အမာရွတ်များ
Vol. 209 Ch. 3125
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ လူအုပ်ကြားထဲမှာ မမှတ်မိနိုင်လောက်အောင် အမာရွတ်များဖြင့် ကြမ်းကြုတ်ခက်ထန်သောအမူအရာရှိသော ပိန်ပိန်ပါးပါးနောက်ထပ်အမျိုးသားတစ်ဦးရှိနေ၏။ပြည့်နှက်နေသောမျက်နှာနှင့် ပိန်ပိန်ပါးပါးအမျိုးသားတစ်ဦးရှိနေ၏။
သူနှင့် အရင်းနှီးဆုံးဖြစ်ခဲ့ဖူးသောသူများပင်လျှင် ထိုမျက်နှာကို မှတ်မိနိုင်တော့မည်မဟုတ်ပေ။
ထိုအမျိုးသား ကျင့်ကြံထားသော ဓမ္မတာအိုက အခြားသူများနှင့် ကွဲပြားခြားနားနေပုံရ၏။ သူ၏ ကျင့်ကြံမှုနယ်ပယ်ကို အတိအကျထောက်လှမ်းဖို့က ခဲယဉ်းပြီး သူက ကမ္ဘာမြေအင်မော်တယ်နယ်ပယ်မှာ ရှိနေနိုင်လောက်သည်။
လူတိုင်းက ဆူဇီမိုအကြောင်းပြောဆိုနေကြသည်ကို သူကြားသောအခါ အမာရွတ်မျက်နှာနှင့် အမျိုးသားက တစ်စုံတစ်ရာကို အမှတ်ရသွားပုံရပြီး စိတ်ပျက်လက်ပျက်ဖြင့် သူခေါင်ကို ငုံ့လိုက်၏။
ထိုစဉ်မှာပင် ကျင့်ကြံသူတစ်အုပ်စုက ရှေ့တည့်တည့်လမ်းမထက်ကနေ သူတို့ရှိရာသို့ လျှောက်လှမ်းလာကြ၏။ သူတို့က အရေအတွက်တစ်ထောင်ခန့်ရှိပြီး ဦးဆောင်လာသူက နီရဲနေသော မီးတောက်ဝတ်စုံကို ဝတ်ဆင်ထားကာ လူအုပ်ကြီးက သူ့ကို ဝန်းရံထားလေသည်။
“ကြည့်စမ်း… အဲဒါက ယန်ယန်းအင်မော်တယ်နိုင်ငံက စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားပဲ”
“စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားက အစတုန်းက ရှဲ့ချင်းချန်ဖြစ်တယ်လို့ ငါကြားတယ်… နောက်ပိုင်းမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဆူဇီမို သေဆုံးသွားပြီးတဲ့နောက် ရှဲ့ချင်းချန်က ဘုရင်ယန်ယန်းကို မေးခွန်းထုတ်စောဒကတက်ခဲ့ပြီး သူက ဒုက္ခိတဖြစ်သွားရတယ်”
“မင်းဘာသိလို့လဲ… မင်းသားချင်းချန်က သူ့ကို မေးခွန်းမထုတ်ခဲ့ရင်တောင် အင်မော်တယ်ဘုရင်ယန်ယန်းက သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ဖို့အတွက် အကြောင်းပြချက်တစ်ခု ရှာဦးမှာပဲ… ဘာပဲပြောပြော သူက နိမ့်ကျသက်ရှိကနေ မွေးဖွားလာတဲ့ကောင်စုတ်ပဲ… အင်မော်တယ်ဘုရင်ယန်ယန်းက သူ့ကို လုံးဝသဘောကျတာမဟုတ်ဘူး”
“အမှန်ပဲ… အရင်တုန်းက ချိပ်စည်းအတွက်တိုက်ပွဲမှာ ဘယ်သူကမှ ရှဲ့ချင်းချန်ကို မြင့်မြင့်မားမားမသတ်မှတ်ခဲ့ကြဘူး… ဆူဇီမိုက ရုတ်တရက်ပေါ်ထွက်လာတာကြောင့်မဟုတ်ရင် သူက သူကမြင့်မားတိုးတက်လာမယ့် အဲဒီအခွင့်အရေးကိုတောင် ရရှိခဲ့မှာမဟုတ်ဘူး”
“ပြောရမယ်ဆိုရင် အရင်တုန်းက ချိပ်စည်းအတွက်တိုက်ပွဲက တကယ့်ကို ပြင်းထန်ကြမ်းတမ်းခဲ့တာပဲ… တက္ကသိုလ်က ဆူဇီမိုက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်အတော်များများကို ဆက်တိုက်အနိုင်ယူပြီး အင်မော်တယ်ဘုရင်ယန်ယန်းသဘောကျတဲ့ မင်းသားယန်ကိုတောင်မှ ဒုက္ခိတဖြစ်သွားစေခဲ့တယ်”
သူတို့သည် ဘေးပတ်လည်မှ ကျင့်ကြံသူများ၏ ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ ယန်လောရှုနှင့် မင်းသမီးသက်တံနီက မျက်မှောင်ကြုတ်ကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထို့နောက် ယန်လောရှုသည် သူ၏ နောက်ဘက်မှ အမာရွတ်မျက်နှာအမျိုးသားကို စိုးရိမ်ပူပန်စွာနှင့် တွေဝေတုံ့ဆိုင်းစွာ ကြည့်လိုက်၏။
တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အမာရွတ်မျက်နှာအမျိုးသားက လောကဓံကို အပြစ်တင်ဟန်ဖြင့်ပြုံးကာ ခေါင်းခါပြလိုက်၏။
“အစ်ကိုယန်… ကျုပ်အဆင်ပြေပါတယ်”
ထိုမျက်နှာက သွေးရောင်အရွတ်များဖြင့် ပြည့်နှက်နေ၏။ ထိုအပြုံးက သူ့မျက်နှာကို ပို၍ပင် ရုပ်ဆိုးအကျည်းတန်သွားစေလေသည်။
မင်းသမီးသက်တံနီက သူ့မျက်နှာကို ကြည့်ပြီး ရင်ထဲမှာ နာကျင်ကိုက်ခဲသွား၏။
သူမက ဘေးတစ်ဘက်သို့ ဆတ်ခနဲလှည့်ပြီး စောစောက ကောင်စုတ်ဟု ပြောဆိုခဲ့သောလူအုပ်ကြားထဲရှိ ကျင့်ကြံသူကိုကြည့်ကာ အော်ငေါက်လိုက်၏။
“နင်တို့ရဲ့ ခွေးပါးစပ်တွေကို ပိတ်ထားကြစမ်း”
“ဘာလဲ… ငါတို့ကို စကားပြောခွင့်တောင်မပေးဘူးလား… ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အဲလောက်တောင် တင်စီးလွန်းနေပြီလား”
ကျင့်ကြံသူက အကြောက်အလန့်မရှိဘဲ ခွန်းတုံ့ပြန်လိုက်ကြ၏။
ထိုသူရောက်ရှိနေသော ဂိုဏ်းကလည်း ကမ္ဘာမြေအဆင့် အဖွဲ့အစည်းတစ်ခုပင် ဖြစ်၏။
လွန်ခဲ့သည့် နှစ်တစ်သောင်းကသာဆိုလျှင် သူသည် တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲလိမ့်မည်မဟုတ်ပေ။ သို့သော်ယခု တက္ကသိုလ်က ယခင်ကနှင့် ဆက်လက်၍ မတူတော့ဘဲ သူတို့က ဘာကိုမှ မကြောက်တော့ပေ။
ဖြောင်း… ဖြောင်း… ဖြောင်း…
ရှေ့တည့်တည့်ကနေ လက်ခုပ်ဩဘာသံက ထွက်ပေါ်လာ၏။
စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်၏ မင်းသားက လက်ခုပ်တီးပြီး ပြုံး၍ ပြောလိုက်၏။
“ညီမသက်တံနီ… ငါတို့ မတွေ့ရတာ နှစ်ပေါင်းများစွာကြာခဲ့ပြီပဲ… နင်က တကယ့်ကို အထင်ကြီးဖို့ကောင်းသားပဲ”
စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်၏ မင်းသားနောက်မှာ အမျိုးသားတစ်ဦးက မတ်တတ်ရပ်နေ၏။ သူက အရင်တုန်းက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်လေးဖြစ်ခဲ့လေသည်။ သူသည် ချိပ်စည်းအတွက်တိုက်ပွဲမှာ ဆူဇီမို၏ နှစ်ကြိမ်တိုင်တိုင်ဖိနှိမ်ခြင်းခံခဲ့ရသော ပြန်ဝင်စားပကတိအင်မော်တယ် လေ့ရွှမ်ဖြစ်လေသည်။ ယခုအချိန်မှာ သူသည် ပကတိအင်မော်တယ်နယ်ပယ်သို့ နောက်တစ်ဖန်ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တုန်းက ဆူဇီမိုသည် ရှဲ့ချင်းချန်၏မျက်နှာကို ထောက်ထားသောကြောင့် လေ့ရွှမ်ကို လွှတ်ပေးခဲ့၏။
ဆူဇီမိုသည် ထိုသို့ပြုလုပ်ခဲ့သည်မှာ ရှဲ့ချင်းချန်ကို မျက်နှာသာပေးလိုသောကြောင့်လည်းဖြစ်၏။
တကယ်ပင် ရှဲ့ချင်းချန်သည် စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်၏ မင်းသားဖြစ်လာပြီးနောက် လေ့ရွှမ်သည် သူ့ကို ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ခြေကုပ်ရယူဖို့အတွက် ကူညီပေးကာ အဟန့်အတားများစွာကို ဖယ်ရှားပေးခဲ့၏။
သို့သော်လည်း လေ့ရွှမ်ပင် နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အရာများကို မတားဆီးနိုင်ခဲ့ပေ။
တကယ်ဆို လေ့ရွှမ်သည် ရှဲ့ချင်းချန်ကို ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အကျဉ်းထောင်ကနေ ကယ်ထုတ်ပေးခဲ့သည့် ယွင်ကျူး၏ ကြိုးစားအားထုတ်မှုမှာ အဓိနေရာကနေ ပါဝင်ပတ်သက်ခဲ့၏။
ထိုအခိုက်အတန့်မှာ လေ့ရွှမ်၏ အကြည့်သည် လူအုပ်ကြားထဲကို ဖြတ်သွားပြီး သူက တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများစွာကြားမှာ အမာရွတ်အပြည့်နှင့်အမျိုးသားကို မကြည့်ရက်နိုင်ပေ။
“အရှင်မင်းသား…”
လေ့ရွှမ်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
အမာရွတ်မျက်နှာနှင့်အမျိုးသားက သူ့ခေါင်းကို မော့မလာခဲ့ဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့်သာ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ညီကိုလေ့… အဲလိုလုပ်စရာမလိုပါဘူး… အရင်ရှဲ့ချင်းချန်က သေသွားခဲ့ပြီ”
“အခုချိန်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာသိုင်းတာအိုကိုကျင့်ကြံတဲ့ ချန်ချင်းလို့ခေါ်တဲ့ ကမ္ဘာမြေအင်မော်တယ်တစ်ဦးပဲ ရှိတယ်”
“ငါက နင့်ညီမ မဟုတ်ဘူး”
မင်းသမီးသက်တံနီက အေးစက်စွာပြောလိုက်၏။
“ငါက ယန်ယန်းအင်မော်တယ်နိုင်ငံနဲ့ ဘာပတ်သက်မှုမှမရှိတော့ဘူး”
“ဟမ့်”
စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်၏ မင်းသားက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“နင်က အဲဒီကောင်စုတ်ရှဲ့ချင်းချန်အတွက်နဲ့ အဖေနဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ ပတ်သက်မှုကို ဖြတ်တောက်ခဲ့တာပဲ… အဲဒါက နိုင်ငံကို ပုန်ကန်မှုပဲ”
“စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားအနေနဲ့ ငါက မင်းကို အချိန်မရွေးဖိနှိမ်ပြီး ယန်ယန်းအင်မော်တယ်နိုင်ငံကို ပြန်ခေါ်ပြီး အကျဉ်းချထားလို့ရတယ်”
စကားလုံးအနည်းငယ်မျှနှင့် စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်၏ မင်းသားသည် မင်းသမီးသက်တံနီကို ကြီးမားသော ပြစ်မှုတစ်ခုနှင့် စွဲချက်တင်လိုက်လေသည်။
“ဟင်းဟင်း..”
မင်းသမီးသက်တံနီက လှောင်ရယ်လိုက်၏။
“ရှဲ့ယွီ… နင်က စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားနေရာကို ခိုးယူခဲ့တာပဲ… အင်မော်တယ်ဘုရင်ယန်ယန်းရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်မဟုတ်ရင် နင်က အဲဒီနေရာနဲ့ လုံးဝထိုက်တန်မှုမရှိဘူး”
“ရှဲ့ယွီ…”
ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သက်တံနီက ငါတို့တက္ကသိုလ်ရဲ့ တပည့်ဂိုဏ်းသားတစ်ဦးပဲ… သူကငါ့ရဲ့တာအိုလက်တွဲဖော်လည်းဖြစ်တယ်… မင်းသူ့ကို ထိချင်တယ်ဆိုရင် ငါ့ကိုအရင်ဖြတ်ကျော်ရလိမ့်မယ်”
“အို… မင်းကလား”
ရှဲ့ယွီက တစ်ချက်ဝေ့ကြည့်ပြီးနောက် သရော်တော်တော်ပြုံးလိုက်၏။
“လက်စသတ်တော့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ လက်ရှိဂိုဏ်းချုပ်ပဲ… အထင်ကြီးစရာပါပဲ”
“ယန်လောရှု… ကောင်းကင်နှင်မြေကြီးတက္ကသိုလ်က အရင်ကနဲ့ တူသေးတယ်လို့ မင်းထင်လို့လား”
ထိုစဉ်မှာပင် နောက်ထပ်အသံတစ်သံထွက်ပေါ်လာ၏။
မလှမ်းမကမ်းမှာ ကျင့်ကြံသူတစ်အုပ်စုက လျှောက်လှမ်းလာ၏။ အဲဒါသည် မကြာသေးခင်နှစ်များမှာ မြင့်မားတိုးတက်လာခဲ့သော ကောင်းကင်အဆင့် အဖွဲ့အစည်းတစ်ခု… လေမီးဘုရားကျောင်းဖြစ်လေသည်။
ဦးဆောင်လာသူအမျိုးသားသည် လေမီးဘုရားကျောင်း၏ နံပါတ်တစ်ပကတိစိတ်ဝိညာဉ်အဖြစ် ကျော်ကြားသော ပကတိအင်မော်တယ်ရွှမ်ဖုန့်ဖြစ်သည်။
ပကတိအင်မော်တယ်ရွှမ်ဖုန့်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်ပြီး လာမည့် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေးရှိသည်ဟုပင် ဆိုကြလေသည်။
ပကတိအင်မော်တယ်ရွှမ်ဖုန့်က ရယ်မောကာ ပြောလိုက်လေသည်။
“ယန်လောရှု… မင်းက မင်းကိုယ်မင်းချုပ်တည်းထားပြီး စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားရှေ့မှာ ပိုပြီးတော့ ယဉ်ယဉ်ကျေးကျေးပြောဆိုဖို့ ငါအကြံပေးချင်တယ်… မင်း ဒုက္ခမရောက်ချင်ရင် သိပ်ပြီးတော့ မောက်မာမနေနဲ့”
“စည်ကားလှချေလား”
နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။
နောက်ထပ်ကောင်းကင်အဆင့်အဖွဲ့အစည်း.. လေဟာနယ်ထိုးဖောက်နန်းတော်မှ ကျင့်ကြံသူများက ရောက်ရှိလာကြ၏။
ဦးဆောင်လာသူအမျိုးသားသည် လေဟာနယ်ထိုးဖောက်နန်းတော်၏ နံပါတ်တစ်ပကတိစိတ်ဝိညာဉ် ဓားအင်မော်တယ်ဝူရှုဖြစ်လေသည်။
“မင်းတို့နှစ်ယောက်က အချိန်မှန်ရောက်လာကြတာပဲ”
ရှဲ့ယွီက သူ့လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြပြီး ပြုံး၍ ပြောလိုက်၏။
“အင်မော်တယ်ဘုရင်ယန်ယန်းရဲ့ မျိုးဆက်သွေးက မင်းသမီးသက်တံနီရဲ့ ကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတယ်… ဒါပေမဲ့ သူက သေးငယ်တဲ့ ကိစ္စလေးတစ်ခုအတွက်နဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ ပတ်သက်မှုကို ဖြတ်တောက်ပစ်ချင်နေတယ်… စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားအနေနဲ့ ငါက သူ့ကို ဖိနှိမ်မှာ ပြဿနာရှိလား”
“ဘယ်ရှိပါ့မလဲ”
ဓားအင်မော်တယ်ဝူရှုက ခေါင်းခါပြလိုက်၏။
“ဒီလိုမျိုး နိုင်ငံကိုပုန်ကန်တဲ့သူကို အပြစ်ပေးရမှာ ဖြစ်သင့်တာပဲလေ”
ပကတိအင်မော်တယ်ရွှမ်ဖုန်းကပြောလိုက်၏။
“ငါ့အထင်တော့ ဒီမိန်းမက မိစ္ဆာတာအိုမှာကျဆင်းသွားပြီ… ငါတို့ အထက်လမ်းကျင့်ကြံသူတွေက သားရဲတွေနဲ့ မိစ္ဆာတွေကို နှိမ်နင်းသင့်တယ်”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၊ လေဟာနယ်ထိုးဖောက်နန်းတော်နှင့် လေမီးဘုရားကျောင်းတို့ကြားမှာ မည်သည့်ပဋိပက္ခမှ မရှိခဲ့ပေ။
ဤနှစ်များမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ပါးလွှာသောရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား ဂရုတစိုက်ပြုမူဆောင်ရွက်နေခဲ့ကြပြီး ကောင်းကင်အဆင့် အဖွဲ့အစည်းများကို မဆန့်ကျင်နိုင်ခဲ့ကြပေ။
သို့သော်လည်း လေမီးဘုရားကျောင်းနှင့် လေဟာနယ်ထိုးဖောက်နန်းတော်ကတော့ သူတို့သည် ကောင်းကင်အဆင့်အဖွဲ့အစည်းတစ်ခုပင်ဖြစ်သော ယန်ယန်းအင်မော်တယ်နိုင်ငံဘက်မှာ ရပ်တည်ဖို့ကြိုးစားကြပေလိမ့်မည်။
ယန်လောရှုက မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်းတို့… ဒါက မဟာကျင်းမြို့တော်ပဲ… ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေကို တားမြစ်ထားတယ်”
“သူတို့ကို လှဲချလိုက်”
မည်သည့်စကားကိုမှမကြားရသည့်အလား ရှဲ့ယွီက အေးစက်စက်အမူအရာနှင့် သူ၏ လက်ကို ဝေ့ယမ်းပြီး မင်းသမီးသက်တံနီရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
ချက်ချင်းပင် ပကတိအင်မော်တယ်ငါးဦးက မင်းသမီးသက်တံနီရှိရာသို့ ခုန်ဝင်လာကြ၏။
လေ့ရွှမ်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့တက်လှမ်းလာခြင်းမရှိပေ။
ယန်လောရှုနှင့် မင်းသမီးသက်တံနီက နှိမ့်နှိမ့်ချချနေမည်ဆိုလျှင် ရှဲ့ယွီသည် သူတို့ကိုလှောင်ပြောင်သရော်ပြီးနောက် ထွက်ခွာသွားပေလိမ့်မည်။
သို့သော်လည်း လူစည်ကားသောလမ်းမထက် လူတိုင်းရှေ့မှာ သူ့ကို ပြန်လှန်ပြောဆိုရဲခဲ့လေသည်။
ထိုအချက်က ရှဲ့ယွီ၏ သတ်ဖြတ်လိုစိတ်ကို ချက်ချင်းပင်နိုးထလာစေလေသည်။
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ယန်လောရှုက ဒေါသချောင်းချောင်းထွက်သွားပြီး သူ၏ ဓားကို ဆင့်ခေါ်လိုက်၏။
မှန်ကန်ဖြောင့်မတ်သောအော်ရာတစ်ခုက ပဲ့တင်ထပ်ပြီး အဘက်ဘက်ကိုဖြန့်ကြက်ကာ ဝင်ရောက်လာသော ပကတိအင်မော်တယ်ငါးဦးကို တားဆီးလိုက်လေသည်။