← Chapters

ရာဇသံပေးခြင်း

Vol. 209 Ch. 3138

ရာဇသံပေးခြင်း

Vol. 209 Ch. 3138

အင်မော်တယ်ဘုရင် ချင်းယန်ကသာ မျက်လုံးများ ပြူးကျယ်နေပြီး နေရာမှာပင် အမြစ်တွယ်ရပ်ကာ သူ၏ စိတ်က ဗလာကျင်းနေ၏။

သူက ဘာလုပ်ခဲ့မိတာပါလိမ့်…

သူတို့အဖွဲ့သည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ဖန်တီးခြင်းကြာပဒုမ္မာကို တကယ်ပင် အရယူဖို့ ကြိုးစားခဲ့ကြလေသည်။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ယခုတင် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများကို ခန့်မှန်းခဲ့ကြ၏။

တကယ်ဆို ဆူဇီမိုသည်လည်းပဲ ထျန်ဟွမ်ကုန်းမြေတိုက်မှ လာခြင်းဖြစ်မည်ဟု အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က စဉ်းစားတွေးတောနေ၏။ ဖုန့်စန်းထျန်၏ ဂိုဏ်းကို ထျန်ဟွမ်ဂိုဏ်းဟု ခေါ်ဆိုသည်ဆိုမှတော့ ဆူဇီမိုကလည်း ထျန်ဟွမ်ဂိုဏ်းကို ဝင်ရောက်ထားလောက်လေပြီ။

သို့သော်လည်း ဆူဇီမိုသည် ဧကရာဇ်အထီးကျန်သိုင်းသခင် ဖြစ်နေလိမ့်မည်ဟု သူတို့နှစ်ယောက်က လုံးဝထင်မှတ်မထားခဲ့ကြပေ။

ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို တွေ့မြင်လိုက်ရစဉ် အင်မော်တယ်ဧကရာဇ်နှစ်ဦးသည် တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အလား ခံစားလိုက်ရ၏။

ထွက်ပြေးရမယ်…

အင်မော်တယ်ဧကရာဇ်နှစ်ဦး၏ စိတ်ထဲမှာ အတွေးပေါင်းများစွာ တဖျပ်ဖျပ်ပေါ်ထွက်လာခဲ့ပြီးနောက် နောက်ဆုံး ထိုအတွေးတစ်ခုသာ ကျန်ခဲ့လေသည်။

သူတို့သည် ယခုအချိန်မှာ ဒူးထောက်ပြီး သနားညှာတာပေးဖို့ တောင်းပန်မည်ဆိုလျှင်တောင် ဧကရာဇ်အထီးကျန်သိုင်းသခင်က သူတို့နှစ်ယောက်ကို ခွင့်လွှတ်မည်မဟုတ်ဘူးဆိုတာ သူတို့နှစ်ယောက်က သိရှိထားသောကြောင့်ဖြစ်၏။

ဘုန်း… ဘုန်း…

မည်သည့်စကားမှ မဆိုတော့ဘဲ အင်မော်တယ်ဧကရာဇ်နှစ်ဦးက သူတို့၏ လောကများကို မြှောက်တင်ကာ လှည့်ထွက်ပြေးလိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက သူတို့နှစ်ယောက်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်စဉ် မီးတောက်လုံးနှစ်လုံးက သူ့မျက်လုံးများ၏ အနက်ပိုင်းထဲကနေ ပေါ်ထွက်လာ၏။

တစ်ချိန်တည်းမှာပင် သူတို့၏ ခြေရင်းမှာ နီရဲနေသော မီးတောက်နှစ်ခုက ပေါ်ထွက်လာလေသည်။

မီးတောက်များမှာ အင်မော်တယ်ဧကရာဇ်နှစ်ဦးကို ရင်တလှပ်လှပ်ဖြစ်စေသည့် စွမ်းအားတစ်ခု ပါဝင်နေ၏။

ဤသည်ကား တာအို၏ အော်ရာ ဖြစ်လေသည်။

တဗူးနည်းစနစ်တစ်ခု…

အင်မော်တယ်ဧကရာဇ်နှစ်ဦး၏ အမူအရာများက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွား၏။

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်သည် သာမန်ဧကရာဇ်တစ်ဦးသာဖြစ်၏။ သူသည် အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာ ထိန်းချုပ်ထားခဲ့သော နဂါးဖီးနစ်မီးတောက်ကိုပင် မခံနိုင်ရည်မရှိပေ။

နီရဲနေသော မီးတောက်ကတော့ ၎င်းသည် နဂါးဖီးနစ်မီးတောက်က ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးနှင့် ပေါင်းစပ်ပြီးနောက် ဆင့်ကဲပြောင်းလဲလာသော တဗူးနည်းစနစ်တစ်ခု၊ ဟင်္သပဒါးငှက် တာအိုမီး ဖြစ်လေသည်။

ချက်ချင်းပင် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ဟင်္သပဒါးငှက် တာအိုမီးဖြင့် ဝါးမျိုခံရပြီး လောင်ကျွမ်းပြာကျသွား၏။

ဟင်္သပဒါးငှက် တာအိုမီးနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ လောကအသေးက သစ်ရွက်ခြောက်တစ်ရွက်ကဲ့သို့ ချက်ချင်းပင် လောင်ကျွမ်းခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်က ပြာကျသွားလေသည်။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က အထွတ်အထိပ်ဧကရာဇ်တစ်ပါး ဖြစ်လျှင်တောင် သူသည်လည်းပဲ တဗူးနည်းစနစ်တစ်ခု၏ စွမ်းအားကို မခုခံနိုင်ပေ။

“အား…”

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်သည် အသက်ရှူချိန်အနည်းငယ်သာ ကြာလိုက်လေသည်။ စူးစူးဝါးဝါး အော်ဟစ်သံများအလယ်မှာ သူက ခန်းမ၏ ဝင်ပေါက်ဝဆီသို့ ပြေးထွက်သွားစဉ် သူ၏ ပကတိလောကက အရည်ပျော်ကျသွား၏။

ဟင်္သပဒါးငှက် တာအိုမီးက သူ့ကို ဧရာမမီးလုံးတစ်လုံးအဖြစ် လောင်ကျွမ်းပြီး သူက ခန်းမ၏ ဝင်ပေါက်ဝရှေ့မှာ လဲပြိုကျသွား၏။ တဖြည်းဖြည်း သူက တိတ်ဆိတ်ငြိမ်သက်ပြီး သေဆုံးသွားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်သည် ဘီလီယံနှင့်ချီသော ကလေးငယ်များကို ဂျင်ဆင်းသစ်သီးပင်အား ကျွေးမွေးခဲ့လေသည်။ သူ၏ အပြစ်များက အရမ်းကို ကြီးလေးပြီး အနန္တဖြစ်၏။

အဖြူရောင်မိုးကောင်းကင်နန်းတော်ကနေ ကီလိုမီတာတစ်သန်းပတ်လည်အတွင်း ရှိသမျှအရာရာတိုင်းသည် ဆူဇီမိုကြောင့် လောင်ကျွမ်းပြာကျသွားခဲ့၏။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်သည် ထိုအချိန်တုန်းက ထိုကပ်ဘေးကနေ လွတ်မြောက်နိုင်ခဲ့သော်လည်း သူသည် နောက်ဆုံးမှာတော့ လောင်ကျွမ်းပြာကျခံရပြီး ဘီလီယံနှင့်ချီသော ကလေးငယ်များနှင့်အတူ သေဆုံးသွားရလေပြီ။

ဟင်္သပဒါးငှက် တာအိုမီး ပေါ်ထွက်လာသည့်အချိန်မှာပင် အင်မော်တယ်ဘုရင် ချင်းယန်သည် ဖြာထွက်လာသော မြင့်မားသည့် အပူရှိန်ကြောင့် ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရပြီး သူက လောကကနေ အပြီးတိုင် ဖျောက်ဖျက်ခံလိုက်ရ၏။

ဘုရင်ကျင်း၊ အင်မော်တယ်ဘုရင်ယန်ယန်း၊ ဘုရင်ယွင်ယိုနှင့် အခြားသူများနှင့် ယှဉ်လျှင် အင်မော်တယ်ဘုရင် ချင်းယန်၏ သေဆုံးမှုက များစွာ သက်တောင့်သက်သာ ရှိသည်ဟု ဆိုရပေမည်။

“ကျွတ်… ကျွတ်…”

မီးတောက်လုံးနှစ်လုံးကိုကြည့်ပြီး အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက လက်ခုပ်တီးကာ အပြုံးနှင့်အတူ ချီးကျူးလိုက်၏။

“ကောင်းလိုက်တဲ့ နည်းလမ်းပဲ”

ဆူဇီမိုနှင့် ဖုန့်စန်းထျန်က အကြည့်ချင်းဖလှယ်ပြီး လှည့်ထွက်သွား၏။

“ကြည့်လေ… ငါ မင်းကို ပြောပါတယ်”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြုံးပြလိုက်၏။

“အဲ့ဒီ ဧကရာဇ်ပညာရှင်တွေက နည်းနည်းအကောင်ပိုကြီးတဲ့ ပုရွက်ဆိတ်တွေပဲ… မင်းတို့ ငါတို့လို လူတွေအတွက် သူတို့ကို ဖိချေသတ်ဖြတ်ရတာက အရမ်းကိုလွယ်တယ်”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ရှိနေပြီး သူ၏ မာန်နတ်မျက်နှာဖုံးကို တိတ်တဆိတ် ပြန်တပ်လိုက်၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ဆက်ပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်… မဟာဧကရာဇ်တွေက ကျင့်ကြံမှုရဲ့ အဆုံးသတ်မဟုတ်ဘူးဆိုတာ မင်းသိထားရမယ်… မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းပြီးမှပဲ ငါတို့တွေက ထာဝရရှင်သန်ခြင်းရဲ့အဖြေကို ရှာဖွေနိုင်မယ်”

“အထီးကျန်သိုင်းသခင်… မင်း ရှေ့ကိုပိုပြီးတော့ ဝေးဝေးရောက်အောင် ကြည့်ရမယ်… မင်းကိုယ်မင်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကန့်သတ်မထားနဲ့… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ… သူတို့တွေက မင်းနဲ့ငါနဲ့ ဘာမှမသက်ဆိုင်ဘူး”

“ငါတို့က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို အောင်မြင်ချင်တယ်ဆိုရင် မစတေးနိုင်တာ ဘာရှိရမှာလဲ… ငါတို့တွေက ကောင်းကင်ဘုံခုံရုံးကို ချိုးဖျက်နိုင်တာနဲ့ ငါတို့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတွေအားလုံးကို စတေးရမယ်ဆိုရင်တောင် ထိုက်တန်တယ်”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အသံက ညင်သာစွာ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ခုခံငြင်းဆန်ဖို့ ခဲယဉ်းသော ညှို့ငင်ဖမ်းစားခြင်း စွမ်းအားတစ်ခု ပါဝင်နေသည့်အလားပင်။

“မင်းက ကောင်းကင်ဘုံခုံရုံးထက်တောင် ပိုဆိုးနေပါလား”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို အေးစက်စွာ လှည့်ကြည့်လိုက်၏။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး သိုင်းတာအိုပင်မခန္ဓာသည် သူ့စကားဖြင့် သက်ရောက်ခြင်း လုံးဝမခံရသည်ကို အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက နားလည်သိရှိလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ကောင်းကင်ဘုံကိုးလွှာက ခုံရုံးအဖြစ် ထမ်းဆောင်ပြီး သက်ရှိတွေအားလုံးကို ကျွန်ပြုထားတယ်… သူတို့တွေက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးရဲ့ တက်လှမ်းရာ လမ်းကြောင်းကို ပိတ်ဆို့ထားပေမဲ့ အနည်းဆုံးတော့ ဒီလောကမှာရှိတဲ့ သက်ရှိတွေက အပယ်ခံဘဝဆိုရင်တောင်မှ ရှင်သန်နိုင်ကြသေးတယ်”

“ဒါပေမဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက်နဲ့ မင်းက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးကိုတောင် သတ်ဖြတ်ဖို့ ဝန်မလေးဘူး”

ဤသည်က ရယ်စရာအကောင်းဆုံး အကြောင်းပြချက် ဖြစ်လေသည်။

“ကောင်းကင်ဘုံသင်္ချိုင်း”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“တကယ်ဆို မင်းရဲ့ အစစ်အမှန်ရည်ရွယ်ချက်က ဘယ်တုန်းကမှ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ မဟုတ်ခဲ့ဘူးလို့ ငါထင်မိတယ်… မင်းက မင်းရဲ့ကိုယ်ကျိုးအတ္တ ရည်မှန်းချက်တွေအတွက် အဲ့ဒါကို ဆင်ခြေတစ်ခုအဖြစ် အသုံးချနေတာပဲ”

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံသင်္ချိုင်း၏ ရည်မှန်းချက်နှင့် အစစ်အမှန်ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပေ။

တကယ်တော့ မဟာဧကရာဇ်တစ်ပါး ဖြစ်လာခြင်းက သူ၏ ပထမဆုံးခြေလှမ်းသာ ဖြစ်၏။

သို့သော်လည်း သူ၏ နောက်ဆုံးပန်းတိုင်သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာအရှင်နှင့်လည်း စကားပြောဆိုခဲ့ဖူးသည်။

မိစ္ဆာအရှင်မှာ သူ့ကိုယ်ကျိုးအတ္တများ ရှိကောင်းရှိနေနိုင်သော်လည်း သူ့စကားအသွားအလာအရ မိစ္ဆာအရှင်၏ ပန်းတိုင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲသာ အမြဲတမ်းဖြစ်ခဲ့သည်ကို သူခံစားမိနိုင်၏။

သို့သော်လည်း ကောင်းကင်ဘုံသင်္ချိုင်း၏ ပန်းတိုင်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအားလုံး ဖြစ်နေပုံရ၏။

“ဟီးဟီးဟီး”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အဲ့ဒါကို ဝန်ခံခြင်း သို့မဟုတ် ရှင်းပြခြင်း မရှိပေ။ သူက အနည်းငယ်ကြောက်စရာကောင်းသော ပုံစံဖြင့်သာ ရယ်မောလိုက်၏။

“ကောင်းကင်ဘုံသင်္ချိုင်း”

သိုင်းတာအိုပင်မခန္ဓာက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို မကြည့်ဘဲ မြေပြင်ကိုသာ စိုက်ကြည့်နေ၏။ သူ၏ အကြည့်က အဆုံးမဲ့လေဟာနယ်များကို ထိုးဖောက်ပြီး တမလွန်ဘုံသို့ ဆင်းသက်သွားပုံရ၏။ သူက မှင်သေသေဖြင့် ပြောလိုက်သည်။

“ဒီဘက်မျိုးဆက်မှာ ငါရှိနေသရွေ့ မင်း ဘာကိုမှ မဆင်မခြင်မလုပ်တာ ပိုကောင်းလိမ့်မယ်”

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ၏ အကြည့်က အေးစက်လာ၏။

“အဲ့ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး… အကြံတစ်ခုပေးရုံပဲ”

သိုင်းတာအိုပင်မခန္ဓာ၏ လေသံက မှင်သေသေဖြင့် ရှိနေပြီး သူက ဆက်လက်၍ မနေလိုတော့ဘဲ ခန်းမအပြင်ဘက်သို့ လျှောက်လှမ်းထွက်လိုက်၏။

ကောင်းကင်ဘုံကမ္ဘာ၏ အရေးကိစ္စက အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းနှင့် လာရောက်တွေ့ဆုံရသော သူ၏ ရည်ရွယ်ချက်ကလည်း ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

သူသည် ခန်းမ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာသောအခါ သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် ရပ်တန့်လိုက်၏။

သူက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို ကျောပေးထားရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါမသွားခင် မင်းကို နောက်ထပ်အကြံတစ်ခု ပေးစရာရှိတယ်”

“မင်း ဆင်ဆင်ခြင်ခြင်နေ.. ဒုတိယမြောက် ငရဲအရှင်ဖြစ်မလာဖို့ ငါမျှော်လင့်တယ်”

ထိုစကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဆန္ဒများကို ထုတ်ဖော်ထားခဲ့ပြီဖြစ်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။

အရင်တုန်းက ငရဲအရှင် ဘာဖြစ်ခဲ့သလဲ။

အရင်တုန်းက သူသည် မဟာဧကရာဇ် အနန္တ၏ စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်းခံခဲ့ရ၏။ သူက မသေဆုံးသော်လည်း သူသည် အဝီစိငရဲမှာ ပိတ်မိနေဆဲဖြစ်ပြီး မလွတ်မြောက်နိုင်ပေ။

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် ခန်းမထဲရှိ အပူချိန်က ရုတ်တရက် ထိုးဆင်းသွား၏။

သူတို့ အပြန်အလှန် စကားပြောဆိုခဲ့စဉ် စစချင်း တစ်ယောက်ကိုတစ်ယောက် ရန်စခဲ့ပြီးနောက် နောက်ပိုင်းမှာ အရာရာတိုင်းကို အတော်လေး ချုပ်တည်းထားခဲ့ကြ၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် နောက်ဆုံးမှာတော့ ထိုစကားလုံးများကို ပြောဆိုခြင်းဖြင့် သူ၏ ရာဇသံကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီဖြစ်သည်။

ထိုစကားလုံးများမှာ ပါဝင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကို သန်မာအားကောင်းလေသည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒကနေ ခေါင်းမွေးများ ထောင်ထလာ၏။

“ဟီးဟီးဟီး”

ရုတ်တရက် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ကြောက်စရာကောင်းလောက်အောင် ထူးဆန်းစွာ ရယ်မောလိုက်သည်။

“ဘယ်လောက်တောင် ရဲတင်းလိုက်လဲ… သမိုင်းတစ်လျှောက်မှာ ငါ့ကို ဒီလိုမျိုး ပြောဆိုရဲခဲ့တဲ့သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူး”

“အထီးကျန်သိုင်းသခင်… မင်းက ငါ့ကို ရိုးရိုးလေးတွက်နေတာပဲ… ငါက ငရဲအရှင်နဲ့ တခြားသူတွေနဲ့မတူဘူး… ဘယ်သူကမှ ငါ့ကိုမသတ်နိုင်ဘူး… မဟာဧကရာဇ်အနန္တ ပြန်ပြီးမွေးဖွားလာမယ်ဆိုရင်တောင် သူ ငါ့ကို ဖိနှိမ်နိုင်မှာ သတ်နိုင်မှာ မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက လှည့်မကြည့်ဘဲ ဂမ္ဘီရမိုးကောင်းကင်ခန်းမကနေ ထွက်ခွာသွား၏။

“ဟီးဟီး… အထီးကျန်သိုင်းသခင်… မင်းမသွားခင် ငါလည်း မင်းကို အကြံပေးလိုက်မယ်”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အသံက ထပ်မံ၍ ထွက်ပေါ်လာ၏။

ရုတ်တရက် ၎င်းသည် မကောင်းဆိုးဝါးဆန်၍ အေးစက်လာပြီး သူတို့သည် တမလွန်ဘုံသို့ ဝင်ရောက်သွားသည့်အလားပင်။

“မင်းရဲ့ ခေါင်းကို ရှင်းလင်းအောင်ထားဖို့ ငါအကြံပေးလိုက်မယ်… မင်းက ဒုတိယမြောက် မဟာဧကရာဇ် အနန္တဖြစ်လာမှာကို ငါမမြင်ချင်ဘူး”

ဤသည်ကလည်း သူ၏ ရာဇသံ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်၏။ သူက အမှောင်ထဲရှိ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။

All Chapters