← Chapters

အခန်း (၆၃၁-၆၃၅)

Vol. 35 Ch. 631-635

အခန်း (၆၃၁-၆၃၅)

Vol. 35 Ch. 631-635

Chapter 631

ကျန်းယုချင်က ချက်ချင်းပင် ဦးညွှတ်လိုက်၏။

ကျန်းမီ၏လက်မှ အဖြူရောင်ကြာပန်းတစ်ပွင့် ကျဆင်းလာပြီး ကျန်းယုချင်၏နဖူးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

အချိန်အနည်းငယ်အကြာမှာပင် ကျန်းယုချင်၏နဖူးပေါ်၌ အဖြူရောင်ကြာပန်းအမှတ်အသား ထွက်ပေါ်လာသည်။

ကျန်းယုချင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။သူမ၏သွေးကြောများကိုဖြတ်သန်းပြီး နတ်ဘုရားစမ်းရေအိုငိအတွင်းသို့ ဝင်ရောက်လာသော စွမ်းအားလှိုင်းတစ်ရပ်ကို သူမက ခံစားမိသည်။သူမ၏ခန္ဓာကိုယ်မှ သဘာဝလွန်စွမ်းအင်များပင် ပို၍သန့်စင်လာပေ၏။

ရုတ်တရက် ကျန်းယုချင်က သူမ၏မျက်လုံးများကိုဖွင့်လိုက်ရာတွင် အလင်းရောင်တန်းများဖြင့် တောက်ပနေသည်။

သူမက အဆင့်ငယ်တစ်ဆင့်ကို ချိုးဖျက်နိုင်ပြီး ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်သို့ ရောက်ရှိသွားလေပြီ။

ကျန်းယုချင်၏မျက်လုံးများအတွင်း၌ အနည်းငယ်အံ့အားသင့်သွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

အကယ်၍ သူမ သာမာန်အတိုင်းသာလေ့ကျင့်ပါက ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်သို့ရောက်ရှိရန် အနည်းဆုံးနောက်ထပ်တစ်နှစ်ခန့် လိုအပ်ပေမည်။

"ဘိုးဘေးရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်"

ကျန်းယုချင်က ကျန်းမီအား အရိုအသေပြုလိုက်၏။

"ငါက ပုံရိပ်ယောင်ရဲ့စွမ်းအားကိုပဲ အသုံးပြုနိုင်တာ...မင်းအဆင့်ချိုးဖျက်နိုင်တာက နှစ်တွေအကြာကြီး မင်းစုဆောင်းခဲ့တဲ့အတွေ့အကြုံတွေကြောင့်ပဲ...ငါက ဘာမှထူးထူးခြားခြားကူညီခဲ့တာမရှိဘူး"

သူမ၏အကြည့်က လုယွီထံသို့ ရုတ်တရက် ကျရောက်သွားသည်။

"ထူးဆန်းတယ်...ဒီနေရာမှာ အပြင်လူတစ်ယောက်ရှိနေတာလား"

ကျန်းမီက မျှော်လင့်မထားမိပုံဖြင့် လုယွီအား စူးစိုက်၍ကြည့်နေပေ၏။

ထို့နောက် သူမ၏အကြည့်က ကျန်းယုချင်ပေါ်သို့ ရောက်ရှိသွားသည်။

"ယုချင်...ဒါက မင်းရဲ့ချစ်သူလား"

ကျန်းမီက မေးမြန်းလိုက်၏။

ကျန်းယုချင်၏မျက်နှာက ရုတ်တရက် နီမြန်းသွားသည်။သူမနှင့်လုယွီသည် သိဟောင်းကျွမ်းဟောင်းအဆင့်သာဖြစ်ပြီး အမြင့်ဆုံးအဆင့်က မိတ်ဆွေများသာ ဖြစ်ပေမည်။သူမနှလုံးသား၏နက်ရှိုင်းသောနေရာ၌ လုယွီအပေါ် ခံစားချက်များရှိနေသော်လည်း ဤကိစ္စအား သူမ ထုတ်ဖော်၍မပြောဝံ့ချေ။

"မဟုတ်ပါဘူး ဘိုးဘေး...သူနဲ့ကျွန်မက...."

ကျန်းယုချင်၏စကားများသည် ဗလုံးဗထွေးဖြစ်နေပေ၏။

ကျန်းမီ၏အမြင်တွင်မူ ကျန်းယုချင်သည် ဖွင့်ပြောရန်ရှက်ရွံနေသော မိန်းမပျိုလေးတစ်ယောက်အသွင်ဖြစ်နေသည်။

ကျန်းမီက လုယွီကိုကြည့်ပြီး ပြောဆိုလိုက်၏။

"မင်းရဲ့အရည်အချင်းက မဆိုးပါဘူး...ရှေးဟောင်းနတ်ဆိုးတွေရဲ့အုပ်ချုပ်သူသူတော်စင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အပြင် ငါ့ကိုတောင် ဒီကြယ်နယ်မြေဆီဆင့်ခေါ်နိုင်ခဲ့တယ်...ငါ မင်းကို မေးပါရစေ...ငါ့ကိုဆင့်ခေါ်နိုင်တဲ့မန္တန်ကို မင်းကို ဘယ်သူက သင်ပေးထားတာလဲ"

လုယွီ၏မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိပေ။

"ဒီမန္တန်က ကျန်းမိသားစုရဲ့ခေါင်းဆောင်က ကျုပ်ကို သင်ကြားပေးခဲ့တာ"

အချိန်တခဏကြာတွေးတောပြီးနောက် ကျန်းမီက အပြုံးတစ်ပွင့်နှင့် ပြောဆိုလေသည်။

"ဒါက ဖြစ်နိုင်တယ်....ကျန်းမိသားစုခေါင်းဆောင်က မင်းကို သူရဲ့မြေးသမက်အဖြစ်သဘောထားနေမှာကို ငါ စိုးရိမ်မိတယ်....ဒါကြောင့်မို့သာ မင်းကို သူက ဒီမန္တန်သင်ပေးခဲ့တာနေမှာ"

ရုတ်ချည်းဆိုသလိုပင် ကျန်းမီက ကျန်းယုချင်ဘက်သို့လှည့်၍ ပြောဆိုလိုက်၏။

"ကောင်မလေး ယုချင်...မင်း ဒီမန္တန်ကို မှတ်ထားသင့်တယ်....ကျန်းမိသားစုမျိုးဆက်တွေကလွဲပြီး တခြားဘယ်သူမှ ဒီမန္တန်ကို အသုံးပြုခွင့်မရှိဘူး"

ကျန်းမီက လုယွီအား ထပ်မံ၍ကြည့်နေပြန်သည်။

"ငါရဲ့ပုံရိပ်ယောင်က ကြယ်နယ်မြေတွေထောင်သောင်းမက ဖြတ်သန်းလာရတာ...ကျန်းမိသားစုမျိုးဆက်တွေကလွဲရင် ဘယ်သူမှ ငါ့ကိုဆင့်ခေါ်ခွင့်မရှိဘူး...ငါ ဒီတစ်ကြိမ်ကိုတော့ ထည့်မတွက်တော့ဘူး...နောက်တစ်ကြိမ်ဆိုရင် ငါ မင်းကိုသတ်မယ်"

ကျန်းယုချင်က လေသံသဲ့သဲ့ဖြင့် ဝင်ရောက်ပြောဆိုလေသည်။

"ဘိုးဘေး...လုယွီက ကျွန်မတို့ကျန်းမိသားစုအတွက်လုပ်တာပါ...ကျေးဇူးပြုပြီး သူ့ကိုအခက်မတွေ့စေပါနဲ့"

"ငါက သူကို အခက်အခဲဖြစ်အောင် မလုပ်ပါဘူး'

ကျန်းမီက လုယွီအား ကြည့်နေရာမှ ရုတ်တရက် သူမက မျက်မှောင်ကြုတ်လိုက်သည်။

"ငါ မင်းဆီကနေ ရင်းနှီးကျွမ်းဝင်နေတဲ့ ခံစားချက်မျိုး ဘာလို့ရနေတာလဲ"

လုယွီက ပြန်လည်ဖြေဆိုခြင်းမရှိချေ။သူက သူ့ရှေ့ရှိ ကျန်းမီကို မှတ်မိနှင့်ပြီးဖြစ်သည်။

တာယွီအင်ပါယာသည် ရှေးဟောင်းခေတ်နယ်မြေနှင့် အလားတူပေသည်။၎င်းနယ်မြေမှလူများသည် နတ်ဘုရားစည်းတံဆိပ်အမိန့်တော်များကိုဖန်တီးကြပြီး လက်အောက်ခံနယ်မြေများမှ အရာရှိများ အမတ်များနှင့်အထက်တန်းလွှာများ၏ ဝတ်ပြုကိုးကွယ်မှုကို ခံယူကြသည်။

ဥပမာဆိုရလျှင် ယခင်က လုယွီ အမွှေးတိုင်ထွန်းဘှိခဲ့သော တောင်ပိုင်းစွန့်ပစ်နယ်မြေရှိတာလျန့်အင်ပါယာမှ စစ်နတ်ဘုရားရုပ်ထုကြီးသည် နတ်ဘုရားအမိန့်တော်ဖြင့်ဖွဲ့စည်းထားခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူ၏အတိတ်ဘဝတုန်းက တာယွီအင်ပါယာသို့သွားရာလမ်းတလျှောက်၌ သူ့အားတားဆီးခဲ့သူများအားလုံးကို သတ်ဖြတ်ခဲ့သည်။မည်သည့် နတ်ဘုရားစည်းတံဆိပ်အမိန့်တော်ပိုင်ဆိုင်သော နတ်ဘုရားကမျှ လုယွီအား ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိချေ။

ကျန်းမီသည် အင်ပါယာထိုက်ချမ်၏ကြင်ယာတော်တစ်ယောက်ပင်။

လုယွီက အင်ပါယာထိုက်ချမ်၏စိတ်ဝိညာဥ်ကို ဝါးမြိုထားသဖြင့် ကျန်းမီက သူ့အား ရင်းနှီးကျွမ်းဝင်သကဲ့သို့ခံစားနေရခြင်းမှာ သဘာဝသါဖြစ်ပေ၏။

ကျန်းမီက လုယွီကို အချိန်တခဏကြာ စူးစိုက်ကြည့်နေပြီးနောက် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မဖြစ်နိုင်ဘူး...မင်းက သူမဟုတ်ဘူး...သူက ကောင်းကင်ဘုံနယ်မြေကိုးခုရဲ့အထက်က နဂါးတစ်ကောင်လေ...သူနဲ့မင်းကို ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်လို့ရမှာလဲ"

ကျန်းမီက ပြောဆိုလိုက်၏။

"ငါ မင်းကို အကြံပြုချင်တယ်....ဘာပဲဖြစ်ဖြစ် ယုချင်က ငါနဲ့အတူ လေ့ကျင့်တော့မှာ...မင်းနဲ့သူရဲ့ကြားက ဆက်ဆံရေးကို တက်နိုင်သမျှမြန်မြန်ဖြတ်တောက်တာ ပိုကောင်းလိမ့်မယ်...မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မင်းထက်အဆင့်မြင့်တဲ့သူတွေ ကောင်းကင်ဘုံနယ်မြေမှာ ဘယ်လောက်တောင်များလဲဆိုတာ ငါ တွေးတောင်မကြည့်ရဲဘူး...မင်းတို့နှစ်ယောက် ထပ်ပြီးတွေ့ဆုံဖို့ အခွင့်အရေးမရှိမှာ ငါ စိုးရိမ်မိတယ်...ဒါကြောင့် မင်းတို့ စောစောလမ်းခွဲတာက ပိုကောင်းလိမ့်မယ်"

Chapter 632

ကျန်းမီ၏စကားများသည် အလွန်ပြင်းထန်ပေ၏။သူမ၏အမြင်၌ လုယွီသည် ကျန်းမိသားစုကို ကယ်တင်ခဲ့သူဖြစ်သော်လည်း သူ၏အရည်အချင်းမှာ အကန့်အသတ်ရှိသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်း၌ အလွန်အားနည်းသော စွမ်းအင်လှိုင်းကိုသာ သူမက ခံစားမိသည်။ကျင့်ကြံဆင့်နယ်ပယ်တူခြင်းတိုက်ခိုက်လျှင်ပင် အဆုံးသတ်၌ ထိုကောင်လေးသာ ရှုံးနိမ့်ပေမည်။

ကျန်းယုချင်၏အရည်အချင်းနှင့်နှိုင်းယှဥ်ပါက ထိုကောင်လေး၏အရည်အချင်းသည် အလွန်ပင်အလှမ်းကွာဟနေသည်။

သူမသည် ထိုကောင်လေးအား ပါရမီရှင်တစ်ယောက်ဖြစ်မည်ဟု မျှော်လင့်မထားမိသော်လည်း သာမာန်အဆင့်သာရှိနေမည်ဟုလည်း ထင်မထားမိချေ။

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"နတ်မိမယ်ကျန်းက နားလည်မှုလွဲနေပြီထင်တယ်"

သူနှင့်ကျန်းယုချင်သည် ယခင်ကဆုံတွေ့ခဲ့ဖူးသော ပတ်သက်မှုသာရှိသည်။

ထို့ပြင် သူ၏ရှေ့ရှိ ကျန်းမီသည် ပုံရိပ်ယောင်သာဖြစ်၍ သူ၏စွမ်းအားအစစ်အမှန်ကို ထွင်းဖောက်၍မြင်နိုင်စွမ်းမရှိချေ။

လုယွီ၏ကျင့်ကြံမှုအခြေခံသည် အလွန်အမင်းကျစ်လျစ်သိပ်သည်းသဖြင့် သူ၏သဘာဝလွန်စွမ်းအင်များသည် မည်သည့်နည်းဖြင့်မျှယိုစိမ့်ထွက်နေခြင်း မရှိပေ။သာမာန်ကျင့်ကြံသူများသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖောက်ထွင်းမြင်နိုင်ရန်ဝေးကွာပေ၏။

ကျန်းမီ၏ပုံရိပ်ယောင်မှ နတ်ဘုရားမျက်လုံးတစ်စုံသည် အရာရာတိုင်းကို ထွင်းဖောက်၍မြင်နိုင်သော်လည်း လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကိုမူ တွေ့မြင်နိုင်မည်မဟုတ်ပေ။

ကျန်းမီက နူးညံသိမ်မွေ့စွာ ပြုံးလိုက်၏။

"ငါ သိပါတယ်...မင်းက ချက်ချင်းကြီး ဒီအဖြစ်မှန်ကို ဘယ်လက်ခံချင်ပါ့မလဲ...ဒါပေမယ့် ငါ ဂရုမစိုက်ဘူး...ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာတဲ့နေ့ကျရင် ငါကိုယ်တိုင်ကိုယ်ကျ ချင်အာကို လာခေါ်မယ်....မင်းဘာသာမင်း စဥ်းစားဆုံးဖြတ်ပါ"

ကျန်းမီက ထိုစကားကိုပြောဆိုပြီးသည်နှင့် လုယွီအား ​စကားပြောနေခြင်းကို ရပ်တန့်လိုက်တော့သည်။ဤကဲ့သို့ကြယ်နယ်မြေတစ်ခုရှိ တာအိုဒုတိယဆင့် ကျင့်ကြံသူတစ်ယောက်သည် ကျန်းမီ၏အမြင်၌ ပုရွတ်ဆိတ်တစ်ကောင်အဆင့်သာရှိသည်။

သူမ၏အဆင့်အတန်းဖြင့် လုယွီအား စကားအနည်းငယ်ပြောဆိုခြင်းကပင် သူ့အားချီးမြှောက်ခြင်းတစ်မျိူးဖြစ်နေလေပြီ။

"ငါရဲ့မြင့်မြတ်တဲ့ကျင့်စဥ်ကို မင်း သေသေချာချာလေ့ကျင့်ထားပါ...ကောင်းကင်ဘုံနယ်မြေကို မင်း ရောက်တဲ့အခါကျရင် အောင်မြင်မှုကြီးကြီးမားမားရအောင် စွမ်းဆောင်နိုင်လိမ့်မယ်"

ကျန်းမီက ကျန်းယုချင်အား မှာကြားပြီးနောက် သူမ၏ပုံရိပ်ယောင်သည် တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

"ကျွန်တော်တို့က ရိုသေစွာနဲ့ ဘိုးဘေးကိုပို့ဆောင်နှုတ်ဆက်ပါတယ်"

ကျန်းမိသားစုဝင်များအားလုံး ရိုသေလေးစားစွာ ဒူးထောက်၍ဦးညွှတ်လိုက်ကြ၏။

ကျန်းမီထွက်ခွါပြီးမှသာ ထိုလူများအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။ယခုမှသာ သူတို့က သက်ပြင်းချနိုင်ပေ၏။ကျန်းမိသားစု၏ဘိုးဘေးသည် ကောင်းကင်ဘုံနယ်မြေမှနတ်ဘုရားမတစ်ပါးဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

အကယ်၍ သူတို့သာ သာမာန်နေ့ရက်များတွင် ဘိုးဘေးနှင့်ကြုံတွေ့ရပါက ပျော်ပွဲရွှင်ပွဲကြီးတစ်ခု ကျင်းပပေမည်။

သို့သော်ယခုလက်ရှိအချိန်တွင် ယခင်က ခမ်းနားထည်ဝါသော ကျန်းအိမ်တော်ခြံဝင်းသည် အပျက်အယွင်းများသာကျန်ရှိတော့ပြီး ပြိုလဲနေသောနံရံများနှင်လူသေအလောင်းများကို နေရာအနှံ့တွေ့မြင်နေရသည်။

"ကျန်းမိသားစုက ပြန်ပြီးအင်အားကောင်းလာမှာပါ...ဒီတစ်ကြိမ်မှာ ငါတို့ကျန်းမိသားစုက မီးလျှံကြားက ပြန်လည်မွေးဖွားလာတာပဲ...ကျန်းမိသားစုရဲ့အနာဂတ် ထောက်တိုင်ဖြစ်လာမယ့်လူတွေပဲ အသက်ရှင်ကျန်ရစ်တယ်"

ကျန်းယုချင်က ရုတ်တရက်ရှေ့သို့တိုးထွက်ပြီး ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်၏။

ယခုချိန်တွင် သူမက ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏တပည့်ဖြစ်ပေ၏။ကြွင်းကျန်နေသော ကျန်းမိသားစုများအားလုံးက သူမကို ခေါင်းဆောင်အဖြစ် ဆက်ဆံရပေမည်။

"မိသားစုခွဲတိုင်းကို အကြောင်းကြားလိုက်....သူတို့စီက ထိပ်သီးကျင့်ကြံသူတွေကိုရွေးချယ်ပြီး ငါတို့ရဲ့ပင်မကျန်းအိမ်တော်ကို ကူညီဖို့အလျှင်အမြန်စေလွှက်ရမယ်"

ကျန်းယုချင်၏အသံက တည်ကြည်လေးနက်နေပေသည်။

သူမတို့ကဲ့သို့ ထိပ်သီးမိသားစုကြီးများအား စောင့်ကြပ်ရန် စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ရှိရပေမည်။ထိုသို့မဟုတ်ပါက လင်ရှောင်းမြို့ကဲ့သို့နေရာတွင် မကြာမဖီအချိန်အတွင်း သူမတို့မိသားစုတစ်စုလုံး အစအနမကျန်သည်အထိ ပျောက်ကွယ်သွားပေမည်။

ထို့နောက် ကျန်းယုချင်သည် လူငယ်များအား အလောင်းများကိုမြှုပ်နှံရန် အမိန့်ပေးလိုက်သည်။

ကျန်းမိသားစုသည် ဤကဲ့သို့ကြီးမားသော အခက်အခဲအား ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရသည်။မိသားစုအတွင်းမှ ထိပ်သီးကျင့်ကြံသူအားလုံးနီးပါး သေဆုံးသွားခဲ့ပြီး ကျန်ရှိနေသောသူများမှာလည်း အပြင်းအထန်ဒဏ်ရါရရှိထားသည်။

ကျန်းယုချင်သည် ကျန်းအိမ်တော်၏မိသားစုခေါင်းဆောင်အသစ် ဖြစ်လာလေပြီ။

****

နောက်တစ်နေ့မနက်...ကျန်းအိမ်တော်ရှိ အခန်းတစ်ခန်းအတွင်း၌...

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ ရေခဲတုံးကြီးတစ်တုံးက ပေါက်ကွဲသွားသည်။

"သောက်ချေးပဲ...အရှင်သခင်ဖက်တီးကို ဒီလိုဟာနဲ့လှောင်ပိတ်ထားနိုင်မယ်လို့ ထင်နေတာလား"

ရေခဲတုံးအတွင်းမှ တိုးထွက်လာသော ကျန်းတာအိုက အော်ဟစ်ဆဲဆိုနေပေ၏။

ကျန်းတာအိုက ထွက်လာသည်နှင့် ရေခဲတိုက်ပွဲကို ဆင်နွှဲလာရသဖြင့် လေအေးတစ်ချက်တိုက်ခတ်လာချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

လုယွီက ကျန်းတာအိုထံ စောင်တစ်ထည်ပစ်ပေးပြီး အပြုံးနှင့် ပြောဆိုလိုက်၏။

"မင်း ဘယ်လိုခံစားရလဲ"

အုပ်ချုပ်သူအရှင်သခင်ပိတ်လှောင်ထားသော ရေခဲထောင်ချောက်အတွင်းမှ ကျန်းတာအိုအား ကူညီရန် လုယွီက ရွေးချယ်ခဲ့ခြင်းမရှိပေ။

အကယ်၍ ကျန်းတာအိုကသာ သူ၏ကိုယ်ပိုင်စွမ်းအားနှင့် ဤရေခဲထောင်ချောက်ကို ချိုးဖျက်နိုင်ပါက သူ၏အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းအတွက် ကောင်းမွန်သောအရာဖြစ်ပေမည်။

ကျန်းတာအိုက သူ၏ခန္ဓာကိုယ်ကို စောင်နှင့်ရစ်ပတ်ပြီး မေးမြန်းလိုက်သည်။

"ညီအကိုလု...အုပ်ချုပ်သူသူတော်စင် ဘာဖြစ်သွားလဲ"

"သေပြီ"

လုယွီက တိုတိုတုတ်တုတ် ဖြေဆိုလေ၏။

ကျန်းတာအိုက ချက်ချင်းပင် လုယွီအား ချီးမွမ်းစကား ပြောဆိုတော့သည်။

"ညီအကိုလုက ဒီလေါက်ထိသန်မာမယ်လို့ ငါ ထင်မထားမိဘူး...မင်းက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူကိုတောင် သတ်ဖြတ်နိုင်တယ်"

လုယွီက ခေါင်းခါပြလိုက်၏။

"ဒါက ငါ့ရဲ့လက်ချက်ကြောင့်မဟုတ်ဘူး...အုပ်ချုပ်သူသူတော်စင်ကိုသတ်သွားတဲ့သူက ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ကျန်းမိသားစုရဲ့ဘိုးဘေးပဲ"

ထိုအချိန်မှာပင် အခန်းတံခါးက ကျွီခနဲပွင့်လာလေ၏။အစေခံတစ်ယောက်က အခန်းအတွင်းသို့ဝင်လာပြီး လေးလေးစားစား ပြောဆိုလိုက်သည်။

"သခင်လေးလု...မိသားစုခေါင်းဆောင်က သူစီလာရောက်ဖို့ သခင်လေးကို ဖိတ်ကြားလိုက်ပါတယ်"

Chapter 633

အစေခံက လုယွီနှင့်ကျန်းတာအိုကို ပင်မခန်းမအတွင်းသို့ ဦးတည်၍ခေါ်ဆောင်သွားသည်။

ပျက်စီးနေသောအဆောက်အအုံများကို လက်မှုပညာရှင်များက ပြန်လည်ပြုပြင်နေခြင်းကို လမ်းတလျှောက်လုံး တွေ့မြင်နေရသည်။ကျန်းအိမ်တော်တစ်ခုလုံးပျက်ယွင်းသွားသော်လည်း ရှေ့မျက်နှာစာကမူ ခမ်းနားထည်ဝါနေဆဲပင်။

ကျန်းမိသားစုမှအစေခံအများစုသည် ကျင့်ကြံဆင့်နိမ့်ပါးပေ၏။သို့သော် သူတို့၏ကျင့်ကြံဆင့်နိမ့်ပါးခြင်းကြောင့်ပင် ရှေးဟောင်းနတ်ဆိုးများက ဝါးမြိုရန်ဆန္ဒမရှိသဖြင့် သူတို့အားလုံးအသက်ရှင်ကျန်ရစ်နေသည်။

"ပင်မခန်းမက ရှေ့ဆိုရင်ရောက်ပြီ...မနေ့ညက ကျွန်မတို့မိသားစုခွဲက အကြီးအကဲတွေရောက်လာပြီး အခု မိသားစုခေါင်းဆောင်နဲ့ ခန်းမထဲမှာစကားပြောနေကြတယ်"

အစေခံက လိမ္မာယဥ်ကျေးစွာ ပြောဆိုလိုက်၏။

ထိုအချိန်မှာပင် ပန်းအိုးများကိုသယ်ဆောင်လာသော အစေခံတစ်သိုက်က ဝင်လာခဲ့သည်။

လုယွီအား မြင်တွေ့လိုက်ချိန်တွင် ထိုလူစုမှအစေခံတစ်ယောက်က ကြမ်းပြင်ပေါ်၌ ဒူးထောက်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ရီနေပေ၏။

"ညီအကိုလု...ဒီလူက..."

ကျန်းတာအိုက အံ့အားသင့်သွားပုံဖြင့် ပြောဆိုလေသည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ဘာမှအရေးမပါဘူး...သွားကြစို့"

သူတို့နှစ်ယောက်ထွက်ခွါသွားချိန်တွင် ဒူးထောက်နေသော အစေခံသည် သူ၏စိတ်နှလုံးသားအတွင်းမှ ကြောက်ရွံမှုကို ထပ်မံ၍တောင့်မခံနိုင်တော့သဖြင့် အဝေးသို့ပြေးထွက်သွားတော့သည်။

လုယွီသည် ကျန်းအိမ်တော်သို့ ပထမဆုံးအကြိမ်ရောက်လာစဥ်နေ့က သူ ကအိမ်တော်စောင့်ကြပ်နေခဲ့သည်။သူက ရည်ရည်ရွယ်ရှိရှိဖြင့် လုယွီအား သင်ခန်းစာပေးရန်ကြံရွယ်ခဲ့သော်လည်း လုယွီက သူ့အား ဂရုမစိုက်ခဲ့ချေ။

ထိုကိစ္စကို သူ ပြန်လည်တွေးကြည့်ချိန်တွင် အကယ်၍ လုယွီကသာ သူ့အား အငြှိုးအတေးထားနေပါက သူ သေဆုံးသွားရမည်ကို ကြောက်ရွံနေမိသည်။

ကျန်းမိသားစု...ပင်မခန်းမ...

ပင်မခန်းမ၏အဓိကနေရာ၌ ထိုင်နေသူသည် ကျန်းယုချင်မဟုတ်ဘဲ မုတ်ဆိတ်ဖြူအဖိုးကြီးတစ်ယောက်ဖြစ်နေသည်။

မုတ်ဆိတ်ဖြူအဖိုးကြီး၏နောက်တွင် မောက်မာသောမျက်နှာအမူအယာများဖြင့် လူငယ်တစ်စုက မတ်တတ်ရပ်နေသည်။သူတို့၏မျက်နှာများပေါ်တွင် မထီမဲ့မြင်ပြုနေသောအရိပ်အယောင်များ ပြည့်နှက်နေပေ၏။

ကျန်းမိသားစု၏ခေါင်းဆောင် ကျန်းယုချင်ကမူ နံဘေးဘက်ရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။

"တူမလေး...ငါက အသက်ကြီးတာကို အခွင့်အရေးယူပြီး ပြောနေတာမဟုတ်ဘူး...ဒီလိုကိစ္စကြီးဖြစ်လာမှတော့ ငါတို့ကို ပင်မကျန်းမိသားစုက တမြန်မြန်အကြောင်းကြားသင့်တယ်...အခုတစ်ကြိမ် ကျန်းမိသားစုက ပြဿနာကြီးကို ကျော်လွှားနိုင်ခဲ့ပေမယ့်...နောက်တစ်ကြိမ်ဆိုရင် လင်ရှောင်းမြို့ရဲ့ထိပ်သီးမိသားစုကြီးထဲက တစ်စုဆိုတဲ့ဂုဏ်ပုဒ်ကို မထိန်းသိမ်းနိုင်မှာ ငါ စိုးရိမ်မိတယ်"

အဖိုးအိုက ကျန်းယုချင်အား ပြစ်တင်စကားပြောဆိုနေပေ၏။

ကျန်းယုချင်က နူးညံညင်သာသောလေသဖြင့် ပြန်လည်ပြောဆိုသည်။

"တတိယအကြီးအကဲ...ကျွန်မတို့ပင်မအိမ်တော်က အဖိုးတို့ကို အကြောင်းမကြားတာမဟုတ်ပါဘူး...ကိစ္စအားလုံးက ဗြန်းစိုင်းကြီးဖြစ်ပွါးသွားတာ...အဖိုးက အိမ်တော်မှာ မရှိတဲ့အချိန်မှာ ရှေးဟောင်းနတ်ဆိုးတွေက စတင်တိုက်ခိုက်ခဲ့တာပဲ...ဒေါ်လေးကလည်း ဒဏ်ရါအပြင်းအထန်ရရှိပြီး သေဆုံးသွားရတယ်...ဒါကြောင့်မို့ ကျွန်မတို့မှာ ပြန်လည်ခုခံတိုက်ခိုက်ဖို့ အင်အားမရှိခဲ့ဘူး"

"ဟမ့်...ဝမ်းကွဲညီမ...ငါတို့ကိုလှည့်စားချင်တာနဲ့ရှေးဟောင်းနတ်ဆိုးဆိုတဲ့ ပေါက်ကရအရာတွေကိုမပြောဖို့ ငါ မင်းကိုအကြံပြုချင်တယ်..ငါက အလောင်းတွေအကုန်လုံးကိုကြည့်ပြီးပြီ...သူတို့အားလုံးက ဓားနဲ့ထိုးသတ်ခံထားရတာ...ဘယ်မှာ ရှေးဟောင်းနတ်ဆိုးဆိုတာရှိလို့လဲ"

"ဒါ အမှန်ပဲ....ငါ အသက်ရှင်နေနေတာ နှစ်တွေကြာနေပြီ..လူတွေရဲ့စိတ်ဝိညာဥ်ကိုဝါးမြိုနိုင်တဲ့ ရှေးဟောင်းနတ်ဆိုးမျိုးရှိတယ်လို့ ငါမကြားဖူးဘူး"

အဖိုးအို၏နောက်ရှိ လူငယ်နှစ်ယောက်သည် ရယ်မောနေပြီး သူတို့၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုရိပ်များက အထင်းသားထင်ဟပ်နေသည်။တခြားလူငယ်နှစ်ယောက်၏မျက်နှာများပေါ်တွင်လည်း တူညီစွာပင် လှောင်ပြောင်သရော်လိုရိပ်များ ထင်ဟပ်နေပေ၏။

သူတို့အားလုံးက ကျန်းယုချင် ပြောဆိုသည်များကို မယုံကြည်ကြခြင်းမှာ သိသာထင်ရှားသည်။

ကျန်းယုချင်းက အံကြိတ်ပြီးပြောဆိုလိုက်သည်။

"ရှေးဟောင်းနတ်ဆိုးတွေရဲ့ခေါင်းဆောင် အုပ်ချုပ်သူသူတော်စင်ရဲ့အဆင့်က စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်နဲ့ညီမျှတယ်...ကျွန်မတို့အိမ်တော်မှာ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူမှမရှိတာ...သူတို့ကို ဘယ်လိုလုပ်ပြီးရင်ဆိုင်တိုက်ခိုက်နိုင်မှာလဲ"

လူငယ်အုပ်စုက ထပ်မံ၍မအောင့်အည်းနိုင်ကြတော့ဘဲ ရယ်မောလိုက်ကြ၏။

"ဝမ်းကွဲညီမ...မင်းက ငယ်သေးတယ်...နတ်ဘုရားအဆင့်ဆရာသခင်တစ်ယောက် ခင်းကျင်းထားတဲ့ ဝင်္ကပါကြီးက လင်ရှောင်းမြို့ရဲ့အောက်မှာတည်ရှိတာ မင်းသိလား...ဘယ်စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျင့်ကြံသူမှ လင်ရှောင်းမြို့ဝင်္ကပါကိုကြောက်ရွံလို့ မြို့ထဲမှာ မတိုက်ခိုက်ရဲဘူး"

လူငယ်တစ်ယောက်က ရယ်မောရင်းပြောဆိုလေသည်။

တတိယအကြီးအကဲက သူ၏မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်နေရင်းမှ ပြောဆိုလိုက်၏။

"အလောင်းကောင်တွေက ဒဏ်ရါတွေကိုကြည့်ရတာ ဓားနဲ့ထိုးသတ်ခံထားရတာ...ကျူးကျော်သူတွေက ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတွေပဲဖြစ်နိုင်တယ်...ဖေးလန်က အိမ်တော်ထဲမှာပဲ နှစ်တွေအကြာကြီးနေခဲ့ရတော့ သူက ဘာအစီအစဥ်မှဆွဲမထားခဲ့ဘူးထင်တယ်"

လူငယ်တစ်ယောက်က အဖိုးအိုအား မြှောက်ပင့်စကားပြောဆိုလေသည်။

"တကယ်လို့ တတိယအကြီးအကဲသာ အိမ်တော်မှာရှိမယ်ဆိုရင် အဲ့ဒီကောင်တွေအားလုံးသေကုန်မှာပဲ"

တတိယအကြီးအကဲ၏မျက်နှာသည် နီမြန်းသွားပြီးမှ သူက ပြောဆိုလိုက်၏။

"ဒါက အမှန်ပဲ...ပင်မမိသားစုကလူတွေက ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေကြတာ...သူတို့က တကယ့်အစစ်အမှန်တိုက်ပွဲနဲ့ကြုံတွေ့ရတာနဲ့ အခက်အခဲတွေ့ရတာပဲ"

ကျန်းယုချင်သည် အဓိကထိုင်ခုံနေရာရှိ မိသားစုခွဲမှအကြီးအကဲများကိုကြည့်နေပြီး သူမ၏စိတ်နှလုံးသားအတွင်း၌မူ မကျေမချမ်းဖြစ်နေသည်။ဤလူစုသည် မူလက အကူအညီပေးရန်လာရောက်ကြခြင်းဖြစ်သော်လည်း ပင်မကျန်းမိသားစု၏ထိပ်သီးကျင့်ကြံသူအားလုံးနီးပါး သေဆုံးသွားခြင်းကို သိသွားချိန်တွင် မလျော်ကန်သောစကားများကို စတင်ပြောဆိုတော့သည်။

ထိုအချိန်မှာပင် လုယွီက ခန်းမအတွင်းသို့ဝင်လာပေရာ ချက်ချင်းပင် လူအားလုံး၏အာရုံက သူထံသို့ ကျရောက်သွားခဲ့သည်။

Chapter 634

"မင်း ဘယ်သူလဲ...စည်းမျဥ်းတွေကိုနားမလည်ဘူးလား...ဒီနေရာက မင်း ဝင်ချင်တိုင်းဝင်လာလို့ရတဲ့နေရာထင်နေလား...ဒီနေရာက ချက်ချင်းထွက်သွားစမ်း"

အကြီးအကဲတစ်ယောက်က အော်ငေါက်လိုက်၏။

ကျန်းယုချင်က ချက်ချင်းပင် အော်ဟစ်ပြောဆိုလေသည်။

"သူ သွားစရာမလိုဘူး...သူကို ကျွန်မ ခေါ်ထားတာ"

ထိုအကြီးအကဲက အေးစက်စက်နှာမှုတ်နေပေ၏။

"သူက အပြင်လူတစ်ယောက်မဟုတ်လား...မိသားစုရဲ့ပင်မခန်းမက အရေးကြီးတယ်...အပြင်လူတွေကို ခန်းမထဲခြေချမခိုင်းတာ ပိုကောင်းလိမ့်မယ်"

လုယွီက ထိုအကြီးအကဲများကို လျစ်လျှူရှုပြီး ကျန်းယုချင်ထံသို့သာ လျှောက်လှမ်းသွားနေသည်။

ကျန်းယုချင်က မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။

"ဒီမတိုင်ခင်က ငါတို့ကျန်းမိသားစုမှာ ပြဿနာအကြီးကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်...နင်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်...ကျန်းမိသားစုကိုယ်စားလည်း နင့်ကိုကျေးဇူးအများကြီးတင်ပါတယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။

"ဒါက ငါရစရာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေအတွက်ပဲ...မင်းတို့ကျန်းမိသားစုက ငါ့ကိုပေးရမယ့် စိတ်ဝိညာဥ်ကျောက်တုံးတွေ ပြင်ဆင်ပြီးပြီလား"

ကျန်းမိသားစုသည် လုယွီအား ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာပေးရန်ကိစ္စ ကျန်နေဆဲပင်။စိတ်ဝိညာဥ်ကျောက်တုံးများ ရရှိပြီးသည်နှင့် သူ ဤအိမ်တော်မှ ထွက်ခွါသွားပေမည်။

ကျန်းယုချင်က လေးနက်တည်ကြည်စွာ ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။

"ပြင်ဆင်ပြီးပြီ...ငါ နင့်ကို ဒီနေရာလာဖို့ခေါ်တာက စိတ်ဝိညာဥ်ကျောက်တုံးတွေပေးဖို့ပဲ"

သူမက သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ယူပြီး လုယွီအား ပေးလိုက်သည်။

ထိုသိုလှောင်အိတ်၏မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသောအမှတ်အသားများကို ပန်းထိုးထားသည်။၎င်း၏မျက်နှာပြင်တစ်ဖက်ခြမ်းတွင် ရွှေရောင်အစွယ်များပြူးထွက်နေသော နတ်ဆိုးသားရဲတစ်ကောင်ပုံကိုလည်း ပန်းထိုးထားပေ၏။

လုယွီက သိုလှောင်အိတ်ကို အလေးချိန်ဆကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုလေသည်။

"စိတ်ဝိညာဥ်လား"

ကျန်းယုချင်က ပြောဆိုလိုက်၏။

"ဒီသိုလှောင်အိတ်ထဲမှာ တောက်တီစ်တ်ဝိညာဥ်တစ်ကောင်ပါတယ်..အဲ့ဒီအထဲမှာ စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာရှိတယ်...နင် အရင် ကြည့်ကြည့်ပါလား"

"မလိုအပ်ဘူး"

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုပြီး သိုလှောင်အိတ်အား စစ်ဆေးလိုက်သည်။သိုလှောင်အိတ်အတွင်းတွင် ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာထက်ပင် ကျော်လွန်၍ပါဝင်နေသည်။

လုယွီက မျှော်လင့်မထားမိပုံဖြင့် ကျန်းယုချင်အား ကြည့်လိုက်မိသည်။ဤအချိန်သည် ကျန်းအိမ်တော်အား ပြန်လည်ပြင်ဆင်ရန် စိတ်ဝိညာဥ်အများအပြား ကုန်ဆုံးရမည့်အချိန်ပင်။ကျန်းယုချင်သည် ဤမျှထိများပြားသော စိတ်ဝိညာဥ်ကျောက်တုံးများကို သူ့အတွက် ပြင်ဆင်ပေးမည်ဟု သူ ထင်မထားမိခဲ့ပေ။

"ခဏနေပါဦး"

ထိုအချိန်မှာပင် မောက်မာစွာအော်ဟစ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။

အဓိကထိုင်ခုံပေါ်၌ထိုင်နေသော တတိယအကြီးအကဲက ပြောဆိုလေသည်။

"ယုချင်...ဒီကောင်လေးက ဘယ်သူလဲ....ဘာလို့ မင်းက သူကိုခေါ်ပြီး စိတ်ဝိညာဥ်ကျောက်တုံးတွေ ပေးနေရတာလဲ"

ကျန်းယုချင်က တည်ငြိမ်သောလေသံဖြင့် ပြန်လည်ပြောဆိုလိုက်၏။

"တတိယအကြီးအကဲ....သူက အပြင်လူမဟုတ်ဘူး...ကျွန်မ ရှင်တို့ကိုပြောပြခဲ့တဲ့ ကျန်းမိသားစုကို ကယ်တင်ခဲ့တဲ့ကျေးဇူးရှင်ပဲ...ဒီထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာက သူကိုပေးဖို့ ကျွန်မအဖိုး အရင်ကတည်းက ကတိပေးထားခဲ့တာ...ဒါက သူရသင့်တဲ့ဟာလေ"

ကျန်းယုချင်၏စကား အဆုံးသတ်သည်နှင့် ပတ်ဝန်းကျင်ရှိ ​စကားပြောဆိုနေသံများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက လုယွီ၏လက်အတွင်းရှ်ိ သိုလှောင်အိတ်ကိုသာစူးစိုက်ကြည့်နေကြပြီး သူတို့က သက်ပြင်းရှိုက်နေကြ၏။

ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာဟုဆိုသလော။

ဤလူစုသည် မိသားစုများအတွင်း၌ ထူးချွန်သောကျင့်ကြံသူများဖြစ်သည်။သာမာန်အားဖြင့် သူတို့၌ စိတ်ဝိညာဥ်ကျောက်တုံးများ ပြတ်လပ်ခြင်းမရှိပေ။သို့ရာတွင် ဤမျှထိများပြားသောစိတ်ဝိညာဥ်ကျောက်တုံးပမာဏကိုမူ သူတို့ မရရှိဘူးပေ။

ဤစိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာသာ သူတို့၏လက်အတွင်း ရောက်ရှိလာပါက အလွန်ကောင်းပေမည်။ကျန်းမိသားစုခွဲမှလူငယ်အုပ်စု၏ မျက်လုံးများတွင် လောဘတက်နေသောအရိပ်အယောင်များ ပြည့်နှက်နေသည်။

"ငါတော့ တစ်ခုခုမှားယွင်းနေမှာကို စိုးရိမ်မိတယ်...သူ့အသက်က ဘယ်လောက်ကြီးသေးလို့လဲ...ပြီးတော့ သူရဲ့မှော်စွမ်းအားကိုကြည့်ပြီးပြောရရင်...သူက ငါတို့မိသားစုရဲ့အားအနည်းဆုံးလူကိုတောင် ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"

"ဒါက အမှန်ပဲ...သူက သိုလှောင်အိတ်ကိုတောင် ဖွင့်နိုင်ပါ့မလား...သူက သေမျိုးတစ်ယောက်လို့ပဲ ငါတော့ထင်တယ်"

လူငယ်များက ရိုင်းပျသောစကားများပြောဆိုနေကြသော်လည်း သူတို့၏မျက်လုံးများက လုယွီ၏လက်အတွင်းရှိ သိုလှောင်အိတ်ထံတွင်သာ အခိုင်အမာကျရောက်နေကြသည်။

တတိယအကြီးအကဲက ပြောဆိုလိုက်၏။

"ယုချင်...မင်းလည်း သိပြီးသားပဲ...ငါတို့ကျန်းမိသားစုက ကြီးမားတဲ့ပြဿနာကြီးကို ဖြတ်ကျော်လာရတာ...မိသားစုပြန်လည်ထူထောင်ဖို့အတွက် ငါတို့ စိတ်ဝိညာဥ်ကျောက်တုံးတွေလိုအပ်တယ်"

ကျန်းယုချင်၏မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိပေ။

"တတိယအကြီးအကဲ...ဘာမှ မစိုးရိမ်ပါနဲ့...ကျွန်မက ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေကို မိသားစုခေါင်းဆောင်ရဲ့သီးသန့်ရတနာခန်းက ယူဆောင်ပေးခဲ့တာ"

ယမန်နေ့က လုယွီသည် မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ကျန်းယုချင်ထံသို့ ပြန်ပေးခဲ့လေ၏။

မိသားစုခေါင်းဆောင်စည်းတံဆိပ်ဖြင့် ကျန်းယုချင်သည် မိသားစုခေါင်းဆောင်၏သီးသန့်ရတနာခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ကျန်းမိသားစုခေါင်းဆောင်တစ်ယောက်တည်းကသာလျှင် ဤသီးသန့်ရတနာခန်းအတွင်း၌သိမ်းဆည်းထားသောအရာများကို ထုတ်ယူသုံးစွဲနိုင်သည်။

တတိယအကြီးအကဲက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

"အဲ့ဒီလိုဆိုရင်တောင်...ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေက ကျန်းမိသားစုရဲ့ချမ်းသာကြွယ်ဝမှုလေ...ဘာလို့ အပြင်လူတစ်ယောက်ကို ပေးရမှာလဲ"

သူက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောဆိုလေသည်။

"ဒါ့ပြင်...ဒီလိုကောင်လေးတစ်ယောက်က ငါတို့ကျန်းမိသားစုကို ကယ်တင်ခဲ့တယ်ဆိုတာ ငါ မယုံဘူး"

Chapter 635

လုယွီက တတိယအကြီးအကဲတို့လူစုကို တစ်ချက်သာကြည့်ပြီး လျစ်လျှူရှုထားပေ၏။

တခြားသူများက သူ့အားယုံကြည်ရန်မလိုအပ်ချေ။

ကျန်းမိသားစုက စိတ်ဝိညာဥ်ကျောက်တုံးများ ပေးပြီးဖြစ်သဖြင့် သူနှင့်ကျန်းမိသားစုကြားမှ ပတ်သက်မှုမှာ ပြီးဆုံးသွားလေပြီ။

လုယွီက သူတို့ကိုလျစ်လျှူရှုထားခြင်းကိုမြင်ချိန်တွင် တတိယအကြီးအကဲ၏မျက်နှာမှုန်တေသွားပြီးနောက် သူ၏မျက်လုံးများသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကြောင့် အေးစက်တောက်ပလာသည်။

ကျန်းယုချင်က လေသံတိုးတိုးဖြင့် လုယွီအားပြောဆိုလေသည်။

"နင် မြန်မြန်သွားတော့...ဒီလေါက်များပြားတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေကိုမြင်ရင် စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျင့်ကြံသူတောင် လောဘတက်ပြီး နင့်ကိုလိုက်သတ်မှာ"

"နေစမ်းပါဦး"

တတိယအကြီးအကဲ၏နောက်၌ မတ်တတ်ရပ်နေသော လူငယ်တစ်ယောက်က လုယွီအား ပြောဆိုလိုက်၏။

"တတိယအကြီးအကဲက မင်းကိုပြောနေတာလေ...မင်း နားပင်းနေတာလား"

ကျန်းအိမ်တော်ပင်မခန်းမ၏ဘေးတစ်ဖက်တစ်ချက်မှနေ၍ လူငယ်အများအပြားထွက်လာပြီး လုယွီသွားမည့်လမ်းကို ပိတ်ပင်တားဆီးထားကြသည်။

ကျန်းယုချင်က ထိုလူစုကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး ​အော်ငေါက်လိုက်သည်။

"သူက ငါတို့ကျန်းမိသားစုရဲ့ကျေးဇူးရှင်...မင်းတို့ဘာလုပ်တာလဲ...မြန်မြန်ဖယ်ကြစမ်း"

"ဝမ်းကွဲညီမ...ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အတွေ့အကြုံက နည်းလွန်းတယ်...ဒါကြောင့်မို့ ဒီလိုကောင်ရဲ့လိမ်လည်လှည့်စားမှုကို ခံနေရတာ...ငါတို့က မင်းကို ကူညီနေတာ"

လူငယ်တစ်ယောက်က သက်ပြင်းရှိုက်ရင်းမှ ပြောဆိုလေ၏။

ထိုလူငယ်၏မျက်လုံးများက ရုတ်တရက် အေးစက်တင်းမာသွားသည်။

"မင်းဖန်တီးထားတဲ့ လိမ်လည်မှုတွေက ယုချင်ကိုပဲ လှည့်စားနိုင်မယ်...ငါတို့ကို လှည့်စားလို့မရဘူး...မင်းက အရှုံးပေးပြီး မင်းလက်ထဲကသိုလှောင်အိတ်ကို ငါတို့ကိုလက်လွှဲပေးစမ်း...ပြီးရင် တတိယအကြီးအကဲနဲ့ငါ့ကို ဒူးထောက်ပြီးသုံးကြိမ်အရိုအသေပြုရမယ်...ဒီလိုဆိုရင် ငါ မင်းကို သွားခွင့်ပြုမယ်"

ကျန်းယုချင်က အော်ငေါက်လိုက်၏။

"ကျန်းယွမ်...ပြန်လာခဲ့စမ်း"

ကျန်းယွမ်သည် ကျန်းယုချင်၏စကားကို မကြားသကဲ့သို့နေနေပြီး လုယွီကိုသာ စူးစိုက်ကြည့်နေသည်။

"မင်းက လူတွေကိုလှည့်စားတဲ့နေရာမှာ တကယ်တော်တာပဲ...ငါတွေ့ဖူးသမျှ လူလိမ်တွေထဲမှာ မင်းကအတော်ဆုံးဆိုတာတော့ ငါ ဝန်ခံတယ်"

ကျန်းယွမ်က လုယွီ၏လက်အတွင်းရှိသိုလှောင်အိတ်ကို တစ်ချက်ကြည့်လိုက်၏။

"ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ဆိုရင် မင်းရဲ့ကျန်နေတဲ့ဘဝသက်တမ်းတလျှောက်လုံး မပူမပင်နေလို့ရသွားပြီ...ငါ အရမ်းသိချင်သွားပြီ...မင်း ဘယ်လိုနည်းတွေနဲ့ ယုချင်ကို လိမ်လည်ခဲ့တာလဲဆိုတာ"

ကျန်းယုချင်က ဒေါသတကြီး အော်ငေါက်လေသည်။

"ကျန်းယွမ်...နင်က ငါ့ကို မိသားစုခေါင်းဆောင်လို့ မသတ်မှတ်ဘူးလား"

"ငါက ဘယ်လိုလုပ်ပြီးလုပ်ဝံ့မှာလဲ"

ကျန်းယွမ်က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် ကြောက်ရွံမှုအရိပ်အယောင်များ ရှိမနေချေ။

"ဒါပေမယ့် နောက်ပိုင်းကျရင် ကျန်းမိသားစုက တတိယအကြီးအကဲကိုပဲ မှီခိုရတော့မှာ...ဒီကောင်လေးက တတိယအကြီးအကဲရဲ့ရှေ့မှာ မဆင်မခြင်ပြုမူဝံ့တယ်...ဒါကြောင့် သူက ဒူးထောက်ပြီး သူရဲ့အမှားကိုဝန်ခံဖို့လိုအပ်တယ်"

ထိုစကားကိုပြောဆိုပြီးသည်နှင့် ကျန်းယွမ်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"မင်းကို အမှန်ပြောရမယ်ဆိုရင်...တကယ်လို့ မင်းလက်ထဲမှာသာ မိသားစုခေါင်းဆောင်စည်းတံဆိပ်မရှိရင် မင်းက ကျန်းမိသားစုခေါင်းဆောင်မဖြစ်သင့်ဘူး...ဥပမာပြောရရင် ငါဆိုရင်တောင် မင်းထက်အများကြီးသာတယ်"

"ကျန်းယွမ်..မင်း ဘာစကားတွေပြောနေတာလဲ...ယုချင်က မိသားစုခေါင်းဆောင်နေရာကို ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ဘိုးဘေးရဲ့ခွင့်ပြုချက်နဲ့ ဆက်ခံထားတာ...ဒီလိုအဆင့်အတန်းမျိုး မင်းမှာရှိလား"

နံဘေးတနေရာ၌မတ်တတ်ရပ်နေသော ပင်မကျန်းအိမ်တော်တပည့်တစ်ယောက်က သည်းမခံနိုင်တော့ပုံဖြင့် ဝင်ရောက်ပြောဆိုလေသည်။

ကျန်းယွမ်က လှောင်ပြောင်သရော်နေပေ၏။

"အမှန်ပြောရရင် မင်းတို့ပင်မကျန်းအိမ်တော်က အမှိုက်တွေနဲ့ပြည့်နေလို့လေ....အမှိုက်တွေကြားမှာ ရွေးချယ်စရာမရှိတော့ ဘိုးဘေးက တပည့်အဖြစ်ကျန်းယုချင်ကိုရွေးချယ်လိုက်တာ ဖြစ်ရိုးဖြစ်စဥ်တစ်ခုပဲ"

ကျန်းယွမ်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"တကယ်လို့ အဲ့ဒီနေရာမှာသာ ငါရှိနေရင်...ဘိုးဘေးက သူရဲ့တပည့်အဖြစ် ငါ့ကိုရွေးချယ်မှာသေချာတယ်...ဒါပေမယ့် ကိစ္စမရှိပါဘူး...ရက်အနည်းလောက်ကြာရင်ကျင်းပမယ့် ကောင်းကင်နန်းတော်ပြိုင်ပွဲကျရင် ဘယ်သူကအစစ်အမှန်ပါရမီရှင်လဲဆိုတာ ငါ ဘိုးဘေးသိအောင် စွမ်းဆောင်နိုင်မှာပဲ"

"မင်းတို့ပြောနေတာတွေ မပြီးသေးဘူးလား"

လုယွီက မေးမြန်းလိုက်၏။

ကျန်းယုချင်က ကြက်သေသေသွားသည်။လုယွီက ဤကဲ့သို့တုံ့ပြန်မည်ဟု သူမ ထင်မထားမိချေ။

"မင်းတို့ကျန်းမိသားစုနဲ့ငါက ထပ်ပြီးပတ်သက်စရာ အကြောင်းမရှိတော့ဘူး"

လုယွီက သူ၏နံဘေးပတ်ဝန်းကျင်ရှိလူများကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်၏။

"ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေက ငါရရမယ့်ဟာတွေ...တကယ်လို့ မင်းတို့မကျေနပ်ဘူးဆိုရင် ငါဆီလာပြီးလုယက်ကြလေ...ဘာလို့ လေကုန်ခံနေကြတာလဲ"

စကားဆုံးသည်နှင့် လုယွီက ခန်းမအတွင်းမှ ထွက်ခွါသွားတော့သည်။

"ရပ်စမ်း"

လုယွီထွက်ခွါသွားခြင်းကိုမြင်သော ကျန်းယွမ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထို့နောက် ကျန်းယွမ်က သူ၏ဓားကိုဆွဲထုတ်ပြီး လုယွီ၏နောက်ကျောကို ထိုးစိုက်လေသည်။

"ကောင်လေး...မင်းက ငါတို့ကျန်းမိသားစုရဲ့ပစ္စည်းကို ယူသွားဝံ့မှတော့...မင်း သေပေတော့"

ကျန်းယွမ်၏ဓားချက်သည် အလွန်လျှင်မြန်ပြီးကြမ်းကြုတ်ရက်စက်သည်။

သူ၏မျက်လုံးအကြည့်က လုယွီ၏သိုလှောင်အိတ်ထံတွင်သာ ကျရောက်နေဆဲပင်။ဤစိတ်ဝိညာဥ်ကျောက်တုံးများက သူ၏ပိုင်ဆိုင်မှုသာ ဖြစ်ရပေမည်။

သူက ပြိုင်ဘက်ကင်းသောပါရမီရှင်တစ်ယောက်ဖြစ်သည်။ဤတစ်ကြိမ်တွင် သူတို့လူစုသည် ကျန်းမိသားစုအား ထိန်းချုပ်နိုင်သည်နှင့် သူ့အတွက်ကျင့်ကြံခြင်းအရင်းအမြစ်များ ပို၍ရရှိပေမည်။

ချောမွေ့သောပန်းခင်းလမ်းက သူ့အား စောင့်ဆိုင်းနေပေ၏။

ထိုအချိန်မှာပင် လုယွီက ရုတ်တရက်နောက်ပြန်လှည့်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်မှုနှင့်အတူ ကျန်းယွမ် နောက်သို့လွင့်ထွက်သွားပေသည်။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ကျန်းယွမ်သည် ကြမ်းပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိသဖြင့် လူပုံသဏ္ဏန်နက်ရှိုင်းသောတွင်းကြီးတစ်တွင်း ထွက်ပေါ်လာတော့သည်။

"အစကတည်းက ဒီလိုလာလုရင် ပြီးနေတာကို...ဘာလို့ လျှာရှည်နေကြတာတုန်း"

လုယွီက ပြောဆိုလိုက်၏။

All Chapters