← Chapters

အဲဒီကျွန်းအစုတ်ကို ဖြိုချပစ်လိုက်

Vol. 37 Ch. 554

အဲဒီကျွန်းအစုတ်ကို ဖြိုချပစ်လိုက်

Vol. 37 Ch. 554

"ကောင်းပါပြီ။ ကျုပ် အခုချက်ချင်း တစ်ခုခုကြံလိုက်ပါ့မယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ သုန်းဝေ့ကို ဘယ်သူမှ ထိခိုက်အောင်မလုပ်ကြဖို့ မျှော်လင့်ပါတယ်"

ဤကိစ္စမှာ ဒုတိယအကြီးအကဲတစ်ယောက်တည်း ဆုံးဖြတ်နိုင်သောအရာ မဟုတ်ပေ။

"သေချာတာပေါ့။ ကျုပ်က ကတိတည်တဲ့ ယောကျ်ားတစ်ယောက်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါပေမဲ့ ခင်ဗျား ဉာဏ်များမယ်တော့ မကြံနဲ့နော်။ ဖြစ်လာမဲ့အကျိုးဆက်တွေကို ခင်ဗျားခံနိုင်မှာမဟုတ်ဘူး။ ကျုပ်စကားကို သံသယတော့မဖြစ်လေနဲ့"

"အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်ပါ။ ကျုပ် သွားလိုက်ပါဦးမယ်"

ကြမ်းပြင်ပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ပြင်းပြသောစိတ်ဓာတ်များ ပျက်သုဉ်းသွားသော သုန်းဝေ့ကို ကြည့်ပြီးနောက် ဒုတိယအကြီးအကဲက ဗီလာထဲမှ ထွက်သွားလေသည်။

"ဒုတိယအကြီးအကဲ! ဒုတိယအကြီးအကဲ!"

သုန်းဝေ့က စွမ်းအင်ပေါက်ကွဲသွားသည့်အလား အော်ခေါ်နေသော်ငြား ဒုတိယအကြီးအကဲကတော့ ပြန်မလာတော့ချေ။

"ခေါ်မနေနဲ့တော့"

ကျန်းမုန့်လောင်က ထိုသို့ပြောရင်း သုန်းဝေ့၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်စီးကြောင်းတစ်ခုကို ထိုးသွင်းပေးလိုက်သည်။ ဤစွမ်းအင်မှာ ဤကာလအတွင်း သူအသက်ဆက်နိုင်ရန် လုံလောက်ပေသည်။ သို့သော် သူ့ဒဏ်ရာများကိုတော့ မပျောက်ကင်းစေနိုင်ချေ။ မည်သို့ပင်ဖြစ်စေ ပြန်ပေးဆွဲခံထားရသည့် ဓားစာခံက သေသွားလို့မဖြစ်ဘူးမလား။

"ကဲ မာကျောက်ဆက်ကစားရအောင်"

"နေ့လယ်စာအတွက် ဘာချက်ထားလဲ"

"ကြက်သားဆီပြန်ထမင်းလား"

"မင်း လာနောက်နေတာလား။ မင်းက ကမ္ဘာ့အချမ်းသာဆုံးလူလေ။ နေ့လယ်စာကို အဲဒါစားတာလား"

"ငါပြောတဲ့ကြက်သားက အင်ဒိုနီးရှားကြက်ကွ။ တစ်ကောင်ကို လေးသန်းတောင် ပေးရတယ်"

"သေစမ်း။ ဒါဆို စားကြရအောင်"

...

"ဘာ? သုန်းဝေ့ ပြန်ပေးဆွဲခံလိုက်ရတယ် ဟုတ်လား"

ဒုတိယအကြီးအကဲက ပြန်ရောက်သည်နှင့် ဤသတင်းကို ကျွန်းသခင်ဆီသို့ တင်ပြလိုက်သည်။

ကျွန်သခင်ကို သုန်းရှောင်ဟုခေါ်ပြီး ကောင်းကင်ဘုံဖျားအဆင့်ခြောက်ရှိသော သိုင်းပညာရှင်တစ်ဦးဖြစ်၏။

လွန်ခဲ့သည့်နှစ်တစ်ရာတုန်းက သူသည် ဤနေရာတွင် အချိန်နှင့်အာကာသတို့ ဖရိုဖရဲဖြစ်သည့်အမှတ်ကို မတော်တဆရှာဖွေတွေ့ရှိခဲ့သည်။ ဤနေရာကား ကျင့်ကြံရေးအတွက် များစွာအထောက်အကူပြုပြီး ပြင်ပကမ္ဘာထက် အဆပေါင်းများစွာ ပိုမြန်လေသည်။ ထို့ပြင် သူ့စိတ်ကူးထဲမှာပင် မရှိနိုင်သည့် အံ့ဖွယ်အရာများစွာလည်း ရှိသေးသည်။

နောက်ပိုင်းတွင် ဤနေရာမှာ ကျောင်းတစ်ကျောင်းတည်ထောင်ပြီး ကမ္ဘာလောကကြီးနှင့် ကင်းကွာသည့် ဆိတ်ငြိမ်သောဘဝတစ်ခုကို စတင်ခဲ့သည်။

သိုင်းပညာပါရမီရှင်များကို စုဆောင်းရန်အတွက် ကမ္ဘာပေါ်သို့ ရံဖန်ရံခါထွက်လာတတ်သည်။ တချို့က သဘာဝလွန်စိတ်စွမ်းအားရှင်များဖြစ်ပြီး တချို့မှာ ထူးခြားလှသော ခန္ဓာကိုယ်ဖွဲ့စည်းမှုများဖြင့် ရှေးဟောင်းသိုင်းပညာရှင်များဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ ထူးခြားစွမ်းရည်များ ပိုင်ဆိုင်ထားသရွေ့ သူကတော့ အကုန်လက်ခံသည်သာ။

နှစ်တစ်ရာလောက် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် နိဗ္ဗာန်ကျွန်းက ယခုဆိုလျှင် ဒုတိယကမ္ဘာရှိ လူတိုင်း၏စိတ်ထဲတွင် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ လူပေါင်းများစွာက နိဗ္ဗာန်ကျွန်းတွင် လေ့ကျင့်လိုကြသည်။ သို့သော် ထိုနေရာက ဘယ်မှာရှိမှန်း မည်သူမှမသိကြပေ။ ထူးခြားပါရမီရှင်များသာ ထိုနိဗ္ဗာန်ကျွန်းကို သွားရောက်လေ့ကျင့်နိုင်သည်။

သုန်းဝေ့ကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက မီးလောင်မှုတစ်ခုအပြီးမှာ သုန်းရှောင်းက မွေးစားခဲ့ခြင်းပင်။ မီးတောက်ထဲတွင် သုန်းဝေ့၏မိဘများကို မီးတောက်မကောင်းဆိုးဝါးက ဝါးမျိုသွားခဲ့သော်ငြား သုန်းဝေ့ကတော့ မီးတောက်များကြားတွင် ရှင်သန်နိုင်စွမ်းရှိသည့် မီးစွမ်းရည်ကို ပိုင်ဆိုင်ထားဟန်တူသည်။

သုန်းရှောင်းကလည်း ထူးခြားစွမ်းရည်ပိုင်ရှင် သုန်းဝေ့ကို နိဗ္ဗာန်ကျွန်းသို့ ပြန်ခေါ်လာပြီး သူ့သားသမီးရင်းချာတစ်ယောက်နှယ် မွေးစားခဲ့သည်။ လူငယ်လေးသုန်းဝေ့က သုန်းရှောင်း၏ အာရုံတစိုက်ပြုစုပျိုးထောင်မှုကြောင့် ဒဏ္ဍာရီလာအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၏။

သုန်းဝေ့က အပြင်းအထန်ဒဏ်ရာရထားပြီး ပြန်ပေးဆွဲခံထားရချိန်မျိုးမှာ သုန်းရှောင်းအနေနှင့် မည်သို့ အသာငြိမ်နေနိုင်မည်နည်း။

"မင်းတောင် လက်လျှော့လာရတဲ့အထိ ဖြစ်တာဆိုတော့ အဲဒါက ဘယ်သူမို့လို့လဲ"

သုန်းရှောင်းမှာ သူ့ခံစားချက်များကို ထိန်းချုပ်ထားရသည်။ ဒုတိယအကြီးအကဲက ကောင်းကင်ဘုံဖျားအဆင့် ဆရာသခင်တစ်ယောက်ပင်။ တစ်ကမ္ဘာလုံးတွင် ရှေးဟောင်းသိုင်းပညာရှင်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သော သိုင်းနတ်ဘုရားတစ်ယောက်တည်းကသာ သူ့ကို ကြောက်ရွံ့အောင် လုပ်နိုင်စွမ်းရှိ၏။

"အိမ်တော်ထိန်းတစ်ယောက်ပါပဲ"

ဒုတိယအကြီးအကဲက ပြောလိုက်၏။ သူကိုယ်တိုင်ပင် ထိုအရာကို ယုံရခက်နေသေးသည်။

"ဘာ? အဓိပ္ပာယ်မရှိတာ"

"ကျွန်းသခင်.. မယုံချင်စရာကောင်းမှန်းတော့ သိပါတယ်။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်လိုက်"

ဒုတိယအကြီးအကဲက သူ့အင်္ကျီလက်အနားစကို လိပ်တင်လိုက်ပြီးနောက် လက်မောင်းပေါ်ရှိ လက်ဖဝါးရာတစ်ခုကို ပြလိုက်သည်။ ထိုနေရာကား အညိုအမည်းပင် စွဲနေလေသည်။

"အဲဒီမိန်းမက ကျွန်တော့်လက်မောင်းကို ဆုပ်ထားတာများ ကျွန်တော် အားကုန်သုံးပြီး ရုန်းတာတောင် ရုန်းမရဘူး"

"ဘယ်လိုလုပ်ပြီး အဲဒီလိုလူမျိုး ရှိနိုင်မှာလဲ။ ငါ နှစ်ပေါင်းတစ်ရာလောက် ကမ္ဘာပတ်လာခဲ့တာ။ အဲဒီလိုလူတစ်ယောက်အကြောင်း တစ်ခါမှမကြားဖူးဘူး"

ကျွန်းသခင်မှာ တိတ်ဆိတ်သွားလေသည်။ ဒုတိယအကြီးအကဲက လိမ်ကောင်းလိမ်နိုင်သော်ငြား သူ့လက်မောင်းပေါ်ရှိ ဒဏ်ရာကတော့ မလိမ်နိုင်ပေ။

သူကိုယ်တိုင်ပင် ဒုတိယအကြီးအကဲ၏လက်မောင်းကို ဆုပ်ကိုင်ပြီး သူ့ကို မလှုပ်မရှားနိုင်အောင် လုပ်နိုင်ပါသော်ငြား ထိုအိမ်တော်ထိန်းလောက်တော့ အေးအေးလူလူမလုပ်နိုင်ပေ။

"ဝေ့အာက ဘယ်လိုလူစားမျိုးတွေနဲ့ ပတ်သက်မိတာလဲ"

"အဲဒါတွေအကုန် ကျန်းမိသားစုကကောင်မလေးကြောင့်ပါ"

ဒုတိယအကြီးအကဲက သက်ပြင်းချလိုက်လေသည်။

"ကျန်းချီယွမ်မှာ ထူးခြားတဲ့ပါရမီရှိတာတော့ အမှန်ပါပဲ။ ဒီနိဗ္ဗာန်ကျွန်းပေါ်က ပါရမီရှင်တွေထဲမှာ သူက ထိပ်ဆုံးငါးယောက်စာရင်းဝင်ပဲ။ ဝမ်အာ သူ့ကိုသဘောကျတာ သဘာဝကျပါတယ်"

"သူ့မိသားစုက ဘယ်မှာလဲ"

"နိဗ္ဗာန်ကျွန်းပေါ်မှာ ရှိနေတုန်းပါပဲ"

"သူတို့ကို စောင့်ကြည့်ထား။ သူ့မိသားစုကို လောကီကမ္ဘာထဲကို ပြန်မသွားစေနဲ့။ တကယ်လို့ ငါတို့ ဝမ်အာ့ကို ပြန်မခေါ်နိုင်ရင် အဲဒါက သူတို့နဲ့ညှိနှိုင်းလို့ရမဲ့ တစ်ခုတည်းသောအပေးအယူပဲ"

"ဟုတ်ကဲ့ ကျွန်းသခင်"

ဒုတိယအကြီးအကဲက ခေါင်းညိတ်ပြလိုက်လေသည်။

"ပြီးတော့ သူတို့က သုန်းဝေ့ကို ပြန်ရွေးဖို့အတွက် အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံပြင်ထားရမယ်လို့ ပြောလိုက်သေးတယ်"

"ဟာသပဲ။ သူတို့ဘာသာ ဘယ်လောက်အစွမ်းထက်နေပါစေ ငါတို့နိဗ္ဗာန်ကျွန်းကလည်း သာမညောင်ညလေးမဟုတ်ဘူး။ သူတို့မှာ အစွမ်းရှိရင် နိဗ္ဗာန်ကျွန်းကို လာခိုင်းလိုက်။ တစ်ယောက်မှ ပြန်ထွက်မသွားနိုင်စေရဘူး"

"ကျွန်းသခင်"

ထိုအခိုက်ဝယ် လူငယ်လေးတစ်ယောက်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အနားသို့ရောက်လာချေသည်။

"ဘာဖြစ်တာလဲ"

"ကျွန်းသခင်.. လောကီကမ္ဘာထဲက ကျွန်တော်တို့အဖွဲ့ဝင်တွေဆီက အခုပဲ သတင်းရထားတယ်။ နိဗ္ဗာန်ကျွန်းရဲ့နာမည်အောက်မှာရှိတဲ့ လုပ်ငန်းစုတွေက နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ခံနေရပြီး အခုဆိုရင် ငွေကြေးပြဿနာတွေ အကြီးအကျယ်တက်နေပါပြီ"

"ဘာ?"

ဒုတိယအကြီးအကဲ၏ မျက်နှာကား ရုတ်ခြည်း အရောင်ပြောင်းသွားလေသည်။

"ဘာဖြစ်တာလဲဆိုတာ မင်းသိလား"

"ကျန်းမုန့်လောင်လို့ခေါ်တဲ့ အဲဒီလူငယ်လေးက ကျွန်တော်တို့ဘက်က ပိုက်ဆံမပေးဘူးဆိုရင် နည်းလမ်းတစ်ခုရှာပြီး သူ့ဘာသာလုပ်မယ်တဲ့။ ရက်နှစ်ဆယ်အတွင်း လောကီကမ္ဘာထဲမှာရှိတဲ့ ကျွန်တော်တို့လုပ်ငန်းတွေကို အကုန်သိမ်းယူပစ်မယ်လို့ ပြောလိုက်ပါတယ်"

"တော်တော်ရဲတင်းတဲ့စကားပဲ"

ကျွန်းသခင်၏ပတ်ပတ်လည်တွင် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်သွားသည်။

"နိဗ္ဗာန်ကျွန်းရဲ့လုပ်ငန်းတွေကို အံတုရလောက်အောင်အထိ သူ့မှာ ဘယ်လိုအစွမ်းမျိုးရှိလဲဆိုတာ ကြည့်ချင်သေးတယ်"

"မင်း အဲဒီလူတွေကိုပြောလိုက်။ နိဗ္ဗာန်ကျွန်းတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို အသုံးပြုခွင့်ပေးလိုက်။ နိဗ္ဗာန်ကျွန်းရဲ့လုပ်ငန်းစုတွေအကုန်လုံးကို သိမ်းယူပစ်မယ်တဲ့လား။ နိုင်ငံတစ်နိုင်ငံကတောင် အဲဒီလိုလုပ်နိုင်မှာမဟုတ်ဘူး"

...

"ချီယွမ် ဘာဖြစ်လို့လဲ"

နေ့လယ်စာစားပြီးနောက် ကျန်းချီယွမ်တစ်ယောက် အတန်ငယ်ဂနာမငြိမ်ဖြစ်နေကြောင်း ဝမ်လင် သတိထားမိလိုက်သည်။

"ကျွန်မမိဘတွေကို ဆက်သွယ်လို့မရဘူး"

ကျန်းချီယွမ်၏လက်ထဲတွင် စတုဂံပုံသဏ္ဍာန်သတ္တုပြားတစ်ခုရှိနေချေသည်။ ၎င်းမှာ နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများက အပြင်လောကရှိလူများနှင့် ဆက်သွယ်ရန်အတွက် အသုံးပြုသော ကိရိယာတစ်ခုပင်။

"ဦးလေးနဲ့အန်တီက နိဗ္ဗာန်ကျွန်းမှာလား"

ဝမ်လင်က မေးလိုက်၏။

ကျန်းချီယွမ်က ခေါင်းညိတ်ပြသည်။

"ကျွန်မ နိဗ္ဗာန်ကျွန်းကိုသွားတုန်းက သူတို့ပါ အတူလိုက်လာတာ။ နောက်အပတ်ကျရင် မော့တုမြို့ကို ပြန်ဖို့ စီစဉ်ထားတာလေ။ ကျွန်မရဲ့ကျင့်စဉ်က ဒဏ္ဍာရီလာအဆင့်ကို တက်လှမ်းနိုင်တာနဲ့ သူတို့က နိဗ္ဗာန်ကျွန်းရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စီမံခန့်ခွဲရေးအဖွဲ့ဝင်တွေ ဖြစ်လာနိုင်ပြီဆိုတော့ ကျွန်းပေါ်မှာ တစ်ချိန်လုံးနေစရာမလိုတော့ဘူးလေ"

"စိတ်မပူပါနဲ့။ သုန်းဝေ့က ကိုယ်တို့လက်ထဲမှာပဲ။ သူတို့ ဦးလေးနဲ့အန်တီကို ဘာမှမလုပ်ရဲပါဘူး"

ဝမ်လင်က သူ(မ)ကို နှစ်သိမ့်လိုက်သည်။

"ကိုယ် မုန့်လောင်ကို သွားရှာလိုက်ဦးမယ်"

...

"ဘာ? သူ့မိဘတွေကို ဆက်သွယ်လို့မရဘူးလား"

ကျန်းမုန့်လောင်မှာ ထိုစကားကိုကြားပြီးနောက် မျက်နှာပျက်သွားလေသည်။

"သူတို့ကို ယာယီထိန်းချုပ်ထားတာဖြစ်မယ်။ သူတို့က ငါတို့ကို ဒီနည်းလမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားနေပုံပဲ"

ဝမ်လင်က ခန့်မှန်းကြည့်လိုက်၏။

"ငါက လျော်ကြေးယူပြီးတာနဲ့ ဒီကိစ္စကို အပြီးသတ်ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ ကြည့်ရတာတော့ ငါတို့ အဲဒီကျွန်းအစုတ်ကို သွားလည်ရမဲ့ပုံပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

"ဟင့်အင်း အန္တရာယ်များတယ်"

ကျန်းချီယွမ်က ချက်ချင်းကန့်ကွက်လိုက်သည်။

"ရှင်က နိဗ္ဗာန်ကျွန်းကို ရောက်ဖူးတာမဟုတ်ဘူး။ အဲဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာလည်း မသိဘူး။ တကယ်လို့ နိဗ္ဗာန်ကျွန်းသားမဟုတ်တဲ့ လူတစ်ယောက်ယောက်က အဲဒီနယ်မြေထဲကို ကိုယ့်သဘောနဲ့ကိုယ်ဝင်သွားရင် အသေဆိုးနဲ့ သေရမှာ။ ကျွန်းသခင်ကိုယ်တိုင်တောင် နိဗ္ဗာန်ကျွန်းထဲကို ပထမဆုံးအကြိမ် ဝင်လာခဲ့တုန်းက ကံကောင်းလို့ မသေးတာ"

"အဲဒီလိုလား"

သူတို့နှစ်ယောက်လည်း အံ့အားသင့်သွားလေသည်။

"နိဗ္ဗာန်ကျွန်းက ဟိုးအရင်ကတည်းက တည်ရှိလာခဲ့တာ။ လွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံတုန်းက ကမ္ဘာပေါ်က ရှေးဟောင်းသတ္တဝါတွေက အဲဒီကမ္ဘာထဲကို ဝင်သွားခဲ့တယ်။ ကျွန်းရဲ့စွမ်းအားကြောင့် သူတို့တွေလည်း အစွမ်းထက်လာခဲ့တယ်။ ကောင်းကင်ဘုံဖျားအဆင့်ရှိတဲ့ သိုင်းပညာရှင်တွေတောင် အဲဒီနေရာမှာ အစာကွင်းဆက်ရဲ့အောက်ဆုံးအဆင့်ပဲ ရှိတာ။ နိဗ္ဗာန်ကျွန်းပေါ်က သဘာဝအတားအဆီးတွေကြောင့်သာ မဟုတ်ရင် ကျွန်မတို့လည်း အဲဒီမှာ အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး"

"ဪ"

"ဪတဲ့လား"

ကျန်းချီယွမ်မှာ အံ့အားသင့်သွားရလေသည်။

"ကျွန်မမိသားစုကို ကယ်ဖို့အတွက်ဆိုရင်တောင် ရှင်တို့ စွန့်စားလို့မဖြစ်ဘူး။ အလကားပဲ"

"မပူနဲ့။ အဲဒီအရာတွေက ကိုယ်တို့ကို ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး"

ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် အရာရာတိုင်းကို မြင်ဖူးခဲ့ပြီဖြစ်သော ဝမ်လင်က သာမန်ကျွန်းလေးတစ်ခုကို မကြောက်တော့ချေ။

"မနက်ဖြန်ကျရင် အဲဒီကျွန်းအစုတ်ကို သွားဖျက်ဆီးမယ်"

*******************

All Chapters