← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

Chapter 181: ဘိုးဘေး ဆက်ကျင့်ကြံနိုင်ပြီ

ရှန်မို ထိုင်ခုံကိုမှီလျက် အဆိပ်နွယ် ရတနာ (၈) ပါး စာအုပ်ကို အာရုံစိုက်ကာ ဖတ်နေ၏။

လျှို့ဝှက်ကျင့်စဉ်ကို လေ့လာပြီးနောက် နားလည်သွားသောအခါ သိပ်မခက်တော့ဟု တွေးမိလေသည်။

တစ်နေ့ခင်းတည်းနှင့် ကျင့်စဉ်၏ ပထမပိုင်းရော ဒုတိယပိုင်းပါ တတ်မြောက်သွား၏။

ရှန်မိုမှာ ကျင့်စဉ် (၆) ခုကို နားလည်နေလေပြီ။

အချို့မှာ အဆိပ်နွယ်ဂိုဏ်းမှ မဖော်ထုတ်ထားသော လျှို့ဝှက်ကျင့်စဉ်များ ဖြစ်သော်လည်း သူ့အဆင့်ဖြင့် ထိုကျင့်စဉ်မျှကို မျှော်နေစရာ မလိုတော့ချေ။

ရှန်မို တတိယပိုင်းစာအုပ်ကို ဖွင့်လိုက်၏။ အံ့ဩစရာ အခွင့်အရေးသစ်များ ပါနေမည်ဟုလည်း မျှော်လင့်မိသည်။

“အဆိပ်နွယ်ဂိုဏ်းရတနာ (၈) သွယ် စာအုပ် တတိယပိုင်းဆိုတော့ ကျင့်စဉ် (၂) ခုလောက်တော့ ထပ်ပါဦးမှာပေါ့”

ရှန်မို ဂရုတစိုက် ကြည့်နေ၏။

မကြာမီ ကောင်းကင်တွင် လမင်းသာလာလေသည်။

ရုတ်တရက် ရှန်မို မျက်လုံးပြူးသွား၏။

“အမြဲစိမ်းသစ်ပင်! သားကောင်ထိန်းချုပ်ကျင့်စဉ်!”

သူ ပြုံးသွားသည်။

အမြဲစိမ်းသစ်ပင်မှာ မြေအဆင့် ထိပ်တန်းကျင့်စဉ်တစ်ခု ဖြစ်ပြီး အလွှာ (၃) ခု ခွဲထားသည်။

ထိုကျင့်စဉ်ကို အဆိပ်နွယ်ဂိုဏ်းမှ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းခဲ့ပြီး ယခုတော့ ပထမအလွှာမျှသာ ကျန်ကာ သစ်ပင်လည်း တစ်ပင်သာ ဖွဲ့စည်းနိုင်တော့သည်။

ထို့အပြင် အကျိုးသက်ရောက်မှုမှာ သုံးစွဲသူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့်လည်း သက်ဆိုင်၏။

အဆင့်ချင်းတူလျှင်ပင် ရှန်မိုကဲ့သို့ ပြီးပြည့်စုံခြင်း တာအိုအခြေခံနှင့် အထူးရွှေအမြုတေရှိသူက ပိုသာလိမ့်မည်။

“ဒီအကာအကွယ်ကျင့်စဉ်က ငါနဲ့ ကွက်တိပဲပေါ့”

“နောက်ပြီး ဂိတ်အကာအကွယ် (၄) ခုနဲ့လည်း အတူသုံးလို့ ရသေးတယ်”

“ဒီလို ပြည့်စုံနေရင် ခြေတည်ဝိညာဉ်အဆင့်ကလွဲပြီး ငါ့ကို လာထိလို့ မရတော့ဘူး”

ရှန်မို အလွန်ဝမ်းသာကာ ပြုံးရွှင်နေ၏။

သားကောင်ကျင့်စဉ်မှာတော့ အလယ်အဆင့် မြေအဆင့် သိုင်းစဉ်ဖြစ်၏။

ထိုကျင့်စဉ်မှာ တိုက်ခိုက်ခုခံရေးအတွက် မဟုတ်ဘဲ သားကောင်များနှင့် ကျင့်ကြံရာတွင် ကူညီပေးသည်။ ထိုသိုင်းစဉ်တွင်လည်း အလွှာ (၃) ခုရှိကာ ပထမတစ်ခုမှာ နတ်ဆိုးသားကောင်နှင့် ဆက်နွယ်မှု အားကောင်းရန်ဖြစ်ပြီး ဒုတိယအလွှာတွင် သားကောင်၏ အင်အားကို ယူသုံးနိုင်ပြီဖြစ်၏။ သို့သော် ကာယကံရှင်၏ အသက်ကိုတိုစေနိုင်သည်။ နောက်ဆုံး တတိယအလွှာတွင်တော့ ထိခိုက်မှု မရှိဘဲ အင်အားယူသုံးနိုင်လိမ့်မည်။

“သားကောင်ထိန်းချုပ်ကျင့်စဉ်ကို အဆိပ်နွယ်ဂိုဏ်းက ကျင့်ကြံတယ်တောင် မကြားဖူးဘူး… ဂိုဏ်းတည်ထောင်သူလည်း နားမလည်နိုင်ခဲ့ဘူးမလား”

ရှန်မို တစ်ယောက်တည်း တွေးတောနေ၏။

ထို့နောက် ထိုကျင့်စဉ်သည် အဆိပ်နွယ်ဂိုဏ်း တည်ထောင်သူ ဘိုးဘေးမှ ဖန်တီးခြင်းမဟုတ်ဘဲ တစ်နေရာရာမှ ရလာကြောင်းကို သဘောပေါက်သွားသည်။

သူ အလွန် စိတိလှုပ်ရှားနေမိ၏။

ထိုကဲ့သို့ တန်ဖိုးကြီးစာအုပ်မှာ အင်အားကြီးဂိုဏ်းမှ ဖြစ်မည်။

“အခုတော့ သားကောင်ထိန်းချုပ်ကျင့်စဉ်ကို ခဏထားလိုက်ဦးမယ်… အမြဲစိမ်းသစ်ပင်ကျင့်စဉ်ကို ကျင့်နိုင်ဖို့ ပိုအရေးကြီးတယ်”

ရှန်မို သက်ပြင်းချ၍ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်လိုက်သည်။

“ဒါပေမဲ့ အရင်ဆုံး လုပ်စရာရှိသေးတယ်”

သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးကျောက်စိမ်းပြား ထုတ်ကာ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေသည်။

“ခေါင်းဆောင်ငယ်ရှန် ဒီအချိန်ကြီး ဘာကိစ္စလဲ”

မိုယုဟုန်အသံ ထွက်လာ၏။

သူတို့ကျင့်စဉ်ကို ပေးလိုက်ရ၍ မကျေမနပ် ဖြစ်နေဆဲပင်။

ရှန်မို ပြုံးကာ

“သတိပေးစရာလေး ရှိလို့ပါ…ဒါပေမဲ့ စိတ်မကြည်ရင်လည်း ထားလိုက်ပါတော့”

ထိုသို့ပြောကာ ရှန်မို အဆက်အသွယ်ဖြတ်ချလိုက်သည်။

မိုယုဟုန်သာ မှင်တက်၍ ကျန်ခဲ့၏။

တစ်ခုခု မှားနေသည်ဟု ခံစားရကာ ရှန်မိုအား ချက်ချင်း ပြန်ဆက်သွယ်လိုက်သည်။

သို့သော် ရှန်မိုမှာ ဆက်သွယ်ရေးကျောက်စိမ်းပြားကို သိမ်း၍ အမြဲစိမ်းသစ်ပင်ကျင့်စဉ်ကို စတင်ကျင့်ကြံနေလေပြီ။

မျက်စိတစ်မှိတ်အတွင်း အရှေ့ဘက်မှ ရောင်နီများ ပေါ်ထွက်လာသည်။

ရှန်မို့ခန္ဓာကိုယ်တွင်လည်း စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေ၏။

သစ်စွမ်းအင်များ ဘေးတွင်ပျံ့နှံ့ပြီး ခြံထဲမှ မြက်ပင်များပင် လန်းဆန်းနေသည်။

တစ်လောကလုံးလည်း အသက်ဝင်လှပနေလေ၏။

သစ်စွမ်းအင်မှာ သစ်ပင်ကြီးတစ်ခုအသွင် ဖြစ်ကာ စိမ်းစိုမြင့်မားလှသည်။

သို့သော် အရွက်အခက်များ မထင်ရှားသေး၍ တိမ်တိုက်များဖြင့် သစ်ပင်ကြီးဟု ထင်ရသည်။

ရှန်မို တည်ငြိမ်စွာဖြင့် စွမ်းအင်ကို ထိန်းသိမ်းကြည့်သည်။

ထိုစဉ် တဖြည်းဖြည်း အကိုင်းအခက်နှင့် အရွက်များပါ ပေါက်လာ၏။

သစ်ပင်ကြီးမှာလည်း အလွန်မြင့်မားနေသည်။

ပတ်ဝန်းကျင်မှ ပန်းပင်များ၊ မြက်ပင်များ လျင်မြန်စွာ ကြီးထွားလာ၍ အားလုံး အံ့ဩနေကြသည်။

ရှန်မို ပြုံးကာ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာ၏။

တစ်ညတည်းဖြင့် ပထမအဆင့်ကို တတ်မြောက်သွားလေပြီ။

အခြားသူများသာ ထိုသို့ကျင့်ကြံနိုင်လျှင် ဝမ်းသာလွန်း၍ နေ့တစ်ဝက်ခန့် ပါးစပ်မပိတ်နိုင်အောင် ဖြစ်နေလိမ့်မည်။

သို့သော် ပုံမှန်အားဖြင့်တော့ ကောင်းကင်အဆင့် ခန္ဓာကိုယ်ရှိမှသာ ကျင့်ကြံမှုအရှိန် မြန်မည်ဖြစ်သည်။

ရှန်မို့အောင်မြင်မှုမှာ မထူးဆန်းလှပေ။

ဂျစ် ဂျစ်!

ရှန်မို ကျောက်စားပွဲကို လှမ်းကြည့်လိုက်သောအခါ တုန်ခါနေသည်ကို တွေ့ရ၏။

ထိုအခါမှ ဆက်သွယ်ရေးကျောက်စိမ်းပြားအား ဖွင့်ကြည့်လိုက်မိသည်။

“… ဘာဖြစ်တာလဲ… နောက်ဆုံးတော့ အဆက်အသွယ် ရပြီပဲ”

“ရှန်မိုရယ် မနေ့ညကကိစ္စ ကျွန်မ တောင်းပန်ပါတယ်… မှားသွားပါတယ်”

“ဘာကို သတိပေးမလို့လဲဟင်”

ရှန်မိုမှ

“စိတ်ဝိညာဉ်သားကောင် တောင်တန်းကို သေချာ စောင့်ကြည့်ပါ… အကြီးအကဲတွေထဲမှာ သစ္စာဖောက် ရှိနေတယ်”

မိုယုဟုန် မှင်တက်၍

“နတ်ဓားဂိုဏ်းက ထည့်ထားတဲ့ သူလျှိုရှိတယ်လို့ ပြောချင်တာလား… မဖြစ်နိုင်တာ အားလုံး အဖေနဲ့ ရင်းနှီးတဲ့လူယုံတွေပါပဲ”

ရှန်မို ခပ်အေးအေးဖြင့်

“ယုံတာ မယုံတာတော့ မင်းသဘောပဲ”

“နောက်ပြီး ဒီသတင်းက အလကားတော့ မဟုတ်ဘူးနော်… တောင်တန်းမှာ ကိစ္စတွေရှင်းပြီးရင် ပြန်လာယူမှာ”

ထို့နောက် အဆက်အသွယ် ပြတ်သွားကြလေ၏။

…

(၅) ရက်အကြာတွင်၊ စိတ်ဝိညာဉ်သားကောင် တောင်တန်းအပြင်ဘက်။

လောင်ချောင်ထျန်းတစ်ယောက် တောင်တန်းဘက် ကြည့်၍ ပြုံးနေ၏။

သူ့ဘေးတွင် နတ်ဓားဂိုဏ်းမှ အင်အားကြီး အကြီးအကဲအချို့ ရှိနေသည်။

တစ်ဖက်တွင်တော့ အဆိပ်နွယ်ဂိုဏ်းသားများမှာ အကာအကွယ်ဖြင့် ခုခံနေရသည်။

အကာအကွယ်၍ အရောင်အဝါကို ကြည့်ခြင်းအားဖြင့် အလွန်ဆုံး (၂) ရက်သာ ခံနိုင်ရည်ရှိတော့မည်ဟု ခံစားရပါသည်။

“အဲ့အကြီးအကဲဝမ်လေ မနေ့ညက ရုတ်တရက် သတင်းပေးလာတာ သိလား”

လောင်ချောင်ထျန်း ပြုံး၍ စကားစ၏။

ဝူယန်ကန်နှင့် အကြီးအကဲများ နားမလည်နိုင် ဖြစ်နေသည်။

“ဘယ်လိုမျိုးလဲ”

“မြေအဆင့်ရတနာ သက်ရှည်ပန်း”

“ဒီပန်းက ခြေတည်ဝိညာဉ်ဖွဲ့စည်းဖို့ အကောင်းဆုံး လိုအပ်တဲ့ပစ္စည်းပဲ”

“ငါသာ အဲ့ပစ္စည်းရရင် ဘိုးဘေး သတ္တမမြောက်ကြာပွင့် ခြေတည်ဝိညာဉ် တည်ဆောက်နိုင်ပြီ”

Chapter 182: တိုက်ပွဲစတင်ခြင်း

ဝူယန်ကန်တို့အားလုံး အလွန်ပျော်ရွှင်သွားကြသည်။

“ဂုဏ်ယူပါတယ် ခေါင်းဆောင်နဲ့ ဘိုးဘေး”

“ကျွန်တော်တို့သာ သက်ရှည်ပန်းကို ရရင် နတ်ဓားဂိုဏ်းက ရွှမ်ကျန်းဒေသမှာ ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

လောင်ချောင်ထျန်းအပြုံးမှာ ပိုတောက်ပလာ၏။

နတ်ဓားဂိုဏ်းမှ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ မွေးထုတ်နိုင်လျှင် အဆိပ်နွယ်ဂိုဏ်းနှင့် ချင်းရွှယ်တို့ ပူးပေါင်းလျှင်ပင် ဘယ်တတ်နိုင်မည်နည်း။

“ဘိုဘေးက ခြေတည်ဝိညာဉ်အဆင့် ရောက်သွားရင် ရှန်ချင်းဂိုဏ်းကနေ အကြီးအကဲအဖြစ် ခေါ်မှာ မဟုတ်ဘူးလား”

ဝူယန်ကန် အားကျစွာ ပြောမိသည်။

လောင်ချောင်ထျန်း ပြုံး၍

“ဒါပေါ့… နတ်ဓားဂိုဏ်းကနေ ရှန်ချင်းကို ခြေတည်ဝိညာဉ်အဆင့် မပေးနိုင်တာ ကြာပြီလေ”

“ဒီတစ်ခါ အောင်မြင်ရင် ရှန်ချင်းဘက်ကလည်း နတ်ဓားဂိုဏ်းကို ပိုအာရုံစိုက်မိမှာပါ”

အခြားအကြီးအကဲများလည်း စိတ်လှုပ်ရှားသွားသည်။

ရှန်ချင်းမှာ ယုကျောက်ဒေသမှ ထိပ်တန်းဂိုဏ်းဖြစ်ပြီး အင်အားအလွန်ကြီးသည်။

နတ်ဓားဂိုဏ်းမှာ ရှန်ချင်းလက်အောက်မှ အင်အားကြီး (၁၀) ဂိုဏ်းထဲ ပါဝင်၏။

ရှန်ချင်းမှ စွန့်ကျဲသော ရတနာအနည်းငယ်ဖြင့်ပင် နတ်ဓားဂိုဏ်းမှာ ယခုအဆင့်အထိ ရောက်လာခြင်း ဖြစ်သည်။

“အရင်ဆုံးတော့ ငါတို့ တောင်တန်းကို ရမရပေါ် မူတည်တယ်”

ဝူယန်ကန် ရယ်မော၍

“သူလျှို အကြီးအကဲဝမ် ရှိနေတာပဲ… စိတ်ဝိညာဉ်သားကောင် တောင်တန်းကိုရဖို့ မကြာပါဘူး”

လောင်ချောင်ထျန်း ပြုံး၍ ဆက်သွယ်ရေး ကျောက်စိမ်းပြား ထုတ်ကာ အကြီးအကဲဝမ်နှင့် ဆက်သွယ်လိုက်သည်။

“အကြီးအကဲဝမ် တောင်တန်းအကာအကွယ်တွေ အင်အားကို လျှော့ချလိုက်တော့”

သို့ရာတွင် အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှု မရှိချေ။

လောင်ချောင်ထျန်း ခပ်အေးအေးဖြင့် ထပ်အကြောင်းကြားလိုက်သည်။

သို့သော် သူ့စာမှာ လေဟာနယ်ထဲ ပျောက်ကွယ်သွား၏။

ဝူယန်ကန်တို့လည်း နားမလည်နိုင် ဖြစ်နေကြသည်။

ဘာဖြစ်တာလဲ။

လောင်ချောင်ထျန်း မျက်မှောင်ကြုတ်ကာ တစ်ခုခု မှားနေမှန်း သိလိုက်သည်။

“အကြီးအကဲဝမ် ပြန်ဖြေဦး”

ထိုစဉ် တစ်ဖက်မှ အသံထွက်လာ၏။ သို့သော် ရင်းနှီးနေသော အကြီးအကဲဝမ်၏အသံ မဟုတ်ပေ။ မိန်းမငယ်တစ်ဦး ဖြစ်နေသည်။

“ခေါင်းဆောင်လောင် အကြီးအကဲဝမ်ကို ရှာနေတာလား… သူက အခု မြေအောက် အချုပ်ခန်းထဲမှာ လက်ဖက်ရည်သောက်နေလောက်တယ်”

ဂျွတ်!

လောင်ချောင်ထျန်း မျက်နှာပျက်လျက် လက်ထဲမှ ကျောက်စိမ်းပြားအား ချိုးလိုက်သည်။

“ကျွန်တော်တို့ ပေါ်သွားပြီလား”

ဝူယန်ကန်တို့ မှင်တက်နေကြသည်။

“ဘယ်လိုဖြစ်တာလဲ”

“အကြီးအကဲဝမ်ပြောတာတော့ သူ ဘယ်သူ့ကိုမှ ထပ်မပြောထားဘူးတဲ့”

နတ်ဓားဂိုဏ်းအကြီးအကဲများ အချင်းချင်း ကြည့်မိကြသည်။

လောင်ချောင်ထျန်း သက်ပြင်းချ၍

“ငါ့အမိန့်ကိုပြန်လိုက်… စိတ်ဝိညာဉ်သားကောင် တောင်တန်းကို အင်အားအပြည့်နဲ့ တိုက်ခိုက်ကြတော့”

ဝူယန်ကန် တုံ့ဆိုင်းနေပြီး

“ခေါင်းဆောင် အခုအခြေအနေအရ သူတို့အကာအကွယ်ကို ဖျက်ဆီးဖို့ (၂) ရက်လောက် ကြာမှာ”

“ငါတို့ အဲ့လောက် အချိန်ရှိမနေဘူး”

“အချိန်ကြာလေ အန္တရာယ် ပိုများလေပဲ… ချင်းရွှမ်ရဲ့ တကယ့်ရည်ရွယ်ချက်ကလည်း ဘာမှန်း မသိရသေးဘူး”

လောင်ချောင်ထျန်းမှ ဆက်၍

“နယ်စပ်က အကြီးအကဲတွေကို ခေါ်လိုက်တော့… ဒီနေ့အတွင်း တောင်တန်းကို သိမ်းမိမှ ဖြစ်မယ်”

“ချင်းရွှမ်ဂိုဏ်းက ရောက်မလာရင်လည်း ကောင်းတယ် ထားလိုက်… လာခဲ့ရင်လည်း အကုန် သတ်ပစ်မယ်”

ဝူယန်ကန် မျက်နှာပျက်လျက်

“ခေါင်းဆောင်… မူယုံးယွဲ့ကတော့ ရှင်းနိုင်တာ ဟုတ်ပေမဲ့ ရှန်မိုက… သူ့အင်အားက သာမာန် မဟုတ်ဘူးနော်”

“ကျောက်လဲ့ဖုန်တို့လည်း သူ့လက်နဲ့ပဲ သေသွားတာ”

လောင်ချောင်ထျန်း နှာခေါင်းရှုံ့၍

“မင်းက ငါ့ကို ရှန်မို့တောင် မယှဉ်နိုင်ဘူးလို့ ပြောချင်တာလား”

“ဒါမှမဟုတ် မင်း သေမှာ ကြောက်နေတာလား”

ဝူယန်ကန် ချက်ချင်း ခေါင်းယမ်းပြ၍

“အဲ့လို ပြောချင်တာ မဟုတ်ပါဘူး… အလောတကြီး တိုက်ခိုက်ရာကနေ ဆုံးရှုံးစရာ ဖြစ်လာမှာ စိုးလို့ပါ”

လောင်ချောင်ထျန်းမှ

“လာကြည့်လိုက်စမ်းပါ”

“ရှန်မို့ဝှက်ဖဲတွေ အကုန်သိနေတာပဲ”

“သူ့ရတနာတွေလောက်တော့ ငါ အကုန်နိုင်တယ်”

ဘေးမှ အကြီးအကဲများလည်း ခေါင်းငြိမ့်ထောက်ခံကြ၏။

လောင်ချောင်ထျန်း ပြင်ဆင်ထားပုံပေါ်၍ ဝူယန်ကန်လည်း စိတ်အေးသွားလေသညိ။

“ကောင်းပါပြီ အကြီးအကဲတွေကို အခုပဲ အကြောင်းကြားလိုက်ပါမယ်”

…

ရှန်မိုမှာ ခြံထဲတွင် တည်ငြိမ်စွာ ကျင့်ကြံနေ၏။

ထိုအချိန်တွင် သူ့ဘေး၌ မြင့်မားသော သစ်ပင်ကြီး (၂) ပင် ပေါက်ရောက်နေ၏။

ဒေါက် ဒေါက် ဒေါက်!

တံခါးခေါက်သံကြားရပြီ ရှန်မို ပြန်မေးလိုက်သည်။

“ဘာကိစ္စလဲ”

ဝေ့ရှောင်းထီအသံ ထွက်လာ၏။

“ခေါင်းဆောင်ငယ်… နတ်ဓားဂိုဏ်းက နယ်စပ်မှာရှိတဲ့ ကျင့်ကြံသူတေံကို ပြန်ခေါ်သွားပါပြီ… တောင်တန်းသိမ်းဖို့ပဲ အာရုံစိုက်တော့မယ့်ပုံပဲ”

ရှန်မို မျက်လုံးများ ပွင့်လာပြီး

“အခုချက်ချင်း ကျွန်တော်တို့လည်း စိတ်ဝိညာဉ်တောင်ကို ချီတက်မယ်လို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့ ခေါင်းဆောင်ငယ်”

ရှန်မို့အမိန့်မှာ မူယုံးယွဲ့ထက်ပင် ပိုစွမ်းနေသည်။

သူပြောလိုက်သည်နှင့် တစ်ဂိုဏ်းလုံး လှုပ်ရှားရတော့၏။

မကြာမီ လူအယောက် (၁၀၀) ဝန်းကျင်ပါသော အင်အားစုကြီး အသင့်ဖြစ်နေသည်။

ရှန်မို၊ ဝေ့ရှောင်းထီနှင့် အကြီးအကဲလီတို့မှ ဦးဆောင်၏။

မြုတေဖွဲ့စည်းခြင်း (၃၀) နှင့် ခြေတည်အဆင့် (၇၀) ပါလေသည်။

မူယုံးယွဲ့၊ လျှိုယွမ်ဖုန်တို့မှာတော့ ဂိုဏ်းကိုစောင့်ရင်း ကျန်ခဲ့ကြသည်။

သူတို့ချီတက်လာသော သတင်းမှာ ချက်ချင်း ပျံ့သွားပြီး အလွတ်တန်းကျင့်ကြံသူများ စိတ်ဝင်စားကာ ရောက်လာကြလေသည်။

…

စိတ်ဝိညာဉ်သားကောင် တောင်တန်း။

မိုယုဟုန်မှာ အစိမ်းရင့်ရောင် အကာအကွယ် ပြုလုပ်ရင်း နတ်ဓားဂိုဏ်းတပည့်များအား မောင်းထုတ်နေ၏။

သူ့ဘေးတွင် မြွေဖြူငယ်လေးနှင့် ဝက်ဝံကြီးမှာလည်း အပြင်းအထန် တိုက်ခိုက်နေလေသည်။

ခပ်လှမ်းလှမ်း၌ အကြီးအကဲများ၊ တပည့်များမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အင်အားကုန်သုံး၍ ခုခံနေရ၏။ သို့သော် အင်အား အတော်နည်းနေကြလေပြီ။

“ချင်းရွှမ်ဂိုဏ်းရော… အခုထိ မရောက်လာသေးဘူးလား”

မိုယုဟုန် အံကြိတ်ကာ ပြောမိသည်။

ထိုစဉ် လျှိုမုန့်ဟူ ဇောချွေးများ သုတ်ရင်း ပြေးလာပြီး

“နတ်ဓားဂိုဏ်းအနောက်မှာ လှုပ်ရှားမှု တွေ့ပါတယ်… ချင်းရွှမ်ဂိုဏ်း ရောက်လာပြီထင်တယ်”

မိုယုဟုန် မျက်နှာလေး ဝင်းလက်သွားပြီး

“အားလုံးပဲ အားတင်းထားကြပါ… ချင်းရွှမ်ဂိုဏ်း ရောက်လာပြီ”

လောင်ချောင်ထျန်း လှည့်ကြည့်၍

“ချင်းရွှမ်ဂိုဏ်းက တကယ်စိတ်ဝင်စားစရာပဲ”

ရှန်မို ပြုံးကာ

“တိုက်ခိုက်ကြ”

အားလုံး အော်ဟစ်၍ ရှေ့သို့ တက်လာသည်။

တိုက်ပွဲကြီး စတင်၍ ပေါက်ကွဲသံများ ဆူညံသွား၏။

Chapter 183: အမြဲစိမ်းသစ်ပင် အကာအကွယ်

အခြား မြုတေဖွဲ့စည်းခြင်းအဆင့်များမှာလည်း ပြိုင်ဘက်အသီးသီးနှင့် တိုက်ခိုက်ရင်း ရှုပ်ထွေးနေကြသည်။

စိတ်ဝိညာဉ်လက်နက်မျိုးစုံ၊ ကျင့်စဉ်မျိုးစုံလည်း အသုံးပြုကာ တောင်တန်းတစ်ခုလုံး စွမ်းအင်များ ပျံ့နှံ့နေ၏။

ခြေတည်အဆင့်များ အလွန်နီးကပ်လျှင် မူးဝေ၍ စွမ်းအင် မသုံးနိုင်တော့ပေ။

ရှန်မို့ပြိုင်ဘက်မှာတော့ သေချာပေါက် လောင်ချောင်ထျန်းပင်။

နှစ်ယောက်စလုံး ဓားရှည်များထုတ်ကာ တိုက်ခိုက်နေ၏။

မီးတောက်မီးပွင့်များလည်း တလက်လက်ထ၍ ပြင်းထန်နေလေသည်။

“မိုးကြိုးအရိပ်ဓားသိုင်းလား… ချင်းရွှမ်က ကျင့်စဉ်နဲ့ မတူသလိုပဲ”

လောင်ချောင်ထျန်း ရှန်မို့ဓားသိုင်း ထူးခြားမှုအား ချက်ချင်း ဂရုပြုမိ၏။

တစ်ခါတစ်ရံမြန်၍ တစ်ခါတစ်ရံ နှေးကာ တစ်ခါတစ်ရံ ငြိမ်နေသလို ခံစားရသည်။

ခန့်မှန်း၍ မလွယ်သောကြောင့် နတ်ဓားဂိုဏ်း ခေါင်းဆောင် လောင်ချောင်ထျန်းပင် ခုခံရခက်၏။

ရှန်မို ရယ်မောကာ

“ခေါင်းဆောင်လောင်ရဲ့ ဓားသိုင်းက သာမာန်ပဲနော်… ရွှမ်ကျန်းထိပ်တန်း (၅) ဂိုဏ်းထဲဝင်တဲ့ ဓားသိုင်းက ဒီလောက်ပဲလား”

လောင်ချောင်ထျန်း နှာခေါင်းရှုံ့၍ ကျင့်စဉ် ပြောင်းလိုက်၏။

ရုတ်တရက် မြစ်ပြင်ကျယ်ကဲ့သို့ အင်အားကြီးကာ တဖြည်းဖြည်း စမ်းချောင်းကဲ့သို့ နူးညံ့လာသည်။

ရှန်မို မျက်ခုံးပင့်မိသည်။

လောင်ချောင်ထျန်းမှာ နတ်ဓားဂိုဏ်းခေါင်းဆောင် ဂုဏ်ကိုတော့ အထိခိုက်မခံပေ။

သူ့အင်အားမှာ သာမာန်မကသော်လည်း ရှန်မိုမှာလည်း အတိုင်းအဆမဲ့ ကျွမ်းကျင်၏။

ရှန်မို ချက်ချင်း ဓားကိုဖယ်၍ ခရမ်းရင့်ရောင် နတ်ဆိုးချပ်ဝတ်အား ညာဘက်လက်တွင် ပေါ်လာစေသည်။

ဇွက်!

သူ ရုတ်တရက် လက်ခေါက်ထဲမှ သွေးအိတ် (၃) အိတ်အား ဖောက်၍ ရေခဲနဂါးစွမ်းအင်ဖြင့် ပေါင်းစပ်လိုက်သည်။

ထိုအခါ ချက်ချင်း ချပ်ဝတ်မှာ ရေခဲပြာရောင် ဖြစ်သွားသည်။

စွမ်းအင်မှာ အလွန်ပြင်းထန်၍ ဝိညာဉ်အထိပါ အေးခဲသွားစေနိုင်သည်။

လောင်ချောင်ထျန်း ထိုစွမ်းအင်အကြောင်း ကြားဖူးသော်လည်း မျက်မြင်ကြုံရသောအခါ ကြောက်လန့်၍ စိတ်လှုပ်ရှားလာသည်။

ထိုအခြေအနေကို မခုခံနိုင်ဘဲ ဒဏ်ရာ ပြင်းထန်စွာရမည်ဟု သူ့မသိစိတ်မှ အကြောင်းကြားနေသည်။

လောင်ချောင်ထျန်းမှာ ဓား (၇) ချက်ကို ပေါင်းစည်း၍ ပြင်းထန်သောစွမ်းအင်ကြီး ဖြစ်သွားစေသည်။

ဤသည်မှာ နတ်ဓားဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်ပြီး ခုနစ်စင်ကြယ် နတ်ဓားဟု ခေါ်ပါသည်။

ခုခံရေးကျင့်စဉ်များထဲမှ အလွန်အင်အားကြီးသော နည်းတစ်မျိုး ဖြစ်၏။

ပတ်ဝန်းကျင်မှ အကြီးအကဲများ ထိုသိုင်းကွက်ကိုကြည့်၍ လန့်သွားသည်။

လောင်ချောင်ထျန်း ထိုသိုင်းကွက် မသုံးရသည်မှာ အတော်ကြာလေပြီ။ ရှန်မိုနှင့်မှ ပြန်သုံးရ၍ ရှန်မို့ အရည်အချင်းကို ခန့်မှန်းနိုင်ပါသည်။

ဘုံး!

ထိုစဉ် ရေခဲစွမ်းအင်နှင့် ခုနစ်စင်ကြယ် နတ်ဓားတို့ တိုက်မိကာ ပေါက်ကွဲသံကြီး ထွက်လာ၏။

စွမ်းအင်များလည်း ဘေးသို့ပျံ့ကာ ပတ်ဝန်းကျင်မှ သစ်ပင်ကြီးများအထိ ပျက်စီးကုန်သည်။

မြုတေဖွဲ့စည်းခြင်းအချို့ပင် ခံနိုင်ရည်မရှိ၍ သွေးများ အန်ထွက်၏။

ခြေတည်အဆင့်မှာတော့ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

လေထဲတွင် လူ (၂) ယောက် လွင့်သွား၏။

ရှန်မိုမှာ (၁၀) မီတာမျှ လွင့်၍ လောင်ချောင်ထျန်းမှာတော့ မီတာ (၃၀) ကျော်မှ အရှိန်ထိန်းနိုင်သည်။

နှစ်ယောက်စလုံးလည်း ဒဏ်ရာအနည်းငယ် ရသွား၏။

ရှန်မိုမှာ ရင်ဘက်နှင့် ဘယ်ဘက်လက်တွင် ဓားဒဏ်ရာ ဖြစ်သွားသော်လည်း သွေးထွက်နည်း၍ ချက်ချင်း အနာကျက်သွားလေသည်။

တစ်ဖက်တွင် လောင်ချောင်ထျန်းမှာတော့ ခန္ဓာကိုယ်အနှံ့ အပေါက်ငယ်များဖြင့် ရေခဲစများ ဝင်နေသည်။ ရေခဲစများမှာ အရိုးခိုက်အောင် အေးစေပြီး စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖယ်ရှားသည့်တိုင် မလွယ်ကူချေ။

ဤတစ်ချက်တည်းဖြင့် အင်အားကွာခြားမှုမှာ သိသာနေလေပြီ။

လောင်ချောင်ထျန်းမှ

“မင်း မြုတေဖွဲ့စည်းခြင်းထိပ်ဆုံးကို ကျော်သွားပြီမလား”

ထိုမြင်ကွင်းကို ကြည့်နေသူများလည်း ရင်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ ရှုပ်ထွေးသွားသည်။

ရှန်မို မည်မျှ နာမည်ကြီးကြီး လောင်ချောင်ထျန်းအထိ ယှဉ်နိုင်မည်ဟုတော့ မထင်ထားချေ။

အခြားဂိုဏ်းခေါင်းဆောင်များ သတ်ခြင်းကို မအံ့ဩသော်လည်း လောင်ချောင်ထျန်းအား နိုင်လျှင်တော့ အလွန် တုန်လှုပ်စရာ ဖြစ်လိမ့်မည်။

“ခေါင်းဆောင်လောင်က မြင်တတ်သားပဲ”

“မင်းရဲ့ ရတနာတွေလောက်နဲ့ ငါ့ကို မယှဉ်နိုင်ပါဘူးကွာ”

ရှန်မို လက်ခုပ်တီး၍

“ခေါင်းဆောင်လောင်က ကျွန်တော့် ရတနာတွေကို သေချာသိနေတာလား… အားတော့နာပေမဲ့ နောက်ထပ် တိုက်ကွက်ကိုတော့ ကြိုမသိဘူးမလား”

ထိုစဉ် လောင်ချောင်ထျန်းတစ်ယောက် နေရာမှ ပျောက်သွားပြီး (၁၀) မီတာကျော်ရှည်သောဓားဖြင့် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

ခပ်လှမ်းလှမ်းမှ အလွတ်တန်းကျင့်ကြံသူများကြည့်ရင်း အံ့ဩနေ၏။

“ဘယ်လို သိုင်းကွက်လဲ… လောင်ချောင်ထျန်း နေရာကနေ ပျောက်သွားတာပဲ”

“နတ်ဓားဂိုဏ်းရဲ့ အရိပ်ဓားဂိုဏ်း ဖြစ်မယ်… ဒါပေမဲ့ ငါသိထားတာ အဲ့လောက် အင်အားမကြီးဘူး”

အဘိုးအိုတစ်ဦး ရယ်မော၍

“သူတို့ဆီမှာ ကျောက်ချင်းကန်နဲ့ လောင်ချောင်ထျန်း (၂) ယောက်ပဲ တတ်တာလေ”

“ရှန်မိုတော့ ပြဿနာပဲ… သူ့မျက်နှာကို ကြည့်ဦး”

“ဒီလို အင်အားကြီးကို သူ ခံနိုင်ရည် ရှိပါ့မလား စိတ်ဝင်စားမိပါတယ်”

“ခေါင်းဆောင်ငယ် သူ ခံနိုင်ရည်ရှိလောက်လား”

လျှိုမုန့်ဟူ စိုးရိမ်စွာ မေး၏။

မိုယုဟုန် ခေါင်းယမ်းပြ၍

“ခက်တော့ခက်တယ်… သိသလောက်တော့ ဂိတ်တံခါး (၄) ချပ်နဲ့ ကာကွယ်ရမှာ… ဒါပေမဲ့ လောင်ချောင်ထျန်းက အချိန်ပေးနေမှာ မဟုတ်ဘူး”

လေထဲတွင်။

ကြီးမားသော စွမ်းအင်မှာ ရှန်မို့ရင်ဘက်နား နီးကပ်လာ၏။

ထိုစဉ် ရှန်မို့ရှေ့တွင် မြင့်မားသော သစ်ပင်ကြီး (၂) ပင် ပေါက်ရောက်လာသည်။

မိုယုဟုန် လန့်ဖျပ်၍

“အမြဲစိမ်းသစ်ပင် အကာအကွယ်လား… နောက်ပြီး (၂) ခုတောင်”

All Chapters