← Chapters

အခန်း (၁၈၂၇+၁၈၂၈)

Vol. 123 Ch. 1827+1828

အခန်း (၁၈၂၇+၁၈၂၈)

Vol. 123 Ch. 1827+1828

အခန်း(၁၈၂၇)

နောက်ထပ် ရက်အနည်းငယ်အတွင်း ကျန်းချန်သည် စိတ်အနှောင့်အယှက်ကင်းစွာဖြင့် ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။

သူက ဆေးမီးဖိုတစ်ဖို သန့်စင်ပြီးတိုင်းတွင် ဆေးလုံးများကို သကြားလုံးများကဲ့သို့ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး သူ၏ နေရာလွတ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားကို မြှင့်တင်ခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်သည် သူ၏ နေရာလွတ်လမ်းစဥ် ဥပဒေသကို များစွာ တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ရုံသာမက သူ၏ အဂ္ဂိရတ်သခင်အဆင့်သည်လည်း စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် အဆင့်ကနေ ပဉ္စမအဆင့်အထိ အောင်မြင်စွာ ထိုးဖောက်သွားခဲ့သည်။

ယနေ့တွင် ကျန်းချန်က အဂ္ဂိရတ် စတင်ပြုလုပ်တော့မည် အချိန်တွင် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးသည် သူ၏ နေအိမ်သို့ ရောက်ရှိလာခဲ့၏။

ထိုဧည့်သည်မှာ အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့်အရာရှိများထဲမှ တစ်ယောက် ဖြစ်သည့် ချီရှောက် ဖြစ်သည်။

ကျန်းချန်က ဧည့်ခန်းတွင် ချီရှောက်ကို လက်ခံတွေ့ဆုံခဲ့ပြီး မေးခွန်းထုတ်လိုက်သည်။

“ဧည့်အရာရှိချီ.. ခင်ဗျားဘာအတွက် ကျွန်တော့်ဆီ ရောက်လာသလဲဆိုတာ သိပါရစေ”

ချီရှောက်က ဟန်လုပ်၍ ပြုံးလိုက်ပြီး ကျန်းချန်ကို ပြန်ဖြေလိုက်သည်။

“ငါက ဆရာကျိုရဲ့အမိန့်နဲ့ အဂ္ဂိရတ်မစ်ရှင်အတွက် စာရင်းကောက်ဖို့ လာခဲ့တာပါ.. ဆရာကျန်းက မစ်ရှင်ဆောင်ရွက်ဖို့အတွက် ဘယ်လိုဆေးဝါး အမျိုးအစားမျိုးကို ရွေးချယ်ဖို့ စီစဥ်ထားလဲ ဆိုတာ သိပါရစေ”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ငါ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ဆေးလုံး ဖြစ်တဲ့ ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံး သန့်စင်ဖို့အတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို လိုချင်တယ်”

ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံးသည် နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး ဖြစ်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ချီရှောက်သည် စိတ်နှလုံးထဲတွင် အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ခပ်သွက်သွက်ပင် ပြောလိုက်သည်။

“ကောင်းပါပြီ ဒါပေမဲ့ နေရာလွတ်လမ်းစဥ်ကို အခြေပြုတဲ့ဆေးဝါးပစ္စည်းတွေက အရမ်းကို ရှားပါးတယ်.. ရှိခဲ့ရင်တောင် သာမန်ဆေးဝါးပစ္စည်းတွေထက် အနည်းငယ်လောက်ပဲ သာလိမ့်မယ်.. ဆရာကျန်းအနေနဲ့ ဒီဆေးဝါးပစ္စည်းတွေကိုပဲ လိုချင်တာ သေချာရဲ့လား”

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိဘူး.. နေရာလွတ်လမ်းစဥ်ကို အထူးပြုတဲ့ ဆေးဝါးပစ္စည်း ဖြစ်ရင်ရပြီ”

ချီရှောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“အဂ္ဂိရတ်ခန်းမရဲ့ မစ်ရှင် စည်းမျဥ်းတွေအရ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ဆေးလုံး၂၀ကို သန့်စင်ဖို့အတွက် ပစ္စည်းအစုံ ၆၀စာကို ရရှိမှာဖြစ်တယ်.. ဆရာကျန်းက ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံးနဲ့ ပတ်သက်တဲ့ ဆေးဝါး ပစ္စည်းတွေကိုပဲ လိုချင်တာဆိုတော့ ဆေးဝါးပစ္စည်း မလုံလောက်ခဲ့ရင် စတုတ္ထအဆင့် ဆေးဝါးပစ္စည်းတွေနဲ့ အစားထိုးပေးရင်ရော အဆင်ပြေရဲ့လား”

ကျန်းချန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အဆင်ပြေပါတယ်”

ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် ဤလအတွက် ဆေးဝါးမစ်ရှင်ကို ဆောင်ရွက်ရန် ဆေးဝါးပစ္စည်းများကို ရရှိခဲ့သည်။

ကျန်းချန်က ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး အတွက် လိုအပ်သည့် ဆေးဝါ ပစ္စည်း အစုံ၆၀စာကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

ချီရှောက်က ဆေးဝါးပစ္စည်းကို မပေးအပ်မီကတည်းကပင် ဆေးဝါးပစ္စည်း အရည်အသွေးက သိပ်ကောင်းမည် မဟုတ်ကြောင်း သူ့ကို ပြောပြထားသော်လည်း ဆေးဝါးပစ္စည်းက ဤမျှအဆင့်အထိ ညံ့ဖျင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး အတွက် ဆေးပစ္စည်းအစုံ ၆၀စာတွင် ၁၀စုံကျော်သည် နှစ်မပြည့်ဘဲ ခူးဆွတ်ထားသော စိတ်ဝိညာဥ်ဆေးပင်များ ဖြစ်သည်။

ကျန်ရှိသည့် အစုံ ၄၀ကျော်တွင်လည်း တစ်ဝက်ကျော်သည် အနည်းငယ် အရည်အသွေး နိမ့်ကျနေခဲ့သည်။

ဆိုရလျှင် သူလက်ခံရရှိထားသည့် ဆေးပစ္စည်း အစုံ၆၀စာတွင် ၃ပုံ၁ပုံခန့်သာ ကောင်းမွန်သော ပစ္စည်းများ ဖြစ်၏။

သာမန် ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးသာ ထိုကဲ့သို့ပစ္စည်းများ ရရှိခဲ့လျှင် ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး အလုံး ၂၀ကို သန့်စင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ခဏမျှ တွေးလိုက်ပြီးနောက်တွင် ကျန်းချန်သည် ဤကိစ္စက မရိုးရှင်းမှန်း သိလိုက်သည်။

နောက်ဆုံးအကြိမ်ကလည်း ကျိုချိုးမင်သည် သူ့ကို တမင်တကာ ပစ်မှတ်ထားခဲ့ပြီး အဂ္ဂိရတ်ခန်းမမှ မာနကြီးသောတပည့်များကို သင်ကြားစေခဲ့သည်။

သူ့တွင် အဆ ၁၀၀ စနစ် ရှိနေ၍သာ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်၏။

သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ဤတစ်ကြိမ်အရည်အသွေးနိမ့်သည့်‌ ဆေးဝါးပစ္စည်းများဖြင့် သူ့ကို တိုက်ခိုက်ခြင်းသည် ကျိုချိုးမင်၏ စိတ်ကူးသာလျှင် ဖြစ်ရပေမည်။

ကြည့်ရသည်မှာ ကျိုချိုးမင်သည် သူ့အား လစဥ် ပြုလုပ်ရမည့် ဆေးဝါးမစ်ရှင်များကို မပြီးမြောက်စေရန် ရည်ရွယ်ထားပုံရ၏။

“ကျိုချိုးမင် ဆိုတဲ့အဘိုးကြီးက တကယ်ကို ကောက်ကျစ်စဥ်းလဲတာပဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဤတစ်ကြိမ် မစ်ရှင်အတွက် သူက ဆေးဝါးပစ္စည်းများကို တောင်းဆိုရာတွင် အရည်အ‌သွေးမကောင်းသော ဆေးဝါးပစ္စည်းများကိုသာ ရရှိမည်ဟု ချီရှောက်က သတိပေး ပြောဆိုခဲ့သည်။

သူက ယခု ကျိုချိုးမင်ကို သွားရှာခဲ့လျှင်ပင် ကျိုချိုးမင်သည် ထိုအကြောင်းပြချက်ကို အသုံးချနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် ကျိုချိုးမင်နှင့် သွားရောက် ဆွေးနွေးရန် ကျန်းချန်သည် အစီအစဥ် မရှိခဲ့ပေ။

သာမန် ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင်သာ ဆိုလျှင် ဤကဲ့သို့ ဆိုးရွားလှသည့် ဆေးပစ္စည်းအစုံ ၆၀စာကို ရရှိလျှင် မစ်ရှင်ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ ကောင်းကင်ကို တက်ရသည်ထက် ခက်ခဲလိမ့်မည် ဖြစ်၏။

သို့ရာတွင် သူ့လို အဆ ၁၀၀ စနစ် ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ်ပါရမီရှင် တစ်ဦးအား ထိုကဲ့သို့ နည်းလမ်းကို အသုံးပြု၍ ဒုက္ခပေးခြင်းသည် စိတ်ကူးယဥ်လွန်းရာသာ ကျပေလိမ့်မည်။

ကျန်းချန်က ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်ရန် စတင်ကြိုးစားခဲ့သည်။

သူက ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ဆေးလုံးကို ပထမဆုံးသန့်စင်ခြင်း ဖြစ်သည့်အပြင် ဆေးဝါးပစ္စည်းများ၏ အရည်အသွေးက နိမ့်ကျလွန်းသောကြောင့် ချွတ်ချော်မှုများ မဖြစ်စေရန်အတွက် သမာရိုးကျ နည်းလမ်းများဖြင့်သာ သန့်စင်ရန် ရည်ရွယ်ခဲ့၏။

ပထမဆုံးသန့်စင်မည့် အကြိမ်အနည်းငယ်တွင် ကျန်းချန်သည် ကောင်းမွန်သော ဆေးဝါးပစ္စည်းများကို ရွေးချယ်ခဲ့ပြီး ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး အနည်းငယ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။

ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်ခြင်းနှင့် ပတ်သက်၍ အကျွမ်းဝင်လာပြီးနောက်တွင် ကျန်းချန်သည် နှစ်မလုံလောက်သော ဆေးဝါးပစ္စည်းများ ဖြစ်သည့် ဆေးပင်အချို့ကို သန့်စင်ရန် ကြိုးစားခဲ့သော်လည်း ပထမဆုံး ကြိုးစားမှုသည် မအောင်မြင်ဘဲ အဆုံးသတ်ခဲ့ရသည်။

နှစ်မပြည့်ဘဲ ခူးဆွတ်ထားသော ဆေးပင်အချို့သည် ဆေးဝါးသန့်စင်သည့် အပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိသည်မှာ ပြောနေစရာပင် မလိုတော့ပေ။

ကျန်းချန်က အဆ ၁၀၀ စနစ် ရှိသည့်တိုင် နှစ်မလုံလောက်သော ဆေးဝါးပစ္စည်း ၁၀စုံကို အသုံးပြုခဲ့သော်လည်း အရည်အသွေးညံ့ဖျင်းသော ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံး ၇လုံးကိုသာ သန့်စင်နိုင်ခဲ့သည်။

ဤကဲ့သို့ ဆေးလုံးအောင်မြင်မှုနှုန်းသည် ကျန်းချန်ဆေးလုံးကို စတင်သန့်စင်ခဲ့သည့် အချိန်မှ ရေတွက်လျှင် အနိမ့်ဆုံးသိန်းဂဏန်း ဖြစ်သည်။

သို့သော်လည်း ၇၀ ရာခိုင်နှုန်းဟူသော အောင်မြင်မှုသည်ပင် အဂ္ဂိရတ်သခင် အများစုအတွက် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော ကိန်းဂဏန်းဖြစ်နေဆဲပင်။

သာမန် ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးက ထိပ်တန်းအဆင့် ဆေးဝါးပစ္စည်းများကို အသုံးပြုခဲ့လျှင်ပင် ဆေးလုံးအောင်မြင်မှုနှုန်းကို ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန် မလွယ်ကူပေ။

သိထားရမည့်အချက်မှာ ကျန်းချန်သည် နှစ်မလုံလောက်သော အရည်အသွေးနိမ့် ဆေးဝါးပစ္စည်း အနည်းငယ်ဖြင့် ထိုသို့ မြင့်မားသော ဆေးဝါးအောင်မြင်မှုနှုန်းကို ရရှိခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းကိုသာ သိလျှင် ထိပ်တန်းအဂ္ဂိရတ်သခင်များသည် မျက်လုံးများပြူးကျယ်ကာ ကျွတ်ကျနိုင်ဖွယ်ရှိသည်။

အခန်း(၁၈၂၈)

အရည်အသွေးနိမ့် ဆေးဝါးပစ္စည်းများသည် ကျန်းချန်၏ ဆေးလုံးအောင်မြင်မှုနှုန်းကို ထိခိုက်စေရုံသာမက ဆေးဝါးသန့်စင်သည့် အရှိန်အဟုန်ကိုပါ များစွာ နှေးကွေးစေခဲ့သည်။

ကျန်းချန်က ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံး အစုံ၆၀စာကို သန့်စင်ပြီးစီးရန် အတွက် ၁၀ရက်နီးပါး အချိန်ယူခဲ့ရသည်။

သို့တိုင် ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး ၄၅လုံးသာလျှင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့၏။

“မဆိုးပါဘူး မစ်ရှင်အတွက် အပ်ဖို့ ဆေးလုံး ၂၀ကို ဖယ်လိုက်ရင် ငါ့အတွက် ၂၅လုံး ကျန်သေးတာပဲ”

ဤတစ်ကြိမ်တွင် သူသည် ကျိုချိုးမင်၏ မစ်ရှင်မှတစ်ဆင့် ဒုက္ခပေးမှုကြောင့် အံ့အားသင့်ခဲ့ရသော်လည်း အန္တရာယ် မရှိခဲ့ပေ။

ကျိုချိုးမင် သူ့ကို ပေးအပ်ခဲ့သည့် အရည်အသွေးနိမ့် ဆေးဝါးပစ္စည်းများသည် သူ၏ ဆေးဝါးအောင်မြင်နှုန်းကို များစွာ လျော့ကျသွားစေသည်မှာ မှန်သော်လည်း အဆုံးသတ်တွင် ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး ၄၅လုံး သန့်စင်နိုင်ခဲ့သည်။

ကျန်းချန်က အရည်အသွေး ပိုမိုကောင်းမွန်သော ထိုက်ရှစိတ်ဝိညာဥ် ၂၅လုံးကို ရွေးချယ်၍ တစ်ခါတည်း မျိုချလိုက်ပြီး မစ်ရှင်အတွက် အပ်ရန် အလုံး၂၀ကို ချန်ထားလိုက်သည်။

နောက်ပိုင်း အချိန်ကာလများတွင် ကျန်းချန်သည် အဂ္ဂိရတ်ကိုသာ အဆက်မပြတ် ပြုလုပ်နေခဲ့သည်။

ဤကာလအတွင်း ကုန်းစွန်းယန်သည် ကျန်းချန်ကို တစ်ကြိမ်လာရောက် တွေ့ဆုံခဲ့ပြီး ခန်းမသခင် ရွှယ်သောင်းက အလွန်အရေးကြီးသော အခြေအနေသို့‌ ရောက်ရှိနေ၍ တံခါးပိတ်ကျင့်ကြံရာကနေ လောလောဆယ် ထွက်လာဦးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ကျန်းချန်က စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပြီး ချင်းရှန့်ကို ရှာဖွေကာ လွန်ခဲ့သော ၅နှစ်ခန့်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများအား စုံစမ်းခိုင်းခဲ့သည်။

အဆုံးသတ်တွင် ချင်းရှန့်သည် စိတ်ပျက်အားငယ်သော အမူအရာဖြင့် ပြန်လည် ရောက်ရှိလာခဲ့၏။

ချင်းရှန့်က အစွမ်းကု န်ကြိုးစားခဲ့သော်လည်း ချင်းမိသားစုကုန်သည်အသင်းနှင့် ကောင်းမွန်သော ဆက်ဆံ‌ရေးရှိသည့် ဟန်ယွဲ့နန်းတော်မှ ဝါရင့် အကြီးအကဲသည် လွန်ခဲ့သော ၅နှစ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ချင်းရှန့်အား မပြောပြခဲ့ပေ။

ချင်းရှန့်ထံကနေ လွန်ခဲ့သော၅နှစ်ခန့်က ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ တိကျသော အချက်အလက်များကို မရရှိသောကြောင့် ကျန်းချန်သည် ခန်းမသခင် ရွှယ်သောင်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာသည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။

ဤသို့ စောင့်ဆိုင်းရင်း မသိလိုက် မသိဘာသာဖြင့်ပင် ၁လဟူသောအချိန်သည် ကုန်လွန်သွားခဲ့၏။

ယနေ့တွင် ကျိုချိုးမင်သည် အဆင့်မြင့် ဧည့်အရာရှိ အားလုံးနှင့် အစည်းအဝေး တစ်ခုကို ထပ်မံကျင်းပခဲ့သည်။

ထုံးစံအတိုင်း အဆင့်မြင့် ဧည့်အရာရှိ ၁၅ဦးသည် ဧည့်အရာရှိခန်းမထဲတွင် စုဝေးခဲ့ကြ၏။

အဓိက ထိုင်ခုံတွင် ထိုင်နေသည့် ကျိုချိုးမင်သည် အဆင့်မြင့်ဧည့်အရာရှိများဆီသို့ ဝေ့ကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ ဒီတစ်ကြိမ် အစည်းအဝေးခေါ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားကြပြီလို့ ထင်ပါတယ်.. လစဥ်ဆောင်ရွက်ရမဲ့ ဆေးဝါးမစ်ရှင်အတွက် ဆေးလုံးတွေကို အပ်ရမဲ့ အချိန်ကို ရောက်ပါပြီ.. အားလုံးပဲ ကိုယ်တိုင် သန့်စင်ထားတဲ့ဆေးလုံးတွေကို အပ်နှံပေးကြပါ”

“ဆရာကျို.. ဒါက ဒီလမစ်ရှင်အတွက် ဆေးလုံးတွေပါ.. စစ်ဆေးပေးပါဦး”

ကျိုချိုးမင်၏ စကားသံဆုံးသည်နှင့် ချီရှောက်သည် ပထမဆုံး ထရပ်လိုက်ပြီး ပဉ္စမအဆင့် ချီယန်စိတ်ဝိညာဥ်ဆေးလုံး အလုံး၂၀ကို အပ်နှံခဲ့သည်။

ထို့နောက်တွင် အဆင့်မြင့်ဧည့်အရာရှိ တစ်ဒါဇင်ကျော်သည် ဤလမစ်ရှင်အတွက် ဆေးလုံးများကို အလှည့်ကျ အပ်နှံခဲ့ကြသည်။

မကြမီမှာပင် မစ်ရှင်ကို မအပ်နှံရသေးသည့် တစ်ဦးတည်းသောသူအဖြစ် ကျန်းချန်သာလျှင် ကျန်ရှိနေခဲ့၏။

လူတိုင်း၏ အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့ကြသည်။

အသစ်ရောက်ရှိလာသော အဆင့်မြင့် ဧည့်အရာရှိသည် အဂ္ဂိရတ်ခန်းမ၏ သင်ကြားရေးခန်းမတွင် အဂ္ဂိရတ်ခန်းမ၏ မာနကြီးသော ပါရမီရှင် တပည့်များစွာကို လွှမ်းမိုးနိုင်ခဲ့ပြီး အထင်ကြီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း သီအိုရီနှင့်လလက်တွေ့ပြုလုပ်ခြင်းသည် တူညီသော အရာများ မဟုတ်ပေ။

ထို့အပြင် အဆင့်မြင့် ဧည့်အရာရှိများသည် ကျန်းချန်က ဤတစ်ကြိမ်တွင် မည်ကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကောင်းစွာ သိရှိထားခဲ့ကြသည်။

ယခင်က လတိုင်းတွင် သူတို့ လက်ခံရရှိသည့် ဆေးဝါးပစ္စည်းများတွင် အရည်အသွေး နိမ့်ကျသည့် ဆေးဝါးပစ္စည်းအနည်းငယ် ပါဝင်လေ့ရှိသည်။

သို့သော်လည်း ဤလတွင် သူတို့ ရရှိသည့် ဆေးဝါးပစ္စည်းများတွင်မူ ချို့ယွင်းချက်မှာ လုံးဝမရှိသလောက်ပင်။

အဆင့်မြင့်ဧည့်အရာရှိများသည် သဘာဝကျစွာပင် ငတုံးများမဟုတ်ကြပေ။

ကျိုချိုးမင်၏ နောက်ဆုံးအကြိမ်က ကျန်းချန်ကို ဒုက္ခပေးသည့် အဖြစ်အပျက်မှ တစ်ဆင့် ဤကိစ္စကို နောက်ကွယ်ကနေ ကျိုးချိုးမင်က လျှို့ဝှက်စွာ ကြိုးကိုင်ခဲ့ကြောင်း ခန့်မှန်းရန် မခက်ခဲခဲ့ပေ။

အဆင့်မြင့် ဧည့်အရာရှိများသည် ထိုအကြောင်းကို ခန့်မှန်းမိသော်လည်း မပြောဆိုခဲ့ကြပေ။

ကျိုးချိုးမင်သည် အ‌ရည်အသွေးနိမ့် ပစ္စည်းအားလုံးကို ကျန်းချန်ထံ ပေးအပ်ခဲ့ပြီး အဆင့်မြင့် ဧည့်အရာရှိများ၏ မစ်ရှင်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်စေရန် စီစဥ်ခဲ့သည်မှာ ထင်ရှား၏။

အဘယ်ကြောင့်ဆိုသော အရည်အသွေးနိမ့် ပစ္စည်းအားလုံးကို ကျန်းချန်ထံ ခွဲဝေပေးအပ်ခဲ့ခြင်းကြောင့် သူတို့သည်လည်း ထိုကိစ္စကနေ အကျိုးခံစားခွင့်များ ရရှိခဲ့သောကြောင့်ပင်။

သူတို့သာ ထိုအကြောင်းကို ထုတ်ပြောခဲ့လျှင် သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ထိခိုက်စေရုံသာမက အဆင့်မြင့် ဧည့်အရာရှိများ၏ ကိစ္စများကို စီရင်ဆုံးဖြတ်သည့် ကျိုချိုးမင်ကို စိတ်ဆိုးဒေါသထွက်စေလိမ့်မည် ဖြစ်သည်။

အဆင့်မြင့်ဧည့်အရာရှိများသည် ကျန်းချန်လို ဧည့်အရာရှိအသစ်အတွက် ကျိုးချိုးမင်ကို မည်ကဲ့သို့ ဆန့်ကျင်ရဲပါမည်နည်း။

ကျန်းချန်က ဆေးဝါးများကို မအပ်နှံသေးဘဲ မလှုပ်မယှက် ငြိမ်သက်နေသည်ကို မြင်လျှင် ချီရှောက်က ပြုံးရွှင်စွာဖြင့်သတိပေးလိုက်သည်။

“ဆရာကျန်း ခင်ဗျားတစ်ယောက်ပဲ ကျန်တော့တယ်.. ဒီလဆေးဝါးမစ်ရှင် အတွက် ဆေးလုံးတွေကို အမြန်အပ်နှံပေးပါ”

ကျိုချိုးမင်ကလည်း ကျန်းချန်ကို စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။

“ကျန်းချန်.. ဒီလ ဆေးဝါးမစ်ရှင် အတွက် ဆေးလုံးတွေကို အမြန်အပ်နှံပေးပါ အားလုံးရဲ့အချိန်ကို မဖြုန်းတီးစမ်းနဲ့”

“ဒါက ဒီလ ဆေးဝါးမစ်ရှင်အတွက် ဆေးလုံးတွေပါ”

ကျန်းချန်က လက်တစ်ဖက်ကို ချက်ချင်းဆိုသလို ဝှေ့ယမ်းလိုက်ရာ ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး အလုံး၂၀သည် ကျိုးချိုးမင်၏ ရှေ့သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

“ဒီကောင်လေးက တကယ်ပဲ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်လား”

ကျန်းချန် ထုတ်ယူခဲ့သည့် ထိုက်ရှစိတ်ဝိညာဥ်‌ဆေးလုံး အလုံး၂၀ကို မြင်လျှင် ခန်းမထဲရှိ ဧည့်အရာရှိများ၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။

အထူးသဖြင့် ချီရှောက်သည် မျက်လုံးများ ပြူးထွက်လုနီးပါးဖြစ်ကာ အလွန်တရာထိတ်လန့်သွားခဲ့၏။

ကျန်းချန်သည် အရည်အသွေး အလွန်နိမ့်ကျသည့် ဆေးဝါးပစ္စည်းများဖြင့် ဤလအတွက် ဆေးဝါးမစ်ရှင်ကို အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်လော။

ကျန်းချန်၏ ဆေးလုံး အလုံး၂၀ကို မြင်လျှင် ချီရှောက်သည် ကျန်းချန်က မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို ဘယ်လိုမှ မတွေးတောတတ်တော့ပေ။

သူ၏ရှေ့မှ ထိုက်ရှစိတ်ဝိညာဥ် ဆေးလုံး ၂၀ကို မြင်လျှင် ကျိုးချိုးမင်၏ မျက်လုံးများတွင်လည်း အံ့သြထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်ကို ပေးအပ်ခဲ့သည့် ဆေးဝါးပစ္စည်း အစုံ၆၀ စာလုံးကို ချီရှောက်က ကိုယ်တိုင် စစ်ဆေးထား၍ ကျန်းချန် အနေဖြင့် ဆေးလုံး အလုံး၂၀ကို သန့်စင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

“ဒီကောင်လေးရဲ့ ဆေးဝါး အောင်မြင်မှုနှုန်းထားက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ အဆင့်အထိ ရောက်နေရတာလဲ”

ကျိုချိုးမင်က သူ၏ရှေ့မှ ဆေးလုံး အလုံး၂၀ကို တွေတွေကြီး စိုက်ကြည့်ကာ မှင်တက်နေခဲ့သည်။

ထိုနေ့က အဂ္ဂိရတ်ခန်းမမှ တပည့်များစွာကို ကျန်းချန်က လွှမ်းမိုးနိုင်ခဲ့ခြင်းသည် ကုန်းစွန်းယန်ကို အားကိုးခဲ့၍ မဟုတ်ဘဲ ကျန်းချန်က ထိုကဲ့သို့ စွမ်းရည်မျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်း ကျိုချိုးမင် အထိတ်တလန့် တွေ့ရှိခဲ့သည်။

ဤအချိန်တွင် ကျိုးချိုးမင်သည် ကျန်းချန်၏ အဂ္ဂိရတ်ပါရမီက အမှန်တကယ်ပင် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ထိ ရောက်ရှိနေမှန်း နားလည်သွားခဲ့သည်။

All Chapters