အခန်း (၇၀၁-၇၀၅)
Vol. 38 Ch. 701-705
Chapter 701
"ဖွင့်စမ်း"
ရှယီရှန်း၏လက်များက စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ့အနီးပတ်ဝန်းကျင်ရှိ ဝင်္ကပါအား ရိုက်ခတ်လိုက်သည်။
"လာစမ်းပါ..ကောင်မလေး"
ရှယီရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။သူ၏စိတ်အတွင်း၌ ဖန်ရှို့ယွင်၏လှပသောခန္ဓာကိုယ်ကောက်ကြောင်းအား မြင်ယောင်နေမိသည်။ရုတ်ချည်းဆိုသလိုပင် သူက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ တဲအတွင်းမှ ပြေးထွက်လိုက်တော့သည်။
အရိပ်တစ်ရိပ်ကလည်း ရှယီရှန်းထံဦးတည်၍ ပြေးဝင်လာသည်။
ဘန်းဟူသောအသံနှင့်အတူ သူက ဖန်ရှို့ယွင်၏ခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်လိုက်၏။
ထို့နောက် ရှယီရှန်းက ဖန်ရှို့ယွင်အား နမ်းရှုံလေသည်။
"အရမ်းနွေးတာပဲ"
ရှယီရှန်းက ကျယ်လောင်စွာရယ်မောပြီး ဖန်ရှို့ယွင်အား ဆွဲဖက်လိုက်၏။
သို့သော် ရုတ်ချည်းဆိုသလိုပင် သူက နေရာ၌ပင် တောင့်တင်းသွားသည်။
မည်သို့ ဖြစ်ပျက်သွားသနည်း။
သူ၏လက်များက ဝဖိုင့်သောခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိနေသည်။ရှယီရှန်းက မျက်လုံးဖွင့်ကြည့်လိုက်ရာတွင် သူရှေ့၌ လှုပ်ရှားနေသော ဝက်တစ်ကောင်အား တွေ့မြင်မိသည်။အစောပိုင်းက သူ နမ်းရှုံမိသူသည် ဤဝက်ကြီးဖြစ်နေသလော။
ရှယီရှန်းက ထိတ်လန့်တုန်လှုပ်သွားပေ၏။သူက ချက်ချင်းပင် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ဝက်ကြီး လွင့်ထွက်သွားတော့သည်။
ဝက်ကြီးက မြေပြင်နှင့်ရိုက်ခတ်မိသော်လည်း ၎င်း၏ဝဖြိုးသောခန္ဓာကိုယ်ကြောင့် အပြင်းအထန်ဒဏ်ရါရရှိသွားပုံမရဘဲ ရှယီရှန်းပေါ်သို့ ဆက်လက်၍ ခုန်အုပ်နေပေ၏။
"သေချင်နေတာလား"
ရှယီရှန်းက ကျယ်လောင်စွာအော်ငေါက်ပြီးနောက် သူ၏လက်ညှိုးမှ မှော်စွမ်းအားများထွက်ပေါ်လာပြီး ထိုဝက် အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။
သွေးများက မြေပြင်ပေါ်၌ ပြန့်ကျဲသွားသည်။
သွေးမြူများကြားမှ ပရမ်းပတာနတ်ဘုရားကျိန်စာ အဆောင်လက်ဖွဲ့သည် တောက်ပခြင်းမရှိတော့ဘဲ ပျံဝဲထွက်လာသည်။
"ငါက ပရမ်းပတာနတ်ဘုရားကျိန်စာကို စိတ်ဝိညာဥ်ကျောက်တုံးတွေ သန်းရာချီဝယ်ယူခဲ့ရတာ...ဒါက ဝက်တစ်ကောင်ပေါ်ကို အသုံးပြုမိတယ်တဲ့လား"
ရှယီရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။
ရုတ်ချည်းဆိုသလိုပင် သူ၏လည်မြိုမှ ချဥ်စူးစူးအရသာကိုခံစားမိပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ဘယ်ကောင် ငါ့ရဲ့အစီအစဥ်ကို ဖျက်ဆီးတာလဲ"
"ငါရဲ့ပရမ်းပတာနတ်ဘုရားကျိန်စာက ရုပ်ထုရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာ မြှုပ်နှံထားတာ...တကယ်လို့ အကြီးအကဲတွေကြည့်ရင်တောင်မှ သဲလွန်စရှာမတွေ့နိုင်ဘူး"
ရှယီရှန်း၏ဒေါသ အထွတ်အထိပ်အခြေအနေသို့ရောက်ရှိနေသဖြင့် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ဝေ့ဝိုက်၍တိုက်ခတ်သွားသည်။
ထိုအချိန်မှာပင် စာပို့ခိုတစ်ကောင်က သူ့ထံသို့ ပျံဝဲ၍ ရောက်ရှိလာသည်။
ရှယီရှန်းက စာရွက်ကိုယူဆောင်ပြီးချိန်တွင် စာပို့ခိုသည် ပြာဖြစ်ပြီး လေနှင့်အတူ ပျံလွင့်သွားတော့သည်။
"ကောင်လေး...မင်းက သေလမ်းရှာနေတာပဲ"
ရှယီရှန်း၏စိတ်နှလုံးသားအတွင်း၌ လုယွီ၏ပုံရိပ် ထွက်ပေါ်လာသည်။
စာအရ သူ၏ငယ်သားဖြစ်သူသည် အစီအစဥ်ကျဆုံးခဲ့ပြီး လုယွီ၏ကျင့်ကြံဆင့်ဖျက်ဆီးခြင်းကိုပင် ခံခဲ့ရသည်။
လျှို့ဝှက်နဂါးနန်းတော်လေလံခန်းမမှအကြောင်းများကို ပြန်စဥ်းစားပါက ရွှယ်အင်မော်တယ်ရုပ်ထုအား ဖန်ရှို့ယွင် ဆင်ခြင်မည့်ကိစ္စကို လုယွီက ရည်ရွယ်ချက်ရှိရှိ ဟန့်တားခဲ့ပုံရသည်။
ယခုလက်ရှိအချိန်တွင်မူ လုယွီသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းကို ရှယီရှန်း အတိအကျသိနားလည်သွားလေပြီ။
ရှယီရှန်းက ကောင်းကင်ယံသို့ ပျံဝဲတက်ပြီး ကြိုးကြာဖြူတောင်သို့ တိုက်ရိုက်ပျံသန်းသွားလေ၏။
ကြိုးကြာဖြူတောင်သို့ရောက်သည်နှင့် ရှယီရှန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။
"လုယွီ...ထွက်လာစမ်း"
သူ၏အသံက တောင်တစ်တောင်လုံး ပဲ့တင်ထပ်နေပေ၏။
ဝှစ်...ဝှစ်...
ထိုအသံကိုကြားသည်နှင့် ဖန်ရှို့ယွင်က တခြားတပည့်မများနှင့်အတူ အလျှင်စလို ပြေးထွက်လာသည်။
"စီနီယာအကို....ဂျူနီယာမောင်လေးလုနဲ့ ဘာပြဿနာရှိလို့လဲ"
ဖန်ရှို့ယွင်၏မျက်ခုံးကြားတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ရှယီရှန်း၏မျက်နှာအမူအယာကိုကြည့်ပြီး လုယွီအား ပြဿနာလာရှာခြင်းဖြစ်သည်ကို သူမ သိရှိပေ၏။
ရှယီရှန်းက အားတင်း၍ ဟန်လုပ်ပြုံးလိုက်သည်။
"တကယ်တော့...ငါက ဒီနေရာကို ဂျူနီယာညီလေးလုနဲ့ စကားပြောဖို့လာခဲ့တာ...ငါက သူကို ပထမဆုံးစတွေ့တဲ့အခေါက်ကတင် မိတ်ဆွေဟောင်းတစ်ယောက်နဲ့တူတယ်လို့ ထင်မိနေတာ...ငါက စကားစမြည်ပြောဆိုချင်ပေမယ့် ဂျူနီယာညီလေးလုက အချိန်ရှိပုံမရဘူး"
ရုတ်တရက် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"အို...ဘာကိစ္စရှိလို့လဲ...ငါနဲ့လာပြီး ဆွေးနွေးလို့ရတယ်"
ဖန်ရှို့ယွင်၏နောက်မှ အမျိုးသမီးတစ်ယောက် လျှောက်လှမ်းလာသည်။သူမက ပိုးထည်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားပြီး လက်အတွင်း၌ မြင်းမြှီးကြာပွတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
သူမက ပိုင်ဆုချင်ဖြစ်ပေ၏။
ရှယီရှန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူ၏မျက်လုံးများအတွင်း၌ စိတ်ပျက်သွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။သို့ရာတွင် သူက ရိုသေလေးစားသောအသံဖြင့် ပြောဆိုလိုက်သည်။
"အကြီးအကဲပိုင်ကို ဂါရဝပြုပါတယ်"
ပိုင်ဆုချင်က ခေါင်းမော့ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။
"တကယ်လို့ မင်းမှာ ပြောစရာရှိတယ်ဆိုရင်...ပြောလေ"
"ဘာမှမဟုတ်တော့ပါဘူး...ကျွန်တော်က ခုလတ်တလောအချိန်မှာ မှော်နည်းစနစ်အသစ်တစ်ခုကို လေ့ကျင့်နေတာ...ကျွန်တော်က ဂျူနီယာညီလေးလုကို အကြံတောင်းချင်လို့ပါ"
ရှယီရှန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။
"တိုက်ဆိုင်လိုက်တာ...ငါလည်း ခုလတ်တလောမှာ မှော်နည်းစနစ်အသစ်ကို လေ့ကျင့်နေတာ...ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါအုံး"
ပိုင်ဆုချင်က ရုတ်တရက် သူမ၏မြင်းမြှီးကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာတွင် မှော်စွမ်းအင်စီးကြောင်းက ရှယီရှန်းထံ တိုးဝင်သွားတော့သည်။
Chapter 702
ရုတ်ချည်းဆိုသလိုပင် ရှယီရှန်း၏ခန္ဓာကိုယ်သည် ယခင်ထက်အဆများစွာ ကြီးမားသွားသည်။သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ရွှေရောင်လူဘီလူးကြီးအဖြစ် သူ့နံဘေးနား၌ ချက်ချင်းပင် သိပ်သည်းသွားပေ၏။
ရွှေရောင်လူဘီလူကြီး၏အရွယ်အစားသည် တောင်ငယ်တစ်လုံးစာခန့်ရှိပြီး နေရောင်ကိုပင် ပိတ်ဖုံးလုမတက် ကြီးမားလှသည်။
ပိုင်ဆုချင်၏မှော်စွမ်းအားသည် လူဘီလူးကြီး၏ရှေ့၌ အလွန်သေးငယ်နေသည်။
ဘန်း....
ရုတ်ချည်းဆိုသလိုပင် မှော်စွမ်းအင်လှိုင်းနှင့်လူဘီလူးကြီးတို့ အချင်းချင်းထိတွေ့မိကြ၏။ရှယီရှန်း၏ခန္ဓာကိုယ်မှ ထုတ်လွှက်ထားသော ရွှေရောင်အလင်းတန်းသည် ထိုးဖောက်ခြင်းခံရပြီး သူ၏မျက်နှာတစ်ခုလုံးဖြူရော်သွားကာ နောက်သို့ဆုတ်လိုက်ရတော့သည်။
ရွှေရောင်လူဘီလူးကြီးလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပေ၏။ရှယီရှန်း၏လက်များ တုန်ယင်နေပြီး သူ့လက်ကောက်ဝတ်မှ သွေးများယိုစီးကျလာသည်။
"ပိုင်ဆုချင်...မင်းက မြင့်မြတ်တဲ့အတွင်းစည်းအကြီးအကဲတစ်ယောက်ပါ...တကယ်လို့ မင်းက ငါ့ကိုတိုက်ခိုက်မယ်ဆိုရင် အားနည်းသူကိုအနိုင်ကျင့်တယ်ဆိုပြီး အပြစ်ပေးခန်းမက အရေးယူမှာ မကြောက်ဘူးလား"
ရှယီရှန်းက ဒေါသတကြီး ပြောဆိုလိုက်သည်။
ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
"ငါ့ရဲ့အသက်က သုံးဆယ်မပြည့်သေးဘူးဆိုတာ နင်မေ့နေပြီထင်တယ်"
ရှယီရှန်းက အချိန်တခဏကြာ တုံ့ဆိုင်းသွားပေ၏။သူ ပြောရန်ကြံရွယ်နေသော စကားလုံးများသည် လည်ချောင်းမှာပင် တစ်ဆို့နေပြီး သူက ပြောမထွက်တော့ချေ။
အကယ်၍ ရှယီရှန်းကို လင်ရှောင်းဂိုဏ်း၏ပါရမီရှင်ဟုဆိုပါက ပိုင်ဆုချင်သည် ပါရမီရှင်ထက်သာလွန်သောအရည်အချင်းရှိသူဖြစ်သည်။
လင်ရှောင်းဂိုဏ်း၌ အတွင်းစည်းအကြီးအကဲ ရာချီရှိနေပြီး သူတို့၏အနိမ့်ဆုံးကျင့်ကြံဆင့်သည် စိတ်ပုံထွင်းနယ်ပယ် နှောင်းပိုင်းအဆင့်ပင်။
သို့ရာတွင် ပိုင်ဆုချင်သည် အစောပိုင်းနှစ်များကတည်းက စိတ်ပုံထွင်းနယ်ပယ်နှောင်းပိုင်းအဆင့်ကို ရောက်ရှိနှင့်ပြီးလေပြီ။
"ငါ တောင်းပန်ပါတယ်...သွားခွင့်ပြုပါ"
ရှယီရှန်းသည် သာမာန်မဟုတ်သော ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ပိုင်ဆုချင်၏ရှေ့တွင်မူ အနည်းငယ်ရှက်ရွံသကဲ့သို့ ခံစားနေရသည်။
"နေပါဦး...နင်ကို ငါ သွားခိုင်းလို့လား"
ပိုင်ဆုချင်၏အေးစက်စက်အသံက ထပ်မံ၍ ထွက်ပေါ်လာပြန်၏။
"နင်က ငါ့တို့ ကြိုးကြာဖြူတောင်ကို လူလာရှာမှတော့...ဒီအတိုင်း ထွက်သွားလို့ရမလား"
ရှယီရှန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။
"အကြီးအကဲပိုင်က ဘာလိုချင်လို့လဲ"
ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
"ကြိုးကြာဖြူတောင်ကို တောင်းပန်ပါတယ်လို့ နင် အသံကျယ်ကျယ်နဲ့ပြောရမယ်"
ရှယီရှန်းသည် ကြက်သေသေသွားပြီးနောက် သူ၏မျက်နှာ နီမြန်းလာပြီး ပြောဆိုလေသည်။
"ဒါက မလွန်ဘူးလား...ငါ့ရဲ့ဆရာသခင်က မဟာအကြီးအကဲတစ်ယောက်လေ...မင်းက အတွင်းစည်းအကြီးအကဲတစ်ယောက်ဆိုရင်တောင်မှ ငါ့ကိုအပြစ်ပေးဖို့ အရည်အချင်းပြည့်မီလို့လား"
"ဒါဆိုရင်လည်း မင်းရဲ့ဆရာသခင်ကို ခေါ်လိုက်လေ...မိုးကောင်းကင်ကြယ်တာရာမဟာအကြီးအကဲက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ကြည့်ကြသေးတောပေါ့"
ပိုင်ဆုချင်က ပြောဆိုလိုက်၏။
မိုးကောင်းကင်ကြယ်တာရာမဟာအကြီးအကဲသည် ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ဖြစ်သည်။
ရှယီရှန်းသည် ကြိုးကြာဖြူတောင်သို့ အရင်လာရောက်၍ ပြဿနာရှာသူပင်။မိုးကောင်းကင်ကြယ်တာရာမဟာအကြီးအကဲက သူ့အား ကာကွယ်ပေးမည်မဟုတ်ချေ။
"ငါရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်"
ပိုင်ဆုချင်က ထပ်မံ၍ သတိပေးလိုက်၏။
ရှယီရှန်းက အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်ပြောဆိုလေသည်။
"ငါ ကြိုးကြာဖြူတောင်ကို တောင်းပန်ပါတယ်"
ထိုစကားဆုံးသည်နှင့် ရှယီရှန်း၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းလာပြီး သူက နောက်လှည့်၍ ပြေးထွက်သွားတော့သည်။
ဤသည်က သူ၏ဂုဏ်သိက္ခာအား ညှိုးနွမ်းစေသော ကိစ္စပင်။
"နေဦး"
ပိုင်ဆုချင်က ရုတ်တရက်ဟန့်တားပြီး သိုလှောင်အိတ်တစ်အိတ်ကို ရှယီရှန်းထံသို့ ပစ်ပေးလိုက်၏။
"အဲ့ဒီအထဲမှာ စိတ်ဝိညာဥ်ကျောက်တုံးသန်းနှစ်ရာပါတယ်...ငါက တခြားသူတွေဆီမှာ အကြွေးတင်ခံတက်တဲ့အကျင့်မရှိဘူး"
ပိုင်ဆုချင်၏မျက်နှာက အမူအယာကင်းမဲ့စွာဖြင့် သူမ၏ခေါင်းကို ခါယမ်းနေပေသည်။
ရှယီရှန်းက သိုလှောင်အိတ်ကိုယူပြီး နောက်ပြန်လှည့်မကြည့်ဘဲ တချိုးတည်းထွက်သွားတော့သည်။
ကြိုးကြာဖြူတောင်ပေါ်ရှိ ဤကိစ္စကို စောင့်ကြည့်နေကြသော တပည့်မများထံမှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာသည်။မည်သို့ပင်ဆိုစေကာမူ သူမတို့၏စိတ်နှလုံးသားအတွင်း၌ ရှယီရှန်းသည် ပြည့်စုံကောင်းမွန်သူတစ်ယောက်ပင်။
သို့သော် ယခုလက်ရှိအချိန်၌ ရှယီရှန်းသည် သူမတို့ စိတ်ကူးပုံဖော်ထားသည်နှင့် အတန်ငယ်ကွဲပြားခြားနားနေသည်။
"ဆရာသခင်"
ဖန်ရှို့ယွင်က အရိုအသေပြုလိုက်၏။
"ဆရာသခင်ကို ဂါရဝပြုပါတယ်"
တခြားတပည့်မများကလည်း ဂါရဝပြုလေသည်။
ပိုင်ဆုချင်သည် တည်ငြိမ်သောမျက်လုံးများဖြင့် တပည့်မများအား လှည့်ပတ်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ကောင်းကင်နန်းတော်ပြိုင်ပွဲက စတင်တော့မယ်...နင်တို့မှာ လည်ပတ်နေဖို့ အချိန်ရှိသေးတယ်ပေါ့...ခုချိန်ကနေစပြီး ဘယ်သူကိုမှ အပြင်ထွက်ခွင့်မပြုဘူး...တောင်ပေါ်မှာပဲ အေးအေးဆေးဆေးကျင့်ကြံနေကြ"
တပည့်မများအားလုံး အလျှင်အမြန်ပင် လိုက်နာကြောင်းပြောလိုက်ကြပြီး သူမတို့၏သက်ဆိုင်ရာအဆောင်များထံသို့ ပြန်သွားကြတော့သည်။
ပိုင်ဆုချင်က မဟာခန်းမသို့ ရောက်ရှိသွားချိန်တွင် ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံနေသော လုယွီအား တွေ့မြင်မိသည်။သူမက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်၏။
"နင်ရဲ့အဆောင်က ဘယ်နေရာမှာလဲ"
လုယွီက သူမကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်လုံးပြန်မှိတ်သွား၏။သူ ဤနေရာသို့ရောက်ချိန်တွင် မည်သူကမျှ သူ့အတွက် နေရာစီစဥ်မပေးချေ။
"ကောင်းပြီလေ...နင်က ငါနေရာမှာပဲ နေပေတော့"
ပိုင်ဆုချင်က ရုတ်တရက်ပြောဆိုလိုက်၏။
Chapter 703
လုယွီက ဇဝေဇဝါဖြစ်နေပုံဖြင့် သူမအား စိုက်ကြည့်နေသည်ကိုကြည့်ပြီး ပိုင်ဆုချင်က တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောဆိုလေ၏။
"ငါရဲ့နေရာက ကျယ်ဝန်းပြီး စိတ်ဝိညာဥ်စွမ်းအင်တွေ ထူထပ်သိပ်သည်းတယ်...နင်ရဲ့လက်ရှိ ကျင့်ကြံဆင့်က နိမ့်ပါးနေတယ်...နင်ရဲ့ခွန်အားကို တက်နိုင်သမျှမြန်မြန် မြင့်မားအောင်လုပ်ရမယ်"
ပိုင်ဆုချင်က လုယွီအား ခန်းမတစ်ခုအတွင်းသို့ ဦးတည်၍ ခေါ်ဆောင်သွားသည်။
ဤနေရာသည် အမှန်တကယ်ပိုပင် လွန်စွာကျယ်ဝန်းပေ၏။ခန်းမ၏နောက်တွင် ခမ်းနားပြီးလှပဆန်းကြယ်သော ဥယျာဥ်တစ်ခုပင်ရှိနေသည်။ကြိုးကြာဖြူများသည် ရေအိုင်အနီး၌ ပျင်းရိပုံဖြင့်မတ်တတ်ရပ်နေကြပြီး လေထုအတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များက ပြည့်နှက်နေလေသည်။
ကြိုးကြာဖြူများသည် လူစိမ်းများအား ကြောက်ရွံပုံမပေါ်ချေ။တချို့ကြိုးကြာဖြူများသည် သူတို့၏တောင်ပံများကိုခတ်၍ ပျံဝဲလာကြ၏။
ပိုင်ဆုချင်က လက်ဝဲဘက်ရှိအခန်းတစ်ခန်းကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။
"နင် အဲ့ဒီအခန်းမှာ နေလိုက်"
ထိုအခန်းအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် ဘေးပတ်ဝန်းကျင်ရှိအခန်းများထက် သုံးဆခန့်ပို၍များပြားသည်။
လုယွီက ထိုအခန်းသည် စိတ်ဝိညာဥ်စမ်းရေများယိုစိမ့်ထွက်ရာ ခံတွင်းဝ၌ တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို တွေ့မြင်မိသည်။
"ကျေးဇူးတင်ပါတယ်"
လုယွီက ပြောဆိုလိုက်၏။
"မင်းက ငါ့ကြောင့် လင်ရှောင်းဂိုဏ်းကိုရောက်လာတာလေ...ငါ့ရဲ့နာမည်ခံတပည့်လို့လည်း ပြောနိုင်တယ်...ဒါပေမယ့် ငါကျင့်ကြံတဲ့ကျင့်ကြံနည်းစနစ်အများစုက မိန်းကလေးတွေလေ့ကျင့်တာတွေ....နင် အဲ့ဒီနည်းစနစ်တွေ လေ့ကျင့်လို့မရဘူး...ဒါပေမယ့် နင့်ဆီမှာလည်း ကျင့်ကြံနည်းစနစ်ကောင်းတွေရှိမယ်လို့ ငါ ထင်မိတယ်"
ပိုင်ဆုချင်က လုယွီအားကြည့်ပြီး ဆက်လက်ပြောဆိုလေသည်။
"နင် ဒီနေရာမှာ လေ့ကျင့်လို့ရတယ်...အပြင်ကို လျှောက်မသွားနဲ့...နင်ရဲ့ကျင့်ကြံဆင့် တိုးတက်လာအောင်ပဲ အေးအေးဆေးဆေးလေ့ကျင့်နေ"
ရုတ်တရက် ပိုင်ဆုချင်က မျက်မှောင်ကြုတ်လိုက်၏။လုယွီက သူမအား စူးစိုက်ကြည့်နေခြင်းကို တွေ့မြင်မိခြင်းကြောင့်ဖြစ်သည်။အမျိုးသမီးတပည့်မများပင် သူမရှေ့၌ ခေါင်းငုံနေပြီး သူမအား တည့်တည့်စိုက်မကြည့်ဝံ့ကြချေ။
"ဘာပြဿနာ ရှိလို့လဲ"
ပိုင်ဆုချင်၏အသံသည် အလွန်တည်ငြိမ်နေသည်။
လုယွီက ပြောဆိုလိုက်၏။
"ငါတို့ အရင်က တစ်နေရာရာမှာတွေ့ဖူးလား"
ပိုင်ဆုချင်၏မျက်ခုံးများတွန့်ကွေးသွားပြီး သူမက ချက်ချင်းပင် ထွက်ခွါသွားတော့သည်။သူမက တံခါးအနီးသို့အရောက်တွင် နောက်ပြန်လှည့်၍ ပြောဆိုလိုက်၏။
"ငါက နင့်ဆရာနော်...နင် မစော်ကားသင့်ဘူး"
ဟမ်...
လုယွီက ကြက်သေသေသွားပေ၏။သူက ဟုတ်တိုင်းမှန်ရာကို ပြောဆိုခြင်းဖြစ်ပြီး သူ၏စကားလုံးများက အပြစ်ကင်းစင်ပေသည်။မည်သည်ကြောင့် သူမအား စော်ကားသည့်အဓိပ္ပါယ်သက်ရောက်သွားသနည်း။
"ဖြစ်နိုင်တာတော့ ငါ သူ့ကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာတွေ့ဖူးလို့ ရင်းနှီးနေတာပဲဖြစ်မှာပါ"
လုယွီက တီးတိုးရေရွတ်လိုက်၏။အခန်းအတွင်းသို့ရောက်သည်နှင့် လုယွီက အလျှင်အမြန်ပင် စတင်ကျင့်ကြံတော့သည်။
ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် ရေခဲလှိုဏ်ဂူလောက် ပေါကြွယ်ဝခြင်းမရှိသော်လည်း လက်သင့်ခံနိုင်သောပမာဏဖြစ်သည်။ယခုလက်ရှိအချိန်၌ သူသည် အဆင့်ချိုးဖျက်မည်မဟုတ်ဘဲ အဆက်မပြတ်ကျစ်လျစ်သိပ်သည်းစေကာ စုဆောင်းရင်းဖြင့် နောက်တစ်ကြိမ်အဆင့်ချိုးဖျက်ရန်အား စောင့်ဆိုင်းရပေမည်။
"ငါက မှော်လက်နက်သုံးခုကို ပြန်ပြုပြင်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေ အများကြီးစုဆောင်းပြီးပြီ"
လုယွီ၏အတွေးများလှုပ်ခတ်သွားခြင်းနှင့်အတူ မှော်လက်နက်သုံးခုက ချက်ချင်းပင် ပျံဝဲထွက်လာသည်။
ဆေဘာဓားသုံးချောင်းသည် လုယွီ၏အနီးပတ်လည်၌ ပျံဝဲနေပြီး ပြင်းထန်သောဖိအားကို ထုတ်လွှက်နေသည်။
အတိတ်ဘဝမှ သူ၏နတ်ဘုရားအဆင့်လက်နက်များသည် ယခုလက်ရှိအချိန်၌ ကျိုးပဲ့နေပြီး ထိပ်တန်းအဆင့်မှော်လက်နက်အဖြစ်သာ အသုံးပြုနိုင်တော့သည်။
လုယွီ၏လက်ညှိုးထိပ်မှ ရွှေရောင်မီးတောက် ထွက်ပေါ်လာပေ၏။
မီးတောက်၏အပူချိန်သည် အလွန်မြင့်မားသဖြင့် ပတ်ဝန်းကျင်ရှိလေထုပင် ပုံပျက်စပြုလာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက လက်နက်သန့်စင်ရန်အတွက် ပါဝင်ပစ္စည်းများအားလုံးကို မီးတောက်အတွင်းသို့ ပစ်ထည့်လိုက်၏။ပါဝင်ပစ္စည်းများသည် ချက်ချင်းပင်အရည်ပျော်သွားပြီးနောက် လုယွီက သုံးပိုင်းပိုင်းခြားပြီး သက်ဆိုင်ရာမှော်လက်နက်များနှင့် ရောယှက်လိုက်သည်။
မှော်လက်နက်များသည် တောက်ပလာပြီး အေးစက်စက်အလင်းရောင် တစိုးတစိထုတ်လွှက်လာသည်။
လုယွီက သူ၏ဆေဘာဓားသုံးချောင်းကို အလျှင်အမြန် ပြန်ရုတ်သိမ်းခဲ့သည်။
"သူတို့ကို ငါ တဖြည်းဖြည်းပြန်ပျိုးထောင်ပြီး အသိဥာဏ်ပြန်ဝင်လာအောင်လုပ်ရမယ်...အစတုန်းက ငါက ဒီဆေဘာဓားတွေထဲမှာ မြင့်မြတ်တဲ့စိတ်ဝိညာဥ်သားရဲသုံးကောင်ကို ချိတ်ပိတ်ထားခဲ့တယ်...ငါရဲ့မှော်လက်နက်တစ်ခု အသိစိတ်ပြန်ဝင်လာတာနဲ့ ငါ့ရဲ့ခွန်အား အလျှင်အမြန်တိုးတက်လာလိမ့်မယ်"
မှော်လက်နက်သုံးခုကိုပြုပြင်ပြီးနောက် လုယွီ၏အကြည့်က မှော်ခရုသင်းပေါ်သို့ ကျရောက်သွားသည်။
ထိုမှော်ခရုသင်းသည် မြို့ဆင်ခြေဖုံး၏စျေးဆိုင်စင်ထောင့်၌ရှိနေခဲ့ပြီး မည်သူကမျှသတိပြုမိပုံမပေါ်ချေ။၎င်း၌ ဖုန်မှုန့်များပင် စွဲကပ်နေပေ၏။
လုယွီက မှော်ခရုသင်းပေါ်ရှိဖုန်မှုန့်များကို ညင်သာစွာပွတ်တိုက်၍ သန့်စင်လိုက်သည်။ထို့နောက် သူ၏လက်ချောင်းထိပ်ကို ကိုက်ဖောက်ပြီး မှော်ခရုသင်းပေါ်၌ သင်္ကေတတချို့ကို ရေးဆွဲလေသည်။
ထိုသင်္ကေတများရေးဆွဲနေစဥ်တွင် လုယွီ၏နှုတ်မှ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေသည်။ရှုပ်ထွေးပြီး မပီပြင်သော မန္တန်ရွတ်ဆိုသံက ပတ်ဝန်းကျင်၌မြည်ဟီးနေပြီးနောက် ခရုသင်းပေါ်ရှိအမှတ်အသားက ရုတ်တရက်အလင်းရောင်တောက်ပလာသည်။
ရုတ်ချည်းဆိုသလိုပင် လေးနက်တည်ကြည်သောအသံတစ်သံက လုယွီ၏နားအတွင်း၌ ပဲ့တင်ထပ်လာသည်။
"မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ...ဘယ်လိုလုပ်ပြီး မင်းက ငါတို့ရဲ့ဗုဒ္ဓမန္တန်ကို သိနေတာလဲ"
Chapter 704
ထိုအသံထွက်ပေါ်လာသည့် အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိလေထုသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
အချိန်တခဏအကြာတွင် ဗုဒ္ဓမန္တန်ရွတ်ဖတ်သံများသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ နားအူလုမတက် ထွက်ပေါ်လာသည်။
မှော်ခရုသင်းမှနေ၍ အရိပ်တစ်ရိပ်ထွက်လာပြီး တဖြည်းဖြည်းကြီးမားလာကာ နောက်ဆုံး၌ အရပ်မြင့်ပြီးထွားကျိုင်းသော ဘုန်းကြီးတစ်ပါးအသွင် ဖြစ်ပေါ်သွားသည်။ထိုဘုန်းကြီးက သူ၏လက်နှစ်ဖက်ကိုပိုက်ကာ လုယွီအား စိုက်ကြည့်နေလေ၏။
"ငါက အမှောင်ထုထဲမှာ အိပ်မောကျနေတာ နှစ်ထောင်ပေါင်းများစွာကြာနေပြီ...ဒါပေမယ့် ဘယ်သူကမှ ငါ့ကို လာမနှိုးကြဘူး...ကျေးဇူးရှင်လေးက ငါကို နိုးထလာစေတဲ့သူပဲ...ကြည့်ရတာတော့ ဒီဆင်းရဲနွမ်းပါးတဲ့ကိုယ်တော်နဲ့ကျေးဇူးရှင်လေးက ကံကြမ္မာရေစက်ရှိပုံပဲ"
ဘုန်းကြီးက ကြင်နာတက်သောအမူအယာရှိပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
လုယွီ၏အမူအယာကမူ ပြောင်းလဲခြင်းမရှိချေ။
"ကံကြမ္မာရေစက်ဆိုတာက ဘာလဲ"
ဘုန်းကြီးက အပြုံးနှင့် ပြောဆိုလေသည်။
"ဒါက ကံကြမ္မာပဲလေ...ကျေးဇူးရှင်လေး လိုအပ်တဲ့ ဆန္ဒကို ဒီကိုယ်တော်က တက်စွမ်းသမျှဖြည့်ဆည်းပေးမယ်"
လုယွီက အေးစက်စက်နှာမှုတ်လိုက်၏။
"တကယ်လို့ ငါ ကောင်းကင်ယံမှာပျံသန်းချင်တယ်ဆိုရင် ကိုယ်တော်က ကူညီနိုင်မလား"
"ကိုယ်တော်က မလိမ်ညာတက်ပါဘူး...ကိုယ်တော် ပြောပြီးပြီဆိုမှတော့ ကူညီပေးရမှာပေါ့"
ဘုန်းကြီးက လက်ပိုက်လျက်အနေအထားအတိုင်းရှိနေဆဲဖြစ်ပြီး အပြုံးမပျက် ပြောဆိုလေ၏။
လုယွီက အနည်းငယ်စိတ်ဝင်စားဟန်ပြနေသည်ကိုမြင်သော ဘုန်းကြီးက ခရုသင်းကို လက်ညှိုးညွှန်ပြီး ပြောဆိုလိုက်သည်။
"မင်းမြင်တဲ့အတိုင်းပဲ...ငါက ဗုဒ္ဓရတနာရဲ့အထွတ်အမြတ်စိတ်ဝိညာဥ်ဖြစ်တယ်...တကယ်လို့ မင်းရဲ့အစစ်အမှန်သွေးစက်ကိုသာ ခရုသင်းပေါ်ချလိုက်တာနဲ့ မင်းက ငါ့ရဲ့သခင်ဖြစ်သွားပြီ...ငါက စိတ်ပိုင်းဖြတ်ပြီးသားပါ...မင်းက ငါရဲ့သခင်ဖြစ်သွားတာနဲ့ ငါရဲ့ထိပ်တန်းဗုဒ္ဓနည်းစနစ်တွေ မင်းကို လွှဲပြောင်းသွားမယ်...မင်း အဆင်ပြေရဲ့လား"
လုယွီက အေးစက်စက် နှာမှုတ်လိုက်ပြန်၏။
"အလကားစားရတဲ့ညစာရှိတယ်ဆိုတာ ကျုပ် ယုံမယ်လို့ ခင်ဗျားထင်နေတာလား"
ထို့နောက် လုယွီက မတ်တတ်ထရပ်၍ ထွက်ခွါရန် ဟန်ပြင်လိုက်သည်။
"မင်းရဲ့ခွန်အားကို မတိုးတက်ချင်ဘူးလား...ကံကြမ္မာကောင်းကိုပိုင်ဆိုင်ပြီး လူဘယ်လောက်များများရဲ့ဘဝ ပြောင်းလဲသွားတယ်ဆိုတာ မင်းသိလား...ထိပ်သီးကျင့်ကြံသူတွေအကြောင်းကို မင်း စဥ်းစားကြည့်လိုက်....သူတို့ကလည်း ကံကြမ္မာကောင်းတွေနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေချည်းပဲ...မင်းနဲ့ငါ ရေစက်ဆုံမှတော့ မင်းကိုလွှဲပြောင်းပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ....တကယ်လို့ မင်း ဒီအခွင့်အရေးကိုလက်လွတ်ခံမယ်ဆိုရင်...နောက်တစ်ကြိမ်ဆိုတာ ရှိမှာမဟုတ်ဘူး"
ဘုန်းကြီးက လုယွီကို သွေးဆောင်နေပေ၏။
လုယွီက ခြေတစ်လှမ်းလှမ်းရန် ကြံရွယ်ပြီးမှ ရုတ်တရက် ရပ်တန့်လိုက်သည်။
"ခင်ဗျားက စိတ်ဝိညာဥ်တစ်ခုလေ...အခုချိန်မှာ ခင်ဗျားကိုယ်တိုင်တောင် အားနည်းနေတာ...ကျုပ်ကို သန်မာလာအောင်လုပ်ပေးမယ်လို့ ဘယ်လိုနည်းနဲ့ ယုံကြည်ရမှာလဲ"
လုယွီက သံသယအပြည့်ဖြင့် မေးမြန်းလေသည်။
ထိုလှောင်ပြောင်သရော်သံကိုကြားသည်နှင့် ဘုန်းကြီးက ဗုဒ္ဓမန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။
ရွှေရောင်အလင်းတန်းများကြားမှနေ၍ မြောက်များစွာသော ရဟန္တာများ ထွက်ပေါ်လာပေ၏။ဤအချိန်တွင် ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ အားကောင်းသောဖိအားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤသည်က အထင်ကြီးလေးစားဖွယ်ဘုန်းကြီး၏အော်ရာပေလော။
"လာခဲ့ပါ...မင်းက ငါရဲ့သခင်ဖြစ်လာမယ်ဆိုမှတော့ မင်းမှာလည်း ခွန်အားရှိရမယ်...ဗုဒ္ဓဂိုဏ်းတွေမှာတောင် မင်းနဲ့ယှဥ်ပြိုင်နိုင်မှာ လူနည်းစုပဲရှိနိုင်တယ်"
ဘုန်းကြီးက ဆက်လက်၍ သွေးဆောင်ဖြားယောင်းနေဆဲပင်။
လုယွီသည် ဘုန်းကြီး၏စကားတွင် နားယောင်နေသကဲ့သို့ သူ၏မျက်လုံးများက တောက်ပနေသည်။
သူက လက်ညှိုးကိုကိုက်ဖောက်ပြီး ခရုသင်းပေါ်သို့ အစစ်အမှန်သွေးစက်တစ်စက်ချလိုက်၏။
ဤသွေးစက်သည် သာမာန်သွေးစက်နှင့် မတူညီချေ။ဤသည်က ကျင့်ကြံသူတစ်ယောက်၏အစစ်အမှန်သွေးစက်ဖြစ်ပြီး သွေးစက်တိုင်းက အလွန်အမင်းအဖိုးတန်ရှားပါးသည်။
အစစ်အမှန်သွေးစက်က မှော်ခရုသင်းပေါ်သို့ကျရောက်သွားချိန်တွင် နက်ရှိုင်းပြီးတည်ငြိမ်သော အသံတစ်သံထွက်ပေါ်လာသည်။
ဒေါင်....
အချိန်အတော်ကြာ ငြိမ်သက်နေသော ခေါင်းလောင်းတစ်လုံးကို တစ်စုံတစ်ယောက်က တီးခတ်လိုက်သကဲ့သို့ အသံသည် ပတ်ဝန်းကျင်သို့ အဆက်မပြတ်ပျံ့နှံ့သွားသည်။
ထိုအချိန်တခဏမှာပင် ဘုန်းကြီး၏မျက်နှာသည် ရုတ်တရက် အလွန်အမင်းရက်စက်ကြမ်းကြုတ်ဟန် ပေါ်လွင်လာသည်။မူလက သနားကြင်နာတက်ပုံရသော မျက်နှာအမူအယာသည် အချိန်တခဏအတွင်းမှာပင် ရက်စက်ကြမ်းကြုတ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဆိုးသားရဲအသွင်သို့ ပြောင်းလဲသွားပေ၏။
မည်းနက်နေသော မျက်လုံးသူငယ်အိမ်တစ်စုံက လုယွီအား စူးစိုက်ကြည့်နေပေ၏။
"ငါ အိပ်မောကျနေတုန်းက...တကယ်လို့ ငါ့ကိုနိုးထစေတဲ့သူရှိရင် အဲ့ဒီလူကိုသတ်မယ်လို့ ငါ ကျိန်ဆိုခဲ့တယ်...ကောင်လေး...အရမ်းအံ့သြမနေနဲ့...မင်းရဲ့ခန္ဓာကိုယ်က အရမ်းကောင်းမယ့်ပုံပဲ...ငါ့ကိုပေးလိုက်တာ ပိုကောင်းလိမ့်မယ်"
နတ်ဆိုးမှော်သားရဲ၏အနက်ရောင်အရိပ်ကြီးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏မျက်ခုံးအနီးသို့ ရောက်ရှိလာသည်။
ကြည့်နေရင်းမှပင် အနက်ရောင်အရိပ်က လုယွီ၏မျက်ခုံးကြားသို့ ဝင်ရောက်လုနီးနီးဖြစ်သည်။
သို့ရာတွင် အနက်ရောင်အရိပ်သည် ရုတ်တရက် ဟန့်တားခံလိုက်ရ၏။တစ်စုံတစ်ယောက်က သူ့အား နောက်မှဆွဲထားသကဲ့သို့ သူ မလှုပ်ရှားနိုင်တော့ပေ။
"ဘာတွေ ဖြစ်နေတာလဲ"
နတ်ဆိုးသားရဲသည် သူ၏ခေါင်းကိုပြန်လှည့်ကြည့်လိုက်ရာတွင် ရုတ်တရက် အံ့အားသင့်ဖွယ်မြင်ကွင်းကို တွေ့မြင်လိုက်ရ၏။
လုယွီ၏အစစ်အမှန်သွေးစက်သည် မှော်ခရုသင်းပေါ်၌ ရှိနေဆဲဖြစ်ပြီး အနည်းငယ်မျှပင် အောက်သို့ကျဆင်းသွားခြင်းမရှိချေ။
Chapter 705
"မဖြစ်နိုင်ဘူး"
နတ်ဆိုးမှော်သားရဲသည် ရုတ်တရက် စူးစူးဝါးဝါးအော်ဟစ်ပြီး မှော်ခရုသင်းထံသို့ ပြန်ပြေးသွားတော့သည်။သို့သော် သူ မှော်ခရုသင်းထံ မရောက်မီမှာပင် လုယွီ၏ဖမ်းဆီးခြင်းခံလိုက်ရ၏။
"ဒီနည်းလမ်းနဲ့ ငါကိုတိုက်ခိုက်ဝံ့တယ်ပေါ့"
လုယွီ၏အမူအယာက တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏မျက်လုံးများအတွင်း၌မူ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရိပ်အယောင်များ ထင်ဟပ်နေသည်။
လုယွီက နတ်ဆိုးမှော်သားရဲအား လက်တစ်ဖက်ဖြင့် ဖမ်းဆီးထား၏။အရပ်မြင့်ပြီးထွားကျိုင်းသော ဘုန်းကြီးပုံရိပ်ပျောက်ကွယ်သွားပြီး လုယွီ၏လက်အတွင်း၌ လက်တစ်ဝါးစာခန့် အနက်ရောင်မှော်သားရဲတစ်ကောင်သာ ကျန်ရစ်တော့သည်။
ထိုနတ်ဆိုးမှော်သားရဲသည် ကျားသစ်နက်တစ်ကောင်နှင့်တူညီသော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အမှတ်အသားများပါရှိပြီး နဖူးထက်၌မန္တန်သင်္ကေတများရှိနေသည်။
"ငါရဲ့အစစ်အမှန်ခန္ဓာကိုယ်က ထိပ်သီးကျင့်ကြံသူတွေရဲ့သွေးစက်ကိုတောင် စုပ်ယူနိုင်တယ်...ဘာလို့ မင်းရဲ့သွေးစက်ကို ငါ စုပ်ယူလို့မရတာလဲ"
လုယွီ၏လက်အတွင်းမှ လွတ်မြောက်နိုင်ရန် နတ်ဆိုးမှော်သားရဲက ရုန်းကန်နေသည်။သူက ဤအဖြစ်အပျက်အား လက်ခံယုံကြည်နိုင်ခြင်း မရှိသေးချေ။
လုယွီ၏အစစ်အမှန်သွေးစက်ကို သူစုပ်ယူနိုင်သည်နှင့် လုယွီ၏စိတ်အား သူ ထိန်းချုပ်နိုင်ပေမည်။ထိုအချိန်ရောက်လျှင် လုယွီသည် သူ အလိုရှိရာစေခိုင်း၍ရသော ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ပေလိမ့်မည်။
သို့သော် ယခုလက်ရှိအချိန်တွင် အစစ်အမှန်သွေးစက်သည် မှော်ခရုသင်းပေါ်၌ရှိနေဆဲဖြစ်ပြီး တုန်ခါ၍ပင်နေပေ၏။
ဤသည်က အစစ်အမှန် မဖြစ်နိုင်ချေ။
"ကောင်လေး...မင်းက ငါ့ထက်ဝါနုပါသေးတယ်"
နတ်ဆိုးမှော်သားရဲက ရုတ်တရက် ပြင်းပြင်းထန်ထန်ဟိန်းဟောက်လိုက်၏။သူ၏သွားများ ရှေ့သို့ချွန်ထွက်လာပြီး ခရုသင်းထံဦးတည်၍ ဟိန်းဟောက်နေခြင်းဖြစ်သည်။
ဝီ...ဝီ...
အနည်းငယ်တုန်ခါနေသော အသံတစ်သံက အခန်းတစ်ခန်းလုံး ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ထို့နောက် မှော်ခရုသင်း၏မျက်နှာပြင်မှနေ၍ မြောက်များစွာသောသင်္ကေတအမှတ်အသားများတောက်ပလာပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
၎င်းရွှေရောင်အလင်းတန်းများက လုယွီ၏အစစ်အမှန်သွေးစက်အား စုပ်ယူရန် ကြိုးစားနေတော့သည်။သို့ရာတွင် လုယွီ၏အစစ်အမှန်သွေးစက်သည် တာအိုသခင်တစ်ယောက်၏သွေးစက်ဖြစ်သည်။
လုယွီသည် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အား ဝါးမြိုထားခြင်းကို ဖော်ပြရန်ပင်မလိုတော့ချေ။သူ၏ ယခုလက်ရှိဘဝ အစစ်အမှန်သွေးစက်တွင် ကောင်းကင်ဘုံအင်ပါယာ၏အော်ရာ တစိုးတစိပင် ရောယှက်နေပေ၏။
ဤကဲ့သို့ အစွမ်းထက်သောအစစ်အမှန်သွေးစက်ကို တော်ဝင်အထွတ်အမြတ်ပစ္စည်းများပင် တောင့်ခံနိုင်ရန်မလွယ်ကူချေ။
လုယွီ၏ရှေ့မှ မှော်ခရုသင်းသည် သူ၏အစစ်အမှန်သွေးစက်အား စုပ်ယူနိုင်ရန်မှာ အလှမ်းကွာဟနေပေသည်။
"မဖြစ်နိုင်ဘူး...မင်းရဲ့အစစ်အမှန်သွေးစက်က ဘာလို့ဒီလေါက်ထိ အားကောင်းနေတာလဲ....မင်း ဘယ်သူလဲ"
နတ်ဆိုးမှော်သားရဲက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
သူသည် အမှောင်ထုအတွင်း နေထိုင်ရသည်မှာ အချိန်ကြာမြင့်နေလေပြီ။သူက တခြားသူများ၏အကူအညီကိုရယူပြီး ခရုသင်းမှချိတ်တံဆိပ်အား ချိုးဖျက်ရန်ကြံရွယ်ခဲ့သည်။သို့ရာတွင် သူက လုယွီကဲ့သို့ အစွမ်းထက်သောပုဂ္ဂိုလ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားမိချေ။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းသာငါကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ဘူးဆိုရင်...ငါ မင်းကို အလွတ်ပေးမလို့ပဲ"
"ဓမ္မရတနာက ကောင်းမွန်တဲ့သူဖြစ်ဖြစ် နတ်ဆိုးတွေအတွက်ပဲဖြစ်ဖြစ် နေရာကောင်းတစ်ခုမဟုတ်ဘူး...နှစ်တွေအကြာကြီး ရတနာထဲမှာနစ်ဝင်နေတဲ့အတွက် လက်နက်စိတ်ဝိညာဥ်တွေက တဖြည်းဖြည်းနဲ့ တခြားသူတွေကို ထိခိုက်နစ်နာအောင်လုပ်လိုစိတ်ဝင်လာတယ်...ဓမ္မမှော်ရတနာရဲ့ပိုင်ရှင်ဖြစ်သူတောင် အသတ်ခံရနိုင်တဲ့အထိပဲ"
"ခင်ဗျားရဲ့နောက်ဆုံးသခင်ဖြစ်သူကိုတောင် ခင်ဗျားသတ်လိုက်တာဖြစ်မှာကို ကျုပ် စိုးရိမ်မိတယ်...စိတ်ပျက်ဖို့ကောင်းတာက မြင့်မြတ်တဲ့ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က ဒီလိုသနားဖို့ကောင်းတဲ့နည်းလမ်းနဲ့သေဆုံးသွားရတာပဲ...တကယ်လို့ ကျုပ်ကသာ ခင်ဗျားရဲ့သခင်ဖြစ်ရင်...ခင်ဗျား ယုံကြည်ထားလိုက်...ဒီလိုပုံစံမျိုးနဲ့ အသက်ဆက်မရှင်ရဘူးဆိုတာ"
လုယွီ၏စကားတစ်ခွန်းထွက်ပေါ်လာချိန်တိုင်း နတ်ဆိုးမှော်သားရဲ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။
အဆုံးသတ်၌ နတ်ဆိုးမှော်သားရဲသည် တုန်ရီလာသည့်အပြင် သူ၏စိတ်နှလုံးသားတစ်ခုလုံး ကြောက်ရွံမှုများ ကြီးဆိုးလာသည်။
နတ်ဆိုးမှော်သားရဲက ရုတ်တရက် စူးရှရှအော်ဟစ်လိုက်၏။
"ဘာဖြစ်ချင်တာလဲ...မင်းက ဘာမဟုတ်တဲ့ကောင်လေ...ငါ့ကိုလာပြီး သင်ကြားပေးဝံ့တယ်ပေါ့"
နတ်ဆိုးမှော်သားရဲ၏ထိတ်လန့်ကြောက်ရွံနေမှုကို ခံစားမိပုံဖြင့် မှော်ခရုသင်းသည် ရုတ်တရက်တုန်ခါလာပြီး ကျယ်လောင်သောအသံကြီး မြည်ဟီးလာသည်။
ဤအသံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရိပ်အယောင်များ ပါဝင်နေသည်။
မှော်ခရုသင်းသည် ဒေါသထွက်နေသကဲ့သို့ လုယွီအား သုတ်သင်ရှင်းလင်းလိုဟန်ပေါ်လွင်နေသည်။
လုယွီက မှော်ခရုသင်းအားတစ်ချက်ကြည့်ပြီး အော်ငေါက်လိုက်သည်။
"ဆူလိုက်တာ"
ထိုအသံကြားသည်နှင့် မှော်ခရုသင်းမှနေ၍ ရုတ်တရက် 'ဖြောက်'ဟူသောအသံထွက်ပေါ်လာပြီး ၎င်း၏စွမ်းအင်များဆုံးရှုံးသွားကာ စားပွဲပေါ်မှလွင့်စင်ကျလာတော့သည်။
နတ်ဆိုးမှော်သားရဲက ထိတ်လန့်တုန်လှုပ်သွားပြီး သူက မယုံကြည်နိုင်ဟန်ဖြင့် လုယွီအား ကြည့်နေပေ၏။
"မင်း...မင်း ဘယ်သူလဲ"
"ခင်ဗျားကို သတ်မယ့်လူလေ"
လုယွီက အဓိပ္ပါယ်မရှိသောစကားများ ပြောလိုစိတ်မရှိတော့ချေ။သူ၏လက်ကိုဆန့်တန်းလိုက်ရာ ချက်ချင်းပင် သူ့လက်ဝါးအတွင်းရှိ နတ်ဆိုးမှော်သားရဲ ပြာဖြစ်သွားတော့သည်။
Thank For Reading.