အခန်း (၅၈၆-၅၉၀)
Vol. 33 Ch. 586-590
Chapter 586
လုယွီက ကျန်းတာအိုကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ ရုတ်တရက်ရယ်မောလိုက်သည်။
"မင်း ဒီလေါက်ထိအနိုင်ကျင့်ခံနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ငါ မင်းနဲ့ ပထမဆုံးအကြိမ်တွေ့တုန်းက...မင်း ဒီလိုပုံစံမျိုးမှမဟုတ်တာ"
"ငါ မင်းကို ပြောနေတာလေ...မင်းက ထွက်မသွားသေးဘဲ ငါမောင်းထုတ်မယ့်အချိန်ကိုစောင့်နေတာလား"
ရုတ်တရက် ကျယ်လောင်သောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာခဲ့သည်။
လုယွီက လှည့်ကြည့်လိုက်ချိန်တွင် ကျန်းမင်သည် လက်ပိုက်လျက်အနေအထားဖြင့် စိတ်မရှည်စွာအော်ဟစ်နေခြင်းကို တွေ့မြင်မိသည်။
ကျန်းတာအိုက အံကြိတ်ပြီး သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားလေ၏။
"ဘာလဲ ဖက်တီးကောင်...မင်းက ငါ့ကို ရိုက်နှက်ချင်တာလား"
ကျန်းမင်က ရယ်မောလိုက်သည်။
"အမှိုက်ကောင်နှစ်ကောင် အတူရှိနေတဲ့အချိန်က ရှားရှားပါးပါးပဲ...ဘာလဲ...မင်းတို့ကို ငါ ကိုယ်တိုင် မောင်းထုတ်မယ့်အချိန်ကိုစောင့်နေကြတာလား"
လုယွီက ကျန်းတာအိုအား တစ်ချက်ကြည့်လိုက်၏။ကျန်းတာအို၏လက်သီးသည် တချိန်လုံးတုန်ခါနေသော်လည်း နောက်ဆုံး၌ သူက လက်သီးဆုပ်ထားခြင်းကို ဖြည်းဖြည်းချင်းဖြေလျော့ခဲ့သည်။
ညင်သာသောသက်ပြင်းရှိုက်သံနှင့်အတူ လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။
"တကယ်လို့ မင်း ထပ်ပြီးစကားပြောဝံ့မယ်ဆိုရင်...ငါ မင်းကို ထပ်ပြီးစကားမပြောနိုင်အောင်လုပ်ပြမယ်"
ကျန်းမင်၏မျက်လုံးအကြည့်များက အေးစက်တင်းမာသွားပေ၏။
"မင်း ဘာစကားပြောတာလဲ"
ကျန်းမင်၏ဒေါသတကြီးအော်ငေါက်သံ ထွက်လာပြီးနောက် သူ၏အစေခံများသည် ဆိုလိုရင်းကိုသဘောပေါက်သွားကြပုံဖြင့် လုယွီထံသို့ ကြမ်းကြမ်းတမ်းတမ်းပြေးဝင်လာကြသည်။
"ဒီလိုမျိုး ကျယ်ဝန်းတဲ့လင်ရှောင်းမြို့ကြီးမှာ ငါ့ကိုခြိမ်းခြောက်ဝံ့တဲ့သူမရှိတာ အချိန်အတော်ကြာနေပြီ"
ကျန်းမင်က မှုန်တေတေအသံဖြင့် ထပ်မံပြောဆိုလိုက်၏
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ငါရဲ့ရှေ့မှာဒူးထောက်ပြီး ငါ့ကိုသုံးကြိမ်အရိုအသေပြု...ပြီးတာနဲ့ မင်းရဲ့ကျင့်ကြံမှုကို မင်းဟာမင်းဖျက်ဆီးလိုက်...ဒါဆိုရင် မင်း အသက်ရှင်နိုင်လိမ့်မယ်"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပေ၏။
"ထွက်သွားစမ်း"
"အတင့်ရဲလိုက်တာ...မင်းက ငါတို့ရဲ့သခင်လေးကို ဒီလိုစကားမျိုးပြောဝံ့တယ်ပေါ့"
ကျန်းမင်၏နောက်လိုက်အစေခံများသည် အလွန်ဒေါသထွက်သွားပြီး လုယွီထံသို့ ပြေးဝင်လာကြသည်။
သူတို့အားလုံး၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသောအော်ရာများအရ သူတို့သည် သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူများဖြစ်ပေ၏။ထိုအချင်းအရာမှတဆင့် ကျန်းမိသားစု၏အင်အားကြီးပုံကိုတွေ့မြင်နိုင်သည်။
"ညီအကို...မင်း ဒီကိစ္စထဲကို ဝင်ပြီးမပတ်သက်ပါနဲ့...မင်း သွားတော့...ငါ သူတို့ကို တားဆီးထားမယ်"
ကျန်းတာအိုက လုယွီ၏ရှေ့၌ မတ်တတ်ရပ်လိုက်၏။
လုယွီက ခေါင်းခါယမ်းပြလေသည်။
"ကိစ္စမရှိဘူး...သူတို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
ဝှစ်...ဝှစ်...ဝှစ်...
ထိုအချိန်မှာပင် အနက်ရောင်အရိပ်များ ဖျတ်ခနဲဖြတ်သန်းရောက်ရှိလာသည်။
မူလက မောက်မာရိုင်းစိုင်းပြီး ဗိုလ်ကျနေသော အစေခံများသည် သူတို့၏အင်္ကျီဂုတ်မှဆွဲမခြင်းခံရပြီး မီတာများစွာအကွာအဝေးထိ လွှင့်ပစ်ခံလိုက်ရသည်။
"အနက်ရောင်လိပ်မင်းခန်းမရဲ့ရှေ့မှာ တိုက်ခိုက်မှုမလုပ်ရဘူး...ထွက်သွားကြစမ်း"
ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စုက ခန်းမတံခါး၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်သို့ လွှင့်ပစ်ခံလိုက်ရသော အစေခံများသည် ခရမ်းရောင်ဝတ်စုံဖြင့်လူများကို မြင်တွေ့ချိန်တွင် သူတို့က လှုပ်ရှားခြင်းမပြုဝံ့ကြတော့ချေ။သူတို့က ကြောင်ကိုမြင်တွေ့သွားသော ကြွက်များကဲ့သို့ သူတို့၏ခေါင်းများကိုငုံကာ မလှုပ်ရှားဝံ့တော့ပေ။
ခရမ်းရောင်ဝတ်စုံဝတ်လူများ ခြံရံလျက် ဆံဖြူအဘိုးကြီးတစ်ယောက်က အနက်ရောင်လိပ်မင်းတံခါးမှ ထွက်လာခဲ့သည်။ပတ်ဝန်းကျင်မှလူများက ထိုအဖိုးကြီးအားမြင်ချိန်တွင် ချက်ချင်းပင်လမ်းဖွင့်ပေးလိုက်ကြသည်။
"ဒါက အနက်ရောင်လိပ်မင်းခန်းမရဲ့ခန်းမသခင်လျိုမလား...ကျွန်တော် အနှောက်အယှက်ပြုမိသွားတယ်...ဒါပေမယ့် ဒီကောင်နှစ်ကောင်က အကြောင်းပြချက်မရှိဘဲ ကျွန်တော်ကို လာစော်ကားလို့ဖြစ်တာ....ဂျူနီယာက ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကိုပညာပေးရတာပါ"
ကျန်းမင်က လုယွီတို့ထက်အရင်ဦးအောင် သတင်းပို့လိုက်၏။
ခန်းမသခင်လျိုက သူ၏မျက်လုံးများကို မှိတ်ထားလေသည်။
"ငါ့ မျက်လုံးမကန်းသေးဘူး...ဒီနေ့ မင်းကို ငါတို့ အနက်ရောင်လိပ်မင်းခန်းမက မကြိုဆိုဘူး...မင်းအိမ်ကိုပြန်တော့....ငါကိုယ်တိုင်လှုပ်ရှားရအောင်မလုပ်နဲ့"
"ဟုတ်ကဲ့"
ကျန်းမင်က အံတင်းတင်းကြိတ်ပြီး လုယွီနှင့်ကျန်းတာအိုကို အငြိုးထားသောအကြည့်ဖြင့် စူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။သို့ရာတွင် သူက ခန်းမသခင်လျိုအား လွန်ဆန်နိုင်ပုံမရချေ။
ကျန်းမင်၏ခေါင်းပြန်လှည့်လာပြီး လုယွီအား လည်မြိုဖြတ်ပစ်မည်ဟူသော လက်သင်္ကေတပြုလုပ်ကာ သူ၏အစေခံများနှင့်အတူ ထွက်ခွါသွားတော့သည်။
"အရင်တုန်းက...မင်းနဲ့ကျန်းမိသားစုဘိုးဘေးရဲ့ ဆက်ဆံရေးကမဆိုးဘူးဆိုတာ ငါ မြင်ခဲ့တယ်...ကျန်းမင်က ငါတို့ကို လက်စားချေမှာသေချာတယ်...မင်းက ကျန်းမိသားစုဘိုးဘေးစီသွားပြီး အရိုအသေပြုထားမယ်ဆိုရင်...ကျန်းမင်က မင်းကိုဘာမှလုပ်ရဲမှာမဟုတ်ဘူး"
ကျန်းတာအိုက ပြောဆိုလိုက်၏။
လုယွီက ခပ်ဖျော့ဖျော့ပြုံးနေပေသည်။
"ကျန်းမိသားစုကို ငါ အနှေးနဲ့အမြန် သွားမှာပါ...ဘာပဲဖြစ်ဖြစ် သူတို့စီက ငါရစရာရှိသေးတယ်"
တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင်ရှိစဥ်က ကျန်းထျန်းရှုံး ကျင့်စဥ်ဖောက်ပြန်ခါနီးဆဲဆဲတွင် လုယွီက လမ်းညွှန်မှုပေးခဲ့သည်။ထို့ကြောင့် ကျန်းထျန်းရှုံးက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ထောင် လုယွီအားပေးရန် ကတိပေးခဲ့ပေ၏။ဤသည်က သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး မဟုတ်သော်လည်း ထိပ်တန်းအဆင့်ဖြစ်နေဆဲပင်။
နတ်ဆိုးချိပ်ပိတ်သူ၏ဘုရားကျောင်းခန်းမတွင် လုယွီက သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးများကိုအသုံးပြု၍ မြောက်များစွာသော ထိပ်သီးကျင့်ကြံသူများအား ရင်ဆိုင်နိုင်ခဲ့သည်။
သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံးသည် အကောင်းဆုံးရတနာဖြစ်သည်မှာ အကြွင်းမဲ့မှန်ကန်သော်လည်း နောက်ထပ် ဤကဲ့သို့သောကံကောင်းမှုမျိုးဖြင့် သူ ကြုံတွေ့ရမည်မှာမသေချာပေ။
"ညီအကို...နောက်ထပ် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်လာပြန်ပြီ"
ကျန်းတာအိုက ရုတ်တရက် တီးတိုးပြောဆိုလိုက်၏။
Chapter 587
လင်ရှောင်းဂိုဏ်းမှ ခရမ်းရောင်ဝတ်စုံဝတ်ကျင့်ကြံသူများသည် လူစုလူဝေးအား အသံတိတ်ခွဲထုတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် လင်ရှောင်းဂိုဏ်းသားများက အနက်ရောင်လိပ်မင်းခန်းမရှေ့မှကျင့်ကြံသူများအားလည်း ရပ်တန့်ခိုင်းလိုက်သည်။
ဂုဏ်သရေရှိဧည့်သည်တစ်ယောက်အား ကြိုဆိုမည့်ပုံဖြင့် အနက်ရောင်လိပ်မင်းခန်းမ၏တံခါးကြီးကလည်း ပွင့်လာလေ၏။
"အနက်ရောင်လိပ်မင်းခန်းမရဲ့ ခန်းမသခင်လျိုက အကြီးအကဲပိုင်ကို ကြိုဆိုပါတယ်"
ခန်းမသခင်လျိုက ခါးကိုကိုင်းညွှတ်ပြီး ရိုသေလေးစားသောအမူအယာဖြင့် ပြောဆိုလိုက်သည်။
တခြားခရမ်းရောင်ဝတ်ကျင့်ကြံသူများကလည်း တညီတညွတ်တည်း အရိုအသေပြုလိုက်ကြ၏။
အဝေးတနေရာရှိ ကောင်းကင်ယံမှ ဧရာမမှော်သားရဲကြီးတစ်ကောင်ပျံသန်းလာပြီး ၎င်း၏နောက်၌ အလွန်အမင်းခမ်းနားထည်ဝါသောရထားလုံးတစ်စီးကို ဆွဲထားလေသည်။
ထိုရထားလုံးသည် ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး လှပချောမောသောမိန်းကလေးတစ်ယောက်က ရထားလုံးအတွင်းမှ ထွက်လာခဲ့သည်။သူမ၏အဖြူရောင်ဆံပင်များက လူးလွန့်နေပြီး သူမ၏ခြေလှမ်းများက ပေါ့ပါးညင်သာစွာဖြင့် လျှောက်လှမ်းလာပေ၏။
လုယွီက အသိအကျွမ်းတစ်ယောက်ကို မြင်တွေ့မိသည့်အတွက် သူ၏မျက်ခုံးများ မြင့်တက်သွားခဲ့သည်။
နောက်ကြောင်းပြန်တွေးကြည့်လျှင် မြေအောက်လောကအကန့်အသတ်မဲ့နန်းတော်အတွင်း၌ လင်ရှောင်းဂိုဏ်းက အကြီးအကဲတစ်ယောက်ကို သူ ဆုံတွေ့ခဲ့ဖူးသည်။ထိုအကြီးအကဲသည် သူရှေ့မှ မိန်းကလေး ပိုင်ဆုချင် ဖြစ်ပေ၏။
"ဒါက သူလား...ဟူး...ပြန်တွေးကြည့်ရင် ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေအတွင်းမှာတုန်းက လူတိုင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကိုဖိနှိပ်ခံထားရတော့...ငါတို့နဲ့သူရဲ့ ကွဲပြားခြားနားမှုကို အာရုံခံလို့မရခဲ့ဘူး...အခုတော့ သူက လင်ရှောင်းဂိုဏ်းရဲ့အကြီးအကဲဖြစ်နေပြီး ငါတို့က မော့ကြည့်နေရပြီ"
ကျန်းတာအိုက သက်ပြင်းရှိုက်နေပေ၏။
လုယွီ၏မျက်လုံးအကြည့်က ပိုင်ဆုချင်ထံတွင်သာ အခိုင်အမာကျရောက်နေခဲ့သည်။ပိုင်ဆုချင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာအငွေ့အသက်အား သူ အလွန်ပင်ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားနေမိ၏။
"မေ့လိုက်တော့...ဖြစ်နိုင်တာတော့ မြေအောက်လောကအကန့်အသတ်မဲ့နန်းတော်မှာတုန်းက သူရဲ့ပုံရိပ်ကို ငါ စွဲလန်းနေလို့ပဲဖြစ်မယ်"
လုယွီက သူ၏စိတ်အတွင်းမှနေ၍ ပြောဆိုနေပေသည်။
ခန်းမသခင်လျိုက ပိုင်ဆုချင်အား အနက်ရောင်လိပ်မင်းခန်းမအတွင်းသို့ ခေါ်ဆောင်သွားချိန်တွင် လုယွီနှင့်တခြားသူများကလည်း ဝင်ရောက်ခဲ့ကြသည်။
အနက်ရောင်လိပ်မင်းခန်းမသည် လင်ရှောင်းဂိုဏ်း၏လက်အောက်ခံအင်အားစုဖြစ်သည်သာမက ပါရမီရှင်လူငယ်များ၏အရည်အချင်းကို စမ်းသပ်စစ်ဆေးသော နေရာလည်းဖြစ်သည်။
လင်ရှောင်းဂိုဏ်းမှခန်းမခွဲလေးခု၏ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်သူမှသာလျှင် ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် အရည်အချင်းပြည့်မှီပေသည်။
"ညီအကို...ငါတို့ တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာဆုံတွေ့စဥ်ကတည်းက...မင်းက သာမာန်မဟုတ်ဘူးဆိုတာ ငါ သတိထားမိတယ်...ဒီတစ်ကြိမ်တော့ မင်းက တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်လာမှာ သေချာတယ်"
ကျန်းတာအိုက လုယွီ၏ပခုံးအား ပုတ်လိုက်၏။
"ပြောကြတာတော့ ခန်းမခွဲတွေမှာ စစ်ဆေးခံတဲ့သူရဲ့ အရည်အချင်းက သာမာန်ထက်ထူးချွန်နေတယ်ဆိုရင်...လင်ရှောင်းဂိုဏ်းရဲ့မျက်စေ့ကျခြင်းခံရသလို လင်ရှောင်းဂိုဏ်းကိုလည်း တိုက်ရိုက်ဝင်ရောက်နိုင်မယ်....ဒီလိုအခွင့်အရေးမျိုးက သာမာန်မဟုတ်ဘူး"
လင်ရှောင်းဂိုဏ်း...
လုယွီက သူ၏စိတ်အတွင်းမှနေ၍ တွေးတောကြည့်မိ၏။အမှန်အားဖြင့် ထိုဂိုဏ်းသည် မဆိုးလှပေ။အကယ်၍ လင်ရှောင်းဂိုဏ်းကသာ သူ့အား လုံလောတ်သောကျင့်ကြံမှုအရင်းအမြစ်များထောက်ပံပေးနိုင်ပါက သူ လက်ထပ်ထိမ်းမြားခြင်းဖြင့် ဂိုဏ်းအတွင်းသို့ဝင်ရောက်ရလျှင်ပင် မဆိုးလှချေ။
"မင်း အကောင်းဆုံးကြိုးစားခဲ့"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
ခန်းမပထမထပ်တွင် လုယွီက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းကို ပေးပြီးမှသာလျှင် စစ်ဆေးခွင့်လက်မှတ်ကို ရရှိခဲ့သည်။လက်မှတ်ပေါ်၌ နံပါတ်တစ်ခုကိုရိုက်နှိပ်ထားသည်။ထိုနံပါတ်ဖြင့် စမ်းသပ်ခံရမည့်အခန်းသို့ သူ သွားရပေမည်။
လုယွီက စမ်းသပ်စစ်ဆေးခန်းကို တွေ့ရှိပြီးနောက် အခန်းတံခါးပေါ်သို့ လက်မှတ်အား ညင်သာစွာကပ်လိုက်သည်။
အခန်းတံခါးပွင့်သွားပြီးနောက် လုယွီက အတွင်းသို့ခြေချလိုက်သည်နှင့် ချက်ချင်းပင် စိတ်ဝိညာဥ်အားလှိုင်းတစ်လှိုင်းက သူ၏ခန္ဓာကိုယ်အားဖြတ်သန်းသွားခြင်းကို ခံစားမိသည်။
ထိုစိတ်ဝိညာဥ်စွမ်းအင်လှိုင်းသည် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကိုစစ်ဆေးခြင်း ဖြစ်ပုံရသည်။သို့ရာတွင် ထိုစွမ်းအင်လှိုင်းသည် လုယွီ၌ရှိနေသော ဗုဒ္ဓ၏မဟာလမ်းကြောင်းကဲ့သို့သော စွမ်းအားမျိုးကိုမှု ဖော်ထုတ်ခြင်းမပြုနိုင်ချေ။
ရုတ်ချည်းဆိုသလိုပင် "သဘာဝလွန်စွမ်းအင်နယ်ပယ်..အလယ်ဆင့်"ဟူသောစာလုံးများက အခန်းနံရံပေါ်၌ ထွက်ပေါ်လာခဲ့သည်။
"ဒီစမ်းသပ်မှုက ကျင့်ကြံဆင့်နယ်ပယ်အလိုက် ခွဲခြားထားတာလား...အရမ်းကောင်းတယ်...အခုလက်ရှိ ငါ့ရဲ့စွမ်းအား ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ သိရတာပေါ့"
လုယွီ၏မျက်လုံးများမှ တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာသည်။
တုန်ခါသံတစ်သံနှင့်အတူ အခန်းတစ်ခန်းလုံး ညလင်းပုလဲများဖြင့် လင်းထိန်သွားခဲ့သည်။
ထို့နောက် ဓားတစ်ချောင်းကိုကိုင်ဆွဲထားသော လူကြီးတစ်ယောက်၏ပုံရိပ်က လုယွီ၏ရှေ့၌ ထွက်ပေါ်လာပေ၏။
"စုန့်မင်းဆက်နဲ့လျန့်မင်းဆက်တွေမှာ သဘာဝလွန်စွမ်းအင်နယ်ပယ် အလယ်ဆင့်ကျင့်ကြံသူတွေကို တတိယတန်းစားအရည်အချင်းလို့သတ်မှတ်တယ်...တကယ်လို့ မင်းက သိုင်းကွက်ဆယ်ကွက်အတွင်းမှာ သူကို ရှုံးနိမ့်မှုမရှိဘူးဆိုရင်...မင်း အနိုင်ရပြီလို့ဆိုနိုင်တယ်"
အခန်းနံရံတစ်ဖက်မှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဒါက မှော်စွမ်းအင်တွေကိုသိပ်သည်းထားတဲ့ ကိုယ်ပွါးပုံရိပ်ယောင်တစ်ခုပဲ...ဒါက လူအစစ်မဟုတ်မှတော့...ငါ အားနာနေစရာမလိုတော့ဘူး"
လုယွီက သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်၏။သူက ပုံရိပ်ယောင်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းခဲ့သည်။
ပုံရိပ်ယောင်သည် ဓားအိမ်မှဓားဆွဲမထုတ်ရသေးမီမှာပင် လုယွီ၏ဖျက်ဆီးခြင်း ခံလိုက်ရ၏။
Chapter 588
"တတိယတန်းစားက အရည်အချင်း...အောင်မြင်တယ်"
"နောက်ထပ်အဆင့်က ဒုတိယတန်းစား အရည်အချင်းစစ်တာပဲ...မင်း ဆက်သွားချင်လား"
အေးစက်စက်အသံကြီးက ထပ်မံ၍ထွက်ပေါ်လာပြန်၏။
လုယွီက တုံဆိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"ဆက်သွားမယ်"
ဝှစ်....
လေပြေလေညှင်းတစ်ချက် တိုက်ခတ်သွားမှုနှင့်အတူ လုယွီ၏ရှေ့၌ ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသည့်စိတ်ဝိညာဥ်စွမ်းအင်များ သိပ်သည်းသွားမှုမှတဆင့် ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာခဲ့သည်။
ထိုပုံရိပ်ယောင်သည် အစောပိုင်းကဓားကိုင်ထားသည့်ပုံရိပ်ယောင်ထက် အဆင့်ပိုမြင့်ပြီး သူ၏လက်အတွင်း၌ သံမဏိတုတ်ချောင်းတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
"သေစမ်း"
ပုံရိပ်ယောင်သည် သံမဏိတုတ်ချောင်းကို ဝှေ့ယမ်းပြီး လုယွီ၏ခေါင်းအား ရိုက်နှက်လေ၏။
"တိုက်ကွက်ကောင်းပဲ"
လုယွီကလည်း အရှိန်အဟုန်ဖြင့် ပြေးသွားပြီး ယခင်နည်းလမ်းအတိုင်း လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဘုန်း....
လက်သီးချက်က ရုတ်တရက် ကျဆင်းသွားမှုနှင့်အတူ လုယွီ၏ခန္ဓာကိုယ်ရှိ အရိုးနှင့်ကြွက်သားများမှ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာသည်။ထို့နောက် နဂါးဟိန်းသံတစ်သံက လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းမှ ထွက်ပေါ်လာပေ၏။
နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်ပြီးနောက် လုယွီရှေ့ရှိပုံရိပ်ယောင်က ပျောက်ကွယ်သွားတော့သည်။
ဒုတိယတန်းစား အဆင့်နိမ့်အဆင့် အောင်မြင်တယ်..နောက်တဆင့် ဒုတိယတန်းစား အလယ်ဆင့်...
ဒုတိယတန်းစားအလယ်ဆင့် အောင်မြင်....
ဒုတိယတန်းစား အဆင့်မြင့်အဆင့် အောင်မြင်...
........
လုယွီ၏ရှေ့သို့ရောက်လာသော မည်သည့်ပုံရိပ်ယောင်မျှ အသက်ရှုကြိမ်တစ်ကြိမ်စာထက်ပို၍ ရပ်တည်နိုင်ခြင်းမရှိချေ။
ပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာသည်နှင့် လုယွီ၏လက်သီးချက်ကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားကြရသည်။
"ပထမတန်းစားအဆင့်...အောင်မြင်တယ်"
အေးစက်စက်အသံ ထပ်မံ၍ထွက်ပေါ်လာပြီးနောက် လုယွီ၏လက်သီးချက်အောက်တွင် သူရှေ့ရှိပုံရိပ်ယောင် ပျောက်ကွယ်သွားသည်။
လုယွီက ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေမိ၏။တူညီသောကျင့်ကြံဆင့်နယ်ပယ်တွင် သူနှင့်ယှဥ်ပြိုင်နိုင်မည့်သူ မရှိပေ။
ယခုလက်ရှိချိန်တွင် လုယွီ အင်အားစိုက်ထုတ်ပါက ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတချို့သာပင် သူနှင့်ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။
"ငါကြားထားတာတော့ ငါရဲ့ပြိုင်ဘက်ကို ငါကိုယ်တိုင်ရွေးချယ်လို့ရတယ်တဲ့...အမှန်ပဲလား"
လုယွီက မေးမြန်းလိုက်၏။
အချိန်အတော်ကြာမှသာလျှင် "အမှန်ပဲ"ဟူသောအသံက စမ်းသပ်စစ်ဆေးခန်းနံရံတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
လုယွီက အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ပြောဆိုလိုက်၏။
"ငါ ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်း ထိပ်သီးကျင့်ကြံသူနဲ့ တိုက်ခိုက်မယ်"
အချိန်အနည်းငယ်စောင့်ဆိုင်းပြီးနောက် လုယွီ၏ရှေ့၌ ပုံရိပ်ယောင်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်ယောင်ထွက်ပေါ်လာသော အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိလေထုပင် အေးစက်စပြုလာသည်။အရိုးဖောတ်လုမတက် ချမ်းစိမ့်စိမ့်အအေးလှိုင်းများက လုယွီ၏ခန္ဓာကိုယ်အား လွှမ်းခြုံလာခဲ့သည်။
လုယွီ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီးနောက် သူက ချက်ချင်းပင် ခေါင်းဖြတ်ဓားကိုဆင့်ခေါ်လိုက်၏။
သို့သော် ထိုအချိန်မှာပင် အစွမ်းထက်သောအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ လုယွီသည် အမြှောက်ဆန်ကဲ့သို့ လွင့်ထွက်လာပြီး မြေပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိတော့သည်။
"ဂျီ...ဂျီ...နောက်ဆုံးတော့လည်း ငါက ကယ်ပေါက်တစ်ပေါက်ကိုရှာတွေ့ပြီး လွတ်မြောက်နိုင်ခဲ့ပြီ"
အမှောင်ထုအတွင်းမှ ရုတ်တရက် အရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။
ထိုပုံရိပ်ကိုကြည့်ရသည်မှာ ဝေဝါးနေပေ၏။သို့ရာတွင် ပုံရိပ်ယောင်က ခြေချလိုက်သည့် အချိန်တခဏတွင် ကြမ်းပြင်တစ်ပြင်လုံးတုန်ခါသွားပြီး လူတစ်ယောက်၏အသွင်အဖြစ် တဖြည်းဖြည်းသိပ်သည်းလာသည်။
ထိုလူ၏မျက်လုံးနှစ်ဖက်လုံးကနက်မှောင်နေပြီး ခါးကုန်းကြီးတစ်ယောက်ဖြစ်ကာ ပိန်ပါးပါးခန္ဓာကိုယ်ရှိပြီး သူ၏ပါးစပ်တွင် အစွယ်များဖြင့်ပြည့်နေသည်။
"အစစ်အမှန်နဲ့အတုအယောင်...ခန္ဓာကိုယ်ထဲက ဝိညာဥ်ထွက်လာခြင်း...မင်းကချက္ကရာနယ်ပယ် ကျင့်ကြံသူတစ်ယောက်လား"
လုယွီ၏မျက်လုံးများအတွင်း၌ သတိကြီးစွာထားသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
ဓမ္မရုပ်ထုနယ်ပယ်ကို ကျော်လွန်နိုင်ပါက ချက္ကရာနယ်ပယ်သို့ ရောက်ရှိပေမည်။
ခန္ဓာကိုယ်မှဝိညာဥ်ထွက်ပေါ်လာပြီးနောက် ၎င်းက တစ်ညအတွင်းမှာပင် မိုင်ထောင်ပေါင်းများစွာခရီးနှင်နိုင်သည်။ချက္ကရာနယ်ပယ်သို့ရောက်ရှိပြီးသော ကျင့်ကြံသူများသာလျှင် ဤနည်းစနစ်ကိုအသုံးပြုနိုင်သည်။
"အဆင်သင့်ပဲ...ဒီနေရာမှာ နှံကောင်ငယ်လေးတစ်ကောင် ရှိနေတာပဲ"
ပိန်ပါးပါးလူကြီးက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး လောဘအငွေ့အသက်ပါသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီလိုကောင်းတဲ့ခန္ဓာကိုယ်မျိုး...မင်းစီမှာရှိနေတာ နှမြောစရာပဲ...ငါ့ကိုပေးလိုက်တာ ပိုကောင်းလိမ့်မယ်"
ပိန်ပါးပါးလူကြီး၏ခန္ဓာကိုယ်မှ အနက်ရောင်အရိပ်တစ်ရိပ် ထွက်ပေါ်လာပြီး လုယွီအား ခုန်အုပ်လိုက်၏။
ဤအချိန်တခဏတွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီး လှုပ်ရှား၍မရတော့ချေ။လုယွီက သူထံခုန်အုပ်လာသော အနက်ရောင်အရိပ်အား ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တက်နိုင်တော့သည်။
ဤသည်က ချက္ကရာနယ်ပယ်ကျင့်ကြံသူ၏ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားဖြစ်သည်။
"ဟား ဟား..ငါက နှစ်ရာပေါင်းများစွာ အကျဥ်းချခံထားရတာ...နောက်ဆုံးတော့ ငါလွတ်မြောက်နိုင်ပြီ...မင်းရဲခန္ဓာကိုယ်က သွေးအဆီအနှစ်တွေပေါများမယ့်ပုံပဲ...ဒါက ငါကို ကောင်းကင်ဘုံကပေးတယ့် အခွင့်အရေးပဲဖြစ်မယ်"
အနက်ရောင်အရိပ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး လုယွီ၏မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်မတ်မတ်တိုးဝင်သွားပေ၏။
သို့ရာတွင် အချိန်တခဏအကြာတွင်မူ လုယွီ၏မျက်ခုံးကြားမှ မသေချာမရေရာမှုများနှင့် တုန်ရီနေသောအသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက ဘာနတ်ဘုရားစမ်းရေအိုင်မျိုးလဲ...မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီးနတ်ဘုရားစမ်းရေအိုင်ထဲမှာ မြို့တစ်မြို့ရှိနေတာလဲ....မဟုတ်ဘူး...မဟုတ်ဘူး"
"ငါ...မြေအောက်လောကတာအိုသခင်ရဲ့အမိန့်..သူကို ဖိနှိပ်ပြီးသတ်ဖြတ်စမ်း"
လုယွီ၏စိတ်ဝိညာဥ်က နတ်ဘုရားစွမ်းရေအိုင်အတွင်းရှိ လုံကျင်းမြို့အင်ပါယာကျောက်စိမ်းတံဆိပ်အား အသက်သွင်းပြီး အနက်ရောင်အရိပ်ပေါ်သို့ ရိုက်ချလေ၏။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အနက်ရောင်အရိပ်၏စိတ်ဝိညာဥ် အပြည့်အဝ ပျက်စီးသွားတော့သည်။
Chapter 589
လုယွီ၏မျက်လုံးများသည် အချိန်တခဏကြာ အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ဝေဝါးပြီးနောက်မှသာ ပြန်လည်ကြည်လင်လာခဲ့သည်။
နောက်ပိုင်းတွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် အေးစက်စက်အားလှိုင်းတစ်ရပ်က လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ မြေအောက်လောကနိုင်ငံတော်ပေါ်သို့ ကျရောက်လာခဲ့သည်။
မြေအောက်လောကနိုင်ငံတော်၏အတွင်းတွင် မြောက်များစွာသောအဆောက်အအုံများက သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် မြင့်တက်လာပေ၏။
လုံကျင်းမြို့၏အရှေ့ဘက်တွင် တခြားမြို့တော်တစ်ခု ပေါ်ထွက်လာသည်။ထိုမြို့၏အချိုးအစားသည် လုံကျင်းမြို့နှင့် မယှဥ်သာသော်လည်း ပြီးပြည့်စုံသောမြို့တစ်မြို့ဖြစ်သည်။
"ငါ့ရဲ့နတ်ဘုရားစမ်းရေအိုင်က စိတ်ဝိညာဥ်ကို လုံးလုံးလျားလျား ဝါးမြိုပစ်တာလား"
လုယွီ၏မျက်လုံးများက ဥာဏ်အလင်းပွင့်သွားပုံဖြင့် တောက်ပလာခဲ့သည်။
သူ၏ရှေ့ရှိစိတ်ဝိညာဥ်သည် အကြွင်းအကျန်စိတ်ဝိညာဥ်မဟုတ်ဘဲ ပြီးပြည့်စုံသောစိတ်ဝိညာဥ်ဖြစ်သည်။
သူ၏နတ်ဘုရားစမ်းရေအိုင်သည် ဤစိတ်ဝိညာဥ်မျိုးကို စုပ်ယူနိုင်ခြင်းက သူ့အတွက်ကောင်းသောကိစ္စပင်။
လုယွီ၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ချက်ချင်းပင် တလိမ့်လိမ့်မြင့်တက်လာသည်။
"ဒါက အဆိုးထဲက အကောင်းပဲ...ငါ အဆင့်ချိုးဖျက်နိုင်တော့မယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် လုယွီက စစ်ဆေးစမ်းသပ်ခန်းအတွင်းမှ ထွက်ခွါသွားရန် ရွေးချယ်ခဲ့တော့သည်။
……
အနက်ရောင်လိပ်မင်းခန်းမ၏ထိပ်ဆုံးထပ်..
ဤနေရာသည် ကြီးမားကျယ်ပြန့်သော ထပ်ခိုးထပ်ဖြစ်ပြီး အောက်ထပ်ရှိမြင်ကွင်းအားလုံးကို တွေ့မြင်နိုင်သည်။
ထပ်ခိုးထပ်၌ ဧည့်ခန်းမတစ်ခုရှိသည်။ ပိုင်ဆုချင်က ထိပ်ဆုံးနေရာ၌ ထိုင်နေပေ၏။ ခန်းမသခင်လျိုနှင့် တခြားအကြီးအကဲများသည် ပိုင်ဆုချင်၏နံဘေးဘက်၌ ရှိနေကြသည်။
"အနက်ရောင်လိပ်မင်းခန်းမရဲ့အကျဥ်းထောင်က ခိုင်ခံ့နေတုန်းပဲလား"
ပိုင်ဆုချင်က မေးမြန်းလိုက်၏။
ခန်းမသခင်လျိုက အလျှင်အမြန်ပင် အပြုံးနှင့်ဖြေဆိုလေသည်။
"စိတ်အေးအေးထားပါ အကြီးအကဲပိုင်....ကျွန်တော်တို့က ဒီနေရာကိုအချိန်ပြည့်စောင့်ကြပ်နေတာပါ...ကျွန်တော်တို့ ပေါ့ပေါ့တန်တန်မလုပ်ဝံ့ပါဘူး"
"ကျွန်မ အခြေအနေကို အတိအကျသိချင်တယ်"
ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒီအကျဥ်းထောင်ထဲမှာ ဘာတွေကိုချုပ်နှောင်ထားတယ်ဆိုတာ ရှင်တို့ သိသင့်တယ်...တကယ်လိုအမှားအယွင်းတစ်ခုခုဖြစ်ရင် ရှင်တို့ဘာမှတက်နိုင်မှာမဟုတ်ဘူး"
ပိုင်ဆုချင်က မတ်တတ်ထရပ်ပြီး ပြောဆိုလေ၏။
"ကျွန်မ အကျဥ်းထောင်ကြယ်မြေပုံကို ကြည့်ချင်တယ်"
ခန်းမသခင်လျိုသည် ပိုင်ဆုချင်ကို မဟန့်တားဝံ့သဖြင့် အလျှင်အမြန်ပင် သူမအား အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။ထိုအခန်းသည် အလွန်ကျယ်ဝန်းသော်လည်း ကြယ်ရောင်များတောက်ပနေသော ဖုန်းရွှေပန်းချီကားတစ်ချပ်သာ ရှိနေသည်။
သို့ရာတွင် ကြယ်အလင်းရောင်များတွင် မှိန်ဖျဖျအလင်းတန်းရောယှက်နေပြီး ခပ်ဖျော့ဖျော့နတ်ဆိုးအရှိန်အဝါများက ဖုန်းရွှေဝင်္ကပါမှထွက်ပေါ်နေသည်။
"ဒီဖုန်းရွှေပန်းချီက ထောင်ထဲက အကျဥ်းခန်းအားလုံးရဲ့အခြေအနေကို ပြသထားတယ်...တကယ်လို့ မတော်တဆဖြစ်ရပ်ရှိမယ်ဆိုရင် အဲ့ဒီအကျဥ်းခန်းပေါ်က ကြယ်ရောင်က တောက်ပလာလိမ့်မယ်"
ခန်းမသခင်လျိုက ရှင်းပြပြောဆိုလိုက်၏။
လူအများ၏ရှေ့တွင်ရှိသော မြေပုံပေါ်ရှိကြယ်ရောင်များသည် အနီရောင်ဖျော့ဖျော့တောက်ပနေဆဲဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမျှမရှိချေ။
ခန်းမသခင်လျိုက အပြုံးနှင့်ပြောဆိုလေသည်။
"အကြီးအကဲပိုင်က ဒီနေ့ပဲလင်ရှောင်းမြို့ကိုရောက်တာ...ဘာလို့ အကြီးအကဲက အရင်ဆုံးအနားမယူသေးတာလဲ...နောက်နေ့တွေကျမှ ကြယ်အကျဥ်းထောင်မြေပုံကို ထပ်ကြည့်ကြရအောင်"
ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"ဒါက အဆင်ပြေပါတယ်...အလုပ်ကိစ္စက ပိုအရေးကြီးတယ်"
သူမက ခေါင်းမော့ပြီး နူးညံသိမ်မွေ့စွာ ဆက်လက်ပြောဆိုလေသည်။
"ပြင်ပလောကကြီးကလူတွေက ခန်းမလေးခုကို ကျွန်မတို့လင်ရှောင်းဂိုဏ်းရဲ့ဂိုဏ်းခွဲတွေလို့ပဲ သိထားကြတာ...ဒါပေမယ့် ဒီခန်းမတွေရဲ့အောက်မှာ ကျယ်ဝန်းတဲ့အကျဥ်းထောင်ကြီးတွေရှိတယ်ဆိုတာ ဘယ်သူမှမသိကြဘူး...ရက်စက်ကြမ်းတမ်းပြီးကောက်ကျစ်တဲ့ ကျင့်ကြံသူတွေကို သူတို့အမှားသူတို့သိတဲ့ချိန်အထိ ဒီအကျဥ်းထောင်မှာထိန်းသိမ်းထားတယ်"
"ရှင်က ဂရုစိုက်ရလိမ့်မယ်...ထောင်သားတွေက ရံဖန်ရံခါ ဆူပူအုံကြွတက်တယ်လို့ ကျွန်မကြားထားတယ်...ဒီအချိန်က ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးစတင်ခါနီးအချိန်...မရေမတွက်နိုင်တဲ့လူငယ်ပါရမီရှင်လေးတွေက ကျွန်မတို့လင်ရှောင်းဂိုဏ်းကိုလာပြီး သူတို့ရဲ့ခွန်အားကို စမ်းသပ်ကြတယ်....ရှင်က အဲ့ဒီလူငယ်ပါရမီရှင်တွေကို ကျွန်မတို့လင်ရှောင်းဂိုဏ်းထဲဝင်ဖို့ စည်းရုံးရုံတင်မက ရှင့်ခြေထောက်အောက်က အကျဥ်းထောင်ကိုလည်း အာရုံစိုက်ထားသင့်တယ်...ဘာအမှားမှမဖြစ်စေနဲ့"
ခန်းမသခင်လျိုက ချက်ချင်းပင် ဦးညွှတ်ပြီးပြောဆိုလေ၏။
"အကြီးအကဲပိုင် စိတ်မပူပါနဲ့...ဒီငယ်သားက အကောင်းဆုံးကြိုးစားမှာပါ"
ထိုအချိန်မှာပင် အကျဥ်းထောင်ကြယ်မြေပုံပေါ်ရှိ အနီရောင်အလင်းတန်းက တဖျတ်ဖျတ်တောက်ပလာခဲ့သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
"မြန်မြန်...အကျဥ်းခန်းနဲ့အနီးဆုံးတပည့်တွေကို အကြောင်းကြားစမ်း"
ခန်းမအကြီးအကဲတစ်ယောက်က အဆောင်သင်္ကေတတစ်ခုကို မီးရှို့ပြီး အနီရောင်အလင်းတန်းထံသို့ ပစ်လွှက်လိုက်၏။အဆောင်သင်္ကေတက ကျဆင်းသွားသော်လည်း အနီရောင်အလင်းတန်းက မည်သည့်ပြောင်းလဲမှုမျှဖြစ်မလာချေ။
"မကောင်းတော့ဘူး...အကျဥ်းထောင်ထဲမှာ မတော်တဆဖြစ်ရပ်တစ်ခုခုဖြစ်နေပြီ"
ထိုအကြီးအကဲ၏မျက်နှာသည် ဖြူရော်နေပေ၏။
"အကြီးအကဲ ပိုင်...ဒါက..."
ခန်းမသခင်လျိုသည် သူ၏အပြစ်ကိုဝန်ခံရန် ခေါင်းမော့လိုက်သော်လည်း ပိုင်ဆုချင်က မရှိတော့သည်ကို သူ မမျှော်လင့်ထားဘဲတွေ့လိုက်ရသည်။
Chapter 590
အနက်ရောင်လိပ်မင်းခန်းမ...စစ်ဆေးစမ်းသပ်ခန်း..
လုယွီထွက်ခွါသွားပြီး မကြာမီ ပိုင်ဆုချင်၏ပုံရိပ်က စစ်ဆေးစမ်းသပ်ခန်း၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
"ဒီနေရာမှာ အရမ်းပြင်းထန်တဲ့နတ်ဆိုးအငွေ့အသက်တွေရှိတယ်...အဲ့ဒီလူ အခုထိထွက်မသွားသေးဘူးလား"
ပိုင်ဆုချင်က မျက်မှောင်ကြုတ်လိုက်မိသည်။သူမ၏ဖြူဖွေးသေးသွယ်သောလက်ချောင်းများကို လိမ်ယှက်ပြီး အဆောင်သင်္ကေတတစ်ခုအား ထုတ်ယူလိုက်၏။
သူမက တခြားလက်တစ်ဖက်ဖြင့် တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး စစ်ဆေးစမ်းသပ်ခန်း၏တံခါးအား ညင်သာစွာတွေ့ထိခဲ့သည်။ဘန်းဟူသောမြည်သံနှင့်အတူ တံခါးကပွင့်သွားပေ၏။
တံခါးကြီးပွင့်သွားသည်နှင့် အေးစက်ပြီးမှုန်မှိုင်းသောအော်ရာက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"မီး"
ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်ချိန်တွင် စစ်ဆေးစမ်းသပ်ခန်းအတွင်းတွင် မီးများတောက်လောင်လာပြီး အခန်းတစ်ခန်းလုံး လင်းထိန်တောက်ပသွားသည်။
"အကြီးအကဲပိုင်...ဒါက မတော်တဆဖြစ်ရပ်ပါ...ကျွန်တော်က အဲ့ဒီလူကို လွတ်မြောက်ဖို့အခွင့်အရေးမရအောင်ဖမ်းဆီးဖို့ လူတွေခေါ်လာခဲ့တယ်"
ခန်းမသခင်လျိုက လူတစ်စုနှင့်အတူ အလျင်စလိုရောက်လာသည်။သူ၏ခေါင်းတွင် ချွေးများစိုရွှဲနေပြီး သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ပြည့်နှက်နေသည်။
"ခန်းမသခင်လျိုက အဲ့ဒီလိုလုပ်ဖို့မလိုအပ်တော့ဘူး...အပြစ်သားက သေသွားပြီ"
ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
"ဘယ်လိုတောင်..."
ခန်းမသခင်လျိုသည် အချိန်တခဏကြာ တွေးတောနေပြီးနောက် သူက အခန်းအတွင်းအား ကြည့်လိုက်သည်။စစ်ဆေးစမ်းသပ်ခန်းအတွင်း၌ လူသေလောင်းတစ်ခု ရှိနေပေ၏။ထိုအလောင်းကောင်အား ကြီးမားလေးလံသောသံကြိုးကြီးတစ်ချောင်းဖြင့် တုပ်နှောင်ထားသည်။
"မိုးကောင်းကင်တေးသံဘုရားကျောင်းရဲ့ခန်းမသခင် ချန်ကျန်း....သူကို အထူးအကျဥ်းခန်းမှာချုပ်ထားတာမလား...ဘာလို့ သူက အပေါ်ရောက်လာရတာလဲ"
ခန်းမသခင်လျိုသည် အလွန်စိတ်ဆိုးဒေါသထွက်သွားပြီး သူ၏နောက်ရှိ လက်အောက်ငယ်သားများကို အော်ငေါက်နေပေသည်။
ခန်းမသခင်လျို၏ငယ်သားများက ထိုအလောင်းကောင်ကိုမြင်ချိန်တွင် သူတို့အားလုံး၏မျက်နှာများ ဖြူရော်သွားပြီး တုန်ရီနေသောအသံများဖြင့် ပြောဆိုလိုက်ကြ၏။
"မဖြစ်နိုင်ဘူး...ကျွန်တော်တို့က ဒီနေ့တင် သူကိုချုပ်ထားတဲ့ အကျဥ်းခန်းကိုစစ်ဆေးခဲ့သေးတယ်...သူက အကျဥ်းခန်းထဲမှာရှိနေတုန်းပဲလေ...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
"မင်းတို့ အံအားသင့်နေစရာမလိုဘူး...ဒီအပြစ်သားက လေဟာနယ်နတ်ဘုရားပုတီးစေ့ကိုသုံးပြီးတော့ သူရဲ့ပုံရိပ်ကို ပုံတူကူးထားခဲ့တာ"
ပိုင်ဆုချင်က အေးစက်စက်ပြောဆိုလိုက်၏။
"အကျဥ်းခန်းတွေအားလုံးမှာ တားမြစ်အဆောင်တွေ ကပ်ထားလိုက်...တစ်ခုမှကျန်မနေစေနဲ့"
"ဟုတ်ကဲ့"
ခရမ်းရောင်ဝတ်စုံဖြင့်တပည့်များ အပြေးထွက်သွားပြီးနောက် ခန်းမသခင်လျိုနှင့်အကြီးအကဲတစ်ချို့သာ နေရာ၌မတ်တတ်ရပ်နေသား ကျန်ရစ်ခဲ့သည်။
"အကြီးအကဲပိုင်...ကျွန်တော် တောင်းပန်ပါတယ်...ဒီလိုကိစ္စမျိုးအရင်ကမဖြစ်ဖူးဘူး"
"အဲ့ဒီအကြောင်း နောက်မှပြောကြရအောင်...ဒီမတိုင်ခင်က စစ်ဆေးစမ်းသပ်ခန်းထဲမှာ ဘယ်သူရှိနေလဲ"
ပိုင်ဆုချင်က အေးစက်စက်လေသံဖြင့် မေးမြန်းလေသည်။
အကြီးအကဲတစ်ယောက်က အလျင်စလိုပြောဆိုလိုက်၏။
"အကြီးအကဲပိုင်...ဒီလူက နာမည်မကျန်ခဲ့ဘူး...နံပါတ်တစ်ခုပဲကျန်ရှိတယ်"
"သူ ဘယ်နေရာမှာလဲ"
"အာ...သူက ဒီစစ်ဆေးစမ်းသပ်ခန်းထဲက ထွက်သွားပြီထင်တယ်"
ပိုင်ဆုချင်က သူမ၏ခေါင်းကိုနောက်လှည့်ပြီး ခန်းမသခင်လျိုအား ကြည့်၍မေးမြန်းခဲ့သည်။
"ဒီနေ့ အနက်ရောင်လိပ်မင်းခန်းမကိုလာပြီး စစ်ဆေးခံတဲ့လူငယ်တွေက အသက်သုံးဆယ်မကျော်ရဘူးမလား"
ခန်းမသခင်လျိုက ခေါင်းညိတ်ပြလေ၏။
"တကယ်လို့ သူတို့က အသက်သုံးဆယ်ကျော်တယ်ဆိုရင်...ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အရည်အချင်းမမှီဘူး...အသက်သုံးဆယ်ကျော်တဲ့သူတွေရောက်လာရင်တောင်မှ ကျွန်တော်တို့က လက်မခံဘူး"
"သူက အသက်သုံးဆယ်မပြည့်သေးတာတောင် ချက္ကရာနယ်ပယ်နှောင်းပိုင်းကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်...ဒီလိုပါရမီရှင်မျိုး...ခန်းမသခင်လျို....ရှင်တို့ အနက်ရောင်လိပ်မင်းခန်းမက ဒီလိုမျိုးပါရမီရှင်တစ်ယောက်ကို ဟန့်တားမထားနိုင်ခဲ့ဘူး'
ပိုင်ဆုချင်၏အသံသည် ရေခဲတမျှအေးစက်နေပေ၏။
"ဘယ်လို...အကြီးအကဲပိုင်က...ခန်းမသခင်ချန်ကျန်းကိုသတ်ခဲ့တာမဟုတ်ဘူးလား"
ဤအချိန်တခဏတွင် ခန်းမသခင်လျိုသည် ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျရောက်သွားသကဲ့သို့ခံစားမိပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ခန်းမသခင်ချန်ကျန်းသည် တိတ်တဆိတ်လွတ်မြောက်သွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အနက်ရောင်လိပ်မင်းခန်းမမှ ထွက်ပြေးသွားနိုင်ခြင်းမရှိခဲ့ချေ။ထို့ကြောင့်သာ ခန်းမသခင်လျိုသည် အမှားကျူးလွန်ခဲ့သော်လည်း ခွင့်မလွှက်နိုင်သောအမှားမျိုးမဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ အသက်သုံးဆယ်အောက်လူငယ်များတွင် ချက္ကရာနယ်ပယ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သူမှာ လွန်စွာရှားပါးပေသည်။အထူးသဖြင့် ထိုလူငယ်သည် အခန်းအတွင်း၌ အချိန်ကြာရှည်ခဲ့ပုံမရချေ။ကြယ်အကျဥ်းထောင်မြေပုံမှ ကြယ်တစ်ပွင့်တလက်လက်တောက်ပလာချိန်မှစ၍ လဖက်ရည်တစ်ခွက်ပြင်ဆင်စာအချိန်မပြည့်မီမှာပင် ပိုင်ဆုချင်သည် ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ပါရမီရှင်မျိုးသည် လင်ရှောင်းဂိုဏ်းတစ်ခုလုံးတွင်ပင် လွန်စွာရှားပါးပေ၏။ခန်းမသခင်လျိုသည် သူရှေ့သို့ရောက်ရှိနေသောအလွန်ထူးချွန်သည့် ပါရမီရှင်ကို လွဲချော်ခဲ့သည်။
ခန်းမသခင်လျိုက ပါးစပ်ဟ၍စကားပြောလိုသော်လည်း သူထံမှ မည်သည့်အသံမျှထွက်ပေါ်လာခြင်းမရှိချေ။သူတို့အားလုံးက ပိုင်ဆုချင်အား သွားရောက်တွေ့ဆုံနေကြခြင်းဖြစ်သည်။ဤကဲ့သို့ပါရမီရှင်မျိုး ရုတ်တရက်ပေါ်ထွက်လာမည်ဟု မည်သူကတွေးထင်မိမည်နည်း။
"သူရဲ့စမ်းသပ်မူရလဒ်တွေ ကျွန်မကိုပေး"
ပိုင်ဆုချင်က အေးစက်စက်ပြောဆိုလိုက်၏။