အခန်း (၇၀၆-၇၁၀)
Vol. 39 Ch. 706-710
Chapter 706
နတ်ဆိုးမှော်သားရဲသည် မှော်ခရုသင်း၏စိတ်ဝိညာဥ်ဖြစ်သည်။ဤကဲ့သို့ မှော်ရတနာများသည် အချိန်ကာလအတန်ကြာချိန်တွင် စိတ်ဝိညာဥ်အား မွေးဖွားပေးလေ့ရှိသည်။သာမာန်စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းမှော်ရတနာများ၌ ရိုးရှင်းသောစိတ်ဝိညာဥ်များသာပါရှိပြီး ဤနတ်ဆိုးမှော်သားရဲနှင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။
ဤနတ်ဆိုးမှော်သားရဲကဲ့သို့စိတ်ဝိညာဥ်မျိုးသည် သာမာန်ထက်ထူးကဲသော ဥာဏ်ရည်ဥာဏ်သွေး ပိုင်ဆိုင်ပေ၏။သူတို့၏မှော်စွမ်းအားများကို အဆများစွာ တိုးမြှင့်နိုင်သည့်အပြင် အန္တရာယ်လည်းကြီးမားသည်။အကယ်၍ မှော်ရတနာ၏ပိုင်ရှင်ကသာ သတိလက်လွတ်နေမိပါက စိတ်ဝိညာဥ်၏တန်ပြန်တိုက်ခိုက်ခြင်း ခံရပေမည်။
လုယွီက ဤမှော်ခရုသင်း၏နောက်ဆုံးပိုင်ရှင်သည် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်မည်ကို မှန်းဆမိပြီးဖြစ်သည်။
ကံဆိုးစွာဖြင့် ထိုလူသည် စိတ်ဝိညာဥ်၏တိုက်ခိုက်ခြင်းကိုခံရပြီး သေဆုံးသွားရသဖြင့် မှော်ခရုသင်းသည် ဖုန်မှုန့်များဖုံးလွှမ်းနေသည့်အဖြစ်သို့ ရောက်ရှိသွားခြင်းပင်။
စားပွဲပေါ်ရှိ မှော်ခရုသင်းသည် ၎င်း၏စိတ်ဝိညာဥ် ပျောက်ကွယ်သွားသဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသည်။လုယွီက မှော်ခရုသင်းအားကောက်ယူပြီး သူ၏အစစ်အမှန်သွေးစက်အား ၎င်းအတွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် မှော်ခရုသင်းမှ အလင်းရောင်များထွက်ပေါ်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သောဖိအားတစ်ရပ်ကလည်း ပတ်ဝန်းကျင်၌ ထွက်ပေါ်လာပေ၏။
"ကောင်းပြီလေ...အခုချိန်ကစပြီး ငါက မင်းရဲ့သခင်ဖြစ်သွားပြီ"
လုယွီက မှော်ခရုသင်းအား ပြန်လည်သိမ်းဆည်းလိုက်တော့သည်။
သူသည် အတိတ်ဘဝတုန်းက ဗုဒ္ဓနည်းစနစ်များအား ကျင့်ကြံခဲ့ခြင်းမရှိသော်လည်း သူ တက်ကျွမ်းခြင်းမရှိသည်တော့မဟုတ်ပေ။
မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေအား အုပ်ချုပ်စဥ်က သူထံသို့ ဗုဒ္ဓ၏မြင့်မြတ်ကုန်းမြေမှ ဘုန်းတော်ကြီးတစ်ပါး ရောက်လာခဲ့ဖူးသည်။ထိုဘုန်းတော်ကြီးသည် မြေအောက်လောကအား ဖြတ်သန်းသွားရန် ကြံရွယ်ထားခြင်းဖြစ်သည်။
လုယွီသည် ထိုဘုန်းတော်ကြီးနှင့် နှစ်ပေါင်းများစွာကြာအောင် တာအိုဝါဒများကို တိုင်ပင်ဆွေးနွေးခဲ့သဖြင့် သူက ဗုဒ္ဓ၏ကျင့်ကြံနည်းစနစ်များအကြောင်းကို များစွာသိရှိခဲ့ရသည်။
"အဲ့ဒီကိုယ်တော် ဘာဖြစ်သွားလဲဆိုတာ ငါ မသိဘူး"
လုယွီက အချိန်တခဏကြာတွေးတောပြီးနောက် ချက်ချင်းပင် သူ၏အတွေးများအား ရှင်းလင်းလိုက်၏။
ထို့နောက် သူက ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံနေတော့သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များသည် တိမ်မျှင်များရွေ့လျားပြီး ရေများစီးဆင်းနေသကဲ့သို့ ချောချောမွေ့မွေ့စီးဆင်းနေသည်။
သူ၏မှော်လက်နက်များအားလည်း ပြန်လည်ပြင်ဆင်ပြီးလေပြီ။သူ၏နောက်ထပ်ခြေလှမ်းသည် အလျှင်အမြန်ကျင့်ကြံပြီး ကောင်းကင်ဘုံလမ်းကြောင်းသို့ ဝင်ရောက်နိုင်ရန်ပင်။
လုယွီ၏ယူဆချက်အရ သူသည် ဤကြယ်နယ်မြေ၏အခြေအနေအား အကြမ်းဖျင်းခန့်မှန်းမိသည်။ဤကြယ်နယ်မြေသည် ဝေးလံခေါင်သီပြီး ရှေးလူမျိူးတို့၏နယ်မြေဖြစ်သည်။တခြားတနည်းပြောဆိုရလျှင် ဤကြယ်နယ်မြေအားအုပ်ချုပ်သည့် နယ်မြေသခင်မရှိချေ။
ဤနေရာရှိ မိုးကောင်းကင်တာအိုသည် အလွန်အားပျော့သဖြင့် ကျင့်ကြံသူတစ်ယောက်သည် သိုင်းသူတော်စင်နယ်ပယ်အား ချိုးဖျက်ရန်မဖြစ်နိုင်ချေ။အကယ်၍ ထိုကျင့်ကြံသူသည် သိုင်းသူတော်စင်အဆင့်ထက်မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လိုပါက ကောင်းကင်ဘုံနယ်မြေသို့ သွားရပေမည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌ စိတ်ဝိညာဥ်စွမ်းအင်များသည်လည်း အလွန်ကျဲပါးသည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး သူ့အတွေးများအား ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်၏။သူက ပလ္လင်ခွေထိုင်ပြီး တခဏအကြာတွင် စတင်၍ကျင့်ကြံလိုက်တော့သည်။
သူ အသက်ရှုလိုက်တိုင်းတွင် စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများပါဝင်နေပြီး သူက ဝင်လေထွက်လေရှုနေစဥ်တွင် စိတ်ဝိညာဥ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်း၌လှည့်ပတ်နေပြီး ကျင့်ကြံမှုအား ကျစ်လျစ်သိပ်သည်းစေသည်။
တစ်ရက်....နှစ်ရက်...
လုယွီနှင့်ပိုင်ဆုချင်အပြင် ကြိုးကြာဖြူတောင်မှ တပည့်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေကြ၏။
ငါးရက်မြောက်နေ့...ညအချိန်၌...
ဥယျာဥ်အတွင်းရှိ ကြိုးကြာဖြူများသည် လေထုအတွင်း၌ ရှေ့နောက်ပျံဝဲနေပြီး ရေအိုင်အနီးမှ ပုစဥ်းရင်ကွဲအော်သံများလည်း ကြားနေရသည်။
ကြိုးကြာဖြူတစ်ကောင်သည် ရေအိုင်အစွန်း၌ ထိုင်ပြီးအနားယူနေပေ၏။ရုတ်တရက် ၎င်းက တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် ဥယျာဥ်၏ထောင့်တစ်နေရာကိုကြည့်ကာ တီးတိုးအော်ဟစ်လိုက်သည်။
ကျီ...ကျီ...
တိုးညှင်းသော ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာပြီးနောက် ထိုကြိုးကြာဖြူ၏လည်ပင်းအား တစ်စုံတစ်ယောက်က ချိုးလိုက်ပုံဖြင့် အသံရပ်တန့်သွားသည်။
ဥယျာဥ်ထောင့်တစ်နေရာမှ အနက်ရောင်လူရိပ်တစ်စုသည် ခန်းမအတွင်းရှိအခန်းတစ်ခန်းထံသို့ဦးတည်၍ တရွေ့ရွေ့သွားနေသည်။
ဤသည်က ပိုင်ဆုချင် နေထိုင်သော အခန်းဖြစ်ပေ၏။
တစ်ချိန်တည်းမှာပင် ပလ္လင်ခွေထိုင်ပြီးကျင့်ကြံနေသော လုယွီ၏မျက်လုံးများ ရုတ်တရက်ပွင့်သွားသည်။
"သေလမ်းရှာနေကြတာပဲ"
လုယွီ၏မျက်လုံးများအတွင်းမှ အေးစက်စက်အလင်းရောင်များထွက်ပေါ်လာသည်။ထို့နောက် သူက တံခါးမှထွက်ကာ ဥယျာဥ်အတွင်းသို့ ချက်ချင်းရောက်ရှိသွား၏။
ဥယျာဥ်အတွင်း၌ ကြိုးကြာဖြူအသေကောင်များ ပြန့်ကျဲနေသည်။
ကျွီ...ကျွီ....
ပိုင်ဆုချင်၏အခန်းတံခါးပွင့်နေပြီး လေတိုက်ခတ်မှုကြောင့် ရှေ့နောက်လွှဲယမ်းနေပေ၏။
လုယွီက အခန်းအတွင်းသို့ ချက်ချင်းပြေးဝင်လိုက်သည်။
သူ ဝင်ရောက်လိုက်သည်နှင့် အလွန်ကျယ်ဝန်းသော ခန်းမတစ်ခုအတွင်းသို့ရောက်ရှိသွားသည်။ခန်းမ၏ကြမ်းပြင်ပေါ်၌ ထိုက်ကျိအမှတ်အသားများရေးဆွဲထားပြီး ခန်းမနံရံများပေါ်တွင်လည်း နက်နဲသိမ်မွေ့သော အဆောင်သင်္ကေတများနှင့်ဂါထာမန္တန်များကို ရေးထွင်းထားသည်။
သူ အနီးကပ်ကြည့်ရှုလိုက်ချိန်တွင် အဆောင်သင်္ကေတများနှင့်ဂါထာမန္တန်များ ပျက်စီးနေပြီဖြစ်ကြောင်းကို တွေ့မြင်မိသည်။
ဤပတ်ဝန်းကျင်၌ ရှေးဟောင်းနတ်ဆိုးများ၏အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။
လုယွီက အခန်းအတွင်းသို့ ဆက်လက်၍ဝင်လိုက်သည်။ကြမ်းပြင်ပေါ်ရှိ အကာအကွယ်ဝင်္ကပါများလည်း ပျက်စီးသွားပြီဖြစ်ရာ အရှုပ်အထွေးများက နေရာအနှံ့ရှိနေသည်။
"ဟမ့်"
အခန်း၏ချောင်ကျသောနေရာမှ အေးစက်စက်နှာမှုတ်သံတစ်သံထွက်ပေါ်လာသည်။
ပိုင်ဆုချင်သည် အိပ်ယာပေါ်၌လဲလျောင်းပြီး တွန့်လိမ်နေကာ သူမက အလွန်အမင်းနာကျင်နေသကဲ့သို့ သူမ၏မိုးမခပင်ပုံမျက်ခုံးများကို တင်းတင်းကျပ်ကျပ်စုထားသည်။
Chapter 707
လုယွီက အခန်းအတွင်းသို့ဝင်ရန်ကြံရွယ်လိုက်သော်လည်း သူက ချက်ချင်းမလှုပ်ရှားသေးချေ။
လုယွီက ရှေးဦးစွာ နံဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုကိ၏။သူက အခန်း၏ချောင်ကျသောနေရာရှိ အနက်ရောင်အရိပ်ကိုမြင်ချိန်တွင် ချက်ချင်းပင် သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။
"မင်းက ဒီနေရာမှာပုန်းနေတာနဲ့ ငါ မမြင်တော့ဘူးလို့ ထင်နေတာလား"
လုယွီက လက်ဖျောက်တစ်ချက်တီးလိုက်၏။
လေစိမ်းတစ်ချက်တိုက်ခတ်လာပြီး အိပ်ယာအနီးရှိလိုက်ကာ မြောက်တက်သွားသည်။
လိုက်ကာ၏နောက်တွင် အနက်ရောင်အရိပ်တစ်ရိပ်ရှိနေသည်။ထိုအရိပ်ထံမှ အေးစက်စက်အလင်းရောင် ဖြာထွက်နေပေ၏။
"ကောင်လေး...မင်း သေချင်နေတာလား...ထွက်သွားစမ်း"
အနက်ရောင်အရိပ်က အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။
လုယွီ၏အမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ရှေ့သို့ခြေတစ်လှမ်းတက်ကာ ပြောဆိုလိုက်၏။
"ငါ မြင်တာတော့ မင်းကမှသေချင်နေတာပဲ...သူတော်စင်အုပ်ချုပ်သူအဆင့်နဲ့များ ငါရှေ့မှာလာပြီး ထွက်ပေါ်လာဝံ့တယ်ပေါ့"
ယခင်တုန်းက လုယွီ သဘာဝလွန်စွမ်းအင်နယ်ပယ်တွင်ရှိနေစဥ်၌ ရှေးဟောင်းနတ်ဆိုးများ၏သူတော်စင်အုပ်ချုပ်သူအား ရင်ဆိုင်ရန် အလွန်ခက်ခဲခဲ့သည်။
သို့သော် ယခုလက်ရှိအချိန်တွင် လုယွီက ဥာဏ်အလင်းပွင့်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
အကယ်၍ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်နှင့်ပင် ဆုံတွေ့ ပါက လုယွီသည် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားရှိသဖြင့် သူရှေ့ရှိ သူတော်စင်အုပ်ချုပ်သူလောက်ကို ဖော်ပြရန်ပင်မလိုချေ။
"ငါ မင်းကို အလွတ်ပေးရဲ့သားနဲ့ မင်းကိုယ်တိုင်ကကို သေချင်နေတာ...ငါ့ကိုအပြစ်မတင်နဲ့"
အနက်ရောင်အရိပ်က စတင်၍တုန်ရီလာပြီးနောက် အခန်းတစ်ခန်းလုံး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်သွားသည်။
ယခုလက်ရှိချိန်တွင် ရှေးဟောင်းနတ်ဆိုးအုပ်ချုပ်သူသူတော်စင်သည် ပိုင်ဆုချင်အား တိတ်တဆိတ်သေဆုံးသွားရန် ရည်ရွယ်နေပေ၏။
သို့ရာတွင် လုယွီက သူ၏ရည်ရွယ်ချက်အား သိရှိသွားသည်။
"ဟူး....."
အရိပ်တုန်ရီနေသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိလေထုသည် အလွန်အမင်းအေးစက်လာသည်။
မြောက်များစွာသော ရေခဲသလင်းကျောက်များသည် လေထုအတွင်း မျောလွင့်နေပေ၏။ယခင်က ခန်းမ၏အလယ်ဗဟို၌ ရေအိုင်တစ်အိုင်ရှိသော်လည်း ယခုလက်ရှိချိန်တွင်မူ အလျှင်အမြန်အေးခဲနေသည်။
"လီထောင်ပေါင်းများစွာ အေးခဲခြင်း"
အေးစက်စက်အော်ရာလှိုင်းက လုယွီထံသို့ ကျရောက်လာသည်။
လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။သူက မူလရှိနေရာ၌ မတ်တတ်ရပ်နေဆဲဖြစ်ပြီး လက်နောက်ပစ်အနေအထားဖြင့် အမူအယာမပျက်နေနေပေ၏။
"မင်းတို့ရှေးဟောင်းနတ်ဆိုးတွေရဲ့ သေလမ်းရှာတဲ့အကျင့်က မပြောင်းလဲဘူးပဲ"
သူ၏မိတ်ဆွေဟောင်းကို တွေးမိသည်နှင့် လုယွီက စ်တ်မထိန်းချုပ်နိုင်တော့ဘဲ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ညှိုးထိပ်မှ ရွှေရောင်မီးတောက်ထွက်ပေါ်လာသည်။
အဆုံးအစမရှိသောဖိအားအော်ရာသည် လုယွီ၏ခန္ဓာကိုယ်ကိုဗဟိုပြု၍ အဘက်ဘက်သို့ပျံ့နှံ့သွားသည်။
လုယွီအား ကြည့်ရသည်မှာ လောကကြီးအတွင်းသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်တူညီနေသည်။သူသည် ရန်သူနှင့် ရင်ဆိုင်နေရသည့်တိုင် တည်ငြိမ်နေပေ၏။
ဝုန်း....
အော်ရာနှစ်ခု အပြင်းအထန်ရိုက်ခတ်မိချိန်တွင် ရှေးဟောင်းနတ်ဆိုး ထုတ်လွှက်ထားသော ရေခဲလွှာများသည် ရွှေရောင်မီးတောက်နှင့် ထိတွေ့မိချိန်၌ ချက်ချင်းပင် အရည်ပျော်သွားသည်။
လုယွီက ရပ်တန့်ခြင်းမရှိဘဲ မြေပြင်ပေါ်၌ ခြေဆောင့်နင်းလိုက်၏။သူ နင်းလိုက်သောမြေပြင်သည် နက်ရှိုင်းသောကျင်းကြီးတစ်ကျင်း ဖြစ်သွားသည်။
"ကိုယ်ထင်ပြစမ်း"
လုယွီက သူ၏ နဂါးလက်သည်းနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် ဧရာမအနက်ရောင်လက်သည်းကြီးက အနက်ရောင်မြူခိုးများထံ တိုးဝင်သွားပြီး အရိပ်တစ်ရိပ်အား ဖမ်းဆုပ်လိုက်၏။
ထိုလူရိပ်သည် အလွန်ကြီးမားပြီး လူဘီလူးတစ်ကောင်နှင့်တူညီနေသည်။ဤမျှထိ ကြီးမားသောခန္ဓာကိုယ်ကြီးနှင့် အနက်ရောင်မြူခိုးထုအတွင်း ရောယှက်နေသည်မှာ ပုံဖော်ကြည့်ရန်ပင် ခက်ခဲပေ၏။
လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။သူက သူရှေ့ရှိ လူအား အမှတ်ရသွား၏။ထိုလူသည် နဂါးတံခါး၌ တပည့်ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သော အတွင်းစည်းတပည့်တစ်ယောက်ပင်။
သူ၏ခန္ဓာကိုယ်သည် မူလကတည်းက ဝဖြိုးသးတစ်ယောက်ဖြစ်သော်လည်း ယခုလောက်ထိ ထိတ်လန့်တုန်လှုပ်ဖွယ် ကြီးမားခြင်းမရှိပေ။
"မင်းက ဘယ်သူလဲ"
လုယွီ၏ဖမ်းဆီးခြင်းခံရသူက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်မေးမြန်းလိုက်၏။ထိုသူ၏အသံသည် အလွန်အက်ရှရှဖြစ်နေသည်။
ညသန်းခေါင်ယံ၌ ဇီးကွက်တစ်ကောင်အော်မြည်သကဲ့သို့ တစ်စုံတစ်ယောက်၏စိတ်နှလုံးသားကို တုန်ရီသွားစေသော အသံမျိုးဖြစ်သည်။
လုယွီ၏အမူအယာက တည်ငြိမ်နေဖြစ်ပြီး သူ၏လက်ညှိုးဖြင့် လူဘီလူကြီး၏မျက်ခုံးနှစ်ခုကြားကို ညင်သာစွာထိတွေ့လိုက်သည်။
ဘန်း...
လူဘီလူးကြီး၏မျက်ခုံးကြား၌ အနက်ရောင်သွေးစို့ရာအပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားသည်။
ထိုလူ၏ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဆိုး၏အပိုင်စီးခြင်းခံထားရလေ၏။သူ၏မူလစိတ်ဝိညာဥ်အား ဝါးမြိုခြင်းခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေပေပြီ။ယခုလက်ရှိအချိန်၌ ထိုလူသည် ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်သည်။
ဝှစ်....
မျက်ခုံးနှစ်ခုကြားမှ အနက်ရောင်အရိပ်တစ်ရိပ် ရုတ်တရက်ထွက်ပေါ်လာပြီး လုယွီထံသို့ ခုန်အုပ်လိုက်၏။
"မင်းရဲ့လတ်ဆတ်တဲ့ခန္ဓာကိုယ် ငါ့ကိုပေးစမ်း"
အနက်ရောင်အရိပ်ထံမှ ရက်စက်ကြမ်းတမ်းပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အသံနက်ကြီး ထွက်ပေါ်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူက လုယွီ၏ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားတော့သည်။
ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောဖိအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစမ်းရေအိုင်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး အနက်ရောင်အရိပ်အား ဖိနှိပ်လိုက်၏။
"မင်းက သန်မာလှချည်လား...ဒါပေမယ့် မင်း သူကို ဘယ်လိုမှ ခုခံတွန်းလှန်နိုင်မှာမဟုတ်ဘူး...ကျွတ်...ကျွတ်...မင်းက အနှေးနဲ့အမြန်သေဆုံးရမှာပဲ...ငါရဲ့ဘိုးဘေး ပြန်ရှင်သန်လာတဲ့နေ့ကျရင် ငါတို့အားလုံးပြန်ဝင်စားရမှာပဲ"
ရှေးဟောင်းနတ်ဆိုးက ဖိနှိပ်ခံနေရသောအချိန်မှာပင် စူးရှရှရယ်မောနေပေသည်။
လုယွီက တည်ငြိမ်နေဆဲဖြစ်ပြီး ရှေးဟောင်းနတ်ဆိုးအား ဆက်လက်၍ဖိနှိပ်နေသည်။
ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းနတ်ဆိုး၏စိတ်ဝိညာဥ်သည် လုယွီ၏နတ်ဘုရားစမ်းရေအိုင်ကြောင့် ပြိုကွဲသွားပြီး သန့်ရှင်းသောမှော်စွမ်းအားများအဖြစ်သို့ပြောင်းလဲသွားကာ သူ၏ကိုယ်တွင်းကလီစာများအတွင်းထိ စီးဝင်သွားသည်။
"ရှေးဟောင်းနတ်ဆိုးတွေကို ဝါးမြိုတာက ငါ့ရဲ့ကျင့်ကြံဆင့်ကို တကယ်တိုးတက်စေတာပဲ....ဒီသူတော်စင်အုပ်ချုပ်သူအဆင့်က ငါ ကျင့်ကြံမှုကို တစ်လလောက်သက်သာသွားစေတယ်"
လုယွီ၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။
နတ်ဆိုးချိတ်ပိတ်သူ၏ကျင့်ကြံဆင့် အလျှင်အမြန်တိုးတက်လာသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
"ကြည့်ရတာတော့ ငါက နတ်ဆိုးချိတ်ပိတ်သူနဲ့ တူညီတဲ့လမ်းကြောင်းကို လျှောက်လှမ်းရမယ့်ပုံပဲ"
လုယွီက ခါးသက်သက် ပြုံးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ့အတွက် ကျင့်ကြံရန်လမ်းကြောင်းသစ်တစ်ခုပင်။
ထိုအချိန်မှာပင် တိုးညှင်းသောညည်းတွားသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။
Chapter 708
လုယွီက လှည့်ကြည့်လိုက်ရာတွင် အိပ်ယာထက်၌ ဖြူရော်နေသောမျက်နှာနှင့် လဲလျောင်းနေသော ပိုင်ဆုချင်ကို တွေ့မြင်မိသည်။
သူမက အဖြူရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။ထို့အစား သူမက အဖြူရောင်ပိတ်ကျဲအင်္ကျီကိုသာ ဝတ်ဆင်ထားရာ သူမ၏အချိုးအစားကျသော ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်နေသည်။
ပိုင်ဆုချင်သည် အလွန်ချောမောလှပသူဖြစ်သည့်အပြင် အရည်အချင်းထူးချွန်သူလည်းဖြစ်ပြီး သူမ၏အဆင့်အတန်းသည် အထက်တန်းကျပေ၏။သူမ၏မျက်ခုံးကြား၌ ပြင်းထန်သောညှို့ဓာတ်ရှိနေသည်။
လုယွီ၏မျက်လုံးအကြည့်က တည်ငြိမ်နေပြီး သူထံ၌ ဖောက်လွဲဖောက်ပြန်အတွေးများရှိမနေချေ။သူ၏စိတ်သည် တည်ငြိမ်နေပြီး စိတ်စွမ်းအားသည်လည်း ခိုင်မာပေ၏။မည်သည့်ပြင်ပသွေးဆောင်မှုကမျှ သူ့အား သက်ရောက်စေမည်မဟုတ်ချေ။
လုယွီ၏မျက်လုံးအကြည့်က ပိုင်ဆုချင်ထံသို့ ကျရောက်သွားသည်။
"ဒါက အိမ်မက်မက်နေရင်းနဲ့ သေသွားစေနိုင်တဲ့ ကျိန်စာပါလား...တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့သူတွေပဲ"
လုယွီက တီးတိုးရေရွတ်လိုက်၏။
ရှေးဟောင်းနတ်ဆိုးများသည် ဤနေရာသို့ သူတော်စင်အုပ်ချုပ်သူအဆင့်အား ပို့ဆောင်လိုက်ကြခြင်းမှာ တခြားသူများသတိပြုမိသွားမည်ကို စိုးရွံသောကြောင့် ဖြစ်ပေမည်။
သူတော်စင်အုပ်ချုပ်သူသည် သတိကြီးစွာထားပြီး သူက စိတ်ချရဆုံးနည်းလမ်းဖြစ်သော ကျိန်စာတိုက်ခြင်းကို ပိုင်ဆုချင်အား သက်ရောက်စေသည်။
ဤသည်က အိမ်မက်ဝိညာဥ်မန္တန်ဖြစ်ပြီး အလွန်ရက်စက်ယုတ်မာသော ကျိန်စာမန္တန်ဖြစ်ပေ၏။
ထိုကျိန်စာမိထားသူသည် အိမ်မက်ဆိုးတစ်ခုအတွင်းသို့ ကျရောက်သွားပေမည်။မည်မျှအစွမ်းထက်သော ကျင့်ကြံသူဖြစ်ပါစေ အိမ်မက်အတွင်း၌ အစွမ်းအစရှိမည်မဟုတ်ချေ။
သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူများပင်လျှင် အိမ်မက်ကမ္ဘာအတွင်း၌ အလွန်အမင်းအားနည်းသွားပေ၏။
အိမ်မက်ဝိညာဥ်မန္တန်ကျိန်စာသည် လူတစ်ယောက်အား ထိတ်လန့်တုန်လှုပ်ဖွယ် အဆုံးမရှိသော အိမ်မက်ဆိုးများအတွင်းသို့ ကျရောက်သွားပြီး သေဆုံးသည်အထိဖြစ်စေသည်။
ထို့ပြင် ကျိန်စာမိထားသူအား လှုပ်နှိုးလိုက်ပါက ထိုသူ၏စိတ်ဝိညာဥ်သည် အိမ်မက်ကမ္ဘာအတွင်း၌သာ ကျန်ရစ်နေဆဲဖြစ်ပြီး မည်သည့်အချိန်မျှနိုးထလာနိုင်ခြင်း မရှိတော့ဘဲ နောက်ဆုံး၌ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သွားပေမည်။
"တကယ်လို့ တစ်ယောက်ယောက်ကသာ သူ့ကိုတွေ့သွားမယ်ဆိုရင်...ချက်ချင်း သူကိုနှိုးပစ်မှာ သေချာတယ်...အဲ့ဒီအချိန်ကျရင် ပိုင်ဆုချင် ဘယ်လောက်သန်မာနေပါစေ သူက ရှေးဟောင်းနတ်ဆိုးတွေရဲ့ရုပ်သေးရုပ်ဖြစ်သွားမှာပဲ"
လုယွီ၏အတွေးများ ပို၍နက်နဲလာလေလေ သူ၏စိတ်နှလုံးသားများ ပို၍လေးလံလာလေလေပင်။
ထိုရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနယ်မြေ၌ပင် ဤကိစ္စများအားကျူးလွန်ရာ၌ ထူးချွန်သူများဖြစ်သည်။ယခုဖြစ်ရပ်နှင့်အလားတူကိစ္စများအား မည်မျှထိကျူးလွန်ထားပြီးဖြစ်ကြောင်းကို သူ မသိရှိချေ။
"ကံဆိုးချင်တော့ မင်းတို့က ငါနဲ့မှ တဲ့တဲ့တိုးတာကိုး"
လုယွီ၏လက်ဝါးအတွင်းမှ သန့်ရှင်းစင်ကြယ်သော အဖြူရောင်အလင်းတန်းထွက်ပေါ်လာသည်။
ဤသည်က ကွန်ဖြူးရှပ်တာအိုဥပဒေသပင်။
ကွန်ဖြူးရှပ်တာအိုဥပဒေသသည် ဖြောင့်မတ်မှန်ကန်ခြင်းကိုကိုယ်စားပြုပြီး မြင့်မြတ်သောအော်ရာများက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
"မဟာအိမ်မက်နှလုံးသားမန္တန်....."
လုယွီက လျှို့ဝှက်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီးနောက် သူ၏စိတ်ဝိညာဥ်သည် ခန္ဓာကိုယ်မှထွက်လာကာ ပိုင်ဆုချင်၏နံဘေးနားသို့ လျှောက်လှမ်းသွားလိုက်သည်။
သူက ပိုင်ဆုချင်နှင့်နီးကပ်လာသည်နှင့်အမျှ သူမသည် ကလေးငယ်တစ်ယောက်နှင့်တူညီသည်ကို သိနားလည်ခဲ့မိသည်။
သူမကိုကြည့်ရသည်မှာ အလွန်အမင်းထိတ်လန့်တုန်လှုပ်နေပုံရပြီး သူမ၏ပါးပြင်ပေါ်၌ မျက်ရည်စီးကြောင်းနှစ်ကြောင်းပင် ရှိနေသည်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်နေပြီး တွန့်လိမ်နေပေ၏။
"ကောင်းပြီလေ...ဒါက ပြီးသွားတော့မှာပါ"
လုယွီက သူ၏စိတ်ဝိညာဥ်ကို ပိုင်ဆုချင်၏စိတ်အတွင်းသို့ စေလွှက်လိုက်သည်။
ဤကဲ့သို့ စိတ်ဝိညာဥ်ဖြင့်အိမ်မက်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခြင်းသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာပင် အကောင်းဆုံးနည်းစနစ်တစ်ခုဖြစ်သည်။
ဤနည်းစနစ်ကြောင့် ကျိန်စာမိသူ၏ခွန်အားသာ အလုံအလောက်သန်မာမှုရှိပါက ဆိုးကျိုးဖြစ်ပေါ်မည်မဟုတ်ဘဲ ထိုသူ၏စိတ်ဝိညာဥ်အား ပို၍သန်မာလာစေရန် အထောက်အပံပင်ဖြစ်သွားပေမည်။
အချိန်တခဏအတွင်းမှာပင် လုယွီက ပိုင်ဆုချင်၏အိမ်မက်အတွင်းသို့ ရောက်ရှိသွားသည်။
ကောင်းကင်ယံက ညို့မှိုင်းနေပေ၏။ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ တောင်တန်းကြီးများသာရှိနေသည်။
မရေမတွက်နိုင်သော တောင်ထိပ်များက တစ်ခုနှင့်တစ်ခု ဆက်သွယ်နေပြီး သစ်ပင်ကြီးများက နေပြောင်ပင်ထိုး၍မရသည်အထိ စိမ်းလန်းစိုပြေပြီး ကြီးမားလှသည်။
လုယွီက ပိုင်ဆုချင်၏စိတ်ဝိညာဥ်ရှိနေသောနေရာကို ခံစားမိသည်။
ပိုင်ဆုချင်သည် မိုးရေများအတွင်း၌ တုန်ရီစွာထိုင်နေပေ၏။သူမနှင့်မလှမ်းမကမ်းအကွာအဝေးတွင် အိမ်ပျက်တစ်လုံးရှိနေသည်။
ထိုအိမ်တွင် မီးများစွဲလောင်နေဆဲဖြစ်ပြီး မီးတောက်များသည် မှော်စွမ်းအားများဖြင့် ရောယှက်နေသဖြင့် မိုးရွာနေသည့်တိုင် ငြိမ်းသေသွားခြင်းမရှိချေ။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌လည်း စူးရှရှအသံများထွက်ပေါ်နေသည်။
ထိတ်လန့်တကြားအော်ဟစ်သံများ တိုးညှင်းသောညည်းတွားသံများနှင့် ထူးဆန်းသောဟိန်းဟောက်သံများကို တစ်ချိန်တည်းကြားနေရ၏။
ပိုင်ဆုချင်၏လက်အတွင်း၌ ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ဆောင်ထားသည်။
ညသန်းခေါင်ယံရွာသွန်းနေသောမိုးများကြား၌ ပိုင်ဆုချင်၏လက်အတွင်းရှိရွှေရောင်အဆောင်လက်ဖွဲ့ကသာလျှင် အလင်းရောင်ထွက်ပေါ်နေသည်။
"မင်းကို ရင်းနှီးနေတယ်လို့ ငါ ထင်နေတာ အံ့အားသင့်စရာမရှိပါဘူး...မင်းက ဒီမှါရှိနေတာပဲ"
လုယွီက တီးတိုးရေရွတ်နေပြီး သူ၏မျက်နှာအမူအယာသည် နူးညံညင်သာနေသည်။
ထိုအချိန်တခဏတွင် သူ၏သိုလှောင်အိတ်အတွင်းမှ ပူလောင်သောအော်ရာကို ခံစားမိခြင်းဖြစ်သည်။ဤအော်ရာကို ကျောက်စိမ်းဆွဲသီးမှ ထုတ်လွှက်နေခြင်းပင်။
လုယွီက ပိုင်ဆုချင်လက်အတွင်းမှ အဆောင်လက်ဖွဲ့ကို အလွန်ပင် ရင်းနှီးကျွမ်းဝင်နေ၏။ဤသည်က နတ်ဆိုးချိတ်ပိတ်သူ ပြုလုပ်ထားခြင်းဖြစ်သည်။
ပိုင်ဆုချင်...
သူမက နတ်ဆိုးချိတ်ပိတ်သူ၏သမီးဖြစ်နေသည်။
Chapter 709
"သူ့ကို စားကြရအောင်"
"ငါ သူ့ရဲ့ခန္ဓာကိုယ်က လတ်ဆတ်တဲ့အသွေးအသားတွေကို ခံစားမိတယ်"
"ငါ ဆာလောင်မွတ်သိပ်နေတာ အချိန်အတော်ကြာနေပြီ...ဒီလို အရသာရှိတဲ့ အသွေးအသားကိုမတွေ့ရတာ ကာလဘယ်လောက်ရှည်ကြာနေမှန်းတောင် မသိတော့ဘူး"
ပိုင်ဆုချင်၏အိမ်မက်အတွင်း၌ အုံ့မှိုင်းနေသောကောင်းကင်ယံမှနေ၍ သရဲတစ္ဆေများ၏ညည်းတွားသံများ ကြားနေရသည်။
ဤသည်က ရှေးဟောာင်းနတ်ဆိုးများ၏အုပ်ချုပ်သူသူတော်စင် ဖန်တီးထားသော အိမ်မက်ဝိညာဥ်မန္တန်ဖြစ်ပေ၏။
ပိုင်ဆုချင်၏လက်အတွင်းတွင် ရွှေရောင်အဆောင်လက်ဖွဲ့ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော်လည်း သူမ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ရီနေသည်။
ဤအိမ်မက်ကမ္ဘာအတွင်း၌ သူမကိုယ်သူမ ကာကွယ်နိုင်ရန် ကြိုးစားနေခြင်းမှာ သိသာထင်ရှားသည်။
အကယ်၍သာ သူမကိုယ်သူမ ကာကွယ်နိုင်စွမ်း ဆုံးရှုံးသွားပါက သူမ၏စိတ်ဝိညာဥ်သည် အိမ်မက်ဝိညာဥ်မန္တန်၏လွှမ်းမိုးခြင်းအား ခံရပေမည်။
ဤအချိန်တခဏမှာပင် လုယွီက ရုတ်တရက်ထွက်ပေါ်လာသည်။
သူ ခြေလှမ်းချလိုက်သည်နှင့် အနက်ရောင်မြူခိုးထုကြီး၏အာရုံစူးစိုက်မှုကို ချက်ချင်းခံလိုက်ရသည်။
အနက်ရောင်မြူခိုးထုကြီးထံမှ မရေမတွက်နိုင်သောအေးစက်စက်မျက်လုံးအစုံများ တောက်ပလာပြီး လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေကြ၏။
"အရသာရှိမယ့် အသွေးအသားတစ်စ ထပ်ရောက်လာပြန်ပြီ...ဒါက ငါ့ဟာပဲ"
ရှေးဟောင်းနတ်ဆိုးတစ်ကောင်က လုယွီအား ခုန်အုပ်လိုက်သည်။
ထိုရှေးဟောင်းနတ်ဆိုး၏နောက်တွင် မြောက်များစွာသော လေလွင့်ဝိညာဥ်များရှိပြီး လုယွီထံသို့ တရကြမ်းပြေးဝင်လာကြ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ရှေ့၌ မြောက်များစွာသော ရှေးဟောင်းနတ်ဆိုးများ ဖရိုဖရဲလှုပ်ရှားနေကြသည့်အပြင် သူတို့၏ခြေစွယ်လက်စွယ်များကို ဝှေ့ယမ်း၍ ထိတ်လန့်တုန်လှုပ်ဖွယ်အော်ဟစ်နေပေသည်။
"နတ်ဆိုး အမြစ်ပြတ်သုတ်သင်ခြင်း"
လုယွီ၏ပါးစပ်မှ ရွတ်ဆိုလိုက်သည်နှင့် အဖြူရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အဘက်ဘက်သို့ပျံ့နှံ့သွားသည်။
ထိုအဖြူရောင်အလင်းတန်းတွင် နှိုင်းယှဥ်ပြစရာမရှိသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒရောယှက်ပါဝင်နေပြီးနောက် မြေပြင်ပေါ်ရှိ အုတ်ချပ်နှင့်ကျောက်တုံးများ လန်ပြန်ပြီး လွင့်ထွက်သွားပေ၏။
ဤသည်က အိမ်မက်ကမ္ဘာအတွင်းရှိ ထင်ယောင်ထင်မှားမြင်ကွင်းတစ်ခုဖြစ်သော်လည်း လုယွီက အခြေအနေအား ပြောင်းပြန်လှန်ပစ်လေသည်။
ဝုန်း...ဝုန်း....
ဆက်တိုက်ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့်အတူ ရှေးဟောင်းနတ်ဆိုးဝိညာဥ်များအားလုံး သေဆုံးကုန်ကြ၏။
တစ်ချိန်တည်းမှာပင် အိမ်မက်ကမ္ဘာတစ်ခုလုံး ပြိုကွဲစပြုလာသည်။
"သွားကြစို့"
လုယွီက ခြေလှမ်းရှေ့တိုးပြီး ပိုင်ဆုချင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်တော့သည်။
ပိုင်ဆုချင်က အနည်းငယ်ကြက်သေသေနေဆဲပင်။သူမ၏စိတ်ဝိညာဥ်သည် မိန်းမောတွေဝေနေဆဲဖြစ်၍ သူမ၏အသိစိတ်များသည် ဝေဝေဝါးဝါးဖြစ်နေသည်။
စိတ်ရှုပ်ထွေးနေပုံရသော ပိုင်ဆုချင်က မေးမြန်းလိုက်သည်။
"နင်က....."
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး နတ်ဆိုးချိတ်ပိတ်သူ၏ကျောက်စိမ်းဆွဲပြားအတွင်းသို့ သူ၏စိတ်ဝိညာဥ်စွမ်းအားများကို ထည့်သွင်းလိုက်၏။
ပိုင်ဆုချင်က နတ်ဆိုးချိတ်ပိတ်သူ၏အော်ရာအား အာရုံခံမိသောအချိန်တခဏတွင် သူမက သတိဝီရိယထားနေခြင်းအား လျှော့ချလိုက်သဖြင့် သူမ၏အိမ်မက်အတွင်းမှ လုယွီ၏ဆွဲထုတ်ခြင်း ခံလိုက်ရတော့သည်။
ဤသည်က အိမ်မက်ဆိုးတစ်ခုပင်။
လုယွီ၏ဆွဲထုတ်ခြင်းခံရပြီးနောက် ပိုင်ဆုချင်သည် အလွန်သာယာကြည်နူးဖွယ်ကောင်းသော အိမ်မက်အတွင်း နစ်မြုပ်နေတော့သည်။
ဝှစ်...
သူမ၏စိတ်ဝိညာဥ်သည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာလေပြီ။
လုယွီက မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ခံစားမိသည်။
သူ၏ခန္ဓာကိုယ်မှ သူ့စိတ်ဝိညာဥ်စွန့်ခွါသွားချိန်တွင် သူက ပိုင်ဆုချင်အား မြေပြင်နှင့်ကပ်၍ ဖိထားမိပေ၏။
ပိုင်ဆုချင်၏သင်းပျံ့သောရနံ့သည် လုယွီ၏နှာခေါင်းအား ကလူကျီစယ်နေသည်။သူမက အိပ်မောကျနေသော်လည်း သူမ၏လက်များက လုယွီ၏အင်္ကျီအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။
ဤသည်က လုယွီ ထွက်ခွါသွားမည်ကို စိုးရွံနေသကဲ့သို့ပင်။
"သူ့က နတ်ဆိုးချိတ်ပိတ်သူရဲ့သမီးဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး....ကံဆိုးချင်တော့ နတ်ဆိုးချိတ်ပိတ်သူက သူ့ရဲ့ကျင့်ကြံမှုကို တိုးမြှင့်ဖို့အတွက် ကျိန်စာရဲ့ဒဏ်ကို ခံစားခဲ့ရတယ်...သူရဲ့အနားမှာရှိခဲ့တဲ့သူတွေတောင် အဆုံးသတ်မကောင်းကျဘူး...နတ်ဆိုးချိတ်ပိတ်သူက သူ့သမီးကိုကျိန်စာဒဏ်ခံစားရမှာစိုးလို့ ငယ်ငယ်ရွယ်ရွယ်နဲ့မောင်းထုတ်လိုက်တာပဲဖြစ်မယ်"
လုယွီက စိတ်အတွင်းမှနေ၍ သက်ပြင်းရှိုက်လိုက်သည်။
သူက ပိုင်ဆုချင်၏လက်မောင်းကို အသာအယာဆွဲဖယ်ပြီး သူမကို အိပ်ယာထက်၌ ညင်သာစွာလဲလျောင်းစေသည်။
"အမြဲလိုလို နှိမ့်ချပုန်းအောင်းပြီး နေတက်တဲ့ ရှေးဟောင်းနတ်ဆိုးတွေက ဂိုဏ်းထဲထိဝင်ပြီး ဘာလို့မဆင်မခြင်လုပ်နေလဲဆိုတာ ငါ အံ့အားသင့်နေမိတာ....ကြည့်ရတာတော့ နတ်ဆိုးချိတ်ပိတ်သူရဲ့သွေးမျိုးဆက်ကြောင့်ဖြစ်ပုံပဲ"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပသွားသည်။
နတ်ဆိုးချိတ်ပိတ်သူသည် တာယွီနိုင်ငံတော်အား တိုက်ခိုက်ခဲ့သဖြင့် အပြင်းအထန်ဒဏ်ရါရရှိခဲ့သည်။သူ သေဆုံးသွားရခြင်းမှာ လုယွီ၏အပြစ်မကင်းချေ။
"မြေအောက်လောကတာအိုသခင်ရဲ့အမိန့်တော်...သက်ရှိအားလုံး ဝင်ခွင့်မရအောင်ကောင်းကင်နဲ့မြေကြီးကို စည်းခတ်မယ်..."
လုယွီက မန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်ပြီး သူ၏လက်များကလည်း နံဘေးပတ်ဝန်းကျင်၌ သင်္ကေတတစ်ချို့ကို ရေးဆွဲလေသည်။
လေထုအတွင်း၌ လှိုင်းဂယက်များထလာပြီး ဧရာမဝင်္ကပါကြီးတစ်ခု ထွက်ပေါ်လာသည်။
Chapter 710
လုယွီ ခင်းကျင်းလိုက်သော ဝင်္ကပါကြီး၏အထက်၌ အနက်ရောင်အခိုးအငွေ့များ မျောလွင့်နေသည်။
ဤသည်က လုယွီ၏မြေအောက်လောက သတ်ဖြတ်ခြင်းဝင်္ကပါပင်။တာအိုသခင်အဆင့်ထိပ်သီးကျွမ်းကျင်သူများပင် ဤဝင်္ကပါအောက်၌ သေဆုံးရပေမည်။
ရှေးဟောင်းနတ်ဆိုးများနှင့်ရင်ဆိုင်ဖြေရှင်းရာ၌ လုယွီ၌ သနားငဲ့ညှာတက်သောစိတ်နှလုံးသားမျိုးမရှိချေ။
"မင်းတို့ ငါနဲ့ ဝေးဝေးနေတာပိုကောင်းလိမ့်မယ်...မဟုတ်လို့ကတော့ ငါ့ရဲ့ကျင့်ကြံဆင့်မြင့်မားလာတဲ့အချိန်ကျရင် မင်းတို့အားလုံးကို အမြစ်ပြတ်သုတ်သင်မယ်"
လုယွီက တီးတိုးရေရွတ်ပြီးနောက် အိပ်မောကျနေသော ပိုင်ဆုချင်ကို တစ်ချက်ကြည့်ကာ အခန်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။
ညအချိန်က ကုန်ဆုံးလွန်မြောက်သွားလေပြီ။
နောက်တစ်နေ့မနက်၌....
ပိုင်ဆုချင် အိပ်ပျော်နေရာမှ နိုးထလာစဥ်တွင် သူမက ကြောင်စီစီဖြစ်နေသောအမူအယာဖြင့် ထထိုင်လိုက်သည်။သူမ၏မျက်လုံးထောင့်၌ မျက်ရည်စအရိပ်အယောင်များ ရှိနေပေ၏။
ရုတ်ချည်းဆိုသလိုပင် သူမ၏မျက်လုံးများ အေးစက်သွားပြီး သူမ၏လက်ချောင်းများအား လှုပ်ခတ်လိုက်ရာတွင် မလှမ်းမကမ်းအကွာအဝေးရှိ ဓားရှည်က သူမလက်အတွင်းသို့ ရောက်ရှိလာသည်။
"မနေ့ညတုန်းက...ငါ့အခန်းထဲကို တစ်ယောက်ယောက်ဝင်လာတယ်"
ပိုင်ဆုချင်က အလွန်တည်ငြိမ်နေပေ၏။သူမ အိပ်ယာထချိန်၌ မည်သည့်ခံစားချက်မျှရှိမနေချေ။
သို့ရာတွင် သူမသည် မနေ့ညက အိမ်မက်ဆိုးအကြောင်းအား မှတ်မိနေဆဲပင်။
ထိုပိမ်မက်ဆိုးအတွင်း၌ အစွယ်များဖြဲ၍ သူမထံသို့ ဦးတည်လာသော မရေမတွက်နိုင်သည့် ကြောက်မက်ဖွယ် နတ်ဆိုးများအား တွေ့မြင်မိသည်။ ထိုနတ်ဆိုးများက သူမ၏စိတ်ဝိညာဥ်အား ဝါးမြိုရန် ကြိုးစားနေကြ၏။
ထိုအချိန်တုန်းက သူမသည် လှိုင်းလုံးများကြားမှ လှေငယ်တစ်စီးကဲ့သို့ ကူကယ်ရာမဲ့ ခံစားမိသည်။
သို့သော် အချိန်တခဏကြာပြီးနောက်တွင် သူမ၏ရှေ့၌ လူရိပ်တစ်ရိပ် ရုတ်တရက်ထွက်ပေါ်လာသည်။ထိုလူရိပ်သည် နတ်ဆိုးများအားလုံးကို ရှင်းလင်းသုတ်သင်ပြီး သူမအား အိမ်မက်ဆိုးအတွင်းမှ ဆွဲထုတ်ခဲ့သည်။
သူမ၏အမြင်၌ ထိုလူသည် ပြင်းထန်သောလေနှင့်သည်းထန်သောမိုးများကိုပင် ကာကွယ်တားဆီးပေးနိုင်သကဲ့သို့ မြင့်မြတ်ပြီး တုနှိုင်းဖွယ်မရှိသောသူဖြစ်ပေ၏။
"သူက သွားပြီလား"
ပိုင်ဆုချင်က ခန်းမ၏ကြမ်းပြင်ကို တစ်ချက်ကြည့်လိုက်သည်။ထိုနေရာ၌ ကျင်းနက်ကြီးတစ်ကျင်းရှိနေသည်။
ဤှသည်က ယမန်နေ့ညက လုယွီသည် ရှေးဟောင်းနတ်ဆိုးနှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။
မည်သူ ဖြစ်နိုင်သနည်း....။
ပိုင်ဆုချင်က ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။အခန်းအတွင်းရှိ အကာအကွယ်ဝင်္ကပါများပျက်စီးနေခြင်းကို သူမက သတိပြုမိပြီးဖြစ်သည်။သို့ရာတွင် အပျက်အစီးများကြား၌ ဝင်္ကပါအသစ်တစ်ခုရှိနေသည်။
ထိုဝင်္ကပါသည် အလွန်ရှုပ်ထွေးပြီး နက်နဲသိမ်မွေ့ပေ၏။သူမသည် ဝင်္ကပါပညာရပ်၌ နက်ရှိုင်းသောအသိပညာဗဟုသုတ ရှိနေသည့်တိုင် ထိုဝင်္ကပါအား တစ်ချက်ကြည့်မိရုံဖြင့် မူးဝေသွားသည်။
သူမက နတ်ဘုရားဝင်္ကပါပညာရှင်၏ဝင်္ကပါအား လေ့လာနေစဥ်ကသာ ထိုကဲ့သို့ ခံစားချက်မျိုးရရှိဖူးသည်။
ပိုင်ဆုချင်၏မျက်လုံးများသည် တောက်ပသထက် ပိုု၍တောက်ပလာသည်။
"မြင့်မြတ်တဲ့ နတ်ဘုရားပညာရှင်က ငါ့ဆီလာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး...အဲ့ဒီပုဂ္ဂိုလ်များ ဖြစ်နေမလား"
သူမက ချက်ချင်းပင် သူမ၏အင်္ကျီလက်မောင်းကြားရှိ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်သည်။ထိုကျောက်စိမ်းဆွဲသီးအတွင်း၌ အိမ်မက်ဆိုးမက်နေစဥ်တလျှောက်လုံး သူမ၏လက်အတွင်း၌ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည့် ရွှေရောင်အဆောင်လက်ဖွဲ့ရှိနေသည်။
ထိုအဆောင်လက်ဖွဲ့အား ဝင်္ကပါအနီးသို့ တိုးကပ်မိချိန်တွင် ချက်ချင်းပင် တောက်ပလာပေ၏။
ပိုင်ဆုချင်က ခန်းမအတွင်းမှ တရကြမ်းပြေးထွက်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။
သို့သော် ဥယျာဥ်အတွင်း၌ ရေအိုင်၏အစွန်းတစ်နေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသော လုယွီမှတပါး တခြားမည်သူကိုမျှ သူမ ရှာမတွေ့ချေ။
"တစ်ယောက်ယောက်ဝင်လာတာကို...နင် မြင်သေးလား"
ပိုင်ဆုချင်က မေးမြန်းလိုက်၏။
လုယွီက ပိုင်ဆုချင်ကို တစ်ချက်ကြည့်ပြီး ခပ်သဲ့သဲ့အပြုံးနှင့် ပြောဆိုလေသည်။
"ဒီနေရာမှာ မင်းနဲ့ငါပဲရှိတာလေ...ဘယ်လိုလုပ်ပြီး တခြားသူရှိမှာလဲ"
ပိုင်ဆုချင်၏မျက်နှာပေါ်၌ စိတ်ပျက်ညှိုးငယ်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
အကယ်၍ ထိုပုဂ္ဂိုလ်လာသည်သာ အမှန်ဖြစ်ပါက...လုယွီ မည်ကဲ့သို့သိရှိနိုင်မည်နည်း။
"အဖေ...ဒီနေရာကို ရောက်လာမှတော့...ဘာလို့ ကျွန်မကို တွေ့ခွင့်မပြုရတာလဲ"
ပိုင်ဆုချင်က စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားပြောဆိုနေပေ၏။
……
အမှန်အားဖြင့် လုယွီသည် ပိုင်ဆုချင် တွေးတောနေသည်များအား သိရှိခြင်းမရှိချေ။
ဤှရက်များအတွင်း သူသည် ဥယျာဥ်အား စောင့်ကြပ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်။
သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများသည် တစ်စုံတစ်ခုအား ထိတ်လန့်ကြောက်ရွံနေပုံရသည်။ယခင်က ခိုးဝင်လာသော ရှေးဟောင်းနတ်ဆိုးမှလွဲ၍ တခြားရှေးဟောင်းနတ်ဆိုးများ ဝင်လာခြင်းမရှိပေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး စတင်ချိန်ရောက်ရှိလာလေပြီ။
ကြိုးကြာဖြူတောင်ရှေ့ရှိ လေထုအတွင်း၌ မြောက်များစွာသော ကြိုးကြာဖြူများ ပျံသန်းနေကြ၏။
မဟာခန်းမ၏ရှေ့၌ တပည့်မခုနစ်ဆယ့်ကိုးယောက်တို့ စောင့်ဆိုင်းနေကြသည်။
"ဆရာသခင်...နောက်နာရီဝက်လောက်ဆို ပြိုင်ပွဲက တရားဝင်စတင်တော့မယ်...အခု သွားကြရအောင်"
ဖန်ရှို့ယွင်က ပြောဆိုလိုက်၏။
ပိုင်ဆုချင်က ခေါင်းညိတ်ပြပြီး ထွက်ခွါသွားရန် ကြံရွယ်လိုက်သော်လည်း သူမက ရုတ်တရက် ရပ်တန့်လိုက်၏။
"ခဏနေကြအုံး...လုယွီ ခုထိ ရောက်မလာသေးဘူး"
ပိုင်ဆုချင်က တည်ငြိမ်စွာ ပြောဆိုလေသည်။