← Chapters

အခန်း (၅၆၁-၅၆၅)

Vol. 31 Ch. 561-565

အခန်း (၅၆၁-၅၆၅)

Vol. 31 Ch. 561-565

Chapter 561

နတ်ဆိုးချိပ်ပိတ်သူအား မြင်မိသည့် မည်သူမဆို အဖိုးအိုတစ်ယောက်၏မျက်နှာဟုသာ တွေးထင်ကြပေမည်။

အမှန်အားဖြင့် နတ်ဆိုးချိပ်ပိတ်သူသည် တာအိုသခင်ဖြစ်စဥ်က အသက်သုံးဆယ်ခန့်သာရှိသေးသည်။

ထိုအချိန်တုန်းက သူသည် တာအိုသခင်နယ်ပယ်သို့ရောက်ရှိရန် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြု၍ အသက်စွမ်းအားများစွာကိုလောင်ကျွမ်းစေပြီး အတင်းအကြပ်ဖိအားပေးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူ၏အသက်ငယ်ရွယ်စဥ်ကပင် သူ၏ရုပ်ရည်မှာ အိုမင်းရင့်ရော်နေခဲ့သည်။

လုယွီက နတ်ဆိုးချိပ်ပိတ်သူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ချက်ချင်းပင် ပြောဆိုလိုက်၏။

"ကြည့်ရတာတော့ မင်း တကယ်ကို သေသွားပုံပဲ...မင်းက အကြွင်းအကျန်စိတ်ဝိညာဥ်ကိုတောင် ချန်မထားခဲ့ဘူးလား"

လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေသူသည် ပုံရိပ်ယောင်တစ်ခုသက်သက်ပင်။

ပုံရိပ်ယောင်နှင့် အကြွင်းအကျန်စိတ်ဝိညာဥ်တို့ မတူညီသည့်အချက်မှာ အကယ်၍ ပုံရိပ်ယောင်၌ ကိုယ်ပိုင်အသိစိတ်ရှိနေလျှင်ပင် တစ်ကြိမ်ပေါ်ထွက်ပြီးသည်နှင့် လုံးလုံးလျားလျားပျောက်ကွယ်သွားပေမည်။

ဤသည်က လုယွီက နတ်ဆိုးချိပ်ပိတ်သူကို တွေ့ဆုံရသော နောက်ဆုံးအချိန်ဖြစ်ပေ၏။

"မင်း ဒီနေရာကို ရောက်လာတယ်ဆိုမှတော့...ဒီနေရာမှာ ဘာကိုချိပ်ပိတ်ထားလဲဆိုတာ မင်း သိပြီးလောတ်ပြီ"

နတ်ဆိုးချိပ်ပိတ်သူ၏မျက်နှာထက်မှအပြုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

လုယွီက လေးလေးနက်နက် ပြောဆိုလေ၏။

"အင်း...ငါ သိပြီးပြီ"

"အဲ့ဒီရက်တွေတုန်းက....ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးဟာ နယ်မြေခြားနတ်ဆိုးတွေနဲ့ပူးပေါင်းပြီး ကမ္ဘာတစ်သောင်းနယ်မြေရဲ့တစ်ဝက်ကို ဝါးမြိုလုနီးပါးပဲ...နောက်ပိုင်းမှာ ရှေးဟောင်းမိသားစုတွေသာ ထွက်မလာဘူးဆိုင်....ငါတို့ရဲ့နယ်မြေတွေအားလုံးကို နတ်ဆိုးတွေသိမ်းပိုက်ပြီးလောတ်ပြီ"

"ကောင်းကင်ဘုံနယ်မြေက ရှေးဟောင်းမိသားစုတွေက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့စိတ်ဝိညာဥ်ကို သုတ်သင်ပြီးနောက်မှာ သူတို့က အဆုံးသတ်သွားပြီလို့ ထင်ခဲ့ကြတယ်...ဒါပေမယ့် သူတို့မသိတာက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးမှာ အကြွင်းအကျန်စိတ်ဝိညာဥ်ကိုးခုရှိတယ်ဆိုတာပဲ"

လုယွီ၏မျက်လုံးအကြည့်များ တည်ကြည်လေးနက်သွားခဲ့သည်။

"ဒါဆိုရင်...အဲ့ဒီအချိန်တုန်းက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးကို ဝိုင်းပြီးသုတ်သင်တာက ကျရှုံးခဲ့တာလား"

"ကျရှုံးခဲ့တယ်လို့လည်း မဆိုနိုင်ဘူး....အစွမ်းထက်တဲ့လူတချို့ရဲ့အကူအညီနဲ့ ငါက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်တွေကို အမဲလိုက်နိုင်ခဲ့တယ်"

"အခု...ဒီနေရာမှာရှိနေပြီး ငါရဲ့တပည့်ဖိနှိပ်ထားတဲ့ သူရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခုပဲ ကျန်တော့တယ်....မြေအောက်လောက....ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးကို အမြစ်ပြတ်သုတ်သင်မယ်လို့ ငါကိုကတိပေးပါ"

နတ်ဆိုးချိပ်ပိတ်သူက လုယွီအား စူးစိုက်၍ ကြည့်နေခဲ့သည်။

လုယွီက ကြည်လင်ပြတ်သားသောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်း အများကြီးပြောနေစရာမလိုဘူး...ငါ တာဝန်ယူတယ်"

လုယွီက ရုတ်တရက်တစ်စုံတစ်ခုကို တွေးတောမိပုံဖြင့် သက်ပြင်းချနေပေသည်။

"ဒါပေမယ့် ငါ အချိန်လိုတယ်...မင်း မြင်တဲ့အတိုင်းပဲ....ငါရဲ့လက်ရှိအခြေအနေက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးကို ရင်ဆိုင်ဖို့မလုံလောတ်ဘူး"

နတ်ဆိုးချိပ်ပိတ်သူက ရယ်မောလိုက်သည်။

"ငါ မင်းရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းသိတာပေါ့...မင်းရဲ့မျိုးဆက်မှာတုန်းကလည်း မင်းကပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲလေ...မင်းလိုလူမျိုးကို ဘယ်လိုလုပ်ပြီး ဟိုခွေးမ ရှန်လင်းလုံက သတ်နိုင်မှာတဲ့လဲ"

"မင်း စိတ်ဝိညာဥ်ကျောက်တုံးတွေလိုအပ်နေတာ ငါသိတယ်....အဲ့ဒါတွေက ငါရဲ့ခေါင်းတလားထဲမှာရှိတယ်...တကယ်လို့ မင်း လိုအပ်နေတယ်ဆိုရင်...ယူသွားလိုက်တော့"

လုယွီက မျက်မှောင်ကြုတ်နေပေသည်။

"မင်းရဲ့ခေါင်းတလားကို ငါ အနှောက်အယှက်မပြုချင်ဘူး"

"ဟား ဟား ဟား...အဲ့ဒီခေါင်းတလားထဲမှာ ငါရဲ့ရုပ်အလောင်းမရှိဘူး...ငါက နတ်ဆိုးအမြစ်ပြတ်သုတ်သင်တဲ့ လျှို့ဝှက်နည်းစနစ်ကို တစ်ကြိမ်အသုံးပြုလိုက်တာနဲ့ ငါရဲ့အသက်ကို ငါမပိုင်တော့ဘူး...တကယ်လို့ ငါသေသွားရင်တောင်...ငါရဲ့ရုပ်အလောင်းက ကောင်းကင်နဲ့မြေကြီးကြားကို လွင့်စင်သွားပြီးတော့ နည်းနည်းမှကြွင်းကျန်ခဲ့မှာမဟုတ်ဘူး"

နတ်ဆိုးချိပ်ပိတ်သူက သူ၏လက်ဖြင့် လုယွီ၏ပခုံးအား ပုတ်လိုက်၏။

"ငါ့ရဲ့ ဘဝသက်တမ်းတလျှောက်လုံးမှာ မိတ်ဆွေတွေအများကြီးမရှိခဲ့ဘူး...တခြားသူတွေက ငါ့ကို အရူးတစ်ယောက်လို့ သတ်မှတ်ကြတယ်....မင်းတစ်ယောက်တည်းကပဲ ငါ့ကို လူလိုသူလိုဆက်ဆံခဲ့တာ...မြေအောက်လောက....ငါရဲ့တာဝန်ကပြီးသွားပြီ...ကျေးဇူးပြုပြီးတော့ ငါ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ငါ့အတွက် ကူညီပြီးလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်"

"ဒါ့ပြင် မင်း ကောင်းကင်ဘုံနယ်မြေကိုပြန်သွားနိုင်ရင်တောင်...မင်း မြေအောက်လောကကို ပြန်သွားနိုင်အုံးမှာမဟုတ်ဘူး...မြေအောက်လောကကို မင်း မပိုင်တော့ဘူး"

"ရှန်လင်းလုံက အရမ်းလျှို့ဝှက်တဲ့နေရာမှာ ပုန်းအောင်းနေတာ...မင်း အဲ့ဒီမိန်းမအကြောင်းကို မတွေးနဲ့တော့......"

နတ်ဆိုးချိပ်ပိတ်သူ၏အသံသည် တစတစတိမ်ဝင်လာပြီး သူ၏ပုံရိပ်ယောင်သည်လည်း ဝေဝါးပျောက်ကွယ်သွားတော့သည်။

လုယွီက နေရာ၌ပင် မတ်တတ်ရပ်နေပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

"မိတ်ဆွေကြီး...ကောင်းကောင်းသွားပါ"

……

ခန်းမအတွင်း၌...

ခန်းမအတွင်းသို့ ရောက်ရှိလာကြသော ကျစ်မြောင်ကိုယ်တော်နှင့်တခြားသူများသည် သူတို့၏စိတ်လှုပ်ရှားမှုများကို ရပ်တန့်ထားနိုင်ခြင်းမရှိကြတော့ချေ။

သူတို့က ဤနေရာတွင် မှော်ရတနာအမြောက်အများကို တွေ့ရှိမိကြ၏။၎င်းတို့အနက်မှ အများစုသည် သူတို့ ယခင်ကမမြင်တွေ့ခဲ့ဘူးသော အမည်ပင်မသိသော မှော်ရတနာများဖြစ်နေသည်။

သူတို့ အတည်ပြုနိုင်သည့် တစ်ခုတည်းသောအချက်မှာ ထိုမှော်ရတနာများအားလုံးသည် အလွန်အမင်းအဖိုးတန်ရှားပါးသောရတနာများဖြစ်ကြောင်းပင်။

"လာကြ...ထာဝရအသက်ရဲ့လျှို့ဝှက်ချက်ကို ရှာကြရအောင်"

"ဟုတ်တယ်...ကောလဟာလတွေအရတော့ ဒီဘုရားကျောင်းပိုင်ရှင်က ထာဝရအသက်ရဲ့လျှို့ဝှက်ချက်ကို ဖမ်းဆုပ်နိုင်တဲ့သူပဲ...ငါတို့ ရှာကြရအောင်"

"ငါ ဒီနားပတ်ပတ်လည်ကိုရှာပြီးပြီ...ဖြစ်နိုင်တာတော့ အဲ့ဒီခေါင်းတလားထဲမှာပဲ"

လူအားလုံး၏အကြည့်များသည် ခန်းမအလယ်ဗဟိုရှိ ခေါင်းတလားထံသို့ ကျရောက်သွားကြသည်။

"ခေါင်းတလားကို ကလော်ပြီးဖွင့်ကြရအောင်"

ကျစ်မြောင်ကိုယ်တော်က အကြံပြုလိုက်၏။

"ဒါက ဒီဘုရားကျောင်းပိုင်ရှင်ရဲ့သင်္ချိုင်းဂူဖြစ်နေမှာ ငါစိုးရိမ်မိတယ်...ခွင့်ပြုချက်မရှိဘဲ ငါတို့ဖွင့်လိုက်မယ်ဆိုရင် တားမြစ်ကန့်သတ်ချက်တွေကိုများ ငါတို့ ထိတွေ့မိနိုင်လား"

တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက်၏။

တခြားသူများ၏မျက်နှာများပေါ်တွင်လည်း အနည်းငယ်တွန့်ဆုတ်သွားမှုများ ထင်ဟပ်လာခဲ့၏။အစောပိုင်းကပင် မြောက်များစွာသောလူတို့သည် ခန်းမအတွင်းမှတွန်းကန်အားကြောင့် လွင့်ထွက်သွားရခြင်းမှာ သူတို့အမြင်ပင်ဖြစ်သည်။

ကျစ်မြောင်ကိုယ်တော်က အံ့ကြိတ်ပြီးပြောဆိုလိုက်၏။

"ပိုင်ရှင်က ငါတို့ကို အတွင်းကိုဝင်ခွင့်ပြုမှတော့...ဒါက ငါတို့အတွက်ဆုလဒ်ဖြစ်မှာ သေချာတယ်"

သူက မည်သူမျှမလှုပ်ရှားဝံ့သည်ကိုကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

"မင်းတို့မလုပ်ရဲရင်...ငါ လုပ်မယ်"

ကျစ်မြောင်ကိုယ်တော်က လျှင်မြန်သွက်လက်သောခြေလှမ်းများဖြင့် ခေါင်းတလားထံသို့ ပြေးဝင်သွားတော့သည်။သူက လက်ကိုမြှောက်ပြီး ခေါင်းတလားအဖုံးအား တွန်းလိုက်၏။

ဟူး....

ထိုအချိန်မှာပင် ခပ်အုပ်အုပ်အသံတစ်သံက ခန်းမတစ်ခုလုံး ပျံ့နှံ့လာခဲ့သည်။

သက်ပြင်းချသံတစ်သံက ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည့် အချိန်တခဏတွင် ဘုရားကျောင်းတစ်ခုလုံး အလင်းရောင်တန်းများ စတင်လွှမ်းခြုံလာခဲ့သည်။

"နံရံတွေပေါ်က ရုပ်ပုံတွေကို ကြည့်ကြအုံး"

တစ်စုံတစ်ယောက်သည် နံရံများဘက်သို့ လက်ညှိုးညွှန်ပြလေ၏။

ခန်းမပတ်လည်ရှိ နံရံများပေါ်တွင် မူလကတည်းက ပန်းချီကားချပ်တချို့ကို ချိတ်ဆွဲထားခဲ့သည်။ထိုပန်းချီကားများအားလုံးသည် နတ်ဆိုးများကိုဖိနှိပ်နေသော နတ်ဆိုးချိပ်ပိတ်သူ၏ရုပ်ပုံများဖြစ်သည်။

သို့သော် ယခုလက်ရှိချိန်တွင်မူ ပန်းချီကားချပ်များသည် အောက်သို့ပြုတ်ကျနေပြီး တချို့နေရာများတွင် ဝေဝါးစပြုလာခဲ့သည်။

ပန်းချီကားချပ်အတွင်းရှိ ရဲစွမ်းသတ္တိရှိပုံရသော သူရဲကောင်းတစ်ယောက်၏ရုပ်ပုံသည် တဖြည်းဖြည်းဝေဝါးလာပြီး နောက်ဆုံး၌ ပြာမှုန်များအဖြစ် လွင့်စင်သွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ...ဘာလို့ ငါရင်ထဲက ချမ်းစိမ့်စိမ့်ဖြစ်လာသလို ခံစာနေရတာလဲ"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

ခန်းမ၏ပြင်ပတွင် အနက်ရောင်တိမ်တိုက်များက ဘုရားကျောင်းတစ်ခုလုံး၏အထက်၌ စုဖွဲ့နေပေသည်။

ဤအချိန်တခဏတွင် သွေးမိုးများ ရွာကျလာပေ၏။

ထိုသွေးမိုးများတွင် ​အပြစ်ကျူးလွန်ထားသူအမြောက်အများ၏စိတ်ဝိညာဥ်များ ရောယှက်ပါဝင်နေသယောင်ထင်ရသည်။သွေးမိုးများကြားမှ ကောင်းကင်နှင့်မြေကြီးအနှံ့ ပဲ့တင်ထပ်နေသော သက်ပြင်းရှိုက်သံတစ်သံလည်းရှိနေသည်။

"ငါ အထဲကိုဝင်လို့ရပြီ"

ရုတ်တရက် အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မူလက ခန်းမတံခါးပြင်ပတွင်ရှိနေပြီး လှည့်ထွက်ရန်ကြံရွယ်နေကြသူများသည် ထိုအချိန်တွင် ခန်းမအတွင်းသို့ ဝင်လိုက်ကြ၏။

ဘုရားကျောင်းခန်းမ၏စွမ်းအားက ပျောက်ဆုံးသွားလေပြီ။

"သေစမ်း"

ဒေလီယာဘုန်းကြီးက ခန်းမအတွင်းသို့ ရောက်ရှိသည်နှင့် အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူတစ်ယောက်အား သူ၏လက်ဝါးဖြင့် ရိုက်လိုက်သည်။

သူ၏တိုက်ခိုက်မှုသည် အလွန်လျှင်မြန်သဖြင့် ထိုကျင့်ကြံသူသည် ခုခံရန်အချိန်မရဘဲ အရုပ်ကြိုးပြတ်ပြိုလဲကျသွားခဲ့သည်။

ကြမ်းပြင်ပေါ်သို့ သွေးများက ချက်ချင်းပင်ဖြာကျလာပေ၏။

ဒေလီယာဘုန်းကြီးသည် ထိုအဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူထံမှ သိုလှောင်အိတ်ကို ဆွဲယူပြီး အတွင်းမှမှော်ရတနာများကို လွှဲပြောင်းယူလိုက်သည်။သူ၏မျက်နှာထက်၌ ရက်စက်သောအပြုံးတစ်ခု ထင်ဟပ်နေပေသည်။

"မင်းက ဗုဒ္ဓစီက ပစ္စည်းတွေကို လုယူဝံ့တာကိုး...မင်း အသက်ရှင်ရတာ ပင်ပန်းနေတာပဲဖြစ်မယ်"

သူသည် ပြင်ပမှနေ၍ ခန်းမအတွင်းမှလူများ မှော်ရတနာများယူငင်နေကြခြင်းကို စောင့်ကြည့်နေခဲ့ရသည်။သို့ရာတွင် သူ မည်သည့်အရာကိုမျှမရရှိသဖြင့် ဒေါသထွက်နေခဲ့ရ၏။

ယခုလက်ရှိအချိန်၌ သူ ခန်းမအတွင်းသို့ ဝင်ရောက်နိုင်ခဲ့လေပြီ။

"မင်း...ပစ္စည်းတွေထားခဲ့စမ်း"

"အဲ့ဒီရတနာတွေက မင်းမှာ ရှိသင့်တဲ့အရာတွေမဟုတ်ဘူး...ငါ့ကိုပေးစမ်း"

ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ လုယက်သံများ ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။ခန်းမအတွင်းသို့ နောက်ကျမှဝင်ရောက်လာနိုင်ခဲ့သော အင်အားကြီးသည့်လူများက အရူးအမူးစတင်လုယက်နေကြခြင်းဖြစ်သည်။

အချိန်တခဏအကြာမှာပင် မှော်ရတနာများအား လက်ဝယ်ထားနိုင်သူများသည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူများသာ ဖြစ်သွားတော့သည်။

"ကျစ်မြောင်...ဒီနေရာကိုလာခဲ့စမ်း"

ဒေလီယာဘုန်းကြီးက ကျစ်မြောင်ကိုယ်တော်ကို လက်ယပ်ခေါ်လိုက်၏။

ကျစ်မြောင်ကိုယ်တော်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယူနေပြီး သူက အားယူ၍ပြုံးရင်း ပြောဆိုလေသည်။

"စီနီယာ...."

ဘန်း....

ဒေလီယာဘုန်းကြီးက ရုတ်တရက် ကျစ်မြောင်ကိုယ်တော်၏ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။

ကျစ်မြောင်ကိုယ်တော်၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

"ငါက အပြင်မှာအကြာကြီးစောင့်နေရတယ်...ဒါပေမယ့် မင်းက ငါ့ကိုလှည့်တောင်မကြည့်ဘူး...မင်းက နောက်လိုက်တပည့်တွေကြားမှာရှိတဲ့ မိတ်ဆွေအချင်းချင်းပတ်သတ်မှုကို အလေးမထားတဲ့ကောင်ပဲ"

ဒေလီယာဘုန်းကြီးက အော်ငေါက်နေပေ၏။

ကျစ်မြောင်ကိုယ်တော်သည် သူ၏စိတ်နှလုံးသားအတွင်း၌ မွန်းကြပ်ခြင်းကိုခံစားနေရသော်လည်း ဒေလီယာဘုန်းကြီးသည် သူထက် အစွမ်းပိုထက်သူဖြစ်၍ ပြန်လည်မခုခံဝံ့ချေ။

သူက အပြုံးတစ်ခုကိုအားယူပြုံးပြီး သူ၏သိုလှောင်အိတ်ကို ဒေလီယာဘုန်းကြီးထံသို့ လက်ကမ်းပေးလိုက်သည်။

"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...ဒီပစ္စည်းတွေက စီနီယာအတွက် စုဆောင်းပေးထားတာလေ...အပြင်ရောက်တာနဲ့ စီနီယာကို လွှဲပြောင်းပေးဖို့ ကြံရွယ်ထားခဲ့တာ"

"မဆိုးပါဘူး...မိုးကောင်းကင်တေးသံဘုရားကျောင်းကို ပြန်ရောက်တာနဲ့ မင်းက ငါရဲ့ဆက်ခံသူဖြစ်လာလိမ့်မယ်..ဟား ဟား ဟား"

ဒေလီယာဘုန်းကြီးက သိုလှောင်အိတ်ကိုယူပြီးနောက် အူလှိုက်သည်းလှိုက်ရယ်မောနေပေသည်။

ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။

"ဘယ်လိုလုပ်ပြီး ခေါင်းတလားအဖုံးက သူအလိုလိုပွင့်လာတာလဲ"

Chapter 563

လူအုပ်ကြီး၏အကြည့်များအောက်တွင် တစ်ချိန်လုံးပိတ်နေခဲ့သော ခေါင်းတလားအဖုံးက ယခုပွင့်လာခဲ့၏။

ခေါင်းတလားအတွင်းမှနေ၍ သစ်ခက်တစ်ခက်က တဖြည်းဖြည်းကြီးထွားလာပေသည်။

လူအားလုံး၏မျက်လုံးများရှေ့မှောက်မှာပင် ထိုသစ်ကိုင်းခက်သည် အချိန်တခဏအတွင်း၌ လူနှစ်ရပ်စာအမြင့်ရှိသော သစ်ပင်တစ်ပင်အဖြစ် ကြီးထွားလေပေ၏။

"ခေါင်းတလားထဲမှာ ဘယ်လိုလုပ်ပြီး သစ်ပင်တစ်ပင်ရှိနေရတာလဲ"

သူတို့က ဖြစ်နိုင်ချေရှိသမျှကို မှန်းဆခဲ့ကြ၏။

ဤသည်က ဘုရားကျောင်းပိုင်ရှင်၏ရုပ်အလောင်းရှိရာနေရာဖြစ်နိုင်သည်။ထိုရုပ်အလောင်း၏ဘေး၌ ထိပ်တန်းရတနာပစ္စည်းများ ရှိနေနိုင်ပေသည်။

ခန်းမအတွင်းရှိ အဖိုးတန်မှော်ရတနာများကပင် လူအများ၏အသိစိတ်ကို လွတ်ကင်းသွားစေခဲ့သည်။ယခုလက်ရှိအချိန်တွင် ရတနာပစ္စည်းများကိုသာ ထပ်မံတွေ့ရှိပါက သူတို့က မည်သည့်ကိစ္စမဆို ပြုလုပ်ကြပေမည်။

"ဒါက သစ်ပင်တစ်ပင်ပဲလား....စိတ်ပျက်စရာပဲ"

လူတိုင်း၏မျက်နှာများပေါ်တွင် စိတ်ပျက်အားလျော့သွားသောအမူအယာများ ထင်ဟပ်လာခဲ့သည်။

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပေ၏။

မူလက သာမာန်သစ်ကိုင်းများဟုထင်မြင်ရသည့် သစ်ပင်မှနေ၍ ရုတ်ချည်း ပန်းများဖူးပွင့်လာခဲ့သည်။ထိုပန်းပွင့်များသည် နှင်းပွင့်တမျှဖြူဖွေးနေပြီး မည်သည့်ညစ်ထေးမှုမျိူးမျှရှိမနေချေ။

အချိန်တခဏကြာပြီးနောက် ပန်းပွင့်များ၏အလယ်ဗဟိုမှ ရွှေရောင်သစ်သီးများထွက်ပေါ်လာခဲ့သည်။ထိုသစ်သီးများသည် အစပိုင်းတွင် ကြီးမားခြင်းမရှိသော်လည်း တဖြည်းဖြည်းလက်သီးဆုပ်စာအရွယ်အစားသို့ ရောက်ရှိလာလေ၏။

သစ်သီးတစ်လုံးစီတိုင်းသည် အဖြူရောင်ကျောက်စိမ်းနှင့် တူညီနေပြီး ထူးဆန်းသောရနံ့တစ်ခုက ပတ်ဝန်းကျင်နေရာတဝိုက် ပျံ့နှံ့နေပေသည်။

"အဲ့ဒီသစ်သီး ဘာလဲဆိုတာ ငါသိတယ်....ငါ အဲဒါကို ဂိုဏ်းရဲ့ဆေးကျမ်းတွေထဲမှာမြင်ဖူးတယ်....ဒါက ဒဏ္ဏါရီလာ သက်ရှည်သစ်သီးပဲ"

ရုတ်တရက် ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာပြီး သူ၏မျက်လုံးများတွင်လည်း လောဘအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

သက်ရှည်သစ်သီး ဖြစ်နေသလော....။

ဤသည်က ဆွဲဆောင်နိုင်သောအရာတစ်ခုဖြစ်၍ လူအားလုံး၏မျက်လုံးအကြည့်များသည် သစ်ပင်ပေါ်ရှိသစ်သီးများပေါ်တွင်သာ စူးစိုက်၍ကျရောက်နေကြ၏။

ဒေလီယာဘုန်းကြီး၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားခဲ့သည်။

"ဒါဆို ပြောပါဦး..ဒီသစ်သီးကိုစားရင် ထာဝရအသက်ကိုရမှာလား"

"မင်း ထာဝရအသက်ကိုတော့ မရနိုင်ဘူး...ရှေးဟောင်းမှတ်တမ်းတွေအရတော့ ဒုတိယတန်းစားသက်ရှည်သစ်သီးက လူတွေရဲ့သက်တမ်းကို အနည်းဆုံးငါးနှစ်တိုးစေတယ်...ဒါပေမယ့် ဒီသစ်သီးတွေရဲ့အသွင်အပြင်ကိုကြည့်ရင် ထိပ်တန်းအဆင့်သက်ရှည်သစ်သီးဖြစ်နိုင်တယ်...တကယ်လို့ ဒီသစ်သီးတွေကို ဝါးမြိုလိုက်မယ်ဆိုရင် သက်တမ်းနှစ်တစ်ရာလောတ်တိုးသွားစေရုံတင်မကဘူး...မင်းရဲ့ရုပ်ပိုင်းဆိုင်ရာအင်အားနဲ့စိတ်ဝိညာဥ်စွမ်းအင်တွေကိုလည်း တိုးပွါးစေနိုင်တယ်"

ထိုစကားသံကိုကြားသည်နှင့် လူအားလုံး၏အသက်ရှုနှုန်းများ လျှင်မြန်လာကြသည်။

တာအိုဒုတယဆင့်ကိုရောက်ရှိပြီးသော ကျင့်ကြံသူများသည် တခြားလူများထက် သက်တမ်းပိုရှည်ကြ၏။သို့ရာတွင် သူတို့၏သက်တမ်းသည် နှစ်တစ်ထောင်ထက် ကျော်လွန်ခြင်းမရှိချေ။နှစ်ပေါင်းမြောက်များစွာကျင့်ကြံထားသော မွန်းစတားအိုကြီးများသာလျှင် နှစ်တစ်ထောင်ထက်ပို၍ အသက်ရှည်နိုင်ပေသည်။

နှစ်တစ်ရာသက်တမ်းရရှိမှုသည် သူတို့အတွက်တော့ ရှားပါးသောအခွင့်အရေးကြီးပင်။

"ဒါက သက်ရှည်သစ်သီးပဲဖြစ်မှာ...အဝေးကနေ အဲ့သစ်သီးရဲ့ရနံ့ကို ငါ တစ်ချက်ရှုရှိုက်မိတာနဲ့တင်...ငါရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒဏ်ရါတွေ တော်တော်သက်သာသွားတယ်"

"အစောပိုင်းက ငါရဲ့ စိတ်ဝိညာဥ်သားရဲ ပြန်ကောင်းသွားတာလည်း ဒီသက်ရှည်သစ်သီးကြောင့်ဖြစ်မယ်"

သစ်ပင်ပေါ်၌ သက်ရှည်သစ်သီးခုနစ်လုံး ရှိနေပေ၏။

မည်သူကမျှ အလျှင်စလို မလှုပ်ရှားဝံ့ကြချေ။အကယ်၍ သူတို့က အလျှင်စလိုလှုပ်ရှားလိုက်ပါက လူအားလုံး၏ပစ်မှတ်ဖြစ်သွားပေမည်။

"ငါ ထင်တာတော့ မင်းတို့ဒီသစ်သီးတွေကို စိတ်မဝင်စားလောတ်ဘူး...ငါ အကုန်ယူလိုက်မယ်"

ဒေလီယာဘုန်းကြီးက ကောက်ကျစ်သောအပြုံးမျိုးပြုံးပြီးနောက် သက်ရှည်သစ်သီးများထံသို့ ဦးတည်၍ပျံဝဲသွားလိုက်၏။

"ဒေလီယာ...မင်း မလှုပ်ရှားသေးဖို့ ငါ အကြံပေးချင်တယ်...ငါတို့အရင် ဆွေးနွေးကြရအောင်"

ထိုစကားအားပြောဆိုလိုက်သူသည် ကလန်ကြီးတစ်ခု၏တပည့်တစ်ယောက်ဖြစ်သည်။

"မင်းက ဘာကောင်မလို့လဲ...ဒီနေရာက ထွက်သွားစမ်း"

ထိုကျင့်ကြံသူက အလွန်ပင်စိတ်ဆိုးဒေါသထွက်သွားပြီး ဒေလီယာဘုန်းကြီးအား တိုက်ခိုက်တော့သည်။

ဒေလီယာဘုန်းကြီးက အေးစက်စက်နှာမှုတ်လိုက်၏။သူ၏နောက်မှ ဧရာမဗုဒ္ဓပုံရိပ်ကြီးထွက်ပေါ်လာပြီး ရိုက်ပုတ်လိုက်ရာတွင် ထိုကျင့်ကြံသူသည် မီတာများစွာအကွာအဝေးထိ လွင့်ထွက်သွားတော့သည်။

"မင်းက ကိုယ်ကိုကိုယ် အထင်ကြီးနေတာပဲ"

ဒေလီယာဘုန်းကြီးက ပြက်ရယ်ပြုပြောဆိုနေပေသည်။

"ဒီသစ်သီးတွေအားလုံးက ငါရဲ့အပိုင်ပဲဖြစ်ရမယ်"

ဒေလီယာဘုန်းကြီးသည် သက်ရှည်သစ်သီးများအနီးသို့ ရောက်ရှိသွားခဲ့သည်။

သို့သော် သူ၏လက် လမ်းတဝက်ခန့်အရောက်တွင် ရုတ်တရက် ထက်ရှသောဓားချီလှိုင်းတစ်လှိုင်းက သူထံသို့တိုးဝင်လာပေ၏။

ဒေလီယာဘုန်းကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။သူက အလျှင်အမြန်နောက်ဆုတ်လိုက်သော်လည်း သူ၏အပေါ်ရုံသင်္ကန်းကမူ ပြတ်တောက်သွားခဲ့သည်။

Chapter 564

ဆေဘာဓားချီ၏အရှိန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။

လူတိုင်းသည် သူတို့၏ရှေ့၌ အနက်ရောင်အရိပ်ဖျတ်ခနဲလှုပ်ရှားသွားခြင်းကိုသာ တွေ့မြင်မိပြီး ဒေလီယာဘုန်းကြီးသည် နောက်ဆုတ်လိုက်သော်လည်း ဒဏ်ရါရရှိသွားခဲ့သည်။

"ဒီပစ္စည်းတွေက...မင်းတို့ ထိလို့မရဘူး"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

လုယွီ၏နောက်ကျောတွင် ခေါင်းဖြတ်ဓားနှင့်ယန်ကြွယ်ဓားနှစ်ချောင်းက မျောလွင့်နေပေသည်။

ခေါင်းဖြတ်ဓားသည် အားကောင်းသောအနက်ရောင်အခိုးအငွေ့များကို ထုတ်လွှက်ထားလေ၏။ထိုအနက်ရောင်အခိုးအငွေ့များသည် လေထုအတွင်း၌မျောလွင့်နေရာမှ ငိုကြွေးမြည်တမ်းနေသောသရဲတစ္တေအုပ်စုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ယန်ကြွယ်ဓားကမူ ပူပြင်းသောမီးတောက်များကို ထုတ်လွှက်ထားပေရာ ပတ်ဝန်းကျင်ရှိလေထုပင် ပူပြင်းခြောက်သွေ့နေသည်။

ဒေလီယာဘုန်းကြီးသည် နောက်သို့ဆုတ်လိုက်ရချိန်တွင် လုယွီကို မြင်တွေ့မိသောကြောင့် သူ၏စိတ်နှလုံးသားအတွင်းမှဒေါသများ လောင်မြိုက်လာခဲ့သည်။

"ကောင်စုတ်လေး....မင်း...."

သူက စိတ်ဆိုးဒေါသထွက်လွယ်သူတစ်ယောက်ဖြစ်ရာ လုယွီကိုမြင်သည်နှင့် ဒေါသတကြီးအော်ငေါက်လိုက်သည်။

"အပြင်မှာတုန်းက ငါ မင်းကို ​ဂရုစိုက်ဖို့ အချိန်မရခဲ့ဘူး...မင်းက ကိုယ်တိုင်ကိုယ်ကျ ငါရှေ့ကိုရောက်လာလိမ့်မယ်လို့...ငါ ထင်မထားမိဘူး"

လုယွီက ဒေလီယာဘုန်းကြီးအား စူးစိုက်၍ကြည့်နေပေ၏။

"ကျုပ် ခင်ဗျားကို အခွင့်အရေးနှစ်ခါပေးပြီးပြီ"

"ပထမတစ်ကြိမ်တုန်းက...ဘုရားကျောင်းရဲ့ပြင်ပမှာ ခင်ဗျားရဲ့အသက်ကိုမယူဘဲ ရိုက်နှက်ရုံလောတ်ပဲ ကျုပ် လုပ်ခဲ့တယ်"

"ဒုတိယအကြိမ် အစောပိုင်းက ကျုပ်ရဲ့ဓားက ခင်ဗျားရဲ့အသက်ကို လွယ်လွယ်လေးယူနိုင်ပေမယ့်...တစ်ခါထပ်ပြီးအလွတ်ပေးခဲ့တယ်"

လုယွီက လက်သုံးချောင်းထောင်ပြလိုက်၏။

"တတိယအကြိမ်ဆိုရင်တော့...ကျုပ် သည်းမခံတော့ဘူး"

"မင်းက ဘာကိုသည်းမခံနိုင်တာလဲ...ချောင်းမြောင်းပြီးတိုက်ခိုက်ခဲ့တဲ့ကောင်ကများ....သေစမ်း"

ဒေလီယာဘုန်းကြီးသည် ဒေါသထွက်နေပေ၏။သူ၏နောက်ကျောမှ ဧရာမဗုဒ္ဓပုံရိပ်ကြီး၏လက်ဝါးက လုယွီထံသို့ တိုးဝင်လာခဲ့သည်။

"ဗုဒ္ဓရဲ့လက်ဝါးအောက်မှာ ပုန်းအောင်းနေနိုင်တဲ့သူမရှိဘူး"

ဘုန်း....

ဧရာမလက်ဝါးကြီးက လုယွီထံဦးတည်၍ အပြင်းအထန်ရိုက်ချလာပေ၏။

လုယွီက ရှောင်တိမ်းခြင်းမပြုချေ။သူ၏လက် လှုပ်ရှားလိုက်ခြင်းနှင့်အတူ ယန်ကြွယ်ဓားက သူ့လက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ယန်ကြွယ်ဓားအား တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်များက အလွန်ကြီးမားသောမီးနဂါးကြီးအသွင်ပြောင်းလဲသွားပြီး ဗုဒ္ဓပုံရိပ်ကြီးအား ဝါးမြိုလိုက်တော့သည်။

ဝုန်းဟူသောမြည်ဟီးသံကြီးနှင့်အတူ ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား မီးတောက်များလွှမ်းခြုံသွားခဲ့သည်။

"ဒါက စိတ်ဝိညာဥ်ချိတ်ဆက်မှုအဆင့်မှော်ရတနာပါလား"

"ငါ ခံစားမိတာကတော့...ဒါက စိတ်ဝိညာဥ်ချိတ်ဆက်မှုအဆင့်မှော်ရတနာမဟုတ်ဘူး...သရဖူအဆင့်မှော်ရတနာပဲဖြစ်မယ်"

"သရဖူအဆင့်မှော်ရတနာ...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

လူတိုင်းက လုယွီ၏ဆေဘာဓားများအကြောင်းကို ပြောဆိုဆွေးနွေးနေကြ၏။သူတို့က နားလည်မှုရှိစွာဖြင့် နောက်သို့ဆုတ်၍ နေနေကြသည်။ဤတိုက်ပွဲ၏သက်ရောက်မှုဒဏ်အါး ခံယူရန် သူတို့၌ ဆန္ဒမရှိချေ။

အမွှေးတိုင်တစ်တိုင်စာကုန်ဆုံးပြီးချိန်၌....

"ဖူး...."

ဒေလီယာဘုန်းကြီး၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး အဆုံးမရှိသောမီးတောက်များကြားမှ လွတ်မြောက်နိုင်ရန် ရှောင်ရှားနေရ၏။

သူ၏ပုံပန်းသွင်ပြင်သည် ယခင်ကဲ့သို့ တည်ငြိမ်အေးဆေးဟန် မရှိတော့ချေ။သူ၏အပေါ်ရုံသင်္ကန်းသည် မီးလောင်ကျွမ်းခြင်းခံရသဖြင့် မီးစွဲရာများ နေရာအနှံ့ရှိနေသည်။

ဒေလီယာဘုန်းကြီးသည် နောက်ဘက်သို့ဆုတ်ရန် ရုန်းကန်နေရ၏။သူက ယန်ကြွယ်ဓား၏မီးတောက်များဒဏ်အါး မချိမဆန့်ခံစားခဲ့ရသည်မှာ သိသာထင်ရှားပေသည်။

ဒေလီယာဘုန်းကြီး၏စိတ်ပျက်ဖွယ်အခြေအနေကိုမြင်ချိန်တွင် ကြွင်းကျန်နေသောလူများက နောက်ဆုတ်ရန်သာ တွေးတောနေကြသည်။

မည်သူမျှ ရှေ့တိုးမလာသည်ကိုကြည့်ပြီး လုယွီ၏အကြည့်က သက်ရှည်သစ်သီးများပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုသစ်သီးများသည် သူအားဖယ်လိုက်လျှင် နောက်ထပ်လူခြောက်ယောက်စာ ကျန်ရှိနေသည်။

နတ်ဆိုးချိပ်ပိတ်သူတွင် တပည့်ခြောက်ယောက်သာ ကျန်ရှိတော့သည်။ကြယ်နယ်မြေများတွင် တပည့်တချို့သေဆုံးခဲ့ရပြီး တချို့က ပုန်းအောင်းနေကြကာ ဟန်လျန့်ပင်လျှင် ဤနေရာ၌နေပြီး ရှေးဟောင်းနတ်ဆိုးများကိုဖိနှိပ်ရန်ရွေးချယ်ထားခဲ့သည်။

နတ်ဆိုးချိပ်ပိတ်သူက သူ၌ ဤတပည့်ခြောက်ယောက်သာကျန်ရှိကြောင်း ပြောခဲ့ဖူးသည်။ဤဗသက်ရှည်သစ်သီးများသည် လျော်ကြေးဟု ယူဆနိုင်ပေသည်။

လုယွီက ခေါင်းတလားအဖုံးအားတွန်းထုတ်လိုက်ရာတွင် ချက်ချင်းပင် ပေါကြွယ်ဝသောစိတ်ဝိညာဥ်စွမ်းအင်လှိုင်းများက တလိမ့်လိမ့်ထိုးတက်လာခဲ့သည်။

သက်ရှည်သစ်သီးပင်၏အောက်တွင် မရေမတွက်နိုင်သော စိတ်ဝိညာဥ်ကျောက်တုံးများရှိနေပြီး ၎င်းတို့မှစိတ်ဝိညာဥ်စွမ်းအင်များကို ထုတ်လွှက်နေခြင်းပင်။

ထိုစိတ်ဝိညာဥ်ကျောက်တုံးများသည် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးများထက် စိတ်ဝိညာဥ်စွမ်းအင်ပိုမိုပါရှိပြီး ကျောက်တုံးတစ်တုံးချင်းစီတွင် ရောင်စုံအလင်းတန်းများပြည့်နှက်နေသည်။

သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး....

ပတ်ဝန်းကျင်ရှိလူများအားလုံး ဆွံအကုန်ကြ၏။

သူတို့အားလုံးတွင် နောက်ခံကောင်းများရှိသော်လည်း သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး ဤမျှများပြားသောအရေအတွက်ကို မည်သည့်အချိန်ကမျှမမြင်ဖူးခဲ့ချေ။

လက်ရှိအလယ်ပိုင်းကုန်းမြေ၏ဆန်းစစ်ချက်များအရ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းကို သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးနှင့် လဲလှယ်နိုင်သည်။

ခေါင်းတလားအတွင်း၌ သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများနှင့် ပြည့်နှက်နေပေ၏။

ခန်းမအတွင်း၌ လောဘတက်နေသောအရိပ်အငွေ့များ လွှမ်းခြုံလာခဲ့သည်။

"လူတိုင်းပဲ...အဲ့ဒီကောင်လေးကို မှတ်မိကြလား....သူက ထာဝရအသက်ရဲ့လျှို့ဝှက်ချက်ကို လုယူခဲ့ပြီးပြီ...သူစီမှာ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေလည်းရှိနေတယ်....အဲ့ဒီသလင်းကျောက်မိုင်းတွင်းကို ငါတို့ လုမိသားစုက အရင်တွေ့ခဲ့ပေမယ့် အဲ့ဒီကောင်လေးက လုယူသွားခဲ့တယ်"

ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်၏။

Chapter 565

အော်ဟစ်နေသောသူသည် လုကျောမှအပ တခြားသူမဟုတ်ချေ။

လုကျောနှင့်လုမိသားစုဝင်လူငယ်များသည် အတူတကွမတ်တတ်ရပ်နေရာမှ လုယွီအားလက်ညှိုးညွှန်ပြီး အော်ဟစ်ပြောဆိုလိုက်၏။

"လူတိုင်းပဲ...ဒီကောင်က လျှို့ဝှက်တိုက်ခိုက်တဲ့နည်းစနစ်တချို့ကို တက်မြောက်ထားတယ်...ငါတို့လုမိသားစုလည်း သူရဲ့တိုက်ခိုက်တာခံရပြီးတော့...ငါတို့ရဲ့မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေကို သူ လုယူသွားခဲ့တယ်...ဒါပေမယ့် ခုချိန်မှာ ငါတို့ကလူအများကြီးလေ...ဘာဖြစ်ဖြစ် ငါတို့က သူကိုကြောက်ရွံနေစရာမလိုဘူး"

လုကျော၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခုရှိနေသည်။

"သူက တစ်ယောက်တည်းလေ...သူ သေသွားတာနဲ့ ငါတို့က မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေကို ခွဲယူကြမယ်...ပြီးမှ သက်ရှည်သစ်သီးတွေကို ဘယ်လိုခွဲယူကြမလဲဆိုတာ ဆွေးနွေးကြမယ်"

မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ဟု ဆိုလိုက်သလော....။

လူတိုင်း၏မျက်လုံးများအတွင်း၌ ချက်ချင်းပင် လောဘအရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ရတနာမျိူးသည် လွန်စွာရှားပါးပေ၏။

"ဒါဆို ဒီကောင်လေးရဲ့လက်ထဲမှာ ကောင်းမွန်တဲ့ရတနာတွေရှိပြီးသားပေါ့...ဒါတေါင်မှ သူက သက်ရှည်သစ်သီးတွေကို လိုချင်နေသေးတယ်"

"ဒီကောင်လေးက တော်တော်လောဘကြီးတာပဲ...လူတိုင်းပဲ...သူ့ကိုအတူဝိုင်းပြီး တိုက်ခိုက်ကြရအောင်"

လူတိုင်းက အချိန်တခဏကြာ တိုင်ပင်ဆွေးနွေးကြပြီးနောက် လူတချို့က ချက်ချင်းပင် ရှေ့သို့ထွက်လာကြသည်။

လေးပင်လယ်ဂိုဏ်း၏စည်းမျဥ်းသက်မှတ်ချက်များအရ ပျံသန်းရေးမှော်သားရဲပေါ်၌ စီးနင်းလိုက်ပါနိုင်သည့်သူများသည် နေရာမျိူးစုံမှ ပါရမီရှင်လူငယ်များသာဖြစ်သည်။

သူတို့၏ရည်မှန်းချက်သည် လင်ရှောင်းမြို့သို့သွားပြီး လျှို့ဝှက်နဂါးစာရင်းအသစ်တွင် ပါဝင်နိုင်ရန်သာဖြစ်ပေ၏။

အကျိုးဆက်အနေဖြင့် ယခုလက်ရှိနေရာ၌ရှိနေသောသူများသည် ဂိုဏ်းအသီးသီးမှ ထိပ်သီးလူငယ်ကျင့်ကြံသူများဖြစ်နေသည်။

"ငါ မင်းတို့အားလုံးကိုပြောဖို့မေ့နေတာ တစ်ခုရှိတယ်...နဂါးအကျဥ်းထောင်တောင်တန်းရဲ့အတားအဆီးက ပျက်ပြယ်သွားပုံပဲ...ငါတို့က မိသားစုအကြီးအကဲတွေကို ဆက်သွယ်ပြီးပြီ...သူတို့ မကြာခင်ရောက်လာကြလိမ့်မယ်"

လုကျောက ရုတ်တရက် စကားပြောဆိုလိုက်၏။

တခြားသူများသည် အနည်းငယ်အံ့အားသင့်တုန်လှုပ်သွားကြပြီးနောက် သူတို့အားလုံး အလွန်ပျော်ရွှင်နေကြတော့သည်။

အဆောင်သင်္ကေတတချို့က ကောင်းကင်ယံထက်သို့ ပျံဝဲတက်သွားပြီးနောက် ချက်ချင်းပင် တုံပြန်မှုများ ရောက်ရှိလာကြသည်။

ကလန်ကြီးများမှ ထိပ်သီးအကြီးအကဲများသည် သက်ရှည်သစ်သီးထွက်ပေါ်လာခြင်းကို သိချိန်တွင် သူတို့အလျှင်အမြန် ရောက်ရှိလာမည်ဖြစ်ကြောင်းကို သတင်းစကားများပေးပို့ခဲ့ကြသည်။

"ကောင်လေး...မင်းတော့ အဆုံးသတ်ပြီ...ငါတို့မိသားစုက အကြီးအကဲတွေ မကြာခင်ရောက်လာတော့မယ်...မင်း အခုထွက်သွားတာ ပိုကောင်းလိမ့်မယ်..မဟုတ်ရင် ငါ မင်းကို နောင်တရအောင်လုပ်ပြမယ်"

လုကျောက လုယွီကို ကြမ်းကြုတ်ရက်စက်သောအမူအယာဖြင့် ကြည့်နေပေ၏။

လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။

သူက ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီးနောက် ပလ္လင်ခွေထိုင်ချလိုက်၏။သူ၏ခန္ဓာကိုယ်ပတ်လည်တွင် မြောက်များစွာသော သင်္ကေတများ ထွက်ပေါ်လာပြီး အဆက်မပြတ်လည်ပတ်နေပေသည်။

"သူ ဘာလုပ်နေတာလဲ"

"သူဟာသူ ဘာပဲလုပ်လုပ်...အရင်ဆုံး ငါတို့ သူကို သတ်ပစ်ကြရအောင်"

ကျင့်ကြံသူတချို့သည် စိတ်တည်ငြိမ်စွာမနေနိုင်ကြတော့သဖြင့် သူတို့၏ဓမ္မရုပ်ထုများကို ထုတ်ဖော်လိုက်ကြ၏။မြောက်များစွာသော ဓမ္မရုပ်ထုပုံရိပ်များက လုယွီထံသို့ ကျဆင်းလာပေသည်။

ပြင်းထန်သော အော်ရာများကြောင့် ပတ်ဝန်းကျင်ရှိလေထုပင် ပုံပျက်စပြုလာခဲ့သည်။

"မြေအောက်လောကတာအိုသခင်ရဲ့ အမိန့်တော်...မြေအောက်လောက နတ်ဘုရားစမ်းချောင်း ထွက်ပေါ်လာစမ်း"

လုယွီက ရုတ်တရက်အော်ငေါက်လိုက်ရာတွင် သူ၏နံဘေးပတ်ဝန်းကျင်မှ သင်္ကေတများအားလုံး ချက်ချင်းပင် မီးလောင်ကျွမ်းသွားပေ၏။

ထိုသင်္ကေတများမီးလောင်ကျွမ်းနေသည့်အကြားတွင် လုယွီ၏နောက်မှ ကြီးမားသောပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်က မြင့်မားသောမြို့ရိုးကြီးတစ်ခုပင်။

ခန်းမတစ်ခုလုံးသည် ချက်ချင်းပင် မြို့ရိုးကြီးနှင့် ပြည့်ကျပ်သွားပေ၏။မြို့ရိုးပေါ်တွင် အလံများလွှင့်ထူထားပြီး တိုက်ပွဲခေါ်သံများကလည်း ကောင်းကင်ယံတုန်ခါလုမတက် မြည်ဟီးနေပေသည်။

ဘုန်း....

အစောပိုင်းက လှုပ်ရှားခဲ့ကြသော ကျင့်ကြံသူတို့၏ဓမ္မရုပ်ထုများသည် မြို့ရိုးနှင့် အပြင်းအထန်ရိုက်ခတ်မိသော်လည်း မြို့ရိုးက ကြံကြံခံနေပြီး တစ်လက်မမျှပင် လှုပ်ရှားသွားခြင်းမရှိပေ။

လုယွီက မြို့ရိုး၏အလယ်၌ထိုင်နေပြီး သူ၏လက်ညှိုးကိုညွှန်ကာ ပြောဆိုလိုက်၏။

"သတ်ကြစမ်း"

ထိုအမိန့်သံနှင့်အတူ ဒူးလေးကြီးများကိုင်ဆောင်ထားသော စစ်သားတစ်စုက မြို့ရိုးများပေါ်၌ ထွက်ပေါ်လာခဲ့သည်။

မြောက်များစွာသော မြှားများထွက်ပေါ်လာပြီးနောက် ရှေ့ဆုံး၌ရှိနေသောကျင့်ကြံသူတစ်ယောက်သည် မရှောင်ရှားနိုင်သဖြင့် မြှားမိုး၏ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

"ဟား ဟား ဟား...ဒါတွေက သာမာန်မြှားလေးတွေလေ...ဒါနဲ့များ ငါတို့ကိုလာပြီးရင်ဆိုင်ရဲတယ်လား"

ကျင့်ကြံသူများသည် စိတ်ကြီးဝင်နေပုံဖြင့် သူတို့၏ခြေထောက်များကိုမြှောက်ပြီး ရှေ့သို့တိုးဝင်လာကြ၏။

လုကျော၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားပေသည်။

"မကောင်းတော့ဘူး...အန္တရာယ်ရှိတယ်"

"ဘာ အန္တရာယ်လဲ...ဟိုကောင်ကဖြင့် ဝင်္ကပါဘယ်လိုခင်းကျင်းရတာလဲဆိုတာတောင် သိပုံမရဘူး...ငါတို့ ရပ်ကြည့်နေရင် သူ ထွက်ပြေးသွားလိမ့်မယ်..."

ထိုကျင့်ကြံသူ၏အထင်အမြင်သေး ပြောဆိုနေမှုများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

ဝှစ်...ဝှစ်...ဝှစ်...

ထက်ရှသော မြှားများသည် ကျင့်ကြံသူများ၏ဓမ္မအကာအကွယ်ကိုဖောတ်ဝင်ပြီး သူတို့၏ခန္ဓာကိုယ်များကို ထွင်းဖောတ်သွားတော့သည်။

ဤအချိန်တခဏတွင် ကျင့်ကြံသူများသည် မြှားမိုးများ၏ထွင်းဖောတ်ခြင်းခံရပြီး ခန်းမကြမ်းပြင်၌ သွေးကွက်များ ပြန့်ကျဲနေတော့သည်။

thank for reading.

All Chapters