အကာသဖောက်ထွင်း နဂါးသိုင်း
Vol. 9 Ch. 110
ထိုစကားသည် လော့ထျန် ၏ စိတ်ထဲ၌ သမုဒ္ဒရာအလယ်တွင် ကောက်ရိုးတစ်မျှင်ဆွဲမိသကဲ့သို့ ဖြစ်သွားပေသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် “ဓားရိုင်း၊ ဒီညီလေး၏ အသက်ကို မင်းလက်ထဲ အပ်လိုက်ပြီ”
“ကောင်းပြီ”
“ငါပြောတဲ့အတိုင်းသာ လုပ်” ဓားရိုင်းက အော်ပြောလိုက်သည်။
လော့ထျန် သည် ချက်ချင်းပင် “ကောင်းပြီ” ပြန်ဖြေခဲ့သည်။
ဓားရိုင်း သည် ခေတ္တမျှ ငြိမ်သက်သွားပြီးမှ “ဒီဓားကွက်ကို နဂါးထိုးဖောက် လေဟာနယ် ဓားသိုင်း လို့ခေါ်တယ်။ ဒါဟာ ကောင်းကင်ကို ဖောက်ထွင်းပြီး နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသည့် အန္တရာယ်ရှိသည့် နဂါးများကို ခေါင်းဖြတ်နိုင်သည့် စွမ်းအားရှိသည်”
“ဒီဓားကွက်ဟာ ဘေးအန္တရာယ်မှန်သမျှကို တားဆီး
နိုင်ရန် အတွက်ဖြစ်တယ်။ မသေခင် ကောင်းကင်ကို ပြန်လွန်ဆန်ရန် နောက်ဆုံးထွက်သက်မှာ အရာအားလုံးကို ဖျက်ဆီးပစ်ရန် နှလုံးးသွင်းထားရမည်။”
“မင်းရဲ့ နောက်ဆုံးထွက်သက်မှာ သတ်လိုသည့် စိတ်ထား ပြင်းထန်လေလေ၊ ဒီဓားကွက်ရဲ့ စွမ်းအားဟာ ပိုပြီးတော့ အစွမ်းထက်လေ ဖြစ်လာမည်”။
“မင်းရဲ့ ကိုယ်ခန္ဓာက ပျက်စီးလုနီးပါး ဖြစ်နေတယ် ထို့ကြောင့် ဒီအခြေအနေအောက်မှာ ဓားကွက်၏ စွမ်းအားက တိုးလာမယ်။”
“သို့သော်…”
“မင်း နဂါးထိုးဖောက် လေဟာနယ် ဓားသိုင်း ကို အသက်သွင်းလိုက်တာနဲ့ မင်းခံစားနေရတဲ့ နာကျင်မှုတွေက ခဏတာ ပျောက်ကွယ်သွားလိမ့်မည်။ ဒါပေမဲ့ မင်းရဲ့ ပြိုင်ဘက်ကို သတ်နိုင်တဲ့အချိန်မှာ မင်းခံစားရမယ့် နာကျင်မှုအားလုံးက အဆပေါင်းများစွာ ပိုပြီး ပြင်းထန်စွာနဲ့ ပြန်ပေါ်လာလိမ့်မည်။ ဒီနာကျင်မှုဟာ သေတာထက် ဆိုးတယ်၊ ၎င်းက မင်းကို သေစေနိုင်တယ်၊ ဒါကြောင့် အသုံးမပြုခင် သေချာစဉ်းစားသင့်သည်” ဓားရိုင်း က အလွန်အမင်း လေးနက်သော အသံဖြင့် ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် လော့ထျန် ကို လိမ်ညာချင်စိတ် မရှိပေ။
နဂါးထိုးဖောက် လေဟာနယ် ဓားသိုင်း ဟာ အလွန်အစွမ်းထက်သော်လည်း အလွန်အမင်း အန္တရာယ်များ၏။ အသက်ရှင်ခြင်းနှင့် သေခြင်း၏ အခြေအနေသို့ မရောက်ပါက ပေါ့ဆစွာ အသုံးမပြုသင့်ပေ
သေခြင်းထက် ဆိုးရွားသော နာကျင်မှုတဲ့လား
လော့ထျန် သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် “ဓားရိုင်း၊ ငါ့မှာ တခြားရွေးချယ်စရာ ရှိသေးတယ်လို့ မင်းထင်လား”
လော့ထျန် မှာ ရွေးချယ်စရာ လုံးဝမရှိတော့ချေ။
ချန်ထျန်းယောင်း ၏ တိုက်ခိုက်မှုသည် မကြာမီ ရောက်ရှိလာတော့မည်။ ဒီတစ်ကြိမ်ကို ခုခံနိုင်သည် ဆိုဦးတော့ နောက်တစ်ကြိမ်ကော ဘာကိုသုံးပြီး ခုခံရမည်နည်း
သူသာ သေဆုံးသွားပါက လော့ မျိုးနွယ်စုဝင်အားလုံး သေကြရမည်ဖြစ်၏။ ထို့အပြင် ကျောက်စိမ်းတောင်မြို့ ၏ သာမန်အရပ်သား တစ်သိန်းကျော်၊ဝတုတ် လေ၊ မိခင်ကို ရှာဖွေပေးမည်ဟု ကတိပေးထားသည့် အန်ချွင်းချွင်းလည်း ရှိချေ၏။
ဤအကြောင်းအရာအားလုံးက လော့ထျန် ကို နောက်ထပ် ရွေးချယ်စရာ မရှိသည့် လမ်းအဆုံးသို့ တွန်းပို့ခဲ့သည်။
မိုးတိမ် ဂိုဏ်း ကို ရင်ဆိုင်ရသည့်အခါ သူသည် နောက်ဆုတ်ရန် လမ်းကြောင်းမရှိချေ။
ထိုသို့ဖြစ်လျှင်…
သူသည် သူ၏ အသက်ကိုစွန့်၍ တိုက်ခိုက်ရမည်။ရုန်းကန်ရမည်။ သတ်ဖြတ်ရမည်သာ ဖြစ်၏။ သူသည် သူ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာဖွေရမည်။
သူ၏ နောက်ဆုံးထွက်သက်တွင် လော့ထျန် ၏ သတ်လိုစိတ်သည် မည်သည့်အခါကမှ မဖြစ်ပေါ်ဖူးသေးသည့် အတိုင်းအတာသို့ ရောက်ရှိသွားခဲ့၏။ သွေးစုပ် ဓားရိုင်း ပင်လျှင် တိတ်တဆိတ်
ဝမ်းမြောက်နေချေပြီ။
ဤသို့သော ခိုင်မာပြတ်သားသည့် နှလုံးသားကြောင့် နဂါးထိုးဖောက် လေဟာနယ် ဓားသိုင်း သည် သူ၏ စွမ်းအားကို ပိုမိုပြသနိုင်တော့မည် ဖြစ်သည်။
ချက်ချင်းပင်…
ဓားရိုင်း ၏ အသံသည် လော့ထျန် ၏ စိတ်ထဲတွင် တစ်ခုခုကို ရွတ်ဆိုနေခဲ့သည်။
မြန်လည်း မမြန်၊ နှေးလည်း မနှေးချေ။
လော့ထျန် သည် ဓား၏ လက်ကိုင်ကို ဆုပ်ကိုင်ထားပြီး သူ၏ စိတ်ကို ငြိမ်သက်စေရန် အတင်းအကျပ် ကြိုးစားနေခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ ကွေးညွှတ်နေပြီး ဦးခေါင်းကို ငုံ့ထားကာ အသက်ရှူခြင်းကို ထိန်းချုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားပြီး သူသည် ရပ်လျှက် သေဆုံးနေသည့် လူတစ်ဦးနှင့် တူနေလေသည်။
“သူ ဘာလုပ်နေတာလဲ”
“ဒီ ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားက ဘာလဲ လူသေလိုပဲ”။
“ဒီတစ်ခါတော့ ဒီကောင်လေးက တကယ်ပဲ မတားဆီးနိုင်တော့လို့ လက်လျှော့လိုက်ပြီလို့ ထင်ရတယ်”
“သူ သန်မာလာရင်တောင် ချန်ခေါင်းဆောင် ထက် ပို သန်မာနိုင်စရာ အကြောင်းမရှိဘူး”
လော့ မျိုးနွယ်စုဝင် အားလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
လီရွှယ်အာ သည် အလွန်လျင်မြန်စွာ ပြေးထွက်နေဆဲပင် ဖြစ်သည်။ သူ၏ ရင်ကွဲသံကို ကြားလိုက်ရ၏– “မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး လော့ထျန် အစ်ကိုကြီး၊ အမြန်ပြေးပါ ပြေးပါ…”
ကံမကောင်းစွာဖြင့်…
ယခုအချိန်တွင် မည်သူမျှ သူ့ကို အာရုံမစိုက်နိုင်တော့ပေ၊ သူ တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
ချန်ထျန်းယောင်း ၏ တိုက်ခိုက်မှုသည် ချက်ချင်းပင် ရောက်ရှိလာတော့၏။
လန်ဟန်ရွှမ်း သည် မရွေ့မလျားဘဲ တစ်နေရာတွင် ရပ်နေဆဲဖြစ်၏။ သူ၏ မျက်လုံးများက အလွန်တည်ငြိမ်ပြီး အေးစက်နေဆဲဖြစ်သည်၊ သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် အရာအားလုံးသည် သူ့နှင့် မသက်ဆိုင်သကဲ့သို့ပင်။
ကွင်းပြင်၏ အလယ်ဗဟိုတွင်…
ချန်ထျန်းယောင်း ၏ အလွန်အစွမ်းထက်သော တိုက်ခိုက်မှုကြောင့် လေပြင်းများ တိုက်ခတ်လာခဲ့၏။ လေပြင်းများက ပြင်းထန်ပြီး လေနဂါးပုံရိပ် ပေါ်လာသည်အထိ လေများ လည်ပတ်နေခဲ့သည်။
နဂါး၏ ဦးခေါင်းသည် ကြမ်းတမ်းသော အသွင်အပြင် ရှိပြီး အရာအားလုံးကို ဖျက်ဆီးလိုသကဲ့သို့ ပတ်ဝန်းကျင်သို့ ဟိန်းဟောက်နေခဲ့သည်။
ချန်ထျန်းယောင်း သည် လော့ထျန် ၏ ဦးခေါင်း ငိုက်ကျနေသည်ကို သတိပြုမိခဲ့၏။ သူ၏ လက်ထဲရှိ ဧရာမဓားကြီးမှာလည်း တိတ်ဆိတ်သွားခဲ့သည်။ဃရယခင်က ထွက်ပေါ်ခဲ့သော သွေးထွက်သံယို အငွေ့အသက်များပင် ပျောက်ကွယ်သွားခဲ့ပြီး ၎င်းသည် သံအပိုင်းအစကြီး တစ်ခုသဖွယ်သာ ရှိနေတော့၏။
သူသည် ငါ့ကို ထပ်မံ၍ မထီမဲ့မြင် ပြုနေသည်လား
ချန်ထျန်းယောင်း ၏ နှလုံးသားထဲမှ အငြိုးအတေးမီးလျှံများက ပေါက်ကွဲထွက်လုနီးပါး ဖြစ်လာခဲ့၏။ သူသည် သွားများကို စေ့ပြီး အော်ဟစ်လိုက်သည် – “မင်းဒါကို နောက်ဘယ်နှစ်ခါ ထပ်တားနိုင်မလဲ ကြည့်ချင်သေးသည်”
“ သေလိုက် ဟေ့ကောင်”
သူ၏ လက်သီးနှစ်ဖက်သည် လော့ထျန် ၏ ရင်ဘတ်ဒဏ်ရာကို နောက်တစ်ကြိမ် ပစ်မှတ်ထားကာ ထိုးချခဲ့သည်။
တစ်ချိန်တည်းမှာပင်…
လေနဂါးသည် တစ်ကြိမ်ဟိန်းဟောက်ပြီးနောက် သူ၏ ဧရာမခန္ဓာကိုယ်သည် ဆင်းသက်လာခဲ့သည်။
ကောင်းကင်သည် မှောင်မဲသွားပြီး ကျောက်စိမ်းတောင်မြို့ တစ်ခုလုံးသည် သေခြင်းတရားဖြင့် ဖုံးလွှမ်းသွားသည်ဟု ထင်ရ၏။ ဤလက်သီးချက်သည် ယခင်လက်သီးချက်ထက် ပို၍ အားကောင်းနေသည်မှာ ထင်ရှားပေသည်။
လော့ထျန် ၏ ခန္ဓာကိုယ်သည် မရွေ့လျားသေးပေ။
ဓားရိုင်း ၏ အသံသည် လော့ထျန် ၏ စိတ်ထဲတွင် တစ်ခုခုကို ပြောနေဆဲ ဖြစ်သည်။
“အဓိက စွမ်းရည်ကို အသက်သွင်းလိုက်”
လော့ထျန် သည် စိတ်ထဲမှ ကြံစည်လိုက်ပြီး ဓားရိုင်း ၏ သတ်ဖြတ်ခြင်းကမ္ဘာထဲသို့ ဆက်လက် နစ်မြုပ်နေခဲ့သည်။
“ဒုန်း…”
“ဒုန်း…”
ကြီးမားသော ဆူညံသံသည် ကောင်းကင်ကို တုန်လှုပ်စေပြီး အလွန်အစွမ်းထက်သော စွမ်းအင်လှိုင်းများ အပြင်သို့ ပျံ့နှံ့သွားခဲ့သည်။ ယာယီတိုက်ပွဲမြေသည် ပျက်စီးသွားသော်လည်း လော့ထျန် သည် မရွေ့မလျားသေးပေ။ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ သူ၏ အမူအရာတွင်လည်း ပြောင်းလဲမှု မရှိခဲ့ချေ။
တစ်ဖက်တွင်မူ ချန်ထျန်းယောင်း ၏ နှလုံးသားသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
သူ၏ လက်သီးချက်က လော့ထျန် ၏ ရင်ဘတ်ကို ထိမှန်သွားသည်မှာ ထင်ရှားသော်လည်း အဘယ်ကြောင့် အလင်းတန်းဖြင့် ပြုလုပ်ထားသော ဒိုင်းကို ထိုးလိုက်သကဲ့သို့ ခံစားရသည်နည်း
သူ နားမလည်နိုင်ဆုံး အဓိကအချက်မှာ လော့ထျန် သည် ၎င်းကြောင့် လုံးဝ ထိခိုက်မှု မရှိခြင်းပင် ဖြစ်၏။ ၎င်းသည် သူ လုံးဝလက်မခံနိုင်သော ရလဒ်ဖြစ်ပေသည်။
လျူချန်ဖုန်း နှင့် ဟယ်ချန်ခေါင် တို့၏ မျက်လုံးများက မှင်တက်သွားကြသည်။
၎င်းသည် ဝိညာဉ်အဆင့် မှော်ရတနာ ဖြစ်သည်မှာ သေချာ၏
သူတို့၏ နှလုံးသားများသည် လောဘတကြီးနှင့် အရူးအမူး ရယ်မောလာကြ၏။ ဤကဲ့သို့သော ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် ဝိညာဉ်အဆင့် မှော်ရတနာ ရှိနေလိမ့်မည်ဟု သူတို့ မည်သည့်အခါကမျှ မတွေးခဲ့မိပေ ၎င်းသည် အမှန်တကယ် မမျှော်လင့်ထားသော အရာဖြစ်၏။
“ဟားဟားဟား…”
“ခေါင်းဆောင် မသေဘူး၊ ခေါင်းဆောင်က အစွမ်းအထက်ဆုံးပဲ”
“ဒီကောင်လေး ဘာလုပ်လိုက်တာလဲ”
“ဒါက မယုံနိုင်စရာပဲ”။
“ငါ ဘာကို မြင်လိုက်ရတာလဲ နက်နဲ ဆရာ အဆင့် (၆) ဟာ နက်နဲ ဂုရုသခင်အထွတ်အထိပ် အဆင့်၏ တိုက်ခိုက်မှု နှစ်ခုကို ခံနိုင်
ရည် ရှိတယ် ငါ အမြင်မှားနေတာ ဖြစ်ရမယ်”
ဆွေးနွေးပြောဆိုသံများ ဆူညံစွာ ပေါ်ပေါက်လာခဲ့၏။
ချန်ထျန်းယောင်း သည် အလွန်ရုပ်ဆိုးသောအသွင်ကို ဆောင်နေခဲ့သည်။ သူ၏ စွမ်းအားအကုန် သုံးပြီး
နှစ်ကြိမ်တိုက်ခိုက်လိုက်ပြီးနောက် သူ၏ ဝမ်းဗိုက်ဧရိယာရှိ နက်နဲ စွမ်းအင်သည် တစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။ သို့တိုင် သူသည် လော့ထျန် ကို မသတ်နိုင်သေးပေ။ ဤသည်မှာ သူလက်မခံနိုင်သော အရာပင် ဖြစ်၏။
သူ၏ မျက်လုံးများ ပြောင်းလဲသွားပြီး သူ၏ ဝမ်းဗိုက်ဧရိယာမှ နက်နဲ စွမ်းအင် အမြောက်အမြားကို စတင်ထုတ်လွှတ်လိုက်သည်။ ချန်ထျန်းယောင်း သည် နောက်တစ်ကြိမ် ထပ်မံ၍ အလျင်အမြန် ပြေးထွက်သွားပြီး ဤတစ်ကြိမ်တွင် သူသည် လော့ထျန် ၏ ရင်ဘတ်ကို ပစ်မှတ်မထားတော့ဘဲ သူ၏ ဝမးဗိုက်ရှိ အသက်တံခါး သွေးလှည့်ပတ်မှုလမ်းကြောင်း ကို ပစ်မှတ်ထားခဲ့သည်။
လော့ထျန် သည် အန္တရာယ်မှ လွတ်မြောက်ခဲ့ရုံ ရှိသေး နောက်ထပ် လှိုင်းလုံးတစ်ခု ရောက်ရှိလာခဲ့ပြန်၏။
လီရွှယ်အာ ၏ နှလုံးသားသည် မခံမရပ်နိုင် ဖြစ်လာခဲ့သည်။ သူသည် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့၏။ သို့သော် သူ ဘာမှ မတတ်နိုင်ချေ။ ထိုခံစားချက်က သူ၏ အသက်ရှူရခက်ခဲစေခဲ့သည်။
“ဒုန်း…”
ချန်ထျန်းယောင်း ၏ တိုက်ခိုက်မှုသည် နောက်တစ်ကြိမ် လွှမ်းမိုးလာခဲ့၏…
အရှိန်သည် အလွန်လျင်မြန်ပေသည်
လော့ထျန် ၏ ပုံသဏ္ဌာန်သည် မရွေ့မလျားသေးဘဲ လူအုပ်စုသည် စိတ်လှုပ်ရှားလာကြသည်။
ရုတ်တရက်…
လော့ထျန် ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး သူ၏ လက်ထဲရှိ သွေးစုပ် ဓားရိုင်း သည် မြည်ဟည်းသံ စတင်ထွက်ပေါ်လာခဲ့၏။ ဤဓား၏ မြည်ဟည်းသံသည် ကောင်းကင်ဘုံမှ လက်ဆင့်ကမ်းလာပုံရသည်။
ဖုန်းလေ သည် ပြုံးလိုက်ပြီး “ခေါင်းဆောင် လှုပ်ရှားတော့မယ်”
ဝတုတ်လေ နောက်ထပ်စကားမပြောမီ လော့ထျန် ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သူ၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားသည်။ သူသည် အေးစက်သော အပြုံးဖြင့် ပြုံးလိုက်ပြီး ဧရာမဓားကြီးသည် အနီရောင် သွေးထွက်သံယို အလင်းကို စတင်ထုတ်လွှတ်ခဲ့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးထွက်သံယို အလင်းရောင်သည် ကောင်းကင်သို့ ပေါက်ကွဲသွားခဲ့သည်။
လော့ထျန် အတွင်းရှိ နာကျင်မှုအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့၏။
သူ၏ ညာဘက်ခြေထောက်သည် အနည်းငယ် ရွေ့လျားသွားပြီး “ရှူး…” ဟူသော အသံဖြင့် အဖြူရောင် ဓာတ်ငွေ့သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ လော့ထျန် သည် ဧရာမဓားကြီးကို လေထဲသို့ မြှောက်လိုက်ရာ အနီရောင် သွေးထွက်သံယို အလင်းသည် ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကောင်းကင်တစ်ခုလုံးသည် အနီရောင်ဖြင့် ဆိုးဆေးခံထားရသကဲ့သို့ ဖြစ်သွားခဲ့၏
မြေကြီးကို ဖျက်ဆီးနေခဲ့ပြီ
ဤအချိန်တွင် လော့ထျန် သည် လောကကို အုပ်စိုးသော ဘုရားသခင်နှင့် ဆင်တူသည်ဟု ခံစားလိုက်ရသည် – အဝီစိငရဲမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း၏ ဘုရားသခင်၊ သူသည် ကောင်းကင်ဘုံကို ဖျက်ဆီးနိုင်ပြီး ကောင်းကင်ဘုံတွင် လှည့်လည်နေသော ဒဏ္ဍာရီလာ နဂါးများကိုပင် ၁၈,၀၀၀ ပိုင်း အပိုင်းပိုင်း ဖြတ်တောက်နိုင်ပေသည်
“နဂါးဖိုးဖောက် လေဟာနယ် ဓားသိုင်း၊ ပထမပုံစံ”
“ကောင်းကင်ကို ချေမှုန်းမယ်”
“ သူ့ကို လှီးပစ်လိုက်…”