← Chapters

အခန်း (၁၈၁၃+၁၈၁၄)

Vol. 122 Ch. 1813+1814

အခန်း (၁၈၁၃+၁၈၁၄)

Vol. 122 Ch. 1813+1814

အခန်း(၁၈၁၃)

ကုန်းစွန်းယန်က ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှု မေးခွန်းကို ကြေညာပြီးနောက်တွင် ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

မီးတိမ်တိုက် ဆေးလုံးသည် မီးလမ်းစ ဥ်ဥပဒေသ၏ စွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သည့် ဆေးဝါး အမျိုးအစား ဖြစ်ပြီး စတုတ္ထအဆင့် နတ်ဆေးဝါးများထဲမှာပင် အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သည်။

ဆိုရလျှင် မီးတိုက်တိမ်ဆေးလုံးသည် နတ်အဆင့် အဂ္ဂိရတ်သခင်များအတွက် သန့်စင်ရန်ခက်ခဲသော ဆေးဝါး အမျိုးအစား ဖြစ်၏။

သို့သော်လည်း အောင်မြင်မှုနှုန်း ၉၀ ရာခိုင်နှုန်း‌အောက်ကို တစ်ခါမှ မကျရောက်ဖူးသော ကျန်းချန်အတွက်မူ ယင်းမှာ သံသယဖြစ်ဖွယ်ရာမရှိ လွယ်ကူသော အရာတစ်ခုပင်။

“ကောင်လေး ဒီနေရာက ငါ့နေရာပဲ.. မင်း တခြားနေရာကိုသာ ဒိုးလိုက်တော့”

ကျန်းချန်က နေရာယူပြီး သိပ်မကြာမီမှာပင် အေးစက်စက်အော်ငေါက်သံ တစ်သံသည် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင် တစ်ယောက်က သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်ကို မြင်လိုက်ရသည်။

ထိုအဂ္ဂိရတ်သခင်သည် အစောပိုင်းက ကုန်းစွန်းယန်ကို မေးခွန်းထုတ်ခဲ့သော ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင်ပင်ဖြစ်၏။

ကျန်းချန်က လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် လျစ်လျူရှုထားလိုက်ပြီး အဂ္ဂိရတ်စတင် ပြုလုပ်ရန်သာ ပြင်ဆင်နေလိုက်သည်။

ကျန်းချန်က သူ၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုလိုက်သည်အားမြင်လျှင် လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားခဲ့၏။

“ဟေ့ကောင် မင်းနားပင်းနေလား.. ငါမင်းကို ပြောနေတာ မကြားဘူးလား”

ဤနေရာက ကုန်းစွန်းယန်နှင့် အနီးဆုံးနေရာ ဖြစ်၍ သူသာ ဤနေရာတွင် အဂ္ဂိရတ်ပြုလုပ်မည် ဆိုလျှင် သူ၏ ပညာခန်းကို ကုန်းစွန်းယန်အား အပြည့်အဝ ပြသနိုင်မည် ဖြစ်ပြီး ဟန်ယွဲ့နန်းတော်တွင် ပိုမို မြင့်မားသော ဧည့်အရာရှိ အဆင့်အတန်းကို ရရှိနိုင်မည် ဖြစ်၏။

သို့သော်လည်း သူ့ရှေ့မှ မလောက်လေးမလောက်စား ကောင်လေးက ထိုနေရာကို ယူလိုက်ရာ သူ့အနေဖြင့် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ကျန်းချန်က အ‌ရေးမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီနေရာမှာ မင်းရဲ့ နာမည်ရေးမှတ်ထားတာ မရှိဘူး.. မင်းရဲ့ နေရာလို့ ပြောရအောင် မင်းကိုယ် မင်း ဘယ်သူလို့ ထင်နေတာလဲ”

“ဒီကောင်လေးက ဘယ်သူလဲ.. လုဟုန်မင်နဲ့တောင် ပြဿနာဖြစ်ရဲတယ်ဟ”

လုဟုန်မင်သည် ဟန်ယွဲ့မြို့၏ နာမည်ကျော် ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်ပြီး ဤတစ်ကြိမ် စစ်ဆေးမှုတွင် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမ ဧည့်အရာရှိဖြစ်လာရန် ဖြစ်နိုင်ချေ အများဆုံးသူလည်း ဖြစ်သည်။

“ဒီကောင်လေးအနေနဲ့ လုဟုန်မင်ကို ဆန့်ကျင်ဖို့ ရွေးချယ်တာက ဥာဏ်ရှိတဲ့လုပ်ရပ် မဟုတ်ဘူး”

“..........”

ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သူများသည် ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းခါရမ်းကာ သက်ပြင်းချလိုက်ကြသည်။

ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးသည် ဟန်ယွဲ့မြို့တွင် မြင့်မားသော အဆင့်အတန်း ရှိသည်။

ထိုကောင်လေးသည် လုဟုန်မင်ကို စော်ကားခဲ့သည် ဖြစ်ရာ ဧည့်အရာရှိ စစ်ဆေးမှုတွင်သာ မအောင်မြင်ခဲ့လျှင် ထိုကောင်လေး၏ ကျန်ရှိသည့် နေ့ရက်များသည် ခက်ခဲသွားပေလိမ့်မည်။

ကျန်းချန်၏ အထာမထားဘဲ ရိုင်းပြသောစကားကို ကြားလျှင် လုဟုန်မင်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာခဲ့သည်။

“လုဟုန်မင်.. မင်းက ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်အရာရှိအကဲဖြတ်စစ်ဆေးပွဲမှာ အာဏာလာပြနေတာလား.. ဒီနေရာက ဒီကညီနောင် အရင်ယူထားတဲ့ အတွက် မင်းနဲ့ဘာမှ မသက်ဆိုင်ဘူး.. အကဲဖြတ်စစ်ဆေးပွဲမှာ မပါဝင်ချင်ဘူးဆိုရင် အောက်ကို မြန်မြန်ဆင်းသွားလိုက် ငါတို့ရဲ့ အချိန်တွေကို လာမဖြုန်းတီးစမ်းနဲ့”

ထိုအချိန်မှာပင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော ခပ်ဝဝလူတစ်ဦး၏ အောင်ငေါက်သံသည် လုဟုန်မင်၏ အနောက်ကနေ ထွက်ပေါ်လာခဲ့သည်။

လုဟုန်မင်က လှည့်ကြည့်လိုက်ရာ ခပ်ဝဝလူငယ်ကို မြင်လျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ချင်းရှန့်.. ဒီကိစ္စက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး.. မင်းဝင်မပါတာ အကောင်းဆုံးပဲ”

ထိုခပ်ဝဝလူသည် ဟန်ယွဲ့မြို့ရှိ ချင်းမိသားစု ကုန်သည်အသင်းမှ သခင်လေး ဖြစ်ပြီး နောက်ခံအင်အား အလွန်ပင် တောင့်တင်းသည်။

ယင်းကြောင့် သူက ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်သော်လည်း ချင်းရှန့်ကို အလွယ်တကူ မစော်ကားရဲပေ။

ဤအချိန်တွင် ချင်းရှန့်က ကျန်းချန်ဘက်ကနေ ရပ်တည်ကာ စကားပြောပေးလိမ့်မည်ဟု လုဟုန်မင် မမျှော်လင့်ထားခဲ့ပေ။

“အသက်ဆယ်ရှိုက်စာ အချိန်အတွင်း နေရာမယူရသေးဘူးဆိုရင် ကျောက်စင်မြင့်ထက်နေ ဆင်းသွားလိုက်တော့”

လုဟုန်မင် မကျေမနပ် ဖြစ်နေသော အချိန်မှာပင် ကုန်းစွန်းယန်၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့သည်။

“ကောင်လေး မင်းငါ့ကို စောင့်နေလိုက်”

လုဟုန်မင်က ကျန်းချန်ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ဘယ်ဘက်ရှိ နေရာတစ်ခုတွင် နေရာယူလိုက်သည်။

ချင်းရှန့်ကမူ ကျန်းချန်၏ ညာဘက်တွင် လျင်မြန်စွာ နေရာဝင်ယူလိုက်၏။

“ညီနောင် မင်းသတိထားမှရမယ်.. လုဟုန်မင်က အတော်လေးသောက်ကျင့် မကောင်းတဲ့ကောင်ပဲ...မင်း ဒီနေ့ သူ့ကို စော်ကားခဲ့တဲ့အတွက် သူမင်းကို လွယ်လွယ်နဲ့ အလွှတ်ပေးမှာ မဟုတ်လောက်ဘူး”

ချင်းရှန့်က နေရာယူပြီးနောက်တွင် ပြုံးရွှင်သော အမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။

“ညီနောင် မင်းအကူအညီ လိုအပ်တာတွေရှိရင် ဟန်ယွဲ့မြို့က ချင်းမိသားစု ကုန်သည်အသင်းဆီ အချိန်မရွေး လာခဲ့နိုင်ပါတယ်”

ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ခွင့်ရသူများသည် အနည်းဆုံး စတုတ္ထအဆင့်နတ်အဂ္ဂိရတ်သခင်များ ဖြစ်သည်။

၎င်းတို့အနေဖြင့် ဟန်ယွဲ့နန်းတော်သို့ မဝင်ရောက်နိုင်လျှင်ပင် ဟန်ယွဲ့မြို့တော်တွင် အလွန်မြင့်မားသော အဆင့်အတန်းတွင်ရှိ၏။

ကျန်းချန်သာ သဘောတူသရွေ့ ချင်းရှန့်က ကျန်းချန်ကို ချင်းမိသားစု ကုန်သည်အသင်းဆီ သိမ်းသွင်းရန် စိတ်ကူးထားခဲ့သည်။

“ကျေးဇူးတင်ပါတယ် ညီနောင်”

ကျန်းချန်က ပေါ့ပါးစွာပြုံး၍ ပြန်ဖြေလိုက်သည်။

ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးသည် ဟန်ယွဲ့မြို့တော်တွင် စွမ်းအားတချို့ ရှိသည့်တိုင် နယ်မြေနတ်ဘုရားများ၏ ထောက်ပံ့မှုကို ရရှိထားမည် မဟုတ်လောက်ပေ။

ကျန်းချန် လက်ရှိခွန်အားဖြင့်ဆိုလျှင် နယ်မြေနတ်ဘုရားအဆင့် မဟုတ်သရွေ့ အခြေခံအားဖြင့် မည်သူမှ သူ့ကိုခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

ကျန်းချန်၏ တည်ငြိမ်သော အမူအရာကို မြင်လျှင် ချင်းရှန့်၏ မျက်ဝန်းတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ချင်းမိသားစု၏ သခင်လေးအနေဖြင့် ချင်းရှန့်သည် ဟန်ယွဲ့မြို့မှ ကျင့်ကြံသူ အများအပြားနှင့် ဆက်ဆံရာတွင် သူ၏ အဖေကို နှစ်ကာလကြာမြင့်စွာ အကူအညီပေး၍ သူ၏ အမြင်အာရုံသည် သဘာဝကျစွာပင် ထူးခြားမှုရှိသည်။

သူ၏ ပင်ကိုသိစိတ်အရ သူ့ရှေ့မှ ကောင်လေးက ထူးခြားမှုရှိမှန်း အလိုလို သိနှင့်နေခဲ့၏။

“ညီနောင်.. ဒီတစ်ကြိမ် အကဲဖြတ်စစ်ဆေးမှုရဲ့ မေးခွန်းက အနည်းငယ်တော့ ခက်ခဲတယ်”

ချင်းရှန့်က ယဥ်ကျေးသော အမူအရာဖြင့် ချက်ချင်းဆိုသလို ပြောလိုက်သည်။

“ငါက ချင်းမိသားစု ကုန်သည်အသင်းက ချင်းရှန့်ပါ.. ငါတို့ အချင်းချင်း ရင်းနှီးသွားပြီ ဆိုတော့ အဂ္ဂိရတ်ပြုလုပ်တဲ့အခါကျရင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး ဟန်ယွဲ့နန်းတော်ဆီ အတူတူဝင်နိုင်အောင် ကြိုးစားကြစို့”

ချင်းရှန့်သည် ချင်းမိသားစု ကုန်သည်အသင်း၏ သခင်လေးတစ်ယောက် ဖြစ်သည်။

သူက ကဏ္ဍအားလုံးတွင် သာမန်အရည်အချင်းမျှသာ ရှိသော်လည်း ဒီအတိုင်းထိုင်၍ စိတ်ပျက်လက်ပျက် နေမည့်သူတော့ မဟုတ်ပေ။

သူက ချင်းမိသားစု၏ အရင်းအမြစ် အများအပြားကို အားကိုး၍ ဇွဲလုံ့လကြီးစွာ ကြိုးစားပြီးနောက်တွင် အဆုံးသတ်၌ စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လာခဲ့သည်။

ဤတစ်ကြိမ် ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ စစ်ဆေးမှုတွင် ပါဝင်ခြင်းသည် သူ၏ အဂ္ဂိရတ်ပညာရပ်ကို တိုးတက်စေရန် ဖြစ်ရုံသာမက ဟန်ယွဲ့မြို့တော်ရှိ ချင်းမိသားစုကုန်သည်အသင်း၏ သြဇာလွှမ်းမိုးမှုကိုပါ မြှင့်တင်ရန်အတွက် ဖြစ်၏။

သူ၏ ရှေ့မှ ကောင်လေးက ဤအကဲဖြတ် စစ်ဆေးမှုတွင် ဖျက်မြင်း ဖြစ်လာနိုင်သည်ဟု ချင်းရှန့်က ခံစားနေရ၍ မိတ်ဆွေဖွဲ့လိုစိတ် ရှိနေခဲ့သည်။

“ငါက လေအေးမြို့က ဖုန်းမိသားစုကနေ ထောက်ခံချက်ပေးထားတဲ့ ကျန်းချန်ပါ”

ကျန်းချန်က ချင်းရှန့်ကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

“စစ်ဆေးမှုအတွက် ဘာမှစိတ်မပူနဲ့.. မင်းခုနက ငါ့ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ အတွက် မင်းကို ငါ နည်းနည်းပါးပါး ညွှန်ပြပေးပါ့မယ်.. ငါ့ရဲ့ ညွှန်ပြမှုကို ရတာနဲ့ ဒီအကဲဖြတ် စစ်ဆေးမှုကို အောင်မြင်ပြီး ဟန်ယွဲ့နန်းတော်ရဲ့ဧည့်အရာရှိ မင်းသေချာပေါက် ဖြစ်လာနိုင်ပါတယ်”

ကျန်းချန်က ထိုစကားကိုပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူတိုင်း၏အကြည့်သည် ကျန်းချန်၏ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“လေလုံးထွားလှချည်လား.. ဒီကောင်လေးက ဘယ်သူလဲဟ"

"လုဟုန်မင်လို ပဉ္စမအဆင့် နတ်အဂ္ဂရိတ်သခင်တောင် ဧည့်အရာရှိစစ်ဆေးမှုရဲ့မေးခွန်းကို ၁၀၀ရာခိုင်နှုန်း အောင်မြင်ဖို့ မသေချာဘူး"

"ဒီကောင်က ချင်းရှန့်ကို နည်းနည်းပါးပါးညွှန်ပြမယ်လို့ ပြောရအောင် သူ့ကိုယ်သူ ဟန်ယွဲ့နန်းတော်က အဂ္ဂိရတ်ခန်းမ အကြီးအကဲလို့ ထင်နေတာလား”

“..............”

လူတိုင်းက ကျန်းချန်ကို အထင်သေးစွာဖြင့် လှောင်ပြောင်၍ ကြည့်လိုက်ကြသည်။

“ဟားဟား ရယ်ရလွန်းလို့ အူပါနာတယ်”

ကျန်းချန်၏ စကားကိုကြားလျှင် လုဟုန်မင်သည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်ကာ ရေရွတ်လိုက်၏။

“ကောင်လေး ငါ့အထင် မင်းကိုယ့်ကိုယ်ကိုယ်ပဲ အရင်ဂရုစိုက်သင့်တယ်.. အဂ္ဂိရတ်ပြုလုပ်နေရင်း တခြားသူကို ညွှန်ပြရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ”

အခန်း(၁၈၁၄)

“ အဂ္ဂိရတ်သခင်တွေ ကြားထဲမှာ ဒီလိုစကားမျိုး ပြောတာ မင်းကိုယ်မင်း မရှက်ဘူးလား”

လုဟုန်မင်က မထီမဲ့မြင် အမူအရာများ ပြည့်နှက်နေသောအကြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

မီးတိမ်တိုက် ဆေးလုံးသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဆေးဝါးများထဲတွင် သန့်စင်ရန် အခက်ခဲဆုံး ဆေးဝါးများထဲမှ တစ်ခုဖြစ်သည်။

သူ၏ ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် ခွန်အားဖြင့်ပင် မီးတိမ်တိုက် ဆေးလုံး၏ အောင်မြင်မှုနှုန်းကို ၆၀ ရာခိုင်နှုန်းထက် ပိုမည်ဟု အာမ မခံနိုင်ပေ။

ထို့ကြောင့် သူ့ရှေ့မှ လူငယ်က အဂ္ဂိရတ် ပြုလုပ်နေစဥ် အတွင်း ချင်းရှန့်ကို ညွှန်ကြားပေးမည်ဟု ပြောဆိုနေခြင်းသည် ပေါက်လွှတ်ပဲစား ပြောဆိုနေခြင်းနှင့် မခြားချေ။

သူ့လို ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင်မပြောနှင့်၊ ဆဋ္ဌမအဆင့် နတ်အဂ္ဂိရတ်သခင် ပင်လျှင် အဂ္ဂိရတ် လုပ်ဆောင်နေစဥ် အတွင်း အာရုံနှစ်ခု ခွဲပြီး လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ချင်းရှန့်သည်ပင် မှင်တက်သွားခဲ့သည်။

သူက ကျန်းချန်ကို ထူးခြားမှု ရှိသည်ဟု ထင်မြင်ခဲ့၍ ကျန်းချန်နှင့် မိတ်ဆွေဖွဲ့လိုခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဤအကဲဖြတ်စစ်ဆေးမှုတွင် ကျန်းချန်က သူ့ကို အကူအညီပေးမည်ဟု မမျှော်လင့်ခဲ့ပေ။

ကျန်းချန်က စကားတည်စွာပင် သူ့ကို ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိအဖြစ် အမှန်တကယ် အကူအညီ ပေးနိုင်ပါမည်လော။

“ညီနောင်.. မင်းအတည်ကြီး ပြောနေတာလား”

ကျန်းချန်၏ နောက်ပြောင်နေပုံ မရသည့် အမူအရာကို မြင်လျှင် ချင်းရှန့်သည် မမေးဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်သည်။

“မစိုးရိမ်နဲ့.. ငါကျန်းချန်က ငါပြောတဲ့ နှုတ်ထွက်စကားအတိုင်း တစ်သက်တာလုံး လုပ်ဆောင်တတ်တဲ့သူပဲ”

“ဟန်ယွဲ့နန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမရဲ့ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှု တရားဝင်စတင်ပြီ”

ကျန်းချန်တို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ကုန်းစွန်းယန်၏အသံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။

အကဲဖြတ်စစ်ဆေးမှုကို စတင်ကြောင်း ကြေညာပြီးနောက်တွင် ကုန်းစွန်းယန်၏ ကျန်းချန်ကိုကြည့်နေသော အကြည့်များတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ အမြင်အရ ထိုကောင်လေးသည် ပေါက်လွတ်ပဲစား စကားများကို အလွယ်တကူ ထုတ်ပြောတတ်သူမျိုး ဟုတ်ပုံမရပေ။

လူအများကြားတွင် ထိုကဲ့သို့ ရဲရဲရင့်ရင့် ပြောဆိုဝံ့သောကြောင့် ထိုကောင်လေးသည် အဂ္ဂိရတ်ပညာရပ်တွင် ထူးခြားသော စွမ်းရည်များ ရှိမည်ဟု သူခန့်မှန်းခဲ့သည်။

ထိုကောင်လေးသည် မီးတိမ်တိုက်ဆေးလုံး ၆လုံးကို အလွယ်တကူ သန့်စင်နိုင်ပြီး ချင်းရှန့်ကို ညွှန်ကြားကာ ချင်းရှန့်၏ အကဲဖြတ် စစ်ဆေးမှုကိုပါ အောင်မြင်အောင် ကူညီနိုင်ခဲ့လျှင် ထိုကောင်လေး၏ အဂ္ဂိရတ်ပညာရပ်တွင် ပေါက်မြောက်အောင်မြင်သည့် အနေအထားသည် အလွန်တရာကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေမည်မှာ သေချာသလောက်ပင်။

အကဲဖြတ်စစ်ဆေးမှု စတင်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်မှ လွဲ၍ အဂ္ဂိရတ်စင်မြင့်ပေါ်ရှိ ကျန်ရှိနေသော အဂ္ဂိရတ်သခင် ၆ဦးသည် မီးစွမ်းအားကို တစ်ချိန်တည်းလိုလိုပင် စတင် လှုံ့ဆော်လိုက်ကြသည်။

အထူးသဖြင့် လုဟုန်မင်သည် ထို၆ယောက်ထဲတွင် တစ်ဦးတည်းသော ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်သောကြောင့် အခြားသူများထက် အနည်းငယ် ပို၍ မြန်ဆန်နေခဲ့၏။

လုဟုန်မင်သည် အလွန်လျင်မြန်စွာပင် ဆေးမီးဖိုထဲသို့ ဆေးပစ္စည်းများ ထည့်ရသည့် လုပ်ငန်းစဥ်အထိ ရောက်ရှိသွားခဲ့သည်။

“ကောင်လေး.. မင်းခုနက အကြီးအကျယ် လေလုံးထွားထားတာ မဟုတ်လား.. ဘာလို့ အခုထိ မစတင်သေးတာလဲ”

လုဟုန်မင်က အဂ္ဂိရတ် ပြုလုပ်နေရင်း ကျန်းချန်ကို မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

“ဘာလဲ.. မင်းက စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် အဆင့် မရောက်သေးတဲ့အတွက် မီးတိမ်တိုက် ဆေးလုံးကို မသန့်စင်တတ်တာလား”

ကျန်းချန်က လုဟုန်မင်၏ လှောင်ပြောင် ရေရွတ်သံများကို လုံးဝ အာရုံမစိုက်ဘဲ ချင်းရှန့်၏ ဆေးမီးဖိုး အပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။

ချင်းရှန့်သည် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်သော်လည်း မီးတိမ်တိုက် ဆေးလုံးကို သန့်စင်ရာတွင် သိသိသာသာပင် နှေးကွေးနေခဲ့၏။

သို့သော်လည်း ချင်းရှန့်သည် အခြေခံ ခိုင်မာသောကြောင့် အရှိန်အဟုန် မမြန်ဆန်သော်လည်း အမှားအယွင်းများ မပြုလုပ်ခဲ့ပေ။

၁၅မိနစ်ခန့် ကြာပြီးနောက်တွင် ချင်းရှန့်သည် ဆေးလုံးသန့်စင်ရမည့် အဆင့်များအလိုက် ဆေးဖက်ဝင် ပစ္စည်း အများအပြားကို ဆက်တိုက်ဆိုသလို ထည့်သွင်းလိုက်၏။

ယင်းအချိန်မှာပင် ဆေးမီးဖိုထဲရှိ စွမ်းအင်များသည် အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ချင်းရှန့်က စိုးရိမ်တကြီးဖြစ်ကာ အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားနေစဥ်မှာပင် ကျန်းချန်၏ အသံသည် သူ၏နားထဲကို ဝင်ရောက်လာခဲ့သည်။

“မီးအပူချိန်ကို ချက်ချင်း ၃၀ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ပါ.. အသက်၁၀ရှိုက်စာ ကြာပြီးရင် အစိမ်းရောင်မီးလျှံ စိတ်ဝိညာဥ်မြက်ကို ထည့်လိုက်.. အဲဒါပြီးရင် မီးအပူချိန်ကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချထားလိုက်တော့”

ထိုစကားကိုကြားလျှင် ချင်းရှန့်က တုံ့ဆိုင်းမနေတော့ပေ။

ယခုအခါတွင် သူ၏ ဆေးမီးဖိုးထဲရှိ စွမ်းအင်သည် အလွန်ပင် မတည်မငြိမ် ဖြစ်နေခဲ့ပြီး သူ၏ ထိန်းချုပ်မှုထက် လုံးဝကို ကျော်လွန်နေခဲ့သည်။

ဤအတိုင်းသာ ဆက်သွားလျှင် ဆေးမီးဖို ပေါက်ကွဲကာ ကျိန်းသေ ပျက်စီးလိမ့်မည် ဖြစ်၏။

ထို့ကြောင့် သူ့အနေဖြင့် ဤအချိန်တွင် ကျန်းချန်ကို ယုံကြည်ရန်သာ ရွေးချယ်နိုင်ပြီး ကျန်းချန် ညွှန်ကြားသည့် အတိုင်းသာ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

ချင်းရှန့်က ပထမဦးစွာ မီးစွမ်းအားကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ပြီး အသက်၁၀ရှိုက်စာ အကြာတွင် အစိမ်းရောင်မီးလျှံ စိတ်ဝိညာဥ်မြက်ကို ထည့်သွင်းလိုက်သည်။

ထို့နောက်တွင်မူ မီးအပူချိန်ကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်၏။

နောက်ထပ် တစ်ခဏမှာပင် သူ၏ ဆေးမီးဖိုးထဲရှိ မတည်မငြိမ် ဖြစ်နေသော ဆေးစွမ်းအင်များသည် လျင်မြန်စွာ ငြိမ်သက်သွားသည်ကို ချင်းရှန့်သည် တအံ့တသြ တွေ့ရှိခဲ့သည်။

“တကယ်ပဲ အလုပ်ဖြစ်တယ်ဟ”

ချင်းရှန့်က အလွန်တရာပင် ဝမ်းသာသွားခဲ့သည်။

ကျန်းချန်ကို စတွေ့ကတည်းကပင် သာမန်ပုဂ္ဂိုလ် မဟုတ်ဟု သူ ခံစားခဲ့ရသော်လည်း ကျန်းချန်၏ အဂ္ဂိရတ်လမ်းစဥ် ပေါ်ရှိ အဆင့်အတန်းက ထိုမျှအထိ ပေါက်ရောက်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပေါ့ပေါ့ပါးပါး ညွှန်ကြားချက် တစ်ခုတည်းဖြင့်ပင် ကျရှုံးရန်သေချာသလောက် ဖြစ်သည့် သူ့ကို ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလော။

ဤအချိန်တွင် ချင်းရှန့်သည် အဆုံးသတ်၌ ကျန်းချန်ကို ယုံကြည်သွားခဲ့သည်။

ကျန်းချန်က သူ့ကို လေလုံးထွား၍ ပြောဆိုခဲ့ခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် အစွမ်းထက်သည့် အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်နေခဲ့၏။

“ဒီကောင်လေးက တကယ်ပဲ ချင်းရှန့်ကို ညွှန်ပြနေတယ်ဟ.. ဒီကောင်လေးက တကယ်ပဲ ချင်းရှန့်ကို ဟန်ယွဲ့နန်းတော်ရဲ့ဧည့်အရာရှိ ဖြစ်လာအောင် အကူအညီ ပေးနိုင်တော့မယ် ထင်တယ်”

ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ကျန်းချန်က ယခုအချိန်အထိ အဂ္ဂိရတ်စတင် မပြုလုပ်ရသေးသော်လည်း ချင်းရှန့်ကို ညွှန်ကြားပြသခြင်းဖြင့် သူ၏ အဂ္ဂိရတ်စွမ်းရည်ကို သက်သေပြရန် လုံလောက်နေခဲ့၏။

ထိုကောင်လေးသည် ဤတစ်ကြိမ် အဂ္ဂိရတ်ပညာရပ်အကဲဖြတ် စစ်ဆေးပွဲတွင် အကြီးမားဆုံး ဖျက်မြင်းတစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်ဖွယ် ရှိသည်။

“ဒီကောင်လေးရဲ့ စွမ်းရည်က တကယ်ကို လက်ဖျားခါလောက်စရာပဲ”

အကဲဖြတ်စင်မြင့်ပေါ်တွင် အခြေအနေများကို အာရုံစိုက်နေခဲ့သော ကုန်းစွန်းယန်သည် အနည်းငယ် တုန်လှုပ်သွားခဲ့၏။

ကျန်းချန်က အစောပိုင်းတွင် ပေါ့ပါးစွာ ညွှန်ကြားလိုက်ရုံသာဖြစ်သော်လည်း သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးအနေဖြင့် ကုန်းစွန်းယန်သည် ထိုသို့ ညွှန်ကြားရန်မှာ မည်မျှ ခက်ခဲမှန်း မည်သူ့ထက်မဆို ပို၍ သိထားခဲ့သည်။

တခြားသူများကို အဂ္ဂိရတ်ပညာရပ်တွင် ညွှန်ကြားခြင်းသည် ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ခြင်းထက် ပို၍ ခက်ခဲမှုရှိ၏။

ဆိုရလျှင် သူ၏ သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင် စွမ်းရည်ဖြင့်ပင် အစောပိုင်းက အခြေအနေတွင် ကျန်းချန်ကဲ့သို့ ချင်းရှ့န်ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နိုင်မည်ဟု အာမ မခံနိုင်ပေ။

ချင်းရှန့်သည် အစောပိုင်းတွင် ဆေးမီးဖိုးထဲရှိ စွမ်းရည်များကို ကောင်းစွာ မထိန်းချုပ်နိုင်သောကြောင့် ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့သည်။

သူ့အနေဖြင့် ချင်းရှန့်ကို ညွှန်ပြနိုင်သော်လည်း ကျန်းချန်ကဲ့သို့ တိကျမှု ရှိနိုင်မည် မဟုတ်ချေ။

ဤအချက် တစ်ချက်တည်းကို အခြေခံ၍ သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အရည်အချင်းသည် သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်သည့် သူ့ထက်ပင် ပိုမို အစွမ်းထက်မှန်း နားလည်သွားခဲ့သည်။

“မမျှော်လင့်ဘဲ ဟန်ယွဲ့မြို့မှာ ဒီလို အစွမ်းထက်တဲ့ အဂ္ဂိရတ်သခင် တစ်ယောက် ရှိနေသေးတာကိုး”

ကုန်းစွန်းယန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ကိုယ်တိုင် သန့်စင်သောအခါတွင် မည်ကဲ့သို့ အစွမ်းပြမလဲ ဆိုသည်ကို သူက ပို၍ပင် မျှော်လင့်နေခဲ့၏။

“ဟမ့် ဒါက တိုက်ဆိုင်သွားတာပဲ ဖြစ်ရမယ်.. မင်း နောက်ထပ်တစ်ကြိမ် ကြက်ကန်းဆန်အိုးတိုးဦးမယ်လို့ ငါလုံးဝမယုံဘူး”

လုဟုန်မင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

သူ့လို ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင်တစ်ဦး၏ ခွန်အားဖြင့်ပင် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးကို အတိအကျ ညွှန်ကြားချက်ပေးရန် မဖြစ်နိုင်ပေ။

ထိုသို့ စွမ်းဆောင်ရန်မှာ အနည်းဆုံး ဆဋ္ဌမအဆင့် နတ်အဂ္ဂိရတ် သခင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ဆိုရလျှင် လုဟုန်မင်သည် ကျန်းချန်ကို ဆဋ္ဌမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးဟု လုံးဝ မယုံကြည်ထားခဲ့ပေ။

ကျန်းချန်၏ လမ်းညွှန်မှုကို ခံယူပြီး ၁နာရီခန့် အကြာတွင် ချင်းရှန့်သည် ပထမဆုံး မီးတိမ်တိုက်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။

သူက သူ၏ နံဘေးရှိ ကျန်းချန်ကို ကြည့်ကာ ကျေးဇူးတင်စကား မပြောဘဲ မနေနိုင်ခဲ့ပေ။

“ညီနောင်ကျန်းချန်.. ကျေးဇူးအများကြီးတင်ပါတယ်”

“အားမနာပါနဲ့ ဒါက အသေးအဖွဲကိစ္စပါ”

ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

“မင်းကို ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်အရာရှိဖြစ်အောင် ကူညီပေးမယ်လို့ ငါပြောခဲ့သားပဲ.. ငါ့စကားကို တည်မှာပါ”

ထိုစကားကိုကြားလျှင် ချင်းရှန့်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ အားနာသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ မင်းင့ါကို ညွှန်ပြနေရင် မင်းရဲ့ အဂ္ဂိရတ်လုပ်ဆောင်မှုကို ထိခိုက်မှာ စိုးရိမ်မိတယ်”

“မင်း ငါ့ကို ထိခိုက်မှာ စိုးရိမ်ရင် ခဏလေးစောင့်ပါ.. ငါအကဲဖြတ် စစ်ဆေးမှုကို အောင်မြင်ပြီးတာနဲ့ မင်းကို ညွှန်ကြားပေးမယ်.. စိတ်မပူပါနဲ့.. ငါ့ရဲ့ အဂ္ဂိရတ်လုပ်ဆောင်တဲ့ အရှိန်အဟုန်က အရမ်းမြန်ဆန်တယ်.. ငါ့ကို ၂နာရီပဲ အချိန်ပေး.. ၂နာရီပြီးတာနဲ့ မင်းကို ညွှန်ကြားပြသပေးမယ်”

စကားဆုံးသည်နှင့် ကျန်းချန်၏ လက်ဖဝါးတွင် မီးလျှံတစ်ခုသည် လျင်မြန်စွာ စုစည်းသွားခဲ့သည်။

All Chapters