← Chapters

ရက်ရောသော ဆုလာဘ်များ

Vol. 8 Ch. 106

ရက်ရောသော ဆုလာဘ်များ

Vol. 8 Ch. 106

'သရဲ မျက်နှာဖုံး' ၏ အသံသည် မြေအောက် နန်းတော်အတွင်း ပဲ့တင်ထပ်သွား၏။

၎င်းက သမားရိုးကျ တွေးခေါ်မှုအားလုံးကို ဆန့်ကျင်၍ ကြံစည်လိုက်သည့် စစ်ဆင်ရေး အစီအစဉ်တစ်ခု ဖြစ်လေသည်။

ယခုအချိန်တွင် လူတိုင်း၏ တွက်ဆမှုများထဲ၌ မိစ္ဆာဂိုဏ်း၏ 'နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်' နှင့် မဟာယန်နန်းတော်တို့သာလျှင် မလွဲမသွေ ထိပ်တိုက်

ရင်ဆိုင်ရလိမ့်မည်ဟု တထစ်ချ ယုံကြည်ထားကြ၏။

သို့သော်... အကယ်၍ ထိုလူတိုင်း၏ မျှော်လင့်ချက်ကို မျက်ကွယ်ပြုကာ၊ ဦးတည်ရာကို ရုတ်တရက် ပြောင်းလဲ၍ ဝမ်မျိုးနွယ်နှင့် အစစ်အမှန်သိုင်းဂိုဏ်းတို့အား လှည့်ပတ်တိုက်ခိုက်လိုက်မည် ဆိုပါလျှင်...။

ထိုအခါမှတော့ ၎င်းတို့နှစ်ဖွဲ့လုံးသည် လုံးဝ ကြိုတင်ပြင်ဆင်ချိန်မရဘဲ အငိုက်မိသွားကြမည်မှာ သေချာလှပေသည်။

လူ အများအပြားမှာ တဖြည်းဖြည်း စိတ်လှုပ်ရှား တက်ကြွလာကြသည်။

သူတို့၏ မျက်လုံးများတွင် ရက်စက်သော အရောင်များ လင်းလက်လာကြသည်။

"ချင် ပြည်နယ်က ဝမ်မျိုးနွယ်ဆိုတာ နန်းတော်ရဲ့ ခိုင်းဖတ် ခွေးတွေပဲ။ သူတို့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းပစ်ရမယ်။ မဟုတ်ရင် ဟို သိုင်းဂိုဏ်းတွေက တွေ့သွားပြီး နောင်တစ်ချိန်မှာ ငါတို့ရဲ့ မြင့်မြတ်ဂိုဏ်းကို အကုန် ဆန့်ကျင်လာကြလိမ့်မယ်။"

"ဝမ်မျိုးနွယ်ကို ငါ ကိုယ်တိုင် ကိုင်တွယ်မယ်။"

'သရဲ မျက်နှာဖုံး' ၏ မျက်လုံးများမှာ လုံးဝ အေးစက်နေလျက် ရှိသည်။ ဤ အရှိန်အဟုန်ကို အစပျိုးကတည်းက အမြစ်ဖြတ်ပစ်ရမည်။ မူလကတည်းက မိစ္ဆာဂိုဏ်းသည် အရိပ်ထဲတွင် ပုန်းကွယ်နေရပြီး အားနည်းသည့် အခြေအနေတွင် ရှိနေခဲ့သည်။ အကယ်၍ အခြား သိုင်းဂိုဏ်းများက နန်းတော်ဘက်သို့ ဆက်လက် ယိမ်းယိုင်နေဦးမည်ဆိုလျှင်၊ ဤအခြေအနေအား ပြောင်းပြန်လှန်ပစ်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။

"အစစ်အမှန်သိုင်းဂိုဏ်း အတွက်ကတော့... သူတို့က ဒီကိစ္စမှာ မပါမဖြစ် ပါဝင်ခဲ့ရတာ ဆိုပေမဲ့၊ အကြီးအကဲ လင် သေဆုံးမှုက သူတို့နဲ့ တိုက်ရိုက် ပတ်သင်ဆက်နွယ်နေတယ်။ အကြီးအကဲ ဝမ်... ဒီတစ်ခေါက်တော့ ခင်ဗျားကို အလုပ်ရှုပ်စေရတော့မယ်။"

"ရက်အနည်းငယ်အတွင်းမှာ အစစ်အမှန် သိုင်းဂိုဏ်းအတွက် နန်းတော်ရဲ့ ဆုလာဘ်တွေ ရောက်လာလောက်ပြီ။ အဲ့ဒီအချိန်က အဲ့ဒီလူတွေကို အကုန်လုံး တစုတစည်းတည်း သတ်ပစ်ဖို့ အကောင်းဆုံး အချိန်ပဲ။"

'သရဲ မျက်နှာဖုံး' သည် အရပ်ပုသော အကြီးအကဲတစ်ဦးကို လှမ်းကြည့်လိုက်၏။ ထိုသူသည် ရှေ့ဆုံးတွင် ရပ်နေခဲ့ပြီး၊ 'သရဲ မျက်နှာဖုံး' ကို ရိုသေလေးစားမှု ရှိလင့်ကစား အခြားသူများကဲ့သို့ ကြောက်ရွံ့ ရိုကျိုးသော အမူအရာမျိုး မရှိပေ။ သူ့မျက်ဝန်းများတွင် တည်ငြိမ်မှုများသာ ရှိနေခဲ့သည်။

"လက်အောက်ငယ်သား အမိန့် နာခံပါတယ်။"

အကြီးအကဲ ဝမ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ဓားချက် တစ်ချက်တည်းက အကြီးအကဲ လင်အား ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပြီး၊ ထိုတိုက်ပွဲမှတစ်ဆင့် ၎င်း၏ ဂုဏ်သတင်း ကျော်ကြားသွားခဲ့သည် ဆိုသည်မှာကား အမှန်တရားတစ်ခု ဖြစ်၏။

သို့ရာတွင်... ထိုအဖြစ်အပျက်၏ နောက်ကွယ်မှ အကြောင်းအရင်းမှန်ကို ၎င်းတို့အားလုံး သိရှိထားကြသည်။ အမှန်စင်စစ် အကြီးအကဲ လင်သည် စစ်သူကြီးချုပ်နှင့် ဓားသခင်တို့၏ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာ အလွန်အမင်း ရရှိထားပြီး ဖြစ်နေခဲ့သည်။ ထို့အပြင် ထိုစစ်သူကြီးချုပ် ကိုယ်တိုင်က သူ့အား နေ့ရောညပါ မနားတမ်း လိုက်လံ တိုက်ခိုက်နေခဲ့ရာ နောက်ဆုံး အားအင်ချည့်နဲ့နေချိန်မှသာ 'ကောင်းကင်ဘုံဓားသခင်' ၏ ရုတ်တရက် ချုံခို တိုက်ခိုက်မှုကြောင့် အငိုက်မိကာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ရခြင်း ဖြစ်လေသည်။

ယခု... အကြီးအကဲ ဝမ်၏ စွမ်းရည်သိုင်းကွက်များသည်လည်း အကြီးအကဲ လင်ထက် မည်သို့မျှ နိမ့်ကျခြင်း မရှိပေ။

ဤတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်မှု အပြည့်အစုံဖြင့် ရင်ဆိုင်ရမည်ဖြစ်ရာ... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အား အသေသတ်နိုင်ခြင်း မရှိသည့်တိုင်၊ အနည်းဆုံး သူ့ကို ရှုံးနိမ့်သွားအောင် ပြုလုပ်ရန်မှာမူ ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်နိုင်ပေ။ ကျန်ရှိသည့် အင်အားစုများကလည်း အစစ်အမှန်သိုင်းဂိုဏ်းအား သွေးနှင့်ရင်း၍ နာကျင်ဖွယ်ရာ တန်ဖိုးတစ်ခုကို မလွဲမသွေ ပေးဆပ်သွားစေရမည် ဖြစ်သည်။

သူ့စိတ်ထဲတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အားလုံး စီစဉ်ပြီးစီးသွားသောအခါ၊ လူတိုင်း၏ မျက်လုံးများတွင် ယခုအခါ စိတ်အားထက်သန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။ သူတို့၏ သွေးများ ဆူပွက်နေသလိုပင်။

လူတစ်ဦးတည်းသာ...အတွင်းစိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေခဲ့ပြီး၊ သူ၏ နှလုံးသားမှာ တစ်စုံတစ်ခုက တင်းတင်းကြပ်ကြပ် ဆုပ်ညှစ်ထားသကဲ့သို့ ခံစားနေရသည်။

ဆံပင်ဖြူ လူငယ်လေး 'ချင်ယွင်' သည် သူ၏ ဖြူဖျော့ဖျော့ မျက်နှာကို ဖုံးကွယ်ရင်း ခေါင်းငုံ့ထားကာ၊ အခြားသူများနှင့်အတူ ထွက်ခွာရန် ပြင်ဆင်နေလိုက်သည်။

'သရဲ မျက်နှာဖုံး' ၏ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။

"ချင်ယွင်... မင်း ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့ မလိုဘူး။ မြေအောက် နန်းတော်မှာပဲ နေခဲ့ပြီး ကျင့်ကြံနေလိုက်။"

လူတိုင်း တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ ထို့နောက် ဆံပင်ဖြူ လူငယ်လေးကို အနည်းငယ် ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ အချို့မှာ နောက်ဆုံးတွင် သတိရသွားကြသည်။

ချင်ယွင်က မူလက အစစ်အမှန်သိုင်းဂိုဏ်းက စစ်မှန်သူ လုံရှန်း၏ အဋ္ဌမမြောက် တပည့်ရင်း ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကမှ မြင့်မြတ်ဂိုဏ်းထဲသို့ ဝင်‌ရောက်ခဲ့သူ ဖြစ်သည်။

ယခု အစစ်အမှန်သိုင်းဂိုဏ်းကို လုပ်ကြံဖို့ စီစဉ်နေချိန်တွင် ဒုတိယ ဂိုဏ်းချုပ်က ချင်ယွင်ကို မပါဝင်ရန် တားမြစ်လိုက်ခြင်းမှာ... သူ့အပေါ် ယုံကြည်မှု အလုံအလောက် မရှိသေးကြောင်း ထင်ရှားလှသည်။

လူအနည်းငယ်၏ မျက်နှာများတွင် သရော်ပြောင်လှောင်သော အမူအရာများ ပေါ်လာခဲ့သည်။

ချင်ယွင်သည် အရည်အချင်းရှိသူတစ်ဦး ဖြစ်သည့်အလျောက် ဒုတိယဂိုဏ်းချုပ်၏ တန်ဖိုးထားခြင်းကို အစဉ်အမြဲ ခံရသူ ဖြစ်၏။

ကောလာဟလ သတင်းများအရဆိုလျှင် ဒုတိယဂိုဏ်းချုပ်သည် သူ့အား ပြိုင်ဘက်ကင်း လျှို့ဝှက်နည်းစနစ်ကိုပင် သင်ကြားပေးထားခဲ့ပြီး၊ 'အရိုက်အရာဆက်ခံသူ' လောင်းတစ်ဦးအဖြစ် သတ်မှတ်ထားသည်ဟုပင် ဆိုကြလေသည်။

သို့သော်... ယခု မြင်တွေ့နေရသည့် အခြေအနေအရမူ ထိုသတင်းစကားတို့သည် ကြားဖူးရုံမျှသာ ဖြစ်ဟန်တူ၏။

အမှန်စင်စစ် သူသည် မိမိ၏ သွေးသားရင်းချာ ဂိုဏ်းကို ပြန်လည်တိုက်ခိုက်ရမည်ကို စိုးရွံ့နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ချင်ယွင်၏ မျက်လုံးများ ခေတ္တ တန့်ငြိမ်သွားပြီးနောက် သူသည် ခေါင်းကို ပြန်မော့လိုက်သောအခါ၊ သူ၏ မျက်နှာအမူအရာမှာ အလွန် တည်ငြိမ်နေခဲ့သည်။

" ဒုတိယ ဂိုဏ်းချုပ်ရဲ့ စီစဉ်မှုအတိုင်း ကျွန်တော် လိုက်နာပါ့မယ်။"

သို့သော် သူ၏ နှလုံးသားအတွင်း၌ ခပ်ရေးရေး စိုးရိမ်ပူပန်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

'မူလက ငါသာ ပါဝင်ခဲ့ရင်... တစ်နည်းနည်းနဲ့ သတင်းကို အစစ်အမှန်သိုင်းဂိုဏ်းဆီ တိတ်တဆိတ် ပေါက်ကြားပေးလို့ ရနိုင်သေးတယ်။ သူတို့ကို ကြိုတင် ပြင်ဆင်ခွင့် ပေးနိုင်ခဲ့မှာ။ ဒါပေမဲ့ အခုတော့... 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' လုံလုံလောက်လောက် အားကောင်းဖို့ပဲ မျှော်လင့်ရတော့မှာပဲ။ ဆရာ... စီနီယာအစ်ကိုတို့... ဂျူနီယာညီလေး

... ခင်ဗျားတို့ ဘေးကင်းကြပါစေ။'

ချင်ယွင်၏ ပုံရိပ်သည် မြေအောက် နန်းတော်အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

သူ သူ၏ ဆရာ ဖြစ်သူ တာအိုဆရာလုံရှန်းကို သတိရမိသည်။ စီနီယာအစ်ကိုကြီး လော့ဝမ်ထျန်းကို သတိရမိသည်။ ဂျူနီယာညီငယ်လေး နင်ချီကိုလည်း သတိရမိလေသည်။

နောက်ဆုံးတွင်တော့... သူ၏ နှလုံးသားထဲမှ သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်မိတော့၏။

'ကံကြမ္မာပဲပေါ့လေ... ငါ ဘာမှ မတတ်နိုင်ဘူး။' သူ့ရင်ထဲတွင် လေးလံသော ခံစားချက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

...

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

တာအိုရှာဖွေ ကျောင်းတော်၏ အပြင်ဘက်တွင် အစစ်အမှန်သိုင်း မက်မွန်ပင်သည် အညွန့်အတက်များ ထွက်ကာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ပိုမို သန်စွမ်းစိမ်းလန်းနေခဲ့သည်။ ပရဝုဏ်အတွင်း စိုက်ပျိုးထားသော 'ဉာဏ်အလင်း လက်ဖက်ပင်' ၏ မျိုးစေ့များမှာလည်း ဝိညာဉ်စွမ်းအင် တဖြည်းဖြည်း တိုးပွားလာသည်ကို ပြသနေသော်လည်း၊ မြေကြီးကို ထိုးဖောက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

နင်ချီ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

အစစ်အမှန်သိုင်းမြို့တော်သို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက်၊ နန်းတော်၏ ပုန်းကွယ်နေသော ကျွမ်းကျင်သူ အများစု ရုပ်သိမ်းသွားကြောင်း သိရှိပြီးချိန်မှစ၍၊ နင်ချီသည် လျှို့ဝှက်စွာ သတိကြီးကြီး ထားနေခဲ့၏။ ကျင့်ကြံနေစဉ်အတွင်း သူသည် အခါအားလျော်စွာ အစစ်အမှန်သိုင်းတောင်ကို တည်ငြိမ်စွာ အာရုံခံလေ့ရှိသည်။

'အန္တရာယ်က ဘယ်အချိန် ရောက်လာမလဲ မသိဘူး။'

ထိုသို့ဖြင့် ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားပြန်သည်။ အစစ်အမှန်သိုင်းတောင်သည် အထူး ဧည့်သည်တော် တစ်စုကို ကြိုဆိုလိုက်ရ လေသည်။

ထိုလူစုသည် တည်ငြိမ်သော အမူအရာ၊ အစွမ်းထက်သော ဩဇာအရှိန်အဝါတို့နှင့် ပြည့်စုံနေကြသည်။ သူတို့၏ မျက်လုံးများက အေးချမ်းတည်ငြိမ်သော်လည်း၊ အတွင်း၌ ဖုံးကွယ်ထားသော မာနတရားတို့ ရှိနေသည်။

ခေါင်းဆောင်နှင့် အခြားလူအချို့မှာ မုတ်ဆိတ်မွှေးမရှိဘဲ ချောမွေ့သော မျက်နှာပိုင်ရှင်များ ဖြစ်ကြသည်။ ထိုလူစု အလယ်တွင် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးလည်း ပါဝင်သည်။

ယောက်ျားလေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် ရှိပြီး၊ မိန်းကလေးကမူ အနည်းငယ် ပိုကြီးကာ ဆယ်နှစ်အရွယ်ခန့် ရှိသည်။ နှစ်ဦးစလုံးမှာ ထူးကဲသော ဩဇာ အရှိန်အဝါများ ရှိကြပြီး၊ သာမန်မိသားစုမှ မဟုတ်ကြကြောင်း ထင်ရှားလှ၏။

"ဒါက အစစ်အမှန် သိုင်းတောင် ဆိုတာလား။ တော်တော် ကြည့်လို့ကောင်းတာပဲ။" ထိုယောက်ျားလေးက လူကြီး လေးတစ်ယောက်ကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း မှတ်ချက်ချလိုက်သည်။

သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်များဖြင့် တောက်ပနေခဲ့သည်။

မိန်းကလေးက သဘောတူလိုက်သည်။

"မောင်လေး လင် ကြည့်ပါဦး။ ဒီ အစစ်အမှန်သိုင်းတောင်က တိမ်တွေကို ထိုးဖောက်နေတာ နတ်ဓားတစ်လက်အတိုင်းပဲ။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' လို အစွမ်းထက်တဲ့ ဓားသမားတစ်ယောက်ကို မွေးထုတ်ပေးနိုင်တာ အံ့ဩစရာ မရှိပါဘူး။ ဒီလိုနေရာမျိုးမှာ ကျင့်ကြံရရင် တော်တော် ကောင်းမှာပဲ။"

ယောက်ျားလေး၏ မျက်လုံးများ အရောင်တောက်သွားသည်။

"အစ်မတော် ချင်းယွဲ့ ပြောတာ မှန်တယ်။ သေချာကြည့်ရင် ဒီတောင်က တကယ်ပဲ ကောင်းကင်ကနေ ပျံသန်းဝင်ရောက်လာတဲ့ နတ်ဓားတစ်လက်နဲ့ တူတာပဲ။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က တကယ်ပဲ ကောလာဟလတွေထဲကလို အစွမ်းထက်ရဲ့လား မသိဘူး၊ ဒီ တစ်ခေါက် ခရီးစဥ်မှာ သူ့ကို တွေ့ခွင့်ရနိုင်မလားပဲ၊ တွေ့ချင်လိုက်တာ။"

သူတို့ နှစ်ဦးစလုံး အနည်းငယ် မျှော်လင့်တကြီး ဖြစ်နေခဲ့ကြသည်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ နှစ်ဦးစလုံး ဓားသိုင်းပညာကို မြတ်နိုးကြသူများ ဖြစ်၏။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အကြောင်း ကြားသိပြီးနောက် သူတို့ အတူတကွ လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားသခင်ကြီး၏ ပုံရိပ်ကို စိတ်ကူးဖြင့် ပုံဖော်နေမိကြသည်။

ထိုအခါ ဦးဆောင်လာသော 'ယဲ့ ကုန်းကုန်း ' က ခပ်ဟဟ ရယ်မောရင်း ဆိုသည်။

[ ရောင်းရင်းတို့ တရုတ်နန်းတွင်း ဇာတ်ကားတွေ ကြည့်ဖူးတယ် မဟုတ်လား။ အဲ့ဒီထဲမှာ ဘုရင့်နားမှာ ခစားနေတဲ့၊ သင်းကွပ်ခံထားရတဲ့ "မိန်းမစိုး" တွေလေ။

အဲ့ဒီ မိန်းမစိုးတွေထဲကမှ ရာထူးကြီးကြီး၊ သြဇာရှိတဲ့ မိန်းမစိုး အကြီးအကဲတွေကို "ကုန်းကုန်း" (公公) လို့ လေးစားသမှုနဲ့ ခေါ်ကြတာပါ။ ဥပမာ "လီကုန်းကုန်း" တို့၊ "ဝေကုန်းကုန်း" တို့ ကြားဖူးမှာပေါ့။ ]

"မင်းသားလေးနဲ့ မင်းသမီးလေးတို့ မသိကြဘူး ထင်ပါတယ်။ အစစ်အမှန်သိုင်းတောင်က အရင်တုန်းက 'နတ်ဘုရားဓားတောင်' လို့ ခေါ်ခဲ့ပါတယ်။ မူလက 'နတ်ဘုရားဓား အဘိုးအို' လို့ ခေါ်တဲ့ လူတစ်ယောက် သီးသန့်ကျင့်ကြံတဲ့ နေရာ ပေါ့၊ နောက်ပိုင်းမှာ သူက စစ်မှန်သူ လုံရှန်းနဲ့ အလောင်းအစားလုပ်ပြီး 'နတ်ဘုရားဓားတောင်' ကို ဆုံးရှုံးသွားခဲ့တာ။"

"အဲ့ဒီနောက်မှာ စစ်မှန်သူ လုံရှန်းက ဒီနေရာမှာ ဂိုဏ်းတည်ထောင်ပြီး 'အစစ်အမှန်သိုင်း' ကို တည်ထောင်ခဲ့တယ်။ ဒါကြောင့် 'နတ်ဘုရားဓားတောင်' ရဲ့ နာမည်ကို 'အစစ်အမှန်သိုင်းတောင်' လို့ ပြောင်းလဲခဲ့တာပါ။"

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကတော့... ဖြစ်နိုင်တာက စစ်မှန်သူ လုံရှန်းနဲ့အတူ နောက်ပိုင်းမှ လိုက်ပါလာခဲ့တာ ဖြစ်ပါလိမ့်မယ်။ သူက ဒီတောင်ရဲ့ မူလသခင်တော့ မဟုတ်ပါဘူး။"

ထိုအခါ ယောက်ျားလေးက လျင်မြန်စွာ မေးလိုက်သည်။

"အဲ့ဒီ 'နတ်ဘုရားဓား အဘိုးအို' ကလည်း အရမ်း အစွမ်းထက်ခဲ့တာလား။ ဘာလို့ ကျွန်တော် သူ့အကြောင်း တစ်ခါမှ မကြားဖူးရတာလဲ။ အဲ့လောက် တောင်ကြီး ပိုင်ဆိုင်ခဲ့တာဆိုတော့ သာမန်တော့ မဟုတ်လောက်ဘူး ထင်တာပဲ။"

ယဲ့ ကုန်းကုန်းက ခေါင်းခါရင်း ပြုံးလိုက်သည်။

"'နတ်ဘုရားဓား အဘိုးအို' က 'မူလအမြုတေအဆင့်' မှာပဲ ရှိခဲ့တာပါ။ သူက လောင်းကစား ဝါသနာကြီးလွန်းလို့ပါ။"

ယောက်ျားလေးရော မိန်းကလေးပါ မျက်နှာပျက်သွားကြပြီး၊ အစစ်အမှန်သိုင်းတောင်အပေါ် သူတို့၏ အထင်ကြီးမှုမှာ ချက်ချင်း လျော့ကျသွားခဲ့သည်။

'မူလအမြုတေအဆင့်' သည် အမှန်တကယ်ပင် အင်အားကြီးမားသော်လည်း၊ သူတို့အတွက်မူ 'ကောင်းကင်ဘုံလူသား နယ်ပယ်' မှ အင်အားကြီး ပုဂ္ဂိုလ် အများအပြားကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အဆင့်ရှိ သူများသာလျှင် သူတို့၏ လေးစားမှုကို အမှန်တကယ် လှုံ့ဆော်နိုင်ပေသည်။

'ဒါဆို ဒီတောင်က သိပ်ပြီး ထူးထူးခြားခြားတော့ မဟုတ်လောက်ပါဘူး။'

“ယဲ့ကုန်းကုန်း .. ကျွန်မသာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ထွက်လာဖို့ တောင်းဆိုရင်... သူ ထွက်လာမယ် ထင်လား။ ကျွန်မ သူ့ဓားသိုင်းအကြောင်း နည်းနည်းလောက် မေးကြည့်ချင်လို့ပါ။" မိန်းကလေး လီချင်းယွဲ့က မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။

ယဲ့ကုန်းကုန်း၏ နှလုံးသား တစ်ချက် ခုန်သွားပြီး၊ သူ အလျင်အမြန် ပြန်ဖြေလိုက်သည်။

"အို... ကျွန်တော့် မင်းသမီးလေးရယ်... တောင်ပေါ်ရောက်ရင် ဒီလို စကားမျိုး ထပ်မပြောမိဖို့ သတိထားရပါမယ်။ လုံးဝ မပြောပါနဲ့။"

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ဝင်တွေနဲ့ တန်းတူ အစွမ်းရှိတယ်လို့ ကောလာဟလ ထွက်နေတာပါ။ 'နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်' တောင် အရင်က သူ့ကို တွေ့ခွင့်မရခဲ့ဘူး။ ဒီလိုမျိုး လောကီနဲ့ အဆက်ဖြတ်နေတဲ့ ပညာရှင်ကြီးတွေကို အတင်းအကျပ် ဖိအားပေးလို့ မရပါဘူး။ ရေစက်ပါရင်တော့ မင်းသမီးလေး တွေ့ခွင့်ရမှာပါ။ ဒီတစ်ခေါက် လာရတဲ့ အဓိက ရည်ရွယ်ချက်က မိစ္ဆာဂိုဏ်းကို နှိမ်နင်းရာမှာ ပါဝင်ခဲ့တဲ့ အစစ်အမှန် သိုင်းဂိုဏ်းရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုချီးမြှင့်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မဆင်မခြင် မလုပ်မိဖို့ အရေးကြီးပါတယ်။

သူ့အသံထဲတွင် စိုးရိမ်မှုများ ပါဝင်နေခဲ့သည်။

မင်းသမီးလေး လီချင်းယွဲ့က ခေါင်းညိတ်လိုက်သည်။

"ယဲ့ ကုန်းကုန်း စိတ်ချပါ။ ကျွန်မ သိပါတယ်။ မောင်လေး လင်နဲ့ ကျွန်မက ကံစမ်းဖို့ ဒီကို လာတာပါ။ အများဆုံးတော့ အစစ်အမှန်သိုင်းဂိုဏ်းမှာ အချိန်ပိုကြာကြာ နေရုံပါပဲ။ ရှင့်ရဲ့ တာဝန်တွေကို နှောင့်ယှက်မှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။"

ယဲ့ကုန်းကုန်း အတွင်းစိတ်ထဲမှ ခါးသက်စွာ ပြုံးလိုက်မိသည်။ 'ကောင်းကင်ဘုံလူသား နယ်ပယ်' မှ သူ၏ အဆင့်ဖြင့်၊ ဤ ဆုချီးမြှင့်ရန် ကိစ္စအတွက် သူ လာခဲ့စရာ မလိုခဲ့ပေ။ အစစ်အမှန်သိုင်းဂိုဏ်းသည် ထိုမျှလောက်သော ဂုဏ်သတင်းကြီးသော အဆင့်သို့ မရောက်သေး။ သို့သော် ဤ တော်ဝင် မျိုးနွယ်ငယ် နှစ်ဦး လာလိုသောကြောင့်သာ ၊သူ အဖော်ပြုလိုက် ပို့ဆောင်ပေးရခြင်း ဖြစါသည်။

လီချင်းယွဲ့သည် အလွန် မျက်နှာသာပေး ခံရသော မင်းသမီးတစ်ပါး ဖြစ်ပြီး၊ လီလင်မှာလည်း ထင်ရှားကျော်ကြားသော မြောက်ပိုင်းစောင့် မြို့ဘုရင်၏ သားတော် ဖြစ်သည်။ နှစ်ဦးစလုံးသည် မြင့်မြတ်သော မျိုးရိုးဂုဏ်ဒြပ်နှင့် ပြည့်စုံသူများ ဖြစ်ကြ၏။

သူသည် မိမိ၏ တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ပြီး အမြန် ပြန်သွားနိုင်ရန်သာ မျှော်လင့်နေမိသည်။ သို့မဟုတ်ပါက၊ မတော်တဆ တစ်စုံတစ်ရာ မှားယွင်းမှု ဖြစ်ပွားခဲ့လျှင် သူ တာဝန်ယူနိုင်သော ကိစ္စ မဟုတ်ပေ။

ယဲ့ကုန်းကုန်း သည် အဝေးရှိ တောင်ပေါ်တွင် တဖြည်းဖြည်း ထင်ရှားပေါ်လွင်လာသော လူရိပ်များကို လှမ်းမြင်လိုက်ရသဖြင့် ချက်ချင်း ဆိုလိုက်သည်။

"မင်းသမီးလေး၊ မင်းသားလေး... စစ်မှန်သူ လုံရှန်းနဲ့ တခြားသူတွေ ရောက်လာကြပါပြီ။ ကြိုဆိုနေကြပြီ"

လူတိုင်း ချက်ချင်းပင် တည်ကြည်သော အမူအရာသို့ ပြောင်းလိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် တော်ဝင်ဂုဏ်ပုဒ်များ ပြန်လည် ထင်ဟပ်လာသည်။

အဝေးဆီမှ တာအို ဆရာ လုံရှန်း၏ ကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရသည်။

"အိုးဟိုး... ကောင်းကင်ဘုံ တမန်တော်များအားလုံး ခရီးဝေးက လာရတာ... တကယ်ကို စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်တာပါပဲ။ လာရတာ ပင်ပန်းကြမှာပေါ့။"

တာအို ဆရာ လုံရှန်းသည် ယခင်ကထက် ပိုမို တက်ကြွနေဟန် ရှိ၏။ သူသည် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' လာစဉ်ကပင် ထွက်မတွေ့ခဲ့ပေ။ သို့သော် နန်းတော်မှ ဆုလာဘ်များ ပေးရန် လာသောအခါ၊ ထွက်မတွေ့ဘဲ နေခြင်းမှာ မဖြစ်နိုင်တော့ပေ။ သူ့ဒဏ်ရာများမှာ အတော်အတန် သက်သာနေပြီ ဖြစ်သည်။

ယဲ့ကုန်းကုန်း ကလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"စစ်မှန်သူ လုံရှန်းက အလွန်အမင်း ယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျားတို့ ဂိုဏ်းရဲ့ မိစ္ဆာ နှိမ်နင်းရေးက ကြိုးပမ်းမှုတွေက တကယ်ကို အသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်။”"

နှစ်ဖက်စလုံး ယဉ်ကျေးသော စကားများ အပြန်အလှန် ဖလှယ်ရင်း တစ်ဦးကိုတစ်ဦး ဂရုတစိုက် အကဲဖြတ်နေခဲ့ကြသည်။ စစ်မှန်သူ လုံရှန်းနှင့် သူ၏ နောက်မှ တပည့်ရင်းများ၏ အရှိန်အဝါကို မြင်တွေ့ရသောအခါ၊ ယဲ့ကုန်းကုန်း အတွင်းစိတ်ထဲမှ ခေါင်းတညိတ်ညိတ်ဖြစ်သွား၏။ ကောလာဟလများသည် အမှန်တကယ်ပင် မှန်ကန်ဟန်တူပြီး၊ စစ်မှန်သော သိုင်းဂိုဏ်းတွင် ထူးကဲသော အလားအလာများ ရှိနေသည်ပင်။

'ဒီလူတွေ အနာဂတ်မှာ အင်အားကြီး ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်ဖွယ် ရှိတယ်။ ဒီဂိုဏ်းကို လျှော့တွက်လို့ မဖြစ်ဘူး။'

လီချင်းယွဲ့နှင့် လီလင်တို့သည် စစ်မှန်သူ လုံရှန်းကို ခေတ္တမျှ အာရုံစိုက်ကြည့်ပြီးနောက် စပ်စုစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုနေခဲ့ကြသည်။ သူတို့၏ မျက်လုံးများတွင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ရှာဖွေနေဟန် ရှိသည်။

တစ်ချိန်တည်းတွင် တာအိုဆရာလုံရှန်းမှာလည်း တိတ်တဆိတ် အံ့အားသင့်နေခဲ့သည်။ ဦးဆောင်လာသော ကုန်းကုန်း ၏ အရှိန်အဝါမှာ ဖုံးကွယ်ထားခြင်း မရှိဘဲ၊ 'ကောင်းကင်ဘုံလူသား နယ်ပယ်' တွင် ရှိနေသည်မှာ မှားယွင်းစရာ မရှိပေ။ သို့သော် ဆုချီးမြှင့်ရန် ကိစ္စအတွက်မျှသာ ဤမျှ အစွမ်းထက်သော တစ်စုံတစ်ယောက်ကို စေလွှတ်ခြင်းမှာ အလွန်အကျွံ ဖြစ်နေသကဲ့သို့ ထင်ရသည်။

ထို့နောက် သူ၏ အကြည့်များမှာ ပတ်ဝန်းကျင်ကို စိတ်ဝင်တစား ကြည့်ရှုနေသော ကောင်ကလေးနှင့် ကောင်မလေးပေါ်သို့ ကျရောက်သွားပြီး၊ တစ်စုံတစ်ခုကို သဘော

ပေါက်သွားခဲ့သည်။

'ဒါကြောင့်ကိုး...'

ထိုအချိန်မှာ ယဲ့ကုန်းကုန်း က ဖုံးကွယ်မထားဘဲ ထိုနှစ်ဦးကို မိတ်ဆက်ပေးလိုက်၏။

"ဒါက မင်းသမီးလေး ချင်းယွဲ့ပါ၊ ပြီးတော့ ဒါက မြောက်ပိုင်းစောင့် မြို့ဘုရင်ရဲ့ မင်းသားလေးပါ။ သူတို့က အစစ်အမှန်သိုင်းဂိုဏ်းကို လေ့လာချင်လို့ လိုက်ပါလာတာပါ။"

တာအိုဆရာလုံရှန်း နားလည်သွားပြီး၊ သူ၏ နောက်မှ တပည့်များ ချက်ချင်းပင် အခမ်းအနားအရ ဂါရဝပြုလိုက်ကြသည်။

"မင်းသမီးလေးနဲ့ မင်းသားလေးကို ဂါရဝပြုပါတယ်။"

လီချင်းယွဲ့နှင့် လီလင်တို့မှာ မောက်မာခြင်း မရှိဘဲ ဂါရဝ ပြန်ပြုလိုက်ကြသည်။ သူတို့၏ အစစ်အမှန်သိုင်းဂိုဏ်းအပေါ် ကနဦး လေ့လာတွေ့ရှိချက်များမှာ ကောင်းမွန်သော အထင်အမြင်ကို ချန်ထားခဲ့သည်။ ဂိုဏ်း၏ စည်းကမ်းရှိမှုနှင့် တပည့်များ၏ အမူအရာများက သူတို့ကို သဘောကျစေခဲ့သည်။

အုပ်စုသည် တောင်တံခါးဝသို့ ဝင်ရောက်သွားကြသည်။

ယဲ့ကုန်းကုန်း က ညင်သာစွာ ချောင်း တစ်ချက်ဟန့်လိုက်ပြီး အသံကို မြှင့်တင်လိုက်သည်။

“အစစ်အမှန် သိုင်းဂိုဏ်း... တော်ဝင် အမိန့်ပြန်တမ်းကို လက်ခံနာယူပါလေ။”

ယဲ့ကုန်းကုန်း က ဆက်လက် ဖတ်ကြားသည်။

"အရှင်မင်းကြီး၏ အမိန့်တော်အရ၊ အစစ်အမှန် သိုင်းဂိုဏ်းသည် မိစ္ဆာ နှိမ်နင်းရေးတွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့ပြီး၊ တိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ တာအိုဂိုဏ်းများအတွက် စံနမူနာကောင်းကို ပြသနိုင်ခဲ့သည်။ ထို့အတွက် ဂိုဏ်းအား ဂုဏ်ထူးဆောင် ကျောက်စိမ်းပြားတစ်ချပ် ချီးမြှင့်တော်မူသည်။ အစစ်အမှန် သိုင်းမြို့တော်ကိုလည်း ဂိုဏ်း၏ ပိုင်ဆိုင်မှုအဖြစ် ပေးအပ်တော်မူသည်။ ထို့အပြင်၊ မိစ္ဆာ နှိမ်နင်းရေးတွင် ရရှိခဲ့သော ဒဏ်ရာများအတွက် စစ်မှန်သူ လုံရှန်းအား သွေးနေ ဂျင်ဆင်း တစ်ပင်ကို ချီးမြှင့်တော်မူသည်။"

"အမိန့်တော်အတိုင်း ဖြစ်စေ။"

တာအို ဆရာ လုံရှန်းသည် ကနဦးတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း၊ ထို့နောက် သူ၏ မျက်နှာထားသည် ဝမ်းမြောက် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားလေသည်။

နန်းတွင်း၏ ဆုလာဘ်များသည် မျှော်လင့်ထားသည်ထက် များစွာ ရက်ရောလှပေသည်။

'မြို့တော်တစ်ခုလုံးကို ပေးတယ် ဟုတ်လား။ ဒါက တကယ်ကို ကြီးမားတဲ့ ဆုလာဘ်ပဲ။ ပြီးတော့ သွေးနေကြာ ဂျင်ဆင်းက ငါ့ဒဏ်ရာအတွက် တကယ် အသုံးဝင်မှာ။'

သူ့ရင်ထဲတွင် နွေးထွေးမှုတစ်ခု လှိုက်တက်လာသည်။

"အစစ်အမှန် သိုင်းဂိုဏ်းက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အထူး တင်ရှိပါတယ် ခင်ဗျာ။"

တာအို ဆရာ လုံရှန်းက ဦးဆောင်၍ လူစုအား ကျေးဇူးတင်စကား ဆိုလေသည်။

All Chapters