← Chapters

အခန်း (၅၉၁-၅၉၅)

Vol. 33 Ch. 591-595

အခန်း (၅၉၁-၅၉၅)

Vol. 33 Ch. 591-595

Chapter 591

ဝုန်း...

ပိုင်ဆုချင်၏စကားသံထွက်ပေါ်လာသော အချိန်တခဏတွင် အနက်ရောင်လိပ်မင်းခန်းမတစ်ခုလုံး ရုတ်တရက်လင်းလက်တောက်ပလာသည်။

အနက်ရောင်လိပ်မင်းခန်းမပထမထပ်၏အလယ်ဗဟို၌ ဧရာမကျောက်သင်ပုန်းကြီးတစ်ချပ်က လေထုအတွင်း၌မျောလွင့်နေသည်။

သင်ပုန်းကြီး၏မျက်နှာပြင်တွင် နာမည်အမြောက်အများရှိနေပြီး ၎င်း၏နောက်၌ရှိနေသောအဆင့်များကမူ အချိန်နှင့်အမျှပြောင်းလဲနေပေ၏။

"ဘာတွေဖြစ်နေတာလဲ"

"တစ်ယောက်ယောက်က ထိပ်တန်းဆယ်ယောက်ထဲကိုဝင်သွားပြီ"

"ကြည့်ကြစမ်း..ဘယ်မိသားစုရဲ့လူငယ်ပါရမီရှင်လည်းဆိုတာ"

အနက်ရောင်လိပ်မင်းခန်းမ၌ရှိနေဆဲဖြစ်သော လူများက ချက်ချင်းပင် ဧရာမကျောက်သင်ပုန်းကြီးအား ဒရောသောပါးပြေးကြည့်ကြ၏။ကောင်းကင်နန်းတော်ပြိုင်ပွဲမစတင်မီရက်များတွင် လင်ရှောင်းဂိုဏ်းသည် ခန်းမခွဲလေးခုလုံး၌ ဧရာမကျောက်သင်ပုန်းများကို စိုက်ထူထားခဲ့သည်။အရည်အချင်းရလဒ်အားလုံးကို ထိုကျောက်သင်ပုန်းများပေါ်၌ ပြသထားပေ၏။

"ထူးဆန်းတယ်...ဘာလို့ ဒီကျောက်သင်ပုန်းမှာ ဘာတုံပြန်မှုမှမရှိတာလဲ"

"အားလုံးပြောနေကြတာတော့ ထိပ်တန်းဆယ်ယောက်ထဲကို တစ်ယောက်ယောက်ပါသွားလို့ အသံမြည်လာတာတဲ့...ဖြစ်နိုင်တာတော့ ဒီကျောက်သင်ပုန်းက ကျိုးပဲ့နေလို့များလား"

လူအများက တိုင်ပင်ဆွေးနွေးနေကြ၏။ထိုအချိန်မှာပင် ကျောက်သင်ပုန်းပေါ်ရှိတစ်နေရာမှ အနီရောင်အလင်းတန်းက အထက်သို့ခုန်တက်လာခဲ့သည်။တချို့လူများ သဲသဲကွဲကွဲမမြင်လိုက်ရချိန်မှာပင် အနီရောင်အလင်းတန်းသည် ထိပ်တန်းဆယ်ယောက်အတွင်းသို့ ဝင်ရောက်လာပေ၏။

"ဘီလူးနတ်ဆိုးကျွန်းရဲ့မို့တုကျိုးနာမည်ကို ဖြတ်ကျော်သွားပြီ"

"ဒီလိုမြန်ဆန်တဲ့အရှိန်မျိုး...ဖြစ်နိုင်တာတော့ သူက လင်ရှောင်းဂိုဏ်းမှာ အရင်တုန်းက မစစ်ဆေးခဲ့ဖူးဘူးထင်တယ်"

"ကြည့်ကြအုံး...နံပါတ်ငါးနေရာကိုကျော်သွားပြီ"

အနီရောင်အလင်းတန်းသည် ကျောက်သင်ပုန်းပေါ်ရှိနာမည်များကို အဆက်မပြတ်ဖြတ်ကျော်နေပြီး နောက်ဆုံး၌ နံပါတ်သုံးနေရာသို့ ရောက်ရှိလာသည်။

"ကြည့်ကြစမ်း...ဒါက ခုထိမရပ်သေးဘူး...."

လူတိုင်းက အံ့အားသင့်စွာဖြင့် အော်ဟစ်နေကြ၏။

"သူက ယင်လော့ဂိုဏ်းရဲ့သခင်လေးနာမည်ကိုတောင် ကျော်တက်သွားပြီ...အဲ့ဒီရှေ့မှာက လုမိသားစုရဲ့ကောင်းကင်ဘုံချီးမြှောက်ခံ လူဝူယာပဲရှိတော့တယ်"

"ကောလဟာလတွေအရတော့ လုဝူယာက ဥာဏ်အလင်းပွင့်နယ်ပယ်က ထိပ်သီးကျင့်ကြံသူကိုတောင်သတ်ဖြတ်နိုင်တယ်တဲ့...ဒီလိုလူကိုတော့ ကျော်ဖြတ်ဖို့ဆိုတာ...ဟာ...."

ထိုလူက စကားမဆုံးခင်မှာပင် သူ၏အကြည့်က ကျောက်သင်ပုန်းပေါ်သို့ ကျရောက်သွားခဲ့သည်။သူ၏မျက်နှာပင် နီမြန်းနေပေ၏။

ထိုအနီရောင်အလင်းတန်းသည် တဖြည်းဖြည်းနှင့် လုဝူယာ၏နာမည်အား နံပါတ်တစ်နေရာမှ ဆွဲချလိုက်သည်။

မြေအောက်လောက...ပါရမီအရည်အချင်း...ခန့်မှန်းမရနိုင်

****

ဘန်း....

ပိုင်ဆုချင်၏လက်ချောင်းများ ညင်သာစွာတောက်ထုတ်လိုက်မှုနှင့်အတူ စွမ်းအင်လှိုင်းတစ်လှိုင်းထွက်ပေါ်လာပြီး အခန်းအတွင်းရှိ ခန်းမသခင်ချန်ကျန်း၏ရုပ်အလောင်းကို အပြင်းအထန်ရိုက်ခတ်မိသွားသည်။

ခန်းမသခင်လျိုက ထိုမြင်ကွင်းကိုမြင်ချိန်တွင် ချက်ချင်းမြေပြင်ပေါ်၌ဒူးထောက်ပြီး တုန်ရီနေသောလေသံဖြင့် ပြောဆိုလိုက်၏။

"အကြီးအကဲ ပိုင်....ဒီအပြစ်အတွက် ကျွန်တော်ကို ခွင့်လွှက်ပေးပါ...ဒါပေမယ့် ကျွန်တော်က ဒီပါရမီရှင်ကို တွေ့အောင်ရှာပေးပါ့မယ်"

"မြေအောက်လောက...ဖြစ်နိုင်တာတော့ ခန်းမသခင်လျိုက ဒီတာအိုနာမည်ကို နည်းနည်းလေးမှသတိမပြုမိဘူးလား"

ပိုင်ဆုချင်၏လေသံသည် အေးစက်သထက်အေးစက်လာပေ၏။

မြေအောက်လောက...မြေအောက်လောက...

ခန်းမသခင်လျိုသည် မြေပြင်ပေါ်၌ ဒူးထောက်နေရာမှ တစ်စုံတစ်ခုကို တွေးတောမိသွားသည်။

"ဒါက လျှို့ဝှက်နဂါးစာရင်းရဲ့ပထမနေရာက နာမည်မလား...သူက ဒီနေရာကို ရောက်လာတာလား"

ခန်းမသခင်လျိုက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"ရှင် ဘာကိုလွဲချော်သွားတယ်ဆိုတာ...ရှင်အခုသိပြီလား...ကျွန်မ ဒီနေရာကိုစောင့်ကြပ်ထားမယ်...ရှင်က အဲ့ဒီပါရမီရှင်ကို အကောင်းဆုံးကြိုးစားရှာဖွေသင့်တယ်...တကယ်လို့ ရှင်ရှာမတွေ့ဘူးဆိုရင်..ခန်းမသခင်နေရာကနေဖြုတ်ချပြီး အပြင်စည်းအကြီးအကဲအဖြစ်နဲ့ ဂိုဏ်းမှာနေရမယ်"

"ဟုတ်ကဲ့...ဒီငယ်သားက အဲ့ဒီလူကို ရှာဖွေဖို့ကြိုးစားပါ့မယ်"

မြေပြင်ပေါ်၌ ဒူးထောက်နေသော ခန်းမသခင်လျို၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီနေပေ၏။

"ဒါပြင်...ဒီကိစ္စကို တခြားအင်အားစုတွေသိသွားမှာ ကျွန်မမလိုချင်ဘူး...ရှင်တို့က သူ့အကြောင်းကို တခွန်းတလေမှထုတ်မပြောပါဘူးလို့ ကျိန်ဆိုရမယ်...တကယ်လို့ တစ်ယောက်ယောက်က ထုတ်ပြောရဲရင်...အဲ့ဒီလူကို အရမ်းပြင်းထန်တဲ့အပြစ်ပေးပြီးမှ သတ်ပစ်မယ်"

"အမိန့်အတိုင်းပါ"

……

လင်ရှောင်းမြို့...ကျောက်စိမ်းမြစ်စားသောက်ဆိုင်...

ဤသည်က လင်ရှောင်းမြို့တစ်မြို့လုံးတွင် ခမ်းနားထည်ဝါဆုံးစားသောက်ဆိုင်များအနက်မှ တစ်ခုဖြစ်သည်။

လုယွီနှင့်ကျန်းတာအိုသည် စားသောက်ဆိုင်၏ပြတင်းပေါက်ဘေး၌ ထိုင်နေသည်။ သူတို့ရှေ့ရှိစားပွဲပေါ်တွင် စိတ်ဝိညာဥ်စွမ်းအင်အငွေ့အသက် သိပ်သည်းစွာပါဝင်နေသော ဟင်းလျာများ ဝိုင်ခရားများနှင့် ပြည့်နေပေ၏။

"ညီအကို...မင်းက တောင်ပိုင်းစွန့်ပစ်ကုန်းမြေကနေ ထွက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ပြီးတော့ မင်းမှာငွေအများကြီးရှိပုံပဲ...မင်းရဲ့မျိုးရိုးနာမည်က လုဆိုတော့...မင်းက လုမိသားစုကလူတော့မဟုတ်ပါဘူးနော်...ဟုတ်တယ်မလား"

ကျန်းတာအို၏လက်နှစ်ဖက်သည် ဆီများစိုရွှဲနေပြီး ကြက်ပေါင်တစ်ချောင်းကို ကိုင်ဆွဲကာ ပလုတ်ပလောင်းစားသောက်နေပေ၏။

လုယွီက ပြုံးနေပေသည်။

"ငါက လုမိသားစုကပဲ"

ခွမ်...ခွမ်...

ကျန်းတာအို၏လက်အတွင်းရှိ ဝိုင်ခရားသည် စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး အံ့အားသင့်စွာဖြင့် ပြောဆိုလေသည်။

"မင်းက တကယ့်ကို လုမိသားစုကလား"

သူ၏အသံသည် အလွန်ကျယ်လောင်ခြင်းမရှိသော်လည်း တခြားသူများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

ထိုအချိန်မှာပင် အဖော်အပေါင်းများခြံရံထားသော အမျိုးသမီးတစ်ယောက်က လုယွီတို့ရှိနေသော စားသောက်ဆိုင်အလွှာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာပေသည်။

သူမက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ရာတွင် လုယွီထံအရောက်တွင် ရုတ်တရက် သူမ၏မျက်လုံးအကြည့်က ရပ်တန့်သွားသည်။

"လုယွီလား...ဘယ်လိုလုပ်ပြီး သူက ဒီနေရာကိုရောက်နေတာလဲ"

ထိုအမျိုးသမီးက တီးတိုးရေရွတ်လိုက်၏။

Chapter 592

"မမရွှမ်အာ..ဘာဖြစ်လို့လဲ"

သူမ၏နံဘေးမှ မိန်းကလေးတစ်ယောက်က အပြုံးနှင့် မေးမြန်းလိုက်၏။

လုရွှမ်အာ၏အကြည့်က အဝေးသို့ရောက်ရှိသွားခဲ့သည်။

"ငါ အဆင်ပြေပါတယ်...မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့မိလို့ပါ"

"မမရွှမ်အာရဲ့ မိတ်ဆွေဟောင်းက ဘယ်သူလဲ...ကျွန်မ ကြည့်လိုက်အုံးမယ်...အာ...ပြတင်းပေါက်နားကစားပွဲမှာ ထိုင်နေတဲ့ ရုပ်ချောချောနဲ့ကောင်လေးမလား...ဝိုး...သူက တော်တော်ချောတာပဲ"

"ဒါပေမယ့် မမရွှမ်အာ...မမက ယင်လော့ဂိုဏ်းကသခင်လေးနဲ့ လက်ထပ်ရတော့မှာလေ....မမက နောက်ခံမရှင်းလင်းတဲ့လူတစ်ယောက်နဲ့ ရောရောနှောနှောမနေသင့်ဘူး"

လုရွှမ်အာ၏မျက်လုံးများတွင် အနည်းငယ်ရွံရှာသွားသောအရိပ်အယောင်များ ထင်ဟပ်လာသော်လည်း သူမက ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့သည်။

"တော်သင့်ပြီ...အဲ့ဒီအကြောင်း အများကြီးမစဥ်းစားနဲ့...သူက ငါရဲ့ဝမ်းကွဲတစ်ယောက်ပဲ"

လုရွှမ်အာက ရှင်းပြပြောဆိုလိုက်၏။သူမကလည်း လုယွီနှင့် ရောနှောလိုစိတ်မရှိချေ။

"လုမိသားစုကလား"

လုရွှမ်အာနံဘေးရှိ မိန်းကလေးများ၏မျက်လုံးများအချင်းချင်း ဆုံတွေ့သွားပြီး သူမတို့က တိတ်ဆိတ်ငြိမ်သက်သွားကြသည်။လုမိသားစုသည် အလွန်အင်အားကြီးပေ၏။သူတို့က လုရွှမ်အာ၏ရှေ့တွင် ထပ်မံ၍စကားမဆိုဝံ့ကြတော့ချေ။

"ငါ တစ်ချက်သွားကြည့်လိုက်အုံးမယ်...နင်တို့ သီးသန့်ခန်းထဲကို အရင်သွားနှင့်ကြ...ခဏနေရင် ငါ ပြန်လာခဲ့မယ်"

လုရွှမ်အာ၏မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များရှိနေသည်။

သူမ၏နံဘေးရှိ မိန်းကလေးများသည် လိမ္မာပါးနပ်စွာဖြင့် ထွက်ခွါသွားကြ၏။

လုရွှမ်အာက သူမကိုယ်သူမ သပ်ရပ်အောင်ပြင်ဆင်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသောအမူအယာဖြင့် လုယွီထံ လျှောက်လှမ်းသွားလေသည်။

"လုယွီ...အထီးကျန်နတ်ဘုရားလှေပေါ်က မတော်တဆကိစ္စကြီးအပြီးမှာ နင် အသက်ရှင်နေအုံးမယ်လို့ ငါ ထင်မထားမိဘူး"

လုရွှမ်အာက ပြောဆိုလိုက်၏။

လုယွီကတော့ အံ့အားသင့်သွားပုံမရချေ။အမှန်အားဖြင့် သူမ စားသောက်ဆိုင်အတွင်းသို့ ခြေလှမ်းချပြီးချိန်ကတည်းက လုယွီ သတိပြုမိပြီးဖြစ်သည်။

လုရွှမ်အာက အနည်းငယ်တိုးတက်လာပုံရပြီး သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဝိုင်းကြီးနယ်ပယ်သို့ရောက်ရှိနေလေပြီ။ကြည့်ရသည်မှာ သူမသည်လည်း အချိန်ကောင်းလေးများ ပိုင်ဆိုင်ခဲ့ပုံရပေ၏။

"ငါ မသေသေးတာ အမှန်ပဲလေ"

လုယွီက မည်သည့်တွန့်ဆုတ်ခြင်းမျှမရှိဘဲ ပြောဆိုလိုက်သည်။

ထိုအချိန်တုန်းက လုယွီကသာ အထီးကျန်နတ်ဘုရားလှေပေါ်၌ အကြမ်းဖက်လာသူကို တိုက်ခိုက်ခြင်းမပြုပါက ထိုလှေပေါ်ရှိလူအားလုံး သေဆုံးသွားပေလိမ့်မည်။သို့ရာတွင် လုရွှမ်အာက ထိုကိစ္စများအား သိပုံမရချေ။

လုယွီက ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်၏။

"ဘာလို့ သခင်ကြီးဝေ့က မင်းနဲ့အတူမရှိတာလဲ"

"ငါတို့ အထီးကျန်နတ်ဘုရားလှေပေါ်ကနေ ဆင်းလာပြီးတော့ လူတိုင်းက သူတို့သွားချင်တဲ့နေရာကိုသွားကြတယ်...သူတို့ရဲ့ပါရမီအရည်အချင်းက အကန့်အသတ်ရှိတယ်ဆိုတာသိတဲ့ လူနှစ်ယောက် သုံးယောက်ကပဲ သခင်ကြီးဝေ့နဲ့အတူ မိုးကောင်းကင်ရှုခင်းမြို့ကလုမိသားစုစီ သွားကြတယ်"

လုရွှမ်အာက အပြုံးနှင့်ပြောဆိုလေသည်။

လုယွီက မျက်မှောင်ကြုတ်နေပေ၏။အစပထမ၌ တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ ထွက်ခွါခဲ့သော အထီးကျန်နတ်ဘုရားလှေပေါ်တွင် လူရာပေါင်းများစွာရှိနေခဲ့သည်။ထိုအချိန်တုန်းက သခင်ကြီးဝေ့ကသာ ကူညီခဲ့ခြင်းမရှိပါက လှေပေါ်ရှိလူအမြောက်အများ သေဆုံးရပေလိမ့်မည်။

မည်သည်ကြောင့် သခင်ကြီးဝေ့နှင့်အတူ လူနှစ်ယောက် သုံးယောက်သာ ထွက်ခွါသွားသနည်း။

"နင်ကို ငါ အမှန်အတိုင်းပြောရရင်...နင်ရဲ့ခုလက်ရှိ ပုံပန်းသွင်ပြင်ကိုကြည့်တာနဲ့...ငါရဲ့အမေ ဘာလို့တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာပဲနေတာလဲဆိုတာ ငါသိသွားပြီ"

လုရွှမ်အာ၏မျက်လုံးများအတွင်း၌ ပြက်ရယ်ပြုလိုသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။

"မင်းအမေရဲ့ဆုံးဖြတ်ချက်က မင်းခန့်မှန်းလို့ရတဲ့အရာမဟုတ်ဘူး"

"ဘာလို့ ငါက မှန်းဆလို့မရရမှာလဲ...မိုးကောင်းကင်ရှုခင်းမြို့မှာရှိတဲ့ လုမိသားစုကလူတွေက လမ်းဆုံးကိုရောက်နေပြီ...ငါရဲ့အမေက လိမ္မာပါးနပ်တဲ့သူတစ်ယောက်လေ...မိုးကောင်းကင်ရှုခင်းမြို့မှာ သူ နေနေတာထက် တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာနေတာ အကျိုးကျေးဇူးပိုရတယဆိုတာ သူသိပြီးသား"

လုရွှမ်အာက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ငေါ့တော့တော့ ပြောဆိုလိုက်သည်။

"ရိုးရိုးသားသားပြောရရင်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ နင်အသုံးပြုခဲ့တဲ့လှည့်ကွက်တွေက အရမ်းလွယ်ကူတဲ့အရာတွေပဲ"

ကျန်းတာအိုက အေးစက်စက်ရယ်မောနေပေ၏။

"သူက ဘယ်သူလဲ...တော်တော်ကိုဘဝင်ရူးရူးနေတာပါလား"

လုရွှမ်အာက ကျန်းတာအိုအား တစ်ချက်ကြည့်ပြီး အထင်အမြင်သေးစွာပြောဆိုလေသည်။

"ဒါက နင်ရဲ့မိတ်ဆွေလား....လူတွေက တူရာတူရာစုကြတဲ့ စကားက တကယ့်ကိုမှန်တာပဲ"

ထိုအချိန်မှာပင် လုယွီက လုရွှမ်အာ၏ဝတ်စုံပေါ်ရှိ "လု"ဟု ပန်းထိုးထားသောသင်္ကေတအား သတိပြုမိသွားသည်။

"မင်းက လင်ရှောင်းမိသားစုခွဲကို သွားခဲ့တာလား"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

လုရွှမ်အာက သရော်တော်တော် ပြောဆိုလေသည်။

"နင်က ငါကို...ငါ့အမေလို ရှေးရိုးစွဲသမားကြီးလို့ ထင်နေတာလား"

"လုမိသားစုတိုက်ရိုက်မျိုးဆက်တွေ နိမ့်ပါးလာတာနဲ့အမျှ မိုးကောင်းကင်ရှုခင်းမြို့ကလည်း တစ်နေ့ကျရင်အပယ်ခံဖြစ်တော့မှာ....လင်ရှောင်းမိသားစုခွဲမှာ လုဝူယာလိုပါရမီရှင်မျိုးရှိနေတာကိုကြည့်ရင် သူတို့ရဲ့တိုးတက်လာမှုကို ငြင်းပယ်လို့မရဘူး ..ငါက လင်ရှောင်းမိသားစုခွဲကိုသွားတာ ဘာမှားသွားလို့လဲ"

"နင်က တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာတုန်းက ငါရဲ့အမေကို နင်ရဲ့နောက်ခံအဖြစ်အသုံးပြုခဲ့တယ်...အခု ဒီနေရာမှာ နင်နောက်မှာ ဘယ်သူမှမရှိဘူး....လင်ရှောင်းလုမိသားစုခွဲကလည်း နင်လို ဘာအရည်အချင်းမှမရှိတဲ့သူကို ကြိုဆိုမှာမဟုတ်ဘူး...အနာဂတ်ကျရင် နင်က ငါကို မော့ကြည့်နေရုံပဲတက်နိုင်တော့မှာ"

Chapter 593

လုယွီက ဝိုင်တစ်ငုံစာခန့်ကို အရသာခံ၍သောက်လိုက်၏။

"မင်း ပြောလို့ပြီးပြီလား...မင်းက လင်ရှောင်းမိသားစုခွဲကိုသွားတဲ့ကိစ္စ ငါ ဘာမှပြောစရာမရှိဘူး...လူတိုင်း လူတိုင်းမှာ ဆန္ဒကိုယ်စီရှိကြတာပဲလေ...ငါ မင်းကိုဘာမှဖိအားပေးမှာမဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

လုဝမ်ရှင်းသည် အလယ်ပိုင်းကုန်းမြေမှထွက်ခွါပြီး လုခိုင်ရှမ်ရှိရာ တောင်ပိုင်းစွန့်ပစ်ကုန်းမြေသို့ လိုက်လာခဲ့သည်မှာ ထိုမိသားစုခွဲများ၏စနက်ကြောင့်ပင်။လုရွှမ်အာက ထိုကိစ္စများကို အသေအချာသိရှိမည်မဟုတ်ချေ။

လုရွှမ်အာက ခေါင်းခါယမ်းလိုက်၏။

"နင်က ခုထိ လက်တွေ့ဘဝကို မသိသေးဘဲကိုး...နင်က ဒီနေရာမှာ တောင်ပိုင်းစွန့်ပစ်ကုန်းမြေတုန်းကလို အောင်မြင်မှုတွေရမယ်လို့ ထင်နေတာလား...ဟင်း...နင်က တကယ့်ကို ရေတွင်းအောက်ခြေကဖားသူငယ်တစ်ကောင်ပဲ"

လုရွှမ်အာက လုယွီ၏နံဘေးရှိတံဆိပ်ပြားကို တစ်ချက်ကြည့်ပြီး အပြုံးနှင့်ပြောဆိုလေသည်။

"နင်က လင်ရှောင်းဂိုဏ်းက အရည်အချင်းစစ်ပွဲကိုသွားခဲ့တာလား....အခြေအနေဘယ်လိုရှိလဲ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"သာမာန်ပါပဲ"

လုယွီက အမှန်အတိုင်းပြောဆိုခြင်းဖြစ်သည်။သူကဲ့သို့ ပြန်လည်ဝင်စားလာသောတာအိုသခင်တစ်ယောက်၌ ဤကဲ့သို့အရည်အချင်းသာမရှိလျှင် လွန်စွာရှက်ရွံဖွယ်ကောင်းပေမည်။

တံဆိပ်ပြားကိုစားပွဲပေါ်၌ မှောက်တင်ထားသဖြင့် လုရွှမ်အာသည် နံပါတ်ကိုသာမြင်နိုင်ပြီး အရည်အချင်းရလဒ်ကိုမူ တွေ့မြင်နိုင်ခြင်းမရှိချေ။လုရွှမ်အာက တွေးတောမိချိန်တွင် တစ်စုံတစ်ခုကိုနားလည်သဘောပေါတ်သွားခဲ့သည်။လုယွီက သူ၏အရည်အချင်းရလဒ်သည် အလွန်ဆိုးရွားနေသဖြင့် သူမ ထုတ်ဖော်လိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်မည်။

"နင် လင်ရှောင်းလုမိသားစုခွဲကိုဆက်သွယ်ဖို့ ငါ အကြံပေးချင်တယ်...မိုးကောင်းကင်ရှုခင်းမြို့ကိုဖုံးအုပ်နေတဲ့ ရေခဲလွှာတွေက ပိုပိုပြီးအားကောင်းလာပြီ...ပင်မလုမိသားစုမှာရှိတဲ့ အဖိုးကြီးတွေက ဒီအခြေအနေကို ဆက်ပြီးတောင့်ခံနိုင်မှာမဟုတ်တော့ဘူး....သိပ်မကြာမီမှာပဲ လင်ရှောင်းလုမိသားစုက အစစ်အမှန်လုမိသားစုဖြစ်တော့မယ်"

လုရွှမ်အာက လုယွီအား စူးစိုက်ကြည့်နေပေ၏။

"နင်နဲ့ငါ နှစ်ယောက်စလုံး...လုမိသားစုတိုက်ရိုက်မျိုးဆက်ကဆင်းသက်လာတာ...တကယ်လို့ နင်က လင်ရှောင်းမိသားစုခွဲကိုဝင်မယ်ဆိုရင်...နင် အကူအညီတွေအများကြီးရလိမ့်မယ်...ဒါပြင် နင်ရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းကလည်း ချောမွေ့သွားမှာသေချာတယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။

"မလိုဘူး...ငါက လင်ရှောင်းလုမိသားစုခွဲကို သွားပြီးဂါရဝပြုမှာမဟုတ်ဘူး"

လုယွီသည် လင်ရှောင်းလုမိသားစုခွဲမှလူငယ်များနှင့် နဂါးအကျဥ်းထောင်တောင်တန်းတွင် ပြဿနာတက်ခဲ့သည်ကို မဆိုထားနှင့်။သူ၏ဖခင်လုခိုင်ရှမ်အား အလယ်ပိုင်းကုန်းမြေမှ ဖိအားပေး၍ထွက်ခွါခိုင်းခဲ့သည်မှာ ထိုမိသားစုခွဲများဖြစ်သည်။

"နင်ကို ငါ တကယ်စိတ်ပျက်သွားပြီ"

လုရွှမ်အာက အထင်အမြင်သေးပုံဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

"နင်က စည်းမျဥ်းဟောင်းတွေကို လိုက်နာနေတုန်းပဲလား....နင် အလယ်ပိုင်းကုန်းမြေကိုရောက်တဲ့ချိန်မှာ နင်ကို ပင်မလုမိသားစုကကူညီပေးမယ်လို့ ထင်နေတာလား"

"မိုးကောင်းကင်ရှုခင်းမြို့....အဲ့ဒီနေရာကို နင်သွားလို့မရမှာ ငါစိုးရိမ်မိတယ်...တကယ်လို့ နင် သွားလို့ရရင်တောင်မှ သူတို့က နင်ကို ဘာမှပေးနိုင်မှာမဟုတ်ဘူး"

လုရွှမ်အာက တမင်ရည်ရွယ်ထားသည် ဟုတ်လော မဟုတ်လော ဝေခွဲရခက်စွာဖြင့် သူမ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။သူမ၏အရှိန်အဝါသည် အမှန်တကယ်ပင် သဘာဝလွန်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်ပေ၏။

"သူရဲ့အော်ရာကို ထိန်းချုပ်ထားတာလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

အစောပိုင်း လုရွှမ်အာကိုစတွေ့ရချိန်၌ သူမ၏ကျင့်ကြံဆင့်သည် အဝိုင်းကြီးနယ်ပယ်သာရှိသည်။သို့ရာတွင် သူမ၏အော်ရာများကို ထုတ်လွှက်လိုက်ချိန်တွင်မူ သူမ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်အား ပြသနေပေ၏။

"အနည်းဆုံးတော့ နင်အတွက် ဘယ်အရာကကောင်းတာလဲဆိုတာ နင်သိသင့်တယ်...ငါရဲ့ကျင့်ကြံဆင့်နယ်ပယ် မြန်မြန်ဆန်ဆန်တိုးတက်လာတာ လင်ရှောင်းလုမိသားစုခွဲရဲ့ အကူအညီကြောင့်ပဲ....နင်ကို မိုးကောင်းကင်ရှုခင်းမြို့မှာရှိတဲ့ ပင်မလုမိသားစုက ဘာကျင့်ကြံမှုအရင်းအမြစ်မှပေးနိုင်မှာမဟုတ်ဘူး"

လုရွှမ်အာက စိတ်ကြီးဝင်နေသောလေသံဖြင့် ပြောဆိုလေသည်။

"ငါ နင်ကိုပြောဖို့ တစ်ခုမေ့နေတယ်...နောက်လကျရင် ငါက ယင်လော့ဂိုဏ်းက သခင်လေးနဲ့ လက်ထပ်တော့မှာ...သူက လျှို့ဝှက်နဂါးစာရင်းရဲ့ထိပ်သီးသုံးယောက်ထဲက လူတစ်ယောက်...နင်နဲ့ငါ နောက်တစ်ခါ ပြန်တွေ့ဖို့အခွင့်အရေးတောင်ရှိပါ့မလား"

ယင်လော့ဂိုဏ်း....

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"ငါ မင်းကို အကြံတစ်ခုပေးမယ်...ဘာကိစ္စဖြစ်ဖြစ် နင် လေးလေးနက်နက်စဥ်းစားရင်ပိုကောင်းလိမ့်မယ်...ယင်လော့ဂိုဏ်းက မင်းထင်နေသလိုမျိုး ကောင်းတာမဟုတ်ဘူး"

"ခစ် ခစ်...တခြားသူတွေ ကောင်းမွန်တဲ့ဘဝမှာနေနေရရင် မနာလိုတက်တဲ့ နင်တို့လိုလူစားမျိုးတွေအကြောင်း ငါ သိပြီးသား...ဘယ်လိုပဲဖြစ်ဖြစ် ငါက နင် မော့ကြည့်နေရုံပဲတက်နိုင်မယ့် တည်ရှိမှုကြီးဖြစ်တော့မှာလေ....အစတုန်းကတော့ ငါ နင်ကို နတ်ဆိုးဂိုဏ်းရဲ့ပင်မယဇ်ပလ္လင်မှာတုန်းက ကိစ္စတွေပြောမလို့...ဒါပေမယ့် နင်ကို ထပ်တွေ့ရချိန်မှာ ငါ တစ်ခုခုကိုနားလည်သဘောပေါက်သွားပြီ"

လုရွှမ်အာက နောက်ပြန်လှည့်ထွက်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်သည်။

"ကောင်းကင်ယံပေါ်ကကြယ်တွေက မြေပြင်ပေါ်က ပုရွက်ဆိတ်တွေကိုမမုန်းကြဘူး....နင်က နတ်ဆိုးဂိုဏ်းမှာတုန်းက လှည့်ကွက်တွေသုံးခဲ့တာလေ...ငါက ဘာလို့ နင်လိုလူစားမျိုးနဲ့ အငြင်းပွါးနေရမှာလဲ"

Chapter 594

လုရွှမ်အာက မာနကြီးသောငန်းတစ်ကောင်ကဲ့သို့ ခေါင်းမော့ရင်ကော့ကာ လှည့်ထွက်သွားတော့သည်။

ကျန်းတာအိုသည် သူမရှိနေစဥ်၌ မည်သည့်စကားမျှ ပြောဆိုဝံ့ခြင်း မရှိချေ။လုရွှမ်အာ ထွက်ခွါသွားပြီးမှသာ သူက ပြောဆိုလိုက်သည်။

"အဲ့ဒီကောင်မလေးက လုမိသားစုကဆိုတာ သံသယဖြစ်စရာမရှိဘူး...သူရဲ့မာနက မိုးထိနေပြီ....ညီအကို...ငါ​ မင်းကိုပြောချင်တာမဟုတ်ဘူးနော်"

ကျန်းတာအိုသည် ရုတ်တရက် မကျေမချမ်းပြောဆိုလိုက်မိသော်လည်း လုယွီသည်လည်း လုမိသားစုကဖြစ်ခြင်းကို အမှတ်ရသွားသဖြင့် သူက အလျှင်စလိုစကားလမ်းကြောင်းပြောင်းသွားသည်။

"ငါ အဆင်ပြေပါတယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်သော်လည်း သူ၏မျက်ခုံးများကမူ တင်းတင်းကျပ်ကျပ်မျက်မှောင်ကြုတ်ထားဆဲပင်။

လုရွှမ်အာသည် လင်ရှောင်းလုမိသားစုခွဲကို သွားသည့်ကိစ္စအတွက် သူ မည်သို့မျှစွက်ဖက်လိုစိတ်မရှိချေ။လူတိုင်းက အမြင့်ကိုသာ တက်လှမ်းလိုကြသည်။ထို့ပြင် လင်ရှောင်းလုမိသားစုခွဲသည်လည်း ပင်မလုမိသားစု၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

သို့ရာတွင် ယင်လော့ဂိုဏ်းကမူ ကွဲပြားခြားနားပေသည်။

ယခင်က ယင်လော့ဂိုဏ်းမှနန်းတော်သခင်တစ်ယောက်သည် ယဲ့ရွှယ်လန်၏ရုပ်အလောင်းကို ​ယူဆောင်ရန်ကြိုးစားခဲ့ဖူးသည်။ဤသည်က လုယွီ၏ပြောင်းပြန်အကြေးခွံဖြစ်ပြီး သူမအား ထိတွေ့ဝံ့သောမည်သူမဆို သေရပေမည်။

ထို့ပြင် လုယွီ တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ရှိနေစဥ်တုန်းက ယင်လော့ဂိုဏ်းနှင့်ဆက်ဆံခဲ့ဖူးသည်။ဖီးနစ်ဌက်မွှေးနှင့်ချီလင်ဦးချိုကဲ့သို့ ထိုဂိုဏ်းသည်ရှားပါးပြီးထူးထူးဆန်းဆန်း ပေါ်ထွက်လာခြင်းဖြစ်သည်။

"မင်း ယင်လော့ဂိုဏ်းအကြောင်း ဘယ်လောက်သိထားလဲ"

လုယွီက မေးမြန်းလိုက်၏။

ကျန်းတာအိုက သူ့ရင်ဘတ်ကို သူပုတ်ရင်း...

"ညီအကို...မင်းက လူမှန်ကို ရွေးမေးမိတာပဲ...အလယ်ပိုင်းကုန်းမြေမှာရှိတဲ့ ကိစ္စမှန်သမျှ ငါမသိတာ ဘာမှမရှိဘူး"

ကျန်းတာအိုက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိပြီးနောက် သူ၏အင်္ကျီလက်မောင်းကြားမှ မီးခိုးရောင်စာအုပ်ငယ်တစ်ခုကို ထုတ်ယူကာ လုယွီ၏လက်အတွင်းသို့ တိတ်တဆိတ်ထည့်ပေးလေသည်။

"အဲ့ဒီစာအုပ်ထဲမှာ ယင်လော့ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေအားလုံးပါတယ်...စာအုပ်ကို ဒီနေရာမှာဖွင့်မကြည့်နဲ့...မဟုတ်ရင် တခြားသူတွေ သတိထားမိလိမ့်မယ်"

ကျန်းတာအိုက လုယွီအား သတိပေးလိုက်၏။

လုယွီက စာအုပ်ကိုကိုင်ဆောင်မိသည်နှင့် ယင်ချီအငွေ့အသက်ကို အာရုံခံမိသည်။

"သင်္ချိုင်းပစ္စည်းလား"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

ကျန်းတာအိုက ပြောဆိုလိုက်သည်။

"ငါကို အဲ့ဒီလိုမကြည့်နဲ့...မင်းသိတဲ့အတိုင်းပဲ...ငါက လှည့်လည်သွားလာနေတဲ့ကုန်သည်တစ်ယောက်ဖြစ်တဲ့အပြင် ရှေးဟောင်းသင်္ချိုင်းဂူဖောတ်ထွင်းသူတစ်ယောက်လည်းဖြစ်တယ်...ငါရဲ့ဘိုးဘေးစီက လက်ဆင့်ကမ်းရရှိထားတဲ့ မဟာပညာရှင်ရဲ့စည်းတံဆိပ်ရှိနေသမျှ ဘယ်ရှေးဟောင်းသင်္ချိုင်းဂူထဲမှာပဲဖြစ်ဖြစ် ငါလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တယ်...ငါကို ဘာနဲ့မှဟန့်တားထားလို့မရဘူး"

ကျန်းတာအိုက လုယွီ၏လက်အတွင်းရှိ စာအုပ်ငယ်ကို လက်ညှိုးညွှန်ပြလိုက်သည်။

"ဒါက ယင်လော့ဂိုဏ်းခန်းမအကြီးအကဲတစ်ယောက်ရဲ့ သင်္ချိုင်းဂူကရခဲ့တာ...အဲ့ဒီသင်္ချိုင်းဂူထဲမှာ...ကျွတ်...ကျွတ်...နာကျည်းမုန်းတီးမှုအငွေ့အသက်တွေအပြည့်ပဲ...ငါ အဲ့ဒီနေရာမှာကြာကြာ မနေနိုင်ခဲ့ဘူး...သူကိုမြှုပ်နှံပြီးတစ်လလောက်ကြာတဲ့အချိန်မှ ငါသူ့သင်္ချိုင်းဂူကိုသွားတူးခဲ့ချိန်မှာ အဲ့ဒီစာအုပ်ကိုရခဲ့တာ"

"ဒါက ယင်လော့ဂိုဏ်းကတပည့်တွေရဲ့လမ်းညွှန်စာအုပ်ဖြစ်လိမ့်မယ်...ငါဖတ်ကြည့်သလောက်တော့ စာအုပ်ထဲမှာ ယင်လော့ဂိုဏ်းရဲ့အကြောင်းတွေပါတယ်...ဒါက ရှားပါးတဲ့ပစ္စည်းတစ်ခုပဲ....မင်း ယူထားလိုက်တော့"

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ"

ကျန်းတာအိုက စကားကောင်းနေဆဲဖြစ်ပြီး ဆက်လက်ပြောဆိုနေပေသည်။

"အစောပိုင်းက ကောင်မလေးက သူ ယင်လော့ဂိုဏ်းကသခင်လေးနဲ့ လက်ထပ်တော့မယ်လို့ပြောသွားတယ်...ဟီး ဟီး...အဲ့ဒီဦးနှောက်မရှိတဲ့မိန်းမကတော့ အိမ်မက်မက်နေတာပဲ....ယင်လော့ဂိုဏ်းသခင်လေးမှာ နန်းတော်တစ်ခုရှိတယ်..အဲ့ဒီနန်းတော်ထဲမှာ အချောအလှလေးတွေအယောက်သုံးသောင်းလောက်ရှိတယ်...ဒါက သေချာတဲ့သတင်းမဟုတ်ပေမယ့် အချောအလှတွေအများကြီးရှိတာတော့ သေချာတယ်....အဲ့ဒီလုမိသားစုက ကောင်မလေးက ချောမောလှပတဲ့သူဖြစ်ပေမယ့် ယင်လော့သခင်လေးရဲ့နန်းမြို့တော်ထဲကိုရောက်သွားပြီဆိုရင် သူကို ပန်းလေးတစ်ပွင့်လို့ သတ်မှတ်လို့ရမှာမဟုတ်တော့ဘူး"

"ဒါက သူကိုယ်တိုင် ရွေးချယ်ထားတဲ့လမ်းပဲလေ"

လုယွီက ပြောဆိုလိုက်၏။

ထို့နောက် လုယွီနှင့်ကျန်းတာအိုတို့သည် အားပါးတရစားသောက်ပြီးပြီဖြစ်သဖြင့် ထွက်ခွါသွားကြတော့သည်။

သီးသန့်ခန်းအတွင်းမှ လုရွှမ်အာသည် သူတို့နှစ်ယောက် ထွက်ခွါသွားခြင်းကိုမြင်ချိန်တွင် သူမကမအောင့်အည်းနိုင်စွာဖြင့် သူမ၏စိတ်နှလုံးသားအတွင်းမှ လှောင်ပြောင်သရော်လိုက်မိသည်။ထိုသူနှစ်ယောက်သည် သူမ၏ရှေ့၌ သိမ်ငယ်ရှက်ရွံနေသဖြင့် အလျင်စလိုထွက်ခွါသွားခြင်းဖြစ်မည်မှာ သိသာထင်ရှားလှသည်။

ဝုန်း...ဝုန်း...

ရုတ်တရက် ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာမှုနှင့်အတူ မြောက်များစွာသောလူရိပ်များက စားသောက်ဆိုင်အတွင်းသို့ ပျံဝဲ၍ဝင်ရောက်လာကြသည်။

ထိုလူစုအား ဦးဆောင်လာသူမှာ ဆံဖြူအဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူ၏နောက်တွင် ခရမ်းရောင်ဝတ်စုံဝတ်ကျင့်ကြံသူများရှိနေသည်။

"ဒါက လင်ရှောင်းဂိုဏ်းကလူတွေမလား"

"အာ...သူက လင်ရှောင်းဂိုဏ်းရဲ့ခန်းမသခင်လျိုမဟုတ်လား...သူ ဒီနေရာကို ဘာလာလုပ်ပါလိမ့်...ကြည့်ရတာတော့ တစ်ယောက်ယောက်ကို လာရှာပုံပဲ"

လုရွှမ်အာ၏မျက်လုံးအကြည့်ကလည်း တခြားသူများနည်းတူ လင်ရှောင်းဂိုဏ်းမှလူများပေါ်သို့ ကျရောက်သွားခဲ့သည်။

"အဲ့ဒီလူရဲ့အော်ရာက ဒီနေရာမှာပျောက်ကွယ်သွားခဲ့တာ...သူ ဝေးဝေးရောက်အုံးမှာမဟုတ်ဘူး...မှတ်ထားကြ...သူ့ကိုတွေ့တာနဲ့ လေးလေးစားစားခေါ်ခဲ့ကြ...ဘာအမှားမှ မဖြစ်စေနဲ့"

ခန်းမသခင်လျိုက အမိန့်ပေးလိုက်ရာတွင် ခရမ်းရောင်ဝတ်လူများက လူခွဲပြီးထွက်ခွါသွားကြတော့သည်။

"သူက သာမာန်မဟုတ်တဲ့ပါရမီရှင်တစ်ယောက်ကို လာရှာတာလို့ ငါ ထင်တယ်"

"တော်လိုက်တဲ့ကောင်...ဘယ်သူများပါလိမ့်...ခန်းမသခင်လျိုတောင် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားနေရတယ်"

လုရွှမ်အာက သူမနံဘေးပတ်ဝန်းကျင်ရှိလူများ၏ပြောစကားကို နားထောင်ပြီးနောက် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ လှောင်ပြောင်သရော်လိုက်မိသည်။

"ဒီလင်ရှောင်းမြို့မှာ ဘယ်လောက်ထူးချွန်တဲ့ ပါရမီရှင်ရှိမှာမလို့လဲ...ငါက ယင်လော့သခင်လေးရဲ့မိန်းကလေးလေ...သူက ဘယ်လောက်ထိထူးချွန်နေပါစေ...ယင်လော့သခင်လေးရှေ့ရောက်ရင် ဘာကောင်မှဖြစ်လာမှာမဟုတ်ဘူး"

Chapter 595

လုယွီနှင့်ကျန်းတာအိုတို့သည် ကျောက်စိမ်းမြစ်စားသောက်ဆိုင်မှ ထွက်ခွါခဲ့ပြီးဖြစ်သည်။

"ညီအကို...ငါတို့ကို ပစ်မှတ်ထားနေတဲ့သူတွေရှိတယ်"

ကျန်းတာအိုက လုယွီအား တီးတိုးပြောဆိုလိုက်၏။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"လင်ရှောင်းမြို့လမ်းမတွေပေါ်မှာ တိုက်ခိုက်ခွင့်မပြုဘူးဆိုတာ ငါ မှတ်မိနေတယ်"

"အမှန်ပဲ...တကယ်လို့ ငါတို့ကလမ်းပေါ်မှာ တိုက်ခိုက်လိုက်မယ်ဆိုရင်...လင်ရှောင်းဂိုဏ်းကလူတွေသိသွားတာနဲ့...ငါတို့ကို ထောင်ထဲထည့်လိမ့်မယ်"

ကျန်းတာအိုက ပြောဆိုလေသည်။

လုယွီက မှောင်မိုက်သောလမ်းကြားတစ်ခုကို လက်ညှိုးညွှန်ပြခဲ့သည်။

"အဲ့ဒီကို သွားကြရအောင်"

လုယွီနှင့်ကျန်းတာအိုသည် လမ်းကြားအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူတို့၏နောက်၌ အော်ရာတချို့ရှိနေခြင်းကို ချက်ချင်းပင်အာရုံခံမိသည်။ထိုအော်ရာများသည် လျှင်မြန်သောခြေလှမ်းသံများနှင့်အတူ ယှဥ်တွဲပြီး လုယွီတို့နားသို့ ချဥ်းကပ်လာပေသည်။

ခြေသံများနီးကပ်လာသောအချိန်တခဏတွင် လုယွီ၏မျက်လုံးများ အေးစက်သွားခဲ့သည်။သူက နောက်ပြန်လှည့်ပြီး လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။

လုယွီ၏လက်သီးချက်မှ အစွမ်းထက်သောဆေဘာဓားချီလှိုင်း ထွက်ပေါ်လာပြီး လမ်းကျဥ်းတစ်ခုလုံးအား ဖြတ်သန်းသွားသည်။

"အား...အား....."

ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး...သူတို့က ပြင်ဆင်ထားတာ"

"တိုက်ခိုက်ကြ"

လမ်းကျဥ်းလေး၏နံဘေးနှစ်ဘက်စလုံးမှ ရုတ်တရက် အနက်ရောင်လူရိပ်များ ပျံဝဲထွက်လာခဲ့သည်။သူတို့က ဓားရှည်များကို ကိုင်ဆွဲပြီး လုယွီထံသို့ဦးတည်၍ ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်၏။

လင်ရှောင်းမြို့၏အထက်ကောင်းကင်ယံတွင် ဓမ္မမျက်လုံးရှိနေသည်။အထူးခွင့်ပြုထားသောနေရာမဟုတ်သော မည်သည့်နေရာမဆို မည်သူကိုမျှမှော်စွမ်းအားဖြင့် တိုက်ခိုက်ခွင့်မပြုချေ။

"မင်းတို့က ငါနဲ့ခန္ဓာကိုယ်စွမ်းအားသက်သက်နဲ့ တိုက်ခိုက်ချင်တာလား...ကောင်းတယ်"

လုယွီ၏မျက်လုံးများက လင်းလက်တောက်ပလာပြီး သူထံတိုးဝင်လာသောဓားရှည်ကို သူ၏လက်သီးဖြင့် ရိုက်ပုတ်လိုက်သည်။

ခရက်....

လုယွီ၏လက်ဖြင့်ရိုက်ခတ်မိသော မာကျောပြီးထက်ရှသည့် ဓားရှည်မှာ အပိုင်းပိုင်းအစစကျိုးပဲ့သွားတော့သည်။

"ဘယ်လိုတောင်..."

ထိုလူများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။သူတို့သည် ဤကဲ့သို့အခြေအနေမျိုးကို ကြုံတွေ့ဖူးခြင်းမရှိချေ။

သို့ရာတွင် ထိုလူများက လိမ္မာပါးနပ်ပုံရသည်။လုယွီက ကြမ်းတမ်းစွာတိုက်ခိုက်သည်ကိုမြင်တွေ့ချိန်တွင် သူတို့သည် ကျန်းတာအိုဘက်သို့လှည့်၍ တိုက်ခိုက်လိုက်ကြသည်။

"ခွေးမသားတွေ...ဒီလူဝကြီးကို မင်းတို့က အနိုင်ကျင့်လို့လွယ်မယ်လို့ ထင်နေကြတာလား"

ကျန်းတာအိုသည် သူ၏သိုလှောင်အိတ်အတွင်းမှ အနက်ရောင်သံတုတ်တစ်ချောင်းကို ထုတ်ယူပြီး သူရှေ့မှလူစုထံသို့ အပြေးဝင်သွားသည်။

ကလောင်...ကလောင်...ကလောင်...

ကျန်းတာအို၏ခန္ဓာကိုယ်သည် ဝဖြိုးသော်လည်း အနီးကပ်တိုက်ခိုက်ရာ၌ သူ၏ခန္ဓာကိုယ်သည် အံ့အားသင့်စရာကောင်းလောက်အောင် ပျော့ပျောင်းသွက်လက်ပေသည်။

ထို့ပြင် ကျန်းတာအို၏လက်အတွင်းရှိ အနက်ရောင်သံတုတ်သည် အနည်းငယ်ထူးခြားပုံရ၏။သံတုတ်နှင့်ထိခတ်မိသော ဓားများသည် တစ်ချောင်းပြီးတစ်ချောင်း အပိုင်းပိုင်းအစစကျိုးပဲ့သွားသည်။

ဘန်း...ဘန်း...ဘန်း...

သူတို့နှစ်ယောက်အား ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြသော လူများအားလုံး အချိန်တခဏအတွင်းမှာပင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ကျန်းမင်က ဒီလိုအမှိုက်တွေကို လွှက်လိုက်တာလား...ကျန်းမိသားစုမှာ တခြားလူမရှိတော့ဘူးလား"

ကျန်းတာအိုက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

​မြေပြင်ပေါ်သို့ လဲကျနေသူများ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်လာပြီး ​သူတို့က ချက်ချင်းပင် ပြောဆိုလေသည်။

"ဘာ ကျန်းမင်လဲ...ငါတို့မသိဘူး"

ဖြန်း...

"မင်းတို့က ငါကိုလာပြီးလိမ်ဝံ့သေးတယ်...ဒီအရှင်သခင်ဖက်တီးကို မင်းတို့မှီဖို့ အဝေးကြီးလိုသေးတယ်ကွ"

ကျန်းတာအိုက ထိုစကားပြောဆိုလိုက်သူကို ပါးရိုက်လိုက်ရာ မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားခဲ့သည်။

"ထွီ...သောက်ဖက်တီးကောင်...မင်းက တော်တော်အရည်အချင်းရှိနေတယ်ပေါ့လေ"

လမ်းကျဥ်းလေး၏အစွန်မှ လူတစ်စု ထွက်လာခဲ့သည်။သူတို့အား ဦးဆောင်လာသူမှာ ကျန်းမင်ဖြစ်ပေ၏။

ကျန်းတာအိုက အေးစက်တင်းမာစွာ ပြောဆိုလေသည်။

"ကျန်းမင်...မင်းက တကယ့်ကို အဆုံးထိသွားချင်တဲ့ကောင်ပဲ"

"အမှန်ပဲလေ...လျန်အာက ငါတို့နဲ့လုမိသားစုကြားမှာ လက်ထက်ထိမ်းမြှားပြီးပေါင်းစည်းဖို့အတွက် သော့ချက်ပဲ...မင်းကို ငါ အလွတ်မပေးနိုင်တာ သေချာတာပေါ့...မင်းက ယာဂုအိုးကိုလုယူချင်နေတဲ့ ကြွက်တစ်ကောင်လေ"

ကျန်းမင်က ကြမ်းကြုတ်ရက်စက်သောအပြုံးပြုံးရင်း ပြောဆိုလိုက်၏။

ကျန်းမင်က ကျန်းတာအိုကို လက်ညှိုးညွှန်ပြီး ပြောဆိုလေသည်။

"အကြီးအကဲ ယုရှစ်...ဒီလူက လျန်အာရဲ့ချစ်သူပဲ...လုမိသားစုက ဒီလိုအခြေအနေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်...ဟုတ်တယ်မလား"

"ဟမ့်...ဒီလိုကိစ္စကို ခွင့်မပြုနိုင်တာ သေချာတာပေါ့"

ကျန်းမင်၏နောက်မှ အဖိုးအိုတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

"သခင်လေး လုကျောက အဆင့်ချိုးဖျက်ဖို့အတွက် ထိပ်တန်းလူသားဆေးပြင်းဖိုအဖြစ်အသုံးပြုဖို့ မိန်းကလေးသုံးယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေတယ်...ကျန်းလျန်အာက ငါတို့လုမိသားစုကို လက်ထပ်ပြီးဝင်ရောက်လာတာနဲ့...မင်းတို့ကျန်းမိသားစုက ငါတို့လုမိသားစုခွဲရဲ့မြင့်မြတ်တဲ့ဧည့်သည်တွေ ဖြစ်လာမယ်"

အကြီးအကဲယုရှစ်က အပြုံးနှင့်ပြောဆိုလိုက်၏။

သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကျန်းတာအို၏နံဘေးပတ်ဝန်းကျင်သို့ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသောဖိအားများ ကျဆင်းလာခဲ့သည်။

"ဥာဏ်အလင်းပွင့်နယ်ပယ် ကျင့်ကြံသူ"

ကျန်းတာအို၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။

"ကောင်လေး..အရှုံးပေးလိုက်တော့...ဒီနေရာက လင်ရှောင်းမြို့ထဲမှာမို့ ငါ မင်းကိုသတ်လို့မရပေမယ့်...မင်းရဲ့ကျင့်ကြံဆင့်ကိုတော့ ငါ ဖျက်ဆီးပစ်နိုင်တယ်"

အကြီးအကဲ ယုရှစ်က တဖြည်းဖြည်းနှင့် ကျန်းတာအိုအနီးသို့ လျှောက်လှမ်းလာခဲ့သည်။

ကျန်းတာအို၏မျက်လုံးများအတွင်း၌ စိတ်ပျက်မှုများဟအထင်းသားထင်ဟပ်လာခဲ့သည်။ဥာဏ်အလင်းပွင့်နယ်ပယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်ရှေ့တွင် သူ မည်သို့မျှခုခံတိုက်ခိုက်နိုင်စွမ်းမရှိချေ။

"တကယ်လို့ ခင်ဗျား ခြေတစ်လှမ်းရှေ့ဆက်တိုးဝံ့ရင်...ကျုပ် ကတိပေးတယ်...ခင်ဗျားရဲ့ကျင့်ကြံဆင့်ကိုစွန့်ပစ်ရမယ်ဆိုတာ.."

ရုတ်တရက် လုယွီက အေးစက်စက်ပြောဆိုလိုက်၏။

All Chapters