← Chapters

အခန်း (၁၅၆)

Vol. 11 Ch. 156

အခန်း (၁၅၆)

Vol. 11 Ch. 156

ထိုနည်းဖြင့် ရဲ့ရှင်းချန်သည် လင်ပေ့ဖန်ရဲ့ လှည့်စားခြင်းကို တစ်ခါပြီး တစ်ခါခံခဲ့ရသည်။

သူသည် လင်ပေ့ဖန် ပိုက်ဆံရှာတာကို ကြည့်နေရုံသာမကဘဲနဲ့ လင်ပေ့ဖန်ကိုလည်း ကူညီပြီး ပိုက်ဆံရှာပေးခဲ့ရသည်။

ထို့ပြင် သူသည် လင်ပေ့ဖန်ရဲ့ ပိုက်ဆံတွေ တရိပ်ရိပ်တိုးတက်လာနေတာကို မြင်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်သွားခဲ့သည်။သူ့ရဲ့ စိတ်ထဲမှာလည်း နောင်တရနေခဲ့သည်။

' ငါသာ အစောကြီးကတည်းက ကြိုသိခဲ့ရင် ဆေးရုံကနေ မဆင်းလာခဲ့ပါဘူး။‌ငါ ဆေးရုံကနေ ဆင်းလာတာနဲ့ ခေါင်းကိုက်ပြီးတော့ စိတ်တောင် သိပ်မမှန်ချင်တော့ဘူး။ ဒီလိုဆက်သွားနေရင် ငါ လင်ပေ့ဖန်ကို မရှင်းရသေးခင်မှာပဲ ရူးသွားလိမ့်မယ်....။ '

ထိုအချိန် လုံယရင်းနှီးမြှုပ်နှံရေးဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် ၎င်းသတင်းကို လက်ခံရရှိခဲ့သည်။

" ဘာ...လူယုတ်မာ ရဲ့ရှင်းချန်က လင်ပေ့ဖန်ကို နောက်တစ်ကြိမ် ပိုက်ဆံ ကူရှာပေးခဲ့တာလား....။ "

အနက်ရောင်ဝတ်လူက လေးလေးစားစား ပြန်ပြောခဲ့သည်။

" ဟုတ်ပါတယ် နဂါးဘုရင်။ ရဲ့ရှင်းချန် ဆေးရုံကနေ ဆင်းလာတာ ငါးရက်ရှိပြီလို့ ကျွန်တော်တို့ သတင်းရရှိခဲ့ပါတယ်။ နောက်ပြီး သူက ဆေးရုံကနေဆင်းပြီး ဒုတိယနေ့မှာ လင်ပေ့ဖန်ရဲ့ ကုမ္ပဏီကို အလုပ်လာလုပ်ပါတယ်။ "

နဂါးဘုရင်သည် ဒေါသထွက်သွားခဲ့သည်။

" ဒီမအေမွေးကတော့ ဒီလောက်ရိုက်ခံထိထားတာတောင် မမှတ်သေးဘူးထင်တယ်။ ဒီကောင်က သူ့ဒဏ်ရာတွေ သက်သာလာတာနဲ့ လင်ပေ့ဖန်ကို ကူညီပြီး ပိုက်ဆံရှာပေးဖို့ကို မစောင့်နိုင်တော့ဘူး။ ဘယ်လောက်သစ္စာရှိလိုက်တဲ့ ခွေးအိုကြီးလဲ....။ "

နဂါးဘုရင်သည် အလွန်ဒေါသထွက်သဖြင့် ဖန်ခွက်ကို ပစ်ခွဲ၍ ဟိုဟိုဒီဒီလျှောက်သွားပြီး မေးခဲ့သည်။

" လင်ပေ့ဖန်အတွက် သူ ပိုက်ဆံဘယ်လောက်ရှာပေးခဲ့တာလဲ ...။ "

အနက်ရောင်ဝတ်လူက လေးလေးစားစား ပြန်ဖြေခဲ့သည်။

" နဂါးဘုရင် ၊ ကျွန်တော်တို့ကို သတင်းပေးမဲ့ အတွင်းလူမရှိလို့ သတင်းအချက်အလက် တိတိကျကျတော့ မရရှိသေးပါဘူး။ ဒါပေမဲ့ ခန့်မှန်းချေအရတော့ အနည်းဆုံး ၂၀ဘီလီယံလောက်ရှိပါမယ်။ "

နဂါးဘုရင်ကျိုရှင်းသည် ထိုစကားကိုကြားပြီး မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။

သူက ဆေးရုံကနေဆင်းပြီး မကြာခင်မှာပဲ သူ့ရဲ့အကြီးမားဆုံး ရန်သူတော်ကြီး လင်ပေ့ဖန်ကို ယွမ်၂၀ဘီလီယံကျော်ကူရှာပေးခဲ့တယ်ပေါ့လေ.....။

ဒါက လုံးဝ မဖြစ်သင့်ဘူး....။

၂၀ဘီလီယံကျော် ၊အဲ့ဒါ ဘယ်လောက်များလဲ မင်းသိလား....။

ဒါက အရင်တုန်းက ငါရှုံးခဲ့တဲ့ ပိုက်ဆံတွေပဲ....။

သူ့လို ချမ်းသာပြီး စွမ်းအားကြီးတဲ့ ကျိုမိသားစုမှ လူတောင်မှ ဒီတစ်‌ကြိမ်မှာတော့ ဝမ်းနည်းပူဆွေးနေခဲ့ရသည်။

နဂါးဘုရင်ကျိုရှင်းသည် ဒေါသတကြီး ပြောခဲ့သည်။

" ငါ အရင်တခါတုန်းက သူ့ကို လွှတ်သွားတာ ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ ငါ မသိခဲ့ဘူး။ ငါ တကယ့်ကို နောင်တရတယ်။ တစ်ယောက်ယောက်ကို ရှာပြီး သူ့ကို ချက်ချင်းသတ်ခိုင်းလိုက်စမ်း ..။ ငါ သူ့ကို နောက်တစ်ကြိမ် ထပ်မမြင်ချင်တော့ဘူး...။ "

အနက်ရောင်ဝတ်သည် ခဏကြာ တွေဝေပြီး ပြောခဲ့သည်။

" နဂါးဘုရင် ၊ ရဲ့ရှင်းချန်ကို အခုချက်ချင်း ရှင်းပစ်လိုက်တာက နှမြောစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီး သူ့ကို အရှင်ထားတာက ပိုပြီးတန်ဖိုးရှိပါတယ်။ ကျွန်တော်တို့သူ့ကို ကျွန်တော်တို့ဘက် .....။ "

" ဆက်ပြော " နဂါးဘုရင်က ဒေါသတကြီး ပြောခဲ့သည်။

" ဟုတ်ကဲ့ နဂါးဘုရင် ၊ အရှင့်ရဲ့ လက်အောက်ငယ်သား ထင်တာက..... "

အနက်ရောင်ဝတ်လူက အလေးအနက်ပြောခဲ့သည်။

" အချက်အလက်တွေအရတော့ ရဲ့ရှင်းချန်က ရင်းနှီးမြှုပ်နှံရေးကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး သူက အလွန်တိကျတဲ့ ရင်းနှီးမြှုပ်နှံရေး အမြင်လည်း ရှိပြီးတော့ ငွေကြေးဈေးကွက်မှာလည်း

ကျွမ်းကျင်ပါတယ်။ "

" ဒါကြောင့်သူက အရမ်းတန်ဖိုးရှိပါတယ်။ ဒါ့အပြင် သူက ကျွန်တော်တို့ကိုလည်း ပိုက်ဆံ ကူရှာပေးနိုင်ပြီးတော့ အနာဂတ်မှာ လင်ပေ့ဖန်နဲ့ ဆက်ဆံရာမှာလည်း သူ့ကို အသုံးပြုလို့ ရနိုင်ပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံရေး စွမ်းရည်နဲ့ ပတ်သက်ရင် လင်ပေ့ဖန်ကတောင် သူ့ကို မမှီဘူးလို့ အကြိမ်ကြိမ်အခါခါပြောခဲ့ဖူးပါတယ်။ "

" ဟုတ်တယ် ၊ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ .." နဂါးဘုရင်သည် စိတ်ငြိမ်သွားခဲ့သည်။

ဒီကောင်ရဲ့ရှင်းချန်က ရင်းနှီးမြှုပ်နှံရေး ကျွမ်းကျင်တဲ့ သူတစ်ယောက်ပဲ။ သူက သေချာပေါက် ငါ့ကို ပိုက်ဆံ ကူရှာပေးနိုင်လိမ့်မယ်....။

ဒီကောင်က တော်တော်လေး စွမ်းအားကြီးပြီးတော့ သူ့ရဲ့ နောက်မှာလည်း စွမ်းအားကြီးမားတဲ့ စစ်မှုထမ်းဟောင်း အုပ်စုတစ်စုရှိသေးတယ်...။

အကယ်၍ ငါတို့နှစ်ယောက်သာ လက်တွဲလိုက်မယ်ဆိုရင် လင်ပေ့ဖန်ကို အနိုင်ရဖို့ အခွင့်အလမ်းပိုများသွားနိုင်တယ်....။

နဂါးဘုရင်သည် ထိုအကြောင်းကို တွေးပြီး စိတ်လှုပ်ရှားလာခဲ့သည်။

" မင်း ပြောတဲ့ နည်းလမ်းက ဖြစ်နိုင်ချေရှိတယ်။ မင်း အခုချက်ချင်း တစ်ယောက်ယောက်ကိုရှာပြီး သူ့ကို ဆက်သွယ်ခိုင်းလိုက်။ သူ့ကို အကောင်းဆုံးလိုက်လျောပေးပြီးတော့ ငါတို့ရဲ့ ဌာနချုပ်ကို ခေါ်လာခဲ့...။ သူသဘောတူရင်တော့ ကောင်းတာပေါ့။ အေ.. သူ သဘောမတူရင်တော့ သူ့ကို ကြိုးနဲ့တုပ်ပြီး ခေါ်လာခဲ့။ အကယ်၍ အဲ့လို ခေါ်လို့မရရင်......." နဂါးဘုရင်သည် သူ့လည်ပင်း ဓားနဲ့ လှီးတဲ့အမူအရာမျိုး လုပ်ပြခဲ့သည်။

" ဒီလက်အောက်ငယ်သား နားလည်ပါပြီ။ " အနက်ရောင်ဝတ်လူသည် နောက်သို့ ဆုတ်ပြီး ထွက်ခွာသွားခဲ့သည်။

တစ်ခြားတစ်ဖက်တွင် အလုပ်ဆင်းလာတဲ့ စစ်ပွဲနတ်ဘုရား ရဲ့ရှင်းချန်သည် အနက်ရောင်ဝတ်လူနှစ်ယောက်နဲ့ တွေ့ခဲ့သည်။

" မင်းတို့ ဘယ်သူတွေလဲ...။ " ရဲ့ရှင်းချန်သည် သတိထားပြီး မေးမြန်းခဲ့သည်။

" မစ္စတာ ရဲ့ရှင်းချန် ၊ ကျွန်တော်တို့ ခင်ဗျားနာမည်ကို အချိန်အကြာကြီးကတည်းက လေးစားနေခဲ့တာပါ။နောက်ပြီး ရင်းနှီးမြှုပ်နှံရေး နယ်ပယ်မှာ ခင်ဗျား အောင်မြင်ပြီးတော့ အရောင်းအဝယ်နတ်ဘုရားလို့ နာမည်ကြီးနေတာကိုလည်း ကျွန်တော်တို့ကြားမိပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ သူဌေးက ခင်ဗျားကို အရမ်း တန်ဖိုးထားပြီးတော့ ခင်ဗျားနဲ့ ပူးပေါင်း‌ချင်နေပါတယ်။ကျွန်တော်တို့ ထိုင်ပြီး စကားပြောဖို့ နေရာတစ်ခုခုရှာကြမလား ...။ "

ရဲ့ရှင်းချန်သည် သေချာစဉ်းစားပြီး ပြောလိုက်သည်။

" ကောင်းပြီ ... "

သူတို့သည် လူရှင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကို သွား၍

ကော်ဖီတစ်ခွက်စီသောက်ပြီးနောက် ရဲ့ရှင်းချန်က ပြောခဲ့သည်။

" မင်းတို့ရဲ့ သူဌေးက ဘယ်သူလဲ ...။ မင်းတို့မှာ ဘာအရည်အချင်းရှိလဲ..။မင်းတို့က ငါ့နဲ့ပူးပေါင်းချင်တယ်ပေါ့ ၊ဘယ်လို ပူးပေါင်းမလို့လဲ...။ "

" ဒီအချိန်မှာ ကျွန်တော်တို့ သူဌေးက ဘယ်သူလဲဆိုတာကိုတော့ ထုတ်ပြောဖို့ အဆင်မပြေဘူး။ ဒါပေမဲ့ မစ္စတာရဲ့ကို ပြောပြနိုင်တာက ကျွန်တော်တို့ သူဌေးက ရှေးဟောင်းမိသားစုတစ်ခုကဖြစ်ပါတယ်။ အဲ့ဒီမိသားစုက နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိပြီး‌ေတာ့ ကဏ္ဍာပေါင်းစုံမှာလည်း ပါဝင်ပတ်သက်တဲ့အပြင် ဩဇာလည်း ကြီးမားတယ်။နောက်ပြီး ရန်နိုင်ငံမှာလည်း ထိပ်တန်းမိသားစုတွေထဲမှာ တစ်ခုအပါအဝင်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့သူဌေးက အဲ့ဒီမိသားစုရဲ့ အမွေဆက်ခံသူပဲ။ အဲ့ဒီကျွန်‌ေတာ်တို့ မိသားစုက လုပ်ငန်းအများစုမှာလည်း ပါဝင်ထားပါတယ်။ ဥပမာပြောရရင် ဘာညာပေါ့ကွာ ....." အနက်ရောင်ဝတ်လူနှစ်ယောက်‌သည် ရဲ့ရှင်းချန်ကို သူတို့ဘက်ပါလာအောင်လို့ အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။

ရဲ့ရှင်းချန်သည် အပေါ်ယံတွင် လေးလေးနက်နက်နားထောင်နေပေမဲ့လည်း သူ့စိတ်ထဲမှာတော့ လှောင်ရယ်နေခဲ့သည်။

ငါ့ကို စွဲဆောင်မယ်ပေါ့လေ....။

အဲ့ဒါ နဂါးဘုရင်ကျိုရှင်းခိုင်းတာမလား...။

မင်းတို့နှစ်ယောက်က မင်းတို့သူဌေးဘယ်သူလဲဆိုတာကို ငါ့ကို ဖော်ပြနေပြီးပြီ....။

ကျိုရှင်း မင်းက အရင်တုန်းက ငါ့ကို ရိုက်ဖို့ လူလွှတ်လိုက်ပြီးတော့ အခုမှ မင်းဘက် ပြန်ခေါ်ချင်တာလား....။

ဟားဟားပဲရမယ်ညေး.....။

" မစ္စတာရဲ့ရဲ့ ရင်းနှီးမြှုပ်နှံရေး အရည်အချင်းကြောင့် ကျွန်တော်တို့ မစ္စတာရဲ့ကို ဖိတ်ခေါ်ခဲ့တာပါ။လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာ နှစ်လမပြည့်ခင်မှာပဲ မစ္စတာရဲ့က လင်ပေ့ဖန်ကို ယွမ်၂၀ဘီလီယံကျော်ကူရှာပေးခဲ့တယ်လို့ ကျွန်တော်တို့ ကြားခဲ့ရပါတယ်။မစ္စတာရဲ့လို အရည်အချင်းရှိတဲ့သူတစ်ယောက်က အဲ့ဒီ ကုမ္ပဏီသေးသေးလေးတစ်ခုမှာ ရှိနေသင့်တယ်လို့ ကျွန်တော်တို့မထင်ပါဘူး။ မစ္စတာရဲ့က အဲ့ထက်ကြီးတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ ရှိနေသင့်တာပါ..။ "

" မစ္စတာရဲ့ ကျွန်တော်တို့ သူဌေးစီမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိသ၍ မစ္စတာရဲ့ အကျိုးအမြတ်ပိုရပါလိမ့်မယ်။ အရင်းအနှီးကို သူစိုက်ပေးပြီးတော့ မစ္စတာရဲ့က စီမံရုံပဲလို့ ကျွန်တော်တို့ သူဌေးက ပြောခဲ့ပါတယ်။ နောက်ပြီး အကျိုးအမြတ်အားလုံးကိုလည်း ငါးဆယ်ငါးဆယ်ခွဲယူမယ်လို့ ပြောပါသေးတယ်။ ဒါ့အပြင် ကျွန်တော်တို့ သူဌေးက တစ်ခြားအကျိုးခံစားခွင့်တွေကိုလည်း မစ္စတာရဲ့ကို ပေးသွားမယ်တဲ့။ စိမ်ခံကားတွေ ၊ဗီလာတွေ နဲ့ စော်ချောချောလေးတွေကိုတောင် မစ္စတာရဲ့ လိုချင်နေသ၍ မစ္စတာရဲ့အတွက် ကျွန်တော်တို့ စီစဥ်ပေးနိုင်ပါ‌တယ်။ "

" ကျွန်တော်တို့သူဌေးက လူတစ်ယောက်ကို ဘယ်တုန်းကမှ ဒီလောက်ထိ တန်ဖိုးမထားဖူးပါဘူး။ ဒါကြောင့် မစ္စတာရဲ့ သေသေချာချာစဉ်းစားလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ "

ရဲ့ရှင်းချန်သည် တိတ်ဆိတ်သွားခဲ့သည်။

ရိုးရိုးသားသားပြောရရင် အကယ်၍ ဟိုလိုသာ မဖြစ်ခဲ့ပါက သူသည် နဂါးဘုရင်ကျိုရှင်းနဲ့ တကယ်ပူးပေါင်းချင်ခဲ့သည်။

ထို့ပြင် နဂါးဘုရင်ကျိုရှင်းသည် ချမ်းသာပြီး စွမ်းအားကြီးတာကြောင့် လင်ပေ့ဖန်ကို ခြိမ်းခြောက်နိုင်သည်။

အကယ်၍ သူတို့နှစ်ယောက်သာ ပူးပေါင်းလိုက်ပါက လင်‌ပေ့ဖန်ကို လက်စားချေဖို့ ဖြစ်နိုင်ချေက တော်တော်ကြီးမားလာလိမ့်မည်ဖြစ်သည်။

သို့သော်လည်းပဲ ဒီမတိုင်ခင် လူယုတ်မာ နဂါးဘုရင်က လူလွှတ်ပြီး သူ့ကို ရိုက်ခိုင်းခဲ့သည်။

သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ လင်ပေ့ဖန်သာ အချိန်မီ မရောက်လာခဲ့ရင် သူသည် တကယ်ပဲ သေသွားနိုင်သည်။

ဒီရန်ငြိုးက ဘယ်တော့မှ ကြေအေးလို့ရမှာမဟုတ်ဘူး....။

လင်ပေ့ဖန်က သူ့ရဲ့ ပထမရန်သူဖြစ်ပြီး နဂါးဘုရင်ကျိုရှင်းက သူ့ရဲ့ ဒုတိယရန်သူပဲဖြစ်သည်။

အကယ်၍ သူသာ ထိုလူယုတ်မာနဲ့ ပူးပေါင်းရင် သူ့ကိုယ်ကိုယ်သူ နှိမ့်ချရလိမ့်မယ်ဖြစ်သည်...။

သူသည် စစ်ပွဲနတ်ဘုရား ဖြစ်သည်။ခွေးတစ်ကောင်မဟုတ်ပေ။

ဖက်ဖက် .... မှားလို့ ငါက ခွေးမဟုတ်ဘူး။

နောက်တစ်ခုကတော့ ရင်းနှီးမြှုပ်နှံရေးအရည်အချင်းက သူ့မှာ လုံးဝမရှိပေ။

ထို့ပြင် သူသည် ကုန်သွယ်ရေးခန်းထဲမှာရှိနေသ၍ သူ ဘယ်လိုပဲရင်းနှီးမြှုပ်နှံပါစေ အမြဲတမ်းနိုင်နိုင်သည်။သို့သော်လည်းပဲ ကုန်သွယ်ရေးခန်းထဲက သူ ထွက်သွားပြီး ဘယ်လိုပဲ ရင်းနှီးမြှုပ်နှံပါစေ သူရှုံးလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်‌ဖက်စလုံး ပူးပေါင်းဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။

ရဲ့ရှင်းချန်သည် သရော်ပြီး ပြောခဲ့သည်။

" ငါ သဘောမတူရင်ရောဘာဖြစ်လဲ...."

အနက်ရောင်ဝတ်လူနှစ်ယောက်က အမူအရာမဲ့စွာဖြင့် ပြန်ပြောခဲ့သည်။

" မင်း သဘောမတူရင် ငါတို့ မင်းကို အတိုင်းအတာ တစ်ခုထိ လုပ်လို့ရတယ်။ မင်းရဲ့ အတိုက်အခိုက်စွမ်းရည်က ကောင်းပေမဲ့ ငါတို့ထက်တော့ မကောင်းနိုင်ဘူး။ မစ္စတာရဲ့ ငါတို့မင်းကို သတိပေးလိုက်မယ်။နောင်တရမယ့်အရာတွေကို မလုပ်ချင်စမ်းပါနဲ့...။ "

" မင်းတို့ ငါ့ကို ခြိမ်းခြောက်နေတာလား....။ "

" မင်း အဲ့လို ထင်ချင်ရင် ထင်လို့ရတယ်။ "

သူတို့ကြားရှိ လေထုက ရုတ်တရက် အေးခဲသွားခဲ့သည်။

All Chapters