အခန်း (၁၆၀)
Vol. 11 Ch. 160
ထို့နောက် အစာစားချိန်တွင် ချူရို့ရွယ်သည် ဓားနဲ့ခက်ရင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး အသားကို ဖြေးဖြေးချင်းဝါး၍ ဝိုင်နီတစ်ခွက်ကို မကြာမကြာ အရသာခံသောက်ရင်း ကျက်သရေရှိစွာ စားသောက်နေခဲ့သည်။
ယဲ့ရှင်းချန်အလှည့်ရောက်ချိန်တွင် နောက်တစ်ကြိမ် ကွဲပြားခြားနားသွားခဲ့သည်။
အန်တီလီသည် ခေါင်းကို ငုံ့ပြီး အငမ်းမရစားသောက်နေခဲ့သည်။
" ဟုတ်တယ် ၊ဒါက အရသာရှိတယ်။ ဒီတစ်ခုလည်း အရသာရှိတယ်။ ဒီတစ်ခုလည်း အတူတူပဲ အရသာရှိတယ်။ ဒီဟင်းတွေက တကယ့်ကို အရသာရှိတယ် ။ အရမ်း အရသာရှိလွန်းလို့ ငါ ရပ်တောင်မရပ်ချင်တော့ဘူး...။ "
တခါတရံတွင် အန်တီလီသည် သူမ စားတာများသွားပြီး နင်သွားသောအခါတွင် ဝိုင်နီခွက်ကို ကောက်ယူပြီး ဝံ့ကြွားစွာဖြင့် သောက်ခဲ့သည်။
ရဲ့ရှင်းချန်သည် တခြားသူများ၏ ထူးဆန်းသောအကြည့်များကို သည်းခံရင်း မည်းမှောင်နေသောမျက်နှာတစ်ခုဖြင့် ပြောခဲ့သည်။
" ဖြည်းဖြည်းစား ၊ အန်တီစီက ဘယ်သူ့မှ မလုစားဘူး... "
အန်တီလီက မှားယွင်းစွာ စွပ်စွဲခံရတဲ့ ပုံစံမျိုးနဲ့ ပြောခဲ့သည်။
" ဒါပေမဲ့ ဒါက တကယ်ကို အရသာရှိတာ... "
" အရသာရှိရင်တောင် မြန်မြန်စားစရာမလိုဘူးလေ "
" ဒို့သိပြီ "
ထို့နောက် အန်တီလီသည် ခုနလေးတင်မှ လာပို့တဲ့ ကိတ်မုန့်ကို မြင်ပြီး သူမမျက်လုံးများက လက်သွားခဲ့သည်။
" ဒီကိတ်မုန့်က ကောင်းတယ်။ ရော့ ဒို့ မင်းကို တစ်ဝက်ပေးမယ်။ " ကိတ်မုန့်တစ်ဝက်ကို ယဲ့ရှင်းချန်ရဲ့ ပန်းကန်ထဲသို့ တိုက်ရိုက် ပစ်ထည့်ခဲ့သည်။
ယဲ့ရှင်းချန် : " ... "
ထမင်းစားနေရင်း တစ်ဝက်လောက်ရောက်တဲ့အချိန်တွင် အန်တီလီသည် အော်ပြောခဲ့သည်။
" စားပွဲထိုး ၊ ငါ ဒီဇွန်း နဲ့ ခက်ရင်းကို မသုံးတတ်ဘူး။ ငါ့ကို တူတစ်စုံလောက် ယူလာပေးလို့ရမလား...။ "
" ရပါတယ် ။ မစ် ဒါက မင်းရဲ့ တူပါ။ ကျေးဇူးပြုပြီးတော့ ဖြည်းဖြည်းသုံးဆောင်ပါ။ " စားပွဲထိုးက ချက်ချင်းပဲ တူတစ်စုံလာပေးခဲ့သည်။
" ကျေးဇူးတင်ပါတယ် " အန်တီလီသည် ပျော်ရွှင်စွာဖြင့် တူကို ယူပြီး ပြောလိုက်သည်။
" ဒီတူတွေက ကောင်းတယ်။ ငါ့ကို နောက်ထပ် အစုံနည်းနည်းလောက် ယူလာပေးလို့ရမလား... "
စားပွဲထိုးက ဝေခွဲမရ ဖြစ်သွားခဲ့သည်။
" မစ် ၊ ဒီမှာ တစ်ခြားဧည့်သည်တွေများ ရှိသေးလို့လား... "
အန်တီလီသည် ခေါင်းခါပြီး ပြောခဲ့သည်။
" မရှိဘူး ၊ ငါ တူတွေကို အိမ်ပြန်ယူသွားချင်လို့။ "
ယဲ့ရှင်းချန် : " ... "
ထို့နောက် အန်တီလီသည် ဖုတ်ဝင်နေသလိုမျိုး ဆက်လက်ပြီး စားနေတာကြောင့် ယဲ့ရှင်းချန်သည် ဒေါသအလွန်ထွက်ပြီး ထမင်းမစားနိုင်တော့ပေ။
နောက်ဆုံးမှာတော့ သူသည် ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းချခဲ့သည်။
" ဘယ်လိုဝတ်ကြွေးမျိုးပါလိမ့်.. "
အဝေးမှာ ရှိသော ချူရို့ရွယ်သည် ထိုမြင်ကွင်းကို မြင်ပြီး ပြုံးစိစိဖြစ်သွားခဲ့သည်။
လင်ပေ့ဖန်သည် ဆွံ့အသွားခဲ့သည်။
" မင်းဘာကို ရယ်နေတာလဲ ... "
" ယဲ့နာမည်နဲ့ လူကို ရယ်နေတာ။ သူက ကျွန်မအနား ကပ်နိုင်ဖို့အတွက် သူ့အမေအရွယ်လောက်ရှိတဲ့ အန်တီကြီးကို အကာအကွယ်လုပ်ပြီး ခေါ်လာခဲ့တယ် လေ။ ဒါကို ကိုယ့်ဒုက္ခကိုယ် မီးထွန်းပြီး ရှာတာလို့ ခေါ်တယ်....ခစ်ခစ်။ " ချူရို့ရွယ်က သဘောကျပြီး အကျယ်ကြီး ရယ်မောနေခဲ့သည်။
လင်ပေ့ဖန်က သက်ပြင်းချခဲ့သည်။
" မင်းက အရမ်းဆိုးတာပဲ။ အစ်ကိုယဲ့က မင်းကို ဘာမှမလုပ်ပဲနဲ့ မင်းက သူ့ကို ဒီလိုမျိုး ဆက်ဆံနေတယ်... "
ချူရို့ရွယ်က နှာမှုတ်ပြီး ပြောလိုက်သည်။
" ကျွန်မသူ့ကို မကြိုက်တာကို ရှင်သိသိကြီးနဲ့ ရှင်သူ့ကို ဒီကို ခေါ်လာခဲ့တယ်။ ကျွန်မရှင့်ကို ပြောလိုက်မယ်။ နောက်တစ်ခါ ရှင် အဲ့လို ထပ်လုပ်ရင် ကျွန်မ အဆိုးမဆိုနဲ့နော်။ "
လင်ပေ့ဖန်သည် တိတ်တိတ်ကလေး ရေရွတ်ခဲ့သည်။
အစ်ကိုယဲ့ ၊ငါမင်းကို မကူညီတာ မဟုတ်ဘူးနော်။ မင်းကို ငါ မကူညီပေးနိုင်တော့တဲ့အထိကို သူမက မင်းကို မုန်းနေတာ......။
ချူရို့ရွယ်သည် သူမလက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။
" ကောင်းပြီ ၊ ကျွန်မတို့ ဒီမကောင်းတဲ့အကြောင်းတွေ မပြောတော့ဘူး။ ဘဏ္ဍာရေးအကြောင်း ပြောကြရအောင်။ "
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့သည်။
" မင်းပဲ ပြောတော့ မကောင်းတဲ့ အကြောင်းတွေ မပြောတော့ဘူးဆို ၊ ခု ဘာလို့ ပြောနေတာလဲ။ "
" ရှင် လူယုတ်မာ " ချူရို့ရွယ်သည် သူမရဲ့ လက်သီးဆုပ်လေးများဖြင့် လင်ပေ့ဖန်ကို ထိုးခဲ့ပေမဲ့လည်း လင်ပေ့ဖန်ရဲ့ ဖမ်းဆုပ်ခြင်းကို ခံခဲ့ရသည်။
အဝေးတွင် ရှိနေသော ယဲ့ရှင်းချန်သည် ထိုပရည်ပရောလုပ်နေသော မြင်ကွင်းကို ကြည့်ပြီး သူ့မျက်လုံးများက မီးပွင့်လုမတက်ဖြစ်နေခဲ့သည်။
မင်းတို့က လူမြင်ကွင်းကြီးထဲမှာ အချစ်စမ်းနေကြတယ်ပေါ့လေ...
မင်းတို့ ငါ့ရဲ့ ခံစားချက်ကိုရော ထည့်မတွက်ပေးနိုင်ဘူးလား...
ယဲ့ရှင်းချန်သည် သူ့စိတ်ထဲတွင် အလွန်စိုးရိမ်နေပြီး ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူလုံးဝ မထင်ထားခဲ့ပေ။
အကယ်၍ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ချူရို့ရွှယ်က သူ့ဆီကနေ ပိုပိုပြီး ဝေးသွားရုံတင်မကဘဲနဲ့ လင်ပေဖန်ရဲ့ ရင်ခွင်ထဲသို့ သူမ နောက်တစ်ကြိမ် ထပ်ပြီး ရောက်သွားလိမ့်မည်ဖြစ်သည်။
သူသည် ဦးထုပ်စိမ်းကို နောက်ကြိမ်ထပ်ပြီး မစောင်းချင်တော့ပေ။ထို့ပြင် သူသည် လက်စားချေဖို့အတွက် အလှလေးကို သူ့ဘက် ဆွဲထားရမည်ဖြစ်သည်။
" ငါ နည်းလမ်းတစ်ခုစဉ်းစားရမယ် " ယဲ့ရှင်းချန်သည် သူ့ဖုန်းကို ယူထုတ်ပြီး စာပို့ခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်ရဲ့ဖုန်း တုန်ခါလာခဲ့ပြီး သူဖွင့်ကြည့်လိုက်ချိန်တွင် ယဲ့ရှင်းချန်စီမှစာ ဖြစ်ကြောင်း မြင်ခဲ့ရသည်။
ယဲ့ရှင်းချန် : မစ္စတာလင် ၊ ကျွန်တော့်ကို ကိစ္စတစ်ခုလောက် ထပ်ကူညီပေးလို့ရမလား...
လင်ပေ့ဖန် : ဘာကိစ္စလဲ ....
ယဲ့ရှင်းချန် : ကျွန်တော် ချူရို့ရွယ်နဲ့ ခဏလောက် တွေ့ချင်လို့ ထမင်းစားပြီးရင် သူမကို မြစ်ကမ်းဘေးနားမှာ လမ်းလျှောက်ဖို့ ခေါ်လာခဲ့လို့ရမလား။ ကျေးဇူးပြုပြီး ကူညီပေးပါ မစ္စတာလင် ။
လင်ပေ့ဖန် : ကိစ္စမရှိဘူး ။ မင်း ငါ့ရဲ့ သတင်းကောင်းကို စောင့်နေ။
ခဏကြာပြီးနောက် ...
လင်ပေ့ဖန် : ဝေ့... အစ်ကိုယဲ့ သူမ သဘောတူလိုက်တယ်။
ယဲ့ရှင်းချန် : ကျေးဇူးတင်ပါတယ်မစ္စတာလင်။
လင်ပေ့ဖန် : ဒါပေမဲ့ သူမ တစ်ခု ပြန်တောင်းဆိုလိုက်တယ်။အဲ့ဒီနေရာကို မင်းကို မခေါ်လာခဲ့နဲ့တဲ့။
ယဲ့ရှင်းချန် : " ... "
ယဲ့ရှင်းချန်သည် လဲကျလုနီးပါးဖြစ်သွားခဲ့သည်။
အကယ်၍ သူ မသွားရင် သူက ဘာလုပ်ရမှာလဲ...။
သူက လင်ပေ့ဖန်ကို သူမနဲ့ ပိုပြီးနီးစပ်အောင်လုပ် ပေးရမှာလား...။
ယဲ့ရှင်းချန် : ဥက္ကဌလင် ၊ မင်းမှာ တစ်ခြားအကြံများရှိလား။
လင်ပေ့ဖန် : ရှိတယ်။
ယဲ့ရှင်းချန် : ဥက္ကဌလင် မြန်မြန်ပြောပြပါဦး။
လင်ပေ့ဖန် : ငါမင်းကို ခေါ်သွားလို့မရပေမဲ့ အဲ့ကို မင်းဘာသာမင်းသွားလို့မရဘူးလား..။ အစ်ကိုယဲ့ မင်း သဘောပေါက်တယ်မလား...။
ယဲ့ရှင်းချန် : ပေါက်ပြီ မစ္စတာလင်။
လင်ပေ့ဖန် : အန်တီလီကို ခေါ်လာဖို့လည်း သတိရဦး။
ယဲ့ရှင်းချန် : ဘာလို့ သူမကို ထပ်ခေါ်ရမှာလဲ။
လင်ပေ့ဖန် : မင်း သူမကို မခေါ်ရင် ချူရို့ရွယ် ခေါင်းလှည့်ပြီး ပြန်သွားလိမ့်မယ်လို့ ငါ အာမခံတယ်။ အကယ်၍ မင်းသာ အန်တီလီကို ခေါ်လာရင် သူမကို တွေ့ဖို့ မျှော်လင့်ချက်တစ်ခုတော့ ရှိတာပေါ့။
ယဲ့ရှင်းချန် : " ... "
လင်ပေ့ဖန် : အစ်ကိုယဲ့ ၊ ငါ မင်းကို မကူညီချင်လို့ မဟုတ်ဘူး။ ဒါကကျွန်တော့်ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှု ဖြစ်နေပြီ။
ယဲ့ရှင်းချန် : ကောင်းပြီ ၊ ကျွန်တော် အကောင်းဆုံးကြိုးစားကြည့်မယ်။
ယဲ့ရှင်းချန်သည် ဖုန်းကို ချလိုက်ပြီး သူ့မျက်နှာပေါ်တွင် အားတင်းပြုံးထားသော အပြုံးတစ်ပွင့်ဖြင့် အနည်းငယ် သတ္တိမွေးပြီး ပြောခဲ့သည်။
" အစ်မလီ ၊ ဒါပြီးရင် ကျွန်တော်တို့ ကျန်းပင်မြစ်ကမ်းဘေးကို သွားမလား... ။ "
" တကယ်လား ..။ ဒို့တကယ် သွားချင်ပေမဲ့ ဒို့တွေ သွားဖို့ အဆင်မပြေလောက်ဘူးထင်တယ်။ " အန်တီလီ အံ့အားသင့်ပြီး ရှက်ရွံ့သွားခဲ့သည်။
" ဘာလို့ အဆင်မပြေတာလဲ ..။ " ယဲ့ရှင်းချန်က အံ့အားသင့်သွားခဲ့သည်။
အန်တီလီသည် ခေါင်းငုံ့ပြီး ပြောခဲ့သည်။
" ကြည့် ၊ ဒို့တွေ ထုပ်ပိုးဖို့ ပစ္စည်း အများကြီးကျန်သေးတယ်။ ဒီလောက် ပစ္စည်းအများကြီး အဲ့ဒီကို သယ်သွားဖို့က ဘယ်လိုလုပ် အဆင်ပြေမှာလဲ ....။
ယဲ့ရှင်းချန် : " ... "
" ရပါတယ် ၊ အစ်မအတွက် ကျွန်တော်သယ်ပေးမယ်။"
အန်တီလီကို ခေါ်လို့ရပြီးနောက် ယဲ့ရှင်းချန်သည် ခဏကြာစဉ်းစားပြီး မလုံလောက်သေးသလို ခံစားခဲ့ရသည်။
" ရို့ရွယ် ငါ့အပေါ် ထားတဲ့ သဘောထားကို ပြောင်းအောင်လုပ်ဖို့ ငါ မတော်တဆမှု တစ်ခု ဖန်တီးရမယ်။"
ထို့နောက်သူသည် နောက်တစ်ကြိမ် ဖုန်းကို ကောက်ကိုင်ခဲ့သည်။
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်သည် ဖုန်းကို ချလိုက်သည်။
ဝိုင်နီကို အရသာခံသောက်နေရင်း ချူရို့ရွယ်သည် အေးအေးဆေးဆေးပြောလိုက်သည်။
" ယဲ့နာမည်နဲ့ လူနဲ့ ရှင် စကားပြောလို့ပြီးပြီလား... "
လင်ပေ့ဖန် : " ... "
" ကျွန်မကို လှည့်စားဖို့ မကြိုးစားနဲ့။ "
ချူရို့ရွယ်က သူမ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လင်ပေ့ဖန်ကို ပြောလိုက်သည်။
" ရှင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာက အစ ကျွန်မသိတယ်။ ရှင် လှည့်စားချင်ရင် သူများကို သွားလှည့်စား ကျွန်မကို လှည့်စားလို့ရမယ်မထင်နဲ့။ "
လင်ပေ့ဖန်သည် အေးအေးလူလူပြန်ပြောခဲ့သည်။
" မိန်းမတွေက တစ်ခါတလေကျရင် အရမ်းထက်မြက်လွန်းတာလည်း မကောင်းဘူး။ "
" ကျွန်မက အဲ့ဒီလို လူမျိုးပဲလေ။ " ချူရို့ရွယ်က ဝံ့ကြွားစွာဖြင့် ခေါင်းမော့လိုက်ပြီး ဘုရင်မတစ်ယောက်လိုပုံစံဖြင့် ပြောခဲ့သည်။
" ရှင့်ကို ကြိုပြောထားမယ်နော်။ အကယ်၍ သူလာရင် ကျွန်မ အဲ့ကို မသွားဘူး။ ကျွန်မကို ဘယ်သူ့မှ လာပြောလို့မရဘူး။ "
လင်ပေ့ဖန်သည် ဝိုင်နီကို သောက်ပြီး ပြောလိုက်သည်။
" ငါ အန်တီလီကိုလည်း ခေါ်ထားတယ်။ ငါတို့ တူတူသွားလို့ရတယ်မလား။ "
ချူရို့ရွယ်သည် ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
" ဒါဆိုရင်တော့ စဉ်းစားပေးနိုင်တယ်။ "
လင်ပေ့ဖန် : " ... "
အရာအားလုံးပြီးဆုံးသွားခဲ့သည် ။ ညစာစားပြီးနောက် သူတို့လေးယောက်သည် မြစ်ကမ်းဘေးတွင် အတူတူလမ်းလျှောက်ပြီး ညရှူခင်းကို ပျော်ရွှင်စွာ ခံစားခဲ့ကြသည်။
လင်ပေ့ဖန် နှင့် ချူရို့ရွယ်သည် လိုက်ဖက်တဲ့ စုံတွဲတစ်တွဲလိုမျိုး အရှေ့ကနေ လျှောက်သွားပြီး ယဲ့ရှင်းချန်နှင့်အန်တီလီတို့က နောက်ကနေ လျှောက်လာခဲ့သည်။
သူတို့ ဖြေးဖြေးလျှောက်ရတဲ့ အကြောင်းရင်းကတော့ ပထမအချက်အနေနဲ့ အန်တီလီသည် အစာအများကြီးစားထားပြီး လမ်းမြန်မြန် မလျှောက်နိုင်တာကြောင့်ဖြစ်သည်။ ဒုတိယ အကြောင်းပြချက်ကေတာ့ ယဲ့ရှင်းချန်သည် ဝီးချဲလ်နဲ့ ဖြစ်တာကြောင့် ဖြစ်ပြီး တတိယအကြောင်းပြချက်ကတော့ သူ့ရဲ့ ဝီးချဲလ်တစ်စီးလုံးတွင် ထုပ်ပိုးထားတဲ့ ပစ္စည်းများနှင့် စွပ်ပြုပ်ထုပ်များဖြင့် ပြည့်နေ၍ သူမြန်မြန်သွားလို့မရတာကြောင့်ဖြစ်သည်။
သူတို့လေးယောက်က ညရှူခင်းကြည့်ရင်း လမ်းလျှောက်နေခဲ့ကြသည်။
ယဲ့ရှင်းချန်သည် အနည်းငယ်စိုးရိမ်နေသောအမူအရာဖြင့် မနေနိုင်ပဲနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့သည်။
" ဘာလို့ သူတို့တွေ မလာသေးတာလဲ .... “