← Chapters

ကျန်းရွှမ်လုံးလုံးလျားလျား အံ့အားသင့်သွားခြင်း

Vol. 6 Ch. 82

ကျန်းရွှမ်လုံးလုံးလျားလျား အံ့အားသင့်သွားခြင်း

Vol. 6 Ch. 82

မိန်းကလေးနှစ်ယောက်ထံ၌ အတွေးကိုယ်စီ ရှိနေသဖြင့် သင်ခန်းစာကို များစွာအာရုံစိုက်ခြင်း မရှိချေ။ တခြားတစ်ဖက်တွင် ဤကဲ့သို့သင်ကြားမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရသော ဟုန်ရီကမူ တောက်ပနေသော မျက်လုံးတစ်စုံဖြင့် စိတ်ပါလက်ပါ နားထောင်နေသည်။ သူသည် ကျန်းရွှမ်၏စကားလုံးတိုင်းကို မှတ်သားကာ အသိပညာများကို နားလည်နိုင်ရန် တဖြည်းဖြည်းကြိုးစားနေသည်။

"ကောင်းပြီလေ....ဒီနေ့အတွက်ကတော့ ဒီလောက်ပဲ...မင်း ဘယ်လောက်များများ မှတ်မိခဲ့လဲ....မင်း ဘယ်လောက်များများ သင်ယူနိုင်ခဲ့လဲ"

ကျန်းရွှမ်က ဟုန်ရီကိုကြည့်ပြီး အပြုံးနှင့် မေးမြန်းလိုက်သည်။

ကျောင်းသားသုံးယောက်အကြားတွင် ဟုန်ရီသည် ကျင့်ကြံခြင်းနှင့် ထိတွေ့မှုအနည်းဆုံး ဖြစ်သည့်အပြင် ပါရမီ အညံ့ဖျင်းဆုံးပင်။ သူသည် အဆင့်မြှင့်သင်္ချာကို ပထမဆုံးအကြိမ် သင်ယူရသော ကျေးလက်ကလေးတစ်ယောက်နှင့် တူညီနေသဖြင့် လုံးလုံးလျားလျား အင်အားကုန်ခမ်းသွားစေနိုင်သည်။

"ဆရာကျန်း...."

ဟုန်ရီက ရှက်ကိုးရှက်ကန်းအမူအယာဖြင့် တုံ့ပြန်သည်။

"ကျွန်တော်....ကျွန်တော်က သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ မှတ်မိတယ်"

"သုံးဆယ်ရာခိုင်နှုန်းလား...."

ကျန်းရွှမ်သည် အံ့အားသင့်သွားကာ သူ၏မျက်လုံးများ တောက်ပသွားသည်။

"မင်းရဲ့ပါရမီအရည်အချင်းက အရမ်းမကောင်းပေမယ့် မင်းရဲ့မှတ်ဉာဏ်ကတော့ အထင်ကြီးစရာပဲ... သုံးဆယ်ရာခိုင်နှုန်းက လုံလောက်တာထက် ပိုတယ်...မင်း ဆက်ပြီးကြိုးစားကြည့်လိုက်အုံး"

သူသည် အခြေခံအကြောင်းအရာများကိုသာ သင်ကြားခဲ့သော်လည်း ကောင်းကင်ဘုံစာကြည့်တိုက်မှ ထုတ်ယူထားသော အကြောင်းအရာများတွင် နက်နဲသိမ်မွေ့သောစည်းမျဉ်းများ ပါဝင်သည်။ လူအများစုသည် ပထမဆုံးအကြိမ် ကြားချိန်တွင် ထိုအကြောင်းအရာ၏ ဆယ်ရာခိုင်နှုန်း မှတ်မိလျှင်ပင် ကံကောင်းနေလေပြီ။ အတိတ်တွင် ကျိုးရနှင့်ဝမ်ယင်တို့သည် စတင်သင်ယူခဲ့စဉ်အချိန်၌ များစွာမှတ်သားနိုင်ခံ့ခြင်း မရှိချေ။ ဟုန်ရီကမူ သုံးဆယ်ရာခိုင်နှုန်းခန့် မှတ်မိနေခြင်းသည် ထူးခြားနေပေ၏။ အစပထမတွင် ကျန်းရွှမ်က ဤတပည့်သည် နောင်အနာဂတ်၌ အောင်မြင်မှု ကြီးကြီးမားမား ရရှိမည် မဟုတ်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ ဟုန်ရီထံ၌ အလားအလာရှိနေပုံပင်။ သူ ဖတ်သမျှ အရာရာတိုင်းကို မှတ်မိနိုင်ခြင်းနှင့် သဘောတရားများကို ဖမ်းဆုပ်နိုင်ခြင်းတို့သည်လည်း အရည်အချင်းတစ်ခုပင်။

"မင်းတို့နှစ်ယောက်ကရော...ဘယ်လိုအခြေအနေ ရှိလဲ"

ကျန်းရွှမ်သည် ဟုန်ရီ၏တိုးတက်မှုကို မြင်တွေ့ပြီးနောက် မိန်းကလေးနှစ်ယောက်ဘက်သို့ လှည့်ပြီး မေးမြန်းလိုက်သည်။

"ကျွန်မ...ကျွန်မက ဘာတစ်ခုကိုမှ နားမလည်ဘူး....ကျွန်မ ဘာကိုမှ မသိဘူး"

လျှူမင်ယွဲ့က စိတ်ရှုပ်ထွေးနေယောင်ဆောင်ပြီး တုံ့ပြန်အဖြေပေးသည်။

"ဘာတစ်ခုကိုမှ နားမလည်ဘူးလား"

အစောပိုင်းက ကျန်းရွှမ်၏ ပျော်ရွှင်မှုများ လွင့်ပြယ်သွားသည်။

'ပါရမီ အညံ့ဖျင်းဆုံးဖြစ်တဲ့ ဟုန်ရီတောင်မှ သုံးဆယ်ရာခိုင်နှုန်းကို လေ့လာမှတ်သားနိုင်တယ် ...မင်းက ဘာတစ်ခုကိုမှ နားမလည်ဘူးလို့ ပြောလိုက်တာလား...မင်းက အကဲဖြတ်စစ်ဆေးမှုမှာ ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်း နှစ်ဆယ့်လေးတန်းကို စုပ်ယူပြီးတော့ ကျောင်းတော်တစ်ခုလုံးရဲ့ တတိယအဆင့်ရတဲ့ ကျောင်းသား ဖြစ်လာခဲ့တာ မဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....'

"အမှန်ပဲ....ကျွန်မက တကယ့်ကို ဘာမှနားမလည်ဘူး...ဆရာကျန်း ဆရာက ကျွန်မကို ထပ်ပြီးရှင်းပြပေးနိုင်မလား"

လျှူမင်ယွဲ့က စိုးရိမ်ပူပန်ချင်ယောင်ဆောင်၍ ပြောဆိုလိုက်သော်လည်း သူမ၏အတွင်းစိတ်၌ ကြိတ်၍လှောင်ပြောင်သရော်နေသည်။

'ငါ နင့်ကို ဘယ်လောက်ထိ စိတ်ပျက်အောင် လုပ်မလဲဆိုတာ နင် စောင့်ကြည့်လိုက်စမ်း'

"မင်းကရော...."

ကျန်းရွှမ်သည် လျှူမင်ယွဲ့၏မှတ်ဉာဏ်ညံ့ဖျင်းမှုကြောင့် သူမကို ကိုယ်ပိုင်နည်းစနစ်ပေးပြီးမှ သင်ကြားပေးရန် ပြန်လည်တွေးတောမိသဖြင့် အချိန်မဖြုန်းရန် ဆုံးဖြတ်လိုက်၏။ ထိုအစား သူသည် ယုရှောင်ယွီဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။

"ဆရာ...ကျွန်မက အရာရာတိုင်းကို နားလည်ပြီးတော့ သဘောတရားတွေအားလုံးကို ဖမ်းဆုပ်နိုင်ပါတယ်"

ယုရှောင်ယွီက ယုံကြည်ချက်ခိုင်မာစွာ ပြောဆိုပြီး သူမ၏မျက်နှာအမူအယာ တည်ကြည်ပြတ်သားနေသည်။

"အရာအားလုံးကို နားလည်တာလား....သဘောတရားတွေကို အပြည့်အဝ ဖမ်းဆုပ်နိုင်တာလား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

သူသည် ကျောင်းသားသုံးယောက်ကိုသာ သင်ကြားခဲ့သော်လည်း ဤမျှထိ အလွန်ကွဲပြားခြားနားနေသည်။ ဤသည်ကြောင့် သူ၏အရည်အချင်းအပေါ် သူ စတင်၍ သံသယဝင်လာခဲ့သည်။

"ဟုတ်ကဲ့...."

ယုရှောင်ယွီက ခိုင်မာပြတ်သားစွာ ခေါင်းညိတ်ပြသည်။ သူမ၏ဖခင်သည် သူမအား ရိုသေလေးစားမှုကို ပြသရန်နှင့် ဆရာကျန်း သင်ကြားပေးသမျှ အရာအားလုံးကို နားလည်သဘောပေါက်ချင်ယောင်ဆောင်ရန် သူမအား ပြောဆိုခဲ့သည်။ ထိုကြောင့် သူမသည် မည်သည့် တွေဝေတုံ့ဆိုင်းမှုမျှမရှိဘဲ ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်၏။

'ပြီးတော့ ဒါက အခြေခံသင်ခန်းစာလေးပဲလေ ....ငါက ငါ့ရဲ့အဖေဆီကနေ လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်ကို သင်ယူပြီးရင် ဆရာကျန်း သင်ပေးတာထက် ပိုသာမှာသေချာတယ်...သူ နောက်ပိုင်းကျရင် ငါ့အတွက် ဂုဏ်ယူပြီး ပျော်ရွှင်နေလိမ့်မယ်'

"ကောင်းတယ်....အရမ်းကောင်းတယ်"

ကျန်းရွှမ်သည် သူမ၏တုံ့ပြန်မှုကြောင့် စိတ်ကျေနပ်သွားသည်။ သူမ၏နားလည်သဘောပေါက်မှုသည် ထူးချွန်သောပါရမီ၏ လက္ခဏာတစ်ရပ်ဟု သူ နားလည်သဘောပေါက်သွားကာ ဤသည်မှာ သူ့မှတ်သားနိုင်စွမ်း၏ ဆယ်ပုံတစ်ပုံပင်။ အကယ်၍ သူမသည် ဇွဲလုံလရှိရှိဖြင့် ဆက်လက်ကျင့်ကြံကာ သူမ၏ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်ဆယ့်ခုနစ်တန်းကို စုပ်ယူနိုင်ခဲ့သော ပါရမီအရည်အချင်း အထွတ်အထိပ်အဆင့် မီးပြင်းဖိုတို့နှင့် ပေါင်းစပ်လိုက်ပါက သူမသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်သို့ အလျင်အမြန် ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။ ထို့ပြင် သူမသည် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များသို့ပင် ရောက်ရှိသွားနိုင်ကာ ထိပ်တန်းကျောင်းသားသစ်များကြားတွင် ပြိုင်ဘက်ကင်းဖြစ်လာပေမည်။

"မင်းက အရာအားလုံးကို နားလည်သဘောပေါက်တယ် ဆိုမှတော့ အဲ့ဒီနေရာကိုသွားပြီး ကျင့်ကြံတော့....ခဏနေကျရင် ငါက မင်းရဲ့တိုးတက်မှုကို စစ်ဆေးပြီးတော့ ဒီနေ့ မင်းက မရီဒါန်း ဘယ်လောက်များများကို ထိန်းညှိနိုင်မလဲဆိုတာ ငါ ကြည့်မယ်"

ကျန်းရွှမ်က ညွှန်ကြားပြီးနောက် လက်ဝှေ့ယမ်းပြကာ သူမအား နံဘေးတစ်ဘက်သို့ သွားခိုင်းလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ..."

ယုရှောင်ယွီသည် နာခံရို့ကျိုးစွာဖြင့် နံဘေးတစ်ဖက်သို့သွားကာ ပလ္လင်ခွေထိုင်လိုက်၏။

'ကျင့်ကြံတာလား...မလိုဘူး ကျေးဇူးပဲ...ငါက ပေါက်ကရကျင့်ကြံနည်းစနစ်ကို မကျင့်ကြံနိုင်ဘူး...ဒါက ငါရဲ့အဖေ သင်ပေးမယ့် လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ...ဒါဆိုရင် ဆုံးရှုံးမှုတွေ ကြီးမားသွားနိုင်တယ် မဟုတ်လား'

သူမက တွေးတောလိုက်သည်။

'စစ်ဆေးမှုအတွက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အတန်းချိန်တစ်ချိန်အတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရလာနိုင်မှာ မဟုတ်ဘူး...မရီဒါန်းတစ်ခုကို ထိန်းညှိနိုင်ရင်တောင် ကွဲပြားခြားနားမှုကို သတိပြုမိမှာ မဟုတ်ဘူး...အချိန်ကျလာရင် ငါ ပြောချင်ရာ ပြောလို့ရတယ်...သူ ငါ့ကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး'

ယုရှောင်ယွီ၏ ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ပြီး ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြကာ လျှူမင်ယွဲ့ထံသို့ ကြည့်လိုက်သည်။

"မင်းအတွက်ကတော့ ငါက သင်ခန်းစာကို တစ်ခါထပ်ပြီး ရှင်းပြပေးမယ်... မင်း တတ်နိုင်သမျှ အများဆုံး ဖမ်းဆုပ်ထားပါ...တကယ်လို့ ဒါကိုတောင် မင်း နားမလည်သေးဘူးဆိုရင် မင်းက ငါ့ရဲ့ကျောင်းသားဖြစ်ဖို့ မသင့်တော်တာပဲဖြစ်မယ်"

"တကယ်လား...."

လျှူမင်ယွဲ့သည် စိတ်လှုပ်ရှားသွားသဖြင့် သူမ၏မျက်လုံးများ တောက်ပသွားကာ မျှော်လင့်တောင့်တခြင်းများဖြင့် သူမ၏လက်သီးကို ဆုပ်လိုက်၏။

'ငါက တောင်းဆိုမှုတောင် မလုပ်ရသေးဘူး...သူက အရင်ကမ်းလှမ်းနေတယ်...ဒါက ပြီးပြည့်စုံတဲ့ကိစ္စပဲ'

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒီတုံ့ပြန်မှုက ဘာလဲ...ငါ့ရဲ့တပည့် မဖြစ်တော့မှာကို မင်းက ပျော်နေတာလား'

"အမ်...အဲ့ဒီလို မဟုတ်ပါဘူး...ဆရာ ကျေးဇူးပြုပြီးတော့ သင်ခန်းစာကို စတင်ပါတော့...ဒီတစ်ကြိမ်မှာ ကျွန်မက ပြင်းပြင်းထန်ထန် ကြိုးစားပါ့မယ်"

လျှူမင်ယွဲ့က အလျင်အမြန်ငြင်းဆန်ကာ သူမ၏အကြံအစည်များကို ဖုံးကွယ်နိုင်ရန် ကြိုးစားလိုက်သည်။

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်ပြပြီးနောက် သင်ခန်းစာကို တဖန်ပြန်စရန် ဟန်ပြင်လိုက်စဉ်မှာပင် စာသင်ခန်း၏ပြင်ပမှနေ၍ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

"ဆရာကျန်းရွှမ်...ငါတို့ကျောင်းသားတွေကလည်း စွမ်းအင်သိုလှောင်ခြင်းအပေါ်မှာ မင်းရဲ့သင်ပြမှုကို နားထောင်ချင်တယ်...ငါတို့ ဝင်လာလို့ ရမလား"

သူ၏အသံ အဆုံးမသတ်သေးမီမှာပင် ပိတ်ထားသောတံခါးမှ အက်ကွဲသံတစ်သံနှင့်အတူ ချန်းဟောင်နှင့် တခြားကျောင်းသားဆယ်ယောက်ကျော်တို့ ဝင်လာသည်။ ကျိုးကျင်းခိုင်နှင့်ဝမ်ယုရှင်းတို့သည် သူနှင့်အတူ ရှိမနေဘဲ ကျောင်းတော်၏ပြင်ပတွင် ချန်းရှောင်နှင့် လျှူထျန်ကျန်းတို့ကို စောင့်ဆိုင်းနေပေ၏။

"အတန်းတက်မလို့လား"

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး လက်ဝှေ့ယမ်းကာ သူတို့ကို နှင်ထုတ်လိုက်သည်။

"ဒါက တံခါးဖွင့်သင်ခန်းစာ မဟုတ်ဘူး...အကြောင်းအရာတွေက ငါ့ရဲ့တပည့်တွေ အတွက်ပဲ...ကျေးဇူးပြုပြီးတော့ ထွက်သွားပေးပါ"

ဤသည်မှာ သေးငယ်သော သီးသန့်စာသင်ခန်းဖြစ်ပြီး ကြီးမားသော စာပေဟောပြောခန်းမ မဟုတ်သဖြင့် တခြားကျောင်းသားများကို သင်ယူခွင့် မပြုနိုင်ချေ။ သူတို့အား ဤနေရာ၌ နေခွင့်ပြုလိုက်ပါက သူ၏အတွင်းရေးကိစ္စများ ပေါက်ကြားသွားနိုင်သည့်အပြင် ပြဿနာအမြောက်အများ ဖြစ်လာနိုင်ချေရှိသည်။ ဤကျောင်းသားများသည် မည်သည်ကြောင့် သူတို့၏ဆရာများထံမှ ထွက်လာကာ သူ၏သင်ခန်းစာကို နားထောင်လိုကြသနည်း။ ဤသည်မှာ မလိုလားအပ်သော အငြင်းပွားမှုများကို ဖြစ်ပွားစေနိုင်သည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ဆရာတစ်ယောက်ဖြစ်သော သူအနေဖြင့် မည်သူအားသင်ပြပေးမည် မည်သည့်အချိန်၌ သင်ပြမည်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ ချန်းဟောင်သည် ယမန်နေ့က သူ့အား ပြဿနာရှာခဲ့သည့်အပြင် လူသူအများရှေ့၌ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့သည်။ ချန်းဟောင်သည် ဒူးထောက်တောင်းပန်ခဲ့သော်လည်း သူ၏ရန်လိုသောသဘောထားကို မဖြေဖျောက်နိုင်သေးသည်မှာ သိသာထင်ရှားပေ၏။

All Chapters