← Chapters

အခန်း (၅၅၁-၅၅၅)

Vol. 31 Ch. 551-555

အခန်း (၅၅၁-၅၅၅)

Vol. 31 Ch. 551-555

Chapter 551

လုယွီနှင့် မလှမ်းမကမ်းအကွာအဝေးတွင် လုမိသားစုဝင်လူငယ်များ ရှိနေကြ၏။

အလောင်းကောင်ပုလဲသည် အလွန်အဖိုးတန်ရှားပါးသဖြင့် သူတို့ကထွက်ခွါသွားခြင်း မရှိသေးချေ။အကယ်၍ ဤအခွင့်အရေးကိုသာလွဲချော်သွားပါက မည်သည့်အချိန်ကျမှ သူတို့နောက်ထပ် ကြုံတွေ့ခွင့်ရမည်ကို မသိရှိနိုင်ပေ။

မူလက လုယွီသည် သက်ရှိအလောင်းကောင်အား အချိန်မည်မျှကြာကြာထိန်းထားနိုင်မည်နည်းကိုသာ သူတို့က စောင့်ကြည့်နေခဲ့သည်။သို့သော် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ခန့်မရောက်မီမှာပင် တိုက်ပွဲပြီးဆုံးသွားခြင်းကို သူတို့က ကြားမိသည်။

"အဲ့ဒီကောင်လေးက အားနည်းလွန်းလို့...သေများသေသွားတာလား"

လုမိသားစုဝင်လူငယ်များသည် လုယွီအား အထင်အမြင်သေးစွာဖြင့် ပြောဆိုနေကြ၏။သူတို့က အနည်းဆုံးတော့ သက်ရှိအလောင်းကောင်နှင့် အချိန်အတိုင်းအတာတစ်ခုကြာသည်အထိ ရင်ဆိုင်နိုင်ခဲ့သည်မဟုတ်လော။အကယ်၍ သူတို့သာ ထိုသက်ရှိအလောင်းကောင်နှင့် ရင်ဆိုင်ရင်းသေဆုံးသွားပါက အရှက်ရစရာကိစ္စဖြစ်ပေလိမ့်မည်။

သူတို့က တိုက်ပွဲနေရာသို့ရောက်ရှိချိန်တွင်မူ သက်ရှိအလောင်းကောင်၏ခန္ဓာကိုယ်မှ အလောင်းကောင်ပုလဲ မျောလွင့်ထွက်နေပြီး လုယွ၏လက်အတွင်းသို့ ကျရောက်သွားခြင်းကို တွေ့မြင်မိကြသည်။

ထိုအရာက သူတို့၏အပိုင်သာ ဖြစ်ရပေမည်။မည်သည်ကြောင့် ထိုကောင်လေး၏လက်အတွင်းသို့ ကျရောက်သွားရသနည်း။

"ကောင်လေး...မင်း သက်ရှိအလောင်းကောင်ကို ဘယ်လိုသတ်လိုက်တာလဲ"

လုမိသားစု၏လူငယ်ခေါင်းဆောင်က လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။

လုယွီက သူ၏လက်မှကိုင်ဆောင်ထားသော အလောင်းကောင်ပုလဲကို သိုလှောင်အိတ်အတွင်းသို့ ပစ်ထည့်လိုက်သည်။သူက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

"မင်းမြင်တဲ့အတိုင်းပဲလေ...ငါ ဘယ်လိုသတ်သတ်...သေသွားပြီမလား"

လုမိသားစု၏လူငယ်ခေါင်းဆောင် လုဖေးယွီက လေးနက်သောလေသံဖြင့် ထပ်မံပြောဆိုလိုက်၏။

"ငါတို့က လင်းရှောင်မြို့က လုမိသားစုဝင်တွေပါ"

လုယွီက ပြောဆိုလေသည်။

"လင်းရှောင်မြို့မှာ လုမိသားစုခွဲရှိသေးတာလား"

လုဖေးယွီက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ရှုနေပေ၏။လုယွီ၏အမူအယာသည် အတုအယောင်မဟုတ်ခြင်းကို သူ သတိပြုမိခဲ့သည်။ကြည့်ရသည်မှာ ထိုကောင်လေးက လင်းရှောင်မြို့၌ လုမိသားစုခွဲရှိခြင်းကို အမှန်တကယ်မသိခြင်းဖြစ်ပေမည်။

သူသည်မူလက လုယွီကို ဖိအားပေးရန် ရည်ရွယ်ထားခဲ့သော်လည်း ဤကိစ္စက နွားကို ဗျပ်စောင်းတီးပြသည်နှင့် တူညီနေပေမည်။

သို့ရာတွင် လုဖေးယွီက အားလျော့လိုက်ခြင်းမျိုးလည်း မပြုနိုင်ချေ။

"ကောင်းပြီလေ...မင်း ဘယ်လိုခိုး​ကြောင်ခိုးဝှက်နည်းလမ်းတွေကို အသုံးပြုပြီး သက်ရှိအလောင်းကောင်ကိုသတ်ခဲ့တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး...ဒါပေမယ့် ငါတို့က ဒီသက်ရှိအလောင်းကောင်ကို အရင်တွေ့ခဲ့တဲ့သူတွေ...သူရဲ့ပစ္စည်းကိုလည်း ငါတို့ပဲပိုင်ဆိုင်သင့်တယ်...အခု မင်း ငါကို အလောင်းကောင်ပုလဲပေးမယ်ဆိုရင်...မင်းက ငါတို့ လင်းရှောင်မြို့ကလုမိသားစုရဲ့မိတ်ဆွေဖြစ်သွားလိမ့်မယ်"

လုဖေးယွီက လုယွီအား စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

လုယွီက မေးမြန်းလေ၏။

"မင်းတို့ရဲ့ လင်းရှောင် လုမိသားစုခွဲနဲ့ ပင်မလုမိသားစုကြား ဆက်နွယ်ချက်ကဘာလဲ"

"အရူးကောင်"

ရုတ်ချည်းဆိုသလိုပင် လုမိသားစုဝင်လူငယ်များက မအောင့်အည်းနိုင်တော့ဘဲ ရယ်မောနေကြသည်။

"သူက လင်းရှောင် လုမိသားစုခွဲကိုတောင် မသိဘဲနဲ့ မေးချင်သေးတယ်...ဘာမှမသိတဲ့ တောသားလူနုံဆိုတာ ဒီကောင်မျိုးကိုပြောတာထင်တယ်"

"ပါးစပ်ပိတ်ထားကြစမ်း"

လုဖေးယွီက အော်ဟစ်လိုက်ရာတွင် မည်သည့်ရယ်မောသံမှ ထပ်မံထွက်ပေါ်လာခြင်းမရှိတော့ချေ။

လုဖေးယွီက အလျှင်စလိုလေသံဖြင့် ပြောဆိုလေသည်။

"ပင်မလုမိသားစုက အားနည်းနေပြီ...ဒါကြောင့် ငါတို့လင်းရှောင်လုမိသားစုခွဲက မိုးကောင်ကင်ရှုခင်းမြို့ကနေထွက်ခွါလာဖို့ ဆုံးဖြတ်ခဲ့တယ်....အခု အလယ်ပိုင်းကုန်းမြေမှာရှိတဲ့ အဓိကလုမိသားစုဝင်တွေက ငါတို့လင်းရှောင် လုမိသားစုခွဲကပဲ"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"ငါ ကြားထားတာတော့...မိုးကောင်းကင်ရှုခင်းမြို့က လုမိသားစုရဲ့ဘိုးဘေးနယ်မြေလေ...ဘာလို့ မင်းတို့က မိုးကောင်းကင်ရှုခင်းမြို့က စွန့်ခွါလာကြတာလဲ"

လုဖေးယွီက ရယ်မောလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မိုးကောင်းကင်ရှုခင်းမြို့ရဲ့အခြေအနေ တော်တော်ကောင်းခဲ့တယ်...ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ မိုးကောင်းကင်ရှုခင်းမြို့ကို ရေခဲတွေဖုံးလွှမ်းလာပြီးတော့ မြို့ထဲကစိတ်ဝိညာဥ်စွမ်းအင်တွေလည်း အားပျော့လာပြီ...ထိပ်သီးမိသားစုတစ်စုအနေနဲ့ အဲ့ဒီနေရာမျိုးမှာဆက်နေဖို့ ဘယ်လိုလုပ်ပြီးရွေးချယ်နိုင်မှာလဲ"

လုဖေးယွီက စိတ်ကြီးဝင်နေသောအမူအယာဖြင့် လုယွီအား ကြည့်လိုက်လေ၏။

"မင်း လျှို့ဝှက်နဂါးစာရင်းကိုသိလား"

လုယွီက ခေါင်းခါပြလိုက်သည်။လျှို့ဝှက်နဂါးစာရင်းဟူသည်အား သူ အမှန်တကယ်ပင်မသိချေ။

လုဖေးယွီက စိတ်လှုပ်ရှားနေသောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ လုမိသားစုရဲ့ ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံ လုထျန်းကျောင်းက လျှို့ဝှက်နဂါးစာရင်းရဲ့ ဒုတိယနေရာမှာရှိနေတာ...လျှို့ဝှက်နဂါးစာရင်းက အလယ်ပိုင်းကုန်းမြေမှာရှိတဲ့ အသက်သုံးဆယ်အောက်လူငယ်တွေထဲကနေ မိုးကောင်းကင်တာအိုက ရွေးချယ်ထားတာ...လုမိသားစုရဲ့ လုထျန်းကျောင်းက ငါတို့လင်းရှောင်မိသားစုခွဲကနေဆင်းသက်လာတာ...ပင်မလုမိသားစုရဲ့ညံဖျင်းတဲ့ ကျင့်ကြံဆင့်အရင်းအမြစ်တွေနဲ့ ဒီလိုပါရမီရှင်မျိုးကို ဘယ်လိုလုပ်ပြီး ပြုစုပျိုးထောင်ပေးနိုင်မှာလဲ..."

လုဖေးယွီက အနည်းငယ်စိတ်မကောင်းဖြစ်နေပုံဖြင့် ဆက်လက်၍ပြောဆိုလေ၏။

"တကယ်လို့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှထွက်ပေါ်လာတဲ့ မြေအောက်လောကဆိုသူကြောင့်သာမဟုတ်ရင်...ငါတို့ရဲ့ သခင်လေးက လျှို့ဝှက်နဂါးစာရင်းရဲ့ပထမနေရာကို ရမှာသေချာတယ်"

မြေအောက်လောကဟု ဆိုလိုက်သလော...။

လုယွီသည် သူနှင့်တာအိုနာမည်တူညီနေသော တစ်စုံတစ်ယောက်ရှိနေခြင်းအတွက် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ငါတို့ လုမိသားစုခွဲရဲ့အင်အားကို မင်း သိသွားပြီမလား"

လုဖေးယွီက သူ၏လက်ကို လုယွီထံသို့ ဆန့်တန်းလိုက်၏။

"မင်း ဒီလိုပစ္စည်းမျိုးကို ဘယ်စျေးကွက်မှာဖြစ်ဖြစ် မမြင်ဖူးလောက်ဘူးဆိုတာ ငါ သိပြီးသား...အဲ့ဒီ အလောင်းကောင်ပုလဲကိုလက်လွှဲပေးပါ...ပြီးတာနဲ့ မင်းက ငါတို့လင်းရှောင်မြို့ လုမိသားစုခွဲရဲ့ ဧည့်သည်တစ်ယောက်ဖြစ်လာမယ့် အခွင့်အရေးကိုရမယ်...ဒါက မင်းရဲ့အနာဂတ်ကျင့်ကြံမှုအတွက် အထောက်အပံဖြစ်စေမယ်"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလေသည်။

"မင်း ပြောသွားသမျှအားလုံးက...မင်းတို့ လင်းရှောင် လုမိသားစုခွဲရဲ့အင်အားကြီးပုံ အကြောင်းတွေပဲလေ...ဒီလိုမျိုး အလောင်းကောင်ပုလဲအတွက်ကတော့...မင်းတို့မိသားစုမှာလူတွေကအများကြီး...ဘယ်လိုခွဲခြမ်းယူကြမှာလဲ"

Chapter 552

လုယွီက လုမိသားစုဝင်များအား ကြည့်နေရင်းမှ အလောင်းကောင်ပုလဲကို သူ၏သိုလှောင်အိတ်အတွင်းမှ ထုတ်ယူလိုက်သည်။

အလောင်းကောင်ပုလဲမှ မှိန်ပျပျအလင်းရောင် ထုတ်လွှက်နေသည့်အပြင် နတ်ဆိုးအော်ရာကလည်း ထွက်ပေါ်နေပေ၏။

အလောင်းကောင်ပုလဲ ထွက်ပေါ်လာသည်ကိုကြည့်ပြီး လုဖေးယွီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

"မင်း အဲ့ဒါ ငါကိုပေး...မင်း ဘာမှမပြောခဲ့ဘူးလို့ ငါ သဘောထားပေးမယ်"

လုယွီက မေးမြန်းလိုက်၏။

"မင်း ဒီပစ္စည်းကို ဘာလို့လိုချင်နေတာလဲ"

"ဒါ မင်း သိနိုင်မယ့်ကိစ္စမျိုးမဟုတ်ဘူး"

လုဖေးယွီက စိတ်မရှည်သောလေသံဖြင့် ပြောဆိုလေသည်။

လုယွီက ခပ်သဲ့သဲ့ပြုံးနေပေသည်။

"သာမာန်ကျင့်ကြံသူတွေက အလောင်းကောင်ပုလဲရဲ့စွမ်းအားကို မစုပ်ယူနိုင်ဘူး...အလောင်းကောင်လမ်းကြောင်းကို ကျင့်ကြံတဲ့ သက်ရှိအလောင်းကောင်တွေကပဲ ဒီအရါကိုအသုံးပြုနိုင်တာ...လုမိသားစုက မိသားစုကြီးတစ်စုဖြစ်နေပြီးတော့ ဒီလိုနည်းစနစ်တွေကို အသုံးပြုတဲ့သူရှိနေတာလား"

လုဖေးယွီ၏မျက်လုံးများတွင် အနည်းငယ်အံ့အားသင့်မှုများ ထင်ဟပ်လာခဲ့သည်။သူက အော်ဟစ်လိုက်၏။

"ကောင်လေး...မင်း ဘယ်လိုလုပ်ပြီးသိတာလဲ...အလောင်းကောင်ပုလဲ ငါ့ကို မြန်မြန်မပေးသေးဘူးလား"

"ထူးဆန်းလိုက်တာ...သက်ရှိအလောင်းကောင်ကိုသတ်တာက ငါလေ...ဘာလို့ ငါရတဲ့ပစ္စည်း မင်းကိုပေးရမှာလဲ"

လုယွီက ပြက်ရယ်ပြုနေပေသည်။

လုဖေးယွီက ပြောဆိုလိုက်သည်။

"မင်းသတ်တာမှန်ပေမယ့်....သက်ရှိအလောင်းကောင်ကို ငါတို့အရင်ဆုံးတွေ့ခဲ့တာလေ....မင်း ရတဲ့ပစ္စည်းကလည်း ငါတို့ဟာပဲဖြစ်သင့်တာပေါ့...မင်းက အချောင်ဝင်ယူသွားတာ...ဘယ်လိုတောင်စိတ်ကြီးဝင်နေတာလဲ"

ထိုအချိန်မှာပင် အဝေးတနေရာမှ ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။

မြောက်များစွာသော လူရိပ်များလည်း ထွက်ပေါ်လာလေသည်။ထိုလူများသည် လုမိသားစုဟုတံဆိပ်ခတ်နှိပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားပေသည်။

"ဘာတွေဖြစ်နေတာလဲ"

လူစုအား ဦးဆောင်လာသော လူငယ်က လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်၏။

ထိုလူငယ်သည် အလွန်ချောမောခံ့ညားသူတစ်ယောက်ဖြစ်သည်။ပို၍အံ့အားသင့်ဖွယ်ကောင်းသောကိစ္စမှာ သူ့ခြေဖဝါးအောက်ရှိဓားပျံမှ အေးစက်စက်အော်ရာများ ထွက်ပေါ်နေခြင်းပင်။သူပျံသန်းနေစဥ်တွင် ဖီးနစ်ဌက်အော်မြည်သံကဲ့သို့ အသံသဲ့သဲ့ကလည်း ထွက်ပေါ်နေပေ၏။

ထိုဓားပျံသည် စိတ်ဝိညာဥ်ချိတ်ဆက်မှုအဆင့်မှော်ရတနာ ဖြစ်ပေသည်။

ထိပ်တန်းအဆင့်မှော်ရတနာများအား အကန့်အသတ်ရောက်သည်အထိ သန့်စင်နိုင်ပါက ၎င်းတွင် ကိုယ်ပိုင်အသိဥာဏ်ပါဝင်လာပြီး အစွမ်းထက်သောစိတ်ဝိညာဥ်ချိတ်ဆက်မှုအဆင့်မှော်ရတနာဖြစ်လာသည်။

ထိုကဲ့သို့မှော်ရတနာမျိုးသည် ထိပ်တန်းအဆင့်မှော်ရတနာများထက် ပို၍အဖိုးတန်ရှားပါးပေ၏။ထိပ်တန်းကောင်းကင်ဘုံဂိုဏ်းများပင်လျှင် သူတို့၏ဘိုးဘေးများမှလက်ဆင့်ကမ်းခဲ့သော စိတ်ဝိညာဥ်ချိတ်ဆက်မှုအဆင့်မှော်ရတနာအနည်းငယ်သာ ရှိနေနိုင်သည်။

"စီနီယာလုကျော...နောက်ဆုံးတော့ ရောက်လာပြီပေါ့...ဒီကောင်လေးက ကျွန်တော်တို့လုမိသားစု ပိုင်တဲ့ပစ္စည်းကို လုယူထားတယ်...သူက အရမ်းရိုင်းစိုင်းတာပဲ"

လုဖေးယွီက ကယ်တင်ရှင်တွေ့ရှိသွားသကဲ့သို့ လုကျောထံ ပျံဝဲသွားလေ၏။

"ဒီလို ကိစ္စမျိုးရှိတယ်လား"

လုကျော၏မျက်လုံးများက အေးစက်စက်တောက်ပလာခဲ့သည်။

"ဘာဖြစ်ခဲ့တာလဲဆိုတာ...ငါ့ကိုအကုန်ပြောပြစမ်း"

လုဖေးယွီသည် အစောပိုင်းကဖြစ်စဥ်ကို ချက်ချင်းရှင်းပြလိုက်သော်လည်း သူ၏ဖော်ပြချက်တွင် လုယွီသည် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သည့် သူခိုးတစ်ယောက်လုံးလုံးဖြစ်သွားခဲ့သည်။

မူလက သူတို့သည် သက်ရှိအလောင်းကောင်ကို သတ်ရန်ကြံစည်ခဲ့သော်လည်း လုယွီက တစ်ချိန်လုံးစောင့်ကြည့်နေပြီး ဖရိုဖရဲဖြစ်နေသောအခြေအနေကို အခွင့်ကောင်းယူ၍ အလောင်းကောင်ပုလဲကို လုယက်ယူဆောင်သွားခြင်းဟု လုဖေးယွီက ပြောဆိုခဲ့သည်။

"အဲဒါက အလောင်းကောင်ပုလဲလား"

လုကျောသည် အလွန်ပျော်ရွှင်သွားပေ၏။သူ မိသားစုမှထွက်ခွါမလာမီ ဆုလဒ်ရရှိမည့်တာဝန်အကြောင်းကို အမှတ်ရနေဆဲဖြစ်သည်။

အကယ်၍ မည်သူမဆို အကောင်းဆုံးအလောင်းကောင်ပုလဲကို ယူဆောင်နိုင်ခဲ့ပါက ဆုလဒ်မျါးသည် သာမာန်ထက်သုံးဆပိုရမည်ဖြစ်ပေ၏။

လုဖေးယွီ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်သည်။

"အဲ့ဒီဟာ....ငါ့ကိုပေးစမ်း"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။

"ဘာလဲ...မင်းတို့ ငါ့စီက လုယူချင်နေတာလား"

"ဒါက လုယူတယ်လို့ ပြောလို့မရဘူးလေ...မင်းက ငါတို့လုမိသားစု ပိုင်ဆိုင်ရမယ့်အရာကိုယူသွားခဲ့တာ...မင်း ပြန်ပေးသင့်တယ်"

လုကျောက အနည်းငယ်လက်ညှိုးညွှန်လိုက်သည်နှင့် ရုတ်တရက် ဓားပျံက သူ၏ခြေထောက်အောက်သို့ ရောက်ရှိလာခဲ့သည်။

ဝှီး...ဝှီး...ဝှီး..

ဓားပျံပေါ်သို့ လုကျော၏မှော်စွမ်းအင်များ ကျရောက်သွားသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား အေးစက်စက်အော်ရာတစ်ခုက လွှမ်းခြုံသွားခဲ့သည်။

"ငါ မင်းကို လဖက်ရည်တစ်အိုးတည်စာ အချိန်ပေးမယ်...မင်းကိုယ်မင်း သတ်သေလိုက်...ငါ့ဓားကို မညစ်ပတ်စေနဲ့"

လုကျောက ပြောဆိုလိုက်၏။

လုယွီက တုံပြန်ပြောဆိုလေသည်။

"မင်းက ကိစ္စတစ်ခုလုံးကို ထဲထဲဝင်ဝင်မသိဘဲနဲ့...သူ ပြောတာကိုပဲ နားယောင်လိုက်တယ်ပေါ့...ဒါက မင်းတို့ လင်းရှောင် လုမိသားစုခွဲရဲ့ လုပ်ဆောင်နေကျနည်းလမ်းလား"

လုကျောက မောက်မာသောအမူအယာဖြင့် ပြောဆိုလိုက်သည်။

"ငါတို့မိသားစုရဲ့လုပ်ဆောင်ချက်တွေက မှန်ကန်တယ်ဆိုတာ ထင်ရှားနေတာပဲလေ...မင်းကို ရှင်းပြဖို့လိုလို့လား...အသက်ရှုချိန်သုံးကြိမ်စာကျန်သေးတယ်...မြန်မြန် စလုပ်တော့...တကယ်လို့ ငါကိုယ်တိုင်လှုပ်ရှားရမယ်ဆိုရင်...မင်း အလောင်းအကောင်းကျန်မှာမဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။

"မင်းတို့က လုမိသားစုဝင်တွေဖြစ်နေမှတော့...တကယ်လို့ မင်းတို့ခုထွက်သွားမယ်ဆိုရင် ငါ ဘာကိစ္စမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်"

Chapter 553

"မင်းက ခုထိ အခြေအနေကိုမသိသေးတဲ့ကောင်ပဲ"

လုကျောသည် သူ၏စိတ်အတွင်းမှ အသက်ရှုချိန်သုံးကြိမ်စာရေတွက်ပြီးနောက် အေးစက်စက်ပြုံးပြီး ပြောဆိုလိုက်၏။

"ငါ ပေးတဲ့အခွင့်အရေးကို ဖြုန်းတီးတဲ့အတွက်...မင်း နောင်တရစေရမယ်"

လုကျောက ဓားရှည်ကိုကိုင်မြှောက်ပြီး လေထုအတွင်း၌ ဂုဏ်ယူဝင့်ကြွားသောအမူအယာဖြင့် မတ်တတ်ရပ်နေသည်မှာ ကိုးကောင်းကင်မှနတ်ဘုရားတပါးကဲ့သို့ပင်။

သူက ဓားရှည်ကို လုယွီထံသို့ ဦးတည်ပြီးချိန်ရွယ်ထားလေ၏။

"စိတ်ပျက်ဖို့ကောင်းလိုက်တာ...ငါရဲ့ဓားက အမြဲတမ်း အစွမ်းထက်သူတွေကိုပဲသတ်ဖြတ်ခဲ့တာ...ဒါပေမယ့် အခုတော့ ဘယ်ကမှန်းမသိတဲ့ကောင်တစ်ကောင်ရဲ့သွေး စွန်းထင်းရတော့မယ်...ငါ ပြန်ရောက်တာနဲ့ ငါ့ဓားရဲ့မျက်နှာပြင်ကအညစ်အကြေးတွေကို စိတ်ဝိညာဥ်စမ်းရေနဲ့ဆေးကြောသန့်စင်ပစ်ရမယ်"

ရေခဲဓားရှည်မှ ချက်ချင်းပင် ပြင်းထန်သောအအေးဓာတ်များ ပေါတ်ကွဲထွက်လာပေ၏။ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ရေခဲအလွှာတစ်လွှာထွက်ပေါ်လာပြီးနောက် အဖြူရောင်အလင်းတန်းတစ်တန်းက လုယွီထံသို့ တိုးဝင်သွားခဲ့သည်။

လုမိသားစုဝင်လူငယ်များပင် ထိုပြင်းထန်သောအေးစိမ့်မှုကို ခံစားရသဖြင့် သက်ရောက်မှုမရှိစေရန် နောက်သို့ဆုတ်၍ ကာကွယ်ထားလိုက်ကြသည်။

"ကောင်းပြီလေ...သူ သေသွားပြီ...မင်းတို့က သူ့အလောင်းစီကိုသွားပြီး အလောင်းကောင်ပုလဲကိုယူဆောင်ခဲ့ကြ....အဲ့ဒီပစ္စည်းက ငါ့ဟာဆိုတာတော့ မှတ်ထားကြ"

လုကျောက နောက်လှည့်ပြီး ထွက်ခွါရန်ပြင်ဆင်လိုက်တော့သည်။

သူက သူ၏ဓားသည် လုယွီအား သတ်ဖြတ်ပြီးပြီဟု အတိအကျယုံကြည်ထားခဲ့သည်။

"စီနီယာလုကျော....စီနီယာရဲ့နောက်မှာ..."

တစုံတယောက်က တုန်တုန်ရီရီဖြင့် လုကျော၏နောက်သို့ လက်ညှိုးညွှန်ပြလိုက်၏။

လုကျောက မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒါက လူသေတဲ့မြင်ကွင်းပဲမဟုတ်ဘူးလား...လုမိသားစုဝင်တိုင်းက သွေးပင်လယ်ဝေနေတဲ့ တောင်ပုံရာပုံအလောင်းကောင်တွေကို နင်းဖြတ်လာခဲ့ရတာ...ဘာလို့ ဒီလို မြင်ကွင်းလောတ်လေးကို ထိတ်လန့်ကြောက်ရွံနေတာလဲ"

"မဟုတ်ဘူး...သူက..."

ထိုသူက တစ်စုံတစ်ခုအား ပြောဆိုချင်နေသော်လည်း တွန့်ဆုတ်နေပေ၏။

"ဒါက မင်းရဲ့အရည်အချင်းလား"

အေးစက်စက်အသံတစ်သံက လုကျော၏နောက်မှ ထွက်ပေါ်လာခဲ့သည်။

လုကျောက နေရာ၌ပင် ကြက်သေသေသွားပြီးနောက် မယုံကြည်နိုင်မှုများဖြင့် နောက်သို့လှည့်ကြည့်လိုက်၏။

လုယွီက မူလနေရာ၌ပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး ရှောင်တိမ်းခြင်းပင်မရှိချေ။ထို့ပြင် သူ၏လက်ချောင်းများကြား၌ အဖြူရောင်အလင်းတန်းတစ်ခုရှိနေသည်။

ထိုအဖြူရောင်အလင်းတန်းသည် အလွန်ထက်ရှပုံရပြီး ၎င်း၏မျက်နှာပြင်ကပင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို အဆက်မပြတ်ထုတ်လွှက်ထားပြီး လုယွီထံသို့ ဦးတည်ဝင်လာခြင်းဖြစ်သည်။

သို့ရာတွင် အဖြူရောင်အလင်းတန်းက မည်မျှထိပြင်းထန်နေပါစေ လုယွီ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။၎င်းက အစွမ်းအစမဲ့စွာဖြင့် လုယွီ၏လက်ညှိုးကြားသို့ ကျရောက်သွားခဲ့ရသည်။

"မင်းက ငါရဲ့ဓားချီကို လက်သက်သက်နဲ့ဖမ်းတယ်ပေါ့...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

လုကျောက အိမ်မက်မက်နေသကဲ့သို့ ကယောင်ကတမ်းပြောနေပြီး သူ၏မျက်လုံးများကလည်း ပြူးကျယ်နေပေ၏။

သူ၏ဓားသည် လုမိသားစု၏ကောင်းကင်ဘုံချီးမြှောက်ခံဖြစ်သော လုဝူယာ(nameချိန်းသွားပါတယ် အရင်အပိုင်းတွေမှာ လုထျန်းကျောင်းပါ)ထံမှ ရရှိထားခြင်းဖြစ်သည်။

မည်သည်ကြောင့် ထိုကောင်လေးက လက်ဗလာသက်သက်ဖြင့် တားဆီးထားနိုင်သနည်း။

"မင်းက အတော်ရက်စက်ယုတ်မာတဲ့ကောင်ပဲ...တကယ်လို့ ငါ့နေရာမှာ သာမာန်သဘာဝလွန်စွမ်းအင်ကျင့်ကြံသူတစ်ယောက်ဆိုရင်...သူက သေဆုံးသွားပြီးတော့ မင်းရဲ့အကြမ်းဖက်လုယက်တာကို ခံရပြီးနေလောတ်ပြီ"

လုယွီက သူ၏လက်ညှိုးကို အောက်သို့ချလိုက်၏။ထို့နောက် သူက ထိုဓားချီအား ပေါ့ပေါ့ပါးပါးသာ ပစ်ထုတ်လိုက်သည်။

ဘန်း ဟူသောမြည်ဟီးသံနှင့်အတူ ဓားချီသည် မည်သည့်အချိန်ကမျှမရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

လုကျောက ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ပြောဆိုလိုက်၏။

"ငါထင်တာတော့...မင်း လျှို့ဝှက်နည်းလမ်းတစ်ခုကိုသုံးပြီး ငါရဲ့ဓားချီကိုဖမ်းယူထားတာပဲဖြစ်မယ်...ငါရဲ့ဓားချီကို ထပ်ပြီးခံယူလိုက်စမ်း"

လုကျောက လေထုအတွင်းသို့ ထပ်မံခုန်တက်လိုက်ပြီးနောက် သူ၏ဓားကိုင်ထားသောညာဘက်လက်သည် တုန်ခါလာပြီး ဓားချီလှိုင်းသုံးလှိုင်းက လုယွီထံသို့ တိုးဝင်သွားတော့သည်။

ဖြောက်...ဖြောက်...ဖြောက်....

ပတ်ဝန်းကျင်ရှိ တချို့ကျောက်တုံးများသည် ဓားချီလှိုင်းနှင့်ထိခတ်မိပြီးနောက် ရေခဲစများအဖြစ်ပြောင်းလဲသွားပြီး အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပေ၏။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

"မင်းလည်း ငါရဲ့ဓားချီကို ခံယူလိုက်အုံး"

လုယွီက ခေါင်းဖြတ်ဓားကိုဆင့်ခေါ်ပြီး သူထံတိုးဝင်လာသောဓားချီလှိုင်းများကို ရိုက်ခတ်ထုတ်လိုက်၏။

"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသခုတ်ပိုင်းချက်"

လုယွီ၏နောက်၌ ဧရာမအနက်ရောင်ဓားတစ်ချောင်းပုံရိပ် ထွက်ပေါ်လာပြီးနောက် ၎င်း၏လမ်းကြောင်းရှိ အရာရာတိုင်းကို ပျက်စီးစေသည့်အလား အေးစက်စက်ဓားချီများအားဖျက်ဆီးပစ်တော့သည်။

လုကျောသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်လှည့်ပြေးလေ၏။သို့သော် တစ်ချိန်တည်းမှာပင် ခေါင်းဖြတ်ဓားက လုကျော၏ပခုံးအား ဖြတ်တောက်သွားခဲ့သည်။

ဝှစ်...

လုယွီက ဓားဆွဲထုတ်လိုက်သည့်အချိန်မှာပင် လုကျော၏လက်မောင်းအား ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ဤအချိန်တခဏတွင် သွေးများက နေရာအနှံ့ ဖြာကျနေပေ၏။လုကျောသည် ပြင်းထန်သောနာကျင်မှု၏စေ့ဆော်မှုကြောင့် ကူကယ်ရာမဲ့စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်နေလေသည်။

"ဒီတစ်ကြိမ်တော့ ငါ မင်းရဲ့လက်မောင်းကိုပဲဖြတ်လိုက်မယ်..နောက်တစ်ကြိမ်ဆိုရင် ဒီလေါက်နဲ့ပြီးမှာမဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

လုကျောသည် မြေပြင်ပေါ်၌ လဲကျနေရာမှ လုယွီအား ထိတ်လန့်တုန်လှုပ်မှုများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

တခြားလုမိသားစုဝင်များကမူ မြေပြင်ပေါ်၌ ပြားပြားဝပ်နေကြပြီး သူတို့ရှေ့ရှိကိစ္စကို ဝင်ရောက်စွက်ဖက်ဝံ့ခြင်းမရှိကြချေ။

လုကျောသည် ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်ကျင့်ကြံသူဖြစ်သည်။

သဘာဝလွန်စွမ်းအင်နယ်ပယ်အလယ်ဆင့် ကောင်လေးတစ်ယောက်က မည်သည့်နည်းဖြင့် လုကျော၏လက်မောင်းကို လွယ်လင့်တကူဖြက်တောက်သွားသနည်း။

"အခု မသွားကြသေးဘူးလား"

လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။

Chapter 554

လုကျော၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီသွားပေသည်။

အကယ်၍ သူ ဤနေရာ၌သာဆက်၍နေနေပါက သူ့အား လုယွီ သတ်ဖြတ်ပစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လုယွီ၏ဓားရှေ့မှောက်တွင် လုကျောသည် သူ၌ပြန်လည်တိုက်ခိုက်နိုင်ရန်သတ္တိမရှိဟု ခံစားနေမိသည်။

"သွားကြမယ်"

လုကျောက အလျှင်အမြန်ဆုံးဖြတ်ချက်ချပြီး သူ၏ခန္ဓာကိုယ်မှနာကျင်မှုကို ဖိအားပေး၍တောင့်ခံပြီး ပြတ်သွားသောလက်မောင်းကိုကောက်ယူကာ လုမိသားစုဝင်များနှင့်အတူ စိတ်ပျက်အားငယ်ခြင်းများနှင့် ထွက်ခွါသွားတော့သည်။

ဆယ်မိုင်ခန့်အကွာအဝေးကို သွားပြီးနောက်တွင်မူ လုကျောက ရပ်တန့်လိုက်သည်။

"စီနီယာလုကျော...စီနီယာရဲ့လက်မောင်းက သွေးထွက်နေတုန်းပဲ...."

လုမိသားစုဝင်လူငယ်တစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောဆိုလေ၏။

"ပါးစပ်ပိတ်ထားကြစမ်း...ငါ မျက်လုံးကန်းနေတယ်လို့ မင်း ထင်နေတာလား"

လုကျောက သူ၏ကျန်ရှိနေသောလက်တစ်ဖက်ဖြင့် ထိုလူငယ်အား ပါးရိုက်လိုက်သည်။

ဖြန်း...

ထိုလူငယ်၏မျက်နှာတွင် အနီရောင်လက်ဝါးရာကြီး ပေါ်လာပြီးနောက် သူ၏ပါးစပ်မှသွေးများယိုစီးကျလာသော်လည်း သူက ပြန်လည်ခုခံဝံ့ခြင်းမရှိချေ။

"အဲ့ဒီကောင်လေးမှာ ဘယ်လိုနောက်ခံမျိုးရှိနေလဲဆိုတာ ငါသိချင်လိုက်တာ...အစောပိုင်းတုန်းကတော့ သူကို ဒေလီယာဘုန်းကြီးက သင်ခန်းစာပေးနေတာ...ကြည့်ရတာတော့ ဒေလီယာဘုန်းကြီးနဲ့သူနဲ့ အငြင်းပွါးနေပုံပဲ"

လုကျော၏မျက်နှာသည် သုန်မှုန်နေပြီး သူ၏လက်ကိုအသုံးပြု၍ သူ့ခန္ဓာကိုယ်အား အကြိမ်အနည်းငယ်တို့ထိနေပေ၏။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်မောင်းမှ သွေးယိုစီးကျနေမှု ရပ်တန့်သွားခဲ့သည်။

"စီနီယာ....ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

လုမိသားစုဝင်လူငယ်တစ်ယောက်က သတိကြီးစွာထား၍ မေးမြန်းလေ၏။

လုကျောသည် ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်နေပြီး အချိန်တခဏကြာမိန်းမောတွေဝေနေပြီးမှ ပြောဆိုလိုက်သည်။

"အဲ့ဒီကောင်လေးရဲ့အော်ရာမှာ ဘာအငွေ့အသက်ရှိနေလဲဆိုတာ မင်းတို့သတိပြုမိကြလား"

တခြားသူများသည် ကြက်သေသေသွားကြပြီးနောက် လုကျောက ထိုကိစ္စကို မည်သည်ကြောင့် ရုတ်တရက်ပြောဆိုလာသည်ကို နားလည်နိုင်ခြင်းမရှိကြချေ။

သို့ရာတွင် ကျင့်ကြံသူတစ်ယောက်၏မှတ်ဥာဏ်သည် သာမာန်မဟုတ်ပေရာ အချိန်တခဏအကြာမှာပင် သူတို့က မှန်းဆနိုင်ခဲ့ကြသည်။

"အဲ့ဒီအေါ်ရာက မိုးကောင်းပင်စိတ်ဝိညာဥ်သလင်းကျောက်ပဲ...ငါက အဲ့ဒီကောင်လေးကိုသတ်ပြီးတာနဲ့...မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ကို သွားတူးမလို့ ရည်ရွယ်ထားခဲ့တာ...အဲ့ဒီကောင်က အရမ်းကိုအစွမ်းထက်နေမယ်လို့ ဘယ်သူကထင်မိမှာလဲ....ဒါက တကယ့်ကို သောက်ပြဿနာကြီးပဲ"

လုကျောသည် ဒေါသတကြီးဖြင့် သူ၏ဘေးရှိကျောက်တုံးကို လက်ဖြင့်ရိုက်လိုက်၏။

မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ဟု ဆိုလိုက်သလော....။

လုမိသားစုဝင်များ၏စိတ်နှလုံးသားများသည် ထိန်းချုပ်နိုင်မှုမရှိတော့ဘဲ လှုပ်ခတ်သွားကြသည်။

"စီနီယာ....စီနီယာ ခန့်မှန်းတာ မှားများနေသလား...ဒါက တကယ်ကို မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်လား"

လူငယ်တစ်ယောက်က အံ့အားသင့်စွာဖြင့် မေးမြန်းလေ၏။

လုကျောက ခေါင်းညိတ်ပြပြီးနောက် မကျေမချမ်းပြောဆိုလိုက်သည်။

"ငါ့ အထင်အရတော့ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်မိုင်းတွင်း ဖြစ်နိုင်တယ်...တကယ်လို့ ငါတို့သာ မိုင်းတွင်းကိုတူးဖော်ပြီးယူသွားနိုင်ရင်....ငါတို့က မိသားစုသူရဲကောင်းတွေဖြစ်လာပြီးတော့ အနာဂတ်မှာ ငါတို့ရဲ့ကျင့်ကြံမှုလမ်းကြောင်းက ချောမွေ့နေလိမ့်မယ်"

လူတိုင်းနီးပါးက ကြီးမားစွာပျော်ရွှင်ရတော့မည်ကို စိတ်ကူးယဥ်နေကြ၏။

ရုတ်တရက် လူငယ်တစ်ယောက်က စကားပြောဆိုလေသည်။

"ဒါပေမယ့်...ဟိုကောင်လေးက အရမ်းအစွမ်းထက်တယ်....ငါတို့က ဘယ်လိုလုပ်ပြီး သူ့လက်ထဲက မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ကို ယူကြမှာလဲ"

လုကျောက မေးခွန်းထုတ်လိုက်သည်။

"ငါတို့ ဒီဘုရားကျောင်းကို ဘာလို့လာရလဲဆိုတာ...မင်းတို့ မှတ်မိကြသေးလား"

တခြားလူငယ်များအား တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

သူတို့ ဤနေရာသို့ရောက်ရှိလာရသည့် အကြောင်းအရင်းမှာ သူတို့၏ပျံသန်းရေးမှော်သားရဲများသေဆုံးသွားပြီး လေပြင်းကြောင့် မတော်တဆရောက်ရှိလာရခြင်းဖြစ်သည်။

ယခင်က ဤနေရာသို့ တူညီသောနည်းလမ်းဖြင့် ရောက်ရှိနေသူအမြောက်အများလည်း ရှိနေခဲ့သည်။

တချို့လူများ၏ပြောဆိုမှုများအရ ဘုရားကျောင်းသည် ဆယ်ရက်လျှင်တစ်ကြိမ်ပွင့်လာပြီး ထိုအချိန်တိုင်းတွင် လေပြင်းများက ဘုရားကျောင်းမှ ကောင်းကင်ယံတိုင် ထိုးတက်သွားသည်ဟု ဆိုကြသည်။

ထွက်ပေါက်သည် ဘုရားကျောင်းအတွင်း၌ရှိပေ၏။

ကောလဟာလများအရ ဘုရားကျောင်းအတွင်းတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ထာဝရအသက်၏လျှို့ဝှက်ဆန်းကြယ်မှုများကိုရှာဖွေရန် သီးသန့်ကျင့်ကြံနေသည်ဟုလည်း သူတို့ ကြားသိခဲ့ရသည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ရှေးဟောင်းနတ်ဘုရား၏ရတနာများကို ရှာဖွေတွေ့ရှိပါက ထာဝရအသက်ရရှိရန် အခွင့်အရေးကို ရကောင်းရနိုင်ပေမည်။

"စီနီယာ ဆိုလိုချင်တာက...."

လုကျော၏မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"ငါတို့က သူ့ကို မသတ်နိုင်မှတော့....ငါတို့ ဓားဌားပြီးသတ်ရမယ်....အဲ့ဒီကောင်လေးက ထာဝရအသက်ရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရရှိသွားပြီးတော့ ထွက်ပေါက်ကိုတွေ့သွားပြီလို့ ငါတို့ သတင်းဖြန့်ရမယ်"

"သူ အခုလက်ရှိ ဘယ်နေရာမှာရှိနေလဲဆိုတာ....လူများများသိအောင်လုပ်ရမယ်"

လုမိသားစုဝင်လူငယ်တစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောဆိုလေသည်။

"ဒါပေမယ့် တကယ်လို့ တစ်စုံတစ်ယောက်က သူကိုသတ်လိုက်မယ်ဆိုရင်....သူစီက မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေကို ယူလိုက်မှာလေ....ကျွန်တော်တို့က ဘာအောင်မြင်မှုရမှာမလို့လဲ"

"မင်း ဘာပြောလိုက်တာလဲ....မင်း ရူးနေတာလား"

လုကျောက ပြက်ရယ်ပြုနေပေ၏။

"သူက တစ်ယောက်တည်းလေ....သူ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်မိုင်းတွင်းတစ်ခုလုံးကို သယ်မသွားနိုင်ဘူးဆိုတာ ငါ သေချာပြောနိုင်တယ်...သူ သေသွားတာနဲ့...ငါတို့ မိုင်းတွင်းကိုသွားပြီး သလင်းကျောက်တွေသွားယူမယ်"

"သူက လူအားလုံးရဲ့ပစ်မှတ်ဖြစ်လာလိမ့်မယ်....ငါက သူသေသွားတာကို ငါ့မျက်လုံးနဲ့ကိုယ်တိုင်ကြည့်ချင်တာ"

လုကျော၏မျက်လုံးများအတွင်းတွင် ရန်ငြှိုးထားမှု မုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေပေသည်။

Chapter 555

တစ်ခြားတစ်ဖက်မှ လုယွီကမူ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်များအား စတင်၍ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။

သူ၏ဓားသုံးချောင်းလုံးအား ဤသလင်းကျောက်များဖြင့် ပြုပြင်ရန်လိုအပ်ပေသည်။

ထို့ကြောင့် သလင်းကျောက်များသည် သူ့အတွက် အလွန်အဖိုးထိုက်တန်ပေ၏။

"ပိုင်တိုကောင်းကင်ဘုံဂိုဏ်းရဲ့ သိုလှောင်တဲ့နေရာက...ဒီ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေအားလုံးကို သိုလှောင်ပေးနိုင်မယ်"

လုယွီက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။


ရုတ်တရက် ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။

လုယွီက ချက်ချင်းရပ်တန့်ပြီး လေထုအတွင်းရှိ အနက်ရောင်အခိုးအငွေ့များအား စူးစမ်းလေ့လာလိုက်သည်။

"နတ်ဆိုးချီတွေပါလား"

လုယွီ၏မျက်လုံးများက တည်ကြည်လေးနက်သွားပေ၏။

သူ လှုပ်ရှားနေရာမှရပ်တန့်ပြီး အချိန်တခဏအကြာမှာပင် ပတ်ဝန်းကျင်လေထုအတွင်းရှိ နတ်ဆိုးချီများ ပါးလွှာလာခဲ့သည်။

သို့ရာတွင် လုယွီက ထိုနတ်ဆိုးချီ ထွက်ပေါ်လာသောနေရာကို မှန်းဆနိုင်ပြီးဖြစ်သည်။ထိုနတ်ဆိုးချီအမျိုးအစားကို သူ၏အတိတ်ဘဝတွင် တွေ့ဆုံခဲ့ဖူးသောကြောင့် အနည်းငယ်ရင်းနှီးနေသကဲ့သို့ သူ ခံစားမိနေသည်။

"မင်း...ဒီနေရာကိုလာခဲ့....."

ပြက်တောင်းပြက်တောင်း အသံတစ်သံက လုယွီ၏နားအတွင်းသို့ ကျရောက်လာခဲ့သည်။

လုယွီ၏မျက်လုံးအကြည့်များက တည်ကြည်လေးနက်သွားပြီး အသံလာရာရင်းမြစ်နေရာသို့ ကြည့်နေလေ၏။ရုတ်တရက် သူက လှိုဏ်ဂူတစ်လုံးအား ရှာဖွေတွေ့ရှိမိသည်။

လှိုဏ်ဂူအတွင်းသို့ ခြေလှမ်းချမိသည်နှင့် ပိန်းပိတ်အောင်မှောင်မည်းနေသော်လည်း လုယွီ၏မျက်လုံးများကမူ သဲသဲကွဲကွဲမြင်နိုင်ပေသည်။

"ငါ ဒီနေရာမှာ...."

အသံက အလွန်အားပျော့ပြီး တိမ်ဝင်နေလေသည်။

လုယွီက အနီးကပ်သွားကြည့်ရာတွင် ခြောက်သွေ့နေသော ယဇ်ပလ္လင်တစ်ခုကိုတွေ့မြင်မိပြီး ပတ်ဝန်းကျင်တွင်လည်း ဖုန်မှုန့်များနှင့်သွေးများဖြင့် ဖုံးလွှမ်းနေပေ၏။

ယဇ်ပလ္လင်ပေါ်၌ မုတ်ဆိတ်မွှေးငုတ်တိုနှင့် လူတစ်ယောက်ထိုင်နေပြီး သူ၏ဆံပင်ရှည်များသည် ဖုန်မှုန့်များကြောင့် အရောင်များပင် ပြောင်းလဲနေလေပြီ။

"မင်းရဲ့စိတ်ဝိညာဥ်က မဆိုးဘူး...မင်း ငါကို တစ်ခုလောက်ကူညီပေးနိုင်မလား"

လူကြီးက ပြောဆိုလိုက်၏။

လုယွီက ထိုလူကြီးကို စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

"အချုပ်အနှောင်လား"

လူကြီး၏မျက်လုံးများ တောက်ပနေပြီး သူ၏ခေါင်းကို ခက်ခက်ခဲခဲမော့ကာ လုယွီအား စူးစိုက်ကြည့်နေလေသည်။

"မင်း ဘယ်လိုလုပ်ပြီးသိတာလဲ"

လုယွီက လူကြီး၏ရှေ့တွင် ပလ္လင်ခွေထိုင်ချလိုက်သည်။

"ပြောပါအုံး...ခင်ဗျား အဝေးကိုထွက်မသွားတာနဲ့ ဒီနေရာကို ထာဝရဖိနှိပ်ထားနိုင်မှာလား...ဒီနေရာမှာ ဘာကိုဖိနှိပ်ထားတာလဲ"

လူကြီးက လုယွီအား စူးစိုက်၍ကြည့်နေပေ၏။

"ဒီအေါက်မှာရှိနေတဲ့ တည်ရှိမှုကြီးက မင်း ဘယ်တုန်းကမှစိတ်ကူးတောင်ယဥ်ကြည့်ဖူးမှာမဟုတ်တဲ့ နတ်ဆိုးတစ်ကောင်ပဲ...ငါ ဒီနေရာမှာ ပိတ်မိနေတာ တော်တော်ကြာနေပြီ...ငါမှာ ခွန်အားတွေမရှိတော့ဘူး...မင်း ငါ့ကိုကူညီပြီး ဒီဓားကို ဟိုအက်ကွဲကြောင်းတွေကြားထဲ ထိုးစိုက်ပေးနိုင်မလား"

ဤသည်က သွေးများစွန်းထင်းနေသော ရှေးဟောင်းကြေးနီဓားတစ်လက်ဖြစ်သည်။

လုယွီက ထိုဓားကိုယူဆောင်ခြင်းမပြုဘဲ သူ၏ခေါင်းကို ခါယမ်းနေပေသည်။

"ဒီဓားပေါ်မှာ ခင်ဗျားရဲ့ အစစ်အမှန်သွေးစက်တွေရှိနေတယ်...အခုလက်ရှိ ခင်ဗျားရဲ့အခြေအနေနဲ့...ဒီဓားကိုအသုံးပြုပြီး ချိပ်ပိတ်မယ်ဆိုရင် ခင်ဗျားသေသွားလိမ့်မယ်

"ဟား ဟား ဟား""အဟွက်...အဟွက်...အဟွက်..."

လူကြီးက ရယ်မောနေရင်းမှ ချောင်းဆိုးပြီးသွေးများအန်ထွက်လာခဲ့သည်။

"နတ်ဆိုးကိုအမြစ်ပြတ်သုတ်သင်နိုင်ဖို့က ငါ သေသွားရင်တောင်လုပ်ရမယ့်ကိစ္စပဲ...ငါ သေသွားရင်တောင်မှ ဂရုမစိုက်ဘူး"

လူကြီး၏အသံတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

လူကြီးက သူ၏လက်အတွင်းရှိကြေးနီဓားကို လုယွီထံသို့ ထပ်မံ၍လက်ကမ်းပေးလိုက်၏။

"သွားပြီး ဒီဓားကိုထိုးစိုက်လိုက်ပါ...ငါ ဒီနတ်ဆိုးကိုဖိနှိပ်ထားနိုင်သမျှကာလပတ်လုံး...ငါရဲ့သေခြင်းကတန်ဖိုးရှိတယ်လို့ဆိုနိုင်တယ်"

လုယွီက လူကြီး၏လက်အတွင်းမှ ရှေးဟောင်းကြေးနီဓားကို လှည့်ကြည့်ခြင်းပင်မပြုဘဲ ခေါင်းခါယမ်းနေပေ၏။

"ခင်ဗျားရဲ့ဓားမှာ စွမ်းအားအများကြီးမကျန်တော့ဘူး...အချိန်တခဏကြာချိပ်ပိတ်ထားနိုင်ရင်တောင်မှ ထာဝရအတွက်ဆိုတာမဖြစ်နိုင်ဘူး...တကယ်လို့ ကျုပ်ရဲ့ခန့်မှန်းချက်မှန်မယ်ဆိုရင် ဒီဓားကတစ်နှစ်အတွင်း ကျိုးပျက်သွားလိမ့်မယ်"

လုယွီက လူကြီးအား ထပ်မံကြည့်ရှုလိုက်၏။

"တကယ်လို့ ခင်ဗျား ကျုပ်ကိုယုံကြည်တယ်ဆိုရင်...ဒီအေါက်မှာဘာကို ချိပ်ပိတ်ထားတာလဲဆိုတာ ကျုပ်ကိုပြောပြ...ကျုပ် ခင်ဗျားကို ကူညီနိုင်တယ်"

လူကြီးက ခါးသက်သက်ပြုံးလိုက်သည်။

"အသုံးမဝင်ဘူး...တကယ်လို့ ဒီလေါကထဲကို ရှေးဟောင်းနတ်ဆိုးသာ ပေါ်ထွက်လာခဲ့ရင်....ဒီကြယ်နယ်မြေမပြောနဲ့...ကြယ်စင်စုတစ်စုလုံးတောင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ရှေးဟောင်းနတ်ဆိုးဟု ဆိုလိုက်သလော....

လုယွီ၏စိတ်အတွင်း၌ ကြယ်နယ်မြေတစ်ခုနှင့်တစ်ခုကြား တိုက်ပွဲမြင်ကွင်းများ ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။

ရှေးဟောင်းနတ်ဆိုးများ အုပ်စုဖွဲ့ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူအများအပြား ကြွေလွင့်ခဲ့ရသည်။တာအိုသခင်များပင် အနည်းငယ်သတိလက်လွတ်ဖြစ်သွားသည်နှင့် မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးခဲ့ကြ၏။

လုယွီ၏မျက်နှာအမူအယာက ရုတ်တရက်သုန်မှုန်သွားခဲ့သည်။

"ခင်ဗျားက ဒီနတ်ဆိုးကို ချိပ်ပိတ်ထားနိုင်မှာမဟုတ်ဘူး....ခင်ဗျားကို ဘယ်သူက ဒီနေရာကို စောင့်ကြပ်ခိုင်းထားတာလဲ"

လူကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလေသည်။

"ငါရဲ့မိသားစုခေါင်းဆောင်...နတ်ဆိုးချိပ်ပိတ်သူပဲ"

All Chapters