အခန်း (၆၁၆-၆၂၀)
Vol. 34 Ch. 616-620
Chapter 616
အစောပိုင်းက ခြံဝင်းတစ်ခုလုံးအား ရှေးဟောင်းနတ်ဆိုးများက ဖန်တီးထားသော အနက်ရောင်မြူခိုးများက လွှမ်းခြုံထားပေ၏။
အကျိုးဆက်အနေဖြင့် ခြံဝင်းပြင်ပမှလူများသည် စူးရှရှအော်ဟစ်သံများကိုသာ ကြားရပြီး တခြားအရာများကိုမူ မြင်တွေ့နိုင်စွမ်းမရှိကြချေ။
လူအုပ်ကြီးရောက်ရှိလာချိန်တွင် သူတို့က လုယွီသည် ရှေးဟောင်းနတ်ဆိုးများက ထိန်းချုပ်ထားသော လူနှစ်ယောက်ကို သတ်ဖြတ်နေခြင်းကိုသာ တွေ့မြင်မိကြသည်။
အကြီးအကဲများသည် အလွန်ဒေါသထွက်သွားကြပြီး လုယွီအား အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်လိုစိတ်များ ပေါတ်နေကြ၏။
"အကြီးအကဲတို့က နားလည်မှုလွဲနေကြပြီ...ဒီကိစ္စက......"
ကျန်းယုချင်က ရှင်းပြရန်အတွက် ရှေ့သို့ အလျှင်အမြန်ထွက်လာသည်။သို့ရာတွင် နံဘေးမှအသံများကြောင့် သူမ၏ရှင်းပြနေသံမှာ မှေးမှိန်သွားပေ၏။
အကြီးအကဲတစ်ယောက်က ဒေါသတကြီး အော်ငေါက်လေသည်။
"မင်းက လုမိသားစုကလူဝူယာရဲ့ဇနီးဖြစ်တော့မယ့်လူလေ...ဘာလို့ ဒီကောင်စုတ်လေးနဲ့အတူတူရှိနေတာလဲ...နင်က ငါတို့ကျန်းမိသားစုကို သိက္ခာချနေတာလား"
"အရှက်မရှိတာက ရှင်တို့လူစုပဲ....ကျွန်မတို့ကျန်းမိသားစုက လင်ရှောင်းမြို့မှာ ဂုဏ်သိက္ခာကြီးတဲ့မိသားစုအဖြစ် တစ်ချိန်လုံးရပ်တည်လာခဲ့တာ...ဘာလို့ တခြားမိသားစုရဲ့မျက်နှာကို ကြည့်ပြီးနေနေရမှာလဲ...လုမိသားစုက မြောက်ပိုင်းနယ်မြေက ပြောင်းရွှေ့လာတဲ့ လူစိမ်းတွေ...ရှင်တို့ကိုယ်ရှင်တို့ ပြန်ကြည့်အုံး...ရှင်တို့တစ်ယောက်ချင်းစီက ဂုဏ်သိက္ခာကြီးမြင့်တဲ့လူတွေ...ဒါပေမယ့် ရှင်တို့က ကျန်းမိသားစုက မိန်းကလေးတွေကို လုမိသားစုဆီ ရောင်းစားနေကြတယ်...ဟိုးအရင်အချိန်တုန်းက ကျန်းမိသားစုဝင်တွေဆိုရင် တခြားမိသားစုတွေနဲ့လက်ထပ်ပြီး စီးပွါးချဲ့ထွင်တဲ့အလုပ်ကို ဘယ်တော့မှမလုပ်ဘူး ..ရှင်တို့က တကယ်ကိုပဲ ကျန်းမိသားစုရဲ့ဂုဏ်သိက္ခာကို လွှက်ပစ်လိုက်ကြတာပဲ"
ကျန်းယုချင်၏စကားများသည် ရဲဝင့်ပြတ်သားနေပြီး မည်သည့်အားနည်းချက်မျှ ရှိမနေချေ။
အကြီးအကဲတစ်ယောက်က သူမ၏စကားများအား အရေးမစိုက်ဟန်ဖြင့် ရယ်မောနေပေ၏။
"ဟား ဟား ဟား....မင်းနဲ့အဲ့ဒီကောင်လေးက ညအချိန်မှာတောင် အတူရှိနေကြတယ်...ဒါကို ငါတို့က သိသွားတယ်လေ...ဒါကြောင့် မင်းရဲ့ရှက်ရွံမှုတွေကို ဖုံးကွယ်ဖို့ ငါတို့ကို ရန်လုပ်နေတာမလား"
ကျန်းယုချင်၏လှပချောမောသော မျက်နှာလေးသည် နီမြန်းသွားပြီး သူမက ဒေါသတကြီးပြောဆိုလိုက်သည်။
"မိသားစုထဲမှာ သေရေးရှင်ရေးအခြေအနေ ဖြစ်နေပြီဆိုတာ ရှင်တို့အားလုံး မသိကြဘူးမလား...ရှေးဟောင်းနတ်ဆိုးအုပ်စုက ကျွန်မတို့ ကျန်းမိသားစုထဲကို ရောနှောနေနေပြီ...ခုဏက လုယွီသတ်လိုက်တာ ကျွန်မတို့ကျန်းမိသားစုထဲကို လျှို့ဝှက်ပြီးဝင်လာတဲ့ ရှေးဟောင်းနတ်ဆိုးတွေဆိုတာ ရှင်တို့မသိကြဘူးမလား...ရှင်တို့က သူကို အပြစ်တင်ဆဲဆိုဖို့ပဲ သိကြတဲ့သူတွေ"
အကြီးအကဲတစ်ယောက်က ခနဲ့တဲ့တဲ့ ပြောဆိုလေ၏။
"သူ ဘာလုပ်တာလဲဆိုတာ ငါတို့ရှင်းရှင်းလင်းလင်းမြင်နေရတာပဲလေ...မင်း ဝင်ပြီးရှင်းပြနေစရာမလိုဘူး"
ထိုအချိန်မှာပင် လူအုပ်ကြီးက ရုတ်တရက် လမ်းကြောင်းဖွင့်ပေးလိုက်ကြသည်။
ကျန်းဖေးလန် ရောက်ရှိလာခြင်းဖြစ်ပေ၏။သူမသည် မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို မြင်တွေ့ချိန်တွင် သူမက မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားမျှမဆိုချေ။
"ဒေါ်လေး....ဒါက..."
"ချင်အာ...တကယ်လို့ ငါ့ကို နင့်ရဲ့အဒေါ်အဖြစ် သတ်မှတ်သေးတယ်ဆိုရင် အပန်းဖြေအိမ်တော်ကိုပြန်တော့....နင် အပြင်ထပ်ထွက်တာနဲ့ ငါ နင်ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မယ်"
ကျန်းဖေးလန်က အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။သူမ၏နံဘေးနားရှိ အကြီးအကဲများပင် ကြောက်ရွံမှုကြောင့် တုန်ရီသွားကြသည်။
စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်...နှောင်းပိုင်းအဆင့်
ကျန်းဖေးလန်၏ခန္ဓာကိုယ်အတွင်း၌ မူလဘူတစိတ်ဝိညာဥ်ဖွဲ့စည်းထားပြီးဖြစ်သည်။ထိုမူလဘူတစိတ်ဝိညာဥ်အား တစ်ကြိမ်သန့်စင်ပြီးသည်နှင့် သူမက စိတ်ဝိညာဥ်နယ်ပယ်သို့ ခြေချနိုင်ပေမည်။စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံခြင်းမိသားစုတစ်စု၏အခြေခံအုတ်မြစ်ပင်။
ကျန်းယုချင်က အံတင်းတင်းကြိတ်ထားပြီး သူမက ဤနေရာမှ ထွက်ခွါသွားရန် တုံ့ဆိုင်းနေပေ၏။ရှေးဟောင်းနတ်ဆိုးများရှိနေခြင်းကို သူမက မျက်မြင်ကြုံတွေ့ခဲ့ရသော်လည်း သူမရှေ့ရှိလူများကမူ မယုံကြည်ကြချေ။
မုန်တိုင်းက တိုက်ခတ်နေပြီဖြစ်သော်လည်း အန္တရာယ်နှင့်ကြုံတွေ့နေခြင်းကို မသိရှိဘဲ လှေဝမ်းအတွင်း၌ လဲလျောင်းနေသောသူများ ရှိနေပေသည်။
"နင် ဘာတွေစဥ်းစားနေတာလဲ....နင်မှာ မိသားစုခေါင်းဆောင်စည်းတံဆိပ်ရှိနေရင်တောင် ငါတို့မိသားစုကတပည့်နှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက်...နင် ဖြေရှင်းချက်ပေးဖို့လိုအပ်တယ်"
ကျန်းဖေးလန်က အလွန်အမင်းဒေါသထွက်နေသော အကြည့်ဖြင့် လုယွီအား ကြည့်နေလေ၏။
လုယွီက မျက်မှောင်ကြုတ်နေပေသည်။သူ ဤအရှုပ်အထွေးကြား၌ ပါဝင်ပတ်သက်လိုစိတ်မရှိချေ။သူက ကျန်းမိသားစုအား နှစ်ကြိမ်တိုင်တိုင် ထပ်ခါထပ်ခါသတိပေးပြီးဖြစ်၍ ထပ်မံပြောဆိုရန် အကြောင်းမရှိတော့ချေ။
"ဒီလိုဆိုမှတော့...ငါလည်း မင်းတို့နဲ့ ထပ်ပြီးအချိန်မဖြုန်းချင်တော့ဘူး...ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာ စုဆောင်းပြီးရင် ငါဆီလာခဲ့...ငါ မင်းတို့ကို မိသားစုခေါင်းဆောင်စည်းတံဆိပ်ပြန်ပေးမယ်"
လုယွီက နောက်ပြန်လှည့်၍ ထွက်ခွါသွားပေ၏။
"မင်းက သွားချင်သေးတာလား"
ကျန်းမိသားစုအကြီးအကဲများသည် ဒေါသတကြီးဖြင့် လုယွီအား ဟန့်တားရန် ကြိုးစားလိုက်ကြသည်။
သို့ရာတွင် သူတို့၏မှော်စွမ်းအားများသည် လုယွီနှင့်ခြေတစ်လှမ်းခန့်အကွာတွင် မမြင်နိုင်သောအားလှိုင်းတစ်ရပ်၏ ပိတ်ပင်တားဆီးခြင်းကို ခံလိုက်ရ၏။
"ဒါက အကာအကွယ်ဝင်္ကပါတစ်ခုပဲ"
အကြီးအကဲများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားပြီးနောက် သူတို့က ရပ်တန့်နေကြကာ လုယွီ ထွက်ခွါသွားခြင်းကို စောင့်ကြည့်နေရုံသာတက်နိုင်တော့သည်။
"သေစမ်း...မင်းတို့ကောင်တွေ...မြန်မြန်သွားပြီး သူ့ကိုဖမ်းကြလေ"
ရုတ်တရက် ကျန်းလင်က နံဘေးဘက်မှနေ၍ အော်ငေါက်လိုက်၏။
အကြီးအကဲများသည် အသိပြန်ဝင်လာကြပြီး သူတို့၏မှော်ရတနာများကို ထိန်းချုပ်ကာ လုယွီအားဖမ်းဆီးရန် ထွက်ခွါသွားကြတော့သည်။
"ကျန်းလင်...နင် မိသားစုကို စောင့်ရှောက်ထားလိုက်...ငါ မကြာခင်ပြန်လာမယ်"
ကျန်းဖေးလန်ကလည်း လုယွီနောက်သို့ လိုက်လံဖမ်းဆီးလိုပေ၏။
"ဟုတ်ကဲ့...မိသားစုခေါင်းဆောင်"
ကျန်းလင်က ဦးညွှတ်၍ပြောဆိုလိုက်သော်လည်း သူ၏ပါးစပ်ထောင့်တွင်မူ လှောင်ပြောင်သရော်လိုရိပ် ထွက်ပေါ်နေပေသည်။
Chapter 617
လင်ရှောင်းမြို့တွင် ညမထွက်ရအမိန့် မရှိခြင်းကြောင့် ညအချိန်မှာပင် လင်းထိန်တောက်ပသော မီးရောင်များ ထွန်းညှိထားပြသည်။
လုယွီက ကျန်းမိသားစုက ထွက်ခွါလာသည်နှင့် ချက်ချင်းပင် သူ၏နောက်မှလိုက်ပါလာသော အော်ရာတချို့ကို အာရုံခံမိသည်။သူက နဂါးပျံခြေလှမ်းကို အသုံးပြုပြီး လေထုအတွင်း၌ ပျံဝဲလိုက်၏။သူ၏ခြေထောက်အောက်မှ လေလှိုင်းတစ်ရပ်တိုက်ခတ်လာခြင်းနှင့်အတူ သူက မိုင်ပေါင်းများစွာအကွာအဝေးသို့ ရောက်ရှိသွားတော့သည်။
သူက လင်ရှောင်းမြို့ဂိတ်တံခါးကြီးနှင့် မနီးမဝေးအကွာအဝေးသို့ ရောက်လာခဲ့သည်။
"တံခါးဖွင့်ကြစမ်း"
လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ စိတ်ဝိညာဥ်ကျောက်တုံးများ ထည့်ထားသော သိုလှောင်အိတ်တစ်အိတ်ကို အစောင့်တစ်ယောက်၏လက်အတွင်းသို့ ပစ်ပေးလိုက်၏။
ထိုအစောင့်သည် သိုလှောင်အိတ်ကိုဖွင်ကြည့်ပြီးနောက် အပျော်လွန်သွားပေသည်။
"သူ့ကို သွားခွင့်ပြုလိုက်"
လုယွီက အနက်ရောင်အရိပ်အဖြစ်ပြောင်းလဲပြီး အလွန်လျှင်မြန်သောအရှိန်ဖြင့် မြို့တံခါးမှ ထွက်ခွါခဲ့တော့သည်။
လုယွီ ထွက်ခွါသွားပြီးနောက် အသက်အနည်းငယ်ရှုချိန်ခန့်အကြာမှာပင် ကျန်းဖေးလန်နှင့်ကျန်းမိသားစုအကြီးအကဲများက မြို့တံခါးသို့ ရောက်ရှိလာကြသည်။
"ရပ်လိုက်ကြစမ်း...တကယ်လို့ မင်းတို့က မြို့ထဲကနေအပြင်ထွက်ချင်တယ်ဆိုရင်...ဖြတ်သန်းခပေးဆောင်ရမယ်"
အစောင့်များက သူတို့၏ဓားများကိုကိုင်မြှောက်ပြီး ကျန်းမိသားစုဝင်များအား ဟန့်တားလိုက်ကြ၏။
"သွားစမ်း"
ကျန်းဖေးလန်က ဤကဲ့သို့အရေးမပါသူများနှင့် အချိန်ဖြုန်းလိုစိတ်မရှိချေ။သူမ၏မှော်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး မြို့တံခါးစောင့်များအားလုံး လွင့်ထွက်သွားတော့သည်။
ထိုအခြင်းအရာကိုကြည့်ပြီး မြို့စောင့်များအားလုံး ကြောက်ရွံတုန်ရီသွားကြကာ သူတို့က ထပ်မံ၍မလှုပ်ရှားဝံ့တော့ချေ။
"ဒါက ကျန်းမိသားစုပဲ...သွားခွင့်ပြုလိုက်"
မြို့စောင့်ခေါင်းဆောင်က အလျှင်စလိုဖြင့် တစ်ချက်ကြည့်ပြီးနောက် သူ၏လက်အောက်ငယ်သားများအား မဆင်မခြင်မလုပ်ရန် အမိန့်ပေးလိုက်သည်။
လင်ရှောင်းမြို့မှ ထွက်ခွါခဲ့ပြီးနောက် လုယွီသည် မြို့နှင့်မိုင်သုံးလေးဆယ်ခန့်ကွာဝေးသော တောင်တစ်လုံးပေါ်သို့ ရောက်ရှိနေပေ၏။ဤတောင်သည် မြင့်မားသောတောင်တန်းများများ၏အလယ်ဗဟိုတွင်ရှိပြီး နံဘေးပတ်ဝန်းကျင်သည်လည်းဆိတ်ငြိမ်နေသည်။
ဝှစ်...ဝှစ်...
လုယွီရပ်တန့်လိုက်သည်ကိုကြည့်ပြီး ကျန်းဖေးလန်တို့လူစုကလည်း ရပ်တန့်လိုက်ကြသည်။
ကျန်းမိသားစုအကြီးအကဲဆယ်ယောက်ကျော်သည် လုယွီအား ဝိုင်းထားကြပြီး သူ ထွက်ပြေးလွတ်မြောက်နိုင်ရန် မည်သည့်လမ်းကြောင်းမျှချန်မထားပေ။
သူတို့အားလုံးသည် စွမ်းအားဆုံချက်နယ်ပယ်ကျင့်ကြံသူများဖြစ်သဖြင့် သူတို့၏အော်ရာများကို ထိန်းချုပ်ဟန့်တားထားခြင်းမရှိဘဲ ထုတ်လွှက်လိုက်ရာတွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ပုံပျက်လာပေ၏။
ကျန်းဖေးလန်က ပြောဆိုလိုက်သည်။
"မိသားစုခေါင်းဆောင်တံဆိပ်ပြားကို လက်လွှဲပေး...ငါ နင့်ရဲ့အသက်ကို ချမ်းသာပေးမယ်"
လုယွီက တည်ငြိမ်စွာဖြင့်သာ ရယ်မောနေပြီး မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ကျန်းဖေးလန်ထံပစ်ပေးလိုက်၏။
ကျန်းဖေးလန်က ကြက်သေသေသွားပေသည်။လုယွီက ဤမျှထိ ရိုးရိုးစင်းစင်း ပြန်ပေးမည်ဟု သူမ မျှော်လင့်မထားမိချေ။
သို့ရာတွင် သူမက လုယွီ ကလိမ်ကကျစ်ပြုလုပ်မည်ကို စိုးရိမ်သဖြင့် သူမ၏မှော်စွမ်းအင်များဖြင့် မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ရစ်ပတ်ပြီး သူမ၏လက်အတွင်း၌ ဂရုတစိုက်ကိုင်တွယ်လိုက်၏။
မိသားစုခေါင်းဆောင်စည်းတံဆိပ်သည် ထိခိုက်ပျက်စီးခြင်းမရှိဘဲ ၎င်းက အစစ်အမှန်ဖြစ်ခြင်းကိုသက်သေပြသည့်အနေဖြင့် တံဆိပ်၏မျက်နှာပြင်ပေါ်၌ မှော်စွမ်းအင်လှိုင်းများ လှုပ်ခတ်နေပေသည်။
ဤမိသားစုခေါင်းဆောင်စည်းတံဆပ်နှင့်ဆိုလျှင် သူမက ကျန်းမိသားစု၏အစစ်အမှန်ခေါင်းဆောင် ဖြစ်လာနိုင်သည်။
ကျန်းဖေးလန်၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားသည်။
"အနည်းဆုံးတော့ နင့်မှာစဥ်းစားတက်တဲ့အသိဥာဏ်ရှိသေးတာပဲ...အကြီးအကဲတွေ...သူရဲ့အလောင်းကို အပြည့်အစုံချန်ထားပေးလိုက်ကြ"
လုယွီ၏နောက်ရှိ အကြီးအကဲများက သူ့အားသတ်ရန် သူတို့၏လက်များကို မြှောက်လိုက်ကြ၏။ဂ
လုယွီက လှုပ်ရှားခြင်းမရှိသေးဘဲ တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
"တကယ်လို့ မင်းက မိသားစုခေါင်းဆောင်ဖြစ်လာရင်တောင် သေတော့မယ့်လူတစ်ယောက်ပဲလေ...မင်း ဘာလုပ်နိုင်မှာမလို့လဲ"
လုယွီက သူ၏နံဘေးပတ်လည်ရှိ လူများအားကြည့်ပြီး သက်ပြင်းချလိုက်၏။
"ကြည့်ရတာတော့ ရှေးဟောင်းနတ်ဆိုးတွေရဲ့ခန္ဓာကိုယ်အပိုင်စီးတာကို မခံရတဲ့လူတွေက....မင်းတို့မိသားစုမှာ ဒီလူစုပဲကျန်တော့တယ်ထင်တယ်"
"မင်း ခုချိန်ထိ လူတွေကို လှည့်စားနေတုန်းပဲလား"
အကြီးအကဲတစ်ယောက်က လုယွီအား သတ်ရန် သူ၏လက်ကို မြှောက်လိုက်သည်။
ကျန်းဖေးလန်က ရုတ်တရက် ထိုအကြီးအကဲအား တားဆီးထားလေသည်။
"ငါ နည်းနည်းတော့ သိချင်သွားပြီ...နင့်ကိုကြည့်ရတာ အရူးနဲ့လည်းမတူပါဘူး...နင် သေတော့မယ့်အချိန်မှာတောင် ငါတို့ကိုဘာလို့လိမ်လည်လှည့်ဖျားနေတာလဲ"
လုယွီက လေသံသဲ့သဲ့ဖြင့် ပြောဆိုလေ၏။
"ငါ မင်းတို့ကို လှည့်ဖျားနေတာမဟုတ်ဘူး...ဒါပြင် မင်းရဲ့စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံဆင့်လောက်နဲ့ ငါ့ကို မင်း သတ်နိုင်မှာမဟုတ်ဘူး"
လုယွီက သူ၏နံဘေးရှိလူများအား ထပ်မံ၍ကြည့်လိုက်သည်။
"မင်းတို့မှာ ကျန်းမိသားစုရဲ့ဘေးကင်းလုံခြုံမှုကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ရှိမယ်လို့ ငါ ထင်တယ်....မင်းတို့က ငါ့နောက်ကိုလိုက်လာပြီး ဒီတေါင်ပေါ်မှာပိတ်မိနေကြတာတောင် မသိကြဘဲ ငါရှေ့ကိုလာပြီး ငါကိုသတ်မယ်လို့ အော်ဟစ်နေဝံ့ကြတယ်"
အကြီးအကဲတစ်ယောက်က လှောင်ပြောင်သရော်လိုသောလေသံဖြင့် ပြောဆိုလေ၏။
"ဖြစ်နိုင်တာတော့ မင်းကမှ ဘာမှမသိတဲ့ကောင်ပဲ...ငါတို့ကျန်းမိသားစုကို အကာအကွယ်ဝင်္ကပါကြီးနဲ့ကာကွယ်ထားတာ...အဲဒီကိစ္စကို စိုးရိမ်နေ၀ရာမလိုဘူး"
သူ့စကားဆုံးသွားသော အချိန်မှာပင် နားအူလုမတက်စူးရှရှအော်ဟစ်သံကြီးက သူ၏နားအတွင်း၌ မြည်ဟီးလာပေသည်။
ထို့နောက် ဌက်တစ်ကောင်ကတောင်ပံတဖျပ်ဖျပ်ခတ်ပြီး အကြီးအကဲ၏နံဘေးသို့ ခက်ခက်ခဲခဲပျံသန်းလာသည်။ရုတ်တရက် ထိုဌက်၏အတောင်ပံများတုန်ခါသွားပြီး ဆက်လက်၍ပျံသန်းနိုင်ခြင်းမရှိတော့ဘဲ မြေပေါ်သို့ပြုတ်ကျလာသည်။
"ဒါက ငါမွေးမြူထားတဲ့ လီတစ်ထောင်နဂါးစွန်ဌက်ပဲ"
အကြီးအကဲ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။
ထိုဌက်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရါများပြည့်နှက်နေပြီး သေအံ့မူးမူးအနေအထားသို့ ရောက်ရှိနေလေပြီ။
"မိသားစုထဲမှာ တစ်ခုခုဖြစ်နေပြီ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
Chapter 618
"ထိတ်ထိတ်ပျာပျာ ဖြစ်မနေကြနဲ့...ငါက အိမ်တော်ခြံဝင်းထဲမှာ မှော်ရတနာတစ်ခုချန်ထားခဲ့တယ်...ငါ ကြည့်လိုက်အုံးမယ်"
ကျန်းမိသားစုအကြီးအကဲတစ်ယောက်က ချက်ချင်းပင် သူ၏အင်္ကျီလက်မောင်းကြားမှ ကြေးမုံမှန်တစ်ခုကိုထုတ်ယူပြီး သူက လက်သင်္ကေတချိပ်စည်းတစ်ခုကို ဖွဲ့စည်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ကြေးမုံမှန်၏မျက်နှာပြင်ပေါ်၌ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ထိုအဖြူရောင်အခိုးအငွေ့များ မျောလွင့်သွားချိန်တွင် ကြေးမုံမှန်အတွင်း၌ အဆောက်အအုံတစ်ခု ထွက်ပေါ်လာပေ၏။
ဤအချိန်သည် ညချမ်းအချိန်ဖြစ်ပြီး ကြေးမုံမှန်အတွင်းရှိ ကျန်းအိမ်တော်သည် မည်သည့်ကိစ္စမျှဖြစ်ပျက်ထားခြင်းမရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကြေးမုံမှန်ကိုင်ထားသော အကြီးအကဲက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချနေလေ၏။
"မျှော်လင့်ထားသလိုပဲ...ငါတို့ကျန်းမိသားစုမှာ မိသားစုအကာအကွယ်ဝင်္ကပါကြီးရှိနေတာ...ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
သို့သော် သူ၏စကားသံက တစတစ တိမ်ဝင်သွားသည်။
ကြေးမုံမှန်အတွင်းရှိမြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားပေ၏။တိတ်ဆိတ်ငြိမ်သက်နေသော ကျန်းအိမ်တော်ကြီးသည် ရုတ်တရက် မီးများဖြင့်လောင်ကျွမ်းနေလေသည်။
ကျန်းမိသားစုဝင်တပည့်တစ်ယောက်ဖြစ်ပုံရသော လူတစ်ယောက်သည် မြေပြင်ပေါ်၌လူးလိမ့်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဒဏ်ရါဒဏ်ချက်များဗရပွရှိနေကာ မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။ထိုသူက ကြေးမုံမှန်ကို လက်ညှိုးညွှန်နေသော်လည်း သူ၏ဒဏ်ရါများသည် အလွန်ပြင်းထန်သဖြင့် သတိလစ်သွားခဲ့သည်။
"သွားကြစို့"
ကျန်းမိသားစုအကြီးအကဲများသည် တုံ့ဆိုင်းမနေကြတော့ဘဲ အိမ်တော်သို့ အလျှင်အမြန် ပြန်ပြေးကြ၏။
ကျန်းဖေးလန်က လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေသော်လည်း သူမက နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။
ကျန်းမိသားစုမှလူများထွက်ခွါသွားချိန်တွင် လုယွီက နောက်ပစ်ထားသော သူ၏ညာဖက်လက်ကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။
သူ၏ညာဖက်လက်ပေါ်ရှိ ရွှေရောင်မီးတောက်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
အကယ်၍ ထိုသူများကသာ သူ့အားတိုက်ခိုက်ဝံ့ပါက လုယွီအနေဖြင့် သူတို့ကို ပြာဖြစ်သည်အထိ လောင်ကျွမ်းပေးရန် အသင့်ပင်။
"ဒါက ငါရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ခိုင်မာအောင်လုပ်ဖို့ အချိန်ပဲ"
လုယွီက တီးတိုးရေရွတ်နေပေ၏။
သူက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်နေရာ၌ ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံနေတော့သည်။
……
ကျန်းမိသားစု...
ကျန်းဖေးလန်က ကျန်းမိသားစုအကြီးအကဲများကို ဦးဆောင်၍ အိမ်တော်သို့ အလျှင်အမြန် ပြန်သွားနေပေသည်။
သူမက အိမ်တော်တံခါးအား ဖွင့်လိုက်သည်နှင့် မီးလောင်ကျွမ်းထားသောညှော်နံများအား ရရှိလေ၏။
သူမက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာတွင် အလွန်ခမ်းနားထည်ဝါသောကျန်းအိမ်တော်အတွင်းမှ ခြံဝင်းငယ်များ မီးလောင်ကျွမ်းထားပြီး မီးခိုးငွေ့များ တလူလူထွက်နေခြင်းကို တွေ့မြင်မိသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ကျန်းဖေးလန်က ဆို့နင့်နေသောလေသံဖြင့် ရေရွတ်လိုက်၏။
ကျန်းလင်က ရုတ်တရက် ပြေးထွက်လာပြီး သူ၏နောက်တွင် ကျန်းအိမ်တော်မှတပည့်တစ်စုက သုန်မှုန်နေသောမျက်နှာအမူအယာများဖြင့် ကပ်ပါလာသည်။
"မိသားစုခေါင်းဆောင်....မင်းတို့ထွက်ခွါသွားပြီး သိပ်မကြာခင်အချိန်မှာပဲ မိသားစုထဲမှာရှိတဲ့ သစ္စာဖောတ်တွေက နေရာတိုင်းကို မီးတွေလိုက်ရှို့ခဲ့တယ်...ငါက သူတို့ကို အချိန်မီဖော်ထုတ်နိုင်ပြီးတော့ သတ်ပစ်လိုက်တယ်...ကျေးဇူးပြုပြီး မိသားစုခေါင်းဆောင် တစ်ချက်ကြည့်ပါအုံး"
ကျန်းလင်၏နောက်ရှိ ကျန်းမိသားစုတပည့်တစ်ယောက်ချင်းဆီက အလောင်းတစ်လောင်းဆီကို သယ်ဆောင်ထားကြသည်။
အလောင်းများအနက်မှတစ်လောင်းသည် ကြေးမုံမှန်အတွင်းမှမြင်ရသော အကူအညီတောင်းခံနေသူဖြစ်ခြင်းကို ကျန်းဖေးလန်က သတိပြုမိသွား၏။
ထိုအလောင်း၏လည်ပင်းပေါ်တွင် ခရမ်းရောင်လက်ချောင်းရာတစ်ခုရှိနေသည်။တစ်စုံတစ်ယောက်က သူ့အား လည်ပင်းညှစ်ပြီး ပစ်ထားခဲ့ခြင်းပင်။အချိန်အနည်းငယ်ကြာမှသာလျှင် ထိုသူ၏အတွင်းဒဏ်များ ပေါက်ကွဲသွားပြီး သေဆုံးရခြင်းဖြစ်သည်။
ဤသည်က ကျန်းလင် အသုံးပြုလေ့ရှိသော နည်းလမ်းဖြစ်ခြင်းကို ကျန်းဖေးလန်က ရိပ်မိသွားသည်။
"ဘာလို့ သူတို့အားလုံးကို သတ်လိုက်တာလဲ...နင်ရဲ့အရည်အချင်းနဲ့ဆိုရင် တစ်ယောက်လောက်တော့အရှင်ထားသင့်တာမလား"
ကျန်းဖေးလန်၏မျက်လုံးများအတွင်းတွင် သံသယဝင်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ကျန်းလင်က အလျှင်စလို ရှင်းပြလိုက်သည်။
"အိမ်တော်ကို မီးရှို့တဲ့သစ္စာဖောတ်ကောင်တွေက အများကြီးပဲ...တကယ်တမ်းတော့ ငါ စစ်မေးလို့ရအောင် တစ်ယောက်လောက်ကိုအသက်ရှင်ရက်ထားမလို့...ဒါပေမယ့် ဘယ်သူက သိမှာလဲ...သူတို့က ဒီလေါက်ဆိုးဆိုးရွားရွားအပြစ်မျိုး ကျူးလွန်ရဲတာတောင် ငါရဲ့ခွန်အားဆယ်ပုံတစ်ပုံကို တောင့်မခံနိုင်ဘဲ သေသွားကြတယ်"
ကျန်းဖေးလန်၏သံသယဝင်နေသော အရိပ်အယောင်များ တဖြည်းဖြည်း ပျက်ပြယ်သွားပေ၏။
ဤသည်က တစ်စုံတစ်ယောက်၏ခိုင်းစေချက်သာ ဖြစ်ပေမည်။
"ဟိုကောင်လေးရော...ထွက်ပြေးသွားပြီလား"
ကျန်းဖေးလန်က အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်အား မေးမြန်းလိုက်သည်။
ထိုအကြီးအကဲက အပြုံးနှင့် ပြောဆိုလေ၏။
"မိသားစုခေါင်းဆောင် စိတ်အေးအေးထားပါ...ကျွန်တော်က အဲ့ဒီကောင်စုတ်လေးရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုချန်ထားခဲ့တယ်...သူ ခုထိလင်ရှောင်းမြို့ကနေ ထွက်ခွါမသွားသေးဘူး"
"သူ ထွက်မသွားသေးတော့လည်း အဆင်ပြေတာပေါ့...ဒီနေ့ည တစ်ယောက်ယောက်ကိုစေလွှက်ပြီး အဲ့ဒီကောင်လေးကိုသတ်ခိုင်းလိုက်"
ကျန်းဖေးလန်က အမိန့်ပေးလိုက်သည်။
အနီရောင်ဝတ်စုံဝတ်အကြီးအကဲက ခေါင်းညိတ်ပြပြီး ထွက်ခွါသွားရန်ဟန်ပြင်လိုက်သော်လည်း တခြားအကြီးအကဲနှစ်ယောက်က သူ့အားဟန့်တားထားခြင်းကို တွေ့မြင်မိသည်။
"ဘာလဲ...မင်းတို့က ဒီကိစ္စကို စိတ်ဝင်စားလို့လား"
အနီရောင်ဝတ်စုံဝတ်အကြီးအကဲက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။
ထိုအကြီးအကဲနှစ်ယောက်၏မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"အဲ့ဒီကောင်လေးက ခုထိအဝေးကို ထွက်မပြေးသေးဘူးပေါ့...ဒါဆိုလည်း ကျေးဇူးပြုပြီး အရင်သွားပါ"
ရွှပ်....ရွှပ်...
စူးရှချွန်ထက်သောဓားနှစ်ချောင်းသည် အနီရောင်ဝတ်စုံဝတ်အကြီးအကဲ၏ဝမ်းဗိုက်အတွင်းသို့ တပြိုင်နက်တည်း ဝင်သွားခဲ့သည်။အနီရောင်ဝတ်စုံဝတ်အကြီးအကဲ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေပြီး သူက နောက်သို့ လဲကျသွားပေ၏။
"နင်တို့ ဘာလုပ်တာလဲ"
ကျန်းဖေးလန်က အံ့အားသင့်တုန်လှုပ်စွာဖြင့် ချက်ချင်းပင် သူမ၏နံဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း အတော်ပင်နောက်ကျသွားခဲ့လေပြီ။
"ငါတို့ရှေးဟောင်းနတ်ဆိုးတွေက အမြဲတမ်းအမှောင်ထဲမှာပဲ ပုန်းကွယ်နေရတာ...ငါတို့အကြောင်းကို လူသားတွေသိအောင်လုပ်ပြီး နောက်ထပ် အမှောင်ထုထဲမှာ ပုန်းကွယ်နေစရာမလိုတော့အောင် ငါ လုပ်ပြမယ်"
ကျန်းလင်၏လက်ဝါးက ရုတ်တရက် ကျန်းဖေးလန်ပေါ်သို့ ကျဆင်းသွားသည်။
Chapter 619
ဘန်းဟူသောမြည်ဟီးသံနှင့်အတူ ကျန်းလင်၏လက်ဝါးရိုက်ချက်သည် ကျန်းဖေးလန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ကျန်းဖေးလန်၏ကျင့်ကြံဆင့်သည် မြင့်မားသော်လည်း သူမက ထ်ုလက်ဝါးရိုက်ချက်ကြောင့် ထုံမှိုင်းသွားသကဲ့သို့ ခံစားနေရသည်။
ကျန်းဖေးလန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ကျန်းလင်...နင် သေချင်နေတာလား"
သူမ၏လက်များလှုပ်ရှားလိုက်ခြင်းနှင့်အတူ သူမ၏မျက်ခုံးနှစ်ခုကြားအလယ်ဗဟိုမှ မူလဘူတစိတ်ဝိညာဥ်ထွက်ပေါ်လာပြီး ဓားတစ်ချောင်းကိုကိုင်မြှောက်ကာ ကျန်းလင်အားခုတ်ပိုင်းလိုက်၏။
ကျန်းဖေးလန်နှင့်နှိုင်းယှဥ်ပါက ကျန်းလင်၏အော်ရာမှာ အနည်းငယ်အားနည်းပေသည်။ကျန်းလင်က သူမထက်ပို၍ အသက်ကြီးသော်လည်း အရည်အချင်းခြင်းနှိုင်းယှဥ်ပါက ကျန်းဖေးလန်က ပို၍သာပေ၏။
ကျန်းဖေးလန်၏ဓားချက်ကျဆင်းလာချိန်တွင် ကျန်းလင်က နောက်သို့ဆုတ်ပြီး အိမ်တော်၏ထောင့်တနေရာသို့ အပြေးသွားလေ၏။
"ဟီး ဟီး...ကျန်းမိသားစုခေါင်းဆောင်....မင်း ငါကိုသတ်နိုင်ရင်တောင်မှ ကျန်းမိသားစုဆိုတာ တည်ရှိတော့မှာမဟုတ်ဘူး"
ရုတ်တရက် ကျန်းလင်က ရယ်မောလိုက်သည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌လည်း ထိတ်လန့်တကြားအော်ဟစ်သံများအား ကြားနေရသည်။
ကျန်းဖေးလန်နှင့်အတူပြန်လာသော ကျန်းမိသားစုအကြီးအကဲများအားလုံး ရုတ်တရက် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းကို ခံနေရ၏။
ကျန်းမိသားစုအရေခြုံထားသော ရှေးဟောင်းနတ်ဆိုးများက ထိုအကြီးအကဲများကို ကြမ်းကြုတ်ရက်စက်စွာတိုက်ခိုက်နေပေသည်။
ဘုန်း...ဘုန်း...ဘုန်း....
မှော်စွမ်းအင်လှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ကျရောက်လာခြင်းနှင့်အတူ အကြီးအကဲများအနက်မှ သုံးယောက်သည် မြေပြင်ပေါ်သို့လဲကျပြီး သေဆုံးသွားကြတော့သည်။
"နင်တို့က ပုန်ကန်ချင်တာလား"
ကျန်းဖေးလန်၏အေးစက်စက်အသံသည် ကျန်းအိမ်တော်အနှံ့ ပဲ့တင်ထပ်နေပေသည်။
မည်သည်ကြောင့် ဤလူတစ်စုက သူမအား ပုန်ကန်ဝံ့သနည်း။
သူမသည် ကျန်းထျန်းရှုံး၏သမီးတစ်ယောက်ဖြစ်သည့်အပြင် ထိပ်သီးကျင့်ကြံသူတစ်ယောက်လည်းဖြစ်သည်။ယခုလက်ရှိချိန်တွင် သူမ၏လက်အတွင်း၌ မိသားစုခေါင်းဆောင်စည်းတံဆိပ်လည်းရှိနေပြီဖြစ်ရာ ကျန်းအိမ်တော်သခင်ရာထူးကို သူမထက် မည်သူကပို၍သင့်တော်မည်နည်း။
"ဘာမှစဥ်းစားမနေနဲ့...မင်း ကောင်းကောင်းသာ သေလိုက်တော့"
ကျန်းလင်က စူးရှရှအော်ဟစ်ပြီး ကျန်းဖေးလန်ထံသို့ တိုးဝင်လာသည်။
ဤအချိန်တွင် ကျန်းလင်၏ခန္ဓာကိုယ်ပတ်လည်ကို နေမင်းကြီးက ရစ်ပတ်ထားသကဲ့သို့ လောင်ကျွမ်းနေသောမီးတောက်များ ဝိုင်းရံထားလေ၏။သူက ကျန်းဖေးလန်အား အရည်ပျော်ကျစေရန် ရည်ရွယ်ထားပေသည်။
"နင် လုပ်ရဲလား...နင်လောက်ကျင့်ကြံဆင့်နဲ့များ ငါရှေ့မှာလာပြီး လှုပ်ရှားဝံ့တယ်ပေါ့"
လေထုအတွင်း၌ ကျန်းဖေးလန်၏အေးစက်စက်အသံ ထပ်မံ၍ထွက်ပေါ်လာပြန်သည်။
ကျန်းဖေးလန်၏လက်ကောက်ဝတ် ဆတ်ခနဲလှုပ်ရှားလိုက်ခြင်းနှင့်အတူ သူမ၏ဓားချီလှိုင်းများက ကျန်းလင်ထံသို့ တိုးဝင်သွားသည်။
ကျန်းလင်၏နံဘေးပတ်ဝန်းကျင်ရှိမီးတောက်များသည် ကဏဦးဓားချီတချို့ကိုသာ ပိတ်ပင်တားဆီးနိုင်ပြီး နောက်ပိုင်း သူထံသို့ကျရောက်လာသော ဓားချီများကို တားဆီးနိုင်စွမ်းမရှိတော့ချေ။
ဤအချိန်တခဏတွင် ကျန်းလင်သည် အလွန်ဆိုးရွားသောအနေအထားအား ကြုံတွေ့နေရ၏။သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးသံတရဲရဲထွက်နေပြီး ဒဏ်ရါများကလည်း သူ့ခန္ဓာကိုယ်နေရာအနှံ့ရှိနေသည်။
"မသေသေးဘူးလား"
ကျန်းဖေးလန်၏လက်ချောင်းထိပ်မှ ပြင်းထန်သောဓားချီလှိုင်းများ ထပ်မံ၍ထွက်ပေါ်လာပြန်၏။
ဤတစ်ကြိမ်တွင် သူမက ကျန်းလင်၏ခြေလက်များကို ဖြတ်တောက်ပစ်လိုက်သည်။
ကျန်းလင်၏ကိုယ်လက်အင်္ဂါမစုံလင်တော့သော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများအိုင်ထွန်းနေသော်လည်း သူ၏မျက်နှာအမူအယာကမူ ကြမ်းကြုတ်ရက်စက်မှုများရှိနေဆဲပင်။
"ငါတို့က ရှေးဟောင်းနတ်ဆိုးတွေ....ရှေးဟောင်းသူတော်စင်မျိုးဆက်တွေ...မင်းက ငါ့ကိုသတ်နိုင်မှာလား"
ကျန်းလင်က အော်ဟစ်ရယ်မောနေပေ၏။
ဝှစ်....
ဓားချီတစ်လှိုင်းက ကျန်းလင်၏နဖူးအား ထွင်းဖောက်သွားပေ၏။ကျန်းလင်၏ခန္ဓာကိုယ်တုန်ခါသွားပြီးနောက် သူက ငြိမ်သက်သွားလေသည်။
ကျန်းဖေလန်က မြေပြင်ပေါ်ရှိအလောင်းကောင်ကို ကြည့်ရှုခြင်းပင်မပြုချေ။သူမ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"ဟိုကောင်လေး ပြောသွားတာတွေက အမှန်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး....ရှေးဟောင်းနတ်ဆိုး...ရှေးဟောင်းနတ်ဆိုး...ဒါက ဘယ်လို တည်ရှိမှုလဲ"
ပတ်ဝန်းကျင်၌ ဆက်လက်၍တိုက်ခိုက်နေကြဆဲဖြစ်သည်။အသိစိတ်ရှိသေးသော အကြီးအကဲများသည် ရုန်းကန်၍ တောင့်ခံနေကြခြင်းကိုတွေ့မြင်နိုင်သည်။သို့ရာတွင် သူတို့ကိုကြည့်ရသည်မှာ ထပ်မံ၍အချိန်ကြာကြာ တောင့်ခံနိုင်မည့်ပုံ မရှိတော့ချေ။
"ဒီ ဆိုးဆိုးရွားရွားဖြစ်ရပ် အဆုံးသတ်ချိန်တန်ပြီ"
ကျန်းဖေးလန်က မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ထုတ်ယူပြီး ၎င်းအတွင်းသို့ သူမ၏မှော်စွမ်းအားများ ထည့်သွင်းလိုက်သည်။
"ကောင်းကင်မန္တန်အကာအကွယ်...မိုးကောင်းကင်နဲ့မြေပြင်ကြားက ဝင်္ကပါ...ယုတ်ညံတဲ့စိတ်ဝိညာဥ်တွေကိုဖယ်ရှားပြီး မိသားစုကိုပြန်လည်ထူထောင်ပေးပါ"
မိသားစုခေါင်းဆောင်စည်းတံဆိပ်မှနေ၍ အလင်းတန်းများဖြာထွက်လာသည်။သို့ရာတွင် အကာအကွယ်ဝင်္ကပါသည် သက်ဝင်လှုပ်ရှားလာခြင်းမရှိသည့်အပြင် မည်သည့်တုံ့ပြန်မှုမျှလည်းမရှိချေ။
"မိသားစုခေါင်းဆောင်စည်းတံဆိပ်က တုံ့ပြန်မှုမရှိဘူး...မဖြစ်နိုင်ဘူး...ဒီတံဆိပ်က အစစ်အမှန်ဆိုတာ သေချာတယ်"
ကျန်းဖေးလန်က ထိတ်လန့်တုန်လှုပ်သွားပေ၏။
ရုတ်တရက် ကျန်းအိမ်တော်ခြံဝင်း၏နက်ရှိုင်းသောနေရာမှနေ၍ ရေခဲတမျှအေးစက်စက်မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။
ထိုမျက်လုံးတစ်စုံသည် ကျန်းဖေးလန်အား စူးစိုက်၍ကြည့်နေပေ၏။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးစေးများထွက်လာခြင်းကို ခံစားမိပြီး ပြင်းထန်သောစိတ်ပျက်အားလျော့ခြင်းက သူမ၏စိတ်နှလုံးသားတစ်ခုလုံးအား လွှမ်းခြုံသွားပေသည်။
Chapter 620
လင်ရှောင်းမြို့...
ကျန်းတာအိုသည် ခမ်းနားထည်ဝါသောစားသောက်ဆိုင်တစ်ခုအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ဤနေရာသည် သူနှင့်လုယွီတို့ တွေ့ဆုံရန်အတွက် ချိန်းဆိုထားသောနေရာဖြစ်သည်။
လုယွီက ကျန်းအိမ်တော်သို့သွားနေစဥ် သူ့အား မည်သည့်လှုပ်ရှားမှုမျှမပြုလုပ်ရန် မှာကြားခဲ့သည်။သို့ရာတွင် အကယ်၍ လုယွီသာ ရောက်ရှိမလာပါက သူ ကျန်းအိမ်တော်သို့သွားရန် ကျန်းတာအိုက တိတ္တဆိတ်ဆုံးဖြတ်ထားပေ၏။
"ဟိုအဖိုးကြီးရဲ့ရှေ့ဖြစ်ဟောတာက တကယ်မှန်တယ်...သူ ပြောတာတွေက တကယ်ဖြစ်နေပြီ"
ကျန်းတာအိုက ညည်းညူနေလေသည်။
"မင်း ဘာတွေပြောနေတာလဲ"
ရုတ်တရက် တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာ၏။
ကျန်းတာအို၏စားပွဲရှေ့တွင် လုယွီက အရိပ်တစ်ရိပ်ကဲ့သို့ ရောက်ရှိနေပေသည်။
ကျန်းတာအို၏မျက်လုံးများ ပြူးကျယ်နေသည်။
"မင်း မသေသေးဘူးလား"
လုယွီက ပြုံးလိုက်မိသည်။
"ငါ မသေတာ သေချာတာပေါ့"
"သူတို့အိမ်တော်က သခင်လေးတစ်ယောက် သေသွားတာတောင်မှ ကျန်းအိမ်တော်က ဘာတုံ့ပြန်မှုမှမရှိဘူး...ဒါက သူတို့လုပ်နေကျပုံစံနဲ့မတူဘူး"
ကျန်းတာကိုက အံ့အားသင့်နေဟန်ဖြင့် ပြောဆိုလိုက်၏။
လုယွီက ဝိုင်ခရားအတွင်းမှ ဝိုင်တစ်ခွက် ငှဲ့ထည့်ပြီး သောက်နေသည်။
"ကျန်းမိသားစုက သူတို့ဟာသူတို့တောင် အလုပ်ရှုပ်နေကြပြီ"
ကျန်းတာအိုက မျက်ခုံးပင့်ပြီး မေးမြန်းလိုက်၏။
"ဘာတွေဖြစ်နေတာလဲ"
လုယွီက ပြောဆိုလေသည်။
"အဲ့ဒီရှေးဟောင်းနတ်ဆိုးတွေက ကျန်းမိသားစုကိုဦးတည်ပြီး ပြဿနာရှာနေတာ...မင်းရဲ့ကောင်မလေးလည်း လွတ်မယ်မထင်ဘူး"
"အဲ့ဒီသရဲကောင်တွေက ကျန်းသခင်လေးရဲ့ခေါင်းထဲက ထွက်လာတဲ့ကောင်တင်မကဘူးလား"
ကျန်းတာအို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏အနက်ရောင်သံတုတ်ကိုကောက်ကိုင်ကာ အလျှင်စလို ပြေးသွားရန်ဟန်ပြင်လိုက်၏။
"မင်း ဘာလုပ်မလို့လဲ"
"ငါ လျန်အာကို သွားကယ်မလို့လေ"
လုယွီက ကျန်းထျန်းရှုံးကို ထိုင်ခုံပေါ်သို့ပြန်ရောက်စေရန် ဆွဲချလိုက်သည်။
"လေလွင့်ကုန်သည်တွေက လောကကြီးနေရာအနှံ့မှာရှိပြီးတော့ မင်းဆိုရင် အလယ်ပိုင်းကုန်းမြေမှာ မင်းမသိတဲ့ကိစ္စမရှိဘူးလို့တောင် ပြောနိုင်တယ်...အခု မင်းက ဘာပုံစံပေါက်နေတာလဲ"
ကျန်းထျန်းရှုံးက ခါးသည်းသောလေသံဖြင့် ပြောဆိုလေသည်။
"လျန်အာက ငါ့ရဲ့နှလုံးသားနတ်ဆိုးပဲ...သူ့ကို ငါစီကနေ ကျန်းမိသားစုပြန်ခေါ်သွားကတည်းက ငါ ကောင်းကောင်းမစားနိုင် မအိပ်နိုင်ဘူး...ငါရဲ့အတွေးတစ်ခုလုံး သူရဲ့ပုံရိပ်တွေနဲ့ပြည့်နေတယ်....ငါက အစီအစဥ်တောင် ဆွဲထားပြီးပြီ...သူကို ကျန်မိသားစုကနေပြန်ခေါ်လာနိုင်တာနဲ့...ငါ သူကိုလက်ထပ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲကိုဝင်မယ်"
လုယွီက စားပွဲပေါ်ရှိဟင်းစဟင်နများနှင့် ကျန်းတာအို၏အဆီဝေ့နေသော ပါးစပ်ကြီးကို ကြည့်နေမိသည်။ကျန်းတာအို မစားနိုင်မသောက်နိုင်ဖြစ်နေသည်ဟုသည်အား သူ ပုံဖော်ကြည့်နိုင်ရန် အလွန်ခက်ခဲပေသည်။
သို့ရာတွင် လုယွီက စကားဆက်လက်၍ ပြောဆိုလိုက်၏။
"ငါက ဒီကိစ္စတွေရဲ့နောက်ကွယ်မှာရှိတဲ့ ရှေးဟောင်းနတ်ဆိုးခေါင်းဆောင်ကို ဖော်ထုတ်နိုင်မယ့် အခွင့်အရေးကိုစောင့်နေတာ...မဟုတ်ရင် ဒီလို သာမာန်ရှေးဟောင်းနတ်ဆိုးတွေကို ငါ သတ်လိုက်တော့လည်း ဘာမှထူးမှာမဟုတ်ဘူး"
ကျန်းတာအို၏မျက်နှာအမူအယာသည် အုံ့မှိုင်းနေဆဲဖြစ်သော်လည်း သူက ထိုင်ခုံပေါ်သို့ ပြန်ထိုင်လေသည်။
"မင်း ပြောတာမှန်တယ်...ငါ အဆင်အခြင်မဲ့သွားတယ်...ငါရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ကျန်းမိသားစုရဲ့ခြံဝင်းတံခါးပေါက်ကိုတောင် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး"
လုယွီက ပြောဆိုလိုက်၏။
"ဘာမှ စိတ်ဓာတ်ကျမနေနဲ့...သင်္ချိုင်းသူခိုးအိမ်တော်လေးခုရဲ့ဆက်ခံသူဖြစ်တဲ့ မင်းရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"
သူတို့နှစ်ယောက်က ဆက်လက်၍ စကားပြောဆိုနေကြသည်။
ထိုအချိန်မှာပင် လူတစ်စုက စားသောက်ဆိုင်အတွင်းသို့ ဝင်လာခဲ့သည်။ထိုလူများ၏အဝတ်အစားများသည် သပ်ရပ်နေပြီး သူတို့၏လက်အတွင်း၌ စာလိပ်တချို့ကိုကိုင်ဆောင်ထားသည်။သူတို့ကိုကြည့်ရသည်မှာ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများနှင့် တူညီပေသည်။
ကျန်းတာအို၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"အဲ့ဒီ ကျောင်းတော်သားလိုကောင်တွေရဲ့ သမာဓိရှိပုံရတဲ့ ပုံပန်းသွင်ပြင်တွေကို မယုံနဲ့...သူတို့ရဲ့စုတ်တံက တခြားသူတွေထက် ပိုပြီးကြမ်းကြုတ်ရက်စက်တယ်"
သင်္ချိုင်းသူခိုးမိသားစုများ၏အမွေဆက်ခံသူများကို ကွန်ဖြူးရှပ်ပညာရှင်များက အထင်အမြင်သေးပြီး ထိုပညာရပ်ကို အဆင့်နိမ့်ပညာရပ်ကိုးခုတွင် တစ်ခုအဖြစ်ထည့်သွင်းခဲ့သည်။ကျင့်ကြံခြင်းလောကမှသူများသည်ပင် သင်္ချိုင်းသူခိုးမျိုးဆက်များအား အထင်အမြင်သေးကြသည်။
ကျန်းတာအို၏အသံကို ကြားပုံရသော လူစုအားဦးဆောင်လာသည့် လူငယ်ကွန်ဖြူးရှပ်ပညာရှင်၏မျက်လုံးအကြည့်က လုယွီတို့ထံသို့ကျရောက်လာသည်။
လုယွီနှင့်ကျန်းတာအိုအား သူက တစ်ချက်ကြည့်လိုက်ပြီးနောက် စားပွဲပေါ်ရှိ အလောင်းကောင်အပြစ်ပေးတုတ်ထံသို့ အကြည့်ရောက်သွားချိန်တွင် သူ၏မျက်လုံးများက ဝင်းလက်တောက်ပသွားပေ၏။
"စီနီယာအကိုကြီး...ကျွန်တော်တို့နေရာက ဟိုမှာ"
တခြားကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်က သတိပေးလိုက်သည်။
လူငယ်ကွန်ဖြူးရှပ်ပညာရှင်က သူ၏လက်ကိုဝှေ့ယမ်းပြလေသည်။
"ငါ ခဏနေမှလာခဲ့မယ်"
လူငယ်ကွန်ဖြူးရှပ်ပညာရှင် လုယွီတို့စားပွဲထံရောက်လာပြီး ကုလားထိုင်တစ်လုံးကိုဆွဲယူကာ ထိုင်လိုက်လေ၏။
ကျန်းတာအိုအား ထိုသူအား ကြည့်လိုက်သည်။
"ဘာ ကိစ္စလဲ"
လူငယ်ကွန်ဖြူးရှပ်ပညာရှင်က ပြောဆိုလေ၏။
"ငါ့ကိုယ်ငါအရင်မိတ်ဆက်ပါရစေ...ငါက နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က ကျိုးချူသိ"
"နက်နဲသိမ်မွေ့ကျိုးကျောင်းတော်"
လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။ပြန်တွေးကြည့်လျှင် သူ ရှီထျန်းနယ်ပယ်ကျင့်ကြံသူဖြစ်စဥ်က နက်နဲသိမ်မွေ့ကျိုးကျောင်းတော်မှ မုန့်ကျူးယွမ်ဆိုသောမိန်းမ သူ့အား ချောက်နက်ကြီးအတွင်းသို့တွန်းချခဲ့ခြင်းကို မှတ်မိနေဆဲပင်။
ထိုကိစ္စကို လုယွီက အလေးအနက်ထားခြင်းမရှိသော်လည်း မေ့လျော့မနေပေ။
ကျန်းတာအိုက သရော်တော်တော် ပြောဆိုလိုက်၏။
"နက်နဲသိမ်မွေ့ကျိုးကျောင်းတော်...မင်း ငါတို့စားပွဲကိုပြေးလာတာ စားစရာတောင်းစားချင်လို့လား"
ကျိုးချူသိက ခေါင်းခါယမ်းပြပြီးနောက် သူက စားပွဲပေါ်ရှိ အလောင်းကောင်အပြစ်ပေးတုတ်ကို လက်ညှိုးညွှန်ပြပြီး ပြောဆိုလေသည်။
"ဒီပစ္စည်းက မင်းတို့ဆီမှာရှိသင့်တဲ့ဟာမဟုတ်ဘူး...ဒါက ငါတို့ နက်နဲသိမ်မွေ့ကျိုးကျောင်းတော်ရဲ့ပိုင်ဆိုင်မှုပဲဖြစ်သင့်တယ်"