အခန်း (၆၂၆-၆၃၀)
Vol. 35 Ch. 626-630
Chapter 626
ကျန်းဖေးလန်၏အရှိန်သည် အလွန်လျှင်မြန်ပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမက ကျန်းအိမ်တော်၏ပြင်ပရှိ လေထုအတွင်းသို့ ပျံဝဲ၍ရောက်ရှိသွားသည်။
ကျန်းအိမ်တော်နှင့် အတန်ငယ်ဝေးကွာသောနေရာတွင် လင်ရှောင်းမြို့တည်ရှိသည်။သူမက လင်ရှောင်းမြို့သို့အရောက်သွားပြီး ရှေးဟောင်းနတ်ဆိုးများအားဟန့်တားပေးရန် လင်ရှောင်းဂိုဏ်းကို တောင်းဆိုလိုက်ပါက သူမ ဘေးကင်းစွာအသက်ရှင်နိုင်ပေမည်။
"ကံကောင်းထောက်မစွာနဲ့ ငါက လင်ရှောင်းမြို့ပြင်မှာ ဆိတ်ငြိမ်တဲ့ လှိုဏ်ဂူတစ်လုံးကို တွေ့ထားတယ်....ငါ ဒီနေရာကနေ လွတ်မြောက်တာနဲ့ အဲ့ဒီလှိုဏ်ဂူထဲကို သွားပြီးကျင့်ကြံမယ်...စိတ်ဝိညာဥ်နယ်ပယ်မရောက်မချင်း ငါ အပြင်မထွက်တော့ဘူး!
"ကျန်းမိသားစုခေါင်းဆောင်က ဒီလေါက်တောင် ရေးကြီးသုတ်ပျာနဲ့ ဘယ်နေရာကိုသွားမလို့လဲ"
ဤအချိန်မှာပင် အေးစက်စက်အသံတစ်သံက ကျန်းဖေးလန်၏နောက်မှ ထွက်ပေါ်လာသည်။
ဝှစ်.....
လေထုအားထွင်းဖောက်လာသော အသံတစ်သံမြည်ဟီးလာပြီး သူမထံကျရောက်လာသော အားကောင်းသည့်ဖိအားလှိုင်းတစ်ရပ်ကို ကျန်းဖေးလန်က ခံစားမိသည်။
ဤဖိအားလှိုင်းသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး ၎င်းအတွင်း၌ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်ပုံရသော အရှိန်အဟုန်တစ်ရပ် ပါဝင်နေသည်။
"မဟုတ်ဘူး"
ကျန်းဖေးလန်က ထိတ်လန့်တုန်လှုပ်သွားပြီး အလျှင်အမြန် နောက်ပြန်လှည့်ကာ ထိုဖိအားလှိုင်းအား ပိတ်ပင်တားဆီးလိုက်သည်။
အစောပိုင်းက လုယွီနှင့်တိုက်ခိုက်နေသော အုပ်ချုပ်သူသူတော်စင်သည် ယခု သူမ၏နောက်ရှိ အထက်ကောင်းကင်ယံ၌ ပျံဝဲနေခြင်းကို သူမက တွေ့မြင်ရ၏။
အုပ်ချုပ်သူသူတော်စင်၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည့်အပြင် သူ၏ခန္ဓာကိုယ်သည် လူသားတစ်ယောက်အရွယ်အစားထက် နှစ်ဆမက ပို၍ကြီးမားနေသည်။သူက ကျန်းဖေးလန်ထံဦးတည်၍ သူ၏လက်ဝါးဖြင့် ပြင်းပြင်းထန်ထန်ရိုက်ချလိုက်၏။
"မြေရိုင်းနယ်မြေနတ်ဘုရားဓားရှစ်ချောင်း"
ကျန်းဖေးလန်က သူမ၏လက်ရှိဓားကို ဝှေ့ယမ်းလိုက်ရာတွင် မြောက်များစွာသောဓားချီများက သူမ၏ခန္ဓာကိုယ်ပတ်လည်၌ ချက်ချင်းပင် ပျံဝဲနေပေသည်။
မြောက်များစွာသောဓားချီများသည် ထပ်မံ၍ပြိုကွဲသွားပြီး ရွှေရောင်ဓားပျံရာပေါင်းများစွာအဖြစ်သို့ အသွင်ပြောင်းကာ အုပ်ချုပ်သူသူတော်စင်ထံသို့ တိုးဝင်သွားကြ၏။
"ဒီအရည်အချင်းနဲ့ ငါ့ကိုရင်ဆိုင်ဖို့ မလုံလောက်သေးဘူး"
အုပ်ချုပ်သူသူတော်စင်က ထိုရွှေရောင်ဓားပျံများကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။စိတ်ဝိညာဥ်စွမ်းအင်နယ်ပယ်၏ပြင်းထန်သောဖိအားလှိုင်းက ထိုဓားပျံများပေါ်သို့ ကျရောက်သွားလေသည်။
ထိုဓားပျံများတွင် သာမာန်မဟုတ်သောစွမ်းအားများ ပါဝင်ပုံရသော်လည်း အုပ်ချုပ်သူသူတော်စင်၏ရှေ့တွင်မူ သူတို့က နူးညံသောစက္ကူများကဲ့သို့ ပေါတ်ကွဲသွားကြသည်။
အုပ်ချုပ်သူသူတော်စင်၏လက်တစ်ဖက်က ရုတ်တရက် ရှေ့သို့ရောက်လာပြီး ကျန်းဖေးလန်၏ဦးခေါင်းအား ရိုက်နှက်လိုက်ရာတွင် သူမ၏ခေါင်းမှသွေးများယိုစီးကျလာ၏။
"တကယ်တော့ ငါ အနှစ်သက်ဆုံးရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်ရှင်က မင်းပဲ...ကံဆိုးချင်တော့ နောက်ထပ် ဝါးမြိုခြင်းဖြစ်စဥ်ကို အသုံးပြုနိုင်ဖို့ ငါက အနည်းဆုံးတစ်လလောက် စောင့်ရအုံးမယ်...ဒါကြောင့် မင်း သေလိုက်တော့"
အုပ်ချုပ်သူသူတော်စင်က ကျန်းဖေးလန်၏ဦးခေါင်းကို ကိုင်ထားလေသည်။
ကျန်းဖေးလန်တွင် မည်သည့်စဥ်းစားဆင်ခြင်နိုင်မှုမျှမရှိတော့ဘဲ သူမက အလွန်အမင်း ကြောက်ရွံထိတ်လန့်နေပေ၏။
သူမက ချက်ချင်းပင် အုပ်ချုပ်သူသူတော်စင်၏ရှေ့၌ ဒူးထောက်ချပြီး အသနားခံပြောဆိုလိုက်သည်။
"ကျွန်မက အသုံးဝင်မှာပါ...ကျွန်မကို မသတ်ပါနဲ့"
"ကျန်းမိသားစုခေါင်းဆောင်စည်းတံဆိပ်က ဘယ်မှာလဲ"
အုပ်ချုပ်သူသူတော်စင်က မေးမြန်းနေစဥ်တွင် သူ၏မျက်နှာအမူအယာက ခံစားချက်ကင်းမဲ့နေသည်။
ကျန်းဖေးလန်က ချက်ချင်းပင် မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ထုတ်ယူပြီး အုပ်ချုပ်သူသူတော်စင်ထံသို့ ရိုရိုသေသေ လက်လွှဲပေးလေ၏။
"မိသားစုခေါင်းဆောင်...ဒါက ကျွန်တော်တို့ကျန်းမိသားစုဝင်္ကပါရဲ့ဗဟိုချက်ကို ထိန်းချုပ်နိုင်တဲ့ အမိန့်တံဆိပ်ပြားလေ....ခေါင်းဆောင်က သူကို ပေးလိုက်လို့မဖြစ်ဘူး"
ကျန်းမိသားစုဝင်တပည့်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။
ဘုန်း.....
ထိုစကားပြောဆိုလိုက်သော ကျန်းမိသားစုဝင်တပည့်၏ဦးခေါင်း ရုတ်တရက် ပေါတ်ကွဲသွားသည်။ဤသည်က ကျန်းဖေးလန်၏လက်ချက်ပင်။
ကျန်းဖေးလန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"ခွေးမသား....ကျင့်ကြံခြင်းလောကမှာ အသန်မာဆုံးလူကသာ ရှင်ဘုရင်ပဲ....အုပ်ချုပ်သူသူတော်စင်က ဒီလေါက်အစွမ်းထက်နေတာ....ဘာလို့ ငါတို့က သူကို မှီခိုပြီးမနေရမှာလဲ"
ကျန်းမိသားစုမှတခြားတပည့်များ၏မျက်နှာများ ဖြူရော်နေပြီး သူတို့၏စိတ်နှလုံးသားများ အေးခဲလာမှုကို ခံစားနေရသော်လည်း မည်သူကမျှ ထပ်မံ၍စကားမဆိုဝံ့ကြတော့ချေ။
"ဒေါ်လေး...မဆင်မခြင်မလုပ်ပါနဲ့....တကယ်လို့ ကျွန်မတို့အားလုံးသေဆုံးသွားရင်တောင်....ကျန်းမိသားစုခေါင်းဆောင်စည်းတံဆိပ်ကို သူဆီမပေးနိုင်ဘူး"
ကျန်းယုချင်က အကြံပြုလိုက်၏။
ယခုလက်ရှိအချိန်တွင် ကျန်းမိသားစုဝင်တပည့်များကို ကာကွယ်ပေးနိုင်ရန်အတွက် သူမက ဇီသာတေးသံကို တီးခတ်နေသည်။
သို့ရာတွင် ကျန်းယုချင်၏မှော်စွမ်းအားများ အလွန်အကျွံသုံးစွဲနေရသဖြင့် သူမ၏မျက်နှာလေးက ဖြူရော်နေပေ၏။
ကျန်းဖေးလန်က သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုလိုက်သည်။
"နင် ဘာသိလို့လဲ...ငါက ဒါကိုမိသားစုရဲ့အကျိုးအတွက် လုပ်နေတာ"
ထိုစကားပြောဆိုပြီးနောက် ကျန်းဖေးလန်က အုပ်ချုပ်သူသူတော်စင်အား မျက်နှာချိုသွေးလိုပုံဖြင့် အပြုံးနှင့်ပြောဆိုလေသည်။
"ကျွန်မ...ကျန်းမိသားစုရဲ့ခေါင်းဆောင်က ကျန်းမိသားစုကိုဦးဆောင်ပြီး အုပ်ချုပ်သူသူတော်စင်ဆီမှာ အညံခံပါတယ်"
"မဆိုးပါဘူး"
အုပ်ချုပ်သူသူတော်စင်က ကျန်းဖေးလန်ကို လွှက်ပေးပြီး အပြုံးနှင့်ပြောဆိုလိုက်၏။
"မင်းက ငါဆီမှာ အညံခံတယ်ဆိုမှတော့...မင်းရဲ့သစ္စာစောင့်သိမှုကို ပြသသင့်တယ်"
ကျန်းဖေးလန်က အားယူ၍ ပြောဆိုလေသည်။
"အုပ်ချုပ်သူသူတော်စင်...ကျေးဇူးပြုပြီးပြောပါ"
"ဒါက လွယ်ပါတယ်...မင်းအသက်ကို ပေးရုံလေးပဲ"
အုပ်ချုပ်သူသူတော်စင်၏လက်က ရုတ်တရက် ကျန်းဖေးလန်၏လည်ပင်းပေါ်သို့ရောက်ရှိလာပြီး သူမ၏လည်ပင်းရိုးကို လိမ်ချိုးလိုက်၏။
ကျန်းဖေးလန် သေဆုံးခါနီးအချိန်တွင် သူမ၏မျက်လုံးများအတွင်း၌ အံ့အားသင့်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။အဆုံးသတ်၌ သူမမျက်လုံးများတွင် နောင်တများနှင့်နာကျည်းမုန်းတီးမှုအရိပ်အယောင်များထင်ဟပ်လာပြီး သူမမျက်လုံးများ တဖြည်းဖြည်းမှေးမှိန်သွားတော့သည်။
အုပ်ချုပ်သူသူတော်စင်၏အကြည့်က ကျန်းယုချင်ထံသို့ စူးစိုက်၍ကျရောက်လာသည်။
"ဒီမိန်းကလေးကိုချန်ထားပြီး ကျန်တဲ့သူအားလုံးကိုသတ်ပစ်ကြစမ်း"
အုပ်ချုပ်သူသူတော်စင်က အမိန့်ပေးလိုက်၏။
Chapter 627
ကျန်းယုချင်က အခိုင်အမာဆုံးဖြတ်ချက်ချထားပုံဖြင့် မတ်တတ်ထရပ်လိုက်သည်။
"တကယ်လို့ ရှင် သူတို့ကိုထိမယ်ဆိုရင်...ကျွန်မရဲ့အလောင်းကိုပဲ ရှင်ရလိမ့်မယ်"
အုပ်ချုပ်သူသူတော်စင်က အထင်အမြင်သေးဟန်ဖြင့် ကျန်းယုချင်အား ကြည့်နေလေ၏။
"မင်းကို အသက်ရှင်ရက်ထားရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက မင်းရဲ့သွေးမျိုးဆက်ကြောင့်ပဲ"
ထိုအချိန်မှာပင် ကျန်းမိသားစုအကြီးအကဲများနှင့်လူငယ်များအား ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသူများက ဝိုင်းရံထားကြသည်။
"သူရဲ့ခြေလက်တွေအားလုံးကို ဖြတ်တောက်ပစ်လိုက်စမ်း...ငါက သူရဲ့သွေးကိုပဲ လိုချင်တာ"
အုပ်ချုပ်သူသူတော်စင်က ပြောဆိုလေ၏။
ကြွင်းကျန်နေသော ကျန်းမိသားစုဝင်များအားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်နေကြသည်။
ကျန်းယုချင်က အလျှင်စလိုဖြင့် သူမ၏ဇီသာတေးသံကို အသက်သွင်းလိုက်ရာတွင် ပတ်ဝန်းကျင်နေရာအနှံ့ ဇီသာတေးသံက ပဲ့တင်ထပ်နေပေသည်။
ရှေးဟောင်းနတ်ဆိုးများသည် ဇီသာတေးသံကြားတွင် ပိတ်မိနေသဖြင့် သူတို့၏လှုပ်ရှားမှုများ ရပ်တန့်သွားကြသော်လည်း အချိန်တခဏအကြာတွင်မူ သူတို့က ပုံမှန်ပြန်ဖြစ်သွားကြသည်။
ရှေးဟောင်းနတ်ဆိုးများ၏အင်အားက များလွန်းပေ၏။
"မင်းတို့က တခြားသူတွေကိုသတ်...ငါ ဒီမိန်းကလေးကို တာဝန်ယူလိုက်မယ်"
ရှေးဟောင်းနတ်ဆိုးတစ်ယောက်က ကျန်းယုချင်၏နောက်သို့ အပြေးဝင်လာခဲ့သည်။ထိုသူက ကျန်းမိသားစုအကြီးအကဲတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးထားခြင်းပင်။
ရှေးဟောင်းနတ်ဆိုးအများစု၏မှော်စွမ်းအားများသည် ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူ၏စွမ်းအားနှင့် တူညီပေသည်။
ကျန်းယုချင်သည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူဖြစ်၍ ထိုရှေးဟောင်းနတ်ဆိုး၏ပြိုင်ဘက် မဖြစ်နိုင်ချေ။
"ဘယ်ဘက်လက်မောင်း"
ရှေးဟောင်းနတ်ဆိုးက ကျန်းယုချင်၏ဘယ်ဘက်လက်မောင်းအား ခုတ်ဖြတ်ရန် ပြေးဝင်လာသည်။
ကျန်းယုချင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမ၏မှော်နည်းစနစ်များကို အသုံးပြုကာ ထိုသူအားပိတ်ပင်တားဆီးလိုက်၏။
သို့ရာတွင် ရှေးဟောင်းနတ်ဆိုး၏မှော်စွမ်းအားအရှိန်အဟုန်သည် အလွန်လျှင်မြန်ပြီး ကြမ်းကြုတ်ရက်စက်သဖြင့် သူမက တုံ့ပြန်ရန် အချိန်မလုံလောက်တော့ချေ။
ထိုအချိန်မှာပင် မလှမ်းမကမ်းအကွာအဝေးမှ ဓားချီတစ်လှိုင်း ထွက်ပေါ်လာပြီး ထိုရှေးဟောင်းနတ်ဆိုး၏ဦးခေါင်းကို ထွင်းဖောက်သွားသည်။
ဖွမ်း....
ဖရဲသီးတစ်လုံးအားပစ်ချလိုက်သကဲ့သို့ ထိုရှေးဟောင်းနတ်ဆိုး၏ဦးခေါင်း ပေါက်ကွဲသွားတော့သည်။
"ဘယ်သူလဲ"
ကြွင်းကျန်သောရှေးဟောင်းနတ်ဆိုးများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ဓားချီထွက်ပေါ်လာသောနေရာသို့ လှည့်ကြည့်လိုက်ကြသည်။
ဓားချီလှိုင်းကို ပစ်လွှက်လိုက်သူက လုယွီဖြစ်ပြီး သူက ခြေလှမ်းတစ်လှမ်းခြင်း တည်ငြိမ်စွာလျှောက်လှမ်းနေသည်။
သူ၏ခန္ဓာကိုယ်မှရေခဲချပ်များသည် ယခုထိတိုင်အကုန်အစင်အရည်မပျော်သေးသဖြင့် ၎င်းတို့က သူထံမှ မိုးရွာကျလာသကဲ့သို့ မြေပြင်ပေါ်ကျဆင်းနေပေ၏။
လုယွီနှင့်ကျန်းတာအိုသည် အုပ်ချုပ်သူသူတော်စင်၏မှော်စွမ်းအားဖြင့် ပိတ်လှောင်ခြင်းကို ခံခဲ့ရလေ၏။
သို့ရာတွင် လုယွီ၏မှော်စွမ်းအားက အလွန်အမင်း ကျစ်လျစ်သိပ်သည်းသည်။အုပ်ချုပ်သူသူတော်စင်သည် စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျင့်ကြံသူ ဖြစ်နေလျှင်ပင် လုယွီအား ကြာရှည်လှောင်ပိတ်ထားနိုင်မည်မဟုတ်ပေ။
အုပ်ချုပ်သူသူတော်စင်၏ပိတ်လှောင်ထားမှုကို ချိုးဖျက်ရန် လုယွီအတွက် အချိန်အနည်းငယ်သာ လိုအပ်ပေသည်။
"ဒီကောင်လေးက တစ်ယောက်တည်းရယ်...ငါတို့ အတူတိုက်ခိုက်ပြီး သူ့ကိုဝါးမြိုကြရအောင်"
ရှေးဟောင်းနတ်ဆိုးအများစုသည် ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး လုယွီထက် ကျင့်ကြံဆင့်နယ်ပယ်နှစ်ဆင့် ပို၍မြင့်မားလေ၏။
အကန့်အသတ်မရှိသောမှော်စွမ်းအင်များနှင့်အတူ ဧရာမဓမ္မရုပ်ထုကြီးများက လေထုအတွင်း မျောလွင့်နေသည်။
ဤသို့ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း လုယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိပေ။သူ၏လက်ဝါးအတွင်းမှ ရွှေရောင်မီးတောက်က ရုတ်တရက်ထွက်ပေါ်လာသည်။
လုယွီထံမှ ရွှေရောင်မီးတောက်များသည် မီးနဂါးကြီးအသွင်ပြောင်းသွားပြီး ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို အငမ်းမရဝါးမြိုနေပေသည်။
လုယွီထံသို့ တိုးဝင်လာကြသော ရှေးဟောင်းနတ်ဆိုးများသည် ခုခံကာကွယ်နိုင်စွမ်းကင်းမဲ့စွာဖြင့် မီးတောက်များ၏လွှမ်းခြုံခြင်းကို ခံလိုက်ရလေ၏။
အား....အား...
သွေးပျက်ဖွယ်အော်ဟစ်သံများက တစ်သံပြီးတစ်သံ ထွက်ပေါ်နေသည်။
ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူဖြစ်စေ ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူဖြစ်စေ ရွှေရောင်မီးတောက်များကြားတွင် သူတို့အားလုံးက လူးလိမ့်နေပေ၏။
လုယွီက ထိုအော်သံများကို လျစ်လျှူရှုထားပြီး မီးနဂါးကြီးကို ဆက်လက်ထိန်းချုပ်ကာ အသက်ရှင်ကျန်ရှိနေသော ရှေးဟောင်းနတ်ဆိုးများအား ဆက်လက်၍ဝါးမြိုနေသည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏ရှေ့၌ မတ်တတ်ရပ်နိုင်သော မည်သည့်ရှေးဟောင်းနတ်ဆိုးမျှမကျန်ရှိတော့ပေ။
"ကံဆိုးချင်တော့...ဒီကိစ္စတွေရဲ့နောက်ကွယ်က ဥာဏ်ကြီးရှင်က ထွက်မလာသေးဘူး"
အုပ်ချုပ်သူသူတော်စင်သည် အစွမ်းထက်သော်လည်း ဤကိစ္စများအား ကြိုးကိုင်နေသူမဟုတ်ချေ။
ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးသည် ထိုနှစ်များတွင် လောကကြီးတခွင်ရှိထိပ်သီးကျင့်ကြံသူများနှင့် ရန်သူဖြစ်ခဲ့သော်လည်း မည်သည့်အချိန်ကမျှ သူ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ခြင်းမရှိပေ။
နောင်ပိုင်းမှသာ နတ်ဆိုးချိတ်ပိတ်သူက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေး လျှို့ဝှက်၍ပုန်းအောင်းနေသောနေရာကို တွေ့ရှိသွားပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအား တုန်ခါစေသောတိုက်ပွဲကြီးကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
"မင်းက အေးအေးဆေးဆေးနေတာ ပိုကောင်းမယ်..အနည်းဆုံးတော့ ငါ မင်းရဲ့အလောင်းကို ပြည့်ပြည့်စုံစုံထားပေးမယ်"
အုပ်ချုပ်သူသူတော်စင်က ခြေတစ်လှမ်းရှေ့တိုးလိုက်သည်နှင့် သူ့ခြေထောက်အောက်ရှိမြေပြင်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
"အစတုန်းကတော့ ငါ မင်းကိုဖမ်းဆီးပြီး ငါတို့ရှေးဟောင်းနတ်ဆိုးတွေရဲ့သရုပ်မှန်ကို မင်းဘယ်လိုသိလဲဆိုတာ မေးမြန်းမလို့ပဲ....ဒါပေမယ့် အခုတော့ မလိုတော့ဘူး...မင်းရဲ့စိတ်ဝိညာဥ်ကို ငါ ဝါးမြိုလိုက်တဲ့အချိန်ကျရင် ငါ အားလုံးသိရမှာပဲလေ"
အုပ်ချုပ်သူသူတော်စင် စကားပြောဆိုလိုက်သည့် အချိန်တခဏမှာပင် ကျန်းအိမ်တော်၏အထက်ကောင်းကင်ယံတစ်ခုလုံး မည်းမှောင်သွားသည်။
Chapter 628
ကောင်းကင်ယံတခွင်လုံး မည်းမှောင်နေသည်။အကယ်၍ ကျန်းမိသားစုအကာအကွယ်ဝင်္ကပါကသာ မှေးမှိန်မှိန်လင်းလက်နေဆဲ မဟုတ်ပါက ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ မည်သည့်အလင်းရောင်မျှရှိတော့မည်မဟုတ်ပေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလေ"
"သူက အမှောင်ထုကိုထိန်းချုပ်နိုင်တာလား....ဒါ ရယ်စရာမဟုတ်ဘူးနော်...တကယ်လို့ သူက စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင်...ဒီလိုမျိုးမလုပ်နိုင်ဘူး"
ကျန်းမိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး ဤကိစ္စအား မည်ကဲ့သို့ရင်ဆိုင်ဖြေရှင်းရမည်ကို သူတို့ မသိရှိကြတော့ပေ။
"ထိတ်ထိတ်ပျာပျာ ဖြစ်မနေကြနဲ့....အကုန်လုံးပဲ အကာအကွယ်ဝင်္ကပါကိုသာ အာရုံစိုက်ထိန်းသိမ်းထားကြ...ဘာမတော်တဆမှုမှမရှိအောင် သေချာစောင့်ကြပ်ကြစမ်း"
ကျန်းယုချင်က အံတင်းတင်းကြိတ်ပြီးပြောဆိုလိုက်သည်။
ကျန်းယုချင်သည် ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက် သခင်မလေးတစ်ယောက်ဖြစ်သဖြင့် မြင့်မားသောအဆင့်အတန်းအား ပိုင်ဆိုင်ထားဆဲပင်။ကျန်းမိသားစုဝင်လူငယ်အယောက်နှစ်ဆယ်ကျော်သည် ကျန်းယုချင်အား ဝိုင်းပတ်၍ထိုင်လိုက်ကြပြီး သူတို့၏မှော်စွမ်းအားများကို ချိတ်ဆက်ကာ ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းမိသားစုဝင်များသည် အစောပိုင်းက ရှေးဟောင်းနတ်ဆိုးများ၏ကြမ်းကြုတ်ရက်စက်သော နည်းလမ်းများကို မျက်မြင်ကြုံတွေ့ခဲ့ရသဖြင့် သူတို့က ထိတ်လန့်တုန်လှုပ်နေကြဆဲပင်။
"ဒါက ဘာဝင်္ကပါမို့လဲ...ရှေးဟောင်းနတ်ဆိုးကြီးက မိသားစုခေါင်းဆောင်ကိုတောင် သတ်ပစ်တာ မင်းတို့မမြင်ကြဘူးလား...ငါ ဒီနေရာမှာ မသေချင်သေးဘူး"
ကျန်းမိသားစုဝင်လူငယ်တချို့သည် ထိတ်လန့်တကြားအော်ဟစ်ပြီး ဤနေရာမှအဝေးသို့ ပျံဝဲထွက်ပြေးရန် ကြိုးပမ်းလိုက်ကြသည်။
သူတို့က အကာအကွယ်ဝင်္ကပါ၏ပြင်ပသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းပင် သူတို့၏ခြေထောက်များ အားပျော့သွားသည်ကိုခံစားမိပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။
မူလက ကျစ်လျစ်သိပ်သည်းသောမြေပြင်သည် ယခုချိန်၌ ရွှံနွံအိုင်ကြီးတစ်အိုင်နှင့် တူညီနေသည်။
ရွှံနွံများအတွင်းမှ လက်တစ်ဖက်ထွက်လာပြီး ကျန်းမိသားစုဝင်လူငယ်များအား သူတို့၏ခြေချင်းဝတ်များမှနေ၍ အောက်သို့ဆွဲချလေသည်။
ကျန်းမိသားစုဝင်လူငယ်များသည် အော်ဟစ်ရန်ပင် အချိန်မရသဖြင့် မည်သည့်အသံမျှထွက်မလာချေ။
ဝင်္ကပါအတွင်းမှနေ၍ ထွက်ပြေးရန်အဆင်သင့်ဖြစ်နေသော ကျန်းမိသားစုဝင်လူငယ်များသည် သူတို့၏ကျွံထွက်နေသော ခြေထောက်များကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်ကြ၏။
တခြားတစ်ဖက်မှ လုယွီကမူ အုပ်ချုပ်သူသူတော်စင်နှင့် တိုက်ခိုက်နေသည်။အုပ်ချုပ်သူသူတော်စင်သည် လုယွီထက် ကျင့်ကြံဆင့်နယ်ပယ်သုံးဆင့် ပို၍မြင့်မားသည်။
ဤသည်က အလွန်ကွာဟသော အဆင့်ကျော်တိုက်ခိုက်ခြင်းပင်။ပြင်းထန်သောဖိအားလှိုင်းများအောက်တွင် လုယွီက ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရ၏။
"မင်းက ဘယ်စွန့်ပစ်နယ်မြေက ထွက်လာတဲ့ကောင်လဲ...ဒါကြောင့်မို့သာ ခုလိုမျိုး မင်းကိုယ်မင်း စိတ်ကြီးဝင်နေတာ...မင်း အပြစ်တင်ချင်ရင် မင်းရဲ့မဆင်မခြင်ဝင်ပါတက်တဲ့စရိုက်ကိုပဲ အပြစ်တင်ပေတော့"
အုပ်ချုပ်သူသူတော်စင်က ခနဲ့တဲ့တဲ့စကား ပြောဆိုလေသည်။
လုယွီက နောက်သို့သာဆုတ်ခွါနေရ၏။ကျန်းအိမ်တော်ခြံဝင်းအတွင်းရှိ အဆောက်အအုံများသည် အုပ်ချုပ်သူသူတော်စင်၏လက်ချက်ကြောင့် ပျက်စီးကုန်ကြသည်။
လုယွီက ထပ်မံနောက်ဆုတ်ရန် နေရာမရှိတော့ဘဲ ကျဥ်းထဲကြပ်ထဲသို့ ရောက်ရှိနေလေပြီ။
"ကောင်စုတ်လေး...ငါ မင်းနဲ့ ထပ်ပြီးမကစားချင်တော့ဘူး...ဒီနေ့ ငါ မင်းအသက်ကိုယူမယ်"
အုပ်ချုပ်သူသူတော်စင်က ရုတ်တရက် သူ၏လက်ဝါးကို အောက်သို့ဖိချလိုက်သည်။
ထိုလှုပ်ရှားမှုသည် သမရိုးကျဖြစ်ပေ၏။
သို့ရာတွင် လေထုအတွင်း၌အားလှိုင်းတစ်ရပ်ရှိနေပုံရပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ပုံပျက်သွားကာ ထိုအားလှိုင်းက အောက်သို့ပြင်းပြင်းထန်ထန်ကျဆင်းလာသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ မြေပြင်ကျွံကျသွားပြီး မြောက်မြားစွာသော အနက်ရောင်လက်မောင်းများက လုယွီထံသို့ ဦးတည်နေသည်။
ဤမြင်ကွင်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေသည်။အနက်ရောင်လက်မောင်းများသည် ငရဲမှတွယ်တက်လာသကဲ့သို့ အဆက်မပြတ်လှုပ်ယမ်းနေလေ၏။
လုယွီကမူ နဂိုမူလနေရာ၌သာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ့အားစိုးစဥ်းမျှ သက်ရောက်ပုံမရချေ။
"ထူးဆန်းတယ်...မင်းက ငါ့ကို နည်းနည်းတော့အံ့အားသင့်စေတယ်"
အုပ်ချုပ်သူသူတော်စင်က အနည်းငယ်အံ့အားသင့်သွားပုံဖြင့် တိတ်တဆိတ်သက်ပြင်းရှိုက်နေသည်။
သို့ရာတွင် အုပ်ချုပ်သူသူတော်စင်က ထပ်မံ၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ဤတစ်ကြိမ်တွင်မူ ကျန်းအိမ်တော်ခြံဝင်းတစ်ခုလုံး၏မြေပြင်ကြီး ကျွံကျသွားပုံရသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီအား မည်သည့်သက်ရောက်မှုမျှ မရှိသကဲ့သို့ သူက နေရာ၌ပင် တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲပင်။
"ဒီမတိုင်ခင်က..ခင်ဗျား ကျန်းမိသားစုအကြောင်းကို ကောင်းကောင်းစုံစမ်းထားသင့်တယ်"
လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလူမျိုးရှိနေလဲဆိုတာတော့ ကျုပ်မသိဘူး...ဒါပေမယ့် သူက ခင်ဗျားကို အကြောင်းစုံပြောပြမထားတာတော့ သေချာတယ်"
သူက အပြုံးနှင့် ပြောဆိုလေသည်။
အုပ်ချုပ်သူသူတော်စင်၏မျက်လုံးများ အေးစက်စက်တောက်ပလာပြီး လုယွီအား စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေပေ၏။
"ကောင်လေး....မင်းစီမှာ ငါရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တဲ့အရာတစ်ခု ရှိနေပုံပဲ"
အုပ်ချုပ်သူသူတော်စင်က ထပ်မံ၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လုယွီက အုပ်ချုပ်သူသူတော်စင်အား ထပ်မံ၍အခွင့်အရေးမပေးတော့ချေ။
လုယွီ၏လက်အတွင်း၌ ကျန်းမိသားစုခေါင်းဆောင်စည်းတံဆိပ်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
အစောပိုင်းကပင် ကျန်းဖေးလန်က အုပ်ချုပ်သူသူတော်စင်အား မိသားစုခေါင်းဆောင်စည်းတံဆိပ် ပေးအပ်ခဲ့သည်မဟုတ်လော။
အုပ်ချုပ်သူသူတော်စင်က မယုံကြည်နိုင်မှုများနှင့် ပြောဆိုလိုက်၏။
"မိသားစုခေါင်းဆောင်စည်းတံဆိပ်က ငါ့ရဲ့လက်ထဲမှာလေ...ဘယ်လိုလုပ်ပြီး မင်းဆီမှာ ရောက်နေတာလဲ"
Chapter 629
အုပ်ချုပ်သူသူတော်စင်က သူထံရှိနေသော မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။သူ၏လက် အသာအယာလှုပ်ရှားလိုက်သည်နှင့် ကျန်းမိသားစုအကာအကွယ်ဝင်္ကပါကြီးမှ ကြယ်ရောင်မှိန်ပျပျလင်းလက်လာသည်။ဤမိသားစုခေါင်းဆောင်စည်းတံဆိပ်သည် အတုမဖြစ်နိုင်ချေ။
ဤစည်းတံဆိပ်ကသာ အတုအယောင်ဖြစ်နေပါက ကျန်းမိသားစုအကာအကွယ်ဝင်္ကပါအား သူ ထိန်းချုပ်နိုင်မည်မဟုတ်ချေ။
ဤဝင်္ကပါကြီးကို အစွမ်းထက်သော ဝင်္ကပါပညာရှင်တစ်ယောက်က ခင်းကျင်းထားခြင်းဖြစ်ကြောင်းကို သတိပြုရပေမည်။မိသားစုခေါင်းဆောင်စည်းတံဆိပ်သည် ဝင်္ကပါအားထိန်းချုပ်နိုင်သောဗဟိုချက်ဖြစ်ပြီး အလွန်အမင်းတင်းကြပ်သောကန့်သတ်ချက်များနှင့် ဖန်တီးထားခြင်းဖြစ်သည်။
"မိသားစုခေါင်းဆောင်စည်းတံဆိပ်က နှစ်ခုရှိတယ်လို့ ငါကြားထားတယ်...ဖြစ်နိုင်တာတော့ ဟိုအဖိုးကြီးကျန်းထျန်းရှုံးက သူရဲ့တံဆိပ်ပြားကိုပါ မင်းကို ပေးထားတာလား"
အုပ်ချုပ်သူသူတော်စင်၏မျက်လုံးအကြည့်များက အံ့အားသင့်မှုများနှင့် ပြည့်နေသည်။
သို့သော် ထိုအချိန်မှာပင်....
ခရက်...
အက်ကွဲသံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ အုပ်ချုပ်သူသူတော်စင်၏လက်အတွင်းရှိ မိသားစုခေါင်းဆောင်စည်းတံဆိပ်သည် ရုတ်တရက်ကွဲအက်သွားပေ၏။
ထို့နောက် တံဆိပ်ပြား၏မျက်နှာပြင်တစ်ခုလုံးအနှံ့ အက်ကွဲရာများပြည့်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
အုပ်ချုပ်သူသူတော်စင်၏မျက်နှာအမူအယာ တင်းမာသွားသည်။
"ကျန်းဖေးလန်က ငါ့ကို တံဆိပ်အတုနဲ့ လှည့်စားဝံ့တယ်ပေါ့"
"အဲဒါက အတုအယောင်မဟုတ်ဘူး"
လုယွီက ခပ်ယဲ့ယဲ့အပြုံးနှင့် ပြောဆိုလိုက်၏။
"ခင်ဗျားလက်ထဲက မိသားစုခေါင်းဆောင်စည်းတံဆိပ်က ကျုပ် ကျန်းဖေးလန်ကိုပေးထားခဲ့တာ...ဒါက ကျုပ်ကိုယ်တိုင်ဖန်တီးထားတဲ့ တံဆိပ်ပဲ"
လုယွီသည် လင်ရှောင်းမြို့ပြင်ပတွင် ကျန်းဖေးလန်တို့လူစု၏လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။သို့ရာတွင် လုယွီက ထိတ်ထိတ်ပျာပျာ ဖြစ်မသွားချေ။သူ၏လက်တည်း၌ရှိသောပစ္စည်းများနှင့် လုယွီက မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ထပ်မံပြုလုပ်ထားပြီးဖြစ်သည်။
မိသားစုခေါင်းဆောင်စည်းတံဆိပ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းသည်ဝင်္ကပါကြီး၏ဗဟိုချက်လည်း ဖြစ်နေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် စည်းတံဆိပ်အား ပုံတူကူးနိုင်လျှင်ပင် ဝင်္ကပါအားထိန်းချုပ်နိုင်ရန်မဖြစ်နိုင်ချေ။
သို့ရာတွင် ဤသည်က လုယွီအတွက် ခက်ခဲသောကိစ္စမဟုတ်ပေ။
သူ၏အတိတ်ဘဝတွင် ဝင်္ကပါပညာကို ဆရာသခင်မြောက်တက်ကျွမ်းခဲ့သူဖြစ်သည်။သူသည် မြေအောက်ဥဒါမ်ဘရာဝင်္ကပါကိုပင် ခင်းကျင်းခဲ့ဖူးသည်။ထိုဝင်္ကပါအတွင်းသို့ ရောက်ရှိသွားသူသည် နေအလင်းရောင်ကို မမြင်တွေ့နိုင်တော့ဘဲ သေခြင်းရှင်ခြင်းတံခါးများကြား ကျရောက်သွားသော သဘာဝလွန်ဝင်္ကပါမျိုးဖြစ်သည်။
လုယွီအတွက် ဤကဲ့သို့အကာအကွယ်ဝင်္ကပါငယ်မျိုး၏ဗဟိုချက်တံဆိပ်ပြား ဖန်တီးရန်မှာ မည်သည့်ခက်ခဲမှုမျှမရှိချေ။
"သဘာဝလွန်စွမ်းအင်နယ်ပယ်ကောင်လေးတစ်ယောက်ကများ...မင်းက ဒီဝင်္ကပါကြီးကို ထိန်းချုပ်နိုင်မှာမလို့လား...ကျန်းဖေးလန်ကတောင် ငါရဲ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး...မင်းက သေခါနီးမှာ သွေးရူးသွေးတန်းရုန်းကန်နေတဲ့ ကောင်တစ်ကောင်ပဲ"
အုပ်ချုပ်သူသူတော်စင်၏နဖူးကြားမှ သူ၏စိတ်ဝိညာဥ် ထွက်ပေါ်လာသည်။
အုပ်ချုပ်သူသူတော်စင်၏နောက်တွင် လက်ဆယ်ဖက်နှင့်ခေါင်းသုံးလုံးရှိသော ကြမ်းကြုတ်ရက်စက်ပုံရသည့် နတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးက လေထုအတွင်း၌မျောလွင့်နေသည်။
ညအမှောင်ထုအတွင်းရှိ ဝင်္ကပါကြီး၏ခပ်မှိန်မှိန်အလင်းရောင်အောက်တွင် နတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးက ကောင်းကင်ယံတခွင်လုံးကိုပင် ပိတ်ဖုံးလုမတက် ကြီးမားလာသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ကျန်းဖေလန်က ဒီဝင်္ကပါရဲ့အစစ်အမှန်ခွန်အားကိုတောင် နားမလည်မှတော့ ခင်ဗျားကို ဘယ်လိုလုပ်ပြီးရင်ဆိုင်နိုင်မှာလဲ"
လုယွီ၏အကြည့်က ဝင်္ကပါ၏အလယ်ဗဟိုရှိ ရုပ်ထုထံရောက်ရှိသွားသည်။
ဤသည်မ နတ်ဘုရားမတစ်ပါး၏ရုပ်ထုပင်။
လေတိုက်ခတ်ချိန်တွင် နတ်ဘုရားမ၏ဝတ်ရုံက တဖျပ်ဖျပ်ခတ်နေပေရာ အလွန်အမင်းလှပပြီးအသက်ဝင်လှသည်။
နတ်ဘုရားမရုပ်ထု၏မျက်နှာသည် အလွန်နူးညံသိမ်မွေ့ပြီး တစ်ချက်ကြည့်မိရုံဖြင့် ညှို့ငင်ဖမ်းစားနိုင်မှုကို ခံစားမိစေသည်။
ဤနတ်ဘုရားမ၏အစစ်အမှန် ပုံပန်းသွင်ပြင်သည် မည်သို့ဖြစ်မည်ကို ပုံဖော်ကြည့်ရန်ခက်ခဲပေ၏။
ရုတ်တရက် လုယွီက မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ဤသည်က လူသားမျိုးနွယ်များ၏ဘာသာစကားအပြင် ရှေးဟောင်းနတ်ဆိုးတို့၏ဘာသာစကားနှင့်လည်း တူညီခြင်းမရှိပေ။
ထိုမန္တန်၏တစ်လုံးတစ်ပါဒတိုင်းသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်ရှိလေထုပင် တုန်ခါစပြုလာသည်။
အုပ်ချုပ်သူသူတော်စင်၏မျက်ခုံးများ တွန့်ကွေးနေပြီး မကြာခင်ကာလအတွင်း ဤဝင်္ကပါမှသူအား အန္တရာယ်ဖြစ်စေတော့မည်ဟု သူ၏မသိစိတ်မှနေ၍ အသိပေးနေခြင်းကို ခံစားမိသည်။
"ငါ သူကို မန္တန်ဆက်ပြီးရွတ်ဆိုခွင့် ပြုလို့မဖြစ်ဘူး"
အုပ်ချုပ်သူသူတော်စင်က နတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးကို ထိန်းချုပ်ပြီး ကျန်းမိသားစုအကာအကွယ်ဝင်္ကပါအား ဝင်ဆောင့်လိုက်သည်။
ဘုန်း...ဘုန်း...
အုပ်ချုပ်သူသူတော်စင်၏တိုက်ခိုက်မှုကြောင့် ဝင်္ကပါကြီးတစ်ခုလုံး ပြိုလဲခါနီးဆဲဆဲဖြစ်လာသည်။
ဝင်္ကပါအတွင်းရှိ ကျန်းမိသားစုဝင်တပည့်များ၏မျက်နှာများသည် စက္ကူတစ်ချပ်ကဲ့သို့ဖြူဖျော့သွားသည်။သူတို့အနက်မှ တချို့တပည့်များဆိုလျှင် သွေးများပင်အန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်နှင့် ဝင်္ကပါကြီးကိုထိန်းချုပ်ပြီး အစွမ်းထက်ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ခက်ခဲပေသည်။
ဘုန်း....
အုပ်ချုပ်သူသူတော်စင်၏ အဆက်မပြတ်တိုက်ခိုက်မှုများအောက်တွင် အကာအကွယ်ဝင်္ကပါကြီးသည် အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ပွင့်သွားသည်။
အုပ်ချုပ်သူသူတော်စင်၏လက်ကြီးက ထိုအက်ကွဲကြောင်းကိုဖြတ်၍ ဝင်္ကပါအတွင်းသို့ ဝင်ရောက်လာသည်။ထို့နောက်မှနေ၍ ဧရာမမှော်စွမ်းအင်လက်ကြီးကလည်း ကျဆင်းလာပေ၏။
ထိုအချိန်မှာပင် လုယွီ၏နောက်ရှိ နတ်ဘုရားမရုပ်ထုကြီးသည် ရုတ်တရက် အပြင်းအထန်တုန်ခါလာသည်။
နတ်ဘုရားမရုပ်ထု၏မျက်နှာပြင်သည် စတင်၍အက်ကွဲလာပြီး ၎င်းအတွင်းမှ သေးသွယ်ပါးလျသောပုံရိပ်တစ်ရိပ်ထွက်လာပေ၏။
ထိုပုံရိပ်၏လက်က ညင်သာစွာမြှောက်လိုက်ရာတွင် အုပ်ချုပ်သူသူတော်စင်၏ဧရာမမှော်စွမ်းအင်လက်ကြီးက လေထုအတွင်း၌ပင် ပျောက်ကွယ်သွားတော့သည်။
Chapter 630
ရုပ်ထုအတွင်းမှနေ၍ နတ်ဘုရားမတစ်ပါးက ဖြည်းညင်းစွာလျှောက်လှမ်း၍ ထွက်လာသည်။ထိုနတ်ဘုရားမအား ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး သူမခြေချလိုက်တိုင်း ကြာပန်းစိမ်းများပေါ်လာကာ သူမက ညင်သာစွာလမ်းလျှောက်နေသော်လည်း ခန့်မှန်းမရနိုင်သောဖိအားလှိုင်းများထွက်ပေါ်နေသည်။
အုပ်ချုပ်သူသူတော်စင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက နောက်သို့ပြန်လှည့်၍ ထွက်ခွါခဲ့တော့သည်။သူက နတ်ဘုရားမထံမှ အလွန်အမင်းအန္တရာယ်ကြီးမှုကို ခံစားမိသည်။ဤနေရာ၌သာ ဆက်လက်နေပါက သူ သေဆုံးသွားပေမည်။
"နဂါးခြောက်ကောင်တိမ်တိုက်ရထားလုံး ဆင်းသက်လာစမ်း"
နတ်ဘုရားမက ခပ်ယဲ့ယဲ့သက်ပြင်းတစ်ချက်ရှိုက်ပြီး သူမ၏သေးသွယ်သောလက်ချောင်းများအား လှုပ်ခတ်လိုက်ရာတွင် နဂါးခြောက်ကောင်ဆွဲသော တိမ်တိုက်ရထားလုံးတစ်စီးက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။ထိုရထားလုံးက အုပ်ချုပ်သူသူတော်စင်ထံသို့ ဦးတည်၍တိုးဝင်သွားပေ၏။
အုပ်ချုပ်သူသူတော်စင်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏ဆံပင်များထောင်တက်နေပြီး သူကလွတ်မြောက်နိုင်ရန် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်လိုက်သည်။
သို့ရာတွင် တိမ်တိုက်ရထားလုံး၏သက်ရောက်မှုသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေ၏။အုပ်ချုပ်သူသူတော်စင်သည် စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျင့်ကြံသူ ဖြစ်သည့်တိုင် တိမ်တိုက်ရထားလုံးနှင့်တိုက်မိသည်နှင့် ချက်ချင်းပင် သွေးမြူများအဖြစ် ပေါက်ကွဲသွားသည်။
ဂျီ...ဂျီ...
သွေးမြူများအတွင်းမှ အနက်ရောင်စိတ်ဝိညာဥ်က ပျံဝဲထွက်လာပြီး စူးရှရှအော်ဟစ်ကာ ထွက်ပြေးသွားလေသည်။
တိမ်တိုက်ရထားလုံးမှနဂါးတစ်ကောင်က ပါးစပ်ကြီးကိုဖွင့်ဟပြီး အနက်ရောင်စိတ်ဝိညာဥ်အား ချက်ချင်းပင် ဝါးမြိုလိုက်၏။
အုပ်ချုပ်သူသူတော်စင်သေဆုံးသွားသည်နှင့် ကျန်းမိသားစု၏အထက်မိုးကောင်းကင်သည် နဂိုအတိုင်းပြန်ဖြစ်သွားတော့သည်။
"ရှေးဟောင်းနတ်ဆိုးငယ်တစ်စုကများ...ငါရဲ့သွေးမျိုးဆက်တွေကို လာပြီးတိုက်ခိုက်ဝံ့တယ်ပေါ့"
နတ်ဘုရားမ၏အသံတွင် ဂုဏ်သိက္ခာကြီးမြတ်မှုများ ပြည့်နှက်နေသည်။
မိုးကောင်းကင်တာအို ဆင်းသက်လာပေ၏။
ကျန်းအိမ်တော်ခြံဝင်းအတွင်းတွင် စူးရှနာကျင်စွာအော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အပိုင်စီးခြင်း ခံထားရသော ကျန်းမိသားစုကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျနေကြ၏။ထို့နောက် သူတို့၏ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာသည်။
နတ်ဘုရားမက ကျန်းယုချင်နှင့်ကျန်းမိသားစုဝင်များကိုကြည့်ပြီး လက်ယပ်ခေါ်လိုက်၏။
ကျန်းယုချင်သည် ငြင်းဆန်ဝံ့ခြင်းမရှိဘဲ အသက်ရှင်ကျန်ရစ်နေသောကျန်းမိသားစုဝင်များနှင့်အတူ ရှေ့သို့တိုးသွားလေသည်။
သူမတို့ရှေ့ရှိနတ်ဘုရားမသည် အုပ်ချုပ်သူသူတော်စင်အား သတ်ဖြတ်ခဲ့ပေရာ သူမတို့အားထိခိုက်နာကျင်အောင် လုပ်မည်မဟုတ်ဟု ကျန်းယုချင်က ယုံကြည်ထားသည်။
"ဒီလူအုပ်စုထဲမှာ မင်းရဲ့သွေးမျိူးဆက်က အသန့်စင်ဆုံးပဲ...မင်းက ငါရဲ့တိုက်ရိုက်မျိုးဆက်ဖြစ်မယ်"
နတ်ဘုရားမက ကျန်းယုချင်ကို နူးညံသောအကြည့်ဖြင့် ကြည့်နေပေ၏။
ကျန်းယုချင်က လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
"ရှင်က ကျွန်မတို့ကျန်းမိသားစုရဲ့ဘိုးဘေးလား"
"အဲ့ဒီလိုမျိုးပါပဲ"
နတ်ဘုရားမက ကျန်းယုချင်၏စကားကို ငြင်းဆန်ခြင်းမရှိဘဲ သူမက အပြုံးနှင့်ပြောဆိုလေသည်။
"ငါရဲ့နာမည်က ကျန်းမီ....တာယွီအင်ပါယာကသတ္တမမြောက်အင်ပါယာမင်းရဲ့ ကြင်ယာတော်တစ်ပါးပဲ...ငါက လော့ရှန်းနတ်ဘုရားမဆိုတဲ့နာမည်နဲ့ ချီးမြှောက်ခံထားရတယ်"
ကျန်းယုချင်၏စိတ်နှလုံးသား တုန်ရီသွားပြီး သူမက အလျှင်အမြန် အရိုအသေပြုလိုက်သည်။
"ကျန်းယုချင်က ဘိုးဘေးကို ဂါရဝပြုပါတယ်"
ကျန်းမီက သဘောကျနှစ်သက်ပုံဖြင့် ကျန်းယုချင်အား ကြည့်နေပေ၏။
"ယုချင်လား...ဒါက နာမည်ကောင်းတစ်ခုပဲ...မင်းရဲ့အရည်အချင်းကိုကြည့်ရတာ မဆိုးဘူး...ငါ မင်းကိုမေးပါရစေ..မင်း ငါနဲ့အတူ ကောင်းကင်ဘုံနယ်မြေကိုလိုက်ပြီး ကျင့်ကြံဖို့အတွက် ဆန္ဒရှိလား"
ကောင်းကင်ဘုံနယ်မြေတွင်ကျင့်ကြံရန်ဟု ဆိုလိုက်သလော။
ဤသည်က ကောင်းကင်ဘုံနယ်မြေမှကျင့်ကြံသူတစ်ယောက်၏တပည့်ဖြစ်ရန် အခွင့်အရေးဖြစ်သည့်အပြင် ထိုသူက သူမ၏ဘိုးဘေးလည်းဖြစ်နေသည်။
ကျန်းယုချင်က ဤကမ်းလှမ်းချက်အား ငြင်းဆန်ရန် အကြောင်းပြချက်မရှိပေ။
သို့ရာတွင် သူမက အချိန်တခဏကြာ တွန့်ဆုတ်နေပြီးမှ ပြောဆိုလိုက်၏။
"ဘိုးဘေးကို အကူအညီတစ်ခုတောင်းခံချင်ပါတယ်...ဘိုးဘေးက ကျွန်မအဖိုး အခုရှိနေတဲ့နေရာကို ရှာပေးနိုင်မလား"
ကျန်းယုချင်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူမ၏အဖိုး ကျန်းထျန်းရှုံး သေသည်လော ရှင်သည်လောကိုပင် သူမ မသိရှိရချေ။
သူ၏အသက်ကျောက်ပြားက ကျိုးပဲ့သွားသော်လည်း ကျန်းယုချင်သည် သူမ၏အဖိုးသေဆုံးသွားပြီဟူသော ကိစ္စကို ယုံကြည်လက်ခံနိုင်ခြင်းမရှိသေးချေ။
"ဒါက ကိစ္စငယ်လေးတစ်ခုပါ...ငါ တစ်ချက်ကြည့်လိုက်မယ်"
ကျန်းမီက သူမ၏မျက်ခုံးကြားအလယ်ဗဟိုသို့ သူမလက်ညှိုးနှင့်ပြန်လည်ထိတွေ့လိုက်၏။
အချိန်တခဏအကြာတွင် ကျန်းမီက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"သူက နေရာတစ်ခုမှာ ပိတ်မိနေတာ...ဒါပေမယ့် အဲ့ဒီနေရာက အန္တရာယ်မရှိဘူး...ဆန့်ကျင်ဘက်အနေနဲ့ ဒါက သူ့အတွက် အခွင့်အရေးပဲ...မင်း အဲ့ဒီကိစ္စကို စိုးရိမ်ပူပန်နေစရာမလိုဘူး"
ကျန်းယုချင်ကိုကြည့်ရသည်မှာ စိုးရိမ်ပူပန်နေပုံပေါက်နေဆဲဖြစ်သည်ကိုကြည့်ပြီး ကျန်းမီက အပြုံးနှင့်ပြောဆိုလေ၏။
"ဘာမှမစိုးရိမ်နဲ့...အဲ့ဒီနေရာက ပြင်ပလောကနဲ့သီးခြားတည်ရှိနေတာ...မင်းက ငါလိုကျင့်ကြံဆင့်နယ်ပယ်ကိုမရောက်သေးဘဲနဲ့ သူရဲ့တည်ရှိမှုကို အာရုံခံလို့ရမှာမဟုတ်ဘူး"
ကျန်းယုချင်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ဤသို့ဆိုမှတော့ သူမ စိတ်ပူစရာကိစ္စမရှိတော့ချေ။
"ကျွန်မက ဘိုးဘေးနောက်ကိုလိုက်ပြီး ကောင်းကင်ဘုံနယ်မြေမှာကျင့်ကြံဖို့ ဆန္ဒရှိပါတယ်"
ကျန်းယုချင်က ချက်ချင်းပင် မြေပြင်ပေါ်၌ဒူးထောက်လိုက်၏။
ကျန်းမီက ခေါင်းညိတ်ပြပြီး နံဘေးပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်ရှုလေသည်။
"ကျန်းမိသားစုက ဒီလိုပြဿနာကြီးနဲ့ကြုံတွေ့ခဲ့ရမှတော့....ငါ မင်းတို့ကို မြင့်မြတ်တဲ့ကျင့်စဥ်တစ်ခုပေးခဲ့မယ်...ကောင်းကင်ဘုံလမ်းကြောင်းမပွင့်ခင် မိသားစုဝင်တွေအားလုံးက ဒီကျင့်စဥ်ကိုလေ့ကျင့်ပြီး မင်းတို့ရဲ့စွမ်းအားတွေကို မြန်မြန်မြှင့်တင်ကြ"