← Chapters

အခန်း (၆၄၁-၆၄၅)

Vol. 35 Ch. 641-645

အခန်း (၆၄၁-၆၄၅)

Vol. 35 Ch. 641-645

Chapter 641

တခြား ကျန်းမိသားစုဝင်တပည့်တစ်ယောက်က သရော်တော်တော်ပြောဆိုလိုက်၏။

"အမှန်တော့...တကယ်လို့ မင်းလက်ထဲက စိတ်ဝိညာဥ်ကျောက်တုံးတွေအားလုံး ငါတို့ကိုလက်လွှဲပေးမယ်ဆိုရင်..ငါတို့မင်းကို မတွေ့ခဲ့ဘူးလို့သဘောထားပြီး လွှက်ပေးမယ်"

ဤသည်က ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာဖြစ်သည်။၎င်း၏ဆွဲဆောင်မှုဒဏ်ကို တောင့်ခံနိုင်သည့် လူအမြောက်အများရှိမည်မဟုတ်ချေ။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"ငါ့ကိုလာမနှောက်ယှက်နဲ့...ဒီနေရာက ထွက်သွားကြစမ်း"

လုယွီ၏ကျန်းမိသားစုပေါ်တွင်ထားသော စိတ်ကောင်းနှလုံးကောင်းသည် ပျက်ယွင်းသွားလေပြီ။အမှန်ကိုဆိုရလျှင် အကယ်၍လုယွီသာမရှိပါက ကျန်းမိသားစုသည် ရှေးနတ်ဆိုးများ၏ တဖြည်းဖြည်းဝါးမြိုလာခြင်းကို ခံရပေမည်။သူတို့က ရှေးဟောင်းနတ်ဆိုးများ၏ရုပ်သေးများ ဖြစ်သွားမည်မှာ သေချာပေ၏။

"မင်းလို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တက်တဲ့ကောင်ကများ...တကယ်တမ်းတိုက်ခိုက်ရင် မင်းက ကျန်းယွမ်ရဲ့ပြိုင်ဘက်ဖြစ်မယ်လို့ မင်း ထင်နေတာလား"

"ထားလိုက်တော့...ဒီကောင်လေးက အခြေအနေကိုနားမလည်မှတော့ သူရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေကို ငါတို့လုယူပြီး ကျန်းမိသားစုဆီ ပြန်အပ်ကြရအောင်"

ကျန်းမိသားစုဝင်လူငယ်များက လုယွီအား ကြမ်းကြုတ်ရက်စက်စွာ စတင်တိုက်ခိုက်ကြတော့သည်။

ထိုလူငယ်များအားလုံးသည် သူတို့နှင့်မျိုးဆက်တူများတွင် လက်ရွေးစင်များဖြစ်သဖြင့် သူတို့က လှုပ်ရှားလိုက်သည်နှင့် လုယွီ ထွက်ခွါသွားနိုင်မည့်လမ်းကြောင်းကို ပိတ်ဆို့နိုင်ခဲ့သည်။

"သေလမ်းရှာနေကြတာပဲ"

လုယွီက အော်ဟစ်ကြုံးဝါးပြီး သူက ချက်ချင်းပင် ရှေ့သို့ခြေလှမ်းတော်တော်များများ ရှေ့တက်လိုက်သည်။

လင်ရှောင်းမြို့၏လမ်းများပေါ်တွင် မှော်စွမ်းအားများ အသုံးပြုခြင်းကို ဟန့်တားထားသဖြင့် လုယွီက သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အသုံးပြုနိုင်သည်။

မြေပြင်က အပြင်းအထန်တုန်ခါသွားပြီးနောက် အပြေးဝင်လာကြသော ကျန်းမိသားစုဝင်လူငယ်များသည် စတင်၍ယိမ်းထိုးနေကြ၏။သူတို့က ခိုင်ခိုင်မြဲမြဲ မတ်တတ်မရပ်နိုင်ကြတော့ဘဲ မြေပြင်ပေါ်၌ ဒယီးဒယိုင်ဖြစ်နေသည်။

ဘန်း...ဘန်း...ဘန်း

လုယွီ၏ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီးနောက် ကျန်းမိသားစုလူငယ်များ၏ဝမ်းဗိုက်ပိုင်းအား ဦးတည်၍ ထိုးနှက်လိုက်သည်။

ဘုန်း...ဘုန်း...

လုယွီ၏ထိုးနှက်ခြင်းခံရသော ကျန်းမိသားစုဝင်လူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ အပြင်းအထန် ကျဆင်းလာပြီးနောက် မြေပြင်၌ နက်ရှိုင်းသောကျင်းကြီးများဖြစ်ပေါ်လာသည်။

ကျင်းကြီးများအတွင်းမှ နာကျင်ညည်းတွားသံများ ထွက်ပေါ်နေပေ၏။

လုယွီ၏ထိုးနှက်ခြင်းခံရသော ကျန်းမိသားစုဝင်လူငယ်များအားလုံး လူးလိမ့်ပြီးညည်းတွားနေရ၏။

ယခုလက်ရှိချိန်တွင် လုယွီရှေ့၌ မည်သည့်ကျန်းမိသားစုဝင်လူငယ်မျှ မတ်တတ်မရပ်နိုင်တော့ချေ။

"ငါ့ကိုလာပြီးရန်မစနဲ့လို့ ငါ မင်းတို့ကို ပြောခဲ့ပါတယ်"

လုယွီက ကျန်းမိသားစုဝင်လူငယ်တစ်ယောက်ကိုအင်္ကျီဂုတ်မှဆွဲမပြီး ပြောဆိုလိုက်၏။

"မင်းတို့ရဲ့အကြီးအကဲကို ပြန်သွားပြောလိုက်စမ်း...တကယ်လို့ နောက်တစ်ကြိမ်ဆိုရင် ငါက သူ့ကို ကျန်းအိမ်တော်ထိလာရှာရလိမ့်မယ်ဆိုတာကို"

ကျန်းမိသားစုဝင်လူငယ်များသည် တုံ့ပြန်၍မပြောဝံ့ကြဘဲ ထပ်ခါထပ်ခါခေါင်းညိတ်ပြနေကြ၏။

ထိုအချိန်မှာပင် လက်ခုပ်တီးသံတစ်ချက် ထွက်ပေါ်လာသည်။

လုယွီက လှည့်ကြည့်လိုက်ရာတွင် ရယ်မောပြီးလက်ခုပ်တီးနေသော အဖိုးအိုတစ်ယောက်အား တွေ့မြင်မိသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

"ခင်ဗျားက...."

အဖိုးအိုက ပြောဆိုလေသည်။

"ငါကိုယ်ငါ မိတ်ဆက်ပေးပါရစေ..ငါက လျိုဟောင်...လင်ရှောင်းဂိုဏ်း အနက်ရောင်လိပ်မင်းခန်းမရဲ့ခန်းမသခင်ပဲ"

ခန်းမသခင်လျိုက ပတ်ဝန်းကျင်၌လဲပြိုကျနေသော ကျန်းမိသားစုဝင်လူငယ်များကိုကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ဘာလဲ...မင်းတို့ကို ငါ ဖိတ်ကြားမှာကို စောင့်နေကြတာလား"

ကျန်းမိသားစုဝင်လူငယ်များ၏ခန္ဓာကိုယ်များ တုန်ရီသွားကြသည်။လင်ရှောင်းမြို့အတွင်း၌ လင်ရှောင်းဂိုဏ်းသည် အစွမ်းထက်ဆုံးအင်အားစုဖြစ်သည်။ သူတို့က လင်ရှောင်းဂိုဏ်းအား အမှားမကျူးလွန်ဝံ့ကြချေ။ကျန်းမိသားစုဝင်လူငယ်များအားလုံး တုန်လှုပ်ခြောက်ခြားသောမျက်နှာအမူအယာများနှင့် ထွက်ခွါသွားကြတော့သည်။

လုယွီက ခန်းမသခင်လျိုကို လက်သီးဆုပ်၍ နှုတ်ဆက်ပြီး ပြောဆိုလိုက်သည်။

"အကြီးအကဲ ရောက်နေတာကြာပြီဆိုတာ ကျွန်တော်သတိထားမိတယ်...ကျွန်တော် ဘာများကူညီပေးနိုင်မလဲ"

လုယွီသည် အစောပိုင်းကပင် အနက်ရောင်လိပ်မင်းခန်းမသခင် တည်ရှိနေခြင်းကို အာရုံခံမိပြီးဖြစ်သည်။သို့ရာတွင် ခန်းမသခင်လျိုထံမှသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထုတ်လွှက်ထားခြင်းမရှိသဖြင့် သူ လျစ်လျှူရှုထားခြင်းပင်။

ခန်းမသခင်လျိုက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေရင်းမှ အပြုံးနှင့်ပြောဆိုလိုက်၏။

"ငါ ဝင်ရောက်လှုပ်ရှားခြင်းမပြုတာက...လျှို့ဝှက်နဂါးစာရင်းရဲ့နံပါတ်တစ်နေရာမှာရှိတဲ့ ပါရမီရှင်က ဘယ်လိုလူစားမျိုးလဲဆိုတာ သိချင်လို့ပဲ"

ခန်းမသခင်လျို၏မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပသွားသည်။

"မင်းက ခုထိ သဘာဝလွန်စွမ်းအင်နယ်ပယ်မှာပဲရှိသေးတယ်...ဟိုကောင်တွေအားလုံးက ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူတွေ....မင်း အဲ့ဒီကောင်တွေကို လွယ်လင့်တကူ အနိုင်ယူနိုင်ခဲ့တာက ငါရဲ့ခန့်မှန်းချက်ကိုတောင် ကျော်လွန်သွားတယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"အကြီးအကဲက ကျွန်တော်ကို မြှောက်ပင့်လွန်းနေပြီ"

ခန်းမသခင်လျိုက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလေသည်။

"မင်းကိုယ်မင်း နှိမ့်ချပြောနေစရာမလိုပါဘူး...ငါက အနက်ရောင်လိပ်မင်းခန်းမကို နှစ်တွေအကြာကြီး အုပ်ချုပ်လာတာ...မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ငါ မြင်ဖူးတယ်...မင်းရဲ့အရည်အချင်းက ငါ မြင်ဖူးသမျှပါရမီရှင်တွေထဲမှာ ထိပ်ဆုံးဆယ်ယောက်အဆင့်ဝင်တယ်"

"ငါ ထပ်ပြီးစကားမရှည်တော့ဘူး...မင်း ငါတို့လင်ရှောင်းဂိုဏ်းကို ဝင်ချင်လား"

ခန်းမသခင်လျိုက အဓိကအချက်ကို တိုက်ရိုက်ပင်ပြောဆိုလေသည်။

လုယွီက အနည်းငယ်ကြက်သေသေသွားသည်။ခန်းမသခင်လျိုက ဤမျှအထိတဲ့တိုးဆန်မည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် ဤသည်က သူ အလိုရှိသော အဓိကအချက်ပင်ဖြစ်သည်။

Chapter 642

လင်ရှောင်းမြို့...အနက်ရောင်လိပ်မင်းခန်းမ..

"မင်းရဲ့အရည်အချင်းနဲ့ဆိုရင် လင်ရှောင်းဂိုဏ်းရဲ့အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက်ဝင်ရောက်နိုင်တယ်...ဒါပေမယ့် လင်ရှောင်းဂိုဏ်းရဲ့စည်းမျဥ်းတွေက အရမ်းတင်းကြပ်တယ်...ငါက ခန်းမသခင်တစ်ယောက်ဖြစ်တာတောင် အများဆုံးအစေခံတပည့်တချို့ကိုပဲ ဂိုဏ်းထဲဝင်ဖို့ထောက်ခံပေးနိုင်တယ်...အတွင်းစည်းတပည့်တစ်ယောက်ကို ထောက်ခံပေးနိုင်တဲ့ အခွင့်အာဏာမျိုး ငါ့မှာမရှိဘူး"

ခန်းမသခင်လျိုက လမ်းလျှောက်နေစဥ်အတောအတွင်းတွင် လင်ရှောင်းဂိုဏ်းအကြောင်းကို လုယွီအား ရှင်းပြနေပေသည်။

သူတို့ကဲ့သို့ခန်းမသခင်များသည် တခြားခန်းမများမှရွေးချယ်ထားသည်ထက် သာလွန်သောပါရမီရှင်ကို ဆွဲဆောင်နိုင်ပါက ကြီးမားသောအကျိုးခံစားခွင့်များကို ရရှိသည်။

ယခုချိန်၌ ခန်းမသခင်လျိုသည်လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်ဖြစ်သော လုယွီအား ခေါ်ဆောင်နိုင်ခဲ့သဖြင့် သူ့အတွက်ဆုလဒ်မျါးမှာ လျော့နည်းမည်မဟုတ်ပေ။

"မင်းကိုတွေ့ချင်တဲ့လူတစ်ယောက် ရှိနေတယ်"

ခန်းမသခင်လျိုသည် လုယွီအား အနက်ရောင်လိပ်မင်းခန်းမ၏ပင်မခန်းမသို့ ခေါ်ဆောင်သွားပေသည်။

ဤအချိန်တွင် အနက်ရောင်လိပ်မင်းခန်းမအတွင်း၌ ကျင့်ကြံသူအမြောက်အများ ဟိုဒီသွါးလာနေပြီး အလုပ်ရှုပ်နေပုံရသည်။

ခန်းမသခင်လျိုနှင့်လုယွီတို့က လျှို့ဝှက်ခန်းတစ်ခန်းရှေ့တွင် ရပ်တန့်လိုက်ကြသည်။

"အကြီးအကဲ ပိုင်...ကျွန်တော် သူကိုရှာတွေ့ပြီ"

ခန်းမသခင်လျိုက လေးလေးစားစား ပြောဆိုလေ၏။

"ဘယ်သူ့ကိုလဲ"

"မြေအောက်လောက"

ကျွီခနဲမြည်သံနှင့်အတူ အခန်းတံခါးပွင့်သွားသည်။တံခါး၏နောက်တွင် မည်သူမျှရှိမနေဘဲ အလိုအလျောက်ပွင့်လာခြင်းပင်။

အခန်းအတွင်းတွင် အဖြူရောင်တာအိုဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ထိုင်နေသည်။သူမ၏အနက်ရောင်ဆံပင်များက ကြမ်းပြင်ပေါ်၌ဖြာကျနေပြီး သူမက တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေပေ၏။

သူမကိုမြင်တွေ့ချိန်တွင် လုယွီက ရုတ်တရက် သိကျွမ်းဖူးသည်ဟု ခံစားမိသည်။

"ဒါက မင်းလား"

လုယွီက တီးတိုးရေရွတ်လိုက်၏။

သူမျက်လုံးရှေ့ရှိ မိန်းကလေးသည် အနက်ရောင်အသူရာခန်းမတွင် တွေ့ဆုံခဲ့သော ပိုင်ဆုချင်ဖြစ်နေသည်။

ထိုအချိန်တုန်းက ယင်လော့ဂိုဏ်းမှနေ၍ ဂိုဏ်းပေါင်းစုံမှကျင့်ကြံသူများကို ဝိုင်းရံပြီးတိုက်ခိုက်ခဲ့သည်။လင်ရှောင်းဂိုဏ်းမှ ထိုနေရာသို့အကြီးအကဲအုဖြစ်စေလွှက်လိုက်သူသည် ပိုင်ဆုချင်ဖြစ်ပေ၏။

ပိုင်ဆုချင်က ခေါင်းမော့ပြီး သူမ၏လှပသောမျက်လုံးများအား ဖွင့်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လုယွီအား မှတ်မိသွားသည်။

"နင်လား...မြေအောက်လောကဆိုတဲ့သူက နင်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"

ပိုင်ဆုချင်က မတ်တတ်ထရပ်ပြီး မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်၏။

အနက်ရောင်အသူရာခန်းမမှထွက်ခွါပြီးစဥ်ကတည်းက ပိုင်ဆုချင်သည် လုယွီ၏ခြေရာလက်ရာများကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခွင်လုံး၌ အားစိုက်၍ရှာဖွေနေခဲ့သည်။

သို့ရာတွင် ထိုအချိန်တုန်းက လုယွီသည် လူသိမများသောဂျူနီယာကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။မည်သည့်နည်းဖြင့် သူမက သူ့အား ရှာဖွေနိုင်မည်နည်း။

ခန်းမသခင်လျိုက အံ့အားသင့်သွားပေ၏။

"အကြီးအကဲပိုင်က သူကို သိနေတာလား"

ပိုင်ဆုချင်က သူမ၏လက်ကို ဝှေ့ယမ်းပြလေသည်။

"ခန်းမသခင်လျို...ရှင် အပြင်ကို အရင်ထွက်သွားပေးပါလား"

ခန်းမသခင်လျိုက ချက်ချင်းနှုတ်ဆိတ်သွားပြီး အခန်းပြင်ပသို့ ထွက်သွားလေသည်။

"ငါက အနက်ရောင်အသူရာခန်းမမှာ နင့်ကိုကျေးဇူးတင်စကားပြောဖို့ အချိန်မရခဲ့ဘူး...တကယ်လို့ နင်သာမရှိခဲ့ရင် အဲ့ဒီနေရာကနေ ငါ အသက်ရှင်ရက်ထွက်လာနိုင်မှာမဟုတ်ဘူး"

ပိုင်ဆုချင်က သက်ပြင်းရှိုက်လိုက်၏။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

"ဒါက မတော်တဆကြုံကြိုက်သွားတဲ့ ကိစ္စတစ်ခုပါ...အကြီးအကဲပိုင်က စိတ်ထဲထားနေစရာမလိုပါဘူး"

ပိုင်ဆုချင်က ကောက်ခါငင်ခါ ပြောဆိုလိုက်၏။

"အဲ့ဒီလေဟာနယ်စွန့်ပစ်နယ်မြေမှာတုန်းက သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်လို့ခေါ်တဲ့ ရတနာရှိခဲ့တယ်...အဲ့ဒီရတနာကို နင် ယူဆောင်သွားတာလား..တကယ်လို့ နင်က အဲ့ဒီရတနာ ငါ့ကိုပေးဖို့ဆန္ဒရှိတယ်ဆိုရင်...ငါက နင်ကို ပင်မတပည့်အဆင့်အတန်းပေးပြီး ငါကျင့်ကြံတဲ့တောင်ပေါ်မှာပါ ကျင့်ကြံခွင့်ပေးမယ်"

ပင်မတပည့်ဟု ဆိုလိုက်သလော။

လုယွီက တပည့်အဆင့်အတန်းများအကြောင်းကို သိရှိပြီးဖြစ်သည်။

အစောပိုင်းကပင် ခန်းမသခင်လျိုသည် လုယွီအား လင်ရှောင်းဂိုဏ်းနှင့်ပတ်သတ်သော ကိစ္စဟူသမျှကို ရှင်းပြထားခဲ့သည်။

အတွင်းစည်းတပည့်ထက် တဆင့်မြင့်သောအဆင့်အတန်းသည် ပင်မတပည့်ဖြစ်ပေ၏။

ပင်မတပည့်တိုင်းကို အကြီးအကဲတစ်ယောက်ဆီက တာဝန်ယူ၍ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးသည်။ပင်မတပည့်များ၏အဆင့်အတန်းနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များသည် အတွင်းစည်းတပည့်များထက် ပို၍မြင့်မားသည်။

ယခုလက်ရှိအချိန်တွင် လုယွီအလိုအပ်ဆုံးအရာမှာ ကျင့်ကြံခြင်းအရင်းအမြစ်များသာဖြစ်သည်။

အကယ်၍ သူ၏ခွန်အားကို အလျှင်အမြန်မြှင့်တင်လိုပါက လိုအပ်သောကျင့်ကြံခြင်းအရင်းအမြစ်များကို သာမာန်အင်အားစုများ တက်နိုင်မည်မဟုတ်ချေ။

"ကောင်းပြီလေ"

လုယွီက သဘောတူညီလိုက်၏။သူက သူ၏အင်္ကျီလက်မောင်းကြားမှ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ထုတ်ယူလိုက်သည်။

ယခင်က သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို လုယွီ ရရှိချိန်တွင် ၎င်းထံမှစွမ်းအားများအကူအညီဖြင့် သူက လုံချီနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ဤစာအုပ်သည် သူသန့်စင်ပြီးသော မှော်ရတနာဖြစ်ပေ၏။

လုယွီသည် အဆင့်ချိုးဖျက်နိုင်ရန်အတွက် ထိုရတနာမှစိတ်ဝိညာဥ်စွမ်းအားစုပ်ယူခဲ့သော်လည်း ၎င်းအတွင်း၌ အစွမ်းထက်သောနိယာမများ ကျန်ရှိနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ဤရတနာသည် ယခုလက်ရှိချိန်တွင် လုယွီအတွက် အသုံးမဝင်တော့ချေ။

"အကြီးအကဲပိုင်က ဒါကိုဘာလို့လိုချင်ပြီး ဘယ်လိုအသုံးပြုဖို့ရည်ရွယ်ထားလဲဆိုတာ ငါ မေးလို့ရမလား"

လုယွီကိုကြည့်ရသည်မှာ အမှတ်မထင် မေးမြန်းလိုက်ပုံရ၏။

သူက အလွန်ပင် သိချင်စိတ်ပြင်းပြနေသည်။အကြောင်းအရင်းမှာ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်သည် သူနှင့်ကြိုတင်ပညတ်ထားသော လူတချို့မှလွဲ၍ တခြားမည်သူမျှအသုံးပြုနိုင်မည်မဟုတ်သောကြောင့်ပင်။

Chapter 643

ပိုင်ဆုချင်က လုယွီ၏လက်အတွင်းရှိ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ယူဆောင်လိုက်သည်။သူမက စာအုပ်ကို ညင်သာစွာဖွင့်ကြည့်ပြီးချိန်တွင် သူမ၏မျက်လုံးများတောက်ပသွားပြီး စာအုပ်ကို ချက်ချင်းပြန်ပိတ်လိုက်၏။

"နင်က ငါ့ကို လိမ်နေတာမဟုတ်ဘူးပဲ...ဒါက တကယ့်ကို ရတနာပဲ"

ပိုင်ဆုချင်၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သို့ရာတွင် ထိုစိတ်လှုပ်ရှားမှုသည် အချိန်တခဏသာ ထင်ဟပ်ပြီး သူမ၏မျက်လုံးများက မူလအတိုင်း တည်ငြိမ်အေးချမ်းသွားပေ၏။

"ငါ အရင်ဆုံး သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ယူထားလိုက်မယ်...ဒါက ငါ့ရဲ့အမိန့်ပေးတံဆိပ်ပြားပဲ..နင် လင်ရှောင်းဂိုဏ်းကိုရောက်တာနဲ့ ဒီအမိန့်ပေးတံဆိပ်ပြားကိုပြပြီး ငါရဲ့တောင်ပေါ်မှာ ကျင့်ကြံလို့ရတယ်"

"ငါရဲ့တောင်ကိုရောက်တာနဲ့ နင်က ပင်မတပည့်တစ်ယောက် ဖြစ်သွားပြီ..ဒါပေမယ့် လင်ရှောင်းဂိုဏ်းရဲ့စည်းမျဥ်းတွေကို ပြောင်းလဲလို့မရဘူး...နင်က အတွင်းစည်းတပည့်တစ်ယောက်ရဲ့အရည်အချင်းကို ပြည့်မီတဲ့ခွန်အားမျိုး ပြသဖို့လိုလိမ့်မယ်"

ပိုင်ဆုချင်က တခြားအမိန့်စာလွှာတစ်ခုကို ရေးသားပြီး လုယွီအား ပေးလေသည်။

"ဒါက ငါရဲ့နတ်ဘုရားအာရုံ စိတ်ဆန္ဒပဲ...နင်က အတွင်းစည်းတပည့်ဖြစ်တာနဲ့ ဒါကိုယူသွားပြီး ဂိုဏ်းအကျိုးဆောင်ရမှတ်ဌာနကိုသွားလိုက်ရင် ပင်မတပည့်အဖြစ် တိုက်ရိုက်ဝင်နိုင်လိမ့်မယ်..အဲ့အတွက်လိုအပ်တဲ့ ဂိုဏ်းအကျိုးဆောင်ရမှတ်တွေ နင်ကို ငါ ပေးထားတယ်...ဒါပေမယ့် ငါက နင်အတွက်လမ်းပဲဖောတ်ပေးနိုင်မှာ...တကယ်လို့ နင်က ငါရဲ့တောင်ပေါ်မှာ ကျင့်ကြံချင်တယ်ဆိုရင် နင်ကအရင်ဆုံး အစေခံတပည့်အဖြစ်နေရလိမ့်မယ်...ပြီးမှ အပြင်စည်းတပည့်ဖြစ်လာမှာ"

ပိုင်ဆုချင်က ခပ်သဲ့သဲ့ ပြုံးနေပေ၏။မည်သို့ပင်ဆိုစေကာမူ လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေ၏နံပါတ်တစ်ဂိုဏ်းဖြစ်သည်။

သာမာန်ကျင့်ကြံသူတစ်ယောက်သည် လင်ရှောင်းဂိုဏ်း၏ပင်မတပည့်ဖြစ်လာရန်မှာ မဖြစ်နိုင်လုနီးပါးပင်။အကယ်၍ ထိုကျင့်ကြံသူက အရည်အချင်းပြည့်မီလျှင်ပင် ပင်မတပည့်ဖြစ်လာရန်လိုအပ်သော ဂိုဏ်းအကျိုးဆောင်ရမှတ်များကို နှစ်ပေါင်းများစွာ စုဆောင်းရပေမည်။

သို့ရာတွင် ပိုင်ဆုချင်က လုယွီအတွက် လမ်းဖောက်ပေးသည့်အနေဖြင့် သူမ၏ဂိုဏ်းအကျိုးဆောင်ရမှတ်များကို ပေးထားပြီးဖြစ်သည်။

လုယွီက အပြင်စည်းတပည့်အဖြစ်မှနေ၍ အတွင်းစည်းတပည့် ပင်မတပည့်အဆင့်အတန်းအထိကို တစ်ချက်တည်းဖြင့် ရောက်ရှိနိုင်ပေ၏။သို့ရာတွင် လုယွီက အပြင်စည်းတပည့်ဖြစ်ရန်ပင် အရည်အချင်းမပြည့်မီပါက သူမက လုယွီအား ထပ်မံ၍ကူညီမည်မဟုတ်တော့ချေ။

"ဒီ နတ်ဘုရားစိတ်ဆန္ဒက နှစ်ဝက်ကြာရင် ပျက်ပြယ်သွားမှာ...အဲ့ဒီအချိန်မတိုင်ခင် ငါရဲ့တောင်ပေါ်မှာ မင်းကိုတွေ့ ဖို့ ငါမျှော်လင့်တယ်"

ပိုင်ဆုချင်က လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။

လုယွီက အမိန့်ပေးစာလွှာကိုယူပြီး ​မေးမြန်းလေသည်။

"လင်ရှောင်းဂိုဏ်းက ဘယ်နေရာမှာရှိတာလဲ"

……

လင်ရှောင်းမြို့၏အနောက်ဘက်တွင် ရွှေရောင်နှင့်ကျောက်စိမ်းရောင်များ ရောယှက်၍တောက်ပနေသော တောင်တန်းကြီးတစ်တန်းရှိသည်။

ထိုတောင်တန်းသည် ပေတစ်သောင်းကျော်မြင့်မားပုံရပြီး ကောင်းကင်ယံနှင့်ထိစပ်လုမတက်တည်ရှိသည်။အဝေးတနေရာမှကြည့်လျှင် တောင်တန်းကြီးကို တိမ်မြူခိုးများက ရစ်သိုင်းလွှမ်းခြုံထားပြီး ရွှေရောင်အလင်းတန်းများကဖြာထွက်နေပေရာ ဤနေရာသည် နတ်ဘုရားများနေသောနေရာတစ်ခုကဲ့သို့ပင်။

လုယွီက တောင်ခြေသို့ရောက်သည်နှင့် တောင်ပေါ်၌အစွမ်းထက်သောနတ်ဘုရားစိတ်အာရုံ အမြောက်အများရှိနေခြင်းကို သတိပြုမိသည်။

ဤအစွမ်းထက်သောတည်ရှိမှုကြီးများသည် သူ၏ယခုဘဝတွင် ကြုံတွေ့ခဲ့ရသော ထိပ်သီးကျင့်ကြံသူဟူသမျှထက် သာလွန်ပေ၏။

"ဒီနေရာက အလယ်ပိုင်းကုန်းမြေရဲ့နံပါတ်တစ်ဂိုဏ်းဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါက တကယ်ကို သာမာန်ထက်ထူးကဲတယ်"

လုယွီက သက်ပြင်းရှိုက်နေပေသည်။

ယခင်က ခန်းမသခင်လျိုသည် လင်ရှောင်းဂိုဏ်းအကြောင်းကို လုယွီအား ပြောပြခဲ့သည်။ယနေ့သည် လင်ရှောင်းဂိုဏ်းအတွက် အစေခံတပည့်သစ်များ ရွေးချယ်သောနေ့ဖြစ်ပေ၏။

အစေခံတပည့်များသည် လင်ရှောင်းဂိုဏ်းတွင် အဆင့်အနိမ့်ဆုံးဂိုဏ်းသားများဖြစ်သည်။ဂိုဏ်းတစ်ဂိုဏ်းလုံး၏အခက်ခဲဆုံးနှင့်အပင်ပန်းဆုံး အောက်ခြေသိမ်းလုပ်ငန်းများကို ထိုအစေခံတပည့်များက လုပ်ဆောင်ရ၏။

သုံးနှစ်လျှင်တစ်ကြိမ် ထိုအစေခံတပည့်များသည် နဂါးတံခါးကိုခုန်ကျော်ပြီး အပြင်စည်းတပည့်ဖြစ်လာနိုင်သော အခွင့်အရေးတစ်ခုသာရှိသည်။

သို့ရာတွင် အကြိမ်တိုင်းလိုလို လူအနည်းစုသာ အောင်မြင်ကြ၏။

တောင်ခြေ၌ စာရင်းပေးသွင်းသောနေရာကို လုယွီက တွေ့ရှိမိသည်။ဂိုဏ်းတပည့်တစ်ယောက်က ထိုင်ခုံတစ်လုံးပေါ်၌ ပျင်းရိပျင်းတွဲ့ထိုင်နေပြီး လူအုပ်ကြီးအား ကြည့်နေသည်။

လင်ရှောင်းဂိုဏ်းသို့ စာရင်းပေးသွင်းရန်လာသော လူအမြောက်အများရှိပေ၏။လုယွီ၏ရှေ့၌ လူရာပေါင်းများစွာရှိနေသည်။

"မင်းတို့ရဲ့အရည်အချင်းတွေကို အကဲဖြတ်လို့ရအောင် မင်းတို့ရဲ့လက်တွေကို သလင်းဖန်လုံးပေါ်တင်လိုက်"

ထိုတပည့်က စိတ်လက်မရှည်ပုံဖြင့် အော်ငေါက်ပြောဆိုလိုက်၏။သူရှေ့ရှိစားပွဲပေါ်၌ ရေကဲ့သို့ကြည်လင်သော သလင်းဖန်လုံးတစ်လုံး ရှိနေသည်။

စာရင်းပေးသွင်းပြီးသောလူတချို့သည် သူတို့၏လက်များကို သလင်းဖန်လုံးပေါ်သို့ တင်လိုက်ရာတွင် ၎င်းကအလိုလိုတောက်ပလာသည်။

တချို့လူများက အပြာရောင်တောက်ပစေပြီး တချို့က ခရမ်းရောင်ဖျော့ဖျော့ တောက်ပစေသည်။

သို့ရာတွင် သလင်းဖန်လုံးအား ရွှေရောင်တောက်ပစေသော လူအနည်းငယ်ရှိနေသည်။

"မင်းကလား...ဒီလေါက်နိမ့်ပါးတဲ့အရည်အချင်းနဲ့ လင်ရှောင်းဂိုဏ်းကို ဝင်ချင်သေးတယ်...ဒီနေရာက ထွက်သွားစမ်း"

"ခရမ်းပြာရောင်လား...မဆိုးပါဘူး...မင်းက ခွန်အားကောင်းပုံပဲ...မီးဖိုချောင်မှာအကူတစ်ယောက်လိုနေတယ်..အဲ့ဒီနေရာကိုသွားလိုက်"

"အရည်အချင်း...အဆင့်နိမ့်...ထွက်သွားစမ်း"

"မင်းမှအရည်အချင်းမရှိတာ...စောင့်နေတာရပ်ပြီး ငါရှေ့ကမြန်မြန်ထွက်သွားစမ်း"

လင်ရှောင်းဂိုဏ်းတပည့်သည် အလွန်လျှင်မြန်စွာဖြင့် လူများကိုရွေးချယ်နေပေ၏။

အချိန်တခဏအကြာမှာပင် လုယွီ၏အလှည့်သို့ ရောက်ရှိလာသည်။

"မြန်မြန်လာ...မင်းရဲ့လက်ကို သလင်းဖန်လုံးပေါ်တင်လိုက်"

ဂိုဏ်းတပည့်က စိတ်မရှည်တော့ပုံဖြင့် ပြောဆိုလိုက်၏။

Chapter 644

လင်ရှောင်းဂိုဏ်းမှတပည့်သည် ယနေ့တွင် လူအမြောက်အများကို စစ်ဆေးစမ်းသပ်ရသဖြင့် အလွန်အမင်းစိတ်မရှည်ဖြစ်နေပုံရသည်။

လုယွီက ထိုတပည့်ကို အရေးမစိုက်တော့ချေ။သူက သူ၏လက်ကို သလင်းဖန်လုံးပေါ်သို့ ညင်သာစွာတင်လိုက်၏။

သလင်းဖန်လုံးမှနေ၍ မည်သည့်တုံ့ပြန်မှုမျှမရှိချေ။

လင်ရှောင်းဂိုဏ်းမှတပည့်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

"မင်းက ဒီနေရာကိုပထမဆုံးလာတာလား....မင်းရဲ့မှော်စွမ်းအားတွေကို သလင်းဖန်လုံးထဲ ထည့်သွင်းရမယ်ဆိုတာကိုတောင် မသိဘူးလား"

တခြားသူများကလည်း မအောင့်မအည်းနိုင် ပြုံးနေကြ၏။သူတို့ရှေ့မှ ကောင်လေးသည် မည်သည့်နေရာကများ ရောက်ရှိလာသနည်း။လင်ရှောင်းဂိုဏ်း၏စည်းမျဥ်းများကိုပင် မသိရှိဘဲ ဂိုဏ်း၏အစေခံတပည့်ရွေးချယ်ပွဲကို လာရောက်ယှဥ်ပြိုင်ဝံ့သည်မှာ ရဲတင်းလွန်းပေ၏။

'ကောင်းပြီလေ..ငါက ဒီစမ်းသပ်ချက်ကို အောင်မြင်အောင် အရင်လုပ်လိုက်မယ်...ဒါမှသာ ငါ စောစောကျင့်ကြံဖို့ အချိန်ရမယ်'

လုယွီက တိတ်တဆိတ်တွေးတောနေပေ၏။

အကျိုးဆက်အနေဖြင့် လုယွီက သူ၏မှော်စွမ်းအားများကို ထိန်းချုပ်ဟန့်တားထားခြင်း မပြုလုပ်တော့ချေ။သူ၏မှော်စွမ်းအားများသည် အဟန့်အတားမရှိဘဲ သလင်းဖန်လုံးအတွင်းသို့ စီးဝင်သွားပေသည်။

သလင်းဖန်လုံးက ရုတ်တရက် မျက်စိကျိမ်းမတက်အလင်းရောင်များတောက်ပလာပြီးနောက် ဖျတ်ခနဲပျောက်ကွယ်သွားလေသည်။

လင်ရှောင်းဂိုဏ်းမှတပည့်က အံ့အားသင့်တုန်လှုပ်သွားသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

ခရက်...ခရက်...ခရက်...

အက်ကွဲသံများနှင့်အတူ သလင်းဖန်လုံးပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာများထွက်ပေါ်လာပြီး နောက်ဆုံး၌ ပေါက်ကွဲသွားတော့သည်။

လင်ရှောင်းဂိုဏ်းမှတပည့်က ကြက်သေသေနေပြီး တခြားသူများကလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။

သလင်းဖန်လုံးက ကွဲအက်သွားသလော။

မည်သို့ ဖြစ်နိုင်မည်နည်း။

လင်ရှောင်းဂိုဏ်းမှ တပည့်က ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီအားကြည့်ပြီး မေးမြန်းလိုက်သည်။

"မင်း ဘာလုပ်လိုက်တာလဲ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။

"မင်း ငါဘေးနားမှာရှိနေတာပဲလေ...တကယ်လို့ ငါ လှည့်စားမှုတစ်ခုခုလုပ်ရင်...မင်း မြင်မှာပဲမဟုတ်ဘူးလား"

လင်ရှောင်းဂိုဏ်းမှတပည့်၏မျက်နှာပေါ်တွင် ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

အစောပိုင်းက သူ အမှန်တကယ်ကိုပင်စောင့်ကြည့်နေခဲ့သည်။သူရှေ့မှကောင်လေးက လက်တင်ပြီး မှော်စွမ်းအားထုတ်လွှက်လိုက်ရုံမျှဖြင့် သလင်းဖန်လုံးကွဲအက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒီနေ့ စာရင်းလာပေးတဲ့သူတွေကလည်း အများကြီးစစ်ဆေးခံတော့..သလင်းဖန်လုံးကလည်း ကွဲအက်သွားတာပဲဖြစ်မယ်"

လင်ရှောင်းဂိုဏ်းမှတပည့်က တီးတိုးရေရွတ်လိုက်၏။

သလင်းဖန်လုံးအား လုယွီ ဖျက်ဆီးပစ်ခြင်းမဟုတ်ဟု ယခု သူ ယုံကြည်လက်ခံသွားလေပြီ။

မည်သို့ပင်ဆိုစေကာမူ သလင်းဖန်လုံးသည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏မှော်စွမ်းအားကို ခံနိုင်ရည်ရှိပေ၏။

သူရှေ့မှကောင်လေးသည် အလွန်ငယ်ရွယ်ပုံရသည်။မည်သည့်နည်းဖြင့် ဤမျှထိစွမ်းဆောင်နိုင်မည်နည်း။

လင်ရှောင်းဂိုဏ်းမှတပည့်က ကွဲအက်သွားသော သလင်းဖန်လုံးကို ကောက်ယူပြီး ပြောဆိုလေ၏။

"ငါက မင်းကြောင့် သလင်းဖန်လုံးတစ်လုံး ပြောင်းသုံးရတော့မယ်...မင်းကို ထည့်မတွက်တော့ဘူး"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။သို့ရာတွင် သူက မည်သည့်စကားမျှ မဆိုချေ။နောက်ထပ်ထပ်မံစမ်းသပ်မည်ဖြစ်ရာ သူ လက်ခံနိုင်ပေသည်။

လင်ရှောင်းဂိုဏ်းမှတပည့်က နောက်ထပ်သလင်းဖန်လုံးတစ်လုံးကို ယူဆောင်လာလေ၏။သို့ရာတွင် သူက လုယွီကို နံဘေးဘက်သို့ ဖယ်ခိုင်းလေသည်။

"မင်းက ဘာသဘောလဲ"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

လင်ရှောင်းဂိုဏ်းတပည့်ကလည်း အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။

"နှစ်စဥ်နှစ်တိုင်းလိုလို...ငါတို့လင်ရှောင်းဂိုဏ်းကိုဝင်ချင်တဲ့ လူတွေအများကြီးပဲ....မင်း ဘာနည်းလမ်းတွေအသုံးပြုသွားလဲဆိုတာ ဘယ်သူကသိမှာလဲ....ငါက မင်းကို ငါတို့လင်ရှောင်းဂိုဏ်းထဲ ဝင်ခွင့်မပြုနိုင်ဘူး"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ တွေးတောနေမိ၏။ဤသလင်းဖန်လုံးအတွင်းတွင် ဝင်္ကပါငယ်တစ်ခု ပါဝင်ပေသည်။၎င်းအတွင်းသို့ စစ်ဆေးခံသူ၏မှော်စွမ်းအားများ ထည့်သွင်းလိုက်သည့်အချိန်တွင် ထိုသူ၏ခွန်အားကို သတ်မှတ်ပေးနိုင်ပေမည်။သူ၏လက်ရှိ မှော်စွမ်းအားသည် သလင်းဖန်လုံးမှဝင်္ကပါငယ်၏တိုင်းတာနိုင်စွမ်းထက် ကျော်လွန်နေသည်။

ဤသည်ကြောင့် လုယွီက သလင်းဖန်လုံးကို ထိတွေ့လိုက်ရုံဖြင့် ၎င်းကကွဲအက်သွားခြင်းဖြစ်ပေ၏။

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက လင်ရှောင်းဂိုဏ်းရဲ့စည်းမျဥ်းလား"

လင်ရှောင်းဂိုဏ်းတပည့်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောဆိုလေ၏။

"အမှန်ပဲ...ဒီနေရာမှာ ငါ ပြောတာက စည်းမျဥ်းပဲ"

"အဆင်အခြင် မဲ့လိုက်တာ"

လုယွီက ရုတ်တရက် ပြင်းပြင်းထန်ထန်အော်ငေါက်လိုက်ရာတွင် လင်ရှောင်းဂိုဏ်းတပည့်က ထိတ်လန့်တုန်လှုပ်သွားပေသည်။

"လင်ရှောင်းဂိုဏ်းရဲ့စည်းမျဥ်းတွေကို ငါ မသိဘူးလို့ မင်း ထင်နေတာလား...တကယ်လို့ ဒီဝင်ခွင့်စမ်းသပ်ပွဲမှာ အမှားအယွင်းတစ်ခုခုရှိခဲ့ရင်...မင်းက တခြားသူသုံးယောက်ကိုရှာပြီး တပြိုင်နက်တည်းစစ်ဆေးရမယ်...အဲ့ဒီစစ်ဆေးမှုမှာ ပြဿနာမရှိဘူးဆိုရင် မင်း အအောင်ပေးရမယ်...ဘာလဲ...မင်းက ဒီကိစ္စကို အပြစ်ပေးခန်းမဆီ ရောက်စေချင်တာလား"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလေသည်။

လင်ရှောင်းဂိုဏ်းတပည့်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။ဤကောင်လေးက သူ့အား ချေပပြောဆိုဝံ့မည်ဟု သူ တွေးထင်မထားမိချေ။

"ထားလိုက်တော့...မင်းသူကို ဝင်ခွင့်ပြုလိုက်တာ ပိုမကောင်းဘူးလား...ငါ မနက်ဖြန်ကျရင် အပြင်စည်းတပည့်ရွေးချယ်ပွဲကို ဝင်ပြိုင်ရအုံးမှာ....ငါ့ရဲ့အချိန်ကို မဖြုန်းနဲ့"

ပျင်းတိပျင်းရွဲ့အသံတစ်သံက လူအုပ်ကြီး၏နောက်မှ ထွက်ပေါ်လာသည်။

Chapter 645

လူအုပ်ကြီး၏နောက်မှနေ၍ အဖြူရောင်ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်လာသည်။ထိုလူငယ်ကိုကြည့်ရသည်မှာ အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါးနှစ်အရွယ်ရှိပုံရပြီး အလွန်ချောမောခံ့ညားသည်။

လူငယ်က သူ၏လက်အတွင်းရှိ ခေါက်ယပ်တောင်ကို ညင်သာစွာလှုပ်ခတ်လိုက်ရာတွင် သဘာဝဆန်သောပန်းချီကားတစ်ချပ်အားကြည့်နေရသကဲ့သို့ လူအများအား ခံစားမိစေသည်။

"ဒါက စီနီယာအကိုစုန့်ဟန်ပဲ"

စစ်ဆေးသည့်နေရာ၌ရှိနေသော တပည့်က ပျာပျာသလဲ ဖြစ်သွားသည်။

လင်ရှောင်းဂိုဏ်းတပည့်သည် အစေခံတပည့်ဖြစ်နှင့်ပြီးသော်လည်း ထိုလူငယ်အား ရိုသေလေးစားပုံပေါတ်နေသည်မှာ သိသာထင်ရှားပေသည်။

"ငါက အဲ့ဒီစုန့်ဟန်ဆိုတဲ့သူအကြောင်း ကြားဖူးတယ်..ပြောနေကြတာတော့ သူက အပြစ်ပေးခန်းမက အကြီးအကဲတစ်ယောက်ရဲ့သားဆိုပဲ...သူက လင်ရှောင်းဂိုဏ်းရဲ့ဝင်ခွင့်စမ်းသပ်ပွဲကို ဒီနှစ်မှဝင်ပြီးယှဥ်ပြိုင်တာ"

"သူအဖေရဲ့အဆင့်အတန်းနဲ့ဆိုရင် သူက လင်ရှောင်းဂိုဏ်းကိုဝင်ဖို့ မခက်ခဲလောက်ပါဘူး...ဘာလို့ သူက အစေခံတပည့်ရွေးချယ်ပွဲကို ဝင်ပြီးယှဥ်ပြိုင်တာလဲ"

"မင်းတို့ မသိကြဘူးလား...ဒါက လင်ရှောင်းဂိုဏ်းရဲ့တည်ထောင်သူ ချမှတ်ထားတဲ့စည်းမျဥ်းပဲ...လင်ရှောင်းဂိုဏ်းကဂိုဏ်းသားတွေအားလုံး အစေခံတပည့်ကနေပဲ ဂိုဏ်းထဲစဝင်ရတာ...ဘယ်လိုလူမျိုးအတွက်မှ ချွင်းချက်ထားမပေးဘူး...လက်ရှိဂိုဏ်းခေါင်းဆောင်တောင် အစေခံတပည့်ကနေ တစ်ဆင့်ပြီးတစ်ဆင့် အမြင့်တက်လာရတာ"

စုန့်ဟန်သည် လူအုပ်ကြီး၏ပြောဆိုနေသံများကို ကြားပြီးနောက် သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူသည် မည်သည့်စမ်းသပ်ပွဲကိုမျှ ယှဥ်ပြိုင်ရန်မလိုအပ်ချေ။အရာရာတိုင်းအား ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။သူ ဤနေရာသို့လာခြင်းမှာ လုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်ရန်ပင်။

သူ၏ဖခင်သည် သူ့အတွက် နေရာတစ်နေရာ ကြိုတင်၍စီစဥ်ပေးထားပြီးဖြစ်သည်။သူ လင်ရှောင်းဂိုဏ်းသို့ ဝင်ရောက်ပြီးသည်နှင့် ပင်မတပည့်ဖြစ်လာပေမည်။

"သူ့ကို မြန်မြန်သွားခွင့်ပြုလိုက်တော့...ဒီလိုလူမျိုးတွေ ငါ အများကြီး တွေ့မြင်ဖူးပြီးသား..ငါ့ရဲ့အချိန်ကိုမဖြုန်းနဲ့"

စုန့်ဟန်က တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။

လင်ရှောင်းဂိုဏ်းတပည့်က ချက်ချင်းပင် ခေါင်းညိတ်ပြီး စုန့်ဟန်အား ဦးညွှတ်၍အရိုအသေပြုကာ ပြောဆိုလိုက်၏။

"စီနီယာအကိုစုန့်ဟန်က ပြောနေမှတော့..ကျွန်တော် သူ့ကို အအောင်ပေးလိုက်ပါမယ်"

ထို့နောက် လင်ရှောင်းဂိုဏ်းတပည့်က လုယွီကိုကြည့်ပြီး ပြောဆိုလေသည်။

"ကောင်းပြီလေ...မင်း ကံကောင်းသွားတယ်မှတ်....စီနီယာအကိုစုန့်ဟန်က မင်းအတွက်ပြောပေးနေမှတော့ မင်း မိလ္လာဌာနကိုသွားပြီးကူညီပေးလိုက်"

လင်ရှောင်းဂိုဏ်းတပည့်က လုယွီကို လျစ်လျှူရှုထားပြီး စုန့်ဟန်နှင့် စကားတွတ်ထိုးနေပေသည်။

"ဒီကောင်လေးက ကံကောင်းပြီး လင်ရှောင်းဂိုဏ်းကို ဝင်ခွင့်ရသွားတယ်"

"သူက အိမ်သာဆေးတဲ့ကောင်ပဲဖြစ်မှာပါ...သူ့ဘဝတသက်လုံး ဘာအဆင့်မြင့်ကျင့်စဥ်ကိုမှ သင်ယူခွင့်မရဘဲ တဖြည်းဖြည်းနဲ့ သေသွားမှာ...တခြားဂိုဏ်းငယ်လေးတစ်ခုမှာသွားပြီး ကျင့်ကြံတာကမှ ပိုကောင်းလိမ့်အုံးမယ်"

လုယွီ၏နောက်ကျောသို့ မြောက်များစွာသောအကြည့်များ စူးစိုက်၍ကျရောက်လာပေ၏။ထိုအကြည့်များတွင် တချို့က အားကျနေပြီး တချို့ကမနာလိုဖြစ်နေကာ လူအများစုကမူ လုယွီအား အထင်အမြင်သေးနေကြ၏။

သို့ရာတွင် လုယွီကမူ အရေးမစိုက်ချေ။ထိုသူများမည်မျှပြောဆိုနေသည်ဖြစ်စေ လုယွီ၏တာအိုနှလုံးသားကို အနည်းငယ်မျှပင် လှုပ်ခတ်မှုမဖြစ်စေပေ။

အကယ်၍ သူသာ ဤအစေခံတပည့်ရွေးချယ်ပွဲကို အစစ်အမှန်ဝင်ရောက်ယှဥ်ပြိုင်သည်ဖြစ်ပါက သူ အစွမ်းကုန်တိုက်ခိုက်ပေမည်။

သို့ရာတွင် ခန်ူမသခင်လျှိုက နောက်တစ်နေ့မနက်တွင် အပြင်စည်းတပည့်ရွေးချယ်ပွဲရှိကြောင်းကို လုယွီအား ပြောပြထားပြီးဖြစ်သည်။

ယခုလောလောဆယ် သူ လိုအပ်သည်မှာ အပြင်စည်းတပည့်ရွေးချယ်ပွဲကို ပါဝင်ယှဥ်ပြိုင်နိုင်ရန်အတွက် အစေခံတပည့်ဖြစ်ရန်သက်သက်ပင်။

"ဒါက မင်းရဲ့တံဆိပ်ပြားပဲ...မနက်ဖြန်ကနေစပြီး အနောက်ဘက်ခြမ်းမှာရှိတဲ့ အိမ်သာအားလုံးကို သန့်စင်ဖို့ မင်း တာဝန်ယူရမယ်"

စာရင်းမှတ်နေသောနေရာတွင်ရှိသော တပည့်တစ်ယောက်က လုယွီအား အထင်အမြင်သေးပုံဖြင့် စူးစိုက်ကြည့်ပြီးနောက် တံဆိပ်ပြားတစ်ခုကို ပေးလေ၏။

ထိုတံဆိပ်ပြားပေါ်တွင် လုယွီ၏ဂိုဏ်းဝင်နံပါတ်ကို ရေးသားထားပြီး နောက်ကျောဘက်တွင် 'လင်ရှောင်းဂိုဏ်း'ဟူသော စာလုံးသုံးလုံးကို ရေးထွင်းထားသည်။

အစေခံတပည့်တစ်ယောက်အနေဖြင့် သူ၏အမည်နာမကို တံဆိပ်ပြားပေါ်၌ ရေးထွင်းရန် အဆင့်မမိသေးချေ။

လုယွီက တံဆိပ်ပြားကိုယူပြီး မေးမြန်းလိုက်၏။

"စီနီယာ...အပြင်စည်းတပည့်ရွေးချယ်ပွဲက ဘယ်နေရာမှာ ကျင်းပတာလဲ"

"မင်းက ခုထိ အရွယ်တောင်မရောက်သေးဘဲနဲ့ အပြင်စည်းတပည့်ရွေးချယ်ပွဲကို ဝင်ပြီးယှဥ်ပြိုင်ချင်နေတာလား...ဘာလဲ...မင်းက သေလုမျောပါး အရိုက်ခံချင်နေတာလား"

မှတ်တမ်းယူသောတပည့်က ခနဲ့တဲ့တဲ့ပြောဆိုလေသည်။

"ငါ မင်းကို ပြောမယ်...အပြင်စည်းတပည့်ရွေးချယ်ပွဲက အများကြီးခက်ခဲတယ်...ဒီအစေခံတပည့်ရွေးချယ်မှုထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲတယ်...မင်းရဲ့အလုပ်ကိုသာ ကြိုးကြိုးစားစားလုပ်စမ်းပါ...စိတ်ကူးယဥ်ပြီး အတွေးမလွန်စေနဲ့"

သို့ရာတွင် ထိုသူက လုယွီအား ရွေးချယ်ပွဲကျင်းပမည့်နေရာကို လမ်းညွှန်ပေးလိုက်သည်။

လုယွီက ကျေးဇူးတင်ကြောင်းပြောပြီး သူက လေ့ကျင့်ရန်အတွက် တိတ်ဆိတ်သောနေရာတစ်နေရာကို ရှာဖွေခဲ့တော့သည်။

အစေခံတပည့်များ၌ ကိုယ်ပိုင်အခန်းဟူ၍မရှိချေ။သာမာန်အားဖြင့် သူတို့က လူပေါင်းဆယ်ယောက်ကျော်ခန့် အခန်းတစ်ခန်းအတွင်း၌ နေရလေ့ရှိသည်။ထို့ကြောင့် တစ်စုံတစ်ယောက်က သူတို့၏ကျင့်ကြံခြင်းအား အနှောက်အယှက်ပေးရန် လွယ်ကူပေသည်။

မှတ်တမ်းယူသည့်တပည့်က လုယွီအား လှောင်ပြောင်သရော်နေလေ၏။

"အဲ့ဒီကောင်က တကယ်ကို ရူးနေတာပဲ..ဘာလို့ ဒီလေါက်တောင် သူကိုယ်သူ သတ်သေချင်နေတာပါလိမ့်"

Thank for reading.

All Chapters