← Chapters

ကပ်ဘေး

Vol. 209 Ch. 3133

ကပ်ဘေး

Vol. 209 Ch. 3133

“ခင်ဗျား ကျုပ်ကို မမှတ်မိဘူးလား”

ရှဲ့ချင်းချန်က အံကိုကြိတ်ပြီး အင်မော်တယ်ဘုရင်ယန်ယန်းကို စိုက်ကြည့်ကာ စကားလုံးတချို့ ထွက်ကျလာ၏။

အင်မော်တယ်ဘုရင်ယန်ယန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထိုအသံကို ရင်းနှီးနေပုံရလေသည်။

ခဏမျှစဉ်းစားပြီးနောက် အင်မော်တယ်ဘုရင်ယန်ယန်းက ရှဲ့ချင်းချန်၏ မျက်လုံးများကို ခဏကြာစိုက်ကြည့်ပြီးနောက် သူ၏ အမူအရာက တည်တံ့သွားပြီး အေးစက်စွာ ပြောလိုက်၏။

“မင်းကိုး…”

“ခင်ဗျား နောက်ဆုံးတော့ ကျုပ်ကို မှတ်မိသွားပြီပေါ့လေ”

ရှဲ့ချင်းချန်က လောကဓံကို အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“ကျုပ် အမြဲတမ်းသိချင်နေခဲ့တာ… ဒီနှစ်တွေအားလုံးမှာ ခင်ဗျား ကျုပ်ကို ခင်ဗျားရဲ့သားလို့တောင်မှ ပြုမူဆက်ဆံခဲ့ရဲ့လား… ခင်ဗျား ကျုပ်အမေကိုရော သဘောကျခဲ့ရဲ့လား”

“မင်းလား”

အင်မော်တယ်ဘုရင်ယန်ယန်းက ရယ်မောလိုက်၏။

“မင်းက ငါ့ရဲ့မျိုးဆက်သွေးကို အမွေဆက်ခံဖို့ ထိုက်တန်လို့လား”

“အရင်တုန်းက ငါ မင်းကို အခန့်မသင့်ဘဲ ရခဲ့တာပဲ… မဟုတ်ရင် မင်းအမေလို အောက်ဘုံလောကက လူတစ်ယောက်ကို ငါက ဘယ်လိုသဘောကျနိုင်မှာလဲ… ငါ့ရဲ့မောင်းမဆောင်ထဲမှာ မရေမတွက်နိုင်တဲ့ အချောအလှတွေ ရှိပြီးသားပဲ… မင်းအမေက အစေခံတစ်ဦးပဲ… သူက ငါ့ရဲ့မောင်းမဆောင်ထဲကို ဝင်ရောက်ဖို့တောင် အဆင့်မမီဘူး”

ရှဲ့ချင်းချန်က ထိုစကားကို ကြားသောအခါ သူ၏ အသားက တဆတ်ဆတ်တုန်ယင်လာ၏။ သူက လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ၏ လက်ဆစ်များကပင် ဖြူဖွေးလာ၏။

အင်မော်တယ်ဘုရင်ယန်ယန်း၏ ကျင့်ကြံမှုက ဖျက်ဆီးခံထားရပြီး သူ၏ တာအိုနှလုံးသားက လဲပြိုကျနေ၏။ သူက ယနေ့မှာ သေချာပေါက်သေရတော့မည်ဆိုတာကို သိရှိထားပြီး သူက သတိကို လွှတ်ချကာ လှောင်ရယ်လိုက်၏။

“ဒီဘဝမှာ ငါ့မှာ ကလေးတစ်ထောင်ကျော်ရှိတယ်… မင်းရဲ့နောက်ခံနဲ့ မင်းက ငါ့ရဲ့ယန်ယန်းမျိုးဆက်သွေးကို ရဖို့တောင်မှ မထိုက်တန်ဘူး…. ဒီနေ့အထိ မင်းရှင်သန်နေတာက အမှားတစ်ခုပဲ”

ချွင်…

ရှဲ့ချင်းချန်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူ၏ ဓားကို ဆွဲထုတ်လိုက်၏။

ဓား၏ အနားစောင်းက အေးစက်နေပြီး အင်မော်တယ်ဘုရင်ယန်ယန်း၏ မျက်နှာကို ချိန်ရွယ်ထားလေသည်။ ဓားထံမှ အေးစက်မှုတစ်ခု ဖြာထွက်နေ၏။

အင်မော်တယ်ဘုရင်ယန်ယန်းက ဒုက္ခိတတစ်ယောက်အဖြစ် လျှောကျသွားခဲ့လေပြီ။ ရှဲ့ချင်းချန်၏ ဓားချက်က သူ့ကို သေချာပေါက်ထိုးဖောက်နိုင်ပြီး သူ့ကို နေရာမှာတင် သတ်ဖြတ်နိုင်လေသည်။

“လုပ်လိုက်စမ်းပါ”

အင်မော်တယ်ဘုရင်ယန်ယန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။

“မင်း ငါ့ကိုသတ်ရဲမယ်ဆိုရင် မင်းက ကိုယ့်အဖေကိုပြန်သတ်တဲ့ သားမိုက်ဖြစ်သွားလိမ့်မယ်… သူ့အဖေကို သူပြန်သတ်တဲ့သူက လူတိုင်းရဲ့ကျိန်ဆဲခြင်းကို သေချာပေါက်ခံရလိမ့်မယ်… ဘယ်တော့မှ ပြန်ပြီးဦးမော့လာနိုင်မှာ မဟုတ်ဘူး”

ရှဲ့ချင်းချန်၏ ဓားက အနည်းငယ်တုန်ယင်နေ၏။

တကယ်တမ်းမှာ သူတို့နှစ်ယောက်ကြားတွင် မည်သည့်ခံစားချက်မှ ဆက်လက်၍ မရှိတော့ပေ။

သို့သော်လည်း သူက ထိုဓားနှင့်အတူ ရှေ့သို့ ဆက်မတိုးနိုင်ပေ။

ဂျွတ်….

ပူနွေးသော သွေးများက ပန်းထွက်လာပြီး ရှဲ့ချင်းချန်အပေါ်သို့ ဖိတ်စင်ပြန့်ကျဲသွားလေသည်။

အင်မော်တယ်ဘုရင်ယန်ယန်းမှာ ဦးခေါင်းတစ်ဝက်သာ ကျန်ခဲ့လေသည်။

သူ၏ နောက်ဖက်မှာ တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုက အားရပါးရကိုက်ဝါးနေပြီး သူ၏ သွားကြားကနေ သွေးများက စီးကျနေကာ ကြိမ်းမောင်းပြောဆိုလိုက်၏။

“ဒီလူက တော်တော်နားငြီးတာပဲ”

ထို့နောက် ယက္ခဘုရင်အကြောက်တရားက ရှဲ့ချင်းချန်ကို သွားဖြီးပြလိုက်၏။

“ဟဲဟဲ… မင်းက သူ့ကိုမသတ်ရဲလို့ ငါကူညီပေးရတာနော်”

ထိုအခါမှသာ လူတိုင်းက တုံ့ပြန်လာပြီး လူအုပ်ကြားထဲကနေ အံ့အားတသင့် အသံများ ထွက်ပေါ်လာ၏။

အင်မော်တယ်ဘုရင်ယန်ယန်း၏ ဦးခေါင်းတစ်ဝက်ကို ဧကရာဇ်တစ်ပိုင်းယက္ခက ကိုက်ဖြတ်သွားခဲ့လေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးသွား၏။

ရှဲ့ချင်းချန်၏ လက်နှစ်ဖက်က ပျော့ခွေစွာ ကျသွား၏။ သူ၏ စိတ်က ဗလာကျင်းသွားသည့်အလား သူ၏ မျက်လုံးများက ငေးငိုင်နေ၏။

နတ်မိမယ်သက်တံနီက ရှေ့သို့ အလောတကြီးတက်ပြီး သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။

သူက တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားသည့်အလား ရှဲ့ချင်းချန်က သူ့လက်ထဲရှိဓားကို နောက်တစ်ဖန် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီး ယန်ယန်းအင်မော်တယ်နိုင်ငံ ရှိရာဘက်သို့ ကြည့်လိုက်လေသည်။

အရင်တုန်းက သူ့အမေကို သတ်ဖြတ်ခဲ့သော လူအုပ်စုက အသက်ရှင်နေသေး၏။

သို့သော်လည်း လက်ရှိသူ၏ခွန်အားအရ သူက ယန်ယန်းနန်းတော်သို့ ပြန်သွားမည်ဆိုလျှင်တောင် သူ့အနေဖြင့် လက်စားချေနိုင်ဖို့ မလွယ်ကူပေ။

ရှဲ့ချင်းချန်၏ ရည်ရွယ်ချက်ကို ပြောနိုင်သည့်အလား ဆူဇီမိုက ခဏမျှစဉ်းစားပြီးနောက် ယက္ခဘုရင်ကြောက်တရားကို ကြည့်လိုက်၏။

“သူ့ကိုခေါ်သွားပြီး တစ်ချက်လိုက်ကြည့်ပေးလိုက်”

ယက္ခဘုရင်ကြောက်တရားသည် ယနေ့ကိစ္စတိုင်းအတွက် ဆူဇီမို၏ညွှန်ကြားမှုကို နာခံရန် သိုင်းတာအိုပင်မခန္ဓာထံမှ အမိန့်ရထားပြီးသားဖြစ်၏။

သူက အကြောင်းရင်းကို မသိရှိသော်လည်း သူက ထိုအမိန့်ကို မနာခံဘဲ မနေရဲပေ။ ထို့သို့ဖြင့် သူက ခေါင်းညိတ်လိုက်၏။

“ညီအကိုဆူ... ကျေးဇူးတင်ပါတယ်”

ရှဲ့ချင်းချန်က လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

ဤယက္ခတစ္ဆေက သူနှင့်အတူ လိုက်ပါလာမည်ဆိုပါက သူ့အနေဖြင့် တိုက်ခိုက်စရာပင် မလိုအပ်လောက်တော့ပေ။ အင်မော်တယ်ဘုရင်ယန်ယန်း၏ မောင်းမဆောင်ထဲသို့ ဝင်ရောက်သွားရုံမျှနှင့် ဤယက္ခတစ္ဆေသည် ထိုကြင်ရာတော်မိဘုရားများကို နေ့ခင်းကြောင်တောင်မှာ ခြောက်လှန့်သတ်ဖြတ်နိုင်လေသည်။

ယက္ခဘုရင်အကြောက်တရားက ရှဲ့ချင်းချန်ကိုခေါ်ပြီး လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

မဟာကျင်းအင်မော်တယ်နိုင်ငံဘက်မှ အခြေအနေသည် ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား ကျရောက်သွား၏။ သံသရဖူဆောင်းအဘိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်၊ သားရဲဧကရီဆီးနှင်းနှင့် အခြားသူများက မလှမ်းမကမ်းမှာ ရှိနေပြီး တိုက်ခိုက်ခြင်းမရှိဘဲ ဘေးကနေ စောင့်ကြည့်နေကြ၏။

သို့သော်လည်း ယက္ခိုသ်ဘုရင်ဆယ်ဦးကျော်ကျော် ထွက်ပေါ်လာချိန်မှာ သူတို့က တကယ်ပင် တုန်လှုပ်သွားကြ၏။

ဘုရင်ယွင်ယိုပြောသည်မှာ မှန်လေသည်။ ဤကိစ္စက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပျံ့နှံ့သွားပြီး သူတို့က အဲ့ဒါကို အကိုင်အတွယ်မတတ်လျှင် ကပ်ဘေးတစ်ခု ကျရောက်လာဖို့ အခွင့်များလေသည်။

ယခင်က ဆူဇီမို၏ စကားကို လူတိုင်းက ဟာသတစ်ခုအဖြစ် မှတ်ယူခဲ့ကြ၏။

ယခု သူသည် ယက္ခိုသ်ဘုရင်ဆယ်ဦးကျော်ကို တကယ်ပင် ခေါ်ယူပြလိုက်လေသည်။

“ရှောင်းယောင်ရဲ့ဆရာက မီးနဲ့ကစားနေတာပဲ”

ဧကရာဇ်မြောက်ပိုင်းခွန်က ညင်သာစွာ ခေါင်းခါလိုက်၏။

ဧကရာဇ်တောင်ပိုင်းဖန်းက ထပ်ပြောလိုက်၏။

“အရင်တုန်းက အဖြူရောင်မိုးကောင်ကင် အင်မော်တယ်မဟာနယ်မြေမှာ သူက အလင်းကမ္ဘာနဲ့ ပဋိပက္ခတစ်ခုရှိခဲ့တယ်… အခု ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ် ဆယ်ဦးကျော်က ပေါ်ထွက်လာပြန်ပြီ… ဒီကိစ္စက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဆီ ပျံ့နှံ့သွားဖို့ သိပ်ကြာလိုက်မှာ မဟုတ်ဘူး”

ကောင်းကင်ဘုံကမ္ဘာက လွဲလျှင် ထျန်ဟွမ်ဂိုဏ်းသည် အထီးကျန်သိုင်းသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးရှိသည်ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ လူတိုင်းက မသိရှိကြပေ။

အထီးကျန်သိုင်းသခင်ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အမှန်တကယ်ကျော်ကြားစေခဲ့သည့်တိုက်ပွဲက မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲဖြစ်ခဲ့လေသည်။

ကောင်းကင်ဘုံကမ္ဘာ၏ အစွန်အဖျားနေရာများမှာ ထျန်ဟွမ်ဂိုဏ်းကဲ့သို့ ဂိုဏ်းများစွာရှိပြီး သူတို့သည် အမျိုးမျိုးသော ထိပ်တန်းကမ္ဘာကြီးများ၏ စိတ်အာရုံကို ရရှိလိမ့်မည်မဟုတ်ပေ။

ထျန်ဟွမ်ဂိုဏ်းကို သိုင်းတာအိုပင်မခန္ဓာက တည်ထောင်ထားခြင်းဖြစ်ကြောင်း ဧကရာဇ်ပညာရှင်များ သိရှိမည်ဆိုလျှင် ယက္ခိုသ်အပြစ်သားကုန်းမြေကို ဘယ်သူဖျက်ဆီးခဲ့သလဲ သူတို့က ခန့်မှန်းမိနိုင်ပေလိမ့်မည်။

သံသရဖူဆောင်းအဘိုးအိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲ့ဒါက ယက္ခိုသ်ဆယ်ဦးကျော်ကျော်ပဲ… သူတို့တွေက ယက္ခိုသ်အပြစ်သားကုန်းမြေကနေ လွတ်မြောက်လာတဲ့ အပြစ်သားစိတ်ဝိညာဉ်တွေ ဟုတ်ချင်မှဟုတ်မှာပါ”

“အဲ့လိုဆိုရင်တော့ ဒီလိုမျိုးကိစ္စတစ်ခုကို ရှင်းပြဖို့က မလွယ်ဘူး”

နဂါးဧကရီဆီးနှင်းက သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက မကြာသေးခင်ကမှ ဧကရာဇ်အထီးကျန်သိုင်းသခင်ရဲ့ လက်ထဲမှာ အရှက်တကွဲရှုံးနိမ့်ပြီး မျက်နှာပျက်ထားရတာ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ရဲ့ ဩဇာအာဏာက ကျဆင်းသွားခဲ့တယ်”

“အခု မဟာကပ်ဘေးတစ်ခုက ကျရောက်လာတော့မှာဆိုတော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဒီကိစ္စကို အသုံးချပြီး သူတို့ရဲ့ဩဇာအာဏာကို ပြန်ပြီးထူထောင်ဖို့ အခွင့်များတယ်”

နဂါးဧကရီဆီးနှင်းသည် လက်ရှိလူတိုင်းကြားမှာ အသက်အကြီးဆုံးဖြစ်ပြီး သူက အတွေ့အကြုံများစွာ ရှိလေသည်။ ထို့သို့ဖြင့် သူမသည် ကိစ္စများကို ပိုပြီးရှင်းလင်းသော ရှုထောင့်ကနေ တွေ့မြင်နိုင်၏။

အပြစ်သားစိတ်ဝိညာဉ်များနှင့် ပူးပေါင်းခြင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ သို့မဟုတ် ၎င်း၏ နောက်ကွယ်မှ ကြီးမားသောအဖွဲ့အစည်းကို စိန်ခေါ်လိုက်ခြင်းနှင့် တူလေသည်။

မဟာကျင်းမြို့တော်ထဲမှ လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲထွက်ခွာသွားကြ၏။

ဤကဲ့သို့ ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပွားပြီးနောက် မဟာကျင်းအင်မော်တယ်နိုင်ငံက ပြီးဆုံးသွားပြီး နှစ်တစ်သောင်းတွေ့ဆုံပွဲကိုလည်း ဆက်လက်၍ ကျင်းပနိုင်တော့မည် မဟုတ်ပေ။

ဤနေရာမှာရှိသော အခြေအနေက အထိုင်ကျသွားပြီး တခြားစောင့်ကြည့်စရာ ဘာမှမရှိတော့သည်ကို တွေ့ရသောအခါ အမျိုးမျိုးသော အဖွဲ့အစည်းများကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ နောက်သို့ဆုတ်ခွာသွားကြ၏။

သံသရဖူဆောင်းအဘိုးအိုနှင့် အခြားသူများက လျှောက်လှမ်းလာကြ၏။ ဆူဇီမိုက သူတို့ကို ကြိုဆိုပြီး လက်နှစ်ဖက်ယှက်ပြလိုက်၏။

“စီနီယာတို့… ခင်ဗျားတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်… ကျုပ်က အနာဂတ်မှာ ကမ္ဘာတစ်ခုကို တည်ထောင်ပြီးရင် ခင်ဗျားတို့ကို ဧည့်သည်တော်တွေအနေနဲ့ ဖိတ်ခေါ်မယ်”

ဧကရာဇ်မြောက်ပိုင်းခွန်နဲ့ ဧကရာဇ်တောင်ပိုင်းဖန်းက အကြည့်ချင်းဖလှယ်ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ရယ်မောလိုက်ကြ၏။

သံသရဖူဆောင်းအဘိုးအိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဇီမို… မင်းရဲ့ကမ္ဘာကို တည်ထောင်မယ့်ကိစ္စကို ငါတို့အချိန်ခဏဆွဲထားရင် မကောင်းဘူးလား”

“ဘာဖြစ်လို့လဲ”

ဆူဇီမိုက မေးလိုက်၏။

သံသရဖူဆောင်းအဘိုးအိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တစ်ဖက်မှာ မင်းက အမှောင်သန္ဓေကူးပြောင်း နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ဦးကို လက်ခံထားတဲ့အတွက် အလင်းကမ္ဘာနဲ့ ဆက်ဆံရေးမကောင်းတော့ဘူး… အလင်းကမ္ဘာက ဧကရာဇ်ပညာရှင်တွေက ပေါ်ထွက်လာဖို့ အခွင့်အလမ်းများတယ်”

“တစ်ဖက်မှာတော့ ဒုက္ခအများဆုံးက မင်းရဲ့ဘေးမှာ ယက္ခိုသ်ဆယ်ဦးကျော်ကျော် ပေါ်ထွက်လာခဲ့တာပဲ”

“စီနီယာ မပူပါနဲ့… ကျုပ်မှာ ကျုပ်အစီအစဉ်နဲ့ကျုပ် ရှိပါတယ်”

ဆူဇီမိုက ပြုံး၍ပြန်ဖြေလိုက်၏။

သူသည် ဤယက္ခိုသ်များကို ပေါ်ထွက်လာခိုင်းသည်ဆိုမှတော့ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ကောင်းကင်ဘုံခုံရုံးကိုပင် ဆန့်ကျင်တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီဖြစ်သည်။

သံသရဖူဆောင်းအဘိုးအို၏ အမူအရာက တည်တံ့နေပြီး ခဏကြာနှုတ်ဆိတ်နေပြီးနောက် ထပ်မံ၍ တိုက်တွန်းလိုက်၏။

“ဒါဆို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက မင်းကို ရှာတွေ့သွားရင် ဒီကိစ္စကို ကိုင်တွယ်တဲ့အခါ မင်းသတိထားရမယ်… မင်းက အဲ့ဒီယက္ခိုသ်ဆယ်ဦးကျော်ကျော်က ယက္ခိုသ်အပြစ်သားကုန်းမြေက ဖြစ်တယ်လို့ ဝန်မခံရဘူး”

“ဒါက သတင်းပို့အဆောင်တစ်ခုပဲ… မင်း အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် အဲ့ဒါကို ချိုးချေလိုက်… အဲ့ဒါဆိုရင် ငါသိလိမ့်မယ်”

ထိုသို့ပြောရင်း သံသရဖူဆောင်းအဘိုးအိုက ဆူဇီမိုထံ သတင်းပို့အဆောင်တစ်ခုကို ကမ်းပေးလိုက်၏။

သံသရဖူဆောင်းအဘိုးအို၏ ထင်မြင်ချက်အရ ဆူဇီမိုနှင့် အခြားသူများသည် ဤတစ်ခေါက် ကောင်းကင်ဘုံကမ္ဘာမှာ သူတို့၏ အငြိုးအတေးများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။ သို့သော်လည်း သူတို့သည် တစ်ချိန်တည်းမှာပင် ကြီးမားသည့်ကပ်ဘေးတစ်ခုကို မျိုးစေ့ချထားခဲ့ပြီး အဲ့ဒါက အချိန်မရွေး ဆင်းသက်ရောက်ရှိလာနိုင်၏။

သူ့အနေဖြင့် ဆူဇီမိုကို တစ်ချိန်လုံးကာကွယ်ပေးဖို့က မဖြစ်နိုင်ပေ။ ဤသတင်းပို့အဆောင်ကသာ အသုံးဝင်ကောင်း…. ဝင်ပေလိမ့်မည်။

All Chapters