← Chapters

အခန်း (၆၂၁-၆၂၅)

Vol. 34 Ch. 621-625

အခန်း (၆၂၁-၆၂၅)

Vol. 34 Ch. 621-625

Chapter 621

ကျန်းတာအိုက ဟာသပြက်လုံးတစ်ခွန်းကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေပေ၏။

"မင်းက ဒီပစ္စည်းက ငါရဲ့ပိုင်ဆိုင်မှုမဖြစ်သင့်ဘူးလို့ပြောတယ်...ဘာလဲ...မင်းက ဒီပစ္စည်းကို လိုချင်နေတာလား"

"အမှန်ပဲ...ဖြစ်နိုင်တာတော့ ငါလိုလူကသာ ဒီပစ္စည်းနဲ့ထိုက်တန်တယ်"

ကျိုးချူသိက အလောင်းကောင်အပြစ်ပေးတုတ်ကို ကြည့်ပြီး နှမြောတသဖြစ်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက အစွမ်းထက်တဲ့ သိုင်းပညာသူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ကိုယ်ပိုင်ပစ္စည်းဆိုတာ သိသာထင်ရှားတယ်...ဒါပေမယ့် ဒီလိုပစ္စည်းမျိုးက မင်းလိုသာမာန်လူတစ်ယောက်ရဲ့ လက်ထဲမှာရောက်နေတယ်...ဒါက တကယ်ကို ရွှံနွံထဲက ပုလဲတစ်လုံးပဲ"

ကျန်းတာအို၏မျက်နှာ အေးစက်တင်းမာသွားပြီး သူ၏အပြုံးများလည်း ပျောက်ကွယ်သွားသည်။

"ရယ်စရာပဲ...မင်းလို ကွန်ဖြူးရှပ်ပညာရှင်လောက်နဲ့ ငါ့ကိုခြိမ်းခြောက်ချင်တာလား...ဒီနေရာက မြန်မြန်ထွက်သွားစမ်း"

သို့ရာတွင် ကျိုးချူသိက ထွက်သွားခြင်းမပြုဘဲ သူ၏လက်ကိုမြှောက်ကာ အလောင်းကောင်အပြစ်ပေးတုတ်အား ဖမ်းဆွဲလိုက်၏။

"မင်းက လုယူချင်တာလား"

ကျန်းတာအိုက ဒေါသတကြီးဖြင့် ကျိုးချူသိ၏လက်ကိုတားဆီးရန် သူ၏လက်ကိုမြှောက်လိုက်သည်။

သို့ရာတွင် ကျိုးချူသိ၏လှုပ်ရှားမှုသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်ပေ၏။ရုတ်ချည်းဆိုသလိုပင် သူက အလောင်းကောင်အပြစ်ပေးတုတ်အား ဆုပ်ကိုင်နိုင်သွားသည်။

"ဒီလိုရတနာမျိုးက မင်းလိုအသုံးမကျတဲ့ကောင်လက်ထဲရောက်နေတာ စိတ်ပျက်စရာပဲ"

ကျိုးချူသိ၏မျက်နှာပေါ်တွင် စိတ်ပျက်နေမှုအရိပ်အယောင်များထင်ဟပ်နေပြီး သူက သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူကာ ကျန်းတာအိုထံသို့ ပစ်ပေးလိုက်သည်။

"ငါက သူများပစ္စည်းကိုလုယက်တက်တဲ့သူမျိုး မဟုတ်ဘူး...ဒီပစ္စည်းက မင်းရဲ့ဟာလို့ ငါမထင်ဘူး...မင်း တစ်နေရာရာကနေ ခိုးလာတာပဲဖြစ်မယ်...ဒီစိတ်ဝိညာဥ်ကျောက်တုံးယူလိုက်တော့...ဒါက မင်းပစ္စည်းအတွက် ငါလျော်ကြေးပေးတာ...ဒီနေ့ကနေစပြီး ဒီရတနာပစ္စည်းက မင်းနဲ့မဆိုင်တော့ဘူး"

ကျန်းတာအိုသည် အလွန်အမင်း ဒေါသထွက်သွားပေ၏။

"ခွေးမသား...မင်းက ငါရဲ့ပစ္စည်းကို လုယူဝံ့တယ်ပေါ့"

ကျန်းတာအိုသည် သာမာန်ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။သူ၏လက်မှ သင်္ကေတတစ်ခုဖွဲ့စည်းလိုက်ခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်အရွယ်အစားသည် နဂိုထက်နှစ်ဆကြီးထွားသွားပေသည်။

ထို့နောက်ကျန်းတာအိုက အော်ဟစ်ကြုံးဝါးပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စစ်ရထားတစ်စီးကဲ့သို့ ကျိုးချူသိအား အပြင်းအထန်ဝင်ဆောင့်လိုက်၏။

"မင်းက တော်တော်ခေါင်းမာတဲ့အရူးကောင်ပဲ...ဒီလိုဆိုမှတော့ ငါလည်း မင်းကို နည်းနည်းတော့ဆုံးမပေးရဦးမှာပေါ့"

ကျိုးချူသိ၏မျက်လုံးများ အေးစက်သွားပြီး မူလကဆန့်ထုတ်ထားသောလက်ဝါးသည် လက်သည်းစွယ်များအဖြစ်သို့ ပြောင်းလဲသွား၏။ထို့နောက် သူက ကျန်းတာအိုထံဦးတည်၍ ကြမ်းကြုတ်ရက်စက်စွာ ဆွဲကုတ်လိုက်သည်။

ထိုလက်သည်းကုတ်ချက်က အေးစက်စက်လေပြင်းကိုသယ်ဆောင်လာပြီး လေချွန်သံကဲ့သို့ တရွှီရွှီအသံများကိုပင် ကြားနေရသည်။ကျိုးချူသိ၏လက်ချောင်းထိပ်များသည် ကြယ်ရောင်ကဲ့သို့ တောက်ပနေပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုလက်သည်းကုတ်ချက်နှင့် ထိခတ်မိပါက ထိုသူ၏ခန္ဓာကိုယ်အရေပြားလွှာ ပဲ့ပါသွားပေမည်။

ထိုအချိန်မှာပင် လုယွီက ကျိုးချူသိ၏လက်မောင်းကိုဖိကိုင်ပြီး အဝေးသို့ပစ်လွှက်လိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

ကျိုးချူသိသည် အချိန်တခဏကြာသည်အထိ မတ်တတ်မရပ်နိုင်သဖြင့် သူက ဟန်ချက်ထိန်းနိုင်ရန် နောက်သို့ခြေသုံးလှမ်းဆုတ်လိုက်ရသည်။

လက်တစ်ဖက်တည်းအားနှင့် သူ့အားဖိအားပေးနိုင်ခဲ့သဖြင့် ကျိုးချူသိက ထိတ်လန့်တုန်လှုပ်သွားသည်။သူက လုယွီအားကြည့်လိုက်ချိန်တွင် သူ့ထက်ပင်ပို၍ငယ်ရွယ်သူဖြစ်နေခြင်းကို တွေ့မြင်မိသည်။

"လူကြီးလူကောင်းတစ်ယောက်က တခြားသူချစ်မြတ်နိုးတဲ့အရာကို လုမယူဘူး...မင်း အဲ့ဒီစာကို ဖတ်ဖူးလား"

လုယွီက အေးစက်စက်လေသံဖြင်​ြ မေးမြန်းလေသည်။

ကျိုးချူသိက တည်ငြိမ်အောင်မတ်တတ်ရပ်ပြီးမှ မောက်မာသောလေသံဖြင့် ပြောဆိုလိုက်၏။

"ငါက ဒီလိုရတနာတစ်ခုကို သူလိုအမှိုက်ကောင်ရဲ့လက်ထဲမှာ ဖုန်တက်နေတာ သည်းမခံနိုင်ဘူး"

သူက လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

"မင်းက မဆိုးပါဘူး...မင်းရဲ့အလစ်တိုက်ခိုက်မှုက ငါကိုနောက်ဆုတ်သွားစေတယ်...ဒါက မင်းဂုဏ်ယူဝင့်ကြားဖို့ လုံလောတ်ပြီ"

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလေသည်။

"ပစ္စည်းကိုပြန်ပေးလိုက်...ငါ ဒီနေ့ မင်းကိုအရေးလုပ်နေဖို့ အချိန်မရှိဘူး"

ကျိုးချူသိက ခေါင်းမော့ပြီး လုယွီအား ကြည့်လိုက်၏။

"သူက မင်းရဲ့မိတ်ဆွေလား...ဟမ့်...ငါက ဒီပစ္စည်းကို ပြန်မပေးနိုင်ဘူး...သူက ဒီရတနာမျိုးနဲ့ မထိုက်တန်ဘူး"

"ငါ မင်းကိုသတ်မယ်"

ကျန်းတာအို၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေပြီး သူက အော်ဟစ်ကာ ကျိုးချူသိထံ အပြေးဝင်သွားသည်။

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာသည်။

"ကျိုးချူသိ...ပစ္စည်းကိုပြန်ပေးလိုက်စမ်း....ငါတို့ နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က ဓားပြတွေနေနေတဲ့အသိုက်မဟုတ်ဘူး"

ကျိုးချူသိက ထိုအသံကိုကြားချိန်တွင် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"စီနီယာအမ...ဒီပစ္စည်းက သိုင်းပညာသူတော်စင်တစ်ယောက် ချန်ထားခဲ့တဲ့ရတနာ...ဒီလိုပစ္စည်းမျိုးက သူလိုသာမာန်လူတစ်ယောက်နဲ့ ဘယ်လိုမှမအပ်စပ်ဘူး"

စားသောက်ဆိုင်၏သီးသန့်ခန်းတစ်ခန်းအတွင်းမှ မိန်းကလေးတစ်ယောက် ထွက်လာသည်။သူမက အစိမ်းရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တင့်တယ်ပြေပြစ်သောကိုယ်နေဟန်ထားရှိကာ သူမ၏မျက်နှာထက်တွင် မာနကြီးဟန်များ အထင်းသားထင်ဟပ်နေသည်။

သူမ၏ရုပ်သွင်ကိုမြင်တွေ့လိုက်သော အချိန်တခဏတွင် လုယွီက သူ၏စိတ်နှလုံးသားအတွင်းရှိ ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက် အနည်းငယ်လှုပ်ယမ်းသွားခြင်းကို ခံစားမိသည်။

သူမက မုန့်ကျူးယွင်သာ ဖြစ်ပေ၏။

နောက်ကြောင်းပြန်တွေးကြည့်လျှင် လုယွီသည် လှိုဏ်ဂူအတွင်း၌ မုန့်ကျူးယွင်၏နတ်ဆိုးအဆိပ်ကို သူက ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်ကို အသုံးပြု၍ ဖယ်ရှားပေးခဲ့သည်။

ကံဆိုးစွာဖြင့် မုန့်ကျူးယွင်သည် နားလည်မှုလွဲမှားပြီး လုယွီက သူမအား ယုတ်ညံသည့်ကိစ္စမျိုး ပြုလုပ်ရန်ကြံရွယ်နေသည်ဟုထင်ကာ ချောက်နက်ကြီးအတွင်းသို့ တွန်းချခဲ့၏။

မုန့်ကျူးယွင်က အခန်းအတွင်းမှ ဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်ပြီး လုယွီအား မှတ်မိခြင်းမရှိသည်မှာ သိသာထင်ရှားလှသည်။

မုန့်ကျူးယွင်၏မျက်လုံးအကြည့်က ကျိုးချူသိထံတွင်သာ စွဲကပ်နေပြီး သူမက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ဘာလဲ...ငါရဲ့စကားတွေက အရာမရောက်ဘူးလား"

"ကျွန်တော် မလုပ်ဝံ့ပါဘူး"

ကျိုးချူသိက အထွန့်မတက်ရဲတော့ဘဲ သူ၏လက်ကိုမြှောက်ကာ အလောင်းကောင်အပြစ်ပေးတုတ်အား ကျန်းတာအိုထံ ပြန်ပစ်ပေးလိုက်သည်။

ဤတစ်ကြိမ်တွင်လည်း သူက စွမ်းအင်လှိုင်းအနည်းငယ်ကို ထည့်သွင်း၍အသုံးပြုလေသည်။အကယ်၍ သာမာန်လူတစ်ယောက်သာ ဤအလောင်းကောင်အပြစ်ပေးတုတ်နှင့် ရိုက်ခတ်မိပါက သွေးမြူများအဖြစ်ပေါတ်ကွဲသွားပေမည်။

Chapter 622

ကျိုးချူသိ၏လှုပ်ရှားမှုသည် အကောက်ကြံခြင်းသာဖြစ်သည်။အကယ်၍ ကျန်းတာအိုကသာ ပြင်ဆင်ထားခြင်းမရှိပါက အလောင်းကောင်အပြစ်ပေးတုတ်ကို ဖမ်းနိုင်မည်မဟုတ်ဘဲ အပြင်းအထန်ဒဏ်ရါရရှိသွားပေမည်။

လုယွီက ရုတ်တရက် သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး အလောင်းကောင်အပြစ်ပေးတုတ်အား ဖမ်းယူလိုက်၏။

ထိုတုတ်သည် လုယွီ၏လက်ဝါးအတွင်း၌ တုန်ခါနေသော်လည်း သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခြင်းမရှိချေ။

လုယွီ၏မျက်လုံးများမှ အေးစက်စက်အလင်းရောင်များ တောက်ပလာသည်။

"မင်းက အတော်ကောက်ကျစ်တဲ့ကောင်ပဲ"

လုယွီက အလောင်းကောင်အပြစ်ပေးတုတ်ကို ကျန်းတာအိုထံပြန်ပေးလိုက်သော်လည်း သူ၏မျက်လုံးများက ကျိုးချူသိအား စိုက်ကြည့်နေဆဲပင်။

လုယွီက အလောင်းကောင်သံတုတ်ကို လွယ်လင့်တကူဖမ်းဆီးနိုင်သည်ကိုကြည့်ပြီး ကျိုးချူသိက မကျေမချမ်းဖြစ်သွားသည်။

"မင်းမှာ အရည်အချင်းတချို့တော့ရှိသားပဲ...ဒါပေမယ့် မင်းရဲ့ဒီလိုနည်းစနစ်မျိုးကို ဘယ်လောက်ကြာကြာအသုံးပြုနိုင်မှာလဲ"

သူက လုယွီအား ထပ်မံ၍ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။

"ဒီပစ္စည်းကို ဖမ်းဖို့အတွက်နဲ့ မင်းရဲ့မှော်စွမ်းအားတွေအားလုံးနီးပါး ကုန်ဆုံးသွားလောက်ပြီ...အခုချိန်မှာ မင်းက လက်ချောင်းတစ်ချောင်းတောင်မြှောက်ဖို့ အားရှိတော့မှာမဟုတ်ဘူး"

ကျိုးချူသိက သူ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းရှိုက်နေပေသည်။

"ငါက မင်းလို လူငယ်မျိုးတွေအများကြီး တွေ့မြင်ခဲ့ဖူးတယ်....မင်းတို့လိုကောင်တွေက အရည်အချင်းနည်းနည်းရှိတာနဲ့ လောကကြီးတခွင်လုံးမှာ မင်းတို့ကိုဖက်ပြိုင်တိုက်နိုင်တဲ့သူမရှိဘူးဆိုပြီး သွေးနားထင်ရောက်နေကြတာ...တကယ်တမ်းတော့ မင်းတို့က လူရွှင်တော်သက်သက်ပဲ"

"ပါးစပ်ပိတ်ထားစမ်း"

ဤနေရာတွင် အလွန်ဆူညံနေသည်ဟု ခံစားနေရပုံရသော မုန့်ကျူးယွင်က ရုတ်တရက်အော်ငေါက်လိုက်၏။သူမက နက်နဲသိမ်မွေ့ကျိုးကျောင်းတော်တွင် မြင့်မားသောအဆင့်အတန်းရှိသူတစ်ယောက်ဖြစ်သည်။

ကျိုးချူသိက သူ၏ပါးစပ်ကိုပိတ်ပြီး ပြုံးနေလေသည်။

"ဒီနေ့ မင်းတို့ကံကောင်းသွားတယ်မှတ်..တကယ်လို့သာ ငါ မင်းတို့နဲ့ လင်ရှောင်းမြို့ပြင်မှာတွေ့မယ်ဆိုရင်......"

"တကယ်လို့သာ ငါ မင်းနဲ့ မြို့ပြင်မှာတွေ့တာဆိုရင်...မင်း သေနေလောက်ပြီ"

လုယွီ၏အသံက ကျိုးချူသိ၏နောက်ကျောထွက်ပေါ်လာပေ၏။

"မင်း..."

လုယွီက သူ၏နောက်ကျောဘက်သို့ မည်သည့်အချိန်က ရောက်ရှိနေမှန်း သတိမပြုမိသည့်အတွက် ကျိုးချူသိက ထိတ်လန့်တုန်လှုပ်သွားသည်။

ခရက်...

လုယွီက သူ၏လက်ဖြင့် ကျိုးချူသိ၏ဘယ်ဘက်ပခုံးအား ဖိကိုင်လိုက်ရာတွင် ရုတ်တရက် အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာသည်။

ကျိုးချူသိက နာကျင်မှုကြောင့် စူးရှရှအော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ၏ပခုံးရိုးသည် လုယွီ၏ဖိချိုးခြင်းကို ခံလိုက်ရ၏။

မုန့်ကျူးယွမ်က အေးစက်စက်နှာမှုတ်လိုက်သည်။

"နင်က နက်နဲသိမ်မွေ့ကျိုးကျောင်းတော်ကလူကို ငါရှေ့မှာလာပြီး ဒဏ်ရါရအောင်လုပ်ရဲတယ်...ဘာလဲ ငါ မရှိတော့ဘူးလို့ နင် ထင်နေတာလား"

"မင်းတို့ နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က တပည့်တွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတာ မသိဘူးထင်လို့ ငါက ကူညီပေးတာ"

လုယွီက စူးရှနာကျင်စွာအော်ဟစ်နေသော ကျိုးချန်သိ၏လက်အား သူ၏ခြေထောက်ဖြင့်ထပ်မံ၍ ဖိနင်းလေသည်။

ဤလက်က အလောင်းကောင်အပြစ်ပေးတုတ်ကို ပစ်ပေးခဲ့သောလက်ဖြစ်သည်။

လုယွီက ခြေဆောင့်နင်းပြီး ကျိုးချူသိ၏ဘယ်ဘက်လက်ရှိအရိုးများအားလုံးကို ချိုးပစ်တော့သည်။

လုယွီက မြေပြင်ပေါ်၌ ညည်းတွားနေသော ကျိုးချူသိကို အေးစက်စက်တစ်ချက်ကြည့်ပြီးနောက် သူက ကျန်းတာအိုအားခေါ်ဆောင်၍ ထွက်ခွါသွားသည်။

သီးသန့်ခန်းအတွင်းမှ ထွက်လာကြသော ကွန်ဖြူးရှပ်ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

"စီနီယာအမ ..ဘာလို့ အဲ့ဒီကောင်လေးကို ဟန့်တားမထားတာလဲ"

ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်က မေးမြန်းလိုက်၏။

မုန့်ကျူးယွမ်က မျက်မှောင်ကြုတ်ထားပေသည်။

"ငါက သူလုပ်တာကို ဘာလို့တားဆီးရမှာလဲ...ငါတို့နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က ကွန်ဖြူးရှပ်တာအိုကို သင်ကြားပေးနေတဲ့နေရာ...နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘူး"

ကွန်ဖြူးရှပ်ကျင့်ကြံသူများသည် မုန့်ကျူးယွင်အား ဦးညွှတ်၍အရိုအသေပြုပြီး ထပ်မံ၍ မေးခွန်းမထုတ်ဝံ့ကြတော့ချေ။

မုန့်ကျူးယွင်က ကျိုးချူသိကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

"အရှက်သိက္ခာမရှိတဲ့ကောင်...ဒီကောင်ကိုခေါ်သွားပြီး ကုသပေးလိုက်"

ရုတ်ချည်းဆိုသလိုပင် ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်က နာကျင်မှုကြောင့်ညည်းညူနေသောကျိုးချန်သိကို ခေါ်ဆောင်၍ ထွက်ခွါသွားတော့သည်။

"စီနီယာအမ...ခုဏကကောင်လေးရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုက အရမ်းမြန်တယ်...သူ ဘယ်လိုလုပ်ပြီး ကျိုးချန်သိနောက်ရောက်သွားတာလဲဆိုတာ ကျွန်တော်တို့တောင်မမြင်လိုက်ဘူး"

ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်က လေးလေးနက်နက်တွေးတောပြီး ပြောဆိုလေသည်။

မုန့်ကျူးယွမ်က ပြောဆိုလိုက်၏။

"လင်ရှောင်းမြို့က ပါရမီရှင်လူငယ်တွေအများကြီး ရောက်ရှိလာတက်တဲ့မြို့တစ်မြို့ပဲ...အဲ့ဒီလူငယ်ရဲ့အရည်အချင်းက မဆိုးပေမယ့်...တကယ်လို့ ငါရဲ့လက်တစ်ဖက်လှုပ်ရှားလိုက်မယ်ဆိုရင် သူ ထွက်သွားနိုင်မှာမဟုတ်ဘူး"

တခြားကွန်ဖြူးရှပ်ကျင့်ကြံသူများက ချက်ချင်းပင် သူမအား ချီးမွမ်းစကားပြောဆိုကြ၏။

"စီနီယာအမက ကောင်းကင်ဘုံနယ်မြေကသူတော်စင်တွေကတောင် လက်ခံထားတဲ့တပည့်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီး သူတို့လိုသာမာန်လူတွေက ယှဥ်ပြိုင်နိုင်မှာလဲ"

မုန့်ကျူးယွင်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားဟန်များက အထင်းသားထင်ဟပ်နေသည်။သူမက ရှေးဟောင်းသူတော်စင်၏တပည့်တစ်ယောက်ဖြစ်သည်။သူမ ဤနေရာသို့ရောက်လာခြင်းမှာ တခြားပါရမီရှင်များနှင့်တွေ့ဆုံပြီး အတွေ့အကြုံရှာဖွေခြင်းသက်သက်ပင်။

"ဒီတစ်ကြိမ် ငါ ခရီးထွက်လာတာက အချည်းနှီးတော့မဖြစ်ဘူး...အနည်းဆုံးတော့ နက်နဲသိမ်မွေ့ကျိုးကျောင်းတော်အတွက် အရောင်မတင်ရသေးတဲ့ ကျောက်စိမ်းတုံးလေးနှစ်တုံးကို ခေါ်ဆောင်လာနိုင်ခဲ့တယ်"

ကွန်ဖြူးရှပ်ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြ၏။

ထိုအချိန်မှာပင် ကွန်ဖြူးရှပ်ကျင့်ကြံသူများ၏နောက်မှ ယိုင်တိုင်တိုင်နှင့်ကလေးနှစ်ယောက်ထွက်လာသည်။သူတို့က အံဝင်ခွင်ကျမရှိသော ကွန်ဖြူးရှပ်ကျောင်းတော်သားဝတ်စုံများကို ဝတ်ဆင်ထားရာ ကြည့်ရသည်မှာ အလွန်အမင်းကိုရို့ကားယားနိုင်နေသည်။

အကယ်၍ လုယွီသာ ဤနေရာ၌ရှိပါက ထိုကလေးနှစ်ယောက်သည် သူ၏တပည့်များဖြစ်သော ပိုင်ရီဖန်းနှင့်ပိုင်ချောင်းချောင်းတို့ဖြစ်ခြင်းကို သိရှိသွားပေမည်။

Chapter 623

လုယွီနှင့်ကျန်းတာအိုသည် စားသောက်ဆိုင်မှ ထွက်ခွါခဲ့ပြီးနောက် အနက်ရောင်လိပ်မင်းခန်းမသို့ ပြန်သွားနေသည်။

"ညီအကို....အစောပိုင်းကကိစ္စအတွက် ကျေးဇူးတင်ပါတယ်"

ကျန်းတာအို၏မျက်နှာအမူအယာသည် အနည်းငယ်ညှိုးငယ်နေပေ၏။

အကယ်၍ လုယွီကသာ သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် ကူညီခဲ့ခြင်းမရှိပါက သူ၏ဆရာသခင်မှ သူ့အားလက်ဆင့်ကမ်းပေးခဲ့သော ရတနာပစ္စည်းအား သူ ထိန်းသိမ်းထားနိုင်မည်မဟုတ်ချေ။

လုယွီက ကျန်းတာအိုအားကြည့်ပြီး ညင်သာစွာပြောလိုက်၏။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စည်းတံဆိပ်တစ်ခုရှိတယ်မလား...မင်းရဲ့စိတ်ဝိညာဥ်စွမ်းအားတွေကို ငါ အာရုံခံကြည့်တာ အခုလက်ရှိချိန်မှာ မင်းရဲ့စွမ်းအားသုံးဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုနိုင်တယ်မလား"

ကျန်းတာအို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက အံ့အားသင့်စွာ ပြောဆိုလိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီး သိတာလဲ"

"ဒါက မင်းရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတဲ့ နည်းလမ်းကောင်းတစ်ခုပဲ...သာမာန်အခြေအနေမှာ မင်း တခြားသူတွေနဲ့တိုက်ခိုက်မယ်ဆိုရင် သူတို့ကိုအနိုင်ယူနိုင်ဖို့ ပြောင်မြောက်တဲ့တိုက်ခိုက်နည်းစနစ်တွေကို အသုံးပြုရမယ်..ဒါက မင်းရဲ့အနာဂတ်ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ချိန်ကျရင် အကျိုးကျေးဇူးဖြစ်လာလိမ့်မယ်"

ကျန်းတာအိုက ခါးသည်းသောအပြုံးမျိုးပြုံးရင်း ပြောဆိုလေသည်။

"ငါ သေရေးရှင်ရေးအခြေအနေမျိုးနဲ့ မကြုံတွေ့ရမခြင်း အဲ့ဒီစည်းတံဆိပ်ပွင့်မှာမဟုတ်ဘူးလို့ ဟိုအဘိုးကြီးက ပြောထားတယ်...ဒီနှစ်တွေမှာ ငါနဲ့ ကျင့်ကြံဆင့်နယ်ပယ်တူတွေနဲ့တိုက်ခိုက်တိုင်း ငါရဲ့စွမ်းအားတွေ ဖိနှိပ်ခံထားရလို့ သေလုနီးပါးအခြေအနေနဲ့ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရတယ်...ဒါပေမယ့် ဒီသေချင်းဆိုးစည်းတံဆိပ်ကတော့ ဘယ်တော့မှ ပွင့်မလာဘူး"

"ဘာမှစိုးရိမ်မနေနဲ့...ဒါက ကောင်းတဲ့အရာတစ်ခုပါ"

လုယွီက ကျန်းတာအို၏ပခုံးကိုပုတ်ရင်း ပြောဆိုလိုက်၏။

"မင်း စည်းတံဆိပ်ကို ဖွင့်နိုင်တဲ့အချိန်ကျရင်...မင်း ဆရာသခင်ရဲ့ဒုက္ခသုက္ခခံပြီးအားထုတ်ထားမှုကို သဘောပေါက်နားလည်လာလိမ့်မယ်"

သူတို့နှစ်ယောက်က လင်ရှောင်းဂိုဏ်း၏အနက်ရောင်လိပ်မင်းခန်းမရှေ့သို့ ရောက်ရှိလာကြ၏။ယခင်က သူတို့နှစ်ယောက်လုံး ဤနေရာ၌အရည်အချင်းစစ်ဆေးခံခဲ့ကြပြီး အောင်မြင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်နန်းတော်ပြိုင်ပွဲ၏ဆွဲဆောင်နိုင်မှုသည် သူတို့ တွေးထားသည်ထက် များစွာပို၍ကျော်လွန်ပေသည်။

အလယ်ပိုင်းကုန်းမြေမှလူငယ်ပါရမီရှင်များအပြင် လျှို့ဝှက်ဂိုဏ်းများနှင့်စွန့်ပစ်နယ်မြေလေးခုမှ လူငယ်ပါရမီရှင်များပင် လင်ရှောင်းမြို့သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ဤကဲ့သို့ မြောက်များစွာသောလူငယ်ပါရမီရှင်များကို စီမံခန့်ခွဲရန် လင်ရှောင်ဂိုဏ်းအတွက်ပင် ခက်ခဲနေပေသည်။

"ငါတို့က အခြေခံအရည်အချင်းစစ်တာကို အောင်မြင်ထားပေမယ့် လူစစ်ထုတ်တဲ့ကျပန်းပြိုင်ပွဲသုံးပွဲကို ယှဥ်ပြိုင်ဖို့လိုသေးတယ်"

ကျန်းတာအိုက လမ်းလျှောက်နေစဥ်တွင် လုယွီအား ရှင်းပြပြောဆိုနေပေသည်။

နောက်ထပ်ပြိုင်ပွဲသုံးပွဲ သူ ထပ်မံ၍ ယှဥ်ပြိုင်ရဦးမည်လော။လုယွီက မျက်မှောင်ကြုတ်နေသော်လည်း လွဲမှားနေသည်ဟု ခံစားရခြင်းမရှိချေ။

ယခင်က စစ်ဆေးစမ်းသပ်ခန်းသည် အရည်အချင်းရှိသောသူများကိုရွေးချယ်နိုင်ရန်ရန် ပုံရိပ်ယောင်များကိုအသုံးပြုခဲ့သည်။သို့ရာတွင် ဤသို့စစ်ဆေးခြင်းသည် လူတစ်ယောက်၏အစစ်အမှန်ခွန်အားကို ဆုံးဖြတ်ပေးနိုင်ခြင်းမရှိချေ။

အစစ်အမှန်တိုက်ပွဲကသာ လူတစ်ယောက်၏အရည်အချင်းကို စစ်ဆေးနိုင်သော အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ပုံရိပ်ယောင်များဖြင့်တိုက်ခိုက်ခိုင်းခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်ပင်။

လုယွီအတွက်မူ သူ၏အတိတ်ဘဝတုန်းကရှိခဲ့သည့် ထိုးထွင်းသိမြင်မှုနှင့်အတွေ့အကြုံများကို မည်သူကသိရှိနိုင်မည်နည်း။

ထို့ပြင် ယခုလက်ရှိလုယွီနှင့် မျိုးဆက်တူလူငယ်များတွင် သူ အလေးအနက်ထားတိုက်ခိုက်ရမည့်သူမှာ အနည်းငယ်သာရှိပေလိမ့်မည်။

ကျန်းတာအိုက စကားဆက်လက်ပြောဆိုနေဆဲပင်။

"ငါတို့လို လေလွင့်ကျင့်ကြံသူတွေပဲ ဒီလိုမျိုးအရည်အချင်းစစ်ပွဲကို ယှဥ်ပြိုင်ရတာ...တကယ်လို့ မိသားစုကြီးတစ်ခုက မင်းကိုထောက်ခံပေးမယ်ဆိုရင် မင်းက အရည်အချင်းစစ်ပွဲကို ပါဝင်ယှဥ်ပြိုင်စရာမလိုဘဲ ကောင်းကင်နန်းတော်ပြိုင်ပွဲကို တိုက်ရိုက်ပါဝင်ယှဥ်ပြိုင်ခွင့်ရတယ်"

ကျန်းတာအိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"စိတ်ပျက်ဖို့ကောင်းတာတော့ ငါက လေလွင့်ကျင့်ကြံသူဖြစ်နေတာမို့ အရည်အချင်းစစ်ပွဲကိုဝင်ပြီးယှဥ်ပြိုင်ရတာပဲ...ညီအကိုလု...မင်းကကျ လုမိသားစုဝင်ဖြစ်နေတာတောင် လုမိသားစုရဲ့စွမ်းအားကိုအသုံးပြုပြီး ကောင်းကင်နန်းတော်ပြိုင်ပွဲကို တိုက်ရိုက်ယှဥ်ပြိုင်တာမျိုးမလုပ်ဘူး"

သူတို့နှစ်ယောက်က အနက်ရောင်လိပ်မင်းခန်းမအတွင်းသို့ ဝင်ခါနီးဆဲဆဲအချိန်တွင် ယိုင်တိယိုင်တိုင်ပြေးလာသော လူတစ်ယောက်ကို တွေ့မြင်မိသည်။ထိုလူသည် အလွန်အမင်းစိုးရိမ်ဖွယ်အနေအထားဖြစ်နေပြီး သူ၏ခန္ဓာကိုယ်တွင် သွေးများစိုရွှဲနေသည်။ထိုလူ ပြေးလာရာလမ်းတလျှောက်ရှိ လူများအားလုံး လွင့်စင်သွားကြ၏။

"ဘာလဲဟ...ဒါက ကျန်းမိသားစုရဲ့အကြီးဆုံးသခင်မလေး ကျန်းဖေးလန်မဟုတ်လား...သူ ဘာပြဿနာဖြစ်လာပါလိမ့်"

ကျန်းတာအိုက သိချင်စိတ်ပြင်းပြနေပုံဖြင့် ပြောဆိုလိုက်သည်။

ယိုင်တိုင်တိုင်ပြေးလာသော ကျန်းဖေးလန်သည် လုယွီကို မြင်တွေ့ချိန်တွင် ချက်ချင်းပင် စူးရှရှအော်ဟစ်လေ၏။

"သခင်လေးလု...ကျန်းမိသားစုက အန္တရာယ်တွေ့နေပြီ...ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ"

ကျန်းတာအိုက ကြက်သေသေသွားသည်။

"သခင်မကြီးကျန်းက လုယွီကို အကူအညီတောင်းနေတာလား"

လုယွီ၏မျက်လုံးများက အေးစက်တင်းမာသွားပြီး သူက ပြောဆိုလိုက်၏။

"ရှေ့က လမ်းပြပေး"

ကျန်းဖေးလန်က ခေါင်းညိတ်ပြပြီးနောက် လုယွီတို့နှစ်ယောက်ကိုဆွဲခေါ်ကာ ကျန်းအိမ်တော်တံခါးရှေ့သို့ ရောက်ရှိလာသည်။

"ငါ အရင်က သခင်လေးလုကို မှားယွင်းပြီးအပြစ်တင်ခဲ့မိတယ်...အခု ဒီအိမ်တော်တစ်ခုလုံးကို ရှေးဟောင်းနတ်ဆိုးတွေက ထိန်းချုပ်ထားပြီးပြီ...သခင်လေးလုက ဒီရှေးဟောင်းနတ်ဆိုးတွေကို ရှာဖွေပေးနိုင်မလားလို့ ငါ တောင်းဆိုပါရစေ"

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ငါက ဒီနေရာမှာကို ရှေးဟောင်းနတ်ဆိုးတစ်ယောက်ကို တွေ့ပြီ...မိသားစုခေါင်းဆောင်ဖြေရှင်းနိုင်အောင် ငါက ကူညီပေးမယ်"

Chapter 624

လုယွီက ရုတ်တရက် သူ၏လက်ဖြင့် ကျန်းဖေးလန်၏နဖူးအား ထိုးဖောက်လိုက်သည်။

ဒုတ်....

ကျန်းဖေးလန်၏မျက်ခုံးကြားတွင် သွေးစို့ရာတစ်ခုက ချက်ချင်းထွက်ပေါ်လာပေ၏။သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ကျန်းတာအိုသည် အံ့အားသင့်သွားမှုကြောင့် သူ၏ပါးစပ်ကိုပင် မစိနိုင်တော့ချေ။

"ငါက အိမ်မက်မက်နေတာများလား...ညီအကိုလု...မင်းက ကျန်းမိသားစုရဲ့သခင်မကြီးကို တကယ်သတ်လိုက်တာလား"

လုယွီက ပြောဆိုလိုက်၏။

"သေချာကြည့်အုံး...သူက ကျန်းဖေးလန်မဟုတ်ဘူး"

လုယွီက ဓားတစ်ချောင်းကိုအသုံးပြုပြီး ကျန်းဖေးလန်၏ဦးခေါင်းခွံကို ထိုးဖောက်လိုက်သည်။သူမ၏ဦးခေါင်းခွံ ပွင့်ထွက်သွားသည်နှင့် အနက်ရောင်အသွေးအသား အတုံးအခဲများ ထွက်ကျလာသည်။

ထိုအနက်ရောင်အသွေးအသားများ စီးကျပြီးသည်နှင့် ကျန်းဖေးလန်၏ခန္ဓာကိုယ်သည်ကျုံသွားပြီ လူတစ်ယောက်၏အရေပြားလွှာအဖြစ် ပြောင်းလဲစပြုလာ၏။

ကျန်းတာအိုသည် သင်္ချိုင်းဂူများအား လှည့်လည်၍ဖောက်ထွင်းနေသော်လည်း ယခုကဲ့သို့ သူ ကြောက်ရွံတုန်လှုပ်နေခြင်းမျိုးကို မခံစားဖူးချေ။

ကျန်းဖေးလန်၏ခန္ဓာကိုယ်ကို ရှေးဟောင်းနတ်ဆိုးက အပိုင်စီးထားသည်ကိုကြည့်ပြီး သူက ထိတ်လန့်တကြား ပြောဆိုလိုက်သည်။

"ဒါက ဘယ်လိုနတ်ဆိုးအမျိုးအစားလဲကွာ...ကျန်းဖေးလန်လို ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုတောင် အပိုင်စီးထားနိုင်တယ်"

"ဒါက ခန္ဓာကိုယ်အပိုင်စီးထားတာမဟုတ်ဘူး...ဒီရှေးဟောင်းနတ်ဆိုးက ပုံရိပ်ယောင်ဖန်တီးတာမှာ ထူးချွန်ရုံသက်သက်ပဲ...ဒီခန္ဓာကိုယ်အရေပြားက ကျန်းဖေးလန်ရဲ့ဟာမဖြစ်နိုင်ဘူး"

လုယွီက ခြံဝင်းတံခါးကြီးပွင့်နေသော ကျန်းအိမ်တော်ကို ကြည့်လိုက်သည်။ဤအချိန်တွင် ကျန်းအိမ်တော်ရှေ့၌ မည်သည့်အစောင့်အကြပ်မျှရှိမနေဘဲ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

"ဒီကိစ္စတွေရဲ့နောက်ကွယ်က စီစဥ်ညွှန်ကြားသူက ရှေးဟောင်းနတ်ဆိုးခေါင်းဆောင် ဖြစ်ရမယ်...မင်းက ငါကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပြီး သူက ကျန်းအိမ်တော်ခြံဝင်းအတွင်းသို့ ခြေချလိုက်၏။

သူတို့နှစ်ယောက်သည် ခြံဝင်းအတွင်းသို့ ခြေချမိသည်နှင့် သူတို့၏ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားမိသည်။

သူတို့နှစ်ယောက်၏နောက်ရှိ ခြံဝင်းတံခါးကြီးသည် ဂျိုင်းခနဲမြည်ပြီးပိတ်သွားပေ၏။

ရုတ်ချည်းဆိုသလိုပင် မူလကပိတ်နေသော ကျန်းအိမ်တော်မှတံခါးများအားလုံး ပွင့်လာသည်။အိမ်တော်အတွင်းမှနေ၍ အုံ့မှိုင်းနေသောမျက်နှာဖြင့် ကျန်းမိသားစုဝင်လူငယ်များထွက်လာကြသည်။သူတို့က နီမြန်းနေသောမျက်လုံးများဖြင့် လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေပေ၏။

ကျန်းတာအိုက ပြောဆိုလိုက်သည်။

"သူတို့အားလုံးရဲ့ခန္ဓာကိုယ်တွေကို ရှေးဟောင်းနတ်ဆိုးတွေက အပိုင်စီးထားတာလား...ဟူး...တကယ်ကိုအများကြီးပဲ"

ဤအချိန်မှာပင် ကျန်းမိသားစုဝင်တပည့်များအား ဦးဆောင်လာသူက ပြောဆိုလေ၏။

"အုပ်ချုပ်သူ သူတော်စင်က အမိန့်ပေးထားတယ်...တကယ်လို့ မင်းတို့ဟာမင်းတို့ အဆုံးစီရင်မယ်ဆိုရင် မင်းတို့ရဲ့စိတ်ဝိညာဥ်ကို ပြန်လည်ဝင်စားခွင့်ပြုမယ်"

ကျန်းမိသားစုတပည့်များက လုယွီတို့နှစ်ယောက်ထံသို့ ချဥ်းကပ်လာကြသည်။

ကျန်းတာအိုက အလောင်းကောင်အပြစ်ပေးတုတ်ကို ထုတ်ယူလိုက်သည်။

"ညီအကို လု...ငါ သူတို့ကို ရင်ဆိုင်လိုက်မယ်"

"မလိုအပ်ဘူး"

လုယွီက ကျန်းတာအိုအား ဟန့်တားပြီးနောက် ကျန်းမိသားစုတပည့်များအား ကြည့်လိုက်လေ၏။

"မင်းတို့ရဲ့ အုပ်ချုပ်သူသူတော်စင်က ဘယ်နေရာမှာလဲ"

"မင်း သေသွားတဲ့အချိန်ကျရင်....ပေါက်ကရစကားတွေ ထပ်ပြီးတော့ပြောနိုင်တော့မှာ မဟုတ်ဘူး"

"နေကြပါဦး...ငါ သေသွားရင် ငါရဲ့ခန္ဓာကိုယ်ကို မင်းတို့ရဲ့အုပ်ချုပ်သူသူတော်စင်က အပိုင်စီးသွားမှာကို ငါ စိုးရိမ်မိတယ်"

လုယွီက ပတ်ဝန်းကျင်ရှိ ကျန်းမိသားစုဝင်များအား လှည့်ပတ်၍ ကြည့်လိုက်သည်။

"ငါ မသေခင် မင်းတို့ရဲ့အုပ်ချုပ်သူသူတော်စင်ကို မြင်တွေ့ဖူးချင်တယ်...အနည်းဆုံးတော့ ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထွက်ခွါသွားနိုင်တာပေါ့"

ကျန်းမိသားစုဝင်လူငယ်များက သူတို့၏မျက်လုံးများအချင်းချင်း ဆက်သွယ်၍ စကားပြောဆိုနေကြ၏။

"အုပ်ချုပ်သူသူတော်စင်က အနောက်ဘက်ခြံဝင်းမှာရှိတယ်"

ကျန်းမိသားစုဝင်တပည့်တစ်ယောက်က ပြောဆိုလေ၏။

"ဒါပေမယ့်...သူကတော့ နေခဲ့ရမယ်"

ကျန်းမိသားစုဝင်လူငယ်အုပ်စုက ကျန်းတာအိုအား လက်ညှိုးညွှန်လိုက်သည်။

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလေသည်။

"ဒီလေါက်ထိ ပြဿနာမရှိစေရဘူး"

ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ချောင်းထိပ်မှ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး သူ၏နံဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်၍ကျရောက်သွားသည်။

ရွှေရောင်မီးတောက်များက ချက်ချင်းပင် ကျန်းမိသားစုဝင်လူငယ်များအားလုံးကို လွှမ်းခြုံသွားပေ၏။

ပတ်ဝန်းကျင်၌ စူးရှနာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ကျန်းမိသားစုဝင်လူငယ်များသည် မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် ချက်ချင်းပင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျန်းတာအိုက ကြက်သေသေနေပေ၏။လုယွီ၌ ဤကဲ့သို့စွမ်းရည်မျိုးရှိနေမည်ဟု သူ ထင်မထားမိချေ။

"သွားကြစို့...ငါတို့ အုပ်ချုပ်သူသူတော်စင်ကို သွားတွေ့ကြရအောင်"

လုယွီက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မီတာရာပေါင်းများစွာ ရွေ့လျားသွားပြီး အနောက်ဘက်ခြံဝင်းအနီးသို့ ရောက်ရှိသွားပေသည်။

ထိုအချိန်တွင် အနောက်ဘက်ခြံဝင်းအတွင်းရှိ ဝင်္ကပါကြီးမှ အလင်းရောင်အနည်းငယ် ဖြာထွက်နေသည်။

ထိုအလင်းရောင်တန်းများသည် နတ်ဘုရားရုပ်ထုတစ်ခုထံတွင် စုရုံး၍ကျရောက်နေပေ၏။နတ်ဘုရားရုပ်ထု၏အောက်တွင် ၎င်းအားတောင့်ခံနိုင်ရန် ရုန်းကန်နေကြသော လူတစ်စုရှိသည်။

ထိုလူစုအား ဦးဆောင်နေသူသည် ကျန်းဖေးလန်ဖြစ်ပေ၏။

ကျန်းဖေးလန်သည် ဤဝင်္ကပါအားဦးဆောင်၍ထိန်းချုပ်နေပြီး သူမ၏မှော်စွမ်းအားများလည်း ကုန်ဆုံးနေပုံရသည်။သူမ၏မျက်နှာသည် စက္ကူတစ်ချပ်ကဲ့သို့ ဖြူဖွေးနေပြီး သူမက အကန့်အသတ်သို့ရောက်ရှိနေပုံရသည်။

"ကျန်းမိသားစုခေါင်းဆောင်...မင်း အရှုံးပေးလိုက်တော့"

ကျန်းလင်၏ပုံရိပ်က ကျန်းဖေးလန်၏ရှေ့၌ ထွက်ပေါ်လာသည်။

Chapter 625

တိုတောင်းသောရက်များအတွင်းမှာပင် ကျန်းလင်၏ပုံပန်းသွင်ပြင်သည် ပြောင်းလဲသွားခဲ့သည်။

မူလက သူသည် ဆံဖြူအဘိုးကြီးတစ်ယောက်ဖြစ်ပေ၏။သူထံတွင် အားကောင်းသောမှော်စွမ်းအားများရှိသော်လည်း သူ၏ခါးကုန်းနေသောပုံပန်းသွင်ပြင်သည် လူများအား သူကို စိတ်ပျက်စေသောခံစားချက်မျိုးပေးစွမ်းနိုင်သည်။

သို့သော် ယခုလက်ရှိအချိန်တွင်မူ.....

ကျန်းလင်၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး တောင့်တင်းသန်မာနေပေ၏။သူ၏အဖြူရောင်ဆံပင်များပင် ပြန်လည်၍နက်မှောင်သွားလေပြီ။

သူ၏မျက်နှာပေါ်မှ အရေးအကြောင်းများလည်းပျောက်ကွယ်သွားပြီး ယခုလက်ရှိချိန်တွင် သူက လူလတ်ပိုင်းတစ်ယောက်၏ပုံပန်းသွင်ပြင်ဖြစ်နေသည်။

သူက ကျန်းလင် မဟုတ်တော့ချေ။သူက ရှေးဟောင်းနတ်ဆိုးများ၏အုပ်ချုပ်သူသူတော်စင် ဖြစ်ပေ၏။

ရှေးဟောင်းနတ်ဆိုးများအကြားတွင် သန်မာသူသာ ဘုရင်ဖြစ်သည်။အစွမ်းထက်သောအုပ်ချုပ်သူသူတော်စင်တစ်ယောက်၏အဆင့်သည် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူနှင့် တူညီပေသည်။

"ခေါင်းမာလိုက်တာ...တကယ်လို့ ဟိုကောင်လေးကသာ ငါတို့ရဲ့အစီအစဥ်ကို လာပြီးမနှောက်ယှက်ဘူးဆိုရင်...ငါ ဒီလေါက်ထိ ခက်ခက်ခဲခဲလုပ်စရာ လိုမှာမဟုတ်ဘူး"

ကျန်းလင်က ဝင်္ကပါပေါ်သို့ အပြင်းအထန် ခြေဆောင့်နင်းလိုက်၏။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဝင်္ကပါကြီးက တုန်ခါသွားသည်။

"ဖူး"

ကျန်းဖေးလန်က ရုတ်တရက် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

"ဒေါ်လေး...အဆင်ပြေရဲ့လား

"မိသားစုခေါင်းဆောင်"

ကျန်းဖေးလန်၏နံဘေး၌ ကျင့်ကြံဆင့်နိမ့်ပါးသောလူငယ်များသာ ရှိနေပေ၏။

ရှေးဟောင်းနတ်ဆိုးများ လှုပ်ရှားသောချိန်တွင် သူတို့က ကျန်းမိသားစုဝင်အကြီးအကဲများနှင့်အဆင့်မြင့်မိသားစုဝင်များကိုသာ ပစ်မှတ်ထားခဲ့သည်။

ကျင့်ကြံဆင့်နိမ့်ပါးသော တပည့်များကမူ ခန္ဓာကိုယ်အပိုင်စီးခံရမှုမှ လွတ်မြောက်နိုင်ခဲ့သည်။

"ငါ အဆင်ပြေပါတယ်...ဒါက မိသားစုအကာအကွယ်ဝင်္ကပါကြီးပဲ...ငါ့ရဲ့လက်ထဲမှာ မိသားစုခေါင်းဆောင်စည်းတံဆိပ်ရှိနေသရွေ့ သူတို့ဝင်လာလို့မရဘူး"

ကျန်းဖေးလန်က လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။

သို့ရာတွင် ထိုသို့ပြောဆိုနေချိန်တွင် ကျန်းဖေးလန်၏နှုတ်ခမ်းထောင့်၌ ခါးသည်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ယခင်က လုယွီပြောဆိုသမျှသည် မှန်ကန်ပေ၏။

ရှေးဟောင်းနတ်ဆိုးများသည် ကျန်းမိသားစုအကြီးအကဲအများစုကို ဝါးမြိုပြီးလေပြီ။ကျန်းမိသားစုတစ်စုလုံး၏တစ်ဝက်နီးပါးပင် ရှေးဟောင်းနတ်ဆိုးများ ဖြစ်နေပေ၏။

ကျန်းမိသားစုအကာအကွယ်ဝင်္ကပါသည် အလွန်အားကောင်းသဖြင့် ကျန်းဖေးလန်က စိတ်သက်သာရာရနေမိသည်။သို့ရာတွင် သူမက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။သူမက ဝင်္ကပါကြီးအား ထိန်းချုပ်နိုင်ရန်အတွက် ခက်ခက်ခဲခဲကြိုးစားနေရ၏။

"ငါတို့က ကျန်းမိသားစုမျိုးဆက်တွေကြားမှာ ရောနှောနေတာ အချိန်အတော်ကြာခဲ့ပြီ...မင်းတို့ကျန်းမိသားစုက လူတွေတော်တော်များများက ငါတို့နဲ့သွေးမျိုးဆက်ရောနှောထားတာပဲ"

အုပ်ချုပ်သူသူတော်စင်က ပြောဆိုလိုက်သည်။သူစကားပြောဆိုနေစဥ်တွင် ပတ်ဝန်းကျင်ရှိလေထုပင် တုန်ခါမြည်ဟီးလာပေ၏။

ကျန်းဖေးလန်က အံတင်းတင်းကြိတ်ပြီးပြောဆိုလိုက်သည်။

"နင် အချိန်အကြာကြီးမောက်မာနိုင်တော့မှာ မဟုတ်ဘူး...ငါတို့ ကျန်းမိသားစုမှာ ပြဿနာရှိနေတယ်ဆိုတာ လင်ရှောင်းဂိုဏ်းကသိတာနဲ့ ချက်ချင်းရောက်လာမှာ...သူတို့ရောက်လာချိန်ကျရင် နင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

အုပ်ချုပ်သူသူတော်စင်က ရယ်မောနေပေ၏။

"ငါတို့လူတွေ လင်ရှောင်းဂိုဏ်းထဲမှာမရှိဘူးလို့ မင်း ထင်နေတာလား"

ကျန်းဖေးလန်က ရုတ်တရက် သူမ၏စိတ်နှလုံးသားတစ်ခုလုံး ရေခဲရိုက်ခံလိုက်ရသကဲ့သို့ ခံစားမိသည်။

အုပ်ချုပ်သူသူတော်စင် ပြောသည်မှာ မှန်ကန်ပေ၏။အကယ်၍ လင်ရှောင်းဂိုဏ်းအတွင်းသို့သာ ရှေးဟောင်းနတ်ဆိုးများရောနှောနေပါက ထိတ်လန့်တုန်ဖွယ်ဖြစ်ပေသည်။

"အုပ်ချုပ်သူသူတော်စင်ငယ်လေးက ကျန်းမိသားစုကိုဝါးမြိုနိုင်ဖို့တောင် နှစ်တွေအများကြီးကြံစည်ခဲ့ရတယ်မဟုတ်လား"

လုယွီက ရုတ်တရက် ရောက်ရှိလာပြီး အုပ်ချုပ်သူသူတော်စင်ထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်။

သူက အုပ်ချုပ်သူသူတော်စင်အား စူးစိုက်ကြည့်နေသည်။

"ခင်ဗျားရဲ့အရည်အချင်းက မဆိုးပါဘူး...ဒါပေမယ့် ခင်ဗျားတို့ရဲ့ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေး ဒီနေရာမှာရှိမနေဘဲနဲ့...အလယ်ပိုင်းကုန်းမြေရဲ့နံပါတ်တစ်ဂိုဏ်းကို သိမ်းပိုက်နိုင်မယ်လို့ ထင်နေတာလား"

အုပ်ချုပ်သူသူတော်စင်က လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်နေပေ၏။

"ငါက မင်းကိုတောင် မရှာရသေးဘူး...မင်းက မင်းခြေထောက်နဲ့မင်း ငါ့ရှေ့ကိုရောက်လာတာပါလား"

ဝုန်း....

အုပ်ချုပ်သူသူတော်စင်၏အော်ရာများ မြင့်တက်လာပြီး သက်တံတစ်ခုကဲ့သို့ ကောင်းကင်ယံရှိတိမ်တိုက်များထိတိုင် ထိုးတက်သွားသည်။

အုပ်ချုပ်သူသူတော်စင်၏မျက်ခုံးနှစ်ခုကြားမှ မျက်လုံးတစ်စုံ ထွက်ပေါ်လာပေ၏။

ဤှသည်က ရှေးဟောင်းနတ်ဆိုးများသာပိုင်ဆိုင်သော ဖျက်ဆီးခြင်းမျက်လုံးပင်။

ထိုမျက်လုံးတစ်စုံ၏အကြည့်တစ်ချက်ဖြင့်ပင် မှော်နည်းစနစ်ပေါင်းတစ်သောင်းကျော်ကို ချိုးဖျက်နိုင်သည်။

လုယွီက သူ၏ခန္ဓာကိုယ်သည် နွံအိုင်တစ်ခုအတွင်း နစ်မြုပ်သွားသကဲ့သို့ လေးလံလာသည်ကိုခံစားမိပြီး သူက လှုပ်ရှား၍မရတော့ချေ။

ထိုမြင်ကွင်းကို ကြည့်နေသော ကျန်းဖေးလန်၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီနေပေ၏။

"မကောင်းတော့ဘူး...အဲ့ဒီကောင်လေးက သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူလေ...သူ သေသွားလိမ့်မယ်"

သူမ၏မျက်လုံးများက ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

"ငါက အုပ်ချုပ်သူသူတော်စင်နဲ့ဟိုကောင်လေးတိုက်ချုက်နေချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးရမယ်"

မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ကျန်းဖေးလန်က ချက်ချင်းပင် ဝင်္ကပါထိန်းချုပ်ထားမှုကို ရုတ်သိမ်းပြီး ပြေးထွက်သွားတော့သည်။

"မိသားစုခေါင်းဆောင်"

"ဒေါ်လေး"

ကျန်းယုချင်နှင့်ကျန်းမိသားစုဝင်တပည့်များအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ကျန်းဖေးလန်မရှိဘဲ ဤဝင်္ကပါကြီးအား ထိန်းချုပ်နိုင်မည်မဟုတ်ချေ။

"ငါက နောင်တစ်ချိန်မှာ ထာဝရအသက်ကို ပိုင်ဆိုင်ရမယ့်သူ...တကယ်လို့ ကျန်းမိသားစုတစ်စုလုံး သေဆုံးသွားရင်တောင် ငါနဲ့ဘာသက်ဆိုင်လို့လဲ"

ကျန်းဖေးလန်၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။

Thank for reading.

All Chapters