← Chapters

အခန်း (၇၁၆-၇၂၀)

Vol. 39 Ch. 716-720

အခန်း (၇၁၆-၇၂၀)

Vol. 39 Ch. 716-720

Chapter 716

"ဒီဴဓါးချက်နဲ့ မင်းရဲ့ညာဘက်လက်မောင်းကို ဖြတ်ပစ်မယ်"

ရှောင်ချမ်ရွှယ်၏မျက်နှာပေါ်တွင် ယုံကြည်ချက်ခိုင်မာသော အပြုံးမျိုးရှိနေပြီး သူက လုယွီ၏ညာဘက်လက်မောင်းကို ဓားဖြင့်ခုတ်ပိုင်းလိုက်၏။

ထိုဓားချက်သည် လျှပ်ပြက်သကဲ့သို့ မြန်ဆန်ပြီး လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

ဒေါင်....

ဓားရှည်သည် လုယွီ၏ခန္ဓာကိုယ်နှင့် ထိခါနီးမီတာဝက်ခန့်အလိုတွင် ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

ဤအသံသည် ဓားရှည်သည် မာကျောသောကျောက်တုံးနံရံပေါ်သို့ ကျရောက်သွားသကဲ့သို့ပင်။ပြင်းထန်သောတန်ပြန်အားတစ်ရပ်ကြောင့် ရှောင်ချမ်ရွှယ်၏လက်အတွင်းမှဓား လွတ်ကျလုဆဲဆဲဖြစ်သွားသည်။

လုယွီက ခြေတစ်လှမ်းရှေ့တက်ပြီး သူ၏လက်ကိုဆန့်ထုတ်ကာ ဓားရှည်အား ချက်ချင်းပင် ဖမ်းဆုပ်လိုက်၏။

ကျယ်လောင်သောတုန်ခါသံနှင့်အတူ လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပွင့်အံထွက်လာပြီး ဓားရှည်မှတဆင့် ရှောင်ချမ်ရွှယ်၏လက်သို့ စီးဆင်းသွားတော့သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ....."

ရှောင်ချမ်ရွှယ်က ထိတ်လန့်တုန်လှုပ်သွားပြီး ပြင်းထန်သောအားလှိုင်းအားခုခံရန် အကောင်းဆုံးကြိုးစားလိုက်၏။

သို့ရာတွင် လုယွီ၏စွမ်းအားကို သူ မည်သည့်နည်းဖြင့် ခုခံနိုင်မည်နည်း။

အချိန်တခဏအတွင်းမှာပင် လုယွီ၏စွမ်းအားများက ရှောင်ချမ်ရွှယ်၏အကာအကွယ်အလွှာကို ဖြတ်သန်း၍ သူ့အား အပြင်းအထန်ရိုက်ခတ်မိတော့သည်။

ဖူး....

ရှောင်ချမ်ရွှယ်သည် သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် လွင့်ထွက်သွားပြီး မြေပြင်နှင့်အပြင်းအထန် ရိုက်ခတ်မိပေ၏။

အေးစက်စက်အော်ရာထုတ်လွှက်နေသော သူ၏ဓားရှည်သည်လည်း လုယွီ၏လုယူခြင်းကို ခံလိုက်ရသည်။

"မင်းကိုယ်မင်း ဒီဓားကိုအသုံးပြုဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပြီးနောက် သူ၏လက်တွင်းမှဓားရှည်အား ပစ်လွှက်လိုက်၏။ထိုဓားရှည်သည် အနက်ရောင်အရိပ်တစ်ရိပ်အသွင်ပြောင်းသွားပြီး ရှောင်ချမ်ရွှယ်၏ပေါင်အား ထိုးစိုက်သွားတော့သည်။

"အား...အား...အား"

ရှောင်ချမ်ရွှယ်က စူးရှနာကျင်စွာ အော်ဟစ်နေပေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေပြီး သူကိုကြည့်ရသည်မှာ ဝေဒနာအပြင်းအထန်ခံစားနေရပုံပင်။

လုယွီက ရပ်တန့်ခြင်းမရှိသေးချေ။ရုတ်ချည်းဆိုသလိုပင် လုယွီက ရှောင်ချမ်ရွှယ်၏ရှေ့သို့ရောက်လာပြီး ဓားကိုဆွဲနှုတ်ကာ သူ၏တခြားခြေထောက်တစ်ဖက်အား ထိုးစိုက်လေသည်။

ဤဖြစ်ရပ်များသည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်သဖြင့် မည်သူကမျှ တုံ့ပြန်ရန်အချိန်မရချေ။

ရှောင်ချမ်ရွှယ်၏ခြေထောက်နှစ်ဖက်လုံး ချက်ချင်းပင် သုံးစားမရတော့ပေ။သူက အော်ဟစ်ကြုံးဝါးလိုက်၏။

"မင်း သေပြီသာပြင်ထားတော့...ငါ မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"

"အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်လား"

လုယွီ၏နှုတ်ခမ်းထောင့်၌ လှောင်ပြောင်သရော်လိုသောအပြုံးမျိုးရှိနေသည်။

မည်သူကမျှ သူရှေ့တွင် ဤကဲ့သို့စကားမျိုး မပြောဝံ့ချေ။

"ဖြစ်နိုင်တာတော့ ဒီဘဝမှာ ငါက နှိမ့်ချနေနေတော့...လူတွေက ကြောက်ရွံမှုဆိုတာကို မေ့နေကြပုံပဲ"

လုယွီ၏မျက်လုံးများအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

သူက ဓားရှည်ကို ဆွဲထုတ်ပြီး ခုတ်ပိုင်းလိုက်၏။

ဒုတ်...

ဤှတစ်ကြမ်တွင် ရှောင်ချမ်ရွှယ်၏ခြေထောက်နှစ်ဖက်လုံး ဖြတ်တောက်ခြင်းခံလိုက်ရတော့သည်။

"ဖျက်ဆီးခြင်းမြင့်မြတ်လက်သီး"

ရှောင်ချမ်ရွှယ်က ရုတ်တရက် ရုန်းကန်ပြီး မတ်တတ်ထရပ်လိုက်၏။သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ စွမ်းအားပြည့်ပွင့်အံထွက်လာပြီး လုယွီထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်တွင် ရွှေရောင်အလင်းတန်းများရောယှက်နေပြီး လုယွီထံသို့ တန်းတန်းမတ်မတ်တိုးဝင်လာသည်။

တောက်ပသောရွှေရောင်အလင်းတန်းများ လင်းလက်သွားခြင်းနှင့်အတူ ပြင်းထန်သောလက်သီးချက်က လုယွီအား အပြင်းအထန်ထိခတ်မိပေ၏။

ဘုန်း....

ပေါက်ကွဲသံတစ်သံမြည်ဟီးလာခြင်းနှင့်အတူ ဤနေရာတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းသွားတော့သည်။

"ဟား ဟား ဟား...အရူးကောင်ကများ...ငါနဲ့လာပြီး တိုက်ခိုက်ဝံ့တယ်...ငါ့ရဲ့ဆရာသခင်က မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်ရဲ့မဟာအကြီးအကဲပဲ...ငါက ဆေးပြားတွေ သောက်သုံးလိုက်တာနဲ့ ငါ့ခြေလက်တွေအကုန်လုံး ပြန်ကောင်းလာမှာသေချာတယ်"

ရှောင်ချမ်ရွှယ်က ရယ်မောပြီး အော်ဟစ်ကြုံးဝါးနေပေ၏။

သူသည် ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်ကျင့်ကြံသူဖြစ်သည်။

တခြားတစ်ဖက်မှ လုယွီကမူ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူသာဖြစ်ပေ၏။

ရှောင်ချမ်ရွှယ်သည် သူ၏အစွမ်းကုန်သုံးထားသော ခွန်အားအား အလွန်ပင်ယုံကြည်စိတ်ချသည်။မည်သူမျှ သူ၏လက်သီးချက်အောက်တွင် အသက်ရှင်နိုင်မည်မဟုတ်ချေ။

သူက လုယွီ၏အလောင်းအား ကြည့်လိုသဖြင့် သူ၏နာကျင်မှုကိုတောင့်ခံပြီး ရုန်းကန်ထလိုက်၏။

မီးခိုးငွေ့များက လွင့်ပြယ်သွားလေပြီ။

ဖုန်မှုန့်များကြားမှနေ၍ လုယွီ၏ပုံရိပ်က တစတစပီပြင်ထင်ရှားလာသည်။

"မဖြစ်နိုင်ဘူး ..ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး မင်းက ငါရဲ့လက်သီးချက်အောက်က လွတ်မြောက်နိုင်မှာလဲ"

မြင်ကွင်းအား ကြည်လင်ပြတ်သားစွာတွေ့မြင်ရချိန်တွင် ရှောင်ချမ်ရွှယ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူက ထိတ်လန့်တကြားရေရွတ်လိုက်၏။

ဤအချိန်တွင် သူရှေ့၌ မတ်တတ်ရပ်နေသော လုယွီသည် ဒဏ်ရါရရှိခြင်းပင်မရှိချေ။

လုယွီ၏မျက်နှာက တည်ငြိမ်နေဆဲပင်။

"ငါက ဒီလက်သီးချက်ကို ရှောင်ဖို့လိုလို့လား"

ထိုလက်သီးချက်သည် အားနည်းပြီး ချည့်နဲ့ပေ၏။

လုယွီ၏ခန္ဓာကိုယ်ပြင်ပအကာအကွယ်ပင် ကျိုးပျက်သွားခြင်းမရှိပေ။

လုယွီက ရှောင်ချမ်ရွှယ်၏ကျင့်ကြံဆင့်နယ်ပယ်သည် ဆေးဝါးများအားမှီဝဲခြင်းဖြင့် ရောက်ရှိလာသလောဟုပင် သံသယဝင်နေမိသည်။

Chapter 717

ရှောင်ချမ်ရွှယ်သည် အရှက်ခွဲခံရသကဲ့သို့ ခံစားမိပြီး ဒေါသတကြီးပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့လက်သီးချက်ကို ဘယ်လိုရှောင်သွားလဲဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် မင်း သေရတော့မှာသေချာတယ်...ငါအပြင်ကိုပြန်ရောက်ပြီး ပြန်ကောင်းလာတာနဲ့...မင်းကို အနာကျင်ဆုံးနှိပ်စက်မှုတွေခံစားခိုင်းမယ်...ငါ့မှာ မင်းကိုသတ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာသည်။ရှောင်ချမ်ရွှယ်က သေလမ်းရှာနေခြင်းပင်။ထို့ပြင် အစကဏဦးကတည်းကပင် လုယွီက သူအား အလွတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။

ရှောင်ချမ်ရွှယ်က လုယွီ၏မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို သတိပြုမိသွားသည်။သူက စိတ်နှလုံးသားအတွင်းမှပင် ချမ်းစိမ့်စိမ့်ဖြစ်လာမှုကို ခံစားမိသည်။သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်း ငါကိုထပ်ပြီး တိုက်ခိုက်ရဲလို့လား...ဒါက ကောင်းကင်နန်းတော်ပြိုင်ပွဲဖြစ်နေရင်တောင် မင်း ငါကို သတ်လိုက်ရင် အပြစ်ပေးခန်းမရဲ့အပြစ်ပေးတာကို ခံရလိမ့်မယ်"

လုယွီက ခပ်သဲ့သဲ့ပြုံးရင်း ပြောဆိုလေသည်။

"ငါ ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား"

ဝှစ်...ဝှစ်...

ခပ်အုပ်အုပ်အသံနှစ်သံထွက်ပေါ်လာပြီးနောက် ရှောင်ချမ်ရွှယ်၏လက်မောင်းနှစ်ဖက်သည် လုယွီ၏ဖြတ်တောက်ခြင်း ခံလိုက်ရ၏။

သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။

ရှောင်ချမ်ရွှယ်က မိန်းမောတွေဝေစွာဖြင့် သူရှေ့ရှိမြင်ကွင်းအား ကြည့်နေမိသည်။

သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် လုယွီထက်မြင့်မားသည့်တိုင် မည်သည်ကြောင့် သူ အရှက်တကွဲရှုံးနိမ့်ရသည်ကို သူ နားမလည်နိုင်ချေ။

"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...ငါက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်...ကောင်းကင်ဘုံနယ်မြေကထိပ်သီးကျင့်ကြံသူကတောင် ငါ့ကို တပည့်အဖြစ်လက်ခံမယ်လို့ ရည်မှန်းထားကြတာ...ဘယ်လိုဖြစ်ပြီး ငါက မင်းကိုရှုံးနိမ့်ရတာလဲ"

ရှောင်ချမ်ရွှယ်၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

မည်သည်ကြောင့် သူသည် လုယွီအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိရသနည်း။

"တကယ်လို့ မင်း နားမလည်ဘူးဆိုရင်လည်း...ငရဲကိုရောက်မှ အဲ့ဒီအကြောင်းတွေးကြည့်တော့"

လုယွီက ဓားရှည်အား ရှောင်ချမ်ရွှယ်၏မျက်ခုံးနှစ်ခုကြားသို့ ချိန်ရွယ်လိုက်သည်။

ရှောင်ချမ်ရွှယ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။သူက လုယွီထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သတိပြုမိသွားသည်။

ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အလွန်သိသာထင်ရှားသဖြင့် သူနှင့်လုယွီ အလှမ်းအတန်ငယ်ကွာနေသည့်တိုင် သူ ရှင်းရှင်းလင်းလင်းခံစားရသည်။

လုယွီက သူ့အား သတ်ဖြတ်ချင်နေပေ၏။

"မင်း ငါ့ကို သတ်လို့မရဘူး...ငါက မဟာအကြီးအကဲရဲ့တရားမဝင်သားပဲ"

နောက်ဆုံးအချိန်ကိုရောက်နေသော ရှောင်ချမ်ရွှယ်သည် သူ၏အခိုင်မာဆုံးလျှို့ဝှက်ချက်ကို အော်ဟစ်ပြောဆိုလိုက်သည်။

မိုးကောင်ကင်ကြယ်တာရာတောင်ထိပ်၏ မဟာအကြီးအကဲထိုက်ချမ်၏နာမည်အရင်းမှာ ရှောင်ထိုက်ချမ်ဖြစ်သည်။

သူက လုမိသားစုနှင့် လက်ထပ်ထိမ်းမြှားခဲ့ပြီး မြောက်များစွာသော ကျင့်ကြံခြင်းအရင်းအမြစ်များအား ရရှိခဲ့သည်။ထို့နောက်မှသာ ယခုလက်ရှိမြင့်မားသောအဆင့်အတန်းအား သူ ပိုင်ဆိုင်ခဲ့ရ၏။

သူ၏တာအိုလက်တွဲဖော်သည် လုမိသားစု၏ ယာယီမိသားစုခေါင်းဆောင် လုမိန်ဖြစ်သည်။

လုမိန်သည် ရှောင်ထိုက်ချမ်အား တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပြီး မယားငယ်ထားခြင်းကို ခွင့်မပြုချေ။

ရှောင်ချမ်ရွှယ်သည် သူ၏တရားမဝင်သားဖြစ်သော်လည်း သူ ဝန်မခံဝံ့သဖြင့် သူ၏နံဘေးနား၌ တပည့်အဖြစ်ခေါ်ဆောင်ထားခြင်းပင်။

ဘဝ၏အဆုံးသတ်နေဝင်ချိန်အရောက်တွင် ရှောင်ချမ်ရွှယ်၏မျက်လုံးများအတွင်း၌ နောင်တရသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူက သူ၏ဘဝမှန်အား သိရှိပြီးသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။သူသည် မဟာအကြီးအကဲထိုက်ချမ်၏သားဖြစ်သည်။ထို့ပြင် မဟာအကြီးအကဲ၏အနှစ်သက်ဆုံးတပည့်လည်းဖြစ်ပြီး မည်သူမျှ သူထက်ပို၍ ကျင့်ကြံခြင်းအရင်းအမြစ်များမရရှိချေ။

သို့သော် ယခုလက်ရှိအချိန်တွင်မူ ဤအရာအားလုံး ပျောက်ကွယ်သွားလေပြီ။

အကယ်၍ သူသာ လုယွီကို ရန်စစော်ကားခြင်းမပြုမိပါက သူသည် ပင်မတပည့်တစ်ယောက်အနေဖြင့် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး သူ၏အဆင့်အတန်းအားလည်း သက်ရောက်စေမည်မဟုတ်ချေ။

သို့သော် ယခုချိန်မှ သူ နောင်တရနေခြင်းသည် အသုံးမဝင်တော့ချေ။

ဝှစ်....

လုယွီက ဓားရှည်အား ရှောင်ချမ်ရွှယ်၏ခေါင်းအတွင်းသို့ ထိုးစိုက်လိုက်၏။

ထို့နောက်တွင်မူ ရှောင်ချမ်ရွှယ်၏အသက်စွမ်းအားများ အလွန်အမင်းအားပျော့သွားပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ငါ့ကိုရန်လာစကတည်းက...အဆုံးသတ်ကို မင်း စဥ်းစားထားသင့်တယ်"

ဝှီး...ဝှီး...

ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ ရုတ်တရက် လှိုင်းတစ်လှိုင်းပျံ့နှံ့သွားသည်။

"ပြိုင်ဘက် သေဆုံးသွားပြီးတော့ နောက်တစ်ဆင့်ကိုတက်ခွင့်ရတယ်"

အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ အလင်းရောင်တန်းများ ကျရောက်လာပေ၏။ရုတ်တရက် သူ၏ရှေ့၌ လေဟာနယ်စွမ်းအင်လှိုင်းများ လှုပ်ခတ်လာပြီး သူ့အား ပြင်ပသို့ပို့ဆောင်လိုက်သည်။

လုယွီက တောင်ထိပ်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။

ဤအချိန်တွင် တောင်ထိပ်ပေါ်၌ လူများလျော့နည်းသွားသည်။ပထမအဆင့်မှာပင် လူအများအပြား ထုတ်ပယ်ခြင်းခံလိုက်ရ၏။

ထုတ်ပယ်ခံရသူများသည် ကူးပြောင်းရေးဝင်္ကပါများမှတဆင့် ပြင်ပသို့တိုက်ရိုက်ပို့ဆောင်ခြင်း ခံလိုက်ရသည်။ဤတောင်ထိပ်၌ ကျန်ရှိနေသောသူများသည် ပထမအဆင့်အား အောင်မြင်ပြီးသူများသာဖြစ်ပေ၏။

Chapter 718

"နင်က ကံတော်တော်ကောင်းတာပဲ...အခုချိန်ထိ ထုတ်ပယ်မခံရသေးဘူး"

လုယွီ၏နားအတွင်းသို့ ကဲ့ရဲ့လှောင်ပြောင်သံတစ်သံ ဝင်ရောက်လာသည်။

လုယွီက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာတွင် စိတ်ကျေနပ်နေသောမျက်နှာအမူအယာနှင့်ဝူရွှင်းယွင်အား တွေ့မြင်မိသည်။

ဝူရွှင်းယွင်၏ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး သူမ၏ဝတ်စုံပေါ်တွင် ပြတ်ရှရာတချို့ရှိနေသည်။သို့ရာတွင် ထိုအရာများက သူမ၏ပျော်မြူးအားရနေသောအပြုံးကို ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။

ဤတစ်ကြိမ်၌ ဝူရွှင်းယွင်သည် အနည်းငယ်အင်အားစိုက်ထုတ်ရုံဖြင့် အောင်မြင်ခဲ့သည်မှာ သိသာထင်ရှားပေ၏။

လုယွီက ဝူရွှင်းယွင်၏ခနဲ့တဲ့တဲ့စကားကို လျစ်လျှူရှုထားပြီး သူက ပိုင်ဆုချင်အား ကြည့်လိုက်သည်။

ပိုင်ဆုချင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူမကိုကြည့်ရသည်မှာ မည်သည့်ထိခိုက်ဒဏ်ရါမျှရရှိပုံမပေါ်ချေ။

သူမ၏စွမ်းအားဖြင့် ဤအဆင့်၌ ထိခိုက်မှုမရှိခြင်းမှာ မထူးဆန်းပေ။

လုယွီက သူမအား အာရုံစူးမရှိသည်ကိုကြည့်ပြီး ဝူရွှင်းယွင်က မျက်စောင်းထိုးလိုက်သော်လည်း သူမက ထပ်မံ၍ပြဿနာမရှာတော့ချေ။

"အကိုလု...နင်ပထမအဆင့်ကို ဖြတ်ကျော်နိုင်မယ်ဆိုတာ ကျွန်မသိသားပဲ"

စိတ်လှုပ်ရှားစွာပြောဆိုသောအသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ယခုရောက်ရှိလာသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင့်ထားပြီး ကျောရှင်းလှပသောကိုယ်နေဟန်ထားပိုင်ရှင် ကျီးချန်ယွီဖြစ်ပေ၏။

လုယွီက ခပ်သဲ့သဲ့အပြုံးနှင့် ပြောဆိုလိုက်သည်။

"ကြည့်ရတာတော့ မင်းလည်း ဖြတ်ကျော်နိုင်ခဲ့ပုံပဲ...ဂုဏ်ယူပါတယ်"

ကျီးချန်ယွီက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခေါင်းညိမ့်ပြပြီး သူက လုယွီကို လေးစားကြည်ညိုစွာ ကြည့်နေပေ၏။

သူမက အစွမ်းထက်သောရှေးဟောင်းနတ်ဆိုးနှင့် ရင်ဆိုင်တိုင်ခိုက်ရစဥ်ကတည်းက သူမ၏အသက်အား လက်လျှော့ထားပြီးဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် လုယွီက သူမထံသို့ အချိန်မီရောက်ရှိလာခဲ့သည်။

"လုယွီ...."

ထိုအချိန်မှာပင် ရှယီရှန်းက လူတစ်စုအားဦးဆောင်၍ အလျင်လိုနေသောခြေလှမ်းများဖြင့် ရောက်ရှိလာသည်။

သူ၏မျက်နှာသည် မှုန်တေတေဖြစ်နေပြီး သူ၏နောက်ရှိ မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်များ၏ မျက်နှာများပေါ်တွင်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည်။

ဝူရွှင်းယွင်က ရှယီရှန်းရောက်လာသည်ကို မြင်ချိန်တွင် ကပျာကယာကြိုဆိုလိုက်၏။

"စီနီယာအကိုရှ"

"ငါ မင်းနဲ့ စကားမပြောချင်ဘူး...ငါတွေ့ချင်တဲ့လူက လုယွီပဲ"

ရှယီရှန်းက ဝူရွှင်းယွင်အား နံဘေးသို့တွန်းထုတ်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

လုယွီက တည်ငြိမ်စွာမေးမြန်းလေ၏။

ရှယီရှန်းက လုယွီအား စူးစိုက်ကြည့်နေသည်။

"မင်း ငါ့ရဲ့ဂျူနီယာညီလေး ရှောင်ချမ်ရွှယ်နဲ့တွေ့သေးလား"

ထိုစကားအားပြောဆိုနေချိန်တွင် ရှယီရှန်း၏မျက်လုံးများအတွင်းမှ စိတ်နှလုံးသားကိုပင်ထွင်းဖောက်လုမတက် အေးစက်စက်အလင်းရောင်များ ထွက်ပေါ်နေသည်။

ဤအခြေအနေအား စောင့်ကြည့်နေသူများအားလုံး ချမ်းစိမ့်စိမ့်ဖြစ်သွားသကဲ့သို့ ခံစားနေရ၏။

လုယွီကမူ တည်ငြိမ်နေဆဲပင်။

"ငါနဲ့သူ တွေ့တွေ့ မတွေ့တွေ့...မင်းနဲ့ဘာဆိုင်လို့လဲ"

"စီနီယာအကို...ဂျူနီယာညီလေးရှောင်ရဲ့ခွန်အားက အရမ်းကောင်းပြီးသားလေ...ဒီကောင်လေးက သူကို ဘယ်လိုနည်းနဲ့မှ သတ်နိုင်မှာမဟုတ်ဘူး...မဲခွဲဝေတဲ့နေရာမှာ အမှားအယွင်းတစ်ခုခုရှိနေမှာ ကျွန်တော်စိုးရိမ်မိတယ်...ဂျူနီယာညီလေးက တခြားတစ်ယောက်သတ်တာ ခံလိုက်ရတာလည်းဖြစ်နိုင်တယ်"

"ဟုတ်တယ်...ဒီကောင်က အမှိုက်ကောင်ဆိုတာ အသိသာကြီးကို...ဘယ်လိုလုပ်ပြီး သူက ဂျူနီယာညီလေးရှောင်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

ရှယီရှန်း၏နောက်မှပါလာသောသူများက သရော်တော်တော်ပြောဆိုနေကြ၏။

"ပါးစပ်ပိတ်ထားကြစမ်း"

ရှယီရှန်းက ရုတ်တရက် ကျယ်လောင်စွာအော်ငေါက်လိုက်ရာတွင် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိစကားသံများ ရပ်တန့်သွားသည်။

လုယွီကိုကြည့်ပြီး ရှယီရှန်းက ကောက်ကျစ်ယုတ်မာစွာ ရယ်မောလိုက်၏။

"မင်း ရှောင်ချမ်ရွှယ်ကို သတ်လိုက်လား မသတ်လိုက်လားဆိုတာတော့ ငါမသိဘူး...မင်းရဲ့ဘဝအဆုံးသတ်သွားပြီဆိုတာတော့ ငါ ပြောနိုင်တယ်"

သူက လုယွီအား ခြေဆုံးခေါင်းဆုံး ထပ်မံ၍ကြည့်ပြန်၏။

"မင်း အပြင်စည်းတပည့်ရွေးချယ်ပွဲမှာတုန်းက လှည့်ကွက်တွေအများကြီးသုံးခဲ့တယ်ဆိုတာ ငါ သိထားပြီးသား...ခုလည်း ဒီလိုပဲနေမှာပေါ့...ကြည့်ရတာတော့ မင်းက ဒုတိယအဆင့်ကို ရောက်သွားပုံပဲ...ဒါပေမဲ့ မင်း ဒီအကြောင်း စဥ်းတောင်မစဥ်းစားနဲ့....ဒုတိယအဆင့်ပြိုင်ပွဲမှာ မင်း သေကိုသေရမယ်"

"ငါတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေလေ...နင် ဒီလေါက်ကြမ်းတမ်းတဲ့စကားကို ဘယ်လိုပြောထွက်တာလဲ"

ကျီးချန်ယွီက ရုတ်တရက် အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

ရှယီရှန်းက ကျီးချန်ယွီအား ကြည့်လိုက်ချိန်၌ ချက်ချင်းပင် သူ၏မျက်လုံးများ တောက်ပသွားသည်။အကယ်၍ ဖန်ရှို့ယွင်ကို ချောမောလှပပြီး ချစ်စဖွယ်ကောင်းသော နှင်းပွင့်လေးတစ်ပွင့်ဟုဆိုကြပါက ကျီးချန်ယွီသည် လူအများအားရူးသွပ်အောင် ပြုစားနိုင်သော ညှို့ဓာတ်ပိုင်ရှင်ဖြစ်ပေ၏။

"ငါ လင်ရှောင်းဂိုဏ်းထဲမှာ မင်းကို တစ်ခါမှမမြင်ဖူးပါဘူး...မင်းနာမည် ဘယ်လိုခေါ်လဲ"

ရှယီရှန်းက တဲ့တိုးပင် မေးမြန်းလိုက်၏။

"ငါ့ရဲ့နာမည်ကို နင်သိဖို့မလိုအပ်ဘူး"

ကျီးချန်ယွီက အေးစက်စက်ပြောဆိုလေသည်။ရုတ်တရက် သူမက အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုတံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် ကြယ်ပွင့်တချို့က မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသည်။

"ကြယ်စင်တောင်ထိပ်ကလား...မင်းက အကြီးအကဲရှင်းရဲ့တပည့်လား"

ရှယီရှန်း၏မျက်လုံးများအတွင်း၌ ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

Chapter 719

"နင်က အသံအကျယ်ကြီးနဲ့ တခြားတစ်ယောက်ရဲ့အသက်ကိုယူမယ်ဆိုပြီး ခြိမ်းခြောက်ဝံ့တယ်ပေါ့...ဒါ နင်တို့မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်က တပည့်တွေကိုသင်ကြားပေးတဲ့ပုံစံလား...ငါ ထင်တာတော့အပြစ်ပေးခန်းမရဲ့ပြစ်ဒဏ်ပေးခံရမှာက နင်ပဲ"

ကျီးချန်ယွီက ခက်ထန်တင်းမာစွာ ပြောဆိုလေသည်။

အကယ်၍သာ ရှယီရှန်းသည် တခြားလူတစ်ယောက်အား ပြောဆိုနေပါက သူမက ပါဝင်စွက်ဖက်မည်မဟုတ်ချေ။သို့ရာတွင် သူက လုယွီအား ပစ်မှတ်ထားနေသည်။လုယွီသည် သူမ၏ကျေးဇူးရှင် ဖြစ်ပေ၏။

"နင်က ငါ့တပည့်ရဲ့အသက်ကို ဘယ်လိုယူမှာလဲဆိုတာ ငါလည်းသိချင်တယ်"

ပိုင်ဆုချင်က မြင်းမြှီးကျာပွတ်ကို ကိုင်ဆောင်ထားပြီး သူမကိုကြည့်ရသည်မှာ ဒေါသထွက်နေပုံရသည်။

မည်သည့်အချိန်ကပင် သူမက လုယွီ၏နောက်သို့ရောက်နေမှန်း မသိပေ။

ဖန်ရှို့ယွင်ကလည်း သတိထားစောင့်ကြည့်နေသော မျက်လုံးအကြည့်ဖြင့် လုယွီ၏နံဘေးနား၌ မတ်တတ်ရပ်နေပေ၏။

ရှယီရှန်းက ထိုမြင်ကွင်းအားမြင်ချိန်တွင် သူ၏မျက်နှာပေါ်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပျောက်ကွယ်သွားသည်။

"အမှိုက်ကောင်....မင်းက မိန်းမတွေရဲ့နောက်မှာပဲ ပုန်းအောင်းနေတက်တာလား"

ရှယီရှန်းသည် စိတ်ထိန်းချုပ်နိုင်မှု အကြွင်းမဲ့လွတ်ကင်းနေသည်။ပြန်တွေးကြည့်ပါက လင်ရှောင်းဂိုဏ်းအတွင်း၌ သူဟူသော ရှယီရှန်းသည် တည်ငြိမ်စွာနေထိုင်တက်ပြီး ဂိုဏ်းဝင်များအပေါ်ကြင်နာတက်သူဟူသောပုံရိပ်ရှိသူဖြစ်သည်။

သို့သော် ယခုလက်ရှိချိန်တွင်မူ သူ ဖန်ရှို့ယွင်၏နူးညံလှပသောမျက်နှာလေးအား ကြည့်မိချိန်တွင် သူမ၏မျက်နှာပေါ်ရှိ စိတ်ခံစားချက်ကို သူ ဖမ်းဆုပ်နိုင်စွမ်းမရှိတော့ချေ။

အကယ်၍သာ ယခင်ကအစီအစဥ်အတိုင်းဖြစ်ခဲ့ပါက ဖန်ရှို့ယွင်သည် သူ၏အသုံးတော်ခံရုပ်သေးရုပ်ဖြစ်နေပေပြီ။

သို့ရာတွင် လုယွီဟူသော အညတရကောင်က သူ၏အစီအစဥ်များကို ဖျက်ဆီးပစ်မည်ဟု သူ မည်သည့်နည်းဖြင့်သိနိုင်မည်နည်း။

လုယွီ၏မျက်လုံးများအတွင်း၌လည်း သတ်ဖြတ်လိူခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။ယလုလက်ရှိဘဝ၌ သူ နှိမ့်ချ၍နေနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အောက်ခြေစည်းရှိပေ၏။

လုယွီက သူတို့အား ဂရုမစိုက်ရသည့်အကြောင်းရင်းမှာ ထိုလူများသည် သူ၏အမြင်၌ သေးငယ်သောပုရွတ်ဆိတ်များအဆင့်သာရှိခြင်းကြောင့်ပင်။

သူ၏ရည်မှန်းချက်အားလျှောက်လှမ်းရန် လမ်းအရှည်ကြီးကျန်နေသေးသဖြင့် ဤပုရွတ်ဆိတ်အုပ်စုဖြင့် သူ အငြင်းပွါးလိုစိတ်မရှိချေ။

သို့ရာတွင် ထိူလူစုသည် သူ၏အောက်ခြေစည်းအား ထိပါးလာပါက သူ သနားငဲ့ညှာနေမည်မဟုတ်ပေ။

"နောက်တစ်ဆင့်ပြိုင်ပွဲမှာ မင်း ငါနဲ့မတွေ့ရင် ပိုကောင်းလိမ့်မယ်"

လုယွီက ပေါ့ပေါ့ပါးပါး စကားပြောဆိုပြီး ရှယီရှန်းအား ထပ်မံ၍အာရုံမစိုက်တော့ချေ။

ထိုအချိန်မှာပင် မြောက်များစွာသောလူရိပ်များ နံဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။

တောင်ထိပ်များအားလုံးမှ လူများ ဆက်တိုက်ဆိုသလို လေဟာနယ်အတွင်းမှ ခုန်ထွက်လာကြ၏။

အချိန်အတန်ကြာပြီးနောက် ကောင်းကင်ယံရှိ မိုးကောင်းကင်မျက်လုံးသည် ရုတ်တရက် ရွှေရောင်တောက်ပလာသည်။

ရွှေရောင်အလင်းတန်းများဖြာထွက်လာပြီးနောက် တုန်ခါသံကြီးမြည်ဟီးလာကာ ချောက်နက်ကြီး၏အလယ်ဗဟိုမှနေ၍ တုနှိုင်းပြစရာမရှိသည်အထိ ထူထပ်သိပ်သည်းသောတောအုပ်ကြီးတစ်အုပ် ရုတ်တရက်ပေါ်ထွက်လာသည်။

တောင်ထိပ်တစ်ခုချင်းစီသို့ အလင်းတန်းတစ်တန်းဆီ ကျဆင်းလာပေ၏။

ထိုအလင်းတန်းများကြား၌ လေဟာနယ်လှိုင်းလှုပ်ခတ်မှုများ ရောယှက်နေသည်။

"အဲ့ဒီစကါးက ငါပြောရမှာလို့ ထင်တာပဲ...မင်း ငါ့ကိုဒူးထောက်ပြီး မင်းကိုအလွတ်ပေးဖို့တောင်းပန်သင့်တယ်...မဟုတ်လို့ကတော့...."

ရှယီရှန်းက လည်မြိုကိုဖြတ်မည့် လက်ဟန်သင်္ကေတပြုလုပ်ပြပြီး အလင်းတန်းအတွင်းသို့ ခြေချလိုက်တော့၏။

သူ၏နောက်ရှိ မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှ တပည့်များကလည်း အလင်းတန်းအတွင်းသို့ ဝင်လိုက်ကြသည်။

ရှယီရှန်းတို့လူစု အလင်းတန်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် လေဟာနယ်လှိုင်းများထွက်ပေါ်လာပြီး သူတို့အား ပြင်ပသို့ပို့ဆောင်လိုက်၏။

"ဒုတိယအဆင့်က စည်းမျဥ်းမရှိဘူး...တောင်ထိပ်တစ်ခုဆီက အုပ်စုတစ်စုအဖြစ်နဲ့ အောက်မှာရှိတဲ့ သစ်တောထဲကိုဝင်ရမယ်...လူတိုင်း တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နိုင်တယ်....နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်တဲ့သူက နောက်တစ်ဆင့်ကိုဝင်ခွင့်ရမယ်"

ပိုင်ဆုချင်၏အကြည့်က သူမ၏တပည့်များပေါ်သို့ ကျရောက်သွားသည်။

"မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့....အတူတူဝင်ကြရအောင်"

ဤလူများကြားတွင် ပိုင်ဆုချင်က တစ်မူထူးခြားသူဖြစ်သည်။

သူမသည် အသက်သုံးဆယ်မပြည့်သေးသော်လည်း သူမ၏ခွန်အားသည် အတော်မြင့်မားပြီး ပါရမီရှင်ဟူသောလူများကိုပင် ဖိနှိပ်ထားနိုင်သည်။

ထို့ပြင် သူမသည် လင်ရှောင်ဂိုဏ်း၏အတွင်းစည်းအကြီးအကဲတစ်ယောက်လည်းဖြစ်ပေ၏။

ဤကဲ့သို့အဆင့်အတန်းမျိုးရှိနေသဖြင့် ပိုင်ဆုချင်နှင့် နီးနီးကပ်ကပ်နေသော မည်သူမဆို အန္တရာယ်တွေ့မည်မဟုတ်ချေ။

ကြိုးကြာဖြူတောင်မှတပည့်မများက ပိုင်ဆုချင်နောက်သို့လိုက်၍ အလင်းတန်းအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

လုယွီကလည်း ပိုင်ဆုချင်နောက်သို့လိုက်ရန် ကြံရွယ်သော်လည်း အလင်းတန်းအတွင်းသို့ သူ ခြေတစ်ဖက်ချလိုက်စဥ်မှာပင် အပြင်းအထန်တုန်ခါသွားသည်။

"ဒီကူးပြောင်းရေးဝင်္ကပါက တစ်ကြိမ်ပို့ဆောင်ရင် လူအကန့်အသတ်ရှိတယ်....ကံဆိုးတဲ့ နင်ကတော့ နင်ဟာနင်သာသွားပေတော့"

ဝူရွှင်းယွင်က လုယွီအား သရော်တော်တော်ပြောဆိုလိုက်၏။

ဤကောင်သည် အမှန်တကယ်ကိုပင် ကံဆိုးပေ၏။တောအုပ်အတွင်း၌ တစ်ယောက်တည်းဖြင့် အသက်ရှင်သန်နိုင်မည့်အခွင့်အရေးမှာ မရှိသလောက်နီးပါးပင်။သူ လုပ်နိုင်သည့်တစ်ခုတည်းသောအရာသည် လက်လျော့အရှုံးပေးခြင်းသာဖြစ်ပေ၏။

Chapter 720

လုယွီက သူ၏ခြေလှမ်းကို ပြန်ရုတ်သိမ်းလိုက်၏။အလင်းတန်းအတွင်း၌ လူပြည့်သွားပြီဖြစ်ရာ သူတစ်ကိုယ်တည်းသွားသည်က ပိုကောင်းပေမည်။မည်သို့ပင်ဆိုစေကာမူ လုယွီက သူ၌အပေါင်းအဖော်မရှိသည်ကိုလည်း ဂရုစိုက်မနေချေ။

"အကိုလု...ကျွန်မ ရှင်နဲ့အဖွဲ့ဖွဲ့လို့ရမလား"

ဤအချိန်မှာပင် ကျီးချန်ယွီက အပြုံးနှင့် ပြောဆိုလိုက်၏။

သူမသည် နဂိုကတည်းက ချောမောလှပသူဖြစ်၍ ယခု သူမပြုံးလိုက်သောအချိန်တွင် သူမ၏မျက်လုံးများက ဆန်းသစ်စလသဖွယ် တွန့်ကွေးသွားသည်။သူမကိုကြည့်ရသည်မှာ ယခင်ကထက်ပင် ချောမောလှပနေသည်။

ဝူရွှင်းယွင်က ကျီးချန်ယွီအား မျက်စောင်းထိုးနေပေ၏။

"ဟွန့်...ဒီကောင်က ဘာကောင်းလို့တုန်း...သူက အကြီးအကဲရှင်းရဲ့တပည့်ကိုတောင် အရူးလုပ်နိုင်တယ်"

ကျီးချန်ယွီက ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

"အကိုလုက နင့်ထက်အများကြီး ပိုတော်တယ်...နင်က နင်ကိုယ်နင် အဆင့်မြင့်လှပြီလို့ထင်နေပေမယ့်...တကယ်တော့ နင်က ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင်ပဲ...နင်က မိုးကောင်းကင်ကတောင် ချီးကျူးဂုဏ်ပြုရတဲ့အဆင့်ကို မြင်နိုင်မှာမဟုတ်ဘူး"

ဝူရွှင်းယွင်သည် ကျီးချန်ယွီ၏စကားလုံးများဖြင့် ထိုးနှက်ခြင်းအား ခံလိုက်ရသဖြင့် သူမ၏မျက်နှာတစ်ခုလုံး သုန်မှုန်သွားသည်။

ထို့နောက် သူမက ကျီးချန်ယွီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး ခနဲ့တဲ့တဲ့ပြောဆိုလေသည်။

"နင်က ဒီအမှိုက်ကောင်ရဲ့နောက်ကို လိုက်မယ်ဆိုမှတော့....ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ နင် ဘယ်အဆင့်ရမလဲဆိုတာ ကြည့်ကြသေးတောပေါ့"

ဖန်ရှို့ယွင်၏မျက်နှာတွင် စိတ်မရှည်မှုအရိပ်အယောင်များ ထင်ဟပ်နေပြီး သူမက လုယွီအား ဆွဲခေါ်ရန်ဟန်ပြင်လိုက်၏။

"ယွင်အာ...အလောတကြီးမလှုပ်ရှားနဲ့...သူ အဆင်ပြေမှာပါ"

ပိုင်ဆုချင်က လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။

အကယ်၍သာ လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်နေရာ၌ရှိသူသည် ကောင်းကင်နန်းတော်ပြိုင်ပွဲ၏ဒုတိယအဆင့်ကိုပင် ဖြတ်ကျော်နိုင်သော အရည်အချင်းမျိုးမရှိပါက သူမသည် လုယွီအား လင်ရှောင်းဂိုဏ်းအတွင်းသို့ခေါ်ယူရန် အင်အားများစွာစိုက်ထုတ်နေမည်မဟုတ်ချေ။

ပိုင်ဆုချင်၏အကြည့်က ဝူရွှင်းယွင်ထံသို့ ကျရောက်သွားသည်။

"ရွှင်းယွင်...နင် ငါနဲ့အတူနေတာ ဘယ်လောက်ကြာပြီလဲ"

ပိုင်ဆုချင်က မေးမြန်းလိုက်၏။

ဝူရွှင်းယွင်က မည်သည်ကြောင့် ဤမေးခွန်းမျိုးမေးသည်ကို နားမလည်နိုင်ချေ။

"ဒီတပည့်က ဆရာသခင်နောက်ကိုလိုက်ခဲ့တာ ခြောက်နှစ်ကြာသွားပါပြီ"

သူမတို့နှစ်ယောက်သည် သက်တူရွယ်တူဖြစ်သော်လည်း ပိုင်ဆုချင်၏မြင့်မားသောစွမ်းအားကြောင့် သူမက ဝူရွှင်းယွင်၏ဆရာသခင် ဖြစ်ခဲ့သည်။

ပြန်ပြောင်းတွေးကြည့်ပါက ပိုင်ဆုချင်သည် လင်ရှောင်းဂိုဏ်း၏အကြီးအကဲ မဖြစ်သေးခင်ကတည်းက ဝူရွှင်းယွင်အား တပည့်အဖြစ်လက်ခံခဲ့ခြင်းပင်။

ထို့နောက် ပိုင်ဆုချင်သည် လင်ရှောင်းဂိုဏ်း၏အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်လာပြီး ဝူရွှင်းယွင်သည်လည်း ပင်မတပည့်တစ်ယောက်ဖြစ်လာသည်။

"ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့အုပ်ထိန်းမှုအောက်က စွန့်ပစ်လိုက်ပြီ...ငါ နင်လိုတပည့်မျိုးကို သင်ကြားမပေးနိုင်တော့ဘူး"

ပိုင်ဆုချင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။

ဝူရွှင်းယွင်သည် သူမပေါ်သို့ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ နေရာ၌ပင်တောင့်တင်းသွားသည်။အချိန်အတန်ကြာမှသာလျှင် သူမက တုန်ရီနေသောအသံဖြင့် ပြောဆိုလေ၏။

"ဘာလို့လဲ"

ပိုင်ဆုချင်က သူမအား တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါတို့တွေ လျှို့ဝှက်ဆန်းကြယ်တဲ့အင်မော်တယ်နှလုံးသားနည်းစနစ်ကို ကျင့်ကြံဖို့အတွက် ရွတ်ဆိုရတဲ့မန္တန်ကို နင် မှတ်မိလား"

"မန္တန်လား....တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ မလိုဘူး....စိတ်နှလုံးသား မလှုပ်ခတ်ဖို့ပဲလိုတယ်....."

ဝူရွှင်းယွင်သည် ကြောက်ရွံစိတ်များဖုံးလွှမ်းနေသဖြင့် သူမ၏မသိစိတ်မှနေ၍ မန္တန်ရွတ်ဆိုလိုက်မိ၏။

"အမှန်ပဲ....ဒါက စိတ်နှလုံးသားကိုထိန်းချုပ်ရမယ့် စည်းမျဥ်းပဲ"

ပိုင်ဆုချင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"နင့်ရဲ့စိတ်နှလုံးသားက တည်ငြိမ်မှုမရှိဘူး...တကယ်လို့ နင် ငါနဲ့ဆက်နေလို့ရှိရင် အောင်မြင်သင့်သလောက်အောင်မြင်မှာမဟုတ်ဘူး...နင် ထွက်သွားတာပိုကောင်းလိမ့်မယ်"

ဟူး....

လေစိမ်းတစ်ချက်တိုက်ခတ်လာပြီး ဝူရွှင်းယွင်အား ပြင်ပသို့ပို့ဆောင်လိုက်သည်။

ထို့နောက် အလင်းတန်းက ရုတ်တရက် ပို၍တောက်ပလာပြီး ပိုင်ဆုချင်နှင့်တခြားသူများသည် ကူးပြောင်းရေးဝင်္ကပါမှတဆင့် ဤနေရာမှ ထွက်ခွါသွားတော့သည်။

"ဆရာသခင်...ကျွန်မ အမှားကိုသိပါပြီ...ကျွန်မကို မစွန့်ပစ်ပါနဲ့"

ဝူရွှင်းယွင်က အသိပြန်ဝင်လာပြီး ထိတ်လန့်တကြားအော်ဟစ်နေပေ၏။

သို့ရာတွင် ပိုင်ဆုချင်က သူမအား အဝေးသို့ပို့ဆောင်ပြီးပြီဖြစ်သဖြင့် သူမ၏စကားသံအား မကြားတော့ချေ။

"ဒါတွေအကုန်လုံးက နင့်ကြောင့်"

ဝူရွှင်းယွင်ကိုကြည့်ရသည်မှာ အရူးတစ်ယောက်နှင့်တူနေသည်။သူမက လုယွီဘက်သို့လှည့်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"တခြားသူကို အပြစ်တင်နေမယ့်အစား...မင်းကိုယ်မင်းသာ အပြစ်တင်"

လုယွီက သူမအားလျစ်လျှူရှုပြီး ကျီးချန်ယွီနှင့်အတူ အလင်းတန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်က ကူးပြောင်းရေးဝင်္ကပါအတွင်း ဝင်ရောက်သွားပေ၏။

ဝူရွှင်းယွင်က လုယွီတို့နှစ်ယောက် ထွက်ခွါသွားခြင်းကိုမြင်သည်တွင် သူမ၏နှုတ်ခမ်းကိုကိုက်လိုက်သော်လည်း အလင်းတန်းအတွင်းသို့ သူမ ခြေချဝံ့ခြင်းမရှိပေ။သူမက ဤအဆင့်၏စည်းမျဥ်းများကို သိရှိထားသည်။အကယ်၍သာ သူမတစ်ကိုယ်တည်း ထွက်ခွါသွားမိပါက အနိုင်ရရန် လွန်စွာခက်ခဲပေမည်။

"ဂျူနီယာညီမလေး...မင်းရဲ့တောင်ထိပ်ကလူတွေနဲ့ လူကွဲသွားတာလား"

ခပ်သဲ့သဲ့အသံတစ်သံက ဝူရွှင်းယွင်၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ဝူရွှင်းယွင်က လှည့်ကြည့်လိုက်ရာတွင် သူမ၏အသက်ရှုနှုန်းများပင် ရပ်တန့်လုမတက် ခံစားလိုက်ရသည်။သူမ၏နောက်မှနေ၍ စကားပြောဆိုလိုက်သူသည် ရှယီရှန်း ဖြစ်နေသည်။

All Chapters