← Chapters

တွေ့ဆုံခြင်းလက်ဆောင်

Vol. 37 Ch. 541

တွေ့ဆုံခြင်းလက်ဆောင်

Vol. 37 Ch. 541

"ငါတို့ ဘယ်ကိုအရင်သွားကြမလဲ"

"ဟားဟား ငါ အစောကြီးကတည်းက စုံစမ်းထားပြီးသား"

ဝမ်လင်က ပြုံးစစဖြင့် ပြောလိုက်၏။

"Avengers Sixရဲ့ နမူနာရုပ်ရှင်က ရိုက်ကူးပြီးသွားပြီတဲ့။ အခု တစ်ကမ္ဘာလုံးက အဲဒီပရိုမိုးရှင်းကြောင့် ပွက်လောရိုက်နေတာ။ သန်ဘက်ခါဆိုရင် ဒစ်စနေမှာရှိတဲ့ သက်ဆိုင်ရာဝန်ထမ်းတွေက ပွဲအခမ်းအနားအတွက် ဟွာရှားကိုလာမှာတဲ့"

"ငါတို့က စာရေးဆရာကို သွားရှာရမှာမဟုတ်ဘူးလား။ ရုပ်ရှင်ကုမ္ပဏီက ငါတို့နဲ့ ဘာဆိုင်လို့လဲ"

"အဲဒါက မင်းမသိလို့လေ"

ဝမ်လင်က ရှင်းပြလိုက်၏။

"အဘိုးကြီးစတန်က ဆုံးပါးသွားပြီ။ သူတို့မိသားစုတွင် ပြဿနာတွေကလည်း အရမ်းရှုပ်တယ်။ မာဘယ်ရဲ့မူပိုင်ခွင့်တွေကို ဒစ်စနေက ကိုင်ထားပေမဲ့ မူရင်းမူပိုင်ခွင့်နဲ့ ပိုင်ဆိုင်မှုတွေက အဘိုးကြီးနဲ့ပဲ ဆိုင်တာ။ တိတိကျကျပြောရရင် အဘိုးကြီးက အဲဒီအကျိုးအမြတ်တွေကို ဒစ်စနေကို လွှဲပြောင်းပြီး အကျိုးအမြတ်တွေကိုပါ ခံစားခွင့်ပေးခဲ့တယ်လေ"

"အခု အဲဒီအဘိုးကြီးက ဆုံးသွားပြီဆိုတော့ ဥပဒေအရ သူ့လက်ရာတွေနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်တွေအကုန်လုံးက သူ့သားသမီးတွေဆီကို ရောက်သွားပြီ။ ဂျက်ဆီလီလို့ခေါ်တဲ့ မိန်းမဆီကိုပေါ့"

"အဲဒီဂျက်ဆီလီကပါ ဟွာရှားကို လိုက်လာမှာလား"

"ဘင်ဂို"

ဝမ်လင်က လက်ဖျောက်တီးလိုက်သည်။

"ဂျက်ဆီက အဲဒီအဘိုးကြီးရဲ့ တရားဝင်အမွေဆက်ခံသူပဲ။ ဒါပေမဲ့ သူ့မျိုးဆက်တွေက သူတစ်ယောက်တည်းမဟုတ်ဘူးလေ။ နာမည်ခံအရတော့ သူက အဓိကအမွေခံဆိုပေမဲ့ တကယ်တမ်းကျတော့ အငြင်းပွားမှုတွေက ပြင်းထန်နေတယ်။ သူ့အနေအထားကို အခြေခိုင်အောင်လုပ်ဖို့အတွက် မီဒီယာရဲ့အာရုံစိုက်မှုတွေကို အများကြီးလိုအပ်နေတာ"

"ကြည့်ရတာတော့ မင်းလည်း ဉာဏ်ပိုကောင်းလာတဲ့ပုံပဲ"

ကျန်းမုန့်လောင်က အသိအမှတ်ပြုဟန်ဖြင့် ပြောလိုက်၏။

"ဟဲဟဲ..ငါတို့သာ ဂျက်ဆီဆီက မူပိုင်ခွင့်တွေကို ဝယ်နိုင်ခဲ့ရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေရိကရဲ့ ယဉ်ကျေးမှုလွှမ်းမိုးနိုင်စွမ်းကလည်း တစ်ဝက်လောက် လျော့သွားလိမ့်မယ်"

"မင်း စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားတာ ပိုကောင်းမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါတို့နိုင်ငံထဲမှာ ထရိုးကောင်တွေ အများကြီးရှိတယ်။ တကယ်လို့ မာဘယ်က နောက်ပိုင်းမှာ လက်ရာအသစ်တွေ ဆက်မထုတ်တော့ဘူးဆိုရင် အဲဒီကီးဘုတ်ဖိုက်တာတွေကလည်း ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"

"ဖွီး"

ဝမ်လင်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်လေသည်။

"ငါသာ ကီးဘုတ်ဖိုက်တာတွေကို ကြောက်နေမယ်ဆိုရင် အွန်လိုင်းပေါ်မှာ ငါ တက်ကြွားနေခဲ့တုန်းကတည်းက ကိစ္စတုံးသွားတာ ကြာလှပြီ။ ပြီးတော့ ငါတို့နိုင်ငံက ထိပ်တန်းအဆင့် အိုင်ပီတွေကို ထုတ်လုပ်နိုင်တယ်မဟုတ်ဘူးလား။ ပိုကောင်းတဲ့လက်ရာတွေသာ ရှိနေမယ်ဆိုရင် ငါ့ကိုသာယုံထားလိုက်။ နှစ်နှစ်အတွင်းမှာတင် မာဘယ်ရဲ့လက်ရာတွေလည်း ဒိတ်အောက်သွားမှာ"

"ပြီးတော့ ငါတို့က သူတို့ကို တစ်သက်လုံးဖိနှိပ်ထားမှာမှမဟုတ်တာ။ အချိန်အတိုင်းအတာတစ်ခုလောက်ပဲ ထိန်းချုပ်ထားမှာလေ။ သုံးကိုယ်ပွားရုပ်ရှင် ဈေးကွက်ထဲမှာပေါက်ပြီး ငါတို့ယဉ်ကျေးမှုက ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ပြီဆိုရင် သူတို့လည်း လုပ်ချင်ရာလုပ်လို့ရပြီ။ လူတိုင်းက ထိပ်တန်းအဆင့်နယ်ပယ်တစ်ခုအတွက် ယှဉ်ပြိုင်ကြရမှာ။ အဲဒီအခါကျရင် ခွန်အားက စကားပြောသွားလိမ့်မယ်"

"မင်းရဲ့စကားတွေကြောင့် ငါ မျက်စိပွင့်နားပွင့်ဖြစ်သွားပြီ"

ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်၏။

"ဒါဆို မစ္စဂျက်ဆီကို အရင်သွားတွေ့ရအောင်"

...

အမေရိကန်မှလာသော လေယာဉ်တစ်စင်းက ဟွာရှားနိုင်ငံ၏ မက်ဂျစ်မြို့တော်လေဆိပ်သို့ ဆိုက်ရောက်လာသည်။ ရွှေအိုရောင်ဆံပင်၊ အပြာရောင်မျက်ဝန်းပိုင်ရှင် အလှပဂေးလေးတစ်ယောက်က သွယ်လျလှသော‌ ခြေတံရှည်များဖြင့် ဆင်းလာလေသည်။ သူ့ဘေးနားတွင်လည်း လက်ထောက်များက ဝိုင်းထားကြသည်။

အဘိုးကြီး ကွယ်လွန်ချိန်မှာ အသက်၉၅နှစ်ဖြစ်၏။ သို့သော် သူ့သမီးဂျက်ဆီကတော့ အသက်သုံးဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။ လူချမ်းသာများတွင် ဇနီးငယ်ငယ်လေးများ ရှိတတ်ကြသည်ဟု ဆိုရပေမည်။ သာမန်မိသားစုတစ်ခုတွင်သာဆိုလျှင် ဤအသက်အရွယ်ကွာဟချက်မှာ မြေးအဘိုးအရွယ်လောက် ပိုဖြစ်နေမည်မဟုတ်လား။

"ပွဲအစီအစဉ်က ဘယ်လိုနေလဲ"

ဂျက်ဆီက သူ(မ)၏လက်ထောက်ကို မေးလိုက်သည်။

"မစ္စဂျက်ဆီ.. အကုန်စီစဉ်ထားပြီးပါပြီ။ မနက်ဖြန်ညကျရင် ဒစ်စနေက မက်ဂျက်မြို့တော်ရဲ့ ယဉ်ကျေးမှုစင်တာမှာ သတင်းစာရှင်းလင်းပွဲလုပ်မှာပါ။ သူတို့က မိန်းကလေးအတွက် အချိန်မိနစ်နှစ်ဆယ် သက်သက်ချန်ပေးထားတယ်။ အဲဒီအချိန်ကျရင် ရှင်စီစဉ်ထားတဲ့အတိုင်း လုပ်ငန်းအသစ်တွေကို မိတ်ဆက်ပေးပြီးရင် မူပိုင်ခွင့်ပိုင်ဆိုင်မှုကို ကြေညာလို့ရပါတယ်"

"ကျေးဇူးမသိတတ်တဲ့ ဒီလူတွေ.. ငါ့အဖေဆုံးတာနဲ့ သူတို့တွေက သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတာ။ ဒါပေမဲ့ ငါ့မောင်တွေညီမတွေကရော"

ဂျက်ဆီမှာ အေးတိအေးစက်လှောင်ပြောင်ရယ်မောလိုက်မိသည်။

"ဒီတစ်ခေါက်တော့ ဟွာရှားနိုင်ငံရဲ့ မီဒီယာစွမ်းအားကို အသုံးချမှဖြစ်မယ်။ သူတို့ဆီမှာ လူဦးရေအများကြီးရှိပြီး ရုပ်ရှင်လက်ရာတွေနဲ့ပတ်သက်ပြီးတော့လည်း လွှမ်းမိုးမှုမြင့်မားတယ်။ ကိုယ့်ကိုမှတ်မိနေသရွေ့ သူတို့ကလည်း ဒီကိစ္စကို အသိအမှတ်ပြုလာကြလိမ့်မယ်။ တရားဝင်မီဒီယာတွေကလည်း အဲဒီအချိန်ကျရင် ငါတို့ဘက်မှာ ရပ်တည်ပေးမှာသေချာတယ်"

သူ(မ)က ပွဲစီစဉ်သူများ လာကြိုမည့်အချိန်ကို လေဆိပ်တွင် စောင့်ဆိုင်းနေစဉ် အနက်ရောင်Rolls-Royceတစ်စီးက သူ(မ)ရှေ့တွင် ရုတ်တရက်ရပ်လိုက်သည်။

"ဒစ်စနေက ဘယ်တုန်းက ဒီလောက်အထိ အသုံးအဖြုန်းရက်ရောသွားတာလဲ"

ဂျက်ဆီမှာ အံ့အားသင့်သွားသော်ငြား ထိုRolls-Royce၏နံပါတ်ပြားကို မြင်လိုက်ရချိန်မှာ သူ(မ)၏အမူအရာက ပြောင်းလဲသွားရသည်။ ဤသည်မှာ မက်ဂျစ်မြို့တော်မှ နံပါတ်ပြားဖြစ်ပြီး နံပါတ်အတွဲလိုက်ကလည်း ၈၈၈၈၈ဖြစ်နေလေသည်။

ခရမ်းရောင်သားရေစကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ကားထဲမှထွက်လာပြီးနောက် ဂျက်ဆီရှေ့တွင် ရပ်လိုက်သည်။

"ရှင်က မိန်းကလေးဂျက်ဆီလား"

"ဟုတ်ပါတယ်။ ရှင်က ဘယ်သူလဲ"

"မင်္ဂလာပါ မိန်းကလေးဂျက်ဆီ..ကျွန်မနာမည်က ဟုန်းရီပါ။ ကျွန်မယောကျ်ားက ရှင်နဲ့တွေ့ပြီး စီးပွားရေးကိစ္စတစ်ခု ကမ်းလှမ်းချင်လို့ပါ"

"ကျွန်မနဲ့ စီးပွားရေးကိစ္စဆွေးနွေးမှာတဲ့လား"

ဂျက်ဆီမှာ အတန်ငယ်အံ့ဩသွားရသည်။

"ရှင့်ယောကျ်ားက ဘယ်သူလဲ"

"ရောက်တဲ့အခါ သိရပါလိမ့်မယ်"

"ကျွန်မက နောက်ခံရာဇဝင်မသိရတဲ့လူတစ်ယောက်နဲ့အတူ လိုက်လိမ့်မယ်လို့များ ထင်နေတာလား"

ဂျက်ဆီက သူ(မ)သည် ဟွာရှားနိုင်ငံတွင် ရောက်နေခြင်းဖြစ်ပြီး အမိမြေတွင် ရှိနေခြင်းမဟုတ်ကြောင်း ကောင်းကောင်းသိ၏။ တချို့ကိစ္စများတွင် ဟွာရှားနိုင်ငံက သူတို့နိုင်ငံထက် ပိုလုံခြုံပါသော်ငြား တစ်ပါးသူများကိုတော့ အမြဲသတိထားရမည်။

"ဒါက ကျွန်မတို့လူကြီးမင်းက ပထမဆုံးအကြိမ်တွေ့ဆုံမှုအတွက် မိန်းကလေးဂျက်ဆီကို လက်ဆောင်ပေးတာပါ။ ပြီးတော့ ဟွာရှားနိုင်ငံကိုလာတဲ့အနေနဲ့ ကြိုဆိုတာရော ရှင့်အဖေကို ဂုဏ်ပြုတဲ့အနေနဲ့ရောပါ"

ဟုန်းရီက ကားထဲမှ လေးထောင့်ဘူးတစ်ဘူးကို ထုတ်ယူ၍ ဂျက်ဆီရှေ့တွင် ဖွင့်ပြလိုက်သည်။

မျက်စိကျိန်းချင်စရာကောင်းသော နေရောင်အောက်တွင် ကျောက်မျက်ရတနာဆွဲကြိုးတစ်ကုံးက အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ အပြာရောင်နှင့် လိမ္မော်ရောင် စသော အရောင်အဝါများ တဖိတ်ဖိတ်လက်နေချေသည်။ ကြီးမားလှသော ကျောက်မျက်ရတနာခြောက်တုံးက ချက်ချင်းဆိုသလိုပင် ဂျက်ဆီ၏အကြည့်ကို ဖမ်းစားလိုက်ပြီး အကြည့်လွှဲဖို့ပင် ခက်ခဲစေသည်။

"ဒါတွေက ရှင့်အဖေဖန်တီးထားတဲ့ လက်ရာတွေအတိုင်း အထူးပြုလုပ်ထားတဲ့ သဘာဝစိန်ခြောက်မျိုးပါ။ တစ်မျိုးချင်းစီတိုင်းက သူ့မူရင်းပုံစံနီးနီးအတိုင်း ဖန်တီးထားတာပါ။ ပျှမ်းမျှ ၁၂၅ကာရက်ရှိပြီး စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာသန်း၂၄၀ရှိပါတယ်။ ကျွန်မတို့ရဲ့လူကြီးမင်းက ဒီလက်ဆောင်ကို ရှင်သဘောကျဖို့ မျှော်လင့်နေပါတယ်"

"ဒါက ကျွန်မအတွက်လား"

ဂျက်ဆီ၏မျက်ဝန်းများကား ပြူးကျယ်သွားလေသည်။

လူချမ်းသာမိသားစုတစ်ခုတွင် မွေးဖွားလာသူတစ်ယောက်အနေနှင့် သူ(မ)ရှေ့ရှိ စိန်လည်ဆွဲက မည်သည့်သဘောကိုဆောင်ကြောင်း ကောင်းကောင်းသိသည်။ စိန်တစ်လုံးချင်းစီတိုင်းက ရှားပါးရတနာတစ်ပါး ဖြစ်နိုင်ခြေများပြီး "အနန္တကျောက်မျက်"ခြောက်မျိုးဖြင့် အလှဆင်ထားသော ဤလည်ဆွဲမှာ ပြိုင်ဘက်ကင်းအနုပညာလက်ရာတစ်ခုပင်။

"ဟုတ်ပါတယ်။ ဒါက ရှင့်ကိုဖိတ်ခေါ်ဖို့အတွက် ကျွန်မတို့လူကြီးမင်းရဲ့စေတနာပါ။ ရှင် ကျွန်မတို့နဲ့အတူ မလိုက်နိုင်ဘူးဆိုရင်တောင် ရှင့်အဖေအပေါ်ထားတဲ့ ကျွန်မတို့လူကြီးမင်းရဲ့လေးစားမှုအနေနဲ့ ဒီလက်ဆောင်လေးကို လက်ခံပေးပါ"

"ရှင်တို့လူကြီးမင်းက တော်တော်စေတနာစစ်တာပဲ"

ဂျက်ဆီ ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

"ဒီလိုဆိုရင်တော့ ကျွန်မ ဒီလက်ဆောင်ကို လက်ခံရမှာပေါ့"

"မိန်းကလေးဂျက်ဆီ"

သူ(မ)၏လက်ထောက်က ချက်ချင်းကြားဝင်ပြောဖို့ ကြိုးစားလိုက်သည်။ု

"ငါ့လုံခြုံရေးကို စိတ်ပူနေတာလား"

ဂျက်ဆီက မေးလိုက်လေသည်။

"တစ်စုံတစ်ယောက်က ငါ့ကို အန္တရာယ်ပေးဖို့ ကြိုးစားချင်တယ်ဆိုရင် ပိုက်ဆံကြောင့်ပဲ ဖြစ်နိုင်မှာ။ ဒီလူကြီးမင်းက ဒီလောက်ရက်ရောတဲ့လက်ဆောင်တစ်ခုကို ပေးနေတာလေ။ သူက ငွေကြေးချို့တဲ့နေတဲ့လူ မဟုတ်တာတော့ သေချာတယ်။ တစ်ယောက်ယောက်ကသာ ငါ့ပိုင်ဆိုင်မှုတွေအကုန်ုလုံးကို လုယူသွားမယ်ဆိုရင်တောင် ဒီလူကြီးမင်းရဲ့စည်းစိမ်ဥစ္စာရဲ့တစ်သိန်းပုံတစ်ပုံတောင် ရှိမှာမဟုတ်လောက်ဘူး။ ရှင်လည်း လက်ခံတယ်မလား မိန်းကလေးဟုန်း"

"မိန်းကလေးဂျက်ဆီက အရမ်းထက်မြက်တာပဲ"

ထက်မြက်သည့်မိန်းမများက ထက်မြက်သည့်မိန်းမများကို အမြဲတန်ဖိုးထားကြသည်။

"ကျွန်မတို့လူကြီးမင်းက နေ့လယ်စာပြင်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး ကြွပါ မိန်းကလေးဂျက်ဆီ"

"ကျေးဇူးတင်ပါတယ်"

...

ကားက ကျောင်းနားရှိ ကျန်းမုန့်လောင်၏နေအိမ်ရှေ့တွင် ရပ်လိုက်သည်။ တက္ကသိုလ်မြို့တော်က သက်ဝင်လှုပ်ရှားပြီး ဆူညံနေသော်ငြား ဤဗီလာဧရိယာကတော့ အလွန်ကြော့မော့ပြီး တိတ်ဆိတ်လှ၏။

"ကျေးဇူးပြုပြီး ကြွပါ မိန်းကလေးဂျက်ဆီ"

ဟုန်းရီက ဂျက်ဆီကို ဗီလာထဲသို့ ခေါ်သွားလိုက်သည်။

"သူလာပြီ"

ကျန်းမုန့်လောင်က ဝမ်လင်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ခြံဝင်းထဲသို့ ထွက်လာခဲ့လိုက်သည်။

"ရှင်က မစ္စတာကျန်းမုန့်လောင်လား"

ဂျက်ဆီက ကျန်းမုန့်လောင်ကို မြင်မြင်ချင်းမှတ်မိလိုက်သည်။

"ရှင်က ပါရာမောင့်ထုတ်လုပ်ရေးက မစ္စတာဝမ်ရဲ့သားမဟုတ်လား"

"မင်း ကျွန်တော့်ကိုသိတာလား"

ဝမ်လင်မှာ အံ့အားသင့်သွားရသည်။ သူက နိုင်ငံခြားတွင် သိပ်နာမည်မကြီးဘူးဟု ထင်ထားခဲ့ခြင်းပင်။

"ကျွန်မက ရှင့်အဖေရဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုနည်းနည်းလုပ်ဖူးလို့ ရှင့်ကိုလည်း သေချာပေါက်သိတာပေါ့"

ဂျက်ဆီက ပြုံးလိုက်သည်။

"ကျွန်မ ဟွာရှားကိုရောက်ရောက်ချင်း ရှင်တို့နှစ်ယောက်ဆီက ဖိတ်ကြားခံရတဲ့အတွက် တကယ်ဂုဏ်ယူမိပါတယ်"

"ထိုင်ပါဦး မိန်းကလေးဂျက်ဆီ"

ကျန်းမုန့်လောင်က သူ(မ)ကို ထမင်းစားခန်းထဲသို့ ခေါ်သွားလိုက်သည်။

"ဒါက ဒီမနက်ကမှ အထူးသီးသန့်သယ်လာတဲ့ ငါးကြီးဆီငါးလေ"

"ကျွန်မက သိချင်နေတဲ့မေးခွန်းတွေ အဖြေမရသေးသရွေ့ အစားအသောက်ကို မစားနိုင်သေးဘူး"

ဂျက်ဆီက အလွန်တော်သော မိန်းမတစ်ယောက်ပင်။

"ဒီနေ့ ကျွန်မကိုဖိတ်ရတဲ့ ရည်ရွယ်ချက်ကို အရင်ပြောပြလိုက်တာ ပိုမကောင်းဘူးလား"

"မိန်းကလေးဂျက်ဆီက အရမ်းပွင့်လင်းတာပဲ"

ဝမ်လင်က ဆို၏။

"အဲဒီလိုဆိုမှတော့ လိုရင်းကိုပဲ ပြောကြတာပေါ့။ ကျွန်တော်တို့ မိန်းကလေးဂျက်ဆီပိုင်ဆိုင်ထားတဲ့ မာဘယ်လက်ရာရဲ့ မူရင်းပိုင်ဆိုင်ခွင့်တွေအားလုံးကို လိုချင်ပါတယ်။ ရုပ်ပြနဲ့ရုပ်ရှင်ဖန်တီးခွင့်နဲ့ သက်ဆိုင်သမျှအရာအားလုံးရောပဲ"

********************

All Chapters