← Chapters

မြင်းဖြင့်မြင်းကို ယဥ်ပါးအောင်လုပ်ခြင်း

Vol. 5 Ch. 68

မြင်းဖြင့်မြင်းကို ယဥ်ပါးအောင်လုပ်ခြင်း

Vol. 5 Ch. 68

ကျိုးချွမ်၏ အရှိန်နှုန်းနှင့် ယုံကြည်ချက်ခိုင်မာမှုတို့ကို မြင်တွေ့ချိန်တွင် ကျန်းရွှမ်က အစေခံကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"အဲ့ဒီလူ...သူက အရမ်းတော်တာလား"

အစေခံက ခေါင်းညိတ်ပြသည်။

"အမှန်ပဲ....ဆရာကျိုးရဲ့ မြင်းယဥ်ပါးစေခြင်းစွမ်းရည်က ပိုင်ယန်မြို့မှာ ထိပ်သီးနေရာကနေ ရပ်တည်နိုင်တယ်...တခြားကိစ္စတွေကို မပြောနဲ့... မိုယန်ရွှယ်ရဲ့မြင်း ဆုရှင်း...မင်း အဲ့ဒီမြင်းကို ကြားဖူးတယ် မဟုတ်လား"

"အင်း...."

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်၏။

'ဒါက ငါ မတော်တဆ သတ်မိတဲ့ကောင်ပဲလေ....'

"အဲ့ဒီမြင်းကို ဆရာကျိုးက ယဥ်ပါးအောင် လုပ်ခဲ့တာပဲ...ဒါ့ပြင် လျှူမင်ယွဲ့ရဲ့မြင်း သောက်လီကိုလည်း သူက ယဥ်ပါးအောင် လုပ်နိုင်ခဲ့တယ်... ပိုင်ယန်မြို့ထဲကို အသစ်ရောက်လာတဲ့ လီတစ်ထောင်မြင်းတွေ အားလုံးနီးပါးကို သူက လေ့ကျင့်ပေးခဲ့တာ....သူ့ရဲ့ခွန်အားက မေးခွန်းထုတ်ဖို့ မလိုဘူး...မဟုတ်ရင် သူက ဒီလိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုကို ဘယ်လိုလုပ်ပြီး ထိန်းသိမ်းထားနိုင်မှာလဲ"

အစေခံသည် စကားပြောဆိုရင်း တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် သူ၏မျက်လုံးအတွင်း၌ ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်နေသည်။

"သောက်လီအကြောင်းကို စကားစပ်မိမှ ငါ မင်းကို တစ်ခုမေးအုံးမယ်....မင်း စီးလာတဲ့မြင်းက အဲ့ဒီမြင်းနဲ့ တော်တော်လေး တူနေသလိုပဲ"

"အမှန်ပဲ...ဒါက သောက်လီပဲလေ"

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

"မိန်းကလေးလျှူက ငါ့ကို ဒီမြင်းပေးထားတာပဲ"

"ဒါက..."

အစေခံ၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

ဤသည်မှာ သောက်လီပင်။ ဤမြင်းသည် ပိုင်ယန်မြို့တမြို့လုံးအနှံ့ နာမည်ကျော်ကြားကာ ရင်းမြစ်ဒင်္ဂါးသိန်းနှင့်ချီတန်သည့် မြင်းကို ဤအတိုင်း ပေးအပ်ခဲ့သလော။ ထို့ပြင် အရေးအကြီးဆုံးအချက်မှာ မိန်းကလေးလျှူသည် ဤကဲ့သို့ အဖိုးတန်လက်ဆောင်တခုကို ပေးခဲ့ခြင်းမှတဆင့် ဤလူ၏အဆင့်အတန်း ရိုးရှင်းမှုမရှိသည်ကို သိရှိနိုင်သည်။

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်မှာပင် ကျိုးချွမ်သည် ကြက်သွေးနီနှင့် မလှမ်းမကမ်းအကွာရှိ မြက်ခင်းပြင်ပေါ်သို့ ရောက်ရှိနေလေပြီ။

ဤမြင်းရိုင်းသည် အကြိမ်ပေါင်းများစွာ ကြိုးကွင်းစွပ်ခံရသဖြင့် ယဥ်ပါးအောင် လုပ်ခံရခြင်းအပေါ် ဒေါသထွက်နေသည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် သောက်လီသည် မြင်းမများကို ကျီစယ်စနောက်ခြင်းအပေါ် ထပ်မံ၍ အာရုံမစိုက်တော့ချေ။သူသည် ခွာလေးဘက်လုံးကို အားစိုက်ပြီး သူ့ရှေ့ရှိ လူထွားကြီးထံသို့ တန်းတန်းမတ်မတ် တိုးဝင်လိုက်၏။

မူလဘူတသားရဲသွေးပါသော မြင်းရိုင်းတစ်ကောင်ဖြစ်သဖြင့် အင်အားကုန် စိုက်ထုတ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ မြေသားများ ဖွာထွက်ပြီး မြေပြင်တပြင်လုံး အနည်းငယ် တုန်ခါသွားသည်။ မြင်းသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မီတာပေါင်းများစွာအကွာသို့ ဖြတ်သန်းရောက်ရှိလာကာ ကျိုးချွမ်နှင့်ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ပြင်ပမှစောင့်ကြည့်နေသူများသည် သောက်လီ၏ ဝိုးတဝါပုံရိပ်ကိုသာ တွေ့မြင်ရပေ၏။

"အရမ်းမြန်တာပဲ...."

ကျန်းရွှမ်၏မျက်လုံးအကြည့် တည်ကြည်လေးနက်စ ပြုလာသည်။

ဤအရှိန်နှုန်းသည် သောက်လီနှင့် အလွန်အလှမ်းကွာဟခြင်း မရှိချေ။ အကယ်၍ ဤမြင်းသည် သူ့အား ရုတ်တရက် တိုးဝင်တိုက်ခိုက်ပါက သူ့ကိုယ်သူ ကာကွယ်ရန် အချိန်ရှိမည် မဟုတ်သဖြင့် သူသည် ဤမြင်းကို သတ်ပစ်ရန်မှအပ တခြားရွေးချယ်စရာ ရှိမည်မဟုတ်ချေ။

လူများအားလုံး ဆက်လက်၍ စောင့်ကြည့်နေစဉ်မှာပင် မြက်ခင်းပြင်ပေါ်ရှိ ကျိုးချွမ်သည်လည်း ကြက်သွေးနီ၏အရှိန်နှုန်းကြောင့် ထိတ်လန့်တုန်လှုပ်နေသည်မှာ သိသာထင်ရှားသည်။ သူ၏ခန္ဓာကိုယ်ကို ရုတ်တရက် နံဘေးသို့ ခုန်ထွက်လိုက်ပြီးနောက် သူ့၏လက်အတွင်းရှိ ကြိုးသည် ဝေ့ဝိုက်ပြီး ကြက်သွေးနီ၏လည်ပင်းပေါ်သို့ ကျရောက်သွားပေ၏။

ဟီး....ဟီး....ဟီး...

ကြက်သွေးနီက ဒေါသတကြီးဟီလိုက်ကာ သူ၏ရှေ့ခွာများကို ကဆုန်ဆိုင်းခုန်ပေါက်လိုက်သည်။

ကျိုးချွမ်သည် ခန္ဓာကိုယ် ထွားကျိုင်းသော်လည်း မမျှော်လင့်ဘဲ အလွန်ဖျတ်လတ်သွက်လက်သည်။ သူသည် လျှင်မြန်စွာ လူးလိမ့်ကာ မြင်း၏သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ သူ၏ခြေထောက်များကို အားပြု၍ အထက်သို့ခုန်တက်ကာ ကြိုး၏အားကိုအသုံးပြုပြီး မြင်း၏နောက်ကျောပေါ်သို့ ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်သည်။

ဤချောမွေ့သောလှုပ်ရှားမှုများသည် စနစ်တကျ လေ့ကျင့်ထားသော အစီအစဥ်တစ်ခုနှင့် တူညီနေကာ မည်သည့်နှောင့်နှေးကြံ့ကြာမှုမျှမရှိဘဲ အထင်ကြီးဖွယ်ကောင်းလောက်အောင် ချောမွေ့သည်။

"ကောင်းလိုက်တာ..."

"ဆရာကျိုးလို့ မပြောရဘူး...."

မြင်းထိန်းများအားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

မြင်းကို ယဥ်ပါးအောင်လုပ်ရာ၌ ကျွမ်းကျင်သူများဖြစ်သဖြင့် သူတို့သည် ဤမြင်ကွင်း၏ခက်ခဲမှုကို နားလည်သဘောပေါက်ကာ ဆရာကျိုး၏ ခွန်အားနှင့် အကြောက်အလန့်ကင်းမဲ့မှုတို့ကို သိရှိထားပေ၏။

"အထင်ကြီးစရာပဲ"

ထိုလူများ၏ မြင်းယဥ်ပါးစေခြင်းနည်းစနစ်အပေါ် များစွာမသိရှိသော ကျန်းရွှင်ပင်လျှင် မနေထိုင်မထိုင်နိုင် ချီးမွမ်းလိုက်သည်။

အမှန်အားဖြင့် အတတ်ပညာတိုင်းတွင် ကျွမ်းကျင်သူတစ်ယောက် ရှိစမြဲပင်။ အကယ်၍ ကျိုးချွမ်၏နေရာတွင် သူ ဖြစ်နေပါက ကြက်သွန်းနီကို ရိုက်နှက်ကာ အတင်းအကြပ် အမိန့်နာခံခိုင်းပေမည်။ သူသည် ဤကဲ့သို့ အချိန်ဆွဲရသော နည်းစနစ်များကို အသုံးမပြုမည်မှာ သေချာပေါက်ပင်။

မြင်း၏ကျောပေါ်တွင် ရှိနေသော ကျိုးချွမ်သည် အသာစီးရသွားပြီ ဖြစ်သောကြောင့် သူ့၏ခြေထောက်များဖြင့် မြင်း၏ခန္ဓာကိုယ်ကို တင်းကြပ်စွာညှပ်လိုက်သည်။ ကြက်သွေးနီသည် ခွာစုံခုန်ပေါက်၍ ခါယမ်းနေသော်လည်း ကျိုးချွမ် ပြုတ်ကျသွားခြင်း မရှိချေ။ တစ်ချိန်တည်းမှာပင် သူ၏လက်တစ်ဖက်ဖြင့် ကြိုးကိုတင်းကြပ်အောင် ဆွဲထားကာ တခြားလက်တစ်ဖက်ကို လက်သီးဆုပ်ပြီး မြင်း၏နောက်ကျောကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

သူ၏လက်သီးချက်များသည် အလွန်အားပြင်းကာ ကြက်သွေးနီ၏နောက်ကျောပေါ်သို့ ကျသွားချိန်တွင် မြင်း အလွန်နာကျင်သွားသည်။ မြင်းထံမှနေ၍ ကျယ်လောင်သောဟီသံတစ်သံ ထွက်ပေါ်လာကာ ခြေလေးချောင်းကို အားကုန်သုံး၍ ဒုန်းစိုင်းပြေးလွှားပြီး မီတာတစ်ရာခန့်အကွာသို့အရောက်တွင် ရုတ်တရက် ရပ်တန့်လိုက်ကာ အရှိန်သတ်လိုက်သည့် အလားပင်။

ဤလှုပ်ရှားမှုသည် အလွန်လျင်မြန်ပေ၏။ ကျိုးချွမ်သည် မတည်မငြိမ်ဖြစ်သွားပြီး အရှိန်ကြောင့် ရှေ့သို့လွင့်သွားကာ မြင်း၏ခေါင်းပေါ်မှကျော်၍ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ဖူး....

သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ မတ်တတ်ထရပ်ရန် တွေးတောလိုက်စဉ်မှာပင် ကြက်သွေးနီ၏ရှေ့ခွာနှစ်ဖက်သည် သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်ကို သူ မြင်တွေ့မိလေ၏။

"မကောင်းတော့ဘူး...."

ကျိုးချွမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ နံဘေးသို့ အလျင်အမြန်လိမ့်လိုက်သည်။ သို့ရာတွင် သူသည် အရေးနိမ့်သော အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သဖြင့် ကြက်သွေးနီသည် သူအား မည်သည်ကြောင့် အောင်မြင်ခွင့်ပြုမည်နည်း။ ခွာချက်များ အကြိမ်ကြိမ် ကျရောက်လာပြီးနောက် ကျိုးချွမ်၏ရင်ဘတ်ပေါ်သို့ တစ်ချက်ကျရောက်သွားသည်။

ကျယ်လောင်သော ဘုန်းခနဲအသံကြီးနှင့်အတူ ကျိုးချွမ် နောက်သို့လွင့်ထွက်သွားပြီး သူ၏နံရိုးအမြောက်အများ ကျိုးပဲ့သွားကာ သူ၏မျက်နှာသေလုမတတ် ဖြူရော်သွားသည်။

မြင်းယဥ်ပါးစေခြင်းသည် နွားရိုင်းပွဲနှင့် များစွာတူညီကာ အရှိန်အဟုန်ပေါ်တွင် မူတည်သည်။ ကျိုးချွမ်သည် အဆက်မပြတ် တိုက်ခိုက်ခြင်းကိုခံရသဖြင့် သူ၏အရှိန်အဟုန် လုံးလုံးလျားလျားပျောက်ကွယ်သွားကာ မြင်းရိုင်းသည်မူ ပို၍သန်မာအားကောင်းလာသည်။ ဤခွန်အားချင်းဖလှယ်သော အခြေအနေတွင် မြင်းကို ယဥ်ပါးအောင်လုပ်မည့် ကိစ္စသည် အချည်းနှီးဖြစ်သွားလေပြီ။

"ဆရာကျိုး ကျရှုံးသွားပြီလား...."

"အဲ့ဒီမြင်းက အရမ်းသန်မာအားကောင်းတယ်...သူ့ကို ယဥ်ပါးအောင်လုပ်ဖို့က မဖြစ်နိုင်ဘူး"

သူတို့၏နောက်ဆုံးမျှော်လင့်ချက် လွင့်ပြယ်သွားကာ ဆက်လက်၍ တောင့်ခံနိုင်ရန် အရည်အချင်း မရှိတော့သည်ကို သိသဖြင့် လက်ရှိနေရာတွင် ရှိနေသော မြင်းထိန်းများအားလုံးသည် အံ့အားသင့်တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

အကယ်၍ ကျိုးချွမ် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါက သူတို့ထံတွင်လည်း အခွင့်အရေးရှိတော့မည် မဟုတ်ချေ။

ကျိုးချွမ်သည် ဒဏ်ရာရပြီးနောက် မြင်းရိုင်းကို ယဥ်ပါးစေရန် ထပ်မံ၍ မကြိုးစားနိုင်တော့သည်ကို သိရှိထားသည်။ ထို့ကြောင့် ပိုင်ယန်မြို့အတွင်းတွင် မြင်းများကို ယဥ်ပါးစေရာ၌ နံပါတ်တစ်ဆရာကြီးဖြစ်သော ကျိုးချွမ်သည် လူးလိမ့်ကာ ခွေးပြေးဝက်ပြေးထွက်ပြေးခဲ့ရသည်။ မြက်ခင်းပြင်အစပ်သို့ သူ ရောက်လာချိန်တွင် သူ ယခင်က လှောင်ပြောင်သရော်ခဲ့သော လူငယ်လေးသည် သူ့အား သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်ကို သူ မြင်တွေ့မိသည်။

"ဒါက မင်းပြောခဲ့တဲ့ ခွန်အားကြီးမားတယ် ဆိုတာလား""

ဤလူသည် မြင်ရိုင်းကို လွှမ်းမိုးနိုင်မည်ဟု သူ တွေးထင်ခဲ့သော်လည်း အဆုံးသတ်၌ လူးလိမ့်ကာ ခွေးပြေးဝက်ပြေးထွက်ပြေးလာခဲ့သည်။

'ဒီလိုဆိုရင် မင်းက ဘာလို့ ဟန်ဆောင်ခဲ့တာလဲ'

"မင်း..."

ကျန်းရွှမ်၏စကားကို ကြားချိန်တွင် ကျိုးချွမ်၏မျက်နှာ နီမြန်းသွားပြီး သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်ပြီး အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်၏။

"ငါက ဒီမြင်းရဲ့ခွန်အားကို လျှော့တွက်မိလို့ပဲ...တကယ်လို့ ငါ ဒီမြင်းရိုင်းကို ယဥ်ပါးအောင်မလုပ်နိုင်ရင် ပိုင်ယန်မြို့ထဲမှာရှိတဲ့ တခြားဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး...ဒီစကားက အခုထိ အမှန်ဖြစ်နေတုန်းပဲ"

"ကောင်းပြီလေ...ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့"

ကျန်းရွှမ်သည် ထပ်မံ၍ ငြင်းခုန်ခြင်းမပြုတော့ဘဲ ခြေတလှမ်းရှေ့တက်ကာ ခန်းမ၏ပြင်ပသို့ ရောက်ရှိသွားသည်။ သူ၏အကြည့်သည် မြက်ခင်းပြင်ပေါ်ရှိ ကြက်သွေးနီထံသို့ ရောက်ရှိသွားသည်။

ရင်းမြစ်ဒင်္ဂါးတစ်သိန်း... ဤကိစ္စကို လွယ်လင့်တကူ လက်မလွှတ်လိုချေ။

"မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ...မင်းက ကြိုးစားကြည့်ဖို့ စဉ်းစားနေတာလား...မင်းလောက်နဲ့များ...မြင်းတွေကို ယဥ်ပါးအောင် ဘယ်လိုလုပ်ရမယ် ဆိုတာတောင် မသိတဲ့ လူတစ်ယောက်က ကြက်သွေးနီကို လျှော့တွက်ရဲတာလား"

ကျိုးချွမ်က သရော်တော်တော် ပြောဆိုသည်။

"မြင်းတစ်ကောင်ကို ဖမ်းဖို့အတွက် ကြိုးကို ဘယ်အချိန်မှာ ပစ်ရမယ်ဆိုတာ မင်း သိလား....မြင်းရဲ့လေးစားမှုကိုရဖို့ ခွန်အားပြဖို့အတွက် သူ့ရဲ့နောက်ကျောပေါ်ကို ဘယ်ချိန်မှာ ခုန်တက်ရမယ်ဆိုတာ မင်း နားလည်လား...အဲ့ဒီမြင်းရိုင်းတွေရဲ့ အားနည်းချက်တွေကို မင်း သိလား"

ကျန်းရွှမ်သည် တုံ့ပြန်ခြင်းမပြုဘဲ ဆက်လက်၍ စူးစမ်းလေ့လာလိုက်၏။ ဤအချိန်တွင် ကြက်သွေးနီသည် သူ၏လည်ပင်းပတ်လည်ရှိကြိုးကို ကိုက်ဝါးနေကာ ဒေါသမျက်လုံးများဖြင့် လူများအားလုံးကို စူးစိုက်၍ ကြည့်နေသည်။ သူသည် လက်စားချေရန်အတွက် တိုးဝင်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည့် အလားပင်။

"သခင်လေး.....မင်းက တကယ်ကြီးသွားပြီး မြင်းကို ယဥ်ပါးအောင် လုပ်မလိုလား"

အစေခံက တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

သူ အတပ်မပြောနိုင်သော်လည်း မိန်းကလေးလျှူမင်ယွဲ့က သောက်လီအား ဤလူ့ကို လက်ဆောင်ပေးထားသည်။ ဤကိစ္စကို သိရှိချိန်၌ ဤလူသည် ရိုးရှင်းခြင်းမရှိဟု သူ နားလည်သွားသည်။ အကယ်၍ ဤလူသည် တစ်စုံတစ်ခုဖြစ်ပျက်သွားပါက လမ်းညွှန်တယောက်ဖြစ်သော သူသည်လည်း ငြိစွန်းပတ်သက်လာမည်ကို သူ ထိတ်လန့်ကြောက်ရွံ့နေမိသည်။

ကျန်းရွှမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ဘာမှမစိုးရိမ်နဲ့....ငါကိုယ်တိုင် အဲ့ဒီနေရာကို သွားမယ်လို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး"

"မင်းက မသွားဘူးလား"

အစေခံသည် ဆွံ့အသွားပေ၏။

"ဒါဆိုရင် မင်းက အဲ့ဒီမြင်းကို ယဥ်ပါးအောင် ဘယ်လိုလုပ်မှာလဲ"

ကျန်းရွှမ်၏ ပေါ့ပေါ့ပါးပါးအပြုံးနှင့်အတူ သူ၏အောင်မြင်ခန့်ညားသော အသံကြီး တဖြည်းဖြည်း မြင့်တက်လာသည်။

"သောက်လီ....ဒီနေရာကို မြန်မြန်လာခဲ့စမ်း"

ခွပ် ...ခွပ်...ခွပ်...

သူ၏စကားဆုံးသည်နှင့် မြင်းဇောင်းတွင် ချည်နှောင်ခြင်းခံထားရသော သောက်လီသည်သည် ကြိုးများမှရုန်းထွက်ကာ အလွန်လျင်မြန်စွာ ပြေးလာသည်။ မြင်းသည် ကြယ်ပျံတစ်စင်းအလား ကျန်းရွှမ်၏ရှေ့သို့ ရောက်ရှိလာပေ၏။

"သောက်လီလား..."

"ဒါက လျှူမိသားစုကို ရောင်းလိုက်တဲ့ မြင်း မဟုတ်လား"

"တခြားမြင်းတစ်ကောင်ကို ဘာလို့ ခေါ်လိုက်တာလဲ"

လူများအားလုံး အံ့အားသင့်နေကာ ကျိုးချွမ်သည်လည်း လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေသည်။

ဤလူငယ်သည် မြင်းရိုင်းတစ်ကောင်ကို ယဥ်ပါးအောင်လုပ်မည်ဟု ပြောခဲ့သည် မဟုတ်လော။

မည်သည်ကြောင့် တခြားမြင်းတစ်ကောင်ကို ခေါ်လိုက်သနည်း။

လူများအားလုံး ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ကျန်းရွှမ်က ပေါ့ပေါ့ပါးပါးပြုံးကာ သူ့ရှေ့ရှိ ခမ်းနားထည်ဝါသော မြင်းကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"သောက်လီ....မင်း အဲ့ဒီနေရာကို သွားပြီးတော့ ကြက်သွေးနီကို ငါ့အတွက် ယဥ်ပါးအောင် လုပ်ခဲ့စမ်း....မင်းက အလုပ်မလုပ်ဘဲနဲ့ အဆင့်မြင့်မြင်းစာတွေကို စားချင်တယ်ဆိုရင် ဒါက တရားမျှတမှု မရှိဘူးလေ"

ရုတ်ချည်းဆိုသလိုပင် လူများအားလုံး ကြက်သေသေသွားတော့သည်။

All Chapters