အခန်း (၁၅၈)
Vol. 11 Ch. 158
စစ်ပွဲနတ်ဘုရားယဲ့ရှင်းချန်သည် တစ်ဖက်ဖုန်းမှာ ကျိုရှင်း၏ အသံရှုသံခပ်ပြင်းပြင်းကြောင့် အတော်လေး စိတ်အခြေအနေကောင်းနေခဲ့သည်။( TN/ ရဲ့ရှင်းချန်ကို ယဲ့ရှင်းချန် ၊ဆောင်းယုချင်းကို စုန့်ယုချင်း လို ပြောင်းမယ်နော် )
ဒုတိယနေ့တွင် သူသည် လင်ပေ့ဖန်ရဲ့ တိုက်တွန်းမှုမရှိဘဲနဲ့ ကုမ္ပဏီသို့ သူ့ သဘောနဲ့သူ လာခဲ့သည်။
သို့သော်လည်းပဲ သူ ကုမ္ပဏီသို့ ရောက်ရှိပြီး မကြာခင်မှာပင် ရဲတွေစေလွှတ်လိုက်တဲ့ စုံစမ်းရေးမှူးနှစ်ယောက်နဲ့ တွေ့ခဲ့သည်။
" မင်းက ယဲ့ရှင်းချန်လား..။ "
ယဲ့ရှင်းချန်သည် ခေါင်းညိတ်ပြီး သူ့စိတ်ထဲတွင်တွေးတောနေခဲ့သည်။
" မနေ့ည ဆယ်နာရီ ဝန်းကျင်လောက်မှာ မင်းဘယ်မှာရှိနေလဲ.... "
" ကျွန်တော့်သူငယ်ချင်းနှစ်ယောက်နဲ့ စကားပြောဖို့ ကျွန်တော် ကော်ဖီဆိုင်ကို သွားခဲ့ပါတယ်။ "
ရဲ့ရှင်းချန်က အေးအေးဆေးဆေး ပြန်မေးခဲ့သည်။
" အရာရှိနှစ်ယောက် ကျွန်တော်စီလာခဲ့တာ ကိစ္စတစ်ခုခုများ ဖြစ်သွားလို့လား...။ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြပေးပါလား...။ "
အရာရှိနှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး သူတို့ထဲက တစ်ယောက်က ပြောခဲ့သည်။
" ဒါက ဒီလိုပါ ၊ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက သူတို့ရဲ့ ဝန်ထမ်းနှစ်ယောက် ပျောက်နေတယ်လို့ ကျွန်တော်တို့ကို ဖုန်းဆက်လာခဲ့တယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ သူတို့နောက်ဆုံးတွေ့ခဲ့တဲ့သူက မင်းပဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်။ "
" ခင်ဗျားတို့ကို မနေ့ညဆယ်နာရီတုန်းကလည်း ပနီဇူလာကော်ဖီဆိုင်မှာ နောက်ဆုံးမြင်တွေ့ခဲ့ရတယ်။နောက်ပြီး ဗီဒီယိုထဲမှာတော့ ခင်ဗျားတို့သုံးဦးက အဲ့ဒီမှာ ခဏတွေ့ဆုံပြီးတော့ စကားပြောနေတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်နဲ့ အဆက်အသွယ်ပြတ်ပြီးတော့ ရှာလို့မတွေ့တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားစီကို ဘာဖြစ်သွားလဲဆိုတာ အခြေအနေသိရအောင်လို့ ရောက်လာခဲ့တာပါ။ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ခင်ဗျား ပါဝင်ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ယဲ့ရှင်းချန်သည် သူ့စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။
ဒါက နဂါးဘုရင်ကျိုရှင်းရဲ့ လက်ချက်ပဲဖြစ်ရမယ်....။
ဒီကောင်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ....။
ဘာပဲဖြစ်ဖြစ် ညီလေး မင်းက ကိုကြီးထက် ငယ်ပါသေးတယ်ကွာ....ဟားဟား....
" ကောင်းပြီ ၊ စုံစမ်းစစ်ဆေးရေးမှာ ကျွန်တော်ပါဝင်ကူညီပေးပါ့မယ်... "
ထိုအချိန်တွင် လင်ပေ့ဖန်သည်လည်း ရောက်ရှိလာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ပြီး သူက စိုးရိမ်စွာဖြင့် မေးလာခဲ့သည်။
" အရာရှိနှစ်ယောက် ဘာကိစ္စရှိလို့လဲ..။ ကျွန်တော်အစ်ကိုနဲ့များ တစ်ခုခုသက်ဆိုင်နေလို့လား..။ "
" မစ္စတာလင် ၊အဲ့လိုမဟုတ်ပါဘူး... " စုံစမ်းရေးမှူးတစ်ယောက်က အခြေအနေကို အတိုချုံး ရှင်းပြခဲ့သည်။
" အဲ့ဒီနှစ်ယောက် ပျောက်သွားတာက ကျွန်တော့်အစ်ကိုနဲ့များ သက်ဆိုင်နေတယ်လို့ အရာရှိတို့ သံသယရှိနေတာလား...။ ကျွန်တော်ပြောပြမယ် ၊ဒါက လုံးဝမဖြစ်နိုင်ပါဘူး။ ကျွန်တော့်အစ်ကိုက လူတစ်ဖက်သားအပေါ်မှာ အမြဲတမ်းကြင်နာတတ်ပါတယ်။ ပြီးတော့ အရာရှိတို့ မြင်တဲ့အတိုင်းပဲ.... " လင်ပေ့ဖန်က ယဲ့ရှင်းချန်ရဲ့ ပုခုံးကိုပုတ်ပြီး ပြောခဲ့သည်။
" ကျွန်တော့်အစ်ကိုက ဆေးရုံကနေဆင်းလာတာ ရက်ပိုင်းပဲရှိသေးတယ်။ နောက်ပြီး သူ့ရဲ့ကျန်းမာရေးက သိပ်မကောင်းတဲ့အပြင်ကို အားလည်းမရှိလို့ ဝီးချဲလ်နဲ့ပဲ သုံးနေရတဲ့သူက ဘာလုပ်နိုင်မှာမို့လို့လဲ....။"
" မစ္စတာလင် စိတ်မလှုပ်ရှားပါနဲ့ဦး။ ကျွန်တော်တို့ သူ့ကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ပါဝင်ကူညီပေးဖို့ပဲ မေးကြည့်နေတာပါ။ " စုံစမ်းရေးမှူးတစ်ယောက်က ပြောခဲ့သည်။
လင်ပေ့ဖန်သည် ခေါင်းလှည့်ပြီး မေးမြန်းခဲ့သည်။
" ဒါနဲ့ အစ်ကိုရဲ့ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက လူတွေနဲ့ မင်း ဘယ်လိုလုပ် အဆက်အသွယ်ရတာလဲ.. "
" ဒါက ဒီလိုပါ မစ္စတာလင် ၊ သူတို့ကုမ္ပဏီက ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံရေးစွမ်းရည်ကို သိသွားပြီးတဲ့နောက်မှာ သူတို့က ကျွန်တော့်နဲ့ ဆက်သွယ်ဖို့ လူနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ နောက်ပြီး သူတို့က ကျွန်တော့့်ကို သူတို့ရဲ့ကုမ္ပဏီဘက်ကို ပြောင်းပြီး အလုပ်လုပ်စေချင်ပါတယ်။ သူတို့က ကျွန်တော့်ကို အကျိုးအမြတ်ကြီးကြီးမားမားတွေ ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို သဘောမတူခဲ့ဘူး...။ "
ယဲ့ရှင်းချန်က သစ္စာရှိသောအမူအရာဖြင့် ပြောခဲ့သည်။
" ဘာလို့လဲဆိုတော့ မစ္စတာလင်ကြောင့်ပါပဲ ။ မစ္စတာလင်က ကျွန်တော့်ကို အရာအားလုံးပေးပြီးတော့ ညီအစ်ကိုရင်းတစ်ယောက်လို ယုံယုံကြည်ကြည်နဲ့ဆက်ဆံခဲ့လို့ပါ။ ဒါကြောင့် မစ္စတာလင် နဲ့ လင်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီကို ကျွန်တော် ဘယ်တော့မှ ထားသွားမှာမဟုတ်ပါဘူး။ နောက်တော့ ကျနော်တို့ကော်ဖီသောက်ပြီးတော့ အချင်းချင်းလမ်းခွဲခဲ့ကြပါတယ်။ "
" ဒါဆို အဲ့လိုဖြစ်ခဲ့တာပေါ့... " လင်ပေ့ဖန်သည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
" အစ်ကိုယဲ့ ၊မင်းက ငါ့အပေါ် သစ္စာအရှိဆုံးဆိုတာ ငါသိနေတယ်။ ဒါကြောင့် ဒီကိစ္စကို မင်းအတွက် ကျွန်တော်ဆုံးဖြတ်ပေးမယ်..။ အလှလေး ငါ့ရဲ့ ရှေ့နေကို ခေါ်လိုက်။ ငါ အစ်ကိုယဲ့ နဲ့ ရဲစခန်းကို သွားလိုက်မယ်။ "
" ဟုတ်ကဲ့ ဥက္ကဌလင် " လျှိုယုမေ့က ခေါင်းညိတ်ခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည် သူ့ရဲ့ ရှေ့နေ့ကို ခေါ်ပြီး ယဲ့ရှင်းချန်နဲ့အတူ ရဲစခန်းကို သွားခဲ့သည်။
လင်ပေ့ဖန် တစ်လျှောက်လုံး လိုက်ကူညီပေးတဲ့အတွက်ကြောင့် ယဲ့ရှင်းချန်သည် လုံခြုံစိတ်ချမှု အပြည့်အဝခံစားခဲ့ရသည်။
ရန်သူတစ်ယောက်အနေဖြင့် လင်ပေ့ဖန်သည် အလွန်ကြောက်စရာကောင်းပေမဲ့လည်း သူငယ်ချင်းတစ်ယောက်အနေဖြင့် သူသည် အလွန် ယုံကြည်စိတ်ချရသည်။ ဘာလို့လဲဆိုတော့ သူမလုပ်နိုင်တာ ဘာမှ မရှိတာကြောင့်ဖြစ်သည်။
ထို့ပြင် လင်ပေ့ဖန်ရဲ့ နည်းလမ်းတွေက အံ့မခန်းပဲဖြစ်သည်။
ဘယ်လို ပြိုင်ဘက်မျိုးကို မဆို ဒီကောင်က အနိုင်ယူနိုင်တယ်....
နဂါးဘုရင်ကျိုရှင်း မင်း ဒီကို လာနိုင်ရင် လာလေ...
လင်ပေ့ဖန် ဒေါသထွက်ပြီးဆိုရင် သူ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းပြီးတော့ ရက်စက်တယ် ဆိုတာကို မင်းသိသွားလိမ့်မယ်.....
ငါက နောက်မှာနေပြီး မင်းတို့ကို ဂုံးတိုက်ပေးပြီးတော့ အကျိုးအမြတ်ကို ခံစားနိုင်တယ်.....
ဟားဟား......
တစ်ခြားတစ်ဖက်တွင် နဂါးဘုရင်ကျိုရှင်းသည်လည်း ထိုသတင်းကို သိပြီး အလွန်အံ့အားသင့်သွားခဲ့သည်။
" ဘာ... လင်ပေ့ဖန်က ဒီကိစ္စမှာ ကြားဝင်ဖျန်ဖြေခဲ့တာလား ....။ "
" ဟုတ်ပါတယ် နဂါးဘုရင် ၊ လင်ပေ့ဖန်က ယဲ့ရှင်းချန်ကို အရမ်းပဲ ကာကွယ်ပေးပါတယ်။ " အနက်ရောင်ဝတ်လူက ပြန်ဖြေခဲ့သည်။
" ဒီမအေမွေးယဲ့ရှင်းချန်က တကယ့်ကို လင်ပေ့ဖန်ရဲ့နောက်လိုက်ခွေးပဲ...။ "
နဂါးဘုရင်ရဲ့ ရင်ထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရန်နိုင်ငံက သူ့ရဲ့နယ်မြေဖြစ်တာကြောင့် သူ့ရဲ့ အာဏာကို အသုံးပြုပြီး ယဲ့ရှင်းချန်ကို သတ်ပစ်နိုင်ပေမဲ့လည်း လင်ပေ့ဖန်နဲ့သာ တွေ့ဆုံခဲ့ရင်တော့ ထိုအရာက မသေချာတော့ပေ။
ထိုကောင်က အရင်းအနှီးများစွာရှိပြီး လင်အုပ်စုကလည်း သူ့နောက်ကနေ ထောက်ပံ့ပေးနေတာကြောင့် လှည့်ကွက်အများကြီးက သူ့အပေါ် အသုံးမဝင်ပေ။ ထို့အပြင် လင်ပေ့ဖန်သည် အလွန်ထက်မြက်ပြီး သူ့မှာ လှည့်ကွက်တွေလည်း အများကြီးရှိသည်။ နောက်ပြီး သူ့ရဲ့ အရည်အချင်းတွေကလည်း အလွန်ကောင်းတာကြောင့် သူ့နဲ့ ရင်ဆိုင်ရတာက အရမ်းပဲ ခက်ခဲသည်။ ထို့ကြောင့် အခုချိန်တွင် သူသည် လင်ပေ့ဖန်နဲ့ မတွေ့ဆုံချင်သေးပေ။
မင်းသာ လင်ပေ့ဖန်ရဲ့ ပစ်မှတ်ထားခြင်းကို ခံရရင် အရှင်လတ်လတ်အရေခွံစုတ်ခံထိပြီးတော့ သေသွားလိမ့်မယ်.....
" ဒီကိစ္စကို စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲလုပ် "
" ဟုတ်ကဲ့နဂါးဘုရင် "
ထို့နောက် လင်ပေ့ဖန် နှင့် တစ်ခြားသူများသည် ရဲစခန်းထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်ဝင်သွားခဲ့သည်။
အရာအားလုံးကတော့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ဖြစ်သည်။
ထိုလုပ်ငန်းစဉ်အတွင်း စုံစမ်းစစ်ဆေးသူများ သည် သေသေချာချာစစ်ဆေးခဲ့ပေမဲ့လည်းဉာဏ်များသော ယဲ့ရှင်းချန်သည် ဘာ အရိပ်အယောင်မျှ မပြခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူတို့သည် ရိုးရှင်းတဲ့ မှတ်တမ်းတစ်ခုကိုသာ တင်နိုင်ခဲ့သည်။
ရဲ့စခန်းထဲကနေ ထွက်လာပြီးနောက် လင်ပေ့ဖန်က ပြုံးပြီး ပြောခဲ့သည်။
" ဒီကိစ္စက အစ်ကိုယဲ့နဲ့ ဘာမှ မဆိုင်ပါဘူးလို့ ငါ ပြောခဲ့တယ်မဟုတ်ဘူးလား... "
" မစ္စတာလင် ၊ကျွန်တော်တို့က စုံစမ်းစစ်ဆေးဖို့ပဲဒီကိုရောက်လာခဲ့တာပါ။ ရဲတွေကို စုံစမ်းစစ်ဆေးရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးဖို့က ကျွန်တော်တို့ရဲ့တာဝန်ပါပဲ ...။ " ယဲ့ရှင်းချန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီး သူ့စိတ်ထဲ၌ လှောင်ရယ်နေခဲ့သည်။
ကျိုရှင်း မင်းသူတို့ရဲ့ ခန္ဓာကိုယ်ကို တွေ့အောင်ရှာပြီးမှ စကားဆက်ပြောမယ်.....
ထို့သို့ဖြင့် ယဲ့ရှင်းချန်သည် နှစ်ရက်လောက် ငြိမ်းချမ်းစွာဖြင့် ဖြတ်သန်းခဲ့သည်။
နောက်ဆုံးမှာတော့ ချူရို့ရွယ်က လင်ပေ့ဖန်ကို ကိစ္စတစ်ခုဆွေးနွေးဖို့အတွက် ညစာစားဖို့ ချိန်းဆိုခဲ့သည်။
" မစ္စတာလင် ၊ ကျွန်တော်လည်း လိုက်မယ် ။ " ယဲ့ရှင်းချန်က စိုးရိမ်စွာဖြင့် ပြောခဲ့သည်။
" ဒါပေမဲ့၊ ခုနကပဲ ကျွန်တော် သူမကို ဒီအကြောင်းပြောပြလိုက်တော့ သူမက အစ်ကိုယဲ့ကို မခေါ်လာခဲ့နဲ့လို့ ပြောတယ်။ သူမပြောတာတော့ သူမ အစ်ကိုယဲ့ကို မြင်တာနဲ့ ထမင်းစားချင်စိတ်ပျောက်ပြီးတော့ ထမင်းဆက်မစားချင်တော့ဘူးတဲ့... " လင်ပေ့ဖန်က အကူအညီမဲ့စွာဖြင့် ပြောခဲ့သည်။
ယဲ့ရှင်းချန်သည် ဆို့နင့်သွားခဲ့ပြီး အသံတုန်တုန်ယင်ယင်ဖြင့် ပြောခဲ့သည်။
" သူမ..... ကျွန်တော့်ကို ဒီလောက်ထိတောင် မုန်းနေပြီလား ... "
လင်ပေ့ဖန်သည် ခေါင်းခါပြီး ပြောခဲ့သည်။
" မင်းကို မုန်းနေတာ မဟုတ်ပါဘူး.... "
ယဲ့ရှင်းချန်သည် ခေါင်းမော့ပြီး သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင် တစွန်းတစပေါ်နေခဲ့သည်။
" မုဒိမ်းကောင်တစ်ကောင်လိုမျိုး မင်းကို အတော်လေးရွံရွာစက်ဆုပ်နေတာ ... "
ရဲ့ရှင်းချန် : " .... "
လင်ပေ့ဖန်သည် မယုံသင်္ကာဖြစ်စွာဖြင့် ပြောခဲ့သည်။
" အစ်ကိုယဲ့ ၊ အခုချိန်ထိ ငါ နားမလည်နိုင်သေးဘူး။ သူမ မင်းကို အရမ်းမုန်းသွားအောင်လို့ အဲ့ဒီနေ့က မင်း ဘာလုပ်ခဲ့တာလဲ ..... "
" ကျွန်....ကျွန်တော်လည်း မသိဘူး.. " ယဲ့ရှင်းချန်က သက်ပြင်းချခဲ့သည်။
ယဲ့ရှင်းချန်သည် အခုချိန်ထိ နားမလည်နိုင်သေးပေ။ သူလုပ်ခဲ့တာက သူမကို သန်းငါးဆယ် ဆုံးရှုံးသွားအောင်ပဲ လုပ်ခဲ့တာဖြစ်သည်။ထို့ပြင် ထိုပိုက်ဆံပမာဏကလည်း သိပ်ပြီးမကြီးမားပေ။
ငါ ပြန်ပေးမယ်လို့ သူမကို ကတိပေးထားပြီးသားလေ ၊ဒါကို သူမက ဘာလို့ အရမ်းမုန်းနေတာလဲ....
" မစ္စတာလင် ၊ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ကူညီေပးရမယ်နော်။ ကျွန်တော် တခြား ဘာမှ မတောင်းဆိုပါဘူး။ ကျွန်တော် သူမကို နောက်ထပ် တစ်ကြိမ်လေး ပဲ ထပ်တွေ့ချင်တာပါ။ " ယဲ့ရှင်းချန်က တောင်းဆိုခဲ့သည်။
ယဲ့ရှင်းချန်၏ ဟန်ပန်အမူအရာကို မြင်ပြီး လင်ပေ့ဖန်က ခေါင်းညိတ်ခဲ့သည်။
" ကောင်းပြီ အစ်ကိုယဲ့ ၊ငါမင်းကို ကူညီပေးမယ်။ "
" ကျေးဇူးအများကြီးတင်ပါတယ် ဥက္ကဌလင် " ယဲ့ရှင်းချန်သည် တက်ကြွသွားခဲ့သည်။
" ဒါပေမဲ့ အဲ့ဒီနေရာကို ငါတို့ ပေါ်တင်သွားလို့မရနိုင်ဘူး။ မင်း တစ်ယောက်ယောက်နဲ့ အဲ့ဒီနေရာမှာ ထမင်းအတူတူစားဖို့ စောင့်နေတဲ့ ပုံ ဟန်ဆောင်ပြီးတော့ ငါတို့နဲ့ မတော်တဆ တွေ့တဲ့ပုံမျိုး လုပ်ရမယ်။ ဒါမှ ကျွန်တော် မင်းကို ကျွန်တော်တို့နဲ့အတူတူစားဖို့ ဖိတ်ခေါ်လို့ ရမှာပေါ့ ၊ဟုတ်တယ် မလား... "
ယဲ့ရှင်းချန်က ထပ်ခါထပ်ခါခေါင်းညိတ်ခဲ့သည်။
လင်ပေ့ဖန်က ထပ်ပြောခဲ့သည်။
" အန်တီလီကို ခေါ်လာဖို့ သတိရဦးနော် .. "
ယဲ့ရှင်းချန်သည် အန်တီလီ၏ မျက်နှာကြီးကို တွေးမိပြီး ကိုးရိုးကားရားဖြစ်သလို ခံစားခဲ့ရသည်။
" ဘာလို့ အန်တီလီကို ခေါ်ရမှာလဲ...။ ယောင်္ကျားလေးရော ခေါ်လာလို့မရဘူးလား... "
" မင်းက တော်တော်တုံးတာပဲ " လင်ပေ့ဖန်က ဒေါသတကြီး ပြောခဲ့သည်။
" အဲ့ဒီဆိုင်က ရိုမန်တစ်ဆန်တဲ့ အပြင်အဆင်နဲ့ စုံတွဲတွေ အတူတူစားတဲ့ စားသောက်ဆိုင်ပဲ။ အဲ့ဒီမှာ ယောင်္ကျားတစ်ဦးကို ညစာစားဖို့ ဖိတ်ခေါ်သင့်တယ်လို့ မင်းထင်နေတာလား...။ "
ယဲ့ရှင်းချန်သည် ခေါင်းမြန်မြန်ခါပြီး ပြောခဲ့သည်။
" မထင်ပါဘူး။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်တော့ ခေါ်လို့ရတယ်မလား။ "
" မိန်းကလေးလား ၊ ဥက္ကဌချူ မင်းကို အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး မင်းက ဥက္ကဌချူကို လိုက်နေတာ။ ဒါပေမဲ့ သူမက မင်းကို အရမ်းမုန်းနေတာလေ။ အကယ်၍ မင်းမှာ ကောင်မလေးရှိနေတာသာ သူမသိသွားရင် မင်းကို ပိုပြီးတော့တောင် မုန်းသွားလိမ့်မယ်.. "
" ဟုတ်သားပဲ " ယဲ့ရှင်းချန်က လေးလေးနက်နက် ခေါင်းညိတ်ခဲ့သည်။
လင်ပေ့ဖန်သည်လည်း ခေါင်းညိတ်ခဲ့သည်။
" ဒါကြောင့်မိုလို့ အန်တီလီကို ခေါ်တာ ပိုအဆင်ပြေလိမ့်မယ်။ "
" ဟုတ်တယ် " ယဲ့ရှင်းချန်သည် ခေါင်းညိတ်ခဲ့သည်။
ဒါပေမဲ့လည်း သူ့ရင်ထဲမှာေတာ့ ဘာလို့မှန်းမသိ တစ်ခုခုမှားနေသလို အမြဲတမ်း ခံစားနေခဲ့ရသည်။