← Chapters

အခန်း (၆၇၆-၆၈၀)

Vol. 37 Ch. 676-680

အခန်း (၆၇၆-၆၈၀)

Vol. 37 Ch. 676-680

Chapter 676

အကြီးအကဲချင်းယင်က သူတို့၏ရှေ့ရှိ မိန်းကလေးအား တပည့်အဖြစ်လက်ခံလိုသလော...။

"အကြီးအကဲချင်းယင်ကိုယ်တိုင် ဒီနေရာကိုလာတာ အံ့အားသင့်စရာမရှိဘူး....သူအသက်က ငယ်ငယ်လေးရှိသေးတာတောင် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကိုရောက်နေပြီ...ဒီအရည်အချင်းမျိုးက ထိပ်တန်းပါရမီရှင်တွေမှာပဲရှိတာ"

ဟယ်ချင်းချင်းက သက်ပြင်းချနေပေ၏။တစ်ချိန်တည်းမှာပင် သူမ၏မျက်လုံးများအတွင်း၌ မနာလိုအားကျသော အရိပ်အယောင်များထင်ဟပ်နေသည်။

သူတို့က အတွင်းစည်းတပည့်ဖြစ်လာခဲ့သည်မှာ ဂိုဏ်းအကြီးအကဲများ၏မျိုးဆက်များ ဖြစ်ခြင်းကြောင့်ပင်။ဤသည်က ဖြတ်လမ်းနည်းဖြစ်သော်လည်း နောင်အနာဂတ်၌ သူတို့သင်ယူရမည့်အရာများသည် သူတို့နှင့်သက်ဆိုင်ရာအကြီးအကဲ၏စွမ်းအားအရ ကန့်သတ်ချက်ရှိသည်။

တချို့အစွမ်းထက်သောအကြီးအကဲများ၏မျိုးဆက်များသည် အဆင်ပြေနိုင်သော်လည်း တချို့အကြီးအကဲများကမူ အားနည်းသဖြင့် သူတို့၏မျိုးဆက်များက အနည်းငယ် သင်ယူနိုင်ပေမည်။

စုန့်ဟန်၏မျက်လုံးများက တောက်ပနေလေ၏။

တခြားသူများက အကြီးအကဲချင်းယင် တပည့်လက်ခံမည်ကို စိုးရိမ်ပူပန်နေကြသော်လည်း သူတို့က အကြီးအကဲ၏တီးတိုးရေရွတ်လိုက်သံအား သတိမပြုမိကြချေ။

ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်အမျိူးအစား....

တချို့လူများသာလျှင် ဤခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်း သိရှိပေမည်။ခန္ဓာကိုယ်ဖွဲ့စည်းပုံများအကြောင်းကို မှတ်တမ်းတင်ထားသော ရှေးဟောင်းစာအုပ်တချို့တွင်ပင် ဤခန္ဓာကိုယ်အမျိူးအစားအကြောင်း ပါဝင်ခြင်းမရှိချေ။

သို့ရာတွင် စုန့်ဟန်ကမူ ဤခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်း ဖော်ပြချက်တချို့ကို ရှေးဟောင်းစာအုပ်တစ်အုပ်အတွင်း၌ မတော်တဆတွေ့မြင်ခဲ့ဖူးသည်။

အတိတ်ကာလတုန်းက အင်ပါယာမင်းတစ်ပါးသေဆုံးသွားချိန်တွင် သူ၏ကြင်ယာတော်ကိုပါ သင်္ချိုင်းဂူအတွင်း၌ ထည့်သွင်းမြှုပ်နှံခဲ့သည်။

သို့ရာတွင် ထိုကြင်ယာတော်၌ ပဋိသန္ဓေရှိနေမည်ဟု သူတို့၏မျိုးဆက်များက မျှော်လင့်မထားမိကြချေ။ကြင်ယာတော်သည် သင်္ချိုင်းဂူအတွင်း၌မြှုပ်နှံခြင်းခံထားရသဖြင့် ကလေးသည်လည်း ခေါင်းတလားအတွင်း၌ မွေးဖွားလာခဲ့သည်။

ထိုကလေးမွေးဖွားလာချိန်တွင် ကောင်းကင်ယံ၌ ထူးဆန်းသောသဘာဝပုံရိပ်များ ထွက်ပေါ်လာသည်။​နာကျည်းမုန်းတီးမှုအပြည့်ဖြင့်ရေရွတ်နေသောအသံများသည် ကောင်းကင်ယံတိုင် ဝဲပျံ၍ပဲ့တင်ထပ်နေပေ၏။

တိုင်းပြည်မှအစွမ်းထက်ထိပ်သီးကျင့်ကြံသူများ သွားရောက်စစ်ဆေးချိန်တွင် အင်ပါယာမင်း၏သင်္ချိုင်းဂူသည် ကျွမ်းထိုးမှောက်ခုံဖြစ်နေပြီး အင်ပါယာမင်းနှင့်ကြင်ယာတော်၏ခေါင်းတလားများသည်လည်း ပျောက်ဆုံးနေခဲ့သည်။

ထိပ်သီးကျင့်ကြံသူများက သင်္ချိုင်းဂူ၏နံဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။အစကဏဦးတွင် ဤဖြစ်ရပ်သည် သင်္ချိုင်းသူခိုးများ၏လက်ချက်ဟု သူတို့က တွေးထင်ခဲ့သည်။ထို့နောက်တွင်မူ ​သူတို့က ကျော်ကြားသည့်သင်္ချိုင်းသူခိုးအမြောက်အများကို သတ်ဖြတ်ပြီးနောက် ဤကိစ္စသည် ပြင်ပလူများ၏လုပ်ဆောင်ချက်မဟုတ်ခြင်းကို သိရှိနားလည်သွားတော့သည်။

ခေါင်းတလားက အတွင်းမှနေ၍ ကိုက်ဖြတ်ဖွင့်ခြင်း ခံထားရခြင်းဖြစ်ပေ၏။

ခေါင်းတလား၏မာကျောသောအစွန်ဘက်များတတွင် မြောက်များစွာသော သွားရာများကျန်ခဲ့သည်မှာ မြင်တွေ့ရသူများ၏စိတ်နှလုံးသားများအား တုန်လှုပ်ချောက်ချားသွားစေသည်။

ထိုတိုင်းပြည်မှအကြီးအမှူးများက ဤကိစ္စကိုလျှို့ဝှက်ဖုံးကွယ်ထားပြီး စုံစမ်းစစ်ဆေးရန် လူတချို့အားစေလွှက်ခဲ့သည်။အချိန်အတန်ကြာမှသာလျှင် ဖြစ်ကြောင်းကုန်စင်အလုံးစုံ ရုပ်လုံးပေါ်လာတော့သည်။

သို့ရာတွင် အကယ်၍ သူတို့၏ခေါင်းများအား သူတို့ပြန်ဖြတ်လိုက်လျှင်ပင် အင်ပါယာမင်း၏သင်္ချိုင်းဂူအတွင်းမှနေ၍ ကလေးတစ်ယောက်မွေးဖွားလာခဲ့ခြင်းကို သူတို့ စိတ်ကူးပင်ယဥ်နိုင်စွမ်းမရှိချေ။

ထို့ပြင် ဤဖြစ်ရပ်မျိုး ယခင်ကဖြစ်ပွါးဖူးသည့် ရှေးဟောင်းမှတ်တမ်းများလည်း ရှိမနေပေ။သို့သော် နောက်ဆုံးရလဒ်က တိကျမှန်ကန်ပေ၏။သင်္ချိုင်းဂူအတွင်း၌မွေးဖွားလာသော ကလေး ကြီးပြင်းလာချိန်တွင် သူက လက်ရှိအင်ပါယာမင်းကိုသတ်ဖြတ်ပြီး တိုင်းပြည်တစ်ပြည်လုံးအားလည်း ဖျက်ဆီးပစ်ခဲ့သည်။

ထိုကလေး၏မျိုးဆက်များသည် သူတို့၏အမွေအနှစ်များကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ကြ၏။မျိုးဆက်မှယော်ကျားသားများသည် နာကျည်းမုန်းတီးမှုများ၏အကျိုးသက်ရောက်မှုကြောင့် ဆိုးဆိုးရွားရွားသေဆုံးကြရသည်။

မိန်းမသားများကမူ သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်လျှင်မြန်သည့်အပြင် ကျင့်ကြံဆင့်နယ်ပယ်မှာလည်း အဆင့်ခုန်ပေါက်တိုးတက်စေသည်။

ရှေးဟောင်းစာအုပ်တချို့အရ လူတစ်ယောက်သည် ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အမျိုးသမီးတစ်ယောက်အား အတင်းအကျပ်ဖိအားပေး၍ ယူဆောင်ခဲ့ပြီး သူမ၏မွေးရာပါပါရမီကိုပင် သူအသုံးပြုရန်အတွက် စုပ်ယူနိုင်ခဲ့သည်။

စုန့်ဟန်က စိတ်လှုပ်ရှားနေပေ၏။ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့်အပြင် ကျီးချန်ယွီသည် မိန်းမလှလေးတစ်ယောက်လည်းဖြစ်နေသည်။

"ဒီကောင်မလေးကို...ငါ ရရမယ်"

စုန့်ဟန်က သူ လုမိသားစုထံမှ လျှို့ဝှက်၍သင်ယူထားသော နည်းစနစ်အကြောင်းကို တွေးတောမိချိန်တွင် သူ၏စိတ်နှလုံးသားများ ပွက်ပွက်ဆူလာသည်။

ကျီးချန်ယွီက အကြီးအကဲချင်ယင်းအား ဂါရဝပြုနှုတ်ဆက်လိုက်သည်။

"အကြီးအကဲချင်ယင်း...ကျွန်မတောင်းပန်ပါတယ်...ကျွန်မက အကြီးအကဲရှင်းရဲ့ကြယ်တောင်ထိပ်မှာ ကျင့်ကြံဖို့ ကတိပေးပြီးသားမို့ အကြီးအကဲရဲ့ကမ်းလှမ်းမှုကိုလက်မခံနိုင်တာ စိုးရွံမိပါတယ်"

ကျီးချန်ယွီက တောင်းပန်စကားပြောဆိုလေ၏။

"အကြီးအကဲရှင်းလား.."

ချင်းယင်က မျက်မှောင်ကြုတ်နေပေသည်။

"ဒါပေမယ့် ဒီအဖိုးကြီးရဲ့ဝင်္ကပါပညာရပ်က မင်းရဲ့ခန္ဓာကိုယ်ကိုနိုးထအောင် အပြည့်အဝကူညီနိုင်မှာမဟုတ်ဘူး"

ကျီးချန်ယွီက ခေါင်းမာမာနှင့်ငြင်းဆိုနေဆဲပင်။

"ကျွန်မရဲ့ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်...ကျွန်မက အကြီးအကဲရှင်းကို ဆရာအဖြစ်တင်မြှောက်ဖို့ သဘောတူညီပြီးမှတော့...ဘယ်အကြောင်းမျိုးနဲ့မှ ကျွန်မနောင်တမရတော့ဘူး"

ရုတ်တရက် ကျီးချန်ယွီက လုယွီအား လက်ညှိုးညွှန်လိုက်၏။

"အကြီးအကဲ...သူက ကျွန်မရဲ့မိတ်ဆွေပါ...သူ့ရဲ့အရည်အချင်းက ကျွန်မထက်ပိုကောင်းပါတယ်...ကျေးဇူးပြုပြီး သူကို တပည့်အဖြစ်လက်ခံပေးပါလား"

ချင်းယင်က လုယွီအား ကြည့်လိုက်သည်။အချိန်အတန်ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက်ရှိုက်လေ၏။

"ငါက သူရဲ့ဆရာသခင် မဖြစ်နိုင်ဘူး"

Chapter 677

အကြီးအကဲချင်ယင်းက နောင်တရနေသောအပြည့်မျိုးဖြင့် ပြန်လည်ထွက်ခွါသွားတော့သည်။

ဤကိစ္စအားမသင့်တော်ဟု မည်သူကမျှ မခံစားမိချေ။မည်သို့ပင်ဆိုစေကာမူ လင်ရှောင်းဂိုဏ်းအတွင်း၌ အကြီးအကဲရှင်းသည် အဆင့်အတန်းနှင့်စွမ်းအားအရာ၌ အကြီးအကဲချင်ယင်းထက် ပို၍မြင့်မားပေ၏။

တချို့လူများကမူ ကျီးချန်ယွီအား မနာလိုဖြစ်နေကြ၏။သူတို့သည် အတွင်းစည်းအကြီးအကဲများနှင့် သွေးသားတော်စပ်မှုများအရ အတွင်းစည်းတပည့်များဖြစ်လာခြင်းပင်။သို့ရာတွင် ကျီးချန်ယွီကမူ လင်ရှောင်းဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် အကြီးအကဲနှစ်ယောက်၏ တပြိုင်နက်တည်းအသိအမှတ်ပြုခြင်းခံရသည်။

ထို့ပြင် အကြီးအကဲနှစ်ယောက်တွင် အကြီးအကဲရှင်း ပါဝင်နေသည်။

ကောင်းကင်ဘုံစင်မြင့်စမ်းသပ်ပွဲတွင် အကြီးအကဲရှင်း၏အာရုံစူးစိူက်မှုကိုရရှိရန် လူတိုင်းနီးပါး ကြိုးစားခဲ့ကြ၏။

သို့ရာတွင် ရလဒ်အနေဖြင့် ထိုအခွင့်အရေးက ကျီးချန်ယွီထံသို့ကျရောက်သွားခြင်းမှာ သိသာထင်ရှားသည်။

"ဟား ဟား ဟား...ကျီး မိန်းကလေး...အရင်က ငါတို့ကြားထဲမှာ နားလည်မှုလွဲမှားတာတချို့ရှိမယ်လို့ ငါ ထင်တယ်...ငါကိုယ်ငါ အရင်ဆုံး မိတ်ဆက်ပေးပါရစေ...ငါက စုန့်ဟန်...ပြီးတော့ ငါရဲ့အဖေက အပြစ်ပေးခန်းမအကြီးအကဲပါ"

စုန့်ဟန်က မျက်နှာထက်၌ အပြုံးတစ်ခုဆင်မြန်းပြီး ကျီးချန်ယွီထံသို့ သွားလေ၏။

သူက အတိတ်ကိုအတိတ်မှာသာ ထားခဲ့ချင်ပုံပင်။မည်သို့ပင်ဆိုစေကာမူ သူ၏ကျောထောက်နောက်ခံအရ သူရှေ့ရှိကျီးချန်ယွီသည် အလွန်ထူးချွန်သူဖြစ်ကြောင်းကို သိရှိပေသည်။

စုန့်ဟန်က မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် ကျီးချန်ယွီအား ခြေဆုံးခေါင်းဆုံး ကြည့်နေလေ၏။

သူ၏စိတ်နှလုံးသားအတွင်း၌ သူက ကျီးချန်ယွီ၏ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ကို သွားရည်ကျနေပေသည်။

"မဟုတ်သေးဘူး...လုယွီ...နင်က အရမ်းထူးချွန်တဲ့သူလေ...အကြီးအကဲချင်းယင်က နင်ကိုဘာလို့ တပည့်အဖြစ် လက်မခံတာလဲ"

ကျီးချန်ယွီက မျက်မှောင်ကြုတ်လိုက်၏။သူမက စုန့်ဟန်အား လျစ်လျှူရှုထားသည်။

ဤသည်က ခြေတစ်လှမ်းလှမ်းရန် အဆင်သင့်ဖြစ်နေသော စုန့်ဟန်ကို နေရာမှာပင် တောင့်တင်းသွားစေပြီး အလွန်ရှက်ရွံသွားစေသည်။သို့ရာတွင် စုန့်ဟန်က ရယ်မောလိုက်၏။

"ဟား ဟား ဟား....ကြည့်ရတာတော့ ဂျူနီယာညီမလေးကျီးက ငါ့ကို စိတ်ဆိုးနေသေးပုံပဲ...ဒါပေမယ့် ငါက အလျင်မလိုပါဘူး...အချိန်ကျလာရင် ငါ ဘယ်လိုလူစားမျိုးလဲဆိုတာ ဂျူနီယာညီမလေးကျီးသိလာမှာပါ"

စုန့်ဟန်၏အကြည့်က ရုတ်တရက် လုယွီထံသို့ကျရောက်သွားပြီး သူက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလေသည်။

"ဒီလိုကောင်မျိုးက ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးပြီး အရည်အချင်းကလည်းမရှိဘူး...ဂျူနီယာညီမလေးကျီးက သူနဲ့မပတ်သက်သင့်တော့ဘူး...မင်းက ပါရမီကောင်းတဲ့သူတစ်ယောက်လေ...နောင်တစ်ချိန်မှာ မင်းက ကောင်းကင်ဘုံနယ်မြေကိုသွားနိုင်မယ့်သူလို့ ယူဆနိုင်တယ်...ဒီလိုမျိုး အဆင့်အတန်းနိမ့်ကျတဲ့ကောင်က မင်းနဲ့ထပ်ပြီး ဆုံတွေ့ဖို့လွယ်ကူမှာမဟုတ်ဘူး"

ကျီးချန်ယွီကမူ စုန့်ဟန်အား လျစ်လျှူရှုထားဆဲပင်။

သူမက ခပ်သဲ့သဲ့အပြုံးနှင့် ပြောဆိုလိုက်၏။

"ဒါက ပြဿနာမရှိပါဘူး...တကယ်လို့ လုယွီက သေမျိုးတစ်ယောက်ဖြစ်နေရင်တောင် ငါက သူနောက်ကို လိုက်နေအုံးမှာပဲ"

သူမ ပြုံးလိုက်ချိန်တွင် အလွန်အမင်း လှပချောမောနေပေ၏။

စုန့်ဟန်၏နဖူးသွေးကြောများ တဒုတ်ဒုတ်မြည်လာသည်။ကျီးချန်ယွီ၏စကားအသွားအလာအရ သူဟူသောစုန့်ဟန်သည် လှည့်ကွက်များအသုံးပြုသွားသော အမှိုက်ကောင်လောက်ပင် အဖြစ်မရှိဟု ညွှန်းဆိုနေသည်။

စုန့်ဟန်က လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။

"ဂျူနီယာညီမလေးကျီး...ငါ မင်းကို ရှင်းရှင်းလင်းလင်း သိအောင်ပြောပြမယ်...ငါ့ကိုလည်း ပင်မတပည့်တစ်ယောက်လို့ယူဆနိုင်တယ်...သူကရော...ဒီလို နိမ့်ကျတဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ အပြင်စည်းတပည့်အဖြစ်နဲ့ပဲ အချိန်ကုန်မယ့်ကောင်"

စုန့်ဟန်က သူ၏ခေါင်းကို လုယွီဘက်သို့ပြန်လှည့်ပြီး အော်ငေါက်လေသည်။

"မင်းရဲ့အနေအထားကို မင်း နားလည်မယ်လို့ ငါ မျှော်လင့်တယ်"

ဟယ်ချင်းချင်းကလည်း ဝင်ရောက်ပြောဆိုလေ၏။

"ဂျူနီယာ ညီမလေးကျီးက ဒီလေါက်အရည်အချင်းမြင့်မားတာ...ဘယ်လိုလုပ်ပြီး သူက နင့်လိုကောင်နဲ့ ရောထွေးဆက်ဆံနေသင့်မှာလဲ...တကယ်လို့ နင့်မှာ အသိတရားရှိသေးတယ်ဆိုရင်...အခုချက်ချင်း ဒီနေရာကထွက်သွားစမ်း"

တခြားသူများကလည်း အသိဝင်လာကြ၏။သူတို့က ကျီးချန်ယွီနှင့် ရင်းနှီးလိုနေကြသည်။

ကျီးချန်ယွီသည် နောင်တစ်ချိန်၌ ပင်မတပည့်ဖြစ်မည်မှာ သေချာပေသည်။သူတို့ကဲ့သို့ သွေးသားတော်စပ်မှုဖြင့် အတွင်းစည်းတပည့်ဖြစ်လာသူများ၏အနာဂတ်အောင်မြင်မှုမှာမူ အကန့်အသတ်ရှိသည်။

စုန့်ဟန်က လုယွီအား အထင်အမြင်သေးစွာကြည့်ပြီး ထပ်မံ၍အော်ငေါက်လိုက်၏။

"ဒီနေရာက ချက်ချင်းထွက်သွားစမ်း...ဒီမှါ မင်းလိုကောင်အတွက် နေရာမရှိဘူး"

ထိုအချိန်မှာပင် သူတို့နှင့် မလှမ်းမကမ်းအကွာအဝေးရှိ လူအုပ်ကြီးက ရုတ်တရက်လမ်းဖွင့်ပေးလိုက်ကြသည်။

လူအုပ်ကြီး၏နောက်တွင် မောက်မာပုံရသော တပည့်တချို့ ရောက်ရှိလာခဲ့သည်။

စုန့်ဟန်က သူတို့၏လမ်းကို ပိတ်ပင်ထားသဖြင့် ထိုတပည့်များအနက်မှတစ်ယောက်က သူအား တွန်းထုတ်လိုက်သည်။

"ဘယ်ကောင် ငါကို ထိရဲတာလဲ"

စုန့်ဟန်က အလွန်အမင်း ဒေါသထွက်သွားပေ၏။

သို့ရာတွင် သူက ယခုရောက်ရှိလာသူ၏မျက်နှာကို မြင်ချိန်၌ ချက်ချင်းပင် သူ၏မျက်နှာအမူအယာပြောင်းလဲသွားပြီး အပြုံးနှင့်ပြောဆိုလိုက်သည်။

"စီနီယာအကိုယုဝေ...ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ"

ယုဝေက စုန့်ဟန်ကို တစ်ချက်သာကြည့်ပြီး တုံ့ပြန်ပြောဆိုခြင်းမရှိပေ။

သူက လုယွီထံသို့ တန်းတန်းမတ်မတ်သွားပြီး ပြောဆိုလိုက်၏။

"ဒါက ဂျူနီယာညီလေးလု ဖြစ်ရမယ်...ငါရဲ့ဆရာသခင်က မှော်အက္ခရာပန်းချီတောင်ထိပ်ရဲ့မဟာအကြီးအကဲပါ...သူက ညီငယ်လေးကို သူရဲ့နောက်ဆုံးတံခါးပိတ်တပည့်အဖြစ်လက်ခံဖို့ ဆန္ဒရှိတယ်...ဂျူနီယာညီလေးလုက ငါတို့နောက်ကို လိုက်နိုင်မလား"

Chapter 678

မဟာအကြီးအကဲဟုဆိုသလော။

စုန့်ဟန်က ထိုစကားကိုကြားမိသည်နှင့် ချက်ချင်းပင် သူ၏စိတ်နှလုံးသားများ တင်းကျပ်သွားသည်ကို ခံစားမိ၏။

လင်ရှောင်းဂိုဏ်း၏ရာထူးအဆင့်အတန်းခန့်အပ်မှုသည် အလွန်တင်းကြပ်ပေ၏။တပည့်များဖြစ်စေ အကြီးအကဲများဖြစ်စေ ရာထူးအဆင့်အတန်းကို တင်းတင်းကြပ်ကြပ်ခွဲခြားထားသည်။

ဥပမာအနေဖြင့် စုန့်ဟန်၏ဖခင် စုန့်ယင်ကျဲသည် အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်သည်။သူ၏အဆင့်အတန်းသည် အထက်တန်းကျသော်လည်း သူ၏အထက်၌ မဟာအကြီးအကဲများ ဘိုးဘေးများနှင့်မဟာဘိုးဘေးများရှိနေသည်။

မှော်အက္ခရာပန်းချီမဟာအကြီးအကဲသည် လင်ရှောင်းဂိုဏ်းအတွင်း၌ ဂုဏ်သိက္ခာကြီးမြင့်သောအဆင့်အတန်းရှိသူဖြစ်သည်။တချို့ဘိုးဘေးများပင် သူ့အားမြင်တွေ့ပါက လေးလေးစားစားဆက်ဆံရပေ၏။

ထိုကဲ့သို့မြင့်မြတ်သောအကြီးအကဲက သူတို့ရှေ့မှကောင်လေးအား တပည့်အဖြစ်လက်ခံလိုသလော။

မည်သို့ဖြစ်နိုင်မည်နည်း။

စုန့်ဟန်က ချက်ချင်းပင် သူ၏အသံကိုမြှင့်၍ ပြောဆိုလိုက်သည်။

"စီနီယာအကိုယုဝေ....စီနီယာ လူများမှားနေသလား"

ယုဝေက မျက်မှောင်ကြုတ်ပြီးနောက် သူ့လက်အတွင်းရှိ ဓမ္မအမိန့်အား တစ်ချက်ပြန်ကြည့်လေ၏။

"ဒါက မှားစရာမရှိဘူး...မှော်အက္ခရာပန်းချီမဟာအကြီးအကဲက လုယွီကို တပည့်အဖြစ်ခေါ်ယူမယ်လို့ ​သူကိုယ်တိုင် မိန့်မှာလိုက်တာ"

စုန့်ဟန်က ချက်ချင်းပင် အပြုံးနှင့်ပြောဆိုလိုက်သည်။

"ဒီနေရာမှာ အပြင်စည်းတပည့် ထောင်ပေါင်းများစွာရှိတယ်...မဟာအကြီးအကဲက တခြားလုယွီကိုရှာတာ ဖြစ်ချင်ဖြစ်မှာပေါ့"

ထို့နောက် စုန့်ဟန်က လုယွီအားလက်ညှိုးညွှန်၍ ပြောဆိုလေ၏။

"ဒီကောင်လေးက သဘာဝလွန်စွမ်းအင်နယ်ပယ်ပဲ ရှိသေးတာ....ဒီလိုနိမ့်ပါးတဲ့ကျင့်ကြံဆင့်နယ်ပယ်မျိုးရှိတဲ့ကောင်က ဘယ်လိုလုပ်ပြီး မဟာအကြီးအကဲရဲ့မျက်လုံးထဲ တိုးနိုင်မှာလဲ"

ဤဖြစ်ရပ်အား ဝိုင်းဝန်းကြည့်နေကြသူအားလုံးကလည်း ခေါင်းတညိမ့်ညိမ့်လုပ်နေကြ၏။

လုယွီသည် အပြင်စည်းခန်းမမှနေ၍ အဆင့်နိမ့်အရည်အချင်းဟု သတ်မှတ်ခံထားရသူဖြစ်သည်။မဟာအကြီးအကဲမဆိုထားနှင့် အတွင်းစည်းအကြီးအကဲများကပင် သူ့အားလက်မခံချေ။

"ထူးတော့ထူးဆန်းတယ်...အပြင်စည်းခန်းမမှာ လုယွီဆိုတဲ့နာမည်နဲ့ ပါရမီရှင်တစ်ယောက်ရှိတာ ငါ ဘာလို့ မကြားဖူးပါလိမ့်"

ဟယ်ချင်းချင်းက တီးတိုးရေရွတ်နေပေ၏။

"နင် တော်တော်အရှက်မဲ့တဲ့ကောင်ပဲ"

ကျီးချန်ယွီက အလွန်ဒေါသထွက်သွားပြီး သူမက ဖြေရှင်းရန်အတွက် စုန့်ဟန်ထံသို့ ပြေးဝင်သွားသည်။

ရုတ်တရက် လုယွီက လက်ဆန့်ထုတ်ပြီး သူမအား တားဆီးလိုက်၏။

"ဒါက အဆင်ပြေပါတယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။ယခုလက်ရှိအချိန်၌ သူ လိုအပ်သောအရာသည် တခြားသူများ၏လမ်းညွှန်မှုမဟုတ်ဘဲ ပေါကြွယ်ဝသောစိတ်ဝိညာဥ်စွမ်းအင်များသာဖြစ်သည်။

အကယ်၍ သူကျင့်ကြံရန်အတွက် လုံလောက်သော စိတ်ဝိညာဥ်စွမ်းအင်ပမာဏကိုသာ ထောက်ပံပေးနိုင်ပါက သူ မည်သည့်နေရာ၌လေ့ကျင့်ရသည်ဖြစ်ပါစေ ကိစ္စမရှိချေ။

ထိုအခြင်းအရာကိုကြည့်ပြီး စုန့်ဟန်က လှောင်ပြောင်သရော်လိုက်၏။

"ဂျူနီယာညီမလေးကျီး...မင်းက အဲ့ဒီအမှိုက်ကောင်နဲ့အတူရှိမနေတာ ပိုကောင်းလိမ့်မယ်...မင်းမြင်တဲ့အတိုင်းပဲလေ...သူက ငါနဲ့ငြင်းခုံဖို့တောင် သတ္တိမရှိဘူး...ဒီလိုကောင်မျိုးက ဘယ်တော့မှမြင့်မားတဲ့အောင်မြင်မှုမျိုးရမှာမဟုတ်ဘူး"

ထိုအချိန်မှာပင် အပြင်စည်းတပည့်တစ်ယောက်က ယုဝေထံသို့ အလျှင်အမြန်ပြေးလာပြီး သူ၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလေသည်။

ယုဝေကိုကြည့်ရသည်မှာ အလွန်ပျော်ရွှင်သွားပုံရပြီး သူက လုယွီထံသို့ လျှောက်လှမ်းသွားပေသည်။

စုန့်ဟန်က သူတို့နှစ်ယောက်၏အလယ်၌ မတ်တတ်ရပ်နေပြီး သူက အပြုံးနှင့်ပြောဆိုလိုက်၏။

"စီနီယာအကိုယုဝေ...စီနီယာက လုယွီကို ရှာတွေ့ပြီလား"

"ဒီနေရာက ထွက်သွားစမ်း"

ယုဝေက စုန့်ဟန်ကို နံဘေးဘက်သို့ ကန်ထုတ်လိုက်သည်။

သူက လုယွီ၏ရှေ့သို့သွားပြီး တောင်းပန်စကားပြောဆိုလေ၏။

"ငါက တခြားသူတွေစကားကိုနားယောင်ပြီး...ညီငယ်လေးကို အသိအမှတိမပြုမိခဲ့ဘူး...ဂျူနီယာညီလေးလုက စိတ်ထဲမထားဖို့ ငါ မျှော်လင့်ပါတယ်"

စုန့်ဟန်၏မျက်နှာထက်ဝယ် မယုံကြည်နိုင်မှုများနှင့်မနာလိုမှုများ ရောထွေးထင်ဟပ်နေသည်။

"စီနီယာအကိုယုဝေ....ဒါက လုံးဝမှားယွင်းနေပြီနော်...သူက အမှိုက်ကောင်လေ...ဘယ်လိုလုပ်ပြီး မဟာအကြီးအကဲက သူ့ကို တပည့်အဖြစ်လက်ခံမှာလဲ"

"မင်း ပါးစပ်ပိတ်ထားစမ်း...မဟုတ်ရင် ငါ မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်မယ်"

ယုဝေက ဒေါသတကြီးအော်ငေါက်လိုက်သည်။

အစောပိုင်းက အပြင်စည်းတပည့်သည် အပြင်စည်းခန်းမမှနာမည်များအား သွားရောက်စစ်ဆေးပြီးချိန်၌ လုယွီဟူသောနာမည်နှင့် တစ်ယောက်သာရှိခြင်းကို တွေ့ရှိခဲ့သည်။ထို့ကြောင့် သူက ယုဝေအား တီးတိုးလာရောက်ပြောဆိုခြင်းဖြစ်သည်။

စုန့်ဟန်က ချက်ချင်းပင် သူ၏ပါးစပ်ကိုပိတ်လိုက်၏။သူသည် အပြစ်ပေးခန်းမအကြီးအကဲ၏ဇသားဖြစ်သော်လည်း မဟာအကြီးအကဲ၏ပင်မတပည့်များလောက် အဆင့်အတန်းမမြင့်မားချေ။

စုန့်ဟန်၏မျက်လုံးများအတွင်း၌ မနာလိုခြင်းနှင့်နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူသည်သာ မြောက်များစွာသော အကြီးအကဲများက အလုအယက်ခေါ်ယူသင့်သည့် ပါရမီရှင်တစ်ယောက် ဖြစ်သင့်သည်မဟုတ်လော။

သို့ရာတွင် ဤလောကကြီးသည် တရားမျှတမှုမရှိချေ။

သူသည် ထူးချွန်သောပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင် အကြီးအကဲများက သူ့အား မမြင်ကြဘဲ မည်သည်ကြောင့် ထိုကောင်လေးအား လာရှာကြသနည်း။

ဟယ်ချင်းချင်းက ခါးသက်သက်အမူအယာဖြင့် ပြောဆိုလိုက်၏။

"မဟာအကြီးအကဲက သူ့ကိုတပည့်အဖြစ် တကယ်ရွေးချယ်လိုက်တာတော့ မဟုတ်လောက်ပါဘူးနော်...သူကိုကြည့်ကြအုံး...လေပေါ်မြောက်နေသလိုပဲ ဘဝင်မြင့်နေလောက်ပြီ"

"ဒါက...တကယ်လို့ သူက မဟာအကြီးအကဲရဲ့တပည့်ဖြစ်လာရင်တောင် သူရဲ့အဆင့်နိမ့်အရည်အချင်းနဲ့ အသုံးမကျတဲ့ကောင်ပဲဖြစ်နေမှာ..သူလိုကောင်မျိုးက ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"

တခြားတပည့်တစ်ယောက်ကလည်း သံယောင်လိုက်၍ ပြောဆိုလေသည်။

ဤအချိန်တွင် လူတိုင်းက လုယွီသည် မဟာအကြီးအကဲ၏တပည့်အဖြစ် လက်ခံမည်ဟုသာ တွေးတောနေကြ၏။

ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

"မိုးပြာနဂါးအကြီးအကဲ...ကြွရောက်လာပါတယ်"

Chapter 679

အပြင်စည်းတပည့်များသည် သူတို့ နားကြားမှားနေခြင်းဟုသာ တွေးထင်နေကြ၏။

ဤကိစ္စက အလွန်ထူးဆန်းနေပေသည်။ဤသည်က အပြင်စည်းတပည့်ရွေးချယ်ပွဲဖြစ်သည်။မည်သည်ကြောင့် အကြီးအကဲများ ထွက်ပေါ်လာရသနည်း။

ဤအချိန်သည် အတွင်းစည်းတပည့်များ လက်ခံသည့်အချိန်ဖြစ်သည့်တိုင် အကြီးအကဲများက တပည့်လုယက်ရန် ဤနေရာသို့သာ ရောက်ရှိလာကြ၏။

ယခုနေရာရှိလူတိုင်းက လမ်းဖယ်ပေးထားကြပြီး ယုဝေပင်လျှင် မဆင်မခြင်မလုပ်ဝံ့ချေ။

အဝေးတနေရာရှိ ကောင်းကင်ယံမှနေ၍ အလွန်အမင်းကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသော ရွှေရောင်ရထားလုံးတစ်စီး ဆင်းသက်လာသည်။

ထိုရထားလုံးမှနေ၍ အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူလတ်ပိုင်းကြီးတစ်ယောက်ထွက်လာသည်။သူ၏မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး သူက တည်ငြိမ်စွာဖြင့် လျှောက်လှမ်းလာပေသည်။

"မိုးပြာနဂါးအကြီးအကဲကို ဂါရဝပြုပါတယ်"

မျက်နှာဖုံးနှင့်လူက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"လုယွီက ဘယ်သူလဲ"

လုယွီအား ထပ်မံ၍ လာရှာဖွေကြပြန်သလော။

လူတိုင်းက လမ်းဖယ်ပေးပြီး လုယွီအား ညွှန်ပြလိုက်ကြသည်။

မိုးပြာနဂါးအကြီးအကဲက လုယွီအားကြည့်ပြီး ပြုံးပြရင်းမှ နူးညံညင်သာသောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်းက အပြင်စည်းတပည့်သစ် လုယွီလား"

လုယွီက ခေါင်းညိမ့်ပြလေသည်။

"ဟုတ်ပါတယ်...ကျွန်တော်ပါ"

မိုးပြာနဂါးအကြီးအကဲက အဓိကအချက်ကို တဲ့တိုးပြောဆိုလေ၏။

"မင်းမှာ အရင်က ဆရာသခင်ရှိလား...တကယ်လို့ မရှိဘူးဆိုရင် ငါနောက်လိုက်ခဲ့ပါလား"

မည်သို့ပြောဆိုလိုက်သနည်း။

စုန့်ဟန်က ကြက်သေသေသွားပေ၏။သူသည် နဂါးတံခါး၏အထက်မှ မိုးကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်သွားကကဲ့သို့ မြင်ယောင်မိပြီး သူ အိမ်မက်မက်နေခြင်းဟုသာ တွေးထင်နေမိသည်။

မည်သည်ကြောင့် ဤကဲ့သို့ကိစ္စများ ဖြစ်ပျက်နေသနည်း။

ထိုကောင်လေးသည် သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူသာဖြစ်သဖြင့် အကယ်၍ သူသေဆုံးသွားလျှင်ပင် သာမာန်အားဖြင့် မည်သူမျှဂရုစိုက်မည်မဟုတ်ချေ။

မဟာအကြီးအကဲက လုယွီအား တပည့်အဖြစ်လက်ခံမည့်အကြောင်း ကမ်းလှမ်းခဲ့သည့်အပြင် အတွင်းစည်းအကြီးအကဲတစ်ယောက်ကပင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ဆောင်နေပေသည်။

ထို့ပြင် ယခုရောက်ရှိလာသူက မိုးပြာနဂါးအကြီးအကဲ ဖြစ်နေသည်။

သူ၏ဖခင် အပြစ်ပေးခန်းမအကြီးအကဲကို မဆိုထားနှင့် အကြီးအကဲချင်းယင်ပင်လျှင် မိုးပြာနဂါးအကြီးအကဲလောက် အဆင့်အတန်းမြင့်မားခြင်းမရှိချေ။

အကြောင်းအရင်းမှာ မိုးပြာနဂါးအကြီးအကဲသည် လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏ ဆရာတူညီငယ်လေးဖြစ်နေခြင်းကြောင့်ပင်။

"ဒီကောင်လေးက ကံအရမ်းကောင်းတာပဲ"

ဟယ်ချင်းချင်းက မနာလိုအားကျသောလေသံဖြင့် ရေရွတ်လိုက်၏။

အကယ်၍ လုယွီကသာ မိုးပြာနဂါးအကြီးအကဲနောက်သို့ လိုက်ပါသွားပါက ဂိုဏ်းခေါင်းဆောင်၏မိသားစုဝင်ဖြစ်သွားပေမည်။အနာဂတ်၌ သူသည် ကျင့်ကြံမှုအရင်းအမြစ်များအား အလျှံပယ်ရရှိပေမည်။

မှော်အက္ခရာပန်းချီအကြီးအကဲဖြစ်စေ မိုးပြာနဂါးအကြီးအကဲဖြစ်စေ မည်သူနောက်သို့လိုက်ပါသည်ဖြစ်စေ လုယွီက ကောင်းမွန်သောလမ်းကြောင်းအား လျှောက်လှမ်းနိုင်မည်မှာမလွဲဧကန်ပင်။

အကယ်၍ လုယွီက မာကျောသောကျောက်တုံးတစ်တုံးဖြစ်နေလျှင်ပင် ထိုအကြီးအကဲများက ကျောက်စိမ်းဖြစ်သွားစေရန် သွေးနိုင်ပေသည်။

ထိုအချိန်မှာပင် အစောပိုင်းက နှုတ်ဆိတ်နေသော ယုဝေက ပြောဆိုလိုက်၏။

"မိုးပြာနဂါးအကြီးအကဲ...ဂျူနီယာညီလေးလုကို ကျွန်တော်တို့ရဲ့ဆရာသခင်က ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ခိုင်းထားတာပါ...ကျေးဇူးပြုပြီး ဆရာသခင်ကို အကြီးအကဲက မျက်နှာသာပေးပါလား"

ယုဝေက မိုးပြာနဂါးအကြီးအကဲ လက်လျှော့သွားစေရန် ထိုစကားများကို ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း သူ၏လေသံက အလွန်ချိုသာယဥ်ကျေးနေပေ၏။

မည်သို့ပင်ဆိုစေကာမူ လင်ရှောင်းဂိုဏ်း၏စည်းမျဥ်းများအရ မဟာအကြီးအကဲ၏အဆင့်အတန်းသည် မိုးပြာနဂါးအကြီးအကဲထက် ပို၍မြင့်မားသည်။

မိုးပြာနဂါးအကြီးအကဲက အပြုံးနှင့်ပြောဆိုလိုက်၏။

"မင်း နားလည်မှုလွဲနေပြီ...ငါ ဒီနေရာကိုလာတာ သူကို တပည့်အဖြစ်လက်ခံဖို့မဟုတ်ဘူး"

လုယွီအား တပည့်အဖြစ်လက်ခံရန် လာရောက်ခြင်းမဟုတ်ဟု ဆိုလိုက်သလော။

စုန့်ဟန်က အပြုံးနှင့် ပြောဆိုလေ၏။

"ကြည့်ရတာတော့ ဂိုဏ်းခေါင်းဆောင်က ဒီကောင်လေးကို စစ်ဆေးမေးမြန်းမလို့ထင်တယ်...သူက အပြင်စည်းတပည့်ရွေးချယ်ပွဲမှာ လှည့်ကွက်တွေအများကြီးအသုံးပြုသွားခဲ့တာ...ဒါက လင်ရှောင်းဂိုဏ်း စတည်ထောင်ကတည်းက မကြုံစဖူးဖြစ်ရပ်ပဲလေ"

ဤကိစ္စက ယခု ရှင်းလင်းသွားလေပြီ။အကယ်၍ လုယွီကသာ ဂိုဏ်းခေါင်းဆောင်၏ဖမ်းဆီးခြင်းကိုခံလိုက်ရပါက သူ၏အဆုံးသတ်မကောင်းမည်မှာ သေချာပေသည်။လုယွီအား ကျင့်ကြံဆင့်ဖျက်ဆီးပြီး လင်ရှောင်းဂိုဏ်းအတွင်းမှ နှင်ထုတ်သည်အထိပင် အပြစ်ပေးနိုင်ပေ၏။

စုန့်ဟန်က အစီအစဥ်ဆွဲနေလေသည်။အကယ်၍ လုယွီကိုသာ လင်ရှောင်းဂိုဏ်းမှ ထုတ်ပယ်လိုက်ပါက သူ လူစေလွှက်ပြီး သတ်ဖြတ်ခိုင်းပေမည်။

လုယွီက သူ့အား အရှက်ရစေရန် ပြုလုပ်ခဲ့သူဖြစ်ရာ သူ မည်သည့်နည်းနှင့်မျှ အသက်ရှင်ခွင့်မပေးနိုင်ချေ။

"ငါ ဒီနေရာကိုလာတာ...နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က လုယွီကို ခေါ်ဆောင်ခိုင်းလို့ပဲ"

ထိုအချိန်မှာပင် မိုးပြာနဂါးအကြီးအကဲ၏စကားသံ ထွက်ပေါ်လာသည်။

မိုးပြာနဂါးအကြီးအကဲ၏စကားကိုကြားချိန်တွင် ဤနေရာရှိ လူတိုင်းနီးပါး ထိတ်လန့်တုန်လှုပ်သွားကြ၏။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ဟု ဆိုလိုက်သလော။

စုန့်ဟန်က 'နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်'ဟူသော စကားကိုကြားသည်နှင့် သူ၏နှလုံးသားများ အကြောဆွဲသွားသကဲ့သို့ ခံစားမိသည်။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်သည် လင်ရှောင်းဂိုဏ်းအတွင်း၌ အဆင့်အမြင့်ဆုံးတည်ရှိမှုကြီးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်လည်းဖြစ်သည်။သူသည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံး၌ နတ်ဘုရားအရှင်သခင်ဟု ကျော်ကြားသူတစ်ယောက်ပင်။

သူ၏ရာထူးအဆင့်အတန်းသည် မဟာအကြီးအကဲများထက် ထူးကဲသာလွန်သောတည်ရှိမှုကြီး ဖြစ်ပေ၏။

"အရှင်သခင်က မင်းကို တပည့်အဖြစ် ခေါ်ယူလိုတယ်...ဒါပေမယ့် အခုလက်ရှိအချိန်မှာ သူ ကိုယ်တိုင်လာဖို့ အဆင်မပြေသေးဘူး...ငါကပဲ မင်းကို ဂရုစိုက်ပေးပါ့မယ်...လုယွီ...ကျေးဇူးပြု၍.."

မိုးပြားနဂါးအကြီးအကဲက အပြုံးနှင့် ပြောဆိုလေသည်။

Chapter 680

မိုးပြာနဂါးအကြီးအကဲက လုယွီအား ဖိတ်ခေါ်သည့် လက်အမူအယာ ပြုလုပ်နေပေ၏။

ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူကမျှ အသံမထွက်ဝံ့ကြချေ။

ဤသည်က နတ်ဘုရားအရှင်သခင်၏ဖိတ်ကြားချက် မဟုတ်လော။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်သည် မည်သည့်အချိန်ကမျှ တပည့်လက်မခံခဲ့ဟု ဤနေရာရှိလူအားလုံး သိထားကြသည်။

မည်သည်ကြောင့် လုယွီက နတ်ဘုရားအရှင်သခင်၏တပည့်အဖြစ်ရွေးချယ်ခြင်းကို ခံရသနည်း။

"ငါ အခု အိမ်မက်များမက်နေတာလား"

ဟယ်ချင်းချင်းက အိမ်မက်မက်နေသကဲ့သို့ ခံစားမိသည်။

တခြားသူများ၏ခံစားချက်များမှာလည်း ရောထွေးနေပြီး သူတို့ မည်ကဲ့သို့ခံစားနေရသည်ကိုပင် ပြောမပြတက်တော့ချေ။

အကယ်၍ သူတို့၏ရှေးဦးစွာ တုံ့ပြန်မှုသည် မနာလိုခြင်းဟုဆိုလျှင် ယခုလက်ရှိအချိန်၌ သူတို့က မနာလိုဖြစ်ရန်ပင် ခွန်အားမရှိတော့ချေ။

သူတို့နှင့်လုယွီကြား ကွာဟချက်သည် အလွန်ကြီးမားပေ၏။

သူတို့သည် အတွင်းစည်းခန်းမအတွင်း၌ လေ့ကျင့်ခွင့်ရသည်မှာ သူတို့၏နောက်ခံအင်အားကြောင့်ပင်။သို့ရာတွင် ဤသည်က သူတို့၏အကန့်အသတ်ဖြစ်သည်။သူတို့က နောက်ခံ အကြီးအကဲများထက် သာလွန်သော ရာထူးအဆင့်အတန်းကို မည်သို့မျှမရရှိနိုင်ချေ။

သို့သော် လုယွီကမူ သူတို့နှင့် အနေအထားခြင်းမတူညီပေ။

အကယ်၍ လုယွီကသာ နတ်ဘုရားအရှင်သခင်နောက်သို့ လိုက်ပါသွားပါက သူ၏ကျင့်ကြံဆင့် မည်မျှနိမ့်ပါးနေသည်ဖြစ်ပါစေ နတ်ဘုရားအရှင်သခင်၏တပည့်ဟူသော အဆင့်အတန်းတစ်ခုဖြင့်ပင် အတွင်းစည်းအကြီးအကဲများက သူ့အား လေးလေးစားစားဆက်ဆံရပေမည်။

စုန့်ဟန်၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေပေ၏။ဤတစ်ကြိမ်တွင် သူ သံပြားကြီးအား ကန်ကျောက်မိပြီဖြစ်ခြင်းကို ရုတ်တရက် သိနားလည်လိုက်သည်။

"ဆိုးလိုက်တာ...ဒီကောင်လေးက ကံအတော်ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး...တကယ်လို့ သူကသာ နတ်ဘုရားအရှင်သခင်ရဲ့တပည့်ဖြစ်လာပြီး ငါ့ကိုသာ လက်စားပြန်ချေမယ်ဆိုရင် ငါရဲ့အဆုံးသတ်ကကောင်းမှာမဟုတ်ဘူး"

စုန့်ဟန်က အလွန်ပင် နောင်တရနေသည်။တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအား အကြောက်တရားများက လွှမ်းမိုးနေပေ၏။

ဤအချိန်တွင် ယုဝေ၏မျက်နှာအမူအယာသည်လည်း ပျက်ယွင်းနေပြီး သူက ထပ်မံ၍ စကားတစ်ခွန်းမျှမဆိုဝံ့တော့ချေ။

အကယ်၍ သူ၏ဆရာသခင်ကိုယ်တိုင် ဤနေရာသို့ရောက်ရှိလာလျှင်ပင် နတ်ဘုရားအရှင်သခင်နှင့်ယှဥ်၍ တပည့်တစ်ယောက်အား လုဝံ့မည်မဟုတ်ပေ။

မိုးပြာနဂါးအကြီးအကဲက ခပ်သဲ့သဲ့ပြုံးပြီး ပြောဆိုလိုက်၏။

"ဘယ်လိုလဲ...ဒီကိုလာခဲ့လေ"

သူကိုကြည့်ရသည်မှာ လုယွီက သူထံလာမည်ဟု ယုံကြည်ချက်အခိုင်အမာရှိနေပုံပင်။

မည်သို့ပင်ဆိုစေကာမူ လူနည်းစုကသာ ဤကဲ့သို့သွေးဆောင်ဖြားယောင်းမှုအား ငြင်းဆန်နိုင်ပေမည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ချက်ချင်းပင် ပြောဆိုလိုက်၏။

"နတ်ဘုရားအရှင်သခင်နောက်ကို လိုက်မယ်ဆိုရင်...ကျွန်တော်က ဘာတွေကိုသင်ယူရမှာလဲ"

မိုးပြာနဂါးအကြီးအကဲက ပြုံးနေလေသည်။

"အရှင်သခင်မှာက အပိုင်တောင်ထိပ်မရှိဘူး...ဒါပေမယ့် သူ ခင်းကျင်းထားတဲ့ ဖုန်းရွှေကွင်းပြင်ရှိတယ်...တကယ်လို့ မင်းကသာ အရှင်သခင်ရဲ့တပည့်ဖြစ်လာမယ်ဆိုရင် ဖုန်းရွှေဝင်္ကပါကို နားလည်သဘောပေါက်အောင် သင်ယူနိုင်ပြီးတော့ နောင်အနာဂတ်ကျရင် မင်းရဲ့ဝင်္ကပါပညာအရည်အချင်းက အဆပေါင်းများစွာ ခုန်ပျံပြီးတိုးတက်သွားလိမ့်မယ်...အရှင်သခင်က အလယ်ပိုင်းနယ်မြေတစ်ခုလုံးရဲ့နံပါတ်တစ်ဝင်္ကပါပညာရှင်ပဲ...ဒါက မင်းကို သင်ကြားပေးဖို့ လုံလောက်တာထက်ပိုမှာပါ"

ဝင်္ကပါပညာရှင်ဟုဆိုသလော.....။

လုယွီ၏မျက်လုံးများအတွင်း၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

မဟာအကြီးအကဲသည် အဆောင်လက်ဖွဲ့နှင့်မှော်ပန်းချီပညာ၌ ကျွမ်းကျင်သူဖြစ်သည်။နတ်ဘုရားအရှင်သခင်ကမူ ဝင်္ကပါပညာရပ်၌ ထူးချွန်သူဖြစ်ပေ၏။

သူတို့နှစ်ယောက်လုံးသည် အဆင့်အတန်းမြင့်မားသူများဖြစ်သော်လည်း လုယွီ၏အမြင်တွင်မူ အရေးမပါချေ။

သူ၏အတိတ်ဘဝတုန်းက မြေအောက်လောက၌ လုယွီသည် သင်ခန်းစာပို့ချပေးပါက တာအိုသခင်များပင်လျှင် လာရောက်၍နားထောင်ခဲ့ရသည်။

သူတို့နှစ်ယောက်အနက်မှ မည်သူကမျှ လုယွီ၏ဆရာသခင် မဖြစ်နိုင်ချေ။

ထို့ပြင် လုယွီ ယခုလက်ရှိ ကြံစည်နေသောအရာသည် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာကိုရှာဖွေ၍ လေ့ကျင့်ရန်သာဖြစ်သည်။

"တောင်းပန်ပါတယ်...ကျွန်တော်က အကြီးအကဲပိုင်ဆုချင်ရဲ့လက်အောက်မှာ လေ့ကျင့်ဖို့ ကတိပေးပြီးသွားပြီ...အကြီးအကဲနှစ်ယောက်ရဲ့ကြင်နာမှုကိုလည်း ကျွန်တော် အမှတ်ရနေမှာပါ....ကျေးဇူးပြုပြီး အကြီးအကဲနှစ်ယောက်ကို စကားတစ်ဆင့်ပါးပေးပါ...အကြီးအကဲနှစ်ယောက်ရဲ့ကြင်နာမှုကို ငြင်းပယ်မိတဲ့အတွက် ဒီလုယွီကို ခွင့်လွှက်ပေးကြပါ"

လုယွီက ညင်သာသောလေသံဖြင့် ပြောဆိုလိုက်၏။

မိုးပြာနဂါးအကြီးအကဲ၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားပြီး သူ၏မျက်နှာဖုံးအောက်မှ မျက်လုံးတစ်စုံက လုယွီအား စိတ်ဝင်စားဟန်ဖြင့် စိုက်ကြည့်နေပေသည်။

အချိန်တခဏကြာပြီးနောက် မိုးပြာနဂါးအကြီးအကဲက ရုတ်တရက်ရယ်မောလိုက်၏။

"မင်းက မဆိုးပါဘူး...နတ်ဘုရားအရှင်သခင်ကို ငြင်းဆန်တဲ့သူကို ငါ ပထမဆုံးမြင်ဖူးတာပဲ....နတ်ဘုရားအရှင်သခင်ရဲ့အမူအယာ ဘာဖြစ်သွားမလဲဆိုတာ ငါ ကြည့်ချင်နေပြီ"

မိုးပြာနဂါးအကြီးအကဲက စကားဆုံးသည်နှင့် လုယွီအား ထပ်မံဖြောင့်ဖျရန်မကြိုးစားတော့ဘဲ နောက်ပြန်လှည့်၍ ထွက်ခွါသွားတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူက လုယွီအား သူ၏တပည့်အဖြစ် ခေါ်ယူရန်လာခဲ့ခြင်းမဟုတ်ဘဲ နတ်ဘုရားအရှင်သခင်၏ခြေထောက်အဖြစ် အပြေးလာခဲ့ခြင်းပင်။

ယုဝေက အံ့အားသင့်နေဟန်ဖြင့် လုယွီအား ကြည့်နေလေ၏။

"ဂျူနီယာညီလေးလု...မင်း ထပ်ပြီးမစဥ်းစားတော့ဘူးလား"

သူ၏ဆရာသခင်သည် မဟာအကြီးအကဲတစ်ယောက်ဖြစ်သည်။ပိုင်ဆုချင်သည် အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်သော်လည်း သူမ၏အဆင့်အတန်းသည် အရေးပါခြင်းမရှိချေ။

ဤသည်က အရည်အချင်းရှိသူတစ်ယောက်ကို ဖြုန်းတီးခြင်းသာ ဖြစ်ပေမည်။

လုယွီက ပြောဆိုလိုက်၏။

"ကျွန်တော့က ဆုံးဖြတ်ချက်တစ်ခုချပြီးရင်...ဘယ်တော့မှ ပြန်မပြင်တက်ဘူး"

All Chapters