← Chapters

အရှက်မရှိကောင်တွေ

Vol. 9 Ch. 112

အရှက်မရှိကောင်တွေ

Vol. 9 Ch. 112

အာကသဖောက်ထွင်း နဂါးသိုင်းဓားသိုင်း ၏ စွမ်းအားများ ပြသနိုင်လေလေ တုံ့ပြန်သက်ရောက်မှုသည် ပို၍ အားကောင်းလာလေ ဖြစ်၏။

ထိုအခြေအနေ နှစ်ခုသည် တိုက်ရိုက်အချိုးကျနေခဲ့သည်။

လော့ထျန် ၏ ခန္ဓာကိုယ်သည် ယခင်ကတည်းက ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးသား ဖြစ်သည်။ ထိုအခြေအနေအောက်တွင် သူသည် အာကသဖောက်ထွင်း နဂါးသိုင်းဓားသိုင်း ၏ အစွမ်းအထက်ဆုံးသော စွမ်းအားကို အသက်သွင်းခဲ့ပြီး ချန်ထျန်းယောင်း ကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်ခဲ့သည်။ ယခုအခါ သူသည် အဆပေါင်းများစွာ တိုးလာသော နာကျင်မှုကို ခံနိုင်ရည်ရှိရတော့မည်။

ဓားရိုင်း ၏ အပြင်းထန်ဆုံး လျူဝှက်ဓားကွက်… အမှန်တကယ်ပင် အံ့မခန်းသော်လည်း အလွန်နာကျင်စေခဲ့သည်။

လော့ထျန် မခံနိုင်လုနီးပါး ဖြစ်ခဲ့ရသော နာကျင်မှု ဖြစ်၏

သို့သော်…

သူသည် နောင်တမရခဲ့ချေ။

သူ့အား ပြန်လည်ရွေးချယ်ရန် မရေတွက်နိုင်တဲ့အခွင့်အရေး ပြန် ပေးခဲ့လျှင်တောင် သူသည် အလားတူ လမ်းကိုသာ ရွေးချယ်ဦးမည်ပင်။

ချန်ထျန်းယောင်း ၏ မာနကြီးသော ကိုယ်ဟန်အနေအထားနှင့် မိုးတိမ် ဂိုဏ်းဝင်အားလုံး၏ မျက်နှာများတွင် ကပ်ထားသော မထီမဲ့မြင်ပြုသည့် အမူအရာများသည် လော့ထျန် ကို အဆုံးမရှိ စိတ်တိုစေခဲ့သည်။

သူလုပ်ချင်တာကတော့ ဒီလူတွေကို မမှတ်မိနိုင်သည့် အခြေအနေအထိ ပါးရိုက်ပစ်ဖို့ပင်။

သူသည် ယခုအခါ ထိုအရာကို လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ချန်ထျန်းယောင်း ကို သတ်ပစ်လိုက်ခြင်းသည် မိုးတိမ် ဂိုဏ်း ၏ မျက်နှာကို ဆိုးရွားစွာ ပါးရိုက်လိုက်ခြင်းနှင့် ဆင်တူသည်ပင်။ ဤကဲ့သို့သော ခံစားချက်မျိုးသည် ဖော်ပြ၍မရလောက်အောင် အလွန်ပင် အံ့မခန်းလှချေ

နာကျင်မှု ဆက်လက် တိုးပွားလာသည်နှင့်အမျှ သူ၏ အသက်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့၏။ လော့ထျန် သည် သွားများကို စေ့ပြီး ခေါင်းမာစွာ ဆက်ထိန်းထားခဲ့သည်။ သူသည် မိမိကိုယ်ကို အဆက်မပြတ် သတိပေးနေခဲ့သည်– “ငါ မသေရဘူး၊ ငါ မသေနိုင်ဘူး၊ လုံးဝ မသေနိုင်ဘူး”

“ငါ အန်ချွင်းချွင်း ရဲ့ အမေကို သူ့ဆီ ပြန်မပေးရသေးဘူး၊ ငါ လန်ဟန်ရွှမ်း ကို သင်ခန်းစာပေးရဦးမယ်။အရေးအကြီးဆုံးကတော့ – ငါ လုံးဝ လူပျိုစစ် တစ်ယောက် ဖြစ်နေတုန်းပဲ”

“မင်း ယုတ်မာတဲ့ ကောင်းကင်ဘုံ၊ ငါ့လို မိုက်မဲတဲ့ကောင် ကို လူပျိုဘဝနဲ့ နှစ်ခါတောင် သေခိုင်းရဲသလား မင်းညီမ မင်း နှလုံးသားရော ရှိသေးလား”

နာကျင်မှု

မခံမရပ်နိုင်သော နာကျင်မှု။

လော့ထျန် ၏ မျက်လုံးများက တစ်ဝက်ပိတ်ထားပြီး သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။

ထို့နောက်…

သူ၏ ခန္ဓာကိုယ် မြေပြင်သို့ စတင်လဲကျလာခဲ့သည်။

သူ လဲကျသည့်အခိုက်အတန့်တွင် လော့ မျိုးနွယ်စုဝင် အမြောက်အမြား ပြေးထွက်လာခဲ့ကြ၏။

သူ၏ မျက်လုံးထောင့်တွင် လီရွှယ်အာ က မျက်ရည်များနှင့်အတူ အလျင်အမြန် ပြေးလာသည်ကို သူ သတိထားမိခဲ့သည်။ ဤအရာက လော့ထျန် ၏ နှုတ်ခမ်းတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာစေခဲ့သည်။

ဤကဲ့သို့သော တုံ့ပြန်သက်ရောက်မှု နာကျင်မှုကို သူ၏ အစွမ်းအထက်ဆုံး ဓားရိုင်း ပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲလှချေသည်။ နက်နဲ ဆရာ အဆင့် (၆) သာရှိသေးသည့် လော့ထျန် အကြောင်းကို ပြောနေစရာပင် မလိုချေ။

“မအေဘေး၊ ငါသေတော့မယ်” လော့ထျန် သည် သူ၏ စိတ်ထဲတွင် ခါးခါးသီးသီး ပြုံးလိုက်ပြီး တဖြည်းဖြည်း မေ့မြောသွားခဲ့သည်။ သူသည် မကြာမီ သေဆုံးတော့မည် ဖြစ်သည်။

ကောင်းကင်ဘုံသည် လော့ထျန် ကြောင့် စိတ်လှုပ်ရှားသွားသည်လား၊ သို့မဟုတ် ကောင်းကင်ဘုံတွင် ညီမတစ်ယောက် တကယ်ရှိပြီး ထိုညီမသည် လော့ထျန် နောက်တစ်ကြိမ် သေဆုံးသည်ကို မမြင်ချင်သောကြောင့်လားဆိုသည်ကို မသိရချေ။

လော့ထျန် သည် ငရဲတံခါးသို့ ခြေတစ်လှမ်း ချလိုက်သည့်အခိုက်အတန့်တွင်…

စနစ်သည် သတိပေးသံကို ပေးခဲ့သည်။

“ဒင်”

ကောင်းကင်တေးဂီတသံ ကဲ့သို့…

“ကစားသမား လော့ထျန် သည် အနီရောင်မီးလျှံ ဝံပုလွေ ကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အတွေ့အကြုံ ၂၀၀ မှတ်၊ နက်နဲ စွမ်းအင် ၂၀ မှတ် ရရှိခဲ့သည်…”

“ဒင်”

“ကစားသမား လော့ထျန် သည် အဆင့်တက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ သင်သည် လက်ရှိတွင် နက်နဲ ဆရာ အဆင့် (၇) တွင် ရှိနေပါသည်”

ဤအသံသည် အလွန်ပင် လှပလွန်းချေ၏။

အဆင့်တက်ခြင်းက ဘာကိုဆိုလိုသနည်း

အဆင့်တက်ခြင်းဆိုသည်မှာ သူ၏ အရည်အချင်း များအားလုံး ချက်ချင်း ပြည့်လျှံသွားမည် ဖြစ်၏။ ၎င်းသည် ချက်ချင်း ပြန်လည်ရှင်သန်လာသကဲ့သို့ပင်။ တိကျစွာပြောရလျှင် အဆင့်တက်ခြင်းသည် ပြန်လည်

ရှင်သန်ခြင်းထက် ပိုကောင်းသည်။အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားသည်လည်း တိုးလာမည်ဖြစ်သောကြောင့်တည်း

သူသည် သူ၏ နောက်ဆုံးထွက်သက်တွင် ရှိနေသော်လည်း စနစ်၏ သတိပေးချက် ထွက်ပေါ်လာသရွေ့ လော့ထျန် သည် မသေဆုံးနိုင်ပေ။ ဤသည်မှာ လျူဝှက်ဆန်းကြယ်သော စနစ်၏ နောက်ကွယ်ရှိ စွမ်းအားပင်

သူ၏ အတွေ့အကြုံသည် အဘယ်ကြောင့် ရုတ်တရက် တိုးလာရသနည်း

လော့ထျန် သည် ဝိညာဉ်တောင်တန်း မှ မထွက်ခွာမီ ထိုနေရာတွင် ရုပ်သေးစစ်သည်တော် သုံးဦးကို ထားခဲ့သည်။ ရည်ရွယ်ချက်မှာ လော့ မျိုးနွယ်စုအတွက် ပုန်းအောင်းရန် တောင်တန်းတွင် နေရာတစ်ခု ပြင်ဆင်ရန် ဖြစ်၏။

သူသည် ၎င်းကို မလိုအပ်ကြောင်း မည်သည့်အခါကမျှ မတွေးခဲ့မိပေ။

သူသည် ထို မိုးတိမ် ဂိုဏ်းဝင် တပည့်နှစ်ဦး၊ ကျူးချန်ဖုန်း၊ ကျူးယောင်ကျုံးနှင့် ကျူးမျိုးနွယ်စု၏ ထိပ်တန်း တပည့် တစ်ရာကျော်ကို သတ်နိုင်ခဲ့သောကြောင့် သူ၏ အတွေ့အကြုံဘားသည် ပြည့်လုနီးပါး ဖြစ်နေခဲ့သည်။

ချန်ထျန်းယောင်း ကို သတ်ဖြတ်ခြင်းက သူ့အား အတွေ့အကြုံ ၃၀,၀၀၀ မှတ် ချက်ချင်း ပေးခဲ့ပြီး အဆင့်တက်ရန် နောက်ထပ် အနည်းငယ်သာ လိုတော့သည်။

ဤအခိုက်အတန့်တွင်…

အနီရောင် မီးလျှံ ဝံပုလွေ တစ်ကောင်သည် နှင်းမုန်တိုင်းအတွင်း ကျောက်မီးသွေးကို ပေးပို့နေခဲ့ပြီး သူ၏ ရုပ်သေးစစ်သည်တော် တစ်ဦးက သတ်ပစ်လိုက်သည်။ ထို့ကြောင့် လော့ထျန် သည် ထိုအချိန်တွင် အဆင့်တက်နိုင်ခဲ့ခြင်းပင်။

ဤသည်မှာ မတော်တဆမှု သက်သက်သာ ဖြစ်သည်

ဟုတ်ပါတယ်…

လော့ထျန် သည် သူ၏ ဘေးတွင် ကံအကောင်းဆုံးသော မြေခွေးမိစ္ဆာ လိုလီတစ်ဦး ရှိနေကြောင်း မသိခဲ့ပေ။

အန်ချွင်းချွင်းသည် အမှန်တကယ်ပင် အစွမ်းထက်

သည်။ အလွန်ပင် အစွမ်းထက်၏

သူမ၏ ခွန်အားသည် သူ၏ ကျင့်ကြံမှု အဆင့်ကို ဆိုလိုခြင်း မဟုတ်ဘဲ သူ၏ အထူး ဂုဏ်သတ္တိ ကို ရည်ညွှန်းခြင်း ဖြစ်သည်။

သူမ၏ ခိုင်မာသော ဂုဏ်သတ္တိကြောင့် သူ၏ မြေခွေးမိစ္ဆာ မျိုးနွယ်စုသည် မျိုးနွယ်စု ပျက်သုဉ်းခြင်းကို ကြုံတွေ့ခဲ့ရခြင်းပင် (၎င်းသည် နောင်အနာဂတ်အတွက် ဖြစ်ပြီး ယခုပြောဆိုမည် မဟုတ်သေးချေ)

ဆုလာဘ်မှ မီးဓာတ် နတ်ဆိုးအနှစ် တစ်ခု ပေါက်ကွဲထွက်ခြင်းသည်လည်း သူမရဲ့ လုပ်ဆောင်ချက်ပဲ

လော့ထျန် သည် ပြန်လည်ရှင်သန်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်ရှိ နာကျင်မှု ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူသတိလစ်နေချိန်တွင် သူ၏ စိတ်သည် နိုးကြားနေသော ထူးဆန်းသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

ဓားရိုင်း သည် ပထမတွင် အံ့အားသင့်ခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အရူးအမူး ရယ်မောလာခဲ့သည်။ သူ၏ ရယ်မောသံသည် တဖြည်းဖြည်း ပိုမိုပျော့ပျောင်းလာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

လော့ထျန် သည် သူ့ကို ထပ်မံ နှောင့်ယှက်ရန် စိတ်ကူးမရှိချေ။

ဓားရိုင်း ၏ စစ်မှန်သော စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ လျော့နည်းသွားခဲ့သည်။ လက်ရှိ သူသည် အလွန်အားနည်းနေပြီး စကားပြောနိုင်တော့မည် မဟုတ်ချေ။

ဓားရိုင်း သည် ပြန်လည်နာလန်ထူရန် အချိန်ကြာမြင့်စွာ လိုအပ်သည်။

လော့ထျန် သည် မိမိကိုယ်ကို ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည် – သူသည်ဒြပ်စစ် နတ်ဆိုးအနှစ် (၅)မျိုး ကို ရှာမတွေ့မချင်း ဓားရိုင်း ကို ထပ်မံ အနှောင့်အယှက်ပေးမည် မဟုတ်ပေ။

သူသည် အချိန်တိုင်း အခြားသူများအပေါ် အားကိုးနေ၍ မရတော့ချေ၊ သူကိုယ်တိုင် ဂရုစိုက်ရန် လိုအပ်သည်

“လော့ထျန် အစ်ကိုကြီး…”

“ခေါင်းဆောင်၊ ခေါင်းဆောင်…”

“ခေါင်းဆောင်”

ပျားအုံကဲ့သို့ လော့ မျိုးနွယ်စုအားလုံးသည် သွေးများဖြင့် လူးနေသော လော့ထျန် ဆီသို့ အလျင်အမြန် ပြေးလာပြီး ဝန်းရံလိုက်ကြ၏။

ဤအချိန်တွင်လည်း…

လျူချန်ဖုန်း က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက ညင်သာစွာ ပြောခဲ့သည် – “အဲဒီ ကောင်လေးရဲ့ အလောင်းကို ငါ့ဆီ ယူလာခဲ့၊ ပြီးရင် ဒီအမှိုက်သရိုက်တွေကို သတ်ပစ်လိုက်”

လော့ မျိုးနွယ်စုဝင်အားလုံး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဆုံးယန်နန် သည် ရှေ့သို့ တက်လှမ်းလာပြီး မာနမကြီးသော်လည်း ရိုကျိုးမှုမရှိသော လေသံဖြင့် “ခေါင်းဆောင်၊ ခင်ဗျား အရင်တုန်းက ကျွန်တော်တို့ ခေါင်းဆောင်ကို ကတိပေးခဲ့သည်၊ သူသာ အနိုင်ရခဲ့ရင် ကျွန်တော်တို့ လော့ မျိုးနွယ်စုနဲ့ ကျောက်စိမ်းတောင်မြို့က လူတွေကို အလွတ်ပေးမယ်လို့ ပြောခဲ့တယ်”

လျူချန်ဖုန်း က မိစ္ဆာကဲ့သို့ ပြုံးလိုက်ပြီး “ငါ အဲလိုစကား ပြောခဲ့လို့လား ငါ ကတိပေးခဲ့လို့လား ဘာကြောင့် ငါ ဘာမှ မသိရတာလဲ”

ထို့နောက် ချက်ချင်းပင် သူ၏ လူများကို လှည့်ကြည့်ပြီး “မင်းတို့အားလုံး ငါ အဲလိုပြောတာကို ကြားခဲ့ကြသလား” မေးခဲ့သည်။

“မကြားခဲ့ပါဘူး”

“ခင်ဗျား သူတို့ကို ဘာကတိမှ မပေးခဲ့ပါဘူး”။

ဒီ မိုးတိမ် ဂိုဏ်း…

မိုးတိမ် ဂိုဏ်း တစ်ခုလုံးသည် လုံးဝ ရှက်မဲ့သော ခွေးကောင်များ ဖြစ်သည် သူတို့အားလုံးသည် သစ္စာဖောက်များ၊ ယုတ်မာသူများ နှင့် ညစ်ပတ်သော အမှိုက်များ ဖြစ်သည်

လော့ထျန် သည် သူတို့ကို ကျိန်ဆဲနေခဲ့သည်။ သူ နိုးထချင်သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အလွန်အမင်း မောပန်းနေသောကြောင့် မနိုးနိုင်ချေ

ဆုံးယန်နန် ၏ မျက်နှာသည် မည်းမှောင်သွားပြီး သူက “ခင်ဗျားက မိုးတိမ် ဂိုဏ်းမှာ ခေါင်းဆောင် ရာထူးရှိနေတာ၊ ခင်ဗျား စကားကို ဘာလို့ မတည်နိုင်

တာလဲ ဒီသတင်းသာ ပျံ့နှံ့သွားရင် ခင်ဗျားရဲ့ ဂုဏ်သတင်းကို ဆိုးရွားစွာ ထိခိုက်စေမှာ သေချာတယ်မဟုတ်လား”

လျူချန်ဖုန်း က အေးစက်စွာ ရယ်မောပြီး “သေသွားတဲ့သူတွေက ဘယ်လိုလုပ်ပြီး စကားပြောနိုင်မှာလဲ သူတို့ စကားမပြောနိုင်ဘဲနဲ့ ဒါက ဘယ်လို ပျံ့နှံ့သွားမှာလဲ”

ဟယ်ချန်ခေါင် သည် စိတ်မရှည်တော့ဘဲ လော့ထျန် ၏ အလောင်းကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက လောဘတကြီးနှင့် “လျူခေါင်းဆောင်း၊ သူတို့နဲ့ စကားတွေ ပြောတာ ရပ်တော့။ ငါတို့ရဲ့ အဖိုးတန်အချိန်တွေကို မဖြုန်းတီးဖို့အတွက် သူတို့အားလုံးကို သတ်ပစ်လိုက်”

“ကောင်းတယ်”။

“ဟဲ ခေါင်းဆာင် ပြောတဲ့အတိုင်း လုပ်ကြစို့” လျူချန်ဖုန်း က ညင်သာစွာ ပြုံးလိုက်သည်။

သူတို့လို လူများအတွက် မျိုးနွယ်စုတစ်ခု သို့မဟုတ် မြို့ငယ်လေးတစ်ခုကို သုတ်သင်ရှင်းလင်းခြင်းသည် အစာစားခြင်းကဲ့သို့ ရိုးရှင်းပေသည်။

လော့ထျန် သည် အနိုင်ရခဲ့ပြီး လော့ မျိုးနွယ်စုသည် ထိုအရာတွင် မျှော်လင့်ချက်ကို မြင်ခဲ့ရသည်။ သို့သော် ထိုမျှော်လင့်ချက်သည် မိနစ်ဝက်ခန့်သာ ကြာမြင့်ပြီးနောက် သူတို့သည် စိတ်ပျက်အားငယ်မှုထဲသို့ နစ်မြုပ်သွားခဲ့သည်။ လော့ မျိုးနွယ်စုသည် နောက်တစ်ကြိမ် ဆင်းရဲဒုက္ခ၏ နက်နဲရာသို့ ဝင်ရောက်သွားခဲ့ကြသည်။

မိုးတိမ် ဂိုဏ်းဝင် တပည့်များ ရှေ့သို့ စတင်တိုးလာခဲ့ကြသည်။

သူတို့ တစ်ဦးစီတိုင်းသည် မာနကြီးသော လှောင်ပြောင်မှု အပြုံးများကို သူတို့၏ မျက်နှာပေါ်တွင် ရှိကြသည်။

ဆုံးယန်နန် ၏ မျက်လုံးများ တင်းမာသွားပြီး သူက “လော့ မျိုးနွယ်စုဝင် အားလုံး နားထောင် တစ်ယောက်ကို သတ်ရင် ပြိုင်ဘက် တစ်ယောက် လျော့သွားမည်။ ငါတို့ သေရင်တောင် သူတို့ကို ကောင်းကောင်းမွန်မွန် နေခွင့် မပေးနိုင်ဘူး” အော်ပြောလိုက်သည်။

ဖုန်းလေ သည် ရှေ့သို့ တစ်လှမ်းတက်ပြီး ဦးဆောင်ကာ “မအေဘေး ကောင်တွေ၊ လာခဲ့ကြ” အော်ဟစ်လိုက်သည်။

“ဟွန်း”

ဟယ်ချန်ခေါင် သည် အေးစက်စွာ ဟွန်းခနဲ မြည်

လိုက်ပြီး “အသုံးမကျတဲ့ လူတွေ”

“တိုက်ခိုက်ကြ”

လော့ထျန် တွင် ဝိညာဉ်အဆင့် ကာကွယ်ရေး ရတနာနှင့် အလွန်အစွမ်းထက်သော ဓား ရှိနေခြင်းက ထိုနှစ်ဦး၏ အတွင်းရှိ လောဘကို မြင့်တက်စေခဲ့သည်။ သူတို့ မြို့တစ်မြို့လုံးကို သတ်ဖြတ် ရမည်ဆိုလျှင်တောင် ဘာဖြစ်လဲ

မျက်တောင်တစ်ခတ်အတွင်းမှာပင်…

မိုးတိမ် ဂိုဏ်းဝင် တပည့် အမြောက်အမြား စတင် တိုက်ခိုက်လာခဲ့ကြသည်။

ဖုန်းလေ သည် မျက်လုံးပြူးပြူးဖြင့် သူတို့ကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အနီရောင် သွေးထွက်သံယို အလင်းကို စတင်ထုတ်လွှတ်ပြီး ဧရာမ တန်ဓား ကို ဝှေ့ယမ်းကာ “သတ်”အော်ဟစ်လိုက်သည်။

လော့ မျိုးနွယ်စုဝင် အားလုံး အပြင်သို့ ပြေးထွက်ရန် ကြိုးစားနေသည့်အခိုက်အတန့်တွင်…

အဖြူရောင် ပုံသဏ္ဌာန်တစ်ခုသည် လူအုပ်ကြားထဲသို့ ပျံဝဲဆင်းသက်လာခဲ့သည်။

ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားမ ကဲ့သို့ အဖြူရောင် အလင်းတစ်ချက်ဖြင့် လီရွှယ်အာ သည် အေးစက်စွာ စိုက်ကြည့်နေပြီး ခရမ်းရောင်နှင့် ရွှေရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။

မိုးတိမ် ဂိုဏ်းမှ လူတိုင်းသည် ၎င်းတို့၏ အကြီးမားဆုံးရန်သူကို တွေ့ဆုံရသကဲ့သို့ ချက်ချင်း ရပ်တန့်သွားခဲ့ကြ၏

All Chapters