← Chapters

သိုင်းသူတော်စင်၏ လျှို့ဝှက်ချက်

Vol. 8 Ch. 115

သိုင်းသူတော်စင်၏ လျှို့ဝှက်ချက်

Vol. 8 Ch. 115

အစစ်အမှန်သိုင်း မက်မွန်ပွဲတော်၏ အချိန်ကာလသည် နောက်တစ်ကြိမ် ထပ်မံ ဆိုက်ရောက်လာခဲ့ပြန်သည်။

အစစ်အမှန် တပည့်ရင်း ရှစ်ဦးသားလုံး တစ်စုတစ်ဝေးတည်း ဆုံစည်းမိကြ၏။

ဤတစ်နှစ်တာအတွင်း၊ အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ကြရသည်။ တာအိုဆရာလုံရှန်းသည် ကောင်းကင်ဘုံလူသား မဟာအခမ်းအနားကို ကျင်းပခဲ့ရာ၊ ၎င်း၏ အတွင်းကျကျ ရှုပ်ထွေးမှုများကို အစစ်အမှန်သိုင်း တပည့်များသာ သိရှိနားလည်နိုင်လေ၏။ လူတိုင်း၏ ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုနှစ်၊ ယဲ့ချင်းဟယ်၏ မက်မွန်ပန်းဝိုင်သည် ပို၍ပင် ချိုမြိန်လာခဲ့၏။ ကြည့်ရသည်မှာ သူမသည် ထို ဝိုင်ချက် နည်းစနစ်ကို အမှန်တကယ် ကျွမ်းကျင်သွားခဲ့ဟန် တူ၏။

သို့သော် ဒီတစ်မျိုးတည်းသာ ဖြစ်ကြောင်းကိုတော့ နင်ချီ သိသည်။

ယဲ့ချင်းဟယ်သည် အခြားသော သေရည်အမျိုးအစားများကို တိတ်တဆိတ် စမ်းသပ်

ကြည့်ခဲ့သေးသော်လည်း၊ အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။

"တော်စမ်း။ ဘယ်လို လုပ်မလဲ။ ငါက မက်မွန်ပန်းဝိုင်မှာပဲ ပါရမီ ပါတယ် ထင်ပါတယ်ဟယ်.."

ထို့ကြောင့် သူမသည် မိမိကိုယ်ကိုယ် မက်မွန်ပန်းဝိုင်၏ သခင်မအဖြစ် ကိုယ့်ဘာသာ ကြေညာလိုက်ပြီး၊ ဤတစ်မျိုးတည်းကိုသာ အထူးပြု ချက်လုပ်တော့သည်။

လူတိုင်းက အဖြစ်မှန်ကို သိရှိစွာ ပြုံးလိုက်ကြပြီး၊ ချီးကျူးစကားများသာ ဆိုကြလေသည်။

ယခုနှစ်၏ မက်မွန်သီးများကမူ လူတိုင်းကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။

"ကျွန်တော် ခံစားမိတာ... ဒီနှစ် မက်မွန်သီးက အရင်နှစ်တွေထက် ပိုကောင်းနေသလိုပဲ။ ဒါ ကျွန်တော် စိတ်ထင်နေတာတော့ မဟုတ်ဘူးမလား။"

သတ္တမ တပည့်ရင်း စုန့်ချန်က နောက်တစ်လုံးကို မထိန်းနိုင်ဘဲ ထပ်မံ ဆွဲယူလိုက်ရင်း ပြောလာခြင်းပါ။

လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။

"မဟုတ်ဘူး။ မဟုတ်ဘူး။ စိတ်ထင်တာ မဟုတ်ဘူး။ စားလိုက်တာနဲ့ တစ်ကိုယ်လုံး ပူနွေးလာပြီး... ငါတို့ရဲ့ အခြေခံ အုတ်မြစ်ကိုတောင် အားကောင်းစေသလိုပဲ။"

လူတိုင်း အံ့အားသင့်နေကြ၏။

ဒါက အနည်းငယ် ဆန်းကြယ်လှသည်။

နင်ချီက ခပ်ရေးရေး ပြုံးကာ ရှင်းပြလိုက်သည်။

"အရင်တစ်ခါ ဆရာက ကောင်းကင်ဘုံ လူသား မဟာ အခမ်းအနားကနေ အလင်း သစ်သီး သုံးလုံး ရခဲ့တယ်။"

"ကျွန်တော် အဲ့ဒါကို နည်းနည်း လေ့လာပြီး မက်မွန်ပင်တွေရဲ့ စိုက်ပျိုးနည်းကို မြှင့်တင်လိုက်တာ။"

"ဒါပေမဲ့ ဒါက အစပဲ ရှိပါသေးတယ်။ အာနိသင်က အဲ့ဒီလောက် မထင်ရှားသေးဘူး။"

ထိုအခါ စတုတ္ထ တပည့်ဖြစ်သူ ဟဲယန်က ခြံဝင်းအပြင်ဘက်ရှိ မက်မွန်ပင်များကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်လိုက်သည်။

"အမလေးဗျ။ ဒါဆို အနာဂတ်မှာ... ငါတို့ အစစ်အမှန် သိုင်းဂိုဏ်းက အလင်း သစ်သီးပင်နဲ့ ယှဉ်နိုင်တဲ့ ဝိညာဉ်မျိုးစိတ် သစ်ပင်တွေ အများကြီး ပိုင်ဆိုင်တော့မယ့် သဘောလား။"

"ဟင်းဟင်း..စောပါသေးတယ်ဗျာ။"

နင်ချီက ခပ်ဟဟ ရယ်လိုက်သည်။

အလင်း သစ်သီး၏ အာနိသင်ကို ရရှိရန်မှာ ရှေ့ဆက်ရမည့် ခရီးလမ်း ရှည်လျားနေဆဲ ဖြစ်သည်။

"ဒါပေမဲ့... နောက်ထပ် နှစ်အနည်းငယ်လောက် ကြာရင်တော့... အစစ်အမှန်သိုင်း မက်မွန်ပွဲတော်မှာ... ဉာဏ်အလင်း လက်ဖက်ရည်တော့ သောက်ရကောင်း သောက်ရနိုင်ပါတယ်..."

လူတိုင်း မျှော်လင့်တကြီး ဖြစ်သွားကြသည်။ သူတို့သည် နင်ချီအပေါ် ဘာသံသယမှ မရှိကြတော့ပါ။

သူ၏ တိကျသော ကျင့်ကြံခြင်း နယ်ပယ်ကို မသိကြသော်လည်း၊ နိမ့်ကျနေမည်ဟုတော့ မထင်ကြပေ။ အချို့ကမူ သူတို့ထဲမှ အားအနည်းဆုံး အချို့ကိုပင် ကျော်လွန်သွားလောက်ပြီဟု ယုံကြည်နေကြသည်။

အစောပိုင်းက အိပ်စက်ခြင်း အိပ်မက် ဆေးလုံးက သက်သေပင် ဖြစ်၏။

ယခုနှစ်၊ ပထမ တပည့်ရင်း လော့ဝမ်ထျန်းနှင့် ဒုတိယ တပည့်ရင်း ရှုံးရှီတို့သည် ချီစွမ်းအင် စုစည်းဆေးလုံး၏ အကျိုးကျေးဇူးကြောင့် မြူဖြူနယ်ပယ်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့၏။ ချီစွမ်းအင် သန့်စင်ဆေးလုံး၏ အကူအညီဖြင့် လျင်မြန်စွာ သန်မာလာခဲ့သည်။

ထိုဆေးလုံး၏ အံ့ဖွယ် အာနိသင်မှာ သူတို့ ယခင်က သိခဲ့ဖူးသော မည်သည့် ဆေးလုံးထက်မဆို သာလွန်နေပြီး၊ သူတို့၏ ယခင် ကျင့်ကြံမှု မှတ်တမ်းများကို လွယ်လွယ်ကူကူ ချိုးဖျက်နိုင်လောက်ပေ၏။

အခြားသူများလည်း လျင်မြန်စွာ တိုးတက်လျက် ရှိကြသည်။ အိပ်စက်ခြင်း အိပ်မက် သိုင်းစွမ်းရည်နှင့် အိပ်စက်ခြင်း အိပ်မက် ဆေးလုံး၏ အံ့ဖွယ်အာနိသင်က သူတို့ကို ကြည်ညို လေးစားသွားစေခဲ့၏။

ယဲ့ချင်းဟယ်သည် အတွင်းစွမ်းအားနယ်ပယ်၏ ကိုးလွှာသို့ ရောက်ရှိနေတာ ကြာပြီ ဖြစ်၏။ ချီစွမ်းအင် စုစည်း ဆေးလုံးဖြင့် ချီစွမ်းအင် နယ်ပယ်သို့ ခြေလှမ်းရန် အနည်းငယ် စုဆောင်းမှုသာ လိုအပ်တော့သည်။

နင်ချီ ရောက်လာပြီးကတည်းက၊ အစစ်အမှန် သိုင်းဂိုဏ်းမှ အစစ်အမှန် တပည့်ရင်းများ၏ ကျင့်ကြံမှုသည် သိသိသာသာ အရှိန်မြှင့်လာခဲ့ပြီး၊ သူတို့၏ ယခင် တစ်ကိုယ်တည်း ကျင့်ကြံခဲ့သည့် နှုန်းထားထက် များစွာ ပိုမို မြန်ဆန်လာခဲ့၏။

သူတို့ကိုယ်တိုင်ပင် ယခုလို ဖြစ်နေလျှင်၊ နင်ချီ ကိုယ်တိုင် ဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။

အသက် ငယ်သေးသော်လည်း၊ သူ၏ ကျင့်ကြံမှုမှာ အလွန်အမင်း ထူးကဲနေလောက်ပြီ ဖြစ်သည်။

သို့သော်၊ လူတိုင်းက အပြန်အလှန် နားလည်မှုဖြင့် များများစားစား မမေးမြန်းရန် တိတ်တဆိတ် ရွေးချယ်ခဲ့ကြ၏။

အချိန်တန်သည့် တစ်နေ့တွင်၊ နင်ချီက သူတို့ကို သဘာဝအတိုင်း အသိပေးလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။

"ကိုးလေး... ဒီ မက်မွန်ပွဲတော် ပြီးရင်၊ ငါတို့တွေ လေ့ကျင့်ရေးအတွက် တောင်အောက် ဆင်းကြတော့မယ် ထင်တယ်။"

"အဲ့ဒီအခါကျရင်... မင်းအတွက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာတွေ ရှာခဲ့မယ်။"

"မင်းက စာဖတ်တာ ဝါသနာပါတယ်ဆိုတော့... မင်းရဲ့ စီနီယာ အစ်ကို၊ အစ်မတွေက မင်းအတွက် ရှားပါး မှတ်တမ်းတချို့ ရှာပေးဖို့ ကြိုးစားမယ်လေ။"

"မင်း... ဘာ ကြိုက်တတ်လဲ။"

လူတိုင်းက မေးလိုက်ကြသည်။

စီနီယာ အစ်ကို၊ အစ်မများ ဖြစ်ကြပြီး၊ ဂျူနီယာ ညီလေး၏ ထပ်ခါတလဲလဲ ဂရုစိုက်မှုကို ခံနေရသဖြင့်၊ သူတို့ အနည်းငယ် မျက်နှာပူနေကြ၏။

နင်ချီက ခဏ စဉ်းစားလိုက်ပြီးမှ ဆိုသည်။

"သိုင်းသူတော်စင် အကြောင်း မှတ်တမ်းတွေ ရှိရင်... ကျွန်တော့်အတွက် များများ ရှာပေးနိုင်မလား။"

"ပြီးတော့... တခြား ထူးထူးဆန်းဆန်း ကျွမ်းကျင်မှု ပညာရပ်လေးတွေလည်း စိတ်ဝင်စားပါတယ်ဗျ။"

သူ့စီနီယာ အစ်ကို၊ အစ်မများ၏ စွမ်းဆောင်နိုင်ရည်ဖြင့်၊ အလွန် နက်နဲသော သိုင်းပညာရပ်များ ရှာဖွေရန် ခက်ခဲနိုင်သဖြင့်၊ အခြားသော ကဏ္ဍများဘက်သို့ လှည့်သွားခြင်းက ပို၍ ကောင်းမွန်ပါသည်။

နင်ချီသည် သိုင်းသူတော်စင် နယ်ပယ်နှင့် သက်ဆိုင်သော အရာများကို ပိုမို လေ့လာလိုသည်။

ကောင်းကင်ဘုံလူသားနယ်ပယ်ကတော

သူ့အတွက် လျှို့ဝှက်ချက် မရှိတော့ပေ။

နောက်တစ်ဆင့်အတွက် ကြိုတင် ပြင်ဆင်ထားမှ ဖြစ်မည်။

နောက်ဆုံးအချိန်ကျမှ စပြီး ရှာဖွေတာမျိုး သူ မဖြစ်ချင်ပါ။

နင်ချီ ခံစားနေရသည်က... သိုင်းသူတော်စင် နယ်ပယ်က ထင်သလောက် မရိုးရှင်းလောက်ပေ။

မကြာသေးမီက၊ သူသည် မဟာယန် တော်ဝင်နန်းတွင်းနှင့် မိစ္ဆာဂိုဏ်းတို့ကြား ယခင် ပဋိပက္ခများ၏ မှတ်တမ်းများကို လေ့လာခဲ့သည်။

မဟာယန် သိုင်းသူတော်စင်များသည် လွတ်လပ်စွာ မလှုပ်ရှားဘဲ၊ တိုက်ခိုက်မှုကို ရှောင်ရှားနေကြဟန်

တူသည်။

အတိတ်ခေတ်များတွင် သိုင်းသူတော်စင်များသည် အသေးစိတ် အချက်အလက်များ ချန်ထားခဲ့ခြင်း ရှားပါးပြီး၊ အစအန အပိုင်းအစမျှသော ဖော်ပြချက်များသာ ကျန်ရှိသည်ကို တွေးမိသောအခါ...

နင်ချီ ထူးဆန်းသလို ခံစားလိုက်ရ၏။

"သူတို့တွေ တက်လှမ်းသွားကြတယ် ဆိုရင်တောင်... ခြေရာလက်ရာ ဘာမှ မကျန်ခဲ့တာတော့ မဖြစ်သင့်ဘူးမလား။"

ဟုတ်ပါသည်။ စီနီယာ အစ်ကို၊ အစ်မများကို ရှာဖွေခိုင်းခြင်းသည် မျှော်လင့်ချက် များများစားစား မထားဘဲ၊ ကြိုးစားကြည့်ရုံ သက်သက်သာ ဖြစ်သည်။

လူတိုင်းက ရွှင်ပျစွာ ရယ်မောလျက် သဘောတူလိုက်ကြသည်။

"ငါတို့ရဲ့ ဂျူနီယာညီလေးကို ကျေနပ်အောင် သေချာပေါက် လုပ်ပေးမှာပေါ့။"

နင်ချီ ခဏ စဉ်းစားလိုက်ပြီး သတိပေးလိုက်၏။

"ဒါပေမဲ့... အခု မိစ္ဆာဂိုဏ်းနဲ့ မဟာယန်ရဲ့ တိုက်ပွဲက အဆုံးမသတ်သေးဘူး။ နေရာတိုင်းမှာ ပရမ်းပတာ ဖြစ်နေတယ် ကြားတယ်။ ချီစွမ်းအင် နယ်ပယ် ကျွမ်းကျင်သူတွေလည်း မကြာခဏ ပေါ်ထွက်နေတယ်။"

“စီနီယာ အစ်ကို၊ အစ်မတို့... သတိထားကြရမယ်နော်…”

ထိုသို့ ပြောဆိုပြီး နင်ချီက လှည့်ကာ အိမ်ထဲသို့ ဝင်သွားပြီး၊ ကြွေပုလင်းတစ်လုံးကို ယူထုတ်လာသည်။ နီရဲသော ဆေးလုံးများစွာကို သွန်ချလိုက်သည်။

"ဒါက သွေးမီးတောက်ဆေးလုံး။"

"ခင်ဗျားတို့ မရှုံးနိုင်တဲ့ ရန်သူနဲ့ တွေ့ရင်... ဒါကို သောက်သုံးပြီး ပုန်းကွယ်နေတဲ့ စွမ်းအားကို ထုတ်သုံးပြီး ပြန်တိုက်တာဖြစ်ဖြစ်၊ ထွက်ပြေးတာဖြစ်ဖြစ် လုပ်နိုင်တယ်။"

"မှတ်ထား... အာနိသင်က ဆယ့်ငါးမိနစ်ပဲ ခံတယ်။"

ဒါက နင်ချီ၏ အားလပ်ချိန် အလုပ်ဖြစ်သည်။ မိစ္ဆာဂိုဏ်း၏ သွေးမီးတောက်နည်းစနစ်က သူ့ကို ဉာဏ်ကွန့်မြူးစေခဲ့၏။

သွေးမီးတောက် ဆေးလုံး၏ နောက်ဆက်တွဲ ဆိုးကျိုးများက ထိုနည်းစနစ်လောက် မပြင်းထန်သော်လည်း၊ ယာယီ အားနည်းခြင်းကိုသာ ဖြစ်စေပြီး အခြေခံအုတ်မြစ်များကို မထိခိုက်စေပေ။

နှိုင်းယှဉ်ကြည့်လျှင်၊ အာနိသင်ကလည်း ထိုနည်းစနစ်လောက် မပြင်းထန်လှပါ။

လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး ဆေးလုံးများကို လေးလေးနက်နက် သိမ်းဆည်းလိုက်ကြသည်။

သူတို့ စကား မဆိုကြဘဲ၊ သူတို့၏ ဂျူနီယာ တပည့်လေးအတွက် အသုံးဝင်သော ရှားပါးစာအုပ်များ ရှာဖွေပေးရန်သာ ကြိတ်၍ စိတ်ပိုင်းဖြတ်လိုက်ကြသည်။

ထွက်ခွာသွားသော သူ၏ စီနီယာ အစ်ကို၊ အစ်မများ၏ ကျောပြင်များကို ကြည့်ရင်း၊ နင်ချီ ညင်သာစွာ သက်ပြင်းချလိုက်သည်။

"တခြားသူတွေနဲ့ မတူတာက... ငါ့မှာ အပြည့်အဝ ဉာဏ်အလင်းပွင့်နိုင်စွမ်း ရှိတယ်။"

"တောင်ပေါ်မှာ ဒီအတိုင်း ထိုင်နေရင်တောင်... ငါက အရမ်းမြန်မြန် ကြီးထွားပြီး ထိုးထွင်းဉာဏ် ရနိုင်တယ်။"

"တခြားသူတွေ တိုးတက်ဖို့ကတော့... လေ့ကျင့်ရေးက မရှိမဖြစ် လိုအပ်တယ်။"

"မိစ္ဆာဂိုဏ်းနဲ့ မဟာယန်ကြားက ပဋိပက္ခက သိုင်းလောကကို ပရမ်းပတာ ဖြစ်စေပေမဲ့... အန္တရာယ်ထဲမှာ အခွင့်အရေးတွေ ရှိနေတတ်တယ်။"

"သတ္တိရှိရှိ ရှေ့ဆက် တိုးတက်နိုင်ဖို့ ဒါတွေကို ဆုပ်ကိုင်ထားမှ ရမယ်။"

နင်ချီသည် သူတော်စင် တစ်ပါး မဟုတ်သဖြင့်၊ လူတိုင်း၏ ဘေးကင်း လုံခြုံမှုကို အကာအကွယ် မပေးနိုင်သလို၊ သူတို့အတွက် ဆုံးဖြတ်ချက်များလည်း ချပေးနိုင်ခြင်း မရှိပေ။

သူ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ သွေးမီးတောက်

ဆေးလုံးကဲ့သို့သော လျှို့ဝှက်လက်နက် အချို့ကို သူတို့အတွက် တတ်နိုင်သမျှ ပြင်ဆင်ပေးခြင်းသာ ဖြစ်ပါသည်။

...

ယခုအခါသမယ၌ အစစ်အမှန်သိုင်း တပည့်များစွာ တောင်အောက်သို့ ဆင်းသွားကြလေပြီ။

ယခင်က၊ သူတို့သည် တောင်ပေါ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ကြရသည်။

ယခု မိစ္ဆာဂိုဏ်း၏ ကောင်းကင်ဘုံလူသားများ ငြိမ်သက်နေချိန်က အပြင်လောကသို့ စွန့်စား ထွက်ခွာရန် အခွင့်အရေးတစ်ခု ဖြစ်လေသည်။

အစစ်အမှန်သိုင်းတောင်ပေါ်တွင် ရှားရှားပါးပါး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

တာအိုဆရာ လုံရှန်းသည် ဒဏ်ရာများမှ နာလန်ထနေဆဲ ဖြစ်သည်။ ယခင် မိစ္ဆာဂိုဏ်း အစစ်အမှန်သိုင်းတောင်ကို ညအချိန် ဝင်ရောက် တိုက်ခိုက်စဉ်က၊ မိစ္ဆာဂိုဏ်း၏ ကောင်းကင်ဘုံလူသားများနှင့် အတင်းအကျပ် တိုက်ခိုက်ခဲ့ရသဖြင့်၊ မကြာသေးမီကမှ အနည်းငယ် သက်သာလာသော ဒဏ်ရာများ ပိုမို ဆိုးရွားသွားခဲ့သည်။

ကံကောင်းစွာပင်၊ မဟာယန် တော်ဝင်နန်းတွင်းမှ ချီးမြှင့်သော သွေးနေ ဂျင်ဆင်းနှင့် ထောင်စုနှစ် မီးလျှံနေ ကျောက်စိမ်းတို့ကြောင့်၊ တာအိုဆရာ လုံရှန်းသည် ယခုအခါ တည်ငြိမ်စွာ နာလန်ထနေပြီ ဖြစ်သည်။

အစစ်အမှန် တပည့်ရင်း အချို့၏ အသွားအလာများ မရှိတော့သဖြင့် နင်ချီ၏ တာအိုရှာဖွေ ကျောင်းတော်သည် တိတ်ဆိတ်သွားခဲ့သည်။

သူ စိတ်သက်သာရာ ရသွား၏။

နေ့စဉ်နေ့တိုင်း၊ သူသည် တာအို သိုင်းကျမ်းများကို ဖတ်ရှုခြင်းနှင့် ဉာဏ်အလင်း ရှာဖွေခြင်းတို့ကို နှစ်သက်စွာ ပြုလုပ်နေ၏။

အစစ်အမှန် နက်နဲခြင်းဂိုဏ်းမှ ပေးပို့သော တာအို သိုင်းကျမ်းမျာသည် နင်ချီ့ကို များစွာ အကျိုးပြုခဲ့သည်။ စကြဝဠာအပေါ် ရှေးပညာရှင်များ၏ ထိုးထွင်းဉာဏ်များက သူ့ကို ရံဖန်ရံခါ ဉာဏ်ကွန့်မြူးစေသည်။

ယခုအခါ၊ နင်ချီ၏ အခြေခံအုတ်မြစ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကထက် များစွာ ပိုမို နက်ရှိုင်းလာခဲ့သည်။ အကယ်၍ သူသာ သိုင်းလမ်းစဉ်ကို ပထမဆုံး စတင် လေ့ကျင့်ခဲ့သည့် အချိန်သို့ ပြန်ရောက်သွားပါက၊ အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်ကို ဖန်တီးရန် ဤမျှ အချိန်ကြာလိမ့်မည် မဟုတ်မှာ သေချာလေ၏။

ဤအချက်က နင်ချီ့ကို တာအိုဆရာ ပိုင်ရှန်း အကြောင်း တွေးမိစေ၏။ သူသည် တစ်ခဏမျှ၊ တာအို ဂိုဏ်းကို လုယက်ရန် ထို တာအိုဆရာအိုကြီး၏ အဆိုပြုချက်ကို စိတ်ကူးယဉ်သွားမိသည်။

"တကယ်လို့ တစ်နေ့နေ့မှာ... လောကကြီးမှာ ရှိရှိသမျှ သက်ရှိအားလုံးရဲ့ မျှော်မှန်းချက်တွေကို အာဟာရအဖြစ် အသုံးပြုပြီး..."

"သက်ရှိအားလုံးရဲ့ ဉာဏ်ပညာကို စုစည်းနိုင်ခဲ့ရင်... အဲ့ဒါ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်မလဲ။"

နင်ချီက ခပ်ဟဟ ရယ်မောရင်း ခေါင်းခါလိုက်သည်။

လောလောဆယ် သူ နည်းနည်း လွန်လွန်ကဲကဲ တွေးနေမိသည်ဟု ခံစားလိုက်ရ၏။

ဘာပဲဖြစ်ဖြစ်၊ သူ ကောင်းကင်ဘုံလူသားနယ်ပယ်သို့ပင် မရောက်သေး။

သက်ရှိအားလုံး၏ ဉာဏ်ပညာကို စုစည်းရန် ကြိုးစားခြင်းသည် အနည်းငယ် ရည်မှန်းချက် ကြီးလွန်းနေ၏။ လောလောဆယ် ၎င်းကို မလိုအပ်သေးပါ။

နင်ချီ အတွင်းသို့ လှည့်၍ ရှုမှတ်လိုက်သည်။

ဒုတိယမြောက် ရွှေကျောက်စိမ်း ဆေးလုံးကို သောက်သုံးပြီးနောက်၊ ချီစွမ်းအင်သည် မြူခိုးများနှင့် ရေကန်များကဲ့သို့ ရစ်သိုင်းလာ၏။

အတွင်းထဲတွင် အံ့ဩဖွယ်ရာ စွမ်းအားများ ကိန်းအောင်းနေကာ၊ ကျောက်စိမ်းအရည်အဖြစ်သို့ ပြောင်းလဲရန် နီးကပ်နေလေပြီ။

နင်ချီ ချီစွမ်းအင် သန့်စင်ခြင်းကို ဆက်မလုပ်တော့ပါ။ ချီစွမ်းအင် သန့်စင်ခြင်းသည် တဖြည်းဖြည်း တိုးတက်ရမည့် ဖြစ်စဉ်တစ်ခု ဖြစ်ပြီး၊ အလွန်အကျွံ လုပ်ဆောင်၍ မရသည်ကိုး။

သူ ယခင်က ရရှိခဲ့သော ရတနာ ချပ်ဝတ်ကို ကိုင်ကာ၊ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေသည်။ ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်း အခြေအနေသို့ ဝင်ရောက်လိုက်သောအခါ၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက ရတနာ ချပ်ဝတ်၏ မျက်နှာပြင်ကို ပွတ်သပ်သွား၏။ မတူညီသော အတိုင်းအတာရှိ တိုက်ခိုက်မှုများနှင့် တုန်ခါမှုများဖြင့် ချပ်ဝတ်ကို စမ်းသပ်နေသည်။

နင်ချီက ဤချပ်ဝတ်ကို စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်ဟု အမည်ပေးထား၏။ ၎င်းအား စမ်းသပ်ကြည့်ခြင်းသည် မကြာသေးမီက သူ၏ ဝါသနာများထဲမှ တစ်ခု ဖြစ်လာပါသည်။

"ဒီ ချပ်ဝတ်က ရေလို ပျော့ပျောင်းပေမဲ့... အင်အားနဲ့ တွေ့ရင် ချက်ချင်း မာကျောသွားတယ်။ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိတယ်။"

"ဒါက လက်နက်ကျိုလုပ်သူရဲ့ ကျွမ်းကျင်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပါပေမဲ့... အဓိကကတော့ ကုန်ကြမ်း ပစ္စည်းကြောင့်ပဲ။"

"ကုန်ကြမ်းက အရမ်း ထူးခြားတယ်။ အင်အားကို စုပ်ယူတဲ့ပုံစံကလည်း သီးသန့်ဆန်တယ်။"

"ငါသာ ဒါကို သေသေချာချာ သုတေသန လုပ်နိုင်ခဲ့ရင်... အစွမ်းထက်တဲ့ ကာကွယ်ရေး လျှို့ဝှက်နည်းစနစ်တစ်ခု ဖန်တီးနိုင်လောက်တယ်။"

နင်ချီ အနည်းငယ် စိတ်လှုပ်ရှားလာသည်။

ဘာပဲဖြစ်ဖြစ်၊ ချပ်ဝတ်ဆိုသည်မှာ ပြင်ပအရာတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်ကိုသာ ကာကွယ်ပေးနိုင်သည်။

အကယ်၍ လျှို့ဝှက်နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့လျှင်၊ ၎င်းသည် ကိုယ်ပိုင် အစွမ်းအစ ဖြစ်လာမည်။ အပြစ်အနာအဆာ ကင်းမဲ့ကာ၊ လျှို့ဝှက်နည်းစနစ်နှင့် ချပ်ဝတ် အကာအကွယ် နှစ်ခု ပေါင်းစပ်လိုက်လျှင်၊ ဘေးကင်းလုံခြုံမှု အဆ ပေါင်းများစွာ တိုးမြင့်လာမည် ဖြစ်သတည်း။ နင်ချီသည် ဤကဲ့သို့သော လမ်းစဉ်စောင့်ရှောက်သူ သိုင်းနည်းပညာရပ်များကို အလွန် စိတ်အားထက်သန်သည်။

သူ ချီစွမ်းအင်ကို အသုံးပြု၍ ချပ်ဝတ်ကို ထိတွေ့ကိုင်တွယ်ကြည့်၏။

အင်အားကို ဖြန့်ကျက်လိုက်စဉ် ချပ်ဝတ်၏ အထူး လှိုင်းပုံစံကို လေ့လာလိုက်၏။ တချိန်တည်း၌

၎င်း၏ အထူး ပြောင်းလဲမှုများကို မှတ်သားကာ၊ ချီစွမ်းအင်က ထိုအတိုင်း လိုက်လံ ပုံဖော်ရန် စတင် ကြိုးစားသည်။

ရက်ပေါင်းများစွာ လေ့လာပြီးနောက်၊ သူ အချို့သော ထိုးထွင်းဉာဏ်များ ရရှိလာခဲ့သည်။

ချီစွမ်းအင်သည် စိမ်းပြာ နက်နဲခြင်း အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤ စိမ်းပြာရောင် အလင်းတန်းများသည် ခန့်မှန်းရခက်စွာ လှည့်ပတ်နေပြီး၊ နင်ချီ၏ ပတ်ပတ်လည်တွင် ထူးခြားသော နည်းလမ်းဖြင့် ရစ်ဝဲနေသည်။ မျက်စိဖြင့် ကြည့်လျှင် မမြင်နိုင်၊ မထိတွေ့နိုင်ဟု ထင်ရသော်လည်း၊ ထိတွေ့လိုက်သည့်အခါ

ချက်ချင်းပင် ခိုင်မာသော အတားအဆီးများ ဖြစ်လာလေသည်။

နင်ချီက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ထိန်းချုပ်လျက် စိမ်းပြာရောင် အလင်းတန်း အတားအဆီးပေါ်သို့ ညင်သာစွာ ဖိချလိုက်ပြီး၊ အင်အားကို တဖြည်းဖြည်း တိုးမြှင့်လိုက်၏။

အစပိုင်းတွင်၊ စိမ်းပြာရောင် အလင်းတန်း အတားအဆီးက တည်ငြိမ်နေဆဲ ဖြစ်၏။ သို့သော်လည်း၊ နင်ချီက အင်အားကို တိုးမြှင့်လိုက်သည့်အခါ၊ ၎င်းသည် ရုတ်တရက် ဘုန်းခနဲ မြည်သံနှင့်အတူ မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပေါက်ကွဲသွားသည်။

နင်ချီ အနည်းငယ် မျက်ခုံးကျုံ့လိုက်မိ၏။

"မရသေးဘူး။ စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်က မူလအမြုတေ နယ်ပယ်အဆင့် တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည် ရှိနေပြီ။"

"ငြိမ်ငြိမ်လေး ရပ်နေရင်... မူလအမြုတေ တိုက်ခိုက်မှုက ဒါကို ဖျက်ဆီးဖို့ ခက်လိမ့်မယ်။"

"ဒါပေမဲ့ ကောင်းကင်ဘုံလူသား

နယ်ပယ် အစွမ်းနဲ့ တွေ့ရင်တော့... နှစ်ချက်၊ သုံးချက်လောက်ပဲ ခံနိုင်မှာ။"

ရိုးရိုးသားသား ပြောရလျှင်၊ ဤလျှို့ဝှက်နည်းစနစ်သည် ဖန်တီးမှု အောင်မြင်သည်ဟု ယူဆနိုင်သော်လည်း၊ ရှင်းရှင်းလင်းလင်းပင် ဒါက နင်ချီ၏ မျှော်မှန်းချက်များနှင့် မကိုက်ညီဘဲ၊ ထပ်မံ မြှင့်တင်ရန် လိုအပ်နေသေးသည်။

သူ မျှော်လင့်သည်မှာ ထိုကာကွယ်ရေး လျှို့ဝှက်နည်းစနစ်သည် စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်၏ ကာကွယ်မှု အဆင့်သို့ ရောက်ရှိရန် ဖြစ်ပါသည်။

‘အနည်းဆုံးတော့... မြောက်ပိုင်းစောင့် မြို့ဘုရင်ရဲ့ လက်သီး

တစ်ချက်လောက်ကို ခံနိုင်ရည် ရှိသင့်တယ် မဟုတ်လား။’

နင်ချီ တွေးလိုက်မိ၏။

မြောက်ပိုင်းစောင့် မြို့ဘုရင်သည် သူ မြင်ဖူးသမျှထဲတွင် စွမ်အား အကြီးဆုံး ဖြစ်သဖြင့်၊ နင်ချီက သူ့ကို စိတ်ကူးယဉ် ရန်သူအဖြစ် သတ်မှတ်ကြည့်ထား၏။ ပထမဆုံး ပစ်မှတ်အဖြစ် မြောက်ပိုင်းစောင့် မြို့ဘုရင်၏ လက်အောက်မှ အသက်ရှင် လွတ်မြောက်နိုင်ရန် ရည်မှန်းထားသည်။

'ဆက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။’

နင်ချီ စိတ်ဓာတ်မကျသွားပါ။ အကယ်၍ ချီစွမ်းအင်က စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်၏ ဆန်းကြယ်မှုကို အပြည့်အဝ ပုံဖော်နိုင်ခဲ့လျှင်၊ ၎င်းသည် ဖြစ်နိုင်သင့်သည်။

ထိုဖြစ်စဉ်သည် အလဟဿ မဖြစ်ပါ။ ၎င်းသည် အသင်္ချေ ဖြစ်ရပ်ဆန်းကြယ် အစစ်အမှန် ချီစွမ်းအင်၏ အခြေခံ အုတ်မြစ်ကိုလည်း အားကောင်းစေသည်။

လောကကြီးရှိ အရာအားလုံး၏ လက္ခဏာများကို လက်ခံ ပေါင်းစည်းပြီး၊ ၎င်းတို့ကို တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်မည်။ ထိုအရာက အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်ကို ဖန်တီးစဉ်က နင်ချီ၏ မူလ ရည်ရွယ်ချက် ဖြစ်ပါသည်။

...

အချိန်သည် တရွေ့ရွေ့နှင့် စီးဆင်းနေလေသည်။

နင်ချီသည် အစီအစဉ်အတိုင်း တသမတ်တည်း ကျင့်ကြံလျက် ရှိ၏။ သူ၏ တွက်ချက်မှုများနှင့် မြှင့်တင်မှုများအောက်တွင်၊ စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်၏ ကာကွယ်နိုင်စွမ်းမှာ ပို၍ ပို၍ ပုံမှန် မဟုတ်စွာ အားကောင်းလာသည်။

ရွှေကျောက်စိမ်း ဆေးလုံးများ တစ်လုံးပြီး တစ်လုံး စားသုံးလျက်၊ နင်ချီ၏ အရှိန်အဝါသည် ပိုမို အားကောင်းလာသည်။

စတုတ္ထမြောက် ရွှေကျောက်စိမ်း ဆေးလုံးကို ချေဖျက်နေစဉ်အတွင်း...

ပဉ္စမ တပည့်ရင်း ကျန်းပိုင်ရှန်းသည် အစစ်အမှန် သိုင်းတောင်သို့ ပြန်လည် ရောက်ရှိလာပြီး၊ နင်ချီ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်၏။

အကြောင်းမှာ ကျန်းပိုင်ရှန်းသည် သွေးမီးတောက် ဆေးလုံး တစ်လုံးကို သောက်သုံးခဲ့ပြီး၊ သူ၏ ဘယ်ဘက်လက်မောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပျော့ခွေ တွဲကျနေကာ၊ ပြတ်လုနီးပါး ဖြစ်နေသောကြောင့်တည်း။

အခန်း ၁၁၆: ကျောက်စိမ်းအရည်

~နင်ချီသည် သတင်းကြားကြားချင်း ရောက်ရှိလာခဲ့၏။

သူ ကျန်းပိုင်ရှန်း၏ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့်၊ သူ၏ စီနီယာအစ်ကို (လော့ဝမ်ထျန်း) ၏ ဟက်ဟက်ပက်ပက် ရယ်မောသံကို ကြားလိုက်ရသည်။

"ငါ့ညီငါး... မင်းက ကောင်မလေးတစ်ယောက် အသတ်ခံရတယ်လို့ ပြောလိုက်တာလား။"

နင်ချီ ခြံဝင်းထဲသို့ ဝင်လာသောအခါ၊ ကျန်းပိုင်ရှန်း၏ ဘယ်ဘက်လက်မောင်းတွင် အဝတ်ဖြူများ ပတ်တီးစီးထားသည်ကို တွေ့လိုက်ရပြီး၊ ပုံစံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေ၏။

"ဒါ... ဘာဖြစ်လာတာလဲ။"

နင်ချီ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။

မူလက၊ သူသည် ကိစ္စမှာ အလွန် အရေးကြီးသည်ဟု ထင်ထားခဲ့သည်။ သို့သော် သူ၏ စီနီယာအစ်ကိုကြီးနှင့် ညီငါးတို့၏ ဤပုံစံကို မြင်လိုက်ရသောအခါ၊ အခြေအနေက ထင်သလောက် မဆိုးရွားလောက်ဟု တွေးလိုက်မိသည်။ ထို့ထက်၊ ကျန်းပိုင်ရှန်း ဘာတွေ ဖြတ်သန်းခဲ့ရသည်ကိုသာ သူ ပို၍ သိချင်လာသည်။ `မြူဖြူနယ်ပယ်` အဆင့် သခင်ကြီးတစ်ယောက် ဤမျှ အရှက်ရစရာ မဖြစ်သင့်ပေ။

ကျန်းပိုင်ရှန်းသည် နင်ချီကို မြင်လိုက်ရသောအခါ ပို၍ပင် မျက်နှာပူသွားသည်။ သို့သော်လည်း ဖြစ်ပျက်ခဲ့သမျှကို ဖြည်းညင်းစွာ ပြန်လည် ပြောပြလိုက်သည်။

နင်ချီ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။

'.....သြော်... ဒီလိုကိုး....'

ဖြစ်ပုံမှာ၊ ကျန်းပိုင်ရှန်း၏ မကြာသေးမီက တောင်အောက်သို့ ဆင်းသက်ခြင်းသည် အစပိုင်းတွင် ချောမွေ့ခဲ့ပြီး၊ အရာအားလုံး အဆင်ပြေနေခဲ့သည်။ သူသည် နင်ချီအတွက် သိုင်းသူတော်စင်နှင့် ပတ်သက်သော ထူးဆန်းသည့် ဒဏ္ဍာရီများကိုပင် စုဆောင်းပေးနေခဲ့သည်။ သို့သော် တစ်ညတွင်၊ တောင်တန်းများအကြား ဖြတ်သန်းရင်း၊ သူသည် ဆိတ်ငြိမ်သော ရေကန်တစ်ခုသို့ ရောက်ရှိသွားပြီး ရေချိုးရန် ဆုံးဖြတ်လိုက်သည်။

ရေချိုးနေစဉ်အတွင်း၊ သူသည် မတော်တဆ ရေကန်၏ အခြားတစ်ဖက်သို့ ပေါ်ထွက်သွားပြီး၊ မိမွေးတိုင်း ဖမွေးတိုင်း ရှိနေသော အမျိုးသမီးတစ်ဦးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

အကျိုးဆက်များမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

ထိုအမျိုးသမီးသည် လွယ်ကူသော ပြိုင်ဘက်တစ်ဦး မဟုတ်ခဲ့။ သူမ၏ ကျင့်ကြံမှုမှာ မနိမ့်ကျလှ။ သူမသည် ကျန်းပိုင်ရှန်းကို ဓားဖြင့် တစ်လတိတိ လိုက်လံ သတ်ဖြတ်ခဲ့သည်။

ကျန်းပိုင်ရှန်းမှာမူ အပြစ်ရှိသလို ခံစားနေရသည်။ မိမိက ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ပြီးဖြစ်၍၊ ပြန်လည် တုံ့ပြန် မတိုက်ခိုက်သင့်ဟု တွေးနေမိသည်။ သို့သော် သူမ၏ ဓားချက်ကြောင့် သူ၏ ဘယ်ဘက်လက်မောင်း ပြတ်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။ နောက်ဆုံးတွင်၊ နင်ချီ ပေးလိုက်သော `သွေးမီးတောက် ဆေးလုံး` ကြောင့်သာ သူမ၏ လက်မှ လွတ်မြောက်လာနိုင်ခဲ့ပါသည်။

နားထောင်နေရင်း နင်ချီ၏ မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းလာခဲ့သည်။ လော့ဝမ်ထျန်းမှာမူ ရယ်မောခြင်းကို မထိန်းနိုင်တော့ဘဲ ကျီစယ်လိုက်သည်။

"ငါ့ညီငါးရာ... ငါ့ညီငါး။ မင်းက ပုံမှန် တိုက်ပွဲတွေမှာဆို သိပ်ကို ပြတ်သားတာ... အခု မိန်းမတစ်ယောက်ကိုကျမှ သနားညှာတာနေတယ်။"

"ငါ လောင်းရဲတယ်။ အဲ့ဒီမိန်းမက တော်တော်လေး ချောမယ့်ပုံပဲ။ ဒါကြောင့်မို့ မင်းက သူ့ကို မထိခိုက်ရက် ဖြစ်နေတာ မဟုတ်လား။"

ကျန်းပိုင်ရှန်း၏ မျက်နှာ အနည်းငယ် နီမြန်းသွားပြီးနောက်၊ သူက ဒေါသတကြီး ပြန်အော်သည်။

"ပေါက်တက်ကရ။ ကျွန်တော်က အရင် အပြစ်ရှိသလို ခံစားမိလို့ သူ့ကို အလျှော့ပေးနေခဲ့တာဗျ..”

"စောင့်နေလိုက်။ ငါ ဒဏ်ရာ ပျောက်လို့ တောင်အောက်ကို နောက်တစ်ခါ ပြန်ဆင်းရင်... အဲ့ဒီ ကောင်မစုတ်လေးကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးပစ်မယ်။"

သူသည် အနည်းငယ် အရှက်ရသလို ခံစားလိုက်ရသည်။

နင်ချီက ခပ်ဟဟ ရယ်လိုက်၏။

'.....ဒီမိန်းမကလည်း တော်တော် လက်ရဲဇက်ရဲ နိုင်တာပဲ။ သူ တကယ်ကို ခုတ်ချင်နေခဲ့တာပဲ။ အစ်ကိုငါးသာ မြန်မြန် မရှောင်လိုက်ရင်... လက်တစ်ဖက်တော့ ပါသွားလောက်ပြီ.....'

"အစ်ကိုငါး... တခြား ဘာမှ မလုပ်ခင်တော့ ဒဏ်ရာကို အရင် ကုလိုက်ပါဦး။"

ထ်ိုအခါ ကျန်းပိုင်ရှန်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြတ်သားစွာ ဆိုသည်။

"ကိုးလေး... စိတ်မပူနဲ့။ ဒီတစ်ခါတော့ ငါ လက်မလျှော့တော့ဘူး။"

"အဲ့ဒီ မြေခွေးမစုတ်လေးကို အဝတ်အစားတွေ ချွတ်ပြီး မြစ်ထဲ ပစ်ချပစ်မယ်။"

သူတို့ သုံးဦးသား အနည်းငယ် နောက်ပြောင် ကျီစယ်ပြီးနောက်၊ ပိုမို လေးနက်သော အကြောင်းအရာများကို ဆွေးနွေးကြသည်။

"ဒါပေမဲ့... ဒီတစ်ခါ တောင်အောက် ဆင်းသွားတုန်းက... မဟာယန် မင်းဆက်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်နဲ့ တကယ်ကို မတူတော့ဘူးဆိုတာ ငါ တွေ့ခဲ့တယ်။"

လော့ဝမ်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ဘယ်လို မတူတာလဲ။"

လက်ရှိတွင် အစစ်အမှန် သိုင်းဂိုဏ်း၏ ကဏ္ဍများစွာကို ကြီးကြပ်နေသူ ဖြစ်ရာ၊ လော့ဝမ်ထျန်းသည် ထိုကဲ့သို့သော အရေးကိစ္စများကို အထူး စိုးရိမ်နေမိသည်။

"ဒီတစ်ခေါက် ငါ ချူပြည်နယ်ကို သွားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင်... မိစ္ဆာဂိုဏ်းဆိုတာ ခဏတဖြုတ် ကြားရတဲ့ ကောလာဟလ သက်သက်ပဲလေ ဟုတ်တယ်မလား။"

"အခုတော့... သူတို့က ပိုပြီးတော့ကို ဆက်တိုက် ပေါ်လာနေတယ်။ ခရိုင်တွေ၊ မြို့နယ်တွေ၊ မြို့တော်တွေမှာ တွေ့နေရတယ်။"

"မိစ္ဆာဂိုဏ်းရဲ့ လက်တံတွေက နေရာတော်တော်များများကို ဖြန့်ကျက်ထားပြီးပြီ။ ဒါက... သူတို့ရဲ့ နှစ်တစ်ရာကြာ အင်အား ပြန်စုစည်းခဲ့တာကို လျှော့တွက်လို့ မရဘူးဆိုတာ ပြနေတာပဲ။"

"တော်ဝင်နန်းတွင်းနဲ့ မိစ္ဆာဂိုဏ်းက မသိမသာ ထိပ်တိုက်တွေ့နေကြတယ်။ တချို့နေရာတွေဆို မိစ္ဆာဂိုဏ်းက မသိမသာ ထိန်းချုပ်ထားသလိုတောင် ဖြစ်နေပြီ။"

"ငါ မူလက ထင်ထားတာက မိစ္ဆာဂိုဏ်းက တော်ဝင်နန်းတွင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့... ဒါပေမဲ့ အခု ကြည့်ရတာ အဲ့ဒီလို မဟုတ်ဘူး။"

"တော်ဝင်နန်းတွင်းက မကြာသေးခင်က လုပ်လိုက်တဲ့ စစ်ခေတ္တ

ရပ်စဲရေးကလည်း... ဒီအချက်ကို စိုးရိမ်လို့ ဖြစ်နိုင်တယ်။"

မည်သို့ပင် ဆိုစေ၊ ကောင်းကင်ဘုံ

လူသားများ တန်ခိုးကြီးလှသည် ဆိုဦးတော့၊ အကယ်၍ မင်းဆက်၏ အခြေခံအုတ်မြစ်ကို ထိန်းချုပ်ခံလိုက်ရလျှင်၊ ဆက်လက် ရပ်တည်နိုင်ရန် ခက်ခဲပေလိမ့်မည်။

သင်က မြို့တော်များနှင့် ပြည်နယ်များကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်၍ မရနိုင်။

မဟာယန်သည် မိမိ၏ နိုင်ငံတော်ကြီး ပျက်စီးသွားသည်ကို ရှင်းရှင်းလင်းလင်း မလိုလားပေ။ ထို့ကြောင့် သူတို့ ဖြေရှင်းချက်တစ်ခုကို ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်လေသည်။

"ဒါ့အပြင်... သိုင်းလောကက အရင်ကထက် ပိုပြီး ပရမ်းပတာ ဖြစ်နေတယ်။ သိုင်းဂိုဏ်းတွေ အများကြီးက... မိစ္ဆာဂိုဏ်းနဲ့ တော်ဝင်နန်းတွင်းကြားက ပဋိပက္ခကို အခွင့်ကောင်းယူပြီး... သူတို့နဲ့ အမြင်မတူသူတွေကို ရှင်းလင်း၊ ရန်ကြွေးဟောင်းတွေကို ပြန်ဆပ်နေကြတယ်။"

"တိုက်ခိုက်ပွဲတွေက အရင်ကထက် အများကြီး ပိုစိပ်လာပြီး... ဂိုဏ်းလိုက် မျိုးဖြုတ်ခံရတဲ့ ဇာတ်လမ်းတွေက နေရာတိုင်းမှာ ကြားနေရတယ်။"

"ကြည့်ရတာ... အပြောင်းအလဲကြီးတစ်ခု မကြာခင် ဖြစ်တော့မယ် ထင်တယ်။"

"လွန်ခဲ့တဲ့ နှစ်တစ်ရာကလို... မဟာယန် သိုင်းသူတော်စင်က လောကကြီးကို တည်ငြိမ်အောင် ဝင်ထိန်းပေးမလားတော့... မသိဘူး။"

ထိုသို့ ပြောလိုက်စဉ်၊ ကျန်းပိုင်ရှန်းက သူ၏ အသံကို နှိမ့်လိုက်ပြီး ဆိုသည်။

"သိုင်းလောကမှာ မသေမချာတဲ့ ကောလာဟလတစ်ခု ရှိတယ်။ မဟာယန် သိုင်းသူတော်စင်က... ကွယ်လွန်သွားတာ ကြာပြီတဲ့။"

"ဒါပေမဲ့... အမှန်ဟုတ်မဟုတ်တော့ မသေချာဘူး။"

လော့ဝမ်ထျန်း အနည်းငယ် စိုးရိမ်သွားဟန်တူသည်။

သူသည် ယခုလို အခြေအနေမျိုးတွင် အစစ်အမှန် သိုင်းဂိုဏ်းက မည်သည့်လမ်းစဉ်ကို ရွေးချယ်သင့်သည်ကို တွေးတောနေမိသည်။

သူ၏ ဆရာနှင့် `စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်` တည်းဟူသော ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး၏ အကာအကွယ် ရှိနေလျှင်ပင်၊ သတိထားရန် လိုအပ်လှသည်။

နင်ချီက တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

'.....လက်ရှိ ရှုပ်ထွေးမှုက အချိန်အတန်ကြာ ဆက်ရှိနေဦးမယ် ထင်တယ်။ အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးဘူး.....'

'.....တော်ဝင်နန်းတွင်းနဲ့ မိစ္ဆာဂိုဏ်းကြားက အရင်တစ်ခေါက် စစ်ရပ်စဲရေးကို ကြည့်ရင်... နှစ်ဖက်စလုံးက ထိန်းချုပ်နေကြတုန်းပဲ။ တစ်ခုခုကို အချိန်ဆွဲ ပြင်ဆင်နေပုံပဲ.....'

မဟာယန် သိုင်းသူတော်စင် ကွယ်လွန်သွားသည့် ကောလာဟလ အတွက်မူ...

‘...ဒါက မမှန်လောက်ဘူး။’

နင်ချီက မမှန်နိုင်ဟု ခံစားမိသည်။

အခြား ရှုထောင့်မှ တွေးကြည့်လျှင်၊ အကယ်၍ မဟာယန် သိုင်းသူတော်စင်သာ သေဆုံးရတော့မည် ဆိုပါက၊ တိတ်တဆိတ် ပျောက်ကွယ်သွားမည့်အစား၊ သူ၏ နောက်မှ လူများအတွက် လမ်းတစ်ခုကို အနည်းဆုံး ရှင်းလင်းပေးသွားမည် ဖြစ်သည်။

နင်ချီကတော့ အလွန်အမင်း စိုးရိမ်မနေခဲ့ပါ။

'.....နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ။ ငါ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်သွားသရွေ့... အစစ်အမှန်သိုင်းဂိုဏ်းကို ကာကွယ်ပေးဖို့ မခက်ခဲလောက်ပါဘူး.....'

ကျန်းပိုင်ရှန်း၏ ဒဏ်ရာများမှာ အလွန် ဆိုးရွားခြင်း မရှိပေ။ တစ်လခန့် အကြာတွင်၊ သူသည် သူ၏ ယခင် အရှက်တရားကို ပြန်လည် ဆယ်ယူရန် စိတ်အားထက်သန်စွာဖြင့် တောင်အောက်သို့ နောက်တစ်ကြိမ် ဆင်းသွားပြန်သည်။

ထိုသို့ မသွားမီ၊ ဤတစ်ကြိမ်တွင် နင်ချီအတွက် သိုင်းသူတော်စင် နယ်ပယ်နှင့် ပတ်သက်သော အချက်အလက်များ ပိုမို ယူဆောင်လာမည်ဟု သူက ကတိပေးသွားသေးသည်။

နင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး၊ အစ်ကိုဖြစ်သူကို `သွေးမီးတောက်ဆေးလုံး` နှစ်လုံး ထပ်မံ ပေးလိုက်ကာ၊ ဘေးကင်းလုံခြုံစေရန် တိုက်တွန်းလိုက်သည်။

သူသည် အထူးတလည် စိုးရိမ်မနေခဲ့ပါ။ ကျန်းပိုင်ရှန်းသည် အစွမ်းထက်သူ ဖြစ်ပြီး၊ သူ၏ ဒဏ်ရာများကို မြင်တွေ့ခဲ့ရစဉ်က၊ ၎င်းတို့သည် ကြည့်ရဆိုးသော်လည်း၊ အခြားတစ်ဖက်က အမှန်တကယ် လက်ညှာခဲ့သည်မှာ ထင်ရှားပါသည်။

ဤသို့ ကြည့်လျှင်၊ ထိုနှစ်ဦးမှာ ရန်သူဟောင်းများကဲ့သို့ပင် အနည်းငယ် ဖြစ်နေသည်။

...

အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွား၏။

ဆောင်းဦး၏ အေးမြမှုက တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။

`ထောင်စုနှစ် မီးလျှံနေ ကျောက်စိမ်း` နှင့် `သွေးနေ ဂျင်ဆင်း` တို့၏ နှစ်ထပ်ကွမ်း အာနိသင်ကြောင့်၊ တာအိုဆရာလုံရှန်း၏ ဒဏ်ရာများသည် မျှော်လင့်ထား

သည်ထက် ပိုမို မြန်ဆန်စွာ ပျောက်ကင်းလာသည်။

တာအိုဆရာလုံရှန်းသည် နင်ချီအား ပေးခဲ့သော ကတိကို မမေ့သေးပေ။ နင်ချီကို အခြေအနေ ရှင်းပြပြီးနောက်၊ သူသည် `သွေးမိုးမျှော်စင်` ၏ သဲလွန်စများကို ရှာဖွေရန် တိတ်တဆိတ် တောင်အောက်သို့ ဆင်းသွားခဲ့၏။

ဤကဲ့သို့သော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းများသည် အလွန်အမင်း လျှို့ဝှက်လှသည်။

`သွေးမိုးမျှော်စင်` ကို ဖျက်ဆီးရန်မှာ၊ သူတို့၏ အစွမ်းအစဖြင့် မခက်ခဲလှ။ သို့သော် အဓိက အချက်မှာ `သွေးမိုးမျှော်စင်` ကို အရင် ရှာတွေ့ရန်နှင့်၊ ထိုစဉ်က `နှင်းဆီးပန်းစံအိမ်` ကို မျိုးဖြုတ် သုတ်သင်ခဲ့သော တရားခံကို ရှာဖွေရန် ဖြစ်သည်။

ကံကောင်းစွာပင်၊ နှစ်ပေါင်းများစွာအတွင်း၊ တာအိုဆရာလုံရှန်းတွင် ကူညီနိုင်သော မိတ်ဆွေများစွာ ရှိနေသည်။

နင်ချီသည် ထိုကိစ္စအတွက် ဆရာအား အလွန် ကျေးဇူးတင်နေမိသည်။

အကယ်၍ သူကိုယ်တိုင်သာ ရှာဖွေရမည် ဆိုလျှင်၊ အချိန်များစွာ ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပြီး၊ ရှာတွေ့ချင်မှလည်း ရှာတွေ့ပေလိမ့်မည်။

သူ၏ အားလပ်ချိန်များတွင်၊ သူ သိရှိထားသော လျှို့ဝှက်နည်းစနစ် အများအပြားကို ရိုးရှင်းအောင် ပြုလုပ်ရန် ကြိုးစားနေသည်။

နောက်ပိုင်းတွင် တာအိုဆရာလုံရှန်းထံ လက်ဆင့်ကမ်းပေးရန် ရည်ရွယ်ထား၏။ သူက မူရင်း အပြည့်အစုံကို မသင်ပေးချင်၍ မဟုတ်ဘဲ၊ အခြားသူများ၏ နားလည်နိုင်စွမ်း မရှိမှုကြောင့်၊ သူတို့ သင်ယူနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။

နင်ချီ `သိုင်းကျမ်းတိုက်` တွင် ထားရှိခဲ့သော များပြားလှသည့် သိုင်းပညာ လျှို့ဝှက်ကျမ်းများ အတွက်မူ၊ တာအိုဆရာလုံရှန်းကို အသိပေးခဲ့ပြီး ဖြစ်ကာ၊ တာအိုဆရာလုံရှန်းက လော့ဝမ်ထျန်းအား စနစ်တကျ ကိုင်တွယ်ရန် ထပ်ဆင့် မှာကြားထားပြီး ဖြစ်လေသည်။

သူက အစစ်အမှန်သိုင်းဂိုဏ်းမှ တပည့်များကို ပိုမို အစွမ်းထက်လာစေရန် မျှော်လင့်သော်လည်း၊ သက်ဆိုင်ရာ စည်းမျဉ်းများ ရှိရမည် ဖြစ်၏။ သို့မဟုတ်ပါက၊ လူတိုင်းက အသင့်ရရှိနိုင်သော အစွမ်းထက် သိုင်းကွက်များနှင့် လျှို့ဝှက်နည်းစနစ်များအပေါ် အားကိုးပြီး မိမိကိုယ်ကိုယ် ကျေနပ်နေမည် ဆိုလျှင်၊ ဂိုဏ်းသည် ပျက်သုဉ်းခြင်းနှင့် မဝေးတော့ပေ။

ဤကာလအတွင်း...

နင်ချီ ဆဋ္ဌမမြောက် `ရွှေကျောက်စိမ်း ဆေးလုံး` ကို မျိုချလိုက်သည့် အချိန်တွင်၊ ယဲ့ချင်းဟယ်လည်း တောင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။

သူမ၏ အခြေအနေမှာ ကျန်းပိုင်ရှန်းထက် များစွာ ပိုကောင်းပါ၏။ ဤတစ်ကြိမ် တောင်အောက် ခရီးစဉ်က သူမအတွက် အခွင့်အရေးများ ယူဆောင်လာခဲ့ပြီး၊ သူမသည် `ချီစွမ်းအင် နယ်ပယ်` သို့ တက်လှမ်းရန် အခွင့်အလမ်းကို ထိတွေ့မိခဲ့ပြီ ဖြစ်သည်။

တောင်ပေါ်သို့ ပြန်ရောက်လာသောအခါ၊ သူမသည် ဤဖြစ်စဉ်ကို အရှိန်မြှင့်ရန် `ချီစွမ်းအင် စုစည်းဆေးလုံး` တစ်လုံးကိုသာ သောက်သုံးရန် လိုအပ်ပါသည်။

အစစ်အမှန်သိုင်းဂိုဏ်း၏ စတုတ္ထမြောက် `ချီစွမ်းအင် နယ်ပယ်` ကျွမ်းကျင်သူအဖြစ် ချောမွေ့စွာ ဖြစ်လာပေတော့မည်။

သို့သော်...

တံခါးပိတ် ကျင့်ကြံခြင်း မဝင်မီ၊ ယဲ့ချင်းဟယ်သည် နင်ချီကို ရှာဖွေခဲ့သည်။

"ကိုးလေး... ဒီအစ်မ တောင်အောက် ခရီးသွားရင်း... မြို့ငယ်လေး တစ်မြို့ကို ဖြတ်သွားတုန်း... မျက်မမြင် အဘိုးအို တစ်ယောက်ဆီက သိုင်းသူတော်စင်နဲ့ ပတ်သက်တဲ့ ကောလာဟလတစ်ခု ကြားခဲ့တယ် သိလား"

"ကြားရတာတော့... အဲ့ဒီမြို့က အဲ့ဒီ သိုင်းသူတော်စင်ရဲ့ ဇာတိမြို့တဲ့။"

"တစ်စုံတစ်ယောက်က သိုင်းသူတော်စင်ကို အသက်ကြီးပိုင်း အရွယ်မှာ တွေ့ခဲ့ဖူးတယ်တဲ့...တကယ့်ကို ခဏတဖြုတ်လေးပဲ... မဟာယန် သိုင်းသူတော်စင်က အရမ်းကို အိုမင်းနေပြီ ဆိုပဲ။"

"ကြည့်ရတာ... သိုင်းသူတော်စင်က မတက်လှမ်းနိုင်ခဲ့ဘူး ထင်တယ်။ ပြီးတော့... နောက်ဆုံး သူ့ရဲ့ သဲလွန်စတွေ ပျောက်ဆုံးသွားခဲ့တယ်...။"

"ဒီကောလာဟလက နှစ်ပေါင်းများစွာ နှုတ်ဆင့် ကြားလာခဲ့ရတာဆိုတော့... အမှန်တရား ဘယ်လောက် ပါမလဲတော့ မသိဘူး။"

ယဲ့ချင်းဟယ် အနည်းငယ် မျက်နှာပူသွားသည်။

'.....တောင်အောက် မဆင်းခင်ကတော့ ရည်မှန်းချက် အကြီးကြီးနဲ့... ဆင်းသွားပြီးမှ သိုင်းသူတော်စင်အကြောင်း သတင်းအချက်အလက်က ဒီလောက် ရှားပါးမှန်း သိတော့တယ်။.....'

'.....ဒီကောလာဟလက မတိကျ ဘူးပဲ.....'

သူမ၏ ဂျူနီယာ မောင်လေးအပေါ် အနည်းငယ် အားနာသလို ခံစားလိုက်ရသည်။

ထိုစဉ် နင်ချီက ထိုမြို့ငယ်လေး၏ တည်နေရာကို မေးမြန်းလိုက်ပြီး၊ သူက ဤသို့သော ကောလာဟလများကို ကြားရခြင်းကို နှစ်သက်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ယဲ့ချင်းဟယ်၏ မျက်နှာထက်သို့ ပျော်ရွှင်မှုများ ပြန်လည် ရောက်ရှိလာ ခဲ့လေသည်။

ယဲ့ချင်းဟယ် ထွက်ခွာသွားပြီးနောက်၊ နင်ချီ စဉ်းစားခန်းဝင်နေလေတော့၏။

ဤကောလာဟလသည် အနည်းဆုံးတော့ နင်ချီအား စဉ်းစားစရာ အချက်နှစ်ချက် ပေးခဲ့သည်။

".....ပထမအချက်... သိုင်းသူတော်စင်ရဲ့ 'ပန်းသုံးပွင့် ထိပ်တွင် စုဝေးခြင်း' က ပြီးပြည့်စုံမှု အဆင့်မှာ ရှိနေတာ။ ယုတ္တိတန်တန် တွေးကြည့်ရင်... သက်တမ်း ကုန်ခါနီးရင်တောင်... ရုပ်ခန္ဓာက ဒီအတိုင်း ညှိုးနွမ်း မသွားသင့်ဘူးမလား။"

".....သိုင်းသူတော်စင်... ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ဖြစ်နိုင်မလား။"

".....ဒုတိယအချက်... သိုင်းသူတော်စင်က မတက်လှမ်းနိုင်ခဲ့ဘူး။ ဒါ... နယ်ပယ် မလုံလောက်လို့လား... ဒါမှမဟုတ် တခြား အကြောင်းရင်းတွေ

ကြောင့်လား။"

နင်ချီက ထိုအချက်အလက်ကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။

သူ စိတ်ထဲတွင် မေးခွန်းထုတ်ထားရုံသာ ပြုလုပ်လိုက်သည်။ အကြောင်းမှာ ၎င်းသည် ယဲ့ချင်းဟယ် ကြားသိခဲ့ရသော ကောလာဟလတစ်ခုသာ ဖြစ်ပြီး၊ ၎င်း၏ စစ်မှန်မှုကို မသိနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ အခွင့်အရေး ရှိပါက၊ သူကိုယ်တိုင် ထိုမြို့ငယ်လေးသို့ သွားရောက် ကြည့်ရှုနိုင်ပါသည်။

ခေါင်းခါလိုက်ကာ နင်ချီသည် ဤအရေးကိစ္စများကို ယာယီ ဘေးဖယ်ထားလိုက်တော့သည်။

ဒါက ရှည်လျားသော စူးစမ်းရှာဖွေမှု ဖြစ်စဉ် ဖြစ်ရန် ကံကြမ္မာ ပါလာပြီးသား ဖြစ်သည်။ အကယ်၍ ထိုအချိန် ရောက်သည်အထိ သူသည် သိုင်းသူတော်စင် နယ်ပယ်နှင့် ပတ်သက်သော မှတ်တမ်းများ ပိုမို ရှာမတွေ့ခဲ့ပါက၊ ကိုယ်တိုင် ထွက်ခွာ ရှာဖွေရပေမည်။ သို့သော်၊ ၎င်းမှာ `ကောင်းကင်ဘုံလူသားနယ်ပယ်` ထဲသို့ ခြေချပြီး နောက်ပိုင်းမှသာ ဖြစ်လိမ့်မည်။

ထိုအချိန်ကျမှသာ သူ့ကိုယ်သူ လုံလောက်သော ယုံကြည်မှု ရှိပေလိမ့်မည်။

နင်ချီသည် ယခုအခါ ကိုယ်တွင်းသို့ လှည့်၍ ရှုမှတ်လိုက်သည်။

သူ၏ အတွင်း `ချီစွမ်းအင်` သည် `မြူဖြူနယ်ပယ်` သို့ ကနဦး ဝင်ရောက်စဉ်ကနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုးပွားလာခဲ့၏။`ဒန်တျန်` ဧရိယာသည် ဖြူလွှသော မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ၊ တောက်ပသော အရောင်အဝါများပင် ထွက်ပေါ်နေပြီ ဖြစ်သည်။

လပေါင်းများစွာ ကျင့်ကြံပြီးနောက်၊ `ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း ချီစွမ်းအင်သန့်စင်ခြင်း နည်းစနစ်` နှင့် `ရွှေကျောက်စိမ်း ဆေးလုံး` တို့၏ အကူအညီဖြင့်၊ နင်ချီ၏ တိုးတက်မှုမှာ ထူးကဲစွာ လျင်မြန်လှသည်။

အကယ်၍သာ သာမန်လူများသာ နင်ချီ၏ အတွင်းရှိ ဤမျှ ကြီးမားသော `ချီစွမ်းအင်` ကို မြင်တွေ့လိုက်ရပါက၊ တုန်လှုပ်လွန်း၍ စကားပင် ပြောနိုင်ကြမည် မဟုတ်ပေ။

"ကဲ...အခု နောက်ဆုံး `ရွှေကျောက်စိမ်း ဆေးလုံး` ပဲ ကျန်တော့တယ်။ နောက်ထပ် လဝက် ဒါမှမဟုတ် တစ်လလောက်ဆိုရင်... 'မြူဖြူ' ကနေ 'ကျောက်စိမ်းအရည်' အဖြစ် ပြောင်းလဲဖို့ ကြိုးစားလို့ ရပြီ။"

နင်ချီ အနည်းငယ် မျှော်လင့်နေမိသည်။

ယင်းက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

`ကျောက်စိမ်းအရည် နယ်ပယ်` ၏ `ချီစွမ်းအင်` သည် ပိုမို အားကောင်းလာမည် ဖြစ်ပြီး၊ တဖြည်းဖြည်းနှင့် အံ့ဖွယ် ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်လာပေလိမ့်မည်။ သာမန် `ကျောက်စိမ်းအရည် နယ်ပယ်` ကျွမ်းကျင်သူများအတွက်၊ ဤ ဝိညာဉ်စွမ်းအင်သည် သူတို့၏ `ချီစွမ်းအင်` ကို ပိုမို လျင်မြန် ဖျတ်လတ်စေရုံသာ ဖြစ်နိုင်သော်လည်း၊ နင်ချီ၏ ထူးကဲစွာ များပြားလှသော `ချီစွမ်းအင်` ပမာဏနှင့် ဆိုလျှင်၊ ပိုမို အံ့ဩဖွယ်ရာ ဖြစ်ရပ်ဆန်းကြယ်မှုများကို ပေးအပ်နိုင်ဖွယ် ရှိသည်။ ယခင်က မစွမ်းဆောင်နိုင်ခဲ့သော အရာများကို စွမ်းဆောင်နိုင်လာစေနိုင်သည်။

...

—-------

အချိန်သည် ‌တရွေ့ရွေ့နှင့် ကုန်ဆုံးသွား၏။

`တာအိုရှာဖွေ ကျောင်းတော်` အပြင်ဘက်ရှိ မက်မွန်ပင်များသည် တဖြည်းဖြည်း ညှိုးနွမ်း

ခြောက်သွေ့လာပြီး၊ သက်ရှိတို့၏ လှုပ်ရှားမှုများ မှေးမှိန်သွား၏။ အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး၊ နှင်းပွင့်ငယ်များ တဖွဲဖွဲ ကြွေလွင့်လာသည်။

ယခုအခါ နင်ချီသည် `တာအိုရှာဖွေ ကျောင်းတော်` အတွင်းတွင် ရပ်လျက်၊ `စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်` ကို မြှင့်တင်ရန် စမ်းသပ်နေပါသည်။

မှိန်ဖျော့သော စိမ်းပြာရောင် အလင်းတန်းတစ်ခု သူ၏ ကိုယ်ခန္ဓာ အရေပြားပေါ်တွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။ ၎င်းက ရံဖန်ရံခါ ခဲမာသွားလျက်၊ လေးလံသော ခံစားမှုတစ်ခုကို ထုတ်လွှတ်နေ၏။

နင်ချီသည် တောင်တန်းများ၏ အနှစ်သာရနှင့် နက်နဲသော လိပ်၏ စိတ်ဆန္ဒတို့ကို ပေါင်းစပ်

ထည့်သွင်းလိုက်ရာ၊ ကာကွယ်နိုင်စွမ်းမှာ သိသိသာသာ တိုးမြင့်လာပြီး၊ ယခုအခါ `စိမ်းပြာ နက်နဲခြင်း ရတနာ ချပ်ဝတ်` ၏ ကာကွယ်နိုင်စွမ်း ခုနစ်ဆယ် ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ် လေသည်။

“ဒါပေမဲ့... ဒါ အမြင့်ဆုံး အတိုင်းအတာ ရောက်နေပြီပဲ…ဟူး..”

နင်ချီ သက်ပြင်းချလိုက်သည်။

ထပ်မံ မြှင့်တင်မှုများသည် အကျိုးအမြတ် မရှိတော့ပေ။ အချိန်များစွာ အကုန်ခံခြင်းက အနည်းငယ်မျှသော တိုးတက်မှုကိုသာ ရရှိနိုင်မည် ဖြစ်ရာ၊ မထိုက်တန်တော့ချေ။

အကြောင်းရင်းမှာ...

သူ၏ `ချီစွမ်းအင်` အရည်အသွေးက အကန့်အသတ်ကို သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

စက္ကူတစ်ရွက် ဖြစ်နေလျှင်၊ မည်မျှပင် ခေါက်စေကာမူ၊ အမြဲတမ်း အကန့်အသတ်တစ်ခု ရှိနေမည်သာ ဖြစ်သည်။ အကယ်၍ ၎င်းသာ

သံမဏိ ဖြစ်ခဲ့လျှင်၊ လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။

အကယ်၍ `စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်` ကို ပိုမို အစွမ်းထက်စေလိုပါက၊ `ချီစွမ်းအင်` အရည်အသွေးကို မြှင့်တင်ရပေမည်။

ကံကောင်းစွာပင်၊ ဒါက မခက်ခဲလှပါ။

အပြုံးလေးတစ်ခု နင်ချီ၏ နှုတ်ခမ်းထက်တွင် ပေါ်ထွက်လာသည်။

သူက လက်ပိုက်လျက် မတ်တပ်ရပ်ကာ၊ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ တဖွဲဖွဲ ‌သက်ဆင်းသော နှင်းပွင့်ကလေးများက ပိုမို သည်းထန်လာသည်နှင့်အမျှ၊ အတွေးတစ်ချက်ဖြင့်၊ နင်ချီက ချက်ချင်းပင် `ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း` နယ်ပယ်သို့ ဝင်ရောက်လိုက်၏။

`ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း` သည် သူ၏ ကိုယ်ခန္ဓာ တစ်ခုလုံး ပတ်လည်တွင် စုစည်းလာသည်။

သူ၏ `ချီစွမ်းအင်` မှာ မယုံနိုင်လောက်သော အတိုင်းအတာအထိ ကြီးမားနေပြီ ဖြစ်ပြီး၊ အံ့ဩဖွယ်ရာ နည်းလမ်းတစ်ခုဖြင့် စတင် လည်ပတ်လာသည်။

`အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်` နည်းစနစ် လည်ပတ်လာပြီး၊ ဖြူလွှသော မြူခိုးများသည် အဆက်မပြတ် ဖိသိပ်၊ စုစည်းခံနေရသည်။ အရာအားလုံးသည် နေရာတကျ ဖြစ်သွားပြီး ၎င်း၏ သဘာဝ လမ်းကြောင်းအတိုင်း လိုက်ပါသွား၏။

တစ်စက်…

`ဒန်တျန်` အတွင်း၌၊ ကျောက်စိမ်းကဲ့သို့ တောက်ပသော အရည် တစ်စက် ကျဆင်းသွားသည်။ `ချီစွမ်းအင်` အားလှိုင်းများ အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး၊ ပြောင်းလဲခြင်း ဖြစ်စဉ်ကို စတင်လိုက်သည်။

မြူဖြူမှ ကျောက်စိမ်းအရည်အဖြစ်သို့ ပြောင်းလဲခြင်း...။

ဤသို့ပင် ဖြစ်လေသတည်း။

All Chapters