန် : " ... "

ထို့နောက် အော်ဒါမှာချိန်တွင်လည်း အမျိုးသမီးများကို ဦးစားပေးခဲ့သည်။

ချူရို့ရွယ်သည် တရုတ်စာနှင့် အင်္ဂလိပ်စာရေးထားသော မီးနူးမှ အစားအသောက်များကို မှာယူခဲ့ပြီး သူမရဲ့ လှုပ်ရှားမှုတိုင်းက ကျက်သရေအပြည့်ဖြင့် ရှိနေခဲ့သည်။

သို့သော်လည်းပဲ ယဲ့ရှင်းချန်အလှည့်ကျတော့ ကွဲပြားခြားနားသွားခဲ့သည်။

အန်တီလီသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် မီးနူးကို ကြည့်ပြီး မှာယူခဲ့သည်။

" ဒါက အရသာရှိမဲ့ပုံပဲ ။စားပွဲထိုး ငါ ဒါယူမယ် ...ဒါရော.... ပြီးတော့ ဒါရော ယူမယ်.... "

နောက်ဆုံးမှာတော့ သူမသည် ဟင်းပွဲနှစ်ဆယ်ကို မှာယူခဲ့သည်။

ယဲ့ရှင်းချန်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

" အန်တီ အော်ဒါ မှာတာ အရမ်းများလွန်းတယ်။ အန်တီ တစ်ယောက်ထဲ စားနိုင်မှာမဟုတ်လောက်ဘူး..။ "

" ဒို့ စားလို့ မကုန်ရင်လည်း အိမ်ပြန်သယ်သွားလို့ရတယ်လေ.... "

ယဲ့ရှင်းချန်ရဲ့ မျက်နှာက ပိုပြီးတော့ မည်းမှောင်သွားခဲ့သည်။

" ဒီမှာ ပါဆယ်ပြန်ဆွဲသွားလို့ရအောင် လုပ်ပေးမဲ့ ဝန်ဆောင်မှုမရှိဘူး..။ "

" ရပါတယ် ၊ ဒို့ ပလက်စတစ်အိတ်ယူလာလို့ ကိုယ့်ဘာသာကိုယ် လုပ်လို့ရတယ်... "( ကိုယ်တွေထက်တောင်ဆိုးနေပြီ )

ယဲ့ရှင်းချန် : " ... "သောက်ကျိုးနည်း

" စားပွဲထိုး ၊ ဒါကဘာလဲ .... ကြည်ရတာ အနက်ရောက်ပုလဲလုံးလေးတစ်လိုပဲ အရမ်းပဲလှတယ်... "

စားပွဲထိုးက ပြုံးပြီး ပြောခဲ့သည်။

" မင်္ဂလာပါ မစ်... ဒါက စတာဂျင် ငါးဥပါ "

" ဒါက နာမည်ကြီးနေတဲ့ စတာဂျင် ငါးဥပေါ့။ " အန်တီလီသည် စိတ်လှုပ်ရှားသွားခဲ့သည်။

" တီဗီထဲမှာ လူချမ်းသာတွေ စားတာ ငါ ကြည့်ဖူးတယ်။ စားပွဲထိုး ငါ့ကို စတာဂျင် ငါးဥ တစ်ပေါင် ပေး... "

ယဲ့ရှင်းချန် : " ... “

All Chapters