← Chapters

သေသည်တိုင်အောင် ကြောက်လန့်သွားခြင်း

Vol. 209 Ch. 3137

သေသည်တိုင်အောင် ကြောက်လန့်သွားခြင်း

Vol. 209 Ch. 3137

တကယ်တော့ အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်သည် ဆူဇီမိုက ဖုန့်စန်းထျန်နှင့် တစ်ဖက်တည်းမှာ ရှိသည်ကို ပြောနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် ထျန်ဟွမ်ဂိုဏ်းမှ မဟုတ်ဘဲ ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် ပတ်သက်မှုမရှိပေ။ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာအနေဖြင့် ဆူဇီမိုကြောင့် သူ့ကိုသတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။

“ဒီကောင်လေးက အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို ရောက်တဲ့အချိန်မှာ သူက ဘာဖြေရှင်းချက်မှမပေးဘဲ ဘုရင်ယွင်ယိုကို ဖိနှိမ်ခဲ့တယ်… အဲ့ဒါတင်မကဘူး သူက အစိမ်းရောင်မိုးကောင်းကင်နန်းတော်က ဂျင်ဆင်းသစ်သီးပင်ကိုပါ မီးလောင်ပြာချပစ်ခဲ့တယ်… ကျုပ် အရမ်းကို ရင်ကွဲပက်လက်ဖြစ်ခဲ့ရတယ်”

ထိုနေရာအရောက်မှာ အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်၏ အသံက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပြီး ခါးသက်စွာဖြင့် ပြောလိုက်၏။

“သခင်… ခင်ဗျားက မိုးကောင်းကင်ကိုးလွှာကို သိမ်းပိုက်စုစည်းပြီးတဲ့နောက် ကျုပ်က အဲ့ဒီဂျင်ဆင်းသစ်သီးပင်ကို သေချာဂရုစိုက်ထားရတာ… ခင်ဗျားကို ဆက်သနိုင်ဖို့အတွက် ဂျင်ဆင်းသစ်သီးတွေ ရင့်မှည့်လာတဲ့အချိန်ကို ကျုပ်က စောင့်နေတာ… ဒီကောင်လေးက အဲ့ဒါကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ… သူ့ရဲ့ပြစ်မှုတွေက လုံးဝခွင့်လွှတ်လို့မရဘူး”

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်ကလည်း လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်း ဖုန့်စန်းထျန်နဲ့ ကျုပ်နဲ့ကလဲ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး… ဘာရန်ငြိုးရန်စမှလည်း မရှိဘူး… ကျုပ်ကလည်း အဲ့ဒီလူကြောင့် ဒီကိုရောက်လာတာပဲ”

“သခင်... ဒီဆူဇီမိုက တခြားကမ္ဘာတွေက ဧကရာဇ်ပညာရှင်တချို့ရဲ့ အားကိုးနဲ့ ကျုပ်တို့ အင်မော်တယ်မဟာနယ်မြေတွေမှာ လုပ်ချင်ရာလုပ်နေတာ… သူက ခင်ဗျားရဲ့ ဩဇာအာဏာကို မထီမဲ့မြင်ပြုထားတာ… ကျေးဇူးပြုပြီး တခြားသူတွေကို သတိပေးတဲ့အနေနှင့် သူ့ကိုသတ်ဖြတ်ပေးပါ”

အင်မော်တယ်ဘုရင်ချင်းယန်က ထိုသည်ကို တွေ့မြင်သောအခါ သူကလည်း အလောတကြီး ဝင်ပြောလိုက်၏။

“ဆူဇီမိုက ဒီလောက်ထိ မောက်မာပြီး ရိုင်းစိုင်းရဲနေတယ်ဆိုတာ သူ့မှာ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာ ရှိနေလို့ပဲ… သခင်... အရင်တုန်းက ကျုပ်က အဲ့ဒါကို အရယူပြီး ခင်ဗျားကို ဆက်သချင်ခဲ့တာ… ဒါပေမဲ့ သူက ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တယ်”

အင်မော်တယ်ဘုရင်ချင်းယန်၏ စကားလုံးများက ပို၍ပင် မကောင်းဆိုးဝါးဆန်လေသည်။

သူက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို မြှောက်ပင့်ပြောဆိုနေစဉ် သူသည် ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကိစ္စကိုပါ ထုတ်ဖော်ပြီး အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာထံမှ စိတ်အာရုံကို ရရှိလိုနေ၏။

သူတို့သုံးယောက်က စောဒကတက် တိုင်ကြားလိုက်ပြီးနောက် ခန်းမက တစ်မူထူးခြားစွာ တိတ်ဆိတ်သွားပြီး အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာပေ။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို တစ်ချက်ခိုးကြည့်လိုက်၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် ထူးဆန်းသော အေးစက်မှုတစ်ခု ပါဝင်နေသည့် ခပ်ယဲ့ယဲ့အပြုံးတစ်ခုနှင့်အတူ သူတို့သုံးယောက်ကို ကြည့်နေ၏။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က တုန်လှုပ်သွား၏။

သူ၏ မျက်ဝန်းထောင့်ကနေ သူက မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကိုလည်း တစ်ချက်လှမ်းခိုးကြည့်လိုက်၏။

ဆူဇီမိုက မည်သည့်ကြောက်လန့်မှုမှ မရှိဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။ တကယ်ဆို သူက သူတို့နှင့် ငြင်းခုံဖို့ပင် စိတ်ကူးမရှိပေ။

တစ်ခုခုတော့ လွဲနေသည်။

စောစောက အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ကို သတ်ဖြတ်ခဲ့ပြီးနောက် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ ရုတ်တရက်မေးခွန်းထုတ်ခြင်းမှာ အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က တုန်လှုပ်နေခဲ့၏။ ထို့သို့ဖြင့် သူက ပျာပျာသလဲဖြင့် များစွာစဉ်းစားနိုင်ခြင်းမရှိဘဲ ဆူဇီမိုကို ပစ်မှတ်ထားခဲ့လေသည်။

ယခု သူ၏ စိတ်က ငြိမ်သက်လာပြီး သူက အဲ့ဒါနှင့်ပတ်သက်၍ တွေးကြည့်ရင်း ပို၍ပင် ကြောက်ရွံ့လာလေ၏။

ဆူဇီမိုသည် ဤမျှအထိ တည်ငြိမ်နေပြီး ဖုန့်စန်းထျန်နှင့်ပင် ရောက်လာရဲလေသည်။

သူ့ရဲ့မှီခိုအားထားရာက ဘာဖြစ်မလဲ။

ဖုန့်စန်းထျန်၏ နောက်ခံက ဧကရာဇ်အထီးကျန်သိုင်းသခင် ဖြစ်လေသည်။

ဆူဇီမို၏ နောက်ခံက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ ဖြစ်နိုင်မလား။

ဒါ့အပြင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ နှုတ်ဆိတ်နေမှုနှင့် သူ့မျက်နှာပေါ်မှ ထူးဆန်းသောအပြုံးက ဤကိစ္စသည် မရိုးရှင်းကြောင်း သိသိသာသာ သက်သေပြပေးနေ၏။

ထို့သို့အတွေးဖြင့် အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က ချွေးပြန်လာခဲ့ပြီဖြစ်၏။

သို့သော်လည်း သူ၏ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စေဖို့ ကြိုးစားပြီး သူက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“တကယ်တော့ ကျုပ်စောစောက ဒေါသထွက်နေလို့ပါ… ကျုပ်ရဲ့စကားကို အရမ်းကြီး အတည်အတံ့ မှတ်ယူစရာတော့ မလိုပါဘူး”

“နားလည်မှုလွဲစရာတချို့လည်း ရှိကောင်းရှိနိုင်တယ်… သခင်... ကျေးဇူးပြုပြီး ဒီကိစ္စကို အကောင်းဆုံး ဘယ်လိုကိုင်တွယ်ရမလဲ ဆုံးဖြတ်ပေးပါ”

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်သည် နှစ်ပေါင်းသန်းချီ ရှင်သန်နေထိုင်လာခဲ့ပြီး မူမမှန်မှုတစ်ခုကို သတိထားမိကာ သူ့အတွက် ထွက်ပေါက်တစ်ခုကို ချန်ထားလိုက်လေသည်။

သူက အတွေးလွန်နေခြင်းမျှသာ ဖြစ်သည်ဟု အတည်ပြုနိုင်မည်ဆိုလျှင် သူသည် တစ်ဖက်သူနှင့် အချိန်မရွေး အချေအတင်ပြန်ဖြစ်နိုင်လေသည်။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိသွားသည်ဆိုမှတော့ အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်ကလည်း တုံ့ပြန်နိုင်လေသည်။

အင်မော်တယ်ဧကရာဇ်နတ်ဆေးမိုးကောင်းကင်က ရယ်မောကာ ပြောလိုက်၏။

“စောစောက ကျုပ်က နည်းနည်းစိတ်လှုပ်ရှားနေတာ… တကယ်တော့ ဒီကိစ္စက ညီကိုအဖြူရောင်မိုးကောင်းကင် ပြောသလိုပါပဲ… နားလည်မှုလွဲစရာတချို့တော့ ရှိကောင်းရှိနေနိုင်ပါတယ်”

ခဏမျှ ရပ်တန့်ပြီးနောက် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ဆူဇီမိုကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်၏။

“ငါ ဒီတစ်ခါ ဒီကိုရောက်လာတာ ဖြေရှင်းချက်တစ်ခု တောင်းချင်ရုံပဲ… ငါ့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး… တာအိုရောင်းရင်းဆူ... မင်း အဲ့ဒါကို နားလည်မယ်လို့ ငါမျှော်လင့်တယ်”

သူတို့၏ လေသံက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့၏ စိတ်သဘောထားကလည်း သိသိသာသာ ပျော့ပျောင်းသွားလေသည်။

တကယ်ဆို သူတို့၏ စကားမှာ သွယ်ဝိုက်နေသော အဓိပ္ပာယ်တစ်ခုပင် ရှိနေ၏။ အဲဒါသည် နားလည်မှုလွဲခဲ့ပါသည်ဟု ဆူဇီမိုက ပြောလိုက်သည်နှင့် သူတို့နှစ်ယောက်က ပြီးခဲ့တာတွေကို ခဝါချပစ်ပေလိမ့်မည်။

အင်မော်တယ်ဘုရင်ချင်းယန်က နေရာမှာတင် မှင်တက်နေ၏။ သူသည် ခဏကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ အင်မော်တယ်ဧကရာဇ်နှစ်ဦး၏ အပြောင်းအလဲနောက်ကို လိုက်မမီနိုင်ပေ။

အင်မော်တယ်ဧကရာဇ်နှစ်ဦးက သူ့ကို စနောက်နေသည်ဟုပင် သူက ခံစားနေရ၏။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ဖြစ်ခဲ့သည်များကို ခဝါချချင်သော်လည်း ဘုရင်ယွင်ယိုက လက်မခံလိုပေ။

သူသည် ဤကဲ့သို့သော အခြေအနေတစ်ရပ်အထိ ကျဆင်းသွားခဲ့ပြီဖြစ်၏။ သူ၏ ဦးခေါင်းက ဖြတ်တောက်ခံထားရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန်ရရှိထား၏။ သူက အထဲမှာ ချိပ်ပိတ်ခံထားရပြီး သူက ပြန်လည်လွတ်မြောက်မည်ဆိုလျှင်တောင် သိပ်ကြာကြာနေရတော့မည် မဟုတ်ပေ။

သူက သေလူတစ်ယောက်ဖြစ်နေပြီဆိုမှတော့ ဘာကိုဆက်ပြီး ကြောက်နေရဦးမှာလဲ။

ဘုရင်ယွင်ယိုက အော်ပြောလိုက်၏။

“အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ... ဆူဇီမိုရဲ့ဘက်မှာ ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေ ရှိနေတယ်… နောက်ပြီး သူတို့တွေအားလုံးက ဘုရင်တွေနဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်တွေပဲ”

“ယက္ခိုသ်အပြစ်သားကုန်းမြေ ဖျက်ဆီးခံရတာက အဲ့ဒီလူနဲ့ ပတ်သက်ဆက်စပ်နေဖို့ အခွင့်များတယ်… အဲ့ဒါက ဆိုးယုတ်မိစ္ဆာတွေ၊ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ ပူးပေါင်းကြံစည်တဲ့ ခွင့်လွှတ်လို့မရတဲ့အပြစ်ပဲ”

“ဟီးဟီး…”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ရယ်မောလိုက်၏။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်၊ ဘုရင်ယွင်ယိုနှင့် အခြားသူများက တိတ်တဆိတ် မျက်မှောင်ကြုတ်ပြီး တွေဝေရှုပ်ထွေးသွားကြ၏။ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ဘာကိုရယ်နေသည်ကို သူတို့မသိကြပေ။

သူသည် လောကမှာ စိတ်ဝင်စားစရာအကောင်းဆုံးအရာကို ကြားလိုက်ရသည့်အလား တကယ်ပင် အူမြူးအားရနေပုံရလေသည်။

“ဟဲဟဲ”

ဆူဇီမိုကလည်း ပြုံးလိုက်၏။

ဘုရင်ယွင်ယိုအနေဖြင့် ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်များနှင့် ပတ်သက်၍ အခြားမည်သူ့ကိုမဆို ပြောပြနိုင်လေသည်။

သို့သော်လည်း သူပြောမပြနိုင်သည့် တစ်ဦးတည်းသောသူမှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ ဖြစ်သည်။

ဆူဇီမို၏ ရယ်သံကိုကြားသောအခါ ဘာကြောင့်ရယ်မသိ ဘုရင်ယွင်ယိုက ရုတ်တရက် အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်လာ၏။

ယခုအချိန်အထိကို ဆူဇီမိုက သူ့ကိုမသတ်ရသေးပေ။

ဒါဆို ဆူဇီမိုက သူ့ကို ဘာအတွက် ဒီနေရာကို ခေါ်လာခဲ့တာလဲ။

“မင်း… မင်း ဘာကိုရယ်နေတာလဲ”

ဘုရင်ယွင်ယိုက တင်းမာစွာဖြင့် မေးလိုက်၏။

“ငါက မင်းကို ဒီနေရာမှာ အေးအေးချမ်းချမ်း သေစေချင်ရုံပါပဲ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

ထိုစဉ် ခန်းမထဲမှာ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ဧကရာဇ်အထီးကျန်သိုင်းသခင်က အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အခြားနှစ်ယောက်ကို ရုတ်တရက် လှည့်ကြည့်လိုက်၏။

“တကယ်တော့ အရာရာတိုင်းအတွက် ဖြေရှင်းချက်တစ်ခု ရှိရမှာပေါ့”

ထိုစကားကို ကြားသောအခါ အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အခြားသူများက အားတက်သရော ရှိလာကြ၏။

မထင်မှတ်ထားစွာပင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ့ရပ်တည်ချက်ကို မဖော်ပြရသေးခင် ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ဖြေရှင်းချက်တောင်းနေသော သူတို့ကို အားပေးထောက်ခံလိုက်သည့်အလား အရင်ဆုံး ရှေ့ထွက်လာခဲ့လေသည်။

“ဧကရာဇ်အထီးကျန်သိုင်းသခင်... ခင်ဗျား ဘယ်လိုသဘောရပါသလဲ”

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က ရိုသေလေးစားစွာဖြင့် လက်နှစ်ဖက်ကိုယှက်ပြီး မေးလိုက်၏။

သူတို့သုံးယောက်၏ ရှေ့မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် သူ၏ လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး သူ၏ မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးကို ဖယ်ရှားကာ သူ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ပေါ်ထွက်လာစေ၏။ သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။

“ဒါက ကျေနပ်စရာကောင်းတဲ့ ဖြေရှင်းချက်တစ်ခု ဟုတ်ရဲ့လား”

ဤမျက်နှာမှာ ဖြူဖွေးနုနယ်သော အသားအရေနှင့် ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များ ရှိနေ၏။ တကယ်ဆို သူ့ပုံစံက အနည်းငယ်ပင် ကြည့်ကောင်းနေလေသည်။ သို့သော်လည်း အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်၏ မျက်လုံးထဲမှာ သူက လောကရှိ ချောက်ချားစရာ အကောင်းဆုံးအရာကို တွေ့မြင်လိုက်ရသည့်အလားပင်။

ဟာ….

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အခြားနှစ်ယောက်က ပင့်သက်ကို ရှိုက်လိုက်ကြ၏။ သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး ခေါင်းမွေးများ ထောင်ထလာ၏။ သူတို့၏ ခန္ဓာကိုယ်များက အေးစက်တောင့်တင်းသွားပြီး သူတို့၏ ဦးရေပြားက ပေါက်ကွဲထွက်လုမတတ်ဖြစ်၏။

ဆူဇီမိုက ဘုရင်ယွင်ယို၏ ဆံပင်ရှည်ကို ကိုင်ဆွဲထား၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဘုရင်ယွင်ယို၏ ဦးခေါင်းထဲမှ ပြင်းထန်သော ရုန်းကန်မှုနှင့် တဆတ်ဆတ်တုန်ခါနေမှုကို ဆူဇီမိုက ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်၏။

ထို့နောက် ၎င်းက တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

ဘုရင်ယွင်ယို၏ မျက်လုံးနှစ်ဖက်က ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နေပြီး သူ၏ အသက်ဓာတ်အားက ခန်းခြောက်သွား၏။

သူ၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်က ကြေမွပြီး သူ၏ ဝိညာဉ်က ပျက်ပြယ်သွားသည်။

သူက သေဆုံးသွားပြီဖြစ်၏။

အစကနေ ယခုအချိန်အထိ ဆူဇီမိုက မတိုက်ခိုက်ခဲ့ပေ။

သို့သော်လည်း ဘုရင်ယွင်ယို၏ ဝိညာဉ်သည် သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို တွေ့မြင်သောအခါ လိပ်ပြာလွင့်သွားခဲ့လေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်က အစကတည်းက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး အလွန်တရာအားနည်းနေ၏။ ယခင်က ဘုရင်ကျင်း၊ ဘုရင်ထျန်ရှင်းနှင့် အခြားသူများ ဆိုးဆိုးဝါးဝါး သေဆုံးသွားသည်ကို သူတွေ့မြင်ခဲ့ရစဉ် ထိုအရာက သူ့အတွက် ညှင်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ခဲ့လေသည်။

ယခု သူသည် ဤကဲ့သို့ ကြီးမားသော ကြောက်လန့်ဖွယ်ရာတစ်ခုကို တွေ့ရှိလိုက်ရပြီး သူ၏အမြုတေစိတ်ဝိညာဉ်က ဆက်လက်၍ ခံနိုင်ရည်မရှိတော့ဘဲ အကြောက်လွန်ကာ သေဆုံးသွားလေသည်။

သူ မသေခင် အရင်တုန်းက သူ၏ ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိမည်ဆိုလျှင်တောင် သူက သေချာပေါက်သေရမည်ဟု ဆူဇီမိုပြောခဲ့သောစကားကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။

အကြောင်းမှာ သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုကို သွားရောက်ရန်စခဲ့မိသောကြောင့်ပင်။

All Chapters