← Chapters

အခန်း (၆၇၁-၆၇၅)

Vol. 37 Ch. 671-675

အခန်း (၆၇၁-၆၇၅)

Vol. 37 Ch. 671-675

Chapter 671

ဘုန်း...

မြို့တံခါးပွင့်သွားပြီးနောက် မြောက်များစွာသည့်အနက်ရောင်သံချပ်ကာစစ်သားများ မြို့ပြင်သို့တဟုန်ထိုး ပြေးထွက်သွား၏။

လုယွီ၏ထိန်းချုပ်မှုအောက်တွင် ဝင်္ကပါကြောင့်ဖြစ်တည်လာသောစစ်သားများသည် ကြီးမားသောစတုရန်းပုံစံဖွဲ့စည်းပြီး ရှေးဟောင်းနတ်ဆိုးအုပ်စုထံသို့ ​အပြေးဝင်သွားသည်။

ဤအခြင်းအရာကိုကြည့်ပြီး ရှေးဟောင်းနတ်ဆိုးက ဒေါသတကြီးအော်ဟစ်ရယ်မောလိုက်သည်။

"အဘိုးကြီးရှင်း...ကြည့်ရတာတော့ မင်း စိတ်လွတ်သွားပြီး တခဏတာအောင်ပွဲယူလိုက်ပုံပဲ...ငါ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်းမေ့နေတာထင်တယ်"

ရှေးဟောင်းနတ်ဆိုးက အေးစက်စက်ပြုံးနေပေ၏။သူက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

တစ်ဖက်ရန်သူစစ်သားများ မည်မျှအားကောင်းသည်ဖြစ်စေ သူတို့က တဖြည်းဖြည်းနှင့် သူ၏နယ်ရုပ်များသာဖြစ်လာပေမည်။

ဝင်္ကပါတစ်ခုလုံး၏ကြယ်နေရာများကို ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်အပိုင်စီးခြင်းခံထားရသော စစ်သားများက အပြည့်အဝထိန်းချုပ်ထားခဲ့သည်။ထို့ကြောင့် ရှေးဟောင်းနတ်ဆိုးက အကြီးအကဲရှင်းအား တိုက်ရိုက်ထိန်းချုပ်နိုင်ပေ၏။

"နတ်ဆိုးစစ်သားတစ်သန်း....သူတို့ကို ငါအတွက်သတ်ပစ်စမ်း"

ရှေးဟောင်းနတ်ဆိုး၏လက်တစ်ဖက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ အဖြူရောင်စစ်တုရင်နယ်ရုပ်များက လုယွီထံသို့ တပြိုင်နက်တည်းပြေးဝင်သွားသည်။

ဤသည်က သာမာန်စစ်တုရင်ကစားပွဲတစ်ပွဲမဟုတ်ချေ။

စစ်တုရင်ခုံအားထိန်းချုပ်ထားသော ကျင့်ကြံသူ၏အတွေးတစ်ချက်ဖြင့်ပင် မြောက်များစွာသောသက်ရှိများအဖြစ် ဖန်တီးနိုင်ပြီး သူအတွက် တိုက်ခိုက်ပေးစေနိုင်သည်။

သန်းနှင့်ချီသော ရှေးဟောင်းနတ်ဆိုးစစ်သားများကြားတွင် လုယွီထိန်းချုပ်ထားသော သမင်အမဲလိုက်မြို့မှ စစ်သားသုံးထောင်သည် အလွန်အမင်းမထင်မရှားဖြစ်နေသည်။

ဤှသည်က ဒီရေလှိုင်းများအကြားရှိ လှေငယ်တစ်စီးနှင့်တူညီပေသည်။လှိုင်းပြင်းပြင်းတစ်ချက်ပုတ်ရုံဖြင့် လှေမှောက်သွားနိုင်သည်။

ရှေးဟောင်းနတ်ဆိုးက သူကိုယ်သူ ယုံကြည်ချက်ရှိပုံဖြင့်ပြောလိုက်၏။

"အကြီးအကဲရှင်း...ဒီစစ်တုရင်ကစားပွဲမှာတော့ မင်း ငါကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"

လုယွီက ပြုံးယောင်သန်းရင်းမှ"နုံအလိုက်တာ"ဟု ရေရွတ်နေပေ၏။

စစ်တုရင်ကစားသမားနှစ်ယောက်သည် လေဟာနယ်ခြား၍ ကစားနေကြခြင်းဖြစ်ရာ သူတို့က တစ်ယောက်၏တည်ရှိနေခြင်းကို တစ်ယောက်မသိကြချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့က သာမာန်ကာလျှံကာ ပြောဆိုနေကြသော်လည်း စစ်ပွဲတစ်ပွဲအား ရင်ဆိုင်နေကြခြင်းဖြစ်သည်။သူတို့က သန်းချီနေသောသူများ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နေသော ပဲ့ကိုင်ရှင်များပင်။

ရုတ်ချည်းဆိုသလိုပင် သူတို့၏လယ်ယာဘက်လက်၌ ဓားကိုကိုင်မြှောင်ထားသော အနက်ရောင်သံချပ်ကာစစ်သားများသည် သူတို့၏လက်ဝဲဘက်လက်မှနေ၍ ပုတီးတစ်ကုံးကို ကိုင်မြှောက်လိုက်ကြသည်။

ထိုမှော်ပုတီးကုံးများသည် လုယွီ၏စိတ်ဆန္ဒမှ ဖြစ်တည်လာခြင်းပင်။အနက်ရောင်စစ်သားတစ်ယောက်ခြင်းစီ၏လက်အတွင်းရှိ ပုတီးကုံးများမှ ရွှေရောင်အလင်းများတောက်ပနေသည်။

ပုတီးလုံးများပေါ်တွင် စကားလုံးတချို့ကို ရေးထွင်းထား၏။ထိုစကားလုံးများသည် ဗုဒ္ဓမန္တန်မဟုတ်သော်လည်း ရှေးဟောင်းနတ်ဆိုးများအား ထိန်းချုပ်ဟန့်တားရန် နတ်ဆိုးချိပ်ပိတ်သူမှဖန်တီးထားခြင်းဖြစ်သည်။

လုယွီ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်ပေ၏။သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အကန့်အသတ်ရှိသော်လည်း ဝင်္ကပါပညာရပ်ကို သူနားလည်တက်ကျွမ်းမှုက ရေအိုင်ထဲက ငါးတစ်ကောင်ဖြင့် တူညီသည်။

အနက်ရောင်သံချပ်ကာစစ်သားများက ဂါထာမန္တန်များကို ကျယ်လောင်စွာရွတ်ဆိုလိုက်ကြ၏။

မြောက်များစွာသောမန္တန်ရွတ်ဆိုသံများကြားတွင် ပတ်ဝန်းကျင်ရှိလေထုပင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

စစ်သားသုံးထောင်၏သံပြိုင်မန္တန်ရွတ်ဆိုနေသံက ရှေးဟောင်းတိုက်ပွဲကွင်းပြင်တစ်ခုလုံး၌ ပဲ့တင်ထပ်ပျံနှံ့နေပေ၏။

ဘုန်း....ဘုန်း....ဘုန်း....ဘုန်း...

ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံများကလည်း အဆက်မပြတ်ကြားနေရသည်။

အနက်ရောင်သံချပ်ကာစစ်သားများထံသို့ အပြေးဝင်လာသည့် ရှေ့ဆုံးမှရှေးဟောင်းနတ်ဆိုးများသည် ရုတ်တရက် စူးရှနာကျင်လာမှုကြောင့် ယိမ်းထိုးပြီး မြေပြင်ပေါ်သို့လဲကျသွားပေ၏။

"မဖြစ်နိုင်ဘူး...ဒါက မင်းရဲ့နည်းလမ်းမဟုတ်ဘူး"

တစ်ဖက်လေဟာနယ်ရှိ ရှေးဟောင်းနတ်ဆိုးက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။သူ၏မျက်လုံးများအတွင်း၌ ကြောက်ရွံမှုများက ထင်ဟပ်နေသည်။သူက သူ၏နောက်ဆုံးလက်အောက်ငယ်သားတစ်ယောက် မီးလောင်၍သေဆုံးသွားရခြင်းကို မြင်တွေ့မိ၏။

"နတ်ဆိုးချိပ်ပိတ်သူရဲ့အမိန့်အရ....လောကကြီးကိုသန့်စင်မယ့် နတ်ဘုရားအပြစ်ဒဏ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

သူ၏အသံသည် မန္တန်ရွတ်ဆိုနေသော အနက်ရောင်စစ်သားများနှင့် တပြိုင်နက်တည်းထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားသည်။

ရှေးဟောင်းနတ်ဆိုးများ၏ခန္ဓာကိုယ်များပေါ်တွင် မီးများက စတင်လောင်ကျွမ်းလာပေ၏။ထိုမီးတောက်များသည် ငြိမ်းသက်၍လည်းမရချေ။မြောက်များစွာသော စူးရှရှအော်ဟစ်သံများနှင့်နာကျင်စွာညည်းတွားသံများ တစ်နေရာပြီး တစ်နေရာမှ ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် စစ်တုရင်ခုံပေါ်မှ အဖြူရောင်စစ်တုရင်ရုပ်များသည် အားလှိုင်းတစ်ရပ်၏ရိုက်ခတ်ခံရမှုကြောင့် လွင့်စင်သွားပေ၏။

ရှေးဟောင်းနတ်ဆိုးက မတ်တတ်ထရပ်ပြီး ထွက်ခွါရန်ဟန်ပြင်လိုက်သည်။

"ခင်ဗျား ထွက်သွားလို့မရတော့ဘူး"

လုယွီထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။

လုယွီသည် သမင်အမဲလိုက်မြို့ကိုထိန်းချုပ်ပြီးချိန်မှစ၍ သူသည်လည်း စစ်တုရင်ပွဲမှကစားသမားတစ်ယောက်ဖြစ်သွားသည်။ထို့ကြောင့် သူက အကြီးအကဲရှင်းနှင့်ရှေးဟောင်းနတ်ဆိုးကြားရှိ စကားပြောဆိုနေမှုများကို ကြားနိုင်ပေသည်။

သူ၏တစ်ဖက်ခြမ်းလေဟာနယ်၌ ရှေးဟောင်းနတ်ဆိုးမှအသွင်ပြောင်းထားသော လူလတ်ပိုင်းကြီးရှိနေသည်။

လုယွီ၏ရည်မှန်းချက်များအနက်မှတစ်ခုသည် နတ်ဆိုးချိပ်ပိတ်သူ၏သမီးအား ရှာဖွေရန်ပင်။ထို့ကြောင့် မည်သည့်ရှေးဟောင်းနတ်ဆိုးကိုမျှ သူ အလွတ်မပေးနိုင်ချေ။နတ်ဆိုးချိပ်ပိတ်သူသည် သူ၏မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပေ၏။

"နတ်ဘုရားအပြစ်ဒဏ်"

စစ်တုရင်ခုံမှနေ၍ ရုတ်တရက် ကောင်းကင်ဘုံမိုးကြိုးများထွက်ပေါ်လာပြီး လူလတ်ပိုင်းကြီးအား ပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်သည်။

လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီးနောက် စူးရှရှအော်ဟစ်ကာ ထွက်ပြေးရန်ကြံရွယ်နေတော့သည်။

Chapter 672

လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်မှ ရှေးဟောင်းနတ်ဆိုးခုန်ထွက်လာခဲ့သော်လည်း သူ၏ခန္ဓာကိုယ်၌ မီးများစွဲလောင်နေဆဲဖြစ်သည်။

"တ ရှဲ ရှဲ"မြည်သံများနှင့်အတူ ရှေးဟောင်းနတ်ဆိုးက စူးရှရှအော်ဟစ်ပြီး သူ၏အော်ရာသည်လည်း အလွန်အမင်း အားနည်းသွားခဲ့သည်။

"ခွေးမသား"

ရှေးဟောင်းနတ်ဆိုး၏မျက်လုံးများက နီမြန်းနေပြီး သူက ဒေါသတကြီးအော်ဟစ်ဆဲဆိုလိုက်၏။သူ၏လက်တစ်ဖက်ကို စစ်တုရင်ခုံပေါ်သို့တင်ပြီး ၎င်းအားဖိနှိပ်ရန်ကြိုးပမ်းလေသည်။

ရှေးဟောင်းနတ်ဆိုး၏လက် စစ်တုရင်ခုံပေါ်သို့ ရောက်ခါနီးဆဲဆဲတွင် တောင်ဝှေးတစ်ချောင်းက သူ၏လက်အား ဝင်ရောက်ဟန့်တားလေ၏။

ထိုဖီလာဆန့်ကျင်မှုကြောင့် ကျယ်လောင်သောပေါက်ကွဲသံကြီးမြည်ဟီးလာသည်။ရှေးဟောင်းနတ်ဆိုးသည် တောင်ဝှေး၏ရိုက်ခတ်ခြင်းခံရမှုကြောင့် မီတာပေါင်းများစွာအကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။

ဤသည်က အကြီးအကဲရှင်း၏လှုပ်ရှားမှုဖြစ်သည်။သူက မတ်တတ်ထရပ်ပြီး ရှေးဟောင်းနတ်ဆိုးထံသို့ အပြေးဝင်သွားပေ၏။

ရှေးဟောင်းနတ်ဆိုးက အော်ဟစ်ကြုံးဝါးလိုက်သည်။

"မင်းက ငါ့ကိုတားဆီးရဲတာလား"

အကြီးအကဲရှင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

"ငါက မင်းကို အချိန်အကြာကြီး ဆွဲထားခဲ့ပြီးပြီ...ဒါက လှုပ်ရှားရမယ့်အချိန်ရောက်ပြီလေ"

အကြီးအကဲရှင်းက သူ၏လက်အတွင်းမှတောင်ဝှေးနှင့် ရှေးဟောင်းနတ်ဆိုးအား ညွှန်ပြလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ကြယ်တစ်လုံးပေါက်ကွဲသွားသကဲ့သို့ ဧရာမအလင်းတန်းကြီးထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ဆိုးအား ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။

ရှေးဟောင်းနတ်ဆိုးသည် စူးရှနာကျင်စွာ အော်ဟစ်နေပေ၏။မိန်းမောတွေဝေစေသော အလင်းရောင်အောက်တွင် အနက်ရောင်ပုံရိပ်ကြီးက သူ၏အစွယ်များကိုဖြဲပြီး ခြေစွယ်လက်စွယ်များအားဆန့်ထုတ်ကာ သွေးပျက်ဖွယ်အော်ဟစ်နေသည်။

"မင်း...မင်းက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူမဟုတ်ဘူး...မင်းက မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ဖုံးကွယ်ထားတာပဲ"

အနက်ရောင်ပုံရိပ်ကြီးက ထိတ်လန့်တုန်လှုပ်နေသောအသံဖြင့် ပြောဆိုလိုက်၏။

"ကျင့်ကြံဆင့်နယ်ပယ်ဖုံးကွယ်ထားတာ ငါတစ်ယောက်တည်းပဲရှိတယ်လို့ မင်း ထင်နေတာလား"

အကြီးအကဲရှင်းက ပြောဆိုလေသည်။

ဤစကားတစ်ခွန်းဖြင့်ပင် ရှေးဟောင်းနတ်ဆိုးသည် သူ၏ကျောရိုးအတွင်းထိချမ်းစိမ့်လာမှုကိုခံစားမိသည်။

ရှေးဟောင်းနတ်ဆိုးများသည် လျှို့ဝှက်ဖုံးကွယ်တက်နေရာ၌ အထူးကျွမ်းကျင်သူများဖြစ်သည်။သူတို့ရရှိခဲ့သောသတင်းများသည်လည်း အလွန်တိကျမှန်ကန်သောသတင်းများသာဖြစ်ပေ၏။

သို့သော် ဤသို့ဆိုလျှင် သူ ရရှိထားသော သတင်းအချက်အလက်များ မှားယွင်းနေသလော။

လင်ရှောင်းဂိုဏ်းအတွင်း၌ မည်သည့်ကိစ္စများကို ဖုံးကွယ်ထားသနည်း။

"အစတုန်းကတော့ ငါက မင်းကို အချ်န်ဆွဲထားဖို့ပဲ ရည်ရွယ်ခဲ့တာ...ဒါပေမယ့် မင်းက အမှားတစ်ခုကျူးလွန်ခဲ့မှတော့ မင်းရှိနေလို့လဲ ငါ့အတွက်အကျိုးမထူးတော့ဘူး...ငါ မင်းကိုစိတ်မဝင်စားတော့ဘူး"

အကြီးအကဲရှင်းက သာမာန်ကာလျှံကာ လက်ညှိုးတစ်ချောင်း တောက်ထုတ်လိုက်ရာတွင် အလင်းတန်းတစ်တန်းက အနက်ရောင်ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။

မလိုလားသောညည်းတွားအော်ဟစ်သံများနှင့်အတူ အနက်ရောင်ပုံရိပ်သည် ပြာအဖြစ်လောင်ကျွမ်းသွားတော့သည်။

ရှေးဟောင်းနတ်ဆိုးကိုသတ်ဖြတ်ပြီးနောက် အကြီးအကဲရှင်းသည် ချက်ချင်းပင် သူ၏မူလချိနဲ့နဲ့အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။

"စိတ်ဝင်စားစရာကောင်းတာကတော့ ကောင်ငယ်လေးတစ်ယောက်က ငါရဲ့ဝင်္ကပါထဲကိုဝင်လာတဲ့အပြင် ငါဆီက ဝင်္ကပါထိန်းချုပ်နိုင်မှုကိုပါ လွှဲပြောင်းယူသွားတာပဲ"

အကြီးအကဲရှင်းက စစ်တုရင်ခုံအား ပြောင်းပြန်လှန်လိုက်သည်နှင့် ဝါးတောအုပ်ဝင်္ကပါအား ဖုံးလွှမ်းနေသည့် အနက်ရောင်မြူခိုးများ ချက်ချင်းပင်ပျောက်ကွယ်သွားပေ၏။

တစ်ချိန်တည်းမှာပင် မြို့ရိုးထိပ်မှ လုယွီက မတ်တတ်ရပ်လိုက်သည်။

"လုယွီ...ခုဏက လူကြီးကို နင်သတ်လိုက်တာလား"

ကျီးချန်ယွီ၏မျက်လုံးက ပြူးကျယ်နေပြီး သူမက သိချင်စိတ်ပြင်းပြနေဟန်ဖြင့် လုယွီအား ကြည့်နေပေ၏။

သူမရှေ့ရှိ ဆယ်ကျော်သက်လူငယ် မလုပ်ဆောင်နိုင်သောအရာဟူ၍ မည်သည့်အရာကျန်သနည်းဟု သူမ သိချင်နေမိသည်။ယခုကဲ့သို့ ဝင်္ကပါပညာရပ်အား ထူးချွန်သူကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၌ သူမ မတွေ့မြင်ဘူးပေ။

လုယွီက ခေါင်းခါယမ်းပြလေ၏။

"ငါ့ရဲ့အခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်နဲ့...ငါ သူကိုသတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး"

လုယွီက မိုးကောင်းကင်ယံအား မော့ကြည့်လိုက်သည်။

"ကြည့်ရတာတော့ ငါတို့ မကြာခင်အပြင်ထွက်နိုင်လိမ့်မယ်"

လုယွီ မျှော်လင့်ထားသကဲ့သို့ပင် သူ၏စကားဆုံးသည်နှင့် သူတို့နှစ်ယောက်၏ခြေထောက်အောက်မှ ရုတ်တရက် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် စတင်၍တွန့်ခေါက်လာပေ၏။ကျီးချန်ယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။အစွမ်းထက်ထိပ်သီးကျင့်ကြံသူတစ်ယောက်က လေဟာနယ်စွမ်းအားကိုအသုံးပြု၍ သူတို့အား ဆွဲထုတ်လိုက်ခြင်းကို သူမ သိရှိလိုက်သည်။

အဖြူရောင်အလင်းတန်း ဖျတ်ခနဲတောက်ပသွားမှုနှင့်အတူ လုယွီက မှောင်မည်းနေသောလေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

လုယွီက သူ၏ရှေ့၌ရပ်နေပြီး သူ့အားစူးစိုက်ကြည့်ကာ ပြုံးပြနေသော ဆံဖြူအဖိုးကြီးတစ်ယောက်အား တွေ့မြင်မိ၏။

"မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ငါရဲ့ဝင်္ကပါကို ထိန်းချုပ်လိုက်တာလား"

အဖိုးအိုက ရယ်မောနေသည်။

လုယွီက ချက်ချင်းပင် လက်သီးဆုပ်၍ အရိုအသေပြုလိုက်၏။

"အကြီးအကဲကို သတင်းပို့ပါတယ်...အဲ့ဒီအချိန်တုန်းက အရေးပေါ်အခြေအနေဖြစ်နေတာမို့ ဒီဂျူနီယာက ဝင်ပြီးလှုပ်ရှားမိတာပါ"

အဖိုးအိုက အပြုံးနှင့်ပြောဆိုလေ၏။

"ကျင့်ကြံခြင်းလမ်းကြောင်းဆိုတာ အောင်မြင်မှုရဖို့အရမ်းခက်ခဲတယ်....မင်းက ငါရဲ့ဝင်္ကပါကို ချိုးဖျက်နိုင်မှတော့ မင်းရဲ့ဝင်္ကပါပညာရပ်ကိုနားလည်သဘောပေါက်မှုက ငါထက်မြင့်မားပုံပဲ...အရင်တုန်းကတော့ ငါက တပည့်သစ်တစ်ယောက်လက်ခံဖို့စဥ်းစားထားတာ...ဒါပေမယ့် မင်းက ထွက်လာလာခြင်းမှာတင် နေရာမှန်မှာ မတ်တတ်ရပ်နိုင်ခဲ့တယ်...ဒါကြောင့် မင်းက ငါခင်တာထက်ပိုပြီးအရည်အချင်းရှိတယ်ဆိုတာ ပြသနေတယ်"

လုယွီ မတ်တတ်ရပ်နေသောနေရာသည် စစ်တုရင်ဝင်္ကပါ၏ထွက်ပေါက်နေရာပင်။

ဝင်္ကပါပညာရပ်ကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်ထားခြင်းမရှိသူအဖို့ မှန်ကန်သောနေရာ၌ မတ်တတ်ရပ်နိုင်ရန်မှာ လွန်စွာခက်ခဲပေသည်။

ထိုအချိန်မှာပင် အဝေးတနေရာမှနေ၍ ပြင်းထန်သောစွမ်းအင်လှိုင်းလှုပ်ခတ်မှုများ ထွက်ပေါ်လာပေ၏။

လုယွီက ဤနေရာ၌ရပ်နေသည့်တိုင် ထိုစွမ်းအင်လှိုင်းလှုပ်ခတ်မှုများကို ခံစားမိသည်။

အဖိုးအိုက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ပြောဆိုလေ၏။

"နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ဖန်တီးထားတဲ့ဝင်္ကပါထဲမှာ...ဘာလို့ဒီလိုမျိုး ရုတ်ရုတ်သဲသဲဖြစ်နေကြတာလဲ"

Chapter 673

"ငါက နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ကို သွားပြီးကူညီပေးရအုံးမယ်...မင်းတို့ကို တချိန်လုံးဂရုမစိုက်နိုင်မှာ ငါ စိုးရိမ်မိတယ်"

အဖိုးအိုသည် သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး လုယွီအား ပစ်ပေးလိုက်၏။

"ဒါက ငါရဲ့တံဆိပ်ပြားပဲ...ဒီတံဆိပ်ပြားနဲ့ဆိုရင် မင်းက ရှေးဟောင်းကျင့်စဥ်တွေကိုဖတ်ဖို့ ကျမ်းစာဆောင်ကိုသွားနိုင်တယ်...ဒါ့ပြင် ကောင်းကင်ရေခဲလှိုဏ်ဂူကိုလည်းသွားပြီးလေ့ကျင့်နိုင်တယ်...ဒါက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပဲ"

လုယွီက တံဆိပ်ပြားကိုယူဆောင်ပြီး ခေါင်းညိမ့်ပြလိုက်၏။လင်ရှောင်းဂိုဏ်း၏ကျမ်းစာဆောင်သည် သူအတွက် အသုံးဝင်မည်မဟုတ်ချေ။လုယွီ၌ သူ၏ယခင်အတိတ်ဘဝ၌ ကြုံတွေ့ခဲ့သော အဖိုးတန်ရှားပါးသော အတွေ့အကြုံများရှိနေသည့်အပြင် ကောင်းကင်ဘုံအင်ပါယာ၏ရတနာသိုက်အတွင်းတွင်လည်း ရှေးဟောင်းစာအုပ်အမြောက်အများရှိနေပေသည်။

သို့ရာတွင် ကောင်းကင်ရေခဲလှိုဏ်ဂူကမူ လုယွီအတွက် အသုံးဝင်ပေ၏။

ကောလဟာလများအရ ထိုနေရာသည် လင်ရှောင်းဂိုဏ်း၏ကျင့်ကြံခြင်းရတနာမြေဟု ဆိုကြသည်။ကောင်းကင်ရေခဲလှိုဏ်ဂူအတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူနိုင်မှုနှုန်းသည် ပြင်ပထက်အဆပေါင်းများစွာပို၍မြင့်မားပေသည်။

သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူတချို့ပင်လျှင် ရေခဲလှိုဏ်ဂူအတွင်းသို့ ဝင်ရောက်၍ကျင့်ကြံကြ၏။

လင်ရှောင်းဂိုဏ်း၏သာမာန်တပည့်များဆိုလျှင် အကယ်၍ သူတို့၌ ဂိုဏ်းအကျိုးဆောင်ရမှတ်အမြောက်အများမရှိပါက ထိုရေခဲလှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ရန်အရည်အချင်းမပြည့်မီချေ။

ယခုအချိန်၌ လုယွီလိုအပ်နေသော စိတ်ဝိညာဥ်စွမ်းအင်ပမာဏသည် ကြောက်ခမန်းလိလိဖြစ်ပေ၏။

သူ ဓမ္မရုပ်ထုနယ်ပယ်အား ချိုးဖျက်ဝင်ရောက်နိုင်ရန်လိုအပ်သော စိတ်ဝိညာဥ်စွမ်းအင်ပမာဏသည် တခြားသူများထက် အဆပေါင်းများစွာပို၍လိုအပ်ပေသည်။

ရေခဲလှိုဏ်ဂူအတွင်းဝင်ရောက်ခွင့်က သူ့အတွက် အချိန်ကိုက်ရောက်ရှိလာသော ထောက်ပံမှုဖြစ်သည်။

လုယွီက မတုန်မလှုပ်နေနေသော်လည်း အဖိုးအိုက ဂရုမစိုက်ချေ။သူ ပေးအပ်လိုက်သော တံဆိပ်ပြားသည် လုယွီနှင့် ထိုက်တန်ပေ၏။

"ဒီမိန်းကလေးက....ငါ မင်းကို တစ်ခုမေးပါရစေ...မင်းက ကျီးလုံထျန်းရဲ့မျိုးဆက်လား"

အဖိုးအိုက ရုတ်တရက် မေးမြန်းလိုက်သည်။

ကျီးချန်ယွီက ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူမရှေ့ရှိအဖိုးအိုအား မယုံကြည်နိုင်သောအကြည့်မျိုးဖြင့် ကြည့်နေပေ၏။

"အကြီးအကဲက......."

အဖိုးအိုက အပြုံးနှင့် ပြောဆိုလိုက်သည်။

"ငါက အကြီးအကဲရှင်းဖုန်...အရင်မျိုးဆက်က လင်ရှောင်းဂိုဏ်းဘိုးဘေးတွေရဲ့ ယုံကြည်မှုကိုရခဲ့ပြီးတော့ အခုလက်ရှိဂိုဏ်းချုပ်ကို သင်ကြားပေးခဲ့သူပဲ...ကြည့်ရတာတော့ မင်းက ကျီးမိသားစုရဲ့အကြွင်းအကျန်မျိုးဆက်ဖြစ်ရမယ်"

"ကျီးချန်ယွီက အကြီးအကဲရှင်းကို ဂါရဝပြုပါတယ်"

ကျီးချန်ယွီက ချက်ချင်းပင် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလေ၏။

အကြီးအကဲရှင်းက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေရင်းမှ ပြောဆိုလေသည်။

"ငါ မင်းနဲ့တွေ့ရတာ အရမ်းဝမ်းသာတယ်...ငါ အကိုကျီးနဲ့ လှည့်လည်သွားလာနေတဲ့အချိန်တုန်းက...သူကို လောကီလောကရဲ့ကိစ္စတွေကို ဝင်ပြီးမစွက်ဖက်ဖို့ အကြံပေးခဲ့ဖူးတယ်...စိတ်ပျက်ဖို့ကောင်းတာက သူ အာဏာရဲ့စွမ်းအားကို မက်မောပြီး မဟာနဂါးတိုင်းပြည်ရဲ့ဝန်ကြီးချုပ်ဖြစ်လာတာပဲ...သူရဲ့အာဏာနဲ့ ကောင်းကင်တုန်ခါလုမတက် လွှမ်းမိုးနိုင်ခဲ့ပေမယ့် သူရဲ့အဆုံးသတ်ကကောင်းရဲ့လား"

ကျီးချန်ယွီ၏မျက်လုံးများအတွင်း၌ ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"အကြီးအကဲရှင်းကို ကျွန်မရှာတွေ့တာနဲ့....အကြီးအကဲက ကျွန်မကိုကူညီပေးလိမ့်မယ်လို့ အဖိုး တစ်ချိန်တုန်းကပြောခဲ့ဖူးတယ်"

"ဒါက အမှန်ပဲ...ငါ ကိုယ်တိုင်ကတိပေးထားခဲ့တာ...ငါရဲ့ကတိကို ငါဘယ်တော့မှမဖျက်ဘူး"

အကြီးအကဲရှင်း၏လက်ချောင်းများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး သူက လေထုအတွင်း၌ တစ်စုံတစ်ခုကိုရေးဆွဲနေပေသည်။

အချိန်တခဏအကြာမှာပင် အကြီးအကဲရှင်း၏လက်အတွင်းသို့ အမိန့်စာလွှာတစ်ခု ကျဆင်းလာသည်။

အကြီးအကဲရှင်းက ထိုအမိန့်စာလွှာကို ကျီးချန်ယွီထံသို့ပေးလိုက်၏။

"ဒီအမိန့်စာလွှာကိုယူထားလိုက်...မင်းက ဒီအဖိုးကြီးဆီကို ကျင့်ကြံဖို့လာရမယ်...ဒီချိန်ကနေစပြီး မင်းက လင်ရှောင်းဂိုဏ်းရဲ့ပင်မတပည့်ဖြစ်သွားပြီ...မင်းရဲ့အဖိုးက ဒီနေရာမှာအမွေအနှစ်တစ်ခုထားခဲ့တယ်...အဲ့ဒါကို မင်း ထိန်းသိမ်းနိုင်မယ်လို့ ငါမျှော်လင့်ထားတယ်"

ကျီးချန်ယွီ၏မျက်လုံးများတောက်ပသွားပြီး သူမက စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုလေသည်။

"အကြီးအကဲရှင်းကို ကျေးဇူးတင်ပါတယ်"

"မင်းကတော့...နှမြောစရာပဲ...ငါက မင်းကို တပည့်အဖြစ်ခေါ်ယူချင်ပေမယ့် ငါ မင်းကို သင်ကြားပေးနိုင်တာ ဘာမှမရှိဘူး"

လုယွီကိုကြည့်ပြီး အကြီးအကဲရှင်းက သက်ပြင်းချနေပေ၏။

သူအတွက် လုယွီသည် သူ အစဥ်အမြဲ တန်ဖိုးအထားဆုံး တပည့်တစ်ယောက်ဖြစ်သည်။

လေဟာနယ်လှိုင်းများထွက်ပေါ်လာပြီးနောက် လုယွီနှင့်ကျီးချန်ယွီသည် ပြင်ပသို့ ချက်ချင်းပို့ဆောင်ခြင်းခံလိုက်ရသည်။

သူတို့နှင့် မလှမ်းမကမ်းအကွာအဝေးရှိ လှေကားထစ်ရှည်များ၏အဆုံးသတ်တွင် ရွှေရောင်တံခါးကြီးတစ်ခုရှိနေသည်။ကောင်းကင်ယံတွင် အနည်းငယ်မှောင်ရိပ်သန်းနေသော်လည်း တံခါး၏အနီးတဝိုက်တွင် နေ့အလင်းရောင်အလား ထွန်းတောက်နေပေ၏။

"ဒါက နဂါးတံခါးပဲ....ဒီတံခါးက အပြင်စည်းခန်းမရဲ့ဝင်ပေါက်ဖြစ်မယ်"

ကျီးချန်ယွီ၏လေသံက စိတ်သက်သာရာရသွားပုံပင်။

လုယွီက တံခါးအား တစ်ချက်ကြည့်လိုက်၏။ထိုနေရာ၌ မည်သည့်ဝင်္ကပါမှဖုံးကွယ်ထားခြင်းမရှိသည့်အတွက် ဤသည်က အစစ်အမှန်နဂါးတံခါးဖြစ်ပေမည်။

သူတို့နှစ်ယောက်က နဂါးတံခါးထံသို့ လျှောက်သွားလိုက်ကြ၏။

"နေဝင်ဖို့ အချိန်သိပ်မလိုတော့ဘူး...နဂါးတံခါးကို နောက်ထပ်ဘယ်သူမှ အချိန်မီမဖြတ်ကျော်နိုင်မှာ ငါ စိုးရိမ်မိတယ်"

စိတ်မရှည်တော့သော အသံတစ်သံက ရုတ်တရက် သူတို့၏နားအတွင်းသို့ ကျရောက်လာသည်။

"ဟား ဟား ဟား...ဘာမှစိုးရိမ်မနေပါနဲ့...သခင်လေးစုန့်....ကျွန်တော်တို့က နဂါးတံခါးကိုကျော်ဖြတ်ပြီးပြီလေ...နေဝင်တာနဲ့ သခင်လေးက အပြင်စည်းတပည့်တစ်ယောက်ဖြစ်မှာပါ"

မြှောက်ပင့်ပြီး မျက်နှာချိုသွေးသော အသံတစ်သံက ပဲ့တင်ထပ်နေပေ၏။

"မြန်မြန်လာကြစမ်းပါ....ငါ့ရဲ့အချိန်က အဖိုးတန်တယ်"

Chapter 674

စုန့်ဟန်က စိတ်မရှည်သောအမူအယာမျိုးအား ဖော်ထုတ်ထားသည်။အကြီးအကဲတချို့၏မျိုးဆက်သစ်များ မျက်နှာပေါ်တွင်လည်း စိတ်မရှည်သောအမူအယာများ ထင်ဟပ်နေသည်။သူတို့၏အကြီးအကဲများလမ်းညွှန်မှုကြောင့် သူတို့က အပြင်စည်းခန်းမအတွင်းသို့ လွယ်လင့်တကူဝင်ရောက်နိုင်ခဲ့သည်။

ဤအချိန်တွင် သူတို့အား အပြင်စည်းတပည့်အဖြစ် ယူဆ၍ရပြီးလေပြီ။

သို့ရာတွင် လင်ရှောင်းဂိုဏ်း၏စည်းမျဥ်းများအရ အပြင်စည်းတပည့် တရားဝင်ဖြစ်ရန် ရွေးချယ်ပွဲပြီးဆုံးသည်အထိ စောင့်ဆိုင်းရပေမည်။

ထိုစည်းမျဥ်းသည် မလွဲမသေလိုက်နာရမည့်စည်းမျဥ်းဖြစ်ပေ၏။

စုန့်ဟန်တို့လူစုသည် အချိန်စောင့်ဆိုင်းလိုစိတ်မရှိချေ။သူတို့က အစေခံတပည့်အဖြစ် ဝင်ရောက်ခဲ့ရပြီး ယခု အပြင်စည်းတပည့်ဖြစ်ရန်အတွက် အလျင်လိုနေပေသည်။

မိုးကောင်းကင်ယံ၌ နေဝင်စပြုနေလေပြီ။

အပြင်စည်းခန်းမမှ မှတ်တမ်းယူနေသော တပည့်တစ်ယောက်က ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။

"နေဝင်သွားပြီဖြစ်လို့ အပြင်စည်းတပည့်ရွေးချယ်ပွဲ ဒီအချိန်မှာပဲ ပြီးဆုံး......"

ထိုအချိန်မှာပင် နဂါးတံခါးကိုဖြတ်၍ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး လူရိပ်နှစ်ရိပ်က လူအုပ်ကြီး၏ရှေ့၌ ထွက်ပေါ်လာသည်။သူတို့က လုယွီနှင့်ကျီးချန်ယွီသာ ဖြစ်ပေ၏။

မှတ်တမ်းယူနေသောတပည့်၏စကားမဆုံးခင်မှာပင် သူတို့နှစ်ယောက်က ရောက်ရှိလာခြင်းဖြစ်သည်။

"မင်းတို့ ထွက်လာခဲ့တာလား"

ဟယ်ချင်းချင်း၏မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေပေ၏။

သူတို့၏နတ်ဘုရားစိတ်အာရုံကိုကန့်သတ်ထားသော မြူခိုးများကြား၌ လမ်းလျှောက်ရသည်မှာ မျက်မမြင်များနှင့်တူညီနေပြီး မှန်ကန်သောဦးတည်ချက်ကို ရှာတွေ့ရန်မလွယ်ကူချေ။

အကယ်၍ သူတို့အား အကြီးအကဲများကသာ လမ်းညွှန်မပေးပါက မည်သည့်နည်းနှင့်မျှ နဂါးတံခါးအား သူတို့ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

မည်သည့်နည်းဖြင့် သူမရှေ့ရှိ လူနှစ်ယောက်က ထွက်လာခဲ့သနည်း။

စုန့်ဟန်က အေးစက်စက်နှာမှုတ်လိုက်သည်။

"ငါ အဲ့ဒီကောင်လေးကိုသိတယ်...လမ်းတလျှောက်လုံး သူက ထူးထူးဆန်းဆန်းနည်းလမ်းတွေအများကြီး အသုံးပြုသွားတာ...အဲ့ဒီကောင်က အပြင်စည်းတပည့်ရွေးချယ်ပွဲကိုလေ့လာပြီးတော့ ကျော်ဖြတ်နိုင်ဖို့အတွက် မှော်ရတနာတွေအများကြီး သယ်ဆောင်လာတာလို့ ငါထင်တယ်'

ထိုစကားကြားမှသာလျှင် လူအုပ်ကြီးက စိတ်သက်သာရာရသွားကြသည်။

သူတို့က လုယွီပေါ်၌ အထင်ကြီးမှုတချို့ ရှိနေပေ၏။မည်သို့ပင်ဆိုစေကာမူ လုယွီသည် မိုးကောင်းကင်လှေကားထစ်များ၏ထပ်ဆုံးသို့ တမဟုတ်ချင်း ရောက်ရှိသွားခဲ့ခြင်းကို သူတို့အားလုံး အံ့အားသင့်ခဲ့ရသည်။

သို့ရာတွင် လုယွီ မည်မျှထူးချွန်နေပါစေ အထင်သေးသူတချို့ကတော့ ရှိနေဆဲပင်။

ကျီးချန်ယွီကမူ.....

စုန့်ဟန်က ကျီးချန်ယွီကိုမြင်တွေ့ချိန်တွင် ဟန်မဆောင်နိုင်တော့ဘဲ သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

သူက ရှေးဟောင်းနတ်ဆိုးများနှင့် ရင်ဆိုင်ရချိန်တွင် ကျီးချန်ယွီ၏လှောင်ပြောင်ခြင်း ခံခဲ့ရသည်ကို အမှတ်ရနေဆဲပင်။

ဤဖြစ်ရပ်က သူကိုယ်သူ အထင်ကြီးနေခြင်းအား အပြင်းအထန်ထိခိုက်စေသည်။

"အခု ငါတို့က စမ်းသပ်ပွဲတွေကိုဖြတ်ကျော်ပြီးပြီဆိုမှတော့...ငါတို့ အပြင်စည်းတပည့်ဖြစ်သွားပြီပေါ့...ဟုတ်လား"

လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။

မှတ်တမ်းယူနေသောတပည့်က သူ့နဖူးသူပြန်ရိုက်ပြီး ပြောဆိုလေသည်။

"ဟုတ်တယ်...မင်းပြောတာ အမှန်ပဲ"

ထိုတပည့်က ကျီးချန်ယွီကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်မှာလဲ...ငါတို့ မှတ်ထားဖို့လိုတယ်"

ကျီးချန်ယွီက ပြန်လည်ပြောဆိုလိုက်သည်။

"ဓမ္မရုပ်ထုနယ်ပယ် နှောင်းပိုင်းအဆင့်"

ဘာ....

စုန့်ဟန်တို့လူစု ထိတ်လန့်တုန်လှုပ်သွားကြ၏။ကျီးချန်ယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် ဤမျှထိမြင့်မားမည်ဟု သူတို့ တွေးထင်မထားမိကြချေ။

သူတို့နှင့်သက်တူရွယ်တူမျိုးဆက်၌ ပါရမီရှင်လူငယ်များသာလျှင် ဓမ္မရုပ်ထုနယ်ပယ်အစောပိုင်းအဆင့်သို့ ရောက်ရှိနိုင်သည်။တချို့ပါရမီရှင်များကသာလျှင် ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်သို့ ရောက်ရှိနိုင်ပေ၏။သို့ရာတွင် တချို့သော ထူးခြားသည့်ပါရမီရှိသူများသည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်။

မှတ်တမ်းယူသောတပည့်က လေးစားသောအမူအယာဖြင့် ပြောဆိုလိုက်၏။

"မင်းက လင်ရှောင်းဂိုဏ်းကိုဝင်ရောက်ပြီးတာနဲ့...မင်းရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"

ထို့နောက် သူက လုယွီဘက်သို့ လှည့်လိုက်သည်။

"သဘာဝလွန်စွမ်းအင်နယ်ပယ်နှောင်းပိုင်းအဆင့်..."

လုယွီက ပြောဆိုလေ၏။

ဤနေရာရှိလူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ဟား...ဟား...ဟား..

ထို့နောက် တစ်စုံတစ်ယောက်က မအောင့်အည်းနိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။

သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူသည် အစေခံတပည့်အဆင့်မျှသာရှိပြီး အပြင်စည်းတပည့်များနှင့် အလှမ်းကွာဝေးပေသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"အပြင်စည်းတပည့်ရွေးချယ်ပွဲမှာ ကျင့်ကြံဆင့်နယ်ပယ်လိုအပ်လို့လား"

"ဒါက မလိုအပ်ပါဘူး"

မှတ်တမ်းယူသည့်တပည့်က ပြောဆိုလေသည်။ထို့နောက် သူက လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကို သူ၏မှတ်တမ်းစာအုပ်အတွင်း၌ 'အဆင့်နိမ့်အရည်အချင်း'ဟု မှတ်သားလိုက်သည်။

ဤကဲ့သို့မှတ်တမ်းမျိုးနှင့်ဆိုလျှင် နောင်တစ်ချိန်၌ အတွင်းစည်းခန်းမမှ မျိုးစေ့ကောင်းတချို့ကိုရွေးချယ်ပါက သူတို့က ရွေးချယ်ခြင်းမခံရမည်မှာ သေချာပေသည်။

တချို့အရေးကြီးသောလုပ်ငန်းတာဝန်များဆိုလျှင် အဆင့်နိမ့်အရည်အချင်းတပည့်များ လုပ်ဆောင်ရန်အခွင့်အရေးမရရှိချေ။

ဤဖြစ်ရပ်အား စုန့်ဟန်က မတော်တဆ တွေ့မြင်သွားပေ၏။

"ကောင်လေး...ခုချက်ချင်း ငါရှေ့မှာလူးလှိမ့်ပြီး ငါ့ကိုဖိုးဖိုးလို့ခေါ်စမ်း...ဒါဆိုရင် ငါက အတိတ်ကို အတိတ်မှာပဲထားလိုက်မယ်"

Chapter 675

စုန့်ဟန်သည် ကောင်းကင်ဘုံစင်မြင့်၌ လုယွီက သူ့အား မြေပြင်ပေါ်သို့ကိုင်ပေါက်ခဲ့ခြင်းကို အမှတ်ရနေဆဲဖြစ်သည်။ယခုက သူ လက်စားချေရမည့်အချိန်ဖြစ်ပေ၏။

လုယွီ၏မျက်လုံးများ အေးစက်တင်းမာလာပြီး စုန့်ဟန်အား စူးစူးဝါးဝါးစိုက်ကြည့်ကာ ပြောဆိုလေသည်။

"ငါ့ကိုလာပြီး စိတ်အနှောက်အယှက်မပေးနဲ့...မညုတ်ရင် မင်း နောင်တရသွားလိမ့်မယ်"

ဤအချိန်တွင် သူတို့အားလုံးက အပြင်စည်းတပည့်များဖြစ်သော်လည်း စုန့်ဟန်ကမူ မကြာမီအချိန်မှာပင် အတွင်းစည်းတပည့်ဖြစ်လာပေမည်။

စုန့်ဟန်သည် သူ့ဖခင်၏အပြစ်ပေးခန်းမတောင်ထိပ်သို့ ယနေ့ညတွင်းချင်း သွားရောက်ပါက သူ ပင်မတပည့်ပင်ဖြစ်သွားနိုင်သည်။

"သခင်လေးစုန့်...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက နဂါးတံခါးလေ...တကယ်လို့ မင်း တစ်ခုခုလုပ်ချင်တယ်ဆိုရင် အချိန်အခါစောင့်တာ ပိုကောင်းလိမ့်မယ်"

မှတ်တမ်းယူသည့် တပည့်က အကြံပေးလိုက်၏။

စုန့်ဟန်က အေးစက်စက်နှာမှုတ်ပြီး ဓမ္မအမိန့်စာလွှာတစ်ခုအား ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ထုတ်ယူလိုက်သည်။

"ငါမှာ အပြစ်ပေးခန်းမအကြီးအကဲရဲ့ အမိန့်စာလွှာရှိတယ်....ဒီအမိန့်စာလွှာထဲမှာ ဒီနေ့ပဲ ငါ့ကိုအတွင်းစည်းတပည့်အဖြစ် အဆင့်တိုးပေးလိုက်တဲ့အကြောင်းပါတယ်"

စုန့်ဟန်၏အသံက ပို၍ ကျယ်လောင်လာပေ၏။

အတွင်းစည်းအကြီးအကဲများသည် အပြင်စည်းတပည့်များအား အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက်ခန့်အပ်ပေးနိုင်သော အခွင့်အာဏာရှိသည်။

တခြားလူများကလည်း သူတို့အချိန်အတော်ကြာ ပြင်ဆင်ထားပြီးပုံရသော အမိန့်စာလွှာများကို ထုတ်ယူလိုက်ကြ၏။

ကြည့်ရသည်မှာ မှတ်တမ်းယူနေသောတပည့်များည် ဤအခြေအနေအား မျှော်လင့်ပြီးပုံရသည်။

ရုတ်ချည်းဆိုသလိုပင် အကြီးအကဲများ၏မျိုးဆက်သစ်တပည့်များနောက်သို့ အတွင်းစည်းတပည့်တစ်စု ရောက်ရှိလာကြသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ခန့်မှာပင် ထို'အခွင့်ထူးခံမျိုးဆက်သစ်'များအားလုံးကို အတွင်းစည်းတပည့်များအဖြစ် စာရင်းသွင်းပြီးလေပြီ။

"စီနီယာအကိုကြီးစုန့်....ဒါက စီနီယာရဲ့တံဆိပ်ပြားပါ...ကျေးဇူးပြုပြီး ဒါကိုယူထားပေးပါ....စီနီယာ ပင်မတပည့်ဖြစ်ဖို့ဆိုရင် အကြီးအကဲရဲ့ခွင့်ပြုချက်လိုလိမ့်မယ်...တကယ်လို့ စီနီယာက ပင်မတပည့်ဖြစ်သွားပြီဆိုရင် ဒီညီငယ်လေးကိုမမေ့ပါနဲ့"

အတွင်းစည်းတပည့်တစ်ယောက်က စုန့်ဟန်အား ​မျက်နှာချိုသွေးနေလေသည်။

စုန့်ဟန်က အူလှိုက်သည်းလှိုက်ရယ်မောရင်း ပြောဆိုလိုက်သည်။

"ဒါက အသေးအဖွဲကိစ္စပါ"

သူသည် အပြစ်ပေးခန်းမအကြီးအကဲ၏သားဖြစ်ပေ၏။လင်ရှောင်းဂိုဏ်း၌ သူ့အား ခယ၍မျက်နှာချိုသွေးနေသော လူအမြောက်အများရှိသည်။

ထို့ပြင် ယခုလက်ရှိချိန်၌ သူ၌ အတွင်းစည်းတပည့်ဟူသော အဆင့်အတန်းရှိထားပြီဖြစ်၍ လင်ရှောင်းဂိုဏ်းအတွင်းတွင် သူ့အတွက် ကန့်သတ်ချက်မရှိတော့ချေ။

ရုတ်ချည်းဆိုသလိုပင် စုန့်ဟန်၏အကြည့်က လုယွီထံသို့ ကျရောက်သွားသည်။

"ကောင်လေး...မင်းက အပြင်စည်းတပည့်တစ်ယောက်...မင်းက ငါ့ကို လူအများရှေ့မှာ မလေးမစားလုပ်ဝံ့တယ်ပေါ့...ဂိုဏ်းစည်းမျဥ်းတွေအရ ဒါက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ပြစ်မှုကြီးပဲ"

စုန့်ဟန်က လုယွီကို လက်ညှိုးညွှန်ပြီး အော်ငေါက်လိုက်၏။

"အခုချက်ချင်းဒူးထောက်ပြီး ငါ့ပေါင်ခြံကြားက တွားသွားပြီးဖြတ်သွားစမ်း...ဒါက ငါရဲ့သဘောထားကြီးမှုကို ပြသလိုက်တာပဲ...ဒီတစ်ခါတော့ ငါ မင်းကို အလွတ်ပေးလိုက်မယ်"

တခြားတပည့်များ၏ လုယွီကိုကြည့်နေသောမျက်လုံးများအတွင်းတွင် သနားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

စုန့်ဟန်အား စော်ကားခဲ့သလော...မည်သည့်သတ္တိမျိုးနှင့် သူက စုန့်ဟန်အား ရန်စစော်ကားခဲ့သနည်း။

စုန့်ဟန်၏ဖခင်သည် အပြစ်ပေးခန်းမအကြီးအကဲဖြစ်သည့်အပြင် လင်ရှောင်းဂိုဏ်း၏အတွင်းစည်းအကြီးအကဲများအနက်မှတစ်ယောက်ဖြစ်သည်။ခန်းမသခင်တချို့နှင့်အပြင်စည်းအကြီးအကဲများပင် သူ့အား ကြောက်ရွံကြသည်။

လုယွီသည် အပြင်စည်းတပည့်တစ်ယောက်ဖြစ်သည့်အပြင် လင်ရှောင်းဂိုဏ်းအတွင်း၌ သူ့အတွက် မည်သည့်ကျောထောက်နောက်ခံမျှရှိမနေချေ။

"သူရဲ့ကံက မဆိုးပါဘူး...တကယ်လို့ သူ တွားသွားလိုက်မယ်ဆိုရင် မျက်နှာပျက်ရရင်တောင် အနည်းဆုံးတော့ သူ အသက်ရှင်နိုင်တယ်"

နံဘေးဘက်ရှိ ဟယ်ချင်းချင်းက သာမာန်ကာလျှံကာအပြုံးမျိုးဖြင့် ပြောဆိုလေ၏။

သူတို့အားလုံးက ပြပွဲတစ်ပွဲအား စောင့်ကြည့်နေကြသည်။

သူတို့၏အမြင်တွင် လုယွီက ရွေးချယ်ပွဲတလျှောက်လုံး လှည့်ကွက်များအသုံးပြုခဲ့သူဖြစ်သဖြင့် သူတို့၏စိတ် မသက်မသာဖြစ်ခဲ့ရသည်။ဤကဲ့သို့ ပြပွဲကောင်းကို သူတို့ လက်လွတ်မခံနိုင်ချေ။

အကြည့်များအားလုံးက လုယွီထံ၌သာ စူးစိုက်၍ကျရောက်နေပြီး သူ မည်ကဲ့သို့ပြုလုပ်မည်ကို စောင့်ဆိုင်းနေကြ၏။

လုယွီက မျက်မှောင်ကြုတ်ပြီးနောက် သူက စကားပြောဆိုရန်ပါးစပ်ဟလိုက်ချိန်မှာပင် အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲ ချင်းယင်..ဒီနေရာကို ရောက်လာပြီ"

လူအုပ်ကြီးက ကြက်သေသေသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။

ကောင်းကင်ယံမှ အဖြူရောင်ကြာပန်းကြီးတစ်ပွင့် ဆင်းသက်လာသည်။

ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ကြာပန်းရနံ့များ သင်းပျံသွားပေ၏။

ကြာပန်းဖြူပေါ်မှနေ၍ တင့်တယ်လှပသော အမျိုးသမီးတစ်ယောက်က ခြေဗလာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

"အကြီးအကဲချင်းယင်ကို ကြိုဆိုပါတယ်"

လူတိုင်းက လမ်းဖယ်ပေးပြီး သူမအား ဂါရဝပြုလိုက်ကြသည်။စုန့်ဟန်ပင်လျှင် နံဘေးဘက်၌ မတ်တတ်ရပ်ပြီး အရိုအသေပြုနေပေ၏။

ထိုအကြီးအကဲသည် သူ၏ဖခင်ကဲ့သို့ပင် လင်ရှောင်းဂိုဏ်း၏အာဏာရှိသော အကြီးအကဲတစ်ယောက်ပင်။အမှန်အားဖြင့် သူ၏ဖခင်ထက်ပင် အဆင့်အတန်း ပို၍မြင့်မားပေ၏။

"အကြီးအကဲချင်းယင်က ဒီနေရာကို ဘာလို့ရောက်လာပါလိမ့်"

စုန့်ဟန်က တွေးတောနေလေသည်။

အကြီးအကဲချင်းယင်၏လှပသောမျက်လုံးများက လူတိုင်း၏ခန္ဓာကိုယ်ပေါ်သို့ ဝေ့ဝိုက်၍ကျရောက်သွားပြီးနောက် သူမ၏အကြည့်က ကျီးချန်ယွီထံသို့ ကျရောက်သွားခဲ့သည်။

"ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပါလား...မိန်းကလေး...နင် ငါနဲ့အတူကျင့်ကြံဖို့ဆန္ဒရှိလား"

အကြီးအကဲချင်ယင်းက ပြုံးရင်းနှင့် ပြောဆိုလိုက်၏။

All Chapters