← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

Chapter 184: ခေါင်းဆောင်ကို ကာကွယ်ကြ

အဆိပ်နွယ်ဂိုဏ်း ကျင့်ကြံသူများအားလုံး မျက်လုံးပြူးကာ မှင်တက်နေကြသည်။

သူတို့အားလုံး ထိုကျင့်စဉ်ကို ရင်းနှီး၏။

သို့သော် ဆင့်ခေါ်ရန်မလိုဘဲ အလိုအလျောက် သုံးနိုင်ခြင်းမှာ အံ့ဩစရာဖြစ်သည်။

ကျင့်ကြံသူများ၏ တိုက်ပွဲတွင် အနည်းငယ် နောက်ကျသည်နှင့် သေခြင်းနှင့် ရှင်ခြင်းကို ခွဲခွါပစ်နိုင်သည်။

လျှိုမုန့်ဟူ လန့်ဖျပ်၍

“ခေါင်းဆောင်ငယ် အဆိပ်နွယ်ဂိုဏ်းမှာ ဒီကျင့်စဉ် နောက်ပိုင်း ပျောက်သွားလို့ ကျွန်တော်တို့တောင် တစ်ပင်တည်း ဖွဲ့စည်းနိုင်တာလေ… ရှန်မိုက ဘယ်လိုဖြစ်တာလဲ”

မိုယုဟုန် ခပ်တိုးတိုး ပြန်ပြော၏။

“ကျွန်မလည်း မသိတော့ဘူး… အဆိပ်နွယ်ဂိုဏ်း ရတနာ (၈) ပါး ကျင့်စဉ်ကို ရက်ပိုင်းနဲ့ နားလည်သွားလို့လား”

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး”

သူ အကြောက်အကန် ငြင်းနေမိသော်လည်း ဖြစ်နိုင်ခြေကို ခန့်မှန်းမိပါသည်။

မဟုတ်လျှင် အခြားအဖြေ မရှိတော့ပါ။

လောင်ချောင်ထျန်းလည်း အလွန်လန့်နေ၏။

ရှန်မို့တွင် ဤကဲ့သို့ ခုခံရေးကျင့်စဉ် ရှိနေမည်ဟု မထင်ထားချေ။

“အမြဲစိမ်းသစ်ပင် အကာအကွယ်တောင် ငါ့တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပါဘူး”

လောင်ချောင်ထျန်း အော်ဟစ်၍ သွေးစွမ်းအင်ကို ဓားစွမ်းအင်နှင့် ပေါင်းစည်းလိုက်သည်။

ချက်ချင်းပင် ဓားစွမ်းအင်မှာ အနီရောင်ပြောင်း၍ ပြင်းထန်လာ၏။

“သွေးဓားကျင့်စဉ်ပဲ”

“တစ်ချက်တိုက်ခိုက်ရုံနဲ့ သက်တမ်း (၃) နှစ် လျော့နိုင်တယ်”

လျှိုမု့န်ဟူ ရေရွတ်မိသည်။

သူတင်မက အခြားကြည့်နေသော အလွတ်တန်း ကျင့်ကြံသူများလည်း ထိတ်လန့်နေကြသည်။

နတ်ဓားဂိုဏ်းအကြီးအကဲများပင် ထိုကဲ့သို့ အင်အားကြီး တိုက်ခိုက်မှုကို မြင်နေမကျပေ။

လောင်ချောင်ထျန်းမှာ သူ့အသက်ကို အလွန် တန်ဖိုးထားသူ ဖြစ်၏။

မကြာမီ သွေးရောင် ဓားစွမ်းအင်မှာ အမြဲစိမ်း သစ်ပင် မျက်နှာပြင်ကို ခုတ်ပိုင်းလိုက်သည်။

ပထမသစ်ပင်မှာ တုန်ခါ၍ အကိုင်းအရွက်များ ကျိုးကြေကုန်၏။

ပင်စည်ပင် အက်ကွဲလာသည်။

(၁၀) စက္ကန့်မျှအတွင်း ပထမသစ်ပင်မှာ လုံးဝ ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲသွား၏။

ထို့နောက် ဒုတိယသစ်ပင်လည်း သွေးရောင် ဓားစွမ်းအင်ကို ရင်ဆိုင်ရပြန်သည်။

ရှန်မိုမှာတော့ တည်ငြိမ်သော အမူအရာဖြင့် ဂိတ်တံခါး (၄) ခုကို ဖန်တီးနေသည်။

မကြာမီ တံခါးကြီး (၄) ချပ် ပေါ်လာရာ ရှန်မို့အတွက် အကာအကွယ်ကောင်းကောင်း ဖြစ်နေသေးသည်။

ဘုံး ဘုံး ဘုံး!

သွေးရောင်ဓားစွမ်းအင်မှာ သစ်ပင်ကြီးအား အဆက်မပြတ် တိုက်ခိုက်နေ၏။

သို့သော် သစ်ပင်ကြီး (၂) ပင်အား တိုက်ခိုက်ပြီးချိန်တွင် ဓားစွမ်းအင် အလွန် အားနည်းသွားတော့သည်။

တံခါးကြီးများ၏ ပထမအချပ်ကိုပင် မသက်ရောက်တော့ချေ။

“ရွှမ် ရွှမ်”

လောင်ချောင်ထျန်း သွေးစွမ်းအင် (၄) ခေါက် ထပ်ထုတ်၍ တိုက်ခိုက်ပြန်၏။

ဘုံး ဘုံး ဘုံး!

ရွှေရောင်အလင်းများ ပေါက်ကွဲ၍ သွေးများ ပန်းထွက်လာသည်။

ကျင့်ကြံသူများမှာ ပေါက်ကွဲသံများသာ အဆက်မပြတ် ကြားနေရသည်။

ရှန်မိုသည် အကောင်းအတိုင်း ရပ်နေဆဲပင်။

ဘယ်လို ဖြစ်တာလဲ။

ဘာလို့ ခံနိုင်ရည်ရှိတာလဲ။

ကျင့်ကြံသူများ ရှန်မို့ကို ငေးကြည့်ရင်း အံ့ဩနေ၏။

“ဟူး”

လောင်ချောင်ထျန်း သက်ပြင်းချမိသည်။

သူ (၅) ကြိမ်ဆက်တိုက် တိုက်ခိုက်ထား၍ သက်တမ်း (၁၅) နှစ် ကုန်သွားလေပြီ။

“ဒီလိုအင်အားတော့ သူ သေချာပေါက် မခံနိုင်တော့ပါဘူး… သူ့ကို သတ်ပြီးရင် အေးဆေး နားလို့ရပြီ”

လောင်ချောင်ထျန်း စိတ်ထဲမှ တွေးနေမိ၏။

ထို့နောက် ရင်ထဲမှတုန်လှုပ်မှုကို အံကြိတ်ကာ ကြာပွင့်အခြေခံကို မီးမြှိုက်၍ ရွှေအမြုတေ ထုတ်လိုက်သည်။

သူ နောက်ဆုံးဝှက်ဖဲ ထုတ်သုံးရတော့မည်။

မြုတေဖွဲ့စည်းခြင်းတစ်ဦးအတွက် ထိုတိုက်ခိုက်မှုမှာ နောက်ဆုံး အားကိုးရာဖြစ်သည်။

ဘုံး!

ထိုအချိန်တွင် ရှန်မိုရပ်နေသောနေရာတွင် မီးတောက်တိုင်ကြီး ပေါ်လာ၏။

ကောင်းကင်ယံမှ နေလုံးကြီးနှင့်ပင် တူလေသည်။

ကျင့်ကြံသူများ၏အမြင်တွင် စူးရှသော မီးတောက်သာ ဖြစ်သည်။

အပူရှိန်ကိုလည်း ပြင်းထန်စွာ ခံစားရ၏။

ဘုံး!

မီးတောက်နှင့် ရွှေအမြုတေတို့ တိုက်ခိုက်မိပြန်သည်။

“အား”

လောင်ချောင်ထျန်း စူးရှစွာ အော်မိ၏။

ရွှေအမြုတေမှာ မီးတောက်များကို ခံနိုင်ရည်မရှိပေ။

လောင်ချောင်ထျန်း ကျင့်ကြံမှုလည်း ဆက်တိုက် ကျဆင်း၍ စက္ကန့်ပိုင်းအတွင်း မြုတေဖွဲ့စည်းခြင်းအဆင့် အောင်မြင်မှုကြီးအထိ ဖြစ်သွားသည်။

ဝှစ်!

ပြင်းထန်သောလေမှာ ရှန်မိုကို ရစ်ပတ်နေသော ရွှေရောင်အလင်းနှင့် သွေးနီစွမ်းအင်များအား လွင့်ထွက်စေ၏။

အားလုံး ထိုကြောက်စရာမြင်ကွင်းကို သေချာ တွေ့လိုက်ရသည်။

ရှန်မို့ခန္ဓာကိုယ်တွင် ချပ်ဝတ်တစ်ခု ရှိနေ၏။

ထိုချပ်ဝတ်မှာ ရှေးကျ၍ သူရဲကောင်းအရှိန်အဝါမျိုး ရှိပြီး ရင်ဘက်အလယ်၌ ကြောက်စရာ ကျားခေါင်းရုပ်ရှိပြီး ဟိန်းဟောက်နေသကဲ့သို့ ထင်ရသည်။

ကျားပါးစပ်မှ မီးတောက်များလည်း မှုတ်ထုတ်နေ၏။

“နတ်ဆိုးချပ်ဝတ်လား… ရှန်မို ရင်ဘက်ပိုင်းကို ဘယ်တုန်းက ရသွားတာလဲ”

ကျင့်ကြံသူများ တဖြည်းဖြည်း သဘောပေါက်လာ၏။

လက်မှချပ်ဝတ်ဖြင့်ပင် အင်အားကြီးနေပြီး ယခုတော့ ပို၍ကြောက်စရာကောင်း၏။

ရှန်မိုမှာ လေထဲတွင် ဝဲနေဆဲပင်။

သူ မီးတောက်လက်မှတ်ကိုသုံး၍ ထိုချပ်ဝတ်ကို ရှာတွေ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လောင်ချောင်ထျန်း လေထဲမှ အရှိန်ဖြင့် ပြုတ်ကျလာသည်။

ဝူယန်ကန် အမြန် လိုက်ဖမ်းရန် ကြိုးစား၏။

သူ့လက်ထဲ ရောက်သောအခါ လောင်ချောင်ထျန်း အသက်မျော့မျော့ ကျန်လေသည်။

ဝတ်ရုံမှာ စုတ်ပြဲ၍ အသားအရည်လည်း မီးကျွမ်းထား၏။

ကြည့်နေသော ကျင့်ကြံသူများမှာ စွံ့အနေကြသည်။

သူတို့မျက်လုံးကိုပင် မယုံကြည်နိုင်ချေ။

လောင်ချောင်ထျန်း။

ရွှမ်ကျန်း၏ ထိပ်တန်း (၅) ဂိုဏ်းထဲ ပါဝင်သော နတ်ဓားဂိုဏ်း ခေါင်းဆောင်။

ယခုတော့ လူငယ်တက်သစ်စလေးထံတွင် ရှုံးနိမ့်လေပြီ။

လောင်ချောင်ထျန်းမှာ စကားပင် ခပ်ဟဟ မပြောနိုင်တော့။

“မြန်မြန်… ပြေးတော့”

ဝူယန်ကန်လည်း ချက်ချင်းပင်

“နတ်ဓားဂိုဏ်းသားတို့ ခေါင်းဆောင်ကို ကာကွယ်ရင်း ပြေးကြ”

ထိုအခါ ဂိုဏ်းသားများ လောင်ချောင်ထျန်းဘေးသို့ ချက်ချင်း ဝိုင်းလာပြီး ခုခံကာကွယ်ရန် ကြိုးစားလေသည်။

ရှန်မို ဓားကိုဆွဲထုတ်ကာ

“တိုက်ခိုက်ကြ”

ထိုအမိန့်ကြောင့် ချင်းရွှမ်ဂိုဏ်းနှင့် အဆိပ်နွယ်ဂိုဏ်းသားများ အော်ဟစ်၍ အရှိန်ဖြင့် လိုက်ကြလေ၏။

Chapter 185: ငါက သူ့အတွက် အရေးမပါဘူးလား

တိုက်ပွဲကြီးပြီးနောက် စိတ်ဝိညာဉ်သားကောင် တောင်တန်းမှာ လုံးဝ ဖရိုဖရဲ ဖြစ်နေသည်

အလောင်းများ နေရာအနှံ့ပျံ့ကျဲ၍ အများစုမှာ နတ်ဓားဂိုဏ်းမှ ဖြစ်၏။

ယှဉ်ကြည့်လျှင် ချင်းရွှမ်နှင့် အဆိပ်နွယ်ဂိုဏ်းတို့၏ ထိခိုက်မှုမှာ အနည်းငယ်သာဖြစ်သည်။

သို့သော် ခန့်မှန်းထားပြီး အခြေအနေဖြစ်၏။

လောင်ချောင်ထျန်းသည် ရှန်မို့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

သို့သော် ထိုကဲ့သို့ ပင်ပန်းခက်ခဲနေသည့် အခြေအနေတွင်ပင် အသေခံတပ်သားများမှာ လောင်ချောင်ထျန်းတို့ ထွက်ပြေးရန် ကူညီပေးသေး၏။

ရှန်မို သူတို့ပြေးသည့်ဘက်သို့ လှမ်းကြည့်နေမိ၏။

သူကိုယိတိုင်လည်း လောင်ချောင်ထျန်းနှင့် တိုက်ခိုက်ခဲ့ရ၍ စွမ်းအင် အတော်လေး လျော့ကျနေလေပြီ။

ထို့အပြင် ချပ်ဝတ်များ ထပ်သုံးရန်လည်း သွေးများအလွန် ထပ်လိုလိမ့်မည်။

ဝူယန်ကန်မှ ခေါင်းဆောင်ဟောင်း ဘိုးဘေးကို ဆက်သွယ်မည်ကိုလည်း ကံကြမ္မာစနစ်တွင် ကြိုတွေ့ထား၍ မဆင်မခြင်ဘဲ လိုက်သွားလျှင် သူသာ ထောင်ချောက်မိသွားလိမ့်မည်။

ထိုအချက်များအားလုံး ပေါင်းစပ်၍ ရှန်မို သူတို့ကို ထွက်ပြေးခွင့် ပေးလိုက်သည်။

“နိုင်ပြီ… ကျွန်တော်တို့ နိုင်သွားပြီ”

လျှိုမုန့်ဟူမှ ရုတ်တရက် ထအော်သည်။

သူ့ခန္ဓာကိုယ်မှာ လွတ်လပ်ပေါ့ပါး၍ (၃) လတာ ပင်ပန်းမှုများအားလုံး ပျောက်သွားသလိုပင်။

“နိုင်သွားပြီ… နတ်ဓားဂိုဏ်း ထွက်ပြေးသွားပြီ”

အဆိပ်နွယ်ဂိုဏ်းမှ ကျင့်ကြံသူများ အလွန် စိတ်လှုပ်ရှားနေကြသည်။

သူတို့ချင်းလည်း ပွေ့ဖက်၍ ဝမ်းသာမျက်ရည်များ ကျနေ၏။

သေခြင်းတရားမှ လွတ်မြောက်လာနိုင်သော ပျော်ရွှင်မှုပင်။

ရှန်မို လက်ပြလိုက်သောအခါ ဝေ့ရှောင်းထီတို့ တိုက်ပွဲနေရာကို ရှင်းလင်းလိုက်ကြသည်။

အလွတ်တန်းကျင့်ကြံသူများမှာ မည်သည့်အလောင်းမှ ဝင်မထိရဲဘဲ ကြည့်ရုံသာ ကြည့်နေရ၏။

မိုယုဟုန်လည်း မျက်ရည်များ သုတ်ကာ ချက်ချင်း ရှန်မို့ရှေ့လျှောက်လာပြီး ဦးညွှတ်၍

“ခေါင်းဆောင်ငယ်ရှန် ကျေးဇူးပါနော်… ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့…”

ရှန်မို ပြုံး၍

“တကယ် ကျေးဇူးတင်ရင် လုပ်ရပ်နဲ့ သက်သေပြရမှာပေါ့”

မိုယုဟုန် ပြင်ဆင်လာသော စကားများ စွံ့အသွားသည်။

“ဘာလိုချင်တာလဲ”

သူ သက်ပြင်းချ၍ မေး၏။

ရှန်မို သူ့ကို ခေါင်းအစခြေအဆုံး သေချာကြည့်နေ၍ နေရခက်လာမိသည်။

ထို့နောက် နှုတ်ခမ်းလေးကိုက်၍

“ကျွန်မကို လိုချင်တာဆိုရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး…”

“မြွေဖြူပန်း၊ နတ်ဘုရားဝိုင်၊ အနန္တပန်း၊ နေမီးတောက် အထီးပင်… အဲ့ထဲက တစ်ခုခု လိုချင်တယ်”

ရှန်မိုမှာ ရှားပါးရတနာများ ရွတ်ပြ၏။

မိုယုဟုန်တွင် တကယ်မရှိမှန်း သိသော်လည်း သူ့ရည်ရွယ်ချက်အမှန်ကို မသိစေရန် ဖုံးကွယ်လိုက်ခြင်း ဖြစ်သည်။

မိုယုဟုန် ခန္ဓာကိုယ်လေး တုန်ရီလျက် ရှက်ရွံ့ဒေါသစိတ် ပြည့်နေသည်။

အချိန်အတော်ကြာမှ ခပ်တိုးတိုး ရေရွတ်၏။

“အဲ့ထဲက တော်တော်များများကို မကြားဖူးပေမဲ့ အနန္တပန်းတော့ ဟိုရက်ပိုင်းကမှ တွေ့ထားတယ်”

“အဲ့ဒါ ကျွန်မအဖေကို ပေးမလို့တော့ လုပ်ထားတာ…”

ရှန်မို လက်ယမ်းပြ၍

“သိပါတယ်… အဆိပ်နွယ်ဂိုဏ်းရဲ့ ခြေတည်ဝိညာဉ် တက်နိုင်မယ့်ကျင့်စဉ်က အနည်းဆုံး ရတနာ (၄) မျိုး လိုတယ်ဆိုတာ”

သူတို့အနေဖြင့် အောင်မြင်နိုင်ခြေ နည်းသော်လည်း ကြိုးစားကြည့်ချင်ပါသည်။

“ကျွန်မ နေရာကို လိုက်ပြပါမယ်”

ရှန်မို ခေါင်းငြိမ့်၍ အနောက်မှ လိုက်သွား၏။

နှစ်ယောက်သညး လိုဏ်ဂူတစ်ခုကို ဖြတ်ကာ မြေအောက်လမ်းထဲ လျှောက်လာသည်။

တစ်နေရာတွင် အခန်းငယ်ကဲ့သို့ဖြစ်နေပြီး အထဲ၌ အဖြူရောင်အရိုးစုသဏ္ဍာန် ရှိလေသည်။

ခေါင်းနေရာမှာ ဖြူစွတ်၍ ပန်းပွင့်နေ၏။

အနန္တပန်း ဖြစ်သည်။

ထိုပန်းမှာ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ အရိုးစုတွင်သာ ပေါက်ရောက်နိုင်သည်။

“ကောင်းသားပဲ”

ရှန်မို မျက်နှာမှာ ဝင်းပ၍ ထိုအရိုးစုအား ဦးညွှတ် အရိုအသေပေးကာ ရှေ့တိုးသွားသည်။

ထို့နောက် အနန္တပန်းနှင့်အတူ အရိုးစုကိုပါ အသာအယာယူလိုက်သည်။

အနန္တပန်းသည် အရိုးစုမှ ခူးပြီးသည်နှင့် (၁၀) စက္ကန့်အချိန်အတွင်း ညှိုးနွမ်းသွားနိုင်၏။

ရှန်မို ထိုရတနာများနှင့် ဗဟုသုတများကို ဖတ်ဖူးပါသည်။

သူ ပြန်ရန်ပြင်လိုက်စဉ် မိုယုဟုန်မှ

“လောင်ချောင်ထျန်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီး နတ်ဓားဂိုဏ်းက မြုတေဖွဲ့စည်းခြင်း အကြီးအကဲတွေလည်း (၁၀) ယောက်ကျော်လောက် ကျသွားတယ်… အခုချိန် တော်တော် စိတ်ဓာတ်ကျနေမှာ”

“အဲ့တော့ အခုချိန် သွားတိုက်ခိုက်တာ အကောင်းဆုံးပဲနော်”

“ချင်းရွှမ်က ဘယ်အချိန် လှုပ်ရှားမှာလဲ”

ရှန်မို ခေါင်းယမ်းပြကာ

“နတ်ဓားဂိုဏ်းရဲ့ ဘိုးဘေးတွေကို မေ့နေပြီလား”

“ကျွန်တော် သိသလောက်တော့ သူတို့မှာ ဘိုးဘေး (၄) ယောက် ရှိတယ်… အဲ့ထဲမှာ တစ်ယောက်က လောင်ချောင်ထျန်းရဲ့ ဆရာရင်း… အရင် ခေါင်းဆောင်ဟောင်းပဲ”

“သူသာ အခန်းပိတ်ကျင့်ကြံရာက ထွက်လာရင် နတ်ဓားဂိုဏ်းကို ပြန်တည်ငြိမ်အောင် ချက်ချင်း လုပ်မှာပဲ”

မိုယုဟုန် တိတ်ဆိတ်သွား၏။

“ရှင်ပြောတာ မှန်ပါတယ်”

“အချိန်ကျရင် ကျွန်တော်ပြောပါမယ်”

“ကောင်းပါပြီ… အဲ့အချိန်ကို စောင့်နေပါ့မယ်”

မိုယုဟုန် ပြန်ဖြေကာ ရှန်မို ထွက်သွားသည်အား ငေးကြည့်နေသည်။

“ဒီလူ… အနန္တပန်းကိုတွေ့တာနဲ့ ငါ့ကိုတောင် လှည့်မကြည့်တော့ဘူး”

“ငါက သူ့အတွက် အနန္တပန်းလောက်တောင် အရေးမပါဘူးလား”

မိုယုဟုန် မကျေမနပ် ရေရွတ်မိလေသည်။

…

နတ်ဓားဂိုဏ်းမှာ စိတ်ဝိညာဉ်သားကောင် တောင်တန်းကို ရုတ်တရက် ဝင်တိုက်၍ ချင်းရွှမ်ဂိုဏ်းနှင့်ပါ တိုက်ပွဲကြီး ဖြစ်ခဲ့သည်။

တိုက်ပွဲအတွင်း ရှန်မိုမှာ တော်ရုံ ပွန်းပဲ့မှုသာ ရှိပြီး လောင်ချောင်ထျန်းမှာတော့ အကြီးအကျယ် ထိခိုက်သွား၏။

ထိုသတင်းများမှာ အလွတ်တန်း ကျင့်ကြံသူများမှတစ်ဆင့် ရွှမ်ကျန်းဒေသတစ်ခုလုံးသာမက ကျန်းတီနှင့် ကျင်ရှန်ကဲ့သို့ အခြားဒေသကြီးများအထိ ပျံ့နှံ့သွားလေသည်။

မြစ်ကြီးမြို့တွင်လည်း လောင်ရွှမ်ဟန်၏ တင်ပြချက်ကြောင့် ကျီရှီလုံ နားထောင်ရင်း အလွန် ထူးဆန်းအံ့ဩနေ၏။

မှင်တက်လောက်သည့်အဆင့်ဟုပင် ဆိုနိုင်သည်။

သူ ရှန်မို့ကို နယ်ရုပ်သာသာ သဘောထားခဲ့သော်လည်း ယခုတော့ အလွန်အင်အားကြီးသူ ဖြစ်လာသည်။

နယ်ရုပ်အဆင့်မှ ကိုယ်တိုင်ဝင်ကစားတော့မည့် အင်အားကို မြင်ရ၏။

“လောင်ချောင်ထျန်းကို စိတ်ပူနေတာလား… နတ်ဓားဂိုဏ်းကို စိတ်ပူတာလား”

ကျီရှီလုံ လောင်ရွှမ်ဟန် မျက်နှာပျက်နေ၍ မေးလိုက်သည်။

“သူ့ကို ကျွန်တော့်အဖေလို့ သိပြီးတည်းက ကျွန်တော်ကိုယ်တိုင်လည်း သတိမထားမိဘဲ ခံစားချက် ဖြစ်နေတာပါ…”

ကျီရှီလုံ လက်ယမ်းပြ၍

“ဘာမှ စိုးရိမ်မနေနဲ့… နတ်ဓားဂိုဏ်းမှာ အသာစီးရနိုင်တာတွေ ရှိသေးတယ်”

လောင်ရွှမ်ဟန် အံ့ဩကာ

“ဘာကိုဆိုလိုတာလဲ အရှင်ကျီ”

ကျီရှီလုံ ပြန်ထိုင်၍ လက်ဖက်ရည်ကို မော့ကာ

“စောင့်ကြည့်လိုက်ပါ… တစ်လအတွင်း နတ်ဓားဂိုဏ်းရဲ့ အောင်ပွဲကို တက်ရလိမ့်မယ်”

လောင်ရွှမ်ဟန်မှာတော့ နားမလည်နိုင်ဖြစ်နေသည်။

“ဘယ်လို… အောင်ပွဲလား”

“အချိန်တန်ရင် သိပါလိမ့်မယ်ကွာ”

…

ချင်းရွှမ်ဂိုဏ်းအနောက်ဘက်။

ရှန်မိုမှာ အနန္တပန်းကို ချက်ချင်း မမွမ်းမံသေးဘဲ စနစ်ကံကြမ္မာအား စစ်ဆေးကြည့်နေသည်။

[လတ်တလော အပြောင်းအလဲ: တစ်လအတွင်း နတ်ဓားဂိုဏ်း၏ ခြေတည်ဝိညာဉ် ကြာ (၆) ပွင့် အောင်ပွဲ တက်ရောက်ရမည်။ ပွဲတွင် ရှန်ချင်းနှင့် ယုတင်ဂိုဏ်းမှ ခြေတည်ဝိညာဉ်အဆင့် ဘိုးဘေးများ ရောက်နေမည်။ ပွဲအပြီးတွင် အတင်းအကြပ် အဖမ်းခံရပြီး ကျီရှီလုံမှ လာကယ်မည်။ သို့သော် ဝိညာဉ်ကိုချုပ်၍ အသေခံတပ်သားအဖြစ် ခိုင်းစေခံရမည်]

ရှန်မို မျက်ခုံးပင့်မိသည်။

သူတို့ဘက်မှ အနန္တပန်း မရလိုက်၍ ကြာ (၆) ပွင့်သာ ဖွဲ့စည်းနိုင်ပြီး ယခုလို ဖမ်းဆီးသည့်အဆင့်သာ ရှိတော့ခြင်း ဖြစ်သည်။

Chapter 186: ယုကျောက်ဒေသမှ ထိပ်တန်းဂိုဏ်းများ

ခြေတည်ဝိညာဉ် ကျင့်ကြံသူများမှာ ကြာပွင့်အရေအတွက်ပေါ် မူတည်၍ အဆင့်ကွာခြား၏။

နတ်ဓားဂိုဏ်းမှ သက်ရှည်ဓားကျင့်စဉ်မှာ အနည်းဆုံး ကြာပွင့် (၅) လွှာ လိုအပ်ပါသည်။

အများဆုံး ကြာပွင့် (၇) လွှာအထိ တည်ဆောက်နိုင်၏။

ယခုတော့ အနန္တပန်းကို ဆုံးရှုံးသွားသောကြောင့် နတ်ဓားဂိုဏ်း ဘိုးဘေးမှာ ကြာပွင့် (၆) လွှာသာ ရှိတော့သည်။

ဤသို့ဖြင့် ကြာပွင့် (၁) လွှာကွာသည်နှင့် အဆင့်လည်း သိသိသာသာ ကွာသွား၏။

ဘိုးဘေး ခေါင်းဆောင်ဟောင်းမှာ အချိန်အတော်ကြာအောင် အခန်းပိတ်ကျင့်ကြံရင်း ခြေတည်ဝိညာဉ် ကြာပွင့် (၇) လွှာရရှိရန် စောင့်နေခြင်း ဖြစ်၏။

သို့သော် သန့်စင်ခြင်းဂိုဏ်းနှင့် ကျောက်စိမ်းဂိုဏ်းတို့ကို နားမလည်ချေ။

ယုကျောက်က ဂိုဏ်းကြီးတွေလား။

ရှန်မို မျက်ခုံးပင့်မိကာ ချက်ချင်း ဂိုဏ်းခေါင်းဆောင်၏ ခြံသို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် မူယုံးယွဲ့မှာ သီချင်းတညည်းညည်းဖြင့် ရေကန်ထဲမှ ငါးလေးများကို အစာကျွေးလျက် ရှိသည်။

ရှန်မိုမေးခွန်းကို ကြားသောအခါ သူ အံ့ဩသွားမိ၏။

“ဟင်… ဘာလို့ အဲ့ဂိုဏ်းတွေအကြောင်း ရုတ်တရက် မေးတာလဲ”

ရှန်မိုပြုံးကာ

“ဒီအတိုင်း ကြားလာလို့ပါ… မေးချင်လာလို့”

မူယုံးယွဲ့ ခေါင်းငြိမ့်ပြကာ

“အဲ့ဒါက လျှို့ဝှက်ချက်လို့တော့ မဟုတ်ပါဘူး”

“ယုကျောက်ရဲ့ ဂိုဏ်းကြီး (၃) ခုက သန့်စင်ခြင်းဂိုဏ်းရယ်၊ ကျောက်စိမ်းဂိုဏ်းရယ်၊ ဒန်မြစ်ဂိုဏ်းရယ်ပေါ့”

“ဒီဂိုဏ်းကြီးတွေကနေ ဂိုဏ်းငယ်လေးတွေကို ပြန်ထိန်းချုပ်ထားတယ်”

“ဂိုဏ်းငယ်တွေထဲက ခြေတည်ဝိညာဉ်အဆင့် မွေးထုတ်နိုင်ရင် ဂိုဏ်းကြီးတွေက အကြီးအကဲတွေက လာခေါ်သွားတယ်… သူတို့ဆီမှာ ပြန်ခန့်ဖို့ပေါ့”

ရှန်မို အံ့ဩကာ

“ဘာလို့လဲ”

မူယုံးယွဲ့ လက်ချောင်းလေးများ ချိုးလျက်

“ပထမအချက်က ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူက တိုးတက်ချင်ရင် ဆေးနဲ့ ရှားပါးရတနာတွေ သုံးရတယ် ဒါမှမဟုတ် လောကကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူရတယ်”

“ဒါပေမဲ့ ရွှမ်ကျန်းဒေသက စိတ်ဝိညာဉ်စွမ်းအင် မကြွယ်ဝဘူး… ကြွယ်ဝတဲ့နေရာတွေကိုလည်း ဂိုဏ်းကြီး (၃) ခုက ထိန်းချုပ်ထားပြီးပြီ”

“ထပ်ပြောရရင် ဆေးတွေ၊ ရတနာတွေလိုချင်ရင်တောင် စိတ်ဝိညာဉ်စွမ်းအင် ပိုများတဲ့နေရာ သွားမှဖြစ်မှာ”

“ဒုတိယအချက်အနေနဲ့က ဂိုဏ်းကြီး (၃) ခုက သူတို့ အင်အားကြီးထွားချင်တာပေါ့”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ရင်း သဘောပေါက်သွားသည်။

ခြေတည်ဝိညာဉ်အဆင့်များမှာ ပိုတိုးတက်ရန် အကူအညီလိုပြီး ဂိုဏ်းကြီးများမှလည်း အင်အား တိုးပွါးရန် လို၏။

အချင်းချင်း အကျိုးရှိနေသည်။

ထို့ကြောင့် ရွှမ်ကျန်းဒေသ၌ ခြေတည်ဝိညာဉ်အဆင့်ရှိသည်ဟု မကြားဖူးခြင်း ဖြစ်၏။

“ကျွန်တော်တို့ ချင်းရွှမ်က ဘယ်ဂိုဏ်းနဲ့ ပတ်သက်ခဲ့တာလဲ”

ရှန်မို ထပ်မေးလိုက်သည်။

“ဒန်မြစ်ဂိုဏ်းပေါ့”

“ဒါပေမဲ့ ငါတို့ ထိပ်တန်း (၅) ဂိုဏ်းစာရင်းက ကျတာနဲ့ ဒန်မြစ်ဂိုဏ်းပါ အတူတူ စွန့်ပစ်သွားတာပဲ”

“အခုတော့ အဲ့လိုအားကိုးရမယ့်ဂိုဏ်းမျိုး မလိုတော့ပါဘူး”

“ချင်းရွှမ်က အရင်လူတွေရော ပြန်မကူညီကြဘူးလား”

“ကူညီတာပေါ့… ဒါပေမဲ့ ဂိုဏ်းကြီး (၃) ခုကတော့ ဝင်မပါခဲ့ဘူး”

“ပြီးတော့ သူတို့က ဂိုဏ်းအသစ်မှာ သစ္စာဆိုရလို့ အရင်ဂိုဏ်းဟောင်းအပေါ် စိတ်ထင်တိုင်း ပြန်မကြည့်နိုင်ဘူး”

ရှန်မို ပို၍ နားလည် သဘောပေါက်လာ၏။

မူယုံးယွဲ့မှာ ပြုံးလျက်

“မိုရယ် မင်း အခုသိသွားတာ ကောင်းလိုက်တာ… နောက်အနှစ် (၂၀) ဝန်းကျင်လောက်ပဲ လိုမယ်လို့ တွေးတာပဲ… နောက်ဆုံးတော့ ဂိုဏ်းကြီး (၃) ခုဆီ သွားနိုင်တော့မယ်… ဒါ လောကအစစ်ကို တွေ့ရမှာ”

ရှန်မို ရယ်မောမိ၏။

အနှစ် (၂၀) လား။

“ဆရာမရဲ့ ကြာပွငိ့အလွှာရော ဘယ်လိုအခြေအနေ ရှိလဲ”

“(၃) ဆင့်ပဲ ရှိပါသေးတယ်… အဆင်ပြေတဲ့ ရတနာက အရမ်းရှားပြီး ရှာရခက်တယ်လေ”

ရှန်မို ခေါင်းငြိမ့်ပြ၏။

“ဒါနဲ့ ဝေ့ရှောင်းထီတို့ တိုက်ပွဲနယ်မြေ ရှင်းလင်းရင်း နတ်ဓားဂိုဏ်းအကြီးအကဲတစ်ယောက်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရတနာတွေ့တယ်တဲ့”

မူယုံးယွဲ့ ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းဘူးလေးအား ဖွင့်ပြသည်။

အထဲတွင် ပန်းတစ်ပွင့်သည် မီးတောက်များကြား ပွင့်လန်းနေ၏။

ထိုရတနာကို ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် အပူချိန် အလွန်မြင့်တက်လာသည်။

“အကြီးအကဲဝေ့ လာပေးတာ… ဒါပေမဲ့ ငါက ရေခဲစွမ်းအင် လိုတာဆိုတော့ ငါနဲ့မပြေဘူး”

“မင်းကကျတော့ နေမီးတောက် ခန္ဓာကိုယ်မလား… မင်းနဲ့ဆို ကိုက်မှာပဲ”

မူယုံးယွဲ့ပြုံးကာ ပြော၏။

ရှန်မို လှမ်းကြည့်ရင်း ဝမ်းသာသွားသည်။

သူ အပင်ပန်းခံ၍ လိုက်ရှာနေရန် မလိုတော့ပါ။

“တကယ် အဆင်ပြေမယ်ဆိုရင်တော့ ကျေးဇူးပါဗျာ”

ရှန်မို ကျောက်စိမ်းဘူးကို လှမ်းယူကာ ကျေနပ်စွာ ပြော၏။

မူယုံးယွဲ့ ပြုံး၍

“ကျေးဇူးတင်စရာ မလိုပါဘူးကွယ်… ချင်းရွှမ်ဂိုဏ်းက မင်းလည်း ပိုင်နေပြီပဲ”

ရှန်မို ရင်ထဲနွေးထွေးသွား၏။

ထို့နောက် ဟိုဟိုဒီဒီ ခဏပြောဆိုကာ ရှန်မို ပြန်သွားတော့သည်။

…

ချင်းကန်တောင်တန်း၊ လူရှင်းသော ချိုင့်ဝှမ်း။

ရှန်မို ထိုနေရာသို့ တိုက်ရိုက် လာခဲ့သည်။

ရတနာများ ချက်ချင်း မမွမ်းမံသေးဘဲ လိုဏ်ဂူရှေ့တွင် လှမ်းအော်၏။

“အားဝူ အားဝူ မင်းအတွက် အစာပါတယ်”

ခဏအကြာတွင် ကျောက်စပါးအုံးမြွေကြီး ထွက်လာလေသည်။

အားဝူဟူသော အမည်မှာတော့ ရှန်မို့ဘာသာ ပေးထားခြင်း ဖြစ်၏။

သူ့ကံကြမ္မာကို ကြည့်သည့်အခါ အောင်းဟွမ်၏ (၅) ဘဝဖြစ်၍ အောင်းဝူဟူ ခေါ်ရင် အားဝူဖြစ်လာခြင်းပင်။

အားဝူမှာ ရှန်မို့ကို တွေ့သည်နှင့် အလွန် ပျော်ရွှင်သွား၏။

သူ့လျှာနီနီကို တစ်လစ်ထုတ်၍ ရှန်မို့အား လိုက်လျက်နေသည်။

ရှန်မိုလည်း မိုးကြိုးကျောက်များ ထုတ်ကာ ပေးလိုက်၏။

ခေါင်းဆောင်ငယ်တစ်ဦးအနေဖြင့် ဤမျှ မိုးကြိုးကျောက်များ ထုတ်သွားခြင်းမှာ ပြဿနာမဟုတ်ပေ။

ကျောက်မျက် (၅) ခြင်း ကုန်သွားပြီးနောက် အားဝူ ကျေနပ်သွားပုံ ရ၏။

ရှန်မို ရယ်မော၍ နောက်ထပ်ရတနာတစ်မျိုး ထုတ်ကာ သူ့အရှေ့တွင် ယမ်းပြသည်။

“ဒီမှာဘာလဲ ကြည့်စမ်း”

အားဝူ မျက်လုံးလေး ဝိုင်းနေသည်။

မိုးကြိုးစွမ်းအင်အနှစ် ဖြစ်လေ၏။

ရှန်မို သူ့ကို ထပ်ကျွေးပြီးနောက်

“အားဝူ ငါ ဒီမှာ ခဏကျင့်ကြံလိုက်ဦးမယ်နော်… ငါ့ကို စောင့်ရှောက်ပေးဦး”

အားဝူ နားလည်သကဲ့သို့ ခေါင်းငြိမ့်ပြ၏။

ပုံမှန်အားဖြင့် သားကောင်မွေးမြူ ထိန်းချုပ်လျှင် သွေးစာချုပ် ချုပ်လေ့ရှိသော်လည်း ရှန်မိုမှာတော့ ထိုသို့ မလုပ်ထားပေ။

အားဝူ၏ အနာဂတ်အထိ ရှုပ်ထွေးပတ်သက်မှု မလုပ်ချင်သေး။

ထို့ကြောင့် သာမာန် စောင့်ရှောက်ရုံသာ တွေးထားသည်။

ဤသို့ဖြင့် အစောင့်အကြပ်ကို ယုံကြည်ကာ ရှန်မို စတင် ကျင့်ကြံလေတော့သည်။

All Chapters