အထွတ်အထိပ် ဒေါသ
Vol. 9 Ch. 105
ကြီးမားသော ဟိန်းသံကြီးကြောင့် လော့စံအိမ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
ပင်မခန်းမအတွင်းတွင် လော့ထျန်သည် ခန်းမအဝင်ဝသို့ လျှောက်သွားပြီး မျက်လုံးကျဉ်းသွား၏။ ထို့နောက် သူက “အမိန့်ကိုနာခံကြ လော့မျိုးနွယ်စုဝင် အားလုံးသည် ထွက်ပြေးဖို့ ကြိုးစားကြရမယ်။ ဒီထဲကလူတွေလည်း ငါ အပြင်ထွက်ပြီး သူတို့ကို တတ်နိုင်သမျှ ကြာအောင် အချိန်ဆွဲထားတုန်း ထွက်ပြေးဖို့ နည်းလမ်းရှာကြ”
“အမြန်သွားကြ”
သူတို့ကို အမိန့်ပေးပြီးနောက် လော့ထျန်က “လေအရိပ်ခြေလှမ်း” အော်ဟစ်လိုက်သည်။
လေနှင့် ရောနှောနေသော အရိပ်တစ်ခုကဲ့သို့ သူ၏ အရှိန်အဟုန်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားကာ လော့မျိုးနွယ်စု၏ ပင်မတံခါးဝသို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။
“အကိုကြီး”
ဖုန်းလေသည် တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်ပါသွား၏။
ဆုန်ရန့်နန်သည် ဖွဖွလေး ပြုံးလိုက်ပြီး “ငါ့အသက်ကို လော့မျိုးနွယ်စုက ကယ်ပေးခဲ့တာ။ အခုလိုအချိန်မျိုးမှာသာ ငါ ထွက်ပြေးခဲ့ရင် လူတစ်ယောက်လို့တောင် သတ်မှတ်နိုင်ပါဦးမလား” ပြောဆိုလိုက်သည်။
ဆုန်ရန့်ခွန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “သေရင်ကော ဘာဖြစ်လို့လဲ မသေဖူးတဲ့သူမှ မဟုတ်တာ ငါတို့ ဆုန်မျိုးနွယ်စု ပျက်သုဉ်းခဲ့တဲ့နေ့ကတည်းက ငါက သေပြီးသားလူပဲ။ ဒီနေထိုင်ခဲ့ရတဲ့ လဝက်တောင် အပိုဖြစ်နေပြီ ဒီနေ့တော့ ငါ ကပျော်
စရာကောင်းတဲ့ သွေးချင်းတိုက်ပွဲကို ခံစားလိုက်ဦးမည်။ ဟားဟားဟား…”
ထိုအချိန်တွင်…
ပင်မခန်းမရှိ လူအားလုံးသည် လော့ထျန်၏ ခြေလှမ်းအတိုင်း လော့မျိုးနွယ်စု၏ ပင်မတံခါးဝသို့ အပြေးအလွှား လိုက်ပါသွားကြ၏။
သူတို့တင် မဟုတ်ပေ။
ပြင်ပဂိုဏ်းသားများ၊ အတွင်းဂိုဏ်းသားများ၊အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လော့မျိုးနွယ်စုတစ်ခုလုံး လိုက်ပါလာကြသည်။
ဤသည်ကား သူတို့၏ အိမ်၊ သူတို့၏ လော့မျိုးနွယ်စု ဖြစ်သည်။
ရန်သူသည် မည်မျှ အားကောင်းပြီး စစ်အင်အား မည်မျှ ကြီးမားစေကာမူ သူတို့သည် ဒူးထောက်အညံ့ခံမည်မဟုတ်ပေ။ ဤနေရာသည် သူတို့၏ အိမ်
ဖြစ်သောကြောင့် ထွက်ပြေးမည်မဟုတ်ပေ။
ဤသည်ကား မျိုးနွယ်စု၏ စည်းလုံးမှုအင်အား ဖြစ်ချေသည်
လူတိုင်းသည် လွန်ခဲ့သော တစ်လတာကာလအတွင်း လော့ထျန်၏ လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရှိခဲ့ကြ၏။ သူတို့သည် လော့ထျန်အပေါ် စိတ်ရင်းမှန်ဖြင့် ယုံကြည်ပြီး လော့မျိုးနွယ်စု၏ ဂိုဏ်းချုပ်အဖြစ် ရိုးသားစွာ သဘောထားခဲ့ကြသည်။
ယခု လော့မျိုးနွယ်စုသည် အကျပ်အတည်းနှင့် ကြုံတွေ့နေရပြီး လော့ထျန်က အားလုံးကို တစ်ယောက်တည်း ထမ်းပိုးချင်နေသည့်အတွက် သူတို့ မည်သို့ သဘောတူနိုင်မည်နည်း။
လော့ထျန်သည် သူတို့၏ ကျောရိုးဖြစ်သည့်အတွက် သူတစ်ယောက်တည်း တာဝန်ယူဖို့ လုံးဝ ခွင့်ပြုမည်မဟုတ်ချေ။ သေရမည်ဆိုလျှင် သူတို့ အတူတကွ သေကြမည်သာ ဖြစ်၏
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများပင်လျှင် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်၍ နေရာအနှံ့မှ ရောက်လာကြ၏။ အချို့က ပေါက်တူးများ၊ အချို့က သစ်သားတုတ်များ၊ အချို့က အပေါ့အလေးစွန့်သည့်နေရာမှ သေးခံဖို့ အသုံးပြုသော ဇွန်းတန်ကိုပင် ယူလာကြ၏။ သူတို့သည် ပင်မတံခါးဝဆီသို့ စုပြုံလာကြသည်။
သူတို့၏ အရှိန်အဟုန်သည် ကောင်းကင်ကို တုန်လှုပ်စေ၏
လော့ထျန်သည် သူ၏ မျိုးနွယ်စုများကို လှည့်ကြည့်ကာ ခန္ဓာကိုယ် တောင့်တင်းသွား၏။ ထို့နောက် သူက နာကျင်မှုဖြင့် “မင်းတို့အားလုံး ဘာလို့ ငါ့နောက်ကို လိုက်လာကြတာလဲ”
“ဂိုဏ်းချုပ်၊ လော့မျိုးနွယ်စု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာမို့ ကျွန်တော်တို့ အတူတူ ရင်ဆိုင်ရမှာပါ”
“အကိုကြီး၊ သူတို့က မိုးတိမ် ဂိုဏ်း သက်သက်ပဲ မဟုတ်လား။ သူတို့က ဘာမို့လို့လဲ ကျူးချန်ဖုန်းလို လူသတ်သမားကို မွေးမြူပေးတဲ့ဂိုဏ်းက ကောင်းတဲ့ဂိုဏ်း မဖြစ်နိုင်ပါဘူး”
“သူတို့နဲ့ တိုက်ပွဲဆင်နွှဲကြရအောင်”
လော့ထျန်သည် သူတို့ကြောင့် စိတ်လှုပ်ရှားသွားသော်လည်း လော့မျိုးနွယ်စု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ထား၏။ မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားရန် အခွင့်အရေး အလွန်များသည်။
လော့မျိုးနွယ်စု၏ ပင်မတံခါးဝသည် ပြိုကျပျက်စီးနေပြီး နံရံနှစ်ဖက်စလုံးသည် ပြဲထွက်သွားပြီ။ အပြင်ဘက်တွင် မိုးတိမ် ဂိုဏ်းမှ ဂိုဏ်းသားများအားလုံးသည် သူတို့သည် အခြားသူများထက် သာလွန်သည်ဟု ထင်မှတ်ကာ ခက်ထန်သော အမူအရာများဖြင့် ရပ်နေကြသည်။
လော့မျိုးနွယ်စုတစ်ခုလုံး ထွက်လာသည်ကို မြင်သောအခါ မိုးတိမ် ဂိုဏ်းသားများသည် ခေတ္တမျှ အံ့အားသင့်သွားကြပြီးနောက် မထီမဲ့မြင်ပြုကာ ခပ်ချေချေပြုံးလိုက်၏။
“အကိုကြီး၊ ဟိုမှာ ဓါးမကို ကိုင်ထားတဲ့ တစ်ယောက်ကို မြင်လား ဟားဟားဟား…”
“ဟိုဘက်ကို ကြည့်ပါဦး ခြေထောက် မသန်မစွမ်းဖြစ်နေတဲ့ တစ်ယောက် ရှိတယ်”
“ဟာကွာ၊ သူတို့အားလုံးက ရူးနေကြတာပဲ ဒီနေရာက အမှိုက်တွေ လာစုတဲ့နေရာ ဖြစ်နေတာလား”
“အရမ်း ရယ်စရာကောင်းတယ်၊ ဟားဟားဟား…”
လှောင်ပြောင်သရော်သည့် အသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာချေသည်။
ဤလူများသည် Jade Mountain မြို့ရှိ လူတိုင်းကို းလှောင်ပြောင်နေခြင်းဖြစ်၏။ မိုးတိမ် ဂိုဏ်းသားအချို့သည် ဤကဲ့သို့သော မြို့ငယ်လေးများမှ လာခဲ့ကြသော်လည်း ဂိုဏ်းအတွင်း နေထိုင်ခြင်းကြောင့် သူတို့၏ နှလုံးသားများ လုံးဝ ပြောင်းလဲသွားခဲ့ချေသည်။
ဤသဘောထားမျိုးသည် မြို့နေလူတန်းစားများက ကျေးလက်ဒေသမှ လာသူများကို လှောင်ပြောင်သည့် သဘောထားမျိုးနှင့် ဆင်တူ၏။
သူတို့ ခံစားရသော မထီမဲ့မြင်ပြုခြင်းသည် သူတို့၏ နှလုံးသားမှ လာခြင်းဖြစ်၏
ကျူးမေသည် လော့ထျန် ထွက်လာသည်ကို သတိထားမိပြီး ချက်ချင်းပင် “ခေါင်းဆောင် ချန်၊ သူက လော့ထျန်၊ အစ်ကိုကြီး ချန်ဝူနဲ့ ချန်ကျုံးတို့ကို သတ်ခဲ့တဲ့ လူသတ်သမားပါ”
ချန်ထျန်းယောင်၏ မျက်လုံးများ ကျဉ်းသွားပြီး မေးရိုးများ စေ့လိုက်သည့်အတွက် အက်ကွဲသံများ ထွက်ပေါ်လာ၏။ ထို့နောက် သူက ခြေဖြင့် ဆောင့်နင်းကာ ရှေ့သို့ တက်လှမ်းလိုက်သည်။
“အွမ်မ်မ်…”
သူ၏ ခြေထောက်အောက်တွင် မျက်စိဖြင့် မြင်နိုင်သော အဖြူရောင် စွမ်းအင်အစုအဝေးတစ်ခု ရှိ၏။ အစွမ်းထက်သော အဖြူရောင် စွမ်းအင်သည် လှိုင်းထန်လာပြီး အသံထွက်ပေါ်စေပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားတော့သည်။
ရုတ်တရက်…
လေဟာနယ်ထဲမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏– “လော့ထျန်၊ ငါ့သား အသက်ကို ပြန်ပေး”
အသံမဆုံးမီ ချန်ထျန်းယောင်၏ အလွန်အားကောင်းသော လက်သီးချက်သည် ထိုးနှက်လာသည်။
လေထုသည် ချက်ချင်း ဖိနှိပ်ခံရပြီးနောက် ပေါက်ကွဲအားတစ်ခု လှုပ်ခတ်လာ၏။ ဤ စွမ်းအားသည် အလွန် ပြင်းထန်လှ၏။ အဘယ်ကြောင့်ဆိုသော် အမြင့်ဆုံးသော နက်နဲ ဂုရုသခင်ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တွင် ရှိချေသည်။ လော့ထျန်သည် လုံးဝ တုံ့ပြန်နိုင်ခြင်းမရှိတော့ပေ။
သူ၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး သတိလက်လွတ်ဖြင့် သူ၏ စိတ်ကို ကာကွယ်လိုက်သည်။
“ဘန်း”
လက်သီးချက်သည် လော့ထျန်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွား၏။
သူ၏ ရင်ဘတ်နောက်ကွယ်ရှိ အတွင်းအင်္ဂါများသည် ကမ္ဘာကြီး ပျက်သုဉ်းနေသည့်အလား နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ စိတ်နှင့် အသိစိတ်ပင်လျှင် ထိုတိုက်ခိုက်မှု၏ ရိုက်ခတ်မှုကြောင့် တုန်ခါသွားရချေသည်။ လော့ထျန်သည် သေနတ်ပြောင်းဝမှ ထွက်ခွာသွားသော ကျည်ဆံနှင့် ဆင်တူစွာ အဝေးသို့ မီတာ ဒါဇင်များစွာ လွင့်စဉ်သွားပြီး နံရံတစ်ခုနှင့် တိုက်မိသွား၏။ နံရံသည် ချိုင့်ဝင်သွားပြီး အက်ကြောင်းများဖြစ်သွား၏။
အချိန်တိုအတွင်း၌…
နံရံ၏ ထိုအပိုင်းသည် ပြိုကျသွားပြီး လော့ထျန်သည် အပျက်အစီးများကြားတွင် နစ်မြုပ်သွား၏။
အရမ်းနာကျင်ရတယ်။ အလွန် နာတယ်။
ချန်ထျန်းယောင်၏ ဤလက်သီးချက်သည် လော့ထျန်အတွက် အလွန်အားကောင်းလွန်းလှ၏
ခွန်အား ကွာခြားချက် ကြီးမားခြင်းက သူ့ကို ဒေါသထွက်စေ၏။ သူ၏ အတွင်းပိုင်းမှ ဒေါသမီးတောက်များသည် ချက်ချင်း တောက်လောင်လာပြီး သူ၏ မေးရိုးကို အလွန်အမင်း စေ့ထားခြင်းမှ အက်ကွဲသံများ ထွက်ပေါ်လာချေသည်။ သူသည် အမြင့်ဆုံးသော ဒေါသသို့ ရောက်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ရေခဲကဲ့သို့ အေးစက်သော အသံတစ်သံကို ကြားလိုက်ရ၏…
“အကိုကြီး”
“ဂိုဏ်းချုပ်”
“အစ်ကိုကြီး လော့ထျန်…”
နက်နဲ ဂုရုသခင်အဆင့်၏ အမြင့်ဆုံး၌ရှိသော ချန်ထျန်းယောင်၏ ခွန်အားသည် ရိုးရှင်းစွာပင် အလွန်အားကောင်းလှ၏။ နံရံ ပြိုကျသည်အထိ ထိုနေရာတွင်ရှိသူ တစ်ဦးတစ်ယောက်မှ တုံ့ပြန်နိုင်ခြင်းပင် မရှိပေ။ ထိုအခါမှ လူအများအပြားသည် လော့ထျန်ထံသို့ အပြေးအလွှား သွားရောက်ကြသည်။
“ဟွန်း”
“မင်းကို လက်သီးတစ်ချက်တည်းနဲ့ သတ်တာက မင်းကို အလွယ်တကူ လွှတ်ပေးလိုက်တာပဲ” ချန်ထျန်းယောင်သည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသည့်အတွက် သူ၏ ခွန်အား၏ ၈၀% ကိုသာ သုံးခဲ့သည်။ ဤသည်မှာ နက်နဲ မာစတာ အဆင့် ၆ တွင်ရှိသော လော့ထျန်ကို သတ်ရန် လုံလောက်သည်ထက် ပို၏။
ချက်ချင်းပြီးနောက်…
ချန်ထျန်းယောင်၏ ဒေါသသည် လုံးဝ မလျော့ပါးသေးဘဲ သူက ဒေါသတကြီးဖြင့် “မိုးတိမ် ဂိုဏ်းသား အားလုံး နားထောင်ကြ လော့မျိုးနွယ်စုဝင် အားလုံးကို သတ်ပစ်လိုက် သူတို့အားလုံးကို သတ်ပြီး အကုန် မီးရှို့ပစ်လိုက် ငါ့သားနဲ့အတူ လော့မျိုးနွယ်စုတစ်ခုလုံးနဲ့ Jade Mountain မြို့ရှိ လူတိုင်းကို မြှုပ်နှံပစ်ချင်တယ် မြက်ပင်တစ်ပင်တောင် ပြန်မပေါက်
စေရဘူး”
သတ်ဖြတ်လိုသော အငွေ့အသက် ပြိုင်ဘက်ကင်းသော အစွမ်းထက်သည့် သတ်ဖြတ်လိုသော အငွေ့အသက်
သူ့သား သေဆုံးမှုကြောင့်ခံစားရသည့် ဝေဒနာက သူ့ကို လုံးဝ ရူးသွပ်စေခဲ့၏ သူသည် မည်သူနည်း။
သူသည် မိုးတိမ် ဂိုဏ်း၏ ခေါင်းဆောင် တစ်ဦး ဖြစ်၏
ဤသေးငယ်သော Jade Mountain မြို့ရှိ လူတိုင်းအပေါ်တွင် သူသည် အကြွင်းမဲ့ အခွင့်အာဏာ ရှိ၏။ ဤကဲ့သို့သော မြို့ငယ်လေးတစ်ခုကို ဖျက်ဆီးခြင်းသည် သူ၏ လက်တစ်ဖျောက်ခန့်သာ ဖြစ်ချေသည်။
သူ သတ်ချင်၏။ သူသည် Jade Mountain မြို့ကို လူသေများ၏မြို့ ဖြစ်စေချင်၏
ခဏတာအတွင်း မြို့တော်တစ်ခုလုံးသည် အကျပ်အတည်းသို့ ရောက်ရှိသွားချေသည်
“ခဏလေး”
ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။
အပျက်အစီးများကြားမှ လော့ထျန်သည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ပုတ်ထုတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ တစ်လှမ်းချင်းစီဖြင့် သူသည် ပြိုကျသွားသော နံရံမှ ထွက်လာ၏။ သူ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း တည်ငြိမ်သောအမူအရာကို ထိန်းထား၏။
“သူ မသေဘူးလား”
“သူ တကယ်ပဲ အသက်ရှင်ခဲ့တာလား”
“ဒီကောင်လေးက ခေါင်းဆောင် ချန်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ် ဘာတွေ ဖြစ်နေတာလဲ”
လူတိုင်း၏ အမူအရာသည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ ပုံပျက်ပြီး ရုပ်ဆိုးနေ၏။ မိုးတိမ် ဂိုဏ်း၏ မာနကြီးသော ဂိုဏ်းသားများပင်လျှင် ချန်ထျန်းယောင်၏ လက်သီးချက်ကို တိုက်ရိုက် ခုခံနိုင်မည်မဟုတ်ပေ။
ချန်ထျန်းယောင်၏ အမူအရာသည် သူတို့အားလုံးထက် ပို၍ ရုပ်ဆိုးနေ၏။ သူ၏ အတွင်းပိုင်းရှိ ဒေါသမီးတောက်များသည် ၎င်းပေါ်သို့ ဓာတ်ဆီလောင်းချလိုက်သူနှင့် ဆင်တူစွာ ပေါက်ကွဲထွက်လာ၏။ “ဒါအဓိပ္ပာယ်မရှိဘူး”
လော့ထျန်သည် ရှေ့သို့ လျှောက်သွားရင်း သတ်ဖြတ်လိုသော စိတ်များ လင်းလက်နေသော မျက်လုံးများဖြင့် “မင်းရဲ့သားကို ငါ သတ်လိုက်တာ၊ မင်းရဲ့ တူကို ငါ သတ်လိုက်တာ၊ ပြီးတော့ မင်းရဲ့ ခွေးချီး မိုးတိမ် ဂိုဏ်းက ပြင်ပဂိုဏ်းရဲ့ နံပါတ်တစ် တပည့် ကျူးချန်ဖုန်းကိုလည်း ငါ သတ်လိုက်တာပဲ။ သူတို့အားလုံး သေဖို့ ထိုက်တန်လို့ပဲ” အော်ဟစ်လိုက်သည်။
“အပြစ်မဲ့သူတွေကို သတ်ဖြတ်တဲ့အတွက် သူတို့ သေဖို့ ထိုက်တန်တဲ့ အကြောင်းပြချက်ပဲ”
“မင်းတို့ရဲ့ မိုးတိမ် ဂိုဏ်းကို ငါ ရယ်ချင်တယ်
၊ မိုင်တစ်သိန်း ပတ်လည်အတွင်းမှာ ခေါင်းဆောင်လို့ ခေါ်ခံရသူတွေ။ မင်းတို့အားလုံး ခွေးမစင်တွေပဲ လူတိုင်းက မင်းတို့အောက်မှာ ရှိတယ်ဆိုတဲ့ အမူအရာနဲ့ လျှောက်သွားရတာ အရမ်းကောင်းနေတယ်လို့ ထင်နေကြတာလား ဟားဟားဟား… ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ”
အထွတ်အထိပ် ဒေါသ ဖြစ်၏။
မိုးတိမ် ဂိုဏ်းမှ လူတိုင်းသည် ဒေါသ အလွန်ထွက်နေကြ၏။ သူတို့အားလုံးသည် လော့ထျန်ကို ထူထပ်သော သတ်ဖြတ်လိုစိတ်များ၏ တုန်ခါမှုဖြင့် အေးစက်စွာ စိုက်ကြည့်နေကြသည်။
လော့ထျန် ဘာလုပ်ဖို့ စီစဉ်နေသနည်း။
မည်သူမျှ မသိပေ။ ထောင့်တစ်နေရာမှ မထင်ရှားသော လူတစ်ဦးမှလွဲ၍ ဖြစ်၏။ အေးစက်သော အမူအရာဖြင့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ထိုပုဂ္ဂိုလ်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ခေတ္တမျှ လင်းလက်သွားသည်။
ဤသို့ အသက်နှင့်ရင်း၍ ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေမျိုးတွင် လော့ထျန် နောက်ထပ် မည်သည့်အရာများ ဆက်လက်လုပ်ဆောင်သွားမည်ကို သိလိုပါသလား။