အခန်း (၆၆၆-၆၇၀)
Vol. 37 Ch. 666-670
Chapter 666
ပြင်းထန်သောအားလှိုင်းတစ်ရပ်က ချက်ချင်းပင် လူတိုင်းပေါ်သို့ သက်ဆင်းလာ၏။
မူလက ပြုံးပျော်နေသော စုန့်ဟန်၏မျက်နှာအမူအယာသည် ချက်ချင်းတောင့်တင်းသွားပြီး သူ၏ခေါင်းကိုနောက်သို့ ခက်ခက်ခဲခဲပြန်လှည့်ကြည့်လိုက်သည်။
နဂါးတံခါး၏နောက်တွင်ရှိသော မြင့်မားပြီးတောင့်တင်းပုံရသည့် အပြင်စည်းခန်းမကြီး ပြိုလဲသွားပေသည်။
ခန်းမ၏နောက်မှနေ၍ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်လာသည်။
ထိုနေရာ၌ လူဦးခေါင်းခွံများဖြင့် ဖွဲ့စည်းထားသော တောင်ကုန်းတစ်ခုရှိနေသည်။
ဦးခေါင်းခွံတောင်ကုန်း၏နံဘေးတွင် အရေပြားလွှာမရှိတော့သော လူအရိုးစုများ တောင်ပုံရာပုံရှိနေပေ၏။မြောက်များစွာသောလူအရိုးစုများကို တနေရာတည်းစုပြုံရှိနေသဖြင့် လူများအားကျောချမ်းသွားစေသည်။
"သူတို့က...ဘယ်လိုလုပ်ပြီး သေကုန်ကြတာလဲ"
အစေခံတပည့်တစ်ယောက်က တုန်တုန်ရီရီဖြင့် ပြောဆိုလေ၏။
ဤှသည်က လင်ရှောင်းဂိုဏ်းဖြစ်ပေသည်။လင်ရှောင်းဂိုဏ်း၏အပြင်စည်းတပည့်ရွေးချယ်ပွဲတွင် မည်သည်ကြောင့် လူအမြောက်အများသေဆုံးနေရသနည်း။
ရုတ်တရက် ဦးခေါင်းခွံတောင်ကုန်း၏ကြားမှနေ၍ တစ်စုံတစ်ခုက လှုပ်ရှားလာခဲ့သည်။
ထို့နောက်မှနေ၍ မြောက်များစွာသောအရိုးစုများသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်သွားပြီး နောက်ဆုံး၌ လူသားအရိုးစု၏အသွင် အပြည့်အဝဖြစ်တည်လာသည်။
ထိုအရိုးစုသည် သူ၏လည်ပင်းများကို ဆွဲဆန့်လိုက်ပြီးနောက် သူ၏ဟောင်းလောင်းပေါက်ဖြစ်နေသောမျက်လုံးတစ်စုံနေရာမှ အပြာရောင်မီးတောက်များ ထွက်ပေါ်လာလေ၏။
"သောက်သုံးမကျတဲ့ကောင်တွေ....ဒီလိုကိစ္စငယ်လေးတစ်ခုကိုတောင် မဖြေရှင်းနိုင်ဘူး....ငါအရှင်သခင်ကိုယ်တိုင်လုပ်ဆောင်ရတယ်"
အရိုးစုလူသား၏အသံက အက်ရှရှဖြစ်နေသည်။
သူက ခြေလှမ်းတစ်လှမ်းခြင်း ကြက်သေသေနေသောအစေခံတပည့်များထံသို့ လျှောက်လှမ်းနေပေ၏။
စုန့်ဟန်က အံတင်းတင်းကြိတ်ပြီးနောက် မှော်ဓားရှည်တစ်ချောင်းကိုဆင့်ခေါ်ကာ အရိုးစုကြီးထံသို့ ညွှန်ပြလိုက်သည်။
"လူတိုင်းပဲ....အရမ်းထိတ်လန့်မနေကြနဲ့...ငါတို့အတူတူတိုက်ခိုက်ကြမယ်ဆိုရင် သူက ငါတို့ကိုယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"
သူက ထိုကဲ့သို့အော်ဟစ်ကြုံးဝါးနေသော်လည်း သူက အစေခံတပည့်တချို့၏နောက်၌ မတ်တတ်ရပ်နေခြင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ရာ ဆိုးဆိုးရွားရွားကြုံတွေ့ရပါက သူ အရင်ဆုံးထွက်ပြေးပေမည်။
အရိုးစုကြီးက စုန့်ဟန်ကို အချိန်တခဏတာကြည့်ရှုပြီးနောက် အပြုံးနှင့်ပြောဆိုလိုက်၏။
"ဒါက ကောင်းမွန်လွန်းတဲ့ လူသားအရေခွံလေးပါလား....မင်းရဲ့အဖေက အပြစ်ပေးခန်းမအကြီးအကဲလို့ ငါ ကြားထားတယ်...ဒါက အရမ်းကောင်းတယ်"
ဤသည်က အရိုးစုကြီး လိုအပ်နေသောအရာဖြစ်သည်။
ယခင်က သူ၏လက်အောက်ငယ်သား ရှေးဟောင်းနတ်ဆိုးများသည် လူအမြောက်အများကို ဖမ်းဆီးခဲ့သည်။သို့ရာတွင် မည်သူကိုမျှ သူ စိတ်တိုင်းမကျခဲ့ချေ။
ထိုစကားသံကိုကြားသည်နှင့် စုန့်ဟန်သည် သူ၏ဆံပင်များထောင်ထသွားသည်အထိ ထိတ်လန့်သွားပြီး သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းတို့အားလုံးနားထောင်ကြ...ဒီအရိုးစုကလည်း အပြင်စည်းတပည့်ရွေးချယ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်...တကယ်လို့ ငါတို့ သူကိုသတ်နိုင်တာနဲ့ အပြင်စည်းတစ်ပည့်တွေဖြစ်သွားပြီ...ဂိုဏ်းကတောင်မှ ငါတို့ကို ဆုလဒ်တွေချီးမြှင့်နိုင်တယ်"
စုန့်ဟန်၏စကားကိုကြားသော အစေခံတပည့်များ၏မျက်လုံးများတောက်ပလာကြသည်။ဤသည်က မှန်ကန်ပေ၏။ယခုလက်ရှိအချိန်၌ သူတို့သည် အပြင်စည်းတပည့်ရွေးချယ်ပွဲကို ပါဝင်ယှဥ်ပြိုင်နေဆဲပင်။ဤအရိုးစုကြီးအား သတ်နိုင်သည်နှင့် သူတို့က လင်ရှောင်းဂိုဏ်း၏တရားဝင်တပည့်များ ဖြစ်လာပေမည်။
ဤအချိန်တခဏတွင် အစေခံတပည့်များအားလုံးသည် သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်များကို ရွတ်ဆိုပြီး အရိုးစုကြီးထံ ပစ်လွှက်လိုက်ကြ၏။
"ကျွတ်...ကျွတ်...မင်းတို့ရဲ့အစွမ်းတွေက ဒီလေါက်ပဲလား"
အရိုးစုကြီးက ရုတ်တရက် အေးစက်စက်ပြုံးလိုက်သည်။သူ မည်ကဲ့သို့လှုပ်ရှားလိုက်သည်ကို မည်သူမျှမမြင်လိုက်ရချေ။သူက ခြေလှမ်းအနည်းငယ်ရွေ့လျားပြီးနောက် ပြင်းထန်သောမှော်စွမ်းအားလှိုင်းများအား လွယ်လင့်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။ရုတ်ချည်းဆိုသလိုပင် အရိုးစုကြီးက ရှေ့ဆုံး၌ရှိနေသော အစေခံတပည့်တစ်ယောက်၏ရှေ့သို့ ရောက်ရှိလာပေ၏။
"သေစမ်းကွာ"
ထိုအစေခံတပည့်သည်လည်း ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူများဖြစ်သည်။သူက ဓမ္မရုပ်ထုကို ထိန်းချုပ်ပြီး အရိုးစုကြီးအား ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတော့သည်။
ဧရာမဓမ္မရုပ်ထုကြီးက အရိုးစုကြီးနှင့် ဝင်ဆောမိပေသည်။
အရိုးစုကြီးက ရွေ့လျားသွားခြင်းမရှိချေ။ထို့အစား ဓမ္မရုပ်ထုပိုင်ရှင် အစေခံတပည့်သည် နောက်သို့ ခြေလှမ်းသုံးလှမ်းခန့်ဆုတ်လိုက်ရ၏။
အရိုးစုကြီးက ရှေ့တိုးလာပြီးနောက် သူ၏လက်သည်းစွယ်နှစ်ချောင်းက အစေခံတပည့်၏လက်မောင်းအား အသာအယာဖောတ်ဝင်သွားသည်။
ဘုန်း...
အစေခံတပည့်၏ခန္ဓာကိုယ်သည် ချက်ချင်းပင်နှစ်ခြမ်းကွဲထွက်သွားပြီး သွေးများက ရေပန်းကဲ့သို့ဖြာကျလာသည်။
ထိုအခြင်းအရာကိုကြည့်ပြီး တခြားအစေခံတပည့်တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"သူက စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူမဟုတ်ဘူး"
အကယ်၍ စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူသာဖြစ်ပါက သူတို့အားလုံးအတူစုစည်း၍တိုက်ခိုက်ပါက အနိုင်ရနိုင်ချေရှိသည်။
သို့ရာတွင် သူတို့၏မှော်မန္တန်များသည် အရိုးစုကြီးပေါ်၌ သက်ရောက်မှုမရှိလေရာ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ထက်ပို၍ မြင့်မားနိုင်သည်။
"ငါ သွားမှရမယ်"
စုန့်ဟန်သည် အလွန်ထိတ်လန့်သွားပြီးနောက် သူ၏အပေါင်းအဖော်များကို ချန်ထားပြီး အဝေးသို့ထွက်ပြေးတော့သည်။
သူက အစေခံတပည့်များအား တိုက်ခိုက်ရန် မြှောက်ထိုးပင့်ကော်လုပ်ခဲ့သော်လည်း ယခု ထွက်ပြေးသူအချိန်တွင်မူ သူ ရှေ့ဆုံးကဖြစ်သည်။
"ငါ မင်းကို ဘယ်လိုလုပ်ပြီး လွတ်မြောက်သွားခွင့်ပြုနိုင်မှာလဲ"
အရိုးစုကြီးက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းပြီး စုန့်ဟန် ထွက်ပြေးသွားသောဦးတည်ဘက်သို့ ဖမ်းဆုပ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် ဧရာမမှော်စွမ်းအင်လက်ကြီးက ကောင်းကင်ယံမှကျဆင်းလာပြီး စုန့်ဟန်အား ဖမ်းဆီးထားပေသည်။
ထိုအချိန်မှာပင် အသံနက်ကြီးတစ်သံက အဝေးတစ်နေရာမှနေ၍ ထွက်ပေါ်လာသည်။
"မင်းက ငါရဲ့လင်ရှောင်းဂိုဏ်းကိုတောင်လာပြီး ပြဿနာရှာဝံ့တယ်ပေါ့...မင်း သတ္တိကောင်းလှချည်လား"
Chapter 667
အဝေးတနေရာမှ အော်ငေါက်သံကြီးထွက်ပေါ်လာပြီးနောက် အရိုးစုကြီး၏မှော်စွမ်းအက်လက်ဝါးကြီးသည် လေထုအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
"လင်ရှောင်းဂိုဏ်းကလူတွေ ရောက်လာတာမြန်လှချည်လား"
အရိုးစုကြီးသည် ယခင်ထက်အဆပေါင်းများစွာ ပို၍ကြီးမားလာ၏။သူ၏မျက်လုံးများအတွင်းမှ အပြာရောင်မီးတောက်သည်လည်း တဖြည်းဖြည်းစတင်၍ကျယ်ပြန့်လာပြီး ဧရာမပုံရိပ်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပေသည်။
စုန့်ဟန်နှင့်တခြားအစေခံတပည့်များ၏ စိတ်နှလုံးသားများ တုန်ရီနေကြ၏။သူတို့က ဤမြင်ကွင်းကို ကြည့်ရှုရန်ပင် ရည်ရွယ်ချက်မရှိချေ။
အကြောက်တရားများက သူတို့၏စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာထိ ထိုးဖောက်ဝင်ရောက်နေပေသည်။
စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူ....
ဤကျင့်ကြံဆင့်နယ်ပယ်ထိပ်သီးကျင့်ကြံသူသာလျှင် ယခုကဲ့သို့စွမ်းအားမျိုးကို ထုတ်လွှက်နိုင်ပေသည်။
"ဟမ့်....မင်းက တကယ့်ကို ပုန်းအောင်းပြီးနေနေတာပဲ"
အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသော အသံတစ်သံထွက်ပေါ်လာပြီးနောက် ပိုးထည်ဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်က ကောင်းကင်ယံမှနေ၍ ဆင်းသက်လာသည်။
စုန့်ဟန်က ထိုလူကြီးကိုမြင်ချိန်တွင် ဝမ်းသာအားရ အော်ခေါ်လိုက်၏။
"အဖေ...."
ဤှနေရာသို့ရောက်ရှိလာသူသည် စုန့်ဟန်၏ဖခင် စုန့်ယင်ကျဲဖြစ်သည်။
စုန့်ယင်ကျဲက စုန့်ဟန်ကိုတစ်ချက်ကြည့်ပြီး အဆင်ပြေနေသည်ကိုမြင်မှသာလျှင် သူက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် စုန့်ယင်ကျဲ၏အကြည့်က အရိုးစုကြီးပေါ်သို့ ကျရောက်သွားသည်။
"လင်ရှောင်းဂိုဏ်းကိုလာပြီး ငါတို့ဂိုဏ်းရဲ့တပည့်တွေကို မင်းက သတ်ဝံ့တယ်ပေါ့...ကြည့်ရတာတော့ မင်းက ရေအကျဥ်းထောင်ကို မြင်ချင်နေပုံပဲ"
စုန့်ယင်ကျဲ၏မျက်လုံးများက အေးစက်တင်းမာနေပေ၏။
လင်ရှောင်းဂိုဏ်း၏အပြစ်ပေးခန်းမသည် ဂိုဏ်းအတွင်းရှိတပည့်များ၏ကိစ္စရပ်များကိုသာမက ဂိုဏ်းနှင့်ပတ်သက်သော အင်အားစုများအားလည်း ကိုင်တွယ်ဖြေရှင်းသောနေရာဖြစ်သည်။
အပြစ်ပေးခန်းမတွင် တင်းကြပ်သောစည်းမျဥ်းနှင့်အတူ အစွမ်းထက်သောထိပ်သီးကျင့်ကြံသူများရှိပေသည်။
အပြစ်ပေးခန်းမ၏ဆိုင်းဘုတ်ပေါ်တွင် ချိတ်ဆွဲထားသော လူသေလောင်းနှစ်လောင်းရှိသည်။ကောလဟာလများအရ ထိုအလောင်းနှစ်လောင်းသည် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများ၏အလောင်းများဟု ဆိုကြသည်။
အပြစ်ပေးခန်းမသည် ၎င်း၏ပြစ်ဒဏ်ပေးသော နည်းလမ်းများကြောင့်လည်း အလွန်ကျော်ကြားသည်။လူအများစုသည် အကယ်၍ သူတို့သေဆုံးသွားလျှင်ပင် လက်ခံနိုင်သော်လည်း ရေအကျဥ်းထောင်အတွင်း ဝင်ရောက်ရန်ကိုမူ ဆန္ဒမရှိကြချေ။
အရိုးစုကြီးက ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်ရာတွင် သူ၏နောက်ရှိ ဦးခေါင်းခွံတောင်ကုန်းကြီးက ပေါက်ကွဲပွင့်အံထွက်လာပေ၏။
မရေမတွက်နိုင်သောအရိုးစုများ၏ လာရောက်ပေါင်းစပ်မှုနှင့်အတူ မူလအရိုးစုကြီးသည် ပို၍ပို၍ကြီးမားလာပြီး နောက်ဆုံး၌ အနည်းဆုံးဆယ်မီတာခန့်မြင့်မားသော ဧရာမအရိုးစုကြီး ဖြစ်ပေါ်လာသည်။
စုန့်ယင်ကျဲက ခြေတစ်လှမ်းရှေ့တိုးပြီးနောက် သူ၏စိတ်ဝိညာဥ်သည်လည်း အရိုးစုကြီးနှင့်တူညီသောအတိုင်းအတာပမာဏထိ ကြီးထွားလာသည်။
သူ၏စိတ်ဝိညာဥ်သည် သရဲတစ္တေအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။သူက ပါးစပ်ကြီးကိုဖွင့်ဟပြီး အရိုးစုကြီးအား ကိုက်ဖြတ်လိုက်၏။
ဤတစ်ကြိမ်တွင် အစွမ်းထက်သောစိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူနှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြသည်။
စုန့်ဟန်နှင့်တခြားတပည့်များသည် ဝင်ရောက်မနှောက်ယှက်ဝံ့ကြသဖြင့် အဝေးတနေရာ၌ ပုန်းအောင်းနေလေသည်။
အချိန်အနည်းငယ်အကြာတွင် အရိုးစုကြီးကိုဖိနှိက်ရန် တခြားအကြီးအကဲနှစ်ယောက် ထပ်ရောက်လာပေ၏။
စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျင့်ကြံသူသုံးယောက် အတူပေါင်းစည်းပြီး တိုက်ခိုက်ကြရာ နောက်ဆုံး၌ အရိုးစုကြီးသည် တောင့်မခံနိုင်တော့ချေ။
"ငါ ပြန်မွေးဖွားလာချိန်ထိ မင်းတို့စောင့်နေကြ...ငါတို့ ပြန်တွေ့ကြသေးတာပေါ့"
အရိုးစုကြီးက အေးစက်စက်ပြုံးရင်း ပြောဆိုလိုက်၏။
"မင်းမှာ နောက်ဘဝကိုကူးဖို့ အခွင့်အရေးရှိမှာမဟုတ်တော့ဘူး"
စုန့်ယင်ကျဲ၏ဓားရှည်က ရှေ့သို့တိုးလာပြီး အရိုးစုကြီးအား အပိုင်းပိုင်းအစစခုတ်ပိုင်းလေသည်။
အရိုးစုကြီး ပျက်စီးသွားလေပြီ။
မလှမ်းမကမ်းအကွာအဝေးရှိ နဂါးတံခါးသည်လည်း ပြိုလဲစပြုလာသည်။
ဤနဂါးတံခါးသည် အရိုးစုကြီး စီမံထားသော မှော်ဝင်္ကပါတစ်ခုဖြစ်ပေ၏။ထိုဝင်္ကပါအားအသုံးချ၍ အပြင်စည်းတပည့်ရွေးချယ်ပွဲကို ပါဝင်ယှဥ်ပြိုင်သူများအား လှည့်စားခဲ့ခြင်းပင်။
အကြီးအကဲနှစ်ယောက်နှင့် အချိန်တခဏကြာ တိုင်ပင်ဆွေးနွေးပြီးနောက် စုန့်ယင်ကျဲက အော်ဟစ်ပြောဆိုလိုက်သည်။
"အပြင်စည်းတပည့်ရွေးချယ်ပွဲကို ပြီးဆုံးသွားပြီ...အပြင်ကိုတက်နိုင်သမျှ မြန်မြန်ပြန်ထွက်ကြတော့"
စုန့်ယင်ကျဲက လက်ညှိုးညွှန်လိုက်သည်နှင့် ရုတ်ချည်းဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်တန်းက အစေခံတပည့်တချို့ပေါ်သို့ ကျရောက်သွားသည်။
ထိုအစေခံတပည့်များ၏မျက်နှာများပေါ်တွင် စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ရွေးချယ်ပွဲပြီးဆုံးသွားပြီဟူသော အဓိပ္ပါယ်သည် သူတို့ နောက်ထပ်သုံးနှစ် ထပ်စောင့်ရတော့မည်ဟု ဆိုလိုပေ၏။
ကျင့်ကြံသူများ၏သက်တမ်းသည် ရှည်ကြာပေ၏။သုံးနှစ်အချိန်သည် ကြာရှည်ခြင်းမရှိသော်လည်း သူတို့စောင့်ဆိုင်းရမည့်အချိန်ကာလဖြစ်နေဆဲပင်။
ရွှေရောင်အလင်းတန်းဖျတ်ခနဲလင်းလက်လာမှုနှင့်အတူ ထိုအစေခံတပည့်များသည် ပြင်ပသို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။
ဤနေရာ၌ စုန့်ဟန်အပါအဝင် အကြီးအကဲများ၏မျိုးဆက်များသာ ကျန်တော့သည်။
"ရှေ့ကိုသာ တည့်တည့်ဆက်လျှောက်သွား...မင်းတို့ အပြင်စည်းခန်းမကိုတွေ့လိမ့်မယ်"
စုန့်ယင်ကျဲက ရုတ်တရက် သူ၏သားထံသို့ သတင်းစကားပေးပို့လိုက်၏။
စုန့်ဟန်က အံအားသင့်စွာဖြင့် ပြောဆိုလိုက်၏။
"အဖေ...အပြင်စည်းတပည့်ရွေးချယ်ပွဲက ပြီးသွားပြီမဟုတ်ဘူးလား"
"အမှန်ပဲ...အဲ့ဒါက ပြီးဆုံးသွားပြီ...ဒါပေမယ့် မင်းက အပြင်စည်းခန်းမကိုရောက်ဖို့လိုတယ်...အဲ့ဒီအချိန်ကျရင် မင်း အပြင်စည်းတပည့်သေချာပေါက်ဖြစ်လာလိမ့်မယ်"
စုန့်ယင်ကျဲက တိတ်တဆိတ် အသံပေးပို့ဆက်သွယ်လေသည်။
စုန့်ဟန်က ဝမ်းသာလုံးဆို့နေပေ၏။
ဟယ်ချင်းချင်းနှင့်တခြားလူများ၏မျက်နှာများပေါ်တွင်လည်း ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့သည်လည်း သတင်းစကားရရှိထားမည်မှာ သိသာထင်ရှားနေပေ၏။
Chapter 668
ဝါးတောအုပ်ဝင်္ကပါအတွင်း၌ လုယွီက ကျီးချန်ယွီကို သယ်ဆောင်ပြီး ရှေ့နောက် လွန်းထိုးသွားလာနေပေ၏။
သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပြီး သူက လမ်းတဖြောင့်တည်းသွားနေခြင်းမဟုတ်ချေ။
'သူက ငါကို ပွေ့ချီထားတုန်းပဲလား'
ကျီးချန်ယွီက သူမ၏စိတ်နှလုံးသားများ လှုပ်ရှားနေခြင်းကို ခံစားမိသည်။သူမက သူမ၏မိသားစုနှင့် ငယ်စဥ်ခလေးဘဝကတည်းက ခွဲခွါခဲ့ရ၏။မည်သည့်အချိန်တွင်ကမျှ သူမသည် ယော်ကျားသားတစ်ယောက်နှင့် နီးနီးကပ်ကပ်မနေဘူးချေ။
ကျီးချန်ယွီ၏မျက်နှာနီမြန်းနေသော်လည်း သူမက ဝါးတောအုပ်ဝင်္ကပါအား သူမ၏စွမ်းအားသက်သက်ဖြင့် ဖြတ်ကျော်ရန်မှာ လွန်စွာခက်ခဲမည်ဖြစ်ကြောင်း သိရှိထားသည်။
"နင် ဘယ်လိုလုပ်ပြီး လင်ရှောင်းဂိုဏ်းကိုရောက်နေတာလဲ"
ကျီးချန်ယွီက ရုတ်တရက် လေသံသဲ့သဲ့ဖြင့် မေးမြန်းလိုက်၏။
လုယွီက သူမအား တစ်ချက်ကြည့်လိုက်သည်။
"မင်း အားနည်းနေတုန်းပဲ...စကားအများကြီးမပြောနဲ့အုံး"
ရုတ်တရက် လုယွီက သွားလာနေရင်းမှ ရပ်တန့်လိုက်သည်။
အဝေးတစ်နေရာ၌ မြူခိုးများဖုံးလွှမ်းနေသဖြင့် လမ်းအား သဲသဲကွဲကွဲမမြင်နိုင်သော်လည်း ရွှေရောင်နဂါးတံခါးကြီးကိုမူ ဝါးတားတားမြင်နိုင်သည်။
ဤအချိန်တွင် ကျီးချန်ယွီ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။
"ဒီတေါင်ကြီးက ရွေ့လျားနေတာလား"
လုယွီ၏ခြေဖဝါးအောက်ရှိ မြေပြင်ကမူ လှုပ်ရှားခြင်းမရှိချေ။သို့ရာတွင် တောင်တစ်ခုလုံးကမူ ရွေ့လျားနေပေသည်။
လုယွီက တီးတိုးရေရွတ်လိုက်၏။
"တစ်ယောက်ယောက်က ဝင်္ကပါကို အသက်သွင်းဖို့ ကြိုးစားနေတာပဲ"
ဖုန်းရွှေဝင်္ကပါကဲ့သို့ဝင်္ကပါအမျိုးအစားများသည် တောင်များနှင့်မြစ်များကို ရွှေ့ပြောင်းနိုင်သည်။ဤဝါးတောအုပ်ဝင်္ကပါသည် ဖုန်းရွှေဝင်္ကပါတစ်ခုဖြစ်ပေ၏။
ယခုလက်ရှိချိန်တွင် တစ်စုံတစ်ယောက်က ဝင်္ကပါအားထိန်းချုပ်ရန် အသက်သွင်းနေခြင်းပင်။
ကျီးချန်ယွီက အံတင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။
"ငါတို့ ဒီနေရာမှာပဲ စောင့်နေလို့ရတယ်လေ...လင်ရှောင်းဂိုဏ်းက ငါတို့ကိုကူညီပြီးအပြင်ထုတ်ပေးဖို့ တစ်ယောက်ယောက်စေလွှက်နိုင်တယ်"
လုယွီက ခေါင်းခါယမ်းပြလိုက်၏။
"အခုလက်ရှိအချိန်မှာ ဒီဖုန်းရွှေဝင်္ကပါက အပြည့်အဝအသက်မဝင်သေးတော့ သူတို့ ဝင်လာလို့ရကောင်းရနိုင်မယ်...ဒါပေမယ့် ဝင်္ကပါအပြည့်အဝအသက်ဝင်လာရင် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတောင် သေဆုံးသွားနိုင်တယ်....သူတို့က ဒီလိုဆိုးကျိုးမျိုးကို အစေခံတပည့်တွေအတွက်နဲ့ ခံယူမှာမဟုတ်ဘူး"
ကျီးခန်ယွီ၏မျက်နှာဖြူရော်နေပြီး လုယွီ မည်သည့်အရာများတွေးတောနေခြင်းကို သူမ မသိရှိတော့ချေ။
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ"
သူမက လေသံသဲ့သဲ့ဖြင့် မေးမြန်းလေသည်။
လုယွီက ကျီးချန်ယွီကို အောက်သို့အသာအယာချပေးလိုက်၏။ထို့နောက် သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးပြားတစ်ပြားထုတ်ယူပြီး သူမအား တိုက်ကျွေးလေသည်။
ကျီးချန်ယွီက ဆေးပြားကို ဝါးမြိုပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံနှံ့လာသော ပူနွေးမှုကိုခံစားမိပြီး မှော်စွမ်းအားတချို့ပြန်လည်ရရှိလာသည်။
"ဒါက ဘယ်လိုဆေးပြားမျိုးလဲ...ဒီဆေးပြားရဲ့အကျိုးသက်ရောက်မှုက အရမ်းကိုအံအားသင့်စရာကောင်းတယ်"
ကျီးချန်ယွီက အံ့အားသင့်နေပေ၏။
"ဒါ ငါကိုယ်တိုင်သန့်စင်ထားတဲ့ဆေးပြားပဲ"
လုယွီက သာမာန်ကာလျှံကာပြောဆိုပြီး ရှေ့သို့ဆက်သွားနေလေသည်။
ကျီးချန်ယွီက ခွန်အားတချို့ပြန်လည်ရရှိသွားပြီဖြစ်၍ လုယွီနောက်က ထပ်ချပ်မကွာလျှောက်လှမ်းနေပေ၏။
သူတို့၏ရှေ့ မလှမ်းမကမ်းအကွာအဝေးတွင် ကွင်းပြင်တစ်ခုရှိနေခြင်းကို မြင်တွေ့မိသည်။
ထိုကွင်းပြင်သည် ရှေးဟောင်းတိုက်ပွဲကွင်းပြင်နှင့်တူညီနေပြီး တိုက်ခိုက်နေသံများနှင့်မြင်းခွါသံများက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
ဤနေရာ၌ လူသေအလောင်းများကလည်း နေရာအနှံပြန့်ကျဲနေသည်။လူသေလောင်းများ၏ခန္ဓာကိုယ်များပေါ်တွင် သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားဆဲဖြစ်ပြီး သူတို့က အရိုးစုအဖြစ်သာ ကြွင်းကျန်တော့သည်။
ကျီးချန်ယွီက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။
"လင်ရှောင်းဂိုဏ်းမှာ ဒီလိုနေရာမျိုး ဘယ်လိုလုပ်ပြီးရှိနေတာလဲ"
"ဒါက တိုက်ပွဲကွင်းပြင်မဟုတ်ဘူး...စစ်တုရင်ဝင်္ကပါတစ်ခုရဲ့ဗဟိုချက်ပဲ"
လုယွီက စစ်သားတစ်ယောက်၏အလောင်းကို လက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။
"ဒါက စစ်တုရင်ရဲ့နယ်ရုပ်တစ်ခုပဲ"
သူက တခြားစစ်သားအလောင်းတစ်ခုအား လက်ညှိုးညွှန်ပြီး ဆက်လက်ပြောဆိုလေသည်။
"ဒါလည်း စစ်တုရင်ရဲ့အစိတ်အပိုင်းပဲ"
ကျီးချန်ယွီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာတွင် လူသေအလောင်းများကိုသာ တွေ့မြင်မိ၏။သူမက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်သည်။
"ငါ မယုံကြည်နိုင်ဘူး...ဖြစ်နိုင်တာတော့ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က တခြားဝင်္ကပါပညာရှင်တစ်ယောက်နဲ့တိုက်ခိုက်ခဲ့တာလား"
"သူက ဝင်္ကပါပညာရှင်နဲ့တိုက်ခိုက်ခဲ့တာမဟုတ်ဘူး...ရှေးဟောင်းနတ်ဆိုးတစ်ကောင်နဲ့ပဲ"
လုယွီက ကျီးချန်ယွီကိုခေါ်ဆောင်ပြီး ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားလေ၏။
အလောင်းများဖြင့်ပြည့်နှက်နေသော ကွင်းပြင်ကြီးကိုဖြတ်ကျော်ပြီးနောက် သူတို့နှင့်မလှမ်းမကမ်းအကွာအဝေးတွင် မြို့ကြီးတစ်မြို့ရှိနေခြင်းကို တွေ့မြင်မိသည်။မြို့အတွင်းရှိ အဆောက်အအုံများက မြင့်မားပြီးခမ်းနားထည်ဝါပေ၏။မြို့၏ထိပ်တွင် 'သမင် အမဲလိုက်ခြင်း'ဟူသောစာလုံးနှစ်လုံးရှိနေသည်။
လုယွီတို့ ဝင်ရောက်သွားသည်နှင့် မြို့တံခါးက အလိုအလျောက်ပွင့်လာသည်။သူတို့က သံချပ်ကာဝတ်စုံဝတ်ဆင်ထားပြီး ခေါင်းဆောင်းများ ဆောင်းထားသော စစ်သားတချို့ကို မြို့အတွင်း၌ တွေ့မြင်ရသည်။
"ငါတို့က ဒီနယ်မြေထဲကို ခြေချမိမှတော့...ငါတို့ကလည်း စစ်တုရင်နယ်ရုပ်တွေဖြစ်သွားပြီ...တကယ်လို့ ငါတို့ကအသက်ရှင်ချင်တယ်ဆိုရင် ဒီစစ်တုရင်ပွဲကို ငါတို့လက်နဲ့ကိုယ်တိုင်ချိုးဖျက်နိုင်ရမယ်"
လုယွီက စစ်တုရင်ဝင်္ကပါအား အလျှင်အမြန်ချိုးဖျက်နေလေ၏။သူက မြို့လယ်ခေါင်သို့ရောက်ချိန်တွင် စစ်သားများအားလုံးဒူးထောက်နေခြင်းကို တွေ့မြင်မိသည်။
တစ်ချိန်တည်းမှာပင် တောင်၏တခြားတစ်ဖက်ခြမ်း၌....
တစ်ချိန်လုံး မျက်လုံးစုံမှိတ်ထားသော အကြီးအကဲရှင်းက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
"စစ်တုရင်ခုံပေါ်က ကြယ်နေရာတစ်ခုက ထိန်းချုပ်မှုလွတ်ကင်းသွားပြီ"
သူနှင့် ဆယ်မီတာခန့်အကွာတွင်မူ ရှေးဟောင်းနတ်ဆိုးတစ်ကောင်က ပလ္လင်ခွေထိုင်နေပေ၏။
"အဖိုးကြီးရှင်း...မင်းက ငါနဲ့စစ်တုရင်ကစားပြီး အာရုံလွှဲချင်နေတာလား"
ရှေးဟောင်းနတ်ဆိုးက တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလေသည်။
Chapter 669
အကြီးအကဲရှင်းက ပြုံးလိုက်ပေ၏။
"မင်းက ရယ်စရာပြောနေပြန်ပြီ....ငါ ထိန်းချုပ်ထားတဲ့ဝင်္ကပါကို မင်းထွင်းဖောတ်ပြီးမြင်နိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
ဤှနေရာက လျှို့ဝှက်ဆန်းကြယ်သောလေဟာနယ်တစ်နေရာဖြစ်သည်။
လေဟာနယ်တစ်ခုလုံး၌ အကြီးအကဲရှင်းနှင့်ရှေးဟောင်းနတ်ဆိုးသာလျှင် လေထုအတွင်း၌ မျောလွင့်နေပေ၏။
သူတို့နှစ်ယောက်၏ရှေ့၌ စစ်တုရင်ခုံတစ်ခုံရှိနေသည်။
ဤအချိန်တွင် စစ်တုရင်ခုံပေါ်၌ မှိတ်တုတ်မှိတ်တုတ်ကြယ်အလင်းရောင်တန်းများ ကန့်လန့်ဖြတ်ရှိနေပေ၏။စစ်တုရင်ခုံမှနေ၍ သတ်ဖြတ်နေသောအော်ဟစ်ကြုံးဝါးသံများကလည်း ရံဖန်ရံခါ ထွက်ပေါ်လာသည်။
"တကယ်လို့ ငါရှေ့ကလူသာမဟုတ်ဘူးဆိုရင်...ငါရဲ့ဝင်္ကပါကို ဘယ်သူကချိူးဖျက်နိုင်မှာလဲ...ဖြစ်နိုင်တာတော့ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ရဲ့လက်ချက်လား"
အကြီးအကဲရှင်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍မှန်းဆနေပေသည်။
အမှန်အားဖြင့် ဤသည်က ကြယ်တစ်လုံးသာဖြစ်သည်။
ဤကြီးမားသော စစ်တုရင်ခုံပေါ်တွင် ကြယ်တစ်လုံး၏နေရာသည် အရေးကြီးသောအခန်းကဏ္ဏ၌ မပါဝင်ချေ။
အကြီးအကဲရှင်း၏မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုလိုက်၏။
"ကောင်းပြီလေ....မင်းက ငါကို အလုပ်ရှုပ်စေချင်တယ်ဆိုမှတော့ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ရဲ့အခင်းအကျင်းကို မင်း အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေပြီလား"
ရှေးဟောင်းနတ်ဆိုးက မည်သည့်စကားမျှပြောဆိုခြင်းမရှိချေ။လင်ရှောင်းဂိုဏ်းရှိ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများပင်လျှင် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်အား လေးလေးစားစားဆက်ဆံရ၏။
အလယ်ပိုင်းကုန်းမြေ၏နံပါတ်တစ်ဝင်္ကပါပညာရှင်ဟူသောအမည်နာမသည် အပြောသက်သက်မဟုတ်ချေ။
သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်လျှင် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏လက်အတွင်း၌ သေဆုံးခဲ့ရသည်ဟု ကောလဟာလရှိခဲ့ဖူးသည်။
ရှေးဟောင်းနတ်ဆိုးက အကြီးအကဲရှင်းအား ခပ်သဲ့သဲ့ပြုံးပြလိုက်၏။
"ငါတို့ ဒီနေရာကိုလာတာ မင်းနဲ့တိုက်ခိုက်ဖို့မဟုတ်ဘူး...ငါတို့က လူတစ်ယောက်ကိုလာရှာတာ...အဲ့ဒီလူက ငါတို့ရန်သူတစ်ယောက်ရဲ့မျိုးဆက်ဖြစ်ပြီးတော့ မင်းတို့လင်ရှောင်းဂိုဏ်းထဲမှာ ပုန်းအောင်းနေတယ်"
ရှေးဟောင်းနတ်ဆိုးက အကြီးအကဲရှင်းအား စူးစိုက်ကြည့်ပြီး ဆက်လက်ပြောဆိုလေသည်။
"မင်းတို့ရဲ့ဂိုဏ်းခေါင်းဆောင်နဲ့မဟာအကြီးအကဲသုံးယောက် ဂိုဏ်းထဲမှာမရှိတာမို့...ငါတို့က လူလာရှာတာပဲ...တကယ်တမ်းတော့ ငါတို့ကလည်း မင်းတို့လင်ရှောင်းဂိုဏ်းနဲ့ ပဋိပက္ခမဖြစ်ချင်ဘူး...တကယ်လို့ ငါတို့ရှာနေတဲ့လူကိုရမယ်ဆိုရင် ချက်ချင်းထွက်သွားပေးမယ်...နောက်ထပ်ဘယ်တော့မှ မင်းတို့ဂိုဏ်းကိုမလာတော့ဘူး"
ဤအပေးအယူသည် အရှုံးမရှိချေ။ယခုလက်ရှိချိန်၌ ထိပ်သီးကျင့်ကြံသူများအားလုံး ပြင်ပသို့ထွက်ခွါသွားသည်ဖြစ်ရာ လင်ရှောင်းဂိုဏ်းသည် အခွံသက်သက်သာကျန်ရှိတော့သည်။အကယ်၍ ရှေးဟောင်းနတ်ဆိုးများကသာ ပြဿနာရှာပါက လင်ရှောင်းဂိုဏ်းအနေဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ချေ။
အကြီးအကဲရှင်းက သူ၏မုတ်ဆိတ်မွှေးများကိုသာ ပွတ်သပ်နေပြီး အမူအယာပြောင်းလဲခြင်းမရှိချေ။
"လာပါ...စစ်တုရင်ကစားကြရအောင်"
ရှေးဟောင်းနတ်ဆိုးက ရယ်မောလိုက်၏။
"ကောင်းပြီလေ...ငါ မင်းနဲ့ကစားပေးရတာပေါ့...မင်းနဲ့စကားပြောရတာက အချိန်ဖြုန်းနေသလိုပဲ"
****
ရှေးဟောင်းတိုက်ပွဲကွင်းပြင်၌...
ရုတ်ချည်းဆိုသလိုနီးပါးပင် လုယွီက သမင်အမဲလိုက်မြို့၏စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။
ဤဝင်္ကပါကြောင့် ဖြစ်တည်လာသည့် မြောက်များစွာသောစစ်သားများသည် လုယွီ၏ဦးဆောင်မှုအား လိုက်နာကြရသည်။
ယခုလက်ရှိအချိန်၌ လုယွီသည် မြို့ရိုး၏အစွန်တစ်နေရာ၌ မတ်တတ်ရပ်နေပြီး အဝေးတနေရာအား ကြည့်နေပေ၏။
မြူခိုးများကြား၌ လေပြင်းများက ရံဖန်ရံခါ တိုက်ခတ်နေပေရာ ရှေးဟောင်းနတ်ဆိုးများ၏ညည်းတွားသံများနှင့်ပင် တူညီနေသည်။
ကျီးချန်ယွီက ပြောဆိုလိုက်၏။
"ဒါက ဝင်္ကပါကြီးရဲ့ထောင့်တနေရာဖြစ်ပြီး အသက်ဝင်နေဆဲပဲ...ငါ ဒါကို နားမလည်နိုင်ဘူး"
သူမသည်လည်း ဝင်္ကပါပညာကို အနည်းငယ်သဘောပေါက်နားလည်ထားသည်။
သို့ရာတွင် သူမရှေ့ရှိ ကြီးကျယ်ထင်ရှားသော ဝင်္ကပါကြီးအား ကြည့်လိုက်ရာတွင် သူမက မူးဝေလာခြင်းကိုသာ ခံစားမိသည်။
လုယွီက ဤဝင်္ကပါကြီးအားထိန်းချုပ်ရန် မည်မျှခက်ခဲမည်ကို သူမ တွေးတောကြည့်နိုင်ပေသည်။
"ဒီကြယ်က အပေါ်တန်းလက်ယာဘက်ပဲ"
လုယွီ၏ရှေ့၌ စစ်တုရင်ခုံတစ်ခုံက ရုတ်တရက်ထွက်ပေါ်လာသည်။
စစ်တုရင်ခုံပေါ်သို့ မြောက်များစွာသောစစ်တုရင်ရုပ်များ ကျဆင်းလာပြီးနောက် လုယွီ လက်ညှိုးညွှန်လိုက်သောနေရာသည် ယခုလက်ရှိ သူတို့ရှိနေသောကြယ်နေရာဖြစ်သည်။
လုယွီက အနက်ရောင်စစ်တုရင်ရုပ်ကို ကိုင်ဆောင်ထားသည်။
စစ်တုရင်ခုံပေါ်၌ အဖြူရောင်စစ်တုရင်ရုပ်များက ရောက်ရှိလာပြီး အနက်ရောင်စစ်တုရင်ရုပ်များအား စက်ဝိုင်းပုံဝိုင်းပတ်ထားကြ၏။
"ငါတို့ကို ဝိုင်းရံပြီးသတ်ချင်တာလား"
လုယွီက တခြားတစ်ဖက်မှအစီအစဥ်ကို ချက်ချင်းပင် သဘောပေါက်နားလည်သွားခဲ့သည်။သူ၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွား၏။
"ဒီလိုဆိုမှတော့...ငါက အချိန်ခဏပေးပြီး ယှဥ်ပြိုင်ကြည့်တာပေါ့"
လုယွီက သူ၏လက်အတွင်းရှိ အနက်ရောင်စစ်တုရင်ရုပ်အား ခုံပေါ်သို့ချလိုက်သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သောလေဟာနယ်အတွင်းရှိ အကြီးအကဲရှင်း၏လက် တုန်ရီသွားပေ၏။
တခြားကြယ်အစိတ်အပိုင်းတစ်ခု သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားလေပြီ။
အကြီးအကဲရှင်း၏မျက်နှာအမူအယာက တည်ငြိမ်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌မူ လှိုင်းထန်နေလေ၏။ဤစစ်တုရင်ဝင်္ကပါကို သူနှင့်နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်တို့ ပူးပေါင်း၍ခင်းကျင်းခဲ့ခြင်းဖြစ်သည်။
သူ၏ရှေ့၌ရှိနေသော လျှို့ဝှက်ဆန်းကြယ်သောလူပင်လျှင် ဤဝင်္ကပါအား အချိန်တိုအတွင်း၌ ချိုးဖျက်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် တစ်စုံတစ်ယောက်က သူ၏စစ်တုရင်အစိတ်အပိုင်းများကို တိတ်တဆိတ်ထိန်းချုပ်နေပေသည်။
"အကြီးအကဲရှင်း...ဒါက ခင်ဗျားရဲ့တာအိုနှလုံးသားကို ငြိမ်သက်အောင်လုပ်သင့်တဲ့အချိန်ထင်တယ်"
ရှေးဟောင်းနတ်ဆိုးက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
အကြီးအကဲရှင်းက ပြုံးနေပေသည်။
"ဒါကလည်း လေ့ကျင့်နည်းတစ်မျိုးပါပဲ"
သူက လက်အတွင်းရှိ စစ်တုရင်ရုပ်အား အောက်သို့ချရန်ရွယ်လိုက်သည်။သို့ရာတွင် သူ၏လက်က ရုတ်တရက်ရပ်တန့်သွားပေ၏။
အကြီးအကဲရှင်းက အနည်းငယ်အံ့အားသင့်သွားပေ၏။ဤအချိန်တွင် စစ်တုရင်၏အစိတ်အပိုင်းများအားလုံး သူ၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားလေပြီ။
Chapter 670
ဤအချိန်တွင် လုယွီက မြို့ရိုးတနေရာပေါ်၌ ထိုင်နေလေ၏။
မြူခိုးများကြားမှနေ၍ ရံဖန်ရံခါ တိုးညှင်းပြီး ရံဖန်ရံခါ ကျယ်လောင်သော ဟိန်းဟောက်သံများကြားနေရသည်။
ဤနေရာသို့ မှော်သားရဲအမြောက်အများ အပြေးအလွှားလာနေသကဲ့သို့ မြေပြင်သည် တုန်ခါနေသည်။
ကျီးချန်ယွီက ပြောဆိုလိုက်၏။
"အဲ့ဒီစိတ်ပျက်ဖို့ကောင်းတဲ့ဟာတွေကတော့...သူတို့ရဲ့အရေအတွက်က အရမ်းများနေပြီ"
သူမက မျက်လုံးစုံမှိတ်ပြီး အဝေးရှိလှုပ်ရှားမှုများကို တိတ်တဆိတ်အာရုံခံလေသည်။
ဤသည်က ဝင်္ကပါပညာကိုလေ့လာလိုက်စားထားသော ကျင့်ကြံသူများ၏ပြိုင်ဘက်ကင်း'နတ်ဘုရားမျက်လုံး'ဖြစ်သည်။
နတ်ဘုရားမျက်လုံးအား ကျင့်ကြံသူများသည် မိုင်ပေါင်းများစွာအကွာအဝေးထိ အရာဝတ္ထုများကို ဖောတ်ထွင်းမြင်နိုင်ပေသည်။
အမွှေးတိုင်တစ်တိုင်စာ....
အမွှေးတိုင်နှစ်တိုင်စာ....
နောက်ဆုံး အမွှေးတိုင်သုံးတိုင်လောင်ကျွမ်းစာအချိန်ကျမှသာလျှင် ရှေးဟောင်းနတ်ဆိုးများသည် အဝေးတနေရာရှိ မြူခိုးများကြားမှ ထွက်ပေါ်လာသည်။
သူတို့ကိုကြည့်ရသည်မှာ အသေခံတပ်သားများ ဖြစ်ပုံရသည်။စစ်သားအများစုသည် ခြေလက်များပြတ်တောက်နေကြပြီး စစ်သားတချို့ဆိုလျှင် သူတို့၏နှလုံးသားနေရာ၌ ဓားများပင်ထိုးစိုက်ခံထားရသည်။
ဤသည်က အလောင်းကောင်အုပ်စုဖြစ်ပေ၏။
သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများက သူတို့၏ခန္ဓာကိုယ်များကို အပိုင်စီးထားသဖြင့် သူတို့က အချိန်တခဏကြာ အသက်ရှင်နေရသည်။
ကျီးချန်ယွီက သူမရှေ့ရှိစစ်သားများသည် မည်ကဲ့သို့တည်ရှိမှုများဖြစ်သည်ကို ချက်ချင်းပင်သိနားလည်သွားပေ၏။
"ငါတို့ မြို့ကိုသေချာစောင့်ကြပ်ဖို့ လိုလိမ့်မယ်...အဲ့ဒီသရဲတစ္ဆေလိုကောင်တွေကိုကြည့်ရတာ လူသေတွေရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးထားသလိုပဲ"
သူမက စိုးရိမ်ပူပန်နေပေ၏။
"တကယ်လို့ ငါတို့က သူတို့နဲ့တိုက်ခိုက်ရမယ်ဆိုရင်...ငါတို့ရဲ့အင်အားကသာ လျော့နည်းလာပြီးတော့ သူတို့ရဲ့အရေအတွက်က ကျဆင်းသွားမှာမဟုတ်ဘူး"
ဤှအရာများက မည်ကဲ့သို့တည်ရှိမှုမျိုးဖြစ်သနည်းဟု သူမက တွေးတောနေမိ၏။
လုယွီက အဝေးသို့လှမ်းမျှော်ကြည့်ရင်းမှ ပြောဆိုလိုက်၏။
"ငါတို့က ခုခံတိုက်ခိုက်စရာမလိုဘူး"
လုယွီက သူ့လက်အတွင်းရှိ စစ်တုရင်ရုပ်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ငါတို့က မြို့ကိုစွန့်ခွါမယ်"
……
တခြားလေဟာနယ်အတွင်း၌...
အကြီးအကဲရှင်းက ပလ္လင်ခွေထိုင်နေပြီး သူ၏လက်များကို သူ့ဒူးပေါ်သို့ ပြန်တင်ထားသည်။
သူရှေ့ရှိစစ်တုရင်ခုံပေါ်မှနယ်ရုပ်များသည် အကြီးအကဲရှင်း၏ထိန်းချုပ်မှုအောက်တွင် အလိုအလျောက်ရွေ့လျားနေပေ၏။
သို့ရာတွင် တခြားတစ်ဖက်မှရှေးဟောင်းနတ်ဆိုးကမူ ထိုကိစ္စအား စိတ်ဝင်စားပုံမရချေ။
"ကောလဟာလတွေအရတော့ အကြီးအကဲရှင်းက အလယ်ပိုင်းကုန်းမြေတစ်ခုလုံးမှာရှိတဲ့ အစွမ်းထက်ဆုံးထိပ်သီးကျင့်ကြံသူတွေထဲက တစ်ယောက်လို့ဆိုကြတယ်...ကြည့်ရတာတော့ ငါရဲ့ခွန်အားကို မင်း လှုပ်ရှားလာအောင် မလုပ်နိုင်တဲ့ပုံပဲ"
ရှေးဟောင်းနတ်ဆိုးက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။
ရှေးဟောင်းနတ်ဆိုး၏မျက်နှာသည် ရုပ်ရည်ချောမောသောလူလတ်ပိုင်းကြီးတစ်ယောက်အသွင်ဖြစ်သည်။သို့ရာတွင် သူ၏မျက်လုံးသူငယ်အိမ်များကမူ သွေးကဲ့သို့နီမြန်းနေသည်။
အကြီးအကဲရှင်းက ရယ်မောရင်းမှ ပြောဆိုလိုက်သည်။
"လူတစ်ယောက်က အသက်ကြီးလာတာနဲ့ သူရဲ့ခန္ဓာကိုယ်ကလည်း အရင်ကလောက်မလှုပ်ရှားနိုင်တော့ဘူး...တက်နိုင်သမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတာ ပိုကောင်းတယ်"
အကြီးအကဲရှင်း၏မျက်နှာအမူအယာ ပျက်ယွင်းနေခြင်းမရှိချေ။သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌မူ အံ့အားသင့်တုန်လှုပ်နေပေ၏။
"ဘယ်သူက ငါ့ရဲ့ဝင်္ကပါကိုထိန်းချုပ်နေတာလဲ...ဘာလို့ ငါ ထိန်းချုပ်လို့မရတော့တာလဲ"
အကြီးအကဲရှင်း၏နဖူးမှ တဖြည်းဖြည်း ချွေးစေးများကျဆင်းလာသည်။
ရှေးဟောင်းနတ်ဆိုးက မျက်မှောင်ကြုတ်ပြီး ပြောဆိုလေ၏။
"ကိစ္စက ဒီလိုဖြစ်လာမှတော့ မင်းကိုသတ်ပစ်မဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
ရှေးဟောင်းနတ်ဆိုးက သူ၏လက်ကိုမြှောက်ပြီး စစ်တုရင်နယ်ရုပ်တစ်ရုပ်အားချလိုက်သည်။
စစ်တုရင်ခုံပေါ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
မြောက်များစွာသော အနက်ရောင်စစ်တုရင်ရုပ်များ ဖယ်ထုတ်ခြင်းခံလိုက်ရ၏။ဤအချိန်တခဏတွင် နဂါးတစ်ကောင်၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက ပျံလွင့်နေသည်။
သို့သော် ထိုအချိန်မှာပင် ကြွင်းကျန်နေသောအနက်ရောင်စစ်တုရင်ရုပ်များသည် အဖြူရောင်စစ်တုရင်များ၏ဝိုင်းရံထားမှုမှ ပြင်ပသို့ ဖောက်ထွက်သွားပေသည်။
"ဟမ်"
ရှေးဟောင်းနတ်ဆိုးက ချက်ချင်းပင် အကြီးအကဲရှင်းအား ကြည့်လိုက်၏။ဤလှုပ်ရှားမှုသည် အလွန်အမင်း ထူးဆန်းပေ၏။
ယခင်က အကြီးအကဲရှင်း၏ဗျူဟာသည် နောက်သို့သာဆုတ်နေပြီး ကမူးရှုးထိုးရှေ့မတိုးဝံ့ချေ။
သို့ရာတွင် ယခုလက်ရှိ သူ၏ပြိုင်ဘက်ကမူ အပြည့်အဝကွဲပြားခြားနားသောလူတစ်ယောက်နှင့် တူညီနေသည်။
ဤဗျူဟာသည် တစ်စုံတစ်ယောက်က ဆေဘာဓားတစ်ချောင်းကို ကိုင်မြှောက်ပြီး သူ့အနီးသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နီးကပ်လာသည်နှင့် တူညီပေ၏။
"စိတ်ဝင်စားစရာပဲ"
ရှေးဟောင်းနတ်ဆိုးက အကြီးအကဲရှင်းကိုကြည့်ပြီး ပြောဆိုလေသည်။
"ကြည့်ရတာတော့ အရင်က မင်းကို ငါလျှော့တွက်မိပုံပဲ"
ဘုန်း....ဘုန်း....
စစ်တုရင်ခုံပေါ်၌ အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် အဖြူရောင်စစ်တုရင်ရုပ်များသည် အနက်ရောင်စစ်တုရင်ရုပ်များ၏စားခြင်းကိုခံရပြီး ယခင်က စစ်တုရင်ပွဲ၏အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်၏။
ရှေးဟောင်းနတ်ဆိုးက ခေါင်းကိုက်ခဲလာမှုကို ခံစားနေရသည်။
ယခုလက်ရှိအချိန်၌ ဤစစ်တုရင်ကစားပွဲသည် သူ၏ထိန်းချုပ်မှုမှ အပြည့်အဝလွတ်ကင်းသွားလေပြီ။
"ငါ မယုံကြည်နိုင်ဘူး"
ရှေးဟောင်းနတ်ဆိုး၏မျက်လုံးများက နီမြန်းသထက် ပို၍နီမြန်းလာသည်။သူ၏လက်က စစ်တုရင်ခုံပေါ်သို့ ကျဆင်းလာပြီးနောက် သူက အခြေအနေအား ပြန်လည်ပြောင်းလဲရန် ကြိုးပမ်းနေပေ၏။
သို့သော် ယခုလက်ရှိအချိန်၌ အဖြူရောင်သည် အနက်ရောင်အား ယှဥ်ပြိုင်နိုင်ခြင်းမရှိတော့ချေ။
"စစ်တုရင်က ဘယ်လိုကစားရတာလဲဆိုတာ မင်းတို့ကို ငါ သင်ပေးမယ်"
မြို့ရိုးထိပ်၌ထိုင်နေသော လုယွီက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။