← Chapters

အခန်း (၈၅+၈၆+၈၇)

Vol. 7 Ch. 85+86+87

အခန်း (၈၅+၈၆+၈၇)

Vol. 7 Ch. 85+86+87

အပိုင်း (၈၅)

လင်းပိုင်ဖန် မြည်းစမ်းနိုင်ရန်အတွက် လီလင်းဖူ သည် တစ်လခွဲကျော်ကြာ ရွေးချယ်ပြီးနောက် ဟင်းလျာအသစ် ၁၀၀ မျိုးနှင့် အကောင်းစားအရက် ၁၀ မျိုးကို ပွဲတော်တွင် တင်ဆက်ရန် ရွေးချယ်နိုင်ခဲ့သည်။

အစားအသောက်ပွဲတော် ကျင်းပသည့်နေ့တွင် သာမန်အရပ်သားများသည် အစုလိုက်အပြုံလိုက် စုဝေးရောက်ရှိလာကြသဖြင့် လူပေါင်းများစွာဖြင့် စည်ကားနေသည်။

လင်းပိုင်ဖန်သည် နဂါးပလ္လင် ပေါ်တွင် ထိုင်ကာ စုရုံးရောက်ရှိလာကြသော စားဖိုမှူးများနှင့် အရပ်သားများကို မိန့်ကြားလိုက်သည်-

"ရှေးလူတို့ စကားအရ 'အစားအသောက်က လူတို့၏ ပထမလိုအပ်ချက်ပင်' ဖြစ်တယ်။

သာမန်ပြည်သူများအတွက် စားသောက်ခြင်းက အရေးအကြီးဆုံးဖြစ်တယ်။ ဝမ်းဝဖို့ အတွက်သာမက အရသာရှိတဲ့ အစားအစာကိုပါ နှစ်သက်စွာ စားသုံးနိုင်ဖို့လည်း လိုတယ်။ ငါကိုယ်တော်ကလည်း အရသာရှိတဲ့ ဟင်းလျာတွေကို အလွန်နှစ်သက်တဲ့အတွက် နေရာအနှံ့မှ အကောင်းစား အရက်တွေနဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို စုဆောင်းရန်အတွက် ဘယ်လောက် ကုန်ကျကုန်ကျ ဂရုမစိုက်ဘဲ ပထမဆုံးသော မဟာရှနိုင်ငံရဲ့ အစားအသောက် ပွဲတော်ကို ကျင်းပရခြင်းပဲ ဖြစ်တယ်။

ယခုပွဲတော်ကိုသာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရင် ယခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ကျင်းပသွားမှာပဲ ဖြစ်တယ်။ လူတိုင်း စိတ်အားထက်သန်စွာ ပါဝင်ကြလိမ့်မယ်လို့ ငါကိုယ်တော် မျှော်လင့်တယ်။

စကားတွေ များနေပြီ၊ စတင်မြည်းစမ်းစို့"

ဤစကားများအပြီးတွင် ပထမဆုံး ဟင်းလျာကို တင်ဆက်လာခဲ့သည်။

လင်းပိုင်ဖန်သည် သူ၏ရှေ့မှ အနည်းငယ် ရင်းနှီးနေသော ဟင်းလျာကို ကြည့်ပြီး ခေတ္တမျှ မှင်တက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤအရာကို သူ၏ ယခင်ဘဝက မြည်းစမ်းဖူးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဘေးတွင်ရပ်နေသော စားဖိုမှူးက အမြန် ရှင်းပြလိုက်သည်- "အရှင်မင်းကြီး၊ ဤသည်မှာ ကျွန်တော်မျိုးက ဆန်ကို အမှုန့်ကြိတ်ပြီး ရေဖြင့် ရောချက်ထားတဲ့ အနှစ် ဖြစ်ပါတယ်။ ၎င်းကို ရေနွေးငွေ့ဖြင့်ပေါင်းလိုက်တဲ့အခါ မုန့်သား အလွှာတစ်ချပ် ဖြစ်လာပါတယ်။ အဲ့ဒီနောက် အသားတုံးလေးတွေကို ဖြည့်သွင်းထားခြင်း ဖြစ်ပါတယ်။ အရသာမှာ အလွန်ကို ကောင်းမွန်ပြီး နူးညံ့ကာ သွားမှာ မကပ်ပါဘူး။ အရှင်မင်းကြီး၊ မြည်းစမ်းကြည့်တော်မူပါ"

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- "ဒီအရာက အူနဲ့ ဆင်တူတယ်၊ အားလုံးက ကောက်ကွေးပြီး အဖုအထစ်တွေ ဖြစ်နေတယ်။ ဒါကို ဆန်ခေါက်ဆွဲလိပ် လို့ပဲ ခေါ်လိုက်ကြရအောင်"

စားဖိုမှူးမှာ ဝမ်းသာအားရ ဖြစ်သွားပြီး "အရှင်မင်းကြီး နာမည်ပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါသည်” ဟု ပြောလိုက်သည်။

ဧကရာဇ်မင်းမြတ်၏ အသိအမှတ်ပြုမှုဖြင့် ဤဟင်းလျာသည် နာမည်တစ်ခု ရရှိသွားခဲ့သည်။

လင်းပိုင်ဖန်သည် နှစ်ကိုက်သုံးကိုက် စားပြီးနောက် ပြုံးကာ- "ထမင်းခေါက်ဆွဲလိပ်က ကောင်းတယ်။ မောင်မင်းပြောသလိုပဲ အရသာရှိတယ်၊ နူးညံ့ပြီး သွားမှာ မကပ်ဘူး။ ခရမ်းချဉ်သီးအချဥ်ရည် ဒါမှမဟုတ် မုန်ညင်းအချဥ်ရည် လိုမျိုး အချဥ်ရည်တစ်မျိုးမျိုး ထပ်ထည့်လိုက်မယ်ဆိုရင် အရသာက ပိုပြီး ကောင်းမွန်သွားလိမ့်မယ်"

"အရှင်မင်းကြီး မိန့်ကြားသည်မှာ အမှန်ဆုံးပါပဲ။ ကျွန်တော်မျိုး ပြန်ရောက်တာနဲ့ စမ်းသပ်ကြည့်ပါ့မယ်" ဟု ထိုအရပ်သားက ပြောလိုက်သည်။

"ကံမကောင်းစွာနဲ့၊ ငါကိုယ်တော်က ဤကဲ့သို့သော ဟင်းလျာမျိုးကို အရင်က မြည်းစမ်းဖူးပြီးဖြစ်၍ မောင်မင်းကို ငါကိုယ်တော်ရဲ့ နှစ်သက်မှုကို မပေးနိုင်ဘူး။ ဒါပေမယ့် မောင်မင်းက တီထွင်မှု အသစ်အဆန်းကို ပြသခဲ့တဲ့အတွက် ငွေတေး ၂၀ ကို ဆုချလိုက်တယ်။ ဒီငွေနဲ့ ဆိုင်ဖွင့်ပြီး မောင်မင်းရဲ့ ဟင်းလျာကို ပြည်သူတွေကို မြည်းစမ်းခွင့် ရစေမယ်လို့ မျှော်လင့်တယ်"

"မှန်လှပါ၊ အရှင်မင်းကြီး"

စားဖိုမှူးသည် လင်းပိုင်ဖန်၏ နှစ်သက်မှုကို မရရှိခဲ့သော်လည်း လင်းပိုင်ဖန် ကိုယ်တိုင် နာမည်ပေးခဲ့ခြင်းနှင့် အရင်းနှီးငွေအဖြစ် ငွေ ၂၀ တေးကို ရရှိခဲ့ခြင်းကြောင့် အကျိုးအမြတ် ရှိသည်ဟု မှတ်ယူခဲ့သည်။

ဒုတိယမြောက် ဟင်းလျာကို လျင်မြန်စွာ တင်ဆက်လာသည်။

၎င်းမှာ ကြက်တောင်ပံ တစ်ခု ဖြစ်သည်။ ကင်ထားပြီး မွှေးကြိုင်နေကာ ရွှေအိုရောင် သန်းနေသော ဖောင်းကားနေသည့် ကြက်တောင်ပံ ဖြစ်သည်။

လင်းပိုင်ဖန်သည် တိတ်ဆိတ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤဟင်းလျာကိုလည်း သူ မြည်းစမ်းဖူးခဲ့သောကြောင့် ဖြစ်သည်။

လီလင်းဖူက ဂုဏ်ယူဝံ့ကြွားစွာြဖင့်- "အရှင်မင်းကြီး၊ ဤသည်မှာ သာမန်ကြက်တောင်ပံ မဟုတ်ပါ။ ၎င်းတွင် စကြဝဠာတစ်ခုလုံး ပါဝင်နေပါသည်"

လင်းပိုင်ဖန်၏ မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ- "ဝန်ကြီး လီ၊ ဒီကြက်တောင်ပံထဲမှာ ထမင်းထည့်ထားတယ် လို့ ငါ့ကို မပြောနဲ့နော်"

လီလင်းဖူက အံ့အားသင့်သွားပြီး- "အရှင်မင်းကြီး၊ ဘယ်လိုလုပ် သိတာလဲ"

"ဘာလို့လဲဆိုတော့ ငါကိုယ်တော်က ဒီလိုအရာမျိုးကို အရင်က စားဖူးလို့ပဲ"

လင်းပိုင်ဖန်က ကြက်တောင်ပံကို ကောက်ယူပြီး ကိုက်စားလိုက်သည်- "ဒီအရာက ဖက်ထုပ်နဲ့ နည်းနည်းဆင်တယ်၊ ဒါပေမဲ့ နည်းနည်းတော့ ကွဲပြားတယ်။ သာမန်ဖက်ထုပ်တွေက အပြင်ဘက်မှာ မုန့်သားနဲ့ အတွင်းဘက်မှာ အသားကို ထုပ်ထားတာ၊ ဒါပေမဲ့ ဒီအရာမှာတော့ အပြင်ဘက်မှာ အသားနဲ့ ထမင်းကို ထုပ်ထားတယ်။ ဒါကို ကြက်တောင်ပံ ဖက်ထုပ် လို့ ခေါ်ရင် ဘယ်လိုလဲ"

"အရှင်မင်းကြီး နာမည်ပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါသည်" ဟု စားဖိုမှူးက အလွန်ဝမ်းမြောက်စွာ ပြောလိုက်သည်။

"ဒီဟင်းလျာက အရသာရှိတယ်။ အတွင်းမှာ ထမင်းအစား ကောက်ညှင်းဆန်နဲ့ ဝက်အူချောင်းလိုမျိုး အသားခြောက် တစ်မျိုးမျိုး ထပ်ထည့်လိုက်ရင် အရသာက ပိုပြီး ကောင်းမွန်မွှေးကြိုင်သွားလိမ့်မယ်။ ကံမကောင်းစွာနဲ့ ငါကိုယ်တော်က အလားတူ ဟင်းလျာကို မြည်းစမ်းဖူးပြီး ဖြစ်၍ ဆုချရန် မဖြစ်နိုင်ဘူး။ ဒီမှာ ငွေ ၂၀ တေးကို ပေးလိုက်မယ်။ ဒီငွေနဲ့ ဆိုင်ဖွင့်ပြီး လူများများ လာရောက် မြည်းစမ်းနိုင်ဖို့ မျှော်လင့်ပါတယ်"

"အရှင်မင်းကြီးရဲ့ ဆုတော်အတွက် ကျေးဇူးတင်ပါသည်"

ထို့နောက်တွင် လင်းပိုင်ဖန်သည် တစ်ပွဲပြီးတစ်ပွဲ ဆက်လက်မြည်းစမ်းခဲ့သည်။

ဟင်းလျာတိုင်းကို သူသည် တိကျစွာ ဝေဖန်နိုင်ပြီး တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ရန် အကြံပြုချက်များပင် ပေးနိုင်ခဲ့သည်။

သူ၏ အစားအသောက်ကို တန်ဖိုးထားမှု အဆင့်မှာ အလွန်မြင့်မားသဖြင့် လူများက သူသည် အမှန်တကယ် အရသာ မြည်းစမ်းတတ်သူ ဖြစ်သည်ဟု ချီးမွမ်းကြသည်။

တကယ်တော့ လင်းပိုင်ဖန်သည် အမှန်တကယ် အရသာကို မြည်းစမ်းတတ်သူ ဖြစ်သည်။

နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသော ယဥ်ကျေးမှုမှ ဆင်းသက်လာသည့် စိတ်ဝိညာဉ်ဖြစ်ပြီး၊ ဒါ့အပြင် ဧကရာဇ်မင်းအဖြစ် ကာလရှည်ကြာ အုပ်ချုပ်ခဲ့ခြင်းတို့ကြောင့် အကောင်းဆုံးသော ဟင်းလျာမျိုးစုံကို မြည်းစမ်းခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် အစားအသောက်ကို တန်ဖိုးထားမှု အဆင့် မြင့်မားသည်မှာ သဘာဝကျသည်။

သို့သော်လည်း ဟင်းလျာ ဒါဇင်ပေါင်းများစွာကို မြည်းစမ်းပြီးနောက် သူ့ကို လုံးဝ စိတ်ကျေနပ်စေသော ဟင်းလျာမှာ မရှိသလောက် ဖြစ်နေသည်။

သူ၏ တိကျသော စံနှုန်းများကြောင့် တင်ဆက်ရန် ကျန်ရှိနေသေးသော စားဖိုမှူးများသည် အလွန်စိုးရိမ်ပူပန်နေကြသည်။

ဤစားဖိုမှူးများထဲတွင် မြေးနှင့် အဖိုး စုံတွဲတစ်တွဲ ပါဝင်သည်။

မြေးမလေးမှာ အလွန်ငယ်ရွယ်ပြီး အသက် ၁၀ နှစ်ခန့်သာ ရှိသေးကာ သူမ၏ စိုးရိမ်ပူပန်မှုကို- "အဖိုး၊ ဧကရာဇ်က အရမ်း ချေးများလွန်းတယ်။ သမီးတို့ရဲ့ ဟင်းလျာက လုံလောက်ပါ့မလား"

"နန်နန်၊ စိတ်မပူပါနဲ့! ဒီချက်ပြုတ်နည်းကို အဖိုး ဆယ်နှစ်ကျော်ကြာ အချိန်ယူပြီး ပြည့်စုံအောင် ဖန်တီးခဲ့တာ။ ဧကရာဇ်ရဲ့ သဘောကျမှုကို သေချာပေါက် ရလိမ့်မယ်" ဟု အဖိုးဖြစ်သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သို့သော် သူ၏ ဆုပ်ထားသော လက်သီးများနှင့် လက်ဖဝါးမှ ချွေးများက သူ၏ အတွင်းစိတ် ဂယက်ရိုက်နေမှုကို ဖော်ပြနေသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်၏ စားပွဲ၌ ဟင်းလျာအသစ် ၁၀ မျိုးနှင့်အတူ အရက်အိုး တစ်လုံး တင်ဆက်ထားသည်။

လင်းပိုင်ဖန်က အနည်းငယ် အံ့အားသင့်သွားပြီး- "ဒါက ဘာလဲ"

"အရှင်မင်းကြီး၊ ဤဟင်းလျှာတွေနဲ့ ဝိုင်ကို သက်ကြီးရွယ်အို စားဖိုမှူးတစ်ဦးက တင်ဆက်ထားခြင်း ဖြစ်ပါသည်" ဟု လီလင်းဖူက ရှင်းပြလိုက်သည်။

"သြော်၊ နားလည်ပြီ" လင်းပိုင်ဖန်က ခေါင်းလှည့်ကြည့်လိုက်ရာ ဆံပင်ဖြူနေသော်လည်း ခန္ဓာကိုယ်ထွားကြိုင်းသန်မာလှသော စားဖိုမှူးအို တစ်ဦးကို တွေ့လိုက်ရသည်။ သူနှင့်အတူ ချစ်စဖွယ်ကောင်းပြီး နည်းနည်း ကြောက်လန့်နေပုံရသည့် ကလေးမလေး တစ်ဦးလည်း ပါလာသည်။

လင်းပိုင်ဖန်က ပထမဆုံး ဟင်းလျာကို ဦးစွာ မြည်းစမ်းကြည့်လိုက်သည်။

အဖုံးကို ဖွင့်လိုက်သောအခါ လင်းပိုင်ဖန်သည် တအံ့တသြ ဖြစ်သွားပြီး- "ဒါက ဝက်ဝံလက်လား"

သူသည် တူဖြင့် တစ်ပိုင်းကောက်ယူ၍ မြည်းစမ်းကြည့်ပြီး ရယ်မောလိုက်ကာ- "ဒါက ဝက်ဝံလက်ပဲ၊ ဒါပေမဲ့ ဝက်ဝံလက်လည်း မဟုတ်နေဘူး"

"အရှင်မင်းကြီးရဲ့ ဉာဏ်ပညာ ကြီးမားတော်မူပါတယ်"

စားဖိုမှူးအိုက လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးကာ- "ဤသည်မှာ တို့ဟူးဖြင့် ပြုလုပ်ထားတဲ့ ဝက်ဝံလက်ပဲ ဖြစ်ပါတယ် ၎င်းကို ဝက်ဝံလက်၏ အရသာကို တူအောင် ပြုလုပ်ထားသည့်အပြင် အရသာကို ပိုမို ပြည့်စုံစေပါတယ်"

လင်းပိုင်ဖန်သည် အလွန်နှစ်သက်အားရ ဖြစ်သွားပြီး- "ဒီဟင်းလျာက အလွန်ကို ကောင်းမွန်လှတယ်၊ နာမည်ရှိလား"

"ကျွန်တော်မျိုး ပထမဆုံးအကြိမ် တင်ဆက်ခြင်း ဖြစ်၍ နာမည်မရှိသေးပါ။ အရှင်မင်းကြီး ကိုယ်တော်တိုင် နာမည်ပေးတော်မူပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်"

"ဒါဆိုရင် ကြာပွင့် ဝက်ဝံလက်ဖဝါး လို့ ခေါ်လိုက်မယ်။ ဘာလို့လဲဆိုတော့ တို့ဟူးနဲ့ လုပ်ထားတာမို့ ခုမှပွင့်လာတဲ့ ကြာပန်းလို နူးညံ့ဖြူစင်လို့ပဲ"

"အရှင်မင်းကြီး နာမည်ပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါသည်" စားဖိုမှူးအိုက ဝမ်းသာအားရဖြင့် အရိုအသေပေးလိုက်သည်။

"ဒီဟင်းလျာက အရမ်းကောင်းတယ်။ ဒီလိုမျိုးကို တစ်ခါမှ မမြည်းစမ်းဖူးဘူး။ သူ့ကို ငွေတေး ၁၀၀ ဆုချလိုက်"

"အရှင်မင်းကြီးရဲ့ ဆုတော်အတွက် ကျေးဇူးတင်ပါသည်"

လင်းပိုင်ဖန်က ဒုတိယမြောက် ဟင်းလျာကို မြည်းစမ်းကြည့်ရာ အခြားသော တီထွင်ဖန်တီးမှု အသစ်တစ်ခုကို ထပ်မံတွေ့ရှိလိုက်ရသည်။

တတိယမြောက် ဟင်းလျာ၊ စတုတ္ထမြောက် ဟင်းလျာ၊ ပဉ္စမမြောက် ဟင်းလျာ...

စုစုပေါင်း ဟင်းလျာ ဆယ်မျိုးတွင် တစ်မျိုးစီတိုင်းသည် အတွေ့အကြုံသစ်များကို ပေးစွမ်းစေသည်။ လင်းပိုင်ဖန်သည် အရသာများကို အလွန် နှစ်သက်သွားပြီး ချီးကျူးဂုဏ်ပြုကာ ဆုများ ပေးအပ်ခဲ့သည်။

အရက်ပင်လျှင် အသစ်ဖြစ်ပြီး ထူးခြားစွာ အရသာရှိနေသည်။

သာမန်ပြည်သူ အားလုံးကတော့ အံ့သြနေခဲ့ကြသည်။

"မယုံနိုင်စရာပဲ၊ အဲဒီလိုနဲ့ပဲ ငွေတေး ၁,၁၀၀ကို ရသွားပြီ။ ဒါဟာ ဘိလပ်မြေအိမ် ၄၀ ကျော်နဲ့ ညီမျှတယ်"

"ဘာ၊ ငွေတ ၁,၁၀၀ တောင်လား၊ သူသာ ပြုလုပ်တဲ့ နည်းလမ်းကို ပေးလိုက်ရင် ငွေတေး ၁၁,၀၀၀ တောင် ဖြစ်သွားမှာပေါ့"

"အရာရှိဖြစ်ဖို့ အခွင့်အရေးတောင် ရှိသေးတယ်၊ အံ့သြစရာပဲ"

"ဒီစားဖိုမှူးအိုကြီးက ဘယ်လို နောက်ခံရှိလို့ ဒီလောက် အစွမ်းထက်ရတာလဲ"

ဤသို့ဖြင့် ချမ်းသာကြွယ်ဝမှု၏ ဒဏ္ဍာရီတစ်ခုသည် မွေးဖွားလာခဲ့ပြီး လူတိုင်းသည် ဤစားဖိုမှူးကို မနာလိုဖြစ်လွန်း၍ သေလုနီးပါး ဖြစ်ခဲ့ကြသည်။

စားသောက်ပြီးနောက် လင်းပိုင်ဖန်က သူ၏ပါးစပ်ကို သုတ်ပြီး အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ပြောလိုက်သည်- "အဖိုးကြီး၊ ဟင်းလျာတိုင်းက အလွန်ကောင်းမွန်တဲ့ အရသာကို ပြသနေတယ်၊ ငါကိုယ်တော် ဒီလိုမျိုး တစ်ခါမှ မမြည်းစမ်းဖူးဘူး။ မောင်မင်းက သာမန်စားဖိုမှူး မဟုတ်ဘူးနဲ့ တူတယ်"

စားဖိုမှူးအိုကြီးက သွားများကို တင်းတင်း ကြိတ်ကာ လက်နှစ်ဖက်ကို ယှက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်- "အရှင်မင်းကြီး၊ ကျွန်တော်မျိုးက တစ်ချိန်က ရှန် နိုင်ငံက တော်ဝင်စားဖိုမှူး ဖြစ်ခဲ့ပါတယ်"

"ဘာကြောင့် အဲဒီမှာ ဆက်မလုပ်တော့တာလဲ"

"ကျွန်တော်မျိုးသည် အစားအစာတွင် အဆိပ်ခတ်သည်ဟု မတရားစွပ်စွဲခံရပြီး၊ အကျဉ်းထောင်ကြီးထဲ ပစ်ချခံခဲ့ရပါသည်။ အရှင်မင်းကြီးသာ စစ်တပ်ကို ဦးဆောင်လာပြီး မတော်တဆ ကယ်တင်ခဲ့လို့သာ မဟုတ်ရင် ကျွန်တော်မျိုးနဲ့ ကျွန်တော့်မြေးမလေးဟာ ခေါင်းပြတ်သွားနိုင်ပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးနှင့် ကျွန်တော့်မြေးမလေးအတွက် နောက်ထပ်မိဘတစ်ပါးလိုပါပဲ"

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- "ဒီလို ကံကြမ္မာလှည့်ကွက်မျိုး ရှိမယ်လို့ မထင်ထားခဲ့ဘူး။ မောင်မင်း ပြင်ဆင်တဲ့ ဟင်းလျာတွေကို ငါကိုယ်တော် အရမ်းနှစ်သက်တယ်။ မောင်မင်းက အရင်ကလည်း တော်ဝင်စားဖိုမှူး လုပ်ခဲ့ဖူးတာမို့ နန်းတော်ထဲ ဝင်ရောက်ပြီး ငါ့အတွက် ချက်ပြုတ်ဖို့ အခုပဲ ဖိတ်ခေါ်တယ်။ မောင်မင်း သဘောတူပါသလား"

"ကျွန်တော်မျိုး သဘောတူပါသည်၊ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါသည်" အဖိုးကြီးနှင့် မြေးမလေးသည် အလွန်ကို ဝမ်းသာအားရ ဖြစ်သွားသည်။

ထို့နောက် လင်းပိုင်ဖန်သည် အရသာရှိသော အစားအစာများကို ဆက်လက်မြည်းစမ်းခဲ့သည်။

သို့သော်လည်း သူ့ကို လုံးဝကျေနပ်စေသော ဟင်းလျာမှာ မရှိသလောက် ဖြစ်သော်လည်း သူတို့၏ အားထုတ်မှုကို အားပေးသည့်အနေဖြင့် ငွေကြေးများ ဆက်လက်ဆုချခဲ့သည်။

ပထမဆုံးသော အစားအသောက် ပွဲတော်သည် အောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုက အခုမှ စတင်တာ ဖြစ်သည်။

အပိုင်း (၈၆)

စားဖိုမှူးများစွာတို့သည် အစားအသောက် ပွဲတော်တွင် နာမည်ရခဲ့ကြပြီး၊ လင်းပိုင်ဖန်၏ ဆုလာဘ်များကြောင့် ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာ နှစ်မျိုးလုံးကို ပိုင်ဆိုင်ခဲ့ကြသည်။ သဘာဝအတိုင်းပင်၊ ၎င်းတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ရန် စဉ်းစားလာခဲ့ကြသည်။

ရလဒ်အနေဖြင့်၊ အရသာရှိသော စားသောက်ဆိုင် များစွာတို့သည် မိုးရွာပြီးနောက် ထွက်လာသည့် ဝါးမျှစ်များကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။

"ဒါက အရှင်မင်းကြီးကိုယ်တိုင် နာမည်ပေးထားတဲ့ ဆန်ခေါက်ဆွဲလိပ်ပါ၊ လာပြီး မြည်းစမ်းကြည့်ပါဦး"

"ဒီမှာလည်း ကြက်တောင်ပံဖက်ထုပ် ရှိတယ်၊ ကြက်တောင်ပံထဲမှာ ထုပ်ထားတဲ့ ထမင်းနဲ့ အရမ်းအရသာရှိတယ်"

အလုပ်အကိုင်တွေသည် ကျယ်ပြန့်လာပြီး စီးပွားရေးတွေသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော အစားအသောက်ပွဲတော်သို့ ရောက်ရှိခဲ့သော ဟင်းလျာများဖြစ်ပြီး၊ အရှင်မင်းကြီးကိုယ်တိုင် အတည်ပြုထားသော အရသာရှိသည့် အစားအစာများ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုအရသာရှိသော ဟင်းလျာအချို့သည် အရှင်မင်းကြီး ကိုယ်တိုင် အမည်ပေးသနားခြင်း ခံခဲ့ရသည်။

ဧကရာဇ်မင်းမြတ်ပင် ထောက်ခံအားပေးထားသည့် အရာကို မည်သူက မမြည်းစမ်းချင်ဘဲ နေပါမည်နည်း။

ရလဒ်အနေဖြင့်၊ စီးပွားရေးသည် သဘာဝအတိုင်း အရှိန်ရလာခဲ့ပြီး ဆိုင်များစွာ၏ ရှေ့တွင် လူတန်းရှည်များ ဖြစ်ပေါ်လာခဲ့သည်။

ကြည့်ရှုသူများစွာတို့သည် မနာလိုဖြစ်ခဲ့ကြသည်။ ၎င်းသည် ချမ်းသာကြွယ်ဝမှုဆီသို့ သွားသည့် လမ်းကြောင်း ဖြစ်နေသည်မှာ ထင်ရှားနေသည်။

တစ်စုံတစ်ယောက်က အစားအသောက်ပွဲတော်သို့ ရောက်ရှိပြီး ဧကရာဇ်မင်းမြတ်၏ နှစ်သက်မှုကို ရရှိသရွေ့၊ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအတွက် တံခါးများကို ဖွင့်လှစ်ကာ ကံကြမ္မာကို ပြောင်းလဲ နိုင်မည်ဖြစ်သည်။

ပို၍ပင် ကောင်းမွန်စွာ လုပ်ဆောင်ပါက၊ အရှင်မင်းကြီး၏ မျက်နှာသာကိုရရှိပြီး တရားဝင် ရာထူးများ ရ၍ နန်းတော်သို့ ခေါ်ယူခြင်းကို ခံရနိုင်သည်။

အားလုံးက နောက်နှစ်၏ အစားအသောက် ပွဲတော်တွင် ပါဝင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။

အစားအသောက်ဆိုင်များသည် လူကြိုက်မှု များလာခဲ့ပြီး၊ လူများသည် အရသာရှိသော အစားအစာများကို ရှာဖွေဖို့ နေ့တိုင်း လာရောက်ခဲ့ကြသည်။ နေရာတစ်နေရာတွင် စားပြီးနောက်၊ ၎င်းတို့သည် အခြားနေရာတစ်ခုကို ပေါ့ပေါ့ပါးပါး လျှောက်သွားကြပြီး၊ တက်ကြွပြီး အသက်ဝင်ကာ ပွဲလမ်းသဘင် အငွေ့အသက်တို့ဖြင့် စျေးကွက်တစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေခဲ့သည်။

"အရှင်မင်းကြီး၊ အစားအသောက်ပွဲတော်တွင် နာမည်ရခဲ့သော စားဖိုမှူးများက ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ မြို့တော်ရဲ့ မြောက်ဘက် လမ်းတွေမှာ ဆိုင်များဖွင့်လှစ်ထားကြပြီး လူအများအပြားကို ဆွဲဆောင်နိုင်သည့် အစားအသောက်လမ်းတစ်ခုကို ဖန်တီးထားပါသည်။ ယခုအခါ မြို့တော်ရဲ့ မြောက်ဘက်လမ်းက ဆူညံသံတွေ၊ စိတ်လှုပ်ရှားစရာများဖြင့် စည်ကားပြီး သာယာဝပြောလျက် ရှိနေပါသည်"

ဤသည်မှာ သေးငယ်သော အောင်မြင်မှုတစ်ခု မဟုတ်ပေ။ အခွင့်ကောင်းယူတတ်သော မြို့တော်ဝန်သည် လင်းပိုင်ဖန်ထံမှ ဂုဏ်ပြု ချီးမြှောက်မှု ရယူရန် ချက်ချင်းကြိုးပမ်းခဲ့သည်။

လင်းပိုင်ဖန်၏ မျက်နှာသည် ပျော်ရွှင်မှုဖြင့် တောက်ပလာပြီး- "ဝန်ကြီး၊ မောင်မင်းက အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့တာပဲ။ ငါကိုယ်တော် အလွန်ကျေနပ်တယ်။ အစားအသောက်လမ်းက ဘယ်အချိန်မှာ အသက်ဝင်ဆုံးလည်း၊ ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ပြီး ပြည်သူတွေနဲ့အတူ အပျော်တွေကို မျှဝေဖို့ ငါကိုယ်တော် အချိန်ပေးချင်တယ်"

မြို့တော်ဝန်က အလောတကြီး ပြောလိုက်သည်- "အရှင်မင်းကြီး၊ မြိုတော်က ညရဲ့ အစပိုင်း အတွင်း အသက်ဝင်ဆုံး ဖြစ်ပါတယ်"

"အဲ့အချိန်က ပြည်သူတွေ အလုပ်သိမ်းပြီးလို့ အိမ်ပြန်တဲ့အချိန် ဖြစ်ပုံရတယ်"

"အရှင်မင်းကြီး လုံးဝမှန်ပါတယ်"

မြို့တော်ဝန်က ပြုံးပြီး ပြောသည်- "အဲဒီအချိန်ဟာ သာမန်လူတွေ အလုပ်ပြီးလို့ အိမ်ပြန်ပြီး ညစာစားတဲ့ အချိန်ပါပဲ။ ဒါပေမယ့်လည်း ညမထွက်ရအမိန့် စတင်တာနဲ့ လမ်းတွေက လူနည်းသွားပါတော့တယ်"

လင်းပိုင်ဖန်က လက်ကို ခန့်ညားစွာ ဝှေ့ယမ်းလိုက်ပြီး- "ဒါက အရမ်းကို အလျင်လိုလွန်းတယ်။ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ရအောင်၊ ဒါမှ လူတိုင်း ပျော်ရွှင်စွာနဲ့ ညဘက်မှာ စီးပွားရေးလုပ်နိုင်လာမယ်"

မြို့တော်ဝန်က ထိတ်လန့်သွားပြီး- "ညမထွက်ရ အမိန့်ကို ရုပ်သိမ်းမလို့လား၊ ဒါက လုံခြုံရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်၊ အရှင်မင်းကြီး၊ ပြန်လည်စဉ်းစားပေးပါ"

သမိုင်းက သက်သေပြခဲ့သည်မှာ ညဘက်တွင် ပြဿနာများ ပိုမိုဖြစ်ပွားနိုင်ပြီး၊ အထူးသဖြင့် လူအုပ်ကြီးရှိနေသည့် အခါမျိုးတွင် ဖြစ်သည်။

အထူးသဖြင့် သိုင်းလောက တွင် လူများစွာသည် သိုင်းပညာများ ပိုင်ဆိုင်ကြပြီး၊ ၎င်းတို့သည် အရက်စသောက်ပြီး မူးလာသည်နှင့် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် နိုင်ငံများစွာက အဆင်ပြေစေရန် အတွက် ညမထွက်ရအမိန့်ကို ချမှတ်ထားသည်။

ညဘက်တွင် လမ်းပေါ်၌ လှည့်လည် သွားလာနေပါက၊ အနည်းဆုံး အိမ်ပြန်ရန် သတိပေးခြင်း ခံရနိုင်ပြီး၊ အဆိုးဆုံး အနေဖြင့် ရက်အနည်းငယ် အကျဉ်းချခံရနိုင်သည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- "မှန်တယ်၊ ညဘက်မှာ ပြဿနာတွေ ရှိနိုင်တယ်၊ ဒါပေမယ့် ဘာလို့ လူအများအပြားကို ငှားရမ်းပြီးတော့ ပြဿနာတွေ မဖြစ်လာအောင် ထိန်းသိမ်းဖို့ မလုပ်တာလဲ၊ အဲဒီလိုလုပ်ခြင်းအားဖြင့် ငါတို့က အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ ပြဿနာ အချို့ကိုလည်း။ ဖြေရှင်းနိုင်တယ်။ ဒါက နှစ်ဦးနှစ်ဖက် အစဥ်ပြေစေတဲ့ အခြေအနေပဲ"

မြို့တော်ဝန်က စိုးရိမ်ပူပန်နေပြီး- “ဒါက တကယ် ကောင်းတဲ့ အကြံညဏ်ပါပဲ

ဒါပေမယ့် တစ်ခုခု မှားယွင်းသွားခဲ့ရင်၊ ဒါက ကြီးမားတဲ့ ကိစ္စ ဖြစ်သွားပါလိမ့်မယ်”

ဒါက ဧကရာဇ်မင်းမြတ်ရဲ့ မျက်စိအောက်မှာ ရှိနေတာ ဖြစ်သည်။ အဓိက အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ရင်၊ ဒါဟာ သူ့ရဲ့ တာဝန် ဖြစ်လာပြီး၊ မြို့တော်ဝန်ရဲ့ တာဝန် ဖြစ်လာပေလိမ့်မည်။

သူ့အနေဖြင့် ထွက်ပြေးလို့တောင် ရမှာ မဟုတ်ပေ။

နည်းလေကောင်းလေ ဆိုသည့် နိယာမကို လိုက်နာရင်း၊ မြို့တော်ဝန်က - "အရှင်မင်းကြီး..."

"ဘာမှ ထပ်မပြောနဲ့၊ ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြစို့"

လင်းပိုင်ဖန်က လက်ခုပ်တီးကာ ကြေညာလိုက်သည်- "ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီး၊ လူတိုင်း စီးပွားရေးလုပ်ဖို့ရန် အပြင်ထွက်ပြီး လှည့်လည်ရန် ခွင့်ပြုလိုက်သည်၊ ဒါပေမယ့် ချမှတ်ထားတဲ့ စည်းမျဉ်းစဥ်းကမ်းတွေကိုတော့ လိုက်နာရမယ်။ အသေးစိတ်အချက်အလက်တွေကို မောင်မင်း တာဝန်ယူရမယ်။ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ရင် ရက်ရောလှတဲ့ ဆုလာဘ်တွေကို ရမယ်၊ မလုပ်နိုင်ရင်တော့ အကျိုးဆက်တွေကို မောင်မင်း ရင်ဆိုင်ရမယ်"

"မှန်လှပါ၊ အရှင်မင်းကြီး" မြို့တော်ဝန်၏ မျက်နှာသည် ခါးသော ကြက်ဟင်းခါးသီးကို စားလိုက်ရသကဲ့သို့ ရှုံ့မဲ့သွားခဲ့သည်။

ဒါက တကယ်ပဲ ဒုက္ခများပြီး ဘာအကျိုးကျေးဇူးမှ မရနိုင်မည့် အလုပ် ဖြစ်သည်။

သို့သော် အရှင်မင်းမြတ်က အမိန့်ချမှတ်လိုက်ပြီ ဖြစ်သောကြောင့်၊ နှာခေါင်းကို ပိတ်ပြီး လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ထို့ကြောင့်၊ မြို့တော်ရှိ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်သည်။

ညဘက်တွင် လမ်းများပေါ်သို့ လာရောက် လှည့်လည်သူဦးရေ တိုးလာခဲ့သည်၊ စီးပွားရေးလည်း တိုးတက်လာခဲ့သည်၊ မြို့တော်သည် ပို၍ပင် စည်ကားပြီး အသက်ဝင်လာခဲ့သည်။

ဤမြင်ကွင်းသည် အိမ်နီးချင်းနိုင်ငံများမှ ဧကရာဇ်မင်းများစွာကို မနာလိုစိတ်များ ဖြစ်လာစေခဲ့သည်။

"ဒီ မိုက်မဲတဲ့ ဧကရာဇ်က သူ့ရဲ့ ပေါက်ကရ နည်းလမ်းတွေနဲ့တောင် စျေးကွက်ကို တကယ်ပဲ ပြန်လည်အသက်သွင်းပြီး စီးပွားရေးကို တိုးတက်စေခဲ့နိုင်ခဲ့တယ်"

"မိုက်မဲတဲ့ ဧကရာဇ်တောင် လုပ်နိုင်ခဲ့ရင်၊ ငါ မလုပ်နိုင်စရာ အကြောင်းမရှိဘူး"

"ငါ သူ့ထက် သာလွန်အောင် သေချာပေါက် လုပ်ပြမယ်"

ထို့ကြောင့် ဧကရာဇ် များစွာတို့သည် သူ့အတိုင်း လိုက်လုပ်ကြရန် စတင်ခဲ့သည်။

အန်းနိုင်ငံတွင် ဧကရာဇ်မင်းက နန်းတော်၌ ပြင်းထန်လှတဲ့ စိတ်အားထက်သန်မှုတို့ဖြင့်- "စျေးကွက်ကို လှုံ့ဆော်ပြီး စီးပွားရေးကို ပြန်လည်အသက်သွင်းဖို့အတွက် ရှနိုင်ငံရဲ့ ဧကရာဇ်ကို အတုယူပြီး အစားအသောက်ပွဲတော်ကို ငါကိုယ်တော် ကျင်းပလိုသည် ဝန်ကြီးတို့၊ မည်သို့ သဘောရသနည်း"

"အရှင်မင်းကြီး၊ ဒါကို မလုပ်သင့်ပါဘူး" အရာရှိများက အထိတ်တလန့်ဖြင့် ကန့်ကွက်ကြသည်။

အန်းနိုင်ငံ ဧကရာဇ်က အံ့သြစွာဖြင့် မေးသည်- "ဘာကြောင့် မလုပ်သင့်တာလဲ"

ဝန်ကြီးချုပ်က ဦးဆုံး မတ်တပ်ရပ်ပြီး- "အရှင်မင်းကြီး၊ ကြီးမြတ်သော ရှနိုင်ငံရဲ့ ဧကရာဇ်၏ အချက်အပြုတ်ပွဲတော်က အဓိကအားဖြင့် သူ၏ အစားအသောက်ဆန္ဒကို ဖြည့်ဆည်းရန်ဖြစ်ကြောင်း ကျွန်တော်မျိုး သိရှိရပါသည်။ ဤအတွက် သူသည် ငွေတေး တစ်သိန်းကျော် သုံးစွဲခဲ့ပြီး၊ ၎င်းက နိုင်ငံတော် ဘဏ္ဍာအတွက် ဝန်ထုပ်ဝန်ပိုးများစေပြီး စရိတ်ကြီးလွန်းပါသည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာတိုက်က အကန့်အသတ်ရှိပြီး၊ ကျွန်တော်မျိုးတို့က ပိုမိုအရေးကြီးသည့် ကိစ္စများတွင် သုံးစွဲသင့်ပါသည်။ ကျေးဇူးပြု၍ ပြန်လည်စဉ်းစားပေးတော်မူပါ"

အန်းနိုင်ငံ ဧကရာဇ်က- "ဒါပေမယ့် စီးပွားရေး တိုးတက်လာရင်၊ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်ဝင်ငွေကလည်း တိုးလာမှာပဲလေ"

ဘဏ္ဍာရေးဝန်ကြီးက ရှေ့သို့တက်လာကာ- "အရှင်မင်းကြီး၊ စီးပွားရေး တိုးတက်လာပါက နိုင်ငံတော် ဘဏ္ဍာတိုက်ဝင်ငွေ တိုးလာမည်မှာ မှန်သော်လည်း၊ ကျွန်တော့မျိုးတို့ရဲ့ ဝင်ငွေက အဓိကအားဖြင့် စိုက်ပျိုးရေးအခွန်၊ နန်းတော်မှ လက်ဝါးကြီးအုပ်ထားသော လုပ်ငန်းများ နှင့် အခြားအရာများမှ လာပါသည်။ စီးပွားရေးအခွန်မှ ရသည့် အခွန်ပမာဏက အလွန်နည်းပါးပါသည်။ ထို့ကြောင့်၊ စီးပွားရေး တိုးတက်လာသော်လည်း ဝင်ငွေတိုးမြှင့်မှုက အကန့်အသတ် ရှိနေပါသည်။ ပွဲတော်ကို မလုပ်သည်က ပိုကောင်းပါလိမ့်မည်"

အန်းနိုင်ငံ ဧကရာဇ်က ဆက်လက် ငြင်းခုံပြီး- "ဘယ်အရာမှ အတိအကျ မဟုတ်ဘူး၊ ငါတို့ ကြိုးစားကြည့်ရမယ်။ အောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ"

နောက်ထပ် ဝါရင့်ဝန်ကြီးတစ်ဦးက မတ်တပ်ရပ်ပြီး- "အရှင်မင်းကြီး၊ ကျွန်တော်မျိုး နားလည်သလောက်က ကြီးမြတ်သော ရှနိုင်ငံရဲ့ ဧကရာဇ်က ကြီးကျယ်ခန်းနားတဲ့ အစားအသောက်ပွဲတော်ကို ကျင်းပရုံသာမက ညမထွက်ရ အမိန့်ကိုပါ ရုပ်သိမ်းခဲ့ပါသည်၊ ထို့ကြောင့် ထိုသို့သော အကျိုးသက်ရောက်မှုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အဓိကသော့ချက်မှာ ညမထွက်ရအမိန့်ကို ရုပ်သိမ်းခြင်းတွင် တည်ရှိနေပါသည်။ ဒါပေမယ့်လည်း၊ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်သည်နှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကျွန်တော်မျိုး ရှင်းပြရန် မလိုအပ်ဘဲ အားလုံးသိရှိပြီး ဖြစ်ပါသည်"

ထိုအချိန်တွင်၊ အခြားအရာရှိများကလည်း စတင် ပြောဆိုလာကြသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ တကယ်ပဲ အဲ့ဒီစံနမူနာကို လိုက်လံ အတုမခိုးနိုင်ပါ။ ပျော်ရွှင်မှုမှာ နှစ်မြှုပ်ကာ ကျင့်သားရလာသည်နှင့် ပြန်လှည့်ရန် လမ်း မရှိနိုင်တော့ပါဘူး"

"အရှင်မင်းကြီး၊ ထိုသူက မိုက်မဲသော ဧကရာဇ် ဖြစ်ပါသည်၊ အရှင်မင်းကြီး သူ၏ ခြေရာအတိုင်း မလိုက်သင့်ပါ"

"မဟုတ်ပါက၊ ထာဝရ အမည်းစက်ကြီးတစ်ခု စွန်းထင်းသွားပါလိမ်မည်"

နောက်ဆုံးတွင်၊ အရာရှိများသည် တညီတညွတ်တည်း တောင်းပန်ခဲ့ကြသည်- "အမိန့်ကို ပြန်လည်စဉ်းစားပြီး ရုပ်သိမ်းပေးပါရန် အရှင်မင်းကြီးအား တောင်းပန်အပ်ပါသည်"

အန်းနိုင်ငံ ဧကရာဇ်သည် ဒေါသလည်းထွက်၊ အကူအညီလည်း မဲ့နေခဲ့သည်။ သူသည် တစ်ခုခု လုပ်ဆောင်ချင်ရုံသာ ဖြစ်သည်။ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။

သို့တိုင်၊ သူသည် အရာရှိအားလုံးကို ထုတ်ပယ်ပြီး မူဝါဒကို အတင်းအကျပ် အကောင်အထည်ဖော်၍ မရပေ။

မည်သို့ပင်ဆိုစေ၊ နိုင်ငံတော်က ဒီ အရာရှိများကို လိုအပ်နေဆဲ ဖြစ်သည်။

ဤအရာရှိများ၏ ထောက်ခံမှု မပါဘဲ၊ သူ၏ ဧကရာဇ်ရာထူးသည် မတည်မငြိမ် ဖြစ်လာလိမ့်မည်။

ထို့အပြင်၊ ၎င်းတို့၏ သြဇာလွှမ်းမိုးမှုသည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ရှုပ်ထွေးစွာ ယှက်နွယ်နေသည်။ သူ၏ အာဏာတစ်ခုတည်းဖြင့်၊ ၎င်းတို့ကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။

ဤအချိန်တွင်၊ သူသည် လင်းပိုင်ဖန်ကို အလွန် မနာလို ဖြစ်လာခဲ့သည်။

သူလုပ်ချင်တာကို လုပ်နိုင်ပြီး၊ မည်သည့် တုံ့ဆိုင်းမှုမှ မရှိနေပေ၊ မည်သည့် တားမြစ်ချက်မှလည်း မရှိပေ၊ နန်းတော်တစ်ခုလုံးကို သူ၏ တစ်ခွန်းတည်းသော အမိန့်ဖြင့် လွှမ်းမိုးထားသည်။

တိုင်းပြည်တစ်ခုလုံးသည် သူ၏ စကားကို လိုက်နာရသည်။ ဧကရာဇ် ဆိုသည်မှာ ထိုသို့ဖြစ်ရပေမည်။

ဟုတ်ပါတယ်၊ ဒီလို မူဝါဒတွေကို အတင်းအကျပ် အကောင်အထည်ဖော်တဲ့ ရဲရင့်တဲ့ ဧကရာဇ်အချို့ ရှိပါသေးတယ်။

ဥပမာအားဖြင့်၊ ဖန်းနိုင်ငံကို ကြည့်ပါ။

၎င်းတို့သည် ကြီးကျယ်လှတဲ့ အစားအသောက် ပွဲတော်ကို ကျင်းပခဲ့ပြီး၊ နေရာအနှံ့အပြားမှ ကောင်းမွန်သော အရက်များနှင့် အရသာရှိသော အစားအစာများကို စုစည်းခဲ့သည်။

သို့သော်လည်း ၎င်းတို့သည် ကပ်စေးကုပ်စွာဖြင့် ပွဲတော်တစ်ခုလုံးအတွက် ဘတ်ဂျက်ငွေသည် ငွေတေး တစ်သောင်းခွဲအောက်သာ ရှိခဲ့ပြီး၊ ၎င်းသည် အလွန် နည်းပါးလှသည်။

ထို့အပြင်၊ ကမ်းလှမ်းထားတဲ့ ဆုလာဘ်များသည်လည်း အလွန်နည်းပါးပြီး ဆွဲဆောင်မှုမရှိပေ။

နောက်ဆုံးတွင်၊ ၎င်းတို့သည် ဟင်းလျှာ ၁၀၀ ပင် စုစည်းနိုင်ခြင်း မရှိခဲ့ပေ။

အစားအသောက်ပွဲတော် ပြီးဆုံးပြီးနောက်၊ ၎င်းတို့သည် နောက်ဆုံးတွင် အစားအသောက် လမ်းကို စတင်နိုင်ခဲ့သည်။

သို့သော်လည်း၊ လူတိုင်း အံ့သြခဲ့ရသည်မှာ စီးပွားရေးသည် အလွန်ဆိုးရွားပြီး ဖောက်သည် အလွန်နည်းပါးခြင်း ဖြစ်သည်။

ညမထွက်ရအမိန့်ကို ရုပ်သိမ်းပြီးနောက်မှာတောင် အခြေအနေသည် အတူတူပင် ဖြစ်နေခဲ့သည်။

အခြားဧကရာဇ်များသည်လည်း ပေါ့ပေါ့ဆဆဖြင့်သာ ပြီးဆုံးသွားခဲ့ပြီး ဟာသတစ်ခု ဖြစ်လာခဲ့သည်။

သူတို့ အားလုံးက နားမလည်နိုင်ကြပေ။ သူတို့အားလုံးက အစားအသောက်ပွဲတော်ကို ကျင်းပခဲ့ကြသော်လည်း၊ ဘာကြောင့် မိုက်မဲသော ဧကရာဇ်က လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့က မလုပ်နိုင်ခဲ့ရတာလဲ။

ဒီအကြောင်းကို ကြားသောအခါ လင်းပိုင်ဖန်က တိတ်တဆိတ် ပြုံးလိုက်သည်။

အစားအသောက်ပွဲတော်မှတစ်ဆင့် စျေးကွက်ကို လှုံ့ဆော်ပြီး စီးပွားရေးကို ပြန်လည် အသက်သွင်းရန် သင့်အနေဖြင့် ဦးစွာ သာမန်လူများတွင် ပိုက်ဆံရှိရန် သေချာစေဖို့ လိုအပ်သည်။ ပိုက်ဆံမရှိဘဲ၊ လူထုသည် သုံးစွဲနိုင်မည်မဟုတ်ဘဲ၊ သင်ဘာပဲလုပ်လုပ် အချည်းနှီးပင် ဖြစ်လာလိမ့်မည်။

ဤအချိန်တွင်၊ လင်းပိုင်ဖန်၏ စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။

"ဒင်၊ ကြီးမြတ်သော ရှ နိုင်ငံ၏ ခွန်အား တိုးလာသောကြောင့်၊ ကစားသမား၏ စွမ်းအားကိုလည်း တစ်ပြိုင်တည်း မြှင့်တင်ပေးထားသည်၊ လျှို့ဝှက်ဆန်းကြယ်သော ဓားသိုင်းပညာကို ချီးမြှင့်လိုက်သည်"

လျှို့ဝှက်ဆန်းကြယ်သော ဓားသိုင်းပညာကို ဓားနတ်ဘုရားတစ်ပါးက ဖန်တီးခဲ့ပြီး၊ စုစုပေါင်း လှုပ်ရှားမှု တိုက်ကွက် ၁၀ ခု ပါဝင်သည်- ဓားတစ်ချက်တည်းဖြင့် နာမည်ရခြင်း၊ နက်နဲစွာ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ ခဏတာ ကျော်ကြားခြင်း...

အလွန်နက်နဲသော ဓားသိုင်းပညာတို့သည် လင်းပိုင်ဖန်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

"နောက်ထပ် ဓားသိုင်းပညာပဲလား ငါ့ကို ဓားနတ်ဘုရားအဖြစ် တကယ်ပဲ ပြုစုပျိုးထောင်ချင်နေကြတာပဲ" လင်းပိုင်ဖန်က ပြောရင်း ရယ်မောလိုက်သည်။

သူသည် အင်ပါယာ မြေပုံ ကို ဖွင့်လိုက်ရာ အန်လူရှန်၏ စစ်သားစုဆောင်းမှု ပြီးဆုံးသွားကာ စုစုပေါင်း စစ်အင်အားသည် ၈၀၀,၀၀၀ သို့ တိုးလာကြောင်း မြင်တွေ့လိုက်ရသည်၊ ထို့ကြောင့် သူ၏ နိုင်ငံတော် စွမ်းအားကိုလည်း မြှင့်တင်ပေးခဲ့သည်။

"ဒီက ဧကရာဇ်က ရည်မှန်းချက်ကြီးတဲ့ သူတွေကို အနှစ်သက်ဆုံးပဲ၊ ဆက်ကြိုးစား! မင်းတို့ ကြိုးစားလေ၊ ငါကိုယ်တော် ပိုအားကောင်းလေပဲ"

လင်းပိုင်ဖန်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး၊ သူ၏ စိတ်ထဲတွင် အစီအစဉ်အချို့ ကို စီစဉ်နေခဲ့သည်။

အပိုင်း (၈၇)

ကြီးမြတ်သော ရှ နိုင်ငံက ငြိမ်းချမ်းသာယာပြီး နိုင်ငံတော်အင်အားမှာ တစ်နေ့တခြား တိုးတက်နေချိန်တွင် ပြင်ပမှ သတင်းများ ရောက်ရှိလာခဲ့သည်။

ကြီးမြတ်သော ယွဲ့ နိုင်ငံမှ စစ်သည်အင်အား သုံးသိန်းဖြင့် ရုတ်တရက် ချီတက်လာပြီး ရှန် နိုင်ငံကို ကျူးကျော်ခဲ့သည်။

နောက်မကျစေရန် ဖန် နိုင်ငံနှင့် အန်း နိုင်ငံတို့မှလည်း နယ်မြေ အနည်းငယ်ကို သိမ်းပိုက်လို၍ စစ်သည်အင်အား စုစုပေါင်း သုံးသိန်းကို စုရုံးခဲ့သည်။ ဤသို့ဖြင့် နိုင်ငံသုံးခု၏ ပူးပေါင်းတပ်အင်အား စုစုပေါင်းမှာ ခြောက်သိန်းအထိ ရှိလာခဲ့သည်။

ထိုအချိန်တွင် ရှန်နိုင်ငံသည် ကြီးမြတ်သော ရှ နိုင်ငံ နှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရသည့်အတွက် စစ်အင်အားများစွာ ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အင်အားသည်လည်း သိသိသာသာ ယုတ်လျော့နေခဲ့ပြီဖြစ်သည်။ နိုင်ငံသုံးခု၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိတော့ဘဲ နယ်မြေများသည်လည်း လျင်မြန်စွာ သိမ်းပိုက်ခံနေရသည်။

ရှန်နိုင်ငံ၏ နန်းတော်အတွင်း၌ ဧကရာဇ် နှင့် မှူးမတ်များသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။

"နိုင်ငံသုံးခုရဲ့ တပ်တွေက ရောက်လာပြီ။ အခု ဘာလုပ်ကြမလဲ"

"ရှန်နိုင်ငံရဲ့ လက်ရှိအခြေအနေအရဆိုရင် ကျွန်တော်မျိုးတို့ လုံးဝ မခုခံနိုင်ပါဘူး။ ထွက်ပြေးတာက ပိုကောင်းပါလိမ့်မယ်"

"ဒါပေမယ့် ဘယ်ကိုပြေးရမှာလဲ။ ငါတို့ကို ရန်သူတွေက ဝိုင်းရံထားတာကို"

" လက်နက်ချသင့်လား"

"လက်နက်ချရမယ်၊ လက်နက်ချလိုက်ရင် သူတို့က ငါတို့ကို လွှတ်ပေးမယ်လို့ မင်းတို့ထင်လား"

"အခု ဘာလုပ်သင့်သလဲ။ မောင်မင်းတို့ပြောကြ"

ရှန်နိုင်ငံ၏ ဧကရာဇ်သည် ဒီမြင်ကွင်းကို ဒေါသနှင့်အတူ အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။

လွန်ခဲ့သော နှစ်လခန့်ကသာဆိုလျှင် သူသည် ဤအခြေအနေသို့ ရောက်လာမည်မဟုတ်ပေ။

လွန်ခဲ့သော နှစ်လက သူ့တွင် စစ်သည်အင်အား ငါးသိန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် သုံးဦးရှိသည်။ သူ၏ အင်အားမှာ နိုင်ငံငယ်များအကြားတွင် အားကောင်းသည်ဟု သတ်မှတ်နိုင်သည်။

ပတ်ဝန်းကျင်ရှိ နိုင်ငံများက စစ်တပ်များ စေလွှတ်ရန် စဥ်းစားမည် ဆိုပါက ၎င်းတို့၏ အင်အားကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

သို့သော် အခုတွင် အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။

ချီဖွဲ့တည်ခြင်းအဆင့် သုံးဦး သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး စစ်သည်အင်အား စုစုပေါင်း လေးသိန်းကျော်လည်း ဆုံးရှုံးခဲ့ရသည်။

နိုင်ငံကို ကာကွယ်ရန် တပ်များက လုံလောက်စွာ မရှိတော့သည့်အတွက် မည်သည့်နိုင်ငံမဆို ကျူးကျော်ချင်စိတ် ပေါက်လာခဲ့ကြသည်။ နိုင်ငံ ပျက်စီးတော့မည့်ရက်မှာ နီးကပ်လာနေပြီ ဖြစ်သည်။

"ဒါတွေအားလုံးက ကြီးမြတ်သော ရှနိုင်ငံကြောင့်ပဲ"

"အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ကြောင့်ပဲ"

"သူ့ကိုသာ သွားမနှောင့်ယှက်ခဲ့ဘူးဆိုရင် ဒီကံကြမ္မာမျိုးက ရောက်လာမှာ မဟုတ်ဘူး"

ဆူညံနေသော မှူးမတ်များကို ကြည့်ရင်း ရှန်နိုင်ငံ၏ ဧကရာဇ်က စိတ်အနှောင့်အယှက် ဖြစ်ကာ အော်ဟစ်လိုက်သည်-"တော်လောက်ပြီ၊ ဆူညံသံတွေ တိတ်ကြစမ်း။ နောက်ထပ် စကားတစ်လုံး ပြောတဲ့သူ ဘယ်သူမဆို ဆွဲထုတ်ပြီး ခေါင်းဖြတ်ခံရမယ်"

မှူးမတ်များသည် အေးစက်သော လေဖြင့် တိုက်ခံလိုက်ရသလိုမျိုး တိတ်ဆိတ်သွားကြပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောဝံ့တော့ချေ။

နောက်ဆုံးတွင် ဝန်ကြီးချုပ်က သတ္တိရှိရှိဖြင့်-"အရှင်မင်းကြီး၊ မှူးမတ်များ ဒီလောက် စိုးရိမ်နေရခြင်းက အရှင်မင်းကြီးနဲ့ ရှန်နိုင်ငံအတွက်ပါ။ အကယ်၍ အရှင်မင်းကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်တော်မူပါ"

"ခွင့်လွှတ်တော်မူပါ၊ အရှင်မင်းကြီး" ဟု မှူးမတ်များက တညီတညာတည်း သံပြိုင်ပြောဆိုလိုက်ကြသည်။

ရှန်နိုင်ငံ၏ ဧကရာဇ်သည်လည်း စိတ်ပျက် အားငယ်နေသဖြင့် လက်ကာပြလိုက်ပြီး– "ဝန်ကြီးတို့ရဲ့ အခက်အခဲတွေကို ငါကိုယ်တော် နားလည်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ငါကိုယ်တော်မှာ ဖြေရှင်းနည်း ရှိပြီးသားပါ"

မှူးမတ်များ အလွန်အမင်း ပျော်သွားပြီး- "အရှင်မင်းကြီး၊ အဖြေတစ်ခုခု ရပြီလား။ ဘာများပါလဲ အရှင်မင်းကြီး"

ရှန်နိုင်ငံ၏ ဧကရာဇ်က အံကိုကြိတ်လိုက်ပြီး– "ကြီးမြတ်သော ရှနိုင်ငံဆီက အကူအညီ တောင်းရမယ်"

မှူးမတ်များအားလုံး ကြောင်အသွားခဲ့ကြသည်။

"ဘာ။ ကြီးမြတ်သော ရှနိုင်ငံဆီက အကူအညီ တောင်းရမယ်"

"အရှင်မင်းကြီး၊ ဒီလို မလုပ်သင့်ပါဘူး။ အဲဒီ သုံးနိုင်ငံက သွေးဆာနေတဲ့ ဝံပုလွေတွေလိုဆိုရင် ကြီးမြတ်သော ရှနိုင်ငံက ကျား ဒါမှမဟုတ် ကျားသစ် သေချာပေါက်ဖြစ်နေပါလိမ့်မယ်"

"ကျွန်တော်မျိုးတို့ နှစ်နိုင်ငံကြားက အမုန်းတရားတွေက အလွန်နက်ရှိုင်းနေပါတယ်။ ကြီးမြတ်သော ရှနိုင်ငံက ကျွန်တော်မျိုးတို့ ဒုက္ခရောက်နေတုန်း ဝင်မပါရင်တောင် တော်လှပါပြီ"

"ကျေးဇူးပြု၍ ပြန်လည် စဉ်းစားတော်မူပါ၊ အရှင်မင်းကြီး"

"ငါ့ရဲ့ တန်ဖိုးရှိလှတဲ့ ဝန်ကြီးတို့၊ မောင်မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ငါကိုယ်တော် မသိဘူးလို့ ထင်နေသလာ"

ရှန်နိုင်ငံ၏ ဧကရာဇ်က ခါးသီးသောအပြုံးဖြင့်- "ဒါပေမယ့် ဒီအချိန်မှာ ငါတို့အတွက် တခြား ရွေးချယ်စရာ ရှိသေးလို့လား။ ငါတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ကြီးမြတ်သော ယွဲ့၊ အန်း၊ ဖန် နိုင်ငံတို့က ငါတို့ရဲ့ ရှန်နိုင်ငံကို ဖျက်ဆီးပြီး ငါတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ စစ်တပ်တွေ စေလွှတ်ထားကြတယ်။ သူတို့က ရည်ရွယ်ချက်တွေ မပြည့်မချင်း အနားယူကြမှာ မဟုတ်ဘူး"

"လက်ရှိမှာ တောင်ဘက်မှာ ရှိတဲ့ ကြီးမြတ်သော ရှ တစ်ခုတည်းကသာ သူ့တပ်တွေကို ထိန်းထားသေးတယ်။ ဒါ့အပြင် ကြီးမြတ်သော ရှနိုင်ငံက တစ်ချိန်က ငါတို့ရဲ့ ရှန်နိုင်ငံကို သိမ်းပိုက်ခဲ့ပေမယ့် ပြန်ပေးခဲ့တယ်။ ဒါက သူတို့က ငါတို့ရဲ့ နယ်မြေကို စိတ်မဝင်စားဘူးဆိုတာကို ဖော်ပြနေတာပဲ"

"အခုချိန်မှာ နိုင်ငံသုံးခုရဲ့ မဟာမိတ်တပ်တွေကို ရင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော အင်အားက ကြီးမြတ်သော ရှနိုင်ငံပဲ ရှိတယ်"

"ဒါကြောင့် ကြီးမြတ်သော ရှနိုင်ငံဆီက အကူအညီ တောင်းခံရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး"

မှူးမတ်များက မသေချာမှုအပြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်- "ဒါပေမယ့် ကြီးမြတ်သော ရှနိုင်ငံက ကျွန်တော်တို့ကို ကူညီဖို့ သဘောတူပါ့မလား"

ရှန်နိုင်ငံ၏ ဧကရာဇ်က လင်းပိုင်ဖန်၏ မရောင့်ရဲနိုင်သော လောဘနှင့် ဖော်ပြလို့ မရနိုင်သည့် မျက်နှာက အပြုံးကို ပြန်လည်အမှတ်ရရင်း ခေါင်းကိုက်စွာဖြင့် ပြောလိုက်သည်- "လုံလောက်တဲ့ တန်ဖိုးတစ်ခု ပေးနိုင်မယ်ဆိုရင် သူ သေချာပေါက် သဘောတူလိမ့်မယ်"

လင်းပိုင်ဖန်သည် အန်လုရှန်၏ နယ်မြေတွေကို သွားရောက် သိမ်းပိုက်လိုသည့် ရည်ရွယ်ချက်ကို လက်ခံရရှိပြီးနောက် မကြာမီတွင် ရှန်နိုင်ငံမှ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပြီး ရှန်နိုင်ငံကို ကယ်တင်ဖို့ရန် အကူအညီ တောင်းဆိုလာသည့် အတွက် အလွန်အံ့အားသင့်သွားခဲ့သည်။

နိုင်ငံနှစ်ခုကြားက ရန်ငြိုးဟာ ပင်လယ်လို နက်ရှိုင်းလှပြီး မီးနဲ့ရေလို မတည့်နိုင်ပေ။ သို့တိုင် မင်းတို့က အကူအညီ တောင်းဖို့ သတ္ထိက ရှိသေးတယ်ပေါ့။

လင်းပိုင်ဖန်က ရှန်နိုင်ငံ ဧကရာဇ်၏ ရဲစွမ်းသတ္တိကို အနည်းငယ် အထင်ကြီးမိသွားသည်။

"ကမ်းလှမ်းချက်တွေ ဒါမှမဟုတ် ငါကိုယ်တော် ဘာပြန်ရမလဲ" လင်းပိုင်ဖန်သည် ရှန်နိုင်ငံမှ သံတမန်ကို ကြည့်ရင်း ပြုံးလိုက်သည်။

ရှန်နိုင်ငံ၏ သံတမန်က အရိုအသေပြု၍ ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်- "လေးစားအပ်ပါသော ကြီးမြတ်သော ရှ ဧကရာဇ်ခင်ဗျား၊ အကယ်၍ အရှင်မင်းကြီးကသာ ရှန်နိုင်ငံနှင့် အရှင်ဧကရာဇ်ကို ကယ်တင်ရန် စစ်တပ်များ စေလွှတ်ပေးမည်ဆိုလျှင်၊ ကျွန်တော်မျိုးတို့ ရှန်နိုင်ငံက ကြီးမြတ်သော ရှနိုင်ငံကို လိုလားစွာနဲ့ ခစားဝင်ပြီး နှစ်စဉ် အခွန်ဘဏ္ဍာ ဆက်သဖို့ ဆန္ဒရှိပါသည်။ အကယ်၍ လိုအပ်ပါက ကျွန်တော်မျိုးတို့၏ နယ်မြေ အစိတ်အပိုင်းအချို့ကို လက်လွှတ်ပေးရန်လည်း ဆန္ဒရှိပါသည်"

အဓိက အကျိုးကျေးဇူး ဘာတစ်ခုမှ မရှိပေ။ လင်းပိုင်ဖန်သည် ထိုသို့သော အချည်းနှီး အကျိုးမရှိသော အရာများကို စိတ်မဝင်စားပေ။

နှစ်စဉ် အခွန်ဘဏ္ဍာ ဆက်သမယ်…။

မင်းတို့နိုင်ငံက ကောင်းမွန်တဲ့ ပစ္စည်းတွေ အားလုံးကို ငါ ယူပြီးသွားပြီလေ။ မင်းတို့မှာ အခွန်ဘဏ္ဍာအဖြစ် ပေးစရာ ဘာကျန်တော့လို့လဲ။

နယ်မြေတွေ လက်လွှတ်ပေးမယ်..။

ဒါတွေအားလုံးက မြေရိုင်းတွေ ဖြစ်နေပြီလေ၊ ဘာအသုံးဝင်တော့လို့လဲ။

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး- "မင်းတို့ ရှန်နိုင်ငံမှာ စိတ်ရင်းမှန် မရှိဘူး။ တကယ့် ရတနာတွေကို ထုတ်ပြ။ မဟုတ်ရင် ငါကိုယ်တော် ရှန်နိုင်ငံ ပြိုလဲတာကို ရပ် ကြည့်နေရုံကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး။ မင်းတို့ ဧကရာဇ်လည်း ငါ့ခြေရင်းက အကျဉ်းသား ဖြစ်လာလိမ့်မယ်"

"ဒါပေမယ့် ကျွန်တော်တို့ ရှန်နိုင်ငံ ပျက်စီးသွားရင် ကြီးမြတ်သော ယွဲ့နိုင်ငံကို အရှင်ကိုယ်တိုင် တိုက်ရပါလိမ့်မယ်။ ကြီးမြတ်သော ယွဲ့ဧကရာဇ်က ရည်မှန်းချက်ကြီးမားတဲ့သူပါ..."

"ကိစ္စမရှိဘူး။ သူတို့ လာရဲရင် ငါကိုယ်တော် တိုက်ရဲတယ်" လင်းပိုင်ဖန်က အထင်ကြီးလောက်သော ဟန်ပန်ဖြင့် ကြေညာလိုက်သည်။

ရှန်နိုင်ငံ၏ သံတမန်က အကူအညီမဲ့နေသည်ဟု ခံစားလိုက်ရပြီး မထွက်ခွာမီ သူ၏ အရှင်မင်းမြတ် ပေးခဲ့သည့် ညွှန်ကြားချက်များကို ပြန်သတိရလိုက်ကာ- "ကြီးမြတ်သော ရှ ဧကရာဇ်ခင်ဗျာ၊ တကယ်တော့ ကျွန်တော်မျိုးတို့ ရှန်နိုင်ငံမှာ နောက်ထပ် ကမ်းလှမ်းချက် တစ်ခု ရှိပါသေးတယ်။ ကျွန်တော်မျိုးတို့မှာ ငွေတေး သိန်း ၆၀ တန်ဖိုးရှိတဲ့ ရတနာတွေကို တခြားနိုင်ငံတစ်ခုမှာ မြှုပ်ထားပါတယ်။ အကယ်၍ အရှင်မင်းကြီးကသာ စစ်တပ်တွေ စေလွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဧကရာဇ်က ဒီရတနာတွေကို အရှင်မင်းကြီးထံ လွှဲပြောင်းပေးပါလိမ့်မယ်"

လင်းပိုင်ဖန် စကားမပြောနိုင်ဖြစ်သွားပြီး- "ဘာလို့ ဧကရာဇ်အားလုံးက ပါးနပ်တဲ့ ယုန်လို လျှို့ဝှက်ကျင်း သုံးကျင်း ရှိရတာလဲ။ မို နိုင်ငံ ဧကရာဇ်ကလည်း ဒီလိုလုပ်တယ်၊ ရှန်နိုင်ငံ ဧကရာဇ်လည်း ဒီလိုလုပ်တယ်။ ဒါပေမယ့် ဒီလို ငွေပမာဏနဲ့ ရှန်နိုင်ငံကို ကယ်တင်ဖို့နဲ့ နိုင်ငံသုံးခုကို ရင်ဆိုင်ဖို့ ငါ့ကို စစ်တပ်တွေ စေလွှတ်ခိုင်းဖို့က မဖြစ်နိုင်ဘူး။ ပြန်သွားပြီး မင်းရဲ့ ဧကရာဇ်ကို ပြောလိုက်ပါ၊ ဒီငွေက သူ့ကို ကယ်တင်ဖို့ အတွက်ပဲ လုံလောက်တယ်။ ကျန်တာတွေကိုတော့ ကူညီဖို့ ငါကိုယ်တော်လည်း မစွမ်းသာဘူး"

ရှန်နိုင်ငံ၏ သံတမန်သည် ပြန်လာခဲ့ပြီး အကြောင်းအရာအားလုံးကို ရှန်နိုင်ငံ ဧကရာဇ်ထံ သတင်းပို့ခဲ့သည်။

"ငါ သိသားပဲ၊ ဒီမိုက်မဲတဲ့ ဧကရာဇ်က တော်တော်နဲ့ မရောင့်ရဲနိုင်ဘူး၊ အမြဲတမ်း ပိုလိုချင်နေတာ" ရှန်နိုင်ငံ၏ ဧကရာဇ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

သူသည် ငွေတေး သိန်း ၆၀တောင် ပေးခဲ့ပေမယ့် သူ ပြန်ရတာက သူ့ အသက်ပဲလား။

သူသည် ဒီအလဲအလှယ်အပေါ် အလွန်မကျေနပ်ပေ။

အကြောင်းမှာ ထို ငွေတေး သိန်း ၆၀ သည် သူ၏ နောက်ဆုံး စုဆောင်းထားသည့် အရင်းအနှီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။

သူ၏ ငွေကြေးနှင့် သူ၏ နိုင်ငံကို ဆုံးရှုံးရမည်ဆိုလျှင် အသက်ရှင်နေခြင်းမှာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

သူ သေသွားတာက ပိုကောင်းပေလိမ့်မည်။

ထိုစဉ်တွင် မြို့သုံးမြို့ ထပ်မံ ကျဆုံးသွားသည့် သတင်းသည် သူ၏ နားထဲသို့ ရောက်ရှိလာသည်။

စစ်တပ်သုံးခုသည် မြို့တော်ဆီသို့ ဦးတည် ချီတက်လာနေပြီဖြစ်သည်။

ရှန်နိုင်ငံ၏ ဧကရာဇ်က နောက်ထပ် စောင့်ဆိုင်း၍ မဖြစ်တော့ကြောင်း နားလည်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ချက်ချင်း ပြန်သွားပြီး အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ကို သွားပြောလိုက်"

သူ အမိန့်ပေးလိုက်တာက-"သူ့ကို ပြောလိုက်ပါ၊ သူဟာ ငါ့ကို ကယ်တင်ရုံသာမက ငါ့မိသားစုကိုပါ ကယ်တင်ရမယ်၊ ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝအတွက် အစားအသောက်နဲ့ နေဖို့ထိုင်ဖို့ပါ အဆင်ပြေအောင် လုပ်ပေးရမယ်။ အဲ့ဒါတွေပြီးတာနဲ့ ငွေတေး သိန်း ၆၀ ကို သူ့ကို ပေးမယ်"

"ဒီလောက် အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ ငါနဲ့ အခု လိုက်ခဲ့ရုံပဲ" မူးနေပုံရသည့် အမျိုးသားတစ်ဦးက ယိမ်းထိုးရင်း ရှေ့သို့ ရောက်လာခဲ့သည်။

ရှန်နိုင်ငံ၏ ဧကရာဇ်က တုန်လှုပ်သွားကာ အံ့အားသင့်သွားပြီး- "မင်း ဘယ်သူလဲ"

ထိုသူက- " အရက်ဓားအင်မော်တယ်က ငါပဲ"

"မင်းက ကြီးမြတ်သော ရှနိုင်ငံရဲ့ အရက်ဓားအင်မော်တယ်လား" ရှန်နိုင်ငံ၏ ဧကရာဇ်က အလွန်အံ့အားသင့်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်သည်။

သူသည် ကြီးမြတ်သော ရှ နိုင်ငံတွင် အရက်ဓားအင်မော်တယ်ဟု လူသိများသော ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦး ရရှိထားကြောင်းကို သိထားသည်။ သူ၏ ခွန်အားမှာ ကြီးမားပြီး လူများကို မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခဲ့သဖြင့် လျှို နှင့် ကျောက် မျိုးနွယ်စုကြီးနှစ်ခုကို အခက်အခဲများစွာ ဖြစ်စေခဲ့သည်။

ထိုပုဂ္ဂိုလ်သည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

"မင်းကို အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က စေလွှတ်လိုက်တာလား" ရှန်နိုင်ငံ၏ ဧကရာဇ်က အနည်းငယ် ထစ်ထစ်အအဖြင့် မေးလိုက်သည်။

"ဟုတ်တယ်"

အရက်ဓားအင်မော်တယ်က ခေါင်းညိတ်ပြီး ဖော်ရွေစွာ ပြုံးပြကာ- "အရှင်မင်းကြီးက ခင်ဗျားက သေရမှာ ကြောက်ပြီး၊ လောဘကြီးသူ ဖြစ်တဲ့အပြင် မသေချင်သေးဘဲ စည်းစိမ်ဥစ္စာနဲ့ ဘုန်းတန်ခိုးကို မစွန့်လွှတ်နိုင်သေးတဲ့အတွက် ဒီကမ်းလှမ်းချက်ကို သေချာပေါက် သဘောတူလိမ့်မယ်လို့ ပြောခဲ့တယ်။ ခင်ဗျားသာ ဒီကမ်းလှမ်းချက်ကို ထုတ်ဖော်လိုက်တာနဲ့ ခင်ဗျားကို ခေါ်လာနိုင်ပြီလို့ သူ အမိန့်ပေးလိုက်တယ်"

ရှန်နိုင်ငံ၏ ဧကရာဇ်၏ မျက်နှာသည် ရှက်ရွံ့ခြင်းကြောင့် နီရဲသွားပြီး ထိုမိုက်မဲသော ဧကရာဇ်က သူ၏ အတွင်းစိတ်ကို သိရှိနေကြောင်း နားလည်သွားကာ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

"တုံ့ဆိုင်းမနေနဲ့တော့။ လိုက်မှာလား၊ မလိုက်ဘူးလား"

အရက်ဓားအင်မော်တယ်က- "နိုင်ငံသုံးခုရဲ့ မဟာမိတ်တပ်တွေက မြို့ပြင် လီ ၅၀ အကွာမှာပဲ ရှိတော့တယ်။ သူတို့ ဒီကိုရောက်ဖို့ နှစ်နာရီလောက်ပဲ လိုတော့မှာ။ အခု မထွက်ခွာရင် နောက်ကျသွားလိမ့်မယ်"

ရှန်နိုင်ငံ ဧကရာဇ်က လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်ပြီး- "သွားမယ်! ချက်ချင်း ထွက်သွားမယ်" ဟု အော်ဟစ်လိုက်သည်။

သူသည် သူ၏ ပစ္စည်းများကို အမြန်ထုပ်ပိုးပြီး မိသားစုကို စုရုံးကာ အလောတကြီး ထွက်ပြေးခဲ့သည်။

All Chapters