အခန်း (၆၆၁-၆၆၅)
Vol. 36 Ch. 661-665
Chapter 661
အခြားတစ်ဖက်၌....
လုယွီကမူ ဝါးတောအုပ်ဝင်္ကပါအတွင်း၌ လမ်းလျှောက်လိုက် ရံဖန်ရံခါ ရပ်တန့်လိုက်ဖြင့် ခရီးဆက်နေပေ၏။
လုယွီ၏သွားလာနေခြင်းသည် ပုံစံမကျဟုထင်ရသော်လည်း သူက ဦးတည်ဘက်တစ်နေရာထံသို့သာ ဖြည်းဖြည်းချင်းသွားနေပြီး ထပ်ခါတလဲလဲမြင်ကွင်းမျိုးကိုလည်း မတွေ့ရတော့ချေ။
အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းချိန်ခန့်ကြာပြီးနောက် လုယွီက ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ၏ရှေ့ရှိ မြူခိုးများက လှိုင်းတွန့်သွားပြီးနောက် အနက်ရောင်အရိပ်တချို့ ထွက်ပေါ်လာသည်။
လုယွီက မျက်မှောင်ကြုတ်ပြီးနောက် နောင်တရနေဟန်ဖြင့် ပြောဆိုလိုက်၏။
"ငါက မင်းကိုဖမ်းမိပြီထင်တာ...အခုတော့ အရေးမပါတဲ့ယင်ကောင်တစ်သိုက်ဖြစ်နေပြန်ပြီ"
ဤဝါးတောအုပ်ဝင်္ကပါအား ခင်းကျင်းထားမှုသည် ပညာသားပါသော်လည်း လုယွီ၏အမြင်တွင် အသေးအဖွဲသာဖြစ်သည်။
အကယ်၍ လုယွီသာ ပြင်ပသို့ထွက်လိုပါက ချက်ချင်းပင် ဖြတ်လမ်းတစ်ခုအားရှာဖွေပြီး တိုက်ရိုက်ထွက်သွားနိုင်ပေ၏။
သူ ဤနေရာ၌ဆက်၍နေနေခြင်းမှာ ရှေးဟောင်းနတ်ဆိုးများအား ဆွဲထုတ်ချင်၍သာဖြစ်သည်။
ယခုမူကား သူ့အတွက် စိတ်ပျက်ဖွယ်ရာအတိပင်။သူက ရှေးဟောင်းနတ်ဆိုးငယ်တစ်ချို့ကိုသာ ဆွဲထုတ်နိုင်ခဲ့သည်။
လုယွီ၏ရှေ့ရှိ အနက်ရောင်အရိပ်များသည် နောက်ဆုံး၌ သူတို့၏ပုံစံအစစ်အမှန်ကို ထုတ်ဖော်လိုက်ကြ၏။သူတို့အားလုံးသည် အစေခံတပည့်ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း သူတို့ကိုကြည့်ရသည်မှာ အနည်းငယ်ထူးဆန်းနေသည်။သူတို့၏မျက်နှာများပေါ်၌ အမူအယာကင်းမဲ့နေပြီး ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းဟူသောခံစားချက်များလည်း ရှိမနေချေ။
သူတို့၏မျက်စိသူငယ်အိမ်များပင်လျှင် ဗလာဟင်းလင်းဖြစ်နေပြီး ရုပ်သေးရုပ်များနှင့်သာ တူညီနေသည်။ထိုအစေခံတပည့်များ၏ခန္ဓာကိုယ်များအား ရှေးဟောင်းနတ်ဆိုးများက အပိုင်စီးထားလေပြီ။
"ဘာလဲ...ခန္ဓာကိုယ်အသစ်တွေက ခုမှရတာဆိုတော့...မင်းတို့က သက်တောင့်သက်သာမရှိသလို ခံစားနေရလို့လား"
လုယွီက လှောင်ပြောင်သရော်နေပေ၏။
ရှေးဟောင်းနတ်ဆိုးများ၏ခေါင်းဆောင်က အက်ရှရှအသံဖြင့် ပြောဆိုလေသည်။
"မင်း....မင်းကဘယ်သူလဲ...မင်းဆီမှာ အုပ်ချုပ်သူသူတော်စင်ရဲ့အငွေ့အသက်ရှိနေတယ်"
လုယွီ၏စိတ်နှလုံးသားများ အနည်းငယ်လှုပ်ခတ်သွားသည်။ဤသည်က နတ်မိမယ်ကျန်းမီသတ်ခဲ့သော အုပ်ချုပ်သူသူတော်စင်နှင့် သူရှေ့ရှိရှေးဟောင်းနတ်ဆိုးများ ဆက်စပ်မှုရှိနေခြင်းကို ညွှန်ပြနေပေ၏။ရှေးဟောင်းနတ်ဆိုးများသည် အလယ်ပိုင်းကုန်းမြေအား ငြိမ်းငြိမ်းချမ်းချမ်းမရှိစေရန် နှောက်ယှက်နေလေပြီ။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"အမှန်ပဲ...မင်းတို့ နောက်ကွယ်ကသူက ဘယ်သူလဲ...သူတော်စင်အုပ်ချုပ်သူလား...ဒါမှမဟုတ် မြင့်မြတ်တဲ့အင်ပါယာလား"
"အရှင်သခင်သူတော်စင်က မင်းကို သုတ်သင်ရမယ်လို့ ငါတို့ကိုအမိန့်ပေးထားတယ်"
ရှေးဟောင်းနတ်ဆိုးက သူ၏လည်ပင်းရိုးကို ဂျွတ် ဂျွတ်မြည်အောင် ချိုးနေပေသည်။
အရှင်သခင်သူတော်စင်ဟု ဆိုလိုက်သလော....
လုယွီ၏စိတ်နှလုံးသားများ လေးလံသွားသည်။ဤသည်သာ အမှန်ဖြစ်ပါက သူ့အတွက် ခေါင်းခဲစရာကိစ္စကြီးတစ်ရပ်ပင်။
အုပ်ချုပ်သူသူတော်စင်သည် လူသားမျိုးနွယ်ကျင့်ကြံသူများ၏စိတ်ဝီညာဥ်နယ်ပယ်နှင့် အဆင့်တူညီပေသည်။အရှင်သခင်သူတော်စင်ကမူ လူသားကျင့်ကြံသူများ၏သိုင်းသူတော်စင်အဆင့်နှင့် တူညီနိုင်သည်။
ယခုလက်ရှိအချိန်၌ ထိုကျင့်ကြံဆင့်နယ်ပယ်နှစ်ခုလုံးသည် လုယွီအတွက် အလွန်အလှမ်းကွာဟနေပေသည်။
"ဒီလိုဆိုမှတော့....မင်းတို့လည်းရှိနေစရာ မလိုအပ်တော့ဘူး"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။သူက ဓားကိုဆွဲထုတ်ခြင်းမပြုသော်လည်း သူ၏လက်ဖဝါးမှ ဆေဘာဓားချီများ ပွင့်အံထွက်လာပြီး ပတ်ဝန်းကျင်အား ချက်ချင်းပင် လှည့်ပတ်တိုက်ခတ်သွားသည်။
ဘုတ်....ဘုတ်....ဘုတ်...
ဤအဆင့်နိမ့်ရှေးဟောင်းနတ်ဆိုးများသည် ယခင်က ကျန်းမိသားစုမှရှေးဟောင်းနတ်ဆိုးများကဲ့သို့ပင် လုယွီ၏ခေါင်းဖြတ်ခြင်းကို ခံကြရ၏။
ထိန်းချုပ်မှုလွတ်ကင်းသွားသော ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အရေပြားများ ရှုံတွလာပြီး မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခုပြုတ်ကျလာတော့သည်။
"သူတော်စင်...သူတော်စင်"
လုယွီက ထိုစကားစုကို နှစ်ကြိမ်တိုင်တိုင် ရွတ်ဆိုပြီးနောက် သူ၏မျက်လုံးများက အေးစက်စက်တောက်ပလာသည်။
သူ၏အတိတ်ဘဝတွင် လုယွီသည် ရှေးဟောင်းနတ်ဆိုးများ၏လွှမ်းမိုးမှုအောက်၌ ပျက်စီးသွားသော မရေမတွက်နိုင်သည့် ထိပ်သီးစွမ်းအားစုများကို တွေ့မြင်ခဲ့ပြီးဖြစ်သည်။
ယခုလက်ရှိအချိန်၌ လင်ရှောင်းဂိုဏ်းသည် အစွမ်းထက်သည်မှာမှန်သော်လည်း အရာရောက်သောစွမ်းအားစုမဟုတ်သေးချေ။
ရုတ်တရက် လုယွီက အနည်းငယ် မိန်းမောတွေဝေသွားပေ၏။
သူ၏စိတ်ဝိညာဥ်သည် မြူခိုးများကြား၌ပင် မိုင်ပေါင်းများစွာကို ဖြတ်သန်းပြီး မြင်နိုင်သည်။သူ၏အကြည့်က လူတစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ဤလူက မိန်းကလေးတစ်ယောက်ပင်။
သူမက မျက်နှာလွှားဇာကိုတပ်ဆင်ထားပြီး သူမ၏ခေါင်းပေါ်ရှိဝါးခမောက်ကလည်း နှစ်ခြမ်းကွဲနေသည်။သူမ၏ဆံနွယ်များသည် လေထုအတွင်း၌ လူးလွင့်နေပြီး ဆံနွယ်များအကြားမှ သူမ၏လှပချောမောသောမျက်နှာလေးက ထွက်ပေါ်နေပေ၏။
သူမအား ရှေးဟောင်းနတ်ဆိုးများ၏ ခန္ဓာကိုယ်အပိုင်စီးထားခြင်းခံထားရသော အစေခံတပည့်များက ဝိုင်းရံထားသည်။
လုယွီက မိတ်ဟောင်းကျွမ်းဟောင်းတစ်ယောက်ကို ဤနေရာ၌ဆုံတွေ့ရမည်ဟု မျှော်လင့်မထားမိချေ။
သူမက ကျီးချန်ယွီ ဖြစ်ပေ၏။
အလယ်ပိုင်းကုန်းမြေသို့လာရာ လမ်းခရီးတွင် သူတို့နှစ်ယောက် ကွဲကွာခဲ့ရသည်။
ယခုလက်ရှိအချိန်၌ ကျီးချန်ယွီသည် လင်ရှောင်းဂိုဏ်း၏အပြင်စည်းတပည့်ရွေးချယ်ပွဲနေရာသို့ အမှန်တကယ်ကိုပင် ရောက်ရှိနေခဲ့သည်။
လုယွီ၏နတ်ဘုရားစိတ်အာရုံမှအာရုံခံမှုအရ ကျီးချန်ယွီ၏အော်ရာသည် အလွန်အမင်းအားနည်းနေပေ၏။
သူမက ဒဏ်ရါရထားပုံရပြီး ရှေးဟောင်းနတ်ဆိုးများ၏အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် သူမကိုကြည့်ရသည်မှာ ကူကယ်ရာမဲ့နေပုံရသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီက ချက်ချင်းပင် ကျီးချန်ယွီရှိနေသောနေရာသို့ အပြေးသွားလိုက်တော့သည်။
Chapter 662
နဂါးတံခါး၏ပြင်ပ၌..
ဤနေရာသို့ရောက်ရှိလာသော အစေခံတပည့်များကို လူအမြောက်အများက ဝိုင်းရံထားကြ၏။
အစေခံတပည့်များအားဝိုင်းရံထားသော "တပည့်"များသည် မျက်နှာသေကြီးများနှင့်ဖြစ်ပြီး သူတို့ထဲမှတချို့လူများ၏ ခန္ဓာကိုယ်များပေါ်တွင် သွေးများပင်စွန်းထင်းနေဆဲဖြစ်သည်။
မြောက်များစွာသောမျက်လုံးများ၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသဖြင့် အစေခံတပည့်များသည် တုန်လှုပ်ချောက်ချားလာကြသည်။
"စီနီယာအကို ဖန့်...ကျွန်တော်ကို မမှတ်မိဘူးလား...ကျွန်တော်က ယွီဖေးလေ"
"အကို လော့...အဲ့ဒီလိုကြီး မလုပ်ပါနဲ့"
အစေခံတပည့်များသည် အကောင်းဆုံးကြိုးစား၍ ထိုသူတို့အား သွေးဆောင်နေကြသော်လည်း ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသူများသည် သူတို့၏စကားကို နားမထောင်ကြချေ။
စုန့်ဟန်၏နှုတ်ခမ်းမဲ့ပြီး ပြောဆိုလိုက်၏။
"အရူးတစ်သိုက်...အခုလက်ရှိအခြေအနေကို မင်းတို့မသိကြဘူးလား...သူတို့က အပြင်စည်းတပည့်ရွေးချယ်ပွဲကို အလေးစိုက်တဲ့သူတွေမဟုတ်ဘူး...သူတို့က မင်းတို့ရဲ့အသက်ကို လိုချင်နေတာ"
သူကမူ ဂရုမစိုက်ပေ။သူ၏လက်အတွင်း၌ သူ့ဖခင်ပေးထားသော အဆောင်လက်ဖွဲ့တစ်ခုရှိနေသည်။အကယ်၍ သူ၏အသက်အန္တရာယ်သာ ကျရောက်လာပါက အဆောင်လက်ဖွဲ့ကိုဆုတ်ဖြဲလိုက်သည်နှင့် သူ၏ဖခင်ထံသို့ သူရောက်ရှိသွားပေမည်။သို့ရာတွင် သူ ထိုသို့ပြုလုပ်လိုက်ပါက အပြင်စည်းတပည့်ရွေးချယ်ပွဲမှနေ၍ သူ့အား ထုတ်ပယ်ခြင်းခံရနိုင်သည်။
စုန့်ဟန်က သူ၏အဖိုးတန်သောအရည်အချင်းကို ဤအရေးမပါသောကိစ္စကြောင့် ဖြုန်းတီးလိုစိတ်မရှိပေ။
"ဒီလူတွေကိုကြည့်ရတာ တစ်ခုခုပူးကပ်နေပုံပဲ...ငါ ခန့်မှန်းကြည့်သလောက်တော့ သူတို့ရဲ့စိတ်ကိုထိန်းချုပ်ထားတဲ့ အစွမ်းထက်မှော်သားရဲတစ်ကောင်ဖြစ်နိုင်တယ်"
စုန့်ဟန်က ယုံကြည်ချက်ခိုင်မာဟန်ဖြင့် ပြောဆိုလိုက်၏။
အစေခံတပည့်တစ်ယောက်က စိုးရိမ်ပူပန်ဟန်ဖြင့် ပြောဆိုလေသည်။
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"
စုန့်ဟန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"ဒီကောင်တွေက သေလမ်းလာရှာနေမှတော့...ဘာမှညှာတာနေစရာမလိုဘူး...သူတို့ကိုသတ်ပြီး ဖောတ်ထွက်ကြရအောင်"
သူက မတ်တတ်ရပ်နေရင်းမှ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။
"အပြင်စည်းတပည့်ရွေးချယ်ပွဲရဲ့နောက်ဆုံးအဆင့်မှာ သတ်ဖြတ်တာကို ခွင့်မပြုထားဘူး...ငါရဲ့အဖေက အပြစ်ပေးခန်းမအကြီးအကဲပဲ....သူက မင်းတို့ရဲ့ဘေးကင်းလုံခြုံမှုအတွက် အာမခံနိုင်တယ်"
စုန့်ဟန်၏စကားကိုကြားသော အစေခံတပည့်များ၏မျက်လုံးများ လင်းလက်တောက်ပလာသည်။
"မဆင်မခြင်မလုပ်နဲ့....နင်က သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး"
ကျီးချန်ယွီက လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။
ကျီးချန်ယွီက စုန့်ဟန်ကဲ့သို့သောလူသစ်များကိုကာကွယ်ရန် သူမ၏မှော်စွမ်းအင်များကို အလွန်အကျွံသုံးစွဲပြီးဖြစ်သဖြင့် သူမ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
စုန့်ဟန်က အော်ငေါက်လိုက်၏။
"မင်းက ဘာသိလို့လဲ...တကယ်လို့ မင်း ကြောက်နေရင် နောက်မှာသွားနေ...မင်းက ဒီလိုမျိုးအမှိုက်တစ်သိုက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား"
စုန့်ဟန်က သူရှေ့မှလူစု၏အမြင့်ဆုံးကျင့်ကြံဆင့်နယ်ပယ်သည် ဓမ္မရုပ်ထုနယ်ပယ် အလယ်ဆင့်သာရှိခြင်းကို သိရှိပြီးဖြစ်သည်။သူသည် ဓမ္မရုပ်ထုနယ်ပယ် နှောင်းပိုင်းအဆင့်သို့ရောက်ရှိပြီးသူပင်။
ကျီးချန်ယွီက စကားပြောဆိုလိုသော်လည်း ရုတ်တရက် သူမ၏ရင်ညွှန့်မှစူးခနဲအောင့်လာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။သူမ၏ဒဏ်ရါများက အလွန်ပြင်းထန်လှသည်။သူမ စကားတစ်လုံးပြောဆိုလိုက်ချိန်တိုင်းတွင် သူမ၏ဒဏ်ရါများ ပို၍ဆိုးရွားလာသည်။
စုန့်ဟန်၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်
"ဒီလေါက်အစွမ်းအစနဲ့များ...အပြင်စည်းတပည့်ရွေးချယ်ပွဲကို ပါဝင်ယှဥ်ပြိုင်ရဲသေးတယ်....အပြင်စည်းတပည့်တွေက ဘာတွေကိုဖြတ်ကျော်ရမလဲဆိုတာ မင်းတို့တစ်ယောက်မှမသိမှာကို ငါ စိုးရိမ်မိတယ်"
စုန့်ဟန်က ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုနေပေသည်။
သူက လူများကိုဦးဆောင်ပြီး ရှေးဟောင်းနတ်ဆိုးများ၏ပူးကပ်ခြင်းခံထားရသော တပည့်များထံသို့ တရကြမ်းပြေးဝင်သွားတော့သည်။
"အရှင်သခင်သူတော်စင်က အမိန့်ပေးလိုက်တယ်...ဒီကောင်တွေအားလုံးကို အသေသတ်ကြ...ဘယ်ကောင်ကိုမှ အရှင်မထားခဲ့နဲ့"
ရုတ်တရက် တပည့်တစ်ယောက်က ပြောဆိုလိုက်၏။သူ၏အသံသည် အလွန်အမင်း အက်ရှနေပေ၏။သို့ရာတွင် သူ၏မျက်နှာသည် အသက်နှစ်ဆယ်မပြည့်သေးသော လူငယ်တစ်ဦးအသွင်သာရှိနေသည်။
ရုတ်ချည်းဆိုသလိုပင် တပည့်တစ်ယောက်က သူ၏ပါးစပ်ကိုကျယ်လောင်စွာဖွင့်ဟပြီးနောက် သူ့နောက်ကျောမှနေ၍ အနက်ရောက်လက်မောင်းတစ်ဖက်ထွက်ပေါ်လာသည်။
ရှေးဟောင်းနတ်ဆိုးများ၏ပူးကပ်ခြင်းခံရထားရသော တပည့်အုပ်စု၏မျက်နှာများပေါ်တွင် ထူးထူးဆန်းဆန်းအမူအယာများသာ ရှိနေလေ၏။သူတို့၏ခန္ဓာကိုယ်များ ရုတ်တရက်ကွဲအက်သွားပြီးနောက် အနက်ရောင်ပုံရိပ်များက လေထုအတွင်း၌ မျောလွင့်နေပေ၏။
"လတ်ဆတ်တဲ့အသွေးအသားတွေပါလား"
"အရှင်သခင်သူတော်စင်က သူတို့ကိုသတ်ဖို့အမိန့်ပေးထားတာ...သူတို့ကို ငါတို့ ပူးကပ်စရာမလိုဘူး"
"ငါ သူတို့ကို အရှင်လတ်လတ်စားချင်နေပြီ...ဟား ဟား ဟား..ငါ မစောင့်နိုင်တော့ဘူး"
ရှေးဟောင်းနတ်ဆိုးများ၏တီးတိုးပြောဆိုနေသံများက စုန့်ဟန်၏နားအတွင်းသို့ ကျရောက်လာသည်။
စုန့်ဟန်က အေးစက်စက် နှာမှုတ်လိုက်၏။
"တမင်သက်သက် အာရုံများအောင်လုပ်နေကြတဲ့ကောင်တွေပဲ"
စုန့်ဟန်က သူ၏ဓားကို ရှေးဟောင်းနတ်ဆိုးအုပ်စုထံသို့ ဦးတည်၍ဝှေ့ယမ်းလေသည်။
သို့ရာတွင် ဓားချီလှိုင်းများက လေထုအတွင်း၌ဗရှိနေဆဲမှာပင် အနက်ရောင်လက်ကြီးကြောင့် ပျက်ပြယ်သွားသည်။
"စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူ"
စုန့်ဟန်၏ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေပေသည်။သူက နောက်သို့လှည့်ပြီး တပည့်နှစ်ယောက်အားဆွဲကာ သူရှေ့၌ ကာဆီးလိုက်သည်။
ဘန်း....ဘန်း....
စုန့်ဟန်၏အကာအကွယ်အဖြစ် အသုံးပြုခြင်းခံရသော တပည့်နှစ်ယောက်သည် အနက်ရောင်လက်ကြီး၏ရိုက်ခတ်ခြင်းခံရမှုကြောင့် သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားတော့သည်။
"မြန်မြန် တားဆီးကြစမ်း....ငါရဲ့အဖေက အပြစ်ပေးခန်းမအကြီးအကဲပဲ...တကယ်လို့ ငါ သေသွားရင် မင်းတို့အားလုံးလည်းသေရမယ်"
စုန့်ဟန်က နောက်သို့လှည့်ပြီး ထွက်ပြေးလေ၏။
Chapter 663
စုန့်ဟန်က အလျှင်အမြန်နောက်ဆုတ်နေပြီး သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များက ဖြတ်ပြေးနေသည်။
သူက ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အပိုင်စီးခြင်း ခံထားရသောတပည့်များထံမှ ခြိမ်းခြောက်နိုင်မှုကို အာရုံခံမိသည်။
သူက အနည်းငယ်များပင်တုံ့ဆိုင်းမနေဝံ့ချေ။ထိုသူများက သူ့အား သတ်ဖြတ်ပစ်မည်မှာ မလွဲဧကန်ပင်။
"သေစမ်း...ဘယ်လိုလုပ်ပြီး အစေခံတပည့်တွေကြားမှာ စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူရှိနေတာလဲ....အဲ့ဒီကျင့်ကြံဆင့်က ခန်းမခွဲသခင်တောင်ဖြစ်နိုင်နေပြီ...ဘာလို့ ဒီနေရာမှာ ဆက်ပြီးနေနေကြတာလဲ"
စုန့်ဟန်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားနေပေသည်။
စုန့်ဟန် နောက်ဆုတ်သွားသည်ကိုကြည့်ပြီး တခြားအစေခံတပည့်များ၏မျက်နှာအမူအယာများသည်လည်း ပျက်ယွင်းသွားပြီး သူတို့က နောက်ဆုတ်ပြေးကြတော့သည်။
ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်ထိရောက်ရှိလာသူများသည် ဥာဏ်တိမ်သူများမဟုတ်ချေ။ထို့ပြင် အစောပိုင်းက စုန့်ဟန်က ထိုသူများသည် စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူများဟု အံ့အားတသင့်ဖြင့် အော်ဟစ်ခဲ့သည်။အကယ်၍ သူတို့ကသာ ထိုသူများကိုရင်ဆိုင်တိုက်ခိုက်ပါက သေလမ်းရှာနေခြင်းသာ ဖြစ်ပေမည်။
"အရှင်သခင်သူတော်စင်က အမိန့်ပေးလိုက်တယ်...လူတချို့ကိုတော့ အသက်ရှင်ရက်ချန်ထားလိုက်....ကျန်တဲ့သူတွေအားလုံးကို သတ်ပစ်တော့"
ရုတ်တရက် အနက်ရောင်အရိပ်တစ်ရိပ်က အက်ရှရှအသံဖြင့် ပြောဆိုလိုက်၏။
မူလက စုန့်ဟန်ထံသို့ တဟုန်ထိုးပြေးဝင်နေကြသော အနက်ရောင်အရိပ်များအားလုံး ရုတ်တရက်ရပ်တန့်သွားသည်။တစ်ချိန်တည်းမှာပင် ဟယ်ချင်းချင်းနှင့်တခြားအကြီးအကဲများ၏မျိုးဆက်များ နံဘေးပတ်လည်ရှိ အနက်ရောင်အရိပ်များသည်လည်း ရပ်တန့်သွားပေ၏။
တခြားသူများကမူ ကံမကောင်းကြချေ။အနက်ရောင်အရိပ်များ၏ခွန်အားသည် သူတိူ့ထက် အဆမတန်ပိုကောင်းနေလေသည်။ယခုလက်ရှိချိန်၌ အစေခံတပည့်များသည် ပြန်လည်ခုခံနိုင်စွမ်းပင် ကင်းမဲ့လာကြ၏။အချိန်နှင့်အမျှ အနက်ရောင်အရိပ်များ၏လက်ချက်ဖြင့် အစေခံတပည့်များ သေဆုံးနေပေသည်။
လတိလတ်ဆတ်ဆတ်သွေးများက မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။ခြေပြတ် လက်ပြတ်များကလည်း နေရာအနှံ့ ရှိနေသည်။တချို့လူများသည် အသက်မသေသေးသော်လည်း အပြင်းအထန်ဒဏ်ရါရရှိထားသဖြင့် သွေးအိုင်များအတွင်း၌ စူးရှနာကျင်စွာ အော်ဟစ်နေကြ၏။
စုန့်ဟန်ကမူ အနည်းငယ် ကြက်သေသေနေပေသည်။ထို့နောက် သူက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်နှာပေါ်၌ စိတ်အေးသွားသောအမူအယာမျိုး ပေါ်ထွက်လာသည်။
"ကောင်းပြီလေ...ငါ့ကို မသတ်ကြနဲ့...ငါရဲ့အဖေက အပြစ်ပေးခန်းမအကြီးအကဲပဲ....မင်းတို့လိုချင်တဲ့ ဘယ်အရာမဆို ငါ ပေးနိုင်တယ်"
စုန့်ဟန်က ကပျာကယာ အော်ဟစ်ပြောဆိုလေ၏။
သူ အော်ဟစ်လိုက်ချိန်တွင် အနက်ရောင်အရိပ်များက ရုတ်တရက် ရပ်တန့်သွားသည်။
စုန့်ဟန်၏စိတ်နှလုံးသားအတွင်း၌မူ ပျော်ရွှင်နေမိသည်။သူက သူ၏ညာဘက်လက်ကိုနောက်ပစ်ထားပြီး သူ၏ဖခင်ပေးထားသော အဆောင်လက်ဖွဲ့အတွင်းသို့ မှော်စွမ်းအားများ ထည့်သွင်းနေလေသည်။
မှော်စွမ်းအင်လှိုင်းတစ်လှိုင်းက အဆောင်လက်ဖွဲ့အတွင်းသို့ စီးဝင်သွားပြီးနောက် ၎င်းက ချက်ချင်းပင် အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအလင်းရောင်များကြောင့် အဆောင်လက်ဖွဲ့ရှိနေမှုအား ဖုံးကွယ်ထား၍မရတော့ချေ။အဝေးတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးများပင် ထိုအဆောင်လက်ဖွဲ့တည်ရှိမှုကို အာရုံခံနိုင်လေသည်။
တစ်ချိန်တည်းမှာပင် စုန့်ဟန်၏ခန္ဓာကိုယ်ပတ်လည်၌ လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာသည်။တခြားသူများ၏အကြည့်များအောက်၌ပင် စုန့်ဟန်၏ခန္ဓာကိုယ်က တဖြည်းဖြည်းတွန့်လိမ်သွားပေ၏။
"မင်းတို့စောင့်နေကြ...တကယ်လို့ ငါ အပြင်စည်းတပည့်ဖြစ်ဖို့ကို ဒီကိစ္စက အနှောက်အယှက်ဖြစ်စေတယ်ဆိုရင် မင်းတို့အားလုံး သေဖို့သာပြင်ထားကြ...ငါ ပြန်ရောက်တာနဲ့ ငါ့အဖေကိုပြောပြီး မင်းတို့အားလုံးကို ရေအကျဥ်းထောင်ကိုပို့မယ်"
စုန့်ဟန်က ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။
အစေခံတပည့်များက ထိတ်လန့်တုန်လှုပ်နေကြသော်လည်း အကြီးအကဲများ၏မျိုးဆက်များကမူ အံတင်းတင်းကြိတ်ကာ သူတို့၏လွတ်မြောက်အဆောင်လက်ဖွဲ့များကို အသုံးပြုလိုက်ကြသည်။
ဤအချိန်တခဏတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ အရောင်အသွေးစုံလင်သော မှော်စွမ်းအင်ပလင်းတန်းများ ဖြာထွက်နေသည်။
ရှေးဟောင်းနတ်ဆိုးများက ဤအချိန်တခဏတွင် ကြက်သေသေနေကြ၏။သူတို့က ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပျက်လာမည်ဟု မျှော်လင့်မထားခြင်းမှာ သိသာထင်ရှားနေသည်။
"မင်းတို့က ထွက်ပြေးချင်တာလား...သူတို့ကို တားဆီးကြစမ်း"
ရှေးဟောင်းနတ်ဆိုးများသည် အလွန်အမင်းဒေါသထွက်သွားကြပြီး အလင်းရောင်တန်းများထံသို့ တရကြမ်းပြေးဝင်လာကြတော့သည်။
မြောက်များစွာသော အနက်ရောင်လက်ကြီးများက ကောင်းကင်ယံမှကျဆင်းလာပြီး အလင်းရောင်တန်းများအား လွှမ်းခြုံထားပေ၏။
မည်သို့ပင်ဆိုစေကာမူ စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်၏ခွန်အားသည် ဤအခြေအနေအားကိုင်တွယ်နိုင်ရန် လွန်စွာအလှမ်းကွာဟလေသည်။
အတွင်းစည်းအကြီးအကဲအများစုသည် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ပေ၏။ထိုအကြီးအကဲများက သူတို့၏မျိုးဆက်များအား ပေးထားသောမှော်ရတနာများတွင် သူတို့၏စွမ်းအားနှင့်ညီမျှသော မှော်မန္တန်များ ထည့်သွင်းပေးထားကြသည်။
ထိုမှော်မန္တန်များ တစ်ချိန်တည်း ပွင့်အံထွက်လာချိန်တွင် ရှေးဟောင်းနတ်ဆိုးများသည် မည်သို့မျှတောင့်မခံနိုင်တော့ချေ။
ဘန်း....
ရှေးဟောင်းနတ်ဆိုးများ၏အနက်ရောင်လက်များအားလုံး ပြန်ကန်ထွက်လာပေ၏။
ဤအခြင်းအရာကိုကြည့်ပြီး စုန့်ဟန်က ရယ်မောလိုက်သည်။
"နှုတ်ဆက်ပါတယ်...အရူးတစ်သိုက်..."
ထိုအချိန်မှာပင် လင်းလက်နေသောကောင်းကင်ယံကြီးက ရုတ်တရက်မှောင်မိုက်သွားသည်။
တည်နေရာကူးပြောင်းရန်အတွက် အသုံးပြုနေသော အဆောင်လက်ဖွဲ့များအားလုံးသည် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ဟန့်တားထားခြင်းကိုခံလိုက်ရပြီး မည်သည့်အလင်းရောင်မျှ တောက်ပလာခြင်းမရှိတော့ချေ။
"သူတို့ကိုဖမ်းဆီးပြီး သတ်ပစ်လိုက်တော့"
ရှေးဟောင်းနတ်ဆိုးတစ်ကောင်က အသံနက်ကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
စုန့်ဟန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီးနောက် သူက နံဘေးတွင်ရှိနေသော ကျီးချန်ယွီကိုမြင်ချိန်တွင် စူးရှရှအော်ဟစ်လိုက်သည်။
"မင်းက တားမြစ်နည်းစနစ်တစ်ခုကို အသုံးပြုနိုင်တယ်မဟုတ်ဘူးလား...ခုချက်ချင်းအသုံးပြုစမ်း...ငါ မသေချင်သေးဘူး"
Chapter 664
ကျီးချန်ယွီက နံဘေးဘက်၌ မတ်တတ်ရပ်နေပေ၏။
အစောပိုင်းက သူမ၏ခွန်အားအကုန်အစင်နီးပါးကို အသုံးပြုခဲ့ရသဖြင့် ယခုလက်ရှိချိန်တွင် သူမ၏လက်ကျန်မှော်စွမ်းအင်အနည်းငယ်ဖြင့် မတ်တတ်ရပ်နိုင်ရုံသာ တောင့်ခံနိုင်သည်။
စုန့်ဟန်က ရုတ်တရက် သူ၏ဓားကိုကိုင်မြှောက်ပြီး ကျီးချန်ယွီ၏လည်ပင်းပေါ်သို့ တင်လိုက်၏။သူက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"မြန်မြန်လုပ်စမ်း...ငါက အပြစ်ပေးခန်းမအကြီးအကဲရဲ့သားပဲ...မင်းက ငါအဖေရဲ့အပြစ်ပေးတာကို ခံချင်တာလား"
ကျီးချန်ယွီက သူကိုတစ်ချက်ကြည့်ပြီး လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။
"ငါ သေတော့ရောဘာဖြစ်လဲ....နင်ကသာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး သေရမှာကိုကြောက်ရွံနေတာလေ....နင်ကိုယ်နင် မရှက်ဘူးလား"
ကျီးချန်ယွီ၏အကြည့်ကို ရင်ဆိုင်ရသော စုန့်ဟန်သည် ဒေါသထွက်မှုနှင့်ရှက်ရွံမှုတို့ကို ရောယှက်၍ ခံစားနေရသည်။ထို့နောက်တွင်မူ သူ၏စိတ်နှလုံးသားတစ်ခုလုံးကို စိတ်ပျက်ငြီးငွေ့ခြင်းများက လွှမ်းခြုံသွားသည်။
"ခွေးမ....မင်းကများ ငါကို နှိမ့်ချပြီးပြောဝံ့တယ်"
စုန့်ဟန်က ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး ကျီးချန်ယွီ၏ပါးအား ပြင်းပြင်းထန်ထန်ရိုက်လိုက်၏။
ကျီးချန်ယွီက လျှင်မြန်စွာဖြင့် နောက်သို့ဆုတ်၍ရှောင်တိမ်းလေသည်။
"ဘာလဲ...နင်က စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူကို ရင်မဆိုင်ရဲတာနဲ့ ငါ့ကိုလာပြီးတိုက်ခိုက်နေတာမလား"
ကျီးချန်ယွီက အေးစက်စက်လေသံဖြင့် ထပ်မံပြောဆိုလိုက်၏။
"နင်ရဲ့နောက်ခံအဆင့်အတန်းက ကောင်းမွန်နေတော့ နင်က အမြဲတမ်း နောက်ခံကိုပဲမှီခိုနေတာ....နင်ရဲ့နောက်ခံအဆင့်အတန်းသာမရှိရင်...နင်က ဘာကောင်မှမဟုတ်ဘူး...ငါ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ရှိတယ်...သူရဲ့အဒေါ်က ငါတို့ကျောင်းတော်က ကျောင်းအုပ်ကြီးပဲ....သူက ကျောင်းအုပ်နဲ့ဆွေမျိုးတော်စပ်လို့ ကျောင်းတော်ကို ဝင်ခွင့်ရတယ်လို့ လူတိုင်းကထင်ခဲ့ကြတယ်...ဒါပေမယ့် သူက သူရဲ့ကိုယ်ပိုင်စွမ်းအားကိုအမှီပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် ထိပ်ဆုံးကိုတက်လှမ်းသွားခဲ့တယ်...ဒါက နင်နဲ့သူရဲ့ကြားက ကြီးမားတဲ့ကွာဟချက်ကြီးပဲ"
စုန့်ဟန့်က ရှက်ရွံသွားပြီးနောက် ဒေါသတကြီးအော်ငေါက်လေသည်။
"ခွေးမ....သေလမ်းရှာနေတာလား"
သူက ချက်ချင်းပင် သူ၏ဓားကိုကိုင်မြှောက်ပြီး ကျီးချန်ယွီအား ထိုးစိုက်ရန်ချိန်ရွယ်လိုက်သည်။
သူမထံတိုးဝင်လာသော ဓားကိုစိုက်ကြည့်နေသည့် ကျီးချန်ယွီ၏မျက်လုံးများအတွင်းတွင် မလိုလားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။အကယ်၍ သူမမိသားစု၏ပြိုင်ဘက်ကင်းတားမြစ်နည်းစနစ်ကိုအသုံးပြု၍ ရန်သူများအားတိုက်ခိုက်ဟန့်တားထားခြင်းသာမရှိပါက သူမရှေ့ရှိလူရမ်းကားအား အလွတ်ပေးမည်မဟုတ်ချေ။
သူမက သူကိုပင် သတ်ပစ်နိုင်ပေမည်။
ထိုအချိန်မှာပင် အနက်ရောင်အရိပ်များကလည်း သူတို့အား ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြ၏။ရှေးဟောင်းနတ်ဆိုးများ၏အပြင်ပိုင်းခန္ဓာကိုယ်များသည် ဆက်လက်၍တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် စတင်၍အက်ကွဲလာသည်။
ကြမ်းကြုတ်ရက်စက်ပုံရပြီး ထူးဆန်းသောအနက်ရောင်ပုံရိပ်များက လေထုအတွင်း၌မျောလွင့်နေပြီး သူတို့၏သွားစွယ်များကိုဖြဲဟကာ လူသားအရေခွံများအား တစ်ခုပြီးတစ်ခုယူဆောင်နေကြ၏။
"ငါ မင်းကို အရင်သတ်မယ်"
စုန့်ဟန်က ထိတ်လန့်တုန်လှုပ်နေပေသည်။သို့ရာတွင် သူ၏ဒေါသအရှိန်မသေသေးသဖြင့် သူ့လက်အတွင်းမှဓားကို နောက်သို့ဝှေ့ယမ်းလိုက်သည်။
ကလမ်....
နားအူလုမတက်အသံကြီးက လေထုအတွင်း၌ မြည်ဟီးလာသည်။
စုန့်ဟန်၏လက်အတွင်းရှိဓားသည် လက်ချောင်းများ၏ညှပ်ထားခြင်းကိုခံရပြီး မရွေ့လျားနိုင်တော့ချေ။
"ဓားဆိုတာ ရန်သူတွေကိုတိုက်ခိုက်ဖို့....မိန်းကလေးတွေကိုတိုက်ခိုက်ဖို့မဟုတ်ဘူး"
ရုတ်တရက် အေးစက်စက်အသံတစ်သံက စုန့်ဟန်၏နောက်မှ ထွက်ပေါ်လာသည်။
ထိုအသံအား သူ အလွန်ပင် ရင်းနှီးကျွမ်းဝင်ပေ၏။
စုန့်ဟန်၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။ယခုရောက်ရှိလာသူအား သူ သဲသဲကွဲကွဲမြင်တွေ့လိုက်ချိန်တွင် တစ်ချိန်လုံး သူ လှောင်ပြောင်သရော်နေခဲ့သော လုယွီဖြစ်နေခြင်းကို မြင်တွေ့မိသည်။
"မင်း...မင်းက ဒီနေရာကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
စုန့်ဟန်က မေးမြန်းလိုက်၏။ဤအချိန်တွင် လုယွီက သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်ထားသဖြင့် စုန့်ဟန်၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုကိုခံစားနေရသည်။
မဟုတ်သေးချေ။မည်သည်ကြောင့် သူ ဤကဲ့သို့ခံစားနေရမည်နည်း။
စုန့်ဟန်က မာန်တင်း၍ အော်ဟစ်လိုက်၏။
"ဒါက မင်းကိစ္စမဟုတ်ဘူး...ဒီနေရာကထွက်သွားစမ်း"
ထိုအချိန်မှာပင် ရှေးဟောင်းနတ်ဆိုးများက သူတို့၏ရှေ့သို့ ရောက်ရှိလာကြသည်။
"အရှင်သခင်က ငါတို့ရဲ့ရှေ့ကလူကိုသတ်ဖို့ အမိန့်ပေးထားတယ်"
ရှေးဟောင်းနတ်ဆိုးတစ်ယောက်က မောက်မာဟန်ဖြင့် ပြောဆိုလေ၏။
"ငါ မင်းနဲ့ နောက်မှဖြေရှင်းမယ်"
လုယွီက ရုတ်တရက် သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည်။
ခရက်...ခရက်...
စုန့်ဟန်၏ဓားသည် လုယွီ၏လက်ချောင်းများကြားတွင် ကျိုးပဲ့သွားပေ၏။
ထို့နောက်တွင်မူ လုယွီသည် ပြေးဝင်လာသော ရှေးဟောင်းနတ်ဆိုးများအား ရင်ဆိုင်ရန် မျက်နှာမူလိုက်သည်။
"အရင်နှစ်တွေတုန်းက နတ်ဆိုးချိပ်ပိတ်သူက ငါကို နည်းစနစ်တစ်ခုသင်ပေးခဲ့တယ်...ဒါပေမယ့် အဲဒါကို ငါအသုံးပြုဖို့ ဘယ်တုန်းကမှအခွင့်အရေးမရခဲ့ဘူး...ဒီနေ့တော့ ငါ မင်းတို့အပေါ်ကို စမ်းသုံးကြည့်ရမှာပေါ့"
လုယွီက သူ၏ပါးစပ်ကိုဖွင့်ဟပြီး စကားလုံးတချို့အား ရေရွတ်လိုက်သည်။
ဤသည်က နတ်ဘုရားတစ်ပါး တီးတိုးရေရွတ်နေခြင်းနှင့် တူညီနေပြီး စကားလုံးတိုင်းက ပတ်ဝန်းကျင်ရှိလေထုကိုပင် တုန်ခါသွားစေသည်။
"နတ်ဆိုးချိပ်ပိတ်သူရဲ့အမိန့်....သန့်ရှင်းစင်ကြယ်တဲ့လောကကြီးရဲ့နတ်ဘုရားအပြစ်ဒဏ်"
Chapter 665
လုယွီ၏နှုတ်မှနေ၍ မန္တန်ရွတ်ဆိုနေချိန်တွင် အဖြူရောင်အလင်းတန်းပင်လယ်ကြီးက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
တိုက်ခိုက်နေကြသောအစေခံတပည့်များပင်လျှင် အဖြူရောင်အလင်းတန်း၏စူးရှမှုဒဏ်ကို မခံနိုင်ကြသဖြင့် သူတို့၏မျက်လုံးများကို မှိတ်လိုက်ကြ၏။
ဤနေရာ၌ မည်သည့်စူးရှရှအော်ဟစ်သံမျှ ထွက်မလာချေ။
ရေခဲတုံးများ မီးနှင့်ထိတွေ့သွားသကဲ့သို့ 'ရှဲ ရှဲ ရှဲ'ဟူသော အသံသာထွက်ပေါ်နေသည်။
မူလက အော်ဟစ်ဆူညံနေသော ရှေးဟောင်းနတ်ဆိုးများ၏အသံများ တစတစလွင့်ပါးသွားပြီး အဆုံးသတ်၌ အဖြူရောင်အလင်းတန်း၏အောက်တွင် မည်သည့်အသံမျှထွက်ပေါ်မလာတော့ချေ။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ခန့်ကြာပြီးနောက် လူတိုင်းသည် မိန်းမောတွေဝေနေရာမှ နိုးထလာကြသည်။သူတို့က ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ရာတွင် တူးခြစ်နေပုံရသော ပုံပန်းမကျသည့် အသားပုံများကိုသာလျှင် တွေ့မြင်မိသည်။
သူတို့အား သတ်ရန်ကြံရွယ်နေသော အနက်ရောင်ပုံရိပ်များလည်း ပျောက်ကွယ်သွားလေပြီ။
လေထုအတွင်း၌ အလွန်တူးခြစ်နေသော ညှော်နံကသာ ထွက်ပေါ်နေသည်။
ဟယ်ချင်းချင်းနှင့်တခြားအစေခံတပည့်များအားလုံးလည်း ကြက်သေသေနေကြ၏။
အချိန်အတန်ကြာမှသာလျှင် အစေခံတပည့်တစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်သည်။
"ငါ အမြင်များမှားနေတာလား...အဲ့ဒီ စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူတွေအားလုံး သေကုန်ကြပြီလား"
သူတို့အားလုံးသည် သူရှေ့ရှိ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူ၏လက်ချက်ဖြင့် သေဆုံးသွားကြသလော။
မည်သို့ ဖြစ်နိုင်မည်နည်း။
ဖြစ်နိုင်သည်မှာ အစောပိုင်းက အဖြူရောင်အလင်းတန်းသည် လုယွီ၏မှော်လက်နက်မှထွက်ပေါ်လာခြင်းဖြစ်ပေမည်။
ထိုသို့တွေးမိမှသာလျှင် အစေခံတပည့်များက စိတ်သက်သာရာရသွားကြ၏။
စုန့်ဟန်က အထင်အမြင်သေးဟန်ဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်လေးရဲ့လှုပ်ရှားမှုကိုကြည့်ရတာ အထင်ကြီးလောက်စရာပဲ...ဒါပေမယ့် ဒါက သူဆီမှာရှိတဲ့ မှော်လက်နက်ရဲ့အစွမ်းကြောင့်လေ...ဘာ အထင်ကြီးစရာရှိလို့လဲ"
စုန့်ဟန်သည် အစောပိုင်းက သူ အကြောက်လွန်နေခဲ့သော ရှက်ရွံစရာကိစ္စကို မေ့သွားလေပြီ။
လုယွီက တဖြည်းဖြည်းသူ၏မှော်မန္တန်အား ရုတ်သိမ်းလိုက်ရာတွင် သူ့မျက်လုံးများက စူးရှတောက်ပနေသည်။
အကယ်၍ သာမာန်သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သာ ဤမန္တန်ကိုရွတ်ဆိုပါက ပြီးဆုံးသည်အထိမရွတ်နိုင်ဘဲ ထိုသူ၏မှော်စွမ်းအားများကုန်ဆုံးကာ သေဆုံးသွားပေမည်။
သို့ရာတွင် လုယွီကမူ တခြားသူများနှင့် ကွဲပြားခြားနားသည်။မည်သူမည်ဝါ၏နတ်ဘုရားစမ်းရေအိုင်ကမျှ သူကဲ့သို့နိုင်ငံတစ်နိုင်ငံ၏ပုံသဏ္ဌာန်ရှိမည်မဟုတ်ချေ။
သာမာန်ကျင့်ကြံသူများ၏ နတ်ဘုရားစမ်းရေအိုင်အများစုသည် ခြံဝင်းတစ်ဝင်းစာသာရှိပေ၏။
ခြံဝင်းတစ်ဝင်းနှင့်နိုင်ငံတစ်နိုင်ငံကြား ကွာဟချက်မှာ အလွန်သိသာထင်ရှားလှသည်။
ကျီးချန်ယွီက လုယွီအား ကြည့်လိုက်သည်။သူမက အိမ်မက်မက်နေခြင်းဟုသာ တွေးထင်နေမိ၏။
အထီးကျန်နတ်ဘုရားလှေပေါ်၌ရှိနေစဥ်အခါက လုယွီသည် ကုန်းပတ်ပေါ်မှ လွင့်စင်သွားခဲ့သည်။သူမက လုယွီအား ထပ်မံ၍ပြန်တွေ့ခွင့်မရတော့ဟုသာ တွေးတောထားခဲ့သည်။
အစောပိုင်းက သူမသည် အိမ်မက်ဆိုးကောင်များ၏ နှောက်ယှက်ခြင်းခံနေရစဥ်တုန်းက လုယွီက သူမအား ကယ်တင်ခဲ့သည်။ယခုလက်ရှိချိန်၌လည်း သူမ၏ကယ်တင်ရှင်က လုယွီဖြစ်နေဆဲပင်။
"ဒါက ကံကြမ္မာလား"
ကျီးချန်ယွီ၏စိတ်နှလုံးသားသည် တွေးတောနေရင်းမှပင် ပေါက်ထွက်လုမတက် ခုန်နေသည်။
သူမ ကြည့်နေရင်းမှပင် လုယွီက သူမထံသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းလှမ်းကာ တိုးလာခဲ့သည်။
'နတ်ဘုရားများ...သူက ဘာပြောမလို့လဲ....ငါ ဘယ်လိုနေသေးလဲလို့များ သူ မေးမလို့လား...ဘာလို့ သူက ငါကိုကယ်တင်ဖို့ ကြိုးစားခဲ့တာလဲ....'
ဤအချိန်တခဏတွင် ကျီးချန်ယွီက စိတ်ရှုပ်ထွေးမှုကို ခံစားနေရသည်။ထိုခံစားချက်က သူမ၏နှလုံးသားကိုဖမ်းစားနိုင်သော ရွှေသမင်တစ်ကောင်အား တွေ့လိုက်ရသကဲ့သို့ပင်။
လုယွီက ကျီးချန်ယွီထံသို့သွားပြီး တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"သွားကြစို့"
"ဘာလဲ"
ကျီးချန်ယွီက အနည်းငယ်ဆွံအသွားမိသည်။လုယွီက ဤကဲ့သို့ပြောဆိုမည်ဟု သူမ မျှော်လင့်မထားမိချေ။
လုယွီက သူမနှင့် အကျိုးမရှိသောစကားများ ပြောဆိုနေရန် ရည်ရွယ်မထားချေ။သူက သူမကိုပွေ့ချီပြီး အဝေးသို့ထွက်သွားတော့သည်။သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပေ၏။သူက နဂါးပျံခြေလှမ်းကိုအသုံးပြုပြီး ကောင်းကင်ယံသို့ပျံဝဲသွားရာ အချိန်တခဏအတွင်းမှာပင် လူတိုင်း၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားသည်။
အစေခံတပည့်များအားလုံး ကြက်သေသေသွားကြ၏။ထိုကောင်လေးက ထူးဆန်းသောအနက်ရောင်အရိပ်များအား ဖယ်ရှားပြီးသည့်နောက် အဝေးသို့ထွက်ပြေးသွားသလော။
စုန့်ဟန်က ပြောဆိုလိုက်သည်။
"အနည်းဆုံးတော့ သူက သူရဲ့အကန့်အသတ်ကို သိတဲ့ကောင်ပဲ....သူက အဲ့ဒီသရဲတစ္ဆေလိုလိုကောင်တွေရဲ့ပြိုင်ဘက်မဟုတ်တာကို သိနေတယ်...ဒါကြောင့် သူက ထွက်ပြေးသွားတာပဲနေမှာ"
ဟယ်ချင်းချင်းက ကောက်ခါငင်ခါ မေးမြန်းလေသည်။
"ဒါဆို ငါတို့က ဘာဆက်လုပ်သင့်လဲ"
စုန့်ဟန်က ယုံကြည်ချက်ခိုင်မာသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက အပြင်စည်းတပည့်ရွေးချယ်ပွဲရဲ့ကန့်သတ်ချက်ကို ကျော်လွန်နေပြီ...ငါတို့ ဒီနေရာမှာပဲ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေကြရအောင်...အချိန်စေ့ရင် ငါရဲ့အဖေနဲ့တခြားအကြီးအကဲတွေက ငါတို့ကိုလာကယ်ကြလိမ့်မယ်"
"စီနီယာအကိုကြီးစုန့်ပြောတာ အမှန်ပဲ"
တခြားအစေခံတပည့်များက စုန့်ဟန်အား သူတို့၏ထောက်တိုင်ကြီးအဖြစ် ယူဆလိုက်ကြသည်။
စုန့်ဟန်က သူ၏စိတ်နှလုံးသားအတွင်းမှ ကျေနပ်ပီတိဖြစ်နေမှုကို ခံစားနေရသည်။သူက ရယ်ပြုံးရင်းမှ စကားတချို့ထပ်မံပြောဆိုရန် ဟန်ပြင်လိုက်သည်။
သို့သော် ရုတ်တရက်ဆိုသလိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အသံတစ်သံက သူ၏နောက်ရှိခန်းမအတွင်းမှ ထွက်ပေါ်လာသည်။
"ငါအရှင်သခင်ရဲ့လက်အောက်ငယ်သားတွေကို ဘယ်သူထိဝံ့တာလဲ"
Thank For Reading.