အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
Chapter 193: မင်းကို သတ်တာ သာမာန်ကိစ္စပါပဲ
ထိုဓားချက်ကို ရှန်မို ပြုံးလျက် ရင်ဆိုင်၏။
ရွှေအလင်းဓားပျံမှာ သူ ကြားဖူးထားပါသည်။
ထိုသိုင်းစဉ်ကို သက်ရှည်ဓားကျင့်စဉ် အမြင့်ဆုံးရောက်နေသူများသာ နားလည်နိုင်၏။
မြုတေဖွဲ့စည်းခြင်းထိပ်ဆုံးအဆင့်တွင် ဓားကို (၁၅) ပေအထိ ဖန်တီးနိုင်ပြီး ယောက်ယွန်းလောင်ကဲ့သို့ ခြေတည်ဝိညာဉ်အဆင့်၌ ပေ (၅၀) အထိ ရှိလေသည်။
ရွှေစိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပေါင်းစည်းလိုက်သောအခါ အလွန် စူးရှပြီး အရာရာကို ဖောက်ထွင်းနိုင်သည်အထိ ကြောက်စရာကောင်းသွားတော့သည်။
သို့သော် ရှန်မို့ခုခံမှုကိုတော့ မပေါက်ရောက်ပေ။
ရှန်မို ချက်ချင်း ဂိတ်တံခါး (၄) ခုဖြင့် ခုခံ၏။
သို့သော် အရှေ့တွင် အမြဲစိမ်း သစ်ပင် (၂) ပင်မှ ကြိုအချိန်ဆွဲထားသည်။
(၅) စက္ကန့်အကြာတွင် ပထမသစ်ပင် လဲသွားပြီး (၁၅) စက္ကန့်မျှ အကြာတွင် ဒုတိယသစ်ပင်လည်း ပျက်စီးသွား၏။
ထိုအခါ ရွှေအလင်းဓားပျံ၏ အရှိန်အဝါပါ အတော်လေး ကျသွား၏။
ထိုစဉ် ရှန်မို့ဂိတ်တံခါးကြီး (၄) ခုမှာ ခိုင်မာပြည့်စုံစွာ တည်ရှိနေလေပြီ။
ချွင်!
သတ္ထုချင်းရိုက်ခတ်သံမှာ မိုးယံသို့ပင် ညံသွား၏။
နီးနေသည့် ကျင့်ကြံသူများ နားစည်ပေါက်၍ သွေးများပင် စီးကျလာကြသည်။
နည်းနည်းလှမ်းသူများမှာတော့ နားအူကာ တော်တော်နှင့် မကြားရပေ။
ပွဲ၌ ပြင်ဆင်ထားသော စားပွဲများ၊ ထိုင်ခုံများသည် အားလုံး ဗြောင်းဆန်ရှုပ်ထွေး၍ ပျက်စီးနေ၏။
လုတုံရွှမ်၏ စားပွဲတစ်ခုတည်း တည်ငြိမ်စွာ ရှိနေသည်။
ထိုမုန်တိုင်းကြားတွင် ရှန်မိုနှင့် ယောက်ယွန်းလောင်တို့ မျက်နှာချင်းဆိုင်ကာ ရှိနေသည်။
ရှန်မို တည်ငြိမ်စွာဖြင့်
“ယောက်ယွန်းလောင် ခင်ဗျားရဲ့ ခြေတည်ဝိညာဉ်အဆင့် သိုင်းစဉ် ဘယ်မှာလဲ… အခုချိန်မှမသုံးရင် အခွင့်အရေး ထပ်ရမှာ မဟုတ်ဘူးနော်”
ယောက်ယွန်းလောင် ဒေါသထွက်ကာ
“ဒီကောင်လေးကတော့… သေပေတော့”
အပြင်ဘက်မှ ကျင့်ကြံသူများအနေဖြင့် တိုက်ပွဲကို သေချာမမြင်ရသော်လည်း ရှန်မို့တည်ငြိမ်သော အသံကြောင့် မှင်တက်နေကြ၏။
“သူ့အသံအသွားအလာအရ ယောက်ယွန်းလောင်ရဲ့ တိုက်ခိုက်မှုကို လွယ်လွယ်လေး တားလိုက်တာ ထင်တယ်”
“သူတို့ ခြေတည်ဝိညာဉ် ကျင့်စဉ်တွေ သုံးတော့မှာလား… အဲ့ဒါတွေက အင်အားအရမ်းကြီးတယ်လို့ ကြားဖူးတယ်နော်”
“နောက်ဆုတ်နေကြဟေ့… တိုက်ပွဲထဲ ညပ်မပါစေနဲ့”
ကျင့်ကြံသူများ ကြောက်လန့်တကြားဖြင့် အမြန် ရှောင်တိမ်းထွက်သွားကြသည်။
ထိုစဉ် ယောက်ယွန်းလောင်အနီး၌ ထူးဆန်းသော အင်အားရှိကြောင်း ရှန်မို သတိထားမိသွားသည်။
စိတ်ဝိညာဉ်စွမ်းအင် မဟုတ်ဘူးပဲ။
သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
“ခြေတည်ဝိညာဉ် ကျင့်စဉ်တိုင်းက ထူးခြားပြီး ကျင့်ကြံသူအတွက် အကြီးမားဆုံး ဝှက်ဖဲပဲ”
“သူ့ရတနာက ဘာပါလိမ့်”
ရှန်မို ဘယ်ဘက်လက်ကို ယမ်းလိုက်သောအခါ ထူးဆန်းသော အနီရောင်အလင်း ထွက်လာ၏။
သူ့ခြေတည်ဝိညာဉ်ရတနာ နေစွမ်းအင် အရင်းအမြစ် ဖြစ်သည်။
ယောက်ယွန်းလောင်ထံမှလည်း ဓားရတနာ ဆုပ်ကိုင်ထားသည့် စစ်သူကြီးတစ်ဦး ပေါ်လာ၏။
ထိုစစ်သူကြီးမှာ ပေ (၅၀) ဝန်းကျင် အရပ်မြင့်ပြီး အလွန် ကြောက်စရာကောင်းသည်။
တစ်ကိုယ်လုံး သံချပ်ကာများ ဝတ်ဆင်ထားပြီး ညာဘက်လက်၌ ပြောင်လက်သည့်ဓားအား ဆုပ်ကိုင်ထားသည်။
“ဧရာမစစ်သူကြီး ဓားချက်”
ရှန်မို့ကို ဦးတည်၍ ယောက်ယွန်းလောင် အော်လိုက်သည်။
ထိုအခါ ဧရာမစစ်သူကြီးသည် ဓားကို အားဖြင့် ခုတ်လွှဲချလိုက်တော့၏။
“ဒါက ဧရာမစစ်သူကြီးလား… ဒါဆို ငါ့ကျင့်စဉ်လည်း ပြရမှာပေါ့”
ရှန်မို ပြုံး၍ ပြောလိုက်သည်။
သူ့ညာဘက်လက်သည် ဓားပုံစံပြောင်းလဲသွားပြီး မှော်မီးတောက်များ ဝုန်းခနဲ တောက်သွား၏။
ဤသည်မှာ နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်၏ ဒုတိယသိုင်းနှင့် ကြာနီမီးတောက်တို့ ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။
ထိုစွမ်းအင်မှာ အပြာရောင်ဓားထဲသို့ စိမ့်ဝင်၍ ယောက်ယွန်းလောင်ပင် အတော် လန့်သွား၏။
သူ တိုက်ပွဲများစွာ ကြုံဖူးသော်လည်း ထိုကဲ့သို့ တိုက်ခိုက်မှုကို မမြင်ဖူးချေ။ သူ့အတွက် မယှဉ်နိုင်မှန်း စိတ်ထဲမှ သိနေ၏။
အမြန် ထွက်ပြေးရမည်။
ယောက်ယွန်းလောင် မယုံကြည်နိုင် ဖြစ်နေ၏။
“မဖြစ်နိုင်တာ… ဒီလိုလူငယ်လေးက ဘယ်လိုလုပ် ငါ့ထက် အင်အားကြီးနေတာလဲ”
“သူ့ခြေတည်ဝိညာဉ်က အဆင့်ပိုမြင့်တာလား”
“မဖြစ်နိုင်ဘူးလေ ငါက နှစ်တစ်ရာလောက် အခန်းပိတ်ကျင့်ကြံခဲ့တာ… နတ်ဓားတစ်ဂိုဏ်းလုံးကလည်း ကူညီပေးကြတယ်”
ယောက်ယွန်းလောင် သက်ပြင်းချ၍ စိတ်ငြိမ်အောင် ကြိုးစားနေသည်။
သူမြင်နေရသည်မှာ ပုံရိပ်ယောင် ဖြစ်နိုင်သည်။
ထိုစဉ် ရှန်မို၏ ဓားနီမှာ စစ်သူကြီးကို ဝင်တိုက်လေသည်။
ဘုံး!
ထို့နောက် စစ်သူကြီးအား တို့ဟူးဖြတ်သကဲ့သို့ တိခနဲ လွယ်ကူစွာ ပိုင်းဖြတ်လိုက်၏။
အင်အားမှာ ကွာခြားလွန်းလှသည်။
ယောက်ယွန်းလောင် ခုခံရေးကျင့်စဉ်ကို အမြန် ထုတ်သုံးရသည်။
ဘုံး!
ဓားနီမှာ ယောက်ယွန်းလောင်အနီး ရောက်လာပြီး သူ့ခါးဆီသို့ ဝင်လာ၏။ ဓားအရှိန်မှာ ကျမသွားဘဲ ကောင်းကင်ယံအထိ ဖုန်များ ထသွားသည်။
မကြာမီ ပတ်ဝန်းကျင်တွင် ရှင်းလင်းသွားသောအခါ သူတို့တိုက်ပွဲကို သေချာ မြင်ရလာ၏။
အုံး!
အပိုင်းအစ (၂) ခု မြေပြင်ပေါ် အရှိန်ဖြင့် ကျလာသည်။
မှင်တက်နေသော ကျင့်ကြံသူများ အနီးကပ် သွားကြည့်သောအခါ ယောက်ယွန်းလောင်၏ ခန္ဓာကိုယ် ဖြစ်နေ၏။
နတ်ဓားဂိုဏ်း ခေါင်းဆောင်ဟောင်း၊ ရှန်ချင်းဂိုဏ်း၏ အနာဂတ်အကြီးအကဲမှာ သေသေသပ်သပ် နှစ်ပိုင်းပြတ်သွားတော့သည်။
“အား”
ယောက်ယွန်းလောင်၏ အော်ဟစ်သံနှင့်အတူ မီးတောက်နီများမှာ သူ့အသွေးအသားများအား လောင်မြိုက်နေ၏။
သူ့စွမ်းအင်ဖြင့် ထိန်းလျှင်ပင် အနည်းဆုံး (၂) နာရီခန့်ကြာမှ မီးငြိမ်းလိမ့်မည်။
ထူးဆန်းသော မီးတောက်အင်အားမှာ ကြောက်စရာကောင်းလှ၏။
ဝှစ်!
လေတစ်ချက်အဝှေ့တွင် အရပ်ရှည်ရှည် ဝတ်ရုံပြာနှင့် လူတစ်ယောက် ရောက်လာသည်။
ရှန်မို ဖြစ်လေ၏။
ထိုမြင်ကွင်းကြောင့် ဆူညံသံများ ဆက်တိုက်ပေါ်ထွက်လာသည်။
ရှန်မို နိုင်သွားပြီ။
ယောက်ယွန်းလောင် ရှုံးသွားပြီ။
အတွေ့အကြုံများသည့် အကြီးအကဲမှာ အသက် (၂၀) ဝန်းကျင် လူငယ်လေးကို ရှုံးသွားသည်။
မူယုံးယွဲ့ အလွန် စိတ်လှုပ်ရှားနေသည်။
ချင်းရွှမ်ဂိုဏ်းသားများ၊ အဆိပ်နွယ်ဂိုဏ်းသားများ အားလုံးလည်း မျက်လုံးအရောင်များလက်၍ စိတ်လှုပ်ရှားနေကြ၏။
မျှော်လင့်ချက်ကြီး ပြန်ပေါ်လာလေပြီ။
ရှန်မို ယောက်ယွန်းလောင်အရှေ့တွင် ပေါ်လာသည်။
ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားသော်လည်း အသက်လုံးဝ ပျောက်မသွားသေးပေ။ သူ့ခြေတည်ဝိညာဉ်အဆင့်မှာ အလျင်အမြန် သေဆုံးနိုင်ခြင်းကို ကာကွယ်ပေးထား၏။
ဒဏ်ရာအနေဖြင့်တော့ အတော်ကြီးနေလေပြီ။
ထို့ကြောင့် ရှန်မိုမှ လက်စသတ်ရန် ရောက်လာခြင်းပင်။
ယောက်ယွန်းလောင် ဒေါသတကြီးဖြင့်
“ငါ့ကိုများ သတ်ရဲတယ်ပေါ့… ငါက ရှန်ချင်းဂိုဏ်းရဲ့ အကြီးအကဲပဲ”
“ငါ့ကိုသတ်ရင် ရှန်ချင်းရဲ့ အရေးယူတာကို ခံရမှာနော်”
“မင်းအရည်အချင်း ဘယ်လောက်ရှိရှိ ရှန်ချင်းရဲ့အင်အားကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး”
“မင်းထွက်ပြေးရင်ရော ချင်းရွှမ်က လွတ်မယ်တဲ့လား”
သူ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေ၏။
ရှန်မိုမှာ တည်ငြိမ်စွာဖြင့်
“ယောက်ယွန်းလောင် ခင်ဗျားက အသက်ကြီးလာတော့ မေ့တတ်နေပြီပဲ”
“ခုနကပြောတယ်လေ… ရှန်ချင်းရဲ့ အကြီးအကဲအဆင့် မရောက်သေးပါဘူးလို့ နတ်ဓားဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းအဆင့်ပဲ”
“ခင်ဗျားကိုသတ်တာက ရွှမ်ကျန်းဒေသမှာ သာမာန်ကိစ္စပဲ”
Chapter 194: အညံ့ခံရင် အသက်ရှင်မယ်
အားလုံး လန့်ဖျပ်သွားကြသည်။
ရှန်မို့ထံမှ ကြောက်စရာ သတ်ဖြတ်တော့မည့် အရှိန်အဝါကိုလည်း ခံစားရ၏။
သူပြောတာလည်း မှန်နေပါသည်။
ယောက်ယွန်းလောင်မှာ ရှန်ချင်းဂိုဏ်း၏ တရားဝင် အကြီးအကဲ မဖြစ်သေးချေ။
ယခု ရှန်မိုနှင့် နှစ်ဦးသား တိုက်ခိုက်ခြင်းမှာ ရွှမ်ကျန်းဒေသ၏ ပြဿနာသာ ဖြစ်၏။
စုချန်းချင်း ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် ခြေတည်ဝိညာဉ်အဆင့်၏ အရှိန်အဝါအပြည့်ဖြင့် အေးစက်စွာ ဆိုသည်။
“ရှန်မို မင်း နောက်ဆုတ်လိုက်တော့… ယောက်ယွန်းလောင်က ငါတို့ ရှန်ချင်းဂိုဏ်း အကြီးအကဲပဲ… ငါက ဒါဆို ဒါပဲ”
“မင်းနိုင်သွားတာ ထင်ရှားပေမဲ့ သတ်တဲ့အထိဆိုရင်တော့ ငါ လက်မခံနိုင်ဘူး… ရှန်ချင်းကလည်း ခွင့်မပြုဘူး”
ကြည့်နေသော ကျင့်ကြံသူများမှာ ကြက်သီးများပင် ထနေသည်။
ရှန်ချင်းဂိုဏ်း ဝင်ပါလျှင် မပြီးဆုံးနိုင်သော ပြဿနာများ ဖြစ်လာမည်ဟု သိနေသည်။
ရှန်မိုမှာတော့ အေးစက်စွာပင် စိုက်ကြည့်နေ၏။
သူ ယောက်ယွန်းလောင်အား ယခု လွှတ်ပေးလိုက်လျှင် တစ်ချိန် ရှန်ချင်းအကြီးအကဲဖြစ်လာကာ သူ့အပေါ် ပြန်ငြှိုးလိမ့်မည်။
ရှန်မို စုချန်းချင်းအင်အားကို ဆန်းစစ်ကြည့်နေ၏။
သေချာပေါက် သူ့ထက်တော့ မြင့်နေသည်။
သို့သော် ယခုအခြေအနေမှ ထွက်မပြေးနိုင်ပါ။ အလွန်ဆုံး သူ့သက်တမ်းကိုသုံး၍ တိုက်ခိုက်ရမည်။
ရှန်မို့မျက်နှာမှာ အလွန်တည်ငြိမ်၍ မခန့်မှန်းနိုင် ဖြစ်နေသည်။
“ကျွန်တော် သတ်ဖို့လုပ်နေတဲ့သူကို ဘယ်သူမှ မကယ်နိုင်ဘူး… ဒါ ကျွန်တော့်စကားပဲ”
ရုတ်တရက် သူ ဖနောင့်ပေါက်လိုက်ရာ ယောက်ယွန်းလောင် လန့်သွား၏။
ထို့နောက် သူ့ခေါင်းလည်း ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားတော့သည်။
သွေးများနှင့် ဦးနှောက်လည်း ပျံ့ကျဲကျနေသည်။
ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ပိုးမွှားကောင်လေးကဲ့သို့ အလွယ်တကူ အသတ်ခံလိုက်ရ၏။
စုချန်းချင်း၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
“မင်းက ရာရာစစ ရှန်ချင်းဂိုဏ်း အကြီးအကဲကို သတ်ရဲတယ်ပေါ့… မင်းလည်း သေချင်နေပြီပဲ”
သူ့စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ တိုက်ခိုက်ရန် ပြင်လေသည်။
ရှန်မိုလည်း ခပ်တည်တည်ဖြင့် ဘယ်ဘက်လက်တွင် အင်အားစုစည်းနေ၏။
“ဟေ့ စုချန်းချင်း ငါကတော့ မင်းပြောတာ သဘောမတူဘူး”
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြသည်။
တစ်ချိန်လုံး အရက်ထိုင်သောက်နေခဲ့သည့် လုတုံရွှမ် ဖြစ်လေ၏။
“လုတုံရွှမ် မင်းဝင်ပါဦးမလို့လား”
စုချန်းချင်း မကျေမနပ် ပြန်ပြောမိသည်။
လုတုံရွှမ် ခေါင်းယမ်းကာ
“ဒီအတိုင်း ပြောစရာရှိလို့ပါ”
သူ ချောင်းဟန့်လိုက်ပြီး
“အမှန်အတိုင်းပြောရရင် ဒီနေ့ ဂုဏ်ပြုပွဲကို လုံးဝ မကျေနပ်ဘူး”
“အင်း… အရက် ကြိုက်သလောက် သောက်ရတာ ကောင်းပါတယ်… အမြည်းတွေလည်း ကောင်းတယ် ဒါပေမဲ့ အနေအထားကြီးက လိုနေတယ်… သီချင်းလေးဘာလေးဆို၊ ကခုန်တာမျိုးလည်း မရှိဘူး”
“ငါက ကျောက်စိမ်းဂိုဏ်းရဲ့ အကြီးအကဲအနေနဲ့ ဂုဏ်ပြုပွဲ လာတက်တာကို ဖျော်ဖြေရေးလေးတောင် မစီစဉ်ပေးဘူးလား”
“ကျောက်စိမ်းဂိုဏ်းကို အထင်သေးတာလား”
“ငါက အကျိုးအကြောင်း နားလည်ပါတယ်ကွ… ငါ့ကို မလေးမစားလုပ်တဲ့သူတွေကိုတော့ ဆုံးမရမယ်”
ထိုသို့ပြော၍ ဝတ်ရုံလက်ကို ခေါက်တင်ကာ လက်သီးလက်မောင်းတန်းနေ၏။
စုချန်းချင်း ရင်တဒိတ်ဒိတ်ခုန်၍ လန့်ကာ နောက်သို့ ဆုတ်သွားသည်။
သူ့အခြေအနေသူ ပြန်တွေး၍ အလွန်လည်း ဒေါသထွက်၊ ရှက်ရွံ့မိ၏။
သူ လုတုံရွှမ်အား ဤမျှ ကြောက်နေမိမည်ဟု မထင်ထားချေ။
“ကျောက်စိမ်းဂိုဏ်း အကြီးအကဲလား”
“ယုကျောက်ရဲ့ ဂိုဏ်းကြီး (၃) ခုထဲက တစ်ခုပေါ့… သူတို့ဆီကလည်း လာမယ်လို့ မထင်ထားဘူး”
“သတိထားမိလား… စုချန်းချင်း နောက်ဆုတ်သွားတာ… လုတုံရွှမ်က တကယ်ကြောက်စရာကောင်းတဲ့ပုံပဲ”
“တခြားတော့ မသိပေမဲ့ သူ့စကားအရ တစ်ခုတော့ သေချာတယ်”
“ဘာကြီးလဲ”
“သူ ဒီကို ပြဿနာရှာဖို့ လာတာ”
ထိုစကားများကြောင့် ရှန်မိုလည်း လုတုံရွှမ်အား ငေးကြည့်နေမိသည်။
သူ့အကြည့်ကို နားလည်ကာ လုတုံရွှမ် ရယ်၍ အသိအမှတ်ပြုကြောင်း ခေါင်းငြိမ့်ပြ၏။
စုချန်းချင်းမှာ မျက်နှာပျက်လျက်
“လုတုံရွှမ် မင်း သူ့ကို တကယ် ကူညီမလို့လား”
“ချင်းရွှမ်ဂိုဏ်းက တန်ဟီဂိုဏ်းနဲ့ ပူးပေါင်းဖူးတာ မမေ့နဲ့ဦး”
“သူ့ကို ခေါ်ချင်ရင်တောင် တန်ဟီနဲ့ ပြဿနာ တက်မှာနော်”
လုတုံရွှမ် ရယ်မော၍
“သူ့ကို ခေါ်တာ မခေါ်တာ မင်းနဲ့မဆိုင်ပါဘူး”
“သေချာတာကတော့ ယောက်ယွန်းလောင်က ရှန်ချင်းရဲ့ တရားဝင် အကြီးအကဲ မဟုတ်သေးဘူးဆိုတာရယ်၊ ဒီလို ပျင်းစရာကောင်းတဲ့ ပွဲမျိုးက ငါ့ကို စိတ်တိုစေတာရယ်ပဲ”
ထိုသို့ပြော၍ ခုံကိုကန်ကာ မိုးပေါ်ပျံ၍ ပြောသည့်အတိုင်း လုပ်တော့မည့်ပုံ ပေါ်သည်။
“အကြီးအကဲစု… အကြီးအကဲစု ကျွန်တော်တို့ကို ကယ်ပါဦး”
လောင်ချောင်ထျန်းနှင့် နတ်ဓားဂိုဏ်းသားများ ကြောက်လန့်တကြား အော်ဟစ်နေသည်။
ယောက်ယွန်းလောင်လည်း သေသွားပြီဖြစ်၍ သူတို့ကို ကယ်နိုင်မည့်သူမှာ စုချန်းချင်းတစ်ယောက်သာ ကျန်တော့၏။
စုချန်းချင်း စူးရှစွာ စိုက်ကြည့်နေ၏။
“ရှန်မို ငါ မင်းနာမည် မှတ်ထားလိုက်ပြီ”
“ငါတို့နယ်မြေထဲ ပေါ်လာလို့ကတော့ ငါ့ဓားချက်နဲ့ သေပြီသာမှတ်”
ထိုသို့ပြော၍ လေထဲပျံဝဲကာ ပျောက်ကွယ်သွားတော့သည်။
လောင်ချောင်ထျန်းတို့အတွက် မျှော်လင့်ချက် မဲ့လေပြီ။
“ဒီနေ့ပွဲကတော့ လုံးဝ မထင်ထားတာတွေပဲ”
“ရွှမ်ကျန်းဒေသက ချင်းရွှမ်ဂိုဏ်းလက်အောက်ကနေပဲ စုစည်းသွားတော့မယ် ထင်တယ်”
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျီရှီလုံမှ ဝင်ပြော၏။
ထို့နောက် ရှန်မိုအား ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ရှန်မိုလည်း ပြန်နှုတ်ဆက်၏။
ကျီရှီလုံမှ
“ရွှမ်ဟန် သွားရအောင် ငါတို့လည်း ပြန်ရမှာပေါ့”
“…ဟုတ်ကဲ့ပါ”
သူ ခဏ တွေဝေနေပြီးမှ ပြန်ဖြေလိုက်၏။
ကျီရှီလုံအား မည်သူမျှ မတားရဲပါ။
ရှန်မိုနှင့် လုတုံရွှမ်တို့ အချင်းချင်း လှမ်းကြည့်၍ အချက်ပြလိုက်သည်။
ထို့နောက် လုတုံရွှမ် အေးစက်စွာဖြင့်
“အခု အညံ့ခံရင် အသက်ရှင်မယ်… ခုခံရင်တော့ သေမယ်”
Chapter 195: ကျောက်စိမ်းဂိုဏ်းနှင့် ပူးပေါင်းခြင်း
ဆူညံသံများနှင့်အတူ အားလုံး ဒူးများထောက်ကုန်၏။
ယန်ထျန်ရှင်းတို့လည်း ပါဝင်လေသည်။
“တောင်းပန်ပါတယ် စီနီယာရှန်မို ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ”
“ယောက်ယွန်းလောင်က ခြေတည်ဝိညာဉ်အဆင့် ဖြစ်သွားတော့ ကြောက်သွားပြီး ချင်းရွှမ်ကို စွန့်ပစ်မိတာပါ”
“စီနီယာရှန်မိုရယ် ကျွန်တော်တို့ဂိုဏ်း ချင်းရွှမ်အောက်မှာ ရှိတဲ့တောက်လျှောက် တစ်ခါမှ သစ္စာမဖောက်ဖူးပါဘူး… စိတ်ရင်းကို ယုံကြည်ပေးပါ”
တစ်ယောက်ပြီးတစ်ယောက် တောင်းပန်ကြလေသည်။
ဝေ့ရှောင်းထီ၊ မိုဟန်ရှန်၊ အကြီးအကဲလီတို့အားလုံး မျက်ရည်များဝဲကာ လှမ်းကြည့်နေ၏။
ရှန်မို့ကြောင့်သာမဟုတ်လျှင် ချင်းရွှမ်ရော၊ အဆိပ်နွယ်ဂိုဏ်းပါ အသက်ရှင်နိုင်မည် မဟုတ်ချေ။
သူတို့ကို ရှန်မို ကယ်ထားခြင်းဖြစ်၏။
“ခေါင်းဆောင် သစ္စာဖောက်တွေကို ကျွန်တော် လွှဲပေးပါတယ်”
မူယုံးယွဲ့ မျက်ရည်များသုတ်၍ ဝမ်းသာစွာဖြင့်
“ကောင်းပါပြီ”
ရှန်မိုကဲ့သို့ ခြေတည်ဝိညာဉ်အဆင့်ကို မည်သူမျှ မခုခံရဲတော့ပါ။
လောင်ချောင်ထျန်း၊ ဝူယန်ကန်တို့လည်း ချက်ချင်း အညံ့ခံကြလေသည်။
ယောက်ယွန်းလောင် သေကာ စုချန်းချင်းလည်း ထွက်ပြေးသွား၍ မည်သူ့ကိုမျှ အားကိုးစရာ မရှိတော့ချေ။
ရွှမ်ကျန်းဒေသကြီးသည် ယောက်ယွန်းလောင် ခြေတည်ဝိညာဉ်အဆင့် ဂုဏ်ပြုပွဲ၌ စုစည်းသွားလေပြီ။
သို့သော် အားလုံး ထင်ထားသကဲ့သို့ နတ်ဓားဂိုဏ်းမှ ဦးဆောင်နိုင်သွားခြင်း မဟုတ်ပေ။
ချင်းရွှမ်ဂိုဏ်းမှ ဖြစ်၏။
…
နတ်ဓားမြို့၊ နတ်ဓားအဆောက်အဦ။
ယောက်ယွန်းလောင်၏ ခြေတည်ဝိညာဉ်အဆင့်တက်ခြင်းမှ ဓားအရှိန်အဝါများကျန်ကာ အမိုးအကာများ ပျက်စီးခဲ့သော်လည်း ယခုတော့ ပြန်လည် ပြုပြင်ထားလေပြီ။
လရောင်ကောင်းကင်အောက်တွင် ရှန်မိုနှင့် လုတုံရွှမ်တို့ အဆောက်အဦ လသာဆောင်၌ မျက်နှာချင်းဆိုင် ထိုင်လျက် ရှိသည်။
သူတို့ကြားမှ စားပွဲပေါ်တွင်တော့ သေရည်အိုးများစွာ ချထား၏။
လုတုံရွှမ်မှာ အနည်းငယ် ရီဝေဝေဖြစ်၍ မျက်နှာလည်း နီနေသည်။
ရှန်မိုမှာတော့ သိပ်မသောက်၍ ကြည်ကြည်လင်လင် ရှိ၏။
“မင်း မင်း ကောင်လေး… မင်းလောက် သောက်နိုင်တဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး”
လုတုံရွှမ် သူ့ကိုလက်ညှိုးထိုးကာ ရယ်မော၍ ပြော၏။
ရှန်မို ခေါင်းယမ်းလျက်
“လက်ညှိုးက ကျွန်တော့်ကို မဟုတ်ဘဲ ဟိုဘက်က တိုင်ကြီးကို ထိုးနေသလိုပဲ”
နှစ်ယောက်သား အားရပါးရ ရယ်မောမိကြသည်။
ခဏအကြာမှ လုတုံရွှမ် သူ့ကို သေချာကြည့်၍
“မိတ်ဆွေကြီး ငါတို့ ဒီလိုတွေ့ရတာ ရေစက်ပဲကွ… မင်း ကျောက်စိမ်းဂိုဏ်းထဲ ဝင်ချင်လား”
“မင်းသာ သဘောတူရင် ငါ့ရဲ့ ဂျူနီယာ ဖြစ်လာမယ်… ငါတို့ (၉) ဆင့်မှာ လူသစ်မရှိတာ တော်တော်ကြာပြီ”
“ရှန်မို ပြုံးလျက်
“ကျောက်စိမ်းဂိုဏ်းရဲ့ အကြီးအကဲဖြစ်ရင် ဘာအကျိုးအမြတ် ရှိမှာလဲ”
လုတုံရွှမ် အားရပါးရ ရယ်မော၍
“ကျောက်စိမ်းဂိုဏ်းထဲ ဝင်ချင်တဲ့ ကျင့်ကြံသူတွေမှ အများကြီးပဲ… မင်းက အကျိုးအမြတ်ကို အရင်မေးတယ်နော်”
“ဟုတ်ပြီ ဟုတ်ပြီ ပြောပြမယ်”
“ယုကျောက်က ဂိုဏ်းတွေရဲ့ အကြီးအကဲတွေက ခြေတည်ဝိညာဉ်အဆင့်နဲ့ နတ်ဘုရားပြောင်းလဲခြင်းအဆင့်တွေကို သတ်မှတ်တယ်… ဒါပေမဲ့ အကြီးအကဲတွေရဲ့ အဆင့် (၆) ခုကိုလည်း ကြည့်သေးတယ်”
“ငါ့ကို ဥပမာကြည့်ရင် ငါက ခြေတည်ဝိညာဉ်အဆင့်ပဲ ရှိသေးပေမဲ့ အဆင့် (၅) အကြီးအကဲဖြစ်နေပြီ… တချို့ နတ်ဘုရားပြောင်းလဲခြင်းထက် မြင့်သေးတယ်”
“ဒါကတော့ အင်အားနဲ့ ဆိုင်တာပေါ့လေ”
“ဒါပေမဲ့ အဆင့် (၁) အကြီးအကဲလည်း အကျိုးအမြတ် ကောင်းကောင်း ခံစားရပါတယ်… နှစ်စဉ် အကောင်းစား စိတ်ဝိညာဉ်ကျောက်တုံး (၃၀) ရယ်၊ မြေအဆင့် လက်နက်တစ်ခုရယ် ရသေးတယ်”
“နောက်ပြီး ဂိုဏ်းက အထူးအနေနဲ့ စိတ်ဝိညာဉ်ငါးပြာကိုလည်း (၁၀) နှစ်တစ်ကြိမ် ပေးတယ်”
“…”
ထို့နောက် အခြားရတနာများအထိ တောက်လျှောက် ရွတ်ပြလေသည်။
ရှန်မို နားထောင်ရင်း အတော် လန့်သွား၏။
ယုကျောက်ဒေသမှ ဂိုဏ်းများမှာ ရှားပါးသားကောင်များကို မွေး၍ လေ့ကျင့်ပေးကာ တဖြည်းဖြည်း စိတ်ဝိညာဉ်သားကောင် ဖြစ်စေကြောင်း ကြားဖူးပါသည်။
ထိုငါးပြာ၏ အရွယ်ရောက်အဆင့်တွင် ပေါင် (၃၀) အထိ ရှိပြီး မြေအဆင့်ရတနာဖြစ်၏။
ထို့အပြင် အခြားအခွင့်အရေးများမှာလည်း အားလုံး ကောင်းကြပါသည်။
“ကျွန်တော် စိုးရိမ်နေတာ ရှိတယ်”
ရှန်မိုမှ ပြော၏။
လုတုံရွှမ် ခေါင်းငြိမ့်ပြ၍
“သိပါတယ် ချင်းရွှမ်ဂိုဏ်းကိုမလား”
“အဲ့ဒါတော့ စိတ်ချပါ… ငါတို့ ကျောက်စိမ်းဂိုဏ်းက ရပ်တည်ချက် ခိုင်မာတယ်… ရုံးတော်ကို လုံးဝ ဦးမညွှတ်ဘူး”
“မင်းသာ ကျောက်စိမ်းဂိုဏ်းရဲ့ အကြီးအကဲဖြစ်ရင် ချင်းရွှမ်နဲ့ ရွှမ်ကျန်းဒေသကိုပါ စောင့်ရှောက်ပေးမှာပေါ့”
“ဘယ်သူမှ ထိလို့မရပါဘူး”
ရှန်မို စိတ်အေးသွားကာ ပြုံးလိုက်ပြီး
“ကောင်းပါပြီ ဒါဆိုရင်တော့ ကျွန်တော် ကျောက်စိမ်းဂိုဏ်းကို ဝင်ပါမယ်”
လုတုံရွှမ် ရယ်မော၍
“ဟုတ်ပြီ ဟုတ်ပြီ… ဒီနေ့ကစပြီး ဂျူနီယာရှန်ပဲ ခေါ်တော့မယ်… မင်းလည်း ငါ့ကို စီနီယာလုလို့ ခေါ်”
“နောက်ဆုံးတော့ ငါ့မှာ လက်ထောက်ဂျူနီယာ ရှိလာပြီပဲ… (၉) ဆင့်တောင်ထိပ်မှာ အငယ်ဆုံး မလုပ်ရတော့ဘူး”
ထိုနေရာမှာ သာမာန်တော့မဟုတ်မှန်း ရှန်မို ခံစားမိပါသည်။
“ဂျူနီယာလေး ဒါက ကြိုဆိုတဲ့လက်ဆောင်လို့ သဘောထားပါ”
“စည်းမျဉ်းအရတော့ လဝက်အတွင်း ကျောက်စိမ်းဂိုဏ်းကို ရောက်နေရမှာ”
သူ ပြောပြောဆိုဆိုနှင့် ဓာတ်လုံးလေးတစ်ခုကို လှမ်းပေးသည်။ ဓာတ်လုံးထဲ၌ ပုံ (၁၀) ခု ထွင်းထားပြီး အပေါ်ယံမှာ ပြောင်လက်နေ၏။
“ဒါက ဘာလဲဗျ”
“ကျောက်စိမ်းဓာတ်လုံးလေ… အမှတ်အသားလက်မှတ်လိုပေါ့… ဒါကတော့ ငါ့ဟာ… အခု မင်းယူထားလိုက်… လမ်းမှာ အန္တရာယ်ကင်းလိမ့်မယ်”
“ကျောက်စိမ်းဂိုဏ်းထဲ ရောက်တဲ့အခါတော့ မင်းကိုယ်ပိုင်ပစ္စည်း ထပ်ထုတ်ပေးမှာပါ”
“စီနှယာကရော မလိုဘူးလား”
ရှန်မို ပြန်မေးမိ၏။
လုတုံရွှမ် ရယ်မောကာ
“ငါ့မျက်နှာက ငါ့အတွက် အမှတ်အသားပဲ… ကျောက်စိမ်းဂိုဏ်းမှာ ငါ့ကို မသိတဲ့သူ မရှိဘူးလေ”
ရှန်မို ကျိတ်ရယ်မိ၏။
သူ့အမူအကျင့်မှာ ထူးခြား၍ မသိသူမရှိသည်မှာ အမှန်ပင်။
“ငါ့ကို ရွှမ်ကျန်းမှာ ကိစ္စတစ်ခု ခိုင်းထားလို့ တစ်လလောက် နေရဦးမယ်… မင်းနဲ့တော့ အတူ မလိုက်နိုင်လောက်ဘူး”
ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။
“ငါ မသွားခင် ပြောစရာရှိသေးတယ်”
“ဟုတ်ကဲ့ ပြောပါဗျ”
သူ တောက်တစ်ချက်ခေါက်၍
“တန်ဟီဂိုဏ်းကို သတိထား”
“မင်း ခြေတည်ဝိညာဉ်အဆင့်တက်သွားတဲ့ သတင်းကို အားလုံး ကြားပြီးလောက်ပြီ… သေချာပေါက် မင်းကို လိုချင်မှာပဲ”
“ဒါပေမဲ့ ငါ ကူညီလိုက်တဲ့သတင်းလည်း ကြားမှာပဲ”
“အဲ့တော့ ပြဿနာရှာတာမျိုး ဖြစ်နိုင်တယ်”
ရှန်မို သဘောပေါက်သွား၏။
“ကျေးဇူးတင်ပါတယ် စီနီယာ”
“ကဲ ကဲ ငါ သွားတော့မယ်… ဂိုဏ်းထဲရောက်မှ တွေ့ကြတာပေါ့”
လုတုံရွှမ်လက်ပြ၍ ပျောက်ကွယ်သွားတော့သည်။
ထိုစဉ် ရုတ်တရက် ပြန်ရောက်လာပြီး စားပွဲပေါ်မှ သေရည်အိုးများ ပိုက်လိုက်၏။
“အဟမ်း… သွားရမှာဝေးတော့ ရေဆာမယ်လေ… ဂျူနီယာလေး နားလည်မယ်လို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ပါ ဂရုစိုက်သွားပါဗျာ”
“ကဲ ကဲ ငါ တကယ် သွားပြီနော်”
ထို့နောက် နှုတ်ဆက်ကာ ပျောက်သွားလေသည်။
ရှန်မိုလည်း ကောင်းကင်ပြင်ကို မော့ကြည့်ရင်း
“နောက်ထပ်ခြေလှမ်း စရမယ့်အချိန်ပဲ”