အခန်း (၆၈၆-၆၉၀)
Vol. 38 Ch. 686-690
Chapter 686
လင်ရှောင်းဂိုဏ်း...ရေခဲလှိုဏ်ဂူ..
ဤနေရာသည် လှိုဏ်ဂူတစ်ဂူဖြစ်သော်လည်း ဝင်ပေါက်၌ ကူးပြောင်းရေးဝင်္ကပါတစ်ခုကို တပ်ဆင်ထားသည်။
လှိုဏ်ဂူအတွင်း၌ ပိန်းပိတ်သည်အထိမှောင်မည်းနေပြီး အကယ်၍ တစ်စုံတစ်ယောက်က သူ၏နတ်ဘုရားစိတ်အာရုံနှင့် ထောက်လှမ်းလျှင်ပင် အတွင်း၌မည်သည့်အရာများ ရှိနေသည်ကို သိရှိရမည်မဟုတ်ချေ။
ရေခဲလှိုဏ်ဂူ၏ပြင်ပတွင် ဧရာမလူဘီလူးရုပ်သေးတချို့က စောင့်ကြပ်နေကြ၏။ထိုလူဘီလူးရုပ်သေးများပေါ်တွင် အဆောင်လက်ဖွဲ့များကပ်ထားပြီး သာမာန်အချိန်များတွင် ၎င်းတို့ကလှုပ်ရှားခြင်းမရှိချေ။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်က ရေခဲလှိုဏ်ဂူအတွင်းသို့ ကျူးကျော်ဝင်ရောက်ပါက ၎င်းလူဘီလူးရုပ်သေးများ လှုပ်ရှားလာပြီး ထိုသူအား သတ်ဖြတ်ပစ်ပေမည်။
ရုပ်သေးရုပ်များသည် သဘာဝလွန်နယ်ပယ်စွမ်းအင်အဆင့်မှ စိတ်ဝိညာဥ်နယ်ပယ်အထိ အမျိုးအစားစုံလင်စွာရှိပေသည်။
ဤနေရာ၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသော ဧဗရာမလူဘီလူးရုပ်သေးရုပ်ကြီးများထံမှ တောင်ကြီးတစ်လုံးဖိထားသကဲ့သို့ လေးလံသောဖိအားကို ခံစားရစေသည်။
"ရပ်လိုက်စမ်း"
လုယွီ၏ရှေ့ရှိ ရုပ်သေးရုပ်ထံမှ စက်ယန္တရားသံကဲ့သို့ ပြတ်တောင်းတောင်းအသံထွက်ပေါ်လာသည်။
လုယွီက ရုပ်သေးရုပ်ထံမှအသံသည် ရိုးရှင်းသော အသံကူးပြောင်းဝင်္ကပါတစ်ခုဖြစ်ခြင်းကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။ထိုရုပ်သေးရုပ်များသည် ကြိုတင်ထည့်သွင်းထားသော အသံတချို့ကိုသာ ထည့်သွင်းနိုင်ပေမည်။
၎င်းတို့နှင့်စကားပြောဆိုနေသူမှာ မည်သူမည်ဝါ မခွဲခြားဘဲ ၎င်းတို့က စကားတချို့ကိုသာ ပြောဆိုပေမည်။
လုယွီက အကြီးအကဲရှင်း၏တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
"ငါ့မှာ တံဆိပ်ပြားပါတယ်"
ရုပ်သေးရုပ်က အနည်းငယ်တုန်ခါသွားပြီးနောက် ၎င်း၏မျက်လုံးတစ်စုံမှ ရွှေရောင်အလင်းတန်းများကို ထုတ်လွှက်လိုက်ပြီး တံဆိပ်ပြားပေါ်သို့ ကျရောက်လာပေ၏။
အချိန်တခဏကြာပြီးနောက် ရုပ်သေးရုပ်က ဖြည်းဖြည်းချင်းနောက်ပြန်ဆုတ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လုယွီ၏ရှေ့ရှိ ဝင်္ကပါအတွင်း၌ အပြောင်းအလဲတချို့ဖြစ်ပေါ်သွားပေ၏။
လုယွီက တစ်ချက်သာကြည့်ပြီး အလေးမထားတော့ချေ။ကြည့်ရသည်မှာ အကြီးအကဲရှင်း၏တံဆိပ်ပြား၌ အထူးအခွင့်အရေးတချို့ရှိပုံရသည်။သူက ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ဝင်္ကပါအတွင်းသို့ လျှောက်လှမ်းဝင်သွားလိုက်၏။
လုယွီက ရုတ်တရက် မူးဝေသွားသကဲ့သို့ ခံစားမိသည်။ထို့နောက်တွင်မူ သူ၏နံဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းများပြောင်းလဲသွားပြီး သူက လေဟာနယ်တစ်ခုအတွင်း၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
လုယွီ၏ရှေ့၌ စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သူ၏ကိုယ်တွင်းကလီစာများအထိပင် လွှမ်းခြုံသွားခဲ့သည်။သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းပြန်ဆုတ်လိုက်ရ၏။ထို့နောက်တွင်မူ လုယွီ၏မျက်လုံးများ လင်းလက်တောက်ပသွားပေသည်။
"ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက အပြင်ထက်အဆပေါင်းတစ်သောင်းလောက် ပိုပြီးပေါကြွယ်ဝတယ်"
လုယွီ၏စိတ်နှလုံးသားများ တုန်ခါသွားသည်။
"ဒါပေမယ့်...ဒါက ငါ့အတွက်ကောင်းတဲ့ကိစ္စပဲလေ"
လုယွီက စိတ်ဝိညာဥ်စွမ်းအင်ထူထပ်သိပ်သည်းသော နေရာတစ်နေရာကိုရှာပြီး ပလ္လင်ခွေထိုင်လိုက်၏။ဤနေရာသည် စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းသောနေရာဖြစ်၍ သူ အချိန်ဖြုန်းနေလိုစိတ်မရှိချေ။
စိတ်ဝိညာဥ်စွမ်းအင်များသည် ရှည်လျားသောနဂါးတစ်ကောင်အလား လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေသည်။
တစ်ချိန်တည်းမှာပင် ဤနေရာ၏တစ်ဖက်ခြမ်း၌ ရှိနေသော လူများက တပြိုင်နက်တည်း သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြ၏။
ထိုလူစုသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေကြခြင်းဖြစ်ပြီး သူတို့တစ်ယောက်ခြင်းစီသည် အလင်းတိုင်လုံးတစ်လုံးဆီအောက်၌ရှိနေသည်။
ထိုလူများ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်မြင့်မားပြီး သူတို့ထံမှ စွမ်းအားအနည်းငယ်ထုတ်လွှက်လိုက်ရုံဖြင့်ပင် လူများအား ကြောက်ရွံတုန်လှုပ်စေနိုင်သည်။
"တစ်ယောက်ယောက် ဝင်လာတာလား"
အဖိုးအိုတစ်ယောက်က လေသံသဲ့သဲ့ဖြင့် ပြောဆိုလိုက်၏။
"ဟိုဆေးဖော်စပ်တဲ့ သက်ကျားအိုကြီးများလား...သူက မြောက်ပိုင်းလုအိမ်တော်ကို ပြန်သွားတာမဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီး အစောကြီးပြန်ရောက်လာပါလိမ့်"
"သူ မဖြစ်နိုင်ဘူး...ခုဝင်လာတဲ့သူက အဖိုးကြီးရှင်းရဲ့အခန်းထဲကိုဝင်သွားတာ...ဒါပေမယ့် အဖိုးကြီးရှင်း မဟုတ်ဘူး"
"ဒါက သူလက်ခံထားတဲ့တပည့်များ ဖြစ်နေမလား"
ထိုလူစုက လှိုဏ်ဂူအတွင်းသို့အသစ်ဝင်လာသူကို စိတ်ဝင်စားနေကြပုံဖြင့် အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးနေကြသည်။
ထိုအချိန်မှာပင် အလင်းတိုင်လုံးတစ်လုံးက ရုတ်တရက် လင်းလက်တောက်ပသွားသည်။
"ဘာမှ ခန့်မှန်းမနေကြနဲ့...အသစ်ဝင်လာတဲ့သူက အဖိုးကြီးရှင်းရဲ့တပည့်မဟုတ်ဘူး...ကောင်လေးတစ်ယောက်က အဖိုးကြီးရှင်းကိုကူညီခဲ့တော့ သူ မျက်နှာသာပေးတာခံရပြီး သူရဲ့တံဆိပ်ပြားကို အဲ့ဒီကောင်လေးဆီပေးခဲ့တာ"
ခပ်ဝဝအကြီးအကဲတစ်ယောက်က ရယ်မောရင်းပြောဆိုလိုက်၏။
ထိုလူဝကြီးသည် ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်ကပြောင်လက်နေပေရာ ချမ်းသာကြွယ်ဝသောလူတစ်ယောက်ပုံစံပေါက်နေသည်။
အလင်းတိုင်လုံးတစ်လုံးအတွင်းမှ လူလတ်ပိုင်းကြီးတစ်ယောက်က အံ့အားတသင့်မေးမြန်းလေ၏။
"မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ"
လူဝကြီးက ရယ်မောရင်း ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်လေးက ငါရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ငါ့တပည့်မဖြစ်ချင်ဘူးတဲ့လေ...ပြီးတော့ သူက မင်းရဲ့ညီငယ်လေး မိုးပြာနဂါးရဲ့ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်လိုက်တယ်"
လူလတ်ပိုင်းကြီး၏မျက်မှာပေါ်၌ သိချင်စိတ်ပြင်းပြသွားသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"အဲ့ဒီကောင်လေးက နောက်ဆုံး ဘယ်အတွင်းစည်းအကြီးအကဲရဲ့လက်အောက်ကို ရောက်သွားလဲ"
"သူက အတွင်းစည်းအကြီးအကဲသစ် ပိုင်ဆုချင်ရဲ့လက်အောက်ကိုရောက်သွားတာ...အဲ့ဒီကောင်လေးက ပိုင်ဆုချင်ကိုများကြိုက်နှစ်သက်နေလားဆိုတာ ငါ သိချင်မိတယ်"
လူဝကြီးက ခန့်မှန်းနေလေသည်။
လူလတ်ပိုင်းကြီးက ခါးသက်သက်ပြုံးရင်း သူ၏ခေါင်းကိုခါယမ်းနေပေ၏။
"ဒါက သူ့ရဲ့ရွေးချယ်မှုပဲလေ...မှော်အက္ခရာပန်းချီအကြီးအကဲက ဒီကိစ္စကို ဦးနှောက်ရှုပ်ခံပြီးဆက်တွေးမနေနဲ့တော့...ကောင်းကင်ဘုံလမ်းကြောင်းက ပွင့်တော့မယ်...ငါတို့က ကြိုးကြိုးစားစားလေ့ကျင့်ပြီး အဆင့်ချိုးဖျက်နိုင်ဖို့က ပိုအရေးကြီးတယ်"
Chapter 687
လူဝကြီးက ခေါင်းညိတ်ပြလေသည်။
"ဒါက အမှန်ပဲ...ဒီတစ်ကြိမ်မှာ လုမိသားစုနဲ့ယင်လော့ဂိုဏ်းက ထိပ်သီးကျင့်ကြံသူတွေက ကောင်းကင်ဘုံလမ်းကြောင်းကို အပြည့်အဝအပိုင်စီးချင်နေကြတယ်...ငါတို့က ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ အနိုင်ရဖို့ကိုလည်း အခိုင်အမာယုံကြည်ထားလို့မရဘူး...တကယ်လို့ ငါတို့လူအိုကြီးတွေကသာ ကောင်းကင်ဘုံလမ်းကြောင်းကိုမရဘူးဆိုရင် ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ငါတို့ရဲ့အခွင့်အာဏာက လျော့နည်းသထက်ပိုပြီးလျော့နည်းလာလိမ့်မယ်"
ကောင်းကင်နန်းတော်ပြိုင်ပွဲအကြောင်းပြောဆိုချိန်တွင် ဤနေရာရှိလူများအားလုံး သက်ပြင်းရှိုက်လိုက်ကြ၏။
လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေ၌ နံပါတ်တစ်ဂိုဏ်းဖြစ်သော်လည်း ဤသည်က အကြီးအကဲများ၏စွမ်းအားကြောင့်ဖြစ်သည်။
လင်ရှောင်းဂိုဏ်းအတွင်းရှိတောင်ထိပ်အသီးသီး၌ လူငယ်ပါရမီရှင်များရှိသော်လည်း တခြားစွမ်းအားစုမှလူငယ်ပါရမီရှင်များထက် ပို၍အားနည်းနေဆဲပင်။
ယခုလက်ရှိ လင်ရှောင်းဂိုဏ်း၏အခြေအနေသည် အနည်းငယ်စိုးရိမ်ဖွယ်ရှိပေ၏။
"လျှို့ဝှက်နဂါးစာရင်းက ထိပ်သီးဆယ်ယောက်မှာတောင် ငါတို့လင်ရှောင်းဂိုဏ်းကဆိုလို့ သတ္တမနေရာက ရှယီရှန်းနဲ့ နဝမနေရာက ဖန်ရှို့ယွင်ပဲရှိတယ်...သူတို့ရဲ့အခြေခံက တခြားဂိုဏ်းကလူငယ်ပါရမီရှင်တွေလောက် နက်နဲသိမ်မွေ့မှုမရှိဘူး"
လူလတ်ပိုင်းကြီးက သက်ပြင်းရှိုက်လိုက်၏။သူ လင်ရှောင်းဂိုဏ်းအား ဂိုဏ်းခေါင်းဆောင်အဖြစ် တာဝန်မယူမီက ဂိုဏ်းအတွင်း၌ပါရမီရှင်အမြောက်အများရှိသည်ဟု ထင်ခဲ့သော်လည်း အမှန်အားဖြင့် ထိပ်တန်းပါရမီရှင်ဟူ၍ အများအပြားမရှိချေ။
ဤသို့ဖြစ်ရခြင်းမှာ လင်ရှောင်းဂိုဏ်း၏စည်းမျဥ်းများ အလွန်တင်းကြပ်ခြင်းကြောင့်ပင်။
အကယ်၍ လူတစ်ယောက်သည် လင်ရှောင်းဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုပါက ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်ပင် အစေခံတပည့်အဖြစ်မှ စ၍ဝင်ရောက်ရပေမည်။ထို့နောက်မှသာ အပြင်စည်းတပည့်မှ အတွင်းစည်းတပည့်အဖြစ်သို့ရောက်ရန် အဆင့်တိုးမြှင့်ရပေ၏။
ဤကဲ့သို့ တစ်ဆင့်ချင်းတိုးမြှင့်မှုသည် သာမာန်ကျင့်ကြံသူများအတွက် ပြဿနာမရှိသော်လည်း ထိပ်သီးပါရမီရှင်များအတွက်မူ အချိန်ဖြုန်းတီးခြင်းသာဖြစ်သည်။
လူလတ်ပိုင်းကြီးက ဂိုဏ်းခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်းတွင် ဂိုဏ်း၏အဓိကစည်းမျဥ်းများကို ပြင်ဆင်ခြင်းမပြုနိုင်သော်လည်း တချို့စည်းမျဥ်းများကိုမူ ထိန်းညှိမှုတချို့ပြုလုပ်ခဲ့သည်။
သူသည် အတွင်းစည်းတပည့်များအနက်မှ ထူးချွန်သောတပည့်တချို့ကို ပင်မတပည့်အဖြစ်အဆင့်တိုက်ရိုက်တိုးမြှင့်နိုင်ရန်ဆောင်ရွက်ခဲ့သည်။တပည့်တစ်ယောက်သည် အလွန်ထူးချွန်နေပါက အပြင်စည်းတပည့်ဖြစ်နေပါစေ ပင်မတပည့်ဖြစ်လာစေရန်လည်း ကြံဆောင်ခဲ့ပေ၏။
အကျိုးဆက်အနေဖြင့် အချိန်ကုန်သက်သာစေပြီး လင်ရှောင်းဂိုဏ်းအတွင်း၌ လူငယ်ပါရမီရှင်များ ပို၍များပြားလာသည်။
သို့ရာတွင် ဤသည်က မလုံလောက်သေးချေ။
"ဟူး...ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်နန်းတော်ပြိုင်ပွဲက လူငယ်မျိုးဆက်သစ်တွေအတွက် အရည်အချင်းစစ်ပွဲပဲလေ...သူတို့လူငယ်တွေနဲ့ပဲလွှဲထားတာ ပိုကောင်းလိမ့်မယ်...ငါတို့လူအိုကြီးတွေကတော့ တက်နိုင်သမျှ...."
သူ၏စကား တစ်ဝက်တစ်ပျက်အရောက်မှာပင် သူက ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
လူလတ်ပိုင်းကြီးသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီရှိနေသောနေရာသို့ အရူးအမူးစီးဆင်းသွားခြင်းကို ရုတ်တရက်ခံစားမိသည်။
ဤနေရာပတ်ဝန်းကျင်သည် မြောက်များစွာသော နဂါးသွေးကြောများဖြင့် ပြည့်နှက်နေပေ၏။စိတ်ဝိညာဥ်စွမ်းအင် ပေါကြွယ်ဝမှုကြောင့် တချို့နေရာများ၌ သုံးမီတာ လေးမီတာမြင့်မားသောစိတ်ဝိညာဥ်မြက်ပင်များပင် ပေါက်ရောက်နေသည်။
သူတို့ကဲ့သို့ ထိပ်သီးကျင့်ကြံသူများများသည် သူတို့၏စွမ်းအားကိုတိုးမြှင့်နိုင်ရန် ဤနေရာ၌ လေ့ကျင့်ကြခြင်းဖြစ်သည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ လှုပ်ခတ်သွားခြင်းသည် သူ့အား အချိန်တခဏကြာ ထိန်းချုပ်မှုလွတ်ကင်းသွားစေသည်။
"ဒါက အကြီးအကဲရှင်းရဲ့နေရာမှာရှိတဲ့ လူငယ်လေးကြောင့်လား"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
လူဝကြီးက တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။
"သူက အဆင့်ချိုးဖျက်မလို့ထင်တယ်"
"သူက သဘာဝလွန်စွမ်းအင်နယ်ပယ်ကနေ ဓမ္မရုပ်ထုနယ်ပယ်ကို ချိုးဖျက်မှာမဟုတ်ဘူးလား...ငါ ဒီနေရာမှာပဲနေပြီး သူ့ကိုစောင့်ကြည့်အုံးမယ်...ဒီနေရာမှာ အဆင့်ချိုးဖျက်ရင် အခက်အခဲရှိနိုင်တာ သူ မသိဘူးလား...ဒီကောင်လေး ဒီနေရာမှာ ဆက်နေရဲမယ်လို့တော့ ငါ မထင်ဘူး"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က တီးတိုးရေရွတ်လိုက်၏။
ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် အလွန်အားကောင်းသဖြင့် အဆင့်နိမ့်ပါးသောကျင့်ကြံသူများ ကျင့်ကြံခြင်းမပြုနိုင်ချေ။စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင် ဤနေရာသို့ ရောက်ရှိလာပါက သူ၏ရင်အုပ်မှနေ၍ တင်းကြပ်လာမှုကို ခံစားရပေမည်။စိတ်ဝိညာဥ်စွမ်းအင်အမြောက်အများစုဝေးနေခြင်းသည် ထိုကျင့်ကြံသူအား သက်တောင့်သက်သာမရှိခြင်းကို ခံစားရစေမည်။
မည်သို့ပင်ဆိုစေကာမူ လုယွီက ပတ်ဝန်းကျင်အား လျစ်လျှူရှုထားပြီး စတင်ကျင့်ကြံနေပေ၏။
မှောိအက္ခရာပန်းချီအကြီးအကဲက အံ့အားတသင့် ပြောဆိုလိုက်သည်။
"သူက ဓမ္မရုပ်ထုနယ်ပယ်ဂျူနီယာတစ်ယောက်ဖြစ်မယ်လို့ ငါ အစကထင်ခဲ့တာ...သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...ဒီလို အဆင့်နိမ့်နယ်ပယ်နဲ့ သူက အကြီးအကဲရှင်းကို ဘယ်လိုမျိုးကူညီလိုက်ပါလိမ့်"
"အဖိုးကြီးရှင်းက ဝင်္ကပါပညာရပ်မှာထူးချွန်တယ်...ဒီကောင်လေးက ဝင်္ကပါပညာရပ်မှာ ထူးချွန်သူတစ်ယောက်ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ခပ်သဲ့သဲ့လေသံဖြင့် ပြောဆိုလေ၏။
ထိုအချိန်မှာပင်...
သူတို့၏နံဘေးပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်စွမ်းအင်များ စတင်ဆူပွက်လာပေ၏။
စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း လုယွီရှိနေသောနေရာသို့ တလိမ့်လိမ့်တိုးဝင်သွားပြီး တဖြည်းဖြည်းလွင့်ပြယ်သွားလေသည်။
ဝီ....
လေထုအတွင်း၌ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သိချင်စိတ်ပြင်းပြနေဟန်ဖြင့် ပြောဆိုလိုက်၏။
"ကြည့်ရတာတော့ သူက ဓမ္မရုပ်ထုသိပ်သည်းတာ အောင်မြင်သွားပုံပဲ....ဒီကောင်လေးရဲ့ဓမ္မရုပ်ထုက ဘာနဲ့တူလည်းဆိုတာ ငါ တကယ်ကို သိချင်မိတယ်"
Chapter 688
လှိုဏ်ဂူအတွင်း၌ လုယွီသည်လေထုအတွင်း၌ မျောလွင့်နေပြီး တည်ကြည်လေးနက်သောအမူအယာဖြင့် ပလ္လင်ခွေထိုင်နေပေ၏။သူ၏နောက်တွင် ထူးဆန်းသောမှော်အက္ခရာများ ရေထွင်းထားသည့် အလင်းဘီးများရှိနေသည်။ထိုအလင်းဘီးများ တစ်ပတ်လှည့်ပတ်လိုက်တိုင်း လုယွီ၏အရှိန်အဝါသည် ပို၍အားကောင်းလာပေ၏။
အလင်းဘီးများလည်ပတ်နေမှု ရပ်တန့်တော့မည့် အချိန်တခဏတွင် လုယွီက ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏မျက်လုံးသူငယ်အိမ်တစ်ဖက်သည် အနီရောင်ဖြစ်နေပြီး ကျန်တစ်ဖက်ကမူ ရွှေရောင်တောက်ပနေသည်။
လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေသော ထိုက်ကျိအမှတ်အသားသည်လည်း ယခုအချိန်၌ ထင်ထင်ရှားရှားထွက်ပေါ်နေပေ၏။
သူ၏ခန္ဓာကိုယ်မှ နတ်ဘုရားစမ်းရေအိုင်အတွင်း၌ မြောက်များစွာသောမြို့များ မြင့်တက်လာပြီး မြေမျက်နှာပြင်ပေါ်၌ မားမားမတ်မတ်ရပ်တည်နေသည်။
နတ်ဘုရားစမ်းရေအိုင်အောက်ရှိနဂါးသွေးကြောသည် အဆက်မပြတ်လှုပ်ရှားနေပြီး စိမ်းလန်းစိုပြေသောသစ်ပင်ကြီးများက မြေပြင်မှတိုးထွက်လာပေ၏။
သို့ရာတွင် လုံကျင်းမြို့တော်၏အထက်ကောင်းကင်ယံတစ်ခုတည်း၌သာလျှင် ရွှေရောင်အလင်းတန်းများတောက်ပနေသည်။
ရွှေရောင်အလင်းတန်းများကြားတွင် အစွမ်းထက်သောအရှိန်အဝါတစ်ခုက ရောထွေးယှက်နွယ်နေပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို လွှမ်းခြုံထားကာ ၎င်း၏လမ်းကြောင်းတွင်ရှိသော အရာရာတိုင်းကို ဖိနှိပ်ထားပေ၏။
လုံကျင်းမြို့တော်၏အလယ်ဗဟို၌ ရုပ်ထုကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုရုပ်ထုကြီးသည် အနက်ရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားပြီး ၎င်း၏ခေါင်းထက်၌ သရဖူတစ်ခုကို တပ်ဆင်ထားသည်။ရုပ်ထု၏မျက်နှာသည် လုယွီနှင့်တူညီသော်လည်း ၎င်းကပို၍အနည်းငယ်အေးစက်တင်းမာပေ၏။
ဤှသည်က လုယွီ၏အတိတ်ဘဝ မြေအောက်လောကတာအိုသခင်ရုပ်ထုဖြစ်ပေ၏။သူသည် အမှောင်ထု၏အရှင်သခင်ဖြစ်ပြီး မြောက်များစွာသော မြေအောက်လောကမျိုးနွယ်များက သူ့အားဦးညွှတ်ရပေသည်။
ဤအချိန်မှာပင် မြေအောက်လောကတာအိုသခင်၏ဝိုးတဝါးရုပ်ထုသည် တဖြည်းဖြည်းကျစ်လျစ်သိပ်သည်းလာပြီး လေထုအတွင်း၌ မားမားမတ်မတ်ရပ်တည်နေတော့သည်။
လုံကျင်းမြို့တော်အတွင်းရှိသက်ရှိမျိုးနွယ်များက ချက်ချင်းပင်ဒူးထောက်လိုက်ကြပြီး မြေအောက်လောကတာအိုသခင်ရုပ်ထုကြီးအား အရိုအသေပြုနေကြ၏။
တစ်ချိန်တည်းမှာပင် လုယွီ၏နောက်၌ ဧရာမမြေအောက်လောကနတ်ဘုရားရုပ်ထုကြီး ထွက်ပေါ်လာသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်သည် မြေအောက်လောကနယ်မြေမှတာအိုသခင်ရုပ်ထုနှင့်အတူ ထွက်ပေါ်လာသော ဖန်တီးမှုပုံရိပ်ယောင်ဖြစ်သည်။
တခြားကျင့်ကြံသူများက ဓမ္မရုပ်ထုအား နတ်ဘုရား သို့မဟုတ် နတ်ဆိုးစသဖြင့် သူတို့စိတ်ကူးယဥ်မြင်ယောင်မိသော ပြင်ပစွမ်းအားပေါ်တွင်မူတည်၍ ဖွဲ့စည်းကြသည်။
သို့ရာတွင် လုယွီကမူ မတူညီချေ။သူ၏ဓမ္မရုပ်ထုသည် သူကိုယ်တိုင်ပင်ဖြစ်သည်။
ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူခြင်းတူညီသော်လည်း လုယွီသည် တခြားသူများထက်ပို၍အားကောင်းပေ၏။
"ဓမ္မရုပ်ထုနယ်ပယ် စဦးအဆင့်...ဟမ့်"
လုယွီ၏မျက်လုံးများမှ စူးရှအေးစက်သောအလင်းရောင်များ ထွက်ပေါ်လာသည်။ဤကျင့်ကြံဆင့်နယ်ပယ်သည် သူ့အတွက် လုံလောက်မှုမရှိသေးချေ။
ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးက စတင်တော့မည်ဖြစ်ရာ သူသည် မိတ်ဆွေဟောင်းတချို့နှင့် ဆုံတွေ့ကောင်းဆုံတွေ့နိုင်လိမ့်မည်။
အကယ်၍ ရှန်းလင်းလုံ၏လူများသာ ဤကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ပါက လုယွီ၏ခွန်အား မြင့်မားနေမှသာလျှင် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ဖြေရှင်းနိုင်ပေမည်။
"နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်...ပွင့်စမ်း"
"ကောင်းကင်ဘုံအင်ပါယာရဲ့နဂါးနှိမ်နင်းလျှို့ဝှက်နည်းစနစ်...အသက်ဝင်စမ်း"
လုယွီက မန္တန်များကိုရွတ်ဆိုပြီး သူ၏ခန္ဓာကိုယ်ရှိလျှို့ဝှက်ကျင့်ကြံနည်းစနစ်များကို အရူးအမူးလှည့်ပတ်လိုက်၏။
လုယွီက တစ်ဖက်တွင် သူ၏အတိတ်ဘဝက ကျင့်ကြံနည်းစနစ်ဖြစ်သော ရှည်လျားသည့်နဂါးကိုးကောင်က ၎င်းတို့၏ပါးစပ်ကြီးများကို ကျယ်လောင်စွာဖွင့်ဟပြီး နံဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို အရူးအမူးဝါးမြိုနေပေ၏။
တစ်ခြားတစ်ဖက်တွင်မူ လုယွီက ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အကြွင်းအကျန်မှ ဖြစ်တည်လာသော အဆောင်လက်ဖွဲ့တစ်ခုကိုကိုင်ဆောင်ကာ စိတ်ဝိညာဥ်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းနေပေသည်။
လုယွီ၏နတ်ဘုရားစမ်းရေအိုင်သည် မြောက်များစွာသောစိတ်ဝိညာဥ်စွမ်းအင်များ၏ လွှမ်းခြုံခြင်းခံရသဖြင့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် တဖန်ပြန်၍တောက်ပလာသည်။
ဤအချိန်အတောအတွင်းတွင် ဤနေရာ၏တစ်ဖက်ခြမ်းတွင်ရှိနေသော အကြီးအကဲများကလည်း လုယွီအား စောင့်ကြည့်နေကြ၏။
"ဒီကောင်လေးက အဆင့်နှစ်ဆင့်ကို တစ်ဆက်တည်းချိုးဖျက်မလို့လား...သူရဲ့ကျင့်ကြံမှုအခြေခံခိုင်မာမှုမရှိမှာကို သူ မကြောက်ဘူးလား"
မှော်အက္ခရာပန်းချီမဟာအကြီးအကဲက ပြောဆိုလိုက်၏။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ပြောဆိုလေသည်။
"အဲ့ဒီကောင်လေးရဲ့ကျင့်ကြံခြင်းအခြေခံက နက်နဲသိမ်မွေ့တယ်...ဒါပေမယ့် သူက ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်ကို ချိုးဖျက်နိုင်ရုံပဲ ရောက်နိုင်မယ်"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏စကား အဆုံးသတ်သွားသံနှင့်အတူ လုယွီ၏ခန္ဓာကိုယ်ဆတ်ခနဲတုန်ခါသွားပြီး ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်သို့ ရောက်ရှိသွားလေ၏။
မှော်အက္ခရာပန်းချီအကြီးအကဲက တီးတိုးရေရွတ်လိုက်သည်။
"ဒါက သူ့ရဲ့အကန့်အသတ်ကိုရောက်ပြီထင်တယ်...ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်က ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုံလောက်ပါတယ်"
တခြားအကြီးအကဲများကမူ လုယွီအား တစ်ချက်ကြည့်လိုက်ကြသော်လည်း မည်သည့်မှတ်ချက်စကားမျှမဆိုကြချေ။
သူတို့အားလုံးသည် ထိပ်သီးအကြိးအကဲများဖြစ်ပေ၏။လုယွီ မည်မျှထူးချွန်ထက်မြက်နေပါစေ သူတို့၏အမြင်တွင်မူ မျိုးဆက်သစ်လူငယ်တစ်ယောက်ထက်မပိုပေ။
သို့သော် ထိုအချိန်မှာပင် ပတ်ဝန်းကျင်၌ရှိသော စိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီရှိနေသောနေရာသို့ ထပ်မံ၍စီးဆင်းသွားလေ၏။
"ဘာလဲ...သူ...အဲ့ဒီကောင်လေးက ဆက်ပြီးအဆင့်ချိုးဖျက်အုံးမလို့လား"
မှော်အက္ခရာပန်းချီမဟာအကြီးအကဲက အံ့အားတသင့် အော်ဟစ်လိုက်သည်။
စိတ်ဝိညာဥ်စွမ်းအင်များ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်နှင့်အမျှ သူ၏အော်ရာသည်လည်း အားကောင်းသထက် ပို၍အားကောင်းလာသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်သို့ စီးဝင်နေသော စိတ်ဝိညာဥ်စွမ်းအင်များအားလုံးသည် စုဝေးသွားလေ၏။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ဓမ္မရုပ်ထုနယ်ပယ်...နှောင်းပိုင်းအဆင့်
မှော်အက္ခရာပန်းချီမဟာအကြီးအကဲက ထိတ်လန့်တကြားထခုန်လိုက်၏။
"ဘာ....ဒါက မဖြစ်နိုင်ဘူး"
Chapter 689
လုယွီက အဆင့်သုံးဆင့်ကို ဆက်တိုက်ချိုးဖျက်ခဲ့ခြင်းပင်။
သဘာဝလွန်စွမ်းအင်နယ်ပယ်နှောင်းပိုင်းအဆင့်မှနေ၍ ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားပေသည်။
မှော်အက္ခရာပန်းချီမဟာအကြီးအကဲသည် စိတ်တည်ငြိမ်မှုပျက်ပြားသွားသကဲ့သို့ ခံစားနေရပြီး သူက ချောင်းတစ်ချက်ဟန့်လိုက်၏။
"ဒီကောင်လေး ရူးများရူးနေလား...ကျင့်ကြံမှုဖောက်ပြန်တာမျိုးဖြစ်မှာကို သူ မစိုးရိမ်ဘူးလားမသိဘူး"
ထိုအချိန်မှာပင် ထိပ်သီးအကြီးအကဲများအနက်မှတစ်ယောက်က လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။
"သူ ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်နေတုန်းက နည်းနည်းမှတောင် တစ်ဆို့မှုမရှိတာကို မင်းတို့ခံစားမိကြလား...သူ အဆင့်ချိုးဖျက်တာက အရမ်းချောမွေ့နေတယ်"
တခြားအကြီးအကဲများက ခေါင်းညိမ့်လိုက်ကြ၏။
အမှန်အားဖြင့် လုယွီ အဆင့်ချိုးဖျက်နေစဥ် သူတို့ ခံစားနေမှုသည် ဖြစ်ရိုးဖြစ်စဥ်အတိုင်းသာဖြစ်ပြီး မည်သည့်ထူးခြားချက်မျှမရှိချေ။
ထိုထိပ်သီးအကြီးအကဲက ဆက်လက်၍ပြောဆိုလေသည်။
"ပြန်တွေးကြည့်ရင် ဒီအဖိုးကြီးက သဘာဝလွန်စွမ်းအင်နယ်ပယ်ကနေ ဓမ္မရုပ်ထုနယ်ပယ်ကိုရောက်ဖို့ တစ်ဆယ့်နှစ်နှစ်ကြာခဲ့တယ်...ဒိအဖိုးကြီးကတော့ အဲ့ဒီကောင်လေးရဲ့ကျင့်ကြံမှုအမြန်နှုန်းကို မယှဥ်နိုင်ဘူး"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
"မင်းပြောချင်တာက...သူ အဆင့်ချိုးဖျက်တဲ့နေရာမှာ အတားအဆီးမရှိဘူးလို့ ဆိုလိုချင်တာလား"
"ဖြစ်နိုင်တာတော့ သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ....တချို့ခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်တွေက အဆင့်ချိုးဖျက်တဲ့နေရာမှာ အတားအဆီးမရှိဘူးလို့လည်း ငါကြားဖူးတယ်...သူက အဲ့ဒီလိုခန္ဓာကိုယ်အမျိုးအစားထဲက တစ်ခုပိုင်ဆိုင်ထားတာလဲဖြစ်နိုင်တယ်"
မှော်အက္ခရာပန်းချီမဟာအကြီးအကဲက သက်ပြင်းချနေပေ၏။
"ကံဆိုးချင်တော့ ငါက သူ့ကို စောစောရှာမတွေ့ခဲ့ဘူး...မဟုတ်ရင် သူက ငါ့ရဲ့တပည့်ဖြစ်နေလောက်ပြီ"
ဤနေရာရှိအကြီးအကဲများသည် နောက်သုံးနှစ်အကြာတွင်ပွင့်လာမည့် ကောင်းကင်ဘုံလမ်းကြောင်းအားလျှောက်လှမ်းနိုင်ရန်အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။
ကောင်းကင်ဘုံလမ်းကြောင်းသည် မည်မျှခက်ခဲသောကိစ္စဖြစ်သနည်း။ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာချိန်တွင် မရေမတွက်နိုင်သောကြယ်နယ်မြေများမှ ထိပ်သီးကျင့်ကြံသူများသည် နေရာရရန်အတွက် ရေကုန်ရေခမ်းယှဥ်ပြိုင်ကြသည်။
ထိပ်သီးကျင့်ကြံသူများပင်လျှင် သေဆုံးသွားနိုင်ချေရှိသောကိစ္စဖြစ်သည်။
ထို့ကြောင့် ထိပ်သီးအကြီးအကဲများသည် သင့်လျော်သောတပည့်တစ်ယောက်ကိုရှာဖွေ၍ သူတို့၏ပညာအမွေကို ဆက်ခံခိုင်းလေ့ရှိသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ပြောဆိုလိုက်၏။
"မှော်အက္ခရာပန်းချီအကြီးအကဲရဲ့တပည့် ယုဝေကလည်း မဆိုးပါဘူး...ဘာလို့ နောင်ထပ်တပည့်တစ်ယောက်လက်ခံချင်တာလဲ"
မှော်အက္ခရာပန်းချီအကြီးအကဲက လေးဖင့်သောအမူအယာဖြင့် ခေါင်းခါယမ်းလေသည်။
"ငါက လုဝူယာလိုမျိုး လူငယ်ပါရမီရှင်နဲ့တွေ့ပြီးပြီ...ယုဝေရဲ့အရည်အချင်းက မဆိုးပေမယ့် ထိပ်သီးလူငယ်ပါရမီရှင်တွေနဲ့တော့ အလှမ်းကွာဝေးနေတယ်"
လုယွီရှိနေသောနေရာကိုကြည့်ပြီး မှော်အက္ခရာပန်းချီအကြီးအကဲက တီးတိုးပြောဆိုလိုက်၏။
"အဲ့ဒီကောင်လေးက တကယ်ကိုပဲ တစ်ချက်တည်းနဲ့ ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားခဲ့တယ်...ဒီကောင်လေးစုစည်းထားတဲ့ အသိပညာတွေက ဘယ်လောက်တောင်....."
မဟာအကြီးအကဲ၏စကား အဆုံးသတ်မရောက်မီအချိန်မှာပင်.....
ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များသည် ထပ်မံ၍ အပြင်းအထန်လှုပ်ခတ်လာပြန်၏။
မဟာအကြီးအကဲများ၏နံဘေးပတ်လည်မှ စိတ်ဝိညာဥ်စွမ်းအင်များပင် ဧရာမဝေလငါး၏ဝါးမြိုခြင်းခံလိုက်ရသကဲ့သို့ လုယွီရှိနေသောနေရာသို့ ဆွဲယူခြင်းခံလိုက်ရသည်။
အလင်းတိုင်လုံးအတွင်းမှ မှော်အက္ခရာပန်းချီမဟာအကြီးအကဲသည် ရုတ်တရက်ထခုန်ပြီး လုယွီကို မယုံကြည်နိုင်စွာ ကြည့်နေလေ၏။
"ဒါက မဖြစ်နိုင်ဘူး...သူက ဥာဏ်အလင်းပွင့်နယ်ပယ်ကို တခါတည်းချိုးဖျက်တော့မလို့လား"
တခြားအကြီးအကဲများအားလုံးကလည်း မတ်တတ်ထရပ်လိုက်ကြသည်။သူတို့က ကျင့်ကြံနေမှုများကိုရုတ်သိမ်းပြီး လုယွီရှိနေသောနေရာသို့ ကြည့်လိုက်ကြ၏။
"ပတ်ဝန်းကျင်မှာရှိတဲ့စိတ်ဝိညာဥ်စွမ်းအင်တွေက နည်းနည်းအားပျော့လာပြီ"
မဟာအကြီးအကဲတစ်ယောက်က ညည်းတွားနေပေသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ချက်ချင်းပင် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။
"သူ့ကို ငါရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေ ခွဲပေးမယ်"
ရုတျခညြျးဆိုသလိုပငျ အားကောငျးသောစြျိဝိညာဥျစုပျဝဲတစျခုက လုယှီအား လှှမျးခွုံသှားခဲ့သညျ။
လှိုဏ်ဂူအတွင်းရှိ လုယွီကမူ အဆင့်များကို ဆက်တိုက်ချိုးဖျက်နိုင်ခဲ့သော်လည်း သူက စိတ်ကျေနပ်မှုမရသေးချေ။
သူသည် ကောင်းကင်ဘုံနယ်မြေမှ ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး သူ၏ထိုးထွင်းသိမြင်နိုင်မှုသည် အလွန်အားကောင်းပေ၏။
သူ အဆင့်ချိုးဖျက်ရာတွင် မည်သည့်အတားအဆီးမျှ ကြုံတွေ့ရမည်မဟုတ်ချေ။သူအတွက် လုံလောက်သောစိတ်ဝိညာဥ်စွမ်းအင်များရရှိနေသမျှ သူ၏ခွန်အားကို အလျှင်အမြန်မြှင့်တင်နိုင်ပေမည်။
သို့ရာတွင် အစောပိုင်းက သူ၏အဆင့်ချိုးဖျက်လိုက်မှုကြောင့် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များသည် ကျဲပါးသွားလေပြီ။
"ကောင်းပြီလေ"
လုယွီက လက်လျော့ရန်ရည်ရွယ်ထားသော်လည်း စိတ်ဝိညာဥ်စွမ်းအင်များ တဖန်ပြန်၍တိုးပွါးလာမှုကြောင့် သူ အားနာမနေတော့ချေ။
လုယွီက ကျင့်စဥ်နှစ်ခုအား တပြိုင်နက်တည်းအသုံးပြုနေခြင်းဖြစ်သည်။ဤတစ်ကြိမ်တွင် စိတ်ဝိညာဥ်စွမ်းအင်များသည် သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်းသို့ တိုးဝင်သထက်ပို၍တိုးဝင်လာသည်။
လုယွီနောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည်လည်း ပို၍ကျစ်လျစ်သိပ်သည်းလာသည်။လှိုဏ်ဂူအတွင်းတွင်လည်း မြေအောက်လောကနတ်ဘုရား၏မန္တန်ရွတ်ဆိုသံများဖြင့် ပဲ့တင်ထပ်နေသည်။
တစ်ချိန်တည်းမှာပင် လှိုဏ်ဂူပြင်ပတွင်ရှိနေသော မြောက်များစွာသောကျင့်ကြံသူများ၏အာရုံစူးစိုက်မှုကို လုယွီက ဆွဲဆောင်နိုင်ခဲ့သည်။
ဤနေရာသည် မဟာအကြီးအကဲကဲ့သို့ထိပ်သီးကျင့်ကြံသူများသာ ဝင်ရောက်လေ့ကျင့်ခွင့်ရသောနေရာဖြစ်သည်။
အကြီးအကဲတိုင်းသည် အဆင့်ချိုးဖျက်နိုင်ရန် ခက်ခဲသဖြင့် အကယ်၍ တစ်စုံတစ်ယောက် ကျင့်ကြံဆင့်ချိုးဖျက်ပါက တခြားသူများက အာရုံစူးစိုက်ကြပေသည်။
"သူက ဥာဏ်အလင်းပွင့်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မယ်"
မှော်အက္ခရာပန်းချီမဟာအကြီးအကဲက သက်ပြင်းချနေလေ၏။
ရုတ်တရက် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"မဟုတ်သေးဘူး...သူ့ရဲ့အော်ရာက ဘာလို့ ရုတ်တရက်ကြီး ဖိနှိပ်ခံလိုက်ရတာလဲ"
Chapter 690
ဤနေရာ၌ရှိနေသူများသည် အစွမ်းထက်ထိပ်သီးကျင့်ကြံသူများဖြစ်သဖြင့် လုယွီ၏အော်ရာ ရုတ်တရက် ကျဆင်းသွားခြင်းအား သိရှိနိုင်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ပင်။
"သူရဲ့အဆင့်ချိုးဖျက်မှုက ကျရှုံးသွားတာလား"
မဟာအကြီးအကဲတစ်ယောက်က ညည်းတွားပြောဆိုလိုက်၏။
အကယ်၍ သာမာန်တပည့်တစ်ယောက်သာ အဆင့်ချိုးဖျက်နေပါက သူတို့အားလုံး အာရုံစူးစိုက်မည်မဟုတ်ချေ။သို့ရာတွင် သူတို့ရှေ့မှ ကောင်လေးက ကွဲပြားခြားနားနေသည်။
ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံဆင့်သုံးဆင့်အား ဆက်တိုက်ချိုးဖျက်ခြင်းကို သူတို့ မည်သည့်အချိန်ကမျှ မတွေ့မြင်ဖူးကြချေ။
အကယ်၍ လုယွီ၏ကျင့်ကြံမှုအခြေခံအုတ်မြစ်သည်သာ နက်ရှိုင်းခြင်းမရှိပါက ဖြစ်နိုင်ချေတစ်ခုသာရှိသည်။လုယွီသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပေမည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ပြောဆိုလိုက်၏။
"မဟုတ်သေးဘူး...သူ့ရဲ့အော်ရာက ပြန်ပြီးအားကောင်းလာပြန်ပြီ"
ဤအချိန်တခဏတွင် လုယွီ၏အော်ရာက တဖန်ပြန်၍အားကောင်းလာသည်။
ထို့နောက် မဟာအကြီးအကဲများ၏အာရုံခံမှုအောက်မှာပင် သူ၏အော်ရာသည် တဖြည်းဖြည်းအားနည်းသွားပြန်၏။
"သူ ဘာလုပ်နေတာလဲ"
မဟာအကြီးအကဲတစ်ယောက်က အံ့အားတသင့်ရေရွတ်လိုက်သည်။
မဟာအကြီးအကဲများ၏ကြက်သေသေနေသော အကြည့်များအောက်တွင် လုယွီ၏အော်ရာသည် ဒီရေလှိုင်းလုံးကြီးများကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်နေသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပသွားသည်။
"သူက သူရဲ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေကို ပိုပြီးသန့်စင်သွားအောင် ထိန်းညှိနေတာ...ငါ ဒီကောင်လေးပေါ်ကို မှားယွင်းအကဲဖြတ်မိတယ်...သူကိုကြည့်ရတာ အဆင့်ချိုးဖျက်ဖို့အလျင်လိုနေပုံပဲ...သူက ရူးသွပ်မိုက်မဲသူတစ်ယောက်လို့တော့ ငါ မထင်ဘူး"
"ကောင်းပြီလေ...ငါ မင်းကိုကူညီပေးမယ်"
ထို့နောက် လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
ရှည်လျားသောစိတ်ဝိညာဥ်စွမ်းအင်နဂါးကြီးတစ်ကောင်က လုယွီထံသို့ တိုးဝင်သွားပေ၏။
"ငါ့ကိုလည်း ထည့်တွက်လိုက်"
"လူတစ်ယောက်က ကျင့်ကြံဆင့်နယ်ပယ်ကြီးနှစ်ခုကို တစ်ရက်တည်းနဲ့ချိုးဖျက်နိုင်မလားဆိုတာ ငါလည်းကြည့်ချင်တယ်"
တခြားမဟာအကြီးအကဲများကလည်း သူတို့လေ့ကျင့်မည့် စိတ်ဝိညာဥ်စွမ်းအင်များကို လုယွီထံသို့ ပို့ဆောင်လိုက်ကြ၏။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် အဆင့်ချိုးဖျက်နိုင်ရန်သည် မဟာတာအိုလမ်းကြောင်းအား နားလည်သဘောပေါက်မူတွင်သာ မူတည်ပေသည်။သူတို့အတွက် စိတ်ဝိညာဥ်စွမ်းအင်များ၏အရေးပါအရာရောက်မှုမှာ မရှိသလောက်နည်းပါးပေ၏။
လုယွီ၏လှိုဏ်ဂူအတွင်း၌ အားကောင်းသောစိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။စိတ်ဝိညာဥ်စွမ်းအင်များ အလွန်ထူထပ်သိပ်သည်းမှုကြောင့် လှိုဏ်ဂူနံရံမှနေ၍ သလင်းကဲ့သို့ကြည်လင်သောစိတ်ဝိညာဥ်စွမ်းအင်ရည်တစ်စက်ပင် ယိုစိမ့်ထွက်လာသည်။
"ငါ့ကို တစ်ယောက်ယောက်ကူညီနေတာပါလား"
လုယွီက ကျင့်ကြံနေသော်လည်း ဤအချိန်တခဏရှိ အဖြစ်အပျက်များကို ချက်ချင်းပင်သဘောပေါက်နားလည်သွားပေ၏။
"ငါမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ အလုံအလောက်ရှိနေမှတော့....ငါက စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ထိ ချိုးဖျက်နိုင်အောင်ကြိုးစားရမယ်"
လုယွီက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏ကျင့်ကြံနည်းစနစ်နှစ်ခုလုံးကို တပြိုင်နက်တည်းလှည့်ပတ်ကာ ဥာဏ်အလင်းပွင့်နယ်ပယ်အား ဆက်လက်၍ချိုးဖျက်နေပေ၏။
ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် သူ ဥာဏ်အလင်းပွင့်နယ်ပယ်(ချက္ကရနယ်ပယ်)သို့ ချိုးဖျက်ဝင်ရောင်ရန် လုံလောက်နိုင်သည်။
သို့ရာတွင် ဤသည်က လုယွီအတွက် အဆုံးသတ်မဟုတ်သေးချေ။
"ခန္ဓာကိုယ်ထဲကနေစိတ်ဝိညာဥ်ကိုစွန့်ခွါနိုင်ဖို့က...စိတ်ဝိညာဥ်အာရုံတွေကတဆင့် ခန္ဓာကိုယ်ကို တည်ဆောက်ရမယ်...တကယ်လို့ ခန္ဓာကိုယ်ကြီးပျက်စီးသွားရင်တောင် စိတ်ဝိညာဥ်မပျက်စီးသရွေ့ အသက်ပြန်ရှင်နိုင်တယ်"
"ဥာဏ်အလင်းပွင့်နယ်ပယ်ကိုချိုးဖျက်ဖို့က စွမ်းအားတွေအများကြီးစုစည်းတယ့်အချိန်ကိုလိုအပ်တယ်...နောင်တချိန်ကျရင် စိတ်ဝိညာဥ်အားကောင်းမယ် မကောင်းဘူးဆိုတာက စိတ်ဝိညာဥ်စွမ်းအားတွေကိုဘယ်လောက်ထိသိပ်သည်းနိုင်မလဲဆိုတာပေါ် မူတည်တယ်"
"နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်က စုစုပေါင်းကိုးကြိမ်လှည့်ပတ်ရတယ်...တစ်ကြိမ်လှည့်ပတ်တိုင်းမှာ ငါရဲ့စိတ်ဝိညာဥ်စွမ်းအားတွေကို ဖိနှိပ်ပြီးသားဖြစ်ပြီး ပိုသန့်စင်လာတယ်...ကိုးကြိမ်လှည့်ပတ်ပြီးတာနဲ့ ငါရဲ့ခန္ဓာကိုယ်ထဲကစိတ်ဝိညာဥ်စွမ်းအားတွေကို စိတ်ဝိညာဥ်အရည်အဖြစ်သိပ်သည်းလို့ရပြီ...တချို့ပြင်းထန်တဲ့မှော်မန္တန်တွေဆိုရင် သာမာန်ကျင့်ကြံသူတွေက တစ်ကြိမ်ပဲရွတ်ဆိုလို့ရပေမယ့် ငါကတော့ အကြိမ်ရာထောင်ချီပြီးရေရွတ်ရင်တောင် ငါ့ရဲ့မှော်စွမ်းအားတွေက ကုန်ဆုံးသွားမှာမဟုတ်ဘူး"
လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူ၏ကိုယ်ပိုင် နားလည်သဘောပေါက်မှုနည်းလမ်းအတိုင်းစတင်ကျင့်ကြံတော့သည်။
တခြားသူများက သူ့အား လမ်းညွှန်မှုပေးရန် မလိုအပ်ချေ။
ကောင်းကင်ဘုံနယ်မြေရှိ အစွမ်းထက်သောတာအိုသခင်များအားလုံးကို လေ့လာကြည့်ပါက သူတို့အားလုံး၌ ဆရာသခင်များ ရှိကောင်းရှိနိုင်ခဲ့ပေမည်။သို့ရာတွင် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်မြင့်မားလာသည်နှင့်အမျှ သူတို့၏ဆရာသခင်ကိုစွန့်ခွါကာ သူတို့ကိုယ်ပိုင်လမ်းကြောင်းကိုသာ လျှောက်လှမ်းကြတော့သည်။
အမှန်စင်စစ်အားဖြင့် လုယွီအား လမ်းညွှန်ရန် ဆရာမလိုအပ်ချေ။သူ၏ယခင်အတိတ်ဘဝက ကြုံတွေ့ခဲ့ရသောလွဲချော်မှုများကို သူ ရှောင်ရှားနိုင်ရန်သာ လိုအပ်ပေ၏။
သုံးကြိမ်မြောက်လှည့်ပတ်ခြင်း...အောင်မြင်သွားလေပြီ။
လုယွီ၏မှော်စွမ်းအားများ ထပ်မံ၍ဖောင်းပွလာပြီးနောက် ချက်ချင်းပင် ပြန်၍ဖိနှိပ်ခြင်းခံလိုက်ရသည်။
လုယွီ၏မှော်စွမ်းအားများသည် ဖောင်းပွလိုက် ဖိနှိပ်လိုက်ဖြင့် ထပ်ခါတလဲလဲဖြစ်ပေါ်လာသည်။
ထိုဖြစ်စဥ်က ထပ်ခါထပ်ခါဖြစ်ပျက်နေပြီးနောက် လုယွီ၏မှော်စွမ်းအင်များသည် ပို၍ပို၍ နက်နဲသိမ်မွေ့စပြုလာသည်။
လေးကြိမ်မြောက် လှည့်ပတ်ခြင်း...
ငါးကြိမ်မြောက်....ခြောက်ကြိမ်မြောက်...
လုယွီက ခုနစ်ကြိမ်မြောက်လှည့်ပတ်ပြီးချိန်တွင်မူ သူ၏နံဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ တဖန်ပြန်၍ကျဲပါးလာသည်။
မှော်အက္ခရာပန်းချီမဟာအကြီးအကဲ၏မျက်လုံးများပြူးကျယ်လာပြီး သူက မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်လေးက တောက်တီများ ပြန်ဝင်စားသလား"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်နေရင်းမှ ပြောဆိုလေသည်။
"သူကို စိတ်ဝိညာဥ်စွမ်းအင်တွေ ထပ်ပို့ပေးလိုက်ကြတော့"