အခန်း (၅၇၆-၅၈၀)
Vol. 32 Ch. 576-580
Chapter 576
ရုတ်တရက်ထွက်ပေါ်လာသော ထိပ်သီးကျင့်ကြံသူသည် ဟန်လျန့်ဖြစ်ပေ၏။သူသည် မူလက မြေအောက်တွင်နေထိုင်ပြီး ရှေးဟောင်းနတ်ဆိုးအား ချိပ်ပိတ်နေခဲ့သည်။ယခုချိန်တွင်မူ ရှေးဟောင်းနတ်ဆိုးသည် လုယွီ၏စိတ်ဝိညာဥ်အရှိန်အဝါကြောင့် ထိတ်လန့်ကြောက်ရွံသွားလေသည်။ဟန်လျန့်က အချိန်အနည်းငယ်ယူပြီး သူ၏နဂိုခွန်အားပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သည်။
ဟန်လျန့်၏ဘဝတလျှောက်လုံး နတ်ဆိုးချိပ်ပိတ်သူနောက်သို့ လိုက်ခဲ့လေ၏။သူရှေ့ရှိလူများသည် နတ်ဆိုးချိပ်ပိတ်သူ၏ခေါင်းတလားရှေ့တွင် ဆူညံစွာတိုက်ခိုက်နေဝံ့သည်။ဤသည်က ဟန်လျန့် သည်းမခံနိုင်ဆုံးသောကိစ္စပင်။
"ဒီအေါ်ရာက...ကျစ်ကျွင်းနယ်ပယ်ကျင့်ကြံသူ.."
လေးပင်လယ်ဂိုဏ်းအကြီးအကဲက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိပြီး စူးရှရှအော်ဟစ်လိုက်၏။
"သွားကြစို့"
ဟွေ့ကြွယ်နှင့်ဟွေ့ကျင့်က တုံဆိုင်းခြင်းမရှိဘဲ မှော်လက်နက်များကိုဆင့်ခေါ်ပြီး ပြင်ပသို့ပျံဝဲထွက်သွားကြသည်။
တစ်ခြားထိပ်သီးကျင့်ကြံသူများ၏မျက်နှာအမူအယာများလည်း အကြီူအကျယ် ပျက်ယွင်းကုန်ကြ၏။
သက်ရှည်သစ်သီးသည် ရတနာတစ်ပါးဖြစ်သော်လည်း အသက်ရှင်ရေးထက် မည်သည်မျှအရေးမပါချေ။
လုရှင်းက အံကြိတ်ပြီး ပြောဆိုလိုက်၏။
"မင်းမှာ ဒီလိုကူညီမယ့်လူမျိုးရှိမယ်လို့ ငါ ထင်မထားမိဘူး...မင်းအသက်ငယ်ငယ်လေးနဲ့ ဒီလေါက်ထိအစွမ်းထက်နေတာ နာမည်မရှိတဲ့လူတော့ မဖြစ်နိုင်ဘူး...မင်းရဲ့နာမည်ကို ငါကိုပြောပြဝံ့လား"
လုယွီက တည်ငြိမ်စွာဖြင့် လုရှင်းအား ကြည့်နေခဲ့သည်။
"ခင်ဗျား မသွားသေးဘူးဆိုရင်...ဒီနေရာမှာပဲ တသက်လုံးနေရလိမ့်မယ်"
လုရှင်း၏မျက်နှာသည် မှိုင်းညို့နေပြီး ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"အရမ်းကောင်းတယ်...ငါတို့လုမိသားစုကို စိန်ခေါ်ဝံ့တဲ့သူတစ်ယောက်ကို ငါ ပတမဆုံးအကြိမ်တွေ့ရတာပဲ"
လုရှင်းက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်နေပေ၏။
"လူတစ်ယောက်က သက်ရှည်သစ်သီးလိုကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ပစ္စည်းမျိုးကို တစ်ကြိမ်ပဲအများဆုံးသုံးစွဲနိုင်တယ်...မင်းကအရမ်းငယ်သေးတော့ ငါတို့လုမိသားစုရဲ့အင်အားကို သိအုံးမှာမဟုတ်ဘူး...ငါတို့ ထပ်တွေ့ကြသေးတာပေါ့"
လုယွီက ပြောလိုက်၏။
"ဘာမှစိုးရိမ်မနေပါနဲ့...အနာဂတ်မှာ ကျုပ်တို့ပြန်တွေ့ရဦးမှာပါ"
ဖြစ်စဥ်အစမှအဆုံးထိ လုယွီသည် သူ၏နာမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုချေ။
ရှေးဦးစွာ လုကျော၏စကားများမှတဆင့် ဤအချိန်တွင် လုမိသားစုသည် နှစ်ခြမ်းကွဲနေခြင်းကို လုယွီက သိရှိခဲ့ရ၏။ယခုလက်ရှိနေရာ၌ရှိနေသော လုမိသားစုဝင်များသည် လင်ရှောင်းမိသားစုခွဲမှဖြစ်၍ လုယွီသွားမည့်ပင်မလုမိသားစုမဟုတ်ပေ။
လုမိသားစု၏တိုက်ရိုက်မျိုးဆက်အဖြစ် လုယွီသည် လင်ရှောင်းလုမိသားစုဝင်များအား အနှေးနှင့်အမြန်ဆုံတွေ့ရပေမည်။
ဟန်လျန့်ကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ရှေ့တွင် တခြားသူများသည် မနေဝံ့ကြတော့သဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားလေ၏။
ကလန်အသီးသီးမှအကြီးအကဲများသာမက လူငယ်မျိုးဆက်သစ်များပင် ခြေလှမ်းတစ်ဝက်မျှ နောက်ကျကျန်မနေဝံ့ကြချေ။
ကျစ်ကျွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ခုခံတိုက်ခိုက်ရန် သတ္တိမရှိပေ။
"အကြီးအကဲချီရှန်း...ကျွန်တော်တို့က ဒီလိုမျိုးထွက်သွားရတော့မှာလား"
လုကျောက လုချီရှန်းအား တီးတိုးပြောဆိုလိုက်၏။
လုချီရှန်းက လုကျောအား တစ်ချက်ကြည့်ပြီး အေးစက်စက်လေသံဖြင့်ပြောဆိုလေသည်။
"ဘာလဲ..မင်းက သူတော်စင်နယ်ပယ်ကျင့်ကြံသူ(ကျစ်ကျွင်းနယ်ပယ်)နဲ့တိုက်ခိုက်ချင်တာလား"
"မလုပ်ဝံ့ပါဘူး"
လုကျောက သူ၏ခေါင်းကိုငုံထားလေ၏။သူ၏မျက်လုံးများအတွင်းတွင် နာကျည်းမုန်းတီးမှုနှင့်မနာလိုမှုအရိပ်အယောင်များ ထင်ဟပ်နေပေသည်။
ဤကိစ္စများအားလုံးက လုယွီကြောင့် ဖြစ်ပျက်ခဲ့ရပေ၏။အကယ်၍ လုယွီသာ မရှိခဲ့လျှင် သူသည် မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ကို ရယူနိုင်ရုံသာမက သက်ရှည်သစ်သီးကိုပင် ရနိုင်ပေသည်။သက်ရှည်သစ်သီးကိုသာ မိသားစုထံ သူ ယူဆောင်သွားနိုင်ပါက ကြီးမားသောစွမ်းဆောင်မှုကြီးအဖြစ် သူကိုယ်တိုင်စားသည်ထက်ပင် ပို၍ကောင်းသောဆုလဒ်မျါး ရရှိနိုင်ပေမည်။
"ချီရှန်း..ဒီကိုလာအုံး"
ရထားလုံးအတွင်းမှ လုရှင်း၏အသံ ထွက်ပေါ်လာခဲ့သည်။
လုချီရှန်းက ရထားလုံးထံသို့ အလျှင်အမြန်လာရောက်ပြီး လေးလေးစားစားပြောဆိုလေ၏။
"လုရှင်းအကြီးအကဲ...ဘာများလိုအပ်လို့ပါလိမ့်"
လုရှင်းက ပြောဆိုလိုက်သည်။
"ဟိုလူငယ်လေးရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ မင်း လူတစ်ယောက်လောတ်လွှက်ထားလိုက်...တကယ်လို့ မင်း သူနဲ့တွေ့ရင် ရိုင်းရိုင်းပျပျမဆက်ဆံနဲ့...ငါတို့လုမိသားစုထဲကိုဝင်ဖို့ သူကို မင်း ဖျောင်းဖျရမယ်"
လုချီရှန်းက အံ့အားသင့်သွားပေ၏။
"အကြီးအကဲ...သူက သက်ရှည်သစ်သီးတွေကိုယူသွားတာလေ...ကျွန်တော်တို့က သူကို လုမိသားစုထဲ တကယ်ထည့်သွင်းရမှာလား"
"မိုက်မဲလိုက်တာ"
လုရှင်းက ရုတ်တရက် အော်ငေါက်လိုက်သည်။
"ငါ မင်းကို မေးမယ်..နှစ်တစ်ရာသက်တမ်းတိုးဖို့ကပိုအရေးကြီးလား...ငါတို့မိသားစုအောင်မြင်ဖို့က ပိုအရေးကြီးလား"
"အမှန်တကယ်တော့...မိသားစုက ပိုအရေးကြီးတာပါ"
လုချီရှန်းက ပြောဆိုလေသည်။
"လုဝူယာရဲ့ကျင့်ကြံဆင့်နယ်ပယ်က ပိုပြီးမြင့်မားတဲ့အဆင့်ကို ရောက်တော့မှာ...တစ်နှစ်အကြာ ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာတဲ့အခါကျရင် သူက ကောင်းကင်ဘုံနယ်မြေကိုဝင်ပြီး ငါတို့မိသားစုအတွက် လမ်းကြောင်းဖောတ်ပေးနိုင်မှာသေချာတယ်"
"ဒါပေမယ့် ငါတို့မိသားစုမှာ လုဝူယာမရှိရင် ကျန်တဲ့မျိုးဆက်သစ်လူငယ်တွေထဲမှာ အသုံးဝင်တဲ့လူငယ်ရှိမယ်လို့ မင်းထင်လား"
လုချီရှန်းက တုံဆိုင်းနေပြီးနောက် သူ၏ခေါင်းကိုခါယမ်းလိုက်၏။
"ငါတို့လုမိသားစုခွဲတွေမှာ အရွယ်ရောက်ပြီးသား မိန်းမပျိုတွေအများကြီးရှိတယ်...တကယ်လို့ မင်း သူကိုရှာတွေ့ရင် သူကိုလက်ထပ်ထိမ်းမြှားပြီး လုမိသားစုဝင်အဖြစ်ဝင်ရောက်ဖို့ မင်း ပြောပြရမယ်...သူယူသွားတဲ့ သက်ရှည်သစ်သီးတွေအတွက်ကတော့...သူ လုမိသားစုကို ပေးအပ်မယ်ဆိုရင် ငါ ဆုကြီးကြီးချီးမြှင့်မယ်...တကယ်လို့ သူကိုယ်တိုင်အတွက် အသုံးပြုဖို့ရည်ရွယ်ထားတာဆိုရင်လည်း...ပြီးခဲ့တာတွေ ပြီးပါစေတော့"
Chapter 577
လုချီရှန်းက လေအေးတစ်ချက်ရှိုက်သွင်းလိုက်၏။
"အကြီးအကဲ...ကျွန်တော်တို့ တောင်တန်းကထွက်ခွါပြီးတာနဲ့ နဂါးအကျဥ်းထောင်တောင်တန်းရဲ့ထွက်ပေါက်တွေအားလုံးကို လူလွှက်ပြီးစောင့်ကြည့်ခိုင်းထားမယ်...သူထွက်လာတာနဲ့ ကျွန်တော်တို့နောက်ကလိုက်သွားပြီး စုံစမ်းစစ်ဆေးလို့ရတယ်"
လုချီရှန်းနှင့်လုရှင်းတို့က သူတို့၏တိုင်ပင်ဆွေးနွေးနေသံများအား သူတို့၏နံဘေးပတ်ဝန်းကျင်ရှိလူများမကြားစေရန် ကာကွယ်တားဆီးထားခြင်းမရှိချေ။
လုကျောကမူ သူ၏သွေးထွက်နေဆဲဖြစ်သော လက်မောင်းရင်းကို ဆုပ်ကိုင်ထားလေ၏။
"လုဝူယာက လုမိသားစုရဲ့ ကောင်းကင်ဘုံချီးမြှောက်ခံနံပါတ်တစ်ဆိုရင်တောင်...ငါဆိုတဲ့လုကျောက ညံဖျင်းတဲ့သူမဟုတ်ဘူး...ငါ ဆယ်နှစ်အရွယ်ကတည်းက လုံချီနယ်ပယ်ကိုရောက်နေပြီ..ခင်ဗျားတို့က လုဝူယာကလွဲပြီး လုမိသားစုဝင်လူငယ်တွေ အသုံးမကျဘူးဆိုတဲ့စကားကိုပြောတာ တော်တော်ဆိုးရွားလွန်းတယ်"
လုကျော၏မျက်လုံးများအတွင်း၌ အမုန်းတရားအရိပ်အယောင်များ ထင်ဟပ်လာပေသည်။
သူ၏ထူးချွန်မှုကြောင့် သူသည်အမြဲတစေ ဂုဏ်ယူဝင့်ကြွားတက်သူတစ်ယောက်ဖြစ်သည်။ဤသို့ပြောဆိုခံရခြင်းကို သူ မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။
"ဟိုကောင်လေးက ခုမှ သဘာဝလွန်စွမ်းအင်နယ်ပယ်ပဲရှိသေးတာ...တကယ်လို့ သူ လုမိသားစုထဲကိုသာဝင်လာခဲ့ရင်...သူကိုယ်သူ ရေတွင်းအောက်ခြေကဖားသူငယ်တစ်ကောင်ဆိုတာ တွေ့ရလိမ့်မယ်"
လုကျောက သူ၏မုန်းတီးမှုများကို ဖုံးကွယ်ထားသော်လည်း သူ၏နှလုံးသားကမူ ကဆုန်စိုင်းခုန်ပေါတ်နေခဲ့သည်။
……
ခန်းမအတွင်း၌....
လုယွီသည် သူ၏သိုလှောင်အိတ်အတွင်းမှ သက်ရှည်သစ်သီးတစ်လုံးကိုထုတ်ယူပြီး ဟန်လျန့်ထံသို့ လက်ကမ်းပေးလိုက်၏။
"ဒါက ခင်ဗျားရဲ့အရှင်သခင် ခင်ဗျားကိုပေးခဲ့တဲ့ သက်ရှည်သစ်သီးပဲ...ယူလိုက်"
ဟန်လျန့်က ယူဆောင်ခြင်းမရှိဘဲ ပြောဆိုလေသည်။
"ဒီသစ်သီးက ငါ့အရှင်သခင် ဒုက္ခဆင်းရဲခံပြီးမှ ရလာတဲ့ဟာ...ငါ လက်မခံနိုင်ဘူး"
"ယူလိုက်...ခင်ဗျားရဲ့အရှင်သခင် ခင်ဗျားကိုပေးခဲ့တာကို ကျုပ် ယူမှာမဟုတ်ဘူး...ကျန်နေတဲ့သစ်သီးငါးလုံးအတွက်ကတော့...နတ်ဆိုးချိပ်ပိတ်သူက ထွက်ခွါမသွားမီ လူငါးယောက်ကိုရှာဖို့ ပြောသွားတယ်...ဒါပေမယ့် သူတို့ ဘယ်နေရာမှာရှိတာလဲဆိုတာ ကျုပ်မသိဘူး...ခင်ဗျားရောသိလား"
လုယွီက မေးမြန်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သက်ရှည်သစ်သီး၏မျက်နှာပြင်ပေါ်၌ ရွှေရောင်အလင်းလွှာတစ်လွှာက ဖုံးအုပ်ထားပြီး ၎င်းအထက်တွင် နာမည်တစ်ခုက ထွက်ပေါ်နေပေသည်။
ဟန်လျန့်က ခေါင်းညိတ်ပြပြီးနောက် သူ၏အင်္ကျီလက်မောင်းကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူပြီး လုယွီထံ လက်ကမ်းပေးလိုက်၏။
"ဒါက ဒီလူငါးယောက်ရဲ့သွေးမျိုးဆက်ကိုပြတဲ့မြေပုံပဲ...တချို့ကတော့ ကွယ်လွန်သွားပြီးတော့ သူတို့ရဲ့မျိုးဆက်တွေက ရုပ်အလောင်းကို စောင့်ရှောက်ထားကြတယ်"
လုယွီက စာလိပ်ကိုဖြေကြည့်ရာတွင် ပင်လယ်နှင့်တောင်တန်းများပါသော အလွန်ကျယ်ပြန့်သည့်မြေပုံကြီးကို တွေ့မြင်မိသည်။
ဤမြေပုံပေါ်ရှိအချက်အလက်များသည် အလယ်ပိုင်းကုန်းမြေသာမက စွန့်ပစ်နယ်မြေလေးခုစလုံးအား အသေးစိတ်ဖော်ပြထားပေရာ လေးပင်လယ်ဂိုဏ်းမှမြေပုံထက် ပို၍လက်ရာမြောက်ပေ၏။
မြေပုံပေါ်ရှိ သွေးမျိုးဆက်အမှတ်အသားတချို့ကတော့ လင်းလက်တောက်ပနေလေသည်။ဤသည်က အတိတ်တွင် နတ်ဆိုးချိပ်ပိတ်သူနောက်လိုက်ခဲ့ကြသောသူများ၏ သွေးမျိူးဆက်ဖြစ်သည်။
"ဒီ မြေပုံအတိုင်းဆိုရင်..ငါမှာ လုပ်စရာကိစ္စတွေ အများကြီးကျန်သေးတာပဲ"
လုယွီက လုမိသားစု၏တည်နေရာဖြစ်သော မိုးကောင်းကင်ရှုခင်းမြို့ကို အကြည့်တစ်ချက်ရောက်သွားခဲ့သည်။
လုယွီက ဟန်လျန့်အား ထိုမြို့၏အခြေအနေကိုမေးမြန်းရန်ကြံရွယ်နေစဥ်မှာပင် ခန်းမ၏ပြင်ပ၌ ရုတ်တရက်သွေးမိုးများ ရွာသွန်းလာပေ၏။လုယွီ၏မျက်ခုံးများ ရုတ်တရက်တွန့်ကွေးသွားခဲ့သည်။
ထိုသွေးမိုးများမှနေ၍ နတ်ဆိုးအငွေ့အသက်ကို သူ ခံစားမိသည်။
"အရှင်သခင် အနားယူနေတဲ့နေရာကိုရောက်လာတဲ့ နတ်ဆိုးစိတ်ဝိညာဥ်တွေအကုန်လုံး နောက်ဆုတ်သွားရတယ်...ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ခုလိုပြင်းထန်တဲ့ နတ်ဆိုးအော်ရာရှိနေရတာလဲ"
ဟန်လျန့်က တီးတိုးရေရွတ်နေပေ၏။သူ၏လက်တွင်လည်း တံစဥ်ကို ကိုင်ဆောင်ထားဆဲပင်။
ခန်းမ၏ပြင်ပမှနေ၍ ခြေလှမ်းသံတချို့ ထွက်ပေါ်လာခဲ့သည်။
ဘုန်း...ဘုန်း...ဘုန်း...
ခန်းမ၏ရှေ့တွင် စစ်သားများနှင့်မြင်းများထောင်သောင်းပေါင်းများစွာ ထွက်ပေါ်လာပေ၏။သွေးမိုးများကြားတွင် ယင်စစ်သားများက မျက်စိတဆုံးရှိနေသည်။
အနီရောင်ဆံပင်နှင့်အမျိုးသမီးက ယင်စစ်သားများရှေ့တွင် မတ်တတ်ရပ်နေသည်။
"ယော်ကျား...ငါ နောက်ဆုံးတော့ နင်ကိုရှာတွေ့ပြီ"
အနီရောင်ဆံပင်နှင့်အမျိုးသမီးက တီးတိုးပြောဆိုလိုက်၏။
သူမ၏အသံနှင့်အတူ ပတ်ဝန်းကျင်နေရာအနှံ့မှ မြောက်များစွာသည့် အနီရောင်ဆံပင်များထွက်ပေါ်လာပြီး ဘုရားကျောင်းခန်းမ၏နံရံများထက်သို့ တွယ်တက်လာခဲ့သည်။
နတ်ဆိုးချိပ်ပိတ်သူ၏အကာအကွယ်မရှိတော့သော ခန်းမသည် မူလအတားအဆီးများအားလုံးပျက်ပြယ်သွားပြီး တစ်စတစ်စပြိုလဲပျက်စီးလာပေ၏။
"ယော်ကျား...နင် ဘာလို့ထွက်မလာသေးတာလဲ"
"ငါ နင်ကို စားပစ်မှာကို ကြောက်နေတာလား...ဂရါး..ဂရါး..."
အနီရောင်ဆံပင်နှင့်အမျိုးသမီးသည် သူမ၏ပစ်မှတ်ကိုတွေ့ရှိသွားပုံဖြင့် သူမအသံသည်စတင်၍ အက်ရှရှဖြစ်လာခဲ့သည်။ထိုအသံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအငွေ့အသက်ပင် ပါဝင်လာပေ၏။
ဤှအချိန်တခဏတွင် ဟန်လျန့်၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။
"ဒါက မြေကမ္ဘာနတ်ဆိုးဘိုးဘေးပဲ...သူက ဒီနေရာကိုလာပြီး ကောင်းကင်နတ်ဆိုးဘိုးဘေးကိုလာရှာတာ"
ဟန်လျန့်၏အသံသည် တုန်ရီနေပေ၏။
ခရက်...
ဘုရားကျောင်းတစ်ခုလုံးအား မရေမတွက်နိုင်သော အနီရောင်ဆံပင်များလွှမ်းခြုံသွားပြီးနောက် ၎င်းကစတင်၍ကွဲအက်စပြုလာသည်။
တစ်ချိန်တည်းမှာပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ခန်းမအတွင်းသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းလျှောက်လှမ်းဝင်လာပြီးနောက် သူမ၏ကြယ်ရောင်တောက်ပနေသောမျက်ဝန်းတစ်စုံက လုယွီနှင့်ဟန်လျန့်ပေါ်သို့ စူးစူးစိုက်စိုက်ကျရောက်လာခဲ့သည်။
Chapter 578
မြေကမ္ဘာနတ်ဆိုးဘိုးဘေး....
ဤသည်က ကောင်းကင်နတ်ဆိုးဘိုးဘေးနှင့် အဆင့်တူညီသော တည်ရှိမှုကြီးဖြစ်သည်။
သူတို့အားလုံးသည် ရှေးဟောင်းနတ်ဆိုးများ၏ခေါင်းဆောင်များဖြစ်သော်လည်း မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အစဥ်အမြဲလျှို့ဝှက်နေလေ့ရှိသည်။ပြင်ပလူများသည် သူမ၏ဂုဏ်သတင်းကိုကြားဖူးကြသော်လည်း သူမအား မြင်တွေ့ဖူးခြင်းမရှိကြချေ။
"ကျွတ်....ကျွတ်...နတ်ဆိုးချိပ်ပိတ်သူက နောက်ဆုံးတော့သေသွားပြီပဲ...ကောင်ငယ်လေး...ကောင်းကင်နတ်ဆိုးဘယ်မှာတုန်း...ငါ့ကိုမြန်မြန်ပြောစမ်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး ခန်းမအတွင်းသို့ ခြေချလာချိန်တွင် သူမ၏နှုတ်ခမ်းများက ရုတ်တရက်ကွဲထွက်သွားပြီး စူးရှရှအသံတစ်သံထွက်ပေါ်လာသည်။သူမ၏အသံသည် စစ်ဗိုလ်ချုပ်တစ်ယောက်၏အမိန့်ပေးသံကဲ့သို့ ကြားရသည့်လူများအား ကျောရိုးတလျှောက်ချမ်းစိမ့်စိမ့်ခံစားရစေသည်။
ဟန်လျန့်က သူ၏လက်မှအနက်ရောင်တံစဥ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ငါ သေသွားရင်တောင်...မင်း သိရမှာမဟုတ်ဘူး"
"ကောင်းကင်နတ်ဆိုး ဘယ်နေရာမှာရှိတာလဲဆိုတာ မပြောဘဲနဲ့...နင် သေလို့မရဘူး"
မြောက်များစွာသော အနီရောင်ဆံပင်များက မည်သည့်အချိန်ကရောက်ရှိနေမှန်းပင်မသိရဘဲ ဟန်လျန့်၏နောက်သို့ကျဆင်းလာခဲ့သည်။
အနီရောင်ဆံပင်များ၏အရှိန်နှုန်းသည် အလွန်အမင်းမြန်ဆန်ပေ၏။ဟန့်လျန့် တုံပြန်နိုင်ခြင်းမရှိသေးမီမှာပင် သူမ၏အနီရောင်ဆံပင်များက ဟန်လျန့်၏နှလုံးသားအား ထွင်းဖောတ်သွားသည်။
ဖူး...
မြောက်များစွာသည့်သွေးများဖြာထွက်လာပြီးနောက် ဟန်လျန့်က ရုတ်တရက်အော်ဟစ်ကြုံးဝါးပြီး သူ၏လက်ထဲရှိတံစဥ်မှပေါတ်ကွဲသံတချို့နှင့်အတူ လေထုအတွင်းမှာပင် အနီရောင်ဆံပင်များ ပေါတ်ကွဲသွားတော့သည်။
ဟန်လျန့်သည် အနီရောင်ဆံပင်များ၏ ထိန်းချုပ်ခံထားရမှုမှ လွတ်မြောက်သွားခဲ့သည်။သူ၏ဒဏ်ရါများသည် ပြန်လည်ကောင်းမွန်လာစဖြစ်သဖြင့် သူ့မျက်နှာက ဖြူရော်နေပေသည်။
"နင်ရဲ့နှလုံးက ညာဘက်မှာရှိတာပဲ...ဒါက စိတ်ဝင်စားစရာကောင်းတယ်"
မြေကမ္ဘာဘိုးဘေးက ရယ်မောလိုက်၏။
"ဘာပဲဖြစ်ဖြစ်....ဒီသွေးလောတ်ဆို လုံလောတ်ပါတယ်"
အစောပိုင်းက ထွက်ပေါ်နေသော သူမ၏ဆံပင်များက ရုတ်တရက် နောက်ပြန်ဆုတ်သွားခဲ့သည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးက သေးသွယ်ပြီးကျောက်စိမ်းနှင့်တူညီသော သူမ၏လက်ချောင်းများကို သွေးများအတွင်းနှစ်ပြီး ချိပ်စည်းသင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။
"နတ်ဆိုးဘိုးဘေးရဲ့အမိန့်တော်ကိုနာခံ...သွေးဆာလောင်မှုက ဝိညာဥ်ကိုဝါးမြိုစမ်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နှုတ်မှ ကျိန်စာရွတ်ဆိုသံနှင့်အတူ ဟန်လျန့်၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးကောက်ပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားခဲ့သည်။
ဟန်လျန့်၏မျက်နှာအမူအယာသည် အလွန်အမင်းဆိုးရွားနေပေ၏။ကျိန်စာသက်ရောက်နေမှုအောက်တွင် ဟန်လျန့်က မတ်တတ်ပင်မရပ်နိုင်တော့ချေ။
"ကောင်းကင်နတ်ဆိုးကို ဘယ်နေရာမှာ ချိပ်ပိတ်ထားတာလဲ...အဲ့ဒါကိုပြောပြရင် လူတိုင်း အပျော်လွန်သွားကြလိမ့်မယ်...နင် အချိန်ကောင်းလေးကျန်ရှိနေအောင်...ငါ ဒီကိစ္စကိုမြန်မြန်အဆုံးသတ်ပေးမယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ပျင်းရိစွာပြုံးလိုက်ရာတွင် သူမ၏နီမြန်းသောနှုတ်ခမ်းများကြားမှ ဖြူဖွေးသောသွားများပေါ်လာခဲ့သည်။
"အဟွက်...အဟွက်...အဟွက်..."
ဟန်လျန့်က ချောင်းဆိုးနေသည့်တိုင် လုယွီဘက်သို့လှည့်ပြီး အားယူ၍ပြောဆိုလိုက်၏။
"မင်း အဝေးထွက်ပြေးတာပိုကောင်းလိမ့်မယ်...မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့အကျင့်စရိုက်နဲ့ဆိုရင် ဒီကြယ်နယ်မြေက ဘေးဒုက္ခအကြီးကြီးဆိုက်တော့မှာ"
ဟန်လျန့်၏မျက်လုံးများအတွင်းတွင် စိတ်ဓာတ်ညှိုးငယ်မှုအရိပ်အယောင်များ ထင်ဟပ်နေပေသည်။သူ၏ဘဝတလျှောက်လုံးတွင် နတ်ဆိုးများကိုချေမှုန်းသုတ်သင်ခြင်းနှင့် တာအိုဝါဒကိုကာကွယ်ခြင်းကိုသာ ပြုလုပ်ခဲ့သော်လည်း ရှေးဟောင်းနတ်ဆိုးတစ်ယောက်၏လက်အတွင်းသို့ သူ ကျရောက်ခဲ့ရသည်။
ဤနေရာက သူ၏နောက်ဆုံးအနားယူရာနေရာဖြစ်နိုင်သော်လည်း ဟန်လျန့်သည် ရှေးဟောင်းနတ်ဆိုးကို အပြည့်အဝချိပ်ပိတ်နိုင်ခြင်းမရှိသေးရာ သူ၏စိတ်ကျေနပ်မှုမရရှိသေးချေ။
ဟန်လျန့်က ရုတ်တရက် သူ၏ဦးခေါင်းကိုငုံပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေခဲ့သည်။
"နင်က ငါနဲ့အတူ သေချင်နေတာလား...နုံအလိုက်တာ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက သူမ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာတွင် ရုတ်တရက် အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဟန်လျန့်၏ခန္ဓာကိုယ်အား အပြင်းအထန်ရိုက်ခတ်သွားခဲ့သည်။
ဘုန်း....
ဟန်လျန့်၏တိတ်တဆိတ်မန္တန်ရွတ်ဆိုနေမှုသည် ကြားဖြတ်နှောက်ယှက်ခြင်းခံလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား အနီရောင်ဆံပင်များက လွှမ်းခြုံသွားခဲ့သည်။
"မေ့လိုက်တော့...ငါ ထပ်ပြီးမကစားချင်တော့ဘူး...နင်ရဲ့မှတ်ဥာဏ်တွေကို ထုတ်ယူလိုက်တာက ငါ့အတွက်အချိန်ကုန်သက်သာစေမယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဟန်လျန့်၏အနားသို့ ရောက်ရှိလာခဲ့သည်။
သို့သော် ထိုအချိန်မှာပင် လက်တစ်ဖက်က အနီရောင်ဆံပင်များပေါ်သို့ ကျရောက်လာလေ၏။
ဤလက်က လုယွီ၏လက်ပင်။
"နှံကောင်ပေါတ်စလေး...ငါက နင်ကို သတ်ရမှာပျင်းလွန်းလို့ အလွတ်ပေးထားတာ...နင်က နင်ဟာနင် သေလမ်းလာရှာတာလား"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက စူးရှရှအော်ဟစ်လိုက်၏။
လုယွီက သူမကိုစိုက်ကြည့်ပြီး လေးနက်တည်ကြည်သောလေသံဖြင့်ပြောဆိုလေသည်။
"မင်းက အကြွင်းအကျန်စိတ်ဝိညာဥ်အဆင့်တောင်မဟုတ်တဲ့ ပုံရိပ်ယောင်တစ်ခုအဆင့်နဲ့များ...ငါကို ဒီလိုစကားမျိုးပြောဝံ့တယ်ပေါ့"
"နင်က ငါမြင်နေရတဲ့ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူအဆင့်လောတ် မရိုးရှင်းဘူးထင်တယ်...နင်က...."
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက စကားမဆုံးမီအချိန်မှာပင် ရုတ်တရက် သူမ၏မျက်နှာအမူအယာပျက်ယွင်းသွားခဲ့သည်။
"ဒီလေါကရဲ့ ဖုန်းရွှေအနေအထားက ပြောင်းလဲသွားခဲ့ပြီ"
သူမက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
"တကယ်လို့ တခြားနေရာမှာသာဆိုရင်...ငါ မင်းကို လွယ်လွယ်ကူကူသတ်နိုင်မှာမဟုတ်ဘူး"
လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို အေးစက်စက်ကြည့်ရင်း....
"ဒါက နတ်ဆိုးချိပ်ပိတ်သူရဲ့ နတ်ဘုရားခန်းမဆိုတာ မင်း မမေ့လိုက်နဲ့...နတ်ဆိုးချိပ်ပိတ်သူက သေဆုံးမသွားခင်...မင်းတို့ကိုရင်ဆိုင်ဖို့ ဝှက်ဖဲတစ်ချပ်မထားခဲ့ဘူးလို့ မင်း ထင်နေတာလား"
Chapter 579
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လှုပ်ရှားမှုများ ရုတ်တရက်ရပ်တန့်သွားပြီး သူမ၏မျက်နှာပေါ်တွင် မရေရာမှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။သို့သော် အချိန်တခဏအကြာတွင်မူ သူမ၏မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာသည့်အပြုံးမျိုး ထွက်ပေါ်လာပေ၏။
"နင်က ငါကို အရူးလုပ်နိုင်လုနီးပါးပဲ...သဘာဝလွန်စွမ်းအင်နယ်ပယ်ပုရွတ်ဆိတ်တစ်ကောင်ကများ....ငါ ရှေ့ကိုလာပြီး အော်ဟစ်ဝံ့တယ်ပေါ့"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက စူးရှရှလေသံဖြင့် ပြောဆိုလေသည်။
"မင်း အစောပိုင်းကတည်းက ထွက်ခွါသွားသင့်တယ်...တကယ်လို့ ငါတို့အားလုံး သေဆုံးသွားမယ်ဆိုရင် ရှေးဟောင်းနတ်ဆိုးတွေကို ချိပ်ပိတ်မယ့်သူမရှိမှာ ငါ စိုးရိမ်မိတယ်"
ဟန်လျန့်၏မျက်နှာထက်တွင် ပူဆွေးသောကအရိပ်အယောင်များ ထင်ဟပ်နေပေသည်။
ယခုလက်ရှိအချိန်တွင် သူက ကျစ်ကျွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏အထွတ်အထိပ်အခြေအနေ၌ရှိမနေချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အနီရောင်ဆံပင်များအကြားမှ လွတ်မြောက်အောင်ရုန်းကန်ရန် ဟန်လျန့်၌ ခွန်အားမရှိတော့ချေ။
လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးအား တည်ကြည်လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်၏။
"တကယ်လို့ မင်း ကိုယ်တိုင်ကိုယ်ကျ ဒီနေရာကိုရောက်လာတယ်ဆိုရင်....ငါ ဒီနေရာမှာ ဆက်ပြီးနေနေမှာမဟုတ်ဘူး...ကံဆိုးချင်တော့ မင်းက တာအိုသခင်အဆင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ ဂူသင်္ချိုင်းထဲကို ပုံရိပ်ယောင်အဖြစ်နဲ့ခြေချဝံ့တာပဲ"
"နတ်ဆိုးချိပ်ပိတ်သူက သေသွားပြီ....သူက နတ်ဆိုးဝါးမြိုခြင်းတာအိုခုနစ်သွယ်ကျိန်စာကြောင့် သေသွားခဲ့ရတာ....အခုလက်ရှိအချိန်ထိ သူ အသက်ရှင်ခဲ့တာတောင်...သူကံတော်တော်ကောင်းတယ်လို့ ဆိုနိုင်တယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် စကားပြောဆိုရင်းမှ ရုတ်တရက် သူမ၏ခြေထောက်ကိုမြှောက်၍ ခေါင်းတလားကို ကန်ကျောက်လိုက်သည်။
ဘုန်းဟူသောအသံနှင့်အတူ ခေါင်းတလားတစ်ခုလုံးသည် နံရံနှင့်အပြင်းအထန်တိုက်မိပြီး အတွင်းရှိ သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများလည်း ပြန့်ကျဲလွင့်စင်သွားတော့သည်။
"စိတ်ဝိညာဥ် ရှာဖွေခြင်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဟန်လျန့်အားလည်ပင်းမှနေ၍ ကိုင်မြှောက်ထားပြီးနောက် သူမ၏မျက်လုံးမှ နတ်ဆိုးအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ဟန်လျန့်၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းပြီး ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ လှုပ်ရှားမှုမရှိတော့ချေ။
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ဟန်လျန့်၏အခြေအနေက ပြန်လည်ကောင်းမွန်လာခဲ့သည်။
"အဟွက်...အဟွက်...အဟွက်...မြန်မြန်သွား"
ဟန်လျန့်၏ပါးစပ်မှ သွေးများပန်းထွက်လာပေ၏။
"ဘာမှစိုးရိမ်မနေနဲ့...သူ ထွက်မသွားနိုင်တော့ဘူး"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အေးစက်စက်ပြုံးပြီးနောက် သူမ၏လက်များက လေထုအတွင်း၌ကခုန်နေသကဲ့သို့လှုပ်ရှားနေပြီး မြောက်များစွာသောအနီရောင်ဆံပင်များက လုယွီထံသို့ တိုးဝင်သွားသည်။
ရုတ်ချည်းဆိုသလိုပင် သွေးနီရောင်ဆံပင်များက ကောင်းကင်ယံတခွင်လုံးအား ဖုံးလွှမ်းလာခဲ့သည်။
"မင်းက နတ်ဆိုးဘိုးဘေးတစ်ယောက်ရဲ့ပုံရိပ်ယောင်ဖြစ်တာတောင်မှ...ဖြစ်လာမယ့် ဘေးဒုက္ခကိုမသိသေးဘဲကိုး"
လုယွီက ကောင်းကင်ယံအား လက်ညှိုးညွှန်လိုက်၏။
ကိုးကောင်းကင်အထက်မှ တိမ်မည်းညိုများက ကောင်းကင်ယံတခွင်လုံးအနှံ့ပျံ့နှံ့နေသည်။တိမ်မည်းညိုများကြားတွင် မိုးခြိမ်းသံခပ်အုပ်အုပ်ကိုလည်း ကြားနိုင်ပေ၏။
တိမ်များအကြားမှ ရုတ်တရက် ဓားရှည်တစ်ဆယ့်နှစ်ချောင်းပေါ်ထွက်လာပြီး ၎င်းတို့၏ထိပ်ဖျားက မြေကမ္ဘာနတ်ဆိုးဘိုးဘေးအား ချိန်ရွယ်ထားခဲ့သည်။
"နတ်ဆိုးချိပ်ပိတ်သူရဲ့နှလုံးကွဲကြေဓားဆယ့်နှစ်လက်...ဟမ့်...ဒါက သူရဲ့နောက်ဆုံးဝှက်ဖဲလား"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်လုံးများတွင် ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရုတ်တရက် ဟန်လျန့်ကိုလွှက်ချပြီး သူမ၏လက်တစ်ဖက်က လုယွီအား ဖမ်းဆုပ်ရန်ဦးတည်လာပေ၏။
"ဒါတွေအားလုံးက နင်ရဲ့အပြစ်တွေပဲ...ငါက နင်ကို ပုရွတ်ဆိတ်တစ်ကောင်ဆိုပြီး သတ်ချင်စိတ်မရှိခဲ့ဘူး...ဒါပေမယ့် နင်က သေလမ်းလာရှာနေမှတော့ ငါကိုအပြစ်မတင်နဲ့"
လုယွီက ကောင်းကင်ကိုလက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်၏။
"သတ်စမ်း"
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံမှ နှလုံးကွဲကြေဓားများသည် အမိန့်အားရရှိသွားပုံဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးအား ခုတ်ပိုင်းရန် ကြောက်ခမန်းလိလိအရှိန်ဖြင့် ထိုးဆင်းလာကြသည်။
ဘုန်း....
ဤအချိန်တခဏတွင် နဂါးအကျဥ်းထောင်တောင်တန်းတစ်ခုလုံး သက်ရောက်မှုခံရပုံဖြင့် စတင်၍အပြင်းအထန်တုန်ခါလာပေ၏။ရံဖန်ရံခါတွင် မြင့်မားသောတောင်များမှ ကျောက်တုံးများပင် ပြိုကျလာခဲ့သည်။
ထို့နောက် နှလုံးကွဲကြေဓားတစ်ဆယ့်နှစ်ချောင်းသည် အလွန်အမင်းကြီးမားလာပြီး ဓားတစ်ချောင်းစီသည် မြင့်မားသောအဆောက်အအုံကြီးတစ်ခုနီးပါး ကြီးမားလာပေ၏။
ဝုန်း...ဝုန်း...ဝုန်း...
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အနီရောင်ဆံပင်များပေါ်သို့ရုတ်တရက် မီးတောက်များကျဆင်းလာခဲ့သည်။သူမ၏ဆံပင်များ ကျွမ်းလောင်နေမှုနှင့်အတူ သူမက စူးရှရှအော်ဟစ်လိုက်သည်။အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်နှာသည် အလျှင်အမြန်ပြောင်းလဲနေခြင်းအား တွေ့မြင်ရပေမည်။သူမ၏ပြိုင်ဘက်ကင်းအလှမျက်နှာမှ ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးမျက်နှာအဖြစ်သို့ အသွင်ပြောင်းနေပေ၏။
"ကောင်းကင်ဘုံ...မိုးကောင်းကင်...ကမ္ဘာမြေ...မကောင်းဆိုးရွားမိစ္ဆာ...မင်းတို့တွေက တကယ်တမ်းတော့ တခြားသူတွေရဲ့ခန္ဓာကိုယ်ကို လုယူထားတဲ့ မိစ္ဆာအတွေးမျှင်တွေပဲ...မင်းက တခြားသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးထားတာ ငါမသိဘူးလို့ထင်နေတာလား"
လုယွီက အေးစက်တင်းမာစွာဖြင့်ပြောဆိုလိုက်သည်။
"နင့်ကို ငါ သတ်မယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်မှ ဆယ်ပေခန့်မြင့်မားသော အရိပ်မည်းတစ်ခုထွက်ပေါ်လာသည်။ထိုအရိပ်မည်းက သူမ၏သွားစွယ်များကိုလှစ်ဟပြီး ခြေစွယ်လက်စွယ်များ ဖြန့်ကားကာ လုယွီထံသို့ တိုးဝင်သွားခဲ့သည်။
"ဟမ့်..."
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏နောက်ကျော၌ ဧရာမပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် အရိပ်မည်းနှင့်တန်းတူ အရွယ်အစားရောက်သည်အထိ အလွန်လျှင်မြန်သောအရှိန်ဖြင့် ကြီးထွားလာပေ၏။
"နင်....နင် ဘယ်သူလဲ"
အရိပ်မည်းက ထိတ်လန့်တကြား အော်ဟစ်လေသည်။
"မြေအောက်လောက အသူရာခန်းမရဲ့အုပ်ချုပ်သူအမိန့်....မရဏနိုင်ငံတော်ရဲ့ကောင်းကင်ဘုံသားတော် နန်းတော်ကျဆင်းစမ်း"
လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။
"နတ်ဆိုးချိပ်ပိတ်သူက ကွယ်လွန်သွားပြီ...ဒီကိစ္စအတွက် မြေကမ္ဘာနတ်ဆိုးဘိုးဘေး....မင်းတို့ရှေးဟောင်းနတ်ဆိုးတွေအကုန်လုံးကို ငါ သတ်မယ်ဆိုတာ မှတ်ထားကြ"
အထက်ကောင်းကင်ယံ၏မြင့်မားသောနေရာမှ မြောက်များစွာသည့် မိုးကြိုးလုံးများက ကျယ်လောင်သောမြည်ဟီးသံများနှင့်အတူ အရိပ်မည်းထံဦးတည်၍ ကျဆင်းလာပေသည်။
Chapter 580
မြောက်များစွာသောမိုးကြိုးများ ကျဆင်းလာသည့် အချိန်တခဏတွင် အရိပ်မည်းကြီးပျောက်ကွယ်သွားတော့သည်။
"မြေအောက်လောက...ငါ နင်ကိုမှတ်ထားမယ်"
မိုးကြိုးများအကြားမှ အံကြိတ်ပြောဆိုသံတစ်သံ ထွက်ပေါ်လာပေ၏။
"ငါတို့ ပြန်ဆုံဖို့ အခွင့်အရေးရအုံးမှာပါ"
လုယွီက သူမနှင့်အဓိပ္ပါယ်မရှိသောစကားများပြောဆိုပြီး အချိန်ဖြုန်းလိုစိတ်မရှိတော့ချေ။
လုယွီထံမှ မန္တန်ရွတ်ဆိုသံထပ်မံထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိတောင်တန်းများမှ မိုးခြိမ်းသံကဲ့သို့အသံများ ပဲ့တင်ထပ်လာခဲ့သည်။
ဘုန်း...ဘုန်း...
ပတ်ဝန်းကျင်ရှိ မြင်ကွင်းအားလုံးအား တောက်ပသော လျှပ်စီးအလင်းရောင်များက လွှမ်းခြုံထားပေ၏။
ရုတ်ချည်းဆိုသလိုပင် အရိပ်မည်းကြီး ပေါတ်ကွဲသားပြီး အစအနပင် ကြွင်းကျန်ရစ်ခြင်းမရှိတော့ချေ။
လုယွီက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး ဟန်လျန့်အား ကြည့်လိုက်၏။
ဟန်လျန့်သည် နေရာမှာပင်မတ်တတ်ရပ်နေဆဲဖြစ်ပြီး အနီရောင်ဆံပင်နှင့်အမျိုးသမီးအား စိုက်ကြည့်နေလေသည်။သူ၏ပါးစပ်က အနည်းငယ်ပွင့်ဟနေသော်လည်း မည်သည့်စကားပြောဆိုရမည်ကို သူ မသိရှိချေ။
"သူက ဘယ်သူလဲ....ငါရဲ့စိတ်ထဲမှာ ဘာလို့တစ်ခုခုခံစားနေရသလို ဖြစ်နေတာလဲ"
ဟန်လျန့်၏မျက်လုံးများ ပြူးကျယ်နေပြီးသူ၏စိတ်အတွင်း၌ ပုံရိပ်တစ်ခုက အဆက်မပြတ်ထွက်ပေါ်နေသည်။ထိုပုံရိပ်များသည် သူရှေ့မှအမျိုးသမီးနှင့်သူ၏ ယခင်က သိကျွမ်းခဲ့သောမြင်ကွင်းများပင်။
လုယွီက သက်ပြင်းရှိုက်နေပေ၏။
"သူက ခင်ဗျားရဲ့မိန်းမလေ....ကျုပ် ခင်ဗျားကိုတွေ့တာနဲ့ သူစီခေါ်လာမယ်လို့...ကျုပ် သူကို ကတိပေးထားခဲ့တယ်...ဒါပေမယ့် ခင်ဗျားရဲ့မှတ်ဥာဏ်ထဲမှာတော့...ခင်ဗျားက လက်မထပ်ဖူးသေးဘူးဆို"
ဟန်လျန့်က ခေါင်းခါပြလေသည်။
"မဟုတ်ဘူး...ငါရဲ့မှတ်ဥာဏ်တွေက လွဲမှားမှုမရှိနိုင်ဘူး....ငါက ကောင်းကင်ဘုံနယ်မြေကနေ ဒီနေရာထိ အရှင်သခင်ရဲ့နောက်ကို တလျှောက်လုံးလိုက်နေခဲ့တာ...ပြီးတော့......"
ဟန်လျန့်၏အသံက ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ဤအခိုက်အတန့်အချိန်တွင် သူ၏မျက်လုံးများအတွင်း၌ ညို့မှိုင်းသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"မဟုတ်ဘူး...ငါရဲ့နောက်ပိုင်းမှတ်ဥာဏ်တွေက ငါ့ရဲ့မှတ်ဥာဏ်မဟုတ်ဘူး...တစ်ယောက်ယောက်က ငါ့ရဲ့ မှတ်ဥာဏ်တွေကို ကလီကမာလုပ်ထားတယ်"
ဟန်လျန့်က တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။
လုယွီက မျက်မှောင်ကြုတ်နေပေသည်။
"အဲ့ဒီနေါက် နတ်ဆိုးချိပ်ပိတ်သူက အပြင်းအထန်ဒဏ်ရါရရှိနေတော့...ခင်ဗျားက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးကို ချိပ်ပိတ်တဲ့နေရာကို စောင့်ကြပ်နေတာမလား"
ဟန်လျန့်က သူ၏မျက်လုံးများကို စုံပိတ်ထားပြီး အချိန်တော်တော်ကြာမှသာလျှင် ပြန်ဖွင့်လိုက်သည်။
"ငါ သေချာပြောနိုင်တာတစ်ခုကတော့...အရင်တုန်းက သူက ငါကိုသိတာ ဖြစ်ကောင်းဖြစ်နိုင်မယ်...ဒါပေမယ့် ငါ သူကိုမမှတ်မိဘူး"
ဟန်လျန့်က အနီရောင်ဆံပင်နှင့်အမျိုးသမီးကို ပွေ့ချီလိုက်၏။
အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ပါက သူတို့နှစ်ယောက်၏လည်ပင်းများတွင် ကျောက်စိမ်းအကျိုးအပဲ့တစ်ခုစီရှိနေခြင်းကို တွေ့မြင်နိုင်သည်။ထိုကျောက်စိမ်းနှစ်ခုအား ဆက်လိုက်ပါက ပြီးပြည့်စုံသောကျောက်စိမ်းပြားတစ်ခု ဖြစ်သွားပေမည်။
ဘုန်း....
ထိုအချိန်မှာပင် နဂါးအကျဥ်းထောင်တောင်တန်းတစ်ခုလုံး အပြင်းအထန်တုန်ခါသွားသည်။
လုယွီ၏နံဘေးရှိ ကြီးမားသောနတ်ဆိုးရုပ်တုတချို့ပင် မြေပြင်ပေါ်သို့ရုတ်တရက်ပြိုကျလာပြီး ဖုန်မှုန့်များတထောင်းထောင်းထလာပေ၏။
"မကောင်းတော့ဘူး"
ဟန်လျန့်၏မျက်လုံးများ တောက်ပသွားပြီး နေရာတစ်နေရာသို့ ဦးတည်၍ ပျံဝဲသွားသည်။
လုယွီက နောက်မှလိုက်ပါသွားပေရာ အဝေးတနေရာရှိကောင်းကင်ယံတွင် ထူထပ်သောအနက်ရောင်မြူခိုးထုကြီးရှိနေခြင်းကို တွေ့မြင်မိသည်။
"မြေအောက်လောကနတ်ဘုရားရဲ့ အမျက်ဒေါသ"
လုယွီက မှော်စွမ်းအားများ ထုတ်လွှက်လိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်မှ ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံကြီးထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် သူရှေ့ရှိ အနက်ရောင်မြူခိုးများ လွင့်ပြယ်သွားတော့သည်။
အနက်ရောင်မြူခိုးများအကြားမှ လူရိပ်တစ်ရိပ် ပျံဝဲထွက်လာပြီး ထိုသူက ဘုန်းကြီးသင်္ကန်းကို ဝတ်ဆင်ထားခဲ့သည်။
ထိုဘုန်းကြီးထံတွင် နတ်ဆိုးအငွေ့အသက်များ ပြည့်နှက်နေပြီး သူ၏မျက်လုံးများကမည်းနက်နေကာ ကြမ်းကြုတ်ရက်စက်သည့်အပြုံးမျိုးပြုံးထားပေ၏။
"ဒါက သူလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူရှေ့မှဘုန်းကြီးသည် မိုးကောင်းကင်တေးသံဘုရားကျောင်းမှ ကျစ်မြောင်ကိုယ်တော်ဖြစ်သည်။
လုယွီက သူ၏ခြေထောက်အောက်ရှိ ကျင်းနက်ကြီးကိုကြည့်ပြီးနောက် ချက်ချင်းပင် နားလည်သဘောပေါတ်သွားခဲ့သည်။ပြန်တွေးကြည့်လျှင် ကျစ်မြောင်ကိုယ်တော်သည် ဤနေရာရှိ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်များကို လောဘတက်နေခဲ့သည်။ထို့ကြောင့် ၎င်းတို့အားရှာဖွေရန် သူက ဤနေရာသို့တိတ်တဆိတ်အပြေးလာခဲ့ခြင်းပင်။
သို့ရာတွင် မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်များအားလုံးကို ဟန်လျန့်က သိမ်းဆည်းထားပြီးဖြစ်၍ သူ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။
အကျိုးဆက်အနေဖြင့် သူသည် လမ်းမှားယွင်းပြီး နတ်ဆိုးဘိုးဘေးအား ချိပ်ပိတ်ထားသောလှိုဏ်ဂူအား ရှာဖွေတွေ့ရှိသွားခဲ့သည်။ယခုလက်ရှိ ကျစ်မြောင်ကိုယ်တော်၏ခန္ဓာကိုယ်အား နတ်ဆိုးဘိုးဘေးက အပိုင်စီးထားသည်မှာ သိသာထင်ရှားလှ၏။
သူက လုယွီနှင့်ဟန်လျန့်အား ဦးတည်၍ လည်မြိုလှီးဖြတ်မည့်လက်သင်္ကေမျိုးလုပ်ပြပြီးနောက် အေးစက်စက်ပြုံးကာ အဝေးသို့ပျံဝဲထွက်သွားတော့သည်။
"လိုက်ဖမ်းကြမယ်"
ဟန်လျန့်က ကျစ်မြောက်ထွက်ခွါသွားသောဦးတည်ဘက်သို့ တည့်တည့်မတ်မတ်လိုက်သွားပေ၏။