← Chapters

ဆရာ ခေတ်တွေကပြောင်းသွားပြီ

Vol. 37 Ch. 550

ဆရာ ခေတ်တွေကပြောင်းသွားပြီ

Vol. 37 Ch. 550

"ဟားဟားဟား"

ကျွန်းအရှင်ဟုခေါ်သော ထိုလူငယ်က ရယ်ရလွန်း၍ တုန်ပင်တုန်နေလေပြီ။

"ချပ်ဝတ်ဖန်ဆင်းမယ်တဲ့လား။ ငါက မင်း အလင်းအဖြစ် အသွင်ပြောင်းမယ်လို့ထင်နေတာ"

အကယ်၍ ဝမ်လင်သာ ကျောင်းသားတစ်ယောက်ဆိုလျှင် ယခုလိုပြုမူခြင်းအားဖြင့် လေးနှစ်ခန့် လိင်ဆက်ဆံခွင့်ကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင်။

စိတ်မှန်တဲ့ ဘယ်သူကများ အနည်းဆုံးနှစ်နှစ်သုံးနှစ်လောက် လေမဖြတ်ဘဲ ဒီလိုအူကြောင်ကြောင်ကိစ္စမျိုးကို လုပ်မှာတဲ့လဲ?

"သူ.. ဘာတွေလုပ်နေတာလဲ"

ကျန်းချီယွမ်၏နဖူးထက်တွင် အနက်ရောင်မျဉ်းကြောင်းများ ပေါ်လာလေသည်။ သူ(မ) ဝမ်လင်နှင့် သိကျွမ်းခဲ့သည့်အချိန်ကတည်းက သူ ယခုလိုအဓိပ္ပာယ်မရှိသည့် အပြုအမူမျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။

ချပ်ဝတ်ဖန်ဆင်းခြင်းတဲ့လား။ ဧကရာဇ်ချပ်ဝတ်တဲ့လား။ သူအိပ်မက်မက်နေတာလား။ တိုခုဆက်ဆုအစီအစဉ်ရိုက်နေတာလား။ သူ့မိသားစုက တိုအိလုပ်ငန်းလုပ်တယ်လို့များ ထင်နေတာလား။

"မင်းလိုလူတစ်ယောက်ကို သတ်ရတာက ငါ့ဉာဏ်ရည်ကိုတောင် စော်ကားလိုက်သလိုပဲ"

ထိုလူငယ်လေးက အစတုန်းကတော့ ဝမ်လင်သည် ရဲကို ဖုန်းဆက်ပြီး အကူအညီတောင်းလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဤနေရာတွင် စိတ်ဖောက်ပြန်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ ချပ်ဝတ်စစ်သည်တော်အစီအစဉ်တွေများ အကြည့်လွန်လေသလား။

သို့သော် မည်သူမှသတိမထားမိလိုက်သည့် အရာမှာ ရွှေရောင်အလင်းတန်းတစ်ခုက ကမ္ဘာမြေနှင့် နက္ခတ်ဗေဒအကွာအဝေးတစ်ယူနစ်ဝေးသော နေမင်းကြီးဆီမှ ဖြာကျလာချေသည်။ ထိုအလင်းတန်းက အာကာသထဲတွင် ကွေးညွတ်လှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အလင်းတန်းကိုယ်တိုင်တောင် ရှစ်မိနစ်ကြာမှ ဖြတ်သန်းနိုင်မည့်အကွာအဝေးကို ဖြတ်ကျော်လာသည်။

ထိုလူငယ်လေး၏ လှောင်ပြောင်ထေ့ငေါ့မှုနှင့် ရင်ဆိုင်ရသောအခါ ဝမ်လင်၏နှုတ်ခမ်းထက်၌ လှောင်ပြုံးရိပ်တစ်ချက် ပေါ်ပေါက်လာသည်။ ဤလုပ်ရပ်က နည်းနည်းပိုလွန်းသလိုဖြစ်နေသော်ငြား တကယ့်ငတုံးက မည်သူလဲ။

"အဲဒါက ဘာကြီးလဲ"

ရွှေရောင်အလင်းတန်းက ရုတ်တရက်ကြီးပေါ်ထွက်လာသောကြောင့် ထိုလူငယ်ခမျာ မျက်လုံးကန်းမတတ်ပင်။ ထိုအလင်းတန်းက လေဟာနယ်ကို ဖြတ်သန်း၍ ဝမ်လင့်ကို ဝန်းရံထားလိုက်သည်။

"ဘာ..ဘာတွေဖြစ်နေတာလဲ"

ထိုအလင်းတိုင်ထဲရှိ ထူးခြားဆန်းကြယ်လှသော စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရသဖြင့် ကျန်းချီယွမ်လည်း မတတ်သာတော့သည့်အဆုံး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ ဤသည်မှာ ထူးခြားစွမ်းရည်လည်းမဟုတ်သလို အတွင်းအားလည်း မဟုတ်ပေ။ ထိုအရာများထက် ပိုသာလွန်မြင့်မြတ်သော အရာတစ်ခုပင်။

ထိုအလင်းတန်းက ဝမ်လင့်ကို ခဏမျှသာလွှမ်းခြုံပေးပြီးနောက် ပျောက်ကွယ်သွားလေသည်။ ရွှေရောင်အလင်းတန်းထဲမှ ရွှေရောင်အသွင်အပြင်တစ်ခုက အလွန်ခမ်းနားပြီး ကြီးကျယ်လှသော ချပ်ဝတ်တန်ဆာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းပေါ်လာသည်။

"ငါ ဒီအကြောင်း မဖတ်ဖူးဘူး။ ဒါက မျက်လှည့်တစ်မျိုးလား"

လုရီယောင်က ကျန်းမုန့်လောင်ကို အကြောင်သားစိုက်ကြည့်နေမိသည်။ တိုခုဆက်ဆုဇာတ်လမ်းကို သူ(မ) မကြည့်ဖူးသော်လည်း ချပ်ဝတ်စစ်သည်တော်များအကြောင်း ကြားဖူးပြီး ဧကရာဇ်ချပ်ဝတ်က မည်သို့သောပုံစံရှိကြောင်း သိထားသည်။

သို့‌သော် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မျက်မြင်တွေ့လိုက်ရသောအခါ သူ(မ) မည်သို့လက်ခံရမည်နည်း။

"ဝိုး ရှောင်ဝမ်က ဧကရာဇ်ချပ်ဝတ်ကို ဆင့်ခေါ်လိုက်တာပဲ"

ထိုအခိုက်ဝယ် ကော်ဖီဖျော်လာသော အိမ်တော်ထိန်းကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် အနားသို့လျှောက်လာလေသည်။

"ဒါပေမဲ့ မင်းရဲ့ချပ်ဝတ်က အရင်တုန်းက မစ္စတာရှောင်ယွင် ဆင့်ခေါ်ခဲ့တဲ့ ချပ်ဝတ်လောက်တော့ မမိုက်သေးဘူး"

ကော်ဖီခွက်ကိုချပြီးနောက် အိမ်တော်ထိန်းကြီးက အနားသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူ(မ)က ကွဲကြေသွားသော မှန်ကွဲစများနှင့် အမှိုက်သရိုက်များကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီးနောက် လူသတ်ချင်နေသော အငွေ့အသက်တစ်မျိုးဖြင့် ထိတ်လန့်အံ့ဩနေသော ထိုကျွန်းအရှင်ကို ကြည့်လိုက်၏။

"ကောင်စုတ်လေး.. ငါ အခုမှ သန့်ရှင်းရေးလုပ်ထားတာကို မင်းက ထပ်ဖွလိုက်ပြန်ပြီ။ မစ္စတာကျန်းက ဒီကိစ္စကို မစ္စတာဝမ် ကိုင်တွယ်ပါစေလို့ မညွှန်ကြားထားဘူးဆိုရင် ငါ မင်းကို ချန်းထန်မြစ်ထဲ ပစ်ချလိုက်တာကြာပြီ"

ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်းက ဧည့်ခန်းထဲမှ ဖြည်းဖြည်းချင်းထွက်သွားသည်။

ထိုလူငယ်လေးခမျာ အိမ်တော်ထိန်း၏စကားများကို သေချာပေါက် ကြားလိုက်လေသည်။ သူ့မှာ သူ့ဖြစ်တည်မှုကိုပင် ပြန်မေးခွန်းထုတ်နေမိတော့သည်။ အိမ်တော်ထိန်းတစ်ယောက်က သူ့ကို ဘယ်တုန်းကများ ယခုလိုပြောခဲ့ဖူးလို့လဲ။ သူက နိဗ္ဗာန်ကျွန်း၏ ကျွန်းအရှင်ဖြစ်၏။ ဒုတိယကမ္ဘာရှိ လူများကပင် သူ့အား တလေးတစားဆက်ဆံရသည်။ ယခုမူ အိမ်တော်ထိန်းတစ်ယောက်က သူ့ကို မထီမဲ့မြင်ပြုလိုက်လေသလား။

အခုမြင်လိုက်ရတဲ့အရာကြောင့် နည်းနည်းလောက်တောင် လန့်မသွားဘူးလား? ဒီလောက်အထိ အရေးမလုပ်တဲ့ပုံစံမျိုးလုပ်နေတာဆိုတော့ ဒုတိယကမ္ဘာစစ်ကို ဖြတ်သန်းခဲ့ဖူးလို့လား?

ထို့ပြင် သူ့ရှေ့မှာ ဖြစ်ပျက်နေသော ဤဖြစ်ရပ်ဆန်းကို မည်သူများ ရှင်းပြပေးနိုင်မလဲ။ ဤသည်မှာ သူသိထားသည့် ကမ္ဘာမြေရော ဟုတ်ရဲ့လား။ ဝမ်လင်က ချပ်ဝတ်တန်ဆာကို အမှန်တကယ်ဖန်ဆင်းလိုက်ခြင်းမှာ အလွန်ကိုးရိုးကားရားနိုင်လှသည်။

"ဧကရာဇ်ချပ်ဝတ်ကို ဆင့်ခေါ်ခြင်း၊ အသုံးပြုခက တစ်မိနစ်ကို ခွန်အားအမှတ်နှစ်ဆယ်ဖြစ်ပြီး စွမ်းအင်ပြင်းအားက၂၅ယူနစ် ရှိပါတယ်"

စွမ်းအင်ပြင်းအားကို နှစ်ဆနှုတ်ယူခြင်းဖြင့် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းသားများအတွက်ပါ ကျောင်းတော်ထဲက ပစ္စည်းများကို ယာယီအသုံးပြုခွင့်ပေးနိုင်ကြောင်း ကျန်းမုန့်လောင် သိခဲ့ရသည်။

စွမ်းအင်ပြင်းအား၁၅ယူနစ်ဆိုသည်မှာ ကောင်းကင်ဘုံဖျားအဆင့်ငါးစွမ်းအားပင်။ ဝမ်လင်ကိုယ်တိုင်တောင် နိဗ္ဗာန်ကျွန်း၏ပိုင်ရှင်ကို မြေကြီးပေါ်တွင် တရွတ်တိုက်ဆွဲသွားနိုင်စွမ်းရှိ၏။

"ဟဲဟဲ"

ဝမ်လင်၏ရယ်သံက ချပ်ဝတ်အောက်မှ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ယမ်းလိုက်ပြီး စွမ်းအင်စီးဆင်းမှု၏ခံစားချက်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားနေလေသည်။ သူ ဤမျှအထိ အစွမ်းထက်နိုင်ကြောင်း သိလိုက်ရသည်။

မနေ့ညတုန်းက နည်းပညာလမ်းကြောင်းအမျိုးမျိုးထဲမှ ရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့သည်ကို သူ မေ့နေခဲ့သည်။ အယ်လ်ထရာမန်းအဖြစ် အသွင်ပြောင်းခြင်းမှာ သတင်းတစ်ပုဒ်ဖြစ်သွားစေနိုင်သည်။ ဂန်ဒမ်မောင်းနှင်ခြင်းမှာမူ ထိန်းချုပ်မှုကို အသားကျဖို့အတွက် အချိန်ယူရဦးမည်။ ထို့ပြင် ဂန်ဒမ်၏အရွယ်အစားက သေးသေးလေးမဟုတ်ချေ။ ကာမန်ရိုင်ဒါကလည်း ဂျပန်ရှိ သာမန်ကိုင်ဘွန်လူမျိုးများ၏ အပိုင်ဖြစ်သောကြောင့် သူ အထင်သေးသောအရာဖြစ်နေသည်။

အဆုံးမှာတော့ ချပ်ဝတ်စစ်သည်ဇာတ်လမ်းတွဲများတွင် ပါဝင်သော ဟွာရှားနိုင်ငံ၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် ဧကရာဇ်ချပ်ဝတ်၏စွမ်းအားကို ရွေးချယ်လိုက်သည်။

"ဒန်တန့်တန်"

ဝမ်လင်က ထိုလူငယ်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

"မနေ့ညတုန်းက မင်း ငါ့ရဲ့အက်စတွန်မာတင်ကားကို ဖျက်ဆီးပစ်လိုက်တာနော်။ ပြီးတော့ ငါ့မျက်နှာကိုလည်း နှစ်ချက်ထိုးခဲ့တဲ့အပြင် ချန်းထန်မြစ်ထဲကိုပါ ပစ်ချခဲ့သေးတယ်"

"ဘာကိုဧကရာဇ်ချပ်ဝတ်လဲ။ ကလေးကလားတွေ"

ထိုလူငယ်က ထိုကဲ့သို့သောစွမ်းအားမျိုး ကမ္ဘာပေါ်တွင် မရှိနိုင်ကြောင်း ယုံကြည်ထားသည်။ အကယ်၍ ရှိခဲ့လျှင်ပင် ဤခေတ်မှာတော့ မဖြစ်နိုင်သေးပေ။

သူ့ခန္ဓာကိုယ်က အလျင်အမြန်ရွေ့လျားသွားပြီးနောက် ရှိသမျှအင်အားများကို စုစည်းကာ ဝမ်လင်၏ခေါင်းကို ကြာပွတ်ဖြင့်ရိုက်လိုက်သလို ကန်ချက်တစ်ချက် ပစ်သွင်းလိုက်သည်။

"ဘန်း"

ကန်ချက်က ဝမ်လင့်လည်ပင်းထက်သို့ သက်ဆင်းသွားသော်ငြား သူ့ခန္ဓာကိုယ်ကတော့ တုန်တောင်တုန်မသွားချေ။ ထိုကဲ့သို့သော ခွန်အားမျိုးက ဧကရာဇ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဝမ်လင့်အတွက်တော့ ကလိထိုးနေသလောက်သာ။

"မနက်စာမစားရသေးဘူးလား"

ဝမ်လင်က သရော်လိုက်ချေသည်။

"အန်တီ.. ဒီဖောက်သည်အတွက် ကာပူချီနိုတစ်ခွက်လောက်‌ ပေးလိုက်ပါ"

ကျန်းမုန့်လောင်ကလည်း ဘေးနားက မြှောက်ပေးလေသည်။

"မဖြစ်နိုင်တာ။ မဖြစ်နိုင်ဘူး"

မနေ့ကပင် ဝမ်လင်က သူ့ခွန်အားကို မခုခံနိုင်သည့် အမှိုက်တစ်စ ဖြစ်နေခဲ့သည်။ သူ့ကန်ချက်က သံမဏိကိုပင် ရိုက်ချိုးပစ်နိုင်သော်ငြား ဝမ်လင်၏လည်ပင်းကိုတော့ မချိုးနိုင်ပေ။

သူလည်း ချက်ချင်းပင် အနေအထားပြင်၍ ဝမ်လင်၏ရင်ဘတ်ကို ကန်ချက်ပေါင်းများစွာ ပစ်လွှတ်လိုက်သည်။

"ဘန်း ဘန်း ဘန်း"

ချပ်ဝတ်မှ မီးပွားများ ဖွာထွက်လာလေရာ ထိုကန်ချက်များက အလွန်အားပြင်းလှကြောင်း ပြနေချေသည်။ သို့တိုင် မီးပွားအနည်းငယ်သာ ထွက်လာအောင် လုပ်နိုင်ခဲ့သဖြင့် အယားပြေအောင် ကုတ်ပေးနေသည့်အလားပင်။

"မင်း ငါ့အရေပြားကို ကုတ်ပေးမလို့လား"

ဝမ်လင်က သူ့လည်ပင်းကို ဆတ်ခနဲလိမ်လိုက်သည်။

"ဒါပေမဲ့ တော်တော်လေးတော့ သက်သောင့်သက်သာရှိတယ်။ မုန့်လောင်.. ငါ မင်းအိမ်ကို ဖျက်ဆီးလိုက်လည်း ကိစ္စမရှိဘူးမလား"

"ကိစ္စမရှိဘူး"

ကျန်းမုန့်လောင်က ဆို၏။

"ငါ့မှာ ပေါများတဲ့အရာတစ်ခုရှိတယ်ဆိုရင် အဲဒါက အိမ်တွေပဲ။ ပြီးတော့ ဖျက်ဆီးခံရရင်တောင် ငါ ပိုက်ဆံကုန်မှာမှမဟုတ်တာ။ ဒီကောင် ငါ့ကို ဒေါ်လာ၆၀ဘီလီယံတောင် အကြွေးပေးရဦးမှာ"

"ငါက မင်းဆီမှာ ဘယ်တုန်းက ဒေါ်လာ၆၀ဘီလီယံ အကြွေးတင်နေလို့လဲ။ ငါ မင်းကို ပြန်လျော်မယ်လို့ ပြောဖူးလို့လား"

ထိုလူငယ်လေးခမျာ ဝမ်လင့်ဘက်က လှုပ်ရှားလာသဖြင့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ဝမ်လင်က သူ့ခြေထောက်ကိုမြှောက်ပြီး ထိုလူငယ်ကို ကန်ချလိုက်သည်။

ဤကန်ချက်၏စွမ်းအားမှာ ကီလိုဂရမ်ရာပေါင်းများစွာလေးသော သားရဲကောင်တစ်ကောင်ကိုပင် ကောင်းကင်ထက်သို့ လွင့်ထွက်သွားစေနိုင်သည်။ ထုတ်လွှတ်လိုက်သော ခွန်အားက အလွန်ကြောက်စရာကောင်းလှသောကြောင့် ကိန်းဂဏန်းဖြင့် တိုင်းတာရန်ပင် ခက်ခဲလှသည်။

ထိုလူငယ်က ထိုကန်ချက်၏ ကြောက်မက်ဖွယ်ခွန်အားကို အာရုံခံမိသဖြင့် လက်နှစ်ဖက်စလုံးဖြင့် အမြန်ကာထားလိုက်သည်။

"ဝိုး.. စစ်သည်တော်တစ်ဦးရဲ့ကန်ချက်ကို တစ်ခါမှမမြင်ဖူးဘူး။ သူက သံမဏိငတုံးတစ်ယောက်လိုပဲ"

ကျန်းမုန့်လောင်လည်း မျက်လုံးကို အုပ်ထားလိုက်မိသည်။

"အုန်း!"

ထိုလူငယ်က အမြောက်ဆန်တစ်ခုအလား လွင့်ထွက်သွားပြီး ကျန်းမုန့်လောင်၏အိမ်နံရံကိုပင် ထိုးဖောက်ကာ ပျက်စီးသွားစေသည်။

ဝမ်လင်က ထိုအပျက်အစီးများဆီသို့ လျှောက်သွားလိုက်၏။

"ငါက အားတောင်ထုတ်မသုံးရသေးဘူး။ မင်းက လဲသွားပြီလား"

"ခွမ်း"

ကျောက်တုံးများက ထိုလူငယ်၏လက်မောင်းနှစ်ဖက်ပေါ်သို့ ပုံမှန်မဟုတ်သည့်အနေအထားဖြင့် ပြိုကျသွားသည်။ ထိုကန်ချက်က သူ့လက်မောင်းနှစ်ဖက်စလုံးကို ချိုးပစ်လိုက်ခြင်းပင်။

ထိုမျှသာမက သူ့ရင်ဘတ်ကလည်း ချိုင့်ဝင်သွားပြီး ပါးစပ်တွင်လည်း သွေးများအပြည့်ပင်။

ထိုကန်ချက်က ဒဏ္ဍာရီလာအဆင့်သုံးသိုင်းပညာရှင်တစ်ယောက်ကိုပင် သတ်နိုင်လောက်သည်။

"မင်း.. မင်း ဘယ်လိုလှည့်ကွက်မျိုး ထုတ်သုံးလိုက်တာလဲ"

ထိုလူငယ်က သူ့ရင်ဘတ်ကို ဖိကိုင်ထားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာလေသည်။

မနေ့တုန်းက သူ အသာလေးသတ်ပစ်နိုင်သော လူတစ်ယောက်က ယခုမူ သူ့ကိုသတ်ပစ်နိုင်စွမ်းရှိလာလိမ့်မည်ဟု လုံးဝထင်မထားပေ။

ယနေ့ ယခုလိုကိစ္စမျိုးဖြစ်လာမည်ကိုသာ ကြိုသိခဲ့ပါက ဝမ်လင့်ကို မနေ့တုန်းက ချန်းထန်မြစ်ထဲ ပစ်ချရုံသာမက သူ့အသက်ကိုပါ နှုတ်ယူခဲ့မည်သာ။

ဝမ်လင်က သူ့ရင်ဘတ်ကိုပုတ်လိုက်လေသည်။

"လူကြီးမင်း…ခေတ်တွေက ပြောင်းသွားပြီ။ ဒီခေတ်ကြီးထဲမှာ လူတိုင်းက သိုင်းပညာလေ့ကျင့်ဖို့လောက်ပဲ စိတ်အားထက်သန်ကြတယ်လို့ ထင်နေတာလား။ အခု ငါ မင်းကို လက်တစ်ဖက်တည်းနဲ့တောင် စိစိညက်ညက်ကြေသွားအောင် အမှုန့်ခြေနိုင်တယ်"

*******************

All Chapters