အခန်း (၅၈၁-၅၈၅)
Vol. 32 Ch. 581-585
Chapter 581
နှစ်နာရီခန့်ကြာပြီးနောက်...နဂါးအကျဥ်းထောင်တောင်တန်း၏ပြင်ပ၌....
"ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့အော်ရာက ဒီနေရာအရောက်မှာ လုံးဝကိုပျောက်ကွယ်သွားတယ်"
ဟန်လျန့်၏မျက်နှာက သုန်မှုန်နေပေ၏။
သူက ချိပ်ပိတ်ထားသည့်နေရာအား အမြဲတစေစောင့်ကြပ်နေခဲ့သည်။ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးသည် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးလွတ်မြောက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီက ပြောဆိုလိုက်၏။
"ချိပ်ပိတ်ထားတဲ့နေရာကို ကျုပ်ရောက်တုန်းက..ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့အော်ရာကို အာရုံခံကြည့်ပြီးပြီ...သူက တော်တော်အားနည်းနေတယ်...အချိန်အကြာကြီး အနားမယူဘဲနဲ့ သူ ဘာဖျက်ဆီးမှုကိုမှ လုပ်နိုင်မှာမဟုတ်ဘူး"
လုယွီက ဟန်လျန့်အား စူးစိုက်၍ကြည့်လိုက်သည်။
"ခင်ဗျားလည်း အပြင်းအထန်ဒဏ်ရါရထားတာ...အနားယူလိုက်အုံး...ကောင်းကင်နတ်ဆိုးဘိုးဘေးကိစ္စကို ကျုပ် ရင်ဆိုင်ဖြေရှင်းမယ်"
ဟန်လျန့်က သူပွေ့ချီထားသော အနီရောင်ဆံပင်နှင့်အမျိုးသမီးကိုကြည့်ပြီး နောက်ဆုံး၌ လုယွီ၏အကြံပေးချက်ကို သဘောတူညီခဲ့သည်။
အမှန်စင်စစ် သူသည် ကြိုးတစ်ချောင်း၏အဆုံးသို့ရောက်ရှိနေသူဖြစ်သည်။(ခက်ခဲသောအခြေအနေ)
အစောပိုင်းက ဟန်လျန့်သည် ထိပ်သီးကျင့်ကြံသူအမြောက်အများအားခြိမ်းခြောက်နိုင်ရန် တိုက်ခိုက်ခဲ့ရသည်။သို့ရာတွင် နတ်ဆိုးဘိုးဘေးကိုချိပ်ပိတ်သည့်အချုပ်အနှောင်အား အချိန်အတော်ကြာထိန်းသိမ်းခဲ့ရသဖြင့် သူ၏သွေးအနှစ်သာရများ ကုန်ဆုံးခဲ့ရသည်။
အကယ်၍ ထိုထိပ်သီးကျင့်ကြံသူများကသာ အပြင်းအထန်ပြန်လည်တိုက်ခိုက်ပါက ဟန်လျန့် လွတ်မြောက်နိုင်မည်ပင်မဟုတ်ချေ။
"စီနီယာ မြေအောက်လောက...ငါက အရှင်သခင် မင်းအကြောင်းပြောတာတွေကို ကြားဖူးခဲ့တယ်...မင်းက အထက်ကိုးကောင်းကင်နယ်မြေရဲ့ကောင်းကင်ဘုံချီးမြှောက်ခံဖြစ်ပြီးတော့ နတ်ဆိုးဘိုးဘေးကို ထိပ်တိုက်ရင်ဆိုင်နိုင်မယ့် တစ်ဦးတည်းသောသူလို့ သတ်မှတ်နိုင်တယ်....ငါမင်းကို အသနားခံပါတယ်...နတ်ဆိုးဘိုးဘေးကို ဖိနှိပ်ပြီး သူဘာ ကပ်ဘေးဒုက္ခတွေကိုမှ ဖန်တီးခွင့်မပြုပါနဲ့"
ဟန်လျန့်က ရုတ်တရက်ဒူးထောက်ပြီး တောင်းဆိုလိုက်၏။
သူ၏အသက်အရွယ်အရ လုယွီသည် ဆယ်ကျော်သက်တစ်ယောက်ဖြစ်သဖြင့် ဟန်လျန့်က ပို၍စီနီယာကျပေသည်။
သို့ရာတွင် မြေအောက်လောကတာအိုသခင်ဟူသောအဆင့်အတန်းအရ ဟန်လျန့်သည် လုယွီအား သူ၏စီနီယာအဖြစ်သတ်မှတ်ခဲ့ခြင်းပင်။
လုယွီက လက်ဝှေ့ယမ်းလိုက်သည်။
"ဒါက ကျုပ်လုပ်ရမယ့်ကိစ္စပါ...ခင်ဗျား အထူးတလည်ပြောနေစရာမလိုပါဘူး"
"ငါမှာ နောက်ထပ်တောင်းဆိုစရာ ကိစ္စတစ်ခုရှိသေးတယ်"
ဟန်လျန့်က လုယွီအား ထပ်မံ၍အရိုအသေပြုလိုက်၏။
လုယွီက ပြောဆိုလေသည်။
"ခင်ဗျားပြောပါ...ကျုပ်တက်နိုင်တဲ့ကိစ္စဆိုရင် ကျုပ် ခင်ဗျားကိုကူညီမယ်"
ဟန်လျန့်သည် လုယွီ၏လေးစားမှုရရှိရန် ထိုက်တန်သူတစ်ယောက်ပင်။
ဟန်လျန့်က ပြောဆိုလေသည်။
"အရှင်သခင်မှာ သမီးတစ်ယောက်ရှိတယ်...အရှင်သခင်အတွက် ရည်ရွယ်ပြီး သူကို စီနီယာမြေအောက်လောကက စောင့်ရှောက်ပေးစေချင်တယ်"
နတ်ဆိုးချိပ်ပိတ်သူ၌ သမီးတစ်ယောက်ရှိသည်ဟု ဆိုလိုက်သလော။
လုယွီ၏မျက်လုံးများ၌ ရုတ်တရက် အံ့အားသင့်သောအရိပ်အယောင်များ ဖြတ်ပြေးသွားပေသည်။
"ပြန်တွေးကြည့်ရင်...နတ်ဆိုးချိပ်ပိတ်သူက တာအိုသခင်အဆင့်ကိုရရှိဖို့အတွက်...သူရဲ့မျိုးပွါးနိုင်တဲ့နဂါးအေးကျင်းကို စွန့်လွှက်ထားတာ...သူက တကိုယ်တည်းနေနေတဲ့သူဖြစ်ပြီးတော့ မျိုးဆက်မရှိဘူးလို့ ယူဆနိုင်တယ်...ဘယ်လိုလုပ်ပြီး သူမှာ သမီးတစ်ယောက်ရှိနေတာလဲ"
ဟန်လျန့်က ခါးသည်းသောအပြုံးဖြင့် ပြောဆိုလိုက်၏။
"အမှန်ပဲ...ငါတို့လည်း အဲ့ဒီကိစ္စကိုကြားကြားချင်း အရမ်းအံ့အားသင့်သွားခဲ့တယ်...အရှင်သခင်က အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာကိုတောင် ငါတို့မသိခဲ့ဘူး...အဲ့ဒီအမျိုးသမီးက ဘုရားကျောင်းကိုရောက်လာခဲ့တယ်..ပြီးတော့ ကလေးမီးဖွားပြီးချိန်မှာပဲ အရှင်သခင်က သူတို့ကိုနှင်ထုတ်လိုက်တယ်"
"မောင်းထုတ်လိုက်တာလား"
"ဟုတ်တယ်...အရှင်သခင်က ဆုံးဖြတ်ချက်ချခဲ့တာ...သူက မအေရော ခလေးပါမောင်းထုတ်ပြီး စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးတောင် သူတို့ကို မပေးလိုက်ဘူး"
ဟန်လျန့်က ပြန်လည်တွေးတောနေပေ၏။
"အရှင်သခင်က သူတို့ကိုမောင်းထုတ်လိုက်ပေမယ့်....အရှင်သခင် တစ်ယောက်တည်းရှိနေချိန်ဆိုရင် သူရဲ့မွေးခါစသမီးငယ်လေးအကြောင်း တီးတိုးရေရွတ်နေတာကို ကျွန်တော်တို့မြင်ခဲ့ရတယ်"
လုယွီက ချက်ချင်းပင် နားလည်သဘောပေါတ်သွားခဲ့သည်။ကျင့်ကြံဆင့်နယ်ပယ်များကို အလျှင်အမြန်ချိုးဖျက်နိုင်ရန်အလို့ငှါ နတ်ဆိုးချိပ်ပိတ်သူသည် များစွာပေးဆပ်ခဲ့ရသည်။
သူ၏ကံကြမ္မာသည် မူလက ပျံဝဲနေသောနဂါးပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရသည်။သို့ရာတွင် သူ အသုံးပြုလိုက်သောလျှို့ဝှက်နည်းစနစ်ကြောင့် သူ၏ကံကြမ္မာအား ပျောက်ဆုံးသွားစေခဲ့၏။
သူ၏နောက်လိုက် လူများအားလုံးပင် အဆုံးသတ်မကောင်းကြချေ။နတ်ဆိုးချိတ်ပိတ်သူက သူ၏ဇနီးနှင့်သမီးကို မောင်းထုတ်လိုက်ခြင်းသည် သူတို့အားကာကွယ်ပေးလိုသောကြောင့်ဖြစ်သည်။
"ငါက နှစ်တွေအများကြီး ဒီနေရာကိုပဲ စောင့်ကြပ်နေခဲ့တယ်...အရှင်သခင်ရဲ့ဇနီးသည်နဲ့သမီး ဘယ်နေရာမှာရှိလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် မင်း ကျေးဇူးပြုပြီး ဒီကျောက်စိမ်းဆံခွေကိုယူထားပေးပါ...တကယ်လို့ မင်းက အရှင်သခင်ရဲ့သွေးမျိုးဆက်အော်ရာကို အာရုံခံမိတာနဲ့...ကျောက်စိမ်းဆံခွေက တောက်ပလာလိမ့်မယ်"
ဟန်လျန့်က ကျောက်စိမ်းဆံခွေကို လုယွီ၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။
"နတ်ဆိုးချိပ်ပိတ်သူရဲ့သမီး....သူရဲ့မိသားစုတစ်စုလုံးက ရှေးဟောင်းနတ်ဆိုးတွေရဲ့အမြစ်ပြတ်သုတ်သင်ခြင်းခံထားရတာ...တကယ်လို့ သူမှာ သမီးသာတကယ်ရှိနေရင်...သူရဲ့သွေးမျိုးဆက်ကို ဒီအတိုင်းအဆုံးမသတ်စေရဘူး"
လုယွီက ကျောက်စိမ်းဆံခွေကို သိမ်းဆည်းလိုက်သည်။
လုယွီသည် ဟန်လျန့်အား နှုတ်ဆက်ပြီးနောက် နဂါးအကျဥ်းထောင်တောင်တန်းတစ်ခုလုံး၌ ပိုင်မောင်နှမအား လိုက်လံ၍ရှာဖွေတော့သည်။
လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်အတွင်းဘက်၌ အမွှေးတိုင်နှစ်ချောင်းက ဖြည်းဖြည်းချင်းတောက်လောင်နေသည်။
ထိုအမွှေးတိုင်နှစ်ချောင်းသည် ပိုင်မောင်နှမ၏စိတ်ဝိညာဥ်အော်ရာကို ကိုယ်စားပြုပေသည်။
သူတို့က အသက်ရှင်နေသမျှ လုယွီအား သစ္စာဖောတ်သည့်ကာလပတ်လုံး အမွှေးတိုင်နှစ်ချောင်းက မီးငြိမ်းသွားမည်မဟုတ်ချေ။
"ကောင်းပြီလေ...လူတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာတွေရှိကြတာပဲ"
သုံးရက်တိုင်တိုင်ရှာဖွေပြီးနောက် လုယွီက လက်လျှော့လိုက်သည်။
သူ၏ရည်မှန်းချက်ပန်းတိုင်သည် လုမိသာ
Chapter 582
အလယ်ပိုင်းကုန်းမြေ...လင်ရှောင်းမြို့
ဧရာမမှော်သားရဲကြီးတစ်ကောင်သည် ကောင်းကင်ယံမှဆင်းသက်လာပြီး လေထုအတွင်း၌အဝိုင်းပုံလှည့်ပတ်ကာ မြေကွက်လပ်ကျယ်ကြီးတစ်ခုအတွင်း၌ရပ်နားလိုက်သည်။
ဤနေရာသည် အလွန်ကျယ်ဝန်းသောမြေကွက်လပ်ကြီးဖြစ်သဖြင့် အချိန်နှင့်အမျှ ပျံသန်းရေးမှော်သားရဲများ ဆင်းသက်ခြင်းနှင့်ပျံတက်ခြင်းများရှိနေသည်။
မြေကွက်လပ်၏နံဘေးပတ်လည်တွင်လည်း 'လေးပင်လယ်ဂိုဏ်း'ဟုကြီးမားသောစာလုံးများ ရေးထိုးထားသည့် အလံများကို လွှင့်ထူထားသည်။လေးပင်လယ်ဂိုဏ်းမှကျင့်ကြံသူများသည် ပျံသန်းရေးမှော်သားရဲများ၏အတောင်ပံများအောက်မှ အဆက်မပြတ်သွားလာလှုပ်ရှားနေကြ၏။
ဤနေရာရှိ ပျံသန်းရေးစခန်းသည် မကြုံစဖူးကျယ်ဝန်းပေသည်။
၎င်းနှင့် မလှမ်းမကမ်းအကွာအဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် ကြီးမားသောမြို့ကြီးတစ်မြို့၏ပုံရိပ်က ထွက်ပေါ်နေသည်။ခမ်းနားသောအဆောက်အဦးများကို တွေ့မြင်ရသည်မှာလည်း စွဲမက်ဖွယ်ကောင်းပေ၏။
မြို့တစ်မြို့လုံးကို တောင့်တင်းခိုင်မာသောမြို့ရိုးများက ဝန်းရံထားသည်။မြို့ရိုးထောင့်တိုင်းတွင် ဧရာမစိတ်ဝိညာဥ်အမြှောက်ကြီးများတပ်ဆင်ထားသည့် စောင့်ကြည့်မျှော်စင်များရှိသည်။အကယ်၍ တစ်စုံတစ်ယောက်က မြို့အတွင်းသို့ ကျူးကျော်ဝံ့ပါက ထိုအမြှောက်ကြီးများ၏ပစ်ခတ်သတ်ဖြတ်ခြင်းခံရပေမည်။
မြို့ကြီး၏အထက်မိုးကောင်းကင်ရှိ ပါးလွှာသောလေထုအတွင်း၌ ရွှေရောင်သင်္ကေတအဆောင်တစ်ခုက မျောလွင့်နေပြီး မည်သည့်နတ်ဆိုးမျှ ပုန်းခိုနေရန် နေရာမရှိချေ။
"ဒီမြို့က လုံချွမ်အင်ပါယာတစ်ခုလုံးပေါင်းစည်းထားတာရဲ့ ဆယ်ဆမကကြီးနိုင်တယ်"
လုယွီက သက်ပြင်းရှိုက်လိုက်မိသည်။
ဤသည်က ကျင့်ကြံသူတို့၏မြို့တော်များဖြစ်သော်လည်း အချိုးအစားပမာဏက ကွာခြားပေသည်။
လင်ရှောင်းမြို့မှကျင့်ကြံသူများသက်သက်ဖြင့်ပင် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးအား တုန်ခါစေရန်လုံလောတ်ပေ၏။
လင်ရှောင်းမြို့သည် ထိပ်သီးနံပါတ်တစ်ဂိုဏ်းဖြစ်သော လင်ရှောင်းဂိုဏ်းအပြင် တခြားထိပ်သီးမိသားစုများ၏အခြေချရာစခန်းနေရာလည်းဖြစ်သည်။
ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းတစ်ချက်မှာ လင်ရှောင်းမြို့သည် ကောင်းကင်ဘုံလမ်းကြောင်း၏အဝင်ဝတံခါးဖြစ်နေခြင်းကြောင့်ပင်။
ဤကြယ်တစ်ခုလုံး အစွမ်းထက်သောကောင်းကင်ဘုံစွမ်းအင်များ၏နှောက်ယှက်ခြင်းကို ခံနေရသည်။တာအိုဒုတိယဆင့်အထွတ်အထိပ်ဖြစ်သော သိုင်းပညာသူတော်စင့်နယ်ပယ်သည် ဤကြယ်နယ်မြေရှိ ထိပ်သီးကျင့်ကြံသူများ၏အဆုံးသတ်ဖြစ်နေသည်။
အကယ်၍ ထိုကျင့်ကြံသူများသည် နောက်ထပ်နယ်ပယ်တစ်ခုကို ထပ်မံ၍မချိုးဖျက်နိုင်ပါက သူတို့၏ဘဝနေဝင်ချိန်ထိ သေခြင်းတရားကိုသာစောင့်ဆိုင်းနေရပေမည်။
ကောင်းကင်ဘုံလမ်းကြောင်းကိုဖြတ်သန်းသွားခြင်းကသာလျှင် ကျင့်ကြံသူများအား ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်စေနိုင်သည်။ထိုမှသာ ကြယ်တာရာကောင်းကင်ဘုံတာအို၏အကူအညီကိုရရှိပြီး ပို၍နက်ရှိုင်းသော ကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်နိုင်ကာ ထာဝရအသက်ကိုရရှိနိုင်ပေမည်။
"မင်းက မိုးကောင်းကင်ရှုခင်းမြို့ကို သွားမလို့လား...မင်း သွားလို့မရလောတ်ဘူး...မိုးကောင်ကင်ရှုခင်းမြို့တစ်မြို့လုံးရဲ့အပြင်ပတ်လည်မှာ ရေခဲမြစ်တွေရှိနေတယ်...ပျံသန်းရေးမှော်သားရဲတွေလည်း အဲ့ဒီနေရာကိုသွားလို့မရဘူး...အခုလက်ရှိချိန်မှာ အဲ့ဒီမြို့က အလယ်ပိုင်းကုန်းမြေကနေ အဆက်အသွယ်ပြတ်တောက်နေတယ်..တကယ်လို့ မင်း အဲ့ဒီနေရာကိုသွားချင်တယ်ဆိုရင် နောက်နှစ်ထိစောင့်ရမယ်"
လေးပင်လယ်ဂိုဏ်းမှဂိုဏ်းသားတစ်ယောက်က သူ၏လက်ကိုဝှေ့ယမ်းပြီး ခါးသီးသောအပြုံးဖြင့်ပြောဆိုလိုက်၏။
လုယွီက မျက်မှောင်ကြုတ်နေပေသည်။
"ဘယ်လိုရေခဲမြစ်အမျိုးအစားက ပျံသန်းရေးမှော်သားရဲတွေကို သက်ရောက်စေတာလဲ"
ပျံသန်းရေးမှော်သားရဲများသည် သာမာန်ဌက်များမဟုတ်ချေ။၎င်းတို့၌ ကြမ်းတမ်းသောအရေပြားနှင့်ထူထဲသောအသားများပါရှိသည်။သာမာန်အအေးဓာတ်သည် သူတို့အား မည်သို့မျှသက်ရောက်မှုမရှိစေပေ။
လုယွီက ဂိုဏ်းစာရေးတစ်ယောက်အား သိုလှောင်အိတ်တစ်အိတ်ပေးလိုက်၏။
ဂိုဏ်းစာရေးက သိုလှောင်အိတ်ကို အလေးချိန်ဆကြည့်ပြီးနောက် အပြုံးနှင့်ပြောဆိုလေသည်။
"ဒါက မင်း အဲ့ဒီနေရာကို ပထမဆုံးသွားမယ့်အချိန်ထင်တယ်...အရင်နှစ်တွေတုန်းက မိုးကောင်းကင်ရှုခင်းမြို့က သွားလာလို့ကောင်းတယ်...ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောတ်ကစပြီး နှင်းတွေကျဆင်းမူက ပြင်းထန်သထက်ပြင်းထန်လာခဲ့တယ်...ဆောင်းရာသီဆိုရင် အဲ့ဒီမြို့က အေးခဲလုနီးပါးပဲ"
"ဒါပြင် ဆီးနှင်းတွေက သာမာန်မဟုတ်ဘူး..အစပိုင်းမှာတော့ ငါတို့ကသိပ်အလေးမထားခဲ့ဘူး...နောက်ပိုင်းကျတော့ သေမျိုးတွေအများကြီး မိုးကောင်းကင်ရှုခင်းမြို့မှာ သေဆုံးကြတယ်...ဒါကြောင့် အဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့ လုမိသားစုကနေပြီး လူတွေကိုစေလွှက်ခဲ့တယ်"
"ဒါပေမယ့် အဆုံးသတ်မှာ အကြောင်းအရင်းကို ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့ဘူး...အဲ့ဒီအစါး မိုးကောင်းကင်ရှုခင်းမြို့က ရေခဲလှိုဏ်ဂူကြီးလိုဖြစ်သွားပြီး ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးတဲ့ကျင့်ကြံသူတွေတောင် ကြိုတင်ပြင်ဆင်ထားမှုမရှိရင် အေးခဲပြီးသေသွားနိုင်တယ်....လုမိသားစုဘိုးဘေးက စည်းမျဥ်းတွေကိုစောင့်ထိန်းပြီး အိမ်တော်ဟောင်းမှာပဲ ဆက်နေနေတယ်...နောက်ပိုင်းကျတော့ ပင်မလုမိသားစုနဲ့မိသားစုခွဲတွေ အငြင်းပွါးကြတော့တာပဲ...လုမိသားစုခွဲတွေက လင်ရှောင်းမြို့ကိုပြောင်းရွှေ့လာပြီးတော့ လင်ရှောင်းလုမိသားစုဆိုပြီးဖြစ်လာတယ်"
ဂိုဏ်းစာရေးက လုယွီကို မိုးကောင်းကင်ရှုခင်းမြို့၏အခြေအနေအား ပြောဆိုနေသည်။သို့ရာတွင် သူက လုယွီ၏မျက်နှာ ပို၍ပို၍သုန်မှုန်လာခြင်းကို သတိမပြုမိချေ။
ဤအရာကိုကြည့်ခြင်းဖြင့် မိုးကောင်းကင်ရှုခင်းမြို့၏အခြေအနေသည် အကောင်းတစ်စက်မျှရှိပုံမရချေ။
"ငါ မြင်တာတော့ မင်းအသက်ကတော်တော်ငယ်သေးတယ်...ကောင်းကင်နန်းတော်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ရောက်လာတာလား...မင်းလာတာ အချိန်မှန်ပဲ....လဝက်ကြာရင် ပြိုင်ပွဲကြီးက စတင်တော့မယ်....ကောင်းကင်ဘုံနယ်မြေက ထိပ်သီးကျင့်ကြံသူတွေရဲ့ မျက်နှာသာပေးမှုကို ရဖို့မရဖို့က ဒီပြိုင်ပွဲက မင်းရဲ့စွမ်းရည်ပေါ်မူတည်တယ်...မင်းရဲ့စွမ်းရည်က အရမ်းမကောင်းရင်တောင် အမြင်ကျယ်စေတာပေါ့"
ဂိုဏ်းစာရေးက ရယ်မောရင်း ပြောဆိုခဲ့သည်။
Chapter 583
ကောင်းကင်နန်းတော်ပြိုင်ပွဲဟု ဆိုသလော။
လုယွီက မျက်မှောင်ကြုတ်နေရင်းမှ ပြောဆိုလိုက်သည်။
"ကောင်းကင်လမ်းကိုသွားဖို့ နေရာတွေကိုရဖို့ ထိပ်သီးအင်အားစုတွေ ယှဥ်ပြိုင်တိုက်ခိုက်ရတယ်လို့ငါကြားဖူးတယ်...လေလွင့်ကျင့်ကြံသူတွေကိုလည်း ပါဝင်ယှဥ်ပြိုင်ခွင့်ပြုထားတာလား"
ဂိုဏ်းစာရေးက အပြုံးနှင့်ပြောဆိုလေသည်။
"လေလွင့်ကျင့်ကြံသူအားလုံးတော့ ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်လို့မရဘူး...အသက်သုံးဆယ်အောက်ကျင့်ကြံသူတွေပဲ ပါဝင်ယှဥ်ပြိုင်ခွင့်ရှိတယ်...ဒီတကြိမ် ကောင်းကင်နန်းတော်ပြိုင်ပွဲက အမျိုးမျိုးသောအင်အားစုတွေအပြင် လေလွင့်ကျင့်ကြံသူတွေထဲက ပါရမီရှင်လူငယ်တွေရဲ့ပြိုင်ပွဲတစ်ခုပဲ"
ဂိုဏ်းစာရေးက လင်ရှောင်းမြို့၏အထက်ရှိ တိမ်စိုင်တိမ်လိပ်များကို လက်ညှိုးညွှန်ပြလိုက်သည်။
"ဒီတစ်ကြိမ်မှာ ကောင်းကင်ဘုံနယ်မြေက ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့စိတ်ဆန္ဒက ဒီနေရာကိုဆင်းသက်လာလိမ့်မယ်...ပါရမီရှင်လူငယ်တချို့ကို သူတို့ရဲ့တပည့်အဖြစ် ရွေးချယ်ခေါ်ဆောင်သွားမှာ....ဒါက ကောင်းကင်ဘုံနယ်မြေကိုသွားဖို့ ဖြတ်လမ်းနည်းပဲ...တကယ်လို့ မင်းကအသက်ကြီးနေရင်တောင် တခြားအင်အားစုတွေနဲ့ ကြမ်းကြုတ်ရက်စက်စွာယှဥ်ပြိုင်ပြီး ကောင်းကင်ဘုံလမ်းကိုသွားရမယ့်နေရာကိုလုရလိမ့်မယ်...ကျွတ်...ကျွတ်...အဲ့ဒီလမ်းကြောင်းက ပိုပြီးခက်ခဲလိမ့်မယ်"
ဂိုဏ်းစာရေးက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လေ၏။
"မင်းက အသက်မကြီးသေးပါဘူး...ကောင်းကင်နန်းတော်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့က အရမ်းရှားပါးတဲ့အခွင့်အရေးပဲ..မင်း မလွဲချော်စေနဲ့"
"ငါ သိပြီ"
လုယွီ၏စိတ်နှလုံးသားအတွင်းတွင် ယခုကဲ့သို့ကိစ္စရပ်မျိုးအား သဘောပေါတ်နားလည်ပြီးဖြစ်သည်။အမှန်အားဖြင့် ဤသည်က ပိုက်ကွန်ဖြန့်ကျက်ခြင်း(လူငယ်မျိုးဆက်သစ်များရှာဖွေခြင်း)လုပ်ငန်းစဥ်သာဖြစ်ပေ၏။
ကောင်းကင်ဘုံနယ်မြေမှ ထိပ်သီးကျင့်ကြံသူများသည် နေရာတနေရာတည်း၌ နေထိုင်ရန်မဖြစ်နိုင်ချေ။သူတို့က ကြယ်နယ်မြေများ၏အခြေအနေကိုသိရှိနိုင်ရန် ထိုကြယ်များတွင်အချိန်ကာလတစ်ခုအခုနေထိုင်ပြီး သူတို့၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ချန်ရစ်ခဲ့ကြသည်။
အကယ်၍ ကြယ်နယ်မြေများတွင် ပါရမီရှင်တစ်ယောက်ပေါ်ထွက်လာပါက ထိုအကြွင်းအကျန်စိတ်ဝိညာဥ်က ချက်ချင်းသိရှိနိုင်လေ၏။သူတို့က ကောင်းကင်ဘုံဥပဒေသကို တိုက်ရိုက်ချိုးဖျက်ပြီး ထိုပါရမီရှင်အား ခေါ်ဆောင်သွားတော့သည်။
စကြာဝဠာအတွင်းရှိ ကမ္ဘာတစ်သောင်းတွင် ထိပ်သီးကျင့်ကြံသူနှင့်ပါရမီရှင်လူငယ် အမြောက်အများရှိပေသည်။
ပါရမီရှင်တစ်ယောက်ကိုရရှိရန်အလို့ငှါ တချို့အင်အားစုများသည် ထိပ်သီးကျင့်ကြံသူများ၏အကြွင်းအကျန်စိတ်ဝိညာဥ်များကိုချန်ထားပြီး ကြယ်နယ်မြေများရှိ သန်းပေါင်းများစွာသောလူများကို တပြိုင်နက်တည်းစမ်းသပ်းစစ်ဆေးလေ့ရှိသည်။
အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်ဆိုပါက ထိုသို့သောအခွင့်အရေးမျိုးကို ကောင်းကင်ယံသို့ပျံဝဲတက်နိုင်ခြင်း ယူဆကြမည်။
သို့ရာတွင် လုယွီအတွက် မလိုအပ်ချေ။ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ပင် သူ့အားသင်ကြားလမ်းညွှန်နိုင်မည့်သူမရှိမှာကို သူ စိုးရွံမိသည်။
လုယွီက ခေါင်းညိတ်ပြသော်လည်း လှုပ်ရှားခြင်းမပြုချေ။
ဂိုဏ်းစာရေးက အပြုံးနှင့်ဆက်လက်ပြောဆိုလေသည်။
"တကယ်လို့ မင်းကို ကောင်းကင်ဘုံနယ်မြေကကျင့်ကြံသူတစ်ယောက်ကနေ တပည့်အဖြစ်လက်ခံလိုက်မယ်ဆိုရင်...မင်းအတွက် အံ့အားသင့်စရာကိစ္စဖြစ်လာလိမ့်မယ်...အဲ့ဒီအချိန်ကျရင် အင်အားကောင်းတဲ့မိသားစုတွေက မင်းကို သူတို့နဲ့ပူးပေါင်းဖို့ သွေးဆောင်ကြလိမ့်မယ်...ဂိုဏ်းကြီးတွေကလည်း မင်းကို မရေမတွက်နိုင်တဲ့ကျင့်ကြံမှုအရင်းအမြစ်တွေ ပေးပို့ကြမှာ...ငါ အဲ့ဒီလိုပစ္စည်းတွေကို အသုံးပြုနိုင်ဖို့ စဥ်းတောင်မစဥ်းစားရဲဘူး"
လုယွီက ရုတ်တရက်စကားဖြတ်ပြီး မေးမြန်းလိုက်သည်။
"မင်းပြောနေတာတွေက အမှန်လား"
"အမှန်ပဲ"ဂိုဏ်းစာရေးက အလျှင်အမြန် ပြောဆိုလေ၏။
"ဥပမာအနေနဲ့ လေလွင့်ကျင့်ကြံသူတွေကိုပဲကြည့်....သူတို့မှာ ကောင်းမွန်တဲ့ကျင့်ကြံမှုအရင်းအမြစ်တွေမရှိဘူး...ဒါကြောင့် သူတို့ရဲ့ကျင့်ကြံမှုက အကန့်အသတ်ရှိတယ်...ကျင့်ကြံမှုအရင်းအမြစ်လေးတချို့ရရှိဖို့အတွက် သူတို့က နေရာပေါင်းစုံကို လှည့်လည်သွားလာနေကြရတယ်"
"ဒါပေမယ့် ဂိုဏ်းကြီးတွေကလူတွေကတော့ အဲဒါမျိုးတွေမလိုအပ်ဘူး...လင်ရှောင်းဂိုဏ်းကိုပဲ ဥပမာအနေနဲ့ကြည့်...သူတို့က အလယ်ပိုင်းကုန်းမြေရဲ့နံပါတ်တစ်ဂိုဏ်းပဲ....တချို့ရှေးဟောင်းမိသားစုတွေကတောင် သူတို့ကိုမျက်နှာသာတချို့ပေးထားရတယ်....မင်းက ဂိုဏ်းတာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး ဂိုဏ်းအကျိုးဆောင်ရမှတ်တွေကိုရရှိပြီးတော့ မင်းလိုချင်တဲ့အရာနဲ့လဲလှယ်လို့ရတယ်...ဒါက ကျင့်ကြံမှုအရင်းအမြစ်တွေကို နေရာတိုင်းမှာ လိုက်လံရှာဖွေနေတာထက်ပိုပြီးအဆင်ပြေတယ်"
ဤှသည်က ယခုလက်ရှိချိန်တွင် လုယွီအတွက်လိုအပ်နေသောအရာဖြစ်သည်။အကယ်၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်များကို အလျှင်အမြန်ချိုးဖျက်ပြီး သူ၏ခွန်အားကိုတိုးတက်စေလိုပါက မြောက်များစွာသော စိတ်ဝိညာဥ်စွမ်းအင်များလိုအပ်ပေမည်။
ယခုလက်ရှိတွင် လုယွီ၏ခန္ဓာကိုယ်ရှိ လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားက မည္သည့်အချိန်မှအစာအိမ်မပြည့်နိုင်သော တောက်တီတစ်ကောင်ကဲ့သို့ စိတ်ဝိညာဥ်စွမ်းအင်များကို အရူးအမူးဝါးမြိုနေပေသည်။
လုယွီက သူ၏သဘာဝလွန်စွမ်းအင်များသည် နှောင်းပိုင်းသဘာဝလွန်စွမ်းအင်နယ်ပယ်ကိုချိုးဖျက်ဝင်ရောက်နိုင်တော့မည်ဟု ခံစားမိသော်လည်း လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားကြောင့် အနည်းငယ်လိုအပ်နေပေသည်။
ကောင်းကင်နန်းတော်ပြိုင်ပွဲအား မည်သို့ပါဝင်ယှဥ်ပြိုင်ရမည်ကို မေးမြန်းပြီးနောက် လုယွီက လင်ရှောင်းမြို့သို့ ထွက်ခွါခဲ့သည်။
ယခုလက်ရှိချိန်တွင် ကောင်းကင်နန်းတော်ပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်သာလိုတော့သည်။လင်ရှောင်းမြို့အဝင်တံခါးရှေ့၌ လူအမြောက်အများစုရုံးနေပြီး လူတန်းရှည်ကြီးရှိနေသည်။
လုယွီက လူအုပ်ကြီးအကြား၌မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများကိုမှိတ်ကာ နံဘေးပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကို စတင်၍စုပ်ယူနေသည်။
ထိုအချိန်တွင် ရုတ်တရက် လုယွီ၏နောက်မှနေ၍ မှော်သားရဲတစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။
Chapter 584
ဝေါင်း....
ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ကောင်းကင်ယံမှနတ်ဆိုးသားရဲတစ်ကောင် ဆင်းသက်လာခဲ့သည်။
ထိုနတ်ဆိုးသားရဲ၏နောက်တွင် ကြီးမားသောရထားလုံးတစ်လုံးကို ဆွဲထားလေ၏။ရထားလုံး၏အပြင်အဆင်သည် အလွန်ခမ်းနားထည်ဝါသည့်အပြင် ရထားလုံးကိုယ်ထည်ပြင်ပတွင် စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုလှိုင်း အနည်းငယ်ရှိနေသည်။
ရထားလုံး၏ထိပ်တွင် 'ကောင်းကင်ပျံဝဲခြင်း'ဟု ရေးသားထားသော အနီရောင်အလံတစ်ခုကို လွှင့်ထူထားပေ၏။
"သူတို့ကို ဖြတ်သွားပါစေ"
မြို့စောင့်စစ်သားများက ချက်ချင်းပင် လမ်းဖွင့်ပေးပြီး မှော်သားရဲရထားလုံးကို မြို့အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
"သူတို့က လင်ရှောင်းဂိုဏ်းကလူတွေပဲ...ဒါကြောင့် မြို့တံခါးကိုတရကြမ်းတိုးဝင်နိုင်တာ အံအားသင့်စရာမရှိဘူး"
"ဒီရထါးလုံးအပြင်အဆင်ကိုကြည့်ရင်...လင်ရှောင်းဂိုဏ်းက အတွင်းစည်းတပည့်တစ်ယောက်ဖြစ်နိုင်တယ်"
"ဘယ်လိုလုပ်ပြီး အတွင်းစည်းတပည့်တစ်ယောက်ဖြစ်နိုင်မလဲ...မင်း ရထားလုံးမောင်းတဲ့သူကို မမြင်ဘူးလား...သူရဲ့အဖြူရောင်ဝတ်စုံပေါ်မှာ တိမ်တိုက်သုံးခုပုံ ပန်းထိုးထားတယ်...သူက အတွင်းစည်းတပည့်တစ်ယောက်ပဲ...အတွင်းစည်းတပည့်တောင်မောင်းနှင်ရတဲ့ ရထားလုံးထဲကသူရဲ့အဆင့်အတန်းကို တွေးကြည့်ကြစမ်း"
ထိုစကားသံအားကြားလိုက်ရချိန်တွင် နံဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။
"ငါ့ရဲ့မှန်းဆမှုသာမမှားရင်...အတွင်းစည်းတပည့်တစ်ယောက်မောင်းနှင်လာတဲ့ ရထားလုံးထဲကလူဟာ အပြင်စည်းအကြီးအကဲမဟုတ်ရင် စီနီယာဂိုဏ်းထောက်တစ်ယောက်ပဲ"
"ကောင်းကင်ဘုံလမ်းကြောင်းက ထိပ်သီးကျင့်ကြံသူအများကြီးကို ဆွဲဆောင်နိုင်တာပဲ...ဒါက တကယ်ကြီးကို လူအများကြီးစုရုံးရောက်နေကြတာ"
ပတ်ဝန်းကျင်ရှိလူများ ဆွေးနွေးတိုင်ပင်နေခြင်းများကို လုယွီက နားထောင်နေသော်လည်း များစွာတွေးတောထားခြင်းမရှိချေ။
လင်ရှောင်းမြို့မှစစ်ဆေးရေးမှူးများ၏စွမ်းဆောင်ရည်သည် အလွန်အမင်းလျှင်မြန်ပေ၏။လုယွီ၏ရှေ့၌ လူရာပေါင်းများစွာရှိနေသော်လည်း အချိန်တစ်နာရီမပြည့်မီမှာပင် သူ မြို့အတွင်းသို့ဝင်ရောက်နိုင်ခဲ့သည်။
မြို့အဝင်တံခါး၌ ဖီရှို့(ဖီချူး)တစ်ကောင်ရှိနေပြီး သူ၏တောက်ပနေသောမျက်လုံးများဖြင့် သူရှေ့ရှိလူများအား စူးစိုက်ကြည့်လေသည်။
ဖီရှို့၏မျက်လုံးနှစ်လုံးသည် လျှပ်စီးတန်းများနှင့်တူညီပြီး နတ်ဆိုးကျင့်ကြံသူများ မည်မျှလျှို့ဝှက်သည့်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ သူတို့အား ရအောင်ခွဲခြားနိုင်ပေ၏။
"အရင်ဦးဆုံး ငါက လင်ရှောင်းမြို့ရဲ့မဟာခန်းမလေးခုထဲက တစ်ခုကိုသွားပြီး စစ်ဆေးခံရမယ်...ငါရဲ့ပါရမီက အရည်အချင်းပြည့်မှီမှသာ ကောင်းကင်နန်းတော်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမယ်"
လုယွီက တီးတိုးရေရွတ်နေသည်။
ဤသည်က လေးပင်လယ်ဂိုဏ်းစာရေးမှ လုယွီအား ပြောပြခဲ့ခြင်းပင်။ကောင်းကင်နန်းတော်ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်နိုင်သည့် လူဦးရေအချိုးအစားကို လင်ရှောင်းဂိုဏ်းက စီမံကွပ်ကဲသည်။
ကောင်းကင်ဘုံအားဝတ်ပြုသည့်ယဇ်ပလ္လင်က လင်ရှောင်းဂိုဏ်းအတွင်း၌ တည်ရှိပေသည်။
ကောင်းကင်နန်းတော်ပြိုင်ပွဲအား လူအားလုံးဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမည်မဟုတ်ချေ။လင်ရှောင်းဂိုဏ်းက အသိအမှတ်ပြုထားသော ပါရမီရှင်လူငယ်များသာ ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပေမည်။
လုယွီက မြေပုံကိုထုတ်ယူပြီးနောက် ကြည့်လိုက်ပြီး သူနှင့်အနီးဆုံးဖြစ်သော အနက်ရောင်လိပ်မင်းခန်းမကို ရွေးချယ်လိုက်သည်။
လမ်းတလျှောက်လုံး လုယွီက သူနံဘေးပတ်ဝန်းကျင်ရှိလူများကို သတိပြုမိခဲ့သည်။ထိုသူများသည် ဗျပ်ထိုးစျေးရောင်းသူဖြစ်စေ ရထားလုံးမောင်းနှင်သူများ ဆိုင်ပိုင်ရှင်များဖြစ်စေ သူတို့အားလုံး၌ စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုများရှိနေပေ၏။
သူတို့အားလုံးက ကျင့်ကြံသူများဖြစ်သည်။ဤမြို့က ကျင့်ကြံသူများ၏မြို့တော်ပင်။
မြေပုံအရ အချိန်တခဏအကြာမှာပင် လုယွီက အနက်ရောင်လိပ်မင်းခန်းမကို တွေ့ရှိသွားသည်။
ဤအချိန်တွင် အနက်ရောင်လိပ်မင်းခန်းမရှေ့၌လည်း လူအမြောက်အများ စုရုံးရောက်ရှိနေကြသည်။
"သေချင်းဆိုး ဖက်တီးကောင်...မင်းက ငါတို့ကျန်းမိသားစုက မိန်းကလေးကို ကြံစည်ဝံ့တယ်ပေါ့...ငါ့ကို စိန်ခေါ်တာလား"
အနက်ရောင်လိပ်မင်းခန်းမ၏တံခါးမှ လူဝကြီးတစ်ယောက် လွင့်စင်ထွက်လာပေ၏။
ထိုလူဝကြီးသည် မြေပြင်ပေါ်သို့ အပြင်းအထန်ကျဆင်းလာရာ နက်ရှိုင်းသောချိုင့်ကြီးတစ်ချိုင့်ပင် ဖြစ်ပေါ်သွားခဲ့သည်။
သို့သော် ဤအရာက အဆုံးသတ်မဟုတ်သေးချေ။ကြမ်းကြုတ်ရက်စက်ပုံရသော အစေခံအများအပြား တံခါးမှထွက်လာပြီး ထိုလူဝကြီးအား ဝိုင်းဝန်း၍ ထိုးနှက်ကန်ကျောက်ကြ၏။
လင်ရှောင်းမြို့တွင် သီးသန့်တိုက်ခိုက်ခြင်းများကို တားမြစ်ကန့်သတ်ထားသည်။အစေခံများသည် အလွန်လိမ္မာပါးနပ်သူများဖြစ်၍ သူတို့က မှော်စွမ်းအားများကိုမသုံးဘဲ ကိုယ်ကာယစွမ်းအားသက်သက်ဖြင့်သာ လူဝကြီးကို ထိုးနှက်ကန်ကျောက်နေကြခြင်းဖြစ်သည်။
အချိန်သိပ်မကြာခင်မှာပင် လူဝကြီးသည် နာကျင်မှုကြောင့်ညည်းညူနေရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း ဒဏ်ရါများပြည့်နှက်နေပေ၏။
"ဖက်တီးကောင်...မင်းရဲ့အရည်အချင်းလောတ်နဲ့ လင်ရှောင်းဂိုဏ်းမှာအစစ်ဆေးခံဖို့ အရည်အချင်းပြည့်မှီတယ်လို့ ထင်နေတာလား....ငါနဲ့ဝေးဝေးမှာ ပုန်းအောင်းနေဖို့ မင်းကို အစကတည်းကငါပြောပြီးသား...မင်းက ဘာလို့နားမထောင်တာလဲ"
တံခါး၏ပြင်ပသို့ ရုပ်ရည်ချောမောသောလူငယ်တစ်ယောက်ထွက်လာပြီး လူဝကြီးအား ဆွဲမလိုက်၏။
လူဝကြီး၏မျက်နှာသည် ယောင်ကိုင်းနေပြီး စိတ်ပျက်ဖွယ်ကောင်းနေသည်။သူက စကားပြောရန်ဟန်ပြင်လိုက်သော်လည်း သူ့ပါးစပ်ဟလိုက်သည်နှင့် သွေးများအန်ထွက်လာခဲ့သည်။
လူငယ်က လူဝကြီးအား အလွတ်ပေးရန်ဆန္ဒမရှိခြင်းမှာ သိသာထင်ရှားပေသည်။သူ၏လက်ကိုမြှောက်ပြီး လူဝကြီးအား ပါးရိုက်နေပေ၏။
ပတ်ဝန်းကျင်ရှိလူများသည် ရှောင်ဖယ်နေကြပြီး မည်သူကမျှ ဤကိစ္စအား ပါဝင်စွက်ဖက်ခြင်းမရှိချေ။
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။သူ ထိုလူဝကြီးအား သိကျွမ်းပေသည်။လူဝကြီးသည် သူနှင့် မြေအောက်လောကအကန့်အသတ်မဲ့နန်းတော်၌ ဆုံတွေ့ခဲ့သော ကျန်းတာအိုဖြစ်ပေ၏။
Chapter 585
လုယွီ မြေအောက်လောကအကန့်အသတ်မဲ့နန်းတော်မှ ထွက်ခွါခဲ့ပြီးစဥ်တွင် သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြသည်။
လုယွီက ဖက်တီးကျန်းအား ဤနေရာမျိုး၌ တွေ့မည်ဟု မျှော်လင့်မထားမိချေ။
ဖက်တီးကျန်းသည် အလွန်ဆိုးဆိုးရွားရွား ရိုက်နှက်ခံရပြီး လူငယ်တစ်ယောက်၏ဖမ်းဆီးခြင်းခံထားရသည့်တိုင် ရုန်းကန်နေဆဲဖြစ်သည်။
"သေချင်းဆိုးဖက်တီး...မင်းကိုမြင်တဲ့အချိန်တိုင်း ငါဖျားနာလာသလို ခံစားရတယ်"
လူငယ်က ရွံရှာစက်ဆုပ်ပုံဖြင့် သူ၏လက်ကိုခါယမ်းပြီး ဖက်တီးကျန်း၏ဝမ်းဗိုက်အား ထိုးနှက်လိုက်၏။
ကျန်းတာအို၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်နေပြီး သူက နာကျင်မှုကြောင့် မြေပြင်ပေါ်၌ လဲလျောင်းနေရသည်။
"လျန်အာက လုမိသားစုကလူနဲ့ လက်ထပ်တော့မယ်..ဒါက သူရဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့် ငါတို့မိသားစုတစ်စုလုံးရဲ့ဆုံးဖြတ်ချက်ပဲ...ငါ မင်းရဲ့အကြောင်းကို စုံစမ်းပြီးပြီ...ရိုးရိုးသားသားပြောရရင် မင်းလိုကောင်တစ်ကောင်ကို အာရုံစိုက်ဖို့တောင် ငါ ပျင်းတယ်"
လူငယ်က အဝတ်ဖြူတစ်စကိုထုတ်ယူပြီး သူ၏လက်များကိုသုတ်ကာ ကျန်းတာအို၏မျက်နှာပေါ်သို့ ပစ်ချလိုက်၏။
သူက ကျန်းတာအို၏မျက်နှာပေါ်ရှိ အဖြူရောင်အဝတ်စပေါ်သို့ သူ့ခြေထောက်ကိုတင်လိုက်သည်။
"ငါ မင်းကို အရင်ကလည်း သတိပေးခဲ့ပြီးပြီ...ဒါပေမယ့် မင်းက ငါ့စကားကိုနားမထောင်ဘဲ လျန်အာကို ထပ်ပြီးသွားတွေ့ဝံ့တယ်...သူက ငါတို့ကျန်းမိသားစုက မိန်းကလေး...သူက လုမိသားစုရဲ့ကောင်းကင်ဘုံချီးမြှောက်ခံတစ်ယောက်နဲ့လက်ထပ်ပြီး အထက်ကိုးကောင်ကင်က ဖီးနစ်တစ်ကောင်ဖြစ်လာမှာ...သူက မင်းနောက်ကို လိုက်ဖို့လား...ဘာလဲ...မင်းက သူကို မင်းနဲ့အတူသင်္ချိုင်းဂူတွေမှာ လိုက်ခိုးစေချင်တာလား"
လူငယ်က သူခြေထောက်ကိုပြန်ရုတ်သိမ်းပြီးမှ ပြင်းပြင်းထန်ထန် ကန်လိုက်ရာ ကျန်းတာအို၏မျက်နှာ၌ ဖိနပ်ရာကြီးထင်ကျန်နေတော့သည်။
"ဒီနေရာက လင်ရှောင်းမြို့သာမဟုတ်ရင်...မင်း အသေပဲ"
လူငယ်က ကျန်းတာအိုအား အေးစက်တင်းမာစွာဖြင့် စိုက်ကြည့်လေ၏။
"တကယ်လို့ ငါ မင်းကို ထပ်တွေ့ရမယ်ဆိုရင်....မင်းရဲ့ခြေထောက်တွေကိုရိုက်ချိုးပြီး လမ်းတွေမှာလှည့်ပတ်တောင်းရမ်းနေရတဲ့ သူတောင်းစားဖြစ်အောင်လုပ်ပြမယ်"
ထိုစကားနှင့်အတူ လူငယ်က ကျန်းတာအိုအား ထပ်မံ၍ကန်ကျောက်ရန် ဆုံးဖြတ်လိုက်သည်။ကျန်းတာအိုက မသိစိတ်မှနေ၍ ခုခံမည့်ပုံစံမျိုး ပြင်ဆင်လိုက်မိ၏။
သို့သော် ဤအချိန်တွင်မူ လက်တစ်ဖက်က လူငယ်၏ပခုံးအား ဖိကိုင်ထားခဲ့သည်။
"တော်သင့်ပြီထင်တယ်...မင်း အရမ်းလွန်နေပြီ"
လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာပေ၏။
လူငယ်သည် သူ၏ကိစ္စအား တစ်စုံတစ်ယောက်မှ ကြားဖြတ်နှောက်ယှက်ဝံ့မည်ဟု တွေးထင်ထားပုံမရချေ။သူက နောက်သို့လှည့်ပြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။
"ဒါက မင်းကိစ္စမဟုတ်ဘူး...ဒီနေရာက ထွက်သွားစမ်း"
လုယွီက လူငယ်အား စူးစူးရဲရဲကြည့်နေလေ၏။ထို့နောက် သူက လူငယ်အားလျစ်လျူရှုကာ ကျန်းတာအိုထံသို့သွားပြီး ထူမပေးလေသည်။
"ဟား ဟား ဟား...လက်စသတ်တော့ မင်းက ဒီဖက်တီးကောင်ရဲ့သူငယ်ချင်းပဲ..တူရာစုတယ်ဆိုတဲ့စကားက တကယ့်ကိုမှန်တာပဲ...အမှိုက်ကောင်နဲ့ပေါင်းတာလည်း အမှိုက်ကောင်တစ်ကောင်ပါပဲလား"
လူငယ်က ရယ်သွမ်းသွေးနေပြီး သူ၏မျက်လုံးများအတွင်း၌ ပြက်ရယ်ပြုချင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူက လုယွီအား ထပ်မံ၍ကြည့်လိုက်၏။ လုယွီသည် ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပြီးခန္ဓာကိုယ်မှ မည်သည့်စိတ်ဝိညာဥ်လှိုင်းလှုပ်ခတ်မှုမျှ ထွက်ပေါ်နေခြင်းကိုလည်း သူ မခံစားမိပေ။လူငယ်၏မျက်နှာပေါ်၌ ကြမ်းကြုတ်ရက်စက်သည့်အပြုံးမျိုး ထွက်ပေါ်လာပေ၏။
"မင်းက...အာ...မင်းလား...မင်းက တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာနေနေတာမဟုတ်ဘူးလား"
ကျန်းတာအို၏မျက်လုံးများက ပြူးကျယ်နေသည်။
လုယွီက ကျန်းတာအို၏ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို ခါပေးရင်း မေးမြန်းလိုက်၏။
"ဘာတွေဖြစ်နေတာလဲ"
ကျန်းတာအို၏မျက်နှာ၌ ရုတ်တရက် ခါးသီးသောအမူအယာမျိုး ထွက်ပေါ်လာခဲ့သည်။
"ငါ မပြောချင်ဘူး...ငါထင်တာတော့ မင်းက အလယ်ပိုင်းကုန်းမြေကို ခုမှရောက်လာတာပဲ...ဒီလိုကိစ္စမျိုးကို မင်းဝင်မပါသင့်ဘူး....ထွက်သွားတော့"
လုယွီက လှုပ်ရှားခြင်းမပြုချေ။
"ငါ မင်းကို ပထမဆုံးအကြိမ်တွေ့တုန်းက...မင်းက အရမ်းလောဘကြီးပြီး သေမှာကြောက်တဲ့ကောင်ပါ"
"ဒါက မတူဘူးကွ...အရင်တုန်းက ငါမှာ စိုးရိမ်ပူပန်စရာ ဘာမှမရှိဘူး....အခုချိန်မှာ တကယ်လို့ ငါ လှုပ်ရှားလိုက်ရင် လျန်အာပါငြိစွန်းလိမ့်မယ်"
ကျန်းတာအိုက သက်ပြင်းရှိုက်နေပေ၏။
"ဒီလိုနားလည်လို့ တော်သေးတာပေါ့...မင်းကြောင့် လျန်အာက ထပ်ခိုးခန်းမှာလှောင်ပိတ်ခံထားရတာ...သူက မင်္ဂလာဆောင်မယ့်နေ့အထိ ထပ်ခိုးခန်းကနေ ခြေတစ်လှမ်းမှ အပြင်ထွင်လို့ရမှာမဟုတ်ဘူး"
လူငယ်က လှောင်ရယ်ရယ်ရင်း ပြောဆိုလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်ပြီး လူငယ်ကိုလက်ညှိုးညွှန်ပြကာ မေးမြန်းလေသည်။
"သူက ဘယ်သူလဲ"
ကျန်းတာအိုက လေသံတိုးတိုးဖြင့် ပြောဆိုလေ၏။
"မင်း ဒီကိစ္စကို ဝင်မစွက်ဖက်တာပိုကောင်းလိမ့်မယ်...ဒါက ငါ့ကိစ္စပါ...မင်း ဝင်ပတ်သက်စရာမလိုဘူး....သူက ကျန်းမင်...ကျန်းမိသားစုရဲ့ဒုတိယသခင်လေး...သူရဲ့ကျင့်ကြံဆင့်က ဓမ္မရုပ်ထုနယ်ပယ်ကိုရောက်နေပြီ....ပိုပြီးထိတ်လန့်စရာကောင်းတာက သူတို့ကျန်းမိသားစုက အလယ်ပိုင်းကုန်းမြေတစ်ခုလုံးကို လွှမ်းမိုးနိုင်တာပဲ"
ကျန်းတာအို၏မျက်လုံးများ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအငွေ့အသက်များ ထင်ဟပ်လာသည်။
"ငါ ရှေးဟောင်းသင်္ချီုင်းတစ်ခုကို ဝင်သွားတဲ့အချိန်တုန်းက....တကယ်လို့ လျန်အာသာ သူအသက်ကိုစတေးပြီး ငါ့ကိုမကယ်ခဲ့ရင်...ငါ သေနေလောက်ပြီ...တကယ်လို့ လျန်အာကြောင့်သာမဟုတ်ရင်...ဒီလိုကောင်မျိုးကိုသတ်ပစ်ဖို့နည်းလမ်းတွေ ငါ့မှာအများကြီးပဲ"
(Note...ကျန်းတာအိုရဲ့ကျန်း(Zhang)နဲ့ကျန်းမိသားစု(Zhen) မျိုးရိုးနာမည်မတူပါဘူး)
Thank for reading.