← Chapters

အခန်း (၆၉၆-၇၀၀)

Vol. 38 Ch. 696-700

အခန်း (၆၉၆-၇၀၀)

Vol. 38 Ch. 696-700

Chapter 696

ရှယီရှန်း၏မျက်နှာတစ်ပြင်လုံး အပြုံးများဖုံးလွှမ်းနေသည်။

"ဂျူနီယာညီမလေး...ငါက ရွှယ်အင်မော်တယ်ရဲ့ကျင့်ကြံနည်းစနစ်ကို မလေ့ကျင့်ဘူးလေ...ဒီရုပ်ထုကို ဂျူနီယာညီမလေးကပဲ ထိန်းသိမ်းပေးထားပါလား...တကယ်လို့ ငါ လိုအပ်တဲ့အချိန်ကျရင် မင်းဆီကပြန်ယူမယ်လေ...ဘယ်လိုလဲ"

ရှယီရှန်းက ထိုစကားများပြောဆိုနေချိန်တွင် သူ၏မျက်နှာအမူအယာသည် အလွန်အမင်းနူးညံသိမ်မွေ့နေပေ၏။

ကြိုးကြာဖြူတောင်မှ တပည့်မများသည် ရှယီရှန်းအား လေးစားကြည်ညိုစွာ ကြည့်နေကြတော့သည်။

ဖန်ရှို့ယွင်က အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးမှ ပြောဆိုလိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ်...စီနီယာအကို"

"ဟား ဟား ဟား...ဂျူနီယာညီမလေး...ဘာလို့ ဒီလေါက်ထိအားနာနေတာလဲ...လာပြီး အနီရောင်အဝတ်စကို ဖယ်ကြည့်စမ်းပါ"

ရှယီရှန်းက အလျင်စလို တိုက်တွန်းလေ၏။

သူတို့ရှေ့ရှိ ရွှယ်အင်မော်တယ်ရုပ်ထုအား အနီရောင်အဝတ်စတစ်စဖြင့် ဖုံးလွှမ်းထားသည်။

ဖန်ရှို့ယွင်က အနီရောင်အဝတ်စကို ဆွဲချလိုက်ရာတွင် ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သောမျက်နှာအမူအယာနှင့်ရွှယ်အင်မော်တယ်ရုပ်ထုထွက်ပေါ်လာသည်။

လုယွီက လက်တစ်ဖက်က ချိပ်တံဆိပ်တစ်ခုကိုကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်က ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော ရုပ်ထုတစ်ခုကို တွေ့မြင်မိသည်။ထိုရုပ်ထု၏အင်္ကျီလက်များသည် လေထုအတွင်းလူးလွင့်နေပေရာ အလွန်အသက်ဝင်သောအမူအယာရှိနေသည်။

ကြိုးကြာဖြူတောင်မှတပည့်များသည် ရုပ်ထုအနီးသို့ တစ်ယောက်ပြီးတစ်ယောက်စုရုံးရောက်ရှိလာကြသည်။ကြိုးကြာဖြူတောင်တစ်တောင်လုံး၌ ကျိုးပဲ့နေသောရွှယ်အင်မော်တယ်ရုပ်ထုတစ်ခုသာရှိပေသည်။သူမတို့အားလုံးသည် အပြည့်အစုံရွှယ်အင်မော်တယ်ရုပ်ထုကို ကြည့်လိုစိတ်ပြင်းပြနေကြ၏။

လုယွီကမူ ဂရုမစိုက်ချေ။

ရွှယ်အင်မော်တယ်သည် ကောင်းကင်ဘုံနယ်မြေ၌ အဆင့်နိမ့်ပါးသောကျင့်ကြံသူသာဖြစ်သည်။ကောင်းကင်ဘုံနယ်မြေ၌ ရွှယ်အင်မော်တယ်များသည် အင်အားစုကြီးများအား ထောက်ပံ့ပေးရသူများဖြစ်ပေ၏။ကောင်းကင်ဘုံနယ်မြေ၏တိုက်ပွဲတိုင်းတွင် ရွှယ်အင်မော်တယ်များသည် အစဥ်အမြဲထိပ်ဆုံးမှတိုက်ပွဲဝင်ကြရသည်။

အမှန်အားဖြင့် လုယွီက ရွှယ်အင်မော်တယ်ရုပ်ထုအား စိတ်ဝင်စားခြင်းမရှိချေ။ရုပ်ထုတစ်ခုမဆိုထားနှင့် အစစ်အမှန် ရွှယ်အင်မော်တယ်တစ်ယောက်ပင်လျှင် လုယွီ၏ဖိနပ်အားကိုင်ဆောင်ရန် အရည်အချင်းမပြည့်မီချေ။

လုယွီက ရုပ်ထုထံသို့ အမှတ်တမဲ့ အကြည့်ရောက်သွားရာတွင် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

"ရုပ်ထုထဲမှာ တားမြစ်မန္တန်တစ်ခုရှိနေတာလား"

လုယွီ၏အကြည့်က ရုပ်ထု၏အတွင်းပိုင်းသို့ ထွင်းဖောက်၍ ကျရောက်သွားသည်။

ရုပ်ထုအတွင်းရှိ နက်ရှိုင်းသောနေရာ၌ ပန်းရောင်အဆောင်လက်ဖွဲ့တစ်ခုရှိနေပေ၏။ဤတားမြစ်မန္တန်အား 'ပရမ်းပတာနတ်ဘုရားကျိန်စာ'ဟု ခေါ်ဆိုသည်။တစ်စုံတစ်ယောက်သည် ဤကျိန်စာမိသွားပါက ကျိန်စာတိုက်သူ၏အမိန့်ကို နာခံရသောအဖြစ်သို့ တဖြည်းဖြည်း ကျရောက်သွားပေမည်။

ဤတားမြစ်မန္တန်အား တစ်ချိန်က ရှေးလူမျိုးစုကလန်ကြီးတစ်ခုမှ အမျိုးသမီးတစ်ယောက်သည် သူမ၏ခင်ပွန်းဖြစ်သူအား ချည်နှောင်ရန် အသုံးပြုခဲ့၏။

တားမြစ်မန္တန်အဆောင်လက်ဖွဲ့ကို ရုပ်ထု၏မျက်လုံးနေရာနောက် နက်ရှိုင်းသောနေရာတွင် သိုဝှက်ထားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ကျင့်ကြံနည်းစနစ်အားအသုံးပြုပြီး ထိုရုပ်ထုအား ကြည့်မိပါက ချက်ချင်းပင် ကျိန်စာမိသွားပြီး တဖြည်းဖြည်းအားပျော့လာကာ နောက်ဆုံး၌ ကျိန်စာတိုက်သူ၏ထိန်းချုပ်ခြင်းအား ခံရပေမည်။

ကြိုးကြာဖြူတောင်မှတပည့်မများသည် ထိုအကြောင်းများကို မသိကြသဖြင့် ရွှယ်အင်မော်တယ်ရုပ်ထုအနီး၌ ဝိုင်းအုံနေကြ၏။

"ဂျူနီယာညီမလေးဖန်...မင်းက သူတို့အားလုံးရဲ့ စီနီယာအမကြီးလေ...ဒီရုပ်ထုက အစစ်အမှန် ဟုတ်လား မဟုတ်လားဆိုတာ မင်း ဘာလို့အရင်မကြည့်တာလဲ"

ရှယီရှန်းက တိုက်တွန်းပြောဆိုလိုက်သည်။

တခြားတပည့်မများသည် မနာလိုအားကျနေကြသော်လည်း သူမတို့က ဖန်ရှို့ယွင်အား အလျှော့ပေး၍ နောက်ဆုတ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဖန်ရှို့ယွင်သည် သူမတို့ကြိုးကြာဖြူတောင်၏အကြီးဆုံးစီနီယာအမဖြစ်ပေသည်။

ဖန်ရှို့ယွင်က သူမ၏ဆံနွယ်များကို သပ်တင်ရင်းမှ ပြောဆိုလေ၏။

"ဒါဆိုရင်လည်း ကျွန်မ အားနာမနေတော့ဘူး"

သူမ၏ခန္ဓာကိုယ်မှ အပြာရောင်မှော်စွမ်းအင်များထွက်ပေါ်လာပြီး ရွှယ်အင်မော်တယ်ရုပ်ထုထံသို့ တလိမ့်လိမ့်တိုးဝင်သွားတော့သည်။

ထိုအချိန်မှာပင်....

ဝှစ်.....

အနီရောင်အဝတ်စက ရုပ်ထုပေါ်သို့ ပြန်၍ကျရောက်လာပြီး ရုပ်ထုတစ်ခုလုံးအား ဖုံးအုပ်သွားသည်။

"ဘယ်သူလဲ"

ရှယီရှန်းသည် အလွန်ဒေါသထွက်သွားပြီး ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်၏။

သို့ရာတွင် လုယွီက ရုပ်ထု၏နောက်၌ အေးစက်တင်းမာသောမျက်နှာအမူအယာနှင့် မတ်တတ်ရပ်နေပြီး ပြောဆိုလေသည်။

"စီနီယာအမ...ဒီနေရာမှာ လူတွေအများကြီးရှိနေပြီးတော့ သူတို့ရဲ့အော်ရာတွေကလည်း ဖရိုဖရဲဖြစ်နေတယ်...တကယ်လို့ မင်းက ဒီနေရာမှာ ရုပ်ထုကိုဆန်းစစ်မယ်ဆိုရင် မတော်တဆတစ်ခုခုဖြစ်နိုင်တယ်"

ရှယီရှန်းက ဒေါသတကြီးအော်ငေါက်လိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ...ငါ ဒီနေရာမှာရှိနေမှတော့ ဂျူနီယာညီမလေးဖန် ဘာမှမဖြစ်စေရဘူး"

သူတို့နှစ်ယောက်အားကြည့်ပြီး ဖန်ရှို့ယွင်က ပြောဆိုလေ၏။

"ထားလိုက်တော့...ဂျူနီယာမောင်လေးလု ပြောတာအမှန်ပဲ...ဒီနေရာက ကျင့်ကြံဖို့ကောင်းတဲ့နေရာမဟုတ်ဘူး...ငါတို့က ကြိုးကြာဖြူတောင်ကိုပြန်ရောက်မှ လေ့ကျင့်တာပိုကောင်းလိမ့်မယ်"

ရှယီရှန်းက လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး သူ၏နဖူးမှသွေးကြောများပင်ထောင်ထနေကာ လုယွီကိုအစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ချင်ပုံဖြင့် စိန်းစိန်းဝါးဝါးကြည့်နေပေ၏။

သို့ရာတွင် ဤနေရာ၌ လူအမြောက်အများရှိနေသည်။ရှယီရှန်းက စိတ်လျှော့ချလိုက်ပုံဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ခပ်သဲ့သဲ့အပြုံးဖြင့်ပြောဆိုလိုက်သည်။

"ဒါက အဆင်ပြေပါတယ်...အရာရာတိုင်းက ဂျူနီယာညီမလေးရဲ့စိတ်ဆန္ဒပေါ်ပဲ မူတည်တယ်"

Chapter 697

ရှယီရှန်းက ချက်ချင်းပင် စကားလမ်းကြောင်းလွှဲ၍ ပြောဆိုလိုက်သည်။

"ဒါပေမဲ့ ဂျူနီယာညီမလေး...မင်းတို့ကြိုးကြာဖြူတောင်က တပည့်တွေကို စည်းကမ်းတင်းကြပ်သင့်တယ်...တကယ်လို့ တစ်ယောက်ယောက်က ငါရှေ့မှာလာပြီးမလေးမစားလုပ်ဝံ့တယ်ဆိုရင်...အဲ့ဒီလူကို စိတ်ဝိညာဥ်တောင်မကျန်ဘဲ အစဖျောက်ပစ်ဖို့ ငါ ဝန်မလေးဘူး"

သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုက လုယွီထံသို့ ကျရောက်လာသည်။

သို့ရာတွင် လုယွီ၏မျက်နှာအမူအယာက အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး ရှယီရှန်း စိတ်ဆိုးဒေါသထွက်နေခြင်းကိုလည်း ဂရုစိုက်ပုံမရချေ။

လေလံပွဲမှအလုပ်သမားတစ်ယောက်က ရွှယ်အင်မော်တယ်ရုပ်ထုကို ရှယီရှန်း၏ရထားလုံးထံသို့ သယ်ဆောင်သွားတော့သည်။

"စီနီယာအမ...ငါ ဒီနေရာမှာ လှည့်ပတ်ကြည့်ပြီးမှ ကြိုးကြာဖြူတောင်ကို ပြန်လာခဲ့မယ်"

လုယွီက ဖန်ရှို့ယွင်အား ပြောဆိုလိုက်၏။

ဖန်ရှို့ယွင်က ခပ်သဲ့သဲ့အပြုံးနှင့် ပြောဆိုလေသည်။

"ကောင်းပြီလေ....စောစောပြန်လာခဲ့"

ဝူရွှင်းယွင်က အေးစက်စက်နှာမှုတ်နေပေ၏။သူမ၏အမြင်အရ လုယွီသည် ရှယီရှန်းအား ရန်စထားမိသဖြင့် လက်စားချေခံရမည်ကိုကြောက်ရွံကာ ရထားလုံးနှင့်ပြန်မလိုက်ဝံ့ခြင်းသာဖြစ်ပေမည်။

လုယွီက ဤနေရာမှ ထွက်ခွါခဲ့တော့သည်။

ရှယီရှန်းသည် ကြိုးကြာဖြူတောင်မှ တပည့်မများကို ရထားလုံးအတွင်းသို့ ပို့ဆောင်ပြီးနောက် သူက လက်ဖျောက်တစ်ချက်တီးလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လူငယ်တစ်ယောက်က ကျိုးနွံသောအမူအယာဖြင့် ရှယီရှန်းအနီးသို့ ရောက်ရှိလာသည်။

"သခင်လေး...."

လူငယ်က ဂါရဝပြုလိုက်၏။

ရှယီရှန်းက လုယွီ၏နောက်ကျောပြင်ကို လက်ညှိုးညွှန်ပြီး ပြောဆိုလေသည်။

"သူ့နောက်ကိုလိုက်ပြီး သင်ခန်းစာပေးလိုက်...အဲ့ဒီကောင်ရဲ့ခြေထောက်တွေ သုံးစားမရတော့အောင်လုပ်ခဲ့"

"ဟုတ်ကဲ့"

လူငယ်က အရိုအသေပြုပြီး ထွက်ခွါသွားတော့သည်။

တခြားတစ်ဖက်မှ လုယွီကမူ လေလံခန်းမမှထွက်ခွါခဲ့ပြီးနောက် မြို့ဆင်ခြေဖုံးတစ်နေရာသို့ ဦးတည်သွားနေပေ၏။

တချို့လူများသည် လေလံခန်းမသို့သွားရန် အာမခံအဖြစ်ပေးရမည့် စိတ်ဝိညာဥ်ကျောက်တုံးများမရှိကြသည့်အပြင် သူတို့၏ပစ္စည်းများပေါ်တွင်လည်း အကျိုးအမြတ်အဖြစ် ရာခိုင်နှုန်းများစွာမပေးလိုကြသဖြင့် ဤနေရာ၌ စင်လေးများ ခင်းကျင်းကာ ရောင်းချကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာမှနေ၍ ပစ္စည်းကောင်းတချို့ကို ဝယ်ယူလိုပါက ထိုသူ၌ ထိုးထွင်းသိမြင်နိုင်သောအမြင်ရှိရန်လိုအပ်သည်။

အကြောင်းအရင်းမှာ ယခုနေရာတွင် ပစ္စည်းအတုများဖြင့် ပြည့်နှက်နေသဖြင့် လူအများသည် သူတို့၏စိတ်ဝိညာဥ်ကျောက်တုံးများအား သန်းချီ၍သုံးစွဲကြသည့်တိုင် နောက်ဆုံး၌ အမှိုက်စများကိုသာ ရရှိသွားသည်။

"ဧည့်သည်တော်...တစ်ချက်ကြည့်ပါအုံး...ဒါက ဓားကောင်းတစ်လက်ပါ...ဒီဓားက သံကိုတောင် ရွှံတုံးလိုပိုင်းဖြတ်နိုင်တယ်"

"သခင်လေး...မင်းရဲ့သွေးကြောတွေက ကောင်းမွန်ပုံရပေမယ့် မင်းကိုကြည့်ရတာ အခွင့်အရေးကောင်းနဲ့မကြုံတွေ့ခဲ့ရပုံပဲ...ငါ့ဆီမှာ လင်ရှောင်းဂိုဏ်းကနေ ပြင်ပလူစိမ်းတွေကို သင်ခွင့်မပေးတဲ့ နတ်ဘုရားကျင့်စဥ်စာအုပ်ရှိတယ်...ဒီကျင့်စဥ်နဲ့ဆိုရင် မင်းက သိုင်းသူတော်စင်နယ်ပယ်ကို သုံးနှစ်အတွင်း ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"

လေလံခန်းမနှင့်မတူညီဘဲ ဤနေရာသည် အော်ဟစ်ဆူညံသံများဖြင့် ပြည့်နှက်နေသည်။

လုယွီက ထိုစင်များအား လှည့်ပတ်ကြည့်ရှုနေပြီး မျက်လုံးကစားနေပေ၏။ဤနေရာရှိပစ္စည်းများအား သူ အတုအစစ်ခွဲခြားနိုင်သည်။သို့ရာတွင် လုယွီက လောဘမကြီးချေ။သူသည် ဤနေရာရှိစည်းမျဥ်းများအား သိရှိထားသဖြင့် သူလိုအပ်သော ရတနာတချို့ကိုသာ ရွေးချယ်ဝယ်ယူရန် ကြံစည်ထားသည်။

အချိန်တခဏကြာပြီးနောက် လုယွီက စင်တစ်စင်၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။

ထိုစင်၏ပိုင်ရှင်ဖြစ်သူသည် ဆံပင်ဖရိုဖရဲဖြစ်နေသော လူကြမ်းတစ်ယောက်ပင်။လုယွီရပ်တန့်လိုက်ခြင်းကိုမြင်သည်နှင့် သူက ကပျာကယာပြေးထွက်လာပြီး ပြောဆိုလိုက်၏။

"ဧည့်သည်တော်...မင်းနှစ်သက်တဲ့ ရတနာပစ္စည်းတစ်ခုခုများ ရှိနေလား"

"ငါက ဒီလိုပဲလှည့်ပတ်ကြည့်တာပါ"

လုယွီက ခရုသင်းတစ်ခုကို သာမာန်ကာလျှံကာ ကောက်ကိုင်ပြီး တစ်ချက်ကြည့်ကာပြောဆိုလေသည်။

"ဒါက သေမျိုးကလေးတွေရဲ့ကစားစရာပစ္စည်း မဟုတ်လား...မင်းက ဒီလိုမျိုးပစ္စည်းကိုတောင် ထုတ်ပြီးရောင်းဝံ့တယ်ပေါ့"

ပိုင်ရှင်ဖြစ်သူက ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သောအပြုံးမျိုး ပြုံးလိုက်၏။

"ဧည့်သည်...မင်းက ဒီပစ္စည်းအကြောင်းကို နားမလည်လို့ပါ...ငါက ဒီမှော်ခရုသင်းကို အသူရာတားမြစ်နယ်မြေက ယူဆောင်လာခဲ့တာ...ဒါက ဘယ်လိုအသုံးပြုရလဲဆိုတာ ငါမသိပေမယ့် ဒီပစ္စည်းကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ခေါင်းတလားထဲကနေ ငါရခဲ့တာ...အစွမ်းထက်ထိပ်သီးကျင့်ကြံသူနဲ့အတူ မြှုပ်နှံခဲ့တဲ့ သင်္ချိုင်းပစ္စည်းက အသုံးမဝင်တဲ့ဟာတော့ မဖြစ်နိုင်ဘူး"

"မင်းက ဘယ်သူကိုလာပြီး လှည့်ဖျားချင်နေတာလဲ"

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏နံဘေးနားရှိ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။

ပိုင်ရှင်၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။

"ဧည့်သည်...အဲ့ဒီပစ္စည်းက ဒီနေရာမှာရှိတဲ့အကောင်းဆုံးပစ္စည်းတွေထဲက တစ်ခုပဲ...အဲ့ဒီပစ္စည်းကို နှလုံးသားသန့်စင်ကျောက်တုံးလို့ခေါ်တယ်...တကယ်လို့ ကျင့်ကြံသူတစ်ယောက်က အဲ့ဒီကျောက်တုံးကို နံဘေးမှာထားပြီးကျင့်ကြံမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းပြီးတော့ စျာန်ဝင်စားခြင်းအခြေအနေကို မြန်မြန်ဝင်ရောက်စေနိုင်တယ်...ဒီကျောက်တုံးက စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းပဲကျတာဆိုတော့ မင်း ဝယ်သွားလည်းအရှုံးမရှိနိုင်ဘူး"

လုယွီ၏နှုတ်ခမ်း အနည်းငယ်တွန့်ကွေးသွားသော်လည်း သူ စကားမပြောမီအချိန်မှာပင် သူ့နောက်မှနေ၍ လူတစ်ယောက်၏အသံထွက်ပေါ်လာသည်။

"စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းခွဲ...ဒီပစ္စည်းက ငူ့အပိုင်ပဲ"

လုယွီက လှည့်ကြည့်လိုက်ရာတွင် လူငယ်တစ်ယောက်အား တွေ့မြင်မိသည်။

ထိုလူငယ်က လုယွီအား စူးစိုက်ကြည့်နေပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

"ဘာလဲ...တကယ်လို့ မင်းမှာ စိတ်ဝိညာဥ်ကျောက်တုံးတွေ ငါ့ထက်ပိုပေးနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုရင် ဒီနေရာကမြန်မြန်သွားလိုက်တော့"

လုယွီက ခပ်သဲ့သဲ့ပြုံးနေသော်လည်း ထိုလူငယ်နှင့်ငြင်းခုံခြင်းမပြုချေ။

ဤနှလုံးသားသန့်စင်ကျောက်တုံးအနီး၌လေ့ကျင့်ပါက အချိန်ကြာမြင့်လာသည်နှင့်အမျှ စိတ်တည်ငြိမ်မှုအနည်းငယ်သာ ရရှိပေမည်။

ထိုပစ္စည်းသည် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးပင် မတန်ချေ။

Chapter 698

"ဒါက မင်းအပိုင်ပဲ"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလေသည်။

လူငယ်က အနည်းငယ်ကြက်သေသေသွားသည်။လုယွီက ဤမျှထိ တဲ့တိုးဆန်မည်ဟု သူ မျှော်လင့်ထားပုံမရချေ။

သူ အဝေးမှလှမ်းကြည့်စဥ်က လုယွီသည် ထိုကျောက်တုံးအား လွန်စွာစိတ်ဝင်စားနေခြင်းကို တွေ့မြင်မိသည်။မည်သည်ကြောင့် လုယွီက သူနှင့် ယှဥ်မလုသနည်း။

"ဧည့်သည်ရဲ့မျက်လုံးအမြင်က အတော်ကောင်းတာပဲ...မင်းကို အမှန်အတိုင်းပြောရရင် ဒီပစ္စည်းက ငါတို့မြို့ရဲ့အကောင်းဆုံးရတနာတစ်ပါးပဲ...တကယ်လို့ ငါ့မှာသာစိတ်ဝိညာဥ်ကျောက်တုံး အလုံအလောက်ရှိရင် ငါ ဒီပစ္စည်းကိုရောင်းမှာမဟုတ်ဘူး"

စင်ပိုင်ရှင်ဖြစ်သူက သူ၏ပစ္စည်းအား ဆက်လက်၍ ချီးမွမ်းပြောဆိုနေဆဲဖြစ်သည်။

လူငယ်က ကျောက်တုံးအား ယူဆောင်လိုက်ပြီး အံ့တင်းတင်းကြိတ်ကာ သူ၏အင်္ကျီလက်မောင်းကြားမှ သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ယူပြီး စင်ပိုင်ရှင်၏လက်အတွင်းသို့ ပစ်ပေးလိုက်သည်။

ထိုစင်ပိုင်ရှင်သည် သိုလှောင်အိတ်ကို ကပျာကယာဆွဲယူပြီး လောဘတကြီးကြည့်ကာ ချက်ချင်းပင်သိမ်းဆည်းလိုက်၏။ထို့နောက် သူက ပြောဆိုလေသည်။

"ဧည့်သည်...ကျေးဇူးပြုပြီး ဂရုစိုက်ပြန်ပါ"

"ဟမ့်"

လုယွီက ပစ္စည်းလုမည့်ပုံမရခြင်းကိုကြည့်ပြီး လူငယ်က ဒေါသတကြီး ထွက်ခွါသွားတော့သည်။

ထိုလူငယ်ထွက်ခွါသွားသည်ကိုကြည့်ပြီး လုယွီ၏မျက်နှာက ရုတ်တရက်သုန်မှုန်သွားသည်။

စင်ပိုင်ရှင်က အပြုံးနှင့် ပြောဆိုလိုက်၏။

"ဧည့်သည်...စိတ်မဆိုးပါနဲ့...ဒါက ဖြစ်နေကြကိစ္စတွေပါ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပွင့်ပွင့်လင်းလင်းစီးပွါးရေးလုပ်နေကြတာလေ...စိတ်ဝိညာဥ်ကျောက်တုံးပိုပေးတဲ့သူကို ငါက ရောင်းရမှာပဲ"

လုယွီက စင်ပေါ်မှဓားရှည်တစ်ချောင်းကို ကောက်ကိုင်ပြီး ပြောဆိုလေသည်။

"ဒီဓားက ဘယ်လောက်လဲ"

လုယွီ၏လေသံနှင့်မျက်နှာအမူအယာကို လေ့လာဆန်းစစ်ပြီးနောက် စိတ်မကြည်မသာဖြစ်နေခြင်းကို စင်ပိုင်ရှင်က သိရှိသွား၏။သူက အလျှင်အမြန်​ ပြောဆိုလိုက်သည်။

"ဒီဓားကို သံအေးနဲ့ပြုလုပ်ထားပြီးတော့ ဝင်္ကပါပညာရှင်တစ်ယောက်က ဖန်တီးထားခဲ့တာ....ငါ မင်းကို စျေးလျှော့ပေးပါ့မယ်...မင်း စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းပဲပေး..."

လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ သိုလှောင်အိတ်တစ်အိတ်ကိုဆွဲထုတ်ပြီးနောက် အစောပိုင်းက သူ ကြည့်နေသော ခရုသင်းကိုပါကောက်ကိုင်ပြီး ပြောဆိုလေ၏။

"စိတ်ဝိညာဥ်ကျောက်တုံး နှစ်သောင်းပေးမဟ်...ငါ ဒီတစ်ခုပါယူမယ်"

စင်ပိုင်ရှင်က လေအေးတစ်ချက်ရှိုက်သွင်းပြီး ပြောဆိုလိုက်သည်။

"ရောင်းမယ်"

လုယွီက တချို့ပစ္စည်းများကို ထပ်မံဝယ်ယူပြီး ဤနေရာမှ ထွက်ခွါခဲ့တော့သည်။သူ ဝယ်ယူခဲ့သောပစ္စည်းအများစုသည် သူ၏ဆေဘာဓားသုံးချောင်းအား ပြုပြင်ရန်လိုအပ်သောအရာများဖြစ်သည်။

သူ ဝယ်ယူခဲ့သောဓားရှည်ကမူ သာမာန်သံဖြင့်သွန်းလောင်းထားခြင်းသာဖြစ်ပေ၏။ထိုဓားအား စိတ်ဝိညာဥ်ကျောက်တုံးများဖြင့် နီးကပ်စွာထားထားသဖြင့် ၎င်း၌စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ် စွဲကပ်နေခြင်းသာရှိသည်။

သို့ရာတွင် မှော်ခရုသင်းကမူ သာမာန်ပစ္စည်းတစ်ခုမဟုတ်ချေ။ဤသည်က ဓမ္မရုပ်ထုတစ်ခုဖြစ်ပြီး ဗုဒ္ဓကံကြမ္မာ၏ကြီးမြတ်သောစွမ်းအားများ ပါဝင်နေသည်။

သာမာန်ကျင့်ကြံသူများသည် မန္တန်များရွတ်ဆိုနေလျှင်ပင် သူတို့က ဗုဒ္ဓဂိုဏ်းများ၏နည်းစနစ်များကိုမသိကြသဖြင့် ဤခရုသင်းအား သက်ဝင်လှုပ်ရှားစေမည်မဟုတ်ချေ။

ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဥာဏ်များအတွင်း၌ ဗုဒ္ဓဂိုဏ်းများ၏ကျင့်ကြံနည်းစနစ်တချို့ ပါဝင်နေသည်။

"ဒီပစ္စည်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က အားမကောင်းပေမယ့် ရှေးဟောင်းနတ်ဆိုးတွေကို တိုက်ခိုက်တဲ့နေရာမှာ သက်ရောက်မှုအရမ်းကောင်းတယ်...ရှေးဟောင်းနတ်ဆိုးတွေ စကြာဝဠာကြီးတစ်ခုလုံးကို အကြီးအကျယ်ဖရိုဖရဲဖြစ်စေတုန်းက မိုးချုန်းသံဘုရားကျောင်းတစ်ခုပဲ ပျက်စီးဆုံးရှုံးမှုမရှိခဲ့တာ...ဗုဒ္ဓနည်းစနစ်တွေက ရှေးဟောင်းနတ်ဆိုးတွေကို တိုက်ခိုက်တဲ့နေရာမှာ တကယ်ကိုအဟန့်အတားဖြစ်စေတာပဲ"

လုယွီက တွေးတောနေပေ၏။

သူက မမျှော်လင့်ဘဲ လမ်းကြားတစ်ကြားအတွင်းသို့ ဝင်သွားမိသည်။

ထိုလမ်းကြားအတွင်း၌ တစ်စုံတစ်ယောက်က သူ့အားစောင့်ဆိုင်းနေသည်။

နှလုံးသားသန့်စင်ကျောက်တုံးအား လုဝယ်ခဲ့သောလူငယ်သည် လုယွီအား စူးစိုက်ကြည့်နေသည်။

"ဒီကျောက်တုံးက အတုကြီး"

လူငယ်က သူ၏လက်ကိုခါယမ်းလိုက်ရာတွင် နှလုံးသားသန့်စင်ကျောက်တုံး ကွဲကြေသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"မင်း ငါ့နောက်ကို တစ်ချိန်လုံးလိုက်နေတာ...မင်း ဘာလုပ်ချင်လို့လဲ"

လူငယ်က ခပ်သဲ့သဲ့ပြုံးပြီး ပြောဆိုလေသည်။

"ဘာမှမဟုတ်ပါဘူး ..ငါက မင်း ခြေထောက်တွေကိုပဲလိုချင်တာ"

ထိုစကားဆုံးသည်နှင့် လူငယ်၏ညာဘက်လက်သည် လက်သည်းအသွင်ပြောင်းသွားပြီး လုယွီ၏ပခုံးအား ဖမ်းဆုပ်လိုက်၏။သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်သည် အလွန်လျှင်မြန်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏နံဘေးသို့ ရောက်ရှိလာသည်။

"ငါရဲ့ခြေထောက်ကို ချိူးချင်တာလား"

လုယွီ၏ညာဘက်လက်သည် လျှပ်ပြက်သကဲ့သို့ လှုပ်ရှားသွားပြီး သူ အစောပိုင်းကဝယ်ယူခဲ့သော သေမျိုးဓားရှည်အား ဆွဲထုတ်လိုက်၏။

ဓားချက်က ကျဆင်းလာလေပြီ။

ဝှစ်....

ဓားရှည်သည် လူငယ်၏ပေါင်အား ထိုးစိုက်မိသဖြင့် သူက စူးရှနာကျင်စွာ အော်ဟစ်နေသည်။

လုယွီက လူငယ်၏ဓားဒဏ်ရါပေါ်သို့ ခြေဆောင့်နင်းပြီး အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။

"ဘယ်ကောင်က မင်းကို ငါ့နောက်လိုက်ခိုင်းတာလဲ"

လူငယ်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလေသည်။

"ဘယ်သူမှမခိုင်းဘူး...ငါ မင်းကို ကြည့်မရလို့...ဘာလဲ...အား......"

လုယွီက လူငယ်၏ခြေထောက်အား သူ၏ဓားဖြင့် ဖြတ်တောက်လိုက်၏။

လူငယ်၏ပေါင်ရင်းမှ သွေးများယိုစီးထွက်လာပြီးနောက် မြေပြင်ပေါ်၌ သွေးများအိုင်ထွန်းနေပေသည်။

"နောက်တစ်ခေါက် ငါ ထပ်မေးရရင် မင်းရဲ့နောက်ထပ်ခြေထောက်တစ်ဖက်ကို ထိန်းသိမ်းနိုင်မယ်မထင်နဲ့"

လုယွီ၏အသံက လမ်းကြားအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေသည်။

Chapter 699

"အား...မလုပ်နဲ့...မလုပ်ပါနဲ့"

လူငယ်က စူးရှရှအော်ဟစ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးကောက်နေကာ သူ့နဖူးပြင်တစ်ခုလုံးလည်း ချွေးများစိုရွှဲနေသည်။

လုယွီ၏မျက်နှာပြင်ပေါ်တွင်မူ မည်သည့်အမူအယာပြောင်းလဲမှုမျှမရှိဘဲ သွေးများစွန်းထင်းနေသောဓားကိုကိုင်ဆောင်ကာ လူငယ်၏တခြားခြေထောက်တစ်ဖက်ပေါ်သို့ တင်ထားလိုက်၏။သူက လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။

"ငါ မင်းကို အသက်ရှုချိန်သုံးကြိမ်စာ အချိန်ပေးမယ်"

"မလုပ်ပါနဲ့...ငါ ငါ ပြောပါ့မယ်...ငါက မိကျောင်းနက်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ပါ...တခြားသူတွေဆီက စိတ်ဝိညာဥ်ကျောက်တုံးတွေကို ငါ မကြာခဏလုယူလေ့ရှိတယ်...ကျေးဇူးပြုပြီး စီနီယာက ငါ့ကိုခွင့်လွှက်ပေးပါ"

လူငယ်၏မူလက မောက်မာနေသောအမူအယာပျောက်ကွယ်သွားပြီး လုယွီအား အသနားခံတောင်းပန်နေပေသည်။

လုယွီက မတုန်မလှုပ်ရှိနေဆဲပင်။

"ငါက မင်းကို ဘာလို့အလွတ်ပေးရမှာလဲ"

လူငယ်က အံ့တင်းတင်းကြိတ်ပြီး သူ၏သိုလှောင်အိတ်ကို ထုတ်ယူလိုက်၏။

"ဒါက ငါ ချမ်းသာသမျှအရာအားလုံးပါ...ကျေးဇူးပြုပြီး စီနီယာက စိတ်သဘောထားကြီးကြီးထားပြီး ခွင့်လွှက်ပေးပါ"

လုယွီက သိုလှောင်အိတ်ကိုယူပြီး အတွင်းသို့တစ်ချက်ကြည့်လိုက်သည်။သိုလှောင်အိတ်အတွင်း၌ စိတ်ဝိညာဥ်ကျောက်တုံး သုံးဆယ့်လေးသန်းပါဝင်ပေ၏။

"ကြည့်ရတာတော့ မင်းက အခေါင်းကိုမမြင်သရွေ့ မျက်ရည်မကျမယ့်ပုံပဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ရုတ်တရက် သူ၏ဓားက လူငယ်၏အကောင်းကျန်နေသော ခြေထောက်ပေါ်သို့ ကျရောက်သွားသည်။

ဖြန်း....

သွေးများက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

စူးရှနာကျင်စွာအော်ဟစ်သံများအကြားတွင် လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။

"ငါ အမှန်အတိုင်း ကြားချင်တယ်"

လူငယ်၏မျက်နှာက ဖြူရော်နေသော်လည်း သူက အော်ဟစ်ပြောဆိုလေသည်။

"မင်း သတ္တိရှိရင်...ငါ့ကိုသတ်လိုက်"

"ငါ မင်းကိုလိုအပ်နေသေးတယ်...လိမ်ဖို့မကြိုးစားနဲ့"

လုယွီ၏မျက်လုံးများမှ ရုတ်တရက်ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤအလင်းရောင်ထွက်ပေါ်လာသည့် အချိန်တခဏတွင် ပြင်းထန်သောဖိအားတစ်ရပ်က လူငယ်ပေါ်သို့ ကျရောက်သွားသည်။

"အား....."

လူငယ်၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် တောင့်တင်းသွားပေ၏။

ဤှသည်က စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းပင်။လူငယ်က သူ၏ရှေ့မှလုယွီသည် သူ့အားအစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်နိုင်သော မူလဘူတရှေးဦးသားရဲတစ်ကောင်ကဲ့သို့ ခံစားနေမိသည်။

လုယွီက လူငယ်အား စူးစိုက်ကြည့်ရင်း မေးမြန်းလိုက်၏။

"မင်းကို ဘယ်သူလွှက်လိုက်တာလဲ"

လူငယ်၏ပါးစပ်တုန်ခါနေပြီး နောက်ဆုံး၌ သူက တုန်ရီနေသောအသံဖြင့် ပြောဆိုလေသည်။

"ရှယီရှန်း...."

ဝှီး...ဝှီး...

ရေခဲတမျှအေးစက်သော ဆောင်းဦးလေတစ်ချက် တိုက်ခတ်လာခြင်းနှင့်အတူ လူငယ်သည် တစ်ချက်တုန်ခါသွားပြီး သူ၏မျက်လုံးများက ကြည်လင်စပြုလာသည်။

ရုတ်ချည်းဆိုသလိုပင် လူငယ်က လုယွီကို ကြောက်ရွံထိတ်လန့်စွာကြည့်နေပြီးနောက် သူ၏ခေါင်းကို မြေပြင်နှင့်အဆက်မပြတ်ဆောင့်ကာ အရိုအသေပေးနေတော့သည်။

"စီနီယာ...ငါ့ကိုအသက်ချမ်းသာပေးပါ...စီနီယာ..."

"မင်းက လိမ်လည်လှည့်ဖျားတက်တဲ့ကောင်ပဲ...ဒါပေမယ့် မင်း မသေရပါဘူး"

လုယွီက တည်ငြိမ်စွာပြောပြီး သူ၏လက်ဖြင့် လူငယ်၏ပခုံးပေါ်သို့ ဖိလိုက်၏။

ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာပြီးနောက် လူငယ်သည် လွင့်ထွက်သွားပြီး အိမ်နံရံတစ်ခုအတွင်း နစ်ဝင်သွားတော့သည်။

မြောက်များစွာသော ကျောက်တုံးများက လူငယ်၏မျက်နှာပေါ်သို့ ကျဆင်းလာပြီး သူ၏မျက်နှာသည် ယောင်ကိုင်းလာပေ၏။

"မင်း...မင်း ငါ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်တာလား"

လူငယ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

လုယွီက နောက်ပြန်လှည့်၍ထွက်ခွါခဲ့ပြီး လူငယ်အား အရေးမစိုက်တော့ချေ။

လုယွီအတွက်ကမူ ဤသည်က အပေါ့ပါးဆုံးအပြစ်ပေးခြင်းပင်။

"ရှယီရှန်း...ငါ မင်းကို ရန်စထားတာလည်းမရှိဘူး...ဒါပေမယ့် မင်းက သေလမ်းလာရှာနေတာပဲ"

လုယွီ၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူက အခြေအနေအား အကြမ်းဖျင်း ခန့်မှန်းပြီးလေပြီ။သူ လင်ရှောင်းဂိုဏ်းသို့ပြန်ရောက်သည်နှင့် ဤကိစ္စအား စစ်ဆေးရပေမည်။

လင်ရှောင်းဂိုဏ်း...ကြိုးကြာဖြူတောင်ထိပ်...

လုယွီ ပြန်ရောက်သွားချိန်တွင် ရွှယ်အင်မော်တယ်ရုပ်ထုသည် ကြိုးကြာဖြူတောင်၏မဟာခန်းမ၌ ရောက်ရှိနေလေပြီ။

ရွှယ်အင်မော်တယ်ရုပ်ထုအား မည်သူကမျှ အလျှင်စလို လေ့လာခြင်းမပြုကြသေးချေ။ကြိုးကြာဖြူတောင်မှတပည့်မများသည် သူတို့၏လှိုဏ်ဂူများအတွင်းသို့ပြန်ကာ ရေချိုးသန့်စင်နေကြ၏။အမွှေးတိုင်တစ်တိုင်စာကုန်ဆုံးချိန်ခန့်အကြာတွင် သူတို့၏အကောင်းဆုံးအခြေအနေသို့ရောက်အောင် ထိန်းညှိပြီး ရွှယ်အင်မော်တယ်ရုပ်ထုအားလေ့လာရန် ပြင်ဆင်နေကြသည်။

ကြိုးကြာဖြူတောင်မဟာခန်းမသည် ဗလာဟင်းလင်းဖြစ်နေပြီး မည်သူမျှရှိမနေချေ။

လုယွီက ရွှယ်အင်မော်တယ်ရုပ်ထုရှေ့သို့သွားပြီး သူ၏လက်ချောင်းများကို ရုပ်ထု၏မျက်လုံးတစ်စုံပေါ်၌ တင်လိုက်၏။ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ယောက်ချဥ်းကပ်လာသကဲ့သို့ ပရမ်းပတာနတ်ဘုရားကျိန်စာက လုယွီအနီးသို့ ရောက်ရှိလာသည်။

"ရွံရှာစရာကောင်းတဲ့ ကျိန်စာကများ...ငါ့နားလာပြီး ချဥ်းကပ်ဝံ့တယ်ပေါ့"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူထံမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ချက်ချင်းပင် ကျိန်စာပျက်ပြယ်သွားတော့သည်။

ထိုအချိန်မှာပင် အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

"နင် ဒီနေရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ"

Chapter 700

လုယွီက လှည့်ကြည့်လိုက်ရာတွင် ချစ်စဖွယ်ကလေးမလေးတစ်ယောက်အား တွေ့မြင်မိသည်။

သူမက ချင်အာဖြစ်ပြီး လက်အတွင်း၌ ကြာပွတ်တစ်ချောင်းကိုကိုင်ဆောင်ကာ ဝက်အုပ်စုတစ်စုနောက်သို့ လိုက်လံဖမ်းဆီးနေပေသည်။

လုယွီက အနည်းငယ် အံ့အားသင့်သွားသည်။

"မင်းက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဝက်တွေလိုက်ဖမ်းနေတာလဲ"

သို့ရာတွင် အချိန်တခဏအကြာမှာပင် ဤဝက်များသည် သာမာန်ထက်ထူးကဲနေခြင်းကို လုယွီ တွေ့ရှိမိသည်။ထိုဝက်များ၏ခန္ဓာကိုယ်များမှ စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ် ထွက်ပေါ်နေပေသည်။ဤအော်ရာမျိုးသည် သာမာန်ဝက်များ၌ မရှိနိုင်ပေ။သူရှေ့ရှိ ဝက်တစ်စုသည် စိတ်ဝိညာဥ်သားရဲများသာ ဖြစ်ပေ၏။

ချင်အာက နှာမှုတ်နေပေသည်။

"ဘယ်လိုတောင် ရဲတင်းနေတာလဲ...ဒီဝက်တွေက ကြိုးကြာဖြူတွေရဲ့အစာလေ...အခု အမရှို့ယွင်က ကျင့်ကြံဖို့အတွက် ပြင်ဆင်နေတယ်...အဲ့ဒီတေါ့ ငါက ဒီကိစ္စတွေ လုပ်ပေးရတော့တာပေါ့...ငါက နင့်လိုမျိုး အားလပ်နေတယ်လို့ နင် ထင်နေတာလား"

ချင်အာက လုယွီ၏နောက်ရှိ ရွှယ်အင်မော်တယ်ရုပ်ထုကို ထပ်မံ၍ကြည့်ရှုပြီး သတိပေးလိုက်၏။

"ငါ နင့်ကို သတိပေးရအုံးမယ်...ရွှယ်အင်မော်တယ်ရုပ်ထုကို ထိကိုင်ဖို့မကြိုးစားနဲ့...ဒါက အမရှို့ယွင် အသုံးပြုရမယ့်ဟာ...တကယ်လို့ နင်ရဲ့လက်တွေကြောင့် ညစ်ပေသွားမယ်ဆိုရင်...ငါ နင်ကို ခွင့်မလွှက်ဘူး"

လုယွီက လက်နောက်ပစ်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောဆိုလေသည်။

"ငါ့အတွက် ရွှယ်အင်မော်တယ်ရုပ်ထု မလိုအပ်ဘူး"

ရွှယ်အင်မော်တယ်ရုပ်ထုသည် လုယွီအနေဖြင့် တစ်ချက်ကြည့်ရန်ပင် အရည်အချင်းမပြည့်မီချေ။

ချင်အာက အကြွင်းမဲ့ယုံကြည်ခြင်းမရှိသဖြင့် လုယွီနားသို့ ဝက်များကိုမောင်းကာ မျက်လုံးအပြူးသားဖြင့် သူ့အား စူးစိုက်ကြည့်နေပေသည်။

လုယွီက ခါးသက်သက် ပြုံးနေပေ၏။

"မင်း အလုပ်များနေတာမဟုတ်ဘူးလား...ဘာလို့ ငါကို ကြည့်နေတာလဲ"

"ဘာလဲ...ငါ နင့်ကို မကြည့်ပါဘူး"

ချင်အာက အေးစက်စက် အော်ဟစ်လိုက်သည်။

လုယွီက သက်ပြင်းချနေလေသည်။သူက ကလေးမလေးချင်အာကို မည်သို့ရှင်းပြရမည်ကို မသိရှိတော့ချေ။မည်သို့ပင်ဆိုစေကာမူ သူ ရှင်းပြရန်လည်း လိုအပ်သည်ဟု မထင်ပေ။

ထိုအချိန်မှာပင် ဝက်တစ်ကောင်က ရွှယ်အင်မော်တယ်ရုပ်ထုအနီးသို့ ရောက်ရှိသွားသည်။

ထိုဝက်က ဝင်တိုက်သွားသဖြင့် ရွှယ်အင်မော်တယ်ရုပ်ထုသည် တည်ငြိမ်ခြင်းမရှိတော့ဘဲ လှုပ်ယမ်းနေပေသည်။

"အား...မလှုပ်နဲ့"

ချင်အာက ချက်ချင်းပင် ကြာပွတ်ကိုပစ်လွှက်ပြီး ဝက်အားအဝေးသို့ မောင်းထုတ်နေတော့သည်။ဝက်သည် ကြာပွတ်အား မည်သို့ရှောင်တိမ်းရမှန်းမသိသဖြင့် လှည့်ပတ်ပြေးနေရာမှ ရုပ်ထုနှင့်ဆန့်ကျင်ဘက်သို့ ပြေးထွက်သွားပေ၏။

"သေစမ်း"

ချင်အာသည် လုယွီအား အကြည့်မလွှဲသေးချေ။

"ထားလိုက်တော့...ငါ သူကို လျစ်လျှူရှုထားတော့မယ်"

သူမက ဝက်အုပ်စုအား ဤနေရာမှမောင်းထုတ်သွားတော့သည်။

မည်သူမျှ နှောက်ယှက်မည့်သူမရှိတော့သဖြင့် လုယွီသည် ရုပ်ထုအတွင်းရှိကျိန်စာအား ဖယ်ရှားရန် ကြံရွယ်လိုက်၏။

သို့ရာတွင် သူ၏လက်များက ရွှယ်အင်မော်တယ်ရုပ်ထု၏မျက်လုံးပေါ်သို့ ရောက်ရှိသွားချိန်၌ ရုတ်တရက် သူ ကြက်သေသေသွားသည်။

ပရမ်းပတာနတ်ဘုရားကျိန်စာက အသက်ဝင်နေလေပြီ။

လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် လှည့်ပတ်ကြည့်လိုက်ရာတွင် ရွှယ်အင်မော်တယ်ရုပ်ထုအား ဝင်တိုက်မိသောဝက်သည် အ​ဝေးသို့ပြေးထွက်သွားကြောင်းကို တွေ့မြင်မိသည်။

……

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်...

ဤနေရာသည် လင်ရှောင်းဂိုဏ်း၏အဓိကတောင်ထိပ်တစ်ခုပင်။

မိုးကောင်းကင်ကြယ်တာရာအကြီးအကဲသည် ဤနေရာအားအုပ်ချုပ်ပြီး ထိပ်သီးကျင့်ကြံသူများလည်း အမြောက်အများရှိနေသည်။ဤနေရာတွင် တပည့်များ ထောင်သောင်းချီ၍ရှိနေပြီး ကြိုးကြာဖြူတောင်မှာမူ နှိုင်းယှဥ်ပြစရာမရှိသည်အထိ တပည့်နားပါးပေ၏။

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်၏အကြီးဆုံးတပည့်ဖြစ်သော ရှယီရှန်း၏လှိုဏ်ဂူသည် တောင်၏အမြင့်မားဆုံးနေရာ၌ တည်ရှိသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ရှယီရှန်းသည် သူ၏လှိုဏ်ဂူအတွင်း၌ ရှိမနေချေ။သူသည် မိုးကောင်ကင်ကြယ်တာရာတောင်အတွင်းရှိ ခေါင်သီသောသစ်တောအုပ်အတွင်း၌ တဲတစ်လုံးတည်ဆောက်နေပေ၏။ပတ်ဝန်းကျင်၌လည်း အကာအကွယ်ဝင်္ကပါများ ခင်းကျင်းထားပြီး အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာသို့ မတော်တဆရောက်လာလျှင်ပင် သူ့အား ရှာဖွေတွေ့မည်မဟုတ်ချေ။

ဤအချိန်တွင် ရှယီရှန်းက တဲအတွင်းရှိ အခန်းတစ်ခုအတွင်း၌ ပလ္လင်ခွေထိုင်နေသည်။သူ၏မျက်နှာပေါ်၌ အပြုံးများဝေဆာနေပေ၏။

"ပရမ်းပတာနတ်ဘုရားကျိန်စာက အသက်ဝင်သွားပြီ...ကောင်းကင်ဘုံက စိတ်ဆန္ဒပြင်းပြနေသူကို တကယ်ပစ်ပယ်မထားဘူးပဲ"

ရှယီရှန်းက စိတ်ကျေနပ်မှုရရှိနေပုံဖြင့် ပြုံးရွှင်နေလေသည်။

သူသည် ရွှယ်အင်မော်တယ်ရုပ်ထုအားရရှိရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရ၏။

သူက ဤှရုပ်ထုအား တိုက်ရိုက်ပို့ဆောင်ပါက ဖန်ရှို့ယွင်က လက်ခံမည်မဟုတ်ချေ။ထို့ကြောင့် ရှယီရှန်းက နည်းလမ်းတစ်ခုစဥ်းစားကာ ရွှယ်အင်မော်တယ်ရုပ်ထုအား လျှို့ဝှက်နဂါးနန်းတော်ထံ လွှဲအပ်၍ ဖန်ရှို့ယွင်အား တစ်ဖက်လှည့်ဖြင့်လေလံဆွဲစေခြင်းပင်။

ဖန်ရှို့ယွင် စတင်ကျင့်ကြံသည်နှင့် ရွှယ်အင်မော်တယ်ရုပ်ထုအတွင်း၌ မြှုပ်နှံထားသော ပရမ်းပတာနတ်ဘုရားကျိန်စာ အသက်ဝင်လာပေမည်။ထိုအချိန်မှစ၍ သူ ဖန်ရှို့ယွင်ကို ထိန်းချုပ်နိုင်မည်ဖြစ်ပေ၏။

သို့ရာတွင် လမ်းခုလတ်၌ လေးပင်လယ်ဂိုဏ်းမှ အကြီးအကဲမို လေလံဝင်ဆွဲမည်ဟု သူ မျှော်လင့်မထားမိချေ။

"ပြဿနာမရှိပါဘူး...လျှို့ဝှက်နဂါးနန်းတော်ရဲ့ထိန်းသိမ်းကြေးက နည်းတဲ့ပမာဏမဟုတ်ပေမယ့် ငါ ဖန်ရှို့ယွင်ကိုပိုင်ဆိုင်ပြီးတာနဲ့ ငါရဲ့ကျင့်ကြံမှုက ဆယ်ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်...ငါ ကျင့်ကြံဆင့်ကို တိုက်ရိုက်ချိုးဖျက်လို့တောင် ရနိုင်တယ်"

ရှယီရှန်းက သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်နေပေ၏။

ထိုအချိန်မှာပင် ဝင်္ကပါ၏ပြင်ပမှနေ၍ တစ်စုံတစ်ရာလှုပ်ရှားနေခြင်းကို သူ ခံစားမိသည်။

All Chapters