← Chapters

အခန်း (၅၆၆-၅၇၀)

Vol. 32 Ch. 566-570

အခန်း (၅၆၆-၅၇၀)

Vol. 32 Ch. 566-570

Chapter 566

မြို့ရိုး၏တံခါးမကြီးတွင် 'လုံကျင်း'ဟူသော စာလုံကြီးနှစ်လုံးက လေထုအတွင်း၌မျောလွင့်ကခုန်နေပြီး ရွှေရောင်အလင်းတန်းများအား ထုတ်လွှက်နေသည်။

ယခုလက်ရှိနေရာ၌ရှိနေသော ကျင့်ကြံသူများအားလုံး ကြက်သေသေကုန်ကြ၏။ကျင့်ကြံသူငါးယောက်ကမူ မြေပြင်ပေါ်၌ လဲကျနေပေသည်။ထိုလူငါးယောက်သည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး လူငယ်မျိုးဆက်သစ်များကြားတွင် ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ကြသူများဖြစ်သည်။

သို့သော် လျှပ်တပြတ်အချိန်အတွင်းမှာပင် လုယွီ၏သတ်ဖြတ်ခြင်းကို သူတို့ကခံလိုက်ရသည်။

"တော်လိုက်တဲ့ကောင်...အဲ့ကောင်က မွန်းစတားများလား"

"သူ ဆင့်ခေါ်လိုက်တာကဘာလဲ...ဝင်္ကပါတစ်ခုလား..ဒါပေမယ့်လည်း ငါ ဘာလို့ ဝင်္ကပါစွမ်းအားကို ခံစားလို့မရတာလဲ"

လုကျော၏မျက်နှာသည် ခက်ထန်နေပြီး သူ၏မျက်လုံးထောင့်များ ကျဥ်းမြောင်းနေလေ၏။

"ဒီလို ကြီးမားတဲ့ပုံရိပ်ကြီးကို...သူ တစ်ယောက်တည်း ကြာကြာထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး...ငါတို့ အဝေးကိုခဏရှောင်ထွက်သွားပြီး သူရဲ့မှော်စွမ်းအားတွေကုန်ဆုံးစေတာ ပိုကောင်းလိမ့်မယ်"

တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။

လုကျောက အော်ဟစ်ပြောဆိုလေ၏။

"မင်းတို့ စိတ်ရှုပ်ထွေးနေကြပြီ....သူရဲ့နောက်က သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတွေကို မင်းတို့မမြင်ကြဘူးလား...တကယ်လို့ ငါတို့အားလုံးသေသွားရင်တောင်....သူရဲ့မှော်စွမ်းအားက ကုန်ဆုံးသွားမှာမဟုတ်ဘူး"

လုကျော၏စကားကို တုံပြန်နေသည့်အလား တစ်ချိန်တည်းမှာပင် သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးက ပေါတ်ကွဲသွားခဲ့သည်။

ယခုလက်ရှိချိန်တွင် လုယွီ၏ ဧရာမမြို့ပုံရိပ်ကြီးသည် အမွှေးတိုင်တစ်တိုင်စာရှိနေရန်အတွက် လုံလောတ်သွားလေပြီ။

အမွှေးတိုင်တစ်တိုင်စာအတွက် သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးသာ လိုအပ်ပေ၏။သို့ရာတွင် လုယွီ၏ဘေးရှိ ခေါင်းတလားအတွင်း၌ သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများ အပြည့်ရှိနေသည်။

"ရင့်မှည့်မို့ အမွှေးတိုင်သုံးတိုင်စာလောတ်လိုသေးတယ်"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အချိန်ကိုတွက်ချက်နေပေသည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ ပြန်လည်ဝင်စားခြင်းလမ်းကြောင်း၌ အကန့်အသတ်ရှိသည်။နတ်ဆိုးချိပ်ပိတ်သူသည် သေဆုံးသွားပြီး သူ၏တာအိုသည်လည်း ပျောက်ကွယ်သွားလေပြီ။မည်သို့ပင်ဆိုစေကာမူ သူသည် မဟာတာအိုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့သူဖြစ်သည်။

သူ၏နောက်ဆုံးချန်ထားခဲ့သော ပုံရိပ်ယောင်ပျောက်ကွယ်သွားခြင်းသည် သက်ရှည်သစ်သီးပင်အား ရှင်သန်ထမြောက်လာစေခြင်းပင်။

သက်ရှည်သစ်သီးများအား ရင့်မှည့်သည့်အချိန်ထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး ရွှေ့ပြောင်း၍မရချေ။အကယ်၍ ဖိအားပေးပြီး ယူဆောင်လိုက်ပါက ၎င်း၏အကျိုးအာနိသင် လျော့နည်းသွားပေမည်။

လုယွီက တိတ်တဆိတ်စောင့်ဆိုင်းနေသော်လည်း တခြားသူများကမူ ထိတ်လန့်တုန်လှုပ်နေကြ၏။

အကယ်၍ လူတစ်ယောက်သည် ထာဝရအသက်မရရှိပင်လျှင် နှစ်တစ်ရာသက်တမ်းတိုးမည့်ကိစ္စကို မည်သူမျှမလိုချင်ဘဲမရှိချေ။

လုကျောက အံကြိတ်ပြီး ပြောဆိုလိုက်၏။

"မင်းတို့ သတိထားမိကြလား...အစောပိုင်းက မတော်တဆဖြစ်သွားတဲ့ တာအိုမိတ်ဆွေတွေက ရှေ့ဆုံးကနေ ပြေးဝင်သွားတဲ့လူတွေချည်းပဲ...သူမှာက သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတွေရှိနေတယ်...ငါတို့က သူရဲ့မှော်စွမ်းအားတွေကုန်ဆုံးသွားအောင် လုပ်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် ငါတို့က သူရဲ့မြို့ရိုးပုံရိပ်ကို နည်းနည်းချင်းစီတိုက်ခိုက်လို့ရတယ်"

"မြို့ရိုးကို ထူထဲတဲ့အုတ်တွေ ကျောက်တုံးတွေနဲ့ဖွဲ့စည်းထားလို့ တာအိုမိတ်ဆွေတွေရဲ့ဓမ္မပုံရိပ်နဲ့ရိုက်ခတ်မိတာတောင် ဘာအရိပ်အယောင်မှမကျန်ခဲ့ဘူး...ဒါပေမယ့် မြို့တံခါးကတော့ အုတ်တွေ ကျောက်တွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး"

"ငါတို့အားလုံးရဲ့မှော်စွမ်းအားတွေစုစည်းပြီး မြို့တံခါးကိုတိုက်ခိုက်ကြရအောင်"

ဤနေရာသို့ ရောက်ရှိနေသူများတွင် ရူးသွပ်မိုက်မဲသူတစ်ယောက်မျှမရှိချေ။သူတို့၌ သေဆုံးလိုစိတ်လည်း မရှိပေ။အကယ်၍ သူတို့၏အကြီးအကဲများသာ ရောက်ရှိလာပါက သူတို့ မည်သည့်သက်ရှည်သစ်သီးကိုမျှ မရရှိနိုင်ချေ။

"ငါ တိုက်ခိုက်မယ်...ဒီကောင်လေးကိုသတ်ပြီးတာနဲ့...သက်ရှည်သစ်သီးခွဲဝေတဲ့နေရာမှာ ငါလည်းဝေစုယူမယ်"

"မင်းတို့အားလုံး....နောက်မဆုတ်ကြနဲ့...မင်းတို့ရဲ့ အစွမ်းထက်ဆုံးမှော်မန္တန်တွေကိုအသုံးပြုကြ....အဲ့ဒီကောင်လေးက အရမ်းငယ်သေးတယ်...ဒီလို အစွမ်းထက်တဲ့ပုံရိပ်မျိုးကို သူ အသေအချာထိန်းညှိနိုင်မှာမဟုတ်ဘူး"

ယခုလက်ရှိရှိနေသော လူများသည် တုံဆိုင်းနေခြင်းမရှိကြတော့ဘဲ သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်များကို ရွတ်ဆိုကာ လုံကျင်းမြို့တံခါးထံသို့ ပျံဝဲဝင်သွားကြသည်။

လေထုအတွင်း၌ မှော်လက်နက်များပြည့်နှက်နေပြီး အရောင်အသွေးစုံမှော်မန္တန်များကလည်း တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေကာ ရွှေရောင်အလင်းတန်းများနှင့် ရစ်ပတ်နေပေ၏။

အစွမ်းထက်သော မှော်စွမ်းအင်အမြောက်အများစုဝေးမှုကြောင့် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောလှိုင်းတစ်လှိုင်းက ခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ဝုန်း...

ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ မြောက်များစွာသောတိုက်ခိုက်မှုများအောက်တွင် လုံကျင်းမြို့တံခါးကြီးသည် ပြိုကျလုမတက်တုန်ခါလာခဲ့သည်။

"ဟား ဟား ဟား...ဒါက တကယ့်ကိုအလုပ်ဖြစ်တာပဲ...သူ ထပ်ပြီးတောင့်ခံနိုင်မှာမဟုတ်ဘူး"

လုကျောသည် အပျော်လွန်သွားပြီး သူ၏မှော်စွမ်းအင်များကို မြှင့်တင်လိုက်၏။

တခြားသူများကလည်း အကောင်းဆုံးကြိုးစားပြီး လုံကျင်းမြို့တံခါးအား တိုက်ခိုက်ကြတော့သည်။

အမွှေးတိုင်တစ်တိုင်စာအချိန်ခန့် ကုန်ဆုံးသွားလေပြီ။

"သေစမ်း...တံခါးက ခြေတစ်လှမ်းစာပဲလိုတော့တာတောင် ဘာလို့ဖွင့်မရတာလဲ"

"တံခါးကပြိုကျတော့မယ်လို့ ငါ ခံစားနေရတယ်...နည်းနည်းပဲလိုတော့တာ"

လူတိုင်းက လက်လျော့ရန်ဆန္ဒမရှိကြဘဲ တံခါးအား မြောက်များစွာသောမှော်စွမ်းအင်များဖြင့် ထပ်မံတိုက်ခိုက်ကြသည်။

သို့ရာတွင် မြို့တံခါးသည် တုန်ခါနေရုံမှအပ မားမားမတ်မတ်ရှိနေဆဲပင်။

"ကောင်းပြီလေ...မင်းတို့ပြီးရင်တော့...ငါလှုပ်ရှားရမယ့်အလှည့်ပေါ့"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပြီး သူ၏အသံကလည်းခက်ထန်မာကြောနေပေသည်။

Chapter 567

လုယွီက သူ၏လက်ကိုမြှောက်လိုက်ရာတွင် အင်ပါယာကျောက်စိမ်းတံဆိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ထိုအင်ပါယာကျောက်စိမ်းတံဆိပ်မှနေ၍ အနက်ရောင်အခိုးအငွေ့များက အဆက်မပြတ်ထွက်ပေါ်နေပေ၏။

"ကြက်သွေးရောင်အမြှောက်...မြင့်တက်လာစမ်း"

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဧရာမကြေးနီအမြှောက်များ မြို့ရိုးပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

ထိုအဖြစ်အပျက်သည် ယခုလက်ရှိနေရာ၌ ရှိနေသောသူတို့အား ရက်စက်ကြမ်းကြုတ်သောသားရဲများက ကြည့်နေသကဲ့သို့ ခံစားမိစေသည်။

"ဒါက ဘာကြီးလဲ"

"မကြောက်ကြနဲ့...မင်းတို့ရဲ့အားအကောင်းဆုံး ခန္ဓာကိုယ်အကာအကွယ်မှော်ပညာရပ်တွေကိုအသုံးပြုကြ...ငါတို့ဘက်မှာ လူအများကြီးရှိတယ်...သူကို ကြောက်စရာမလိုဘူး"

လုကျောက အော်ဟစ်လိုက်၏။

"သတ်"

လုယွီက အင်ပါယာကျောက်စိမ်းတံဆိပ်အားကိုင်မြှောက်ပြီး အမိန့်ပေးလေသည်။

ဘန်း...ဘန်း...ဘန်း....

တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်အမြှောက်များထံမှ ကျယ်လောင်သောပေါတ်ကွဲသံများထွက်ပေါ်လာခဲ့သည်။

ခရက်....

စူးရှရှအသံတစ်သံ ထွက်ပေါ်လာလေ၏။ရှေ့ဆုံး၌ရှိနေသော ကျင့်ကြံသူများ၏ခန္ဓာကိုယ်အကာအကွယ်အလွှာများသည် ဆက်လက်ကာကွယ်ပေးနိုင်စွမ်းမရှိတော့ဘဲ အမှုန်အမွှားများအဖြစ်လွင့်စင်သွားခဲ့သည်။

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် တောင့်ခံနိုင်ခြင်းမရှိဘဲ အမြှောက်ဆန်များ၏ဝါးမြိုခြင်းခံနေရသည်။

သွေးမြူများက လေထုအတွင်း၌ ပြည့်နှက်နေပေသည်။

လုကျော၏နှလုံးသားများ အပြင်းအထန်ခုန်ပေါတ်နေပေ၏။သေရေးရှင်ရေးအခြေအနေမျိုးတွင် သူက အဆောင်တစ်ခုကိုဆုတ်ဖြဲပြီး အော်ဟစ်လိုက်တော့သည်။

"အကြီးအကဲ...ကျွန်တော်ကိုကူညီပါ"

လုယွီ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။သူက လူတစ်ယောက်ကို တစ်ကြိမ် နှစ်ကြိမ်ထိ အလွတ်ပေးနိုင်သည်။သို့သော် ထိုလူသည် သုံးကြိမ်​မြောက် သူ့အားရန်စစော်ကားလာပါက သူ အလွတ်ပေးတော့မည်မဟုတ်ချေ။

လုမိသားစုဝင်ဖြစ်နေလျှင်ပင် ထို့အတိုင်းတူညီစွာပင်။

"လူငယ်လေး...ဒီလေါတ်အသက်ငယ်ငယ်လေးနဲ့...သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေအရမ်းပြင်းထန်နေတာမကောင်းဘူး"

ခပ်သဲ့သဲ့အသံတစ်သံက ထွက်ပေါ်လာလေ၏။

မြောက်များစွာသောအမြှောက်ဆန်များသည် လုကျော၏ရှေ့သို့ ကျရောက်နေသော်လည်း မမြင်နိုင်သောအတားအဆီးတစ်ခု၏ ပိတ်ပင်တားဆီးခြင်းခံထားရသကဲ့သို့ မြေပြင်ပေါ်တစ်ခုပြီးတစ်ခု ပြုတ်ကျသွားပေသည်။

လုယွီ၏လက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ချက်ချင်းပင် ကြက်သွေးရောင်အမြှောက်များအား ရုတ်သိမ်းပြီးဖြစ်သည်။

မီးခိုးနှင့်ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်တွင် လုကျော၏ရှေ့၌ ရွှေရောင်ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရှိနေခဲ့သည်။

လုကျောက ထိုလူလတ်ပိုင်းကြီးအားမြင်ချိန်တွင် အလွန်ပျော်ရွှင်နေပေ၏။

"ဦးလေး ချီရှန်း..."

ချီရှန်းက လုကျောဘက်သို့လှည့်ကြည့်ပြီး တိတ်တဆိတ်နေရန် အချက်ပြလိုက်၏။

"တိတ်တိတ်နေစမ်း...တောင်ဘက်ကိုလှည့်ပြီးဂါရဝပြုနေ....အကြီးအကဲလုရှင်းလာနေပြီ"

လုကျော၏မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့သည်။သူက ချက်ချင်းပင် တောင်ဘက်ရှိကောင်းကင်ယံထံ ဦးညွှက်၍အရိုအသေပြုနေလေသည်။

ဒူ....ဒူ...

မောင်းသံများက ခန်းမ၏အပြင်ဘက်မှနေ၍ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။အဝေးတနေရာတွင် ကောင်းကင်ယံမှဖြည်းဖြည်းချင်းဆင်းသက်လာသော ဧရာမနတ်ဆိုးသားရဲကြီးမှဆွဲလာသည့်ရထားလုံးတစ်စီးရှိနေသည်။

ထိုရထားလုံး၏အနီးပတ်လည်တွင် ရွှေရောင်ပိုးထည်ဝတ်စုံများ ဝတ်ဆင်ထားသည့်ကျင့်ကြံသူအမြောက်အများ ရှိနေပေ၏။ထိုကျင့်ကြံသူတစ်ယောက်ချင်းစီ၏ခန္ဓာကိုယ်သည် ရွှေရောင်တောက်ပနေပြီး သူတို့၏နောက်တွင် တောက်ပသောလဘီးပုံရိပ်ရှိနေသည်။

"ဒီနေရာကို လုမိသားစုတွေ ရောက်လာပြီ"

"ဒီလေါတ် အရှိန်အဝါကောင်းနေပုံထောက်ရင်...ရထားလုံးထဲကလူက လုမိသားစုထဲကအရေးပါတဲ့လူတစ်ယောက်ပဲဖြစ်မယ်"

ထိုအချိန်မှာပင် ကောင်းကင်ယံ၏တခြားတစ်ဘက်ခြမ်းမှ ဗုဒ္ဓဂါထာတော်ရွတ်ဖတ်သံများ ပဲ့တင်ထပ်လာခဲ့သည်။

အသံတိုးတိုးဖြင့် ဂါထာရွတ်ဆိုနေသော ဗုဒ္ဓရုပ်ပွါးတော်အမြောက်အများရှိနေသည့်အလား ကောင်းကင်နှင့်မြေကြီးကြားတွင် ဗုဒ္ဓဂါထာရွတ်ဖတ်သံများ ထွက်ပေါ်နေပေ၏။

"အော်မီတောဖော..."

ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ကောင်းကင်ယံမှကျဆင်းနေချိန်တွင် ထိုအသံများသည် သနားညှာတာမှုကင်းမဲ့နေပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကသာ ပြည့်နှက်နေလေသည်။

ဧရာမတိမ်တိုက်ကြီးတစ်ခုကျဆင်းလာမှုနှင့်အတူ ထိုတိမ်တိုက်ပေါ်မှ ဘုန်းကြီးနှစ်ပါးဆင်းသက်လာခဲ့သည်။

ထိုဘုန်းကြီးနှစ်ပါးလုံးသည် သင်္ကန်းများကိုဝတ်ဆင်ထားကြသော်လည်း သူတို့၏မျက်နှာအမူအယာများက အတော်ပင်ကွဲပြားခြားနားနေသည်။ဘုန်းကြီးတစ်ပါး၏မျက်နှာသည် အမာရွတ်များဖြင့်ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်ပုံပေါတ်နေသည်။တခြားဘုန်းကြီးတစ်ပါးကမူ ကြင်နာသနားတက်ပုံရပြီး အစဥ်အမြဲပြုံးနေပေ၏။

ဒေလီယာဘုန်းကြီးက ထိုဘုန်းကြီးနှစ်ပါးကိုမြင်ချိန်တွင် သူက အလွန်ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်သည်။

"စီနီယာဦးလေးတို့...နောက်ဆုံးတော့ရောက်လာပြီ"

ဒေလီယာဘုန်းကြီး၏စီနီယာဦးလေးများ ဖြစ်နေသလော...။

တခြားသူများအားလုံးသည် အရေးကြီးသောပုဂ္ဂိုလ်များ ရောက်ရှိနေကြသည်ကိုသိသဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ထိုအချိန်မှာပင် ကောင်းကင်ယံရှိတိမ်တိုက်များအကြား၌ ထူးဆန်းသောသဘာဝပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒီနေရာမှာ ထိပ်သီးပုဂ္ဂိုလ်တွေအများကြီး စုရုံးရောက်ရှိနေမယ်လို့ ကျုပ် ထင်မထားမိဘူး...ဒါပေမယ့် လူကြီးမင်းတို့...ခင်ဗျားတို့ရတဲ့အခွင့်အရေးက ကျုပ်တို့လေးပင်လယ်ဂိုဏ်းရဲ့ပျံသန်းရေးမှော်သားရဲတွေကြောင့်နော်...ခင်ဗျားတို့ ကျုပ်ကိုလည်း ဝေစုတစ်စုခွဲပေးသင့်တယ်"

"သက်ရှည်သစ်သီးက ဒီလေါကထဲမှာ ပေါ်ထွက်လာခဲ့တယ်...ငါတို့မိုကလန်က တစ်လုံးလိုချင်တယ်"

"ငါတို့ချန်းကလန်ရဲ့ဘိုးဘေးက ဒီသက်ရှည်သစ်သီး တကယ်ကိုလိုအပ်နေတာ...ကျေးဇူးပြုပြီး ငါကိုမျက်နှာသာပေးပါအုံး"

အော်ဟစ်ဆူညံသံများနှင့်အတူ ပတ်ဝန်းကျင်၌ လူအမြောက်အများ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

ရောက်ရှိလာသောလူတိုင်းက အင်အားစုတစ်စုကို ကိုယ်စားပြုသည်။

လုမိသားစု မိုးကောင်းကင်တေးသံဘုရားကျောင်း လေးပင်လယ်ဂိုဏ်းနှင့် မြောက်များစွာသောထိပ်သီးမိသားစုများ ကလန်များသည် သက်ရှည်သစ်သီး၏ဆွဲဆောင်မှုကြောင့် ရောက်ရှိလာကြခြင်းဖြစ်ပေ၏။

Chapter 568

ဤအချိန်တခဏတွင် ခန်းမအတွင်း၌ အားကောင်းသောအော်ရာများဖြင့် ဖုံးလွှမ်းနေပေသည်။ကောင်းကင်ယံမှဆင်းသက်လာသူများအနက်မှ အများစုသည် သူတို့၏မိသားစုများအတွင်းမှအစွမ်းထက်ဆုံးပုဂ္ဂိုလ်များဖြစ်သည်။သူတို့၏ခြေတစ်ဖက်ဆောင့်နင်းလိုက်ရုံဖြင့် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးအား တုန်ခါစေနိုင်သည့် တည်ရှိမှုကြီးများလည်းဖြစ်ပေ၏။

"ဒီရနံ့က တကယ်ကို သက်ရှည်သစ်သီးပဲ...ဒီနိမ့်ကျတဲ့ကိုယ်တော် မဟာရတနာခန်းမထဲမှာ ဗုဒ္ဓကျမ်းစာတွေကို ရွတ်ဖတ်နေတဲ့အချိန်မှာပဲ ဗုဒ္ဓရဲ့လမ်းညွှန်မှုကိုရရှိခဲ့တယ်...ဒီနေ့ ဒီလိုမျိူးလျှို့ဝှက်ရတနာ မွေးဖွားလာမယ်ဆိုတာကို...တကယ်ကိုပဲ ဒေလီယာ ဂျူနီယာတူတော်ရဲ့ သက်ရှည်သစ်သီးထွက်ပေါ်လာတာကို သတင်းပေးပို့လာခဲ့တယ်...ဒါကြောင့် ဒီသက်ရှည်သစ်သီးနဲ့ကိုယ်တော်နဲ့က ရေစက်ရှိတယ်လို့ပြောနိုင်တယ်"

ကြင်နာတက်သောမျက်နှာပိုင်ရှင်ဘုန်းကြီးက အပြုံးနှင့် စကားပြောဆိုလိုက်သည်။သူ၏အသံသည် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သည်နှင့်တူညီနေပြီး လူအများအား နွေဦးလေညင်းဖြတ်တိုက်သွားသကဲ့သို့ ခံစားမိစေသည်။

ချန်းကလန်၏အကြီးအကဲက ပြက်ရယ်ပြုပြောဆိုလိုက်၏။

"ဟား ဟား ဟား....အလယ်ပိုင်းကုန်းမြေတစ်ခုလုံးက ခင်ဗျားနဲ့ရေစက်ရှိနေတာလို့ မပြောတာလဲ...ဒီအဖိုးကြီး ခုပြောမဲ့စကားတွေက ခင်ဗျားလို မြင့်မြတ်တဲ့ဘုန်းကြီးကို စိတ်အနှောက်အယှက်ဖြစ်စေလိမ့်မယ်...ခင်ဗျားရဲ့သက်တမ်းကိုတိုးမြှင့်ချင်လို့ သက်ရှည်သစ်သီးလိုချင်ရင် လိုချင်တယ်ပေါ့....အပြစ်ကင်းချင်ယောင်ဆောင်တဲ့စကားတွေပြောမနေနဲ့"

"အော်မီတောဖော"

ထိုဘုန်းကြီးကမူ သဘောတူလက်ခံချင်ပုံမရချေ။

"ငါတို့ လုမိသားစုက သက်ရှည်သစ်သီးငါးလုံးလိုချင်တယ်...ကျန်တာကို မင်းတို့ဟာမင်းတို့ခွဲယူကြ"

ရုတ်တရက် ရထားလုံးအတွင်းမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သောအသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။

သက်ရှည်သစ်သီးစုစုပေါင်း ခုနစ်လုံးသာရှိသည့်အနက် လုမိသားစုက ငါးလုံး အလိုရှိနေပေသည်။

ချန်းကလန်မှအကြီးအကဲ၏မျက်လုံးများကျဥ်းမြောင်းသွားပြီး သူက လေသံသဲ့သဲ့ဖြင့်ပြောဆိုလိုက်၏။

"မင်းတို့လုမိသားစုက ထိပ်သီးမိသားစုကြီးပေမယ့်....မင်းက လူတစ်ယောက်တည်းလေ....အရမ်းလောဘကြီးရာမကျဘူးလား"

ရထားလုံးအတွင်းမှလူက ထိုအဖိုးအိုအား လျစ်လျှူရှုထားပေ၏။

"အချက်ပေးသင်္ကေတပေးပို့လိုက်တဲ့...လုမိသားစုဝင် ဒီနေရာမှာရှိလား"

ရထားလုံးထဲမှလူက တီးတိုးပြောဆိုလိုက်သည်။

လုကျောက အလျှင်စလို မတ်တတ်ထရပ်လေသည်။

"လုကြော....တတိယမိသားစုခှဲရဲ့ပဉ်စမမွောကျမြိုးဆကျ...လုရှငျးအကွီးအကဲကို ဂါရဝပွုပါတယျ"

လုကျော၏ပါးစပ်ဖွင့်ဟလိုက်သည့် အချိန်တခဏတွင် အစောပိုင်းက ငြင်းဆန်စကားများပြောဆိုနေခဲ့သော ချန်းကလန်မှအဖိုးအို၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။

"ကောလဟာလတွေအရတော့ လုမိသားစုရဲ့စည်းမျဥ်းခန်းမအကြီးအကဲအဆက်ဆက် လုရှင်းလို့ခေါ်တဲ့ နာမည်တစ်ခုပဲရှိပြီး မျိုးဆက်တိုင်းကိုပြစ်ဒဏ်ပေးတဲ့တာဝန်ကိုယူတယ်...ဒါက ဒီမျိုးဆက်ရဲ့ လုရှင်းပဲဖြစ်မယ်"

ချန်းကလန်၏အကြီးအကဲသည် တုန်ရီစွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

သူတို့၏ချန်းကလန်သည် နယ်မြေတစ်ခု၏အုပ်ချုပ်သူဟု ဆိုနိုင်သော်လည်း လုမိသားစုကဲ့သို့ ကြီးကျယ်ခမ်းနားသောမိသားစုကြီးရှေ့တွင် ထုတ်ဖော်ပြောရန်အဆင့်မမီချေ။

"ဒီတစ်ကြိမ်တော့ မင်း ငါကို သတင်းစကားပို့ခဲ့တာက ကြီးမားတဲ့စွမ်းဆောင်မှုကြီးပဲ...ငါ မင်းရဲ့စွမ်းဆောင်မှုကိုမှတ်ထားမယ်....လုမိသားစုကိုပြန်ရောက်တာနဲ့ ငါ မင်းကို ဆုအကြီးကြီးချီးမြှင့်မယ်"

လုကျောက အပျော်လွန်သွားပေ၏။သူက ကျေးဇူးတင်ကြောင်းပြောရန်ကြံရွယ်လိုက်သော်လည်း ရထားလုံးထံမှ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာခြင်းကို ကြားမိသည်။

ထိုအေးစက်စက်နှာမှုတ်သံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လုကျော၏နားအတွင်း မိုးခြိမ်းသံကဲ့သို့ ကျရောက်လာခဲ့သည်။

လုကျောက ချက်ချင်းပင် ဒူးထောက်ချလိုက်၏။သူ၏နဖူးမှလည်း ချွေးစေးများ တစက်စက်ကျနေပေသည်။

"သက်ရှည်သစ်သီးက ရှားပါးတဲ့ရတနာဆိုပေမယ့်...ဒီနေရာပတ်လည်မှာ အစွမ်းထက်မှော်သားရဲစောင့်ကြပ်နေတာမျိုးလည်းမရှိဘူး...မင်း ကိုယ်တိုင်ယူလာလို့မရဘူးလား...ဒီလေါတ်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲမှုကြီးဖြစ်အောင် မင်း ဖန်တီးရသလား"

အကြီးအကဲလုရှင်း၏အသံက တည်ကြည်လေးနက်နေလေသည်။

လုကျောက ထိတ်လန့်တုန်လှုပ်နေသည်။စည်းမျဥ်းခန်းမ၏အကြီးအကဲက ယခု သူ့အား မေးခွန်းထုတ်နေလေပြီ။

လုမိသားစုတွင် လုမိသားစုဝင်တပည့်များ ကြောက်ရွံဆုံးအရာမှာ စည်းမျဥ်းခန်းမဖြစ်သည်။လုမိသားစုအကြီးအကဲတချို့ပင် စည်းမျဥ်းခန်းမမှလူများအား လွယ်လင့်တကူရန်မစဝံ့ကြချေ။

လုကျောက သူ၏ခေါင်းကိုလှည့်ပြီး လုယွီအား ကြည့်လိုက်သည်။သူ၏မျက်လုံးများအတွင်း၌ မုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာပေသည်။

"အကြီးအကဲ လုရှင်း...ဒါတွေအကုန်လုံးက သူကြောင့်ပါ...ဒီကောင်လေးက ကျွန်တော်တို့လုမိသားစုရဲ့ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေကို လုယူသွားရုံတင်မက သူက ယုတ်ညံတဲ့နည်းစနစ်တချို့ကိုလည်းအသုံးပြုခဲ့တယ်...ပြီးတော့ သက်ရှည်သစ်သီးတွေကိုလည်း သူ တစ်ယောက်တည်းအပိုင်စီးဖို့ ကြံရွယ်နေတာပါ"

လုကျောက လုံကျင်းမြို့ပုံရိပ်အတွင်းရှိ လုယွီကိုလက်ညှိုးညွှန်ပြီး အော်ဟစ်ပြောဆိုလိုက်၏။

"ဟုတ်တယ်....အဲ့ဒီကောင်လေးကြောင့်ပဲ"

"တကယ်လို့ သူကြောင့်သာမဟုတ်ရင်....သက်ရှည်သစ်သီးတွေက ကျွန်တော်တို့ဟာဖြစ်နေပြီ"

ယခင်က လုယွီကိုကြောက်ရွံနေကြသော တခြားမိသားစုမှလူငယ်များကလည်း ယခုအချိန်တွင် သူတို့၏နောက်ခံများရောက်ရှိလာပြီဖြစ်၍ လုယွီအား ပစ်မှတ်ထားနေကြတော့သည်။

လုကျောက လုယွီကိုလက်ညှိုးညွှန်ပြီး ထပ်မံပြောဆိုလေ၏။

"အကြီးအကဲ....အဲ့ဒီကောင်လေးကို သတိထားသင့်တယ်....သူ ဘာနည်းစနစ်တွေသုံးနေတာလည်းတော့ ကျွန်တော်မသိဘူး...ဒါပေမယ့် သူရဲ့လက်ထဲမှာ ကျွန်တော်ရဲ့မိတ်ဆွေတွေအများကြီး သေဆုံးသွားခဲ့တယ်"

"အော်...ငါက မင်း သင်ကြားပေးတာကိုလိုအပ်နေလို့လား"

အလွန်အမင်းအေးစက်နေသော အသံတစ်သံက ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

လုကျော၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက ထိတ်လန့်တုန်လှုပ်ဖွယ်တစ်စုံတစ်ခုကို တွေးတောမိသွားသကဲ့သို့ မည်သည့်စကားတစ်လုံးမျှထပ်မဆိုဝံ့တော့ချေ။

ဝှီး....ဝှီး...

လေပြင်းမုန်တိုင်းတစ်ခုက ရုတ်တရက် ရထားလုံးထံမှ ထွက်ပေါ်တိုက်ခတ်လာခဲ့သည်။

"မင်း....မင်း ငါကို သက်ရှည်သစ်သီးတွေပေးမယ်ဆိုရင်....မင်း အသက်ရှင်နိုင်မယ်"

ရထားလုံအတွင်းမှလူက နူးညံညင်သာသောလေသံဖြင့် ပြောဆိုလိုက်သည်။

Chapter 569

လုယွီ၏ရှေ့၌ရှိနေသော ထိပ်သီးကျင့်ကြံသူအမြောက်အများ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေသည်။

ဤသည်က လူတစ်ယောက်၏သက်တမ်းကို တိုးစေသောရတနာတစ်ပါးဖြစ်သည်။ကျစ်ကျွမ်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုပင် သက်ရှည်သစ်သီးက သွေးဆောင်နိုင်ပေရာ ဤလူများဆိုလျှင် ဆိုဖွယ်မရှိချေ။

သို့ရာတွင် လုယွီ၏အမြင်၌ ထိုလူများ၏ခြိမ်းခြောက်မှုများသည် သူအတွက်အရေးမပါပေ။

"အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်လောတ်ကျန်သေးတယ်"

လုယွီက သူ့အနီးရှိ သက်ရှည်သစ်သီးပင်အား တစ်ချက်ကြည့်လိုက်၏။

ဤအချိန်တွင် သက်ရှည်သစ်သီးပင်သည် ယခင်ထက် ပို၍စိမ်းလန်းစိုပြည်စွာဖြင့် ကြီးထွားနေပေသည်။သစ်ပင်၏ထိပ်ဖျားသည် ခန်းမ၏မျက်နှာကြက်ဖြင့် ထိလုနီးနီးမြင့်မားလာခဲ့သည်။

ဧရာမသစ်ပင်ကြီးပေါ်ရှိ တောက်ပနေသောသက်ရှည်သစ်သီးခုနစ်လုံးကလည်း တဖြည်းဖြည်းပြန့်ကားလာပေ၏။ပြင်းထန်သောရနံ့တစ်ခုကလည်း ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်နေသည်။ခန်းမပြင်ပရှိလူများပင် ပြင်းထန်သောရနံ့အား ခံစားနိုင်ပေသည်။

"မင်းက ကြည့်ရုံပဲကြည့်ပြီး လက်လွတ်ရတော့မယ့်ကောင်ပါ...ငါတို့လုမိသားစုရဲ့အကြီးအကဲက ဒီနေရာကိုရောက်နေပြီ...မင်း ဆက်ပြီးမောက်မာနိုင်အုံးမှာလား"

လုကျော၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။

သူက အကြီးအကဲလုရှင်း၏ရှေ့၌ ဒူးထောက်နေရသည့် အကြောင်းအရင်းမှာ အကြီးအကဲလုရှင်းသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သည့် အစွမ်းထက်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခြင်းကြောင့်ပင်။

သို့ရာတွင် သူက လူငယ်တစ်ယောက်၏ဖိနှိပ်ညှင်းပန်းခြင်းကိုမူ သည်းမခံနိုင်ချေ။ထို့ပြင် လုယွီက သူထက်ပင် ငယ်ရွယ်နေသည်။

"ဒါက ထူးဆန်းတယ်...သူရှေ့မှာရှိတဲ့ မြို့ပုံရိပ်က ဝင်္ကပါတစ်ခုနဲ့လည်းမတူဘူး"

လေးပင်လယ်ဂိုဏ်းမှအကြီးအကဲက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေပြီး သူ၏မျက်လုံးများကလည်းကျဥ်းမြောင်းနေပေ၏။

လေးပင်လယ်ဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေမှဒေသအသီးသီး၏ ပို့ဆောင်ဆက်သွယ်ရေးကို ထိန်းချုပ်ထားသောဂိုဏ်းဖြစ်သည်။လေးပင်လယ်ဂိုဏ်းမှစုစည်းထားသော 'လေးပင်လယ်စွယ်စုံကျမ်း'သည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးအနှံ့ ကျယ်ပြန့်စွာပျံ့နှံ့နေသည်။

ထို့ကြောင့် လေးပင်လယ်ဂိုဏ်းဝင်များသည် အတွေ့အကြုံကြွယ်ဝသူများ ဖြစ်ပေ၏။

"အော်မီတောဖော"

ကြင်နာသနားတက်သောမျက်နှာပိုင်ရှင်ဘုန်းကြီးက ရုတ်တရက် လက်အုပ်ချီပြီးပြောဆိုလေသည်။

"မိတ်ဆွေငယ်လေးကိုကြည့်ရတာ မင်းရဲ့ရှေ့က အော်ဟစ်ငြင်းခုံနေကြတာတွေကိုကြည့်ပြီး...ဘာလုပ်ရမယ်ဆိုတာ လမ်းပျောက်နေပုံပဲ...ငါက မင်းကိုကူညီပြီး မင်းရှေ့ကနတ်ဆိုးအတားအဆီးကို တက်နိုင်သမျှမြန်မြန်ဖယ်ရှားပေးမယ်"

"ဟွေ့ကြွယ်...ဒီမိတ်ဆွေလေးကို ကူညီလိုက်ပါအုံး"

ထိုဘုန်းကြီးက ပြက်ရယ်ပြုပြောဆိုလိုက်၏။

နံဘေးတွင်ရှိနေသည့် ကြမ်းကြုတ်ရက်စက်သောမျက်နှာပိုင်ရှင် ဘုန်းကြီးသည် ရုတ်တရက် ခြေတစ်ချက်ဆောင့်နင်းလိုက်ရာတွင် သူ၏နောက်မှ ရွှေရောင်ကျားပုံရိပ်ထွက်ပေါ်လာခဲ့သည်။

အစွမ်းထက်သောဖိအားလှိုင်းတစ်ရပ်က ချက်ချင်းပင် ခန်းမတစ်ခုလုံးအား ဖြတ်ကျော်တိုက်ခတ်သွားပေရာ ကျင့်ကြံဆင့်နိမ့်ကျသောလူငယ်မျိုးဆက်သစ်တချို့သည် မြေပြင်ပေါ်၌ချက်ချင်းဒူးထောက်လိုက်ရပြီး ပြန်လည်ခုခံနိုင်ရန်ပင်အင်အားမရှိကြချေ။

"ဗုဒ္ဓရဲ့ရှေ့မှာ ရွတ်ဆိုပြီး....နတ်ဆိုးတွေကို ငါရဲ့ဓားနဲ့ရှင်းလင်းမယ်"

ဟွေ့ကြွယ်၏ခန္ဓာကိုယ်မှ မူလက တောက်ပနေသောရွှေရောင်အလင်းတန်းများအား မှင်ကဲ့သို့မည်းနက်သော အနက်ရောင်နတ်ဆိုးချီများက ချက်ချင်းပင်ဖုံးအုပ်သွားခဲ့သည်။

"ဒီဘုန်းကြီးက ဗုဒ္ဓ နတ်ဆိုး ကျင့်စဥ်နှစ်မျိူးစလုံးကို ရှားရှားပါးပါးကျင့်ကြံတဲ့သူပဲ"

"မိုးကောင်းကင်တေးသံဘုရားကျောင်းကို အလယ်ပိုင်းကုန်းမြေရဲ့ထိပ်သီးဗုဒ္ဓဂိုဏ်းလို့ဆိုကြတယ်...အဲ့ဒီလိုနေရာမျိုးမှာ နှစ်မွှာဗုဒ္ဓကျင့်စဥ်ကိုကျင့်တဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ရှိနေမယ်လို့ ငါ ထင်မထားမိဘူး"

လူအများက တီးတိုးပြောဆိုနေကြ၏။

ဟွေ့ကြွယ်၏နောက်ရှိ ကျားပုံရိပ်သည် မတ်မတ်ရပ်လိုက်ချိန်တွင် လုံကျင်းမြို့ရိုးထက်မြင့်နေပေသည်။

ဝေါင်း....

ဟွေ့ကြွယ်၏ပါးစပ်မှ ဟိန်းသံတစ်သံထွက်ပေါ်လာပြီးနောက် သူက လုံကျင်းမြို့ရိုးကိုအပြင်းအထန် ထုရိုက်နေလေသည်။သူ၏ဟိန်းသံဖြင့် ခန်းမ၏မြေပြင်သည်ပင် တုန်ခါလာခဲ့သည်။

ဤအချိန်တခဏတွင်ပင် သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးအတုံးသုံးဆယ်ကျော်သည် တပြိုင်နက်တည်းပေါတ်ကွဲသွားခဲ့သည်။လုံကျင်းမြို့ရိုး၌ ထွက်ပေါ်စပြုနေသောအက်ကွဲကြောင်းသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

"ဒီအရည်အချင်းလောတ်နဲ့များ"

ဟွေ့ကြွယ်၏မျက်လုံးများအတွင်း၌ ရူးသွပ်မိုက်မဲသောအရိပ်အယောင်များရှိနေပြီး လုယွီအား စူးစိုက်ကြည့်နေလေသည်။

လုယွီက စောင့်ဆိုင်းနေဆဲပင်။သူ စောင့်ကြပ်နေသော ဤသက်ရှည်သစ်သီးပင်သည် သူ့မိတ်ဆွေ၏အသက်နှင့် လဲလှယ်ထားရခြင်းဖြစ်သည်။မည်သည့်နည်းဖြင့် သူက တခြားသူများအားယူဆောင်ခွင့် ပြုနိုင်မည်နည်း။

"မင်း ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်အုံးမယ်"

ဟွေ့ကြွယ်က သူ၏လက်သီးများဖြင့် လုံကျင်းမြို့အား ထပ်မံ၍ထုရိုက်နေပေသည်။

ပြင်းထန်စွာတုန်ခါနေသော်လည်း လုံကျင်းမြို့ရိုးက မားမားမတ်မတ်ရပ်တည်နေဆဲဖြစ်သည်။လုယွီ၏နံဘေးရှိ သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများသည်လည်း တပြိုင်နက်တည်းကွဲအက်ကုန်ကြ၏။

"မင်းမှာ စိတ်ဝိညာဥ်ကျောက်တုံးတွေ ဘယ်လောက်များနေနေ...မင်း သိပ်ပြီးကြာရှည်ခံမှာမဟုတ်တော့ဘူး"

ဟွေ့ကြွယ်သည် ခနဲ့တဲ့တဲ့ပြောဆိုပြီးနောက် သူ၏လက်ဖြင့် သူ့နောက်ရှိလူအား ဖမ်းဆီးလိုက်သည်။

ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူတစ်ယောက်က ဟွေ့ကြွယ်၏လက်အတွင်းသို့ ကျရောက်သွားခဲ့သည်။

"စီနီယာ...မလုပ်နဲ့...မလုပ်ပါနဲ့...."

ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူသည် ဟွေ့ကြွယ်၏လက်အတွင်းမှ လွတ်မြောက်နိုင်ရန် အပြင်းအထန်ရုန်းကန်နေပေ၏။သို့ရာတွင် ဟွေ့ကြွယ်၏ခွန်အားသည် အလွန်သန်မာလှသည်။ဟွေ့ကြွယ်က ထိုကျင့်ကြံသူ၏လည်မြိုကိုလိမ်ချိုးကာ သူ၏ခန္ဓာကိုယ်အား အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်လေသည်။

ဖူး......

မြောက်များစွာသောသွေးများက ဟွေ့ကြွယ်၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာခဲ့သည်။

"ငါ ပျော်ပျော်ရွှင်ရွှင်မကစားရတာ အချိန်အတော်ကြာနေပြီ"

ဟွေ့ကြွယ်၏မျက်လုံးများအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"မင်းကိုယ်မင်းယုံကြည်ချက်ရှိတယ်ဆိုရင်...ငါ့ကို နည်းနည်းလောတ်ပြန်တိုက်ခိုက်ပါလား"

Chapter 570

ဟွေ့ကြွယ်၏သတ်ဖြတ်ခြင်းခံလိုက်ရသူသည် ဤနေရာ၌ သူ့အားကူညီမည့် ကျောထောက်နောက်ခံမရှိသောသူဖြစ်သည်။သူသေဆုံးသွားသည့်တိုင် မည်သူကမျှ သူ့အတွက်နှင့် မတ်တတ်ထမရပ်ကြချေ။

ဟွေ့ကြွယ်၏ခန္ဓာကိုယ်တစ်ခုလုံးသည် လတ်ဆတ်သောသွေးများဖြင့် စိုရွှဲနေပြီးနောက် သူက ခွန်အားများပြန်လည်ပြည့်ဝလါပြီး လုံကျင်းမြို့ပုံရိပ်ယောင်အား ထပ်မံ၍တိုက်ခိုက်ပြန်၏။

ဘုန်း....ဘုန်း...ဘုန်း....

ဟွေ့ကြွယ်၏လက်သီးတစ်ချက်ချင်းစီတိုင်းတွင် မြို့ရိုးပေါ်၌ နက်ရှိုင်းသောအပေါတ်ကြီးတစ်ပေါတ် ကျန်ရစ်ခဲ့သည်။

"ဟား ဟား ဟား....ဒီကောင်လေးက တော်တော်ကိုသူရဲဘောကြောင်တဲ့သူပဲ"

"အစောပိုင်းကတင် အဲ့ကောင်က တော်တော်မောက်မာနေတာ....အခု ကြည့်လိုက်ကြစမ်း...သူ ဘာကိုမှတောင်မပြောနိုင်တော့ဘူး"

လူငယ်ကျင့်ကြံသူအမြောက်အများက ကျယ်လောင်စွာ ရယ်မောနေကြ၏။ဤအချိန်မှသာလျှင် သူတို့၏ပျက်ယွင်းနေသောမျက်နှာအမူအယာများ အနည်းငယ်ပြန်လည်ကောင်းမွန်လာပေသည်။

လုယွီ မည်မျှပင် အစွမ်းထက်နေပါစေ။သူတို့၏နောက်၌ ကူညီပေးမည့် ထိပ်သီးကျင့်ကြံသူအမြောက်အများရှိနေသည်။အဆုံးသတ်၌ လုယွီက သူတို့နှင့် နှိုင်းယှဥ်၍ရမည်မဟုတ်ချေ။

"ဟွေ့ကျင့် ဘုန်းကြီး....မင်းရဲ့ဂျူနီယာညီလေးက လူငယ်မျိုးဆက်တစ်ယောက်ကို ဒီလိုနည်းနဲ့ရင်ဆိုင်တာလား...ဒါက မင်းတို့ကျင့်ကြံတဲ့ ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေနဲ့ ဖီလာဆန့်ကျင်မနေဘူးလား"

ချန်းကလန်မှအကြီးအကဲက သရော်တော်တော်ပြောဆိုလိုက်၏။

ဟွေ့ကျင့်က အပြုံးနှင့်ပြောဆိုလေသည်။

"တကာတော်....တကာတော်ရဲ့စိတ်တဲမှာ ငါရဲ့ဂျူနီယာညီလေးက ဒီမိတ်ဆွေငယ်လေးကို ​အဆုံးသတ်နိုင်ဖို့ ဆုတောင်းကောင်းဆုတောင်းနေမှာပါ...ဟုတ်တယ်မလား"

"ဟား ဟား ဟား...မင်းရဲ့စကားလုံးတွေက ဒီအဖိုးကြီးရဲ့စိတ်နှလုံးသားကို ယားကျိကျိဖြစ်သွားစေတယ်....ဒါပေမယ့် ဒီကောင်လေးကို ငါရဲ့မှော်စွမ်းအင်တွေအကုန်ခံပြီးတိုက်ခိုက်ဖို့ မင်း ဆန္ဒရှိနေရင်တော့...အဲ့ဒီအကြောင်း မင်း မစဥ်းစားတာပိုကောင်းလိမ့်မယ်"

"တကာတော်ပြောတာ မှားယွင်းနေပြီ...ငါရဲ့ဂျူနီယာညီလေးက ဒီလိုဂျူနီယာလေးတစ်ယောက်ကို အလွယ်တကူ ဖြေရှင်းနိုင်တယ်...တကာတော်ရဲ့အကူအညီ မလိုအပ်ပါဘူး"

ထိုအချိန်တခဏမှာပင် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လုံကျင်းမြို့၏မြင့်မားသောမြို့ရိုးကြီး ပြိုကျသွားခဲ့သည်။

ဤသည်က လုံကျင်းမြို့၏အစစ်အမှန်မြို့ရိုးမဟုတ်သော်လည်း လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းမှ တာလျန့်နိုင်ငံတော်၏တစိတ်တပိုင်းဖြစ်နေသည်။

အကျိုးသက်ရောက်မှုအနေဖြင့် လုယွီ၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူက အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

"ဒီကောင်လေးကို စိတ်ထဲမထားနဲ့တော့...မြန်မြန်သွားပြီး....သက်ရှည်သစ်သီးကို ယူဆောင်တော့"

ဟွေ့ကျင့်က ရုတ်တရက် အော်ဟစ်လိုက်၏။ထို့နောက် သူ၏နောက်မှ ဧရာမအလင်းရောင်ဘီးပုံရိပ်ကြီးထွက်ပေါ်လာပြီး သူ့ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား တွန်းထုတ်လိုက်တော့သည်။

ဝှစ်ဟူသောအသံတစ်သံနှင့်အတူ ဟွေ့ကျင့်သည် တရကြမ်းပြေးဝင်သွားခဲ့ရာ သက်ရှည်သစ်သီးပင်နှင့် လေး ငါး မီတာအကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။

တခြားထိပ်သီးကျင့်ကြံသူများလည်း အလျှင်အမြန်အသိဝင်လာကြ၏။သူတို့က မှော်စွမ်းအင်များကိုထုတ်လွှတ်ပြီး သက်ရှည်သစ်သီးပင်ထံသို့ တဟုန်ထိုးပြေးဝင်ကြတော့သည်။

"ဘယ်လောတ်တောင် လိမ္မာပါးနပ်တဲ့ဘုန်းကြီးလဲ...ဒီအဖိုးအိုရဲ့အာရုံကို လွှဲသွားတယ်....မင်းနဲ့ မင်းရဲ့ဂျူနီယာညီလေးကတော့ သက်ရှည်သစ်သီးတွေကို အလစ်သုတ်သွားမယ်ပေါ့လေ"

ချန်းကလန်မှအဖိုးအိုကလည်း ခြေဆောင့်နင်းပြီး သက်ရှည်သစ်သီးပင်ထံ အပြေးသွားလေ၏။

"အကြီးအကဲ...သွားကြစို့"

လုကျော့က မအောင့်အည်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

" ချီရှန်း"

"ကျွန်တော်ရှိပါတယ်"

"သူ့ကို ပါးရိုက်လိုက်စမ်း"

လုကျော၏နံဘေး၌ မတ်တတ်ရပ်နေသော ရွှေရောင်ဝတ်စုံဖြင့်လူကြီးသည် တုံဆိုင်းခြင်းမရှိဘဲ သူ၏လက်ကို လုကျော၏မျက်နှာပေါ်သို့ လွှဲယမ်းကာ ပါးရိုက်လိုက်သည်။

ပါးဆယ်ချက်ခန့်ရိုက်ပြီးနောက်တွင် ချီရှန်းထံမှ ထပ်မံ၍ရိုက်နှက်ချက် ထွက်မလာတော့ချေ။ပါးရိုက်ချက်တစ်ချက်စီတိုင်းသည် လုကျော၏မျက်နှာပေါ်သို့ အပြင်းအထန်ကျရောက်လေရာ လုကျော၏မျက်နှာတစ်ခုလုံး နီမြန်းယောင်ကိုင်းလာပေ၏။

"နောက်တစ်ကြိမ်ဆိုရင်တော့...မင်း အမိန့်မနာခံမှုနဲ့ အပြစ်ပေးခံရမယ်"

လုရှင်းက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

လုကျော၏ခန္ဓာကိုယ်တစ်ခုလုံး ဖြူရော်နေပြီး သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသော်လည်း မသုတ်ရဲသောကြောင့် ဒူးထောက်ရက်သားသာ နေနေခဲ့သည်။

မလှမ်းမကမ်းအကွာအဝေး၌ လူအုပ်စုတစ်စုသည် သက်ရှည်သစ်သီးပင်အနားသို့ ရောက်ရှိလာကြသည်။

မည်သူကမျှ ဒဏ်ရါရရှိထားသောလုယွီကို အာရုံမစူးစိုက်ကြဘဲ သူတို့အားလုံးက သက်ရှည်သစ်သီးပင်ကိုသာ ကြည့်နေကြ၏။

"ဂျူနီယာညီလေး...သက်ရှည်သစ်သီးတွေကို ယူလိုက်တော့...ငါ သူတို့ကို ထိန်းထားမယ်"

ဟွေ့ကျင့်က ရုတ်တရက် နောက်သို့လှည့်ပြီး သူ၏လက်အတွင်းရှိ တောင်ဝှေးကိုဝှေ့ယမ်းလိုက်သည်။မြောက်များစွာသော ရွှေရောင်အလင်းတန်းများက ဘက်ပေါင်းစုံသို့ ပျံနှံ့သွားပေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ထိပ်သီးကျင့်ကြံသူများအားလုံး ရပ်တန့်သွားကြသည်။

"မိုးကောင်းကင်တေးသံဘုရားကျောင်း...မင်းတို့ သေလမ်းရှာနေတာလား"

"သက်ရှည်သစ်သီးက မင်းတို့ဘုရားကျောင်းတစ်ခုတည်း အပိုင်စီးလို့ရတဲ့အရာမဟုတ်ဘူး...ဒီနေရာက ထွက်သွားကြစမ်း"

တခြားထိပ်သီးကျင့်ကြံသူများသည် ဒေါသတကြီးဖြင့် ဟွေ့ကျင့်အား တိုက်ခိုက်ကြတော့သည်။

ထိုအချိန်တွင် ဟွေ့ကြွယ်၏လက်က သက်ရှည်သစ်သီးအား ဖမ်းဆုပ်နိုင်လုနီးနီးဖြစ်နေသည်။

လုယွီ၏မျက်လုံးများက ရုတ်တရက်ပွင့်လာခဲ့၏။

"မင်းတို့အားလုံး....ဝင်လာခဲ့တော့"

လုယွီ၏မျက်လုံးများမှ အေးစက်စက်အလင်းရောင်များ ထုတ်လွှက်နေခဲ့သည်။သူ၏အင်ပါယာကျောက်စိမ်းတံဆိပ်အား လုံကျင်းမြို့၏အလယ်ဗဟို၌ စိုက်ထူထားပေသည်။အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက လုယွီ၏ခြေဖဝါးအောက်၌ ဧရာမမြေပုံကြီးတစ်ခုရှိနေခြင်းကို တွေ့မြင်မိပေမည်။

မြောက်များစွာသော တောင်တန်းများနှင့်မြစ်များအပါအဝင် လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းမှ တာလျန့်အင်ပါယာတစ်ခုလုံး သူ၏ခြေဖဝါးအောက်၌ ထွက်ပေါ်နေပေ၏။

"ငါရဲ့ဆန္ဒကိုဆန့်ကျင်ပြီး...ငါရဲ့တိုင်းပြည်ထဲဝင်လာတဲ့ ဘယ်သူမဆို...ငါတို့တိုင်းပြည်ရဲ့သစ္စာဖောတ်အဖြစ် သတ်ကြစမ်း"

လုယွီက အင်ပါယာကျောက်စိမ်းတံဆိပ်အား သူ၏လက်ဖြင့် အပြင်းအထန်ဖိနှိပ်လိုက်သည်။

All Chapters