အခန်း (၆၅၆-၆၆၀)
Vol. 36 Ch. 656-660
Chapter 656
အော်သံများက တဖြည်းဖြည်းတိမ်ဝင်သွားပြီးနောက် ထိုသူတို့၏အော်ရာလည်း ပျောက်ကွယ်သွားသည်။
လုယွီက မျက်မှောင်ကြုတ်နေပြီးနောက် သွေးညှီနံထွက်လာသောနေရာအား အာရုံခံလိုက်သည်။
သူက တိတ်တဆိတ် လမ်းလျှောက်လိုက်ရာတွင် လူသေအလောင်းများကို မြင်တွေ့လိုက်ရသည်။
ထိုလူများသည် သေဆုံးသွားသည်မှာ ကြာသေးပုံမပေါ်သေးချေ။လုယွီက ထိုလူသေလောင်းများ၏မျက်နှာများပေါ်၌ ထင်ဟပ်နေသော မယုံကြည်နိုင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါက အပြင်စည်းအကြီးအကဲပြောတဲ့ အသက်အန္တရာယ်ရှိတယ်ဆိုတဲ့ ဘေးဒုက္ခလား"
လုယွီက တီးတိုးရေရွတ်လိုက်၏။
လင်ရှောင်းဂိုဏ်း၏အပြင်စည်းတပည့်ရွေးချယ်ပွဲသည် မြင်တွေ့ရသလောက် ရိုးရှင်းပုံမရချေ။
"ဟိတ်...ရှေ့ကလူ...ခဏရပ်ပါဦး"
ရုတ်တရက် လုယွီအား ကျယ်လောင်စွာအော်ဟစ်ခေါ်ဆိုလိုက်သံ ထွက်ပေါ်လာသည်။
လုယွီက လှည့်ကြည့်လိုက်ရာတွင် အပြေးအလွှားလာနေသော အမျိုးသားသုံးယောက်နှင့်အမျိုးသမီးနှစ်ယောက်ကို တွေ့မြင်မိသည်။
သူတို့အားလုံးသည် အပြင်စည်းတပည့်ရွေးချယ်ပွဲ၌ ပါဝင်ယှဥ်ပြိုင်နေသော အစေခံတပည့်များဖြစ်ပေ၏။
ထိပ်ဆုံးမှလူက လုယွီအားမြင်ချိန်တွင် သူက ကြက်သေသေသွားပြီးနောက် အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းလား....လောကကြီးက တရားမျှတမှုရှိသားပဲ...ကြွေးပေးရမယ့်သူကို ကြွေးရှင်ဆီတန်းတန်းမတ်မတ်ပို့လိုက်တယ်...မင်းက ငါ့ဝမ်းကွဲရဲ့ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးစေခဲ့တဲ့ကောင်...အခု မင်းအသက်ကို အလျော်ပြန်ပေးစမ်း"
"စီနီယာအကို ကျန့်ချီ...သူက အရင်စမ်းသပ်ပွဲနှစ်ပွဲကို လှည့်ကွက်တွေသုံးပြီး ဖြတ်ကျော်ခဲ့တဲ့ကောင်မလား"
"ဘာမှစိုးရိမ်မနေနဲ့....သူကို သင်ခန်းစာပေးဖို့ ကျွန်တော်တို့နဲ့တင် လုံလောက်တယ်...သူရဲ့ပုံစံကိုကြည့်တာနဲ့ ဓမ္မရုပ်ထုတောင် သိပ်သည်းမထားနိုင်သေးဘူးဆိုတာ အသိသာကြီး..သူလို ကျင့်ကြံဆင့်နိမ့်ပါးတဲ့ကောင်က အပြင်စည်းတပည့်ရွေးချယ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဝင်တာ အရမ်းရိုင်းပျလွန်းတယ်"
ကျန့်ချီ၏နောက်မှနေ၍ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက် ထွက်လာသည်။
ကျန့်ချီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"မလိုဘူး...ငါရဲ့ဝမ်းကွဲအတွက် ငါကိုယ်တိုင် သူ့ကိုလက်စားချေမယ်"
လုယွီက အော်၍သာရယ်မောချင်လိုစိတ်ပေါတ်နေသည်။ကျန့်ချီ၏ဝမ်းကွဲသည် သူ့အားမနာလိုဖြစ်ပြီး သူတားဆီးနေသည့်ကြားမှ လှောင်အိမ်အတွင်းသို့ တဇွတ်ထိုးဝင်သွားခဲ့ခြင်းပင်။ယခုမူကား ဤသည်က လုယွီ၏အပြစ်ဖြစ်နေ၏။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းငါ့ကို တိုက်ခိုက်ချင်တယ်ဆိုရင်...မင်း ကြိုးစားကြည့်နိုင်တယ်"
လုယွီက အဖြစ်အပျက်ကို ရှင်းပြရန် မလိုအပ်ပေ။တချို့လူများသည် ဝေဒနာမခံစားရမခြင်း နိုးထမည်မဟုတ်ချေ။
"တည်ငြိမ်လှချည်လား"
ကျန့်ချီ၏အကြည့်က ရုတ်တရက် လုယွီ၏နောက်သို့ ကျရောက်သွားသည်။သူက နေရာအနှံ့ ပြန့်ကျဲနေသော လူသေအလောင်းများကို တွေ့မြင်မိ၏။
ကျန့်ချီ၏မျက်လုံးထောင့်များ ဆတ်ခနဲလှုပ်သွားပြီးနောက် သူက ချက်ချင်းပင် ဒေါသတကြီးအော်ငေါက်လိုက်သည်။
"မင်းက ရွေးချယ်ပွဲတွင်းမှာတောင် ဂိုဏ်းတူတပည့်တွေကို ထိခိုက်နာကျင်အောင်လုပ်ဝံ့တာလား"
ကျန့်ချီ၏နောက်တွင်ရှိနေသောလူများကလည်း လူသေအလောင်းများအား မြင်သွားကြ၏။
"အား...ဒါက စီနီယာအကိုလျိုမဟုတ်လား"
"ဒါက ဂျူနီယာမောင်လေးလီပဲ...သူက အပြင်စည်းတပည့်ဖြစ်လာဖို့ အသေချာဆုံးလူတွေထဲကတစ်ယောက်လေ"
သွေးအိုင်များအတွင်း၌ လဲကျနေသော လူသေအလောင်းများကိုကြည့်ပြီးနောက် ကျန့်ချီတို့လူစုသည် သည်းမခံနိုင်ကြတော့သဖြင့် လုယွီအား ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။
"မင်းက စမ်းသပ်ပွဲတွေကိုလည်း လှည့်စားပြီးဖြတ်ကျော်ခဲ့တယ်...ဒါတေါင်မကျေနပ်သေးဘဲ ဂိုဏ်းတူတပည့်တွေကိုသတ်ခဲ့တယ်....ဒီနည်းလမ်းက နတ်ဆိုးနည်းလမ်းတွေမဟုတ်ဘူးလား...မင်းက ရက်စက်လွန်းတယ်"
ဝှစ်...
ဓားရှည်တစ်လက်က လုယွီကို ပစ်မှတ်ထားနေပေ၏။
လုယွီက လက်နောက်ပစ်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။
"ဒီလူတွေကို ငါသတ်တယ်ဆိုတာ မင်းတို့သေချာပြောနိုင်လို့လား"
"မင်း သောက်ပေါတ်ပိတ်ထားစမ်း...မင်းမဟုတ်လို့ ဘယ်ကောင်ဖြစ်မှာလဲ...ငါတို့က သက်သေတွေပဲ...အပြင်စည်းတပည့်ရွေးချယ်ပွဲမှာတောင် မင်းက တခြားသူတွေကိုသတ်ဝံ့တယ်...မင်းက အရမ်းရက်စက်တဲ့ကောင်ပဲ"
ကျန့်ချီက ခြေတစ်လှမ်းရှေ့တိုးပြီး မောက်မာဟန်ဖြင့် ပြောဆိုလေသည်။
"ငါ သူကိုဖမ်းဆီးပြီး သူရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပစ်မယ်...ပြီးတာနဲ့ သူကို အပြစ်ပေးခန်းမကိုလက်လွှဲပေးလိုက်မယ်"
ကျန့်ချီက လှုပ်ရှားလိုက်သည်နှင့် သူ၏နောက်ဘက်တွင် ဆယ်ပေခန့်မြင့်သောရွှေရောင်ရုပ်ထုပုံရိပ်ကြီးထွက်ပေါ်လာသည်။ဤသည်က သူ၏ဓမ္မရုပ်ထုဖြစ်ပေ၏။
ကျန့်ချီ၏မဟာစွမ်းအားနတ်ဆိုးနတ်ဘုရားလက်ဝါးက တောင်များနှင့်မြစ်များကိုပင် ရွေ့လျားစေနိုင်သည်။
"မင်းနဲ့ငါကြား ကွာဟချက်ဘယ်လောက်ကြီးမားတယ်ဆိုတာ ငါ မင်းကို သိအောင်ပြမယ်"
ကျန့်ချီက လုယွီထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
သို့ရာတွင် သူ၏လက်ဝါး လုယွီထံသို့ ချဥ်းကပ်ခါနီးဆဲဆဲတွင် လုယွီက လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ ကျန့်ချီ၏ခန္ဓာကိုယ်အား ထိုးနှက်မိသွားသည်။
ဘုန်း....
ဗုံပေါ်သို့ ကျောက်တုံးတစ်တုံးပြုတ်ကျသကဲ့သို့ ဆူညံသောမြည်ဟီးသံကြီး ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ကျန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးလွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့် အပြင်းအထန်ရိုက်ခတ်မိတော့သည်။
သူ၏နောက်ရှိ အစွမ်းထက်ပုံရသော နတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးသည်လည်း လွင့်ပြယ်သွားပေ၏။
"ဖူး"
ကျန့်ချီ၏မျက်နှာအမူအယာ ရှုံမဲ့နေပြီး သူက ချက်ချင်းပင် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
"ဒါက မင်းနဲ့ငါကြားက ကွာဟချက်ပဲ"
လုယွီက ထီမထင်ဟန်ဖြင့် ပြောဆိုလေသည်။
Chapter 657
"စီနီယာအကိုကျန့်ချီတောင် သူရဲ့ပြိုင်ဘက် မဟုတ်ဘူးလား"
"အဲ့ဒီကောင်က နတ်ဆိုးနည်းစနစ်တွေကို အသုံးပြုနေတာပဲဖြစ်မယ်...လူတွေရဲ့သွေးကိုစုပ်ယူပြီး သူတို့ ရဲ့ကိုယ်ပိုင်ခွန်အားကို တိုးတက်အောင်လုပ်နိုင်တဲ့ နတ်ဆိုးနည်းစနစ်မျိုးရှိတာကို ငါ ကြားဖူးတယ်...ဖြစ်နိုင်တာတော့ သူက ဒီနည်းစနစ်မျိုးကိုလေ့ကျင့်ထားတာပဲ"
အမျိုးသားအစေခံတပည့်တစ်ယောက်က ပြောဆိုလိုက်၏။
"အဟွတ်...အဟွတ်...အဟွတ်"
ကျန့်ချီသည် ချောင်းတဟွတ်ဟွတ်ဆိုးနေပြီး သူ၏ပါးစပ်ထောင့်မှလည်း သွေးများယိုစီးကျနေကာ လုယွီအား ဒေါသတကြီးစိုက်ကြည့်နေပေ၏။
"ငါ့ကိုလွင့်ထွက်သွားအောင် မင်း ဘယ်လိုနတ်ဆိုးနည်းစနစ်တွေကို အသုံးပြုလိုက်တာလဲ"
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ထွက်ခွါရန်ဟန်ပြင်လိုက်သည်။ဤကဲ့သို့လူစားမျိုးနှင့် ဆက်လက်ငြင်းခုံနေပါက သူ အချိန်ဖြုန်းနေခြင်းသာဖြစ်ပေမည်။
လုယွီ ထွက်ခွါသွားတော့မည်ကိုကြည့်ပြီး ကျန့်ချီက မအောင့်မအည်းနိုင်တော့ဘဲ သူ၏စိတ်နှလုံးသားအတွင်းမှ ပျော်ရွှင်လာမှုကို ခံစားမိသည်။
ကြည့်ကြစမ်း...လုယွီ ထွက်ခွါသွားခြင်းမှာ သူ့အားကြောက်ရွံ၍သာဖြစ်ပေမည်။
ကျန့်ချီက ရုတ်တရက် မတ်တတ်ထရပ်ပြီး အော်ဟစ်ပြောဆိုလိုက်၏။
"ဘာလဲ...အခု မင်းကို ငါက ကြောက်သွားပြီလို့ မင်း ထင်နေတာလား...ငါ မင်းကိုပြောပြမယ်...ခုဏက တိုက်ခိုက်မှုက ငါ့ခွန်အားရဲ့သုံးပုံတစ်ပုံကိုပဲ အသုံးပြုခဲ့တာ...အခု မင်း သေပေတော့"
ကျန့်ချီက သူ၏ဓမ္မရုပ်ထုကို ထပ်မံ၍ထုတ်လွှက်ပြီး လုယွီထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
"ဆူညံလိုက်တာ"
လုယွီက နောက်ပြန်လှည့်ပြီး ခြေထောက်နှင့်ကန်ကျောက်လိုက်သည်။
ဘုန်းခနဲမြည်သံနှင့်အတူ ကျန့်ချီသည် နောက်သို့ထပ်မံ၍လွင့်ထွက်သွားပြီး မြေပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိလေ၏။
ဤတစ်ကြိမ်တွင် မြေပြင်သည် ကျန့်ချီ ကျရောက်လာမှုကြောင့် ကျင်းနက်ကြီးတစ်ကျင်းဖြစ်သွားသည်။ကျန့်ချီသည် ကျင်းနက်ကြီးအတွင်း၌ အကြောသေနေသကဲ့သို့ငြိမ်နေပြီး မလှုပ်ရှားနိုင်တော့ချေ။
ကျန့်ချီနောက်မှလိုက်ပါလာကြသော အစေခံတပည့်များသည် လေအေးတစ်ချက်ဆီရှိုက်သွင်းလိုက်ကြပြီး စကားတစ်လုံးမျှထပ်မံ၍မဆိုဝံ့ကြတော့ပေ။
သူတို့က လုယွီ၏ခွန်အားသည် ကျန့်ချီထက် အဆပေါင်းများစွာ ပို၍အားကောင်းနေခြင်းကို တွေ့မြင်မိကြသည်။
"ငါ လူတွေကိုမသတ်ချင်ဘူး...တကယ်လို့ မင်းတို့မှာ တခြားသူတွေကို ပြဿနာရှာဖို့ အချိန်ရှိနေတယ်ဆိုရင်...ဒီဝါးတောအုပ်ဝင်္ကပါထဲက ဘယ်လိုထွက်မလဲဆိုတာ စဥ်းစားသင့်တယ်"
လုယွီက တည်ငြိမ်စွာဖြင့်ပြောဆိုပြီးနောက် သူက နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွါခဲ့တော့သည်။
လုယွီ ထွက်ခွါသွားပြီးနောက် တခြားအစေခံတပည့်များသည် ကျင်းနက်ကြီးအတွင်းရှိ ကျန့်ချီကိုကြည့်ပြီးနောက် သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
"စီနီယာအကိုကျန့်ချီ....."
အမျိုးသမီးတပည့်တစ်ယောက်က ကျန့်ချီအား လက်မောင်းမှဆွဲ၍ ထူမရန်ကြိုးစားလေသည်။
သို့ရာတွင် လုယွီ၏တိုက်ခိုက်ခံရမှုကြောင့် ကျန့်ချီက ယခုလက်ရှိချိန်တွင် မတ်တတ်ရပ်နိုင်ရန်ပင် အားမရှိတော့ချေ။သူက ကျင်းနက်ကြီးအတွင်း၌ မလှုပ်မယှက် လဲလျောင်းနေဆဲပင်။
"ထားခဲ့တော့...ငါတို့သွားကြရအောင်...သူလိုအရူးကောင်ကို ဂရုစိုက်မနေနဲ့...သူက တခြားသူလောက်တောင် အစွမ်းအစမရှိဘဲ သေလမ်းသွားရှာတာကို...တော်တော်မိုက်မဲတဲ့ကောင်ပဲ"
အစေခံတပည့်တစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
အမျိုးသမီးတပည့်က သူမ၏ဆန့်တားထားသောလက်ကို ဖြည်းဖြည်းခြင်းပြန်ရုတ်သိမ်းလိုက်တော့သည်။
သူတို့အတွက် အပြင်စည်းတပည့်ရွေးချယ်ပွဲကို အောင်မြင်နိုင်ရန်ကသာ အရေးအကြီးဆုံးကိစ္စဖြစ်ပေသည်။
မည်သူကမျှ ကျန့်ချီအား အာရုံမစိုက်ကြတော့ချေ။သူသည် ကျင်းနက်ကြီးအတွင်း၌ သေသလော ရှင်သလောမသိရဘဲ လဲလျောင်း၍ကျန်ခဲ့လေ၏။
လုယွီက ရှေ့သို့ဆက်၍ သွားနေသည်။သို့ရာတွင် သူက မျက်မှောင်ကြုတ်ထားပေ၏။
ယခုလက်ရှိချိန်တွင် ဝါးတောအုပ်အထက်ရှိ မြူများသည် ပို၍ထူထပ်သိပ်သည်းလာပြီး သာမာန်မျက်လုံးဖြင့်ကြည့်လျှင် ဝါးတစ်ပြန်စာပတ်ဝန်းကျင်ကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ချေ။
ထိုမြူခိုးများသည် နတ်ဘုရားစိတ်အာရုံကိုလည်း ကန့်သတ်ထားပေ၏။
လုယွီ၏နတ်ဘုရားစိတ်အာရုံသည် မြူခိုးများကိုထွင်းဖောတ်ပြီး အပြင်စည်းခန်းမ၏တည်နေရာကို ရှာဖွေနိုင်စွမ်းရှိသည်။
သို့ရာတွင် တခြားသောအစေခံတပည့်များအတွက်မူ ဤမြူခိုးများသည် အနည်းငယ်ခက်ခဲကြမ်းတမ်းနေသည်။
"တကယ်လို့ ဒီနည်းလမ်းအတိုင်းသာရွေးချယ်ရင် အပြင်စည်းတပည့်သုံးရာမပြောနဲ့...လူသုံးဆယ်တောင်ရမှာမဟုတ်ဘူး"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူနှင့်မည်သို့မျှမသက်ဆိုင်ချေ။
လုယွီက အပြင်စည်းခန်းမ၏တည်နေရာသို့ အလျှင်အမြန် လျှောက်လှမ်းသွားနေသည်။သူက နဂါးပျံခြေလှမ်းကို အသုံးပြုထားသဖြင့် သူ၏ခြေထောက်များက အလွန်လျှင်မြန်စွာလှုပ်ရှားနေသည်။သူ ခြေတစ်ချက်နင်းလိုက်သော မြေပြင်နေရာတွင် ချိုင့်ရာများပင် ထင်ကျန်ရစ်ပေ၏။
သူက အပြင်စည်းခန်းမသို့ရောက်ရန် နီးကပ်နေလေပြီ။
သို့ရာတွင် လုယွီက ရုတ်တရက် ရပ်တန့်လိုက်၏။
"ဝင်္ကပါတစ်ခုလား...စိတ်ဝင်စားစရာပဲ"
လုယွီ၏မျက်လုံးများက ချက်ချင်းပင် တောက်ပသွားသည်။ဤအချိန်တွင် သူ၏နံဘေးနား၌ ကျောက်တုံးကြီးတစ်တုံးရှိနေသည်။အစောပိုင်းကပင် သူက ဤကျောက်တုံးကြီးအား ဖြတ်ကျော်ခဲ့သည်။
ဤအခြင်းအရာက သူသည် စက်ဝိုင်းပုံလှည့်ပတ်သွားနေမိခြင်းကို ညွှန်ပြနေသည်။
"ဟေ့ ကောင်လေး...ဒီနေရာကိုလာခဲ့"
မြူခိုးများကြားမှ ရုတ်တရက် မီးရောင်တစ်ချက် လင်းလက်လာသည်။
မီးတောက်က ယိမ်းထိုးနေပြီးနောက် ၎င်းပတ်ဝန်းကျင်ရှိမြူခိုးများသည် ကြောက်ရွံရမည့်အရာကို တွေ့ရှိသွားပုံဖြင့် တစတစလွင့်ပြယ်သွားသည်။
"မင်း တစ်ယောက်ထဲနဲ့ အပြင်ထွက်လို့ရမှာမဟုတ်ဘူး...မင်း ငါတို့နဲ့လာပူးပေါင်းတာ ပိုကောင်းလိမ့်မယ်"
မီးတိုင်ကိုကိုင်ဆောင်ထားသော တပည့်တစ်ယောက်က လုယွီအား အော်ဟစ်ပြောဆိုလိုက်၏။
Chapter 658
ဤနေရာ၌ မီးတိုင်ကိုင်ဆောင်ထားသူအား ဝိုင်းရံပြီး အစေခံတပည့်အယောက်လေးငါးဆယ်ခန့်ရှိနေသည်။
မီးတိုင်ကိုကိုင်ဆောင်ထားသူသည် အသက်ကြီးပုံရသောအစေခံတပည့်တစ်ယောက်ဖြစ်ပြီး အစောပိုင်းက လုယွီအား အော်ခေါ်လိုက်သူဖြစ်သည်။
လုယွီက ရှေ့သို့တိုးသွားလိုက်ရာတွင် သူတို့က ချက်ချင်းဆိုသလိုပင် သူ့အား မှတ်မိသွား၏။
မည်သို့ပင်ဆိုစေကာမူ လုယွီ၏လုပ်ဆောင်ချက်သည် စမ်းသပ်ပွဲနှစ်ခုလုံး၌ အလွန်ထူးချွန်ခဲ့သည်မဟုတ်လော။
"ကြည့်လိုက်တော့မှပဲ လှည့်စားတက်တဲ့ကောင်ဖြစ်နေတာကိုး...ဘာလဲ...မင်းက ဝါးတောအုပ်ဝင်္ကပါထဲမှာ လှည့်ကွက်တွေမသုံးနိုင်တော့ဘူးလား"
နားဝင်ဆိုးသောအသံတစ်သံက ထွက်ပေါ်လာသည်။
ထိုအသံပိုင်ရှင်က စုန့်ဟန်ဖြစ်ပေ၏။
ဤအချိန်တွင် စုန့်ဟန်က လူအုပ်ကြီးကြား၌ မတ်တတ်ရပ်နေပြီး လုယွီအား လှောင်ပြောင်သရော်လိုဟန်နှင့် ကြည့်နေသည်။
သူ၏နံဘေးတွင် အကြီးအကဲများ၏မျိုးဆက်အုပ်စုနှင့် အစေခံတပည့်များအနက်မှ ပါရမီရှင်တချို့ရှိနေပေ၏။
သူတို့အားလုံးသည် သူတို့၏အရည်အချင်းကြောင့် ဂုဏ်ယူဝင့်ကြွားနေကြသူများဖြစ်သဖြင့် လုယွီအား လှည့်ကွက်များသုံးပြီး စမ်းသပ်ပွဲများအား အောင်မြင်ခဲ့သူဟု ယူဆကာ အထင်အမြင်သေးနေကြ၏။
မီးတိုင်ကိုင်ဆောင်ထားသော အစေခံတပည့်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒါက အဆင်ပြေပါတယ်...ဒီညီငယ်လေးရဲ့ကျင့်ကြံဆင့်က နိမ့်ပါးပေမယ့်...တကယ်လို့ ငါတို့တူတူကြိုးစားကြမယ်ဆိုရင် ဒီမြူခိုးတွေကြားက ထွက်နိုင်မှာပါ"
သူ၏နောက်မှ ဟယ်ချင်းချင်းကမူ သူမ၏နှုတ်ခမ်းကို တွန့်ကွေးပြီး ပြောဆိုလေသည်။
"ဘယ်သူက သူနဲ့တွဲပြီး အလုပ်လုပ်ချင်မှာလဲ...အပြင်စည်းတပည့်က လူသုံးရာပဲ ရွေးချယ်မှာ...တကယ်လို့ ဒီနေရာမှာလာပြီး သူ ပြဿနာရှာဝံ့ရင်တော့...ငါ သူကို အရင်ဆုံးသတ်ပစ်မယ်"
ဤလူအုပ်စုသည် မီးတိုင်ကိုင်ဆောင်ထားသောအစေခံတပည့်ကိုသာ မှီခိုအားထားနေရမှန်းသိသာပေသည်။
သူ၏လက်အတွင်းရှိ မီးတိုင်သည် မည်ကဲ့သို့မှော်ရတနာမျိုးမှန်း မသိရသော်လည်း ထိုမီးတိုင်မှမီးတောက်သည် အနီးပတ်ဝန်းကျင်ရှိ မြူခိုးများအား လွင့်ပြယ်စေသည်။
ကြည့်ရသည်မှာ အကြီးအကဲများ၏မျိုးဆက်များတွင်လည်း မှော်ရတနာတချို့ပါရှိပုံရသည်။သို့ရာတွင် သူတို့၏မှော်ရတနာများသည် ဤနေရာ၌ အသုံးဝင်ပုံမရချေ။
လုယွီက ဖိတ်ကြားချက်အား ငြင်းဆန်ရန် ရည်ရွယ်လိုက်သည်။သူသည် မီးတိုင်မရှိဘဲ ဝါးတောအုပ်ဝင်္ကပါအား ဖြတ်ကျော်နိုင်ပေသည်။
ဝါးတောအုပ်ဝင်္ကပါသည် ပညာသားပါပါခင်းကျင်းထားသော်လည်း လုယွီကဲ့သို့ တာအိုသခင်၏စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသူအဖို့ အခက်အခဲမရှိချေ။
သို့သော် ထိုအချိန်မှာပင် လုယွီက အစေခံတပည့်တစ်ယောက်အား တွေ့မြင်မိသည်။သူက အချိန်တခဏကြာ တွေဝေသွားပြီးနောက် ဖိတ်ကြားခြင်းကို ငြင်းဆန်ခြင်းမပြုဘဲ လူအုပ်ကြားထဲသို့ လျှောက်လှမ်းသွားလိုက်၏။
ဤအခြင်းအရာကိုကြည့်ပြီး စုန့်ဟန်က မအောင့်အည်းနိုင်တော့ဘဲ သရော်တော်တော်ပြောဆိုလိုက်သည်။
"အနည်းဆုံးတော့ မင်းက အရူးတစ်ယောက်မဟုတ်ဘူး...တခြားသူတွေကို မှီခိုရမယ်ဆိုတာကို မင်း သိသေးသားပဲ"
လူအုပ်ကြီးက ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားကြ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးကိုလည်း မြူခိုးများက ဖုံးလွှမ်းထားသဖြင့် သဲသဲကွဲကွဲ မမြင်ရချေ။
အစေခံတပည့်တစ်ယောက်က ကူကယ်ရာမဲ့ပုံဖြင့်မေးမြန်းလိုက်သည်။
"စီနီယာအကိုကြီးစုချင်း...ဒါက အပြင်စည်းခန်းမရှိတဲ့ ဘက်လား"
မီးတိုင်ကိုကိုင်ဆောင်ထားသောအစေခံတပည့်၏အမည်က စုချင်းဖြစ်သည်။
စုချင်းက ပြောဆိုလိုက်၏။
"ဒါက အဆင်ပြေသွားမှာပါ...ငါက အပြင်စည်းတပည့်ရွေးချယ်ပွဲကို လေးကြိမ်လောက် ပါဝင်ယှဥ်ပြိုင်ဖူးတယ်...ဒါကြောင့် အပြင်စည်းခန်းမရဲ့တည်နေရာကို ငါက မှတ်မိနေတယ်"
"ဒါဆိုရင်တော့ ကျွန်တော်တို့က စီနီယာအကိုကြီးစုချင်းကို မှီခိုရတော့မှာပဲ"
"စီနီယာအကိုကြီးစုချင်းက တကယ့်ကိုလူကောင်းတစ်ယောက်ပဲ....သူ့ရဲ့ခွန်အားနဲ့ဆိုရင် အပြင်စည်းတပည့်ဖြစ်တာ အချိန်တော်တော်ကြာနေလောက်ပြီ...ဒါပေမယ့် သူက အပြင်စည်းတပည့်ရွေးချယ်ပွဲလုပ်တဲ့အချိန်တိုင်း တခြားသူတွေကိုပဲကူညီနေတာကြောင့် သူက အပြင်စည်းတပည့်ဖြစ်မလာခဲ့တာ"
"သူလိုလူမျိုး တခြားတစ်ယောက်ရှိနိုင်ပါ့မလား"
"ဖြစ်နိုင်တာတော့ ဒါက စီနီယာအကိုကြီးစုချင်းရဲ့ကျင့်ကြံမှုနည်းလမ်းဖြစ်မယ်"
လူအုပ်ကြီးက သက်ပြင်းရှိုက်နေကြ၏။
အချိန်အတန်ကြာပြီးနောက် သူတို့၏ရှေ့၌ တောင်တစ်လုံးရှိနေခြင်းကို တွေ့မြင်မိကြသည်။တောင်ပေါ်ရှိ ရေတံခွန်မှ ရေများစီးကျနေသံ ခပ်သဲ့သဲ့ကိုလည်း ကြားနိုင်ပေ၏။
"ဒီနေရာက ချောက်နက်ကြီးတစ်ခုပဲ...ဒီချောက်နက်ကြီးကို ကျော်ပြီးတာနဲ့ အပြင်စည်းခန်းမကိုရောက်ပြီ"
စုချင်းက ပြောဆိုလိုက်သည်။
အစေခံတပည့်များအားလုံး ဝမ်းသာလုံးဆို့သွားကြ၏။
အပြင်စည်းတပည့်ရွေးချယ်ပွဲ၌အခက်ခဲဆုံးအပိုင်းဖြစ်သော ဝါးတောအုပ်ဝင်္ကပါကို သူတို့က လွယ်လင့်တကူဖြတ်ကျော်နိုင်ခဲ့မည်ဟု မျှော်လင့်မထားမိကြပေ။
"ကျေးဇူးအရမ်းတင်ပါတယ် စီနီယာအကိုကြီးစုချင်း"
"စီနီယာအကိုကြီးစုချင်းက ဒီလေါကကြီးထဲမှာ စိတ်ထားအကောင်းဆုံးလူတစ်ယောက်ပဲ"
အစေခံတပည့်များက တစ်ယောက်ပြီးတစ်ယောက် စုချင်းအား ကျေးဇူးတင်စကားပြောဆိုနေကြ၏။
စုချင်း၏မျက်နှာပေါ်တွင်မူ အပြုံးတစ်ပွင့်ရှိနေသည်။
"လူတိုင်းပဲ ငါ့နောက်လိုက်ခဲ့ကြ...လူစုမကွဲစေနဲ့"
ထို့နောက် သူက အစေခံတပည့်များကိုခေါ်ဆောင်ပြီး ချောက်နက်ကြီးအတွင်းသို့ ဆင်းသွားတော့သည်။
လုယွီက ရုတ်တရက် ရပ်တန့်လိုက်ပြီး စုချင်း၏နောက်သို့ လိုက်ပါသွားခြင်းမရှိပေ။
စုချင်းက လုယွီ မတ်တတ်ရပ်ကျန်နေခြင်းကို သတိပြုမိသွားသည်။
"ဒီဂျူနီယာညီလေးက ဘာလို့ငါနောက်ကို မလိုက်ခဲ့တာလဲ"
စုန့်ဟန်က သရော်တော်တော်ပြောဆိုလိုက်၏။
"ငါ ခန့်မှန်းကြည့်သလောက်တော့ သူရဲ့နိမ့်ပါးတဲ့အရည်အချင်းတွေ ပေါ်ကုန်မှာကြောက်လို့ သူက အပြင်စည်းခန်းမကိုဝင်ဖို့ ကြောက်နေတာပဲ...စီနီယာအကိုကြီးစုချင်းက သူ့ကို အလေးစိုက်မနေပါနဲ့"
လူတိုင်းက စပ်စုချင်စိတ်ပြင်းပြဟန်ဖြင့် လုယွီအား ကြည့်နေကြသည်။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"ငါက မင်းနဲ့အတူ လိုက်သေရမလား"
Chapter 659
လုယွီထံမှ စကားသံထွက်ပေါ်လာချိန်တွင် လူတိုင်းက မျက်မှောင်ကြုတ်လိုက်ကြ၏။
စုန့်ဟန်က လုယွီအား ကျယ်လောင်စွာ အော်ဟစ်ကျိန်ဆဲနေလေသည်။
"မင်းမသွားရဲရင်လည်း မင်းသောက်ပေါက်ကိုပိတ်ထားလိုက်...စမ်းသပ်ပွဲတွေကို လှည့်ဖျားပြီးဖြတ်ကျော်နေတဲ့ကောင်ကများ...ဒီနေရာကိုလာပြီး ပေါက်ကရစကားတွေ ပြောမနေနဲ့"
တခြားအစေခံတပည့်များ၏မျက်နှာများပေါ်တွင်လည်း စိတ်မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏စီနီယာအကိုကြီးစုချင်းသည် အပြင်စည်းတပည့်များကြားတွင် ကျော်ကြားသူတစ်ယောက်ဖြစ်သည်။အစေခံတပည့်တော်တော်များများသည် စုချင်း၏အကူအညီဖြင့် အပြင်စည်းတပည့်များဖြစ်ခဲ့ကြသည်။
စုချင်းက ကြင်နာတက်သောနှလုံးသားပိုင်ရှင်တစ်ယောက် ဖြစ်ပေ၏။
ဤအချိန်တခဏတွင် လူတိုင်းနီးပါးက လုယွီအား စိမ်းစိမ်းဝါးဝါး ကြည့်နေကြသည်။
ဟယ်ချင်းချင်းက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။
"နင်က စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ...တကယ်လို့ နင် ကြောက်နေတယ်ဆိုရင် ဒီနေရာကထွက်သွားတော့...နင်လိုကောင်ကများ အပြင်စည်းတပည့်ရွေးချယ်ပွဲမှာ ဝင်ပြီးယှဥ်ပြိုင်နေသေးတယ်"
"အမှန်ပဲ...မလျော်ကန်တဲ့ နည်းလမ်းတွေသုံးကတည်းက ငါ သူကို ကြည့်မရတာ တော်တော်ကြာနေပြီ"
တခြားအစေခံတပည့်တစ်ယောက်ကလည်း အော်ဟစ်ပြောဆိုလေသည်။
စုန့်ဟန်က အကြံပြုလိုက်၏။
"ဒီကောင့်အကြောင်းကို မင်းတို့စိတ်ထဲ ထားမနေကြနဲ့တော့...ခုချိန်ထိ ငါတို့ မြူခိုးတွေကြားထဲက မထွက်နိုင်သေးဘူး...အပြင်စည်းခန်းမကို မြန်မြန်သွားကြစို့"
စုချင်းက သူ၏ခေါင်းကို ခါယမ်းပြီးနောက် လုယွီအားကြည့်ကာ တည်ကြည်လေးနက်ဟန်ဖြင့် ပြောဆိုလေသည်။
"ဂျူနီယာညီငယ်လေးက ဘာလို့ ဒီလိုစကားတွေပြောတယ်ဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် မင်း ငါ့ကိုယုံကြည်သင့်တယ်...ဒီနှစ်တွေမှာ ငါက လူရာပေါင်းများစွာကို အပြင်စည်းတပည့်တွေဖြစ်လာဖို့ ကူညီနိုင်ခဲ့တယ်...ငါ့ရဲ့ကျင့်ကြံမှုလမ်းကြောင်းက သူတပါးကိုကူညီနေသရွေ့ ငါလည်းပဲအကျိုးရှိတယ်"
"အော်...ဘာလို့ မင်းက ဒီနေရာကိုအသုံးချပြီး တခြားသူတွေကို ကူညီနေတာလဲဆိုတာ ငါ အရမ်းသိချင်သွားပြီ"
လုယွီ၏နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုက တွဲလွဲခိုနေသည်။
"အဲ့ဒီအပြင်စည်းတပည့်ဖြစ်သွားတဲ့လူတွေက သူတို့ရဲ့စိတ်ဝိညာဥ်မဟုတ်တော့မှာကိုတော့ ငါ စိုးရိမ်မိသားပဲ"
အစောပိုင်းက လုယွီသည် အော်ရာတစ်ခုကို သတိပြုမိခဲ့သည်။ဤအော်ရာသည် အလွန်ရင်းနှီးကျွမ်းဝင်နေပြီး မကြာသေးမီကမှ သူနှင့်တွေ့ဆုံထားခြင်းဖြစ်သည်။ထိုအော်ရာသည် ရှေးဟောင်းနတ်ဆိုး၏အော်ရာဖြစ်ပေ၏။
သူနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော ချောက်နက်ကြီးအတွင်းတွင် မြူခိုးများကထူထပ်သိပ်သည်းနေသော်လည်း လုယွီ၏နတ်ဘုရားစိတ်အာရုံအား ဟန့်တားနိုင်ခြင်းမရှိပေ။
ထိုနေရာ၌ ရှေးဟောင်းနတ်ဆိုးများနှင့် ပြည့်နှက်နေပေသည်။
လုယွီက စုရှင်းသည် မည်သည်ကြောင့် ဤမျှထိစိတ်အားထက်သန်နေခြင်းကို ခန့်မှန်းနိုင်ပြီးဖြစ်သည်။
ဤလောကကြီးတွင် မည်သူကမျှ သူတို့အတွက် အကျိုးမရှိသောအလုပ်ကိုမလုပ်ချေ။ရှေးဟောင်းနတ်ဆိုးများသည် တပည့်များကိုသတ်ပြီး သူတို့၏ခန္ဓာကိုယ်များကို အပိုင်စီးနိုင်ရန် ချောက်နက်ကြီးအတွင်း၌ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
စုချင်းက လုယွီ၏စကားကိုကြားသည်နှင့် သူ၏မျက်နှာအမူအယာပျက်ယွင်းသွားသည်။
"ဂျူနီယာညီလေး...အဲ့ဒီလိုတော့ မပြောသင့်ဘူး"
စုချင်း၏နူးညံသိမ်မွေ့သောစကားကိုကြားချိန်တွင် တခြားသူများက ဒေါသတကြီးဖြစ်သွားတော့သည်။
"ခွေးမသား...အခုချက်ချင်းဒူးထောက်ပြီး စီနီယာအကိုကြီးစုချင်းကို တောင်းပန်စမ်း"
"စီနီယာအကိုကြီးစုချင်းက ငါတို့ကိုအပြင်စည်းတပည့်ဖြစ်အောင်ကူညီနေတဲ့သူ....မင်းလို ရူးနေတဲ့ကောင်မဟုတ်ဘူး...မင်းလိုကောင်ကများ သူကို မေးခွန်းထုတ်ဝံ့တယ်လား"
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး အပြင်စည်းတပည့်ဖြစ်လာနိုင်မှုသည် စီနီယာအကိုကြီးစုချင်းပေါ်တွင်သာ မူတည်နေပေ၏။
စုချင်းက လုယွီအား အချိန်တခဏကြာစူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ကောင်းပြီလေ...ဒီဂျူနီယာညီလေးက ငါ့ကိုမယုံကြည်မှတော့ ငါ ထပ်ပြီးမတိုက်တွန်းတော့ပါဘူး"
စုန့်ဟန်က ရယ်မောလိုက်၏။
"စီနီယာအကိုကြီးက သူ့ကို အစကတည်းက ခေါ်မလာသင့်တာ...သူ့လိုလူစားမျိုးတွေအများကြီး ကျွန်တော်တွေ့ဖူးတယ်...သူမှာအရည်အချင်းမရှိတော့ တခြားသူတွေကို မနာလိုဖြစ်နေပြီး သူ့စိတ်နှလုံးသားကအမှောင်ဖုံးနေတာပဲ...ဟား ဟား ဟား"
စုချင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး တခြားသူများအား ချောက်နက်ကြီးအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
ဤနေရာအရောက်တွင် လူတိုင်းက သူတို့၏ရှေ့ရှိမြင်ကွင်းကို သဲသဲကွဲကွဲမြင်တွေ့ကြရ၏။ချောက်နက်ကြီး၏ပတ်ဝန်းကျင်တွင် အတားအဆီးတစ်ခုရှိနေပုံဖြင့် ပြင်ပမှမြူခိုးများအားလုံးကို ဟန့်တားထားပေသည်။
"ကြည့်ကြစမ်း...အပြင်စည်းခန်းမက ဟိုမှာ"
တစ်စုံတစ်ယောက်က အံ့အားသင့်ဟန်ဖြင့် အော်ဟစ်လိုက်၏။
ချောက်နက်ကြီးနှင့်မလှမ်းမကမ်းအကွာအဝေးတွင် ဧရာမတံခါးကြီးတစ်ချပ်က အံ့အားသင့်ဖွယ်ထွက်ပေါ်လာပေ၏။
ဤတံခါးအား 'နဂါးတံခါး'ဟု ခေါ်တွင်သည်။နဂါးတံခါး၏အတွင်းတွင် အဆောက်အအုံတစ်ခုရှိပြီး ၎င်းက အပြင်စည်းခန်းမဖြစ်သည်။
နဂါးတံခါးကိုဖြတ်ကျော်နိုင်သည်နှင့် လင်ရှောင်းဂိုဏ်း၏အပြင်စည်းတပည့်ဖြစ်သွားလေပြီ။သူတို့က ခက်ခဲကြမ်းတမ်းသောအလုပ်များကိုလုပ်ဆောင်ရသော အစေခံတပည့်များနှင့်မတူညီသော လင်ရှောင်းဂိုဏ်း၏တရားဝင်တပည့်ဖြစ်သည်။
ယခုလက်ရှိချိန်တွင် မြူခိုးများမရှိတော့သဖြင့် ကျင့်ကြံသူတစ်ယောက်၏နတ်ဘုရားစိတ်အာရုံသည် မီတာတစ်ထောင်ကျော်အကွာအဝေးသို့ ရောက်ရှိနိုင်သည်။
"သွားကြစို့"
ဤအချိန်တွင် စုန့်ဟန်က ဦးဆောင်နေခြင်းမရှိတော့ဘဲ လူများက နဂါးတံခါးထံသို့ တဟုန်ထိုးအပြေးသွားနေကြ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူတို့က နဂါးတံခါး၏အောက်သို့ ရောက်ရှိလာသည်။
"ထူးဆန်းတယ်...နဂါးတံခါးက နည်းနည်းအေးစက်နေတာကို မင်းတို့သတိပြုမိကြလား"
"စီနီယာအကိုကြီးစုချင်းက ဘယ်မှာလဲ....သူက ဘယ်ရောက်သွားတာလဲ"
Chapter 660
နဂါးတံခါး၏ရှေ့၌ တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးနေပေ၏။
လူအုပ်ကြီးထံမှခြေသံများကသာလျှင် လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
"နဂါးတံခါးကို စီနီယာတပည့်တစ်ချို့နဲ့အစောင့်အရှောက်မှော်သားရဲတွေက စောင့်ကြပ်နေကြတယ်လို့ ငါ ကြားဖူးတယ်...ဘာလို့ ဒီနေရာမှာ ဘာမှမရှိတာလဲ"
တစ်စုံတစ်ယောက်က ညည်းတွားပြောဆိုနေပေ၏။
စုန့်ဟန်ပင်လျှင် နဂါးတံခါးအား သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့မိသကဲ့သို့ စူးစိုက်ကြည့်နေသည်။
"ငါက နဂါးတံခါးကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပါတယ်...ဖြစ်နိုင်တာက ငါတို့ဂိုဏ်းကိုများ တိုက်ခိုက်ခံနေရတာလား"
တချို့သူများကမူ သူတို့သည်အစေခံတပည့်များဖြစ်သဖြင့် လင်ရှောင်းဂိုဏ်း၏စည်းမျဥ်းများအရ တောင်ပေါ်သို့တက်ခွင့်မရကြချေ။
သို့ရာတွင် စုန့်ဟန်ကမူ အပြစ်ပေးခန်းမအကြီးအကဲ၏သားဖြစ်သဖြင့် လင်ရှောင်းဂိုဏ်း၏အတွင်းပိုင်းနေရာများသို့ ဝင်ရောက်နိုင်သောအခွင့်အရေးကို ရရှိခဲ့သည်။
ဟယ်ချင်းချင်းက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။
"ဂိုဏ်းထဲမှာတစ်ခုခု လုပ်စရာရှိလို့ ဂိုဏ်းသားအားလုံးကို စုစည်းခေါ်ဆောင်ထားတာလို့ ငါတော့ထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ အစောင့်အကြပ်ရှိမနေရင်တောင် ငါတို့လင်ရှောင်းဂိုဏ်းကို ဘယ်သူက ကျူးကျော်ဝံ့မှာမလို့လဲ"
သူမ၏စကားများသည် အစေခံတပည့်များအားလုံး၏သံသယများကို လွင့်ပြယ်သွားစေသည်။
သူမ ပြောဆိုသည်က အမှန်ဖြစ်ပေ၏။သူတို့က ယခုလက်ရှိချိန်တွင် လင်ရှောင်းဂိုဏ်းအတွင်း၌ ရှိနေသည်။
သူတို့က အလယ်ပိုင်းကုန်းမြေ၏နံပါတ်တစ်ထိပ်သီးဂိုဏ်းမှ တပည့်များဖြစ်သည်။ဤလင်ရှောင်းဂိုဏ်းအတွင်း၌ သူတို့အားလုံး အကြွင်းမဲ့ဘေးကင်းလုံခြုံပေမည်။
"စိတ်ပျက်ဖို့ကောင်းတာကတော့ စီနီယာအကိုကြီးစုချင်းက ထပ်ပြီးပျောက်သွားတာပဲ...ကြည့်ရတာတော့ သူက အစေခံတပည့်နောက်တစ်သုတ်ကို ထပ်ပြီးသွားခေါ်ပြန်ပြီထင်တယ်"
လူအုပ်ကြီးကြားမှ သက်ပြင်းချသံအမြောက်အများ ထွက်ပေါ်လာသည်။
"ဟမ့်....အပြင်စည်းတပည့်ဖြစ်ဖို့လောက်ကိုများ"
စုန့်ဟန်က နဂါးတံခါးအတွင်းသို့ ခြေချလိုက်၏။
တခြားသူများ၏အမြင်တွင် အပြင်စည်းတပည့်ဟူသည်မှာ ကောင်းမွန်သောအဆင့်အတန်းဖြစ်သော်လည်း သူ့အတွက်ကမူ ခြေနင်းတုံးတစ်တုံးသာဖြစ်သည်။
လင်ရှောင်းဂိုဏ်းစတင်တည်ထောင်စဥ်က အကြီးအကဲများသည် သူတို့၏ဆွေမျိုးများကို ထောက်ခံချက်ပေးခဲ့သော်လည်း ဂိုဏ်းစည်းမျဥ်းများအရ ခွင့်မပြုခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ အချိန်ကာလလွန်မြောက်လာသည်နှင့်အမျှ လင်ရှောင်းဂိုဏ်း၏အဆင့်အတန်းသည် ပို၍မြင့်မားလာပြီး မည်သူကမျှလည်း အထွန့်မတက်ဝံ့ကြတော့ချေ။
စုန့်ဟန်က ရှေ့ဆုံးမှဦးဆောင်ပြီး အပြင်စည်းခန်းမအတွင်းသို့ သွားနေပေ၏။
ဤအချိန်တွင် အပြင်စည်းခန်းမ၏တံခါးကြီးကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး မည်သည့်အသံကိုမျှလည်း မကြားရချေ။
"လူတွေ ဘယ်ရောက်ကုန်တာလဲ...အခုချိန်က နေမဝင်သေးဘူးလေ...ငါတို့က နဂါးတံခါးကိုဖြတ်ကျော်ပြီးတာမို့ အပြင်စည်းတပည့်အဖြစ်အသိအမှတ်ပြုတော့လေ"
စုန့်ဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
မည်သူကမျှ သူ၏အမေးအား ပြန်လည်ဖြေဆိုခြင်းမရှိပေ။
စုန့်ဟန်က မိုးကောင်းကင်အား မော့ကြည့်လိုက်ရာတွင် ရုတ်တရက် သူက ကြက်သေသေသွားသည်။
မိုးကောင်းကင်ယံ၌ မြူခိုးများထူထပ်သိပ်သည်းစွာရှိနေပြီး နေရောင်ပင်တိုးမပေါက်နိုင်ချေ။
ဤနေရာက နဂါးတံခါး မဟုတ်ပေ။
လင်ရှောင်းဂိုဏ်း၏တံခါးမကြီးရှစ်ခုအနက်မှတစ်ခုဖြစ်သော နဂါးတံခါးသည် မြူခိုးများကြား၌ ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေစရာအကြောင်းမရှိချေ။
"တစ်ခုခုတော့......မှားနေပြီ"
စုန့်ဟန်က တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏စိတ်အတွင်း၌ ဆိုးဆိုးရွားရွားတစ်စုံတစ်ခုဖြစ်တော့မည့်နိမိတ်များ ထင်ဟပ်လာသည်။
ဟယ်ချင်းချင်းက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဘာကို ကြောက်နေကြတာလဲ...လင်ရှောင်းဂိုဏ်းရဲ့နယ်နမိတ်အတွင်းမှာ ငါတို့ကို ထိခိုက်နာကျင်အောင် လုပ်ရဲတဲ့သူ ရှိမှာမလို့လား"
သူမက လက်ကိုဆန့်တန်းပြီး တံခါးအား တွန်းဖွင့်လိုက်၏။
စုန့်ဟန်က အပြင်စည်းခန်းမအတွင်းရှိ ပရိဘောဂများအားလုံးသည် သူ တွေ့မြင်ဖူးသည်နှင့် မတူညီခြင်းကို ချက်ချင်းပင်သတိပြုမိသွားသည်။စုန့်ဟန်က မျက်မှောင်ကြုတ်နေပေ၏။သူ၏အကြည့်က ခန်းမ၏ထောင့်တစ်နေရာသို့ ကျရောက်သွားသည်။
ထိုနေရာ၌ သွေးအိုင်ကြီးတစ်အိုင်ရှိနေသည်။ သွေးအိုင်ကြီးမှလွဲ၍ ခန်းမအတွင်းရှိအရာရာတိုင်းသည် သပ်ရပ်သန့်ရှင်းနေသည်။သွေးအိုင်အတွင်း၌ လက်တစ်ဖက်ရှိနေ၏။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ဤနေရာအား သန့်ရှင်းရေးလုပ်ထားသော်လည်း သွေးအိုင်နေရာအား ရည်ရွယ်ချက်ရှိရှိချန်ထားပုံပင်။
"မဟုတ်သေးဘူး...ဒီနေရာက တစ်ခုခုတော့မှားယွင်းနေပြီ"
စုန့်ဟန်က သူ၏ဦးရေပြားပေါက်ကွဲထွက်လာတော့မည်ကဲ့သို့ ခံစားမိပြီး သူက အလျှင်အမြန်နောက်ဆုတ်လိုက်၏။
ထိုအခြင်းအရာကို တခြားသူများက မြင်ပြီးနောက် မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူတို့မသိကြသော်လည်း သူတို့၏မသိစိတ်မှနေ၍ သူတို့အားနောက်ဆုတ်ခိုင်းနေပေသည်။
ဘုန်း...
အစေခံတပည့်တစ်ယောက်က တစ်စုံတစ်ခုကိုတိုက်မိပြီး ကွဲကြေသွားကာ ခပ်ပုပ်အုပ်အသံတစ်သံထွက်ပေါ်လာသည်။ထိုသူက ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုလိုက်ရာတွင် စုချင်းအား တွေ့မြင်မိ၏။စုချင်းက သူတ်ု့လူစုကို သနားကြင်နာတက်သောမျက်နှာအမူအယာဖြင့် ကြည့်နေလေသည်။
"စီနီယာအကိုကြီးစုချင်း...အပြင်စည်းခန်းမမှာ ဘာအမှားအယွင်းတွေရှိနေတာလဲ"
စုန့်ဟန်က ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်၏။
စုချင်းက အပြုံးနှင့် ပြောဆိုလေသည်။
"မင်းတို့အထဲကိုဝင်သွားပြီး တစ်ချက်ကြည့်ကြည့်လေ....မကြာခင် မင်းတို့သိရမှာပါ"
အစေခံတပည့်တစ်ယောက်က သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။
"စီနီယာအကိုကြီးစုချင်း...ကျေးဇူးပြုပြီး ကျွန်တော်ကို အစေခံတပည့်တွေရဲ့ခြံဝင်းကိုပဲ ပြန်ပို့ပေးပါလား...ဒီနေရာကြီးက အရမ်းထူးဆန်းတယ်"
လင်ရှောင်းဂိုဏ်း၏အပြင်စည်းခန်းမသည် အမှန်တကယ်ကိုပင် လူသူကင်းမဲ့နေသလော။
ဖတ်.....
စုချင်းသည် ပြုံးနေဆဲဖြစ်သော်လည်း သူ၏လက်က အစေခံတပည့်၏နှလုံးသားနေရာသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။သူက ထိုသူ၏နှလုံးသားကို ဆွဲထုတ်လိုက်၏။
"မင်းတို့က ငါနဲ့အတူ လိုက်လာခဲ့ပြီဆိုမှတော့ အဆုံးထိသွားရမယ်လေ...တကယ်လို့ မင်းတို့ လမ်းခုလတ်မှာထွက်သွားမယ်ဆိုရင် မင်းတို့သေရမယ်"
စုချင်း၏အသံက အေးစက်တင်းမာနေသည်။