ငါက ဥပဒေပဲ
Vol. 209 Ch. 3127
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်… မင်းတို့ဘယ်လိုတောင် လုပ်ရဲတာလဲ”
ရုတ်တရက် အမျိုးသားတစ်ဦးက လေထဲမှာပေါ်ထွက်လာပြီး အေးစက်စက်အမူအရာနှင့် မတ်တတ်ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သံမဏိသွေးသတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နှက်နေပြီး သူ၏ ခါးမှာ ထက်ရှသောဓားသွားများကို ချိတ်ဆွဲထား၏။
ထိုအော်ဟစ်သံမှာ အဆုံးမဲ့စွမ်းပကားပါဝင်နေပြီး မြို့တော်ထဲရှိ အုန်းအုန်းကျက်ကျက်အသံများအားလုံးကို ချက်ချင်းပင်ဖိနှိမ်လိုက်၏။
လူတိုင်းက လှည့်ကြည့်လိုက်ကြပြီး ဝင်ရောက်လာသူကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
“မင်္ဂလာပါ ဘုရင်ထျန်ရှင်း”
မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများစွာက အလောတကြီးဒူးထောက်ချလိုက်ကြ၏။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အမျိုးမျိုးသောအဖွဲ့အစည်းများမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက်ဦးညွှတ်လိုက်ကြ၏။
ဘုရင်ထျန်ရှင်း…
သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ သတ်ဖြတ်ခြင်းနှင့် အပြစ်ပေးခြင်းကို တာဝန်ယူထားလေသည်။ သူသည် လူတစ်ယောက်တည်း၏အောက် လူတိုင်း၏အထက်မှာ ရပ်တည်လေသည်။ ဤလူသည် သွေးအေးရက်စက်ပြီး သတ်ဖြတ်ရာမှာ ပြတ်သားသူဖြစ်၏။
တိုင်းပြည်ထဲရှိ ပြိုင်စံရှားများအားလုံးကို အာဏာပါးကွက်သားအစောင့်တပ်သားများဖွဲ့စည်းရန်အတွက် စုစည်းထားပြီး သူတို့သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာ ကျော်ကြားကြလေသည်။ မဟာကျင်းအင်မော်တယ်နိုင်ငံမှာ မည်သူကမှ အာဏာပါးကွက်သားအစောင့်တပ်သားများနှင့် အတိုက်အခံမပြုလုပ်ရဲကြပေ။
ဤနှစ်များအားလုံးမှာ အာဏာပါးကွက်သားအစောင့်တပ်သားများသည် ကောင်းကင်အဆင့်သတ်မှတ်ချက်နှင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်.. ဆူဇီမို၏ လက်ထဲမှာသာ ရှုံးနိမ့်ခဲ့ရဖူးလေသည်။
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အဲဒီလူအုပ်စုကတော့ သွားရှာပြီ”
“အရင်တုန်းက တက္ကသိုလ်က တပည့်ဂိုဏ်းသားတစ်ယောက် ဆူဇီမိုက နံပါတ်တစ်အာဏာပါးကွက်သားအစောင့်တပ်သားစုန့်စဲကို သတ်ဖြတ်ခဲ့တယ်… သူက မဟာကျင်းအင်မော်တယ်နိုင်ငံထဲကိုတောင်မှ တစ်ယောက်တည်းဝင်ရောက်ပြီး မဟာကျင်းရဲ့သားတော် မင်းသားယွမ်ကျောကို သတ်ဖြတ်ခဲ့တယ်… အဲဒီနောက်သူက ပကတိမိုးကြိုးမြို့တော်ကိုပါ မီးရှို့ခဲ့သေးတယ်… သူတို့တွေက ရန်ငြိုးရန်စရှိခဲ့ပြီးသားပဲ”
“အဲဒီအချိန်တုန်းက မဟာကျင်းအင်မော်တယ်နိုင်ငံက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နဲ့ စာရင်းမရှင်းခဲ့ဘူး… ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အဲဒီအချိန်တုန်းက ကောင်းကင်အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်နေလို့ သူတို့က စိုးရိမ်ပူပန်နေတာကြောင့်ဖြစ်နိုင်တယ်”
“အခု… ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဒီအခြေအနေထိ ကျဆင်းသွားပြီဆိုတော့ မဟာကျင်းအင်မော်တယ်နိုင်ငံက သူတို့ကို အလွယ်တကူသေချာပေါက်လွှတ်ပေးတော့မှာမဟုတ်ဘူး”
စောင့်ကြည့်နေသော ကျင့်ကြံသူများစွာသည် သူတို့၏ ရင်ထဲမှာ သိရှိထားပြီး သူတို့၏ စိတ်ဝိညာဉ်များဖြင့် တိတ်တဆိတ်ဆက်သွယ်ပြောဆိုကာ ဖြစ်ပျက်လာမည့်အရာကို စောင့်ဆိုင်းနေကြ၏။
“ဘုရင်ထျန်ရှင်း… ဒါက ဘာသဘောလဲ”
ယန်လောရှုက သူ၏ ရင်ထဲရှိ မှန်ကန်ဖြောင့်မတ်မှုအပေါ် မှီခိုပြီး ဘုရင်ထျန်ရှင်း၏ ဖိအားကို တောင့်ခံကာ လေးနက်သောအသံဖြင့်မေးလိုက်၏။
ဘုရင်ထျန်ရှင်းက အေးစက်စွာပြောလိုက်၏။
“တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်အနေနဲ့ မင်းက မြို့တော်ထဲမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ပိတ်ပင်တားမြစ်ထားတယ်ဆိုတာမသိဘူးလား”
“ဒါက ငါတို့တက္ကသိုလ်ရဲ့အမှားမဟုတ်ဘူး”
ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အရင်စတင်တိုက်ခိုက်ပြီး ငါတို့တက္ကသိုလ်က တစ်ယောက်ယောက်ကို ဖမ်းဆီးချင်ခဲ့တာက ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ ရှဲ့ယွီပဲ… အဲဒါကြောင့် ငါတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြရတာ.. ဒီမှာရှိတဲ့ကျင့်ကြံသူတွေ ငါတို့အတွက် သက်သေခံပေးနိုင်တယ်”
လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်နေ၏။
တကယ်တော့ ယန်လောရှုပြောသည်က မှန်ကန်လေသည်။
ဖြစ်စဉ်တစ်ခုလုံးကို ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာက တွေ့မြင်ထားခဲ့၏။ အရင်စတင်တိုက်ခိုက်ခဲ့သူက တကယ်ပင်ရှဲ့ယွီဖြစ်လေသည်။ သို့သော်လည်း ယန်ယန်းအင်မော်တယ်နိုင်ငံ သို့မဟုတ် ကောင်းကင်အဆင့်အဖွဲ့အစည်းနှစ်ခုနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အတွက်နှင့် ဘယ်သူက ဆန့်ကျင်မှာလဲ။
ရှဲ့ယွီက ထိုသည်ကိုတွေ့မြင်သောအခါ သူက စိုးရိမ်ပူပန်မှုလုံးဝမရှိသည့်အလား ရှင်းပြမနေပေ။ သူက ယန်လောရှုကိုသာ သရော်တော်တော်ဖြင့်ကြည့်နေ၏။
“ကံဆိုးစွာနဲ့ပဲ ဘယ်သူကမှ မင်းကို သက်သေမခံပေးကြဘူး”
ဘုရင်ထျန်ရှင်းက သူ၏ ခေါင်းကိုခါပြီး အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“ယန်ယန်အင်မော်တယ်နိုင်ငံက အရင်စတင်တိုက်ခိုက်ခဲ့မယ်ဆိုရင်တောင် မင်းတို့တွေက မြို့ထဲမှာရှိတဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတွေကို အကူအညီတောင်းရမယ်… ပြန်ပြီးတိုက်ခိုက်လို့မရဘူး”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူတိုင်းက ထိုစကားကိုကြားသောအခါ ဒေါသချောင်းချောင်းထွက်သွားကြ၏။
ရှဲ့ယွီသည် မည်သည့်ထိန်ချန်မှုမှမရှိဘဲ ယန်လောရှုကို တိုက်ရိုက်တိုက်ခိုက်ရန် ပကတိအင်မော်တယ်ငါးဦးကို စေလွှတ်ခဲ့လေသည်။ သူတို့က အာဏာပါးကွက်သားအစောင့်တပ်သားများကို အကူအညီသွားတောင်းနေသည့်အချိန်မှာ ယန်လောရှုက လမ်းမထက်မှာ သေဆုံးနေပေလိမ့်မည်။
ဘုရင်ထျန်ရှင်းက သိသိသာသာဘက်လိုက်နေ၏။ သို့သော်လည်း ဤအကြောင်းပြချက်က တကယ့်ကို ရယ်စရာကောင်းလွန်းလေသည်။
ဘုရင်ထျန်ရှင်း၏ စိတ်နေသဘောထားအရ အာဏာပါးကွက်သားအစောင့်တပ်သားများကို ခေါ်လည်း ဘာများအသုံးဝင်နိုင်မှာလဲ။
ယန်လောရှုက ဒေါသထွက်လွန်းသော်လည်း ရယ်မောပြီး အော်ပြောလိုက်၏။
“လောကမှာ ဒီလိုမျိုးသဘောတရားရှိလို့လား”
“ရှဲ့ယွီနဲ့တခြားသူတွေက ငါ့ကိုသတ်ဖြတ်ချင်ခဲ့တယ်… ဒါပေမဲ့ ငါကတော့ ပြန်ပြိးတော့ တိုက်ခိုက်လို့မရဘူး… ငါက ခုခံဆန့်ကျင်တာနဲ့ မင်းက ငါ့ကိုအပြစ်ပေးချင်တာလား”
“ဘုရင်ထျန်ရှင်း… ခင်ဗျားက မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အပြစ်ပေးခြင်းကို တာဝန်ယူထားပြီး သမာသမတ်ကျတယ်လို့ ကြားဖူးထားတာ… အခုတော့ မဟာကျင်းရဲ့ ဥပဒေတွေက ဒီလောက်ထိ ရယ်စရာကောင်းပြီး ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးထင်မြင်ချက်တွေပေါ်မှာပဲ အခြေခံထားတာလား”
ဘုရင်ထျန်ရှင်း၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ မှင်သေသေဖြင့်ပြောလိုက်၏။
“အဲဒီစကားနဲ့တင် မင်းက မဟာကျင်းမြို့တော်ထဲကနေ အသက်ရှင်လျက်ထွက်သွားဖို့ စိတ်ကူးသာယဉ်နေလိုက်တော့”
“စကားတစ်ခွန်းကြောင့်နဲ့ ရှင်က လူတစ်ယောက်ကို သတ်ချင်နေတာလား… ဘုရင်ထျန်ရှင်း… ရှင့်ရဲ့ အပြစ်ဒဏ်ပေါ် စီမံခန့်ခွဲပုံက ဒါပဲလား”
မိုချင်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာမေးလိုက်၏။
ပန်းချီအင်မော်တယ်သည် မည်သို့ပင်ဆိုစေ ကျင့်ကြံသူများစွာ၏ ရင်ထဲမှာ သိသာထင်ရှားသော လွှမ်းမိုးမှုတစ်ခုရှိနေ၏။
မိုချင်ထွက်လာပြီးနောက် လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲအသံများထက်ပေါ်လာပြီး လူများက စတင်၍ တီးတိုးပြောဆိုလာကြ၏။
“ဟမ်”
ဘုရင်ထျန်ရှင်း၏ အကြည့်က အေးစက်နေပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေထဲမှာ ငါ့စကားက စည်းမျဉ်းစည်းကမ်းပဲ… ငါ့ရဲ့ စိတ်ဆန္ဒက ဥပဒေပဲ”
ဘုရင်ထျန်ရှင်းထံမှ ဖြာထွက်လာသည့် သံမဏိစကားနှင့် သတ်ဖြတ်ခြင်းအော်ရာနှင့်အတူ စွမ်းအားကြီးမားသော အင်မော်တယ်ဘုရင်ဖိအားက သံသယများအားလုံးကို ချက်ချင်းပင်ဖိနှိမ်လိုက်၏။
ထိုအခိုက်အတန့်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံသည် အခြေအနေကို အသုံးချဖို့ ကြိုတင်ပြင်ဆင်ထားပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို အလွတ်ပေးတော့မည်မဟုတ်ဘူးဆိုတာ အမျိုးမျိုးသောအဖွဲ့အစည်းများက ပြောနိုင်ကြပြီဖြစ်၏။
“ခင်ဗျားဘာဖြစ်ချင်လို့လဲ”
ယန်လောရှုက လေးနက်သောအသံဖြင့် မေးလိုက်၏။
ယခုအချိန်မှာ ဆက်လက်၍ ငြင်းခုံနေဖို့ အဓိပ္ပါယ်မရှိတော့ပေ။
ဘုရင်ထျန်ရှင်းက ပြောလိုက်၏။
“အစကတော့ မင်းက သေစရာမလိုခဲ့ဘူး… ကံဆိုးစွာနဲ့ပဲ မင်းက စကားပြောတာစည်းကျော်လာခဲ့တယ်… အဲဒီအတွက် မင်းက တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရမယ်”
“အဲဒါကြောင့်မင်းက ဒီနေရာမှာသေရမယ်”
ထို့နောက် ဘုရင်ထျန်ရှင်း၏ အကြည့်က မိုချင်ထံ ရောက်ရှိသွား၏။
“သူကတော့ မြို့တော်ထဲမှာ ယန်ယန်းအင်မော်တယ်နိုင်ငံက ပကတိအင်မော်တယ်နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုမှတော့ သူကလည်း…”
“စီနီယာထျန်ရှင်း..”
ထိုစဉ်မှာပင် ရှဲ့ယွီက ရုတ်တရက်ရှေ့သို့တက်ပြီး ပြုံး၍ပြောလိုက်၏။
“နတ်မိမယ်မိုချင်က ကျုပ်ရဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံကလူတွေကို သတ်ဖြတ်ထားခဲ့တယ်… ကျေးဇူးပြုပြီး ကျုပ်ကို မျက်နှာသာပေးပါ… ဒီမိန်းမကို ကိုင်တွယ်ဖို့အတွက် ကျုပ်တို့ ယန်ယန်းအင်မော်တယ်နိုင်ငံဘက်ကို လွှဲပေးပါ… အဲဒါဆိုရင်ဘယ်လိုလဲ”
မဟာနတ်မိမယ်သုံးပါးထဲမှတစ်ပါး… ပန်းချီအင်မော်တယ်မိုချင်ကို ဖမ်းဆီးနိုင်တော့မည်ဟူသောအတွေးနှင့် သူ၏ စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်မှ မောင်းမဆောင်ကို ပြန်လည်းမြင်ယောင်ချိန်မှာ ရှဲ့ယွီက စိတ်လှုပ်ရှားတက်ကြွလာပြီး သွေးများဆူပွက်လာသည်ဟု ခံစားလိုက်ရ၏။
“အဲဒါဆိုလည်း ရတယ်လေ”
ဘုရင်ထျန်ရှင်းက ခေါင်းညိတ်ပြလိုက်၏။
စကားလုံးတချို့မျှနှင့် ယန်လောရှုနှင့် မိုချင်၏ ကံကြမ္မာကို ဆုံးဖြတ်ခဲ့လေသည်။
“လက်စသတ်တော့ မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ဘုရင်ထျန်ရှင်းဆိုတာ ဒီလောက်ထိအရှက်မဲ့တာကိုး”
ထိုစဉ်မှာပင် အမျိုးသမီးတစ်ဦး၏ အသံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာပြီး သူမ၏ စကားက တကယ့်ကိုတုန်လှုပ်စရာကောင်းနေသည်။
စောစောက ယန်လောရှုသည် ဘုရင်ထျန်ရှင်း၏ တရားစီရင်မှုကို မေးခွန်းထုတ်ခဲ့သည့်အတွက် သေမိန့်ကျခဲ့လေသည်။ ဘုရင်ထျန်ရှင်းကို အော်ငေါက်ရဲသည့်သူက ဘာဆက်ဖြစ်မှာလဲ။
လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့လှည့်ကြည့်ပြီး သူတို့၏ မျက်လုံးများက ဝင်းလက်သွား၏။
ချောမောလှပသော တာအိုပညာရှင်သီလရှင်တစ်ဦးက သူမ၏ အင်္ကျီလက်စကို တဖျတ်ဖျတ်လှုပ်ခါကာ လျှောက်လှမ်းလာ၏။ သူမသည် ရိုးရှင်းစွာဝတ်ဆင်ထားသော်လည်း သူမ၏ လှုပ်ရှားမှုတိုင်းက ဖော်မပြတတ်သော ဓမ္မတာအိုတစ်ခုကို ဖြာထုတ်ပေးနေ၏။
မျက်စိစူးစရာအကောင်းဆုံးအရာမှာ သူမ၏ ကျောထက်မှာ တင်ဆောင်လာသည့် ဧရာမစတုရန်း စစ်တုရင်ခုံတစ်လုံးဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ ထိုအမျိုးသမီးသည် ဤနေရာသို့ မိုင်ပေါင်းထောင်ချီကြယ်တာရာကောင်းကင်တစ်ခုကို သယ်ဆောင်လာသည်ဟု လူတိုင်းက ခံစားနေရ၏။
မဟာနတ်မိမယ်သုံးပါးထဲမှတစ်ပါး… စစ်တုရင်အင်မော်တယ်ကျွင်းယု။
“ဒီတစ်ခေါက် နှစ်တစ်သောင်းတွေ့ဆုံပွဲကို မဟာနတ်မိမယ်သုံးပါးထဲမှနှစ်ပါးရောက်လာခဲ့ပြီပဲ”
“စစ်တုရင်အင်မော်တယ်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုတက်လှမ်းပြီး အင်မော်တယ်ဘုရင်မတစ်ဦးဖြစ်လာခဲ့ပြီ.. အဲဒါကြောင့် သူက ယုံကြည်မှုရှိနေတာကိုး”
“သူက ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာပဲရှိတယ်… ဘုရင်ထျန်ရှင်းထက် အများကြီးနိမ့်ကျနေတုန်းပဲ”
ဆွေးနွေးပြောဆိုသံများက လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။
“လက်စသတ်တော့ နတ်မိမယ်ကျွင်းယုပဲ… အဲဒါကြောင့် မင်းက ငါ့ရှေ့မှာ ပြောချင်ရာလျှောက်ပြောရဲနေတာပေါ့… တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှာ မင်းကို သွန်သင်ဆုံးမမယ့်သူမရှိဘူးလား”
ဘုရင်ထျန်ရှင်းက စိုက်ကြည့်လိုက်၏။
ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာတစ်ခု ကွပ်မျက်ဆေဘာက ပေါ်ထွက်လာပြီး ချက်ချင်းပင် အဆုံးမဲ့ သွေးဆာရက်စက်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
ဘုရင်ထျန်ရှင်းက အေးစက်စွာပြောလိုက်၏။
“တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှာ မင်းကို ဆုံးမနိုင်မယ့်သူ ဘယ်သူမှမရှိဘူးဆိုရင် သူတို့ကိုယ်စား မင်းကို ငါ သင်ခန်းစာတစ်ခုသင်ပေးမယ်”
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ အင်မော်တယ်ဘုရင်နှစ်ဦးက ရှေ့သို့အလောတကြီးထွက်ပြီး ကျွင်းယုကို တားဆီးကာ အသံနှိမ့်၍ ပြောလိုက်၏။
“ကျွင်းယု… ဒါက တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး… အားအားယားယားဝင်မပါစမ်းပါနဲ့”
သူတို့ထဲမှတစ်ယောက်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဒါက မဟာကျင်းမြို့တော်ပဲ… ပဋိပက္ခတစ်ခု ဖြစ်ပွားလာမယ်ဆိုရင် ငါတို့သုံးယောက်က ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး”
ကျွင်းယုက နှုတ်ဆိတ်နေ၏။
သူမသည် ဘုရင်ထျန်ရှင်းကို မယှဉ်နိုင်ဘူးဆိုတာ သူမကိုယ်တိုင်လည်းသိရှိထား၏။
သို့သော်လည်း ဘုရင်ထျန်ရှင်းက အခြားသူများကို ဤကဲ့သို့အနိုင်ကျင့်နေသည်ကို သူမက ကြည့်မနေနိုင်ရုံသာဖြစ်၏။
“တာအိုရောင်းရင်းကျွင်းယု… ခင်ဗျားရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်”
ရုတ်တရက် ယန်လောရှုက ပြုံးပြလိုက်၏။ အခြားသူများကို ဒုက္ခမရောက်စေလိုဘဲ သူက အသံကိုမြှင့်ကာ ပြောလိုက်၏။
“ဒီနေ့ကိစ္စရဲ့အမှားအမှန်ကို လူတိုင်းသိကြတယ်… ခင်ဗျားကျုပ်ကို သတ်နိုင်တယ်… ဒါပေမဲ့ တောင်းဆိုစရာတစ်ခုပဲရှိတယ်”
“ခင်ဗျား.. တက္ကသိုလ်က တခြားသူတွေကို လွှတ်ပေးနိုင်မလား”
“ဂိုဏ်းချုပ်…”
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက လှုပ်ရှားယိမ်းယိုင်သွားကြ၏။
“လောရှု… ကျွန်မရှင်နဲ့ အဖော်ပြုပေးမယ်”
မင်းသမီးသက်တံနီက ရှေ့သို့ခြေတစ်လှမ်တိုးပြီး ယန်လောရှု၏ ဘေးမှာ မတ်တတ်ရပ်လိုက်၏။
“မင်းလိုမျိုးသေရတော့မယ့်သူက ငါနဲ့ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မမီဘူး”
ဘုရင်ထျန်ရှင်း၏ လေသံက အေးစက်နေပြီး ငြင်းပယ်လိုက်၏။
ထိုအခိုက်အတန့်မှာ ကျင့်ကြံသူများစွာက အနီးနားမှာ စုဝေးရောက်ရှိနေကြပြီဖြစ်၏။ သူတို့ထဲမှ အချို့သည် အရင်က နှစ်တစ်သောင်းတွေ့ဆုံပွဲနှင့် ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲမှာပင် ပါဝင်ခဲ့ကြဖူးလေသည်။
ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က ခေါင်းခါပြီး သက်ပြင်းချလိုက်ကြ၏။
အရင်တုန်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် အလွန်တရာကျော်ကြားခဲ့လေသည်။ နှစ်တစ်သောင်းတွေ့ဆုံပွဲမှ ဆူဇီမိုသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကို စီးပိုးခြယ်လှယ်စွာဖြင့် ရယူခဲ့လေသည်။
ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲမှာ သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်နိုင်ငံ၏ အသန်မာဆုံးပြိုင်စံရှား ယွင်ထင်နှင့် နောက်ထပ်တုန်လှုပ်စရာကောင်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့၏။ ထိုတိုက်ပွဲက ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး နောက်ဆုံးမှာ သူက အနိုင်ရခဲ့လေသည်။
သို့သော်ယခု ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် အလွယ်တကူနင်းချေခံရနိုင်သည့် ဤအခြေအနေထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
“ကျွတ်… ကျွတ်… ကျွတ်…”
ထိုစဉ်မှာပင် လမ်းမရှည်ထက် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာပြီး အထဲကနေ ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာ၏။
ထို့နောက် ဖြူဖပ်ဖြူရော် ပြောင်ချောချောမျက်နှာနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။
“တကယ့်ဆရာကြီးတွေပဲ… ငါတို့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အနိုင်ကျင့်ဖို့ ဒီလောက်ထိလွယ်ကူတယ်လို့ မင်းထင်လို့လား။”