← Chapters

အခန်း (၇၁၁-၇၁၅)

Vol. 39 Ch. 711-715

အခန်း (၇၁၁-၇၁၅)

Vol. 39 Ch. 711-715

Chapter 711

ပိုင်ဆုချင်၏ရှေ့၌ တပည့်မများသာရှိနေပြီး လုယွီ၏အရိပ်အယောင်ကိုပင် မြင်တွေ့ရခြင်းမရှိချေ။

ဝူရွှင်းယွင်က မျက်မှောင်ကြုတ်ပြီး မကျေမချမ်းပြောဆိုလိုက်၏။

"အဲ့ဒီကောင်လေးက ဘာလုပ်နေတာလဲ...ဒီနေ့ ဘာနေ့လဲဆိုတာ သူ မသိဘူးလား"

သူမက လုယွီပေါ်၌ အမြင်ကောင်းမရှိချေ။

ဝူရွှင်းယွင်သည် ရှယီရှန်းအား လေးစားနေသူတစ်ယောက်ဖြစ်​ခြင်းကို လူတိုင်း သိထားကြသည်။

လုယွီသည် ရှယီရှန်းအား မည်သို့ရန်စစော်ကားခဲ့ခြင်းကို သူမ မသိချေ။သို့ရာတွင် ရှယီရှန်းက ကြိုးကြာဖြူတောင်သို့ ရောက်လာပြီး ပြဿနာရှာခဲ့သဖြင့် ပိုင်ဆုချင်၏သင်ခန်းစာပေးခြင်းကို ခံခဲ့ရပြီး အရှက်ကွဲခံ့ရ၏။

ဝူရွှင်းယွင်၏စိတ်နှလုံးသားအတွင်း၌ အကြွင်းမဲ့ ပါရမီရှင်တစ်ယောက်ပင်။သို့ရာတွင် ဤကဲ့သို့ပါရမီရှင်မျိုးသည် လုယွီကြောင့် အရှက်ခွဲခြင်းခံခဲ့ရ၏။

ဖန်ရှို့ယွင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ပြိုင်ပွဲက စတော့မှာ...ငါ သူကို သွားခေါ်လိုက်မယ်"

ဝူရွှင်းယွင်က အေးစက်စက်နှာမှုတ်နေပေ၏။

"အဲ့လို အမှိုက်ကောင်ကို သွားခေါ်ပြီးဘာလုပ်မှာလဲ...သူက ဓမ္မရုပ်ထုနယ်ပယ်ကိုတောင် ရောက်သေးတာမဟုတ်ဘူး...တကယ်လို့ ကောင်းကင်နန်းတော်ပြိုင်ပွဲကို သူ ရောက်သွားရင်တောင် အမြှောက်စာပဲဖြစ်မှာ"

ဝူရွှင်းယွင်က လုယွီအား အလွန်ပင်အထင်သေးနေပေ၏။

လွန်ခဲ့သောရက်အနည်းငယ်အကြာက သူမသည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းသို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်သည် သက်တူရွယ်တူပါရမီများကြား၌ အကောင်းဆုံးဟု ဆိုနိုင်ပေ၏။

ထို့ပြင် သူမသည် ကြိုးကြာဖြူတောင်၏စီနီယာအမဖြစ်သော ဖန်ရှို့ယွင်ကိုပင် စိတ်ကျေနပ်ခြင်းမရှိချေ။

ယခုလက်ရှိချိန်၌ သူမကသာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဖန်ရှို့ယွင်က အရေးပါသူမဟုတ်ပေ။

ဖန်ရှို့ယွင်က မျက်မှောင်ကြုတ်ပြီး သူမ၏ခေါင်းကို ခါယမ်းလေသည်။

"မဟုတ်သေးဘူး...ဂျူနီယာမောင်လေးရဲ့ကျင့်ကြံဆင့်က နိမ့်ပါးပေမယ့် ဒါက ရှားပါးတဲ့အခွင့်အရေးတစ်ခုလေ...သူလည်းပဲ ပါဝင်ဆင်နွှဲချင်မှာပေါ့"

ဖန်ရှို့ယွင်နှင့်တပည့်မတချို့က လုယွီ၏အခန်းသို့ သွားလိုက်ကြ၏။

ဤအချိန်တွင် အခန်းတံခါးအားပိတ်ထားပြီး အတွင်းမှနေ၍ မှော်စွမ်းအင်လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်နေသည်။သူ မည်သည့်အရာများပြုလုပ်နေသည်ကို မည်သူမျှမသိနိုင်ချေ။

"သူက ကျင့်ကြံနေတာများလား"

ဖန်ရှို့ယွင်က အနည်းငယ်တုံ့ဆိုင်းသွားပေ၏။

အကယ်၍ လုယွီသာ အမှန်တကယ်လေ့ကျင့်နေခြင်းဖြစ်ပါက သူမတို့က မဆင်မခြင်နှောက်ယှက်လိုက်လျှင် အပြင်းအထန်ဒဏ်ရါရရှိသွားစေနိုင်သည်။

ဝူရွှင်းယွင်က မကျေမချမ်း ရေရွတ်လိုက်၏။

"သူက အထဲမှာ ဘာလုပ်နေတာလဲ....ငါတို့အားလုံးက သူတစ်ယောက်တည်းအတွက်နဲ့ မစောင့်နိုင်ဘူး"

ထိုစကားပြောဆိုပြီးသည်နှင့် ဖန်ရှို့ယွင်၏လက်က အခန်းတံခါးပေါ်သို့ ရောက်ရှိသွားသည်။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အခန်းတံခါးက အပြင်းအထန်တုန်ခါသွားသည်။

ထိုအချိန်တခဏမှာပင် အခန်းအတွင်းမှ မှော်စွမ်းအင်လှုပ်ခတ်မှုသည်လည်း ချက်ချင်းပင် ရပ်တန့်သွားပေ၏။

ကြည့်ရသည်မှာ အခန်းအတွင်းမှ ထွက်ပေါ်လာသော မှော်စွမ်းအင်လှိုင်းနှင့် ဝူရွှင်းယွင်၏မှော်စွမ်းအင်လှိုင်းတို့ ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားပုံရသည်။

ကျွီ...

အခန်းတံခါးပွင့်လာပြီး လုယွီက ထွက်လာတော့သည်။

ဤအချိန်တွင် လုယွီ၏မျက်နှာသည် အနည်းငယ်ဖြူရော်နေပြီး သူ၏ခန္ဓာကိုယ်မှ မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုလှိုင်းမျှ ထွက်ပေါ်နေခြင်းမရှိချေ။သူကိုကြည့်ရသည်မှာ မှော်စွမ်းအင်အမြောက်အများ ဆုံးရှုံးထားသကဲ့သို့ပင်။

"ဘာလဲ ....နင် အဆင့်ချိုးဖျက်တာ ကျရှုံးသွားတာလား"

ဝူရွှင်းယွင်က လှောင်ပြောင်သရော်နေပေ၏။

"တကယ်လို့ နင့်မှာ အရည်အအချင်းမရှိဘူးဆိုရင်လည်း...အရမ်းမောက်မာမနေနဲ့...နင်ကသာ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူမှန်းသိသွားရင်...ပြိုင်ဘက်က နင့်ကိုသနားပြီး သတ်မှာမဟုတ်ဘူး...ဒီလိုအကြံဥာဏ်မျိုး နင်တွေးမိတာ အံ့အားသင့်စရာမရှိဘူး"

တခြားတပည့်မများကလည်း လုယွီအား အထင်အမြင်သေးပုံဖြင့် ကြည့်နေကြ၏။သူမတို့၏အမြင်၌ လုယွီသည် ကောင်းကင်နန်းတော်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ကျင့်ကြံဆင့်အား အတင်းအကျပ်ချိုးဖျက်ခဲ့ပုံရသည်။

ရလဒ်အနေဖြင့် လုယွီ အဆင့်ချိုးဖျက်ခြင်းမှာ ကျရှုံးခဲ့ပြီး တန်ပြန်ဒဏ်တချို့အား ခံစားရခြင်းဖြစ်ပေမည်။

ဖန်ရှို့ယွင်က စိုးရိမ်ပူပန်ဟန်ဖြင့် မေးမြန်းလိုက်သည်။

"ဂျူနီယာမောင်လေး...ဘာ အဆင်မပြေဖြစ်နေတာလဲ"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြပြီး ပြောဆိုလေသည်။

"ငါ အဆင်ပြေပါတယ်"

"အမရှို့ယွင်...ကျွန်မတို့က သူကိုခေါ်မသွားသင့်ဘူးလို့ ကျွန်မထင်တယ်...ကောင်းကင်နန်းတော်ပြိုင်ပွဲကိုသာ ဒီလိုမျိူးအမှိုက်ကိုခေါ်သွားမိရင် တခြားသူတွေက ပြက်ရယ်ပြုကြလိမ့်မယ်"

ဝူရွှင်းယွင်က စောဒက တက်နေပေ၏။

ဖန်ရှို့ယွင်က ဆုံးဖြတ်ချက်ချထားပြီးပုံဖြင့် ပြောဆိုလေသည်။

"မရဘူး...ငါ ဘယ့်သူကိုမှ မထားခဲ့နိုင်ဘူး"

ဝူရွှင်းယွင်၏မျက်လုံးများက စူးစူးဝါးဝါး တောက်ပသွားသည်။

"ကျွန်မက သူကောင်းဖို့အတွက်ပြောနေတာ...ကောင်းကင်နန်းတော်ပြိုင်ပွဲကျရင် သူ အရှုံးပေးတယ်လို့ မပြောနိုင်ခင်မှာပဲ အသတ်ခံရနိုင်တယ်"

ဝူရွှင်းယွင်၏ခွန်အားသည် ဖန်ရှို့ယွင်နှင့် တူညီပေသည်။ထို့ကြောင့် သူမကိုယ်သူမ ယုံကြည်ချက်အခိုင်အမာထားရှိသည်။

သူမက အထင်အမြင်သေးစွာ လုယွီအား ကြည့်လိုက်၏။

"နင်ကရော ဘယ်လိုလဲ...ငါ ပြောနေတာ နင်မကြားဘူးလား...နင့်အကန့်အသတ်ကို နင်သိသင့်တယ်...ကောင်းကင်နန်းတော်ပြိုင်ပွဲက နင်ပါဝင်ယှဥ်ပြိုင်လို့ရတဲ့ဟာမျိုးမဟုတ်ဘူး"

Chapter 712

လုယွီက မျက်မှောင်ကြုတ်နေသော်လည်း ဝူရွှင်းယွင်၏ပုတ်ခတ်စော်ကားနေခြင်းအား အလေးစိုက်ရန် ရည်ရွယ်ချက်မရှိပေ။

ယခုလက်ရှိချိန်၌ လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်များသည် တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့ရသကဲ့သို့ အလွန်အမင်းအားနည်းနေသည်။

ပိုင်ဆုချင်က မေးမြန်းလိုက်၏။

"နင့်ရဲ့လက်ရှိအခြေအနေနဲ့ အဆင်ပြေပါ့မလား...ကောင်းးကင်နန်းတော်ပြိုင်ပွဲက တခြားပြိုင်ပွဲတွေနဲ့မတူဘူး...ဒါက နင် သေသွားနိုင်တယ်"

"ပြဿနာမရှိပါဘူး...ငါ တစ်နာရီလောက်ပြန်ကုသလိုက်ရင် ကောင်းသွားမှာပါ"

လုယွီက တုံ့ပြန်ပြောဆိုလေသည်။

သို့ရာတွင် သူ၏လေသံသည် အလွန်အမင်းအားပျော့နေသဖြင့် တခြားသူများသည် သူ့အား အပြင်ပန်း၌သန်မာချင်ယောင်ဆောင်ပြီး အတွင်း၌အားနည်းနေသည်ဟု အထင်ရောက်စေသည်။

လုယွီက သူ၏အင်္ကျီလက်မောင်းကြားရှိ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်၏။

"ဒီပစ္စည်းက ငါ့ကို အရင်တုန်းက လူတစ်ယောက်ပေးထားခဲ့တာ...ဒါပေမယ့် သူက အကြီးအကဲပိုင်ကို ပေးခိုင်းထားတာဆိုတော့ ငါ ပြန်အပ်လိုက်ပြီ"

လုယွီက ကျောက်စိမ်းဆွဲသီးကို ပိုင်ဆုချင်၏လက်အတွင်းသို့ ထည့်ပေးလေသည်။

ဤရက်များအတွင်းတွင် လုယွီသည် အခန်းအတွင်းအောင်းနေပြီး ထိုကျောက်စိမ်းဆွဲသီးအား ကောင်းကင်ဘုံအင်ပါယာ၏အစစ်အမှန်မီးတောက်ဖြင့် သန့်စင်နေခြင်းဖြစ်သည်။

ကျောက်စိမ်းဆွဲသီးအတွင်း၌ ပိုင်ဆုချင်၏သွေးစက်တစိုးတစိ ပါဝင်နေသည်။လုယွီက ကျောက်စိမ်းဆွဲသီးကို သက်စောင့်ရတနာအဖြစ်သန့်စင်ရန် အချိန်သုံးရက်ယူခဲ့ရသည်။သူက ကျောက်စိမ်းဆွဲသီးအတွင်းတွင် သူ၏စွမ်းအားပြည့်ထိုးနှက်ချက်တစ်ချက်ကို ထည့်သွင်း၍ချိတ်ပိတ်ထားသည်။

ပိုင်ဆုချင်သည် အသက်အန္တရာယ်ထိခိုက်စေသည့်ကိစ္စနှင့် ကြုံတွေ့ရပါက ထိုကျောက်စိမ်းဆွဲသီးက ချက်ချင်းပင် ပေါက်ကွဲသွားပေမည်။စိတ်ဝိညာဥ်နယ်ပယ်ထိပ်သီးကျွမ်းကျင်သူပင် လုယွီ၏စွမ်းအားပြည့်တိုက်ခိုက်မှုအောက်၌ သေဆုံးသွားနိုင်သည်။

"ဒီပစ္စည်းက....."

ပိုင်ဆုချင်က ကျောက်စိမ်းဆွဲသီးကို ယူလိုက်ရာတွင် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားမိသည်။မည်သူကမျှ သူမအား ယခင်က လက်ဆောင်မပေးခဲ့ဖူးသဖြင့် ပိုင်ဆုချင်က အနည်းငယ်ချီတုံချတုံဖြစ်နေသော်လည်း နောက်ဆုံး၌ သူမက ကျောက်စိမ်းဆွဲသီးအား လက်ခံလိုက်၏။။

"ကောင်းကင်နန်းတော်ပြိုင်ပွဲက စတင်တော့မယ်...နင်က ခေါင်းမာနေမှတော့ သွားကြရအောင်"

ပိုင်ဆုချင်က နူးညံညင်သာစွာ ပြောဆိုလေသည်။

ဝူရွှင်းယွင်က အေးစက်တင်းမာသောလေသံဖြင့် မကျေမချမ်းပြောဆိုလိုက်၏။

"နင်က လာဘ်ထိုးတက်တဲ့ကောင်မှန်း ငါသိသားပဲ...ဒါပေမယ့် ကောင်းကင်နန်းတော်ပြိုင်ပွဲကျရင် နင်ရဲ့ခွန်အားနဲ့ကတော့ အောက်ခြေမှာပဲရှိမယ်...အသက်ရှင်ရင်တောင် တော်တော် အံသြဖို့ကောင်းနေပြီ"

လင်ရှောင်းဂိုဏ်း...ထုံထျန်းတောင်ထိပ်..

ဤနေရာသည် လင်ရှောင်းဂိုဏ်း၏မဟာအကြီးအကဲ ထုံထျန်း၏ပိုင်နက်နယ်မြေဖြစ်သည်။

အဝေးတနေရာမှကြည့်လျှင် ထုံထျန်းတောင်ထိပ်သည် မိုးကောင်းကင်ကိုထိစပ်လုမတက်မြင့်မားလှပြီး အကြည့်တစ်ချက်ဖြင့် တောင်ထိပ်အားမြင်နိုင်ရန်မလွယ်ကူချေ။

"အကြီးအကဲပိုင်....ကျေးဇူးပြု၍..."

ပိုင်ဆုချင်၏တံဆိပ်ပြားကို စစ်ဆေးပြီးနောက် ထုံထျန်းတောင်ထိပ်၏အစောင့်အကြပ်တပည့်က သွားခွင့်ပြုလိုက်သည်။

ကောင်းကင်နန်းတော်ပြိုင်ပွဲသည် လင်ရှောင်းဂိုဏ်းအတွင်း၌ကျင်းပသည်ဖြစ်ရာ ဂိုဏ်းဝင်တပည့်များသည် တခြားအင်အားစုမှတပည့်များကဲ့သို့ အလောတကြီးသွားရန်မလိုအပ်ချေ။

"အကြီးအကဲပိုင်...ခဏစောင့်ပါအုံး...ကျွန်တော်တို့က အကြီးအကဲတို့ကို ပြိုင်ပွဲနေရာကိုပို့ပေးမယ့် ကူးပြောင်းရေးဝင်္ကပါကို အသက်သွင်းပေးပါ့မယ်"

ထုံထျန်းတောင်မှ တပည့်တချို့က ဧရာမစက်ဝိုင်းပုံချပ်ပြားဝိုင်းကြီးအတွင်းသို့ လျှောက်လှမ်းဝင်သွားကြ၏။

ထိုတပည့်များအားလုံး၏လက်အတွင်းမှ အဆောင်လက်ဖွဲ့များ တောက်ပလာပြီး သူတို့၏နှုတ်မှနေ၍ မန္တန်တစ်ပုဒ်ကို သံပြိုင်ရွတ်ဆိုလိုက်ကြ၏။ရုတ်ချည်းဆိုသလိုပင် အဆောင်လက်ဖွဲ့များမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်လာပြီး ချပ်ပြားဝိုင်းပေါ်သို့ ကျရောက်သွားသည်။

အချိန်တခဏအကြာမှာပင် ချပ်ပြားဝိုင်း၏အထက်၌ ဧရာမစုပ်ဝဲကြီးတစ်ခုဖွဲ့စည်းလာပြီး စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ပျံ့နှံ့သွားသည်။

ပိုင်ဆုချင်က စုပ်ဝဲအတွင်းသို့ ဝင်လိုက်ပြီး တခြားတပည့်မများကလည်း အတွေ့အကြုံရှိပြီးပုံဖြင့် နောက်မှလိုက်ဝင်လိုက်ကြ၏။

ဝှစ်....

လူအားလုံးသည် အနည်းငယ်မူးဝေသွားပြီးနောက် ကျယ်ပြန့်သောမြေပြင်ကြီးက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။

ဤနေရာသည် ပြင်ပကမ္ဘာနှင့် အလုံးစုံကွာခြားပေ၏။ယခုနေရာ၏ကောင်းကင်ယံတွင် နေမင်းကြီးမရှိဘဲ မြူခိုးများက ကောင်းကင်ယံအနှံ့ဖုံးလွှမ်းနေသည်။

သူတို့က ကူးပြောင်းရေးဝင်္ကပါမှထွက်ပြီး ကမ္ဘာငယ်လေးအတွင်းသို့ ဝင်သွားကြ၏။ထိုနေရာ၌ လူတချို့ ရောက်ရှိပြီးစောင့်ဆိုင်းနေသည်။

"ဒါက တကယ့်ကိုကမ္ဘာငယ်လေးတစ်ခုပဲ...ပြီးတော့ မိုးကောင်းကင်တာအိုတောင် အပြည့်အဝတည်ရှိနေတယ်"

လုယွီက ကမ္ဘာငယ်လေးအတွင်းသို့ ခြေချလိုက်ချိန်၌ အနည်းငယ်အသစ်အဆန်းတစ်ခုကို တွေ့ရှိရသကဲ့သို့ ခံစားမိသည်။

ရုတ်တရက်.....

ကြည်လင်နေသောကောင်းကင်ယံမှ မိုးခြိမ်းသံထွက်ပေါ်လာပြီး ကမ္ဘာငယ်လေးတစ်ခုလုံး တုန်ခါသွားသည်။

အဝေးမှကြည့်လျှင်ပင် ကမ္ဘာငယ်အား တုန်ခါသွားစေသည့် မိုးကြိုးလှိုင်းများအား တွေ့မြင်ရ၏။

"ဘာတွေဖြစ်နေတာလဲ"

"မိုးကြိုးပစ်တာလား...ဒါက ကမ္ဘာငယ်ထဲမှာလေ...ဘယ်လိုလုပ်ပြီး မိုးကြိုးတွေကျဆင်းနေတာလဲ"

ဤနေရာ၌ ရောက်ရှိနေသောလူများသည် ရုတ်တရက်ကြီး မိုးကြိုးလှိုင်းများကို မြင်နေရသဖြင့် ကြောက်စိတ်မွှန်နေကြ၏။

လုယွီက သူ့စိတ်ဝိညာဥ်၏အော်ရာကို အရိပ်အယေုင်မကျန်သည်အထိ ဖုံးလွှမ်းထားသည်။

ထိုအချိန်မှာပင် မိုးကြိုးလှိုင်းများ ပျောက်ကွယ်သွားပေ၏။

Chapter 713

"ဒါက မတော်တဆဖြစ်ရပ်တစ်ခုပဲ...ဒီကမ္ဘာငယ်က ကောင်းကင်ဘုံနယ်မြေနဲ့ နီးကပ်နေမှတော့...မိုးကောင်းကင်တာအိုရဲ့စောင့်ကြည့်မှုကို မလွဲမသွေခံရမှာပဲ....တကယ်လို့ ဒီနေရာမှာ အရမ်းယုတ်မာကောက်ကျစ်တဲ့သူတစ်ယောက်ရှိနေမယ်ဆိုရင်...မိုးကောင်းကင်တာအိုကို လိမ်လည်လှည့်ဖျားလို့မရဘူး....ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးက ကျဆင်းလာမှာပဲ"

အကြီးအကဲတစ်ယောက်က သူ၏နောက်မှတပည့်များကို ဆူပူကြိမ်းမောင်းလိုက်၏။

"မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြစမ်း...ဒီမိုးကြိုးပစ်တာလောက်လေးကို မင်းတို့အားလုံး ဒီလေါက်ထိကြောက်ရွံနေကြလား...မင်းတို့ ဂိုဏ်းကိုပြန်ရောက်တာနဲ့ ကျမ်းစာအခေါက်တစ်ထောင်ဆီ ကူးရေးရမယ်"

တပည့်များအားလုံး၏မျက်နှာများပေါ်တွင် ခါးသည်းသောအမူအယာများရှိနေသော်လည်း သူတို့က ဦးညွှတ်နေကြဆဲပင်။

ဤသည်က မဟာအကြီးအကဲ၏ဆူပူကြိမ်းမောင်းမှု မဟုတ်လော။

သူတို့က ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာတွင် သူတို့ရှေ့၌ ချောက်နက်ကြီးတစ်ခုရှိနေခြင်းကို တွေ့မြင်မိကြသည်။

အကွာအဝေးတစ်ခုဆီတိုင်းတွင် ကူးပြောင်းရေးဝင်္ကပါများရှိပြီး မတူညီသောတောင်ထိပ်များနှင့် ဆက်သွယ်ထားသည်။အဝေးတနေရာတွင် မြင့်မားသောတောင်ထိပ်များက မားမားမတ်မတ်တည်ရှိနေပေ၏။ထိုတောင်ထိပ်များအား အလယ်ပိုင်းကုန်းမြေရှိ ထိပ်သီးအင်အားစုများမှ သိမ်းပိုက်ထားသည်။ထိုအင်အားစုများသည် ဂုဏ်သိက္ခာကြီးမားကြပြီး ဤကောင်းကင်နန်းတော်ပြိုင်ပွဲ၌ တပည့်အမြောက်အများပါဝင်ယှဥ်ပြိုင်ကြပေမည်။

လေလွင့်ကျင့်ကြံသူများအတွက်မူ တောင်ထိပ်သုံးခုသာ ရှိပေ၏။

ထိုလေလွင့်ကျင့်ကြံသူများအချင်းချင်း အမြဲတစေရန်လိုမုန်းတီးနေကြသည်။အကယ်၍ လင်ရှောင်းဂိုဏ်းကသာ အခွင့်မရှိဘဲ လှုပ်ရှားခွင့်မပြုဟု အမိန့်ထုတ်မထားပါက ထိုလူများ တိုက်ခိုက်နေလောက်ပေပြီ။

"ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ ပြိုင်ပွဲသုံးခုပါဝင်တယ်"

"ပထမတစ်ခုက တောင်ထိပ်တစ်ခုတည်းမှာရှိတဲ့ လူအချင်းချင်းယှဥ်ပြိုင်ရမယ်...တောင်ထိပ်တစ်ခုဆီတိုင်းက အသန်မာဆုံးလူတွေကိုရွေးထုတ်ပြီး နောက်တစ်ဆင့်ကိုတက်ခွင့်ရမယ်"

"ဒုတိယတစ်ခုကတော့ တိုက်ခိုက်ကွင်းပြင်ထဲက ဖရိုဖရဲတိုက်ပွဲပဲ....တောင်ထိပ်တစ်ခုစီတိုင်းက အုပ်စုငယ်လေးတွေဖွဲ့ပြီး အောက်က ချောက်နက်ကြီးထဲကို ဆင်းရမယ်...ဒါက သေရေးရှင်ရေးဖရိုဖရဲတိုက်ပွဲပဲ"

"တတိယတစ်ခုကတော့ နတ်ဘုရားအလင်းအတွက် ယှဥ်ပြိုင်ရမှာ.....အချိန်ကျလာလို့ရှိရင် မိုးကောင်းကင်တာအိုကနေတဆင့် နတ်ဘုရားအလင်းတွေကို ပေးသနားလိမ့်မယ်...တကယ်လို့ နင်တို့က နတ်ဘုရားအလင်းကိုရမယ်ဆိုရင်...နတ်ဘုရားအလင်းရဲ့သန့်စင်ခြင်းကိုခံရပြီးတော့ ကောင်းကင်ဘုံနယ်မြေက ထိပ်သီးကျင့်ကြံသူတွေရဲ့သင်ပြမှုကို ခံရမယ်...အဲ့ဒီလူတွေရဲ့ တပည့်အဖြစ် ရွေးချယ်ခြင်းကိုတောင် ခံရနိုင်တယ်"

"ငါတို့လင်ရှောင်းဂိုဏ်းကိုတည်ထောင်ခဲ့တဲ့သူက ဒီနေရာမှာပဲ ကောင်းကင်ဘုံနယ်မြေက ထိပ်သီးကျင့်ကြံသူရဲ့ တပည့်အနေနဲ့ရွေးချယ်ခံခဲ့ရတယ်...သူက ထိပ်သီးကျင့်ကြံနည်းစနစ်တွေကို လက်ဆင့်ကမ်းတဲ့အနေနဲ့ လင်ရှောင်းဂိုဏ်းကိုတည်ထောင်ခဲ့တာပဲ"

ပိုင်ဆုချင်က ကောင်းကင်နန်းတော်ပြိုင်ပွဲ၏စည်းမျဥ်းများကို တခြားသူများအား ရှင်းပြနေသည်။

အမှန်အားဖြင့် ကောင်းကင်နန်းတော်ပြိုင်ပွဲ၏စည်းမျဥ်းများသည် မည်သည့်အချိန်ကမျှပြောင်းလဲခြင်းမရှိသဖြင့် လူအားလုံးနီးပါးသည် ဤစည်းမျဥ်းများအား သိရှိပြီးဖြစ်၏။

ထိုစကားများကိုကြားချိန်တွင် လုယွီက ခေါင်းညိတ်ပြလိုက်၏။ဤရက်များအတွင်း သူသည် မည်သူနှင့်မျှ စကားပြောဆိုခြင်းမရှိချေ။ထို့ကြောင့် မည်သူကမျှလည်း သူ့အား ကောင်းကင်နန်းတော်ပြိုင်ပွဲ၏စည်းမျဥ်းများအကြောင်း ပြောဆိုခဲ့ခြင်းမရှိသည်မှာ ဖြစ်ရိုးဖြစ်စဥ်ပင်။

"မိုးကောင်းကင်တာအိုက တကယ်ကိုပဲ စိတ်ဝင်စားစရာကောင်းတယ်...ဒါက ငါ့ရဲ့တည်ရှိမှုကိုတောင် အာရုံခံနိုင်တယ်"

လုယွီက တီးတိုးရေရွတ်နေပေ၏။

သူ၏စိတ်ဝိညာဥ်အား ကောင်းစွာဖုံးကွယ်ထားသော်လည်း မိုးကောင်းကင်တာအိုက ရှာဖွေတွေ့ရှိသွားပေ၏။

အတိတ်ဘဝတုန်းက လုယွီသည် အင်္သေချေစကြာဝဠာတစ်ခုလုံး၌ အစွမ်းထက်ဆုံးတာအိုသခင်ဟု ဆိုနိုင်သည်။သူသည် ကောင်းကင်ဘုံအင်ပါယာကဲ့သို့သူမျိုးကိုပင် စိန်ခေါ်ဝံ့ခဲ့သူပင်။

သူ၏စိတ်ဝိညာဥ်သည် ဤကမ္ဘာငယ်လေး၏ကောင်းကင်ဘုံတာအိုမှ ကိုင်တွယ်ဖြေရှင်းနိုင်သောအရာမဟုတ်ချေ။

အစောပိုင်းက မိုးကြိုးများသည် မိုးကောင်းကင်တာအိုက ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိသဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

"မင်းက လုယွီလား"

မှုန်တေတေအသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ဤှသည်က လျှို့ဝှက်အသံပေးပို့ခြင်း ဖြစ်ပေ၏။

လုယွီက မလှမ်းမကမ်းအကွာအဝေးတွင် သူ့အားသုန်မှုန်နေသောအမူအယာဖြင့် စိုက်ကြည့်နေသော အနက်ရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်အား တွေ့မြင်မိသည်။

"တစ်ခုခု ပြောစရာရှိလို့လား"

လုယွီက မေးမြန်းလိုက်၏။

အနက်ရောင်ဝတ်စုံနှင့်လူငယ်က ပြောဆိုလေသည်။

"ငါကိုယ်ငါ အရင်ဆုံးမိတ်ဆက်ပေးပါရစေ...ငါ့နာမည်က ရှောင်ချမ်ရွှယ်ဖြစ်ပြီးတော့ မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်က တပည့်တစ်ယောက်ပဲ...ငါရဲ့ဆရာသခင်က မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်ရဲ့မဟာအကြီးအကဲလေ"

"ငါ မင်းကို ပြောစရာတစ်ခုရှိတယ်...မင်းကတော့ သွားပြီပဲ"

"တောင်ထိပ်တွေကြားမှာရှိတဲ့ တိုက်ခိုက်ပွဲတွေကို မိုးကောင်းကင်တာအိုက စီစဥ်တာမဟုတ်ဘူး...တောင်ထိပ်အသီးသီးကနေ ကျပန်းရွေးချယ်သွားတာ....မဲခွဲတဲ့ခေါင်းဆောင်က ငါတို့ မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်ကပဲ....ကံဆိုးချင်တော့ မင်းက ငါနဲ့တိုက်ခိုက်ရမှာ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

"အော်..."

ဤကိစ္စများအား သူမသိရှိချေ။သို့ရာတွင် သူက လူပြက်တစ်ယောက်သာသာရှိသူအား အရေးစိုက်နေမည်မဟုတ်ချေ။

လုယွီက သူ့အား အာရုံမစိုက်သည်ကိုကြည့်ပြီး ရှောင်ချမ်ရွှယ်က မအောင့်မအည်းနိုင် ပြောဆိုလိုက်၏။

"ငါ မင်းကို ပြောပြရတဲ့အကြောင်းရင်းက မင်းသေသွားရင် မှားယွင်းပြီး ငါ့ကိုအပြစ်တင်နေမှာစိုးလို့ပဲ...မင်းက စီနီယာအကိုရှယီရှန်းကိုတောင် ရန်စစော်ကားဝံ့တယ်...မင်း တကယ့်ကို အဆင်အခြင်မဲ့တာပဲ"

Chapter 714

စီနီယာအကိုရှဟုဆိုသလော...။

ဤသည်က ရှယီရှန်း၏လက်ချက်ဟု သူ တွေးတောကြည့်ရန်ပင် မလိုအပ်ချေ။

လုယွီသည် ရွှယ်အင်မော်တယ်ရုပ်ထုအတွင်းရှိ ပရမ်းပတာနတ်ဘုရားကျိန်စာအား ပယ်ဖျက်ရန်ကြံရွယ်ခဲ့သော်လည်း ဝက်တစ်ကောင်အား ကျိန်စာသက်ရောက်သွားခဲ့သည်။ရှယီရှန်း မည်သို့ဖြစ်ပျက်သွားမည်ကို သူ တွေးတောမကြည့်ဘဲပင် သိနိုင်သည်။

လုယွီ၏မျက်နှာက ပြုံးယောင်သန်းနေပေ၏။

"တကယ်လို့ မင်းက သူ့ဘက်မှာရပ်တည်မယ်ဆိုရင်...မင်း သေသေချာချာစဥ်းစားတာ ပိုကောင်းလိမ့်မယ်"

"ဟမ့်...ဘာမှသေချာစဥ်းစားနေစရာမလိုဘူး...ငါက မင်းရဲ့နောက်ကြောင်းကို စုံစမ်းပြီးသွားပြီ...သဘာဝလွန်စွမ်းအင်နယ်ပယ်အမှိုက်ကောင်တစ်ကောင်ကများ...တောင်ထိပ်ယှဥ်ပြိုင်ပွဲတွေစတင်တာနဲ့ မင်းနဲ့ငါကြား ကွာဟချက်ဘယ်လောက်ကြီးလဲဆိုတာကို ငါ ပြပေးမယ်"

ရှောင်ချမ်ရွှယ်၏မျက်နှာထက်၌ မောက်မာသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်တွင် သူသည် မဟာအကြီးအကဲ၏မြှောက်စားခံထားရသူဖြစ်၍ သူ၏အနာဂတ်က အကန့်အသတ်မရှိချေ။

လျှို့ဝှက်နဂါးစာရင်းမှာပင် သူသည် အဆင့်တစ်ရာ့တစ်၌ရှိပေ၏။

ဤသည်က သူ၏အနာဂတ်တွင် ကောင်းမွန်သောကိစ္စများဖြင့်သာ ကြုံတွေ့ရမည်မှာ သေချာပေသည်။

"ဖြစ်နိုင်တာတော့ မင်းက ဘယ်လိုလူစားမျိုးနဲ့ရင်ဆိုင်ရမယ်ဆိုတာ မသိပုံပဲ...ဒါပေမယ့် ငါ အနှစ်သက်ဆုံးကိစ္စကလည်း မင်းလိုနိမ့်ပါးတဲ့ကောင်တွေနဲ့ ပါရမီရှင်တွေကြား ဘယ်လောက်ကွာခြားလဲဆိုတာ ပြသပေးချင်တာပဲ"

ရှောင်ချမ်ရွှယ်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

သူက လုယွီအား သူ၏ခြေဖဝါးအောက် ရောက်နေပုံကို မြင်လိုသည်။

လုယွီက မျက်လုံးစုံမှိတ်ထားပြီး အားဖြည့်နေပေ၏။

ဤှကဲ့သို့လူပြက်မျိုးသည် သူ၏စိတ်အား မည်သည့်နည်းနှင့်မျှ သက်ရောက်မှုမရှိနိုင်ပေ။

"စီနီယာအကို ရှ...ဒီနေရာကို ရောက်နေတာလား"

ဝူရွှင်းယွင်၏အသံ ထွက်ပေါ်လာပေ၏။

ကြိုးကြာဖြူတောင်မှတပည့်မများက လှည့်ကြည့်လိုက်ရာတွင် သူတို့ထံသို့ အပြုံးနှင့်လာရောက်နေသော ရှယီရှန်းကို တွေ့မြင်မိကြသည်။

ယခင်က မျက်လုံးစုံမှိတ်ထားသော ပိုင်ဆုချင်သည် ရုတ်တရက် မျက်လုံးဖွင့်ပြီး ရှယီရှန်းအား ကြည့်လိုက်၏။

"ဘာလဲ...ဟိုနေ့က သင်ခန်းစာပေးထားတာ မလုံလောက်သေးလို့လား"

ရှယီရှန်းက ကပျာကယာ ပြောဆိုလေသည်။

"အကြီးအကဲပိုင်ရဲ့ခွန်အားက မြင့်မားပါတယ်...ငါ မယှဥ်ပြိုင်ဝံ့ပါဘူး"

သူက ရုတ်တရက် လုယွီ၏ပခုံးအား ပုတ်လိုက်၏။

"ငါက ဂျူနီယာညီလေးလုကို သတိပေးချင်လို့ လာတာ...ကောင်းကင်နန်းတော်ပြိုင်ပွဲက တခြားပြိုင်ပွဲတွေနဲ့မတူညီဘူး...မင်း နည်းနည်းလေးသတိလွတ်သွားတာနဲ့ အသက်ဆုံးရှုံးသွားနိုင်တယ်"

လုယွီ၏မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိချေ။

"မင်း အသက်ရှင်ရက် ပြန်လာနိုင်တဲ့အချိန်ကျမှ...ငါ့ကို အဲ့ဒီစကါးမျိုး ထပ်ပြောပါအုံး"

ရှယီရှန်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူက ပိုင်ဆုချင်အား ဦးညွှတ်၍အရိုအသေပြုပြီး ထွက်ခွါသွားတော့သည်။

လျှို့ဝှက်နဂါးစာရင်း၏ထိပ်သီးဆယ်ယောက်အတွင်း၌ ပါဝင်သဖြင့် ရှယီရှန်းသည် တခြားသူများ၏အာရုံစူးစိုက်ခြင်းကိုခံရ၏။

ရှယီရှန်းက လုယွီ၏ပခုံးအား ပုတ်လိုက်ခြင်းကို မြင်ကြသောသူများက သူတို့ မည်သည့်စကားများပြောဆိုကြခြင်းကို မသိကြသော်လည်း လုယွီ၏အဆင့်အတန်းကို မှန်းဆနေကြသည်။

"သူက ရှယီရှန်းရဲ့မိတ်ဆွေများ ဖြစ်နေမလား"

"လင်ရှောင်းဂိုဏ်းက ရှယီရှန်းက အရမ်းမာနကြီးတဲ့သူပဲ...သူက ပါရမီရှင်တွေကလွဲလို့ တခြားသူတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံလေ့မရှိဘူး...ရှယီရှန်းတောင် အာရုံစိုက်နေရတဲ့ အဲ့ဒီလူငယ်လေးရဲ့အဆင့်အတန်းက ဘာများပါလိမ့်"

ထိုအချိန်မှာပင် လင်ရှောင်းဂိုဏ်း၏အတွင်းရေးအခြေအနေများကို သိရှိသူတစ်ယောက်က သရော်တော်တော်ပြောဆိုလိုက်၏။

"အဲ့ဒီကောင်နာမည်က လုယွီ...ကြိုးကြာဖြူတောင်ရဲ့တပည့်သစ်တစ်ယောက်ပဲ...ငါ ကြားထားတာတော့ သူက သဘာဝလွန်စွမ်းအင်နယ်ပယ်အမှိုက်ကောင်တစ်ကောင်ပဲ...သူက ရှယီရှန်းကို ဘယ်လိုရန်စစော်ကားထားလည်းတော့ ငါ မသိဘူး...ရှယီရှန်းက သူကို ခြိမ်းခြောက်နေတာပဲဖြစ်မယ်"

"ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ...မင်းတို့ အဲ့ဒီကောင်လေးကို ကြည့်ကြစမ်း...သူ ကြောက်ရွံနေတာ သူ့မျက်နှာတောင် ဖြူဖတ်ဖြူရော်ဖြစ်နေပြီ"

တခြားသူများက လုယွီအားကြည့်ပြီး သနားကရုဏသက်နေကြပုံဖြင့် ပြောဆိုနေကြ၏။

လျှို့ဝှက်နဂါးစာရင်းအဆင့်ခုနစ်တွင်ရှိသော ရှယီရှန်းအား ရန်စစော်ကားဝံ့သူသည် သေလမ်းအားရှာနေခြင်းဖြစ်သလော။

ထိုအချိန်မှာပင် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ကမ္ဘာငယ်လေးတစ်ခုလုံး တုန်ခါသွားသည်။ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော မြူခိုးများလည်း ချက်ချင်းပင် လွင့်ပြယ်သွားပေ၏။

ကောင်းကင်ယံ၏ကန့်လန့်ကာအား ဆွဲဖြဲခံလိုက်ရသကဲ့သို့ အက်ကွဲကြောင်းတစ်ကြောင်းဖြစ်ပေါ်လာပြီး ၎င်းအတွင်းမှမျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။

ထိုမျက်လုံးထွက်ပေါ်လာသည့် အချိန်တခဏတွင် ပတ်ဝန်းကျင်လေထုအတွင်းရှိ ဖိအားသည် အလွန်အမင်းမြင့်တက်လာသည်။

ဤအချိန်တွင် မြောက်များစွာသောလူများ မြေပြင်ပေါ်၌ လဲကျသွားကြပြီး ကောင်းကင်ယံရှိ မျက်လုံးအား အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။

ဤသည်က မိုးကောင်ကင်၏မျက်လုံး ဖြစ်သလော။

မရေမတွက်နိုင်သော သဘာဝဥပဒေသများ စုပေါင်း၍ ကျစ်လျစ်သိပ်သည်းသွားပြီး ကမ္ဘာလောကကြီး၏အမှန်တရားအဖြစ် မိုးကောင်းကင်တာအိုဖြစ်တည်လာခြင်းပင်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာအနှံ့မှ နာကျင်ညည်းတွားသံများ ထွက်ပေါ်လာသည်။

အစပိုင်းက လူအုပ်ကြားထဲ၌ရှိနေသော အကြီးအကဲတချို့ ထွက်ခွါသွားပြီး​လေပြီ။

နာကျင်ညည်းတွားနေသူအချို့သည် ပြင်းထန်စွာမီးလောင်ကျွမ်းပြီး ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

"အရူးတစ်သိုက်ပဲ...အသက်သုံးဆယ်ကျော်သွားတဲ့လူတွေက လူအုပ်ကြားထဲပုန်းအောင်းနေပြီး လွတ်ပြီလို့ထင်နေကြတာ...သူတို့က တကယ်ကို သေလမ်းရှာနေကြတာပဲ"

ရှောင်ချမ်ရွှယ်က လှောင်ပြောင်သရော်နေပေ၏။

Chapter 715

ဝှစ်....ဝှစ်...ဝှစ်...

မြောက်မြားစွာသောလူရိပ်များသည် ရုတ်တရက် ကူးပြောင်းရေးဝင်္ကပါထံသို့ ဦးတည်၍ အပြေးသွားကြ၏။

သူတို့၏အရှိန်သည် အလွန်လျှင်မြန်ပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကူးပြောင်းရေးဝင်္ကပါအနီးသို့ ရောက်ရှိသွားကြသည်။

ဘုန်း....

မည်းမှောင်နေသောကောင်းကင်ယံမှနေ၍ မရေမတွက်နိုင်သည့် မိုးကြိုးလှိုင်းများ ကျဆင်းလာပေ၏။

မိုးကြိုးများနှင့်လျှပ်စီးလှိုင်းများကြားမှနေ၍ မြောက်များစွာသောမိုးကြိုးလုံးများက ပျံဝဲနေသောလူများပေါ်သို့ ကျဆင်းလာသည်။

ရုတ်ချည်းဆိုသလိုပင် မြေပြင်ပေါ်၌ ကျင်းနက်ကြီးများ ဖြစ်ပေါ်သွားပြီး ပျံဝဲနေသောလူများ အချိန်မီထွက်ပြေးနိုင်ခြင်းမရှိတော့ဘဲ မိုးကြိုးလုံးများကြောင့် ပြာအဖြစ်သို့ပြောင်းလဲသွားကြသည်။

"ကောင်းကင်နန်းတော်ပြိုင်ပွဲက ပါဝင်ယှဥ်ပြိုင်သူတွေရဲ့အသက်အရွယ်ကို တင်းတင်းကျပ်ကျပ်ကန့်သတ်ထားတယ်...သူတို့က ကောင်းကင်ဘုံမျက်လုံးအောက်ကနေ လွတ်မြောက်နိုင်မယ်လို့များ ထင်နေကြတာလား...အရူးတစ်သိုက်ပဲ"

တချို့လူများက စတင်၍ ပြက်ရယ်ပြုပြောဆိုနေကြ၏။

အချိန်တခဏကြာပြီးနောက် မိုးကြိုးလုံးများ လွင့်ပြယ်သွားတော့သည်။

ထိပ်သီးအင်အားစုများ၏အခြေအနေသည် ကောင်းမွန်သော်လည်း လေလွင့်ကျင့်ကြံသူများရှိနေသော တောင်ထိပ်၏နေရာတော်တော်များများ မိုးကြိုးလှိုင်းများကြောင့် ကွဲအက်သွားကြ၏။မြောက်များစွာသော ကျောက်တုံးကျောက်စများကလည်း နေရာအနှံ့ပြန့်ကျဲနေလေသည်။

လူအများအပြားသည် မိုးကြိုးလှိုင်းများ၏အဖျားခတ်ခြင်းကိုခံရသဖြင့် သူတို့က အသက်သုံးဆယ်မပြည့်သေးသည့်တိုင် အပြင်းအထန်ဒဏ်ရါရရှိသွားကြ၏။

"ဒီအမြှောက်စာတစ်စုက ငါတို့လိုတပည့်တွေ ထိခိုက်မှုမရှိစေဖို့ ရောက်လာကြတာပဲ...သူတို့က တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာ ဘယ်လောက်တောင် အဆင်အခြင်မဲ့ကြလည်း"

ရှောင်ချမ်ရွှယ်က ခပ်သဲ့သဲ့ပြုံးရင်းမှ ပြောဆိုလိုက်သည်။

လင်ရှောင်းဂိုဏ်းမှ တခြားတပည့်များတွင်လည်း စိတ်မဝင်စားသောအမူအယာများသာ ရှိနေသည်။

လေလွင့်ကျင့်ကြံသူများ၏ဖြစ်ရပ်အား သူတို့က လက်ပိုက်မပျက်ဘဲ ကြည့်နေကြ၏။

ထိုအချိန်မှာပင် ကောင်းကင်ယံမှနေ၍ ကျယ်လောင်သောအသံကြီးထွက်ပေါ်လာသည်။

"ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး အခုစတင်ပြီ...တောင်ထိပ်တွေရဲ့ပြိုင်ပွဲမှာ သေခြင်း ရှင်ခြင်း ကန့်သတ်ချက်မရှိဘူး...ဒါပေမယ့် မင်းတို့က 'အရှုံးပေးတယ်'လို့ အော်လိုက်တာနဲ့ ငါတို့က ကမ္ဘာငယ်လေးရဲ့အပြင်ကို ချက်ချင်းပို့ဆောင်ပေးမယ်"

"အရှုံးပေးတယ်ဆိုတာက ယှဥ်ပြိုင်ပွဲကိုလက်လျော့တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ...နိုင်တဲ့သူက နောက်တစ်ဆင့်တက်နိုင်ပြီးတော့ ရှုံးနိမ့်သူက ထွက်သွားရမယ်"

"အခု တောင်ထိပ်တွေရဲ့ပြိုင်ပွဲ စတင်ပြီ"

ဝုန်းဟူသောအသံနှင့်အတူ လုယွီက သူရှေ့၌ မြူခိုးများ ရုတ်တရက်ထွက်ပေါ်လာပြီး လေဟာနယ်စွမ်းအားလှိုင်းများက သူ့အားရစ်ပတ်သွားခြင်းကို ခံစားမိသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက မှောင်မည်းနေသော နေရာတစ်ခု၍ ပြန်လည်ထွက်ပေါ်လာပေ၏။သူနှင့်မျက်နှာချင်းဆိုင်တွင် ရှောင်ချမ်ရွှယ်၏ပုံရိပ်ကလည်း တဖြည်းဖြည်းကျစ်လျစ်သိပ်သည်းလာသည်။

"ကောင်လေး....အဆင်ပြေရဲ့လား...ငါတို့ ထပ်တွေ့ကြပြန်ပြီ"

ရှောင်ချမ်ရွှယ်က မောက်မာဝံ့ကြွားဟန်ဖြင့် လုယွီထံ လျှောက်လှမ်းလာပြီး သူ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ရုတ်တရက် သူက အေးစက်စက်အော်ရာများထွက်ပေါ်နေသော ဓားရှည်တစ်ချောင်းအား ဆွဲထုတ်လိုက်၏။

"လင်ရှောင်းဂိုဏ်းက မင်းလိုအမှိုက်ကောင်တစ်ကောင်ကို လက်ခံခဲ့တာ ငါအရမ်းစိတ်ပျက်မိတာပဲ"

ရှောင်ချမ်ရွှယ်က မုန်းတီးမှုအပြည့်နှင့် ပြောဆိုလေသည်။

"မင်းလို လှည့်စားမှုတွေသုံးပြီး ဒီနေရာကိုရောက်လာတဲ့သူမျိုးကို ငါ အရမ်းအထင်သေးတာပဲ"

"အရင်တုန်းက မင်းနဲ့ငါကြားမှာ ပတ်သက်မှုမရှိခဲ့ဘူး...ဘာလို့လဲဆိုတော့ မင်းနဲ့ငါ အဆင့်အတန်းမတူညီလို့ပဲ...ဒါပေမယ့် မင်းက စီနီယာအကိုရှကို ရန်စစော်ကားခဲ့တယ်...မင်းသိရဲ့လား...စီနီယာအကိုရှလို ပါရမီရှင်မျိုးက မင်းလိုကောင်မျိုးကို ဘယ်တော့မှ ဂရုစိုက်မှာမဟုတ်ဘူး...စိတ်ပျက်ဖို့ကောင်းတာကတော့ ငါရဲ့မှော်လက်နက်က မင်းကြောင့်ညစ်ပတ်တော့မှာပဲ"

လုယွီက ရှောင်ချမ်ရွှယ်၏စကားဆုံးသည်အထိ စောင့်ကြည့်နေပေ၏။

အဆုံးသတ်၌ ဤသည်က ခွေးတစ်ကောင်ပင် မဟုတ်လော။

သူ၏သခင်ဖြစ်သူသည် လုယွီအား ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံမတိုက်ခိုက်ချင်သဖြင့် ရှောင်ချမ်ရွှယ်အား စေလွှက်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် သူရှေ့ရှိလူသည် စကားကြီးစကားကျယ် ပြောဆိုနေပေ၏။

"မင်းကို သတ်ရင် ငါ့ရဲ့ဓားညစ်ပတ်ရုံပဲရှိမယ်...ငါက တဂိုဏ်းတည်းသားအချင်းချင်းမသတ်ချင်ဘူး...ငါ မင်းရဲ့ခြေလက်တွေကိုဖြတ်တောက်ပြီး မင်းရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပစ်မယ်...ကောင်းကင်နန်းတော်ပြိုင်ပွဲရဲ့နောက်တစ်ဆင့်ကို ငါ လွယ်လွယ်လေးရောက်ရတော့မှာပဲ"

ရှောင်ချမ်ရွှယ်က လုယွီအား သူ၏ဓားဖြင့် ချိန်ရွယ်ထားပေသည်။

"မင်း စကားပြောလို့ပြီးပြီလား"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဟမ့်....မင်းက ခွင့်လွှက်ဖို့အသနားခံချင်တာလား...ဒါက အသုံးမဝင်ဘူး..."

"အချိန်အတော်ကြာနေပြီ....တကယ်လို့ မင်း တိုက်ခိုက်ချင်တယ်ဆိုရင်လည်း စတော့"

လုယွီက ရုတ်တရက် ကျယ်လောင်စွာအော်ငေါက်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။

ရှောင်ချမ်ရွှယ်က သရော်တော်တော်ပြုံးနေရင်းမှ ပြောဆိုလိုက်၏။

"ကောင်းပြီလေ ..မင်းနဲ့ငါကြားမှာ ကွာခြားချက်ဘယ်လောက်ထိကြီးမားတယ်ဆိုတာ ငါ မင်းကိုပြပေးမယ်"

သူက ဓားရှည်ကို လုယွီထံဦးတည်၍ ဝှေ့ယမ်းလိုက်တော့သည်။

All Chapters