← Chapters

အခန်း (၅၇၁-၅၇၅)

Vol. 32 Ch. 571-575

အခန်း (၅၇၁-၅၇၅)

Vol. 32 Ch. 571-575

Chapter 571

နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ တာလျန့်အင်ပါယာတွင် လုယွီသည် အရာရာတိုင်း၏အုပ်ချုပ်သူဖြစ်သည်။

လုယွီ၏အမိန့်အောက်တွင် လုံကျင်းမြို့နံဘေးပတ်လည်ရှိမြို့ရိုးများထံမှ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာခဲ့သည်။

မြို့တမြို့လုံး၏ဖွဲ့စည်းတည်ဆောက်ပုံသည် ဖြည်းဖြည်းချင်းအသက်ဝင်နေပြီး ဟွေ့ကြွယ်ကြောင့် ကျိုးပဲ့သွားသော မြို့ရိုးများသည်လည်း ပြန်လည်ကောင်းမွန်လာပေ၏။

"ဘာတွေ ဖြစ်နေတာလဲ"

"ဒါက အဲ့ဒီကောင်လေးရဲ့လှည့်စားမှုတွေလား"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိအရာရာတိုင်းအား လုယွီက ထိန်းချုပ်ထားခြင်းကို လူတိုင်းက သိနားလည်သွားခဲ့သည်။

"ခွေးမသား"

ဟွေ့ကြွယ်က ဒေါသထွက်နေလေ၏။သူက သက်ရှည်သစ်သီးအား ထိတွေ့နိုင်ရန် အချိန်ခဏသာလိုအပ်တော့သည်။သို့သော် ထိုအချိန်တခဏတွင် သူ၏ရှေ့၌ မြင့်မားသောမြို့ရိုးကြီးများတားဆီးလာပြီး သူ၏လက်များကို ပိတ်ဆို့ထားခဲ့သည်။

"ငါ အဲ့ဒီကောင်ကို အသက်ရှင်ရက်အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

ဟွေ့ကြွယ်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိအချိန်၌ သူ ရှေ့သို့ခြေလှမ်းလှမ်း၍ မရတော့ချေ။

အစောပိုင်းက မိုးကောင်းကင်တေးသံဘုရားကျောင်းမှ ဘုန်းကြီးနှစ်ပါးသည် အချင်းချင်းပူးပေါင်းပြီး နံဘေးဘက်ရှိထိပ်သီးကျင့်ကြံသူများ သတိမပြုမိခင် သက်ရှည်သစ်သီးများအား အလစ်သုတ်ရန် ကြံရွယ်ထားခဲ့သည်။

ယခုလက်ရှိအချိန်တွင်မူ မြောက်များစွာသောမျက်လုံးများက ဟွေ့ကြွယ်နှင့်ဟွေ့ကျင့်အား စူးစိုက်ကြည့်နေကြ၏။ဤအချိန်မျိုးတွင်သာ သူတို့လှုပ်ရှားလိုက်ပါက ရုတ်ရုတ်သဲသဲဖြစ်သွားပေမည်။

"ဒီလို ဝင်္ကပါငယ်တစ်ခုနဲ့....ငါကိုတားဆီးချင်တာလား"

ချန်းကလန်မှအကြီးအကဲက ရယ်မောနေပေ၏။သူ၏လက်ဝါးမှ မြောက်များစွာသည့်ရောင်ခြည်တန်းများထွက်ပေါ်လာပြီးနောက် ဧရာမတူကြီးတစ်လက်အသွင်ပြောင်းသွားကာ မြို့ရိုးအား အပြင်းအထန်ထုနှက်နေတော့သည်။

ဘုန်း....

ဧရာမတူကြီးက မြို့ရိုးပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသော်လည်း ထိုအချိန်မှာပင် တွန်းကန်အားလှိုင်းတစ်ရပ်က ချန်းကလန်မှအကြီးအကဲ၏လက်များသို့ ပြန်လည်တိုးဝင်လာခဲ့သည်။

သူ၏ခွန်အားနှင့်တူညီသော တွန်းကန်အားက ချန်းကလန်အကြီးအကဲအား ချက်ချင်းပင်အံသြသွားစေ၏။

"ဘယ်လိုတောင်...."

ချန်းကလန်အကြီးအကဲသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့အလျှင်အမြန်ဆုတ်လိုက်ရသည်။

"မြို့ရိုးတွေက ငါရဲ့တိုက်ခိုက်မှုတွေကို ပြန်ကန်ထွက်စေတယ်"

"ရယ်စရာမပြောစမ်းနဲ့...သူက ခုမှ သဘာဝလွန်စွမ်းအင်နယ်ပယ်ကောင်လေးတစ်ယောက်လေ...ဘယ်လိုလုပ်ပြီး ဒီလိုဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းနိုင်မှာလဲ"

တခြားသူများကမူ ချန်းကလန်အကြီးအကဲ၏စကားကို သဘောတူလိုစိတ်မရှိချေ။

သူတို့အားလုံးသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော ထိပ်သီးကျင့်ကြံသူများဖြစ်သည်။လုယွီက သူတို့၏အမြင်တွင် ပုရွတ်ဆိတ်ငယ်လေးတစ်ကောင်သာဖြစ်ပေ၏။

ချန်းကလန်အကြီးအကဲ၏မျက်နှာအမူအယာသည် ရုတ်တရက်လေးနက်တည်ကြည်သွားပြီး သူက လေသံတိုးတိုးဖြင့်ပြောဆိုလေသည်။

"တခုခုတော့မှားယွင်းနေပြီ...ငါတို့ရဲ့နံဘေးပတ်လည်မှာ အငွေ့အသက်တွေပိုများလာတယ်လို့ မင်းတို့ မခံစားမိကြဘူးလား"

ထိုအချိန်မှာပင် လုံကျင်းမြို့ပုံရိပ်၏အထက်လွတ်နေသောနေရာမှ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံများ ထွက်ပေါ်လာခဲ့သည်။

"သစ္စာဖောတ်တွေကိုသတ်ကြ......"

ဝှစ်...ဝှစ်...ဝှစ်...

မြို့ရိုးပတ်လည်မှ ရုတ်တရက် အနီရောင်အလံများ မြင့်တက်လာပေ၏။

မြို့ရိုးပေါ်တွင် မြောက်များစွာသည့် အနက်ရောင်သံချပ်ကာဝတ်စစ်သားများက ရုတ်တရက်ထွက်ပေါ်လာပြီးနောက် သူတို့၏ဓားရှည်များကိုကိုင်မြှောက်ပြီး ကျင့်ကြံသူများထံသို့ ပြေးဝင်သွားကြသည်။

"သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကများ...မင်းကို ခွေးတစ်ကောင်သတ်သလို သတ်ပစ်လို့ရတယ်"

ချန်းကလန်အကြီးအကဲသည် လုံကျင်းနန်းတော်အတွင်း၌ထိုင်နေသော လုယွီကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်မိ၏။

သူခိုးကိုသတ်နိုင်ရန် ဘုရင်ကို ဦးစွာဖမ်းဆီးရပေမည်။ချန်းကလန်အကြီးအကဲက သူ၏အင်္ကျီလက်ရှည်ကြီးနှစ်ဖက်ကို ခါယမ်းလိုက်သည်။သူ၏အင်္ကျီလက်များမှ မှော်စွမ်းအင်များဖြင့်ဖန်တီးထားသော အနက်ရောင်စပါးကြီးမြွေနှစ်ကောင် ထွက်လာပေ၏။ထို့နောက် ၎င်းတို့၏ပါးစပ်များကိုဖွင့်ဟ၍ လုယွီအားကိုက်ရန် တိုးဝင်လာကြသည်။

ချန်းကလန်အကြီးအကဲ၏ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိမြင့်မားခြင်းကို မသိနိုင်သော်လည်း သူ၏ခန္ဓာကိုယ်ှမှော်စွမ်းအင်များကမူ အနှစ်သာရအဖြစ်သိပ်သည်းနေသည့်ပေ၏။သူ၏နံဘေးပတ်ဝန်းကျင်သည်လည်း အနက်ရောင်ယင်ချီများထူထပ်သိပ်သည်းနေပြီး သူ့အားလွှမ်းခြုံထားပေသည်။

"လေ" "လေပြင်းမုန်တိုင်း"

မြောက်များစွာသော အနက်ရောင်သံချပ်ကာစစ်သားများက ချန်းကလန်အကြီးအကဲရှေ့၌ ပိတ်ဆို့တားဆီးပြီး တစုတစည်းတည်းသံပြိုင်အော်ဟစ်လိုက်ကြ၏။

"ပုရွတ်ဆိတ်တစ်သိုက်ကများ....ထွက်သွားစမ်း"

ချန်းကလန်အကြီးအကဲထံမှ ထွက်လာသော မှော်စွမ်းအင်မြွေကြီးနှစ်ကောင်သည် အနက်ရောင်သံချပ်ကာစစ်သားများနှင့် ရိုက်ခတ်မိလေသည်။

ခရက်....ခရက်...

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အနက်ရောင်သံချပ်ကာစစ်သားများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရသည်။

ချန်းမိသားစုအကြီးအကဲက ချက်ချင်းပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာလေ၏။သူက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းမှာ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ရှိတယ်လို့ ငါကြားထားတယ်...ငါက လူသတ်သမားတစ်ယောက်မဟုတ်ဘူး...တကယ်လို့ မင်း မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေအကုန်လုံး ငါကိုပေးမယ်ဆိုရင်...ငါ မင်းအသက်ကိုချမ်းသာပေးမယ်"

လုယွီက သူ၏နံဘေးရှိအမွှေးတိုင်ကို တစ်ချက်ကြည့်လိုက်၏။အမွှေးတိုင်က လောင်ကျွမ်းသွားရန် လေးပုံတစ်ပုံသာ ကျန်တော့သည်။

"နားထောင်ကြစမ်း...တကယ်လို့ ခင်ဗျားတို့ဒီနေရာက ခုထွက်သွားမယ်ဆိုရင်...ခင်ဗျားတို့ရဲ့အသက်ကိုချမ်းသာပေးမယ်"

လုယွီ၏အသံက ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေသည်။

"အဲ့ဒီကောင်လေး ရူးများနေသလား"

"ထိပ်သီးကျင့်ကြံသူတွေအများကြီးရဲ့ ဝိုင်းရံခံထားရတာ မင်းအစား ငါကြောက်နေမိတယ်...တကယ်လို့ မင်းသေရတော့မယ်ဆိုတာသိရင်လည်း သူတို့ကိုရက်ရက်စက်စက်ကျိန်ဆဲသွားသင့်တယ်"

လူငယ်ကျင့်ကြံသူတစ်ယောက်က လုယွီအား လှောင်ပြောင်သရော်နေလေ၏။

ချန်းကလန်အကြီးအကဲက ကောက်ကျစ်ယုတ်မာသောအပြုံးမျိုးပြုံး၍ ပြောဆိုလိုက်သည်။

"ကောင်လေး....လိမ်လိမ်မာမာထုတ်ပေးစမ်း...ဒီအဖိုးကြီး လှုပ်ရှားရအောင်မလုပ်နဲ့"

လုယွီက သူအား တည်ငြိမ်စွာဖြင့်ကြည့်နေပေ၏။

"ကြည့်ရတာတော့ ကျုပ်ပြောတဲ့စကားကို ရှင်းရှင်းလင်းလင်းမကြားကြပုံပဲ...ကျုပ် ခင်ဗျားတို့ကို ထွက်ခွါဖို့ အခွင့်အရေးတစ်ကြိမ်ပေးပြီးပြီ...ဒါပေမယ့် ခင်ဗျားတို့က သေဖို့ကိုပဲရွေးချယ်ကြတယ်"

"ကိစ္စက ဒီလိုဖြစ်လာမှတော့...ခင်ဗျားတို့ဒီနေရာမှာပဲ နတ်ဆိုးချိပ်ပိတ်သူကို အဖော်လုပ်ပေးကြပေတော့"

လုယွီ၏လက်ချောင်းများက စည်းတံဆိပ်တစ်ခုကိုရေးဆွဲနေပြီး သူ၏နှုတ်မှလည်း မန္တန်တစ်ပုဒ်ရွတ်ဆိုနေပေသည်။

ရုတ်ချည်းဆိုသလိုပင် အစောပိုင်းကပြိုကွဲသွားသော အနက်ရောင်သံချပ်ကာစစ်သားများသည် တဖန်ပြန်လည်ကောင်းမွန်လာခဲ့သည်။

Chapter 572

"အယ်...."

လုမိသားစု၏ရထားလုံးထံမှ အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒါက စိတ်ဝင်စားစရာကောင်းသားပဲ...သူက ချန်းကလန်ကအဖိုးကြီးရဲ့မှော်စွမ်းအားတွေကိုစုပ်ယူပြီး သူအတွက် အသုံးပြုနေတာ"

အကြီးအကဲလုရှင်းက တီးတိုးရေရွတ်နေပြီး သူ ပြောနေသည်အား မည်သူမျှမကြားချေ။

လုံကျင်းမြို့ပုံရိပ်အတွင်း၌....

ချန်းကလန်အကြီးအကဲသည် မရေမတွက်နိုင်သောအနက်ရောင်သံချပ်ကာစစ်သားများ၏ ဝိုင်းရံထားခြင်းခံနေရသည်။ထို့ပြင် အနက်ရောက်သံချပ်ကာစစ်သားများ၏အရေအတွက်သည် တိုးပွါးနေဆဲပင်။

ချန်းကလန်အကြီးအကဲလက်ဝှေ့ယမ်းလိုက်ချိန်တိုင်း အနက်ရောင်သံချပ်ကာစစ်သားများ ပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် အနက်ရောင်သံချပ်ကာစစ်သားများက အဆုံးရှိပုံမရချေ။အကယ်၍ သူတို့ကပြန့်ကျဲသွားလျှင်ပင် ချက်ချင်း ပြန်လည်စုစည်းသွားပေ၏။

"ဘယ်လို ငရဲမျိုးလဲ....ပြီးတော့ ဒီအနက်ရောင်သံချပ်ကာစစ်သားတွေက ဘာလို့ ပိုအားကောင်းလာတယ်လို့ ငါ ခံစားနေရတာလဲ"

ချန်းကလန်အကြီးအကဲက အံ့အားသင့်စွာဖြင့် ရေရွတ်နေပေ၏။

ရှေးဦးစွာ သူသည် ရှီထျန်းနယ်ပယ်အနက်ရောင်သံချပ်ကာစစ်သားများနှင့် ရင်ဆိုင်ခဲ့ရသည်။ထိုအုပ်စုအား သူချေမှုန်းပြီးချိန်တွင် ပြန်လည်စုစည်းလာသော အနက်ရောင်သံချပ်ကာစစ်သားများသည် လုံချီနယ်ပယ်ဖြစ်ပေ၏။

ယခုလက်ရှိအချိန်၌ သူ ရင်ဆိုင်နေရသည်မှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်စစ်သားများဖြစ်သည်။ဤသည်က သူ၏ပြိုင်ဘက်များ မဖြစ်နိုင်လျှင်ပင် ဖိအားများလာသကဲ့သို့ သူ ခံစားနေမိသည်။

"ခွေးမသား...ဒါက ဘယ်လိုဝင်္ကပါမျိုးလဲ"

ချန်းကလန်အကြီးအကဲက အံတင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။

လုံကျင်းမြို့ပုံရိပ်အတွင်းရှိနေသော တခြားသူများကလည်း ချန်းကလန်အကြီးအကဲနှင့် ထပ်တူခံစားနေရသည်။သူတို့အားလုံးသည်လည်း ဘက်ပေါင်စုံ၌ရှိနေသော အနက်ရောင်သံချပ်ကာစစ်သားများနှင့် တိုက်ခိုက်နေရ၏။

ထိုလူများ၏ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိမြင့်မားသည်ကို လုယွီက မသိရှိသော်လည်း ဤအချိန်တခဏတွင် သူတို့က လုယွီ၏အိမ်ကွင်းအတွင်း၌ ရှိနေကြသည်။

"လေးပင်လယ်ဂိုဏ်းကလူတွေ....ခင်ဗျားတို့ နည်းနည်းလေးတောင်မသိကြဘူးလား....ဒီဝင်္ကပါက ဘယ်လိုအမျိုးအစားလဲဆိုတာ ခင်ဗျားတို့မြန်မြန်မပြောသေးဘူးလား"

တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်၏။

လေးပင်လယ်ဂိုဏ်းမှအကြီးအကဲက မျက်မှောင်တင်းတင်းကြုတ်နေပေသည်။သူက အနက်ရောင်သံချပ်ကာစစ်သားများကို သူ၏လက်တစ်ဖက်ဖြင့်ပုတ်ထုတ်ရင်း တီးတိုးပြောလေသည်။

"ကြည့်ရတာတော့ ငါတို့က မြို့တစ်မြို့ထဲမှာ ပိတ်မိနေပုံပဲ...ဒီအချိန်မှာ ဟိုကောင်လေးက မြို့တစ်မြို့လုံးရဲ့အရှင်သခင်ဖြစ်နေတယ်...တကယ်လို့ ငါတို့က ဒီမြို့ပုံရိပ်ယောင်ထဲကိုကျရောက်သွားတာနဲ့...ငါတို့ကိုသစ္စာဖောတ်တွေဆိုပြီး တစ်မြို့လုံးကလူတွေက ဝိုင်းတိုက်ခိုက်ကြလိမ့်မယ်"

တခြားသူများက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်လည်ပြောဆိုခဲ့သည်။

"သူကိုယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့တော့ ဆိုလိုတာမဟုတ်ဘူးမလား"

"အဲ့လောက်ထိ မရိုးရှင်းဘူး"

လေးပင်လယ်ဂိုဏ်းအကြီးအကဲက လုယွီရှိနေသောနေရာကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။

"မင်းတို့မြင်ကြလား...သူရှိနေတဲ့နေရာက ဒီဝင်္ကပါကြီးရဲ့ဗဟိုချက်ဖြစ်နိုင်တယ်..ငါတို့အားလုံး အတူတကွစုစည်းပြီး သူကိုတိုက်ခိုက်မယ်ဆိုရင်...သူကို အနိုင်ယူနိုင်မှာသေချာတယ်"

"လူတိုင်းပဲ...မင်းတို့ရဲ့အမြင်မတူတာတွေကို ခဏဘေးဖယ်ထားရအောင်...ငါတို့ ဒီကောင်လေးကိုဖမ်းဆီးနိုင်တဲ့အချိန်ကျမှ...သက်ရှည်သစ်သီးတွေကို ဘယ်လိုခွဲဝေယူကြမလဲဆိုတာ ဆွေးနွေးကြရအောင်"

သူစကားပြောဆိုနေချိန်တွင် ကျန်ရှိနေသောသူများထံမှ ကန့်ကွက်သံထွက်ပေါ်မလာခဲ့ချေ။

ဤလူများအားလုံးသည် ကျင့်ကြံခြင်းလောကတွင် အတူကျင်လည်ကျက်စားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော ထိပ်သီးကျင့်ကြံသူများဖြစ်သည်။သူတို့က အတွေ့အကြုံရင့်ကျက်ပြီးသူများဖြစ်၍ အငြင်းပွါးမနေကြတော့ချေ။သူတို့၏အပြင်းထန်ဆုံးတိုက်ခိုက်မှုများကို လုယွီထံသို့ ဦးတည်လိုက်ကြတော့သည်။

ဘုန်း...ဘုန်း....ဘုန်း...

လုံကျင်းမြို့မှ ကျယ်လောင်သောမြည်ဟီးသံများ ထွက်ပေါ်လာခဲ့သည်။

သူတို့က အစွမ်းထက်သောမှော်မန္တန်များကို လုယွီထံဦးတည်၍ ပစ်လွှက်နေကြ၏။

လုယွီ၏မျက်နှာအမူအယာက ပျက်ယွင်းသွားခြင်းမရှိချေ။သူ၏လက်တစ်ဖက်ကကျောက်စိမ်းတံဆိပ်ကိုကိုင်မြှောက်ပြီး ၎င်းအပေါ်သို့ သူ၏ကျန်လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်သည်။

"ငြိမ်းအေးစမ်း"

လုယွီ၏အမိန့်အောက်တွင် လုံကျင်းမြို့အထက်ကောင်းကင်ယံမှ တုန်ခါနေသောအသံကြီးက ထပ်မံ၍ကျယ်လောင်စွာ မြည်ဟီးလာခဲ့သည်။

တိမ်တိုက်များအကြားမှ အလွန်ကြီးမားသောပုံရိပ်ယောင်နဂါးတစ်ကောင်က ထွက်ပေါ်လာပေ၏။ထိုနဂါး၏မျက်လုံးများက ပြူးကျယ်နေပြီး မြို့အတွင်း၌ရှိနေသောလူတိုင်းကို စူးစိုက်ကြည့်နေသည်။

"နဂါးသွေးကြောလား...ဒါက တော်တော်ထူးဆန်းသွားပြီ"

လူတိုင်းက တီးတိုးရေရွတ်နေပေ၏။

ဤသည်က ဝင်္ကပါတစ်ခုဖြစ်သည်။မည်သည်ကြောင့် နဂါးသွေးကြောက ရှိနေရသနည်း။

"လူအတစ်သိုက်ပဲ...သူတို့က ဒါကိုဝင်္ကပါတစ်ခုလို့တွေးနေကြတယ်ပေါ့...ဒါက ဒီကောင်လေးရဲ့နတ်ဘုရားစမ်းရေအိုင်ဆိုတာ သိသာထင်ရှားနေတာကို..."

ရထားလုံးအတွင်းမှ အကြီးအကဲလုရှင်း၏အေးစက်စက်ရေရွတ်နေသံ ထွက်ပေါ်နေခဲ့သည်။

မည်သို့ဖြစ်သွားသနည်း...နတ်ဘုရားစမ်းရေအိုင်ဟု ဆိုလိုက်သလော....

သာမာန်ကျင့်ကြံသူတစ်ယောက်၏နတ်ဘုရားစမ်းရေအိုင်သည် အခန်းတစ်ခန်းအရွယ်အစားထိသာ အများဆုံးကျယ်ဝန်းပေသည်။မည်သည့်နတ်ဘုရားစမ်းရေအိုင်က မြို့တစ်မြို့မျှအထိ ကျယ်ဝန်းနိုင်သနည်း။

"သူက ပါရမီရှင်တစ်ယောက်ပဲ...မင်းတို့လူငယ်မျိုးဆက်သစ်တွေ သူကိုဘာမှမလုပ်နိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး...လူအိုကြီးတစ်သိုက်တောင်မှ သူရဲ့အရူးလုပ်ခံနေရတာကိုး..."

လုရှင်းက ပြက်ရယ်ပြုပြောဆိုနေပေ၏။

နံဘေးဘက်မှနားထောင်နေသော လုကျော၏စိတ်နှလုံးသားအတွင်းတွင် တုန်ခါမှုလှိုင်းများ တလိမ့်လိမ့်တက်နေခဲ့သည်။ထိုကောင်လေးသည် ဝင်္ကပါတစ်ခုခင်းကျင်းထားခြင်းဟုသာ သူ တွေးထင်ထားသည်။ဤကဲ့သို့ပုံရိပ်ယောင်ကြီးသည် နတ်ဘုရားစမ်းရေအိုင်ဟု မည်သူက တွေးတောမည်နည်း။

"ပါရမီရှင်လား...ငါက ပါရမီရှင်တစ်ယောက်လေ...အဲ့ဒီကောင်လေး ဒီနေရာမှာ သေမှဖြစ်မယ်"

လုကျော၏မျက်လုံးများအတွင်းတွင် မနာလိုမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

Chapter 573

ဘုန်း...ဘုန်း...ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံများနှင့်အတူ ထိပ်သီးကျင့်ကြံသူများ၏လက်တွဲတိုက်ခိုက်မှုက လုယွီရှိနေရာနေရာသို့ ကျရောက်လာခဲ့သည်။

​သဲမှုန့်နှင့်ကျောက်စကျောက်န အများအပြား ပျံလွင့်နေသည့်အောက်တွင် လုံကျင်းမြို့အလယ်ဗဟိုရှိနန်းတော်ခန်းမသည် ချက်ချင်းပင်ပေါတ်ကွဲသွားပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားပေ၏။

"အဲ့ဒီကောင်လေး သေသွားပြီလား"

"ဒီလေါက်ထိပ်သီးကျင့်ကြံသူတွေအများကြီး စုပေါင်းတိုက်ခိုက်နေတာ...သူ အသက်ရှင်အုံးမယ်လို့ ငါတော့မထင်ဘူး"

လူအများက တိုင်ပင်ဆွေးနွေးနေကြပြီး သူတို့က လုယွီ သေဆုံးသွားပြီဟုသာ အခိုင်အမာယူဆထားကြသည်။

"ဘာလို့ အဲ့ဒီနေရာမှာ ဘာလှုပ်ရှားမှုမှမရှိတော့တာလဲ"

"တကယ်လို့ လူသေသွားပြီဆိုရင်...ဘာလို့ မြို့ရိုးတွေက ပျက်ပြယ်မသွားသေးတာလဲ"

ဤအချိန်တွင် ထိပ်သီးကျင့်ကြံသူများသည် တစ်စုံတစ်ခု လွဲချော်နေပြီဖြစ်ကြောင်းကို ခံစားနေမိသည်။

"ဟိတ်ဟန်များမနေစမ်းနဲ့...အကုန်လွင့်ပြယ်စမ်း"

ချန်းကလန်အကြီးအကဲက အေးစက်စက်နှာမှုတ်ပြီး ရုတ်တရက် သူ၏အင်္ကျီလက်ရှည်ကြီးကိုခါယမ်းလိုက်ရာတွင် လေပြင်းတစ်ချက်က ပတ်ဝန်းကျင်အနှံ့တိုက်ခတ်လာပြီး ဖုန်မှုန့်များအား နံဘေးဘက်သို့တွန်းပို့လိုက်၏။

ဖုန်မှုန့်များ ကင်းစင်သွားချိန်တွင် မူလမြင်ကွင်းကို ချက်ချင်းပင် ထုတ်ဖော်နိုင်ခဲ့သည်။

ပြိုလဲကျနေသောနန်းတော်ခန်းမနေရာတွင် အနက်ရောင်သံချပ်ကာစစ်သားတစ်စုက ပြန်လည်ထွက်ပေါ်လာပေ၏။

ဤတစ်ကြိမ်တွင်မူ အနက်ရောင်သံချပ်ကာစစ်သားတစ်ယောက်ချင်းစီ၏နဖူးပေါ်တွင် သင်္ကေတတစ်ခုစီရှိနေခဲ့သည်။

"ကမ္ဘာမြေသင်္ကေတနယ်ပယ်"

ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်သည် အလယ်ပိုင်းကုန်းမြေကဲ့သို့နေရာမျိုး၌ ရှားပါးမှုမရှိချေ။

သို့ရာတွင် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျင့်ကြံသူ အယောက် ထောင်သောင်းချီပြီး စုစည်းမိပါက သူတို့ကဲ့သို့ တာအိုဒုတိယဆင့်ကျင့်ကြံသူများပင် အင်အားအတော်စိုက်ထုတ်၍ တိုက်ခိုက်ရပေမည်။

"ငါတို့ သူတို့ကိုသတ်လိုက်တဲ့အကြိမ်တိုင်း...အနက်ရောင်သံချပ်ကာစစ်သားတွေက ပိုပိုပြီးအားကောင်းလာခဲ့တယ်"

"ဒီလိုဝင်္ကပါမျိုးရှိနေမယ်လို့ ငါ မယုံကြည်နိုင်ဘူး....တကယ်လို့ရှိနေရင်တောင်မှ ဒီဝင်္ကပါကြီးကို သူက ဘာတွေနဲ့ထောက်ပံထားတာလဲ"

ဒေလီယာဘုန်းကြီးက ချက်ချင်းပင် လုယွီ၏နောက်ရှိ သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများကို လက်ညှိုးညွှန်၍ ​အော်ဟစ်ပြောဆိုလေသည်။

"စီနီယာတို့...အဲ့ဒီကောင်လေးမှာ သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးတွေရှိနေတယ်...ကျွန်တော်တို့ သူကို ထွက်ပြေးခွင့်ပြုလို့မရဘူး"

ထိုအချိန်မှာပင် ခေါင်းတလားထံမှ အရောင်အသွေးစုံလင်သောစိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများပျံဝဲထွက်လာပြီး လုယွီ၏ထိန်းချုပ်မှုအောက်တွင် ၎င်းတို့ကလုံကျင်းမြို့၏ထောင့်တိုင်းသို့ ကျရောက်သွားခဲ့သည်။

ချန်းကလန်အကြီးအကဲ၏မျက်လုံးထောင့်များ တွန့်ကွေးသွားပေ၏။

"ဒီကောင်လေး......""ဘယ်လိုစိတ်နဲ့များ ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေကို သုံးပစ်နိုင်ရတာလဲ"

သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများအား စျေးကွက်အတွင်း၌ တွေ့ရှိရန်မလွယ်ကူချေ။ထိုကောင်လေးက ဤကဲ့သို့ရတနာပစ္စည်းမျိုးကို ဖြုန်းတီးနေပေသည်။

ဘုန်း...

ထိပ်သီးကျင့်ကြံသူတစ်ယောက်က သူ၏ရှေ့ရှိ အနက်ရောင်သံချပ်ကာစစ်သားများအား သတ်ဖြတ်ပစ်ခဲ့သည်။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သံချပ်ကာစစ်သားတစ်စုက မြို့အတွင်း၌ထပ်မံ၍ စုရုံးလာပြန်၏။

ဤတစ်ကြိမ်တွင်မူ ကောင်းကင်သင်္ကေတနယ်ပယ်စစ်သားများဖြစ်သည်။

ကောင်းကင်သင်္ကေတနယ်ပယ်စစ်သားများစွာ စုစည်းမိချိန်တွင် သဘာဝတရားကိုပင်အကျိုးသက်ရောက်သွားပုံရပြီး လေဟာနယ်ပင်တွန့်လိမ်ပြီးခြောက်သွေ့လာခဲ့သည်။

ဖြောက်....

ဤအချိန်မှာပင် လုယွီ၏နောက်ဆုံးအမွှေးတိုင် မီးငြိမ်းသွားသည်။လုယွီ၏မျက်လုံးများ ပွင့်လာပေ၏။အချိန်ကျရောက်လေပြီ။

တစ်ချိန်တည်းမှာပင် သက်ရှည်သစ်သီးပင်သည် အပြင်းအထန်တုန်ခါလာပြီးနောက် သစ်ကိုင်းများသည် သက်ရှည်သစ်သီးများ၏အလေးချိန်ကို တောင့်မခံနိုင်တော့ပုံဖြင့် ကွေးညွတ်စပြုလာသည်။

"ဒါက....."

တိုက်ခိုက်နေကြသော ထိပ်သီးကျင့်ကြံသူများအားလုံး သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။

သက်ရှည်သစ်သီး၏မွှေးရနံ့သည် ယခင်ထက်ဆယ်ဆမက မွှေးပျံလာခြင်းကို သူတို့အားလုံးက သတိပြုမိသွားသည်။

ဝှစ်.....

ခေါင်းဖြတ်ဓားက လုယွီ၏ခြေဖဝါးအောက်သို့ ချက်ချင်းပင်ရောက်ရှိလာပေ၏။လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝေဝေဝါးဝါးသာမြင်နိုင်ပြီး သူက သက်ရှည်သစ်သီးပင်ထံသို့ရောက်ရှိသွားတော့သည်။

လုယွီက သူ၏အပိုင်ဖြစ်သော သက်ရှည်သစ်သီးတစ်လုံးကို ချက်ချင်းပင်ခူးဆွတ်လိုက်သည်။

သက်ရှည်သစ်သီးအား ခူးဆွတ်ပြီးသည့် အချိန်တခဏမှာပင် ထိုအသီးရှိနေသည့် သစ်ကိုင်းသည်ညှိုးနွမ်းခြောက်သွေ့ပြီး အောက်သို့ပြုတ်ကျသွားတော့သည်။

"နတ်ဆိုးချိပ်ပိတ်သူ....မင်းရဲ့ကြင်နာတက်တဲ့လက်ဆောင်အတွက် ငါ ကျေးဇူးတင်ပါတယ်"

လုယွီ၏မျက်လုံးများ တောက်ပလာပြီးနောက် သက်ရှည်သစ်သီးအား ချက်ချင်းပင်ဝါးမြိုလိုက်၏။

"သူက သစ်သီးကိုစားလိုက်ပြီ"

"မြန်မြန်....မြန်မြန်လုပ်ကြ...မင်းတို့ခွန်အားအကုန်သုံးပြီး ဒီဝင်္ကပါကိုချိုးဖျက်ကြစမ်း"

"မကောင်းတော့ဘူး...အနက်ရောင်သံချပ်ကာစစ်သားတွေက အဝိုင်းသေးနယ်ပယ်ရောက်ကုန်ကြပြီ"

အဝိုင်းသေးနယ်ပယ်စစ်သားတစ်သောင်းသည် ထိပ်သီးကျင့်ကြံသူအမြောက်အများကို ဆန့်ကျင်၍တိုက်ခိုက်နိုင်ပေ၏။

ထိပ်သီးကျင့်ကြံသူများနှင့်စစ်သားများ တိုက်ခိုက်နေစဥ်တွင် လုံကျင်းမြို့တော်မှ အားကောင်းသောစွမ်းအင်လှိုင်းများ ထွက်ပေါ်နေလေသည်။​လုံကျင်းမြို့အတွင်းရှိ အိမ်များ အဆောက်အအုံများသည် ထိပ်သီးကျင့်ကြံသူများကြောင့် ပြိုလဲကျသွားသော်လည်း ချက်ချင်းပင် ပြန်လည်ထွက်ပေါ်လာပြန်၏။

"ရှိခိုးကောင်က ပုစဥ်းရင်ကွဲကို အမဲလိုက်နေချိန်မှာ...စာဝါဌက်လေးကတော့ နောက်ကချောင်းနေတယ်"***

ရထားလုံးအတွင်းမှ သာယာနာပျော်ဖွယ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ရူးသွပ်မိုက်မဲတဲ့ကောင်တွေ...သူက မင်းတို့နဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ်လို့ မင်းတို့ထင်နေကြတာလား"

"သက်ရှည်သစ်သီးက ရင့်မှည့်ခြင်းမရှိသေးခင်ကတည်းက...မင်းတို့ကောင်တွေက ခွဲဝေဖို့ပြောနေကြတာ...ဘယ်လောက်တောင် အဆင်အခြင်မဲ့လိုက်ကြလဲ...ဒါပေမယ့် ကိစ္စမရှိပါဘူး...နောက်ဆုံးတော့ ဒီသစ်သီးက ငါတို့လုမိသားစုလက်ထဲရောက်လာမှာပဲလေ...အလေအလွင့်ဖြစ်မှာမဟုတ်ဘူး"

ရထားလုံး၏လိုက်ကာ ရုတ်တရက်ပွင့်ထွက်လာပြီးနောက် လူရိပ်တစ်ရိပ်က ခုန်ထွက်လာခဲ့သည်။

***နည်းပါးသော အကျိုးအမြတ်ရရှိရန်အတွက် ပိုမိုကြီးမားသောအန္တရာယ်ကို လျစ်လျှူရှုထားခြင်း

Chapter 574

ရထားလုံးအတွင်းမှ အလွန်ရုပ်ရည်ခန့်ညားသော လူလတ်ပိုင်းကြီးတစ်ယောက် ဆင်းလာခဲ့သည်။ထိုလူသည် ရွှေရောင်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါ်၌မုတ်ဆိတ်မွှေးများရှိပြီး သူ့မျက်လုံးများက တောက်ပနေပေ၏။

အကယ်၍ သူသာလူငယ်တစ်ယောက်ဖြစ်ပါက မိန်းမပျိုများ၏အရူးအမူးစွဲလန်းခြင်းကို ခံရပေမည်။

သူသည် လုမိသားစု၏စည်းမျဥ်းခန်းမအကြီးအကဲ လုရှင်းဖြစ်ပေ၏။

"ဒီကောင်လေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်...ချီရှန်း...သူရဲ့နောက်ကြောင်းကို စုံစမ်းစမ်း...တကယ်လို့ သူမသေဘူးဆိုရင် ငါတို့လုမိသားစုဝင်တစ်ယောက်နဲ့လက်ထပ်ပေးပြီး မိသားစုထဲဝင်ဖို့အခွင့်အရေးကိုပေးမယ်"

လုရှင်းက ရယ်မောရင်း ပြောဆိုလိုက်၏။

"အကြီးအကဲ...သူသာ တကယ်လို့လက်ထပ်ပြီး လုမိသားစုထဲဝင်လာနိုင်ရင်...သူအတွက် ကံကောင်းမှုကြီးဖြစ်မှာပါ"

လုချီရှန်းက လေးလေးစားစား ပြန်လည်ပြောဆိုလေသည်။

"ကံဆိုးချင်တော့...ဒီပစ္စည်းက သူပိုင်ဆိုင်သင့်တဲ့အရာမဟုတ်ဘူး"

လုရှင်းက လေထုအတွင်းသို့ခုန်တက်ပြီးနောက်သက်ရှည်သစ်သီးပင်ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက်ကြည့်ရှုပါက လုရှင်းသည် တခြားသူများနှင့် မတူကွဲပြားသောနည်းလမ်းကို အသုံးပြုခြင်းအား တွေ့မြင်ရပေမည်။

တခြားထိပ်သီးကျင့်ကြံသူများအားလုံးသည် ရန်လိုစိတ်များပြင်းထန်နေသေည်လည်း လုရှင်းကမူ တည်ငြိမ်အေးဆေးနေပေသည်။

"လေ....လေပြင်းမုန်တိုင်း"

လုရှင်း၏ရှေ့၌ အနက်ရောင်သံချပ်ကာစစ်သားအုပ်စု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုစစ်သားများအားလုံး၏စွမ်းအားများသည် သူတို့၏အထွတ်အထိပ်အခြေအနေတွင်ရှိနေပေ၏။သူတို့က လှံရှည်များကိုကိုင်ဆောင်ပြီး လုရှင်းအား ချိန်ရွယ်ထိုးစိုက်လိုက်ကြသည်။

"ဟား ဟား ဟား...လူငယ်လေး...မင်းရဲ့နည်းစနစ်တွေက ဟိုလိုရူးသွပ်နေတဲ့ကောင်တွေကိုပဲ ရင်ဆိုင်လို့ရမယ်..ဒါပေမယ့် ငါကိုရင်ဆိုင်နိုင်ဖို့ကတော့လိုသေးတယ်"

လုရှင်း၏လက်မှ ရုတ်တရက် ပေတံတစ်ချောင်းထွက်ပေါ်လာခဲ့သည်။

ထိုပေတံထွက်ပေါ်လာသည်နှင့် အနက်ရောင်သံချပ်ကာစစ်သားများထံသို့ ပျံဝဲ၍ဝင်သွားပေ၏။ပေတံရိုက်ချက်သည် လျှင်မြန်ပြီးအားကောင်းကာ အနက်ရောင်သံချပ်ကာစစ်သားများ၏ခြေထောက်များကို ရိုက်နှက်သွားသဖြင့် သူတို့ကမတ်တတ်မရပ်နိုင်ကြတော့ချေ။

လုရှင်းက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှုပ်ရှားနေပြီး အချိန်တခဏအကြာမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"ကောင်လေး...မင်းရဲ့လက်ထဲက သက်ရှည်သစ်သီးတွေ ငါ့ကိုပေးစမ်း...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

လုရှင်းက ရယ်မောရင်းပြောဆိုလေသည်။

လုယွီ၏အကြည့်က အေးစက်တင်းမာနေပြီး လုရှင်း၏စကားများကို မကြားသကဲ့သို့ပင်။သူက သစ်ပင်မှ သက်ရှည်သစ်သီးများကိုခူးဆွတ်ပြီး သူ၏သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းနေသည်။

"တကယ်လို့ ခင်ဗျားလိုချင်တယ်ဆိုရင်...ခင်ဗျားရဲ့အရည်အချင်းရှိရင်ယူနိုင်တယ်"

လုယွီက သိုလှောင်အိတ်ကိုမြှောက်ပြီး အေးစက်စက်ပြောဆိုလိုက်၏။

လုရှင်း၏နှုတ်ခမ်းထောင့်တွန့်ကွေးသွားပြီး ကောက်ကျစ်သောအပြုံးမျိူး ထွက်ပေါ်လာခဲ့သည်။

"ဒါဆို မင်းပြောချင်တာ....မင်းက ချီးမြှင့်တာကိုငြင်းပယ်ပြီး ပြစ်ဒဏ်ကိုပဲအတင်းအကျပ်တောင်းဆိုချင်တာပေါ့"

ဘုန်း..

လုယွီ၏နံဘေးမှနေ၍ ကြေးနီရောင်အမြှောက်များ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုအမြှောက်များသည် လုရှင်းထံသို့ဦးတည်ပြီး ချိန်ရွယ်ပစ်ခတ်လေ၏။

ဝုန်း...ဝုန်း...ဝုန်း...

ပြင်းထန်သောပေါတ်ကွဲသံများက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာလေရာ လူတိုင်း၏စိတ်နှလုံးသားအား တုန်လှုပ်ချောက်ချားစေသည်။

သို့ရာတွင် တုန်ခါနေသောအသံများ ရပ်တန့်သွားပြီး အမြှောက်ဆန်ကျဆင်းမှုရပ်တန့်သွားချိန်တွင်မူ မီးခိုးငွေ့များအကြားမှ ရွှေရောင်အလင်းတန်းတစ်တန်းက ထွက်ပေါ်လာပေ၏။

မီးခိုးငွေ့များအကြားမှ ကျားဟိန်းသံတစ်သံထွက်ပေါ်ပြီးချိန် ချက်ချင်းပင် မီးခိုးငွေ့များလွင့်ပြယ်သွားတော့သည်။

ဝှီး....

လေပြင်းတစ်ချက်ဝှေ့လာပြီးနောက် မီးခိုးငွေ့နှင့်ဖုန်မှုန့်များ အပြည့်အဝကင်းစင်သွားပေ၏။

မြင်ကွင်း ကြည်လင်ပြတ်သားလာချိန်တွင် လုရှင်း၏လက်ထဲ၌ ရွှေရောင်အဆောင်တစ်ခုကိုင်ဆောင်ထားခြင်းကို လူအများက တွေ့မြင်မိကြသည်။၎င်းအဆောင်ပေါ်၌ ကျားတစ်ကောင်ပုံစံကို အနုစိတ်ထွင်းထုထားပေသည်။

"အလေးအမြတ်ကျားသင်္ကေတအဆောင်...ဒါက လုမိသားစုရဲ့အဖိုးတန်ရတနာတစ်ခုလေ...လုရှင်းရဲ့လက်ထဲရောက်နေမယ်လို့ ငါ ထင်မထားမိဘူး"

"သက်ရှည်သစ်သီးကိုရဖို့အတွက် ဒီလိုရတနာမျိူးကိုသုံးတာ တန်ရောတန်ရဲ့လား"

လုံကျင်းမြို့ပုံရိပ်ယောင်အတွင်း၌ ပိတ်မိနေကြသော ထိပ်သီးကျင့်ကြံသူများသည် အလွန်အမင်းစိုးရိမ်ပူပန်နေကြ၏။ဤတစ်ကြိမ် သူတို့ရင်ဆိုင်နေရသော အနက်ရောင်သံချပ်ကာစစ်သားများသည် သဘာဝလွန်စွမ်းအင်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်သည်။

သူတို့က ထိပ်သီးကျင့်ကြံသူများဖြစ်သော်လည်း ဤမျှထိများပြားသော အနက်ရောင်သံချပ်ကာစစ်သားများနှင့် ရင်ဆိုင်ရချိန်တွင် စိတ်လှုပ်ရှားမှုများကို ခံစားနေရသည်။

"အားလုံးပဲ...အလျှော့မပေးကြနဲ့...ဒီစစ်သားတွေအကုန်လုံးကို သတ်ပစ်ကြ...လုမိသားစုကို ဒီရတနာတွေ အပိုင်စီးခွင့်မပြုနဲ့"

တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။

ထိုစကားသံကိုကြားချိန်တွင် တခြားသူများက သူတို့၏မှော်လက်နက်များကိုထုတ်ယူပြီး လုံကျင်းမြို့၏ထောင့်နေရာများအား ပစ်ပေါတ်ကြတော့သည်။

ထိပ်သီးကျင့်ကြံသူအမြောက်အများ၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် လုံကျင်းမြို့ပုံရိပ်ယောင်၌ အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး လူအများက ပြေးထွက်လာကြ၏။

လုယွီနှင့် မလှမ်းမကမ်းအကွာအဝေးသို့ ရောက်ရှိသွားသော ဒေလီယာဘုန်းကြီးနှင့်တခြားသူများက ပြက်ရယ်ပြုပြောဆိုနေပေသည်။

"ဒီနတ်ဆိုးဝင်္ကပါမရှိဘဲနဲ့...မင်း အသက်ရှင်နိုင်အုံးမှာလား"

လုရှင်းက သူ၏ခေါင်းကိုခါယမ်းပြီး လုယွီအား ပြောဆိုလိုက်၏။

"မင်းက ငါမြင်ဖူးသမျှ ပါရမီရှင်လူငယ်တွေထဲမှာ အတော်ဆုံးလူတစ်ယောက်ဆိုတာတော့ ငါ ဝန်ခံတယ်...မင်းက အမြင့်ကိုပျံသန်းနိုင်မယ့် လူတစ်ယောက်ပါ....စိတ်ပျက်ဖို့ကောင်းတာတစ်ခုက သစ်ပင်ငယ်တစ်ပင်က လေပြင်းကြောင့် ပြိုလဲတက်တယ်...အားကောင်းတဲ့ထောက်ပံမှုမရှိဘဲနဲ့ မင်းရဲ့နောက်ဆုံးရလဒ်က သေခြင်းပဲဖြစ်လိမ့်မယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလေသည်။

"ကျုပ်မှာ ဘာကျောထောက်နောက်ခံမှ မရှိဘူးလို့ ခင်ဗျားပြောတယ်နော်...ခင်ဗျားက ​မြေပြင်ပေါ်မှာထိုင်ပြီး မိုးကောင်းကင်ကိုမော့ကြည့်နေတဲ့ပုရွတ်ဆိတ်တစ်ကောင်လည်း မဖြစ်နိုင်ဘူးလား"

လုရှင်းက အေးစက်စက်ပြုံးနေပြီး သူက ရယ်မောရန်အတွက် ပါးစပ်ဟမည်အပြုတွင် ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။

"တကယ်လို့ ခင်ဗျားနေရာမှာ ကျုပ်သာဆိုရင်...ချက်ချင်း နောက်လှည့်ပြီး ပြေးထွက်သွားပြီ...ဒီနေရာကို ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး"

လုယွီက တီးတိုးပြောဆိုလိုက်၏။

ခန်းမ၏နက်ရှိုင်းသောနေရာမှ လမ်းတလျှောက် ညင်သာစွာလျှောက်လှမ်းလာသော ခြေသံတစ်သံထွက်ပေါ်လာခဲ့သည်။

Chapter 575

ဤအချိန်တခဏတွင် ခန်းမအတွင်းရှိလူများအားလုံး ခြေလှမ်းသံကို ကြားနေရသည်။

ဒေါက်...ဒေါက်...ဒေါက်...

ခြေတစ်လှမ်းလှမ်းတိုင်း လူများ၏နှလုံးသားများပေါ်သို့ ဖြတ်နင်းလျှောက်သွားသကဲ့သို့ သူတို့အား တုန်ရီမှုကို ခံစားမိစေသည်။

ခန်းမ၏ရှေ့သို့ ခြေသံပိုင်ရှင်ရောက်ရှိလာချိန်တွင် ထိုလူ၏အဝတ်အစားများသည် စုတ်ပြတ်သတ်နေပြီး သူ၏ပုံပန်းသွင်ပြင်ကလည်း ပိန်လှီနေပေ၏။သူကိုကြည့်ရသည်မှာ လွန်စွာအားနည်းနေသကဲ့သို့ပင်။

ဒေလီယာဘုန်းကြီးသည် သူ၏စီနီယာဦးလေးအောင်မြင်မှုမရှိသည်ကို မြင်ချိန်ကတည်းက အလွန်အမင်း စိတ်လှုပ်ရှားနေပြီးဖြစ်သည်။သူက ခန်းမအတွင်းသို့ ဝင်လာသောသူကိုမြင်ချိန်တွင် ဒေါသတကြီးဖြစ်သွားခဲ့သည်။

"ဒီနံဟောင်နေတဲ့ သူတောင်းစားက ဘယ်နေရာကရောက်လာတာလဲ...ဒီနေရာက မင်း ဝင်လာလို့ရတဲ့နေရာမျိုးမဟုတ်ဘူး...ဒီနေရာက ထွက်သွားစမ်း"

ဒေလီယာဘုန်းကြီး၏လက်ဝါး လှုပ်ရှားသွားပြီးနောက် ဧရာမရွှေရောင်လက်ကြီးက ထိုလူအား အပြင်းအထန်ရိုက်ချလိုက်၏။

ဒေလီယာဘုန်းကြီး၏စွမ်းအားသည် လူငယ်မျိုးဆက်သစ်များကြားတွင် ထိပ်တန်းအဆင့်၌ရှိနေသည်။ သူ၏မှော်စွမ်းအားက သူရှေ့ရှိလူအား ချက်ချင်းပင်ဖျက်ဆီးပစ်နိုင်မည်ဟု သူ အခိုင်အမာယုံကြည်ထားပေသည်။

"ငါ့အရှင်သခင်ရဲ့ ဂူသင်္ချိုင်းရှေ့မှာ မင်းတို့ကို ထကြွသောင်းကျန်းခွင့် ဘယ်သူကပြုထားလို့လဲ"

လူကြီး၏မျက်လုံးများက အေးစက်တင်းမာနေပြီး ရုတ်တရက် သူက ဒေါသတကြီးအော်ဟစ်လိုက်၏။

"မင်းတို့က သေလမ်းရှာနေကြတာပဲ"

ဘုန်း....

ထိုလူကြီးထံမှ နောက်ဆုံးပြောသွားသောစကားသံက မိုးခြိမ်းသံတမျှကျယ်လောင်ပေသည်။သူ၏အသံကြောင့် အနီးပတ်ဝန်းကျင်ရှိလေထုပင် တုန်ခါသွားခဲ့သည်။

ဒေလီယာဘုန်းကြီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက နောက်ဆုတ်ရန်ကြိုးပမ်းသော်လည်း နောက်ကျသွားလေပြီ။

လူကြီး၏ခြေလှမ်း ရှေ့တိုးလာပြီး ဒေလီယာဘုန်းကြီးအား မျက်နှာချင်းဆိုင်လိုက်၏။သူထံမှ လက်ဝါးရိုက်ချက်ထွက်ပေါ်လာခြင်းနှင့်အတူ ဒေလီယာဘုန်းကြီးအား အပိုင်းပိုင်းအစစဖြစ်သွားသည်အထိ ရိုက်ချခဲ့သည်။

ဒေလီယာဘုန်းကြီး၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအသွင်ပြောင်းသွားပြီး လေထုအတွင်း၌ပင် လွင့်ပြယ်သွားပေ၏။

မည်သို့ပင်ဆိုစေကာမူ ဒေလီယာဘုန်းကြီးသည် ဓမ္မရုပ်ထုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။

မည်သည်ကြောင့် သူအား လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသနည်း။

"သူက ဘယ်သူလဲ...သူကိုငါ ကြည့်လိုက်မိချိန်တုန်းက...ငါကိုယ်ငါ မပိုင်တော့သလို ခံစားမိတယ်"

"ဘယ်မိသားစုက အစွမ်းထက်ထိပ်သီးကျင့်ကြံသူများ ရောက်လာပါလိမ့်"

တခြားသူများက လူကြီး၏သရုပ်မှန်ကို တီးတိုးပြောဆိုဆွေးနွေးနေကြပြီး အလျှင်အမြန်ပင် သူအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

လူကြီးက သူရှေ့ရှိလူများကိုကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။

"ငါ မင်းတို့ကို အသက်ရှုချိန်သုံးကြိမ်စာ အချိန်ပေးမယ်...မင်းတို့အားလုံး ဒီခန်းမထဲကထွက်သွားကြ...မဟုတ်ရင် မင်းတို့ အမေးအမြန်းမရှိဘဲ သေရမယ်"

ယခုလက်ရှိနေရာ၌ရှိနေသော မည်သည့်ထိပ်သီးကျင့်ကြံသူမျှ မလှုပ်ရှားဝံ့ကြချေ။ဤလူထွက်ပေါ်လာခြင်းသည် ရုတ်တရက်ဆန်လွန်းပေ၏။

"မင်း နည်းနည်းတော့ အနိုင်ကျင့်ရာမကျဘူးလား...ဒီလိုရတနာမျိုးက လောကကြီးတစ်ခွင်လုံးမှာရှိတဲ့ လူအားလုံး လိုချင်နေကြတာမျိုးလေ...ငါတို့ ဒီရတနာအတွက် တိုက်ခိုက်နေတာ အချိန်အတော်ကြာနေပြီ...ဒီလေါက်အကြာကြီးတိုက်ခိုက်ပြီးမှ မင်းလိုချင်တိုင်း ငါတို့ကပေးရမှာတော့ မတရားဘူးလေ...ဟုတ်တယ်မလား"

လေးပင်လယ်ဂိုဏ်းအကြီးအကဲက ပြောဆိုလေသည်။

ချန်းမိသားစုအကြီးအကဲကလည်း ထိုလူကြီးအား စူးစူးဝါးဝါးစိုက်ကြည့်နေပေ၏။

"မင်း အစောပိုင်းကသုံးသွားတဲ့ မှော်နည်းစနစ်ကို...ဒီအဖိုးကြီးက ထွင်းဖောတ်မမြင်နိုင်ဘူး...မင်း ဘယ်မိသားစုကလာတာလဲဆိုတာ ငါ သိခွင့်ရှိမလား"

လူကြီးက တိတ်တဆိတ်ရေတွက်နေပြီး သူတို့အား တုံပြန်စကားဆိုခြင်းမရှိချေ။သူ၏လက်မှ ရုတ်တရက် ကြီးမားသောတံစဥ်ကြီးတစ်ခုထွက်ပေါ်လာသည်။ထိုတံစဥ်ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေထုအတွင်းတွင် ပြင်းထန်သောသွေးညှီနံများက မျောလွင့်လာပေ၏။

မြောက်များစွာသော သရဲတစ္ဆေများ မြည်တမ်းနေသံများထွက်ပေါ်လာသည့် အချိန်တခဏမှာပင် ခန်းမတစ်ခုလုံးသည် အသူရာခန်းမ(ငရဲခန်းမ)အဖြစ်ပြောင်းလဲသွားခဲ့သည်။

"ဒီတံစဥ်နဲ့ လူတွေဘယ်လောက်တောင် သတ်ပြီးပြီလဲမသိဘူး"

"သူက မိစ္ဆာကောင်ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်"

လူများက အချင်းချင်းကြည့်ပြီး တစ်ယောက်၏မျက်လုံးအတွင်းမှ သတိပေးဟန့်တားနေမှုများကို တစ်ယောက်က တွေ့မြင်နေရ၏။

"ဟိုကောင်လေးကို စောင့်ကြည့်ထားအုံး...သူကိုထွက်မပြေးစေနဲ့...သက်ရှည်သစ်သီးတွေကို အရင်ဆုံးယူနိုင်ဖို့က ပိုပြီးအရေးကြီးတယ်"

ထိပ်သီးကျင့်ကြံသူများအချင်းချင်း တီးတိုးပြောဆိုနေကြပြီးနောက် အချိန်တခဏအကြာမှာပင် သူတို့ကစတင်တိုက်ခိုက်ခဲ့ကြသည်။

"ထာဝရကောင်းကင်ဘုံလက်သီး..."

"နေဖမ်းကောင်းကင်နဂါး...."

မှော်မန္တန်တစ်ခုပြီးတစ်ခုက လူကြီးပေါ်သို့ ကျရောက်လာခဲ့သည်။

ဤသို့အစွမ်းထက်သည့် မှော်စွမ်းအင်များ လွှမ်းခြုံမှုအောက်တွင် လုယွီ၏လုံကျင်းမြို့ပုံရိပ်ယောင်သည် စွမ်းအားပြည့်ထုတ်မပေးနိုင်တော့ချေ။

မြောက်များစွာသောမှော်မန္တန်များ ပေါင်းစည်းသွားသည့် အချိန်တခဏတွင် အရာရာတိုင်းအား ဆုတ်ဖြဲပစ်နိုင်ပုံရသော စွမ်းအားလှိုင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

"အရှင်သခင်ရဲ့ဂူသင်္ချိုင်းရှေ့မှာ ဆူဆူပူပူလုပ်ဝံ့တဲ့ကောင်တွေ...သေစမ်း"

လူကြီးက တံစဥ်ကိုမြှောက်ပြီး အပြင်းအထန်ဝှေ့ယမ်းလိုက်၏။

ဝုန်း....

ကြည်လင်နေသောမိုးကောင်းကင်မှ မိုးကြိုးလုံးများကျဆင်းလာသကဲ့သို့ လူများသည် အနီရောင်အလင်းတန်း ဖြတ်သန်းသွားခြင်းကိုသာ တွေ့မြင်မိပြီး ရှေ့ဆုံးမှပြေးဝင်သွားသူများ၏ခန္ဓာကိုယ်များ နှစ်ခြမ်းကွဲသွားတော့သည်။

လေးပင်လယ်ဂိုဏ်းအကြီးအကဲသည် ချန်းကလန်အကြီးအကဲသေဆုံးသွားချိန်တွင် နောက်သို့အလျှင်အမြန်ဆုတ်လိုက်သဖြင့် လွတ်မြောက်သွားလေ၏။

"ဟန်လျန့်....ခင်ဗျား နောက်ကျတယ်"

ဤအချိန်တခဏမှာပင် လုယွီထံမှစကားသံ ထွက်ပေါ်လာခဲ့သည်။

All Chapters